"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်"...

Han_suehe6 tarafından

331K 19.6K 599

ဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ့လိုက်အောင်ဖူးဖူးမှုတ်ထားမယ်ဆိုတာက... Daha Fazla

Hello
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
The End
"ကျေးဇူးတင်လွှာ"
"fic characters ❣️"

Part-11

8.5K 543 17
Han_suehe6 tarafından

For Unicode

"မမကြီး ပြောချင်တာက"

"တို့...တို့ ဖူးကို အိုကွယ် မဖြစ်သင့်ပါဘူးလေ ဘာမှမဟုတ်တော့ပါဘူး"

"ဟုတ်ကဲ့ပါ အဲ့တာဆို ဖူးနေ့လည်စာ ယူလာပေးမယ်နော်...နေ့လည်စာမစားခဲ့ရဘူးဆိုတော့ မမကြီး ဗိုက်ဆာနေရောပေါ့"

"ဒီကိုမယူလာပါနဲ့...တို့အောက်ဆင်းစားပါ့မယ်"

"ဟုတ်ကဲ့..အာ့ဆို ဖူး ထမင်းဝိုင်းသွားပြင်ထားလိုက်မယ်နော်"

ဒေါ်ခတ္တာမေ ခေါင်းတစ်ချက်သာငြိမ့်ပြပြီး သူ့အခန်းထဲသူဝင်သွားသည်...

"ဟူးး..ဖူးသစ္စာလှိုင်နင်ဘာတွေမျှော်လင့်နေတာလဲ..မမကြီးဆီက ဘာစကားကိုမျှော်‌လင့်နေတာလဲ..မဖြစ်နိုင်တာတွေကိုမျှော်လင့်မနေစမ်းပါနဲ့ နင့်မှာ ရည်းစားရှိတယ်ဆိုတာကိုသတိရစမ်းပါဟာ" ဖူး တစ်ယောက်ခေါင်းကိုတွင်တွင်ရမ်းကာ သူ့ကိုယ်သူ စိတ်ထဲကနေသတိပြန်ပေးနေခြင်းပင်...ထို့နောက်လှေကားပေါ်က ဆင်းလာတော့ ဖူးကို ကြီးကြီးမြင့်ရယ် မဝေရယ် ပန်ပန်ရယ်ဝိုင်းကြည့်နေခြင်းကြောင့်...

"အယ် ဘာလို့ ဖူးကို ဝိုင်းကြည့်နေကြတာလဲဟင်..ဖူးမျက်နှာမှာ တစ်ခုခုပေနေလို့လား"

"မဟုတ်ပါဘူး...ဟို မမကြီးနဲ့ အခြေအနေ" ပန်ပန်မေးတဲ့မေးခွန်းကို ကျန်တဲ့နှစ်ယောက်ကပါသိချင်တယ်ဆိုတဲ့ပုံစံဖြစ်နေတာကြောင့်

"အော်...အဆင်ပြေသွားပါပြီ"

"ဘာဖြစ်ကြတာလဲဟင်"

"ကယ် ပန်ပန်ရယ် သိပ်ကိုစပ်စုပါရောလား"ကြီးကြီးမြင့်မှ စပ်စုနေသော ပန်ပန်ကိုပြောလိုက်ခြင်းပင်...ဖူးသစ္စာလှိုင်လည်းအကြောင်းစုံတော့မပြောပြချင်  ဒေါ်ခတ္တာမေက ဖူးလိုအလုပ်သမားတစ်ယောက်အတွက်နဲ့ဒီလိုလုပ်မယ်ဆိုတာကို ဘယ်သူမှမထင်ထားတာကြောင့် မလိုအပ်ပဲ ဒေါ်ခတ္တာမေအပေါ် အထင်အမြင်လွဲတာတာတွေမဖြစ်စေချင်တာကြောင့်ဖြစ်သည်။

"အ‌ဆင်ပြေသွားတဲ့အသံကြားလို့ ကြီးကြီးမြင့်စိတ်အေးရပါပြီကွယ်...မမကြီးက ‌သွေးအေးအေးနဲ့ဒေါသသိပ်ကြီးတာကွဲ့ အဲ့တာကြောင့် ဖူးကို ကြီးကြီးမြင်တို့က စိတ်ပူနေတာ"

"အာ ဟုတ်ကဲ့ပါကြီးကြီး... ဒါနဲ့လေမမကြီးက နေ့လည်စာကို အောက်မှာပဲစားမယ်တဲ့ ဖူးတို့ ပြင်ဆင်စရာ ရှိတာ ပြင်ကြမယ်လေနော်"

"အေးအေး"

******
"ဘာတွေဘယ်လိုလုပ်ရမလဲ မသိတော့ဘူးကလေးရယ်..ကိုယ့်သမီးအရွယ် ကိုယ့်တူမလေးအရွယ်ပေါ်မှာမှ ရင်ခုန်မိနေတာ မဖြစ်သေးဘူးလေနော်..ဒါပေမဲ့ နှလုံးသားက ဖြစ်ပေါ်လာတာကို ဘယ်လိုနည်းနဲ့တားရမလဲကွယ်..ပြီးတော့ အန်တီ မင်းကို ဆုံးရှုံးရမှာကြောက်နေတယ်..အန်တီ့နားကနေ တစ်ချိန်မဟုတ်တစ်ချိန် ဖူးထွက်သွားမယ်ဆိုတာ သိနေပေမဲ့ မထွက်သွားစေချင်ဘူးကလေးငယ်ရယ် တို့အနားမှာပဲနေစေချင်တယ်ကွယ် ဒါကမင်းအပေါ်မှာ ဖြစ်တည်လာတဲ့တို့ရဲ့အတ္တလေးပါ..ကျေးဇူးပြုပြီး တို့အနားမှာပဲနေပေးရင်သိပ်ကောင်းမှာပဲ..အန်တီမင်းကိုသိပ်ချစ်မိနေပြီထင်ပါရဲ့"

"မမကြီး မနှင်ထုတ်မချင်း ဖူး မထွက်သွားပါဘူး"

"ဟင်...ဖူး ဘယ်လိုလုပ်"

" ထမင်းစားလို့ရပြီဆိုတာ လာပြောတာပါ တံခါးကစိရုံပဲစိထားလို့ ဖူး အကုန်ကြားပါတယ်...ဒါနဲ့ ဖူးကြားတာတွေက အမှန်လားဟင်"

"ဒါပေမဲ့ တို့တွေက မဖြစ်သင့်‌ဘူးလေကွယ်"

ဖူးသစ္စာလှိုင်တစ်ယောက် ဒေါ်ခတ္တာမေအရှေ့မှာရပ်လိုက်ပြီး...

"မမကြီး ဖူးကို ချစ်လားဟင်"

"အိုကွယ်...ဘယ်လိုတွေမေးနေတာလဲ"

"‌ဖူး မေးတာကို ဖြေပေးပါ ချစ်လားဟင်"

"ခုနတုန်းက အကုန်ကြားတယ်မလား အဲ့မှာအဖြေပါသွားပြီလေကွယ်"

"မမကြီး ကိုယ်တိုင်ပြောတာကြားချင်လို့ပါ"

"ဒီကလေးနဲ့ ခက်ရချည်ရဲ့"လို့စိတ်ထဲက တွေးလိုက်ကာ...

"အွန်း တို့ ဖူးကိုချစ်တယ်..တို့ရဲ့ရင်ခုန်သံတွေက ဖူးနဲ့ကျမှ ဖြစ်ပေါ်လာတာမို့လို့ တို့ပိုသေချာတယ်ဖူး..ဒါပေမဲ့ မဖြစ်နိုင်သလို မဖြစ်သင့်ဘူးလေနော်" လို့ပြောကာ မှိုင်သွားတဲ့ အန်တီကို ဖူး ဖက်လိုက်ပြီး...

"ဖူးလည်း မမကြီးကို ချစ်မိနေပြီထင်တယ်..ဒါပေမဲ့ဖူးတို့က"

"တို့သိပါတယ်ကွယ်..တို့နှစ်ယောက်က ဘယ်လိုမှမဖြစ်သင့်ပါဘူး တို့သိပါတယ်ကလေးငယ်ရယ်..အဲ့တာကြောင့်တို့‌တွေ ဒီတိုင်းလေးပဲနေသွားကြရအောင်လေနော်..အခု ရင်ထဲကစကားတွေကို အပြန်အလှန်ဖွင့်ဟပြီးပြီပဲ အနည်းဆုံးတော့ တူမနဲ့အဒေါ်ဆက်ဆံရေး‌လောက်တော့တို့‌တွေနေလို့ရပါသေးတယ်ကွယ်"

"ဟုတ်ကဲ့ပါမမကြီး"

"အန်တီလို့ပဲခေါ်ပါ ဖူးကို အန်တီ့ရဲ့တူမလေးအဖြစ် သတ်မှတ်လိုက်ပြီမို့လို့ အန်တီလို့ပဲခေါ်ပါနော်"

"ဟုတ်ကဲ့ပါ အန်တီ..တကယ်တော့ ဒီနာမ်စားလေးက ဖူးအရင်ထဲက အန်တီ့ကိုခေါ်ချင်နေတဲ့နာမ်စားလေးသိလား"

"ကြည့်စမ်း တို့ကို အရင်ထဲက အဒေါ်တော်ချင်နေတာပေါ့"

"ဒါကတော့ အန်တီက လှတာကို အဲ့တာကြောင့် ဖူးရဲ့ အဒေါ်သာ ဖြစ်လိုက်ရင်ဘယ်လောက်ကောင်းမလဲဆိုပြီးတွေးတာပါ ဟီး"

"အွန်းပါ ဟုတ်ပါပြီ..ကယ် သွားကြ‌ရအောင်လေ အန်တီဗိုက်ဆာနေပြီ..ဖူးလည်းတူတူလာစားလေနော်"

"ဟုတ်ကဲ့ပါ အန်တီ"

တကယ်တော့ မဖြစ်သင့်ဘူးဆိုတာရဲ့ အကြောင်းပြချက်က ဖူးအတွက်တော့မိန်းကလေးချင်းချင်းဖြစ်နေလို့ အသက်ကွာနေလို့ဆိုတဲ့အတွက်ကြောင့်မဟုတ်..ဖူးမှာ ရည်းစား‌ရှိနေတဲ့အတွက်ကြောင့်ဖြစ်သည်။ဖူး အန်တီ့ကို သိပ်ချစ်သည်..အန်တီနဲ့ကျမှ ဖူးပိုရင်ခုန်တတ်လာသည်..အန်တီ့ရဲ့ဖြစ်တည်မှုတိုင်းကို ဖူးတကယ်ကိုမြတ်နိုးလှသည်..ဒါပေမဲ့ ဖူး လှေနံနှစ်ဖက်နင်းတဲ့သူမဖြစ်ချင်..အန်တီ့ကိုချစ်လို့ ခန့်အောင်ကိုမချစ်ဘူးလားဆိုတော့ မဟုတ် ဖူး ခန့်အောင်ကိုလည်းချစ်ပါသည်..ခန့်အောင်အပေါ်မှာထားတဲ့ဖူးရဲ့ချစ်ခြင်းကိုတော့ဖူး သေချာပေမဲ့ အန်တီ့အပေါ်ထားတဲ့ဖူးရဲ့ချစ်ခြင်းကိုဖူးမသေချာသေး ဒါဟာအနေနီးလို့ ခဏတာ စိတ်ကစားမိသွားတာဖြစ်နေမှာကိုဖူး ကြောက်နေခြင်းကြောင့်ဖြစ်သည်..

ချစ်ရတဲ့သူကို အဒေါ်နဲ့တူမဇုန်ထဲသွင်းလိုက်ရတာဟာတကယ်ကိုခံစားရခက်လွန်းသည်...ဘယ်သူမဆိုကိုယ်ချစ်တဲ့သူကိုပိုင်ဆိုင်ချင်ကြတာအမှန်ပင်..မပိုင်ဆိုင်ရလည်းဖြစ်တယ်ဆိုတဲ့ မုသားစကားရဲ့နောက်ကွယ်မှာ နာကျင်မှုတွေကလှောင်ရယ်နေတတ်သလို အခု ဒေါ်ခတ္တာမေကိုလည်း လှောင်ရယ်နေကြပြန်ပြီ..နာကျင်ရသည် အသည်းထဲအထိနစ်နေအောင် နာကျင်ရသည်..ဒါပေမဲ့ "ဖူးလည်းမမကြီးကိုချစ်မိနေပြီထင်တယ်"ဆိုတဲ့စကားတစ်ခွန်းနဲ့တင် အချစ်မှာဆက်ရူးဖို့ လုံလောက်တဲ့အင်အားတွေဒေါ်ခတ္တာမေမှာရှိသည်..40ဆိုတဲ့အသက်အရွယ်ကျမှ ကိုယ့်ထက် 20လောက်ငယ်နေတဲ့ကလေးမလေးတစ်ယောက်အပေါ်မှာအချစ်ကြောင့်နဲ့ကျရှုံးသွားတာဟာ ဒေါ်ခတ္တာမေအတွက်ရယ်ချင်စရာတော့ကောင်းလှသည်..‌အဒေါ်နဲ့တူမဆိုတဲ့စည်းကြားကနေပဲ 1500အချစ်တွေနဲ့ ကလေးငယ်အပေါ်ဆက်ချစ်သွားမယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်သည်။

*****
"ကြီးမြင်တို့ကောစားပြီးပြီလား"

"ဟုတ်ကဲ့စားပြီးပါပြီ မမကြီး"

"အာ့ဆို ဖူး လာထိုင်စားလေ"

"ဟုတ်ကဲ့ အန်တီ"
ဖူးသစ္စာလှိုင်နဲ့ ဒေါ်ခတ္တာမေတို့တစ်ယောက်အပေါ်တစ်ယောက်ခေါ်နေတဲ့ အခေါ်အဝေါ်တွေကြောင့် ဘေးမှာရှိနေတဲ့ ကြီးကြီးမြင့်တို့မှာ အလွန်ပင်အံ့ဩသွားကြသည်။

ခဏတာ တိတ်ဆိတ်သွားသော ထမင်းစားဝိုင်းကို ဖြိုခွဲလိုက်သူမှာ ဒေါ်ခတ္တာမေပင်..

"ဒါနဲ့ ဖူး အရင်က ဘာအလုပ်လုပ်တာလဲ"

"ဖူးအရင်က ဂိုက်ဆရာမ လုပ်တာပါအန်တီ..ပါးပါးက ဖူးကို ဘာအလုပ်မှမလုပ်ခိုင်းဘူးလေ..ဖူး ဆရာမ အလုပ်ကိုသဘောကျလွန်းလို့သာ ပါးပါးကခွင့်ပြုထားတာ..ပါးပါးက တစ်ချိန်ကျရင် သူ့ companyကို ဦးဆောင်ခိုင်းမှာလေ..ဒါပေမဲ့ အခုတော့ အဲ့အစီအစဉ်က ပျက်ပြီထင်ပါရဲ့"

‌"အော် အွန်းပါ"
ဖူးကတော့ပြုံးပြုံးလေးပြောလိုက်ပင်မဲ့ ဒေါ်ခတ္တာမေစိတ်မကောင်း ကလေးတစ်ယောက်ရဲ့ တက်လမ်းကို သူ ပိတ်လိုက်မိတာလားလို့တွေးလိုက်ကာ အကြွေးတွေကိုချေပေးလိုက်ချင်ပေမဲ့ အကြွေးသာကျေသွားရင် သူသိပ်ချစ်ရတဲ့ သူ့ရဲ့ကလေးငယ်လေး သူ့အနားကနေမြန်မြန်ထွက်သွားမှာကိုလည်းကြောက်ကာ တစ်ကိုယ်ကောင်းဆန်စွာနဲ့ပဲ "အော်အွန်းပါ" လို့သာပြောလိုက်ခြင်းဖြစ်သည်...
ထို့နောက် ပြန်လည်တိတ်ဆိတ်သွားတဲ့ထမင်းဝိုင်းကနေ...

🎶 Picture-perfect , you don't need no fitter 🎶(တွေ့တဲ့သီချင်းကောက်ထည့်လိုက်တာ🥴)

ထိူသီချင်းက ဖူးသစ္စာလှိုင်ရဲ့ဖုန်းကနေထွက်ပေါ်လာခြင်းပင်...ဖုန်းလာသံကြားတာကြောင့် ဒေါ်ခတ္တာမေ မသိမသာလေးလှမ်းကြည့်လိုက်တော့ "ကိုကို" ဆိုတဲ့နာမ်စားလေးကြောင့်ရင်ဘတ်ထဲကနေ ဒိန်းကနဲဖြစ်သွားပေမဲ့ ဟန်မပျက် ထမင်းကိုဆက်စားနေကာ...

"အန်တီ..ဖုန်းလာလို့ ဖူး သွားပြောလိုက်အုံးမယ်နော်"
မျက်နှာလေးပြုံးရိပ်သန်းကာ ခွင့်တောင်းလာတဲ့ ကလေးကြောင့် ဒေါ်ခတ္တာမေခေါင်းသာတစ်ချက်ငြိမ့်ပြလိုက်သည်...

"ကြီးမြင့်..ကျွန်မပန်းကန်ကိုသိမ်းလိုက်တော့နော်"

"ဟို မမကြီး နည်းနည်းလေးပဲရှိသေးတယ်လေစားတာ"

"ဟုတယ် ကျွန်မ စားချင်တဲ့စိတ် သိပ်မရှိလို့ပါ ခေါင်းလည်းနည်းနည်းကိုက်နေလို့ သွားနားတော့မယ်"

"ဟုတ်ကဲ့ပါ ဖူးနဲ့ ဆေးလှမ်းပို့ခိုင်းလိုက်ရမလား မမကြီး"

"ရပါတယ် ဆေးတွေလည်းမသောက်ချင်ဘူး..နည်းနည်းအိပ်လိုက်ရင် သက်သာသွားမှာပါ"

"ဟုတ်ကဲ့ပါ မမကြီး"

*******
"တို့က ထိလွယ်ရှလွယ်တဲ့ လူတစ်ယောက်မဟုတ်ပေမဲ့ မင်းနဲ့ပတ်သတ်ရင်တော့ အရမ်း sensitiveဖြစ်နေမိတယ်ကလေးငယ်ရယ် ကလေးငယ်ဖုန်းရဲ့ contactထဲက "ကိုကို"ဆိုတဲ့နာမ်စားက တို့ထင်နေသလိုမဖြစ်ပါစေနဲ့"လို့ဆုတောင်းကာ ခေါင်းကိုက်တာ နှစ်ဆဖြစ်လာတာကြောင့် ဘာကိုမှမတွေးတော့ပဲ အိပ်ပျော်အောင်သာ အိပ်လိုက်တော့သည်...

တစ်ဖက်တွင်လည်း

"ကိုကိုလည်းနော် အခုမှ ဖုန်းဆက်တော့တယ်"

"တောင်းပန်ပါတယ် ငယ်ရယ် ကိုကိုဟိုမှာ အလုပ်တွေအရမ်းရှုပ်နေလို့ပါ..ငယ့်ကို ကောင်းကောင်းမွန်မွန်နဲ့ပါးပါးဆီမှာလာတင်တောင်းချင်လို့ ကိုကို အလုပ်ကြိုးစားရမယ်လေ မဟုတ်ဘူးလား"

"ကိုကိုနော် သူများအဖေကို ပါးပါးတဲ့ ပိုင်စိုးပိုင်နက်နဲ့"

"ဟားဟား ငယ့်ရဲ့အဖေက ကိုကို့ရဲ့အဖေပဲပေါ့ငယ်ရဲ့..ပါးပါးတောင် ကိုကို့ကိုသားမတ်အဖြစ်ရွေးချယ်ထားတာပဲကို"

"ဟုတ်ပါပြီရှင်ရယ်..ဒါနဲ့ကိုကို ဟိုမှာနေရတာ အဆင်ပြေရဲ့လား"

"အွန်း ပြေပါတယ်..တစ်ခုပဲ ငယ့်ကို လွမ်းနေရတာကတော့တကယ်အဆင်မပြေဘူးကွာ"

"ဟွန့်ပိုကို ပိုတယ်နော်"

"‌ဟော် မပိုရပါဘူးဗျာ လိုတောင်လိုနေတာ..ကယ် ငယ်ရေ ကိုကို နောက်အားမှ အကြာကြီး‌ဖုန်းပြောကြမယ်နော် အခုခဏနားတုန်းလေးဖုန်းခိုးဆက်လိုက်တာအခုအလုပ်ရှင်ကခေါ်နေလို့ ကိုကိုသွားတော့မယ်နော်"

"ဟုတ်ကဲ့ပါ ကိုကို ကျန်းမာရေးဂရုစိုက်အုံးနော်"

"ဟုတ်ကဲ့ပါဗျာ ဖုန်းမချခင်လေး အာဘွားလေးမပေးချင်ဘူးလား"

"ကိုကိုနော်...အာဘွား ရပြီလား"

"ရပြီ ဒီနေ့တစ်နေ့ အလုပ်လုပ်ဖို့ အင်အားတွေရှိသွားပြီကွ...ကယ်တာ့တာငယ်"

"တာ့တာပါကိုကို"
ဖုန်းချပြီးတော့ ဖူး သက်ပြင်းအရှည်ကြီးချလိုက်ကာ လေပူတွေကိုမှုတ်ထုတ်လိုက်ပြီးတော့...

"အန်တီရယ် ဖူးရဲ့ဒီလိုမပြတ်သားနိုင်တဲ့ အခြေအနေမှာ အန်တီ့ဘဝထဲကိုမဝင်လာရဲဘူးအန်တီရယ်..ဖူးက အန်တီ့ကို လိပ်ပြာသန့်သန့်နဲ့ပဲချစ်ချင်တာ အန်တီရဲ့..အန်တီ့ကိုဒုတိယလူမဖြစ်စေချင်ဘူး.."

#အမှားပါရင်ခွင့်လွှတ်ပေးကြပါ❣️
#Han_suehe
________

For Zawgyi

"မမႀကီး ေျပာခ်င္တာက"

"တို႔...တို႔ ဖူးကို အိုကြယ္ မျဖစ္သင့္ပါဘူးေလ ဘာမွမဟုတ္ေတာ့ပါဘူး"

"ဟုတ္ကဲ့ပါ အဲ့တာဆို ဖူးေန့လည္စာ ယူလာေပးမယ္ေနာ္...ေန့လည္စာမစားခဲ့ရဘူးဆိုေတာ့ မမႀကီး ဗိုက္ဆာေနေရာေပါ့"

"ဒီကိုမယူလာပါနဲ႔...တို႔ေအာက္ဆင္းစားပါ့မယ္"

"ဟုတ္ကဲ့..အာ့ဆို ဖူး ထမင္းဝိုင္းသြားျပင္ထားလိုက္မယ္ေနာ္"

ေဒၚခတၲာေမ ေခါင္းတစ္ခ်က္သာၿငိမ့္ျပၿပီး သူ႔အခန္းထဲသူဝင္သြားသည္...

"ဟူးး..ဖူးသစၥာလိႈင္နင္ဘာေတြေမ်ွာ္လင့္ေနတာလဲ..မမႀကီးဆီက ဘာစကားကိုေမ်ွာ္‌လင့္ေနတာလဲ..မျဖစ္ႏိုင္တာေတြကိုေမ်ွာ္လင့္မေနစမ္းပါနဲ႔ နင့္မွာ ရည္းစားရိွတယ္ဆိုတာကိုသတိရစမ္းပါဟာ" ဖူး တစ္ေယာက္ေခါင္းကိုတြင္တြင္ရမ္းကာ သူ႔ကိုယ္သူ စိတ္ထဲကေနသတိျပန္ေပးေနျခင္းပင္...ထို႔ေနာက္ေလွကားေပၚက ဆင္းလာေတာ့ ဖူးကို ႀကီးႀကီးျမင့္ရယ္ မေဝရယ္ ပန္ပန္ရယ္ဝိုင္းၾကၫ့္ေနျခင္းေၾကာင့္...

"အယ္ ဘာလို႔ ဖူးကို ဝိုင္းၾကၫ့္ေနၾကတာလဲဟင္..ဖူးမ်က္ႏွာမွာ တစ္ခုခုေပေနလို႔လား"

"မဟုတ္ပါဘူး...ဟို မမႀကီးနဲ႔ အေျခအေန" ပန္ပန္ေမးတဲ့ေမးခြန္းကို က်န္တဲ့ႏွစ္ေယာက္ကပါသိခ်င္တယ္ဆိုတဲ့ပံုစံျဖစ္ေနတာေၾကာင့္

"ေအာ္...အဆင္ေျပသြားပါၿပီ"

"ဘာျဖစ္ၾကတာလဲဟင္"

"ကယ္ ပန္ပန္ရယ္ သိပ္ကိုစပ္စုပါေရာလား"ႀကီးႀကီးျမင့္မွ စပ္စုေနေသာ ပန္ပန္ကိုေျပာလိုက္ျခင္းပင္...ဖူးသစၥာလိႈင္လည္းအေၾကာင္းစံုေတာ့မေျပာျပခ်င္  ေဒၚခတၲာေမက ဖူးလိုအလုပ္သမားတစ္ေယာက္အတြက္နဲ႔ဒီလိုလုပ္မယ္ဆိုတာကို ဘယ္သူမွမထင္ထားတာေၾကာင့္ မလိုအပ္ပဲ ေဒၚခတၲာေမအေပၚ အထင္အျမင္လြဲတာတာေတြမျဖစ္ေစခ်င္တာေၾကာင့္ျဖစ္သည္။

"အ‌ဆင္ေျပသြားတဲ့အသံၾကားလို႔ ႀကီးႀကီးျမင့္စိတ္ေအးရပါၿပီကြယ္...မမႀကီးက ‌ေသြးေအးေအးနဲ႔ေဒါသသိပ္ႀကီးတာကြဲ႔ အဲ့တာေၾကာင့္ ဖူးကို ႀကီးႀကီးျမင္တို႔က စိတ္ပူေနတာ"

"အာ ဟုတ္ကဲ့ပါႀကီးႀကီး... ဒါနဲ႔ေလမမႀကီးက ေန့လည္စာကို ေအာက္မွာပဲစားမယ္တဲ့ ဖူးတို႔ ျပင္ဆင္စရာ ရိွတာ ျပင္ၾကမယ္ေလေနာ္"

"ေအးေအး"

******
"ဘာေတြဘယ္လိုလုပ္ရမလဲ မသိေတာ့ဘူးကေလးရယ္..ကိုယ့္သမီးအရြယ္ ကိုယ့္တူမေလးအရြယ္ေပၚမွာမွ ရင္ခုန္မိေနတာ မျဖစ္ေသးဘူးေလေနာ္..ဒါေပမဲ့ ႏွလံုးသားက ျဖစ္ေပၚလာတာကို ဘယ္လိုနည္းနဲ႔တားရမလဲကြယ္..ၿပီးေတာ့ အန္တီ မင္းကို ဆံုးရႈံးရမွာေၾကာက္ေနတယ္..အန္တီ့နားကေန တစ္ခ်ိန္မဟုတ္တစ္ခ်ိန္ ဖူးထြက္သြားမယ္ဆိုတာ သိေနေပမဲ့ မထြက္သြားေစခ်င္ဘူးကေလးငယ္ရယ္ တို႔အနားမွာပဲေနေစခ်င္တယ္ကြယ္ ဒါကမင္းအေပၚမွာ ျဖစ္တည္လာတဲ့တို႔ရဲ့အတၲေလးပါ..ေက်းဇူးျပဳျပီး တို႔အနားမွာပဲေနေပးရင္သိပ္ေကာင္းမွာပဲ..အန္တီမင္းကိုသိပ္ခ်စ္မိေနၿပီထင္ပါရဲ့"

"မမႀကီး မႏွင္ထုတ္မခ်င္း ဖူး မထြက္သြားပါဘူး"

"ဟင္...ဖူး ဘယ္လိုလုပ္"

" ထမင္းစားလို႔ရၿပီဆိုတာ လာေျပာတာပါ တံခါးကစိရံုပဲစိထားလို႔ ဖူး အကုန္ၾကားပါတယ္...ဒါနဲ႔ ဖူးၾကားတာေတြက အမွန္လားဟင္"

"ဒါေပမဲ့ တို႔ေတြက မျဖစ္သင့္‌ဘူးေလကြယ္"

ဖူးသစၥာလိႈင္တစ္ေယာက္ ေဒၚခတၲာေမအေရ႔ွမွာရပ္လိုက္ၿပီး...

"မမႀကီး ဖူးကို ခ်စ္လားဟင္"

"အိုကြယ္...ဘယ္လိုေတြေမးေနတာလဲ"

"‌ဖူး ေမးတာကို ေျဖေပးပါ ခ်စ္လားဟင္"

"ခုနတုန္းက အကုန္ၾကားတယ္မလား အဲ့မွာအေျဖပါသြားၿပီေလကြယ္"

"မမႀကီး ကိုယ္တိုင္ေျပာတာၾကားခ်င္လို႔ပါ"

"ဒီကေလးနဲ႔ ခက္ရခ်ည္ရဲ့"လို႔စိတ္ထဲက ေတြးလိုက္ကာ...

"အြန္း တို႔ ဖူးကိုခ်စ္တယ္..တို႔ရဲ့ရင္ခုန္သံေတြက ဖူးနဲ႔က်မွ ျဖစ္ေပၚလာတာမို႔လို႔ တို႔ပိုေသခ်ာတယ္ဖူး..ဒါေပမဲ့ မျဖစ္ႏိုင္သလို မျဖစ္သင့္ဘူးေလေနာ္" လို႔ေျပာကာ မိႈင္သြားတဲ့ အန္တီကို ဖူး ဖက္လိုက္ၿပီး...

"ဖူးလည္း မမႀကီးကို ခ်စ္မိေနၿပီထင္တယ္..ဒါေပမဲ့ဖူးတို႔က"

"တို႔သိပါတယ္ကြယ္..တို႔ႏွစ္ေယာက္က ဘယ္လိုမွမျဖစ္သင့္ပါဘူး တို႔သိပါတယ္ကေလးငယ္ရယ္..အဲ့တာေၾကာင့္တို႔‌ေတြ ဒီတိုင္းေလးပဲေနသြားၾကရေအာင္ေလေနာ္..အခု ရင္ထဲကစကားေတြကို အျပန္အလွန္ဖြင့္ဟၿပီးၿပီပဲ အနည္းဆံုးေတာ့ တူမနဲ႔အေဒၚဆက္ဆံေရး‌ေလာက္ေတာ့တို႔‌ေတြေနလို႔ရပါေသးတယ္ကြယ္"

"ဟုတ္ကဲ့ပါမမႀကီး"

"အန္တီလို႔ပဲေခၚပါ ဖူးကို အန္တီ့ရဲ့တူမေလးအျဖစ္ သတ္မွတ္လိုက္ၿပီမို႔လို႔ အန္တီလို႔ပဲေခၚပါေနာ္"

"ဟုတ္ကဲ့ပါ အန္တီ..တကယ္ေတာ့ ဒီနာမ္စားေလးက ဖူးအရင္ထဲက အန္တီ့ကိုေခၚခ်င္ေနတဲ့နာမ္စားေလးသိလား"

"ၾကၫ့္စမ္း တို႔ကို အရင္ထဲက အေဒၚေတာ္ခ်င္ေနတာေပါ့"

"ဒါကေတာ့ အန္တီက လွတာကို အဲ့တာေၾကာင့္ ဖူးရဲ့ အေဒၚသာ ျဖစ္လိုက္ရင္ဘယ္ေလာက္ေကာင္းမလဲဆိုၿပီးေတြးတာပါ ဟီး"

"အြန္းပါ ဟုတ္ပါၿပီ..ကယ္ သြားၾက‌ရေအာင္ေလ အန္တီဗိုက္ဆာေနၿပီ..ဖူးလည္းတူတူလာစားေလေနာ္"

"ဟုတ္ကဲ့ပါ အန္တီ"

တကယ္ေတာ့ မျဖစ္သင့္ဘူးဆိုတာရဲ့ အေၾကာင္းျပခ်က္က ဖူးအတြက္ေတာ့မိန္းကေလးခ်င္းခ်င္းျဖစ္ေနလို႔ အသက္ကြာေနလို႔ဆိုတဲ့အတြက္ေၾကာင့္မဟုတ္..ဖူးမွာ ရည္းစား‌ရိွေနတဲ့အတြက္ေၾကာင့္ျဖစ္သည္။ဖူး အန္တီ့ကို သိပ္ခ်စ္သည္..အန္တီနဲ႔က်မွ ဖူးပိုရင္ခုန္တတ္လာသည္..အန္တီ့ရဲ့ျဖစ္တည္မႈတိုင္းကို ဖူးတကယ္ကိုျမတ္ႏိုးလွသည္..ဒါေပမဲ့ ဖူး ေလွနံႏွစ္ဖက္နင္းတဲ့သူမျဖစ္ခ်င္..အန္တီ့ကိုခ်စ္လို႔ ခန႔္ေအာင္ကိုမခ်စ္ဘူးလားဆိုေတာ့ မဟုတ္ ဖူး ခန႔္ေအာင္ကိုလည္းခ်စ္ပါသည္..ခန႔္ေအာင္အေပၚမွာထားတဲ့ဖူးရဲ့ခ်စ္ျခင္းကိုေတာ့ဖူး ေသခ်ာေပမဲ့ အန္တီ့အေပၚထားတဲ့ဖူးရဲ့ခ်စ္ျခင္းကိုဖူးမေသခ်ာေသး ဒါဟာအေနနီးလို႔ ခဏတာ စိတ္ကစားမိသြားတာျဖစ္ေနမွာကိုဖူး ေၾကာက္ေနျခင္းေၾကာင့္ျဖစ္သည္..

ခ်စ္ရတဲ့သူကို အေဒၚနဲ႔တူမဇုန္ထဲသြင္းလိုက္ရတာဟာတကယ္ကိုခံစားရခက္လြန္းသည္...ဘယ္သူမဆိုကိုယ္ခ်စ္တဲ့သူကိုပိုင္ဆိုင္ခ်င္ၾကတာအမွန္ပင္..မပိုင္ဆိုင္ရလည္းျဖစ္တယ္ဆိုတဲ့ မုသားစကားရဲ့ေနာက္ကြယ္မွာ နာက်င္မႈေတြကေလွာင္ရယ္ေနတတ္သလို အခု ေဒၚခတၲာေမကိုလည္း ေလွာင္ရယ္ေနၾကျပန္ၿပီ..နာက်င္ရသည္ အသည္းထဲအထိနစ္ေနေအာင္ နာက်င္ရသည္..ဒါေပမဲ့ "ဖူးလည္းမမႀကီးကိုခ်စ္မိေနၿပီထင္တယ္"ဆိုတဲ့စကားတစ္ခြန္းနဲ႔တင္ အခ်စ္မွာဆက္ရူးဖို႔ လံုေလာက္တဲ့အင္အားေတြေဒၚခတၲာေမမွာရိွသည္..40ဆိုတဲ့အသက္အရြယ္က်မွ ကိုယ့္ထက္ 20ေလာက္ငယ္ေနတဲ့ကေလးမေလးတစ္ေယာက္အေပၚမွာအခ်စ္ေၾကာင့္နဲ႔က်ရႈံးသြားတာဟာ ေဒၚခတၲာေမအတြက္ရယ္ခ်င္စရာေတာ့ေကာင္းလွသည္..‌အေဒၚနဲ႔တူမဆိုတဲ့စည္းၾကားကေနပဲ 1500အခ်စ္ေတြနဲ႔ ကေလးငယ္အေပၚဆက္ခ်စ္သြားမယ္ဆိုၿပီးဆံုးျဖတ္ခ်က္ခ်လိုက္ျခင္းျဖစ္သည္။

*****
"ႀကီးျမင္တို႔ေကာစားၿပီးၿပီလား"

"ဟုတ္ကဲ့စားၿပီးပါၿပီ မမႀကီး"

"အာ့ဆို ဖူး လာထိုင္စားေလ"

"ဟုတ္ကဲ့ အန္တီ"
ဖူးသစၥာလိႈင္နဲ႔ ေဒၚခတၲာေမတို႔တစ္ေယာက္အေပၚတစ္ေယာက္ေခၚေနတဲ့ အေခၚအေဝၚေတြေၾကာင့္ ေဘးမွာရိွေနတဲ့ ႀကီးႀကီးျမင့္တို႔မွာ အလြန္ပင္အံ့ဩသြားၾကသည္။

ခဏတာ တိတ္ဆိတ္သြားေသာ ထမင္းစားဝိုင္းကို ၿဖိဳခြဲလိုက္သူမွာ ေဒၚခတၲာေမပင္..

"ဒါနဲ႔ ဖူး အရင္က ဘာအလုပ္လုပ္တာလဲ"

"ဖူးအရင္က ဂိုက္ဆရာမ လုပ္တာပါအန္တီ..ပါးပါးက ဖူးကို ဘာအလုပ္မွမလုပ္ခိုင္းဘူးေလ..ဖူး ဆရာမ အလုပ္ကိုသေဘာက်လြန္းလို႔သာ ပါးပါးကခြင့္ျပဳထားတာ..ပါးပါးက တစ္ခ်ိန္က်ရင္ သူ႔ companyကို ဦးေဆာင္ခိုင္းမွာေလ..ဒါေပမဲ့ အခုေတာ့ အဲ့အစီအစဉ္က ပ်က္ၿပီထင္ပါရဲ့"

‌"ေအာ္ အြန္းပါ"
ဖူးကေတာ့ၿပံဳးၿပံဳးေလးေျပာလိုက္ပင္မဲ့ ေဒၚခတၲာေမစိတ္မေကာင္း ကေလးတစ္ေယာက္ရဲ့ တက္လမ္းကို သူ ပိတ္လိုက္မိတာလားလို႔ေတြးလိုက္ကာ အေႂကြးေတြကိုေခ်ေပးလိုက္ခ်င္ေပမဲ့ အေႂကြးသာေက်သြားရင္ သူသိပ္ခ်စ္ရတဲ့ သူ႔ရဲ့ကေလးငယ္ေလး သူ႔အနားကေနျမန္ျမန္ထြက္သြားမွာကိုလည္းေၾကာက္ကာ တစ္ကိုယ္ေကာင္းဆန္စြာနဲ႔ပဲ "ေအာ္အြန္းပါ" လို႔သာေျပာလိုက္ျခင္းျဖစ္သည္...
ထို႔ေနာက္ ျပန္လည္တိတ္ဆိတ္သြားတဲ့ထမင္းဝိုင္းကေန...

🎶 Picture-perfect , you don't need no fitter 🎶(ေတြ့တဲ့သီခ်င္းေကာက္ထၫ့္လိုက္တာ🥴)

ထိူသီခ်င္းက ဖူးသစၥာလိႈင္ရဲ့ဖုန္းကေနထြက္ေပၚလာျခင္းပင္...ဖုန္းလာသံၾကားတာေၾကာင့္ ေဒၚခတၲာေမ မသိမသာေလးလွမ္းၾကၫ့္လိုက္ေတာ့ "ကိုကို" ဆိုတဲ့နာမ္စားေလးေၾကာင့္ရင္ဘတ္ထဲကေန ဒိန္းကနဲျဖစ္သြားေပမဲ့ ဟန္မပ်က္ ထမင္းကိုဆက္စားေနကာ...

"အန္တီ..ဖုန္းလာလို႔ ဖူး သြားေျပာလိုက္အံုးမယ္ေနာ္"
မ်က္ႏွာေလးၿပံဳးရိပ္သန္းကာ ခြင့္ေတာင္းလာတဲ့ ကေလးေၾကာင့္ ေဒၚခတၲာေမေခါင္းသာတစ္ခ်က္ၿငိမ့္ျပလိုက္သည္...

"ႀကီးျမင့္..ကြၽန္မပန္းကန္ကိုသိမ္းလိုက္ေတာ့ေနာ္"

"ဟို မမႀကီး နည္းနည္းေလးပဲရိွေသးတယ္ေလစားတာ"

"ဟုတယ္ ကြၽန္မ စားခ်င္တဲ့စိတ္ သိပ္မရိွလို႔ပါ ေခါင္းလည္းနည္းနည္းကိုက္ေနလို႔ သြားနားေတာ့မယ္"

"ဟုတ္ကဲ့ပါ ဖူးနဲ႔ ေဆးလွမ္းပို႔ခိုင္းလိုက္ရမလား မမႀကီး"

"ရပါတယ္ ေဆးေတြလည္းမေသာက္ခ်င္ဘူး..နည္းနည္းအိပ္လိုက္ရင္ သက္သာသြားမွာပါ"

"ဟုတ္ကဲ့ပါ မမႀကီး"

*******
"တို႔က ထိလြယ္ရွလြယ္တဲ့ လူတစ္ေယာက္မဟုတ္ေပမဲ့ မင္းနဲ႔ပတ္သတ္ရင္ေတာ့ အရမ္း sensitiveျဖစ္ေနမိတယ္ကေလးငယ္ရယ္ ကေလးငယ္ဖုန္းရဲ့ contactထဲက "ကိုကို"ဆိုတဲ့နာမ္စားက တို႔ထင္ေနသလိုမျဖစ္ပါေစနဲ႔"လို႔ဆုေတာင္းကာ ေခါင္းကိုက္တာ ႏွစ္ဆျဖစ္လာတာေၾကာင့္ ဘာကိုမွမေတြးေတာ့ပဲ အိပ္ေပ်ာ္ေအာင္သာ အိပ္လိုက္ေတာ့သည္...

တစ္ဖက္တြင္လည္း

"ကိုကိုလည္းေနာ္ အခုမွ ဖုန္းဆက္ေတာ့တယ္"

"ေတာင္းပန္ပါတယ္ ငယ္ရယ္ ကိုကိုဟိုမွာ အလုပ္ေတြအရမ္းရႈပ္ေနလို႔ပါ..ငယ့္ကို ေကာင္းေကာင္းမြန္မြန္နဲ႔ပါးပါးဆီမွာလာတင္ေတာင္းခ်င္လို႔ ကိုကို အလုပ္ႀကိဳးစားရမယ္ေလ မဟုတ္ဘူးလား"

"ကိုကိုေနာ္ သူမ်ားအေဖကို ပါးပါးတဲ့ ပိုင္စိုးပိုင္နက္နဲ႔"

"ဟားဟား ငယ့္ရဲ့အေဖက ကိုကို႔ရဲ့အေဖပဲေပါ့ငယ္ရဲ့..ပါးပါးေတာင္ ကိုကို႔ကိုသားမတ္အျဖစ္ေရြးခ်ယ္ထားတာပဲကို"

"ဟုတ္ပါၿပီရွင္ရယ္..ဒါနဲ႔ကိုကို ဟိုမွာေနရတာ အဆင္ေျပရဲ့လား"

"အြန္း ေျပပါတယ္..တစ္ခုပဲ ငယ့္ကို လြမ္းေနရတာကေတာ့တကယ္အဆင္မေျပဘူးကြာ"

"ဟြန႔္ပိုကို ပိုတယ္ေနာ္"

"‌ေဟာ္ မပိုရပါဘူးဗ်ာ လိုေတာင္လိုေနတာ..ကယ္ ငယ္ေရ ကိုကို ေနာက္အားမွ အၾကာႀကီး‌ဖုန္းေျပာၾကမယ္ေနာ္ အခုခဏနားတုန္းေလးဖုန္းခိုးဆက္လိုက္တာအခုအလုပ္ရွင္ကေခၚေနလို႔ ကိုကိုသြားေတာ့မယ္ေနာ္"

"ဟုတ္ကဲ့ပါ ကိုကို က်န္းမာေရးဂရုစိုက္အံုးေနာ္"

"ဟုတ္ကဲ့ပါဗ်ာ ဖုန္းမခ်ခင္ေလး အာဘြားေလးမေပးခ်င္ဘူးလား"

"ကိုကိုေနာ္...အာဘြား ရၿပီလား"

"ရၿပီ ဒီေန့တစ္ေန့ အလုပ္လုပ္ဖို႔ အင္အားေတြရိွသြားၿပီကြ...ကယ္တာ့တာငယ္"

"တာ့တာပါကိုကို"
ဖုန္းခ်ၿပီးေတာ့ ဖူး သက္ျပင္းအရွည္ႀကီးခ်လိုက္ကာ ေလပူေတြကိုမႈတ္ထုတ္လိုက္ၿပီးေတာ့...

"အန္တီရယ္ ဖူးရဲ့ဒီလိုမျပတ္သားႏိုင္တဲ့ အေျခအေနမွာ အန္တီ့ဘဝထဲကိုမဝင္လာရဲဘူးအန္တီရယ္..ဖူးက အန္တီ့ကို လိပ္ျပာသန႔္သန႔္နဲ႔ပဲခ်စ္ခ်င္တာ အန္တီရဲ့..အန္တီ့ကိုဒုတိယလူမျဖစ္ေစခ်င္ဘူး.."

#အမွားပါရင္ခြင့္လႊတ္ေပးၾကပါ❣️
#Han_suehe
________


Okumaya devam et

Bunları da Beğeneceksin

306K 17.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
3.6M 362K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
2.5M 344K 50
အနာဂတ်စီမံကိန်းများစွာ ရေးခြစ်ရင်း ကျွန်တော်ဟာ အဖြူ ရောင်မေတ္တာတွေနဲ့ သူ့ဘေးနားမှာ တသက်လုံးနေဖို့ ရည်စူးခဲ့သတဲ့... အဝါရောင် နှင်းဆီပန်းကလေးဟာ မသိလို...