အပိုင်း(၂၉)

101K 6.8K 938
                                    

မန္တလေးမှ မနက် ၉ နာရီခွဲခန့်တွင် ထွက်ခဲ့ပြီးနောက်
ငွေဆောင်သို့ ည ၁၁ နာရီခွဲ ကျော်ကျော် တွင်
ရောက်လေသည်။

လမ်းမှာ ထမင်းစား၊မုန့်စားခဏခဏနား၍ အေးအေးဆေးဆေးပျော်ပျော်ရွှင်ရွှင်သာ ထွက်လာသော
ခရီးတစ်ခုဆိုပေမဲ့ စုစုပေါင်း ၁၃ နာရီလောက်
ကားစီးခဲ့ရပြီးနောက်တွင်တော့ ခရီးပန်းရသည်။

ရန်ကုန်မှာ တစ်ညမအိပ်သည့်အကြောင်းက
ခရီးစဉ်က အသွားအပြန် စုစုပေါင်း လေးရက်သာ
အစီအစဉ်ဆွဲထားတာကြောင့်ဖြစ်သည်။

ငွေဆောင်ရောက်သည့်အခါတွင်လည်း သူတို့မှာ
ပင်လယ်ကြီးကိုလည်း စိတ်ထဲမထားနိုင်တော့ ၊
ဘိုကင်ချိတ်ထား၍ အသင့်စောင့်နေကြသော
ဟိုတယ်ဝန်ထမ်းတွေဆီမှအခန်းသော့တွေကို
ကိုယ်စီရပြီးတာနဲ့ သက်ဆိုင်ရာအခန်းဆီသို့
ချက်ချင်းသွားမိကြတော့သည်။

သူတို့စိတ်ထဲမှာ အိပ်ရာပေါ် ပစ်လှဲပစ်ချင်တာကလွဲလို့
ဘာမှမရှိကြတော့ပေ။

ရှန်ခွန်းနောင် အခန်းနံပါတ်ကို သေချာကြည့်၍
ဖွင့်ဝင်လိုက်သည်။

နှစ်ယောက်ခန်းဖြစ်၍ အတူနေရမည့်
နောက်ထပ်တစ်ယောက်က
ဘယ်သူလဲဆိုတာကို မသိရသေး။

ကိုဉာဏ်လင်းသွေးက
သူတို့သူငယ်ချင်းငါးယောက်အဖွဲ့ကို
နှစ်ယောက်ခန်း ၃ ခန်းပေးလာပြီး
နောက်ထပ်တစ်ယောက်လာလိမ့်မယ်ဟုသာ
ပြောသွားခြင်းဖြစ်သည်။

နန်းရတီနဲ့ ထက်နှင်းဝေကတစ်ခန်း၊ဝေမှူးပိုင်နဲ့
လွှမ်းသုတက တစ်ခန်းဖြစ်တာကြောင့််
ရှန်ခွန်းနောင်က အလိုလိုပင်
တခြားတစ်ယောက်နဲ့ အိပ်ရန်ဖြစ်လာ၏။

အခန်းတံခါးကို ဖွင့်ဝင်လိုက်သည်နှင့်
သန့်ရှင်းသပ်ရပ်၍ လှပသော ဟိုတယ်ခန်းက
သူ့ကိုဆီးကြိုနေလေသည်။

တစ်ယောက်အိပ်ခုတင်နှစ်လုံးပါပြီး ကြားတွင်
စားပွဲငယ်တစ်ခုခြားထား၏။

Mini Refrigerator (ရေခဲသေတ္တာအသေး) တစ်လုံးပါပြီး ခုတင်ခြေရင်းတွင် TV ရှိသည်။

ရေချိုးခန်းနဲ့ အိမ်သာတွဲရက်အခန်းကလည်း
အလွန်ကျယ်ဝန်းသလို
မှန်တင်ခုံပေါ်တွင်တော့ ဘီးမှအစ၊
Hair dryer အထိ ပြည့်စုံစွာထားပေးထား၏။

RO ( ရို ) (Completed)Where stories live. Discover now