အပိုင်း(၃၀)

116K 7K 911
                                    

ဟိုတယ် အဝင်ဝမှနေ၍ အိပ်ခန်းအထိ
ရောက်အောင် လမ်းတလျှောက်လုံး
စိုင်းအံ့သျှိုင်းယံဆုပ်ကိုင်ဆွဲခေါ်
လာသည့် ရှန်ခွန်းနောင်၏
လက်ကောက်ဝတ်လေးသည် နီရဲနေပြီဖြစ်သည်။

"ကျွန်တော်နာနေပြီလို့!!"

အခန်းထဲရောက်ပါမှ
လွှတ်ပစ်လိုက်သဖြင့်
လွတ်လပ်သွားသည့် နီမြန်း
နေသော လက်ကောက်ဝတ်လေးကို
ရှန်ခွန်းနောင်ဖွဖွဆုပ်ကိုင်လိုက်ပြီးမှ
မျက်ရည်ကြည်လေးတွေဝေ့နေသည့်
မျက်လုံးဝိုင်းလေးများဖြင့် စိုင်းအံ့သျှိုင်းယံကို
ကြည့်လိုက်သည်။

မျက်ခုံးအစုံတို့ ထိစပ်မတတ် တွန့်ချိုး၍ အံကို
တင်းတင်းကြိတ်ထားသည့်စိုင်းအံ့သျှိုင်းယံသည်
သူမြင်လိုက်ရသော မြင်ကွင်းတစ်ခုကြောင့်
ရင်ထဲတွင် ဒေါသများဖြင့်ဗလောင်ဆူနေသည်။

မန္တလေးမှ လာခဲ့သည့်ခရီးတစ်လျှောက်
စီနီယာဖြစ်သည့်
ဉာဏ်လင်းသွေးရဲ့ ပုခုံးမှာ မှီအိပ်ခဲ့ရုံသာမက ၊
အခုထိပါ ထိလားပုတ်လားနဲ့ ပြုံးပျော်နေသည့်
အပြုအမူကို သူထပ်သည်းမခံနိုင်တော့။

ပြီးတော့ သူမဟုတ်သည့် လူတစ်ယောက်ရှေ့မှာ
နေခဲ့တာက ပေါင်ရင်းထိပါ ပေါ်တော့မတတ်
တိုနေတဲ့ အဝတ်အစားနဲ့။

"မင်းကဘာအချိုးလဲ ။
ဒီလိုနည်းနဲ့
မင်းပြောတဲ့ ကိုယ့်ကိုချစ်တယ်ဆိုတဲ့စကားကို
သက်သေပြလိုက်တာလား ရှန်ခွန်းနောင်"

"ကျွန်တော်ဘာလုပ်နေလို့လဲ"

"အဲ့ဒီမေးခွန်းကို ကိုယ့်ကို ပြန်မမေးနဲ့။
မင်းလုပ်ရပ်တွေမင်းပြန်ကြည့်။

ကိုယ်နဲ့ ပြဿနာတက်လိုက်တာနဲ့
တခြားတစ်ယောက်နဲ့ရောရောနှောနှော
နေပစ်လိုက်တာမျိုး ကိုယ်မကြိုက်ဘူး။

မင်းဝတ်ထားတဲ့ ဒီပုံစံကရော
အဲ့ဒီတစ်ယောက်နဲ့ ဒီလို တွေ့ရမှာမို့ မြူဆွယ်ဖို့
ဒီလို ဝတ်သွားတာလား။

ရှန်ခွန်းနောင်
မင်းမှာသာ ဒီလို အကျင့်ရှိရင်..
ကိုယ်အစကတည်းက သိခဲ့ရင်
မင်းကို ပတ်သက်ခဲ့မှာ မဟုတ်ဘူး"

RO ( ရို ) (Completed)Where stories live. Discover now