ဘာလိုလိုနဲ့ သူတို့နှစ်ယောက်အတူနေတာ..
ရက်တွေလတွေပင်ကြာ၍
တစ်ရာသီမှ တစ်ရာသီပင်
ကူးပြောင်းလာလေပေပြီ။
နှစ်ယောက်လုံးက အလုပ်ကိုယ်စီနဲ့ဖြစ်နေပေမဲ့
သူတို့နှစ်ယောက်ကြားထဲ အေးစက်စက်
နိုင်သွားတာမျိူး ဝေးကွာသွားတာမျိုးမရှိခဲ့ပေ။
လွှမ်းသုတ
ကျောင်းသို့မသွားရသည့် Sunday
လိုနေ့မျိုးမှာ ဝေမှူးပိုင်က အလုပ်ကိစ္စတွေကို
ကြိုရှင်းထားတတ်ပြီး ဘေးမှာအတူနေပေးသလို..၊
Weekdays ကျောင်းက ပြန်လာပြီးတဲ့ အချိန်တိုင်းမှာလည်း လွှမ်းသုတက ဝေမှူးပိုင်အနားတွင်သာ
ကြောင်လေးလိုတိုးဝှေ့နေလေ့ရှိသည်။
ရင်ခုန်သံတွေအေးစက်သွားဖို့ဝေးစွ
ချစ်ရတာပင်မဝသေးသည့်နှယ်..။
ဒီနေ့က ကျောင်းဖွင့်ရက် သောကြာနေ့ဖြစ်သည်။
အမြဲတမ်းဆိုရင် ကျောင်းကို သူ့ကားနဲ့သူ
လာတတ်ပေမဲ့ ဒီနေ့တော့
သူ့ကားကို အတွင်းပိုင်းသန့်ရှင်းရေး
အပ်ထားရတာကြောင့် ကျောင်းကို
လာကြိုပေးမည့်ဝေမှူးပိုင်ကို ကျောင်း၏
မေဂျာဆောင်ရှေ့ကထိုင်ခုံတွင်လွှမ်းသုတ
ထိုင်စောင့်နေခြင်းဖြစ်သည်။
ထိုအခိုက် မေဂျာဆောင်အပေါ်ထပ်မှ
ဆင်းလာသော သူနဲ့ဌာနတစ်ခုထဲတွင်
အလုပ်လုပ်သည့် ထက်မာန်က
သူ့ကိုတွေ့သောအခါ နှုတ်ဆက်လာသည်။
"ကိုလွှမ်း...ဒီနေ့ ကားမပါလို့လား"
တစ်နေ့ထဲမှာပင်
အလုပ်ဝင်ခဲ့၍ အနည်းငယ် ရင်းနှီးနေပြီ
ဖြစ်တာကြောင့် လွှမ်းသုတ ပြန်လည်ပြုံးပြ၍
နှုတ်ဆက်လိုက်ရသည်။
" ဟုတ်ကဲ့။ ကိုထက်မာန်ရော မပြန်သေးဘူးလား"
"အခုပြန်တော့မလို့ဗျ။ ကိုလွှမ်းအတူ လိုက်ခဲ့မလား ။တစ်ခါထဲ ပို့ခဲ့လိုက်မယ်လေ"
"ရတယ် ကိုထက်မာန်။
ကျွန်တော့်အိမ်က လာကြိုနေပြီ"
ထက်မာန်က ခဏတာစဉ်းစားဟန်ပြုပြီးမှ
လွှမ်းသုတထိုင်နေသည့် ခုံတန်းတွင် လွှမ်းသုတနဲ့
အနည်းငယ်ခွါ၍ ဝင်ထိုင်လိုက်သည်။
လွှမ်းသုတက အကဲခတ်သလို
ကြည့်လိုက်သည့်အခါ ပြုံးပြလာပြီး
" ၆ နာရီကျော်ပြီဆိုတော့
ကိုလွှမ်းတစ်ယောက်ထဲ စောင့်ဖို့
နည်းနည်းမှောင်နေပြီလေ။
ကျွန်တော်စိတ်မချဘူး"
"ဪ ဟုတ်ကဲ့.."
လွှမ်းသုတ ခေါင်းညိတ်ပြလိုက်ပြီးမှ
လက်မှနာရီကိုတစ်ချက်ကြည့်လိုက်မိသည်။
၆ နာရီ မိနစ် ၂၀ ပင်ရှိနေလေပြီ။
ဝေမှူးပိုင်က လွန်ခဲ့သည့် ၄၅ မိနစ်ခန့်ကတည်းက
သူထွက်လာပြီပြောသွားပြီး ဘာလို့အခုထိ
ရောက်မလာသေးတာလဲ။
လွှမ်းသုတ ဝေမှူးပိုင်ကို
ဖုန်းထပ်ခေါ်လိုက်မိ၏။
တစ်ချက်နှစ်ချက်ခန့်ဖုန်းဝင်ပြီးသည့်နောက်တွင်
တစ်ဖက်က ကိုင်လိုက်၏။
"အင်း ကျောင်းထဲဝင်ခဲ့ပြီ"
"မြန်မြန်လာ.."
အနည်းငယ် ဆူအောင့်အောင့်လေးပြောကာ
ဖုန်းချပစ်လိုက်သော
လွှမ်းသုတ၏ ပုံစံကိုကြည့်၍
ထက်မာန်က ပြုံးလိုက်ပြီးမှ
" အိမ်ကလား.."
"ဟုတ်ကဲ့.."
ထက်မာန်က ခေါင်းတဆတ်ဆတ်ညိတ်၏။
ခဏအကြာ သူတို့အဆောင်ရှေ့တွင်ရပ်လာသော
ဝေမှူးပိုင်၏ ကားကိုတွေ့လိုက်ရသည်။
ကားရပ်ရပ်ချင်းပင် ဝေမှူးပိုင်က
ကားမှန်ကိုချ၍ သူတို့ကို ခပ်တင်းတင်း
စိုက်ကြည့်လာ၏။
လွှမ်းသုတ ထက်မာန်ဘက်သို့လှည့်ကာ
"ကိုထက်မာန် ကူစောင့်ပေးတာ ကျေးဇူးပါခင်ဗျ။
ကျွန်တော်သွားလိုက်ပါဦးမယ်"
"ဟုတ်ကဲ့ ရပါတယ်ဗျ ။ ကိုလွှမ်း သွားပါ။
ကိုလွှမ်းရဲ့အစ်ကိုက စိတ်မရှည်တော့ဘူးထင်တယ်"
ဝေမှူးပိုင်ကို သူ့အစ်ကို
ထင်နေသည်ကြောင့် လွှမ်းသုတက ချက်ချင်းပင်
" ကျွန်တော့်ချစ်သူပါ"
အနည်းငယ်အံ့ဩသွားဟန်ရှိသည့် ထက်မာန်ကို
လွှမ်းသုတ ပြုံး၍ နှုတ်ဆက်လိုက်ပြီးမှ
ဝေမှူးပိုင်ဆီသို့ ထွက်ခဲ့လိုက်၏။
~~~~~~~~~~~~~~~~~~~~
ကားပေါ်ရောက်သည်နှင့် လုပ်နေကျအတိုင်း
ဝေမှူးပိုင်၏ ပါးကို လှမ်းနမ်းဖို့ ပြင်သည့်အချိန်
တွင် ဝေမှူးပိုင်က ခေါင်းကိုတစ်ဖက်သို့ယိမ်း၍
ရှောင်လိုက်သည်ကြောင့် လွှမ်းသုတ
ကြောင်တောင်တောင် ဖြစ်သွားမိသည်။
သူ့ကိုကြည့်လာသည့် ဝေမှူးပိုင်၏
မျက်နှာက အနည်းငယ်တင်းမာနေလေ၏။
"ဘယ်သူလဲ"
"ဘာကိုလဲ"
"မင်းနဲ့အတူ ထိုင်နေတဲ့လူ"
"ဪ.. ထက်မာန်တဲ့။ ငါနဲ့အတူတူ
အလုပ်ဝင်တဲ့တစ်ယောက် ။ မေဂျာလည်း
အတူတူပဲ ဘာဖြစ်လို့လဲ"
"ဘာလို့အတူထိုင်နေတာလဲ.."
အခုမှပင် အကြောင်းအရင်းကို သဘောပေါက်
သွားမိသည်။ ဝေမှူးပိုင်က သူ ထက်မာန်နဲ့
အတူထိုင်နေလို့ စိတ်တိုနေတာ..။
"ဘာလုပ်နေတာလဲ ။ မေးနေတာဖြေလေ"
စိတ်မရှည်ဟန်ဖြင့် အော်လာသည်ကြောင့်
လွှမ်းသုတ နှုတ်ခမ်းကို စူပုံ့ပုံ့လုပ်လိုက်ပြီးမှ...
" ငါ့ကို ကူစောင့်ပေးနေတာ။"
"ကူစောင့်ပေးလို့ရတဲ့ ဆက်ဆံရေးလား"
"မှောင်နေလို့တဲ့ ။ မင်းကနောက်ကျနေတာကို..."
ဝေမှူးပိုင်က ကျစ်ခနဲ စုတ်သပ်လိုက်ပြီးမှ ..
"အဲ့ဒါ သူ့ကိစ္စမဟုတ်ဘူး။
မင်းလည်းတကယ်အရေးမပါဘူး။
ဘာလို့မင်းဘေးနားမှာလာထိုင်ခိုင်းတာလဲ"
"မဟုတ်ဘူးလေ။ ငါ့ကိုအကောင်းနဲ့ အတူစောင့်ပေးနေတဲ့လူကို မောင်းထုတ်ရမှာလား"
"မောင်းမထုတ်စရာဘာအကြောင်းရှိလဲ။
အဲ့ဒီလူက မင်းကိုကြောင်ချင်လို့
ဒီလိုလုပ်နေတာလေ ။ မင်းဦးနှောက်က
ဒီလောက်တောင် မတွေးတတ်ဘူးလား"
လွှမ်းသုတ ဝေမှူးပိုင်ကို တစ်ချက်
စိုက်ကြည့်ပစ်လိုက်ပြီးမှ..
"မတွေးတတ်ဘူး။
တွေးလည်းမတွေးချင်ဘူး။"
လက်ထဲက ဖုန်းကို ဒက်ရှ်ဘုတ်ပေါ်
ပစ်တင် ပစ်လိုက်၏။
ဟုတ်တယ်..။
သူလည်းဘာအမှားမှမလုပ်ခဲ့ဘဲနဲ့ အဲ့ဒီလောက်ထိ
အော်ခံနေစရာဘာအကြောင်းမှမရှိဘူး။
"လွှမ်းသုတ!"
"ဝေမှူးပိုင်
မင်းငါ့ကိုထပ်မအော်နဲ့နော်။ ထပ်အော်ရင်
မင်းပြောတဲ့ ငါ့ကို ကြောင်နေတယ်ဆိုတဲ့
လူနဲ့ ငါ ပြန်သွားမှာ"
လွှမ်းသုတ စိတ်တိုလာတာကြောင့်
ရွဲ့ပြောပစ်လိုက်သည်။
သူက လာကြိုတာနောက်ကျနေပြီးတော့
ဘာလို့ သူကပဲအပြစ်လာတင်ပြီး
အော်နေတာလဲ။
ဝေမှူးပိုင်က တစ်ဖက်ကို မျက်နှာလွှဲနေသော
လွှမ်းသုတကိုစိုက်ကြည့်ပြီးမှ တောက်တစ်ချက်
ခေါက်လိုက်သည်။ ထို့နောက်
ကားကိုအရှိန်ပြင်းစွာမောင်းထွက်လိုက်၏။
ကျောင်းဝင်းထဲ ဒီလိုမမောင်းရမှန်း
သိနေတာတောင် ဝေမှူးပိုင် ဘာကိုမှ
ဂရုစိုက်ချင်စိတ်မရှိတော့သည်အထိ
ဒေါသထွက်နေခဲ့သည်။
~~~~~~~~~~~~~~~~~~~~~~~
"အအေးဖျော်မလို့ ..။ အအေးသောက်ဦးမလား"
နှစ်ယောက်ထဲနေသည့် အိမ်တွင် တစ်ယောက်နဲ့
တစ်ယောက်စကားမပြောဘဲ မနေနိုင်သည့်အဆုံး
လွှမ်းသုတကပဲ ဝေမှူးပိုင် MacBook
သုံးလျက်ထိုင်နေသည့် ဝရံတာသို့ လာခဲ့ကာ
မေးလိုက်မိသည်။
ထိုင်ခုံတွင်ကျောမှီကာ ပေါင်ပေါ်တင်ထားသည့်
MacBook ကိုသာ ကြည့်၍ တိတ်ဆိတ်နေသည့်
ဝေမှူးပိုင်က သူ့ကို ဘာစကားမှပြန်မပြောလာသလို
တစ်ချက်ကလေးမျှပင် လှည့်မကြည့်လာ..။
လွှမ်းသုတ မှုန်ကုပ်ကုပ်ရုပ်လေးလုပ်လိုက်ပြီးမှ..
"မောင်..."
အေးစက်စက်မျက်နှာထားဖြင့် ၊
သူ့ကိုမရှိသည့်အတိုင်းပင် လျစ်လျူရှုနေဆဲ။
မရဘူးပေါ့...။
မောင်လို့ခေါ်တာတောင်မရဘူးပေါ့ ။
"ဝေမှူးပိုင်.. ငါခေါ်နေတယ်လေ"
တုံ့ပြန်မှုကင်းမဲ့လျက်သာ။
လွှမ်းသုတ ရုတ်တရက် အလျှော့ပေးချင်စိတ်
ပျောက်သွားရသည်။
" အင်း ! နေ အဲ့ဒီအတိုင်း နေ..။
ဒီနေရာမှာ တစ်ညလုံးထိုင်နေ။
အခန်းထဲလည်းဝင်မလာနဲ့ မင်း"
လွှမ်းသုတ၏ စကားဆုံးသည့်အခါ
ဝေမှူးပိုင်က MacBook ကိုပိတ်၍
မတ်တပ်ထရပ်လိုက်သည်။
ထို့နောက် လွှမ်းသုတနဲ့တစ်ချက်ကလေးမှပင်
အကြည့်ချင်းမစုံလာဘဲ အိမ်ထဲသို့ ဝင်သွားကာ၊
အတူနေသည့် master bedroom ရှေ့မှ ဖြတ်၍
ဧည့်သည်လာလျှင်နေရန်အပိုထားသည့်
အခန်းထဲသို့ဝင်သွား၏။
"ငါချော့တယ်နော် ။ မင်းဟာမင်း စိတ်မပြေတာ.."
တစ်ယောက်တည်း ကျန်ခဲ့သည့်လွှမ်းသုတက
မျက်ခုံးကုပ်ကုပ်လေးတွေဖြင့်..
ခပ်တိုးတိုးရေရွတ်၍ ဝေမှူးပိုင်ထိုင်သွားခဲ့သည့်
ထိုင်ခုံကို ခြေထောက်နဲ့ ဆတ်ခနဲ
ကန်ပစ်လိုက်သည်။
မုန်းစရာကောင်းတဲ့ မှူး....။
ဘာလို့ဒီလောက်ထိ
စိတ်ဆိုးနိုင်ရတာလဲ။
~~~~~~~~~~~~~~~~~~~~
ဘေးတစ်ဖက်ရှိလစ်လပ်နေသောနေရာကို
ကြည့်ကာလွှမ်းသုတ စိတ်မကျေမနပ်ဖြစ်နေတာကြောင့်လွယ်လွယ်နဲ့အိပ်မရဖြစ်နေမိသည်။
လော့ခ်မချထားတာကို ..။
ဘာလို့အခန်းထဲတကယ်မဝင်လာရတာလဲ။
သူ့ကိုတစ်ယောက်ထဲ ပစ်ထားပြီး
တကယ် အဲ့ဘက်မှာအိပ်မယ်ပေါ့..။
ဟိုတစ်နေ့ကကျ မင်းကို ရင်ခွင်ထဲဖက်ပြီး
အိပ်ရမှ မောင်အိပ်ပျော်တာလို့ပြောပြီး......။
ဝေမှူးပိုင်...အာလူး..။
နောက်ဆုံး ..
လွှမ်းသုတ အိပ်ရာမှ ငုတ်တုပ်ထထိုင်ကာ နံဘေးရှိ
အားသွင်းထားသည့်ဖုန်းကိုယူလိုက်မိတော့သည်။
"တစ်ခါလောက်တော့ ထပ်ချော့လိုက်မယ် .. ဟွန်း.."
Messenger သို့ဝင်လိုက်သည့်အခါ
Active now ဖြစ်နေသည့် W Hmue ဆိုသော
Acc ကိုတွေ့လိုက်ရသည်ကြောင့် conversation
ကိုဖွင့်ကာ ချစ်စရာကောင်းသည့်
ငိုမဲ့မဲ့ ကြောင်ရုပ်Gif လေးတွေနဲ့အတူ message ပို့လိုက်မိ၏။
'ဒီဘက်အခန်းလာခဲ့'
စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက်တွင်
ဝေမှူးပိုင်က လွှမ်းသုတ၏ message ကို seen
ပြသွားပေမဲ့ reply ပြန်မလာခဲ့။
လွှမ်းသုတ နှုတ်ခမ်းလေးကိုမဲ့လိုက်သည်။
ထို့နောက် သူ့ဘက်ကပဲ message ထပ်ပို့လိုက်၏။
''မှူး....လို့။ မချစ်ဘူးလား"
ဒီတစ်ခါတော့ ဝေမှူးပိုင်ဘက်မှ replyကို ခပ်တိုတို
ပြန်လာခဲ့သည်။
'အိပ်တော့"
''အိပ်လို့မရပါဘူး..။ မင်းကစိတ်ဆိုးနေတာကို...'
Reply က ရောက်မလာခဲ့တော့ပေ..။
တော်ရုံကိစ္စဆို ဝေမှူးပိုင်က ချော့ရမခက်ပေမဲ့
သူတကယ်သဝန်တိုသွားရင်..လွယ်လွယ်နဲ့
စိတ်မပြေတတ်တော့ဘူး။
လွှမ်းသုတ နှုတ်ခမ်းကို စူပုံ့ပုံ့လုပ်လိုက်မိပြီးမှ..
ဖုန်းကိုချကာ အိပ်ခန်းထဲမှ ထွက်ခဲ့လိုက်
မိတော့သည်။
လော့ခ်မချထားသည့်
တစ်ဖက်အခန်းတံခါးကို ဖွင့်ဝင်လိုက်သည့်အခါ..
ခုတင်ခေါင်းရင်းတွင်ခပ်လျော့လျော့ မှီလျက်
ဖုန်းသုံးနေသော
ဝေမှူးပိုင်က သူ့ကို ကြည့်လာခဲ့သည်။
လွှမ်းသုတက ဝေမှူးပိုင်ဆီသို့လျှောက်သွားကာ...
နံဘေးရှိနေရာလွတ်တွင် ဝင်လှဲ၍ ဝေမှူးပိုင်၏
ခါးကိုဖက်ကာ ရင်ခွင်ထဲသို့
တိုးဝင်လိုက်မိတော့သည်။
ထို့နောက် ခပ်တိုးတိုးအသံဖြင့်..
"မင်းနော်.. ငါ့ကို အနိုင်ကျင့်နေပြီ.."
"ဘာအနိုင်ကျင့်လို့လဲ"
" ငါချော့နေတာကိုငါ့ကိုပစ်ထားတာ.."
" ပစ်ထားချင်အောင်ဘယ်သူလုပ်တာလဲ"
"မင်းကလည်း.. ...ငါမလုပ်ပါဘူး..."
လွှမ်းသုတက လေသံပျော့ပျော့လေးဖြင့်
ပြောလိုက်ပြီးမှ. ဝေမှူးပိုင်၏ လက်ကိုဆွဲကာ ..
ဖြူ၍သွယ်လျသောလက်သူကြွယ်တွင်
ထိုးထားသည့် သူ့နာမည်တက်တူးလေးကို
ဖွဖွနမ်းလိုက်၏။
ထို့နောက်
လွှမ်းသုတက သူ့ရင်ဘတ်ပေါ်ပါးလေးတစ်ဖက်
အပ်ထားရင်းမှပင် မျက်တောင်ကော့ကော့လေးတွေ
ရံထားသည့်မျက်ဝန်းလေးတွေနဲ့
မော့ကြည့်လာပြန်သည်။
ထိုအပြုအမူလေးတွေနှင့်ပင် ဝေမှူးပိုင်၏
တင်းမာစွာ ကာထားသော စိတ်တံတိုင်းများမှာ
အကုန်ပြိုကျသွားရပါသည်။
"မှူး..နော်လို့.. နော်.."
"ဘာနော်လဲ"
"စိတ်မဆိုးပါနဲ့တော့လို့.."
"အင်း.."
"တကယ်လား။ စိတ်မဆိုးတော့တာ"
"နောက်တစ်ခါ ထပ်မလုပ်နဲ့"
"ငါကစပြီးအတူထိုင်ခိုင်းတာမဟုတ်ပါဘူးဆို...."
"တခြားတစ်ယောက်နဲ့လိုက်ပြန်သွားမယ်ပြောတာတွေ၊ တခြားတစ်ယောက်နဲ့ ရင်းရင်းနှီးနှီးနေမယ်လို့ရွဲ့ပြောတာတွေထပ်မလုပ်နဲ့"
"ဟုတ်.."
"မောင်ဒီလိုကိစ္စတွေမှာ သည်းမခံချင်တာ
မင်း သိတယ်မလား.."
"သိတယ်.."
"ထပ်မဆိုးနဲ့။ အတတ်နိုင်ဆုံးမင်းကို
ဒေါသနဲ့မအော်မိအောင် မောင်နေမယ်"
"ဟုတ်"
ထူးထူးဆန်းဆန်း
ခေါင်းလေးတညိတ်ညိတ်၊ တဟုတ်ဟုတ်နှင့်
လိမ္မာပြနေသော လွှမ်းသုတကိုကြည့်ကာ ဝေမှူးပိုင်
အလိုလိုပင်ပြုံးလိုက်မိတော့သည်။
လွှမ်းသုတကလည်းထိုအခါမှ ပြုံးရယ်လိုက်မိကာ
ဝေမှူးပိုင်၏ မေးရိုးချွန်ချွန်အား
တစ်ချက် ဖိကပ်နမ်းလိုက်မိ၏။
"မှူး..""
"အင်း"
"စိတ်မပူပါနဲ့..။ ငါ့နှလုံးသားကလေ မင်းကလွဲရင်
တခြားလူတွေကို Auto Blur လိုက်တဲ့ system
ပါပြီးသား..ဟီး..။ ငါမင်းကလွဲပြီး
ဘယ်သူ့မှရင်မခုန်ဘူး.."
"မောင့်ကိုရော ဘယ်လောက်ရင်ခုန်လဲ"
"အွန် .. ဘယ်လိုပြောရမှာလဲ"
"မင်းပြောတတ်သလို"
လွှမ်းသုတက မျက်တောင်လေးတွေ
ပုတ်ခတ်ပုတ်ခတ်လုပ်ကာ စဉ်းစားဟန်ပြုသည်။
ဝေမှူးပိုင်က သူ့ရင်ခွင်ထဲက လွှမ်းသုတရဲ့
ကိုယ်လေးကို အသည်းယားစွာဖြင့်
တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်မိသည်။
"ဘယ်လောက်ထိမောင့်ကိုရင်ခုန်လဲ"
"...."
"မောင်အဲ့ဒီအဖြေကိုသိအောင်လုပ်ပေးမယ်"
စကားအဆုံး၌
ဝေမှူးပိုင်၏ ရင်ခွင်တွင် ဖားပျံလေးလို
လွှမ်းသုတ ကပ်နေရာမှ ရုတ်တရက်
ပက််လက်လှန်ခံလိုက်ရကာမွေ့ယာနဲ့
ကျောထိသွားရပြီးနောက် ဝေမှူးပိုင်က
သူ့အပေါ်မှ အုပ်မိုးလာခဲ့သည်။
အခြေအနေကိုသဘောပေါက်သွားသည့်
လွှမ်းသုတက မျက်နှာလေးတွေရဲသွား၏။
"မှူး.. မင်းနော်..နေ့တိုင်း..."
ငြင်းဆန်ခြင်းမပါသည့်စကားလေးက
ဝေမှူးပိုင်၏ ရီဝေယစ်မူးဖွယ် အကြည့်တွေနဲ့
အနမ်းတွေအောက်မှာပင်
ပျောက်ကွယ်သွားသည်။
ဝေမှူးပိုင်၏ အရာရာအားမြတ်နိုးနေမိသည့်
လွှမ်းသုတသည်လည်း
ဝေမှူးပိုင်၏ လည်တိုင်ကိုဖက်၍
ထိုအနမ်းတွေထံတွင်
လိုက်ပါစီးမြောလိုက်မိတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~
အိပ်ရာနိုးလာသည့်အချိန်တွင် နံဘေးရှိ
လစ်လပ်နေသော ဝေမှူးပိုင်၏ နေရာကြောင့်
အိပ်ချင်မူးတူးရုပ်လေးဖြင့်ပင်
လွှမ်းသုတ မျက်မှောင်လေးကုပ်လိုက်မိ၏။
ဒီနေ့က လွှမ်းသုတရဲ့မွေးနေ့မို့ နှစ်ယောက်လုံး
အလုပ်နားထားတာကို ဘယ်သွားတာလဲ။
အေးစိမ့်နေသည့် aircon ဓာတ်ကြောင့်
အိပ်ရာထဲတွင် ခဏမျှနှပ်နေလိုက်ပြီးမှ
မျက်နှာသစ်၊သွားတိုက်လုပ်၍
အိပ်ခန်းထဲမှထွက်ခဲ့လိုက်သည်။
ထိုအခါ ထမင်းစားခန်းထဲတွင် နှစ်ယောက်အတူ
မနက်စာစားရန်ပြင်နေဟန်ရှိသော ဝေမှူးပိုင်ကို
ဧည့်ခန်းမှလှမ်းမြင်လိုက်ရ၏။
ဒီနေ့က အပြင်သွားစရာရှိပြီး နှစ်ယောက်လုံး
အပြင်မှာပဲ စားဖြစ်မှာဖြစ်တာကြောင့်
အိမ်အကူ အန်တီကြီးကို မလာခိုင်းထားခြင်းဖြစ်၍
ဝေမှူးပိုင်က
သူကိုယ်တိုင်မနက်စာထဝယ်ခြင်းဖြစ်မည်။
လွှမ်းသုတ ဝေမှူးပိုင်ဆီသို့လျှောက်သွား၍
ဝေမှူးပိုင်၏ လက်မောင်းကိုတွယ်ဖက်လိုက်သည်။
"Happy Birthday.."
"Birthday kiss.."
နှုတ်ခမ်းပါးနှစ်ခုထပ်တူကျရုံမျှ
အနမ်းသည်လည်း ချစ်ခြင်းမေတ္ထာအား
ဖော်ကျူးနိုင်စွမ်းရှိသည်။
" မင်းနော်..။
ဘာလို့ ငါ့ကိုမနှိုးဘဲ ထွက်သွားတာလဲ"
"မင်းကို နှိုးနေရင် မင်းစားချင်တဲ့
ဒီဆိုင်က ရှမ်းခေါက်ဆွဲကို စားလို့ရမှာမဟုတ်ဘူး"
ဝေမှူးပိုင်ပြန်ဖြေသည့်စကားက
ငြင်းမရတာကြောင့်လွှမ်းသုတ ပြုံးစိစိလေးဖြင့်သာ
တိတ်လိုက်ရတော့သည်။
ထမင်းစားပွဲမှာ အတူထိုင်လိုက်သည်ဆိုလျှင်ပဲ
လွန်ခဲ့တဲ့အချိန်တွေတုန်းကလိုပင် ဝေမှူးပိုင်
နယ်ပေးလိုက်သည့် ရှမ်းခေါက်ဆွဲပန်းကန်က
လွှမ်းသုတရဲ့ အရှေ့သို့စားရန်အသင့်အနေအထားနဲ့
ရောက်လာ၏။
နှစ်ယောက်ကြားက
နွေးထွေးမှုဆိုတာကို ပြသဖို့
လုပ်ရပ်အကြီးကြီးတွေလုပ်စရာမလို..။
ခေါက်ဆွဲလေးတစ်ပန်းကန်နယ်ပေးလိုက်ရုံ၊
ငါးရိုးလေးတစ်ချောင်းထွင်ပေးလိုက်ရုံ၊
ရေလေးတစ်ခွက်ငှဲ့ပေးလိုက်ရုံနဲ့လည်း
ပြည့်စုံသည်။
ထိုအခိုက် စားပွဲပေါ်တွင်တင်ထားသည့်
ဝေမှူးပိုင်၏ဖုန်းမှ vibrateဖြစ်လာခဲ့သည်။
ဝေမှူးပိုင်က screen တွင်ပေါ်နေသော contact
ကိုကြည့်ပြီးမှ ကိုင်လိုက်၏။
" ဟုတ် ဖေဖေ.."
"......"
"နိုးပြီ။ မနက်စာစားနေတာ"
"...."
လွှမ်းသုတကို တစ်ချက်ကြည့်လာပြီးမှ
"ဟုတ်တယ် ။ ဒီနေ့ သူ့မွေးနေ့ ဖေဖေ.."
"..."
"ဘေးမှာရှိတယ်.."
ဝေမှူးပိုင်က သူ့ဖုန်းကိုပေးလာ၏။
"လွှမ်းသုတ.. Happy birthday သား"
ဖုန်းထဲက ဝေမှူးပိုင်၏ အဖေအသံသည်
အမြဲကြားနေသလိုပင် နွေးထွေး၍
လွှမ်းသုတ၏ စိတ်ကိုပါ ရွှင်မြူးလာစေသည်။
"ဟီး ကျေးဇူးပါခင်ဗျ..။ဦးလေးဆီကို နေ့လယ်မှ
မှူးနဲ့အတူ လာမလို့..။ မေမေက ဒံပေါက်နဲ့
ကြာဇံဟင်းခါးချက်ပေးထားတယ်ဆိုလို့
အဲ့ဒါ လာပေးမလို့လေ။ ဒါပေမဲ့ ဒံပေါက်တော့ အများကြီး စားလို့မဖြစ်ဘူးနော်"
"ဟားဟား . အေးပါကွာ .. လာခဲ့ကြ။
မွေးနေ့လက်ဆောင်ကိုတော့ မဝယ်ပေးတော့ဘူး။
သားရဲ့bank acc ထဲကိုပဲ ငွေထည့်ပေးထားတယ်။သားရဲ့မှူးကိုပဲ သားကြိုက်တာလိုက်ဝယ်
ခိုင်းလိုက်တော့နော်"
"ဟီး ဟုတ်ကဲ့"
"မနက်စာစားနေတယ်ဆို စားကြ။
နေ့လယ်မှဒီကိုလာခဲ့။
မွေးနေ့ကို ဘုရားလေးဘာလေးလည်းသွားကြဦး"
"ဟုတ် ။ ခဏနေ ဘုရားကြီးသွားပြီး
ရွှေဆိုင်းသွားကပ်ပြီးမှ မေမေတို့ဆီဝင်မှာဗျ"
ဖေဖေဖုန်းချသွားပြီး မိနစ်အနည်းငယ်မျှကြာသည့်အချိန်အထိ ပြုံးနေသောလွှမ်းသုတ၏
မျက်နှာလေးကို သတိထားမိလိုက်တာကြောင့်..
ဝေမှူးပိုင် ခပ်တိုးတိုးရယ်လိုက်ပြီးမှ
"ဘာလဲ။ မုန့်ဖိုးရလို့ပျော်နေတာလား"
"မဟုတ်ပါဘူး"
"ဒါဆိုဘာလို့လဲ"
"မင်းကို တခြားလူမဟုတ်ဘဲ
ငါပိုင်ခဲ့ရလို့တော်သေးတယ်လို့
တွေးမိလို့.."
"....."
"အဟမ်း .. မွေးနေ့မို့လို့ဖွင့်ပြောပြလိုက်ပါ့မယ်။
မှူး.. မင်းငါ့ကို ချစ်ခဲ့တာကလေ
ငါ့ဘဝတစ်ခုလုံးရဲ့ အကြီးမားဆုံး ကံကောင်းမှူ
တစ်ခုပဲ။ မတော်လို့များ ဖွဖွ ငါမဟုတ်ဘဲ
တခြားတစ်ယောက်ကိုများ
မင်းကြိုက်မိခဲ့တာဆိုရင်.. အခုလိုမျိုး..
ငါ့ဘဝမှာထွေထွေထူးထူးပျော်ရွှင်နေရတာမျိုး..၊
နွေးထွေးရတာဆိုတာမျိုးရှိနေမှာမဟုတ်ဘူး..။
တကယ်လို့ မင်းငါ့ကိုမချစ်ခဲ့ရင်
တခြားတစ်ယောက်နဲ့
ငါလက်တွဲရင်လက်တွဲဖြစ်လိမ့်မယ်..။
ဒါပေမဲ့သေချာတယ်။ အဲ့ဒီတစ်ယောက်က
ဘယ်သူပဲဖြစ်နေဖြစ်နေ..မင်းလိုတော့
ငါ့အပေါ်အကောင်းဆုံးဖြစ်နေမှာမဟုတ်ဘူး.."
စကားဆုံးသည့်အခါ ဝေမှူးပိုင်က လွှမ်းသုတ၏
နဖူးကို ဖွဖွနမ်းသည်။
"မောင်က မင်းအပေါ်အကောင်းဆုံး
လူဖြစ်ပေးချင်တာမဟုတ်ဘူး။ မင်းကို
အချစ်ဆုံးလူ၊မင်းကအချစ်ဆုံးလူပဲဖြစ်ချင်တာ.."
"အွန်.. အခုလည်း...ဖြစ်နေတာပဲကိုကွာ.."
ပြုံးပြုံးလေးဖြင့်
ပြောလာသည့်စကားက
ဝေမှူးပိုင်၏ နှလုံးသားတစ်ခုလုံးကို
အချစ်စိတ်တို့ဖြင့်ထုံမွှမ်းသွားစေပါသည်။
မင်းကိုမောင်ဘယ်တုန်းကမှ
မချစ်ဘဲမနေနိုင်ခဲ့ပါဘူး။
ဘယ်တော့မှလည်း
မချစ်ဘဲနေနိုင်မှာမဟုတ်တော့ဘူး..။
~~~~~~~~~~~~~~~~~~~~
လွှမ်းသုတ၏မွေးနေ့ကုသိုလ်အနေဖြင့်
ဝေမှူးပိုင်နဲ့အတူ မဟာမြတ်မုနိဘုရားကြီး
တွင် ရွှေဆိုင်းအတူကပ်ပြီးနောက်
ဂြိုဟ်ပြေနံပြေဘုရားတွင် ရေသပ္ပာယ်သည်။
ထိုမှအပြန် မိဘမဲ့ဂေဟာ တစ်ခုနဲ့
ဘိုးဘွားရိပ်သာတစ်ခုသို့သွားကာ၊
ပိုက်ဆံလှူခဲ့သေး၏။
နေ့လယ်စာအနေဖြင့်
မေမေချက်ကျွေးသော ဒံပေါက်နဲ့
ကြာဇံဟင်းခါးကိုစားခဲ့ကြပြီး
ဝေမှူးပိုင်၏ အဖေအိမ်သို့သွားခဲ့ကြသည်။
ထိုအိမ်မှာဘဲ ညနေထိနေကြပြီးနောက်
အစီအစဉ်မရှိပါဘဲနဲ့ ဦးလေးက
နှစ်ဖက်မိဘအတူ ညစာမစားရတာကြာပြီဟု
ပြောလာသဖြင့် လွှမ်းသုတ၏ ဖေဖေနဲ့ မေမေကိုပါ
သွားခေါ်ကာ ရွှေဘဲ စားတော်ဆက်
ကိုလည်း သွားဖြစ်ခဲ့ကြသေး၏။
ရွှေဘဲမှာပဲ စကားပြော စားသောက်ကြပြီးနောက်
မိဘတွေကိုလည်း အိမ်ကိုပို့ပြီးပါမှ၊
အားလုံးပြီး၍ အိမ်ကိုပြန်လာခဲ့သည့် အချိန်သည်
မန္တလေး ကျုံးဘေးတွင် အနည်းငယ်ပင်
လူရှင်းစပြုနေလေပြီ။
၁၀ နာရီကျော်ဆိုသည့် အချိန်သည်
ပုံမှန်ဆို ဒီလောက်ထိ လူရှင်းနေမှာမဟုတ်ပေမဲ့
လွှမ်းသုတတို့ညစာစားနေခိုက်တွင်
မိုးသည်းသည်းမည်းမည်း ရွာချလိုက်သေးတာကြောင့် လမ်းပေါ်တွင် လူနည်းသွားခြင်းဖြစ်သည်။
လွှမ်းသုတ ကားမှန်ကိုချလိုက်မိသည့်အခါ
မိုးနံ့ပါသည့် အေးမြသောလေက နှစ်သက်စဖွယ်
တိုးဝှေ့တိုက်ခတ်လာခဲ့သည်။
ထိုအခိုက် ဝေမှူးပိုင်က ကားကို လမ်းဘေးတွင်
ကပ်၍ ရပ်လိုက်ပြီး ချက်ချင်းဆိုသလို ..
ကားပေါ်မှ ဆင်းသွားကာ..ကားနောက်ဖုံးကို
သွားဖွင့်လိုက်တာကြောင့် လွှမ်းသုတ ခေါင်းလေး
လည်ကာကြည့်လိုက်မိသည်။
"မှူး.. ဘာဖြစ်တာလဲ.."
"ဘာမှမဖြစ်ဘူး..။ မဆင်းခဲ့နဲ့.."
ထိုစကားကြောင့် ကားတံခါးကို
လက်လှမ်းနေသည့် လွှမ်းသုတ၏
လက်လေးတွေပင်ရပ်သွားရသည်။
ခဏအကြာ ဝေမှူးပိုင်က
ကားပေါ်သို့ပြန်တက်လာသည်။
သူ့လက်ထဲတွင်လည်း ကိတ်မုန့်ဗူးလေး
တစ်ခုပါခဲ့၏။
လွှမ်းသုတက ချက်ချင်းဆိုသလိုပင် ဝေမှူးပိုင်၏
လည်တိုင်ကိုဖက်၍ ပါးနှစ်ဖက်အား
နမ်းပစ်လိုက်မိသည်။
သူ့မွေးနေ့မှာ
အားလုံးပြည့်စုံနေပေမဲ့ အချစ်ဆုံးပေးသည့်
အမှတ်တရလေးမရှိခဲ့ရင် ဘယ်လိုလို့ ရာနှုန်းပြည့်
ပျော်နိုင်ပါ့မလဲ..။
" အစက ညနေလောက်
အိမ်ပြန်ဖြစ်မယ်တွေးထားတော့
အိမ်မှာပဲ နှစ်ယောက်အတူ
မွေးနေ့ကိတ်ခွဲမယ်တွေးထားတာ။ဒါပေမဲ့
ဒီလောက်အချိန်ကြာသွားမှတော့ အိမ်ရောက်တာနဲ့
မင်းက တန်းအိပ်တော့မှာ..။ အခုခွဲလိုက်တော့"
" မခွဲတော့ဘူး။ ဒီတိုင်း ဓားနဲ့ဖဲ့စားရအောင်..။
ထမင်းစားပြီးတော့ အချိုကို ကိတ်လေးစားချင်နေတာနဲ့ အတော်ပဲ..ဟီး"
"မင်း ကိတ်ပေါ်ကို ဖယောင်းတိုင်လည်းမထွန်း
ဆုလည်း မတောင်းတော့ဘူးလား.."
"မင်းလိုလူကိုရပြီးပြီပဲ..။
ငါကဘာကိုထပ်ဆုတောင်းရဦးမှာလဲ..။
အဲ့ဒီလောက်လောဘကြီးမနေပါဘူး..။
တောင်းချင်တဲ့ဆုဆိုလို့လည်း ငါ့မွေးနေ့တိုင်း
မင်းနဲ့အတူရှိဖို့ဆိုတဲ့ ဆုတစ်ခုပဲရှိတာ။
ဒါပေမဲ့ အဲ့ဒါလည်းတောင်းစရာမလိုပါဘူး.။
မင်းကဖြည့်ဆည်းပေးမှာပဲကို.. ဟုတ်ဘူးလား"
လွှမ်းသုတက
ပြုံးစိစိရုပ်လေးနဲ့ပြောကာ.. ကိတ်မုန့်အဖြူလေးကို
ဓားလေးနဲ့လှီးဖဲ့၍
သူအရင်ဆုံးစားပစ်လိုက်သည်။
ပါးလေးဖောင်းနေသည်အထိ၊
နှုတ်ခမ်းစွန်းလေးတွင်
ခရင်မ်လေးတွေပေနေသည်အထိ
အားရပါးရစားနေသည့်လွှမ်းသုတ၏
မျက်နှာလေးကိုကြည့်ကာ
ဝေမှူးပိုင်ပြုံးလိုက်မိပါတော့သည်။
လွှမ်းသုတကတော့ ဝေမှူးပိုင်ကို တစ်ဖဲ့မျှသာ
ကျွေးလာပြီးနောက် ကိတ်တစ်ခုလုံးကို သူပဲ
ထိုင်စားနေလေသည်။
"ကောင်းလိုက်တာ။
နောက်လည်းဒီဆိုင်က ဝယ်ကျွေးနော်.."
"မောင့်ဆီက တခြားလက်ဆောင်ရော
မယူတော့ဘူးလား"
လွှမ်းသုတ၏ မျက်နှာလေးက ကိတ်ပေါ်တင်ထားသည့် ချယ်ရီသီးလေးလိုမျိုးရဲသွားသည်။
ထို့နောက် မသိမသာဖြင့်မျက်စောင်းလေးတစ်ချက်
ထိုးလာကာ..
"အိမ်ရောက်မှလေ..."
ဝေမှူးပိုင်က အနည်းငယ်ပြုံးမိသွားပြီးမှ..
မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
" ဘာကိုလဲ.."
"အွန် ဘာလဲ.."
"ဘာကိုအိမ်ရောက်မှလဲ.."
"မဟုတ်ဘူးလေ.. မင်းပဲ.."
ဝေမှူးပိုင်က သူ့အိတ်ထောင်ထဲရှိ
သော့တစ်ချောင်းကိုထုတ်ပြလိုက်သည်။
"မင်းရချင်တယ်ဆိုတဲ့ မောင့်ဆိုင်ကယ်နဲ့တူတဲ့
ဆိုင်ကယ်ကိုမွေးနေ့လက်ဆောင်ပေးမလို့လေ..။
ဘာထင်နေတာလဲ.."
လွှမ်းသုတက သူ့လက်ထဲက ကိတ်မုန့်ဗူးလေးကို ချကာ ဝေမှူးပိုင်၏ လက်မောင်းကို ကိုက်ပစ်လိုက်၏။
"ရှင်းရှင်းလင်းလင်းပြောပါလား"
"မောင်ပြောတာပဲ.. ။ မင်းစိတ်ထဲ
ဒါပဲရှိနေပြီးတော့.."
"မစနဲ့နော် မုန်းလိုက်မှာ.."
"မောင်ပြောတာ မဟုတ်လို့လား.။ အဲ့ဒါပဲထင်သွားတာ မဟုတ်ဘူးလား"
"မှူး မင်းနော် .. မကောင်းဘူး.."
"ကောင်းပါတယ်။ ကောင်းလို့ပဲ ညတိုင်း
မောင်.. မင်းလုပ်တာ အရမ်းကောင်းတယ်
ကောင်းတယ် နဲ့ မင်းပဲ ငြီးနေတာ မဟုတ်ဘူးလား.."
"ဟာ.. မင်းနော် ! မင်းနော်!!"
လက်မောင်းကို ထုရိုက်နေသည့်အသံလေးတွေနဲ့
ရယ်သံလေးတွေက ကားလေးထဲမှ
ကြည်နူးဖွယ် ပျံ့လွင့်နေခဲ့ပါသည်....။
အတူရှိနေရရင်
မင်းနဲ့ငါ့ကြားပျော်စရာတွေချည်းပါပဲ..။
___________________________
"ခဏထ.."
လက်မောင်းကို လှုပ်၍ နှိုးလိုက်သည့်
အသံကြောင့် အအိပ်ဆတ်သည့်ဝေမှူးပိုင်က
မျက်လုံးကို ချက်ချင်းဖွင့်ကြည့်လိုက်မိသည်။
နံဘေးရှိလွှမ်းသုတက မှုန်ကုပ်ကုပ်ရုပ်နဲ့
ငုတ်တုပ်လေးထိုင်၍ သူ့ကိုကြည့်နေ၏။
"ဘာဖြစ်တာလဲ"
"မင်း တခြားတစ်ယောက်နဲ့ တွဲနေတာလား"
ဝေမှူးပိုင် အိပ်ရာပေါ်တွင်ထထိုင်လိုက်ပြီးမှ
နာရီကိုကြည့်လိုက်မိသည့်အခါ
မနက် ၅ နာရီ ၂၀ မိနစ်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာကနေ
နှိုးခံလိုက်ရတာရော ၊
ညက club က ဝန်ထမ်းတွေနဲ့အတူ ညစာစားရင်း
အနည်းငယ်သောက်ခဲ့ရသည်ကြောင့်ရော
ခေါင်းထဲကပါ ချက်ချင်း ထိုးကိုက်လာခဲ့သည်။
ထို့ကြောင့် မျက်ခုံးအစုံအားတွန့်ချိုးလိုက်မိပြီး
လွှမ်းသုတကို ကြည့်ကာ..
"ဘာဖြစ်တာလဲ အိပ်မက်မက်တာလား"
"မေးတာသာဖြေစမ်းပါ ။ မင်း ကိုငြိမ်းနဲ့
တွဲနေတာလား"
"မင်းရူးနေလား လွှမ်းသုတ"
ဒေါသထွက်စွာသူပြောမိသည့်အခါ
လွှမ်းသုတက သူ့ကို စိုက်ကြည့်ရုံကြည့်၍
ဘာမှမပြောလာဘဲ
မျက်နှာလွှဲသွားလေသည်။
"အဲ့ဒီလူက မင်းကို ကြိုက်နေတာ"
ဒါက သူများကို လွှမ်းသုတ သက်သက်မဲ့
စွပ်စွဲလိုက်ခြင်းမဟုတ်။
ညက သူ့ဝန်ထမ်းတွေနဲ့အတူညစာစားပွဲ
လုပ်သည့် club သို့ လိုက်သွားခဲ့ရာမှ လွှမ်းသုတ
သိခဲ့ခြင်းဖြစ်သည်။
ဝေမှူးပိုင် သူ့အဖေနဲ့ ဖုန်းခဏထပြောနေသည့်
အချိန်တွင် ကိုငြိမ်းကလည်း သူ့ဖုန်းကို
လွှမ်းသုတရှေ့က
စားပွဲမှာ ထားခဲ့ပြီး toilet ကိုသွားခဲ့ခြင်းဖြစ်သည်။
ထိုအခိုက် အချိန်ကိုက်ဆိုသလိုပင် ကိုငြိမ်း၏ Facebook မှ တက်လာသော notification
တစ်ခုကြောင့် Lock Screen က ပွင့်လာသည်။
wallpaper တွင်တင်ထားသည်က
ကားsteering ကို ကိုင်ထားသည့်
ဝေမှူးပိုင်၏ လက်သွယ်သွယ်တွေပင်ဖြစ်၏။
တခြားလူဆို မသိနိုင်လောက်ပေမဲ့
လွှမ်းသုတဆိုတာက ဝေမှူးပိုင်ရဲ့
ဘယ်လက်ချောင်းက ပိုသွယ်လျပြီး
ဘယ်လက်ချောင်းက လက်သည်းခွံလေးတွေက
ပိုပြီး ပန်းရောင်သန်းနေတတ်တယ်ဆိုတာကအစ
သိနေသူမဟုတ်လား..။
ပြီးတော့ ဓာတ်ပုံထဲမှာ
အနည်းငယ်ပေါ်နေသည့် ဝေမှူးပိုင်ရဲ့
လက်သူကြွယ်မှာထိုးထားသော လွှမ်းသုတ
နာမည် တက်တူးကို blur လုပ်ပြီး
ဖျောက်ထားခဲ့သေးတာ။
" အဲ့ဒီလူကို မင်းအနားမှာမထားနဲ့ မှူး။
တခြားအလုပ်တစ်ခုကို ပြောင်းပေး"
လွှမ်းသုတ ဒီလောက်ပဲပြောလိုက်ကာ
အိပ်ရာပေါ်တွင်ပြန်လှဲ၍ အိပ်လိုက်မိသည်။
မနက်ဖြန် ကျောင်းသို့သွားရမည်ဖြစ်၍ စောစော
အိပ်ရမည့်တိုင် အခုချိန်ထိ အိပ်မရဘဲ
ဒီအကြောင်းကပဲ တဝဲလည်လည်
ဖြစ်နေတာကြောင့် ဝေမှူးပိုင်နိုးလာမည့်အချိန်ကိုပင်
မစောင့်နိုင်တော့ဘဲ ပြောလိုက်မိခြင်းဖြစ်သည်။
အစက ဒီလိုလုပ်သင့်ပါ့မလား တွေးမိပေမဲ့
သူတို့နှစ်ယောက်ကြားထဲတော့ ဘယ်လို
အဖျက်အဆီးမျိုးမှ အဝင်မခံနိုင်..။
ဝေမှူးပိုင်က လွှမ်းသုတကို
အကဲခတ်လိုက်မိသည်။
ထို့နောက်လွှမ်းသုတ၏ ဘေးတွင် လှဲလိုက်ပြီး
သူ့ကိုကျောပေးအိပ်နေသော လွှမ်းသုတကို
ပခုံးမှ ဆွဲ၍ လှည့်လိုက်ကာ သူ့ရင်ခွင်ထဲတွင် မျက်နှာအပ်စေ၍ နဖူးကိုဖွဖွနမ်းလိုက်သည်။
"ဝေမှူးပိုင် ငါက မင်းအလုပ်ကို သက်သက်မဲ့
ဝင်ပါတာမဟုတ်ဘူး။ ငါမင်းကိုလည်း
မယုံကြည်တာမဟုတ်ဘူး။
မင်းပြောတာ ဟုတ်တယ် ငါရူးနေတာ။
ဘယ်အရာတွေကများ
ငါ့ဘဝထဲကနေမင်းကို ဆွဲထုတ်သွားတော့မှာလဲ
လို့တွေးပြီး ငါရူးနေတာပဲနေမှာ"
မျက်ဝန်းတွင် မျက်ရည်တို့ဝေ့ဝဲလျက်
ပြောနေသည့် လွှမ်းသုတ၏ နှုတ်ခမ်းကို
ဝေမှူးပိုင်နမ်းရှိုက်လိုက်မိသည်။
" ရတယ် ဘာအကြောင်းပြချက်မှ
ပြောစရာမလိုဘူး။
မင်းသဘောမကျဘူးမဟုတ်လား။
မင်းဖြစ်ချင်တာကို မောင်လုပ်ပေးမယ် ။
မောင့်အတွက်တော့မငိုနဲ့"
" ငါမင်းကို သဝန်တိုတယ်.."
"အင်း မောင်သိတယ်"
"ငါဆိုးတာမဟုတ်ဘူး။
မင်းကိုငါပဲ ချစ်ချင်တာ.."
"မောင်နားလည်တယ် ။ တိတ်တော့ မငိုနဲ့...."
လွှမ်းသုတခေါင်းညိတ်ပြလိုက်မိသည်။
ပါးပြင်သို့စီးကျလာသော မျက်ရည်တို့အား..
ဝေမှူးပိုင်က ဖွဖွသုတ်ပေးလာသည်။
ထို့နောက် လွှမ်းသုတ၏ မေးဖျားမှနေ၍
မော့စေကာ နူးနူးညံ့ညံ့နှုတ်ခမ်းလေးအား
စုပ်ယူနမ်းရှိုက်လိုက်မိ၏။
ရင်ဖိုလှိုက်မောသည့်ခံစားချက်အား
ထိုအနမ်းတွေကပင် အမြဲပေးလေသည်..။
သို့သော်.. စိုစွတ်သည့်ထိုအနမ်းတွေဟာ
လည်တိုင်မှတစ်ဆင့်
အောက်သို့ဆင်းလာသည့်အခါတွင်တော့
ဝေမှူးပိုင်၏ရင်ဘတ်ကို
လွှမ်းသုတတွန်းလိုက်မိသည်။
"မနက်ကျ ကျောင်းသွားရမှာ..."
" နမ်းရုံပဲ.."
"မရဘူး..။ မင်းကအဲ့ဒီလိုပဲ အမြဲပြောပြီး..
ဟုတ်တာလည်းမဟုတ်ဘူး.."
ဝေမှူးပိုင်က ခပ်တိုးတိုးရယ်သည်။
ထို့နောက် လွှမ်းသုတအား သူ့ရင်ခွင်ထဲတွင်
ပြန်ထည့်၍ဖက်လိုက်၏။
သူတို့နှစ်ယောက်ဆီမှ အသက်ရှူသံကလွဲ၍
အခန်းထဲတွင် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။
သို့သော် ဝေမှူးပိုင်အိပ်မပျော်သေးတာကိုတော့
သူ့ဆံပင်လေးတွေကို လက်နဲ့ နူးနူးညံ့ညံ့ ထိုးဖွပေး
နေသည့် အပြုအမူမှတစ်ဆင့် လွှမ်းသုတ
သိရသည်။
ကြားလေပင်မသွေးနိုင်အောင်ထိ ဝေမှူးပိုင်၏
ရင်ခွင်ထဲကို လွှမ်းသုတ ပို၍ပို၍ တိုးဝင်မိသည်။
လောကဓံ၏ ရိုက်ခတ်ချက်တစ်ခုခုကြောင့်များ
ဒီလူအား ဆုံးရှုံးလိုက်ရလျှင် သူဘယ်လိုများ
လုပ်ရပါတော့မလဲ..။
" လွှမ်းသုတ"
"အင်း"
"မင်းကိုယ်မင်းထက်တောင် မောင့်ကို
ပိုယုံကြည်ထားလို့ရတယ်။
ဒါကြောင့် လျှောက်မတွေးပါနဲ့။
ဒီဘဝမှာ.. မင်းကိုပဲမောင်အချစ်ဆုံး"
လွှမ်းသုတပြုံးလိုက်မိသည်။
"ဒီဘဝပဲပေါ့.."
" နောက်ဘဝကျရင်လည်း..
စာသင်ခန်းထောင့်ချိုးလေးမှာမင်းတိုက်မိတဲ့
လူက မောင်ဖြစ်ပါစေ ဆုတောင်းမယ်"
"အွန်.. တော်ပါကွာ..။ ဒါနဲ့ ဘာလဲ
အချစ်ဆုံးဆိုတော့မချစ်တချစ်တွေ နည်းနည်းလေး
ချစ်တာတွေ ရှိသေးတာလား.."
ဝေမှူးပိုင် ငဲ့ကြည့်လိုက်သည့်အခါ
ပြုံးစိစိမျက်နှာလေးဖြင့် သူ့ကိုကြည့်နေသော
လွှမ်းသုတကို တွေ့ရလေသည်။
"ဟင် ဖြေလေ .. .."
ဖြတ်ခနဲရောက်လာသည့် သူ့လည်တိုင်က
တက်တူးပေါ်ရှိ နူးနူးညံ့ညံ့နှုတ်ခမ်းလေး..။
"ဖြေလေလို့..."
ဒုတိယမြောက်အနမ်း..။
"မှူး.. ဖြေပါဆို ။ မင်းမှာ ဘယ်က
မချစ်တချစ်လေးတွေရှိသေးတာလဲ.."
တတိယမြောက် အနမ်းလေးမရောက်ခင်မှာတော့
လွှမ်းသုတ၏ အပေါ်မှနေ၍ ဝေမှူးပိုင်အုပ်မိုး
လိုက်မိသည်။ထိုအခါမှ လွှမ်းသုတက
မျက်လုံးလေးတွေပြူးသွားကာ..
"မနက် ကျောင်းရှိတယ်..."
"အခုတောင် ၆ နာရီထိုးတော့မှာ။
ပျက်လိုက်တော့.."
"ဟာ..မောင်နော်... မရဘူး.."
အရာရာမင်းသဘောအတိုင်း
မောင်နေမယ်ဆိုတဲ့ဝေမှူးပိုင်က
လွှမ်းသုတ၏ စကားနားမထောင်တဲ့
တစ်ချိန်သာရှိသည်။
အိပ်ရာပေါ်မှာတော့ ဝေမှူးပိုင်က လွှမ်းသုတကို
ထင်သလောက်ကြီး သဘောမကောင်းပေးဘူး...။
"အ.. နာ..နာတယ် ဖြည်းဖြည်း
ငါထွက်မပြေးပါဘူး.."
နောက်တစ်ခါနည်းနည်းလေးမှတောင်
အဲ့ဒီလူဆိုးကောင်ရဲ့အချစ်ကို
ကျွန်တော် သံသယဝင်ပြလို့ မဖြစ်တော့ဘူး။
မင်းကိုပဲမောင်ချစ်တာဆိုတဲ့စကားကို အထပ်ထပ်
ပြောပြီး သူသက်သေပြတာ
ကျွန်တော့်မှာ နေ့လယ်ရောက်တဲ့အထိတောင် အိပ်ရာကနေ ထလို့မရခဲ့ပါဘူးဗျာ။
___________________________
ဘာလိုလိုနဲ႔ သူတို႔ႏွစ္ေယာက္အတူေနတာ..
ရက္ေတြလေတြပင္ၾကာ၍
တစ္ရာသီမွ တစ္ရာသီပင္
ကူးေျပာင္းလာေလေပၿပီ။
ႏွစ္ေယာက္လုံးက အလုပ္ကိုယ္စီနဲ႔ျဖစ္ေနေပမဲ့
သူတို႔ႏွစ္ေယာက္ၾကားထဲ ေအးစက္စက္
နိုင္သြားတာမ်ိဴး ေဝးကြာသြားတာမ်ိဳးမရွိခဲ့ေပ။
လႊမ္းသုတ
ေက်ာင္းသို႔မသြားရသည့္ Sunday
လိုေန႔မ်ိဳးမွာ ေဝမွူးပိုင္က အလုပ္ကိစၥေတြကို
ႀကိဳရွင္းထားတတ္ၿပီး ေဘးမွာအတူေနေပးသလို..၊
Weekdays ေက်ာင္းက ျပန္လာၿပီးတဲ့ အခ်ိန္တိုင္းမွာလည္း လႊမ္းသုတက ေဝမွူးပိုင္အနားတြင္သာ
ေၾကာင္ေလးလိုတိုးေဝွ႕ေနေလ့ရွိသည္။
ရင္ခုန္သံေတြေအးစက္သြားဖို႔ေဝးစြ
ခ်စ္ရတာပင္မဝေသးသည့္ႏွယ္..။
ဒီေန႔က ေက်ာင္းဖြင့္ရက္ ေသာၾကာေန႔ျဖစ္သည္။
အျမဲတမ္းဆိုရင္ ေက်ာင္းကို သူ႔ကားနဲ႔သူ
လာတတ္ေပမဲ့ ဒီေန႔ေတာ့
သူ႔ကားကို အတြင္းပိုင္းသန့္ရွင္းေရး
အပ္ထားရတာေၾကာင့္ ေက်ာင္းကို
လာႀကိဳေပးမည့္ေဝမွူးပိုင္ကို ေက်ာင္း၏
ေမဂ်ာေဆာင္ေရွ႕ကထိုင္ခုံတြင္လႊမ္းသုတ
ထိုင္ေစာင့္ေနျခင္းျဖစ္သည္။
ထိုအခိုက္ ေမဂ်ာေဆာင္အေပၚထပ္မွ
ဆင္းလာေသာ သူနဲ႔ဌာနတစ္ခုထဲတြင္
အလုပ္လုပ္သည့္ ထက္မာန္က
သူ႔ကိုေတြ႕ေသာအခါ ႏွုတ္ဆက္လာသည္။
"ကိုလႊမ္း...ဒီေန႔ ကားမပါလို႔လား"
တစ္ေန႔ထဲမွာပင္
အလုပ္ဝင္ခဲ့၍ အနည္းငယ္ ရင္းႏွီးေနၿပီ
ျဖစ္တာေၾကာင့္ လႊမ္းသုတ ျပန္လည္ျပဳံးျပ၍
ႏွုတ္ဆက္လိုက္ရသည္။
" ဟုတ္ကဲ့။ ကိုထက္မာန္ေရာ မျပန္ေသးဘူးလား"
"အခုျပန္ေတာ့မလို႔ဗ်။ ကိုလႊမ္းအတူ လိုက္ခဲ့မလား ။တစ္ခါထဲ ပို႔ခဲ့လိုက္မယ္ေလ"
"ရတယ္ ကိုထက္မာန္။
ကၽြန္ေတာ့္အိမ္က လာႀကိဳေနၿပီ"
ထက္မာန္က ခဏတာစဥ္းစားဟန္ျပဳၿပီးမွ
လႊမ္းသုတထိုင္ေနသည့္ ခုံတန္းတြင္ လႊမ္းသုတနဲ႔
အနည္းငယ္ခြါ၍ ဝင္ထိုင္လိုက္သည္။
လႊမ္းသုတက အကဲခတ္သလို
ၾကည့္လိုက္သည့္အခါ ျပဳံးျပလာၿပီး
" ၆ နာရီေက်ာ္ၿပီဆိုေတာ့
ကိုလႊမ္းတစ္ေယာက္ထဲ ေစာင့္ဖို႔
နည္းနည္းေမွာင္ေနၿပီေလ။
ကၽြန္ေတာ္စိတ္မခ်ဘူး"
"ဪ ဟုတ္ကဲ့.."
လႊမ္းသုတ ေခါင္းညိတ္ျပလိုက္ၿပီးမွ
လက္မွနာရီကိုတစ္ခ်က္ၾကည့္လိုက္မိသည္။
၆ နာရီ မိနစ္ ၂၀ ပင္ရွိေနေလၿပီ။
ေဝမွူးပိုင္က လြန္ခဲ့သည့္ ၄၅ မိနစ္ခန့္ကတည္းက
သူထြက္လာၿပီေျပာသြားၿပီး ဘာလို႔အခုထိ
ေရာက္မလာေသးတာလဲ။
လႊမ္းသုတ ေဝမွူးပိုင္ကို
ဖုန္းထပ္ေခၚလိုက္မိ၏။
တစ္ခ်က္ႏွစ္ခ်က္ခန့္ဖုန္းဝင္ၿပီးသည့္ေနာက္တြင္
တစ္ဖက္က ကိုင္လိုက္၏။
"အင္း ေက်ာင္းထဲဝင္ခဲ့ၿပီ"
"ျမန္ျမန္လာ.."
အနည္းငယ္ ဆူေအာင့္ေအာင့္ေလးေျပာကာ
ဖုန္းခ်ပစ္လိုက္ေသာ
လႊမ္းသုတ၏ ပုံစံကိုၾကည့္၍
ထက္မာန္က ျပဳံးလိုက္ၿပီးမွ
" အိမ္ကလား.."
"ဟုတ္ကဲ့.."
ထက္မာန္က ေခါင္းတဆတ္ဆတ္ညိတ္၏။
ခဏအၾကာ သူတို႔အေဆာင္ေရွ႕တြင္ရပ္လာေသာ
ေဝမွူးပိုင္၏ ကားကိုေတြ႕လိုက္ရသည္။
ကားရပ္ရပ္ခ်င္းပင္ ေဝမွူးပိုင္က
ကားမွန္ကိုခ်၍ သူတို႔ကို ခပ္တင္းတင္း
စိုက္ၾကည့္လာ၏။
လႊမ္းသုတ ထက္မာန္ဘက္သို႔လွည့္ကာ
"ကိုထက္မာန္ ကူေစာင့္ေပးတာ ေက်းဇူးပါခင္ဗ်။
ကၽြန္ေတာ္သြားလိုက္ပါဦးမယ္"
"ဟုတ္ကဲ့ ရပါတယ္ဗ် ။ ကိုလႊမ္း သြားပါ။
ကိုလႊမ္းရဲ့အစ္ကိုက စိတ္မရွည္ေတာ့ဘူးထင္တယ္"
ေဝမွူးပိုင္ကို သူ႔အစ္ကို
ထင္ေနသည္ေၾကာင့္ လႊမ္းသုတက ခ်က္ခ်င္းပင္
" ကၽြန္ေတာ့္ခ်စ္သူပါ"
အနည္းငယ္အံ့ဩသြားဟန္ရွိသည့္ ထက္မာန္ကို
လႊမ္းသုတ ျပဳံး၍ ႏွုတ္ဆက္လိုက္ၿပီးမွ
ေဝမွူးပိုင္ဆီသို႔ ထြက္ခဲ့လိုက္၏။
~~~~~~~~~~~~~~~~~~~~
ကားေပၚေရာက္သည္ႏွင့္ လုပ္ေနက်အတိုင္း
ေဝမွူးပိုင္၏ ပါးကို လွမ္းနမ္းဖို႔ ျပင္သည့္အခ်ိန္
တြင္ ေဝမွူးပိုင္က ေခါင္းကိုတစ္ဖက္သို႔ယိမ္း၍
ေရွာင္လိုက္သည္ေၾကာင့္ လႊမ္းသုတ
ေၾကာင္ေတာင္ေတာင္ ျဖစ္သြားမိသည္။
သူ႔ကိုၾကည့္လာသည့္ ေဝမွူးပိုင္၏
မ်က္ႏွာက အနည္းငယ္တင္းမာေနေလ၏။
"ဘယ္သူလဲ"
"ဘာကိုလဲ"
"မင္းနဲ႔အတူ ထိုင္ေနတဲ့လူ"
"ဪ.. ထက္မာန္တဲ့။ ငါနဲ႔အတူတူ
အလုပ္ဝင္တဲ့တစ္ေယာက္ ။ ေမဂ်ာလည္း
အတူတူပဲ ဘာျဖစ္လို႔လဲ"
"ဘာလို႔အတူထိုင္ေနတာလဲ.."
အခုမွပင္ အေၾကာင္းအရင္းကို သေဘာေပါက္
သြားမိသည္။ ေဝမွူးပိုင္က သူ ထက္မာန္နဲ႔
အတူထိုင္ေနလို႔ စိတ္တိုေနတာ..။
"ဘာလုပ္ေနတာလဲ ။ ေမးေနတာေျဖေလ"
စိတ္မရွည္ဟန္ျဖင့္ ေအာ္လာသည္ေၾကာင့္
လႊမ္းသုတ ႏွုတ္ခမ္းကို စူပုံ႔ပုံ႔လုပ္လိုက္ၿပီးမွ...
" ငါ့ကို ကူေစာင့္ေပးေနတာ။"
"ကူေစာင့္ေပးလို႔ရတဲ့ ဆက္ဆံေရးလား"
"ေမွာင္ေနလို႔တဲ့ ။ မင္းကေနာက္က်ေနတာကို..."
ေဝမွူးပိုင္က က်စ္ခနဲ စုတ္သပ္လိုက္ၿပီးမွ ..
"အဲ့ဒါ သူ႔ကိစၥမဟုတ္ဘူး။
မင္းလည္းတကယ္အေရးမပါဘူး။
ဘာလို႔မင္းေဘးနားမွာလာထိုင္ခိုင္းတာလဲ"
"မဟုတ္ဘူးေလ။ ငါ့ကိုအေကာင္းနဲ႔ အတူေစာင့္ေပးေနတဲ့လူကို ေမာင္းထုတ္ရမွာလား"
"ေမာင္းမထုတ္စရာဘာအေၾကာင္းရွိလဲ။
အဲ့ဒီလူက မင္းကိုေၾကာင္ခ်င္လို႔
ဒီလိုလုပ္ေနတာေလ ။ မင္းဦးေႏွာက္က
ဒီေလာက္ေတာင္ မေတြးတတ္ဘူးလား"
လႊမ္းသုတ ေဝမွူးပိုင္ကို တစ္ခ်က္
စိုက္ၾကည့္ပစ္လိုက္ၿပီးမွ..
"မေတြးတတ္ဘူး။
ေတြးလည္းမေတြးခ်င္ဘူး။"
လက္ထဲက ဖုန္းကို ဒက္ရွ္ဘုတ္ေပၚ
ပစ္တင္ ပစ္လိုက္၏။
ဟုတ္တယ္..။
သူလည္းဘာအမွားမွမလုပ္ခဲ့ဘဲနဲ႔ အဲ့ဒီေလာက္ထိ
ေအာ္ခံေနစရာဘာအေၾကာင္းမွမရွိဘူး။
"လႊမ္းသုတ!"
"ေဝမွူးပိုင္
မင္းငါ့ကိုထပ္မေအာ္နဲ႔ေနာ္။ ထပ္ေအာ္ရင္
မင္းေျပာတဲ့ ငါ့ကို ေၾကာင္ေနတယ္ဆိုတဲ့
လူနဲ႔ ငါ ျပန္သြားမွာ"
လႊမ္းသုတ စိတ္တိုလာတာေၾကာင့္
ရြဲ႕ေျပာပစ္လိုက္သည္။
သူက လာႀကိဳတာေနာက္က်ေနၿပီးေတာ့
ဘာလို႔ သူကပဲအျပစ္လာတင္ၿပီး
ေအာ္ေနတာလဲ။
ေဝမွူးပိုင္က တစ္ဖက္ကို မ်က္ႏွာလႊဲေနေသာ
လႊမ္းသုတကိုစိုက္ၾကည့္ၿပီးမွ ေတာက္တစ္ခ်က္
ေခါက္လိုက္သည္။ ထို႔ေနာက္
ကားကိုအရွိန္ျပင္းစြာေမာင္းထြက္လိုက္၏။
ေက်ာင္းဝင္းထဲ ဒီလိုမေမာင္းရမွန္း
သိေနတာေတာင္ ေဝမွူးပိုင္ ဘာကိုမွ
ဂ႐ုစိုက္ခ်င္စိတ္မရွိေတာ့သည္အထိ
ေဒါသထြက္ေနခဲ့သည္။
~~~~~~~~~~~~~~~~~~~~~~~
"အေအးေဖ်ာ္မလို႔ ..။ အေအးေသာက္ဦးမလား"
ႏွစ္ေယာက္ထဲေနသည့္ အိမ္တြင္ တစ္ေယာက္နဲ႔
တစ္ေယာက္စကားမေျပာဘဲ မေနနိုင္သည့္အဆုံး
လႊမ္းသုတကပဲ ေဝမွူးပိုင္ MacBook
သုံးလ်က္ထိုင္ေနသည့္ ဝရံတာသို႔ လာခဲ့ကာ
ေမးလိုက္မိသည္။
ထိုင္ခုံတြင္ေက်ာမွီကာ ေပါင္ေပၚတင္ထားသည့္
MacBook ကိုသာ ၾကည့္၍ တိတ္ဆိတ္ေနသည့္
ေဝမွူးပိုင္က သူ႔ကို ဘာစကားမွျပန္မေျပာလာသလို
တစ္ခ်က္ကေလးမၽွပင္ လွည့္မၾကည့္လာ..။
လႊမ္းသုတ မွုန္ကုပ္ကုပ္႐ုပ္ေလးလုပ္လိုက္ၿပီးမွ..
"ေမာင္..."
ေအးစက္စက္မ်က္ႏွာထားျဖင့္ ၊
သူ႔ကိုမရွိသည့္အတိုင္းပင္ လ်စ္လ်ဴရွုေနဆဲ။
မရဘူးေပါ့...။
ေမာင္လို႔ေခၚတာေတာင္မရဘူးေပါ့ ။
"ေဝမွူးပိုင္.. ငါေခၚေနတယ္ေလ"
တုံ႔ျပန္မွုကင္းမဲ့လ်က္သာ။
လႊမ္းသုတ ႐ုတ္တရက္ အေလၽွာ့ေပးခ်င္စိတ္
ေပ်ာက္သြားရသည္။
" အင္း ! ေန အဲ့ဒီအတိုင္း ေန..။
ဒီေနရာမွာ တစ္ညလုံးထိုင္ေန။
အခန္းထဲလည္းဝင္မလာနဲ႔ မင္း"
လႊမ္းသုတ၏ စကားဆုံးသည့္အခါ
ေဝမွူးပိုင္က MacBook ကိုပိတ္၍
မတ္တပ္ထရပ္လိုက္သည္။
ထို႔ေနာက္ လႊမ္းသုတနဲ႔တစ္ခ်က္ကေလးမွပင္
အၾကည့္ခ်င္းမစုံလာဘဲ အိမ္ထဲသို႔ ဝင္သြားကာ၊
အတူေနသည့္ master bedroom ေရွ႕မွ ျဖတ္၍
ဧည့္သည္လာလၽွင္ေနရန္အပိုထားသည့္
အခန္းထဲသို႔ဝင္သြား၏။
"ငါေခ်ာ့တယ္ေနာ္ ။ မင္းဟာမင္း စိတ္မေျပတာ.."
တစ္ေယာက္တည္း က်န္ခဲ့သည့္လႊမ္းသုတက
မ်က္ခုံးကုပ္ကုပ္ေလးေတြျဖင့္..
ခပ္တိုးတိုးေရရြတ္၍ ေဝမွူးပိုင္ထိုင္သြားခဲ့သည့္
ထိုင္ခုံကို ေျခေထာက္နဲ႔ ဆတ္ခနဲ
ကန္ပစ္လိုက္သည္။
မုန္းစရာေကာင္းတဲ့ မွူး....။
ဘာလို႔ဒီေလာက္ထိ
စိတ္ဆိုးနိုင္ရတာလဲ။
~~~~~~~~~~~~~~~~~~~~
ေဘးတစ္ဖက္ရွိလစ္လပ္ေနေသာေနရာကို
ၾကည့္ကာလႊမ္းသုတ စိတ္မေက်မနပ္ျဖစ္ေနတာေၾကာင့္လြယ္လြယ္နဲ႔အိပ္မရျဖစ္ေနမိသည္။
ေလာ့ခ္မခ်ထားတာကို ..။
ဘာလို႔အခန္းထဲတကယ္မဝင္လာရတာလဲ။
သူ႔ကိုတစ္ေယာက္ထဲ ပစ္ထားၿပီး
တကယ္ အဲ့ဘက္မွာအိပ္မယ္ေပါ့..။
ဟိုတစ္ေန႔ကက် မင္းကို ရင္ခြင္ထဲဖက္ၿပီး
အိပ္ရမွ ေမာင္အိပ္ေပ်ာ္တာလို႔ေျပာၿပီး......။
ေဝမွူးပိုင္...အာလူး..။
ေနာက္ဆုံး ..
လႊမ္းသုတ အိပ္ရာမွ ငုတ္တုပ္ထထိုင္ကာ နံေဘးရွိ
အားသြင္းထားသည့္ဖုန္းကိုယူလိုက္မိေတာ့သည္။
"တစ္ခါေလာက္ေတာ့ ထပ္ေခ်ာ့လိုက္မယ္ .. ဟြန္း.."
Messenger သို႔ဝင္လိုက္သည့္အခါ
Active now ျဖစ္ေနသည့္ W Hmue ဆိုေသာ
Acc ကိုေတြ႕လိုက္ရသည္ေၾကာင့္ conversation
ကိုဖြင့္ကာ ခ်စ္စရာေကာင္းသည့္
ငိုမဲ့မဲ့ ေၾကာင္႐ုပ္Gif ေလးေတြနဲ႔အတူ message ပို႔လိုက္မိ၏။
'ဒီဘက္အခန္းလာခဲ့'
စကၠန့္အနည္းငယ္မၽွ ၾကာၿပီးေနာက္တြင္
ေဝမွူးပိုင္က လႊမ္းသုတ၏ message ကို seen
ျပသြားေပမဲ့ reply ျပန္မလာခဲ့။
လႊမ္းသုတ ႏွုတ္ခမ္းေလးကိုမဲ့လိုက္သည္။
ထို႔ေနာက္ သူ႔ဘက္ကပဲ message ထပ္ပို႔လိုက္၏။
''မွူး....လို႔။ မခ်စ္ဘူးလား"
ဒီတစ္ခါေတာ့ ေဝမွူးပိုင္ဘက္မွ replyကို ခပ္တိုတို
ျပန္လာခဲ့သည္။
'အိပ္ေတာ့"
''အိပ္လို႔မရပါဘူး..။ မင္းကစိတ္ဆိုးေနတာကို...'
Reply က ေရာက္မလာခဲ့ေတာ့ေပ..။
ေတာ္႐ုံကိစၥဆို ေဝမွူးပိုင္က ေခ်ာ့ရမခက္ေပမဲ့
သူတကယ္သဝန္တိုသြားရင္..လြယ္လြယ္နဲ႔
စိတ္မေျပတတ္ေတာ့ဘူး။
လႊမ္းသုတ ႏွုတ္ခမ္းကို စူပုံ႔ပုံ႔လုပ္လိုက္မိၿပီးမွ..
ဖုန္းကိုခ်ကာ အိပ္ခန္းထဲမွ ထြက္ခဲ့လိုက္
မိေတာ့သည္။
ေလာ့ခ္မခ်ထားသည့္
တစ္ဖက္အခန္းတံခါးကို ဖြင့္ဝင္လိုက္သည့္အခါ..
ခုတင္ေခါင္းရင္းတြင္ခပ္ေလ်ာ့ေလ်ာ့ မွီလ်က္
ဖုန္းသုံးေနေသာ
ေဝမွူးပိုင္က သူ႔ကို ၾကည့္လာခဲ့သည္။
လႊမ္းသုတက ေဝမွူးပိုင္ဆီသို႔ေလၽွာက္သြားကာ...
နံေဘးရွိေနရာလြတ္တြင္ ဝင္လွဲ၍ ေဝမွူးပိုင္၏
ခါးကိုဖက္ကာ ရင္ခြင္ထဲသို႔
တိုးဝင္လိုက္မိေတာ့သည္။
ထို႔ေနာက္ ခပ္တိုးတိုးအသံျဖင့္..
"မင္းေနာ္.. ငါ့ကို အနိုင္က်င့္ေနၿပီ.."
"ဘာအနိုင္က်င့္လို႔လဲ"
" ငါေခ်ာ့ေနတာကိုငါ့ကိုပစ္ထားတာ.."
" ပစ္ထားခ်င္ေအာင္ဘယ္သူလုပ္တာလဲ"
"မင္းကလည္း.. ...ငါမလုပ္ပါဘူး..."
လႊမ္းသုတက ေလသံေပ်ာ့ေပ်ာ့ေလးျဖင့္
ေျပာလိုက္ၿပီးမွ. ေဝမွူးပိုင္၏ လက္ကိုဆြဲကာ ..
ျဖဴ၍သြယ္လ်ေသာလက္သူႂကြယ္တြင္
ထိုးထားသည့္ သူ႔နာမည္တက္တူးေလးကို
ဖြဖြနမ္းလိုက္၏။
ထို႔ေနာက္
လႊမ္းသုတက သူ႔ရင္ဘတ္ေပၚပါးေလးတစ္ဖက္
အပ္ထားရင္းမွပင္ မ်က္ေတာင္ေကာ့ေကာ့ေလးေတြ
ရံထားသည့္မ်က္ဝန္းေလးေတြနဲ႔
ေမာ့ၾကည့္လာျပန္သည္။
ထိုအျပဳအမူေလးေတြႏွင့္ပင္ ေဝမွူးပိုင္၏
တင္းမာစြာ ကာထားေသာ စိတ္တံတိုင္းမ်ားမွာ
အကုန္ၿပိဳက်သြားရပါသည္။
"မွူး..ေနာ္လို႔.. ေနာ္.."
"ဘာေနာ္လဲ"
"စိတ္မဆိုးပါနဲ႔ေတာ့လို႔.."
"အင္း.."
"တကယ္လား။ စိတ္မဆိုးေတာ့တာ"
"ေနာက္တစ္ခါ ထပ္မလုပ္နဲ႔"
"ငါကစၿပီးအတူထိုင္ခိုင္းတာမဟုတ္ပါဘူးဆို...."
"တျခားတစ္ေယာက္နဲ႔လိုက္ျပန္သြားမယ္ေျပာတာေတြ၊ တျခားတစ္ေယာက္နဲ႔ ရင္းရင္းႏွီးႏွီးေနမယ္လို႔ရြဲ႕ေျပာတာေတြထပ္မလုပ္နဲ႔"
"ဟုတ္.."
"ေမာင္ဒီလိုကိစၥေတြမွာ သည္းမခံခ်င္တာ
မင္း သိတယ္မလား.."
"သိတယ္.."
"ထပ္မဆိုးနဲ႔။ အတတ္နိုင္ဆုံးမင္းကို
ေဒါသနဲ႔မေအာ္မိေအာင္ ေမာင္ေနမယ္"
"ဟုတ္"
ထူးထူးဆန္းဆန္း
ေခါင္းေလးတညိတ္ညိတ္၊ တဟုတ္ဟုတ္ႏွင့္
လိမၼာျပေနေသာ လႊမ္းသုတကိုၾကည့္ကာ ေဝမွူးပိုင္
အလိုလိုပင္ျပဳံးလိုက္မိေတာ့သည္။
လႊမ္းသုတကလည္းထိုအခါမွ ျပဳံးရယ္လိုက္မိကာ
ေဝမွူးပိုင္၏ ေမးရိုးခၽြန္ခၽြန္အား
တစ္ခ်က္ ဖိကပ္နမ္းလိုက္မိ၏။
"မွူး..""
"အင္း"
"စိတ္မပူပါနဲ႔..။ ငါ့ႏွလုံးသားကေလ မင္းကလြဲရင္
တျခားလူေတြကို Auto Blur လိုက္တဲ့ system
ပါၿပီးသား..ဟီး..။ ငါမင္းကလြဲၿပီး
ဘယ္သူ႔မွရင္မခုန္ဘူး.."
"ေမာင့္ကိုေရာ ဘယ္ေလာက္ရင္ခုန္လဲ"
"အြန္ .. ဘယ္လိုေျပာရမွာလဲ"
"မင္းေျပာတတ္သလို"
လႊမ္းသုတက မ်က္ေတာင္ေလးေတြ
ပုတ္ခတ္ပုတ္ခတ္လုပ္ကာ စဥ္းစားဟန္ျပဳသည္။
ေဝမွူးပိုင္က သူ႔ရင္ခြင္ထဲက လႊမ္းသုတရဲ့
ကိုယ္ေလးကို အသည္းယားစြာျဖင့္
တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္လိုက္မိသည္။
"ဘယ္ေလာက္ထိေမာင့္ကိုရင္ခုန္လဲ"
"...."
"ေမာင္အဲ့ဒီအေျဖကိုသိေအာင္လုပ္ေပးမယ္"
စကားအဆုံး၌
ေဝမွူးပိုင္၏ ရင္ခြင္တြင္ ဖားပ်ံေလးလို
လႊမ္းသုတ ကပ္ေနရာမွ ႐ုတ္တရက္
ပက္္လက္လွန္ခံလိုက္ရကာေမြ႕ယာနဲ႔
ေက်ာထိသြားရၿပီးေနာက္ ေဝမွူးပိုင္က
သူ႔အေပၚမွ အုပ္မိုးလာခဲ့သည္။
အေျခအေနကိုသေဘာေပါက္သြားသည့္
လႊမ္းသုတက မ်က္ႏွာေလးေတြရဲသြား၏။
"မွူး.. မင္းေနာ္..ေန႔တိုင္း..."
ျငင္းဆန္ျခင္းမပါသည့္စကားေလးက
ေဝမွူးပိုင္၏ ရီေဝယစ္မူးဖြယ္ အၾကည့္ေတြနဲ႔
အနမ္းေတြေအာက္မွာပင္
ေပ်ာက္ကြယ္သြားသည္။
ေဝမွူးပိုင္၏ အရာရာအားျမတ္နိုးေနမိသည့္
လႊမ္းသုတသည္လည္း
ေဝမွူးပိုင္၏ လည္တိုင္ကိုဖက္၍
ထိုအနမ္းေတြထံတြင္
လိုက္ပါစီးေျမာလိုက္မိေတာ့သည္။
~~~~~~~~~~~~~~~~~~~~~~~~~
အိပ္ရာနိုးလာသည့္အခ်ိန္တြင္ နံေဘးရွိ
လစ္လပ္ေနေသာ ေဝမွူးပိုင္၏ ေနရာေၾကာင့္
အိပ္ခ်င္မူးတူး႐ုပ္ေလးျဖင့္ပင္
လႊမ္းသုတ မ်က္ေမွာင္ေလးကုပ္လိုက္မိ၏။
ဒီေန႔က လႊမ္းသုတရဲ့ေမြးေန႔မို႔ ႏွစ္ေယာက္လုံး
အလုပ္နားထားတာကို ဘယ္သြားတာလဲ။
ေအးစိမ့္ေနသည့္ aircon ဓာတ္ေၾကာင့္
အိပ္ရာထဲတြင္ ခဏမၽွႏွပ္ေနလိုက္ၿပီးမွ
မ်က္ႏွာသစ္၊သြားတိုက္လုပ္၍
အိပ္ခန္းထဲမွထြက္ခဲ့လိုက္သည္။
ထိုအခါ ထမင္းစားခန္းထဲတြင္ ႏွစ္ေယာက္အတူ
မနက္စာစားရန္ျပင္ေနဟန္ရွိေသာ ေဝမွူးပိုင္ကို
ဧည့္ခန္းမွလွမ္းျမင္လိုက္ရ၏။
ဒီေန႔က အျပင္သြားစရာရွိၿပီး ႏွစ္ေယာက္လုံး
အျပင္မွာပဲ စားျဖစ္မွာျဖစ္တာေၾကာင့္
အိမ္အကူ အန္တီႀကီးကို မလာခိုင္းထားျခင္းျဖစ္၍
ေဝမွူးပိုင္က
သူကိုယ္တိုင္မနက္စာထဝယ္ျခင္းျဖစ္မည္။
လႊမ္းသုတ ေဝမွူးပိုင္ဆီသို႔ေလၽွာက္သြား၍
ေဝမွူးပိုင္၏ လက္ေမာင္းကိုတြယ္ဖက္လိုက္သည္။
"Happy Birthday.."
"Birthday kiss.."
ႏွုတ္ခမ္းပါးႏွစ္ခုထပ္တူက်႐ုံမၽွ
အနမ္းသည္လည္း ခ်စ္ျခင္းေမတၳာအား
ေဖာ္က်ဴးနိုင္စြမ္းရွိသည္။
" မင္းေနာ္..။
ဘာလို႔ ငါ့ကိုမႏွိုးဘဲ ထြက္သြားတာလဲ"
"မင္းကို ႏွိုးေနရင္ မင္းစားခ်င္တဲ့
ဒီဆိုင္က ရွမ္းေခါက္ဆြဲကို စားလို႔ရမွာမဟုတ္ဘူး"
ေဝမွူးပိုင္ျပန္ေျဖသည့္စကားက
ျငင္းမရတာေၾကာင့္လႊမ္းသုတ ျပဳံးစိစိေလးျဖင့္သာ
တိတ္လိုက္ရေတာ့သည္။
ထမင္းစားပြဲမွာ အတူထိုင္လိုက္သည္ဆိုလၽွင္ပဲ
လြန္ခဲ့တဲ့အခ်ိန္ေတြတုန္းကလိုပင္ ေဝမွူးပိုင္
နယ္ေပးလိုက္သည့္ ရွမ္းေခါက္ဆြဲပန္းကန္က
လႊမ္းသုတရဲ့ အေရွ႕သို႔စားရန္အသင့္အေနအထားနဲ႔
ေရာက္လာ၏။
ႏွစ္ေယာက္ၾကားက
ေႏြးေထြးမွုဆိုတာကို ျပသဖို႔
လုပ္ရပ္အႀကီးႀကီးေတြလုပ္စရာမလို..။
ေခါက္ဆြဲေလးတစ္ပန္းကန္နယ္ေပးလိုက္႐ုံ၊
ငါးရိုးေလးတစ္ေခ်ာင္းထြင္ေပးလိုက္႐ုံ၊
ေရေလးတစ္ခြက္ငွဲ႕ေပးလိုက္႐ုံနဲ႔လည္း
ျပည့္စုံသည္။
ထိုအခိုက္ စားပြဲေပၚတြင္တင္ထားသည့္
ေဝမွူးပိုင္၏ဖုန္းမွ vibrateျဖစ္လာခဲ့သည္။
ေဝမွူးပိုင္က screen တြင္ေပၚေနေသာ contact
ကိုၾကည့္ၿပီးမွ ကိုင္လိုက္၏။
" ဟုတ္ ေဖေဖ.."
"......"
"နိုးၿပီ။ မနက္စာစားေနတာ"
"...."
လႊမ္းသုတကို တစ္ခ်က္ၾကည့္လာၿပီးမွ
"ဟုတ္တယ္ ။ ဒီေန႔ သူ႔ေမြးေန႔ ေဖေဖ.."
"..."
"ေဘးမွာရွိတယ္.."
ေဝမွူးပိုင္က သူ႔ဖုန္းကိုေပးလာ၏။
"လႊမ္းသုတ.. Happy birthday သား"
ဖုန္းထဲက ေဝမွူးပိုင္၏ အေဖအသံသည္
အျမဲၾကားေနသလိုပင္ ေႏြးေထြး၍
လႊမ္းသုတ၏ စိတ္ကိုပါ ရႊင္ျမဴးလာေစသည္။
"ဟီး ေက်းဇူးပါခင္ဗ်..။ဦးေလးဆီကို ေန႔လယ္မွ
မွူးနဲ႔အတူ လာမလို႔..။ ေမေမက ဒံေပါက္နဲ႔
ၾကာဇံဟင္းခါးခ်က္ေပးထားတယ္ဆိုလို႔
အဲ့ဒါ လာေပးမလို႔ေလ။ ဒါေပမဲ့ ဒံေပါက္ေတာ့ အမ်ားႀကီး စားလို႔မျဖစ္ဘူးေနာ္"
"ဟားဟား . ေအးပါကြာ .. လာခဲ့ၾက။
ေမြးေန႔လက္ေဆာင္ကိုေတာ့ မဝယ္ေပးေတာ့ဘူး။
သားရဲ့bank acc ထဲကိုပဲ ေငြထည့္ေပးထားတယ္။သားရဲ့မွူးကိုပဲ သားႀကိဳက္တာလိုက္ဝယ္
ခိုင္းလိုက္ေတာ့ေနာ္"
"ဟီး ဟုတ္ကဲ့"
"မနက္စာစားေနတယ္ဆို စားၾက။
ေန႔လယ္မွဒီကိုလာခဲ့။
ေမြးေန႔ကို ဘုရားေလးဘာေလးလည္းသြားၾကဦး"
"ဟုတ္ ။ ခဏေန ဘုရားႀကီးသြားၿပီး
ေရႊဆိုင္းသြားကပ္ၿပီးမွ ေမေမတို႔ဆီဝင္မွာဗ်"
ေဖေဖဖုန္းခ်သြားၿပီး မိနစ္အနည္းငယ္မၽွၾကာသည့္အခ်ိန္အထိ ျပဳံးေနေသာလႊမ္းသုတ၏
မ်က္ႏွာေလးကို သတိထားမိလိုက္တာေၾကာင့္..
ေဝမွူးပိုင္ ခပ္တိုးတိုးရယ္လိုက္ၿပီးမွ
"ဘာလဲ။ မုန့္ဖိုးရလို႔ေပ်ာ္ေနတာလား"
"မဟုတ္ပါဘူး"
"ဒါဆိုဘာလို႔လဲ"
"မင္းကို တျခားလူမဟုတ္ဘဲ
ငါပိုင္ခဲ့ရလို႔ေတာ္ေသးတယ္လို႔
ေတြးမိလို႔.."
"....."
"အဟမ္း .. ေမြးေန႔မို႔လို႔ဖြင့္ေျပာျပလိုက္ပါ့မယ္။
မွူး.. မင္းငါ့ကို ခ်စ္ခဲ့တာကေလ
ငါ့ဘဝတစ္ခုလုံးရဲ့ အႀကီးမားဆုံး ကံေကာင္းမွူ
တစ္ခုပဲ။ မေတာ္လို႔မ်ား ဖြဖြ ငါမဟုတ္ဘဲ
တျခားတစ္ေယာက္ကိုမ်ား
မင္းႀကိဳက္မိခဲ့တာဆိုရင္.. အခုလိုမ်ိဳး..
ငါ့ဘဝမွာေထြေထြထူးထူးေပ်ာ္ရႊင္ေနရတာမ်ိဳး..၊
ေႏြးေထြးရတာဆိုတာမ်ိဳးရွိေနမွာမဟုတ္ဘူး..။
တကယ္လို႔ မင္းငါ့ကိုမခ်စ္ခဲ့ရင္
တျခားတစ္ေယာက္နဲ႔
ငါလက္တြဲရင္လက္တြဲျဖစ္လိမ့္မယ္..။
ဒါေပမဲ့ေသခ်ာတယ္။ အဲ့ဒီတစ္ေယာက္က
ဘယ္သူပဲျဖစ္ေနျဖစ္ေန..မင္းလိုေတာ့
ငါ့အေပၚအေကာင္းဆုံးျဖစ္ေနမွာမဟုတ္ဘူး.."
စကားဆုံးသည့္အခါ ေဝမွူးပိုင္က လႊမ္းသုတ၏
နဖူးကို ဖြဖြနမ္းသည္။
"ေမာင္က မင္းအေပၚအေကာင္းဆုံး
လူျဖစ္ေပးခ်င္တာမဟုတ္ဘူး။ မင္းကို
အခ်စ္ဆုံးလူ၊မင္းကအခ်စ္ဆုံးလူပဲျဖစ္ခ်င္တာ.."
"အြန္.. အခုလည္း...ျဖစ္ေနတာပဲကိုကြာ.."
ျပဳံးျပဳံးေလးျဖင့္
ေျပာလာသည့္စကားက
ေဝမွူးပိုင္၏ ႏွလုံးသားတစ္ခုလုံးကို
အခ်စ္စိတ္တို႔ျဖင့္ထုံမႊမ္းသြားေစပါသည္။
မင္းကိုေမာင္ဘယ္တုန္းကမွ
မခ်စ္ဘဲမေနနိုင္ခဲ့ပါဘူး။
ဘယ္ေတာ့မွလည္း
မခ်စ္ဘဲေနနိုင္မွာမဟုတ္ေတာ့ဘူး..။
~~~~~~~~~~~~~~~~~~~~
လႊမ္းသုတ၏ေမြးေန႔ကုသိုလ္အေနျဖင့္
ေဝမွူးပိုင္နဲ႔အတူ မဟာျမတ္မုနိဘုရားႀကီး
တြင္ ေရႊဆိုင္းအတူကပ္ၿပီးေနာက္
ၿဂိဳဟ္ေျပနံေျပဘုရားတြင္ ေရသပၸာယ္သည္။
ထိုမွအျပန္ မိဘမဲ့ေဂဟာ တစ္ခုနဲ႔
ဘိုးဘြားရိပ္သာတစ္ခုသို႔သြားကာ၊
ပိုက္ဆံလွူခဲ့ေသး၏။
ေန႔လယ္စာအေနျဖင့္
ေမေမခ်က္ေကၽြးေသာ ဒံေပါက္နဲ႔
ၾကာဇံဟင္းခါးကိုစားခဲ့ၾကၿပီး
ေဝမွူးပိုင္၏ အေဖအိမ္သို႔သြားခဲ့ၾကသည္။
ထိုအိမ္မွာဘဲ ညေနထိေနၾကၿပီးေနာက္
အစီအစဥ္မရွိပါဘဲနဲ႔ ဦးေလးက
ႏွစ္ဖက္မိဘအတူ ညစာမစားရတာၾကာၿပီဟု
ေျပာလာသျဖင့္ လႊမ္းသုတ၏ ေဖေဖနဲ႔ ေမေမကိုပါ
သြားေခၚကာ ေရႊဘဲ စားေတာ္ဆက္
ကိုလည္း သြားျဖစ္ခဲ့ၾကေသး၏။
ေရႊဘဲမွာပဲ စကားေျပာ စားေသာက္ၾကၿပီးေနာက္
မိဘေတြကိုလည္း အိမ္ကိုပို႔ၿပီးပါမွ၊
အားလုံးၿပီး၍ အိမ္ကိုျပန္လာခဲ့သည့္ အခ်ိန္သည္
မႏၲေလး က်ဳံးေဘးတြင္ အနည္းငယ္ပင္
လူရွင္းစျပဳေနေလၿပီ။
၁၀ နာရီေက်ာ္ဆိုသည့္ အခ်ိန္သည္
ပုံမွန္ဆို ဒီေလာက္ထိ လူရွင္းေနမွာမဟုတ္ေပမဲ့
လႊမ္းသုတတို႔ညစာစားေနခိုက္တြင္
မိုးသည္းသည္းမည္းမည္း ရြာခ်လိုက္ေသးတာေၾကာင့္ လမ္းေပၚတြင္ လူနည္းသြားျခင္းျဖစ္သည္။
လႊမ္းသုတ ကားမွန္ကိုခ်လိုက္မိသည့္အခါ
မိုးနံ႔ပါသည့္ ေအးျမေသာေလက ႏွစ္သက္စဖြယ္
တိုးေဝွ႕တိုက္ခတ္လာခဲ့သည္။
ထိုအခိုက္ ေဝမွူးပိုင္က ကားကို လမ္းေဘးတြင္
ကပ္၍ ရပ္လိုက္ၿပီး ခ်က္ခ်င္းဆိုသလို ..
ကားေပၚမွ ဆင္းသြားကာ..ကားေနာက္ဖုံးကို
သြားဖြင့္လိုက္တာေၾကာင့္ လႊမ္းသုတ ေခါင္းေလး
လည္ကာၾကည့္လိုက္မိသည္။
"မွူး.. ဘာျဖစ္တာလဲ.."
"ဘာမွမျဖစ္ဘူး..။ မဆင္းခဲ့နဲ႔.."
ထိုစကားေၾကာင့္ ကားတံခါးကို
လက္လွမ္းေနသည့္ လႊမ္းသုတ၏
လက္ေလးေတြပင္ရပ္သြားရသည္။
ခဏအၾကာ ေဝမွူးပိုင္က
ကားေပၚသို႔ျပန္တက္လာသည္။
သူ႔လက္ထဲတြင္လည္း ကိတ္မုန့္ဗူးေလး
တစ္ခုပါခဲ့၏။
လႊမ္းသုတက ခ်က္ခ်င္းဆိုသလိုပင္ ေဝမွူးပိုင္၏
လည္တိုင္ကိုဖက္၍ ပါးႏွစ္ဖက္အား
နမ္းပစ္လိုက္မိသည္။
သူ႔ေမြးေန႔မွာ
အားလုံးျပည့္စုံေနေပမဲ့ အခ်စ္ဆုံးေပးသည့္
အမွတ္တရေလးမရွိခဲ့ရင္ ဘယ္လိုလို႔ ရာႏွုန္းျပည့္
ေပ်ာ္နိုင္ပါ့မလဲ..။
" အစက ညေနေလာက္
အိမ္ျပန္ျဖစ္မယ္ေတြးထားေတာ့
အိမ္မွာပဲ ႏွစ္ေယာက္အတူ
ေမြးေန႔ကိတ္ခြဲမယ္ေတြးထားတာ။ဒါေပမဲ့
ဒီေလာက္အခ်ိန္ၾကာသြားမွေတာ့ အိမ္ေရာက္တာနဲ႔
မင္းက တန္းအိပ္ေတာ့မွာ..။ အခုခြဲလိုက္ေတာ့"
" မခြဲေတာ့ဘူး။ ဒီတိုင္း ဓားနဲ႔ဖဲ့စားရေအာင္..။
ထမင္းစားၿပီးေတာ့ အခ်ိဳကို ကိတ္ေလးစားခ်င္ေနတာနဲ႔ အေတာ္ပဲ..ဟီး"
"မင္း ကိတ္ေပၚကို ဖေယာင္းတိုင္လည္းမထြန္း
ဆုလည္း မေတာင္းေတာ့ဘူးလား.."
"မင္းလိုလူကိုရၿပီးၿပီပဲ..။
ငါကဘာကိုထပ္ဆုေတာင္းရဦးမွာလဲ..။
အဲ့ဒီေလာက္ေလာဘႀကီးမေနပါဘူး..။
ေတာင္းခ်င္တဲ့ဆုဆိုလို႔လည္း ငါ့ေမြးေန႔တိုင္း
မင္းနဲ႔အတူရွိဖို႔ဆိုတဲ့ ဆုတစ္ခုပဲရွိတာ။
ဒါေပမဲ့ အဲ့ဒါလည္းေတာင္းစရာမလိုပါဘူး.။
မင္းကျဖည့္ဆည္းေပးမွာပဲကို.. ဟုတ္ဘူးလား"
လႊမ္းသုတက
ျပဳံးစိစိ႐ုပ္ေလးနဲ႔ေျပာကာ.. ကိတ္မုန့္အျဖဴေလးကို
ဓားေလးနဲ႔လွီးဖဲ့၍
သူအရင္ဆုံးစားပစ္လိုက္သည္။
ပါးေလးေဖာင္းေနသည္အထိ၊
ႏွုတ္ခမ္းစြန္းေလးတြင္
ခရင္မ္ေလးေတြေပေနသည္အထိ
အားရပါးရစားေနသည့္လႊမ္းသုတ၏
မ်က္ႏွာေလးကိုၾကည့္ကာ
ေဝမွူးပိုင္ျပဳံးလိုက္မိပါေတာ့သည္။
လႊမ္းသုတကေတာ့ ေဝမွူးပိုင္ကို တစ္ဖဲ့မၽွသာ
ေကၽြးလာၿပီးေနာက္ ကိတ္တစ္ခုလုံးကို သူပဲ
ထိုင္စားေနေလသည္။
"ေကာင္းလိုက္တာ။
ေနာက္လည္းဒီဆိုင္က ဝယ္ေကၽြးေနာ္.."
"ေမာင့္ဆီက တျခားလက္ေဆာင္ေရာ
မယူေတာ့ဘူးလား"
လႊမ္းသုတ၏ မ်က္ႏွာေလးက ကိတ္ေပၚတင္ထားသည့္ ခ်ယ္ရီသီးေလးလိုမ်ိဳးရဲသြားသည္။
ထို႔ေနာက္ မသိမသာျဖင့္မ်က္ေစာင္းေလးတစ္ခ်က္
ထိုးလာကာ..
"အိမ္ေရာက္မွေလ..."
ေဝမွူးပိုင္က အနည္းငယ္ျပဳံးမိသြားၿပီးမွ..
မ်က္ခုံးတစ္ခ်က္ပင့္လိုက္သည္။
" ဘာကိုလဲ.."
"အြန္ ဘာလဲ.."
"ဘာကိုအိမ္ေရာက္မွလဲ.."
"မဟုတ္ဘူးေလ.. မင္းပဲ.."
ေဝမွူးပိုင္က သူ႔အိတ္ေထာင္ထဲရွိ
ေသာ့တစ္ေခ်ာင္းကိုထုတ္ျပလိုက္သည္။
"မင္းရခ်င္တယ္ဆိုတဲ့ ေမာင့္ဆိုင္ကယ္နဲ႔တူတဲ့
ဆိုင္ကယ္ကိုေမြးေန႔လက္ေဆာင္ေပးမလို႔ေလ..။
ဘာထင္ေနတာလဲ.."
လႊမ္းသုတက သူ႔လက္ထဲက ကိတ္မုန့္ဗူးေလးကို ခ်ကာ ေဝမွူးပိုင္၏ လက္ေမာင္းကို ကိုက္ပစ္လိုက္၏။
"ရွင္းရွင္းလင္းလင္းေျပာပါလား"
"ေမာင္ေျပာတာပဲ.. ။ မင္းစိတ္ထဲ
ဒါပဲရွိေနၿပီးေတာ့.."
"မစနဲ႔ေနာ္ မုန္းလိုက္မွာ.."
"ေမာင္ေျပာတာ မဟုတ္လို႔လား.။ အဲ့ဒါပဲထင္သြားတာ မဟုတ္ဘူးလား"
"မွူး မင္းေနာ္ .. မေကာင္းဘူး.."
"ေကာင္းပါတယ္။ ေကာင္းလို႔ပဲ ညတိုင္း
ေမာင္.. မင္းလုပ္တာ အရမ္းေကာင္းတယ္
ေကာင္းတယ္ နဲ႔ မင္းပဲ ၿငီးေနတာ မဟုတ္ဘူးလား.."
"ဟာ.. မင္းေနာ္ ! မင္းေနာ္!!"
လက္ေမာင္းကို ထုရိုက္ေနသည့္အသံေလးေတြနဲ႔
ရယ္သံေလးေတြက ကားေလးထဲမွ
ၾကည္ႏူးဖြယ္ ပ်ံ႕လြင့္ေနခဲ့ပါသည္....။
အတူရွိေနရရင္
မင္းနဲ႔ငါ့ၾကားေပ်ာ္စရာေတြခ်ည္းပါပဲ..။
___________________________
"ခဏထ.."
လက္ေမာင္းကို လွုပ္၍ ႏွိုးလိုက္သည့္
အသံေၾကာင့္ အအိပ္ဆတ္သည့္ေဝမွူးပိုင္က
မ်က္လုံးကို ခ်က္ခ်င္းဖြင့္ၾကည့္လိုက္မိသည္။
နံေဘးရွိလႊမ္းသုတက မွုန္ကုပ္ကုပ္႐ုပ္နဲ႔
ငုတ္တုပ္ေလးထိုင္၍ သူ႔ကိုၾကည့္ေန၏။
"ဘာျဖစ္တာလဲ"
"မင္း တျခားတစ္ေယာက္နဲ႔ တြဲေနတာလား"
ေဝမွူးပိုင္ အိပ္ရာေပၚတြင္ထထိုင္လိုက္ၿပီးမွ
နာရီကိုၾကည့္လိုက္မိသည့္အခါ
မနက္ ၅ နာရီ ၂၀ မိနစ္။
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနရာကေန
ႏွိုးခံလိုက္ရတာေရာ ၊
ညက club က ဝန္ထမ္းေတြနဲ႔အတူ ညစာစားရင္း
အနည္းငယ္ေသာက္ခဲ့ရသည္ေၾကာင့္ေရာ
ေခါင္းထဲကပါ ခ်က္ခ်င္း ထိုးကိုက္လာခဲ့သည္။
ထို႔ေၾကာင့္ မ်က္ခုံးအစုံအားတြန့္ခ်ိဳးလိုက္မိၿပီး
လႊမ္းသုတကို ၾကည့္ကာ..
"ဘာျဖစ္တာလဲ အိပ္မက္မက္တာလား"
"ေမးတာသာေျဖစမ္းပါ ။ မင္း ကိုၿငိမ္းနဲ႔
တြဲေနတာလား"
"မင္း႐ူးေနလား လႊမ္းသုတ"
ေဒါသထြက္စြာသူေျပာမိသည့္အခါ
လႊမ္းသုတက သူ႔ကို စိုက္ၾကည့္႐ုံၾကည့္၍
ဘာမွမေျပာလာဘဲ
မ်က္ႏွာလႊဲသြားေလသည္။
"အဲ့ဒီလူက မင္းကို ႀကိဳက္ေနတာ"
ဒါက သူမ်ားကို လႊမ္းသုတ သက္သက္မဲ့
စြပ္စြဲလိုက္ျခင္းမဟုတ္။
ညက သူ႔ဝန္ထမ္းေတြနဲ႔အတူညစာစားပြဲ
လုပ္သည့္ club သို႔ လိုက္သြားခဲ့ရာမွ လႊမ္းသုတ
သိခဲ့ျခင္းျဖစ္သည္။
ေဝမွူးပိုင္ သူ႔အေဖနဲ႔ ဖုန္းခဏထေျပာေနသည့္
အခ်ိန္တြင္ ကိုၿငိမ္းကလည္း သူ႔ဖုန္းကို
လႊမ္းသုတေရွ႕က
စားပြဲမွာ ထားခဲ့ၿပီး toilet ကိုသြားခဲ့ျခင္းျဖစ္သည္။
ထိုအခိုက္ အခ်ိန္ကိုက္ဆိုသလိုပင္ ကိုၿငိမ္း၏ Facebook မွ တက္လာေသာ notification
တစ္ခုေၾကာင့္ Lock Screen က ပြင့္လာသည္။
wallpaper တြင္တင္ထားသည္က
ကားsteering ကို ကိုင္ထားသည့္
ေဝမွူးပိုင္၏ လက္သြယ္သြယ္ေတြပင္ျဖစ္၏။
တျခားလူဆို မသိနိုင္ေလာက္ေပမဲ့
လႊမ္းသုတဆိုတာက ေဝမွူးပိုင္ရဲ့
ဘယ္လက္ေခ်ာင္းက ပိုသြယ္လ်ၿပီး
ဘယ္လက္ေခ်ာင္းက လက္သည္းခြံေလးေတြက
ပိုၿပီး ပန္းေရာင္သန္းေနတတ္တယ္ဆိုတာကအစ
သိေနသူမဟုတ္လား..။
ၿပီးေတာ့ ဓာတ္ပုံထဲမွာ
အနည္းငယ္ေပၚေနသည့္ ေဝမွူးပိုင္ရဲ့
လက္သူႂကြယ္မွာထိုးထားေသာ လႊမ္းသုတ
နာမည္ တက္တူးကို blur လုပ္ၿပီး
ေဖ်ာက္ထားခဲ့ေသးတာ။
" အဲ့ဒီလူကို မင္းအနားမွာမထားနဲ႔ မွူး။
တျခားအလုပ္တစ္ခုကို ေျပာင္းေပး"
လႊမ္းသုတ ဒီေလာက္ပဲေျပာလိုက္ကာ
အိပ္ရာေပၚတြင္ျပန္လွဲ၍ အိပ္လိုက္မိသည္။
မနက္ျဖန္ ေက်ာင္းသို႔သြားရမည္ျဖစ္၍ ေစာေစာ
အိပ္ရမည့္တိုင္ အခုခ်ိန္ထိ အိပ္မရဘဲ
ဒီအေၾကာင္းကပဲ တဝဲလည္လည္
ျဖစ္ေနတာေၾကာင့္ ေဝမွူးပိုင္နိုးလာမည့္အခ်ိန္ကိုပင္
မေစာင့္နိုင္ေတာ့ဘဲ ေျပာလိုက္မိျခင္းျဖစ္သည္။
အစက ဒီလိုလုပ္သင့္ပါ့မလား ေတြးမိေပမဲ့
သူတို႔ႏွစ္ေယာက္ၾကားထဲေတာ့ ဘယ္လို
အဖ်က္အဆီးမ်ိဳးမွ အဝင္မခံနိုင္..။
ေဝမွူးပိုင္က လႊမ္းသုတကို
အကဲခတ္လိုက္မိသည္။
ထို႔ေနာက္လႊမ္းသုတ၏ ေဘးတြင္ လွဲလိုက္ၿပီး
သူ႔ကိုေက်ာေပးအိပ္ေနေသာ လႊမ္းသုတကို
ပခုံးမွ ဆြဲ၍ လွည့္လိုက္ကာ သူ႔ရင္ခြင္ထဲတြင္ မ်က္ႏွာအပ္ေစ၍ နဖူးကိုဖြဖြနမ္းလိုက္သည္။
"ေဝမွူးပိုင္ ငါက မင္းအလုပ္ကို သက္သက္မဲ့
ဝင္ပါတာမဟုတ္ဘူး။ ငါမင္းကိုလည္း
မယုံၾကည္တာမဟုတ္ဘူး။
မင္းေျပာတာ ဟုတ္တယ္ ငါ႐ူးေနတာ။
ဘယ္အရာေတြကမ်ား
ငါ့ဘဝထဲကေနမင္းကို ဆြဲထုတ္သြားေတာ့မွာလဲ
လို႔ေတြးၿပီး ငါ႐ူးေနတာပဲေနမွာ"
မ်က္ဝန္းတြင္ မ်က္ရည္တို႔ေဝ့ဝဲလ်က္
ေျပာေနသည့္ လႊမ္းသုတ၏ ႏွုတ္ခမ္းကို
ေဝမွူးပိုင္နမ္းရွိုက္လိုက္မိသည္။
" ရတယ္ ဘာအေၾကာင္းျပခ်က္မွ
ေျပာစရာမလိုဘူး။
မင္းသေဘာမက်ဘူးမဟုတ္လား။
မင္းျဖစ္ခ်င္တာကို ေမာင္လုပ္ေပးမယ္ ။
ေမာင့္အတြက္ေတာ့မငိုနဲ႔"
" ငါမင္းကို သဝန္တိုတယ္.."
"အင္း ေမာင္သိတယ္"
"ငါဆိုးတာမဟုတ္ဘူး။
မင္းကိုငါပဲ ခ်စ္ခ်င္တာ.."
"ေမာင္နားလည္တယ္ ။ တိတ္ေတာ့ မငိုနဲ႔...."
လႊမ္းသုတေခါင္းညိတ္ျပလိုက္မိသည္။
ပါးျပင္သို႔စီးက်လာေသာ မ်က္ရည္တို႔အား..
ေဝမွူးပိုင္က ဖြဖြသုတ္ေပးလာသည္။
ထို႔ေနာက္ လႊမ္းသုတ၏ ေမးဖ်ားမွေန၍
ေမာ့ေစကာ ႏူးႏူးညံ့ညံ့ႏွုတ္ခမ္းေလးအား
စုပ္ယူနမ္းရွိုက္လိုက္မိ၏။
ရင္ဖိုလွိုက္ေမာသည့္ခံစားခ်က္အား
ထိုအနမ္းေတြကပင္ အျမဲေပးေလသည္..။
သို႔ေသာ္.. စိုစြတ္သည့္ထိုအနမ္းေတြဟာ
လည္တိုင္မွတစ္ဆင့္
ေအာက္သို႔ဆင္းလာသည့္အခါတြင္ေတာ့
ေဝမွူးပိုင္၏ရင္ဘတ္ကို
လႊမ္းသုတတြန္းလိုက္မိသည္။
"မနက္က် ေက်ာင္းသြားရမွာ..."
" နမ္း႐ုံပဲ.."
"မရဘူး..။ မင္းကအဲ့ဒီလိုပဲ အျမဲေျပာၿပီး..
ဟုတ္တာလည္းမဟုတ္ဘူး.."
ေဝမွူးပိုင္က ခပ္တိုးတိုးရယ္သည္။
ထို႔ေနာက္ လႊမ္းသုတအား သူ႔ရင္ခြင္ထဲတြင္
ျပန္ထည့္၍ဖက္လိုက္၏။
သူတို႔ႏွစ္ေယာက္ဆီမွ အသက္ရွူသံကလြဲ၍
အခန္းထဲတြင္ ျပန္လည္တိတ္ဆိတ္သြားျပန္သည္။
သို႔ေသာ္ ေဝမွူးပိုင္အိပ္မေပ်ာ္ေသးတာကိုေတာ့
သူ႔ဆံပင္ေလးေတြကို လက္နဲ႔ ႏူးႏူးညံ့ညံ့ ထိုးဖြေပး
ေနသည့္ အျပဳအမူမွတစ္ဆင့္ လႊမ္းသုတ
သိရသည္။
ၾကားေလပင္မေသြးနိုင္ေအာင္ထိ ေဝမွူးပိုင္၏
ရင္ခြင္ထဲကို လႊမ္းသုတ ပို၍ပို၍ တိုးဝင္မိသည္။
ေလာကဓံ၏ ရိုက္ခတ္ခ်က္တစ္ခုခုေၾကာင့္မ်ား
ဒီလူအား ဆုံးရွုံးလိုက္ရလၽွင္ သူဘယ္လိုမ်ား
လုပ္ရပါေတာ့မလဲ..။
" လႊမ္းသုတ"
"အင္း"
"မင္းကိုယ္မင္းထက္ေတာင္ ေမာင့္ကို
ပိုယုံၾကည္ထားလို႔ရတယ္။
ဒါေၾကာင့္ ေလၽွာက္မေတြးပါနဲ႔။
ဒီဘဝမွာ.. မင္းကိုပဲေမာင္အခ်စ္ဆုံး"
လႊမ္းသုတျပဳံးလိုက္မိသည္။
"ဒီဘဝပဲေပါ့.."
" ေနာက္ဘဝက်ရင္လည္း..
စာသင္ခန္းေထာင့္ခ်ိဳးေလးမွာမင္းတိုက္မိတဲ့
လူက ေမာင္ျဖစ္ပါေစ ဆုေတာင္းမယ္"
"အြန္.. ေတာ္ပါကြာ..။ ဒါနဲ႔ ဘာလဲ
အခ်စ္ဆုံးဆိုေတာ့မခ်စ္တခ်စ္ေတြ နည္းနည္းေလး
ခ်စ္တာေတြ ရွိေသးတာလား.."
ေဝမွူးပိုင္ ငဲ့ၾကည့္လိုက္သည့္အခါ
ျပဳံးစိစိမ်က္ႏွာေလးျဖင့္ သူ႔ကိုၾကည့္ေနေသာ
လႊမ္းသုတကို ေတြ႕ရေလသည္။
"ဟင္ ေျဖေလ .. .."
ျဖတ္ခနဲေရာက္လာသည့္ သူ႔လည္တိုင္က
တက္တူးေပၚရွိ ႏူးႏူးညံ့ညံ့ႏွုတ္ခမ္းေလး..။
"ေျဖေလလို႔..."
ဒုတိယေျမာက္အနမ္း..။
"မွူး.. ေျဖပါဆို ။ မင္းမွာ ဘယ္က
မခ်စ္တခ်စ္ေလးေတြရွိေသးတာလဲ.."
တတိယေျမာက္ အနမ္းေလးမေရာက္ခင္မွာေတာ့
လႊမ္းသုတ၏ အေပၚမွေန၍ ေဝမွူးပိုင္အုပ္မိုး
လိုက္မိသည္။ထိုအခါမွ လႊမ္းသုတက
မ်က္လုံးေလးေတြျပဴးသြားကာ..
"မနက္ ေက်ာင္းရွိတယ္..."
"အခုေတာင္ ၆ နာရီထိုးေတာ့မွာ။
ပ်က္လိုက္ေတာ့.."
"ဟာ..ေမာင္ေနာ္... မရဘူး.."
အရာရာမင္းသေဘာအတိုင္း
ေမာင္ေနမယ္ဆိုတဲ့ေဝမွူးပိုင္က
လႊမ္းသုတ၏ စကားနားမေထာင္တဲ့
တစ္ခ်ိန္သာရွိသည္။
အိပ္ရာေပၚမွာေတာ့ ေဝမွူးပိုင္က လႊမ္းသုတကို
ထင္သေလာက္ႀကီး သေဘာမေကာင္းေပးဘူး...။
"အ.. နာ..နာတယ္ ျဖည္းျဖည္း
ငါထြက္မေျပးပါဘူး.."
ေနာက္တစ္ခါနည္းနည္းေလးမွေတာင္
အဲ့ဒီလူဆိုးေကာင္ရဲ့အခ်စ္ကို
ကၽြန္ေတာ္ သံသယဝင္ျပလို႔ မျဖစ္ေတာ့ဘူး။
မင္းကိုပဲေမာင္ခ်စ္တာဆိုတဲ့စကားကို အထပ္ထပ္
ေျပာၿပီး သူသက္ေသျပတာ
ကၽြန္ေတာ့္မွာ ေန႔လယ္ေရာက္တဲ့အထိေတာင္ အိပ္ရာကေန ထလို႔မရခဲ့ပါဘူးဗ်ာ။
___________________________