Part-1

19.1K 745 2
                                    

For Unicode

ဒီနေ့ companyတွင် ခါတိုင်းနေ့တွေနှင့်မတူအာလုံးရုတ်ရုတ်သဲသဲဖြစ်နေကြသည်။အကြောင်းအရင်းမှာကား စီးပွားရေးလုပ်ငန်းတွင် အမျိုးသမီးတွေပါမက အမျိုးသားတွေကပါလေးစားအားကျရတဲ့ အမျိုးသမီး ယောင်္ကျားတွေနဲ့ရင်ဘောင်တန်းကာ မာနတဖွဲသားရှိတဲ့အမျိုးသမီး အသက်က ၄၀ရှိနေပြီဖြစ်ပေမဲ့ နုနယ်လှသောထိုအမျိုးသမီး ယောင်္ကျားတိုင်းရဲ့အသဲစွဲ ဒေါ်ခတ္တာမေ သူ့ရဲ့ companyကိုလာရခြင်းကြောင့်ဖြစ်သည်။ဒေါ်ခတ္တာ‌မေ companyကိုလာသည်မှာအလွန်ကိုရှားပါးသည်။သူမရဲ့စိတ်ချရတဲ့အတွင်းရေးမှူးတစ်ယောက်ကိုသာ companyကိုဦးစီးခိုင်းထားပြီးသူကအိမ်တွင်သာအလုပ်လုပ်တတ်သည်။ဒါပေမဲ့ဒီနေ့ သူမcompany ကိုလာရခြင်းက သူမရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူကနိုင်ငံခြားကနေဒီနေ့မြန်မာပြည်ကိုပြန်ရောက်မှာဖြစ်ပြီး သူ့ရဲ့ companyကိုအလည်လာချင်ကြောင်းပြောသောကြောင့်ဖြစ်သည်။ဒေါ်ခတ္တာမေ company လာလျှင်လူကြီးကအစ ခွေးကအဆုံးငြိမ်နေရသည်အထိ သူမရဲ့ အာဏာကကြီးမားလွန်းသည်။

"အားလုံးပဲ ဒီနေ့ မမကြီး companyကိုလာမှာနော် မမကြီးအမြင်မ‌တော်တာတွေစိတ်ခုစရာ‌တွေတစ်ခုမှမဖြစ်ပါစေနဲ့မမကြီးရဲ့အကြောင်းကိုအားလုံးလည်းသိမှာပါ ခဏနေရောက်တော့မှာမို့လို့ အားလုံး မမကြီးဝင်လာတာနဲ့အရိုအသေပေးဖို့ပြင်ထားကြပါ" ဆိုပြီး ဒေါ်ခတ္တာမေရဲ့စိတ်အချရဆုံးအတွင်းရေးမှူးမလေးမြတ်မှ ဝန်ထမ်းအစည်းအဝေးလုပ်ပြီး companyမှာရှိတဲ့ဝန်ထမ်းအားလုံးကိုသတိပေးစကားပြောလိုက်ခြင်းဖြစ်သည်။အားလုံးကလည်း ဒေါ်ခတ္တာမေလာမှာဖြစ်တဲ့အတွက်ကြောက်လည်းကြောက်ကြသလို တစ်ချို့မမြင်ဖူးသေးတဲ့သူတွေကလည်းတွေ့ချင်နေကြသည်။

"ဘာလို့ဒီနေ့မှ ကားတွေပိတ်နေလည်းမသိဘူးကျစ်စိတ်ရှုပ်လိုက်တာ ဦးဘ တစ်ခြားလမ်းကသွားလို့မရတော့ဘူးလားကျမသူငယ်ချင်းကိုသွားကြိုဖို့နောက်ကျနေပြီရှင့်"

"ဟုတ်ကဲ့မမကြီး ကျွန်တော်တစ်ခြားလမ်းက‌သွားလိုက်ပါ့မယ်"

"တစ်ခြားလမ်းကသွားလို့ရတာကို အစောကြီးထဲကမသွားဘူးဦးဘရယ်"

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now