Part-16

7.9K 491 13
                                    

For Unicode

"အယ်  မမကြီး မီးခိုးတွေမွှန်မယ်လေ..အပြင်မှာသွားနေပါလား"

"ရပါတယ် ဘာမှမဖြစ်ဘူး တစ်ယောက်ထဲဆိုတော့ပျင်းတယ်လေ..အဲ့တာဝိုင်းလုပ်ပေးချင်လို့"

"အဲ့တာဆိုလည်း သဘောပါရှင် ဖူးက မမကြီးပင်ပန်းမှာစိုးလို့ပါ"

"မမကြီးလို့ပဲခေါ်နေအုံးမှာလား"
ဖူးနားနားကိုကပ်လာပြီး လေသံတိုးတိုးလေး‌နဲ့ပြောလိုက်တဲ့အန်တီကြောင့် ဖူး ကြက်သီးတွေပင်ထလာတော့သည်..တကယ်ပဲ ဒီအပျိုကြီးက လူကိုမကြွေကြွေအောင်မြူဆွယ်နေတာလားလို့တွေးရင်း...

"ကြီးကြီးမြင့်တို့ ရှေ့မှာဆိုတော့ အန်တီလို့ခေါ်ရင် အဆင်မပြေမှာစိုးလို့ပါ"

"ရပါတယ် အန်တီနဲ့ဖူး ရင်းနှီးတာကို ကြီးကြီးမြင့်တို့ကော ဝေတို့ကော ပန်ပန်ကော ဒီအိမ်မှာရှိတဲ့ အလုပ်သမားတွေ အကုန်သိတယ်ဘာမှမဖြစ်ဘူး"

"ဟုတ်ကဲ့ပါအန်တီ"

ဒီနေ့အဖို့ ဒေါ်ခတ္တာမေတို့အိမ်ကမီးဖိုချောင်လေးမှာတကယ်ကိုကြည်နူးဖို့ကောင်းသည်..မီးဖိုချောင်ထဲမှာ စသံနောက်သံနဲ့ ရယ်သံလွင့်လွင့်ကလေးတွေက ထိုအိမ်ကြီးရဲ့လိုအပ်ချက်ကိုဖြည့်စည်းပေးလိုက်သလိုပင် အရာရာပြီးပြည့်စုံသွားသည်...

"အာ့"
ဖူးတစ်‌ယောက် သံပုရာသီးကိုလှီးရင်း ဓားရှ မိသွားကာ...

"အယ် ကလေးငယ်" ဆိုပြီး ဖူး လက်ကသွေးတွေကိုလာစုပ်တဲ့ အန်တီကြောင့် ဖူး ခန္ဓာကိုယ်ထဲရှိသွေးတွေကပြောင်းပြန်ပင်စီးဆင်းနေသည်..ဖူးလက်ကသွေးတွေကုန်တဲ့အထိ ဂရုတစိုက်နဲ့စုပ်ပေးနေတဲ့အန်တီကိုငေးနေတာကြောင့် ဖူးလက်ကိုပြန်ရုတ်ဖို့အတွက်သတိမရခဲ့ပေ...နောက်မှသတိပြန်ဝင်ကာ လက်ကိုရုန်းလိုက်တော့ သွေးတွေကကုန်လုနီးပါးတောင်ဖြစ်နေပြီ...

"အန်..အန်တီ မျိုမချနဲ့နော်"
အန်တီဟာဆိုရင်တကယ်ကိုစိတ်မြန်လက်မြန်လူတစ်ယောက်ပါ မမျိုချနဲ့လို့ပြောလိုက်တဲ့အချိန်မှာ ဖူးလက်က သွေးတွေဟာ အန်တီ့ဗိုက်ထဲမှာပင်နေရာယူသွားချေပြီ...အန်တီကတော့ဖူးပြောတာတွေကို ဂရုမစိုက် ဖူးလက်ကိုသာ အသဲအသန် ဂရုစိုက်နေသည်..

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now