အပိုင်း(၈)

88.5K 7.2K 1K
                                    

" ဒီတစ်ပတ် Sunday ငါတို့
ရုပ်ရှင်သွားကြည့်ကြမလား"

မနက်ပိုင်းအတန်းချိန်မစခင်
ကန်တင်းကိုလာခဲ့ကြသည့်လမ်းတွင်
လွှမ်းသုတက စပြောလာသည်။

" အခုက ဘာကားတင်နေတာလဲ.."

နန်းရတီက ပါးစပ်ထဲသို့ သူမ
ဖောက်လိုက်သည့် ချိုချဉ်တစ်လုံးကို
ပစ်ထည့်လိုက်ကာ မေးလိုက်၏။

" ထိုင်းသရဲကားလေ။ review တွေတော့
တွေအရမ်းကောင်းနေတာ.."

" နင်တို့ကြည့်ချင်ကြည့်လေ..။
ဘယ်မှာ ကြည့်မှာလဲ Mingalar ပဲလား"

ထက်နှင်းဝေကလည်းသဘောတူလိုက်သည်။
ရှန်ခွန်းနောင်ကတော့ ဘာမှပြောစရာမရှိ။
အိမ်မှာ တစ်ယောက်တည်း
ပျင်းပြီးခွေနေရတာထက်
စာရင်တော့ သူငယ်ချင်းတွေနဲ့ အတူရှိရတာက
အများကြီးကောင်းသည်။

ပြီးတော့ Mingalar Cinema မှာ ကြည့်မှာမို့
New Ocean မှာဖွင့်ထားတဲ့ မေမေ့ရဲ့ cosmetic Store ဆိုင်ခွဲတစ်ခုဆီကိုလည်း
သွားလို့ရသည်။
မေမေက ခုတလော သူ့ကို နည်းနည်းလေးတောင် အကူအညီမရဘူးဆိုကာ
ဆူပူနေသည်လေ။

ကန်တင်းကို ရောက်လာသည့်အခါ
သူတို့ ဆိုင်ထဲက ဝိုင်းမှာမထိုင်တော့ဘဲနဲ့
အပြင်က သစ်ပင်အောက်က
စားပွဲမှာပဲ ထိုင်လိုက်ကြသည်။

ဒီနေ့က နေသိပ်မပူတာကြောင့်
သူတို့ ဆိုင်ထဲကair con ရဲ့
အအေးဓာတ်ကို သိပ်မလို..။

ဆိုင်မှ waiter ရောက်လာသည့်အခါ
သူတို့ မနက်စာ အသီးသီးမှာလိုက်ကြ၏။

လွယ်အိတ်ထဲက ဖုန်းကို
ထုတ်လိုက်ပြီး သူ့ခေါင်းကို
ဟိုဟိုဒီဒီလှည့်လိုက်ကာ ဆိုင်ထဲမှာ
အစ်ကိုရှိနေမလားဆိုတာကို
ရှန်ခွန်းနောင် ရှာလိုက်မိသည်။

မနက်ကလည်းတွေ့နေကျဖြစ်သည့်
ကုက္ကိုပင်အောက်ကို သွားခဲ့တုန်းက
မတွေ့ခဲ့ရသဖြင့် အခန်းထဲကို သွားပြီး
ကော်ဖီဗူးလေးကို ထားပေးခဲ့ရတာ။

တစ်ခါပြောပြဖူးသည်ကတော့ အစ်ကိုက ညမှာ
သူ့ရဲ့ Streaming ကိစ္စ၊ ဂိမ်းကိစ္စတွေနဲ့
အလုပ်ရှုပ်သွားပြီးမအိပ်ဖြစ်ခဲ့ရင်
နောက်တစ်နေ့မနက်တွေမှာ အိပ်ရာထ
နောက်ကျတတ်၍ ကျောင်းနောက်ကျခြင်း ဖြစ်သည်တဲ့..။

RO ( ရို ) (Completed)Where stories live. Discover now