Uni
"ကြီးသူရေ!!!"
"ဟော သားငယ် မနက်အစောကြီး ဘယ်က ပြန်လာတာလဲ "
"ခေတ်လေး အတွက် ချောကလက်ကိတ် ကုန်နေလို့ သွားဝယ်တာ"
"ရော့ ကြီးသူ ယူ ထားလိုက်ပါအုန်း "
ခေတ်က ရွှေဘုန်းကို အရင်လို စကားတွေတီတီ တာတာ မပြောတော့တာ ၁ လကျော်ပြီ ။ ခေတ်လေး ဗိုက်ကလည်း ၈ လထဲရောက်ပြီလေ ။ မီးဖွားခါနီး လို့ ရွှေဘုန်းတောင် အလုပ်ကိုနေ့တိုင်းမသွားတော့ဘဲ မီးနေစောင့်လုပ်နေ၏။ ခေတ်လေးက စိတ်ဆိုး မပြေလို့ စကား မပြောပေမယ့် ရွှေဘုန်းက အရင်ကထက်ပိုအောင် ဂရုစိုက်ပေးတတ်သည်။ ခေတ်လေး အနားက နေ လိုအပ်တာ မှန်သမျှ အားလုံး လုပ်ပေးတတ်သည်။ အခုလည်း ခေတ်လေး စားနေကျ ချောကလက်ကိတ်ကုန်သွားလို့ မနက်အစော ထပြီး သွားဝယ်လာတာ ။ breakfast စားဖို့ အဆင်သင့်ဖြစ်အောင်။
"ချပ် "
ရွှေဘုန်း တခါးဖွင့်ပြီး အခန်းထဲဝင်လိုက်တော့ ခေတ်လေးက ရေချိုးခန်းက ထွက်လာတာ bathrobe လေးဝတ်လို့ ။
"ဟာာ ခေတ်လေးကလည်း ရေချိုးခေါင်းလျှော်တာ မောင့်ကိုလည်း မစောင့်ဘူး
မောင်လုပ်ပေးမှာပေါ့"
ရွှေဘုန်းက တဘက်တစ်ထည် ကိုင်ကာ ခေတ်ခေါင်းကို ရေသုတ်ပေးနေရင်း စကားတွေလည်း မျိုးစုံပြောနေပေမယ့် ခေတ်လေးက တစ်လုံးမှ ပြန်မပြော ။
"ခေတ်လေး ခဏ မောင် အင်္ကျီသွားထုတ်လိုက်အုန်းမယ် "
"........"
ရွှေဘုန်းပြောနေရင်း သူတို့ အဝတ်အစားတွေ ထားတဲ့အခန်းကို ထဲဝင်သွားသည်။
ခေတ်လေးက ကိုယ်ဝန် ရင့်မာ လာပြီမို့ အသွားအလာမပေါ့ပါးတော့ ။ ခေတ်လေးနဲ့ပါတ်သတ်တဲ့အလုပ်တွေ အားလုံး ရွှေဘုန်းကပဲလုပ်ပေးတတ်သည်။ ရေချိုးတာက အစ သနပ်ခါးသွေးတာ အဆုံးခေတ်လေး ကို လုပ်ပေးသည်။
"ခေတ်လေး သနပ်ခါးသွေးပြီးသွားပြီ
လိမ်းဖို့အဆင်သင့်ပါပဲဗျ"
ခေတ်က အဝတ် လဲပြီး မှန်တင်ခုံပေါ်မှ ကျောက်ပြင်က သနပ်ခါးကို ဖွေးနေအောင် လိမ်းလိုက်သည် ။ မောင်က ခြေတောက်တွေကို lotion လိမ်းပေးနေ၏။ ခေတ် ဗိုက်ကြောင့် ခြေသည်း ၊လက်သည်းတောင် မောင်က ညှပ်ပေးသည်။ ရွှေဘုန်း ကသူလုပ်ပေးတာတွေကို ငြိမ်ခံနေတာတောင် ကျေနပ်နေလှပြီ။ ပြသနာ ဖြစ်ဖြစ်ခြင်းကဆို ခေတ်လေးက အသားခြင်းထိတာတောင်မကြိုက်ဘူးဆိုပြီးအတင်းတွေငြင်းသေးတာ ။
"ခေတ်လေး အားလုံးပြီးရင် breakfast သွားစားရအောင် မောင် ချောကလက်ကိတ်ဝယ်ထားတယ် "
"........"
မောင့်ရဲ့ ဂရုစိုက်မှုတွေက အံမခန်း GAG group ရဲ့ ဥက္ကဌ က ခေတ်ရဲ့ အောက်ခြေသိမ်း ဖြစ်နေတာ ရယ်ချင်စရာကောင်းလှသည်။ မောင် ဘယ်လောက် လုပ်ပေး လုပ်ပေး ခေတ် မောင့်ကို စကား ပြန်မပြောသေးပါ ။ မောင် ကတော့ ခေတ် စကားပြန်မပြောလည်း အေးအေးဆေးဆေးပဲ။ သူလုပ်စရာရှိတာလုပ် ပြောစရာရှိတာ ပြောနေတာ ဘာမှမဖြစ်သလို ။ ခေတ်က ခုတင်ပေါ် လာမအိပ်နဲ့လို့ ပြောထားကတည်းက အခန်းထဲ က ဆိုဖာစတီ ပေါ်မှာ အိပ်တာ ၁လလောက်ရှိပြီ။ သူ့အရပ်ကြီး ဂလန်ဂလားနဲ့ တခါတခါ သူအိပ်နေရင် ခေတ်မှာ ရယ်ချင်စိတ် မနည်းထိမ်းထားရသည်။ အိမ်မှာ အခန်းတွေ အများကြီးရှိတာကို သူ့ဟာသူ ဒီအခန်းထဲမှာ ဒုက္ခခံနေတာတော့ခေတ်လည်း မတတ်နိုင်ပါ ။
~~~~~~~~~~~~~
📞Hello သားငယ်လေး
အဆင်ပြေရဲ့ လား
မေမေ လကုန်ရင် လာခဲ့မယ်နော်
📞ဟုတ်ကဲ့ မေမေ
သားအဆင်ပြေပါတယ်
📞အစစ အရာရာ ဂရုစိုက်ပါ သားငယ်လေးရယ်
မွေးရက်ကနီးနေပြီ
📞ဟုတ်ကဲ့ ပါ မေမေ
ချစ်တယ်နော်
မေမေ က တစ်နေ့တစ်ကြိမ် ဖုန်းဆက်ကာ အစစ အရာရာ အဝေးက ဂရုစိုက်ပေးနေသည်။ မာမီကတော့ နေ့တိုင်း တစ်နေ့တစ်ခေါက်ပုံမှန် အိမ်လာသည်။ ရွှေဘုန်းကိုလည်း နိုရာ့ ကိစ္စ နဲ့ပါတ်သတ်ပြီး အကြီးအကျယ်ဆူထားတာ ခေတ်တောင် ရွှေဘုန်းကို သနားနေမိသည်။ ဒါပေမယ့် မာမီ ပြောသလိုပဲ မှတ်လောက်အောင် ပညာပေးလိုက် သားခေတ်ဆိုလို့ ။ ရွှေဘုန်းကို ခေတ်က အလိုလိုက်လွန်း လို့လည်း မာမီက ခေတ်ကို တောင်ဆူသွားသေးသည်။ ခေတ်က စိတ်ပျော့တယ်။ ရွှေဘုန်းချော့ရင် တန်းပြီးပျော့သွားတာ ။ ခေတ်နဲ့ ရွှေဘုန်း ကို ဒီတခါ အကြာဆုံး စိတ်ဆိုးနေတာ ဖြစ်သည်။ အရင်ကစိတ်ဆိုးရင် တစ်ရက်တောင်မပြည့်ဘူး တန်းပြီး ပြန် ပြေလည်သွားတာ ။
"ဟောာ ခေတ်လေး ဘာလို့မျက်ရည် ကျနေတာလည်း
မေမေ က လာမယ်ပြောထားတာကို "
"......."
"မငိုရဘူးလေ
ငိုရင် ဗိုက်ထဲက ကလေး မျက်လုံးပြူးတတ်တယ် "
ရွှေဘုန်း ပါးစပ်ထဲရှိတာ လျှောက်ပြော လိုက်ပေမယ့် ကြားရတဲ့စကားကြောင့် ခေတ်တောင်လန့်သွားသည်။ ချက်ချင်းကြီးအငို တိတ်ပစ်လိုက်သည်။ ကိုယ် ကလေး လေးကို တော့ လှလှပပ ကျန်းကျန်းမာမာလေး မွေးစေချင်သည်။ ဘုရားမှာ ဆုတောင်းရတာလည်းအမော ။ ဘုရားတရားဆိုလည်း အရင်ကထက် ပို လုပ်မိသည်။
"သားငယ်လေးရေ "
"ဗျာ ကြီးသူ "
"ပစ္စည်းတွေ လာပို့နေတယ် "
ခေတ်လေးကို အခန်းထဲမှာ ချော့နေရင်းက ရွှေဘုန်းမှာထားတဲ့ ပစ္စည်းတွေ လာပို့နေတာကြောင့်အိမ်ရှေ့ထွက်လာခဲ့သည်။
"အားလုံး အခန်းထဲသွင်းပေးပါဗျ"
"ဟုတ်ကဲ့ပါ သူဌေး "
ရွှေဘုန်းကုမ္ပဏီက ဝန်ထမ်းတွေကို ကိုသူရ လာပို့ ခိုင်းလိုက်တာဖြစ်မည်။ သားလေးအတွက် အခန်းကို ရွှေဘုန်းကိုယ်တိုင်ပြင်ပေးမှာမို့ လိုအပ်တဲ့ ပစ္စည်းတွေကို ကိုသူရနဲ့ မှာလိုက်တာ ။ အခြားသူတွေက လုပ်ပေးမယ်ပြောပေမယ့် သားလေးအတွက် လုပ်ပေးချင်တာကြောင့် youtube မှာ အသေးစိတ် လေ့လာထားသည်။
ခေတ်လည်း အိမ်ရှေ့ထွက်လာကြည့်လိုက်တော့ ပစ္စည်းတွေက အများကြီး ကလေး ကစားစရာတွေလို့ ထင်မိသည်။ ဘာတွေလည်းဆိုပြီး ရွှေဘုန်း ဘက်ကို လှမ်းကြည့်လိုက်တော့ ။
"ခေတ်လေး မောင်က သားလေးအတွက် အခန်းပြင်ပေးမလို့ ပစ္စည်းတွေ မှာလိုက်တာ
ခေတ်လေး နားနားနေနေ ထိုင်နေလေ "
ခေတ် ဘာမှ ပြန်မပြောပေမယ့် စိတ်ထဲကြည်နူးမိသည်။ မြင်တောင်မမြင်ရသေးတဲ့ သားလေးအတွက် အခန်းလုပ်ပေးအုန်းမယ်တဲ့ ။ လွန်ခဲ့တဲ့ အပတ်ကလည်း သားလေးအတွက် ပစ္စည်းဝယ်ဆိုပြီး အတင်းခေါ်လို့ လိုက်သွားရသေးသည်။ ကိုယ်ဝန်ရှိလို့ အပြင်မထွက်ချင်ပါဘူးဆိုနေမှ အခုတော့ သူ့ကြောင့် ကိုယ်မှာ ရှက်ရသေးသည်။ ကလေး ပစ္စည်းတွေကို ကားတစီးစာ အပြည့် ဝယ်လာလိုက်တာ ။ စျေးဝယ်ထွက်ပြီး အပြန်မှာ ဓါတ်ပုံဆိုင်ဝင်ပြီး ဗိုက်နဲ့ ပုံတွေ အများကြီးပဲရိုက်သေးသည် ။ သူဘာတွေကြို တင် စီစဥ်နေမှန်းတောင်မသိ။ သူဟာနဲ့ သူတော့ ဟုတ်နေတာပဲ ။ အိပ်ခန်းထဲက မင်္ဂလာဆောင် ဓါတ်ပုံဘေးမှာ ခေတ်ဗိုက်ကိုနမ်းနေတဲ့ပုံကို ပုံကြီးချဲ့ပြီးချိတ်ထားသေး၏ ။
"အော် မာမီ လာတာလား "
"ဟုတ်တယ် သားခေတ်လေးဆီလာတာ
သားငယ်ကော "
"မာမီ့ သားငယ်က အခန်းထဲမှာ နှင်းနှင်းရေ သမီး အကိုလေး ကို သွားခေါ်လိုက်ပါအုန်း "
ခေတ်က ပျင်းလို့ ဧည့်ခန်းထဲမှာ သားလေးမွေးရင် ပြုစု နည်းတွေကို ipad ကနေ ရှာဖတ်နေတာ ။ ကြီးသူက ညနေစာ အတွက် မအေးနဲ့နှစ်ယောက်ပြင်ဆင်နေကြတာ ။ မာမီ့အသံကြားတော့မှ လ္ဘက်သုတ်နဲ့ရေနွေးကြမ်း ဗန်းလေးကိုင်ကာ ဧည့်ခန်းထဲဝင်လာသည်။
"မထား ဆိုင် က ပြန်လာတာလား "
"ဟုတ်တယ် ကြီးသူရေ "
"ကြီးသူမရှိတည်းက လ္ဘက် မစားရတာ ကြာပေါ့ "
မာမီက ကြီးသူနဲ့နေတာ ကြာတော့ ကြီးသူလက်ရာတွေကို လွမ်း လှပြီလေ ။ ကြီးသူ က ဘာလုပ်လုပ် စေတနာ ပါလို့လားမသိ စားကောင်းတာ ။
"အပြန်ထည့်ပေးလိုက်မယ် လ္ဘက်တွေ အများနှပ်ထားတာ မထားတို့အိမ်တော်အတွက်ကော "
"ကျေးဇူးပါ ကြီးသူရယ် "
"စားချင်တာ တွေ ပြောပါ မထားရယ် ကျမ ချက်ပြီးပို့ခိုင်းလိုက်ပါ့မယ် "
"ခေတ်လေး
လ္ဘက်တွေ မစားနဲ့ ညကြရင် အိပ်မပျော်ပဲနေလိမ့်မယ် "
"......."
ခေတ် လ္ဘက် တစ်ဇွန်းလေးပဲစားရသေးတယ်။ မောင်က အဖြစ်သဲလွန်းနေ၏ ။ တနေ့ ညက ခေတ် ညဘက် အိပ်မပျော်တာ ကြည့်ပြီးသူက လန့်နေတာ ။ ခေတ်က ဘာမှမဖြစ်ဘူး သူက တစ်ညလုံး ခေတ်ဘေးက မခွာ နိုင်။ နောက်တော့ ရွှေဘုန်းသီချင်းဆို ပြတော့မှပဲအိပ်ပျော်သွားတာ ။
"နည်းနည်းလေးစားတာပါ သားငယ်လေးရယ် "
"မဟုတ်ဘူး မာမီ ခေတ်လေးက မွေးဖို့ အရမ်းနီးနေပြီ
တခုခုဆို သားရင်ပူလွန်းလို့ပါ"
ခေတ်က ရွေဘုန်းကို မျက်စောင်းထိုးကာ တဖက်ပြန်လှည့်သွားသည်။ ပိုရန်ကောဆိုတဲ့ အကြည့်နဲ့ ။
" ဘယ်လိုလဲ သားခေတ်လေးနဲ့အဆင်ပြေသွားပြီလား "
"မာမီ ကလည်း သားနဲ့ခေတ်က ဘာဖြစ်ထားလို့လဲ"
ရွှေဘုန်းပြောတဲ့စကားက ခေတ်တောင် အံသြယူရသည်။ ရွှေဘုန်းကို စကားမပြော တာ ၁လရှိတာတောင် သူက ဘာမှ မဖြစ်သလို ။ စိတ်ဆိုးနေတဲ့ကိုယ်တောင် အလကားဖြစ်ပြီလား စဥ်းစားမိတော့၏။
~~~~~~~~~~~~~~~
ခေတ် ဧည့်ခန်းထဲမှာ ရတု ရယ် မဆုရယ်နဲ့ အစည်းအဝေး လုပ်နေသည်။ ဗိုက်ထွက်လာတာကြောင့် ဆိုင်မသွားဖြစ်တော့တာ ၄ လလောက်ရှိပြီ။ အစည်းအဝေးကိုတောင် အိမ်မှာပဲ လုပ်ဖို့ ရတုတို့ ကိုပြောထားသည်။
"ဆရာ
ဒီလ ထွက်မယ့် ready to wear ရက်ရွေ့လိုက်ရမလား
ဆရာလည်း မပေါ့မပါးနဲ့ဆိုတော့ "
"မလိုဘူး ရတု ဆရာ ပုံကြမ်းတွေ ဆွဲပြီးသွားပြီ "
ခေတ်နဲ့ အနီးနားမှာ ထိုင်နေတဲ့ ရွှေဘုန်းက မျက်ထောက်နီကြီးဖြင့် ကြည့်နေသည် ။ ခေတ်သိလိုက်ပါပြီ ရတုတို့ ပြန်သွားရင် ခေတ်ကို ဆူတော့မယ်ဆိုတာ ။ အစည်းအဝေးတောင်မလုပ်စေချင်တာမို့ ခေတ်နဲ့အနီးမှာ ရှိတဲ့ ခုံမှာ ထိုင်ပြီး ခေတ်လုပ်နေတာတွေကို ကြည့်နေတာ ။
"ဆရာ မဆုတို့ ဒီလအတွက် ပွဲတွေ"
မဆု က ပွဲတတ်တွေ နဲ့ပေးရမယ့် ပစ္စည်းတွေကို ရေးထားတဲ့ tablet ကို ပြ၏။
"ဝါး မနည်းမနောပါလား အပ်ထည်တွေ "
"ဟုတ်တယ်ဆရာ "
"မဆုတို့ ဝန်ထမ်းတွေကော နိုင်ရဲ့ လား "
"မနိုင်ဘူးဆရာ အခုက ready to wear ထွက်ချိန်ဆို စက်ရုံ ဘက်က လည်း လူလိုတယ် "
"ဒါဆို ရတုနဲ့ တိုင်ပင်ပြီး ဝန်ထမ်းတွေ ထပ်ခန့်လိုက်ပါ
ဆရာ့ကို စောင့်မနေနဲ့တော့
ကိုယ်ဟာကိုယ်ပဲ interview လုပ်လိုက်တော့"
"ဟုတ်ကဲ့ပါဆရာ "
ခေတ်တို့ အစည်းအဝေး ပြီးသွားတော့ လချုပ်စာရင်းတွေကို ခေတ်ကိုပေးခဲ့ပြီး ရတုတို့ပြန်သွားသည်။ ရတုတို့ ဝယ်လာတဲ့ အသီးတွေကလည်း ခြင်းတောင်းတစ်လုံးအပြည့်။ ခေတ်က သားလေး ကိုယ်ဝန်ရှိကတည်းက အသီးကလွဲပြီး ဘာမှ မစားချင်တော့ ။ ညဘက်ဆိုလည်း အသီးတွေပဲ စားချင်တာ။
"ခေတ်လေး
အလုပ်တွေ လုပ်မနေနဲ့နော်
မောင်ဒေါသ မထွက်ချင်ဘူး
လချုပ်တွေ စစ်မနေနဲ့ "
မောင်က ပြောပြီး သားအခန်းထဲဝင်သွားသည်။ သဘောကတော့ သူ စိတ်ဆိုးတယ်ပေါ့။ ခေတ်က မောင့်ကို စကားမပြောပေမယ့် မောင်ဂရုစိုက်တာတွေတော့ အရမ်းခံချင်တာ ။ မောင်စိတ်ဆိုးသွားရင်လည်း မနေတတ်။
ခေတ်လည်း သားအခန်းထဲကို လိုက်ဝင်လိုက်သည်။ သူက ၁၀ရက်လောက်ရှိနေပြီ အခန်းပြင်နေတာ ။
"ဝါး လှလိုက်တာ "
ခေတ် ရုတ်တရက် ပါးစပ်က ထွက်သွားလေသည်။ မောင်က ခေတ်ပြောလိုက်တော့ ပြုံးပြုံးကြည့်နေတော့သည်။ အခန်းတစ်ခုလုံး နံရံကပ်စက္ကူကို ကားပုံ ပါတဲ့ ကာတွန်းစတေကာတွေကြည့်ပဲ ။ ခုတင်ကလည်း ကားပုံစံလေး အိပ်ယာ အခင်းကတော့ စပိုက်တာမန်း ပုံ လေးတွေ။ တစ်ခန်းလုံး ယောကျာ်းလေး အကြိုက် ကားလေးတွေ စက်ရုပ်လေးတွေကလည်း အရုပ်စင်မှာအပြည့်။ မောင့် စိတ်ကူးကတော့ သားလေး မပြောနဲ့ ခေတ်တောင် နေချင်လာသည်။
"မောင်က တော်တယ်မို့လား "
ချီးကျူးခံချင်လို့ လုပ်နေတဲ့ရုပ်က ပြည် တည်တည် ။ ခေတ်လည်း မျက်နှာ တည်တည်ဖြင့် ပြောပစ်လိုက်သည်။
"ပိုက်ဆံတွေ တအားပေါနေတယ်ပေါ့ "
ခေတ် စကားမပြောတာကြာပြီလေ။ ပြောလိုက်တော့လည်း ချီးကျူးစကားမဟုတ်တာကြောင့် မောင်က မျက်နှာလေးကို ညှိးနေတော့သည်။
"ခေတ်လေးကလည်း
မောင်ရှာနေတာတွေက သားနဲ့ ခေတ် အတွက်မှမသုံးရင် ဘယ်သူ့အတွက်သုံးရမှာလဲ "
~~~~~~~~~~~~~
"အော် အဏ္ဏဝါ ပါလား "
မနက်စာ စားပြီးအခန်းထဲကထွက်တော့ အဏ္ဏဝါ က ဧည့်ခန်းမှာ မောင်နဲ့ စကားပြောနေကြသည်။ မောင်က ဧည့်သည်ရောက်တယ်ဆိုတာကြောင့် ခေတ် အရင် ထမင်းစားခန်းထဲက ထသွားတာ ဖြစ်သည်။
"အကို ခေတ် မွေးတော့မှာလား "
"ဟုတ်တယ် အဏ္ဏဝါ ၁လခွဲလောက်ပဲလိုတော့တယ် "
"နေလို့ ကောင်းတယ်မို့လား အကိုခေတ် "
"ကောင်းပါတယ် အဏ္ဏဝါ"
"ခေတ်လေး မောင် အဏ္ဏဝါနဲ့ ခဏ လိုက်သွားလိုက်အုန်းမယ်
ကား showroom အသစ်ဖွင့်ဖို့ ဆောက်နေတာ လိုက်ကြည့်လိုက်အုန်းမယ် "
"အင်းပါ "
အဏ္ဏဝါ ရှေ့မှာ မောင်က ခေတ်ကို အလုပ်အကြောင်း ပြောကာ အခန်းထဲဝင်သွားသည်။ မောင့် အတွက် အင်္ကျီထုတ်ပေးဖို့ အခန်းထဲဝင်လာလိုက်သည်။ မောင်က ခေတ် အင်္ကျီပြင်မပေးရင် အဝတ်အစားတွေ အားလုံး ပွအောင် လုပ်မယ်ဆိုတာ သိနေတာကြောင့် ။
"ခေတ်လေး နားနားနေနေ နေနော်
ဆိုင်အလုပ်တွေလည်း ခိုးပြီးလုပ်မနေနဲ့ "
ခေတ်ထုတ်ပေးတဲ့ အင်္ကျီဝတ်နေရင်းက ပြောနေကျ စကားဖြင့်တဲ့ ဂရုစိုက်ဖို့ အကြိမ်ကြိမ်မှာနေပြန်သည်။ မောင်က အလုပ်မသွားတာ ကြာနေပြီ။ ဒီ ကား showroom တောင် သားလေး မွေးလာရင် အမှတ်တရ အနေနဲ့ ဖွင့်ပွဲလုပ်ဖို့ ကိုယ်တိုင် ကြီးကြပ်နေတာ ဖြစ်သည်။
"မောင် စောစောပြန်လာမယ်နော် ပြန်လာမှ ထမင်းအတူတူစားမယ် "
"ရွှတ် "
ခေတ် နဖူးလေးကို ၁လအတွင်း ပထမဆုံးအကြိမ် နမ်းသွားတာ ။ ခေတ်ကိုမနမ်းတာတောင်ကြာနေပြီ။ ခေတ်နဲ့ skinship လုပ်တဲ့အချိန်က လမ်းလျှောက်တဲ့အချိန်ပဲရှိသည်။ ကျန်တဲ့ အချိန်တွေဆို ခေတ်လေးစိတ်ဆိုးနေမှန်းသိလို့ လုံးဝ မထိမကိုင် မနမ်းတာပါ။
ညနေ ၄ နာရီလောက်ကတည်းက ခေတ်ခြံထဲမှာ လမ်းဆင်းလျှောက်ရင်း မောင့်ကို မျှော်နေမိသည်။
"Message လေးတောင်မပို့ဘူး
နေနိုင်လိုက်တာ "
မောင့်က အရင်ကတချိန်လုံးကပ်နေပြီးအဆက်အသွယ် မရတော့လည်း စိတ်ပူလာသည်။
မောင့်ကို ဖုန်းခေါ်ဖို့ လုပ်လိုက်သည်။ ဒီအတိုင်းကြီးနေတာထက်စာရင် ဖုန်းခေါ်လိုက်တာက စိတ်အေးရသည်။ မနက်ထဲက ထွက်သွားတာခုထိဆိုတော့ လွမ်းနေတာလည်း ပါသည်။
📲တူတူတူ
📞အော် အကို ခေတ်
📞ရွှေဘုန်းကော
📞Boss က ကားshowroomဆိုဒ်ထဲမှာ ခြေတောက် နည်းနည်း ထိမိသွားလို့ ဓါတ်မှန်အခန်းထဲမှာ
ခေတ်ခေါင်းထဲမိုက်ခဲနဲဖြစ်သွားသည်။ မောင်ဒဏ်ရာ ရတယ်တဲ့လား ခေတ်စိတ်ကို တင်းလိုက်ပြီး ။
📞အရမ်းများသွားလား ကိုသူရ
📞အရမ်းကြီးတော့မဟုတ်ပါဘူး စိတ်မပူပါနဲ့ အကို ခေတ်
ခေတ် ဖုန်းချပြီး အင်္ကျီ အပေါ်ထပ် ဝတ်ကာ မင်းသူကို ကားမောင်းခိုင်းပြီး မောင်တို့ ပိုင်တဲ့ ဆေးရုံကို လိုက်သွားလိုက်သည်။
ဆေးရုံရှေ့မှာ အဏ္ဏဝါက ဖုန်းပြောနေတာမို့။
"အဏ္ဏဝါ မောင်က ဘယ်အခန်းမှာလဲ"
"အော် အကို ခေတ် လိုက်မလာလည်းရတာကို ချော်လဲနေပါအုန်းမယ် ဖြေးဖြေးလျှောက်ပါ "
အဏ္ဏဝါ က ဥိီးဆောင်ကာ ရွှေဘုန်းဆေးကုနေတဲ့ ဌာနသို့ခေါ်သွားလေသည်။
"ဟင် !!!"
"မောင် .....ဘာဖြစ်တာတဲ့လဲကျိုးသွားသေးလား
ဘယ်လိုနေသေးလည်း
အရမ်းနာနေတာတာလား
မောင်က ဘာလို့ ဂရုမစိုက်တာလဲ
တခုခု ဆို ခေတ်နဲ့သားလေးက ဘယ်လိုလုပ်မလဲ "
ခုတင်ပေါ်မှာ လှဲနေတဲ့ရွှေဘုန်းကို မြင်ကတည်းက ခေတ်က ပေါက်ပေါက်ဖောက်သလိုပြောနေတော့သည်။ ခေတ်လေး ငိုနေတာကြောင့် ရွှေဖုန်း က သူ ဘာမှမဖြစ်ကြောင်း ၊ကျိုးလည်းမကျိုးကြောင်းအသေးစိတ်တွေ ပြောပြနေရသည်။ ခေတ်လေးရဲ့ စိတ်ဆိုးမှုတွေ ပြေသွားလို့ ရွှေဘုန်းကတော့ ခြေတောက်ဖြစ်တာ ပျော်တောင်နေတော့သည်။ မျက်နှာမှာလည်းပြုံးပြီး ဘာမှ မဖြစ်သလိုပဲ ။
"ဟင် !!!ဆရာမ "
"ဟုတ်ပါတယ်အကို
ရွှေဘုန်း က ဘာမှ မဖြစ်ပါဘူးစိတ်မပူပါနဲ့
ခြေခေါက်သွားတာကြောင့် ခြေမျက်စေ့ ဒဏ်ရာရသွားတာပါ (ankle sprain )
ကျိုးသွားတာ မဟုတ်ပါဘူး "
"အနားယူလိုက်ရင်သက်သာသွားမှာပါ "
ခေတ် ဇက်တင်းပြီးနာ(neck muscle spasm )တုန်း က ကုပေးတဲ့ physiotherapist (အကြောအဆစ်ကုပညာရှင်) ဆရာမယွန်းယုယ နဲ့ပဲမောင်က ပြန်ကုနေရသည်။ ဆရာမက သဘောကောင်းလွန်းပြီးအသေးစိတ်က အစ ပြောပြလို့ အရမ်းတွေ ဝမ်းသာ သွားတော့သည် ။
"အခု အအေးပေးတဲ့ စက် (cryotherapy )နဲ့ ကုသမယ်နော်
ရွှေဘုန်း တခုခု မူမမှန်ရင်လည်း ပြော
အအေးဓါတ်မခံနိုင်ရင်လည်းပြော"
"အေး သယ်ရင်း "
"အကိုက ကိုယ်ဝန်နဲ့မို့ ဆရာမ ရုံးခန်းထဲက စောင့်နေလိုက်ပါနော် "
"ဟုတ်ကဲ့ပါ ဆရာမ "
ယုယတို့ physiotherapy စက်ခန်းထဲမှာ ရှိတဲ့ စက်တွေ အများစုက ကိုယ်ဝန် သည်တွေဆို ကုလို့ မရပါဘူး ။ စက်တွေက ray တွေ ထွက်တဲ့အတွက်ကြောင့် treatment ပေးနေတဲ့ စက်တွေနဲ့ 30 မီတာ အကွာမှာ နေတာ ဘေးအကင်းဆုံးမို့ အကို ခေတ်ကိုရှင်းပြလိုက်ရသည်။ ဒီတိုင်းဆို ကိုယ့်သူငယ်ချင်းကြီးကလည်း သူ့ ယောကျာ်းလက်ကို ကိုင်ထားတာလွှတ်မယ့်ပုံမပေါ်။ သူယောကျာ်းကလည်း စိုးရိမ်လွန်နေပြီး အခန်းထဲကို ထွက်မယ့်ပုံမပေါ်တာမို့ ။ တခါတခါ ဆေးကုနေရင်း rs တွေ ro နေတာမြင်ရင် fa ဆရာမလေးက j တွေ ဝင်နေတတ်တာပေါ့ ။
မိနစ် ၃၀ လောက်ကြာတော့ မောင် က
တုတ်ကောက်လေးနဲ့ ခြေတောက်မှာလည်း မျှော့ ပတ်တီး (elastic bandage ) စီးထားသည်။
"ဆရာမ အိမ်ရောက်ရင် ခေတ် ဘာလုပ်ပေးရအုန်းမလဲ "
"အိမ်ရောက်ရင် ခြေတောက်ကို လှုပ်လှုပ်ရှားရှား မလုပ်ဖို့ အဓိကမှာချင်ပါတယ်
ပြီးတော့ ခြေတောက်အောက်ကိုတွဲလောင်းချထားရင် ယောင်လာတတ်တာမို့ ခြေတောက်ကိုအမြင့်မှာ တင်ထားဖို့ ပြောချင်တယ်
ခြေဆင်းအိပ်ရင်လည်းမို့လုံးပေါ် ခြေတောက်တင်ထားပါ
ထိုင်နေရင်လည်း ခြေတောက်ကို တစ်ခုခုပေါ်တင်ထားပါ
ဆေးပူတွေမလိမ်းပါနဲ့အုန်းနော် ၂နာရီခြားတစ်ခါ ၃နာရီခြားတစ်ခါ ရေခဲ ကပ်ပေးပါ
ဖြစ်ဖြစ်ချင်း ဆေးပူတွေလိမ်းရင် ပျောက်ဖို့ကြာသွားတတ်လို့ပါ
ဒဏ်ရာ ရပြီး ၄၈ နာရီအတွင်း ရေခဲကပ်ပေးတာ အကောင်းဆုံးပါပဲ
ပတ်တီး စီးနည်းက ရွှေဘုန်းကို သေချာ ပြလိုက်ပါတယ် ပတ်တီးလည်း စီးထားဖို့ လိုပါတယ် အယောင်ကျအောင် ပါ
လမ်းလျှောက်ရင် တုတ်ကောက်နဲ့ အားပြုလျှောက်ပါ "
"ကျေးဇူးပါ ဆရာမ "
"ရပါတယ်အကိုခေတ် "
"သယ်ရင်း မနက်ဖြန်ဘယ်အချိိန် လာရမှာလဲ "
"ညနေ ၅ နာရီက ၈နာရီဆို ငါရှိတယ် "
"အိုကေသယ်ရင်းကျေးဇူး "
"ပြန်လိုက်ပါအုန်းမယ်ဆရာမ "
"ဟုတ်ကဲ့ပါ အကို "
ဆေးခန်းထဲက ထွက်လာတော့ ရွှေဘုန်းက တုတ်ကောက်နဲ့ ခေတ်ကို လည်း ကိုင်ထားသေးသည်။
"ခေတ်လေး ချှော်မယ်ဂရုစိုက် "
"ခေတ်ကရတယ် မောင်ပဲ "
မောင်က ပျော်ရွှင်မြူးတူးနေတော့ ခေတ်က ခြေတောက်နာ တာချက်ချင်း ကောင်းသွားတာလားလို့ မေးလိုက် သည်။
"မောင်က ခေတ်နဲ့သားလေး ဘေးမှာရှိရင် ဒီဒဏ်ရာက အေးဆေး "
အချစ်များစွာဖြင့် 🌻
8.6.2022(Wed)
............................................
Zawgyi
"ႀကီးသူ !!!"
"ေဟာ သားငယ္ မနက္အေစာႀကီး ဘယ္က ျပန္လာတာလဲ "
"ေခတ္ေလး အတြက္ ေခ်ာကလက္ကိတ္ ကုန္ေနလို႔ သြားဝယ္တာ"
"ေရာ့ ႀကီးသူ ယူ ထားလိုက္ပါအုန္း "
ေခတ္က ေ႐ႊဘုန္းကို အရင္လို စကားေတြတီတီ တာတာ မေျပာေတာ့တာ ၁ လေက်ာ္ၿပီ ။ ေခတ္ေလး ဗိုက္ကလည္း ၈ လထဲေရာက္ၿပီေလ ။ မီးဖြားခါနီး လို႔ ေ႐ႊဘုန္းေတာင္ အလုပ္ကိုေန႕တိုင္းမသြားေတာ့ဘဲ မီးေနေစာင့္လုပ္ေန၏။ ေခတ္ေလးက စိတ္ဆိုး မေျပလို႔ စကား မေျပာေပမယ့္ ေ႐ႊဘုန္းက အရင္ကထက္ပိုေအာင္ ဂ႐ုစိုက္ေပးတတ္သည္။ ေခတ္ေလး အနားက ေန လိုအပ္တာ မွန္သမွ် အားလုံး လုပ္ေပးတတ္သည္။ အခုလည္း ေခတ္ေလး စားေနက် ေခ်ာကလက္ကိတ္ကုန္သြားလို႔ မနက္အေစာ ထၿပီး သြားဝယ္လာတာ ။ breakfast စားဖို႔ အဆင္သင့္ျဖစ္ေအာင္။
"ခ်ပ္ "
ေ႐ႊဘုန္း တခါးဖြင့္ၿပီး အခန္းထဲဝင္လိုက္ေတာ့ ေခတ္ေလးက ေရခ်ိဳးခန္းက ထြက္လာတာ bathrobe ေလးဝတ္လို႔ ။
"ဟာာ ေခတ္ေလးကလည္း ေရခ်ိဳးေခါင္းေလွ်ာ္တာ ေမာင့္ကိုလည္း မေစာင့္ဘူး
ေမာင္လုပ္ေပးမွာေပါ့"
ေ႐ႊဘုန္းက တဘက္တစ္ထည္ ကိုင္ကာ ေခတ္ေခါင္းကို ေရသုတ္ေပးေနရင္း စကားေတြလည္း မ်ိဳးစုံေျပာေနေပမယ့္ ေခတ္ေလးက တစ္လုံးမွ ျပန္မေျပာ ။
"ေခတ္ေလး ခဏ ေမာင္ အကၤ်ီသြားထုတ္လိုက္အုန္းမယ္ "
"........"
ေ႐ႊဘုန္းေျပာေနရင္း သူတို႔ အဝတ္အစားေတြ ထားတဲ့အခန္းကို ထဲဝင္သြားသည္။
ေခတ္ေလးက ကိုယ္ဝန္ ရင့္မာ လာၿပီမို႔ အသြားအလာမေပါ့ပါးေတာ့ ။ ေခတ္ေလးနဲ႕ပါတ္သတ္တဲ့အလုပ္ေတြ အားလုံး ေ႐ႊဘုန္းကပဲလုပ္ေပးတတ္သည္။ ေရခ်ိဳးတာက အစ သနပ္ခါးေသြးတာ အဆုံးေခတ္ေလး ကို လုပ္ေပးသည္။
"ေခတ္ေလး သနပ္ခါးေသြးၿပီးသြားၿပီ
လိမ္းဖို႔အဆင္သင့္ပါပဲဗ်"
ေခတ္က အဝတ္ လဲၿပီး မွန္တင္ခုံေပၚမွ ေက်ာက္ျပင္က သနပ္ခါးကို ေဖြးေနေအာင္ လိမ္းလိုက္သည္ ။ ေမာင္က ေျခေတာက္ေတြကို lotion လိမ္းေပးေန၏။ ေခတ္ ဗိုက္ေၾကာင့္ ေျခသည္း ၊လက္သည္းေတာင္ ေမာင္က ညွပ္ေပးသည္။ ေ႐ႊဘုန္း ကသူလုပ္ေပးတာေတြကို ၿငိမ္ခံေနတာေတာင္ ေက်နပ္ေနလွၿပီ။ ျပသနာ ျဖစ္ျဖစ္ျခင္းကဆို ေခတ္ေလးက အသားျခင္းထိတာေတာင္မႀကိဳက္ဘူးဆိုၿပီးအတင္းေတြျငင္းေသးတာ ။
"ေခတ္ေလး အားလုံးၿပီးရင္ breakfast သြားစားရေအာင္ ေမာင္ ေခ်ာကလက္ကိတ္ဝယ္ထားတယ္ "
"........"
ေမာင့္ရဲ႕ ဂ႐ုစိုက္မႈေတြက အံမခန္း GAG group ရဲ႕ ဥကၠဌ က ေခတ္ရဲ႕ ေအာက္ေျခသိမ္း ျဖစ္ေနတာ ရီခ်င္စရာေကာင္းလွသည္။ ေမာင္ ဘယ္ေလာက္ လုပ္ေပး လုပ္ေပး ေခတ္ ေမာင့္ကို စကား ျပန္မေျပာေသးပါ ။ ေမာင္ ကေတာ့ ေခတ္ စကားျပန္မေျပာလည္း ေအးေအးေဆးေဆးပဲ။ သူလုပ္စရာရွိတာလုပ္ ေျပာစရာရွိတာ ေျပာေနတာ ဘာမွမျဖစ္သလို ။ ေခတ္က ခုတင္ေပၚ လာမအိပ္နဲ႕လို႔ ေျပာထားကတည္းက အခန္းထဲ က ဆိုဖာစတီ ေပၚမွာ အိပ္တာ ၁လေလာက္ရွိၿပီ။ သူ႕အရပ္ႀကီး ဂလန္ဂလားနဲ႕ တခါတခါ သူအိပ္ေနရင္ ေခတ္မွာ ရီခ်င္စိတ္ မနည္းထိမ္းထားရသည္။ အခန္းေတြ အမ်ားႀကီးရွိတာကို သူ႕ဟာသူ ဒီအခန္းထဲမွာ ဒုကၡခံေနတာေတာ့ေခတ္လည္း မတတ္နိုင္ပါ ။
~~~~~~~~~~~~~
📞Hello သားငယ္ေလး
အဆင္ေျပရဲ႕ လား
ေမေမ လကုန္ရင္ လာခဲ့မယ္ေနာ္
📞ဟုတ္ကဲ့ ေမေမ
သားအဆင္ေျပပါတယ္
📞အစစ အရာရာ ဂ႐ုစိုက္ပါ သားငယ္ေလးရယ္
ေမြးရက္ကနီးေနၿပီ
📞ဟုတ္ကဲ့ ပါ ေမေမ
ခ်စ္တယ္ေနာ္
ေမေမ က တစ္ေန႕တစ္ႀကိမ္ ဖုန္းဆက္ကာ အစစ အရာရာ အေဝးက ဂ႐ုစိုက္ေပးေနသည္။ မာမီကေတာ့ ေန႕တိုင္း တစ္ေန႕တစ္ေခါက္ပုံမွန္ အိမ္လာသည္။ ေ႐ႊဘုန္းကိုလည္း နိုရာ့ ကိစၥ နဲ႕ပါတ္သတ္ၿပီး အႀကီးအက်ယ္ဆူထားတာ ေခတ္ေတာင္ ေ႐ႊဘုန္းကို သနားေနမိသည္။ ဒါေပမယ့္ မာမီ ေျပာသလိုပဲ မွတ္ေလာက္ေအာင္ ပညာေပးလိုက္ သားေခတ္ဆိုလို႔ ။ ေ႐ႊဘုန္းကို ေခတ္က အလိုလိုက္လြန္း လို႔လည္း မာမီက ေခတ္ကို ေတာင္ဆူသြားေသးသည္။ ေခတ္က စိတ္ေပ်ာ့တယ္။ ေ႐ႊဘုန္းေခ်ာ့ရင္ တန္းၿပီးေပ်ာ့သြားတာ ။ ေခတ္နဲ႕ ေ႐ႊဘုန္း ကို ဒီတခါ အၾကာဆုံး စိတ္ဆိုးေနတာ ျဖစ္သည္။ အရင္ကစိတ္ဆိုးရင္ တစ္ရက္ေတာင္မျပည့္ဘူး တန္းၿပီး ျပန္ ေျပလည္သြားတာ ။
"ေဟာာ ေခတ္ေလး ဘာလို႔မ်က္ရည္ က်ေနတာလည္း
ေမေမ က လာမယ္ေျပာထားတာကို "
"......."
"မငိုရဘူးေလ
ငိုရင္ ဗိုက္ထဲက ကေလး မ်က္လုံးျပဴးတတ္တယ္ "
ေ႐ႊဘုန္း ပါးစပ္ထဲရွိတာ ေလွ်ာက္ေျပာ လိုက္ေပမယ့္ ၾကားရတဲ့စကားေၾကာင့္ ေခတ္ေတာင္လန့္သြားသည္။ ခ်က္ခ်င္းႀကီးအငို တိတ္ပစ္လိုက္သည္။ ကိုယ္ ကေလး ေလးကို ေတာ့ လွလွပပ က်န္းက်န္းမာမာေလး ေမြးေစခ်င္သည္။ ဘုရားမွာ ဆုေတာင္းရတာလည္းအေမာ ။ ဘုရားတရားဆိုလည္း အရင္ကထက္ ပို လုပ္မိသည္။
"သားငယ္ေလးေရ "
"ဗ်ာ ႀကီသူ "
"ပစၥည္းေတြ လာပို႔ေနတယ္ "
ေခတ္ေလးကို အခန္းထဲမွာ ေခ်ာ့ေနရင္းက ေ႐ႊဘုန္းမွာထားတဲ့ ပစၥည္းေတြ လာပို႔ေနတာေၾကာင့္အိမ္ေရွ႕ထြက္လာခဲ့သည္။
"အားလုံး အခန္းထဲသြင္းေပးပါဗ်"
"ဟုတ္ကဲ့ပါ သူေဌး "
ေ႐ႊဘုန္းကုမၸဏီက ဝန္ထမ္းေတြကို ကိုသူရ လာပို႔ ခိုင္းလိုက္တာျဖစ္မည္။ သားေလးအတြက္ အခန္းကို ေ႐ႊဘုန္းကိုယ္တိုင္ျပင္ေပးမွာမို႔ လိုအပ္တဲ့ ပစၥည္းေတြကို ကိုသူရနဲ႕ မွာလိုက္တာ ။ အျခားသူေတြက လုပ္ေပးမယ္ေျပာေပမယ့္ သားေလးအတြက္ လုပ္ေပးခ်င္တာေၾကာင့္ youtube မွာ အေသးစိတ္ ေလ့လာထားတာ ။
ေခတ္လည္း အိမ္ေရွ႕ထြက္လာၾကည့္လိုက္ေတာ့ ပစၥည္းေတြက အမ်ားႀကီး ကေလး ကစားစရာေတြလို႔ ထင္မိသည္။ ဘာေတြလည္းဆိုၿပီး ေ႐ႊဘုန္း ဘက္ကို လွမ္းၾကည့္လိုက္ေတာ့ ။
"ေခတ္ေလး ေမာင္က သားေလးအတြက္ အခန္းျပင္ေပးမလို႔ ပစၥည္းေတြ မွာလိုက္တာ
ေခတ္ေလး နားနားေနေန ထိုင္ေနေလ "
ေခတ္ ဘာမွ ျပန္မေျပာေပမယ့္ စိတ္ထဲၾကည္ႏူးမိသည္။ ျမင္ေတာင္မျမင္ရေသးတဲ့ သားေလးအတြက္ အခန္းလုပ္ေပးအုန္းမယ္တဲ့ ။ လြန္ခဲ့တဲ့ အပတ္ကလည္း သားေလးအတြက္ ပစၥည္းဝယ္ဆိုၿပီး အတင္းေခၚလို႔ လိုက္သြားရေသးသည္။ ကိုယ္ဝန္ရွိလို႔ အျပင္မထြက္ခ်င္ပါဘူးဆိုေနမွ အခုေတာ့ သူ႕ေၾကာင့္ ကိုယ္မွာ ရွက္ရေသးသည္။ ကေလး ပစၥည္းေတြကို ကားတစီးစာ အျပည့္ ဝယ္လာလိုက္တာ ။ ေစ်းဝယ္ထြက္ၿပီး အျပန္မွာ ဓါတ္ပုံဆိုင္ဝင္ၿပီး ဗိုက္နဲ႕ ပုံေတြ အမ်ားႀကီးပဲရိုက္ေသးသည္ ။ သူဘာေတြႀကိဳ တင္ စီစဥ္ေနမွန္းေတာင္မသိ။ သူဟာနဲ႕ သူေတာ့ ဟုတ္ေနတာပဲ ။ အိပ္ခန္းထဲက မဂၤလာေဆာင္ ဓါတ္ပုံေဘးမွာ ေခတ္ဗိုက္ကိုနမ္းေနတဲ့ပုံကို ပုံႀကီးခ်ဲ့ၿပီးခ်ိတ္ထားေသးတာ ။
"ေအာ္ မာမီ လာတာလား "
"ဟုတ္တယ္ သားေခတ္ေလးဆီလာတာ
သားငယ္ေကာ "
"မာမီ့ သားငယ္က အခန္းထဲမွာ ႏွင္းႏွင္းေရ သမီး အကိုေလး ကို သြားေခၚလိုက္ပါအုန္း "
ေခတ္က ပ်င္းလို႔ ဧည့္ခန္းထဲမွာ သားေလးေမြးရင္ ျပဳစု နည္းေတြကို ipad ကေန ရွာဖတ္ေနတာ ။ ႀကီးသူက ညေနစာ အတြက္ မေအးနဲ႕ႏွစ္ေယာက္ျပင္ဆင္ေနၾကတာ ။ မာမီ့အသံၾကားေတာ့မွ လၻက္သုတ္နဲ႕ေရေႏြးၾကမ္း ဗန္းေလးကိုင္ကာ ဧည့္ခန္းထဲဝင္လာသည္။
"မထား ဆိုင္ က ျပန္လာတာလား "
"ဟုတ္တယ္ ႀကီးသူေရ "
"ႀကီးသူမရွိတည္းက လၻက္ မစားရတာ ၾကာေပါ့ "
မာမီက ႀကီးသူနဲ႕ေနတာ ၾကာေတာ့ ႀကီးသူလက္ရာေတြကို လြမ္း လွၿပီေလ ။ ႀကီးသူ က ဘာလုပ္လုပ္ ေစတနာ ပါလို႔လားမသိ စားေကာင္းတာ ။
"အျပန္ထည့္ေပးလိုက္မယ္ လၻက္ေတြ အမ်ားႏွပ္ထားတာ မထားတို႔အိမ္ေတာ္အတြက္ေကာ "
"ေက်းဇူးပါ ႀကီးသူရယ္ "
"စားခ်င္တာ ေတြ ေျပာပါ မထားရယ္ က်မ ခ်က္ၿပီးပို႔ခိုင္းလိုက္ပါ့မယ္ "
"ေခတ္ေလး
လၻက္ေတြ မစားနဲ႕ ညၾကရင္ အိပ္မေပ်ာ္ပဲေနလိမ့္မယ္ "
"......."
ေခတ္ လၻက္ တစ္ဇြန္းေလးပဲစားရေသးတယ္။ ေမာင္က အျဖစ္သဲလြန္းေနတာ ။ တေန႕ ညက ေခတ္ ညဘက္ အိပ္မေပ်ာ္တာ ၾကည့္ၿပီးသူက လန့္ေနတာ ။ ေခတ္က ဘာမွမျဖစ္ဘူး သူက တစ္ညလုံး ေခတ္ေဘးက မခြာ နိုင္။ ေနာက္ေတာ့ ေ႐ႊဘုန္းသီခ်င္းဆို ျပေတာ့မွပဲအိပ္ေပ်ာ္သြားတာ ။
"နည္းနည္းေလးစားတာပါ သားငယ္ေလးရယ္ "
"မဟုတ္ဘူး မာမီ ေခတ္ေလးက ေမြးဖို႔ အရမ္းနီးေနၿပီ
တခုခုဆို သားရင္ပူလြန္းလို႔ပါ"
ေခတ္က ေ႐ြဘုန္းကို မ်က္ေစာင္းထိုးကာ တဖက္ျပန္လွည့္သြားသည္။ ပိုရန္ေကာဆိုတဲ့ အၾကည့္နဲ႕ ။
" ဘယ္လိုလဲ သားေခတ္ေလးနဲ႕အဆင္ေျပသြားၿပီလား "
"မာမီ ကလည္း သားနဲ႕ေခတ္က ဘာျဖစ္ထားလို႔လဲ"
ေ႐ႊဘုန္းေျပာတဲ့စကားက ေခတ္ေတာင္ အံၾသယူရသည္။ ေ႐ႊဘုန္းကို စကားမေျပာ တာ ၁လရွိတာေတာင္ သူက ဘာမွ မျဖစ္သလို ။ စိတ္ဆိုးေနတဲ့ကိုယ္ေတာင္ အလကားျဖစ္ၿပီလား စဥ္းစားမိေတာ့၏။
~~~~~~~~~~~~~~~
ေခတ္ ဧည့္ခန္းထဲမွာ ရတု ရယ္ မဆုရယ္နဲ႕ အစည္းအေဝး လုပ္ေနသည္။ ဗိုက္ထြက္လာတာေၾကာင့္ ဆိုင္မသြားျဖစ္ေတာ့တာ ၄ လေလာက္ရွိၿပီ။ အစည္းအေဝးကိုေတာင္ အိမ္မွာပဲ လုပ္ဖို႔ ရတုတို႔ ကိုေျပာထားသည္။
"ဆရာ
ဒီလ ထြက္မယ့္ ready to wear ရက္ေ႐ြ႕လိုက္ရမလား
ဆရာလည္း မေပါ့မပါးနဲ႕ဆိုေတာ့ "
"မလိုဘူး ရတု ဆရာ ပုံၾကမ္းေတြ ဆြဲၿပီးသြားၿပီ "
ေခတ္နဲ႕ အနီးနားမွာ ထိုင္ေနတဲ့ ေ႐ႊဘုန္းက မ်က္ေထာက္နီႀကီးျဖင့္ ၾကည့္ေနသည္ ။ ေခတ္သိလိုက္ပါၿပီ ရတုတို႔ ျပန္သြားရင္ ေခတ္ကို ဆူေတာ့မယ္ဆိုတာ ။ အစည္းအေဝးေတာင္မလုပ္ေစခ်င္တာမို႔ ေခတ္နဲ႕အနီးမွာ ရွိတဲ့ ခုံမွာ ထိုင္ၿပီး ေခတ္လုပ္ေနတာေတြကို ၾကည့္ေနတာ ။
"ဆရာ မဆုတို႔ ဒီလအတြက္ ပြဲေတြ"
မဆု က ပြဲတတ္ေတြ နဲ႕ေပးရမယ့္ ပစၥည္းေတြကို ေရးထားတဲ့ tablet ကို ျပ၏။
"ဝါး မနည္းမေနာပါလား အပ္ထည္ေတြ "
"ဟုတ္တယ္ဆရာ "
"မဆုတို႔ ဝန္ထမ္းေတြေကာ နိုင္ရဲ႕ လား "
"မနိုင္ဘူးဆရာ အခုက ready to wear ထြက္ခ်ိန္ဆို စက္႐ုံ ဘက္က လည္း လူလိုတယ္ "
"ဒါဆို ရတုနဲ႕ တိုင္ပင္ၿပီး ဝန္ထမ္းေတြ ထပ္ခန့္လိုက္ပါ
ဆရာ့ကို ေစာင့္မေနနဲ႕ေတာ့
ကိုယ္ဟာကိုယ္ပဲ interview လုပ္လိုက္ေတာ့"
"ဟုတ္ကဲ့ပါဆရာ "
ေခတ္တို႔ အစည္းအေဝး ၿပီးသြားေတာ့ လခ်ဳပ္စာရင္းေတြကို ေခတ္ကိုေပးခဲ့ၿပီး ရတုတို႔ျပန္သြားသည္။ ရတုတို႔ ဝယ္လာတဲ့ အသီးေတြကလည္း ျခင္းေတာင္းတစ္လုံးအျပည့္။ ေခတ္က သားေလး ကိုယ္ဝန္ရွိကတည္းက အသီးကလြဲၿပီး ဘာမွ မစားခ်င္ေတာ့ ။ ညဘက္ဆိုလည္း အသီးေတြပဲ စားခ်င္တာ။
"ေခတ္ေလး
အလုပ္ေတြ လုပ္မေနနဲ႕ေနာ္
ေမာင္ေဒါသ မထြက္ခ်င္ဘူး
လခ်ဳပ္ေတြ စစ္မေနနဲ႕ "
ေမာင္က ေျပာၿပီး သားအခန္းထဲဝင္သြားသည္။ သေဘာကေတာ့ သူ စိတ္ဆိုးတယ္ဆိုပါေတာ့ ေခတ္က ေမာင့္ကို စကားမေျပာေပမယ့္ ေမာင္ဂ႐ုစိုက္တာေတြေတာ့ အရမ္းခံခ်င္တာ ။ ေမာင္စိတ္ဆိုးသြားရင္လည္း မေနတတ္။
ေခတ္လည္း သားအခန္းထဲကို လိုက္ဝင္လိုက္သည္။ သူက ၁၀ရက္ေလာက္ရွိေနၿပီ အခန္းျပင္ေနတာ ။
"ဝါး လွလိုက္တာ "
ေခတ္ ႐ုတ္တရက္ ပါးစပ္က ထြက္သြားေလသည္။ ေမာင္က ေခတ္ေျပာလိုက္ေတာ့ ၿပဳံးၿပဳံးၾကည့္ေနေတာ့သည္။ အခန္းတစ္ခုလုံး နံရံကပ္စကၠဴကို ကားပုံ ပါတဲ့ ကာတြန္းစေတကာေတြၾကည့္ပဲ ။ ခုတင္ကလည္း ကားပုံစံေလး အိပ္ယာ အခင္းကေတာ့ စပိုက္တာမန္း ပုံ ေလးေတြ။ တစ္ခန္းလုံး ေယာက်ာ္းေလး အႀကိဳက္ ကားေလးေတြ စက္႐ုပ္ေလးေတြကလည္း အ႐ုပ္စင္မွာအျပည့္။ ေမာင့္ စိတ္ကူးကေတာ့ သားေလး မေျပာနဲ႕ ေခတ္ေတာင္ ေနခ်င္လာသည္။
"ေမာင္က ေတာ္တယ္မို႔လား "
ခ်ီးက်ဴးခံခ်င္လို႔ လုပ္ေနတဲ့႐ုပ္က ျပည္ တည္တည္ ။ ေခတ္လည္း မ်က္ႏွာ တည္တည္ျဖင့္ ေျပာပစ္လိုက္သည္။
"ပိုက္ဆံေတြ တအားေပါေနတယ္ေပါ့ "
ေခတ္ စကားမေျပာတာၾကာၿပီေလ။ ေျပာလိုက္ေတာ့လည္း ခ်ီးက်ဴးစကားမဟုတ္တာေၾကာင့္ ေမာင္က မ်က္ႏွာေလးကို ညွိးေနေတာ့သည္။
"ေခတ္ေလးကလည္း
ေမာင္ရွာေနတာေတြက သားနဲ႕ ေခတ္ အတြက္မွမသုံးရင္ ဘယ္သူ႕အတြက္သုံးရမွာလဲ "
~~~~~~~~~~~~~
"ေအာ္ အဏၰဝါ ပါလား "
မနက္စာ စားၿပီးအခန္းထဲကထြက္ေတာ့ အဏၰဝါ က ဧည့္ခန္းမွာ ေမာင္နဲ႕ စကားေျပာေနၾကသည္။ ေမာင္က ဧည့္သည္ေရာက္တယ္ဆိုတာေၾကာင့္ ေခတ္ အရင္ ထမင္းစားခန္းထဲက ထသြားတာ ျဖစ္သည္။
"အကို ေခတ္ ေမြးေတာ့မွာလား "
"ဟုတ္တယ္ အဏၰဝါ ၁လခြဲေလာက္ပဲလိုေတာ့တယ္ "
"ေနလို႔ ေကာင္းတယ္မို႔လား အကိုေခတ္ "
"ေကာင္းပါတယ္ အဏၰဝါ"
"ေခတ္ေလး ေမာင္ အဏၰဝါနဲ႕ ခဏ လိုက္သြားလိုက္အုန္းမယ္
ကား showroom အသစ္ဖြင့္ဖို႔ ေဆာက္ေနတာ လိုက္ၾကည့္လိုက္အုန္းမယ္ "
"အင္းပါ "
အဏၰဝါ ေရွ႕မွာ ေမာင္က ေခတ္ကို အလုပ္အေၾကာင္း ေျပာကာ အခန္းထဲဝင္သြားသည္။ ေမာင့္ အတြက္ အကၤ်ီထုတ္ေပးဖို႔ အခန္းထဲဝင္လာလိုက္သည္။ ေမာင္က ေခတ္ အကၤ်ီျပင္မေပးရင္ အဝတ္အစားေတြ အားလုံး ပြေအာင္ လုပ္မယ္ဆိုတာ သိေနတာေၾကာင့္ ။
"ေခတ္ေလး နားနားေနေန ေနေနာ္
ဆိုင္အလုပ္ေတြလည္း ခိုးၿပီးလုပ္မေနနဲ႕ "
ေခတ္ထုတ္ေပးတဲ့ အကၤ်ီဝတ္ေနရင္းက ေျပာေနက် စကားျဖင့္တဲ့ ဂ႐ုစိုက္ဖို႔ အႀကိမ္ႀကိမ္မွာေနျပန္သည္။ ေမာင္က အလုပ္မသြားတာ ၾကာေနၿပီ။ ဒီ ကား showroom ေတာင္ သားေလး ေမြးလာရင္ အမွတ္တရ အေနနဲ႕ ဖြင့္ပြဲလုပ္ဖို႔ ကိုယ္တိုင္ ႀကီးၾကပ္ေနတာ ျဖစ္သည္။
"ေမာင္ ေစာေစာျပန္လာမယ္ေနာ္ ျပန္လာမွ ထမင္းအတူတူစားမယ္ "
"႐ႊတ္ "
ေခတ္ နဖူးေလးကို ၁လအတြင္း ပထမဆုံးအႀကိမ္ နမ္းသြားတာ ။ ေခတ္ကိုမနမ္းတာေတာင္ၾကာေနၿပီ။ ေခတ္နဲ႕ skinship လုပ္တဲ့အခ်ိန္က လမ္းေလွ်ာက္တဲ့အခ်ိန္ပဲရွိသည္။ က်န္တဲ့ အခ်ိန္ေတြဆို ေခတ္ေလးစိတ္ဆိုးေနမွန္းသိလို႔ လုံးဝ မထိမကိုင္ မနမ္းတာပါ။
ညေန ၄ နာရီေလာက္ကတည္းက ေခတ္ၿခံထဲမွာ လမ္းဆင္းေလွ်ာက္ရင္း ေမာင့္ကို ေမွ်ာ္ေနမိသည္။
"Message ေလးေတာင္မပို႔ဘူး
ေနနိုင္လိုက္တာ "
ေမာင့္ဆီက အရင္ကတခ်ိန္လုံးကပ္ေနၿပီးအဆက္အသြယ္ မရေတာ့လည္း စိတ္ပူလာသည္။
ေမာင့္ကို ဖုန္းေခၚဖို႔ လုပ္လိုက္သည္။ ဒီအတိုင္းႀကီးေနတာထက္စာရင္ ဖုန္းေခၚလိုက္တာက စိတ္ေအးရသည္။ မနက္ထဲက ထြက္သြားတာခုထိဆိုေတာ့ လြမ္းေနတာလည္း ပါသည္။
📲တူတူတူ
📞ေအာ္ အကို ေခတ္
📞ေ႐ႊဘုန္းေကာ
📞Boss က ကားshowroomဆိုဒ္ထဲမွာ ေျခေတာက္ နည္းနည္း ထိမိသြားလို႔ ဓါတ္မွန္အခန္းထဲမွာ
ေခတ္ေခါင္းထဲမိုက္ခဲနဲျဖစ္သြားသည္။ ေမာင္ဒဏ္ရာ ရတယ္တဲ့လား ေခတ္စိတ္ကို တင္းလိုက္ၿပီး ။
📞အရမ္းမ်ားသြားလား ကိုသူရ
📞အရမ္းႀကီးေတာ့မဟုတ္ပါဘူး စိတ္မပူပါနဲ႕ အကို ေခတ္
ေခတ္ ဖုန္းခ်ၿပီး အကၤ်ီ အေပၚထပ္ ဝတ္ကာ မင္းသူကို ကားေမာင္းခိုင္းၿပီး ေမာင္တို႔ ပိုင္တဲ့ ေဆး႐ုံကို လိုက္သြားလိုက္သည္။
ေဆး႐ုံေရွ႕မွာ အဏၰဝါက ဖုန္းေျပာေနတာမို႔။
"အဏၰဝါ ေမာင္က ဘယ္အခန္းမွာလဲ"
"ေအာ္ အကို ေခတ္ လိုက္မလာလည္းရတာကို ေခ်ာ္လဲေနပါအုန္းမယ္ ေျဖးေျဖးေလွ်ာက္ပါ "
အဏၰဝါ က ဥိီးေဆာင္ကာ ေ႐ႊဘုန္းေဆးကုေနတဲ့ ဌာနသို႔ေခၚသြားေလသည္။
"ဟင္ !!!"
"ေမာင္ .....ဘာျဖစ္တာတဲ့လဲက်ိဳးသြားေသးလား
ဘယ္လိုေနေသးလည္း
အရမ္းနာေနတာတာလား
ေမာင္က ဘာလို႔ ဂ႐ုမစိုက္တာလဲ
တခုခု ဆို ေခတ္နဲ႕သားေလးက ဘယ္လိုလုပ္မလဲ "
ခုတင္ေပၚမွာ လွဲေနတဲ့ေ႐ႊဘုန္းကို ျမင္ကတည္းက ေခတ္က ေပါက္ေပါက္ေဖာက္သလိုေျပာေနေတာ့သည္။ ေခတ္ေလး ငိုေနတာေၾကာင့္ ေ႐ႊဖုန္း က သူ ဘာမွမျဖစ္ေၾကာင္း ၊က်ိဳးလည္းမက်ိဳးေၾကာင္းအေသးစိတ္ေတြ ေျပာျပေနရသည္။ ေခတ္ေလးရဲ႕ စိတ္ဆိုးမႈေတြ ေျပသြားလို႔ ေ႐ႊဘုန္းကေတာ့ ေျခေတာက္ျဖစ္တာ ေပ်ာ္ေတာင္ေနေတာ့သည္။ မ်က္ႏွာမွာလည္းၿပဳံးၿပီး ဘာမွ မျဖစ္သလိုပဲ ။
"ဟင္ !!!ဆရာမ "
"ဟုတ္ပါတယ္အကို
ေ႐ႊဘုန္း က ဘာမွ မျဖစ္ပါဘူးစိတ္မပူပါနဲ႕
ေျခေခါက္သြားတာေၾကာင့္ ေျခမ်က္ေစ့ ဒဏ္ရာရသြားတာပါ (ankle sprain )
က်ိဳးသြားတာ မဟုတ္ပါဘူး "
"အနားယူလိုက္ရင္သက္သာသြားမွာပါ "
ေခတ္ ဇတ္တင္းၿပီးနာ(neck muscle spasm )တုန္း က ကုေပးတဲ့ physiotherapist (အေၾကာအဆစ္ကုပညာရွင္) ဆရာမယြန္းယုယ နဲ႕ပဲေမာင္က ျပန္ကုေနရသည္။ ဆရာမက သေဘာေကာင္းလြန္းၿပီးအေသးစိတ္က အစ ေျပာျပလို႔ အရမ္းေတြ ဝမ္းသာ သြားေတာ့သည္ ။
"အခု အေအးေပးတဲ့ စက္ (cryotherapy )နဲ႕ ကုသမယ္ေနာ္
ေ႐ႊဘုန္း တခုခု မူမမွန္ ေျပာ အေအးဓါတ္မခံနိုင္ရင္လည္းေျပာ"
"ေအး သယ္ရင္း "
"အကိုက ကိုယ္ဝန္နဲ႕မို႔ ဆရာမ ႐ုံးခန္းထဲက ေစာင့္ေနလိုက္ပါေနာ္ "
"ဟုတ္ကဲ့ပါ ဆရာမ "
ယုယတို႔ physiotherapy စက္ခန္းထဲမွာ ရွိတဲ့ စက္ေတြ အမ်ားစုက ကိုယ္ဝန္ သည္ေတြဆို ကုလို႔ မရပါဘူး ။ စက္ေတြက ray ေတြ ထြက္တဲ့အတြက္ေၾကာင့္ traetment ေပးေနတဲ့ စက္ေတြနဲ႕ 30 မီတာ အကြာမွာ ေနတာ ေဘးအကင္းဆုံးမို႔ အကို ေခတ္ကိုရွင္းျပလိုက္ရသည္။ ဒီတိုင္းဆို ကိုယ့္သူငယ္ခ်င္းႀကီးကလည္း သူ႕ ေယာက်ာ္းလက္ကို ကိုင္ထားတာလႊတ္မယ့္ပုံမေပၚ။ သူေယာက်ာ္းကလည္း စိုးရိမ္လြန္ေနၿပံး အခန္းထဲကို ထြက္မယ့္ပုံမေပၚတာမို႔ ။ တခါတခါ ေဆးကုေနရင္း rs ေတြ ro ေနတာျမင္ရင္ fa ဆရာမေလးက j ေတြ ဝင္ေနတတ္တာေပါ့ ။
မိနစ္ ၃၀ ေလာက္ၾကာေတာ့ ေမာင္ က
တုတ္ေကာက္ေလးနဲ႕ ေျခေတာက္မွာလည္း ေမွ်ာ့ ပတ္တီး (elastic bandage ) စီးထားသည္။
"ဆရာမ အိမ္ေရာက္ရင္ ေခတ္ ဘာလုပ္ေပးရအုန္းမလဲ "
"အိမ္ေရာက္ရင္ ေျခေတာက္ကို လႈပ္လႈပ္ရွားရွား မလုပ္ဖို႔ အဓိကမွာခ်င္ပါတယ္
ၿပီးေတာ့ ေျခေတာက္ေအာက္ကိုတြဲေလာင္းခ်ထားရင္ ေယာင္လာတတ္တာမို႔ ေျခေတာက္ကိုအျမင့္မွာ တင္ထားဖို႔ ေျပာခ်င္တယ္
ေျခဆင္းအိပ္ရင္လည္းမို႔လုံးေပၚ ေျခေတာက္တင္ထားပါ
ထိုင္ေနရင္လည္း ေျခေတာက္ကို တစ္ခုခုေပၚတင္ထားပါ
ေဆးပူေတြမလိမ္းပါနဲ႕အုန္းေနာ္ ၂နာရီျခားတစ္ခါ ၃နာရီျခားတစ္ခါ ေရခဲ ကပ္ေပးပါ
ျဖစ္ျဖစ္ခ်င္း ေဆးပူေတြလိမ္းရင္ ေပ်ာက္ဖို႔ၾကာသြားတတ္လို႔ပါ
ဒဏ္ရာ ရၿပီး ၄၈ နာရီအတြင္း ေရခဲကပ္ေပးတာ အေကာင္းဆုံးပါပဲ
ပတ္တီး စီးနည္းက ေ႐ႊဘုန္းကို ေသခ်ာ ျပလိုက္ပါတယ္ ပတ္တီးလည္း စီးထားဖို႔ လိုပါတယ္ အေယာင္က်ေအာင္ ပါ
လမ္းေလွ်ာက္ရင္ တုတ္ေကာက္နဲ႕ အားျပဳေလွ်ာက္ပါ "
"ေက်းဇူးပါ ဆရာမ "
"ရပါတယ္အကိုေခတ္ "
"သယ္ရင္း မနက္ျဖန္ဘယ္အခ်ိိန္ လာရမွာလဲ "
"ညေန ၅ နာရီက ၈နာရီဆို ငါရွိတယ္ "
"အိုေကသယ္ရင္းေက်းဇူး "
"ျပန္လိုက္ပါအုန္းမယ္ဆရာမ "
"ဟုတ္ကဲ့ပါ အကို "
ေဆးခန္းထဲက ထြက္လာေတာ့ ေ႐ႊဘုန္းက တုတ္ေကာက္နဲ႕ ေခတ္ကို လည္း ကိုင္ထားေသးသည္။
"ေခတ္ေလး ေခွ်ာ္မယ္ဂ႐ုစိုက္ "
"ေခတ္ကရတယ္ ေမာင္ပဲ "
ေမာင္က ေပ်ာ္႐ႊင္ျမဴးတူးေနေတာ့ ေခတ္က ေျခေတာက္နာ တာခ်က္ခ်င္း ေကာင္းသြားတာလားလို႔ ေမးလိုက္ သည္။
"ေမာင္က ေခတ္နဲ႕သားေလး ေဘးမွာရွိရင္ ဒီဒဏ္ရာက ေအးေဆး "
အခ်စ္မ်ားစြာျဖင့္ 🌻
8.6.2022(Wed)