For Unicode
လွမ်းစရာဆွေးစရာအပြည့်ရှိတဲ့ ထိုအိမ်ကြီးမှာ ဒေါ်ခတ္တာမေမနေချင်..ဒါ့ကြောင့်နေ့တိုင်း companyမှာပဲ အချိန်ကုန်နေမိသည်။ထမင်းလည်းပုံမှန်မစားတာကြောင့် နဂိုထဲကအစာအိမ်ရောဂါအခံရှိတဲ့သူမှာ ဗိုက်ပင်ခဏခဏအောင့်လာတတ်သည်။နေ့တိုင်းဆေးလိပ်နဲ့ပါးစပ်မပြတ်တော့တာကြောင့်အရင်က နီနီရဲရဲနှုတ်ခမ်းလေးမှာပင်အနည်းငယ်ညိုနေလေပြီ။ဒါပေမဲ့ ဒေါ်ခတ္တာမေဆိုတဲ့အမျိုးသမီးရဲ့အလှဟာ အိုစာသွားတဲ့အထိလှပနေဆဲဖြစ်မည်ဆိုတာသေချာပါသည်။
"မြတ်..တို့ကို ဒီနေ့အတွက် လုပ်စရာရှိတာတွေတင်ပြပါ"
"ဟုတ်ကဲ့မမကြီး..နေ့လည် နှစ်နာရီကျရင် ပစ္စည်းအသစ်အတွက် ရှယ်ယာဝင်အစည်းအဝေးရှိပါတယ်။"
"အွန်း...ဒါပဲလား"
"နောက်တစ်ခုကတော့..ညနေ ခြောက်နာရီကျရင် ဦးကောင်းသန့်တို့ရဲ့ companyပြန်ဖွင့်ပွဲအတွက် ညစာစားဖို့ဖိတ်ထားပါတယ် မမကြီးရှင့်..ဒါကတော့ ပယ်ဖျက်မယ်မလား"
"မဟုတ်ဘူးသွားမယ်"
အချိန်တိုင်းနီးပါး ဆေးလိပ်နဲ့ပါးစပ်မခွာတဲ့ဒေါ်ခတ္တာမေဟာ..အခုလည်းဆေးလိပ်တစ်လိပ်ကိုလက်ကြားထဲညှပ်ထားကာ တည်ငြိမ်အေးဆေးလွန်းသောလေသံနဲ့ပြောလိုက်ခြင်းပင်။
မြတ်ဟာ ဒေါ်ခတ္တာမေရဲ့ ယုံကြည်စိတ်ချရဆုံးသူဖြစ်တာကြောင့် အကြောင်းစုံသိနေသည်မှာမထူးဆန်းလှပေ..ဦးကောင်းသန့်ဖိတ်တာကိုမသွားဘူးလို့ငြင်းမယ်ထင်ခဲ့ပေမဲ့..မြတ်ထင်ခဲ့တာနဲ့ ရလာတဲ့အဖြေဟာ တစ်ခြားစီဖြစ်နေတာကြောင့်အနည်းငယ်အံ့ဩမိသည်မှာအမှန်..
"ဟုတ်..ဟုတ်ကဲ့ပါ မမကြီးရှင့်..ဒါနဲ့ မမကြီး နေ့လည်စာက"
"တို့ မစားချင်ဘူးမြတ်"
"မမကြီးရယ် နည်းနည်းဖြစ်ဖြစ်စားလိုက်ပါနော်..ဒီတိုင်းဆက်သွားနေမယ်ဆိုရင် မမကြီး အိပ်ယာပေါ်လဲသွားလိမ့်မယ်"
"မစားချင်တဲ့အရာကို စားလို့လည်းဝင်မှာမဟုတ်တဲ့အတွက် မစားတာအကောင်းဆုံးပါကွယ်..ကယ်ပါ တို့အတွက် ကော်ဖီနဲ့ကိတ်မုန့်လေးပဲယူလာခဲ့ပေးပါ"
YOU ARE READING
Romanceဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ့လိုက်အောင်ဖူးဖူးမှုတ်ထားမယ်ဆိုတာကိုသိရဲ့လားကလေးငယ်" ဖူးသစ္စာလှိုင် "အန်တီက သိပ်ခြွေတာပဲကွာ" ____ Zawgyi ဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ...