အပိုင်း(၃၇)

100K 6.5K 519
                                    

"ဘာလဲ ။ ငါက မင်းတို့နှစ်ယောက်ကြားက
Thirdwheel လား.."

ကားနောက်ခန်း၏ အလယ်ခေါင်မှာထိုင်ရင်း
အရှေ့တွင်ထိုင်နေသည့် လွှမ်းသုတနဲ့ ဝေမှူးပိုင်ကို
ကြည့်ကာ ရှန်ခွန်းနောင်က စူပုပ်နေသည့်
မျက်နှာလေးဖြင့် ပြောလိုက်သည်။

လွှမ်းသုတက အနောက်ကိုလှည့်ကြည့်၍
ပြုံးစိစိမျက်နှာဖြင့်..

"ခဏလေးသည်းခံလိုက်ပါကွာ..။ ခု မင်းရဲ့
မျက်မှန်ဆိုင်သွားပြီးရင်
ဟိုနှစ်ယောက်နဲ့တွေ့ရတော့မှာပဲ"

" အခုမှပဲ အဲ့နှစ်ယောက်ရဲ့ ခံစားချက်ကို
နားလည်တော့တယ်.."

လွှမ်းသုတက သဘောတကျရယ်လေသည်။

လွှမ်းသုတက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့
အိမ်ကထွက်ခဲ့တာကြောင့် လိုအပ်တာတွေဝယ်ရင်း၊
ရှန်ခွန်းနောင်ကလည်း မျက်မှန်ဆိုင်ကို
သွားဖို့ရှိနေ၍ အတူတူသွားကြဖို့ဖြစ်သွား
သည့်နောက် သူတို့သူငယ်ချင်းတစ်ဖွဲ့လုံး
တစ်ခါတည်းတွေ့ဖြစ်သွားကြခြင်းဖြစ်သည်။

New Ocean ကိုမလိုက်တော့သည့်
ထက်နှင်းဝေနဲ့ နန်းရတီက သူတို့အတူ
တွေ့ရန်ချိန်းထားသည့် Bamboo Bbq ဆိုင်မှာပဲ
ကြိုစောင့်နေကြမည်ဖြစ်ပြီး
ရှန်ခွန်းနောင်တို့ သုံးယောက်ကထိုဆိုင်သို့ပဲ
သွားရမည်ဖြစ်သည်။

နန်းရတီတို့ဆီသို့
မသွားခင် လွှမ်းသုတအတွက် ဝယ်စရာ
ရှိတာတွေဝယ်ရန် New Ocean ကိုပတ်ခဲ့သည့်
တလျှောက်လုံး ရှန်ခွန်းနောင်မှာ အတွဲကြားမှာ
တစ်ယောက်တည်း ကန့်လန့်ကန့်လန့်လေး
ပါနေသလို ခံစားနေရတော့တာဖြစ်၏။

အဲ့ဒါကိုကို့ကြောင့်ပဲ ..။
ကိုကိုမရှိလို့!!

ရှန်ခွန်းနောင် နေရင်းထိုင်ရင်းနဲ့
အဝေးကလူကို လှမ်းစိတ်ကောက်ပစ်လိုက်သည်။

မျက်မှန်ဆိုင်ကိုသွားပြီးတာနဲ့ နန်းရတီတို့
ကြိုစောင့်နေသည့် Bamboo သို့
သူတို့လာခဲ့ကြသည်။

နေ့လယ်တစ်နာရီလောက်ဖြစ်၍ ထုံးစံအတိုင်း
ဆိုင်တွင် လူအတော်များနေလေသည်။

ခုံနေရာရပါ့မလား တွေးလိုက်မိကြပေမဲ့
ဘိုကင်ကြိုချိတ်ထားဟန်ရှိသည့် နန်းရတီနဲ့
ထက်နှင်းဝေကို မှန်ပြတင်းနားရှိ ဝိုင်းတွင်
ထိိုင်လျက်စားသောက်နှင့်နေကြပြီ
ဖြစ်သည်ကိုတွေ့လိုက်ရ၏။

RO ( ရို ) (Completed)Where stories live. Discover now