Other Side Of Love (Complete)
By May_Soe1
148K 8.5K 189
အရာရာမှာတဇွတ်ထိုးလုပ်တတ်ပြီးမိဘအရှိန်အဝါနဲ့လိုချင်တာကိုမရရအောင်ယူတတ်တဲ့ဝမ်အိမ်တော်ရဲ့သားအငယ်ဆုံး Dominant Alp... More
OSOL 1 {U+Z}
OSOL 2 {U+Z}
OSOL 3 {U+Z}
OSOL 4 {U+Z}
OSOL 5 {U+Z}
OSOL 6 {U+Z}
OSOL 7 {U+Z}
OSOL 8 {U+Z}
OSOL 9 {U+Z}
OSOL10 {U+Z}🚫🚨🚨
OSOL 11 {U+Z}
OSOL 12 {U+Z}
OSOL 13 {U+Z}
🚨OSOL 14{U+Z}🚨
OSOL 15 {U+Z}
OSOL 17 {U+Z}
OSOL 18 {U+Z}
OSOL 19 {U+Z}
OSOL 20 {U+Z}
OSOL 21 {U+Z}
OSOL 22 {U+Z}
OSOL 23 {U+Z}
OSOL 24 {U+Z}
OSOL 25 {U+Z}
OSOL 26 {U+Z}
OSOL 27{U+Z}
🚨OSOL 28🚨{U+Z}
OSOL 29 {U+Z}
OSOL 30 {U+Z}Final
OSOL 16 {U+Z}
3.7K 254 2
By May_Soe1
Unicode
*******************************
အောက်ပါဇာတ်ဝင်ခန်းတွင်ပါရှိသောစကားလုံးအပြောအဆိုများသည်ဇာတ်လမ်းသဘောအရ သာဖြစ်ပါသည်။Idolများအားထိခိုက်စေလိုခြင်းမရှိပါ။
*******************************
ရှောင်းကျန့်နိုးလာတော့ပထမဆုံးသူ့ရဲ့နှာခေါင်းထဲဝင်လာတာကဆေးရုံအနံ့ပင်။
သူဘယ်လိုလို့ဆေးရုံရောက်နေတာလဲသူနောက်ဆုံးမှတ်မိတာကသူ့ရဲ့အပေါ်မှာလှုပ်ရှားနေတဲ့ဝမ်ရိပေါ်ကိုဘဲ။ပြီးတော့သူမေ့လဲသွားတယ်။သူ့ရဲ့ညာဘက်လက်ကနာကျင်မှုကြောင့်ကြည့်လိုက်တော့ဆေးပိုက်တစ်ခုသွယ်တန်းထားတယ်။
သူ့ရဲ့ဘယ်ဘက်လက်ကိုလည်းတစ်ယောက်ယောက်ဆုပ်ကိုင်ထားမှုကြောင့်ထုံနေပြီဖြစ်သည်။သူ့ရဲ့လက်ကိုဆုပ်ကိုင်ထားတဲ့လူကိုကြည့်လိုက်တော့ဝမ်ရိပေါ်ဖြစ်နေတာကြောင့်သူဒေါသထွက်စွာသူ့ရဲ့လက်ကိုဆုပ်ကိုင်ထားတဲ့လက်ထဲကနေရုန်းထွက်မိသည်။သူ့ရဲ့ရုန်းမှုကြောင့်သူ့လက်ကိုဆုပ်ကိုင်လို့ကုတင်ပေါ်ခေါင်းတင်လို့အိပ်နေပုံပေါ်တဲ့ဝမ်ရိပေါ်ကချက်ချင်းနိုးလာခဲ့သည်။
ဝမ်ရိပေါ် ရှောင်းကိုစောင့်နေရင်းရှောင်းရဲ့လက်ကိုဆုပ်ကိုင်လို့ကုတင်ပေါ်မှာမှေးခနဲဖြစ်သွားခဲ့သည်။သူ့လက်ထဲကလှုပ်ရှားမှုတစ်ခုကြောင့်သူနိုးလာတော့ရှောင်းကနိုးနေပြီဖြစ်ပြီးသူ့လက်ထဲဆုပ်ကိုင်ထားတဲ့ရှောင်းရဲ့လက်ကိုအတင်းရုန်းထွက်နေတာကြောင့်သူလွှတ်မပေးဘဲတင်းကြပ်စွာပြန်ဆုပ်ကိုင်လိုက်သည်။
”ရှောင်း နိုးပြီလား။ဘယ်နားကနာနေသေးလဲ။နေရထိုင်ရတာကကောအဆင်ပြေရဲ့လား။အဆင်မပြေရင်ပြောနော်ကိုယ်ဆရာဝန်ကိုခေါ်ပေးမယ်”
ရှောင်းကျန့်သူ့ကိုစိတ်ပူသလိုပြောနေတဲ့ဝမ်ရိပေါ်ကြောင့်သူ့မျက်နှာမှာအလိုမကျမှုနဲ့အတူစိတ်ပျက်မှုတွေပေါ်လာခဲ့သည်။
”အပိုတွေပြောမနေစမ်းပါနဲ့ဝမ်ရိပေါ်။ငါ့ကိုဒီလိုဖြစ်အောင်ဘယ်သူကလုပ်တာမလို့မင်းကငါ့ကိုလာစိတ်ပူပေးနေရတာလဲ။မင်းမှာအဲ့လိုစိတ်ပူခွင့်ရောရှိလို့လားဝမ်ရိပေါ်။မင်းတော်တော်အရှက်မရှိတာဘဲဝမ်ရိပေါ်။ငါအရင်ကမင်းကိုမုန်းဘဲမုန်းခဲ့တာအခုတော့ငါမင်းကိုသေလောက်အောင်ရွံသွားပြီဆိုတာသိရဲ့လား!!မင်းအခုချက်ချင်းထွက်သွား!!ငါ့မျက်စိရှေ့ကိုပေါ်မလာနဲ့။မဟုတ်ရင်ငါကိုယ့်ကိုကိုယ်သက်သေပစ်မယ်။ကြားလားငါမလုပ်ရဲဘူးမထင်နဲ့နော်ဝမ်ရိပေါ်”
”ကိုယ် ကိုယ်ကြားပါတယ်ကွာ။ကိုယ့်ကိုမုန်းနေမယ်ဆိုတာလည်းသိပါတယ်။ကိုယ့်ကိုမျက်နှာမမြင်ချင်လောက်တဲ့ထိရွံမုန်းနေမယ်ဆိုလဲရပါတယ်။ဒါပေမဲ့ရှောင်းစိတ်လိုက်မာန်ပါတော့မလုပ်ပါနဲ့နော်။အခုရှောင်းတစ်ယောက်ထဲမဟုတ်တော့ဘူး။ရှောင်းရဲ့ကိုယ်ထဲမှာကိုယ်နဲ့ရှောင်းရဲ့ကိုယ်ပွားလေးရောက်နေပြီရှောင်းရဲ့အဲ့ဒါကြောင့်ရှောင်းကိုယ့်ကိုမုန်းနေရင်တောင်ရှောင်းရဲ့ကလေးကိုတော့ငဲ့ပါဦးကွာနော်။ကိုယ်အခုထွက်သွားပေးပါ့မယ်။ရှောင်းအချိန်ယူလိုက်ပါဦးနော်”
ရိပေါ်ပြောပြီးတာနဲ့ကုတင်ပေါ်မှာမယုံနိုင်သလိုသူ့ဗိုက်သူပြန်ကိုင်ကာငြိမ်သက်နေတဲ့ရှောင်းကိုထားခဲ့လို့အခန်းပြင်ထွက်လာခဲ့သည်။ရှောင်းကိုအချိန်ပေးဖို့လိုဦးမယ်ဆိုတာသူသိပါသည်။ရှောင်းဘယ်လိုဆုံးဖြတ်ချက်ကိုချချသူလိုက်နာပေးမည်။ဒါပေမဲ့ရှောင်းနဲ့ဝေးမှာကိုတော့သူတကယ်ကိုမခံစားနိုင်။
.................
ရှောင်းကျန့် ဝမ်ရိပေါ်ပြောသွားတဲ့စကားကိုအခုထိမယုံနိုင်သေးပေ။သူ့မှာ...သူ့မှာကိုယ်ဝန်ရှိနေပြီ။သူ့မှာကလေးလေးရှိနေပြီ။သူ့ရဲ့ဝမ်းဗိုက်လေးကိုကိုင်လို့မယုံနိုင်စွာငြိမ်သက်နေမိတယ်။ကလေးလေးကအခုထိအကောင်အထည်မပေါ်သေးပေမဲ့ရှိနေမှန်းကိုသူခံစားမိနေတယ်။ဒါက...ဒါကတကယ်ကြီးသူ့ဗိုက်ထဲမှာသက်ရှိလေးတစ်ယောက်ရှိနေတာဘဲ။
!အင့်...ဘာလို့အခုချိန်မှလဲကွာ။မင်းပါးပါးကလောကကြီးကိုအရှုံးပေးဖို့ပြင်ထားတာကွ။ဒါပေမဲ့မင်းလေးရောက်လာတော့ပါးပါးကဘယ်လိုလုပ်ရက်တော့မှာလဲကွာ။မင်းရဲ့အဖေနောက်တစ်ယောက်ကိုပါးပါးကမုန်းပေမဲ့မင်းကိုတော့ပါးပါးကမမုန်းရက်ပါဘူးကွာ။ပါးပါးရဲ့ဗိုက်ထဲမှာကောင်းကောင်းကြီးပြင်းလာရမယ်နော်ပါးပါးရဲ့ကလေးလေး။ပါးပါးကမင်းကိုအကောင်းဆုံးဖြစ်အောင်စောင့်ရှောက်ပေးမှာပါ!!
ရှောင်းကျန့်ဆုံးဖြတ်ချက်တစ်ခုကိုခိုင်မာစွာချလိုက်တော့သည်။
...................
ရိပေါ် ရှောင်းရဲ့အခန်းရှေ့မှာထိုင်နေတုန်းထိုးကိုက်လာတဲ့ဦးခေါင်းကြောင့်ခေါင်းကိုလက်နဲ့ကိုင်လို့ဖိထားမိသည်။
!ကျစ် ဒီလိုအချိန်ကြမှဘာလို့!
သူခေါင်းကိုကိုင်လို့ခဏထိုင်နေတုန်းသူ့ ရှေ့မှာလာရပ်တဲ့ခြေထောက်တစ်စုံကြောင့်သူမော့ကြည့်လိုက်တော့ရှောင်းဖြစ်နေတာကြောင့်
”ရှောင်း ဘာဖြစ်လို့အခန်းပြင်ထွက်လာတာလည်းနားနေဦးလေ။”
”ငါမင်းကိုပြောစရာရှိလို့ဝမ်ရိပေါ်”
”ပြောလေရှောင်းဘာပြောချင်လို့လဲ”
”ငါဒီမှာမပြောချင်ဘူးဝမ်ရိပေါ်ငါ့ကိုဆေးရုံဆင်းဖို့လုပ်ပေးပါ။ငါအိမ်ပြန်ချင်တယ်။”
”ရှောင်း အဲ့ဒါတော့မရဘူး။ရှောင်းကအားနည်းနေသေးတယ်လေ။ဒီမှာခဏတော့နေလိုက်ပါဦးနော်ရှောင်းအနားယူဖို့လိုသေးတယ်လေ”
”ငါအိမ်မှာဘဲအနားယူချင်တယ်ဝမ်ရိပေါ်ငါ့ကိုအိမ်ကိုဘဲပြန်ပို့ပေးပါ။မင်းမပို့ရင်ငါ့ဘာသာငါပြန်ရမလား။”
”အဲ့..အဲ့လိုတော့မလုပ်ပါနဲ့ရှောင်းရာရှောင်းအိမ်ပြန်ချင်တယ်ဆိုကိုယ်လိုက်ပို့ပေးပါ့မယ်နော်ခဏလေးတော့စောင့်ပါ”
”ကောင်းပြီငါစောင့်နေမယ်။မင်းမြန်မြန်တော့လုပ်ပါ”
”ဟုတ်ပြီရှောင်းခဏနော်”
ရိပေါ် ရှောင်းကိုပြောပြီးတာနဲ့ဆေးရုံဆင်းဖို့လုပ်လိုက်သည်။ကျဲကိုဖုန်းလှမ်းဆက်ဖို့ကိုလည်းမမေ့ပေ။ကျဲနောက်တစ်ခေါက်ပြန်လာလို့သူ့ကိုမတွေ့ရင်စိတ်ပူနေမှာစိုးတာကြောင့်ပင်။ရိပေါ်ပြန်လာတော့ကုတင်ပေါ်မှာမျက်လုံးမှိတ်လို့လှဲနေတဲ့ရှောင်းကြောင့်
”ရှောင်း ဘာဖြစ်လို့လဲ။ဘယ်နားကနာနေလို့လဲတစ်ခုခုအဆင်မပြေတာရှိလို့လား။ကိုယ်ဆရာဝန်ကိုသွားခေါ်ပေးရမလား။”
သူ့ရဲ့အသံကြောင့်ရှောင်းကမျက်လုံးဖွင့်ကြည့်လာပြီးသူ့ကိုစိတ်ပျက်တဲ့အကြည့်နဲ့ကြည့်လာပြီး
”အဲ့လောက်လည်းဖြစ်ပျက်နေစရာမလိုပါဘူးဝမ်ရိပေါ်ငါမသေသေးပါဘူး။မင်းကိုစောင့်နေတုန်းခဏလှဲရုံဘဲအခုငါအိမ်ပြန်လို့ရပြီလား။”
ရှောင်းရဲ့ခနဲ့သလိုအပြောကြောင့်သူဝမ်းနည်းသွားပေမဲ့သူ့မျက်နှာမှာတော့နဂိုအတိုင်းရှောင်းကိုစိတ်ပူနေဆဲအရိပ်အယောင်တွေသာရှိနေတုန်းပင်
”ရပြီရှောင်း”
ရိပေါ်ပြောပြီးတာနဲ့ကုတင်ပေါ်ကဆင်းနေတဲ့ရှောင်းရဲ့လက်ကိုကိုင်လို့လမ်းလျှောက်ရင်ကူတွဲပေးဖို့ပြင်လိုက်တယ်။ဒါပေမဲ့ရှောင်းကသူ့ရဲ့လက်ကိုရှောင်ထွက်လို့အထိမခံပေ။
”မလိုဘူးဝမ်ရိပေါ်ငါ့ဘာသာငါလမ်းလျှောက်နိုင်တယ်။”
ရိပေါ်ပျက်ချင်သွားတဲ့သူ့မျက်နှာကိုချက်ချင်းထိန်းလိုက်ကာရှောင်းဘေးကသာကပ်လျှောက်မိသည်။ရှောင်းကားထဲဝင်ရန်ကားတံခါးကိုသူဖွင့်‌ ပေးလိုက်ကာသူပါတစ်ဖက်မှာဝင်ထိုင်လိုက်သည်။ပြီးတာနဲ့ကားလေးဟာရှောင်းရဲ့ကွန်ဒိုဆီသို့မောင်းနှင်လာသည်။
လမ်းတစ်ဝက်လောက်အရောက်မှာရှောင်းဟာကားကိုရပ်ခိုင်းခဲ့တယ်။
”ကားခဏရပ်ပေးဝမ်ရိပေါ်ငါပြောစရာစကားရှိတယ်။”
ရိပေါ်လည်းရှောင်းရဲ့အပြောကြောင့်ကားကိုလမ်းဘေးတစ်နေရာကိုချရပ်လိုက်တယ်။
ပြီးတာနဲ့ရှောင်းပြောလာမဲ့စကားကိုနားစွင့်နေလိုက်သည်။
”ဝမ်ရိပေါ် ငါမင်းကိုအရမ်းမုန်းတယ်ဆိုတာသိတယ်မလား”
မုန်းနေတာကိုသိပေမဲ့ကိုယ့်ရဲ့ရှေ့တည့်တည့်မှာချစ်ရသူကမုန်းစကားကိုဆိုလာတော့ရင်ထဲစစ်ခနဲပင်။ဒါပေမဲ့အပြင်မှာတော့ချစ်ရသူရဲ့သဘောအတိုင်းခေါင်းငြိမ့်ပြမိသည်။
”အခုငါ့ဆီမှာမင်းနဲ့ငါ့ရဲ့ကလေးရှိနေပြီ။ငါမင်းကိုမမြင်ချင်မတွေ့ချင်လောက်အောင်မုန်းနေပေမဲ့ငါ့ရဲ့ကလေးကိုတော့အဖေခေါ်စရာမရှိတဲ့လူမဖြစ်စေချင်ဘူးဝမ်ရိပေါ်အဲ့တာကြောင့်ငါတို့လက်ထပ်ကြရအောင်ဝမ်ရိပေါ်ငါတို့ကလေးရဲ့မိဘတွေအဖြစ်…”
ရိပေါ်ကြားလိုက်ရတဲ့စကားကြောင့်မယုံနိုင်စွာရှောင်းကိုကြည့်မိသည်။သူအခုဘာကြားလိုက်ရတာလဲ။အခု..အခုရှောင်းကသူ့ကိုလက်ထပ်မယ်လို့ပြောနေတာလား။တကယ်ဘဲသူနားကြားလွဲနေတာတော့မဟုတ်ပါဘူးနော်။
”ရှောင်း..ရှောင်းတကယ်ပြောတာပါနော်။ကိုယ်နဲ့လက်ထပ််မယ်ဆိုတာ”
”ဟုတ်တယ်ဝမ်ရိပေါ်ငါတို့လက်ထပ်ကြမယ်။ငါ့ဗိုက်ထဲက ကလေးလေးအတွက်မိဘတွေဖြစ်ဖို့ငါတို့လက်ထပ်ကြမယ်။”
ရှောင်းကအတည်ပြုလိုက်တဲ့စကားကြောင့်ရိပေါ် ရှောင်းကိုဖက်ထားလိုက်မိသည်။သူအခုအရမ်းပျော်နေပါသည်။ဒီအပျော်ကသူဆိုင်ကယ်ပြိုင်ပွဲတွေနိုင်တုန်းကအပျော်နဲ့လဲမတူ၊သူရန်ဖြစ်လို့အနိုင်ရခဲ့တဲ့ပျော်ရွှင်မှုတွေနဲ့လဲမတူပေ။သူ့ရဲ့ရင်ထဲကလှိုက်ခနဲပင်။
”ကျေး..ကျေးဇူးပါရှောင်းကိုယ့်ကိုလက်ခံပေးလို့ကျေးဇူးပါရှောင်း”
သူ့ကိုလာဖက်ပြီးပြောလိုက်တဲ့ဝမ်ရိပေါ်ရဲ့စကားကြောင့်ရှောင်းကျန့်ငြိမ်နေရာမှမျက်မှောင်ကျုံ့လိုက်ပြီးဝမ်ရိပေါ်ရဲ့ရင်ခွင်ထဲမှရုန်းထွက်လို့
”မင်းအထင်မှားနေပြီဝမ်ရိပေါ်ငါမင်းကိုလက်ခံတာမဟုတ်ဘူး။ဘယ်တော့မှလည်းလက်ခံမှာမဟုတ်ဘူး။အခုလက်ထပ်မယ်ဆိုတာငါ့ကလေးရဲ့အဖေအဖြစ်ဘဲဝမ်ရိပေါ်ငါ့ရဲ့ခင်ပွန်းတော့ဘယ်တော့မှဖြစ်လာမှမဟုတ်လို့မျှော်လင့်ချက်တွေမထားနဲ့။ငါကမင်းကိုတစ်သက်လုံးမုန်းနေမှာမလို့”
”အဲ့တာဆို​ကိုယ်သေသွားရင်ရောရှောင်းကိုယ့်ကိုမုန်းနေဦးမှာလား”
”တစ်သက်လုံးဘဲဝမ်ရိပေါ်ငါအသက်ရှင်နေသမျှကာလပတ်လုံးမင်းကိုမုန်းနေမှာမလို့…”
”အဲ့တာတော့မများလွန်းဘူးလားရှောင်းရာကိုယ်သေသွားရင်တော့ရှောင်းကိုယ့်ကိုမမုန်းပါနဲ့တော့။အဲ့ဒါမှရှောင်းကိုယ့်ကိုမေ့ပြီးပျော်ရွှင်စွာနေနိုင်သွားမှာ.....”
ရှောင်းကျန့် ဝမ်ရိပေါ်ပြောနေတဲ့စကားတွေနားထောင်နေရင်းရင်ထဲမကောင်းဖြစ်လာတာကြောင့်
”ဘာတွေလာပြောနေတာလဲတော်ပြီသေစကားတွေမကြားချင်တော့လို့အခုကွန်ဒိုကိုမောင်းတော့”
”ဟားး ဟားးးဟုတ်ပါပြီဗျာ။ရှောင်းရဲ့အမိန့်တော်အတိုင်းပါဘဲခင်ဗျာ"
>>>>>>>>>>>>>>
TBC
Lovely May
Jun 21,2023(Sat) {Edit}
ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင့်💙💙
Vote 100ပြည့်သွားလို့လာပါပြီရှင့်
ထပ်ပြီးvote 100ပြည့်ရင်ပြန်လာခဲ့မယ်ဗျ🤍
ချစ်တယ်နော်ဗျ💙💙
Zawgyi
*******************************
*******************************
.................
...................
”ရပြီရှောင်း”
>>>>>>>>>>>>>>
TBC
Lovely May
Jun 21,2023(Sat) {Edit}
ချစ်တယ်နော်ဗျ💙💙
Continue Reading
You'll Also Like
12.7K 675 54
အချုပ်အနှောင်တွေကြားအေးစက်စက်ပဲပြုမူနေထိုင်တက်တဲ့ရှောင်ကျန့်က​သူ့ချစ်သူရိပေါ်ကိုအမြဲပြောတဲ့စကားလေးရှိတယ်။ "ဘယ်သူတွေဘာပြောပြောငါမင်းကိုယုံတယ်မောင်"
349K 32.3K 39
✅// ZhanYi //✅ Fanfiction Xiao Zain is Gong မထင်မှတ်ထားတယ့် နေရာမှာ မမျှော်လင့်သော အချစ်တစ်ခုက စောင့်ကြိုနေသောအခါ တစ်ထောင့်တစ်ည ပုံပြင်တွေကို ကလေးလေး...
115K 6.6K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
37.9K 5.6K 37
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...