Uni
"မာမီ ရေ !!!"
"သားခေတ်လေး လာ
နေလို့ထိုင်လို့ကောကောင်း ရဲ့လား "
မာမီ က ခေတ်လေးဗိုက်ကို ကိုင်ကာ တစ်ချက်ကြည့်လိုက်သည်။ ကိုယ်ဝန်ဆောင်ဘူးတဲ့မိန်းမဆိုတော့ ကိုယ်ချင်း စာသည်။ မိန်းမတစ်ယောက်တောင် ကိုယ်ဝန်ဆောင်ချိန်မှာ အတော် ဒုက္ခရောက်တာ ။ သဘာဝကို ဆန့်ကျင်တဲ့ ယောကျာ်းလေး ကိုယ်ဝန်ဆောင်ဆို ပိုဆိုးတော့မည်။
"ကောင်းပါတယ်မာမီ "
"မာမီက သားကိုတောင်မမြင်တော့ဘူးပဲ"
"မဟုတ်ပါဘူး သားငယ်လေး ရေ"
"သားခေတ်လေး ဗိုက်နဲ့မို့အဆင်မပြေမှာဆိုးတာ"
နှစ်ဖက်မိဘ ဆွေမျိုးတွေအားလုံးက ခေတ်လေးကို သဲသဲလှုပ် ။ ရွှေဘုန်းဆို ပိုဆိုး ကိုယ်ဝန်ရှိတာက သူလားခေတ်လေးလားမခွဲတတ်အောင် ။ ခေတ်လေး ကိုယ်ဝန်ရှိထဲက ရွှေဘုန်းအလုပ်မသွားတာက များသည်။ ခေတ်လေးကိုလည်း အလုပ်မသွားခိုင်း ။ ခေတ် က သူ့ဆိုင်ကို တစ်ပတ်တစ်ခါ သွားဖို့တောင်မနည်းပြောထားရတာ ။ ခေတ့်ဆိုင်သွားတဲ့ နေ့ဆိုရင် သူလည်း အလုပ်မသွားဘဲဆိုင်လိုက်သွားတတ်သည်။ ခေတ်အလုပ်က ပျက်လို့ရတယ် ရွှေဘုန်း အလုပ်က ပျက်လို့မရတာကြောင့် ခေတ် အလုပ်မသွားရဲတော့ပါ ။ ရွှေဘုန်းရဲ့ အကဲပိုတာကတော့ ခေတ် မနေတတ်အောင်ပါ ။ အခုလည်း မာမီဆီမှာ တောင်းစရာရှိတယ်ဆိုပြီး ခေတ်ကိုခေါ်လာတာ ။ ခေတ်က ကိုယ်ဝန်က အခုမှ ၁၀ပတ်ထဲမှာပဲရှိသေးတာကို သူ့ကြောင့်ပဲလူတွေ သိကုန်တော့တာ။
"မာမီ ဆီမှာ သားတောင်းစရာရှိလို့ "
"ဘာများလည်း သားငယ်လေးရဲ့ "
"ခေတ်လေး က ကိုယ်ဝန်နဲ့ဆိုတော့ တစ်ခုခု ဆို သားလည်း ဘာမှလုပ်တတ်ဘူး "
"အင်းအဲ့တော့ သားငယ်လေးက ဘာတောင်းချင်လို့လဲ"
"ကြီးသူကို ခေတ်လေးမီးဖွားပြီးတဲ့အထိ သားတို့အိမ်မှာ ခေါ်ထားချင်လို့ "
"ဘာများလည်းလို့ သားငယ်လေးရယ် "
ကြီးသူက ရွှေဘုန်းငယ်ငယ်လေးထဲက ပြုစု လာသူဆိုတော့ ကိုယ်ဝန်ကိစ္စတွေလည်း တော်တော်များများသိတယ်လေ ။ ပြီးတော့ အစားအသောက်စီမံရာမှာလည်း တော်တယ်။ ခေတ်လေးကလည်း ကြီးသူ လက်ရာတွေဆို အရမ်းကြိုက်တာကြောင့် ရွှေဘုန်း ကြီးသူကို အိမ်မှာ ခေါ်ထားဖို့ ဆုံးဖြတ်လိုက်သည်။
"မောင်ကလည်း ကြီးသူကို အိမ်ခေါ်လိုက်ရင် ဒယ်ဒီနဲ့ မာမီ စားရေးသောက်ရေး ဘယ်လိုလုပ်မလဲ "
"ခေတ်လေးကလည်း ဒီအိမ်တော်မှာ အလုပ်သမားတွေ ဒီလောက်များတာ
ကြီးသူကို ခဏပဲခေါ်တာလေ
ခေတ်လေး ကလေးမွေးပြီးရင်ပြန်ပို့ပေးမှာပါ "
"ရပါတယ် သားခေတ်လေးရဲ့
ဒီအချိန်မှာ သားခေတ်လေးက အရေးအကြီးဆုံး "
မာမီက အရမ်းကို ကောင်းတဲ့ ယောက္ခမပါ ။ ခေတ်လေးအတွက် ဆို အမြဲတမ်းအကောင်းဆုံးတွေပဲပေးတတ်သည်။ ကြီးသူ အပြင် ကြီးသူ လက်တိုလက်တောင်း ခိုင်းနိုင်အောင် အလုပ်သမားကောင်မလေး တစ်ယောက်ပါ ထည့်ပေးလိုက်သည်။
"သားငယ် !!"
"ဗျာ... ဒယ်ဒီ "
ဒယ်ဒီမရှိတဲ့အချိန် လာပါတယ်ဆိုမှ golf ကွင်းက ပြန်လာတဲ့ ဒယ်ဒီနဲ့တဲ့တဲ့တိုးနေသည်။ ဒယ်ဒီက ရွှေဘုန်းကိုဥက္ကဌ ရာထူးတိုးပေးဖို့ အတင်းတွေလုပ်နေသည်။ ရွှေဘုန်းကလည်း ခေတ်လေး မီးဖွားမှာမို့ အလုပ်တွေကို စိတ်ထဲမနှစ်နိုင်လို့ ဥက္ကဌ ရာထူးမလိုချင်သေးပါ။
"သားငယ်ဒယ်ဒီပြောတာတွေကို စဥ်းစားပြီးပြီလား "
"ဟုတ်ဒယ်ဒီ သားကိုအချိန် နည်းနည်းပေးပါ
ခေတ်လေး ကလေးမွေးပြီးမှ သားဥက္ကဌ ရာထူးကို ယူပါ့မယ်
အခုတော့ "
"ဟုတ်ပါပြီ သားငယ်ရာ
အလုပ်က ဒုတိယ
သားခေတ်က ပထမပေါ့ "
ဒယ်ဒီပြောတော့မှ ခေတ်ရှက်လိုက်တာ ။ မောင်က အမြဲတမ်းအဲ့လိုပါဆို အလုပ်နဲ့ ခေတ်ဆို ခေတ်က ပထမ ။ ဥက္ကဌ ရာထူးယူလိုက်ရင် အခုလို ခေတ်နားမှာ မကပ်နိုင်တော့မှာဆိုးလို့တဲ့ ။
"မဟုတ်ပါဘူး ဒယ်ဒီ က အခုမှအလန်းကြီးရှိသေးတာ ဥက္ကဌ ရာထူး ဆက်လုပ်စေချင်လို့ပါ "
"ဟောင့် မင်းငါ့ဘက်လှည့်မလာနဲ့
ငါနားချင်နေပြီ
ဥက္ကဌ ရာထူးမင်းကို လွှဲပြီးရင် ကမ္ဘာပတ်ပြီး golf ရိုက်မလို့ကွ
အဲ့ဒါ ငါ့အိမ်မက်ပဲ"
"ဒယ်ဒီ သားကို အခု ဥက္ကဌ ရာထူးပေးရင်တော့ ဒယ်ဒီ့ကုမ္ပဏီဒေဝါယီ ခံသွားရမှာဆိုးလို့ပါ "
"အေးပါကွာ မခြိမ်းခြောက်ပါနဲ့ မပြောရဲတော့ပါဘူး "
"ဟာာားးး"
"ကြောက်သွားပြီလား ဒယ်ဒီ "
~~~~~~~~~~~~~~
"မောင်ထမင်းစားရအောင် "
ညနေစာစားဖို့ လာခေါ်တဲ့ ခေတ်လေးက ချစ်စရာ ကောင်းလွန်းလှသည်။ ဗိုက်ကလေးက ၄လထဲ ရောက်ပြီဆိုတော့သိသိသာသာလေးထွက်နေပါပြီ။ ရွှေဘုန်း ရဲ့ T shirt အပွကြီးတွေသူကြည့်ယူ ဝတ်ထားတာ ။ အခုလည်း T shirt အပွကြီးနဲ့ ချည်သားဘောင်းဘီအပွ အရှည်လေးဝတ်ထား၏။ သူ့ရဲ့ ညဝတ် pajamas တွေက ဗိုက်မတော်လို့ ဝတ်မရတော့ဘူး။
"ခေတ်လေး အရမ်းတွေ ချစ်ဖို့ကောင်းလွန်းနေပြီနော်
မောင်မရတော့ဘူး "
ရွှေဘုန်း ခေတ်နဲ့အတူတူ မနေရတာ ကြာပြီ။ ကိုယ်ဝန် စရှိကတည်းက ။ ဆရာမကြီးက ကိုယ်ဝန်လနုလို့ အတူတူ မနေခိုင်းတာ ။ အခုတော့ ကိုယ်ဝန် ၄ လရှိပြီမို့ အတူနေရင် နေလို့ရပြီလို့ ဆရာမကြီး ပြောလိုက်သည်။ ဒါပေမယ့်အကြမ်းအရမ်းတော့ မလုပ်ရဘူးလို့မှာလိုက်၏။ ဒါပေမယ့်ရွှေဘုန်းက ခေတ်လေးကို သနားလို့ အတူတူမနေ ပါ ။ သူ့ပြသနာ သူ့ဟာသူရှင်းတတ်သည်။ ခေတ်က လည်း မောင်ကို အားနာ လှပါသည်။
ခေတ်မောင့်ပေါင်ပေါ် တစောင်းထိုင်ပြီးလက်နှစ်ဖက်က ပုခုံးကို ချိတ်ကာ နားနားကပ်ပြီး ။
"ဒီနေ့ ယူချင်ယူလေ
မောင့်ဆန္ဒကို ဖြည့်စည်းပေးမယ် "
"ပြွတ်စ်စ် .."
"တကယ်လား "
"တကယ်ပေါ့မောင်ကလည်း "
ရွှေဘုန်းတစ်ယောက်အပျော်တွေနဲ့ ညစာစားဖို့ထမင်းစားခန်းထဲချီတက်သွားသည်။
"သားတို့လာ
ကြီးသူ သားတို့အကြိုက် ဟင်းတွေ ချက်ထားတယ် "
မောင့်ကိုပေးထားတဲ့ကတိကြောင့် ခေတ် ညစာကို ကြက်စွပ်ပြုတ်သာ သောက်ခဲ့ရသည်။
ကြီးသူ အိမ်ရောက်ထဲက တနေ့တမျိုးမရိုးရအောင် တစ်ခုခုပြီးတစ်ခု ချက်ကျွေးသည်။ ကြီးသူ ကိုယ်တိုက်မချက်ရသော်လည်း မီးဖိုခန်းထဲက မထွက်ရအောင် စီမံပေးရသည်။ ကိုစည်သူ့ အမျိုးသမီးနဲ့ ကြီးသူ ခေါ်လာတဲ့ ကောင်မလေး နှင်းနှင်း ကလည်း အားကိုးရသည်။ တစ်အိမ်လုံးသန့်ရှင်းရေးကအစ အားလုံးစိတ်ချရသည်။
ခေတ် ရေချိုးခန်းဝင်ပြီးမျက်နှာသစ်၊ သွားတိုက်ကာ မှန်တင်ခုံပေါ်ထိုင်ပြီး night cream လိမ်းကာ အိပ်ယာပေါ်သို့ တက်လိုက်သည် ။ မောင်ကလည်း သူ့ လုပ်နေကြအတိုင်း သံလွင်ဆီဗူးကို ကိုင်ကာ ခုတင်ပေါ်တတ်လာခဲ့သည်။ မောင်က ခေတ်ကိုယ်ဝန်စရှိထဲက ညဆိုဗိုက်ကို သံလွင်ဆီ အမြဲလိမ်းပေးသည်။ တစ်နေ့မှမပြတ် ဗိုက်ကြောတွေ ပြတ်မှာ ဆိုးလို့တဲ့ ။
"ခေတ်လေးဗိုက်ကလေးက လှလိုက်တာ ဖြူဖွေးနေတာပဲ "
ဗိုက်လေးကို နမ်းလိုက်ပြီး စကားတွေလည်းပြောနေသေးတာ အထဲက ကလေးလေးနဲ့ ။
"ကလေးလေး ရေ ဒယ်ဒီ့အသံကြားလား
ဒယ်ဒီက အရမ်းချစ်တယ်မို့ ဖေဖေ့ ဗိုက်ထဲမှာ ငြိမ်ငြိမ်နေနော် "
"ခစ်ခစ်
မောင်ကတော့ အခုမှ ကလေးက ၄လကို ဘယ်သိအုန်းမှာလည်း "
"သိသိမသိသိကွာ ဒယ်ဒီနဲ့ ညတိုင်းစကားပြောမယ်နော်ကလေးလေး "
"မောင် က သမီးလေးလိုချင်လား
သားလေး လိုချင်လား "
"မောင် ဘာလေးဖြစ်ဖြစ် ခေတ်လေး အသက်နဲ့ရင်းပြီးမွေးပေးထားတာမို့ အရမ်းချစ်မှာ "
"ဟုတ်ပါ ပြီကျေးဇူးပါမောင် "
"မောင်ကပိုကျေးဇူးတင်တယ်"
"ပြွတ်စ်စ် ..."
ခေတ်ကို အပေါ်စီးကနေ အနမ်းမိုးရွာနေတော့သည်။ ခေတ်ဗိုက်လေးကို ထိမှာ ကြောက်လို့လည်း အတတ်နိုင်ဆုံး ဂရုစိုက်သေးတာ ။ မောင့်ရဲ့ အကျွမ်းကျင်ဆုံးဖြစ်တဲ့ ချယ်ရီသီးတွေကို စားသုံးနေတော့သည်။ ကလေး ရရင်တော့ ကလေးနဲ့အပြိုင် လုနေမှာ မြင်ယောင်
သေးသည်။ ခေတ် တစ်ကိုယ်လုံးကို လည်း အနမ်းမိုးတွေ ရွာသွန်းထားတာ ၁၀နှစ်လောက် ငတ်ပြတ်နေတဲ့ပုစံနဲ့။ ပြီးတော့ သူလိုရာ ကို ခရီး ထပ်ဆက်တော့သည်။ ခေတ်ဆုတောင်းနေမိတာတော့ မောင်တစ်ယောက် မြန်မြန် ဆန္ဒပြည့်ပါစေလို့ပါ ။ မောင့်ကို သနားလို့ ခွင့်ပြုလိုက်ပေမယ့် သူက တော်တော်နဲ့မပြီးနိုင်မှာ ကို စိုးရိမ်နေတာ ။ ခေတ်စိုးရိမ်တာတွေက ဖြစ်မလာ သူ့ကလေးကို ထိခိုက်မှာ ဆိုးလို့ဆိုပြီး တစ်ချီထဲနဲ့ ဇာတ်သိမ်းသွားသည် ။ သူ့ကလေးကြတော့သိတတ်လိုက်တာ ။နေတာတောင် အမြန်ကွန်ဒုံး စွပ်လိုက်သေး၏ ။ မောင်တို့များ မျိုးချစ်ပုဂ္ဂိုလ်ပါဆို ။ အရင်ကဆို ခေတ်နဲ့ အတူနေရင် ည ၁နာရီလောက်မှ အပြီးသတ်တာ ။ နောက်ရက်တွေဆို ခေတ်မှာ မသက်သာ ။ နောက်မှသာ
ကျင့်သားရသွားတာ ။ အခုတော့ သူ့ကလေးထိမှာစိုးလို့တဲ့ ။ မပြောချင်ဘူး မောင်ကတော့ ။ ကိစ္စတွေ အားလုံးပြီးတော့ ခေတ်ကို ရင်ခွင်ထဲထည့်ပြီး အနမ်းပေးကာ အိပ်စက်သွားတော့သည်။ မောင်က ချက်ချင်းကြီး အိမ်မော ကျသွားပေမယ့် ခေတ်က တော်တော်နဲ့အိပ်မပျော်ခဲ့ပါ ။ ဘယ်အိပ်ပျော်ပါမလဲ ခေတ်ရဲ့ ချယ်ရီသီး နှစ်ဖက်လုံးကိုသူက လုံးချေနေတာကို။
~~~~~~~~~~~~
"ကြီးသူ ရေ!!!"
"အေးသားငယ်လေးပြော "
"သားသူငယ်ချင်းတွေကို dinner ကျွေးချင်လို့ စီစဥ်ပေးပါအုန်း "
"သားငယ်လေး ဘယ်နေ့လည်း"
"ဒီနေ့ကြီးသူ"
"ရော် မောင်ကလည်း ဒီနေ့ဆိုတော့ ကြီးသူ က ချက်ချင်းကြီးစီစဥ်ရမှာပေါ့
ကြိုလည်းမပြောဘူး "
မောင်က သူ့ သူငယ်ချင်းတွေကို dinner ခေါ်ကျွေးချင်လို့မဟုတ်ပါ ။ ခေတ်လေး ကိုယ်ဝန်ကို ကြွားချင်တာက အဓိက ။ မောင်က နောက်မှ မင်္ဂလာဆောင်ပြီး အရင်ဆုံး ကလေးရတာကို ဂုဏ်ယူလို့မဆုံး။ ကိုယ်ဝန်စရှိတည်းက ကြွားဖို့ကြိုးစားနေတာ ။ ခေတ်က မနည်းတားထားရသည်။ လနုရင် ပျက်ကျတတ်တယ်ပြောလို့ ခေတ်က အသက်တောင်မရှုရဲဘူး ။ ခက်ခက်ခဲခဲယူထားရတဲ့ကလေးမို့အတိမ်းအစောင်းမခံနိုင်တာပါ။ ကိုယ်ဝန်ရှိပြီးမှ ခေတ်အနေအထိုင်ကြောင့် ပျက်ကျတယ်ဆိုရင် မောင်က ရူးသွားနိုင်သည်။ ခေတ် အတတ်နိုင်ဆုံးကြိုးစားခဲ့တာ ကိုယ်ဝန် ၅လ ထဲရောက်လာခဲ့ပြီ။ ဆရာမကြီးတော့ စိတ်ချရပြီ ပြောပေမယ့် မောင်ကတော့မရဘူး ။ ဗိုက်ကလေးတဖြေးဖြေး ထွက်လာတာကို ညတိုင်းကိုင်ကြည့်ပြီး အူယားနေ၏ ။ ခေတ်ကိုလည်း ကျန်းမာရေးအတွက်သူပဲဂရုစိုက်ပေးနေသည် ။ ညနေဆို ခြံထဲလမ်းလျှောက်ခိုင်းသည်။ သူပါမှ လမ်းလျှောက်ရတာ ချှော်လဲမှာ ဆိုးလို့တဲ့။ ကိုယ်ဝန်သည်ယောဂကျင့်ဖို့ဆိုပြီး ဆရာ မ တစ်ယောက်ပါ ငှားထားပေး၏။ မောင့် အဖြစ်သဲတာတော့ ခေတ်မနေတတ်အောင်ဖြစ်တဲ့အထိ။
"သားငယ်သူငယ်ချင်းတွေက ဘယ်နှစ်ယောက်တောင်မို့လည်း "
"၆ယောက်ထဲပါ ကြီးသူ "
"အဲ့ဒါဆို ရပါတယ် သားခေတ်လေးရဲ့ အများကြီးမှ မဟုတ်တာ "
"ဒါဆို ကြီးသူ စျေးသွားဖို့ ပြန်လိုက်အုန်းမယ် "
"ဟုတ်ကြီးသူ ကျေးဇူး "
"သားခေတ်လေး ဘာစားချင်တာ ရှိသေးလဲ"
"အသီးတွေစားချင်တယ်ကြီးသူ
ဝယ်ခဲ့ပေး "
"ဟုတ်ပါပြီကွယ် "
မောင်က အိမ်မှာသုံးဖို့ ကိုစည်သူ့ ညီ
မင်းသူကိုပါ ကားမောင်းဖို့ခေါ်ထားသည်။ သူနဲ့ကိုစည်သူ ကုမ္ပဏီသွားရင် ခေတ်လေးအရေးတကြီးလိုတဲ့အခါ သုံးဖို့ ။ ကြီးသူကိုလည်း အိမ်သုံးစရိတ်တွေ အများကြီးပေးထားလို့ ကြီးသူကတောင် ငေါက်သေးတာ။ ခေတ်လေးအတွက်အကောင်းဆုံးဆိုတာတွေကြည့် ဝယ်ကျွေးဖို့လည်းကြီးသူကို မှာသေးသည်။
"ခေတ်လေးမောင်သွားမယ်လေ
ဘာလိုသေးလည်းမောင်ဘာဝယ်ခဲ့ရမလဲ"
"မလိုတော့ပါဘူးမောင်ရယ်"
"မောင့်ကို အားဆေး "
"ပြွတ်စ်စ် "
"ချစ်တယ် မောင့်ခင်ပွန်းလေး
အိမ်မှာ နားနားနေနေ နေနော် ကြားလား "
ခေတ်ခေါင်းငြိမ့်ပြလိုက်မှ ကားပေါ်တတ်သွားတော့သည်။ ခေတ်က သူ့အတွက် ဗိုက်ဖုံးအင်္ကျီချုပ်ဖို့ design ဆွဲထားတာ မောင်မသိအောင်။ ဗိုက်က သိသိ သာသာ ပူလာတော့ နောက်ဆို T shirt တွေနဲ့မရလောက်တော့ ဘူး ။ မိန်းမတွေလို ဗိုက်ဖုံးလဲမဟုတ်ပဲ ရှပ်အင်္ကျီ ပုံစံ အပွလေး ကို ဘောင်းဘီ အပွလေးနဲ့ တွဲဝတ်ဖို့ပါ ။
"သားခေတ်လေး မီးဖို ဘက်မလာနဲ့ ဟင်းနံတွေရလို့ မူးနေအုန်းမယ် "
"ရပါတယ် ကြီးသူရဲ့ ခဏပဲ
ခေတ်ကြည့်ချင်လို့ "
ကြီးသူက စီမံပေးပြီး မအေးနဲ့နှင်းနှင်းက ချက်နေကြတာ စုံနေတာပဲ ။ ခေတ်ကြည့်ရင်းတောင် သရေကျလာသည်။ မာလာရှမ်းကော၊ ပင်လယ်စာ စုံထောင်း၊ အကင်မျိုးစုံ၊ ငါးကင် ၊ ငါးသံပုရာပေါင်း ၊ ကညွတ်ကြော်၊ အရွက်စုံသုတ်၊ ဝတ်ခေါင်းသုတ် အားလုံးက အမြည်းတွေကြည့်ပဲ။ ဒီနေ့ စားပွဲသောက်ပွဲပေါ့ ။ အိမ်ရှေ့ဆင်ဝင်အောက်က ကားသံကြားလို့ကြည့်လိုက်တော့ မောင် ပြန်လာပြီ။
"မောင့်!!!"
"ခေတ်လေး ဖြေးဖြေး လဲပါအုန်းမယ် ခေတ် ရယ်
မောင်ရင်တွေတုန်လိုက်တာ "
"အင်းပါ မောင်ရဲ့ မောင့်ကိုကြိုချင်လို့ "
"ခေတ်လေးက ပျင်းနေတာလား "
"အင်း အိမ်ထဲမှာ တစ်ယောက်ထဲ အလုပ်လည်းမရှိတော့ပျင်းတာပေါ့ "
"မနက်ဖြန် sunday ဘယ်သွားချင်လည်းပြော မောင်လိုက်ပို့မယ် "
"တကယ်နော်မောင် "
"တကယ်ပေါ့ ဗျာ "
"ပြွတ်စ်စ် "
"ဟာ မောင့် !!! ကြီးသူတို့ရှိနေတယ်လေ "
"ရှိလည်း ဘာဖြစ်လည်း ကိုယ့်အချစ်လေးကို နမ်းတာကို "
ခေတ်မောင့်ကို မျက်စောင်းထိုးကာ ကြည့်လိုက်သည်။ ဒါတောင်မောင်က နမ်းအုန်းမယ်တကဲကဲ။ ခေတ်လေးကလည်း နမ်းချင်စရာ အိမ်ထဲကအပြင်မထွက်ရတာကြောင့် နဂိုထဲက ဖြူတဲ့အသားက နုပြီးဖွေးနေကာ သွေးကျော လေးတွေတောင်မြင်ရသည်။ မျက်နှာမှာလည်း ရှင်မတောင် သနပ်ခါးကို ဖွေးနေအောင် လိမ်းထား၏ ။ ချည်သား ဘောင်းဘီအပွ လေးနဲ့ free shirt အပွလေး ဝတ်ထားတော့ တစ်မျိုးလေး ချစ်စရာ ကောင်းနေသည်။ အလုပ်က ပြန်လာတဲ့ ယောကျာ်းက မနမ်းချင်ဘဲဘယ်နေမလဲ။ ဒါတောင်ရေချိုးဖို့မနည်း နှင်လွှတ်ထားလို့ ။ ဒီတိုင်းသာ ဆို သနပ်ခါးတောင်ကျန်မှာမဟုတ်။
~~~~~~~~~~~~
နေကြာပန်းခင်းနားက ရေကူးကန်ဘေးမှာ dinner ပါတီ လုပ်ဖို့ ကိုစည်သူက သေချာ ပြင်ဆင်ပေးထားသည်။ စားပွဲအရှည် တစ်လုံးပေါ်တွင် စားစရာ သောက်စရာ များက အများအပြား အစုံအလင်။ ခြံထဲမှာ ရှိတဲ့ မီးလုံးတွေ အားလုံးထွန်းလိုက်တော့ ညနဲ့တောင် မတူတော့အောင် လင်းထိန်နေသည်။
ကားတွေ တစ်စီးပြီး တစ်စီးခြံထဲဝင်လာကြသည်။ ပထမဆုံးက ခန့်မင်းတို့အတွဲ
"ဟောင့်တန်ခိုး !!!
ဘာအတွက် အထိမ်းအမှတ်လည်း dinner ကလည်းအစုံအလင်နဲ့ပါလား "
"အေးဆေးထိုင်အုန်း လူစုံမှပြောမယ်
ခေတ်လေး သွားခေါ်လိုက်အုန်းမယ် "
အဏ္ဏဝါတို့စုံတွဲကော ကိုသူရကော သူ့တပည့် အောင်မြင်သူကော ရွှေဘုန်းရဲ့မရှိမဖြစ် မိတ်ဆွေတွေ သာ ဖိတ်ထား၏။ ကိုစည်သူတို့ညီအကို နှစ်ယောက်က ဧည့်သည်တွေကို နေရာ ချပေးကာ ဧည့်ခံရင်းအကင် ကင်ပေးနေသည်။
"ခေတ်လေး ဖြေးဖြေး "
"ရပါတယ်မောင်ရဲ့ "
"အိမ်အပြင်မှာ ချှော်လဲမှာ စိုးလို့ပါ မောင့်အသဲရဲ့ "
ရွှေဘုန်းက ခေတ်ကို မပွေ့ရုံတမယ် ခေါ်လာတာကို မြင်တော့အားလုံးက ဝိုင်းဟားနေကြသည်။ သူတို့အားလုံးက ခေတ်လေး ကိုယ်ဝန်ရှိတာ မသိကြသေးဘူးလေ ။ ခေတ်ကပြောဖို့စိတ်ကူးမရှိပေမယ့် မောင်က သူ့ကလေးလေး ကြိုဆိုချင်တာတဲ့လေ ။
"ဟောင့်သားရီး !!
အကို ခေတ်က လမ်းလျှောက်တတ်ပါတယ် မင်းက ပွေ့ခေါ်အုန်းမလို့လား (အဏ္ဏဝါ)"
"ငါက တကယ်ပွေ့ခေါ်မလို့ လဲမှာဆိုးလို့(ရွှေဘုန်း)"
"ပိုကိုပိုတယ်ကွာ ကြည့်မရတော့ဘူး
အကိုခေတ်ဒီကောင်ကို စိတ်ဆိုးပစ်
ဒါမှ ဒီကောင်က ငြိမ်တာ (ခန့်မင်း)"
သူငယ်ချင်းအားလုံးက ရွှေဘုန်းကို ဝိုင်းသမနေကြသည်။ ရွှေဘုန်းကမမှုပါ သူလုပ်စရာရှိတာများကို စိတ်အေးလက်အေး လုပ်ပေး၏ ။ ခေတ်ကြိုက်တဲ့အစားအစာများကိုလည်း ခေတ် ပန်းကန်ထဲမှာ အပြည့်ထည့်ပေးနေပြန်သည် ။
"အကိုခေတ် နည်းနည်း လေး ဝနေသလိုပဲနော်(ရဝေ)"
"ဟုတ်တယ် ရဝေ ဟီးဟီး(ခေတ်)"
"အကိုခေတ် ဆိုင်ကို မသွားဘူးနော် တနေ့က မြတ် ဆိုင်လာတာ မတွေ့လို့ (မြတ်)"
"ဟုတ်တယ် မြတ်ကလေးရေ
အလုပ်မသွားရဘူးလို့ အမိန့်ကျထားလို့ (ခေတ်) "
အားလုံးက ခေတ် အပြောကို နားမလည်စွာနဲ့ ရွှေဘုန်းကို တို လိုက်တာဆိုပြီး အကြည့်မျိုးစုံဖြင့်ကြည့်နေကြသည်။
"Boss ကလည်းအခုတလော အလုပ်တွေ တောင် အိမ်မှာယူလုပ်တာ
ညနေ ဆို အိမ်ပြန်ဖို့ နာရီတကြည့်ကြည်ပဲဗျာ (ကိုသူရ)"
"ဟားးးး"
ရွှေဘုန်းကို အားလုံးက ဝိုင်းဟားနေပေမယ့် အောင်နိုင်သူ ကိုရွှေဘုန်းကတော့ အရက်ခွက်ထဲ အရက် ထည့်ကာ အားလုံးကို ကြော်ငြာစရာရှိတယ်လို့ ပြောလိုက်သည်။ အားလုံး သူ့ဆီ စိတ်ဝင်စားမှု အကြည့်တွေ ရောက်ကုန်တော့သည်။ ခေတ်လေးကို လက်ကနေဆွဲမလိုက်ပြီး ခေတ်လေး ဗိုက်ကိုပြွတ်ခနဲမြည်အောင်နမ်းလိုက်၏။ ပြီးတော့မှ...
"ငါလူဖြစ်ပြီကွ !!!
ငါ့အသဲအသက်လေးမှာ ကိုယ်ဝန်ရှိနေပြီ"
"ဟောာ!!
ဟာာ!!!
ဝါးး!!
အားးး!!
ဟင် !!!!"
အားလုံးရဲ့ အာမေဋိတ် သံများက ဆူညံသွားတော့သည်။ ခေတ်က မောင့်ရဲ့အပြုအမူကို ကြည့်ပြီး ပြုံးလိုက်သည်။ သူ့ယောကျာ်းကိုကြည့်ပြီးသူသားအိမ်ထည့်ပြီးကလေးယူလိုက်တာ မှန်သွားတယ်ဆိုတဲ့အပြုံး။ မောင့်ရဲ့ အပျော်တွေက ခေတ်ဆီပါကူးစက်သွားသည်။ အားလုံးရဲ့အမေးတွေကို ခေတ်က အေးအေးဆေးဆေး ပြောပြလိုက်သည်။
"အကိုခေတ်နဲ့ တန်ခိုး congratulations
အဲ့ကြောင့် ဆေးရုံမှာ တွေ့နေရတာကို
OG မမနဲ့လာပြကြတာလား (ခန့်မင်း) "
"ဟုတ်တယ်ခန့်မင်း (ရွှေဘုန်း )"
"အကို ခေတ်ကို အားကျတယ်
သတ္တိကိုလည်းလေးစားတယ်
မြတ်ဆို မလုပ်ရဲဘူးကြောက်လို့ (မြတ်)"
"ကြောက်တာပေါ့မြတ်ကလေးရယ် အကိုလည်း
မောင့်အတွက် ဆိုတာ တွေးပြီး မကြောက်တော့ဘူး (ခေတ်)"
"မောင့်ခေတ်လေး ရယ် ချစ်လိုက်တာ
လက်တွေက အေးစက်နေလိုက်တာကွာ
ခဏလေး အပြင်မှာ လေစိမ်းတိုက်လို့ထင်တယ် (ရွှေဘုန်း)
ပြောပြီး မောင်က အိမ်ထဲပြေးဝင်သွားကာ ခေတ်အတွက် အပေါ်ထပ်လက်ရှည်လက်ထဲတွင် ကိုင်ပြီးပြန်ထွက်လာသည်။
"ရဝေလည်း လုပ်ချင်လို့ကိုခန့်နဲ့တိုင်ပင်သေးတယ်
ရဝေက နှလုံးအားနည်းတော့ ယူလို့ မရတာ (ရဝေ)"
"အခြားနည်းလမ်းနဲ့ကြိုးစားကြည့်အုန်းပေါ့ (ခေတ်) "
"ခေတ်လေး အင်္ကျီထပ်ဝတ်လိုက်အုန်း
လက်တွေအေးနေပြီ (ရွှေဘုန်း) "
ရွှေဘုန်းအိမ်ထဲက အင်္ကျီလက်ရှည်ယူလာပြီး ခေတ်လေးကို ဝတ်ပေးပြီးကြယ်သီးပါတပ်ပေးနေတာ ကြည်နူးစရာကောင်းလှသည်။
"တန်ခိုးက တို့ထဲမှာ နောက်ဆုံးမှ မင်္ဂလာဆောင်ပေမယ့် အရင်ဆုံး ကလေးရသွားတာ congrats ဟောင့် (အဏ္ဏဝါ)"
အားလုံးက အားကျနေကြသည်ရွှေဘုန်းကို ။ကိုသူရတောင်သူဆရာကို အားကျသော မျက်လုံးတွေနဲ့ကြည့်ပြီး ။
"ဂုဏ်ယူပါတယ် Boss
သားသားမီးမီးတွေ အများကြီး မွေးနိုင်ပါစေဗျာ (ကိုသူရ) "
"ဒါဆို ကိုသူရ ထိမ်းပေးရမှာနော် (ခေတ်)"
"ရပါတယ်အကိုခေတ်ရယ်
အကိုခေတ်က Boss ကိုသာထိမ်းပါ
ကျနော်က ကလေးတွေ အားလုံးထိမ်းပေးပါ့မယ် (ကိုသူရ)"
ကိုသူရ ဘာပြောလည်းဆိုတာ အားလုံးက နားလည်ကြသည်။ သူ့ Boss က အလုပ်နဲ့ပတ်သက်ရင် အရမ်းတိကျပြီး ရစ်တာကြောင့် ကိုသူရက သူ့ Boss ကို ထိမ်း ရမှာ ကြောက်တာပါ။ တခါတခါ ခေတ်က စိတ်ဆိုးပြန်ပြီဆို သူ့ပေါ်ပဲပုံကျတတ်တာမို့ ကိုသူရက Boss ကို အကြောက်ဆုံး။
"Congratulationss ပါBoss
တကယ် လေးစားပါတယ်
အကိုခေတ်နဲ့ Bossကို ( အောင်မြင်သူ)"
"မင်းလည်း ချစ်တဲ့သူ ရှာတော့လေ တော်ကြာ ကိုသူရလို လူပျိုကြီးဖြစ်နေအုန်းမယ် (ရွှေဘုန်း) "
"မရှာတော့ပါဘူး Boss ရယ်
ကျနော့ ဆရာလိုပဲ နေတော့မယ် "
"ဟာားးး"
အောင်မြင်သူကို ကိုသူရ ဘယ်လောက် မောင်းထားတယ်မသိ အလုပ်နဲ့ပတ်သက်လာရင် သူ့ဆရာ ကိုသူရလိုပင်။ အလုပ်နဲ့ ချစ်သူ ဖြစ်ထားသလိုပဲ။
အားလုံးစားကြသောက်ကြပြီး dinner ကအောင်မြင်စွပြီးဆုံးသွားသည်။ ကိုစည်သူတို့အဖွဲ့ သိမ်းစရာများသိမ်းနေချိန်တွင် ခေတ်လေးကိုတွဲကာ အိမ်ထဲဝင်ခဲ့သည်။
သန့်ရှင်းလုပ်ပြီး အိပ်ယာဝင်တော့ ခုတင်ပေါ်မှာ ခေတ်လေးက ပက်လက်လေး ။ တစ်ညနေလုံး ထိုင်လိုက်ရလို့ထင်တယ် ခြေတောက်လေးတွေက ယောင်နေသေးသည်။
"ဟင် ခေတ်လေး ခြေတောက်တွေ သွေးကျလို့ထင်တယ် ယောင်နေတယ် "
"ဟုတ်တယ်မောင် တင်းနေတာပဲ "
"လာမောင်နှိပ်ပေးမယ် "
ရွှေဘုန်း လုပ်နေကြအတိုင်း ဗိုက်ပူပူလေးကို သံလွင်ဆီ လိမ်းပေးပြီး ခြေတောက်လေးတွေကို နှိပ်ပေးနေတော့သည်။
"တော်ပြီမောင် ရပြီ
အိပ်ကြစို့ "
"ဟုတ်... မောင့်ပေါ် ခြေတောက်တင်ထားလေ ခေတ်လေး "
မောင်က ခေတ်ကို ရင်ခွင်ထဲမှာ ထည့်ပြီး အိပ် လိုက်သည်။ အိပ်မပျော်ခင် နဖူးကိုလည်း ခဏခဏ နမ်းနေသေးသည်။ ခေတ်ကို ကျေးဇူးတင်ကြောင်းလည်း ပြောသေးသည်။ ခေတ်လည်း တဖြေးဖြေးခြင်းအိပ်ပျော်တော့မည့် အချိန် ကြားလိုက်ရတဲ့စကားက ခေတ် မျက်လုံးများပင်ပြူးသွားတော့သည်။
"ခေတ်လေး ကိုယ်ဝန်ဆောင်ရတာ ပင်ပန်းနေတာမို့ တခါတည်း သုံးမွှာပူးမွေးရင် ကောင်းမှာပဲ တဲ့"
အချစ်များစွာဖြင့် 🌻
1.6.2022(Wed)
...............................
Zawgyi
"မာမီ ရေ !!!"
"သားခေတ်လေး လာ
"ကောင်းပါတယ်မာမီ "
"ရပါတယ် သားခေတ်လေးရဲ့
"သားငယ် !!"
"ဗျာ... ဒယ်ဒီ "
အခုတော့ "
"ဟုတ်ပါပြီ သားငယ်ရာ
အလုပ်က ဒုတိယ
သားခေတ်က ပထမပေါ့ "
ငါနားချင်နေပြီ
အဲ့ဒါ ငါ့အိမ်မက်ပဲ"
"ဟာာားးး"
~~~~~~~~~~~~~~
"မောင်ထမင်းစားရအောင် "
မောင်မရတော့ဘူး "
"ဒီနေ့ ယူချင်ယူလေ
"ပြွတ်စ်စ် .."
"တကယ်လား "
"တကယ်ပေါ့မောင်ကလည်း "
"သားတို့လာ
"ခစ်ခစ်
သားလေး လိုချင်လား "
"ပြွတ်စ်စ် ..."
~~~~~~~~~~~~
"ကြီးသူ ရေ!!!"
"အေးသားငယ်လေးပြော "
"သားငယ်လေး ဘယ်နေ့လည်း"
"ဒီနေ့ကြီးသူ"
ကြိုလည်းမပြောဘူး "
"၆ယောက်ထဲပါ ကြီးသူ "
"ဒါဆို ကြီးသူ ဈေးသွားဖို့ ပြန်လိုက်အုန်းမယ် "
"ဟုတ်ကြီးသူ ကျေးဇူး "
ဝယ်ခဲ့ပေး "
"ဟုတ်ပါပြီကွယ် "
"မောင့်ကို အားဆေး "
"ပြွတ်စ်စ် "
"ရပါတယ် ကြီးသူရဲ့ ခဏပဲ
ခေတ်ကြည့်ချင်လို့ "
"မောင့်!!!"
"တကယ်နော်မောင် "
"တကယ်ပေါ့ ဗျာ "
"ပြွတ်စ်စ် "
~~~~~~~~~~~~
"ဟောင့်တန်ခိုး !!!
"ခေတ်လေး ဖြေးဖြေး "
"ရပါတယ်မောင်ရဲ့ "
"ဟောင့်သားရီး !!
"ဟုတ်တယ် မြတ်ကလေးရေ
"ဟားးးး"
"ငါလူဖြစ်ပြီကွ !!!
"ဟောာ!!
ဟာာ!!!
ဝါးး!!
အားးး!!
ဟင် !!!!"
"အကို ခေတ်ကို အားကျတယ်
"ဂုဏ်ယူပါတယ် Boss
"ရပါတယ်အကိုခေတ်ရယ်
တကယ် လေးစားပါတယ်
"ဟာားးး"
"လာမောင်နှိပ်ပေးမယ် "
"တော်ပြီမောင် ရပြီ
အိပ်ကြစို့ "
အချစ်များစွာဖြင့် 🌻
1.6.2022(Wed)