Unicode
နောက်တစ်နေ့မနက် နေစေးနဲ့ဘွားတို့အားလုံးဟာ အချိန်မရွေးတစ်ဖက်ကကျူးကျော်လာနိုင်တဲ့တိုက်ပွဲကြောင့် အားလပ်ချိန်မရှိတဲ့အထိ ဆွေးနွေးတိုင်ပင်နေကြတယ်။
နေစေးတို့စကားပြောနေတဲ့မနီးမဝေးရှိ ကွပ်ပျစ်မှာ ခွန်စိုင်းထိုင်နေပြီး သွားလာလှုပ်ရှားနေတဲ့တပ်သားတွေကိုလိုက်လံကြည့်နေသည်။ သူ့အနေနဲ့ ဘာကိုကူညီပြီးလုပ်ပေးနိုင်မလဲမသိတဲ့အပြင် ဒီမှာသူနဲ့သိကျွမ်းသူဆိုလို့ တစ်ဦးတစ်ယောက်မှမရှိတာကြောင့် ခွန်စိုင်းထိုင်နေယုံသာတတ်နိုင်သည်။
တဖက်မှာ အလုပ်လုပ်နေတဲ့ နေစေး ဟာ သူ့အလုပ်မှာသာအာရုံရှိနေသော်လည်း တစ်ဖက်မှာထိုင်နေတဲ့ ခွန်စိုင်းကိုတစ်ချက်တစ်ချက်လှမ်းကြည့်တတ်သည်။ ဒါကိုမြင်တော့ တခ်မူးဟာ နေစေးရဲ့တဖက်လူအပေါ်အကြည့်တွေကိုလိုက်စပ်စုကာ တပ်စခန်းမှာလာပြီးအချောင်ခိုတဲ့ ခွန်စိုင်းကိုပို၍အမြင်မကြည်လာပေ..တကယ်တော့ တခ်မူးက မနေ့ညက နေစေးပြောတာခံလိုက်ရတာကြောင့်သာ ကိုယ်ကိုကိုယ့်ရှက်ပြီးသူများကိုအပြစ်တင်နေခြင်းပင်။
" ကျုပ်တို့ဒီလိုပဲ စီစဥ်ကြတာပေါ့။ ကျုပ်ဒီနေ့ လုံဝမ်ကိုပြန်ပြီးစီစဥ်စရာရှိတာ စီစဥ်မယ်။ "
နေစေးက ဘွား ဖက်လှည့်ကာ..။
" ဘွား မင်းက ငြိမ်းချမ်းရေးဖထီးဆီသွားပြီးငါပြောထားသလိုစီစဥ်ခဲ့လိုက်ချည်။ "
" အေး "
ပြီးနောက် မော့ ကိုကြည့်ကာဆက်ပြောသည်။
" မော့ မင်းကဒီမှာနေခဲ့ပြီး တခ်မူးနဲ့ ဒီကအခြေအနေကိုစောင့်ကြည့်ထား။ တစ်ခုခုထူးခြားတာနဲ့ ကျုပ်တို့ဆီချက်ချင်းသတင်းပို့ "
နေစေး ပြောတော့ မော့ က သိပ်အလိုမကျပေ။ ဘာကြောင့်ဆို ပထမတစ်ခါတုန်းက ခွန်စိုင်းကိုစောင့်ရှောက်ဖို့ နေစေးပေးတဲ့တာဝန်ကိုမကျေပွန်ခဲ့တာကြောင့် စိုင်းလုံတို့နဲ့တိုက်မယ့် ဒီတိုက်ပွဲကိုတော့ မော့ ပါဝင်ချင်သည်။
" ကျုပ်ဒီတိုင်းစခန်းမှာငြိမ်မနေချင်ဘူး ဦးဆောင်သူ။ ကျုပ်ငြိမ်းချမ်းရေးဖထီးဆီသွားမယ် ဘွားကိုစခန်းမှာထားလိုက် "
မော့ ဟာ ပုံမှန်အချိန်တွေမှာသာ စစနောက်နောက်နဲ့နေတတ်ပေမယ့် သူစိတ်ဆတ်ပြီးဒေါသထွက်နေချိန်ဆိုလျှင် သူ့ရဲ့ကျွမ်းကျင်မှု့က မျက်တောင်တစ်ခတ်အတွင်းမှာပဲလူသတ်နိုင်၏။ ပြောရလျှင် နေစေးက မော့စိတ်ကိုသိနေတာကြောင့်ပင်။
နေစေး က တခ်မူးရှိနေတာကြောင့် သူတို့ရှေ့ကမြေပုံကိုသိမ်းစေပြီး ခါးထောက်ကာ။
" မော့ မင်းကျုပ်နဲ့လိုက်ခဲ့ "
ထိုသို့ပြောပြီး နေစေးထွက်သွားတော့ မော့ကနောက်ကလိုက်သွားသည်။ ဘွားက မော့နဲ့နေစေးကိုကြည့်ပြီး သူ့လူဆိုးလေးဂျစ်ကန်နေတာကိုသာစိုးရိမ်နေမိသည်။ သူတို့သူငယ်ချင်း ဦးဆောင်သူဟာ ဘယ်တော့အခါမှ အကြောင်းပြချက်မရှိပဲတစ်စုံတစ်ရာကိုမလုပ်ဘူးဆိုတာ ဘွား သိသည်လေ။
နေစေးနဲ့မော့တို့ထွက်သွားသည့်တိုင် တခ်မူးက နေစေးတို့သွားတဲ့နောက်ကိုအကဲခတ်ကြည့်နေတာကို ဘွား မြင်တာကြောင့် မျက်မှောင်ကျုံ့၍တင်းမာတဲ့မျက်နှာထားနှင့်။
" မင်းမှာလုပ်စရာတာဝန်မရှိဘူးလား တခ်မူး "
အဲ့တော့မှ တခ်မူးပြာယာခတ်သွားပြီး ခေါင်းညှိမ့်ကာထွက်သွားတော့သည်။ ဘွားက တခ်မူးရဲ့ပုံစံကိုကြည့်ရင်းသိပ်သဘောမကျပေ။
နေစေး က မော့ကိုခေါ်သွားပြီးတစ်နေရာရောက်တော့ရပ်ကာ မော့နဲ့မျက်နှာချင်းဆိုင်ရပ်၍ပြောသည်။
" မင်းအချိန်တိုင်း ကျုပ်ပေးတဲ့တာဝန်ကိုဘာလို့ငြင်းဆန်နေတာလဲ မော့ "
" အဲ့တာမင်းကို ကျုပ်မေးရမှာ။ ကူးရယ်တို့ရွာမှာပြောတော့ ကျုပ်အတွက်တာဝန်ကြီးတစ်ခုရှိတယ်ဆို အခုကျုပ်တာဝန်က ဒီနယ်စပ်စခန်းကိုစောင့်ကျပ်ဖို့လား? ဒီလိုမျိုး ဘာမှမလုပ်ရဘဲထိုင်နေရမယ့်အရာမျိုးတော့ကျုပ်မလုပ်ချင်ဘူး "
နေစေးကသူ့သူငယ်ချင်းရဲ့ စိတ်မကြည်လင်ပဲထင်ရာပြောနေခြင်းကို သက်ပြင်းချလျှက်။
" ကျုပ်မင်းကိုပေးတဲ့တာဝန်အတိုင်းမင်းနေပါ။ အခုမင်းကိုပေးထားတဲ့ တာဝန်က ကျုပ်တို့စခန်းအတွက်အကြီးမားဆုံးတာဝန်ပဲ.."
" .....ဘာကိုပြောတာလဲ? "
" ကျုပ်ပြောမယ်.... "
နေစေးက မော့ နားနားသို့တီးတိုးပြောပြီးနောက်။
" ကျုပ်နားလည်ပြီ "
.......
နေစေးနဲ့မော့တို့ပြန်ထွက်လာတဲ့အချိန် ဘွား က ခွန်စိုင်းဘေးမှာထိုင်ပြီးအကြမ်းရေသောက်နေရင်းစကားစမည်ပြောနေ၏။ မော့က ဘွား ဘေးမှာထိုင်၍ နေစေးက ခွန်စိုင်းဘေးမှာဝင်ထိုင်တော့ ခွန်စိုင်းက အလိုက်သိစွာနှင့် အကြမ်းရေငှဲ့ပေးလာသည်။
" စိုင်းဟွမ် "
" ဟင် "
မနက်ခင်းနေရောင်ခြည်ရဲ့အလင်းရောင်က သူတို့ထိုင်နေတဲ့ အပင်အောက်သို့သစ်ရွက်တွေကြားကတစ်စတစ်လေတိုးထွက်လာပြီး ခွန်စိုင်းရဲ့နူးညံ့ဖြူဖွေးလှတဲ့မျက်နှာလေးထပ်သို့ကျရောက်ပုံက နေစေးစိတ်ထဲမှာ ခွန်စိုင်းဟာပို၍တောက်ပနေသလိုခံစားရသည်။
နေစေးက ခွန်စိုင်းကိုကြည့်ပြီး တည်ငြိမ်စွာနဲ့ပင်။
" ကျုပ်ဒီနေ့ လုံဝမ်ကိုပြန်သွားဖို့ရှိတယ်။ "
" ဒီနေ့ ချက်ချင်းကြီးလား "
" ဟုတ်တယ်။ ကျုပ်အရေးပေါ်ဒီနေ့သွားမှဖြစ်မှာမို့။ စိတ်တော့မပူပါနဲ့ ကျုပ်မရှိရင်တောင် စခန်းမှာ မော့ ကျန်နေမှာရော်။ ခင်ဗျားလေး လိုအပ်တာသူ့ဆီပြောလို့ရတယ်"
ခွန်စိုင်းကခေါင်းလေးတစ်ညှိမ့်ညှိမ့်နဲ့ ဘွားဘက်ကြည့်ကာ။
" ဘွား လည်းလိုက်သွားမှာလား "
" မလိုက်ဘူး။ သူ့က ဖထီးတို့ဆီ ကျုပ်နဲ့အတူထွက်ပြီး ၂ ရက်ခရီးသွားမှာ ကျုပ်တစ်ယောက်တည်းလုံဝမ်ပြန်မှာ "
" တစ်ယောက်တည်းဆိုတော့....အဆင်ပြေပါ့မလား။ လမ်းမှာ "
" ကျုပ်အတွက်စိတ်မပူလေနဲ့ ဒီလမ်းခရီးက ကျုပ်နေချင်းပြန်ရင်တောင် အချိန်အများကြီးပိုနေဦးမှာရော် "
" အင်းပါ။ အဲ့ဒါဆိုလည်း လမ်းမှာဂရုစိုက်ဦးနော် "
ဒီနယ်မြေဟာ နေစေးလက်ထဲမရောက်ခင်တစ်ချိန်က တိုက်ပွဲများစွာဖြစ်ပျက်နေသော်လည်း နှစ်တွေကူးပြောင်းကြာပြီးနောက် နေစေးတို့တပ်ဖွဲ့တိုက်သိမ်းယူကာငြိမ်းချမ်းတဲ့နယ်မြေအဖြစ်ပြောင်းလဲခဲ့သည်။
ထိုအချိန်ကတည်းက သာမန်သူပုန်အနည်းငယ်မှလွဲပြီး ယခုလိုတိုက်ပွဲခေါ်သံမရှိခဲ့ပေ။ ထို့ကြောင့် နေစေးက အခုလိုမျိုးသူ့နယ်မြေကိုမက်မောပြီးသူ့အားမထီသလိုလုပ်တာကိုဘယ်နည်းနဲ့မှ လက်ခံမည်မဟုတ်။
အရင်ကတိုက်ပွဲကင်းတာမို့အေးချမ်းပေမယ့် လက်ရှိမှာ အချိန်မရွေးဖြစ်လာနိုင်တဲ့တိုက်ပွဲကြောင့် စခန်းကလူတွေအားလုံးကတိုက်ခိုက်ဖို့အသင့်ဖြစ်နေကြတာ ခွန်စိုင်းတွေ့နေရသည်။ သူ့ရှေ့မှာရှိတဲ့ နေစေးရဲ့ပုံစံကအရာရာကိုကြိုတင်တွက်ချက်ထားသလိုတည်ငြိမ်နေပေမယ့် ချစ်ရသူကိုစိတ်ပူနေတဲ့ခွန်စိုင်းအတွက်ကတော့ ရင်ပူနေတာတော့အမှန်ပင်။ ဒါပေမယ့် ဒီအခြေအနေမှာ ခွန်စိုင်းဘက်က နေစေးကိုကူညီနိုင်တာဟာ သူ့ကိစ္စတွေနှောင့်နှေးခြင်းကင်းအောင်နေခြင်းပဲ။
--------
စကားပြောပြီးမကြာခင်မှာ နေစေး နဲ့ ဘွားတို့မြင်းကိုယ်စီပေါ်တတ်၍စတင်ထွက်လာခဲ့သည်။ နေစေး ထွက်မလာခင်မှာ ခွန်စိုင်းရဲ့လုံခြုံမှု့အတွက် မော့ကိုအစစအရာရာမှာကြားထားပြီးဖြစ်လို့ ယုံကြည်စိတ်ချစွာပင်ထွက်လာခဲ့သည်။ နေစေးနဲ့ဘွားတို့သွားရမယ့်နေရာကတစ်နေရာဆီဆိုပေမယ့် လမ်းတစ်ဝက်လောက်ထိသင့်တာကြောင့် အတူတူခရီးဆက်၏။
" နေစေး ကျုပ်မသိလို့တစ်ခုလောက်မေးစမ်းပါရစေ "
" ဘာများတုန်း "
" ကျုပ်သိတဲ့နေစေးက တော်ရုံလူကိုယုံကြည်ဖို့မဆိုထားနှင့် ကိုယ့်ဒူးတောင် ကိုယ်ယုံသူမဟုတ်ဘူး။ အခုကျတော့ နောင်ကြီးကိုစခန်းကိစ္စလျှို့ဝှက်ချက်တွေကအစ ပြောပြတဲ့အထိယုံကြည်တာလား? "
ဘွား မေးတဲ့မေးခွန်းကြောင့် ဘာရယ်မဟုတ် နေစေးသဘောကျမှု့လေးဖြစ်ပေါ်လာသည်။
" မင်းပြောသလိုပဲ ကျုပ်အခုချိန်ထိ ကိုယ့်ဒူးတောင်မယုံတဲ့လူစားမျိုးပဲ ဒါပေမယ့်..... ကျုပ်သူ့ကိုယုံတယ်။ "
" ဘာကြောင့်လဲ? "
ဘွား သိချင်စွာမေးကြည့်၏။
" ပြောရရင် နောင်ကြီးခွန်စိုင်းကဧည့်သည်လေးမဟုတ်လား အချိန်တန်ရင်အိမ်ပြန်ချိန်ရောက်လာမှာရော မင်းမစိုးရိမ်ဘူးလား။ အကယ်၍ သူ့မြို့ကြီးပြန်ရောက်သွားချိန် ကျုပ်တို့ရဲ့လျှို့ဝှက်ချက်တွေမပေါ်သွားနိုင်ဘူးလား?"
" ဟုတ်တာပေါ့။ သူ့မြို့ကြီးပြန်ရောက်သွားရင်တော့ဘယ်ပြောတတ်မလဲ..သို့ပေသိ ကျုပ်ကအိမ်ပြန်ခွင့်ပေးဦးမှလေရော် "
" ဘယ်လို?"
နေစေးရဲ့အဖြေစကားက ဘွား အတွက်ခန့်မှန်းကခက်စေ၏။ နေစေးကဘွားရဲ့တုန့်ပြန်ပုံကိုကြည့်ပြီး * ဒါ့ကြောင့် ဘွား က မော့နဲ့မနီးစပ်နိုင်တာ ဟု စိတ်ထဲတွေးကာပြုံးမိသည်။
" သူကျုပ်ကိုချစ်သည် မချစ်သည် ဆိုတာ မသိခင်ကတည်းက ကျုပ်သူ့ကိုနှစ်သက်မြတ်နိုးနေခဲ့တာ ဘွား .. သူကျုပ်ကိုချစ်တယ်ပြောပြီးတဲ့အချိန်ကစလို့ သူက ကျုပ်အပိုင်ပဲ။ ကျုပ်တစ်ယောက်တည်းရဲ့အပိုင်။ ကျုပ်အတွက်တော့သူကနွေးထွေးတယ်။ သနားကြင်နာတတ်တယ်။ လူတစ်ဖက်သားအပေါ်အားနာတာလည်းလွန်ရော။ အဆိုးဆုံးက မြို့ကြီးသားတစ်ယောက်ဖြစ်ပြီး သူသိပ်ရိုးသားလွန်းတယ်။ "
ဘွား တစ်ယောက်နေစေးနဲ့ကြီးပြင်းလာတဲ့အချိန်ကစ အခုထိ နေစေးစကားအရှည်ကြီးပြောတာမြင်ဖူးသည်မှာ ပထမဦးဆုံးပေမို့နားထောင်ပေးနေသည်။ နေစေးဆက်ပြော၏။
" ကျုပ်ချစ်တဲ့အမျိုးသားလေးက အရောင်တွေစွန်းထင်းမှု့မရှိတဲ့ အဖြူထည်လေးမို့ ကျုပ်ပိုမြတ်နိုးတယ်..နောက်ပြီး ကျုပ်သူ့ကိုဘယ်နည်းနဲ့မှ လက်လွတ်အဆုံးရှုံးခံမှာမဟုတ်ဘူး။ "
နှုတ်ခမ်းတစ်ဖက်ကော့တတ်ယုံမျှပြုံးပြီး ရယ်ရိပ်မြူးနေတဲ့ နေစေးကြောင့် ဘွား ကိုယ်တိုင်လည်းပြုံးသည်။ နေစေးဆိုတဲ့လူမျိုးက လိုချင်တာရှိရင် ရအောင်ယူတတ်သူဆိုတာ သူသိပြီးသားပင်။ ဘွား အခုလိုမေးခွန်းတွေမေးနေတယ်ဆိုတာလည်း ခွန်စိုင်းအပေါ်ထားတဲ့ နေစေးရဲ့ချစ်ခြင်းနဲ့ ယုံကြည်မှု့ကိုသိချင်တာကြောင့်ပါပဲ။
" နောင်ကြီးခွန်စိုင်းက မင်းကိုချစ်တယ်ဆိုတာ ကျုပ်တို့လိုဘေးလူကတောင်မြင်နိုင်ပါတယ်ကွာ "
ထိုစကားရဲ့တုန့်ပြန်မှု့ကိုတော့ နေစေးအပြုံးနဲ့သာ တုန့်ပြန်ရင်း ခရီးဆက်ခဲ့ကြသည်။
* အမှန်ပဲ။ ခွန်စိုင်းလေး ကျုပ်ကိုဘယ်လောက်ထိချစ်လဲဆိုတာ ကျုပ်အသိဆုံးပဲ..ဒါပေမယ့် သူကျုပ်ကိုချစ်တယ်ဆိုတဲ့အချက်ကို ကျုပ်ယုံကြည်တာနဲ့ ကျုပ်အနားကခဏတာဖြစ်စေ တဘဝစာဖြစ်စေ ထွက်ခွာခွင့်ပြုနိုင်တယ်ဆိုတဲ့အဓိပ္ပါယ်မဟုတ်ဘူး *
-----------
နေစေးတို့ထွက်သွားပြီးနောက် ခွန်စိုင်းဟာသူ့ဘဝရှေ့ရေးအတွက်တစ်စုံတစ်ခုကိုတွေးတောနေသည် ။ တချို့အရာတွေကဖြစ်လာမှာမို့ကြိုတင်အသိပေးခြင်းကလုံလောက်တဲ့ဖြေရှင်းချက်ဖြစ်လိမ့်မည်လို့တွေးမိသည်။
ထို့ကြောင့် ခွန်စိုင်းသည် နေစေးတဲအိမ်လေးထဲသို့ဝင်၍ ခဏအကြာပြန်ထွက်လာသည်။
" မော့ "
တခ်မူးနဲ့အတူ တပ်သားတွေကိုလေ့ကျင့်ရေးဆင်းပေးနေတဲ့ မော့ ဆီလျှောက်လာခဲ့သည်။ ခွန်စိုင်းခေါ်သံကြားတော့ တခ်မူးမျက်နှာကမှောင်မိုက်ကာအလိုမကျသလိုနဲ့လှမ်းကြည့်နေစဥ် မော့ ကတော့ ခွန်စိုင်းဆီချက်ချင်းသွားလိုက်သည်။
" နောင်ကြီးဘာလိုအပ်လို့လဲ "
" အားနာပေမယ့် ကိုယ့်ကိုတစ်ခုလောက်ကူညီပေးပါလား"
" ပြောပါနောင်ကြီး "
" ဒီစာလေးကိုမြို့ကစာကြည့်တိုက်ဆီပို့ပေးလို့ရမလား"
ထို့သို့ပြောပြီးခွန်စိုင်းသူ့လက်ထဲကပို့စာအိတ်လေးကို မော့ဆီကမ်းပေးလိုက်သည်။ မော့ က စာအိတ်လေးကိုယူပြီး။
" ကိစ္စမရှိဘူး ကျုပ်အခုပဲသွားပို့ခိုင်းလိုက်မယ် "
" ကျေးဇူးတင်ပါတယ် မော့ "
" မလိုပါဘူးနောင်ကြီးရယ် နေစေး ကျုပ်ဆီမှာနောင်ကြီးကိုသေချာအပ်သွားတာ ဒါကျုပ်တာဝန်ပါ "
ဒါကိုတော့ ခွန်စိုင်းခေါင်းညှိမ့်ပြီးသာအသိမှတ်ပြုလုပ်သည်။
" ဟိုလေ တပ်စခန်းမှာကိုယ်လုပ်ပေးနိုင်တာတစ်ခုခုရှိရင်လည်းပြောပါ..ကိုယ်ကဘယ်ကစကူညီရမလဲမသိဖြစ်နေတာ "
" အဲ့ဒါတော့စိတ်မပူနဲ့ "
ဒါကိုပြောသူက တခ်မူးဖြစ်သည်။ သူက မော့တို့စကားပြောရာဆီရောက်လာပြီးဝင်ပြောခြင်း။
" ကျွန်တော်တို့ဆီရောက်မှတော့ညီအကိုလိုပဲလေ အတူတူဝိုင်းဝန်းလုပ်ကိုင်ကြရတာပေါ့နော့ "
" ကိုယ်လုပ်ပေးနိုင်တာရှိရင်ကူညီပေးပါမယ် "
မော့ က တခ်မူးကိုကြည့်ပြီးမျက်နှာမှာအေးစက်စွာနဲ့သတိပေးတဲ့အကြည့်နဲ့ကြည့်လိုက်တော့ တခ်မူးကသူဘာမှားသွားလဲမသိစွာနောက်သို့တိုးသွားသည်။
" အဲ့ဒါဆို နောင်ကြီးသွားနားတော့လေ မနေ့ကလည်းခရီးပန်းလာတော့ကောင်းကောင်းအနားယူတာပိုအဆင်ပြေတယ်နော့ "
" အဲ့တာဆို ကိုယ်သွားလိုက်ဦးမယ် ။ ဒီက ငါ့ညီ တကယ်လို့ကိုယ်နိုင်တာရှိရင် ခေါ်ခိုင်းလို့ရပါတယ် "
" ဟုတ်..ကဲ့ "
ပြောပြီးတာနဲ့ ခွန်စိုင်းလည်းအားနေတာကြောင့် နေစေး
တဲထဲဝင်ပြီး စာသွားရေးတော့သည်။ ခွန်စိုင်း လုံဝမ်ရွာရောက်ပြီးအစပိုင်းရက်တွေသာ စာရေးခြင်းလုပ်ဖြစ်ပြီး အဲ့နောက်ပိုင်းဘာစာမှမရေးဖြစ်ခဲ့ပေ။ အခုတော့ အချိန်နည်းနည်းအားနေတာနဲ့ ရေးတော့မည်။
ခွန်စိုင်း တဲဘက်ထွက်သွားတော့ မော့ က တခ်မူးဘက်လှည့်ကာ အေးစက်စွာနှင့်။
" အဓိကနဲ့သာမညကိုမင်းခွဲခြားတတ်ဖို့လိုတယ်။နောက်တစ်ခုက နောင်ကြီးခွန်စိုင်းရဲ့အလိုက်သိမှု့ကိုအခွင့်ကောင်းယူဖို့မစဥ်းစားနဲ့! .
မင်းအတွက်ပြောနေတာလို့မှတ်ယူထား!"
" ဟုတ်ကဲ့ခေါင်းဆောင် "
မော့ တခ်မူးကိုစကားဆက်မပြောချင်တာကြောင့်လေ့ကျင့်ကွင်းဘက်သွားတာ ခွန်စိုင်းပေးတဲ့စာကို သူယုံကြည်ရတဲ့တပ်သားတစ်ယောက်ထံပေးကာပို့ခိုင်းလိုက်သည်။
တခ်မူးက အရင်ကဆိုလျှင် နယ်စပ်စခန်းမှာ သူခေါင်းဆောင်ဖြစ်တာမို့ ဘယ်တပ်သားကမှ သူ့စကားနားမထောင်ပဲမနေရဲချေ။ အခုလိုသူ့ကိုတစ်ယောက်ယောက်ကြောင့် ငေါက်ဖို့ဆိုတာဝေးစွ။ ဒါ့ကြောင့် သူမကျေမချမ်းဖြစ်နေတော့သည်။ လူကဲခေတ်မညံ့တဲ့ မော့ က တခ်မူးရဲ့မျက်စိမျက်နှာကိုကြည့်ပြီး နေစေး ဘာကြောင့် ဒီတာဝန်ကိုသူ့ဆီ ပေးခဲ့သလဲနားလည်လို့သွားသည်။
* ငါလိုကောင်က မြွေပွေး ခါးပိုက်ပိုက်မိသလိုတော့အဖြစ်မခံဘူး အဲ့မြွေးပွေကို တစ်ခါတည်းအရည်ကြိုသောက်ပြစ်မယ်!! *
____________________
နေစေး လုံဝမ်ရွာသို့ပြန်ရောက်တဲ့အခါ နယ်စပ်စခန်းမှာတုန်းကစီစဥ်ခဲ့တာတွေနဲ့ကဲဲပါးစွာအစီစဥ်သစ်တွေစတင်အကောင်ထည်ဖော်တော့သည်။
သူ့အနေနဲ့ ရန်သူ့ဦးနှောက်လောက်မပြေးဘူးဆိုရင် ဒီနယ်မြေမှာဦးဆောင်သူဆိုတဲ့ ဂုဏ်ပုဒ်ကိုငယ်ရွယ်စွာနဲ့မချုပ်ကိုင်ထားနိုင်။ သို့သော် တဖက်ရန်သူက သူ့အားအထင်သေး၏။ နေစေးကလည်း ထိုအချက်ကိုဆုတ်ကိုင်စွာပင် ခြေတလှမ်းအသာစီးယူမည်!။
နေစေး လုံဝမ်ရောက်နေပြီဆိုတဲ့သတင်းကြားတာနဲ့ အဖ ချက်ချင်းတပ်စခန်းဆီရောက်ချလာသည်။
အဖ တစ်ယောက် နေစေးရဲ့သတင်းပို့တာတွေကြောင့်အကြောင်းအရာအားလုံးနှင့် ရွာအတွက်သစ္စာဖောက်သူအားအလွန်ဒေါသထွက်နေသော်လည်းသူတို့ကိုလက်ရှိမှာသည်းခံနေယုံပဲရှိမည်။ ဘာကြောင့်ဆိုလျှင် ဒီသစ္စာဖောက်တွေရဲ့စီရင်ချက်အား ဦးဆောင်သူသာလျှင် ချမှတ်ပေမည်။
" အဖ "
အဖ ရောက်လာတဲ့အချိန်မှာ နေစေးဟာ တပ်ဖွဲ့တွေအင်အားစုစည်းချိန်ဖြစ်လို့ သူကိုယ်တိုင်သည်လည်းမနားမနေပေ။ နေစေး အဖနဲ့အတူလမ်းလျှောက်ပြီးစကားစမြည်ပြောသည်။
" နယ်စပ်မှာအခြေအနေဘယ်လိုရှိလဲ "
" လက်ရှိမှာသူတို့ဘက်က ကျုပ်တို့ကိုတိုက်ဖို့အခွင့်ကောင်းစောင့်နေတာထက် သူတို့ကိုယ်တိုင်ကအင်အားမလုံလောက်သေးတာလို့ကျုပ်ထင်တယ်။ ဒါပေမယ့်စိတ်မပူပါနဲ့အဖ ကျုပ်ဘွားကို ဖထီးဆီလွတ်ထားပါတယ် "
" ဒီနယ်မြေမှာ သူတို့လိုလောဘသားကောင်တွေရှိလို့စစ်ဖြစ်လိုက်တိုင်း ရွာငယ်တွေရဲ့ဖျက်စီးသေဆုံးခြင်းတွေပိုများတယ်။ သို့ပေသိ ရေရှည်အတွက် ကျုပ်တို့ဒီလိုကောင်တွေကိုလွတ်ထားလို့ကောင်းတာမရှိဘူးရော် "
" ကျုပ်နားလည်ပါတယ်အဖ။ "
အဖ က နေစေးကိုကြည့်ပြီး နေစေးရဲ့ခန့်မှန်းလို့မရတဲ့အတွေးတွေကြောင့် သူ့သား အကောင်းဆုံးအရာကိုရွှေးချယ်မယ်လို့မျှော်လင့်နေသည်။ တကယ်ပင် စစ်ဖြစ်လိုက်တိုင်း တောသူတောင်သားတွေရဲ့အသက်အိုးအိမ်တွေပျက်စီးဆုံးရှုံးခြင်းနဲ့ စစ်ဘေးရှောင်ရင်းခံစားရတဲ့ဒုက္ခကို အဖ တို့ကိုယ်တိုင်ခံစားဖူးသူတွေမဟုတ်ပါလား။
အဖ နဲ့နည်းတူ နေစေးသည်လည်း ဒီလိုပျက်စီးခြင်းဒုက္ခတွေကိုတခြားသူတွေဆီမကူးစက်စေရန်အစွမ်းကုန်ကြိုးစားမည်ဖြစ်သည်။
--------
နောက်တစ်နေ့မနက်မှာ ခွန်စိုင်းအစောကြီးနိုးနေပြီးနောက် စခန်းမှာ သူကူညီပြီးလုပ်ကိုင်ပေးနိုင်တာရှိလိုရှိငြား လျှောက်ပတ်ကြည့်နေတော့သည်။ တစ်နေရာအရောက်မှာ ခွန်စိုင်းမျက်လုံးတို့ပင့်ကာအတွေးတစ်ခုဝင်လာမိသည်။
ထိုနေရာကတော့ ချက်ပြုတ်နေရာပင်။
ဟုတ်သည် ခွန်စိုင်းဟာတခြားအရာတွေမှာသာ တပ်သားတွေကိုမကူညီနိုင်သော်ငြား ချက်ပြုတ်ရာမှာငယ်စဥ်ကသင်ကြားခဲ့တဲ့လက်ရာအနည်းငယ်ကြောင့် ဒီနေရာမှာတော့ သူကူညီနိုင်လောက်၏။ ထို့ကြောင့် ခွန်စိုင်း တပ်သားတွေမီးမွှေးဖို့ပြင်နေတဲ့နေရာသို့လျှောက်သွားလိုက်သည်။
" ဒီက ငါ့ညီတို့ "
ခွန်စိုင်းခေါ်လိုက်တော့ တပ်သားတွေအားလုံးက ခွန်စိုင်းကိုကြည့်လာကြသည်။
" ဟုတ်ကဲ့ ကျုပ်တို့ကိုဘာခိုင်းချင်လို့လဲ "
တပ်သားတွေက ခွန်စိုင်းဟာ နေစေးခေါ်လာတဲ့အထူးဧည့်သည်တွေဆိုတာသိပြီးနောက်မှာ နေစေး ကိုအမှားမပြုမိစေရန် သူ့ဧည့်သည်လေးအားဧည့်ဝတ်ကျေချင်ကြ၏။
တပ်သားပြောတာကို ခွန်စိုင်းကနှစ်လိုဖွယ်ပြုံးကာ။
" ကျံန်တော်ဘာမှမခိုင်းပါဘူး။ ဒီက ညီတို့ ထမင်းဟင်းချက်ပြုတ်မလို့လား "
" ဟုတ်တယ်ဗျ။ ကျုပ်တို့ချက်ပြုတ်မလို့။ "
" ဒါဆို ကျွန်တော်လည်းဝိုင်းကူညီပေးပါရစေ ကျွန်တော်ကအချက်အပြုတ်နည်းနည်းပါးပါးတတ်တော့ ကူညီပေးလို့ရပါတယ် "
" မလိုဘူး။ မလိုဘူး။ ဒါတွေက ကျုပ်တို့လုပ်နေကြတွေပါ ခင်ဗျားက ဧည့်သည် ဒါတွေကူလုပ်ပေးဖို့မလိုပါဘူး "
" ဧည့်သည်ဆိုပေမယ့်လည်း ကျွန်တော်တတ်နိုင်တဲ့ဘက်က ဒီက ညီအကိုတွေကိုကူညီချင်တာပါ "
ထမင်းဟင်းချက်ပြုတ်ဖို့တာဝန်ကျတဲ့တပ်သားတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးငြင်းရခက်နေ၏ ဒီလူက သူ့သဘောနဲ့သူ လာကူညီတာဆိုပေမယ့် ဒီလူ့ ခန္ဓာကိုယ်က သူ့တို့တစ်ဝက်စာတောင်ကြံခိုင်မယ့်ပုံစံမရှိတာမျက်မြင်ပင် သို့သော် ဒီလူကိုသူတို့ငြင်းရခက်နေသည်။
" ကျုပ်တို့တပ်သားတွေမှာ ထမင်းဟင်းချက်ပြုတ်ပေးဖို့မိန်းမတစ်ယောက်မရှိလို့အခက်တွေ့နေတာ မင်းကူညီပေးမယ်ဆိုတော့ပိုကောင်းသွားတာပေါ့ "
ခွန်စိုင်းတို့အားလုံးအသံလာရာကြည့်လိုက်တော့ စွပ်ကျယ်အနက်ရောင် ပြောက်ကျားဘောင်းဘီအပွ ၊ ဘွတ်ဖိနပ်အမည်း၊ဝတ်ထားပြီး ခါးမှာ ပစ်စတိုတစ်လက်ချိန်ထားသော တခ်မူးဖြစ်နေသည်။ တခ်မူးရဲ့မျက်နှာဟာ ခွန်စိုင်းကိုလျှောင်ပြောင်သရော်ပြုံးတွေနှင့် ရိသဲ့သဲ့အမူအယာတွေတွေ့နေရသည်။
" ဘယ်လိုလဲ? "
ခွန်စိုင်းသည် သူ့အားအမျိုးသမီးတစ်ယောက်နဲ့နှိုင်းယှဥ်ပြီးပြောနေတဲ့ တခ်မူးကိုမျက်မှောင်ကုတ်ကာစိတ်ခုပေမယ့် ကျော်သွားလိုက်သည်။
" ကောင်းပြီလေ။ ကျွန်တော် ဒီကညီအကိုတွေနဲ့အတူ ထမင်းဟင်းအတွက်ကူညီပြီးချက်ပြုတ်ပေးပါမယ်။"
" အို့ ဒါနဲ့ လူတိုင်းကနေ့တိုင်းထမင်းဟင်းစားကြတာဆိုတော့ နာမည်ခံယူရုံနဲ့ တစ်ရက်တလေပဲချက်ပြုတ်ရင်ဘယ်အဆင်ပြေမလဲ "
" ကိစ္စမရှိပါဘူး ကျွန်တော်နေ့တိုင်းကူပေးနိုင်ပါတယ် တခ်မူး "
" အဲ့တာဆိုရင်တော့ ဒီကဧည့်သည်တော်ကြီးကိုကျေးဇူးတင်ရတော့မှာပေါ့ဗျာ။ နောက်ဆုံးတော့ မင်းအကျင့်နဲ့လိုက်ဖက်တဲ့အလုပ်တစ်ခုမြန်မြန်တွေ့သွားတာအဆင်ပြေသွားတာပေါ့..မဟုတ်ရင် ကျုပ်တို့စခန်းက တပ်သားတွေရဲ့အာရုံကိုညှို့ယူပြစ်လိုက်ရင် ကျုပ်တို့တိုက်ရခိုက်ရခက်ခဲနေမှာစိုးတယ် "
" ခင်ဗျားဘာစကားပြောတာလဲ!! "
ခွန်စိုင်းလုံးဝဒေါသထွက်သွားသည်။ ဒီလူ့စကားတွေက နားထောင်နေတဲ့သူ့ကိုသည်းခံနိုင်တဲ့အတိုင်းတာကျော်လွန်သွားပြီ။ ထိုအချိန်မှာ တခ်မူး ဟာ အဝေးက မော့ သူတို့ဆီလျှောက်လာတာတွေ့တာမို့ သူ့အပြုမှုကရိုကျိုးနေသည်းဟန်မူယာအားပြုပြင်ကာ ခွန်စိုင်းကိုစကားပြန်ပြော၏။
" ကျုပ်ကဒီတိုင်းကျေးဇူးတင်တယ်ဆိုတာကိုဖော်ပြတာပါဗျာ။ "
ထိုအချိန်မှာ မော့ က ခွန်စိုင်းတို့အနားရောက်လာသည်။
" နောင်ကြီးကဒီရောက်နေတာကိုး ကျုပ်ကမနက်စာစားဖို့နောင်ကြီးကိုလိုက်ရှာနေတာ "
ထိုသို့ပြောပြီး တခ်မူးကိုကြည့်ကာ။
" တခ်မူး က ဒီမှာဘာလုပ်နေတာလဲ "
" ဘာမှမလုပ်ပါဘူး ခေါင်းဆောင်။ ဒီက ဧည့်သည်လေးက ချက်ပြုတ်ရေးမှာဝိုင်းကူညီပေးမယ်ပြောနေလို့ ကျုပ်တားနေတာပါ ဒါပေမယ့် သူကလက်မခံဘူးလေ "
" ဟုတ်လား နောင်ကြီး "
ခွန်စိုင်းသည် တခ်မူးရဲ့မလောင်းမလဲပြောတတ်တဲ့အကျင့်ကြောင့် ကိုယ်တိုင်ပင်ပင့်သက်ရှိုက်မိ၏ ယောက်ကျားတစ်ယောက်၊ တပ်သားတစ်ယောက်ဖြစ်နေပါသော်လည်း ကောက်ကျစ်ယုတ်မာတဲ့စိတ်ဓာတ်ရှိနေသည်။ ခွန်စိုင်းက ဘာပြသာနာမှမဖြစ်ချင်တဲ့လူတစ်ယောက်မို့ တခ်မူးရဲ့အပြုအမှုတွေကိုမသိချင်ယောင်သာဆောင်ထားလိုက်တော့သည်။
" ဟုတ်တယ် မော့ ။ ကိုယ်လဲ စခန်းမှာရှိနေတဲ့အချိန်ပျင်းနေတာနဲ့ ဒီကညီအကိုတွေကိုကူညီပေးမလို့လေ။ "
" မလုပ်ရပါဘူး။ တော်ကြာနေ နောင်ကြီးအပူလောင်တာတွေ ထိခိုက်ရှရာဖြစ်တာတွေရှိလာခါမှ ကျုပ်ကို ဦးဆောင်သူက သူ့ဧည့်သည်ကိုဂရုမစိုက်ကောင်းလားဆူခံထိနေပါဦးမယ် "
မော့ စကားကြောင့် နှလုံးသားထဲက နေစေးရဲ့စိုးရိမ်ပူပန်နေတဲ့အမူအယာလေးတွေပေါ်လာခဲ့တော့ ခွန်စိုင်းကြည်နူးကာပြုံးမိသည်။
" မစိုးရိမ်ပါနဲ့။ ဒီအလုပ်က ကိုယ်တစ်ယောက်တည်းလုပ်တာမှမဟုတ်တာ။ ပြီးတော့ ယောက်ကျားတစ်ယောက်အနေနဲ့ ကိုယ်သန်မာပါတယ်ကွာ "
ခွန်စိုင်းရဲ့ပြုံးရယ်ကာ မော့အားစိတ်မပူစေရန်ပြောနေပုံက တကယ်ကိုအရိုးခံဖြူစင်မှု့ဖြင့်။ ခွန်စိုင်းရဲ့ခန္ဓာကိုယ်က ဒီကလူတွေနဲ့ယှဥ်ရင် အလွန်အားငယ်ပြီးသေးငယ်နေတယ်ဆိုတာ သိပါ့မလားပင်။
" ဒါပေမယ့်... "
" ကဲ ထားလိုက်ပါ။ ကိုယ်ကိုကိုယ်ဂရုစိုက်ပါမယ်ကွာ "
" ပြီးရောလေ။ ကျုပ်မတားတော့ပါဘူး။ တခ်မူး "
မော့ က တခ်မူးနဲ့တပ်သားတွေဘက်လှည့်ကာ။
" နောင်ကြီးခွန်စိုင်းက ကျုပ်တို့ရဲ့အရေးကြီးဧည့်သည် အဲ့အတွက် သူကူညီပေးမယ်ဆိုပေမယ့် အတိုင်းအတာကိုအားလုံးသိပါစေ "
" နားလည်ပါပြီခေါင်းဆောင် "
မော့ ရဲ့ချိန်းခြောက်မှု့အမိန့်ကြောင့် အားလုံးကခွန်စိုင်းကိုရှိန်နေမှာကိုတွေးမိပြီး ခွန်စိုင်းပြုံး၍သာခေါင်းခါမိပါသည်။ * တကယ်ပါ အက်ဒွက်သူငယ်ချင်းတွေက အက်ဒွက်နဲ့တထေရာတည်းပါပဲလား *
ထိုသို့ပြောပြီးနောက် ခွန်စိုင်းနဲ့ မော့ တို့ထွက်သွားကြသည်။ တခ်မူးသည် ခွန်စိုင်းတို့ထွက်သွားတာမြင်တာနဲ့ မျက်နှာပေါ်မှာတင်းမာမှု့တွေနဲ့ မကျေနပ်ချက်တို်ပြည့်နက်သွားတော့သည်။
* ငမော့ မင်းကဒီအချိန်မှာခေါင်းဆောင်ဆိုပြီး ငါ့သိက္ခာလာချနေတာပဲ မင်းရဲ့အာဏာဘယ်လောက်ကြာကြာခံနိုင်မလဲငါစောင့်ကြည့်မယ်! ! *
" ဖိုးသား "
" ဟုတ်ကဲ့"
" နောက်နေ့ကစပြီး မင်းငါ့နောက်လိုက်စရာမလိုတော့ဘူး။ "
" ဗျာ အဲ့တာဆို "
" မင်းကိုဒီချက်ပြုတ်နေရာမှာတာဝန်ယူပြီး ကျုပ်တို့ဧည့်သည်တော်ကို 'ဂရုစိုက်'ဖို့တာဝန်ပေးလိုက်မယ်.. ကျုပ်ပြောတာနားလည်တယ်မလား "
တခ်မူးနောက်လိုက်လုပ်လာတာကြာပြီးဖြစ်တဲ့ ဖိုးသားဟာ စကားရဲ့အဓိပ္ပါယ်ကိုသိလိုက်တာကြောင့် ယုတ်မာတဲ့အပြုံးကိုဆင်မြန်းကာ ။
" ကျုပ် နားလည်ပြီ တခ်မူး "
* မင်းကနောက်ခံအားကိုးပြီးအချောင်နေချင်နေတာမဟုတ်လား အဲ့တော့ ငါကလည်းမင်းကိုပညာနည်းနည်းပေးပြီး မင်းဘယ်လောက်ခံနိုင်ရည်ရှိလဲ ကြည့်ရတာပေါ့ *
_______________________________
ညသန်းခေါင်ယံအချိန် အေးချမ်းမှု့အတဖြစ်တဲ့ တပ်စခန်းတွင် ကင်းလှည့်နေတဲ့တပ်သားတွေရဲ့ခြေသံတွေနှင့် ပိုးမွှားကောင်တွေရဲ့အော်ဟစ်သံတွေသာကြားရပြီး တိတ်ဆိတ်လျှက်ရှိသည်။ ထိုအချိန်မှာ မော့ ဟာ သူ့လူယုံက တိတ်တဆိတ်ပေးလာတဲ့ နေစေးဆီက စာကိုဖွင့်ဖတ်နေ၏။
စာထဲမှာပါတဲ့အကြောင်းအရာဟာ ဒီတပ်စခန်းအတွင်းမှာ ရန်သူ့သူလျှိုရှိသည်ဟု ရေးသားထားပြီး အဲ့လူကို မော့ အားစောင့်ကြည့်စေချင်တာဖြစ်သည်။
စာဖတ်ပြီးအဆုံး မော့ က တပ်စခန်းထဲမှာရှိတဲ့လူတိုင်းရဲ့မျက်နှာနှင့်အပြုအမူတို့ကိုခွဲခြမ်းစစ်ဆေးတွေးတောနေသည်။ သူ့အနေနဲ့ သူလျှိုရဲ့အရိပ်အမြွတ်တစ်ယောက်မှမတွေ့မိသေးချေ ။ သို့သော် သူတို့ရဲ့အစီစဥ်အကောင်ထည်ဖော်နိုင်ဖို့ရာအတွက် သူလျှိုဘယ်သူလဲဆိုတာ မော့ တို့အရင်သိရမှဖြစ်မည်။
ထိုသို့တွေးကြည့်ပြီးနောက် မော့ က စာကိုမီးရှို့ပြီး တဲအပြင်ဘက်ကိုထွက်လာပြီးလမ်းထွက်လျှောက်သည်။
မော့ အတွေးလွန်ကာလမ်းလျှောက်လာရင်း အနောက်ဖက်တောထဲမှ ခြေသံတစ်သံကြာလိုက်ရတာကြောင့် မျက်မှောင်ကျုံ့လျှက် ။
" ဘယ်သူလဲ ! "
" ကျွန်တော်ပါ ခေါင်းဆောင် "
စကားသံအဆုံး တခ်မူးဟာ သူ့ဘောင်းဘီခါးပတ်ကိုဖယိုဖရဲကိုင်ပြီး တောထဲကထွက်လာခဲ့သည်။
မော့ က တခ်မူးကိုသေချာစေ့စပ်ကြည့်ပြီး။
" ဒီအချိန်ကြီး မင်းတောထဲဝင်ပြီးဘာလုပ်နေတာလဲ "
" အာ ကျုပ်ဒီဘက်ကင်းလှည့်ရင်းအပေါ့သွားချင်တာနဲ့ တောထဲခဏဝင်လိုက်တာ။ မထင်မှတ်ပဲ လူရိပ်တွေ့တယ်ထင်ပြီးအမြန်ထွက်လာလိုက်တာ ခေါင်းဆောင်ဖြစ်နေတယ် "
မော့ က တခ်မူးရဲ့စကားနဲ့ပုံစံကိုသေချာကြည့်ပြီး။
" နောက်တစ်ခါ ဒီလိုမျိုးထပ်မဖြစ်စေနဲ့..တောထဲမှာ အစောင့်ရှောက်နတ်တွေရှိတယ် မင်းတစ်ယောက်ကြောင့် သူတို့အမျက်ထွက်တာမျိုးဖြစ်လာရင်းအားလုံးဒုက္ခရောက်ကုန်လိမ့်မယ် "
" ဟုတ်ကဲ့ခေါင်းဆောင်။ ကျုပ်သူတို့ဆီခွင့်တောင်းပြီးမှ သွားတာပါ "
" မင်းကင်းလှည့်နေတာမလား။ သွားတော့ "
မော့ က အယူကြီးတာမဟုတ်ပေမယ့် ဒီအချိန်မှာစကားလမ်းကြောင်းကဒါပဲရှိတာမို့ပင်။ တခ်မူးက မော့ သွားခိုင်းလိုက်တာနဲ့ချက်ချင်းပျောက်သွားတော့သည်။ တခ်မူးနောက်ကျောကိုကြည့်ပြီး မော့ တစ်စုံတစ်ခုတွေးနေမိသည်။
_______________________________________________
# VOTE & CM PLEASE
# 25 - Auguest - 2022 - 5:00 PM
# MOEWATHAN 🦋
______________________________________________
Zawgyi... ။
ေနာက္တစ္ေန႕မနက္ ေနေစးနဲ႕ဘြားတို႔အားလုံးဟာ အခ်ိန္မေ႐ြးတစ္ဖက္ကက်ဴးေက်ာ္လာနိုင္တဲ့တိုက္ပြဲေၾကာင့္ အားလပ္ခ်ိန္မရွိတဲ့အထိ ေဆြးေႏြးတိုင္ပင္ေနၾကတယ္။
ေနေစးတို႔စကားေျပာေနတဲ့မနီးမေဝးရွိ ကြပ္ပ်စ္မွာ ခြန္စိုင္းထိုင္ေနၿပီး သြားလာလႈပ္ရွားေနတဲ့တပ္သားေတြကိုလိုက္လံၾကည့္ေနသည္။ သူ႕အေနနဲ႕ ဘာကိုကူညီၿပီးလုပ္ေပးနိုင္မလဲမသိတဲ့အျပင္ ဒီမွာသူနဲ႕သိကြၽမ္းသူဆိုလို႔ တစ္ဦးတစ္ေယာက္မွမရွိတာေၾကာင့္ ခြန္စိုင္းထိုင္ေနယုံသာတတ္နိုင္သည္။
တဖက္မွာ အလုပ္လုပ္ေနတဲ့ ေနေစး ဟာ သူ႕အလုပ္မွာသာအာ႐ုံရွိေနေသာ္လည္း တစ္ဖက္မွာထိုင္ေနတဲ့ ခြန္စိုင္းကိုတစ္ခ်က္တစ္ခ်က္လွမ္းၾကည့္တတ္သည္။ ဒါကိုျမင္ေတာ့ တခ္မူးဟာ ေနေစးရဲ႕တဖက္လူအေပၚအၾကည့္ေတြကိုလိုက္စပ္စုကာ တပ္စခန္းမွာလာၿပီးအေခ်ာင္ခိုတဲ့ ခြန္စိုင္းကိုပို၍အျမင္မၾကည္လာေပ..တကယ္ေတာ့ တခ္မူးက မေန႕ညက ေနေစးေျပာတာခံလိုက္ရတာေၾကာင့္သာ ကိုယ္ကိုကိုယ့္ရွက္ၿပီးသူမ်ားကိုအျပစ္တင္ေနျခင္းပင္။
" က်ဳပ္တို႔ဒီလိုပဲ စီစဥ္ၾကတာေပါ့။ က်ဳပ္ဒီေန႕ လုံဝမ္ကိုျပန္ၿပီးစီစဥ္စရာရွိတာ စီစဥ္မယ္။ "
ေနေစးက ဘြား ဖက္လွည့္ကာ..။
" ဘြား မင္းက ၿငိမ္းခ်မ္းေရးဖထီးဆီသြားၿပီးငါေျပာထားသလိုစီစဥ္ခဲ့လိုက္ခ်ည္။ "
" ေအး "
ၿပီးေနာက္ ေမာ့ ကိုၾကည့္ကာဆက္ေျပာသည္။
" ေမာ့ မင္းကဒီမွာေနခဲ့ၿပီး တခ္မူးနဲ႕ ဒီကအေျခအေနကိုေစာင့္ၾကည့္ထား။ တစ္ခုခုထူးျခားတာနဲ႕ က်ဳပ္တို႔ဆီခ်က္ခ်င္းသတင္းပို႔ "
ေနေစး ေျပာေတာ့ ေမာ့ က သိပ္အလိုမက်ေပ။ ဘာေၾကာင့္ဆို ပထမတစ္ခါတုန္းက ခြန္စိုင္းကိုေစာင့္ေရွာက္ဖို႔ ေနေစးေပးတဲ့တာဝန္ကိုမေက်ပြန္ခဲ့တာေၾကာင့္ စိုင္းလုံတို႔နဲ႕တိုက္မယ့္ ဒီတိုက္ပြဲကိုေတာ့ ေမာ့ ပါဝင္ခ်င္သည္။
" က်ဳပ္ဒီတိုင္းစခန္းမွာၿငိမ္မေနခ်င္ဘူး ဦးေဆာင္သူ။ က်ဳပ္ၿငိမ္းခ်မ္းေရးဖထီးဆီသြားမယ္ ဘြားကိုစခန္းမွာထားလိုက္ "
ေမာ့ ဟာ ပုံမွန္အခ်ိန္ေတြမွာသာ စစေနာက္ေနာက္နဲ႕ေနတတ္ေပမယ့္ သူစိတ္ဆတ္ၿပီးေဒါသထြက္ေနခ်ိန္ဆိုလွ်င္ သူ႕ရဲ႕ကြၽမ္းက်င္မႈ႕က မ်က္ေတာင္တစ္ခတ္အတြင္းမွာပဲလူသတ္နိုင္၏။ ေျပာရလွ်င္ ေနေစးက ေမာ့စိတ္ကိုသိေနတာေၾကာင့္ပင္။
ေနေစး က တခ္မူးရွိေနတာေၾကာင့္ သူတို႔ေရွ႕ကေျမပုံကိုသိမ္းေစၿပီး ခါးေထာက္ကာ။
" ေမာ့ မင္းက်ဳပ္နဲ႕လိုက္ခဲ့ "
ထိုသို႔ေျပာၿပီး ေနေစးထြက္သြားေတာ့ ေမာ့ကေနာက္ကလိုက္သြားသည္။ ဘြားက ေမာ့နဲ႕ေနေစးကိုၾကည့္ၿပီး သူ႕လူဆိုးေလးဂ်စ္ကန္ေနတာကိုသာစိုးရိမ္ေနမိသည္။ သူတို႔သူငယ္ခ်င္း ဦးေဆာင္သူဟာ ဘယ္ေတာ့အခါမွ အေၾကာင္းျပခ်က္မရွိပဲတစ္စုံတစ္ရာကိုမလုပ္ဘူးဆိုတာ ဘြား သိသည္ေလ။
ေနေစးနဲ႕ေမာ့တို႔ထြက္သြားသည့္တိုင္ တခ္မူးက ေနေစးတို႔သြားတဲ့ေနာက္ကိုအကဲခတ္ၾကည့္ေနတာကို ဘြား ျမင္တာေၾကာင့္ မ်က္ေမွာင္က်ဳံ႕၍တင္းမာတဲ့မ်က္ႏွာထားႏွင့္။
" မင္းမွာလုပ္စရာတာဝန္မရွိဘူးလား တခ္မူး "
အဲ့ေတာ့မွ တခ္မူးျပာယာခတ္သြားၿပီး ေခါင္းညွိမ့္ကာထြက္သြားေတာ့သည္။ ဘြားက တခ္မူးရဲ႕ပုံစံကိုၾကည့္ရင္းသိပ္သေဘာမက်ေပ။
ေနေစး က ေမာ့ကိုေခၚသြားၿပီးတစ္ေနရာေရာက္ေတာ့ရပ္ကာ ေမာ့နဲ႕မ်က္ႏွာခ်င္းဆိုင္ရပ္၍ေျပာသည္။
" မင္းအခ်ိန္တိုင္း က်ဳပ္ေပးတဲ့တာဝန္ကိုဘာလို႔ျငင္းဆန္ေနတာလဲ ေမာ့ "
" အဲ့တာမင္းကို က်ဳပ္ေမးရမွာ။ ကူးရယ္တို႔႐ြာမွာေျပာေတာ့ က်ဳပ္အတြက္တာဝန္ႀကီးတစ္ခုရွိတယ္ဆို အခုက်ဳပ္တာဝန္က ဒီနယ္စပ္စခန္းကိုေစာင့္က်ပ္ဖို႔လား? ဒီလိုမ်ိဳး ဘာမွမလုပ္ရဘဲထိုင္ေနရမယ့္အရာမ်ိဳးေတာ့က်ဳပ္မလုပ္ခ်င္ဘူး "
ေနေစးကသူ႕သူငယ္ခ်င္းရဲ႕ စိတ္မၾကည္လင္ပဲထင္ရာေျပာေနျခင္းကို သက္ျပင္းခ်လွ်က္။
" က်ဳပ္မင္းကိုေပးတဲ့တာဝန္အတိုင္းမင္းေနပါ။ အခုမင္းကိုေပးထားတဲ့ တာဝန္က က်ဳပ္တို႔စခန္းအတြက္အႀကီးမားဆုံးတာဝန္ပဲ.."
" .....ဘာကိုေျပာတာလဲ? "
" က်ဳပ္ေျပာမယ္.... "
ေနေစးက ေမာ့ နားနားသို႔တီးတိုးေျပာၿပီးေနာက္။
" က်ဳပ္နားလည္ၿပီ "
.......
ေနေစးနဲ႕ေမာ့တို႔ျပန္ထြက္လာတဲ့အခ်ိန္ ဘြား က ခြန္စိုင္းေဘးမွာထိုင္ၿပီးအၾကမ္းေရေသာက္ေနရင္းစကားစမည္ေျပာေန၏။ ေမာ့က ဘြား ေဘးမွာထိုင္၍ ေနေစးက ခြန္စိုင္းေဘးမွာဝင္ထိုင္ေတာ့ ခြန္စိုင္းက အလိုက္သိစြာႏွင့္ အၾကမ္းေရငွဲ႕ေပးလာသည္။
" စိုင္းဟြမ္ "
" ဟင္ "
မနက္ခင္းေနေရာင္ျခည္ရဲ႕အလင္းေရာင္က သူတို႔ထိုင္ေနတဲ့ အပင္ေအာက္သို႔သစ္႐ြက္ေတြၾကားကတစ္စတစ္ေလတိုးထြက္လာၿပီး ခြန္စိုင္းရဲ႕ႏူးညံ့ျဖဴေဖြးလွတဲ့မ်က္ႏွာေလးထပ္သို႔က်ေရာက္ပုံက ေနေစးစိတ္ထဲမွာ ခြန္စိုင္းဟာပို၍ေတာက္ပေနသလိုခံစားရသည္။
ေနေစးက ခြန္စိုင္းကိုၾကည့္ၿပီး တည္ၿငိမ္စြာနဲ႕ပင္။
" က်ဳပ္ဒီေန႕ လုံဝမ္ကိုျပန္သြားဖို႔ရွိတယ္။ "
" ဒီေန႕ ခ်က္ခ်င္းႀကီးလား "
" ဟုတ္တယ္။ က်ဳပ္အေရးေပၚဒီေန႕သြားမွျဖစ္မွာမို႔။ စိတ္ေတာ့မပူပါနဲ႕ က်ဳပ္မရွိရင္ေတာင္ စခန္းမွာ ေမာ့ က်န္ေနမွာေရာ္။ ခင္ဗ်ားေလး လိုအပ္တာသူ႕ဆီေျပာလို႔ရတယ္"
ခြန္စိုင္းကေခါင္းေလးတစ္ညွိမ့္ညွိမ့္နဲ႕ ဘြားဘက္ၾကည့္ကာ။
" ဘြား လည္းလိုက္သြားမွာလား "
" မလိုက္ဘူး။ သူ႕က ဖထီးတို႔ဆီ က်ဳပ္နဲ႕အတူထြက္ၿပီး ၂ ရက္ခရီးသြားမွာ က်ဳပ္တစ္ေယာက္တည္းလုံဝမ္ျပန္မွာ "
" တစ္ေယာက္တည္းဆိုေတာ့....အဆင္ေျပပါ့မလား။ လမ္းမွာ "
" က်ဳပ္အတြက္စိတ္မပူေလနဲ႕ ဒီလမ္းခရီးက က်ဳပ္ေနခ်င္းျပန္ရင္ေတာင္ အခ်ိန္အမ်ားႀကီးပိုေနဦးမွာေရာ္ "
" အင္းပါ။ အဲ့ဒါဆိုလည္း လမ္းမွာဂ႐ုစိုက္ဦးေနာ္ "
ဒီနယ္ေျမဟာ ေနေစးလက္ထဲမေရာက္ခင္တစ္ခ်ိန္က တိုက္ပြဲမ်ားစြာျဖစ္ပ်က္ေနေသာ္လည္း ႏွစ္ေတြကူးေျပာင္းၾကာၿပီးေနာက္ ေနေစးတို႔တပ္ဖြဲ႕တိုက္သိမ္းယူကာၿငိမ္းခ်မ္းတဲ့နယ္ေျမအျဖစ္ေျပာင္းလဲခဲ့သည္။
ထိုအခ်ိန္ကတည္းက သာမန္သူပုန္အနည္းငယ္မွလြဲၿပီး ယခုလိုတိုက္ပြဲေခၚသံမရွိခဲ့ေပ။ ထို႔ေၾကာင့္ ေနေစးက အခုလိုမ်ိဳးသူ႕နယ္ေျမကိုမက္ေမာၿပီးသူ႕အားမထီသလိုလုပ္တာကိုဘယ္နည္းနဲ႕မွ လက္ခံမည္မဟုတ္။
အရင္ကတိုက္ပြဲကင္းတာမို႔ေအးခ်မ္းေပမယ့္ လက္ရွိမွာ အခ်ိန္မေ႐ြးျဖစ္လာနိုင္တဲ့တိုက္ပြဲေၾကာင့္ စခန္းကလူေတြအားလုံးကတိုက္ခိုက္ဖို႔အသင့္ျဖစ္ေနၾကတာ ခြန္စိုင္းေတြ႕ေနရသည္။ သူ႕ေရွ႕မွာရွိတဲ့ ေနေစးရဲ႕ပုံစံကအရာရာကိုႀကိဳတင္တြက္ခ်က္ထားသလိုတည္ၿငိမ္ေနေပမယ့္ ခ်စ္ရသူကိုစိတ္ပူေနတဲ့ခြန္စိုင္းအတြက္ကေတာ့ ရင္ပူေနတာေတာ့အမွန္ပင္။ ဒါေပမယ့္ ဒီအေျခအေနမွာ ခြန္စိုင္းဘက္က ေနေစးကိုကူညီနိုင္တာဟာ သူ႕ကိစၥေတြေႏွာင့္ေႏွးျခင္းကင္းေအာင္ေနျခင္းပဲ။
--------
စကားေျပာၿပီးမၾကာခင္မွာ ေနေစး နဲ႕ ဘြားတို႔ျမင္းကိုယ္စီေပၚတတ္၍စတင္ထြက္လာခဲ့သည္။ ေနေစး ထြက္မလာခင္မွာ ခြန္စိုင္းရဲ႕လုံၿခဳံမႈ႕အတြက္ ေမာ့ကိုအစစအရာရာမွာၾကားထားၿပီးျဖစ္လို႔ ယုံၾကည္စိတ္ခ်စြာပင္ထြက္လာခဲ့သည္။ ေနေစးနဲ႕ဘြားတို႔သြားရမယ့္ေနရာကတစ္ေနရာဆီဆိုေပမယ့္ လမ္းတစ္ဝက္ေလာက္ထိသင့္တာေၾကာင့္ အတူတူခရီးဆက္၏။
" ေနေစး က်ဳပ္မသိလို႔တစ္ခုေလာက္ေမးစမ္းပါရေစ "
" ဘာမ်ားတုန္း "
" က်ဳပ္သိတဲ့ေနေစးက ေတာ္႐ုံလူကိုယုံၾကည္ဖို႔မဆိုထားႏွင့္ ကိုယ့္ဒူးေတာင္ ကိုယ္ယုံသူမဟုတ္ဘူး။ အခုက်ေတာ့ ေနာင္ႀကီးကိုစခန္းကိစၥလွ်ို႔ဝွက္ခ်က္ေတြကအစ ေျပာျပတဲ့အထိယုံၾကည္တာလား? "
ဘြား ေမးတဲ့ေမးခြန္းေၾကာင့္ ဘာရယ္မဟုတ္ ေနေစးသေဘာက်မႈ႕ေလးျဖစ္ေပၚလာသည္။
" မင္းေျပာသလိုပဲ က်ဳပ္အခုခ်ိန္ထိ ကိုယ့္ဒူးေတာင္မယုံတဲ့လူစားမ်ိဳးပဲ ဒါေပမယ့္..... က်ဳပ္သူ႕ကိုယုံတယ္။ "
" ဘာေၾကာင့္လဲ? "
ဘြား သိခ်င္စြာေမးၾကည့္၏။
" ေျပာရရင္ ေနာင္ႀကီးခြန္စိုင္းကဧည့္သည္ေလးမဟုတ္လား အခ်ိန္တန္ရင္အိမ္ျပန္ခ်ိန္ေရာက္လာမွာေရာ မင္းမစိုးရိမ္ဘူးလား။ အကယ္၍ သူ႕ၿမိဳ႕ႀကီးျပန္ေရာက္သြားခ်ိန္ က်ဳပ္တို႔ရဲ႕လွ်ို႔ဝွက္ခ်က္ေတြမေပၚသြားနိုင္ဘူးလား?"
" ဟုတ္တာေပါ့။ သူ႕ၿမိဳ႕ႀကီးျပန္ေရာက္သြားရင္ေတာ့ဘယ္ေျပာတတ္မလဲ..သို႔ေပသိ က်ဳပ္ကအိမ္ျပန္ခြင့္ေပးဦးမွေလေရာ္ "
" ဘယ္လို?"
ေနေစးရဲ႕အေျဖစကားက ဘြား အတြက္ခန့္မွန္းကခက္ေစ၏။ ေနေစးကဘြားရဲ႕တုန့္ျပန္ပုံကိုၾကည့္ၿပီး * ဒါ့ေၾကာင့္ ဘြား က ေမာ့နဲ႕မနီးစပ္နိုင္တာ ဟု စိတ္ထဲေတြးကာၿပဳံးမိသည္။
" သူက်ဳပ္ကိုခ်စ္သည္ မခ်စ္သည္ ဆိုတာ မသိခင္ကတည္းက က်ဳပ္သူ႕ကိုႏွစ္သက္ျမတ္နိုးေနခဲ့တာ ဘြား .. သူက်ဳပ္ကိုခ်စ္တယ္ေျပာၿပီးတဲ့အခ်ိန္ကစလို႔ သူက က်ဳပ္အပိုင္ပဲ။ က်ဳပ္တစ္ေယာက္တည္းရဲ႕အပိုင္။ က်ဳပ္အတြက္ေတာ့သူကေႏြးေထြးတယ္။ သနားၾကင္နာတတ္တယ္။ လူတစ္ဖက္သားအေပၚအားနာတာလည္းလြန္ေရာ။ အဆိုးဆုံးက ၿမိဳ႕ႀကီးသားတစ္ေယာက္ျဖစ္ၿပီး သူသိပ္ရိုးသားလြန္းတယ္။ "
ဘြား တစ္ေယာက္ေနေစးနဲ႕ႀကီးျပင္းလာတဲ့အခ်ိန္ကစ အခုထိ ေနေစးစကားအရွည္ႀကီးေျပာတာျမင္ဖူးသည္မွာ ပထမဦးဆုံးေပမို႔နားေထာင္ေပးေနသည္။ ေနေစးဆက္ေျပာ၏။
" က်ဳပ္ခ်စ္တဲ့အမ်ိဳးသားေလးက အေရာင္ေတြစြန္းထင္းမႈ႕မရွိတဲ့ အျဖဴထည္ေလးမို႔ က်ဳပ္ပိုျမတ္နိုးတယ္..ေနာက္ၿပီး က်ဳပ္သူ႕ကိုဘယ္နည္းနဲ႕မွ လက္လြတ္အဆုံးရႈံးခံမွာမဟုတ္ဘူး။ "
ႏႈတ္ခမ္းတစ္ဖက္ေကာ့တတ္ယုံမွ်ၿပဳံးၿပီး ရယ္ရိပ္ျမဴးေနတဲ့ ေနေစးေၾကာင့္ ဘြား ကိုယ္တိုင္လည္းၿပဳံးသည္။ ေနေစးဆိုတဲ့လူမ်ိဳးက လိုခ်င္တာရွိရင္ ရေအာင္ယူတတ္သူဆိုတာ သူသိၿပီးသားပင္။ ဘြား အခုလိုေမးခြန္းေတြေမးေနတယ္ဆိုတာလည္း ခြန္စိုင္းအေပၚထားတဲ့ ေနေစးရဲ႕ခ်စ္ျခင္းနဲ႕ ယုံၾကည္မႈ႕ကိုသိခ်င္တာေၾကာင့္ပါပဲ။
" ေနာင္ႀကီးခြန္စိုင္းက မင္းကိုခ်စ္တယ္ဆိုတာ က်ဳပ္တို႔လိုေဘးလူကေတာင္ျမင္နိုင္ပါတယ္ကြာ "
ထိုစကားရဲ႕တုန့္ျပန္မႈ႕ကိုေတာ့ ေနေစးအၿပဳံးနဲ႕သာ တုန့္ျပန္ရင္း ခရီးဆက္ခဲ့ၾကသည္။
* အမွန္ပဲ။ ခြန္စိုင္းေလး က်ဳပ္ကိုဘယ္ေလာက္ထိခ်စ္လဲဆိုတာ က်ဳပ္အသိဆုံးပဲ..ဒါေပမယ့္ သူက်ဳပ္ကိုခ်စ္တယ္ဆိုတဲ့အခ်က္ကို က်ဳပ္ယုံၾကည္တာနဲ႕ က်ဳပ္အနားကခဏတာျဖစ္ေစ တဘဝစာျဖစ္ေစ ထြက္ခြာခြင့္ျပဳနိုင္တယ္ဆိုတဲ့အဓိပၸါယ္မဟုတ္ဘူး *
-----------
ေနေစးတို႔ထြက္သြားၿပီးေနာက္ ခြန္စိုင္းဟာသူ႕ဘဝေရွ႕ေရးအတြက္တစ္စုံတစ္ခုကိုေတြးေတာေနသည္ ။ တခ်ိဳ႕အရာေတြကျဖစ္လာမွာမို႔ႀကိဳတင္အသိေပးျခင္းကလုံေလာက္တဲ့ေျဖရွင္းခ်က္ျဖစ္လိမ့္မည္လို႔ေတြးမိသည္။
ထို႔ေၾကာင့္ ခြန္စိုင္းသည္ ေနေစးတဲအိမ္ေလးထဲသို႔ဝင္၍ ခဏအၾကာျပန္ထြက္လာသည္။
" ေမာ့ "
တခ္မူးနဲ႕အတူ တပ္သားေတြကိုေလ့က်င့္ေရးဆင္းေပးေနတဲ့ ေမာ့ ဆီေလွ်ာက္လာခဲ့သည္။ ခြန္စိုင္းေခၚသံၾကားေတာ့ တခ္မူးမ်က္ႏွာကေမွာင္မိုက္ကာအလိုမက်သလိုနဲ႕လွမ္းၾကည့္ေနစဥ္ ေမာ့ ကေတာ့ ခြန္စိုင္းဆီခ်က္ခ်င္းသြားလိုက္သည္။
" ေနာင္ႀကီးဘာလိုအပ္လို႔လဲ "
" အားနာေပမယ့္ ကိုယ့္ကိုတစ္ခုေလာက္ကူညီေပးပါလား"
" ေျပာပါေနာင္ႀကီး "
" ဒီစာေလးကိုၿမိဳ႕ကစာၾကည့္တိုက္ဆီပို႔ေပးလို႔ရမလား"
ထို႔သို႔ေျပာၿပီးခြန္စိုင္းသူ႕လက္ထဲကပို႔စာအိတ္ေလးကို ေမာ့ဆီကမ္းေပးလိုက္သည္။ ေမာ့ က စာအိတ္ေလးကိုယူၿပီး။
" ကိစၥမရွိဘူး က်ဳပ္အခုပဲသြားပို႔ခိုင္းလိုက္မယ္ "
" ေက်းဇူးတင္ပါတယ္ ေမာ့ "
" မလိုပါဘူးေနာင္ႀကီးရယ္ ေနေစး က်ဳပ္ဆီမွာေနာင္ႀကီးကိုေသခ်ာအပ္သြားတာ ဒါက်ဳပ္တာဝန္ပါ "
ဒါကိုေတာ့ ခြန္စိုင္းေခါင္းညွိမ့္ၿပီးသာအသိမွတ္ျပဳလုပ္သည္။
" ဟိုေလ တပ္စခန္းမွာကိုယ္လုပ္ေပးနိုင္တာတစ္ခုခုရွိရင္လည္းေျပာပါ..ကိုယ္ကဘယ္ကစကူညီရမလဲမသိျဖစ္ေနတာ "
" အဲ့ဒါေတာ့စိတ္မပူနဲ႕ "
ဒါကိုေျပာသူက တခ္မူးျဖစ္သည္။ သူက ေမာ့တို႔စကားေျပာရာဆီေရာက္လာၿပီးဝင္ေျပာျခင္း။
" ကြၽန္ေတာ္တို႔ဆီေရာက္မွေတာ့ညီအကိုလိုပဲေလ အတူတူဝိုင္းဝန္းလုပ္ကိုင္ၾကရတာေပါ့ေနာ့ "
" ကိုယ္လုပ္ေပးနိုင္တာရွိရင္ကူညီေပးပါမယ္ "
ေမာ့ က တခ္မူးကိုၾကည့္ၿပီးမ်က္ႏွာမွာေအးစက္စြာနဲ႕သတိေပးတဲ့အၾကည့္နဲ႕ၾကည့္လိုက္ေတာ့ တခ္မူးကသူဘာမွားသြားလဲမသိစြာေနာက္သို႔တိုးသြားသည္။
" အဲ့ဒါဆို ေနာင္ႀကီးသြားနားေတာ့ေလ မေန႕ကလည္းခရီးပန္းလာေတာ့ေကာင္းေကာင္းအနားယူတာပိုအဆင္ေျပတယ္ေနာ့ "
" အဲ့တာဆို ကိုယ္သြားလိုက္ဦးမယ္ ။ ဒီက ငါ့ညီ တကယ္လို႔ကိုယ္နိုင္တာရွိရင္ ေခၚခိုင္းလို႔ရပါတယ္ "
" ဟုတ္..ကဲ့ "
ေျပာၿပီးတာနဲ႕ ခြန္စိုင္းလည္းအားေနတာေၾကာင့္ ေနေစး
တဲထဲဝင္ၿပီး စာသြားေရးေတာ့သည္။ ခြန္စိုင္း လုံဝမ္႐ြာေရာက္ၿပီးအစပိုင္းရက္ေတြသာ စာေရးျခင္းလုပ္ျဖစ္ၿပီး အဲ့ေနာက္ပိုင္းဘာစာမွမေရးျဖစ္ခဲ့ေပ။ အခုေတာ့ အခ်ိန္နည္းနည္းအားေနတာနဲ႕ ေရးေတာ့မည္။
ခြန္စိုင္း တဲဘက္ထြက္သြားေတာ့ ေမာ့ က တခ္မူးဘက္လွည့္ကာ ေအးစက္စြာႏွင့္။
" အဓိကနဲ႕သာမညကိုမင္းခြဲျခားတတ္ဖို႔လိုတယ္။ေနာက္တစ္ခုက ေနာင္ႀကီးခြန္စိုင္းရဲ႕အလိုက္သိမႈ႕ကိုအခြင့္ေကာင္းယူဖို႔မစဥ္းစားနဲ႕! .
မင္းအတြက္ေျပာေနတာလို႔မွတ္ယူထား!"
" ဟုတ္ကဲ့ေခါင္းေဆာင္ "
ေမာ့ တခ္မူးကိုစကားဆက္မေျပာခ်င္တာေၾကာင့္ေလ့က်င့္ကြင္းဘက္သြားတာ ခြန္စိုင္းေပးတဲ့စာကို သူယုံၾကည္ရတဲ့တပ္သားတစ္ေယာက္ထံေပးကာပို႔ခိုင္းလိုက္သည္။
တခ္မူးက အရင္ကဆိုလွ်င္ နယ္စပ္စခန္းမွာ သူေခါင္းေဆာင္ျဖစ္တာမို႔ ဘယ္တပ္သားကမွ သူ႕စကားနားမေထာင္ပဲမေနရဲေခ်။ အခုလိုသူ႕ကိုတစ္ေယာက္ေယာက္ေၾကာင့္ ေငါက္ဖို႔ဆိုတာေဝးစြ။ ဒါ့ေၾကာင့္ သူမေက်မခ်မ္းျဖစ္ေနေတာ့သည္။ လူကဲေခတ္မညံ့တဲ့ ေမာ့ က တခ္မူးရဲ႕မ်က္စိမ်က္ႏွာကိုၾကည့္ၿပီး ေနေစး ဘာေၾကာင့္ ဒီတာဝန္ကိုသူ႕ဆီ ေပးခဲ့သလဲနားလည္လို႔သြားသည္။
* ငါလိုေကာင္က ေႁမြေပြး ခါးပိုက္ပိုက္မိသလိုေတာ့အျဖစ္မခံဘူး အဲ့ေႁမြးေပြကို တစ္ခါတည္းအရည္ႀကိဳေသာက္ျပစ္မယ္!! *
____________________
ေနေစး လုံဝမ္႐ြာသို႔ျပန္ေရာက္တဲ့အခါ နယ္စပ္စခန္းမွာတုန္းကစီစဥ္ခဲ့တာေတြနဲ႕ကဲဲပါးစြာအစီစဥ္သစ္ေတြစတင္အေကာင္ထည္ေဖာ္ေတာ့သည္။
သူ႕အေနနဲ႕ ရန္သူ႕ဦးေႏွာက္ေလာက္မေျပးဘူးဆိုရင္ ဒီနယ္ေျမမွာဦးေဆာင္သူဆိုတဲ့ ဂုဏ္ပုဒ္ကိုငယ္႐ြယ္စြာနဲ႕မခ်ဳပ္ကိုင္ထားနိုင္။ သို႔ေသာ္ တဖက္ရန္သူက သူ႕အားအထင္ေသး၏။ ေနေစးကလည္း ထိုအခ်က္ကိုဆုတ္ကိုင္စြာပင္ ေျခတလွမ္းအသာစီးယူမည္!။
ေနေစး လုံဝမ္ေရာက္ေနၿပီဆိုတဲ့သတင္းၾကားတာနဲ႕ အဖ ခ်က္ခ်င္းတပ္စခန္းဆီေရာက္ခ်လာသည္။
အဖ တစ္ေယာက္ ေနေစးရဲ႕သတင္းပို႔တာေတြေၾကာင့္အေၾကာင္းအရာအားလုံးႏွင့္ ႐ြာအတြက္သစၥာေဖာက္သူအားအလြန္ေဒါသထြက္ေနေသာ္လည္းသူတို႔ကိုလက္ရွိမွာသည္းခံေနယုံပဲရွိမည္။ ဘာေၾကာင့္ဆိုလွ်င္ ဒီသစၥာေဖာက္ေတြရဲ႕စီရင္ခ်က္အား ဦးေဆာင္သူသာလွ်င္ ခ်မွတ္ေပမည္။
" အဖ "
အဖ ေရာက္လာတဲ့အခ်ိန္မွာ ေနေစးဟာ တပ္ဖြဲ႕ေတြအင္အားစုစည္းခ်ိန္ျဖစ္လို႔ သူကိုယ္တိုင္သည္လည္းမနားမေနေပ။ ေနေစး အဖနဲ႕အတူလမ္းေလွ်ာက္ၿပီးစကားစျမည္ေျပာသည္။
" နယ္စပ္မွာအေျခအေနဘယ္လိုရွိလဲ "
" လက္ရွိမွာသူတို႔ဘက္က က်ဳပ္တို႔ကိုတိုက္ဖို႔အခြင့္ေကာင္းေစာင့္ေနတာထက္ သူတို႔ကိုယ္တိုင္ကအင္အားမလုံေလာက္ေသးတာလို႔က်ဳပ္ထင္တယ္။ ဒါေပမယ့္စိတ္မပူပါနဲ႕အဖ က်ဳပ္ဘြားကို ဖထီးဆီလြတ္ထားပါတယ္ "
" ဒီနယ္ေျမမွာ သူတို႔လိုေလာဘသားေကာင္ေတြရွိလို႔စစ္ျဖစ္လိုက္တိုင္း ႐ြာငယ္ေတြရဲ႕ဖ်က္စီးေသဆုံးျခင္းေတြပိုမ်ားတယ္။ သို႔ေပသိ ေရရွည္အတြက္ က်ဳပ္တို႔ဒီလိုေကာင္ေတြကိုလြတ္ထားလို႔ေကာင္းတာမရွိဘူးေရာ္ "
" က်ဳပ္နားလည္ပါတယ္အဖ။ "
အဖ က ေနေစးကိုၾကည့္ၿပီး ေနေစးရဲ႕ခန့္မွန္းလို႔မရတဲ့အေတြးေတြေၾကာင့္ သူ႕သား အေကာင္းဆုံးအရာကိုေ႐ႊးခ်ယ္မယ္လို႔ေမွ်ာ္လင့္ေနသည္။ တကယ္ပင္ စစ္ျဖစ္လိုက္တိုင္း ေတာသူေတာင္သားေတြရဲ႕အသက္အိုးအိမ္ေတြပ်က္စီးဆုံးရႈံးျခင္းနဲ႕ စစ္ေဘးေရွာင္ရင္းခံစားရတဲ့ဒုကၡကို အဖ တို႔ကိုယ္တိုင္ခံစားဖူးသူေတြမဟုတ္ပါလား။
အဖ နဲ႕နည္းတူ ေနေစးသည္လည္း ဒီလိုပ်က္စီးျခင္းဒုကၡေတြကိုတျခားသူေတြဆီမကူးစက္ေစရန္အစြမ္းကုန္ႀကိဳးစားမည္ျဖစ္သည္။
--------
ေနာက္တစ္ေန႕မနက္မွာ ခြန္စိုင္းအေစာႀကီးနိုးေနၿပီးေနာက္ စခန္းမွာ သူကူညီၿပီးလုပ္ကိုင္ေပးနိုင္တာရွိလိုရွိျငား ေလွ်ာက္ပတ္ၾကည့္ေနေတာ့သည္။ တစ္ေနရာအေရာက္မွာ ခြန္စိုင္းမ်က္လုံးတို႔ပင့္ကာအေတြးတစ္ခုဝင္လာမိသည္။
ထိုေနရာကေတာ့ ခ်က္ျပဳတ္ေနရာပင္။
ဟုတ္သည္ ခြန္စိုင္းဟာတျခားအရာေတြမွာသာ တပ္သားေတြကိုမကူညီနိုင္ေသာ္ျငား ခ်က္ျပဳတ္ရာမွာငယ္စဥ္ကသင္ၾကားခဲ့တဲ့လက္ရာအနည္းငယ္ေၾကာင့္ ဒီေနရာမွာေတာ့ သူကူညီနိုင္ေလာက္၏။ ထို႔ေၾကာင့္ ခြန္စိုင္း တပ္သားေတြမီးေမႊးဖို႔ျပင္ေနတဲ့ေနရာသို႔ေလွ်ာက္သြားလိုက္သည္။
" ဒီက ငါ့ညီတို႔ "
ခြန္စိုင္းေခၚလိုက္ေတာ့ တပ္သားေတြအားလုံးက ခြန္စိုင္းကိုၾကည့္လာၾကသည္။
" ဟုတ္ကဲ့ က်ဳပ္တို႔ကိုဘာခိုင္းခ်င္လို႔လဲ "
တပ္သားေတြက ခြန္စိုင္းဟာ ေနေစးေခၚလာတဲ့အထူးဧည့္သည္ေတြဆိုတာသိၿပီးေနာက္မွာ ေနေစး ကိုအမွားမျပဳမိေစရန္ သူ႕ဧည့္သည္ေလးအားဧည့္ဝတ္ေက်ခ်င္ၾက၏။
တပ္သားေျပာတာကို ခြန္စိုင္းကႏွစ္လိုဖြယ္ၿပဳံးကာ။
" က်ံန္ေတာ္ဘာမွမခိုင္းပါဘူး။ ဒီက ညီတို႔ ထမင္းဟင္းခ်က္ျပဳတ္မလို႔လား "
" ဟုတ္တယ္ဗ်။ က်ဳပ္တို႔ခ်က္ျပဳတ္မလို႔။ "
" ဒါဆို ကြၽန္ေတာ္လည္းဝိုင္းကူညီေပးပါရေစ ကြၽန္ေတာ္ကအခ်က္အျပဳတ္နည္းနည္းပါးပါးတတ္ေတာ့ ကူညီေပးလို႔ရပါတယ္ "
" မလိုဘူး။ မလိုဘူး။ ဒါေတြက က်ဳပ္တို႔လုပ္ေနၾကေတြပါ ခင္ဗ်ားက ဧည့္သည္ ဒါေတြကူလုပ္ေပးဖို႔မလိုပါဘူး "
" ဧည့္သည္ဆိုေပမယ့္လည္း ကြၽန္ေတာ္တတ္နိုင္တဲ့ဘက္က ဒီက ညီအကိုေတြကိုကူညီခ်င္တာပါ "
ထမင္းဟင္းခ်က္ျပဳတ္ဖို႔တာဝန္က်တဲ့တပ္သားေတြက တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီးျငင္းရခက္ေန၏ ဒီလူက သူ႕သေဘာနဲ႕သူ လာကူညီတာဆိုေပမယ့္ ဒီလူ႕ ခႏၶာကိုယ္က သူ႕တို႔တစ္ဝက္စာေတာင္ႀကံခိုင္မယ့္ပုံစံမရွိတာမ်က္ျမင္ပင္ သို႔ေသာ္ ဒီလူကိုသူတို႔ျငင္းရခက္ေနသည္။
" က်ဳပ္တို႔တပ္သားေတြမွာ ထမင္းဟင္းခ်က္ျပဳတ္ေပးဖို႔မိန္းမတစ္ေယာက္မရွိလို႔အခက္ေတြ႕ေနတာ မင္းကူညီေပးမယ္ဆိုေတာ့ပိုေကာင္းသြားတာေပါ့ "
ခြန္စိုင္းတို႔အားလုံးအသံလာရာၾကည့္လိုက္ေတာ့ စြပ္က်ယ္အနက္ေရာင္ ေျပာက္က်ားေဘာင္းဘီအပြ ၊ ဘြတ္ဖိနပ္အမည္း၊ဝတ္ထားၿပီး ခါးမွာ ပစ္စတိုတစ္လက္ခ်ိန္ထားေသာ တခ္မူးျဖစ္ေနသည္။ တခ္မူးရဲ႕မ်က္ႏွာဟာ ခြန္စိုင္းကိုေလွ်ာင္ေျပာင္သေရာ္ၿပဳံးေတြႏွင့္ ရိသဲ့သဲ့အမူအယာေတြေတြ႕ေနရသည္။
" ဘယ္လိုလဲ? "
ခြန္စိုင္းသည္ သူ႕အားအမ်ိဳးသမီးတစ္ေယာက္နဲ႕ႏွိုင္းယွဥ္ၿပီးေျပာေနတဲ့ တခ္မူးကိုမ်က္ေမွာင္ကုတ္ကာစိတ္ခုေပမယ့္ ေက်ာ္သြားလိုက္သည္။
" ေကာင္းၿပီေလ။ ကြၽန္ေတာ္ ဒီကညီအကိုေတြနဲ႕အတူ ထမင္းဟင္းအတြက္ကူညီၿပီးခ်က္ျပဳတ္ေပးပါမယ္။"
" အို႔ ဒါနဲ႕ လူတိုင္းကေန႕တိုင္းထမင္းဟင္းစားၾကတာဆိုေတာ့ နာမည္ခံယူ႐ုံနဲ႕ တစ္ရက္တေလပဲခ်က္ျပဳတ္ရင္ဘယ္အဆင္ေျပမလဲ "
" ကိစၥမရွိပါဘူး ကြၽန္ေတာ္ေန႕တိုင္းကူေပးနိုင္ပါတယ္ တခ္မူး "
" အဲ့တာဆိုရင္ေတာ့ ဒီကဧည့္သည္ေတာ္ႀကီးကိုေက်းဇူးတင္ရေတာ့မွာေပါ့ဗ်ာ။ ေနာက္ဆုံးေတာ့ မင္းအက်င့္နဲ႕လိုက္ဖက္တဲ့အလုပ္တစ္ခုျမန္ျမန္ေတြ႕သြားတာအဆင္ေျပသြားတာေပါ့..မဟုတ္ရင္ က်ဳပ္တို႔စခန္းက တပ္သားေတြရဲ႕အာ႐ုံကိုညွို႔ယူျပစ္လိုက္ရင္ က်ဳပ္တို႔တိုက္ရခိုက္ရခက္ခဲေနမွာစိုးတယ္ "
" ခင္ဗ်ားဘာစကားေျပာတာလဲ!! "
ခြန္စိုင္းလုံးဝေဒါသထြက္သြားသည္။ ဒီလူ႕စကားေတြက နားေထာင္ေနတဲ့သူ႕ကိုသည္းခံနိုင္တဲ့အတိုင္းတာေက်ာ္လြန္သြားၿပီ။ ထိုအခ်ိန္မွာ တခ္မူး ဟာ အေဝးက ေမာ့ သူတို႔ဆီေလွ်ာက္လာတာေတြ႕တာမို႔ သူ႕အျပဳမႈကရိုက်ိဳးေနသည္းဟန္မူယာအားျပဳျပင္ကာ ခြန္စိုင္းကိုစကားျပန္ေျပာ၏။
" က်ဳပ္ကဒီတိုင္းေက်းဇူးတင္တယ္ဆိုတာကိုေဖာ္ျပတာပါဗ်ာ။ "
ထိုအခ်ိန္မွာ ေမာ့ က ခြန္စိုင္းတို႔အနားေရာက္လာသည္။
" ေနာင္ႀကီးကဒီေရာက္ေနတာကိုး က်ဳပ္ကမနက္စာစားဖို႔ေနာင္ႀကီးကိုလိုက္ရွာေနတာ "
ထိုသို႔ေျပာၿပီး တခ္မူးကိုၾကည့္ကာ။
" တခ္မူး က ဒီမွာဘာလုပ္ေနတာလဲ "
" ဘာမွမလုပ္ပါဘူး ေခါင္းေဆာင္။ ဒီက ဧည့္သည္ေလးက ခ်က္ျပဳတ္ေရးမွာဝိုင္းကူညီေပးမယ္ေျပာေနလို႔ က်ဳပ္တားေနတာပါ ဒါေပမယ့္ သူကလက္မခံဘူးေလ "
" ဟုတ္လား ေနာင္ႀကီး "
ခြန္စိုင္းသည္ တခ္မူးရဲ႕မေလာင္းမလဲေျပာတတ္တဲ့အက်င့္ေၾကာင့္ ကိုယ္တိုင္ပင္ပင့္သက္ရွိုက္မိ၏ ေယာက္က်ားတစ္ေယာက္၊ တပ္သားတစ္ေယာက္ျဖစ္ေနပါေသာ္လည္း ေကာက္က်စ္ယုတ္မာတဲ့စိတ္ဓာတ္ရွိေနသည္။ ခြန္စိုင္းက ဘာျပသာနာမွမျဖစ္ခ်င္တဲ့လူတစ္ေယာက္မို႔ တခ္မူးရဲ႕အျပဳအမႈေတြကိုမသိခ်င္ေယာင္သာေဆာင္ထားလိုက္ေတာ့သည္။
" ဟုတ္တယ္ ေမာ့ ။ ကိုယ္လဲ စခန္းမွာရွိေနတဲ့အခ်ိန္ပ်င္းေနတာနဲ႕ ဒီကညီအကိုေတြကိုကူညီေပးမလို႔ေလ။ "
" မလုပ္ရပါဘူး။ ေတာ္ၾကာေန ေနာင္ႀကီးအပူေလာင္တာေတြ ထိခိုက္ရွရာျဖစ္တာေတြရွိလာခါမွ က်ဳပ္ကို ဦးေဆာင္သူက သူ႕ဧည့္သည္ကိုဂ႐ုမစိုက္ေကာင္းလားဆူခံထိေနပါဦးမယ္ "
ေမာ့ စကားေၾကာင့္ ႏွလုံးသားထဲက ေနေစးရဲ႕စိုးရိမ္ပူပန္ေနတဲ့အမူအယာေလးေတြေပၚလာခဲ့ေတာ့ ခြန္စိုင္းၾကည္ႏူးကာၿပဳံးမိသည္။
" မစိုးရိမ္ပါနဲ႕။ ဒီအလုပ္က ကိုယ္တစ္ေယာက္တည္းလုပ္တာမွမဟုတ္တာ။ ၿပီးေတာ့ ေယာက္က်ားတစ္ေယာက္အေနနဲ႕ ကိုယ္သန္မာပါတယ္ကြာ "
ခြန္စိုင္းရဲ႕ၿပဳံးရယ္ကာ ေမာ့အားစိတ္မပူေစရန္ေျပာေနပုံက တကယ္ကိုအရိုးခံျဖဴစင္မႈ႕ျဖင့္။ ခြန္စိုင္းရဲ႕ခႏၶာကိုယ္က ဒီကလူေတြနဲ႕ယွဥ္ရင္ အလြန္အားငယ္ၿပီးေသးငယ္ေနတယ္ဆိုတာ သိပါ့မလားပင္။
" ဒါေပမယ့္... "
" ကဲ ထားလိုက္ပါ။ ကိုယ္ကိုကိုယ္ဂ႐ုစိုက္ပါမယ္ကြာ "
" ၿပီးေရာေလ။ က်ဳပ္မတားေတာ့ပါဘူး။ တခ္မူး "
ေမာ့ က တခ္မူးနဲ႕တပ္သားေတြဘက္လွည့္ကာ။
" ေနာင္ႀကီးခြန္စိုင္းက က်ဳပ္တို႔ရဲ႕အေရးႀကီးဧည့္သည္ အဲ့အတြက္ သူကူညီေပးမယ္ဆိုေပမယ့္ အတိုင္းအတာကိုအားလုံးသိပါေစ "
" နားလည္ပါၿပီေခါင္းေဆာင္ "
ေမာ့ ရဲ႕ခ်ိန္းေျခာက္မႈ႕အမိန့္ေၾကာင့္ အားလုံးကခြန္စိုင္းကိုရွိန္ေနမွာကိုေတြးမိၿပီး ခြန္စိုင္းၿပဳံး၍သာေခါင္းခါမိပါသည္။ * တကယ္ပါ အက္ဒြက္သူငယ္ခ်င္းေတြက အက္ဒြက္နဲ႕တေထရာတည္းပါပဲလား *
ထိုသို႔ေျပာၿပီးေနာက္ ခြန္စိုင္းနဲ႕ ေမာ့ တို႔ထြက္သြားၾကသည္။ တခ္မူးသည္ ခြန္စိုင္းတို႔ထြက္သြားတာျမင္တာနဲ႕ မ်က္ႏွာေပၚမွာတင္းမာမႈ႕ေတြနဲ႕ မေက်နပ္ခ်က္တို္ျပည့္နက္သြားေတာ့သည္။
* ငေမာ့ မင္းကဒီအခ်ိန္မွာေခါင္းေဆာင္ဆိုၿပီး ငါ့သိကၡာလာခ်ေနတာပဲ မင္းရဲ႕အာဏာဘယ္ေလာက္ၾကာၾကာခံနိုင္မလဲငါေစာင့္ၾကည့္မယ္! ! *
" ဖိုးသား "
" ဟုတ္ကဲ့"
" ေနာက္ေန႕ကစၿပီး မင္းငါ့ေနာက္လိုက္စရာမလိုေတာ့ဘူး။ "
" ဗ်ာ အဲ့တာဆို "
" မင္းကိုဒီခ်က္ျပဳတ္ေနရာမွာတာဝန္ယူၿပီး က်ဳပ္တို႔ဧည့္သည္ေတာ္ကို 'ဂ႐ုစိုက္'ဖို႔တာဝန္ေပးလိုက္မယ္.. က်ဳပ္ေျပာတာနားလည္တယ္မလား "
တခ္မူးေနာက္လိုက္လုပ္လာတာၾကာၿပီးျဖစ္တဲ့ ဖိုးသားဟာ စကားရဲ႕အဓိပၸါယ္ကိုသိလိုက္တာေၾကာင့္ ယုတ္မာတဲ့အၿပဳံးကိုဆင္ျမန္းကာ ။
" က်ဳပ္ နားလည္ၿပီ တခ္မူး "
* မင္းကေနာက္ခံအားကိုးၿပီးအေခ်ာင္ေနခ်င္ေနတာမဟုတ္လား အဲ့ေတာ့ ငါကလည္းမင္းကိုပညာနည္းနည္းေပးၿပီး မင္းဘယ္ေလာက္ခံနိုင္ရည္ရွိလဲ ၾကည့္ရတာေပါ့ *
_______________________________
ညသန္းေခါင္ယံအခ်ိန္ ေအးခ်မ္းမႈ႕အတျဖစ္တဲ့ တပ္စခန္းတြင္ ကင္းလွည့္ေနတဲ့တပ္သားေတြရဲ႕ေျခသံေတြႏွင့္ ပိုးမႊားေကာင္ေတြရဲ႕ေအာ္ဟစ္သံေတြသာၾကားရၿပီး တိတ္ဆိတ္လွ်က္ရွိသည္။ ထိုအခ်ိန္မွာ ေမာ့ ဟာ သူ႕လူယုံက တိတ္တဆိတ္ေပးလာတဲ့ ေနေစးဆီက စာကိုဖြင့္ဖတ္ေန၏။
စာထဲမွာပါတဲ့အေၾကာင္းအရာဟာ ဒီတပ္စခန္းအတြင္းမွာ ရန္သူ႕သူလွ်ိုရွိသည္ဟု ေရးသားထားၿပီး အဲ့လူကို ေမာ့ အားေစာင့္ၾကည့္ေစခ်င္တာျဖစ္သည္။
စာဖတ္ၿပီးအဆုံး ေမာ့ က တပ္စခန္းထဲမွာရွိတဲ့လူတိုင္းရဲ႕မ်က္ႏွာႏွင့္အျပဳအမူတို႔ကိုခြဲျခမ္းစစ္ေဆးေတြးေတာေနသည္။ သူ႕အေနနဲ႕ သူလွ်ိုရဲ႕အရိပ္အႁမြတ္တစ္ေယာက္မွမေတြ႕မိေသးေခ် ။ သို႔ေသာ္ သူတို႔ရဲ႕အစီစဥ္အေကာင္ထည္ေဖာ္နိုင္ဖို႔ရာအတြက္ သူလွ်ိုဘယ္သူလဲဆိုတာ ေမာ့ တို႔အရင္သိရမွျဖစ္မည္။
ထိုသို႔ေတြးၾကည့္ၿပီးေနာက္ ေမာ့ က စာကိုမီးရွို႔ၿပီး တဲအျပင္ဘက္ကိုထြက္လာၿပီးလမ္းထြက္ေလွ်ာက္သည္။
ေမာ့ အေတြးလြန္ကာလမ္းေလွ်ာက္လာရင္း အေနာက္ဖက္ေတာထဲမွ ေျခသံတစ္သံၾကာလိုက္ရတာေၾကာင့္ မ်က္ေမွာင္က်ဳံ႕လွ်က္ ။
" ဘယ္သူလဲ ! "
" ကြၽန္ေတာ္ပါ ေခါင္းေဆာင္ "
စကားသံအဆုံး တခ္မူးဟာ သူ႕ေဘာင္းဘီခါးပတ္ကိုဖယိုဖရဲကိုင္ၿပီး ေတာထဲကထြက္လာခဲ့သည္။
ေမာ့ က တခ္မူးကိုေသခ်ာေစ့စပ္ၾကည့္ၿပီး။
" ဒီအခ်ိန္ႀကီး မင္းေတာထဲဝင္ၿပီးဘာလုပ္ေနတာလဲ "
" အာ က်ဳပ္ဒီဘက္ကင္းလွည့္ရင္းအေပါ့သြားခ်င္တာနဲ႕ ေတာထဲခဏဝင္လိုက္တာ။ မထင္မွတ္ပဲ လူရိပ္ေတြ႕တယ္ထင္ၿပီးအျမန္ထြက္လာလိုက္တာ ေခါင္းေဆာင္ျဖစ္ေနတယ္ "
ေမာ့ က တခ္မူးရဲ႕စကားနဲ႕ပုံစံကိုေသခ်ာၾကည့္ၿပီး။
" ေနာက္တစ္ခါ ဒီလိုမ်ိဳးထပ္မျဖစ္ေစနဲ႕..ေတာထဲမွာ အေစာင့္ေရွာက္နတ္ေတြရွိတယ္ မင္းတစ္ေယာက္ေၾကာင့္ သူတို႔အမ်က္ထြက္တာမ်ိဳးျဖစ္လာရင္းအားလုံးဒုကၡေရာက္ကုန္လိမ့္မယ္ "
" ဟုတ္ကဲ့ေခါင္းေဆာင္။ က်ဳပ္သူတို႔ဆီခြင့္ေတာင္းၿပီးမွ သြားတာပါ "
" မင္းကင္းလွည့္ေနတာမလား။ သြားေတာ့ "
ေမာ့ က အယူႀကီးတာမဟုတ္ေပမယ့္ ဒီအခ်ိန္မွာစကားလမ္းေၾကာင္းကဒါပဲရွိတာမို႔ပင္။ တခ္မူးက ေမာ့ သြားခိုင္းလိုက္တာနဲ႕ခ်က္ခ်င္းေပ်ာက္သြားေတာ့သည္။ တခ္မူးေနာက္ေက်ာကိုၾကည့္ၿပီး ေမာ့ တစ္စုံတစ္ခုေတြးေနမိသည္။
_______________________________________________
# VOTE & CM PLEASE
# 25 - Auguest - 2022 - 5:00 PM
# MOEWATHAN 🦋
______________________________________________