For Unicode
"မမကြီး ပြောချင်တာက"
"တို့...တို့ ဖူးကို အိုကွယ် မဖြစ်သင့်ပါဘူးလေ ဘာမှမဟုတ်တော့ပါဘူး"
"ဟုတ်ကဲ့ပါ အဲ့တာဆို ဖူးနေ့လည်စာ ယူလာပေးမယ်နော်...နေ့လည်စာမစားခဲ့ရဘူးဆိုတော့ မမကြီး ဗိုက်ဆာနေရောပေါ့"
"ဒီကိုမယူလာပါနဲ့...တို့အောက်ဆင်းစားပါ့မယ်"
"ဟုတ်ကဲ့..အာ့ဆို ဖူး ထမင်းဝိုင်းသွားပြင်ထားလိုက်မယ်နော်"
ဒေါ်ခတ္တာမေ ခေါင်းတစ်ချက်သာငြိမ့်ပြပြီး သူ့အခန်းထဲသူဝင်သွားသည်...
"ဟူးး..ဖူးသစ္စာလှိုင်နင်ဘာတွေမျှော်လင့်နေတာလဲ..မမကြီးဆီက ဘာစကားကိုမျှော်လင့်နေတာလဲ..မဖြစ်နိုင်တာတွေကိုမျှော်လင့်မနေစမ်းပါနဲ့ နင့်မှာ ရည်းစားရှိတယ်ဆိုတာကိုသတိရစမ်းပါဟာ" ဖူး တစ်ယောက်ခေါင်းကိုတွင်တွင်ရမ်းကာ သူ့ကိုယ်သူ စိတ်ထဲကနေသတိပြန်ပေးနေခြင်းပင်...ထို့နောက်လှေကားပေါ်က ဆင်းလာတော့ ဖူးကို ကြီးကြီးမြင့်ရယ် မဝေရယ် ပန်ပန်ရယ်ဝိုင်းကြည့်နေခြင်းကြောင့်...
"အယ် ဘာလို့ ဖူးကို ဝိုင်းကြည့်နေကြတာလဲဟင်..ဖူးမျက်နှာမှာ တစ်ခုခုပေနေလို့လား"
"မဟုတ်ပါဘူး...ဟို မမကြီးနဲ့ အခြေအနေ" ပန်ပန်မေးတဲ့မေးခွန်းကို ကျန်တဲ့နှစ်ယောက်ကပါသိချင်တယ်ဆိုတဲ့ပုံစံဖြစ်နေတာကြောင့်
"အော်...အဆင်ပြေသွားပါပြီ"
"ဘာဖြစ်ကြတာလဲဟင်"
"ကယ် ပန်ပန်ရယ် သိပ်ကိုစပ်စုပါရောလား"ကြီးကြီးမြင့်မှ စပ်စုနေသော ပန်ပန်ကိုပြောလိုက်ခြင်းပင်...ဖူးသစ္စာလှိုင်လည်းအကြောင်းစုံတော့မပြောပြချင် ဒေါ်ခတ္တာမေက ဖူးလိုအလုပ်သမားတစ်ယောက်အတွက်နဲ့ဒီလိုလုပ်မယ်ဆိုတာကို ဘယ်သူမှမထင်ထားတာကြောင့် မလိုအပ်ပဲ ဒေါ်ခတ္တာမေအပေါ် အထင်အမြင်လွဲတာတာတွေမဖြစ်စေချင်တာကြောင့်ဖြစ်သည်။
"အဆင်ပြေသွားတဲ့အသံကြားလို့ ကြီးကြီးမြင့်စိတ်အေးရပါပြီကွယ်...မမကြီးက သွေးအေးအေးနဲ့ဒေါသသိပ်ကြီးတာကွဲ့ အဲ့တာကြောင့် ဖူးကို ကြီးကြီးမြင်တို့က စိတ်ပူနေတာ"
YOU ARE READING
Romanceဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ့လိုက်အောင်ဖူးဖူးမှုတ်ထားမယ်ဆိုတာကိုသိရဲ့လားကလေးငယ်" ဖူးသစ္စာလှိုင် "အန်တီက သိပ်ခြွေတာပဲကွာ" ____ Zawgyi ဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ...