Other Side Of Love (Complete)
By May_Soe1
148K 8.5K 189
အရာရာမှာတဇွတ်ထိုးလုပ်တတ်ပြီးမိဘအရှိန်အဝါနဲ့လိုချင်တာကိုမရရအောင်ယူတတ်တဲ့ဝမ်အိမ်တော်ရဲ့သားအငယ်ဆုံး Dominant Alp... More
OSOL 1 {U+Z}
OSOL 2 {U+Z}
OSOL 3 {U+Z}
OSOL 4 {U+Z}
OSOL 5 {U+Z}
OSOL 7 {U+Z}
OSOL 8 {U+Z}
OSOL 9 {U+Z}
OSOL10 {U+Z}🚫🚨🚨
OSOL 11 {U+Z}
OSOL 12 {U+Z}
OSOL 13 {U+Z}
🚨OSOL 14{U+Z}🚨
OSOL 15 {U+Z}
OSOL 16 {U+Z}
OSOL 17 {U+Z}
OSOL 18 {U+Z}
OSOL 19 {U+Z}
OSOL 20 {U+Z}
OSOL 21 {U+Z}
OSOL 22 {U+Z}
OSOL 23 {U+Z}
OSOL 24 {U+Z}
OSOL 25 {U+Z}
OSOL 26 {U+Z}
OSOL 27{U+Z}
🚨OSOL 28🚨{U+Z}
OSOL 29 {U+Z}
OSOL 30 {U+Z}Final
OSOL 6 {U+Z}
4.7K 370 2
By May_Soe1
Unicode
ရှောင်းကျန့် ဂျူတီချိန်ပြီးသွားတာကြောင့်အိမ်ကိုပြန်ဖို့ပြင်လိုက်တော့သည်။
သူတစ်ပတ်လုံးဆက်တိုက်ဂျူတီဆင်းထားတာကြောင့်အရမ်းပင်ပန်းနေပြီပင်။အခုတော့နားရက်လေးတစ်ရက်ကိုအိမ်မှာအပြည့်အဝအနားယူရမည်။
သူဆေးရုံကနေပြန်ဖို့ဆေးရုံဝကိုရောက်တော့ကားနှစ်စီးကပိတ်ရပ်လာတာမို့ခဏစောင့်နေမိတုန်းကားထဲကထွက်လာမည့်သူကိုစူးစမ်းနေမိသည်။
ဒီAနိုင်ငံမှာဒီလိုကားမျိုးစီးနိုင်တဲ့လူကလက်ချိုးရေလို့ရသည်ပင်။ဒါကြောင့်သူစူးစမ်းမိခြင်း။သူကြည့်နေတုန်းမှာဘဲကားပေါ်ကဆင်းလာတဲ့အမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရသည်။တစ်ကိုယ်လုံးမှာဝတ်ဆင်ထားတာတွေဟာတန်ဖိုးကြီးအရာတွေသာဖြစ်သည်။
ပုံစံကိုကြည့်ရတာကတော့ငွေ
ဂုဏ်မောက်မဲ့ပုံစံမျိုးပင်။ထားပါဒါကသူနဲ့မဆိုင်ပါဘူး။ဒါပေမဲ့ဒီအမျိုးသမီးကဆေးရုံကိုဘာလာလုပ်တာပါလိမ့်။သူတွေးနေတုန်းမှာပင်ကျိုးချန်ကသူ့အနား
ရောက်လာကာသူ့ကိုမေးလာသည်။
”ရှောင်းကျန့် မင်းအခုထိမပြန်ရသေးဘူးလား”
”ဟုတ်တယ်ငါအခုပြန်မလို့ဒါနဲ့မင်းခုနကဆေးရုံထဲဝင်သွားတဲ့အမျိုးသမီးကိုသိလား”
”သိတာပေါ့ကွ အဲ့ဒါဒီဆေးရုံပိုင်ရှင်Wang Groupကသခင်မလေးလေ”
”ဟမ် အဲ့တာWang Groupက”
”ဟုတ်တယ်အဲ့ဒါWang Groupမင်းAlphaကြီးရဲ့အမ မကြာခင်တော်ရတော့မယ့်ခယ်မပေါ့ ဟား ဟား”
”ဟေ့ကောင် လာနောက်မနေနဲ့ဘာမင်းAlphaကြီးလည်းတခြားသူတွေကြားသွားရင်တစ်မျိုးထင်နေကြဦးမယ်။ဒီတိုင်းနေရင်းတောင်အမျိုးမျိုးပြောနေကြတာကို။မင်းလည်းငါ့စိတ်ကိုသိရဲ့သားနဲ့။”
”ဟ ဟ ဟုတ်ပါပြီကွာငါကနောက်လိုက်တာပါ ဝမ်သခင်မလေးဆေးရုံကိုလာရတဲ့အကြောင်းအရင်းက...”
ပြောရင်းအသံတိုးသွားတဲ့ကျိုးချန်ကြောင့်ကြည့်လိုက်မိတော့တောင်ကြည့်လိုက်မြောက်ကြည့်လိုက်လုပ်ပြီးမှသူ့နားကိုကပ်လာတာကြောင့်
”ဒီမှာ ဒီကိစ္စကိုသိတဲ့သူကသိပ်မရှိဘူး။ငါတောင်မှဆေးရုံအုပ်ခေါ်လို့သွားတုန်းကခိုးနားထောင်ထားတာ။ဒီလိုကွ....
ဒီနေ့ရောက်လာတဲ့လူနာလေ။”
”ဘယ်လူနာတုန်းလူနာတွေကအများကြီးကို”
”ဟာမင်းကလည်းစကားကိုဆုံးအောင်နားထောင်ဦးလေ။ဒီနေ့ဒီကိုနောက်ဆုံးမှရောက်လာတဲ့လူနာလေဒဏ်ရာတွေအများကြီးနဲ့လေ”
”အော် သိပြီအဲ့တာဘာဖြစ်လို့လဲ”
”အဲ့ဒီ့လူနာကိုအဲ့လိုဖြစ်အောင်လုပ်လိုက်တာက ဝမ်သခင်လေးဝမ်ရိပေါ်တဲ့ကွ”
”ဘာ!!!”
”ဟာ ဟေ့ကောင်တိုးတိုးပြောပါကွ
အခုအဲ့ဒီ့ကိစ္စကိုသိတယ်မလား။အခုအဲ့ဒီ့ကိစ္စနဲ့ပတ်သတ်ပြီးလာတာနေမှာပေါ့ကွ”
”လူကဒီလောက်ဖြစ်သွားတာတောင်လုပ်တဲ့လူကလာမတောင်းပန်ဘဲနဲ့သူ့အမကရောက်လာရတယ်ပေါ့တော်တော်လူမှုရေးခေါင်းပါးတဲ့လူဘဲချမ်းသာတယ်ဆိုပြီးလုပ်ချင်တိုင်းလုပ်နေကြတယ်”
”မင်းကလည်းကွာသူတို့လည်းသူတို့ပြဿနာနဲ့သူတို့နေမှာပေါ့ကွမသိဘဲရမ်းပြောနေတယ်”
”ဟေ့ကောင်ဘာပြဿနာဖြစ်ဖြစ်လူတစ်ယောက်လုံးကိုဒီလောက်စုတ်ပြတ်သတ်နေအောင်လုပ်ပြီးအခုထိအရိပ်အယောင်တောင်မမြင်ရဘူး။
အနောက်ကနေအမကလိုက်ရှင်းပေးနေရတယ်။တော်သေးတာပေါ့အမကမှလူမှုရေးသိတတ်သေးလို့”
”မင်းထင်လို့ပါကွာ တကယ်တော့ဝမ်သခင်လေးထက်ဝမ်သခင်မလေးကပိုကြောက်ဖို့ကောင်းတယ်ကွ။ဝမ်သခင်လေးကဒေါသကြီးတယ်ဆိုပေမဲ့အကြောင်းမဲ့သက်သက်တော့သူများကိုရန်သွားမစဘူးအေးသူ့ကိုရန်လာစရင်တော့အဲ့ကောင်သေပြီဘဲ။ပြီးတော့ရန်ဖြစ်ရင်ပေါ်တင်ဘဲလေ။ဒါပေမဲ့ဝမ်သခင်မလေးကြတော့အပြင်ပန်းသာအေးဆေးတယ်ထင်ရပေမဲ့သူ့မောင်နဲ့ပတ်သတ်ရင်တော့မရဘူးကွ။အခုချိန်ထိဝမ်သခင်လေးလုပ်သမျှ​ပြဿနာတွေကိုနောက်ကွယ်ကနေသွေးအေးအေးနဲ့လိုက်ဖြေရှင်းပေးတာကွ။ဝမ်သခင်လေးကလူသတ်ရင်တောင်သူကအလောင်းဖျောက်ပေးမဲ့အမမျိုးကွ။သူ့ဦးနှောက်ထဲမှာလည်းသူ့မိသားစုဘဲရှိတာ။ပြီးတော့Alphaဆိုတော့ပိုဆိုးတယ်။ဒီတစ်သက်အိမ်ထောင်တောင်ပြုပါ့ဦးမလားမသိဘူး။အခုကိစ္စလာတာတောင်ဘယ်လိုဖြေရှင်းမလဲမသိဘူး”
”အဲ့ အဲ့လောက်တောင်လားမထင်ရဘူးနော်”
”ဟုတ်တယ် အဲ့လောက်တောင်ဘဲ”
သူတို့စကားပြောနေရင်းမှာဘဲဆေးရုံထဲကနေပြန်ထွက်လာတဲ့သူကြောင့်သူတို့လည်းအလိုလိုမျက်နှာလွှဲလိုက်ကြတယ်။သူပိုင်တဲ့ဆေးရုံထဲမှာသူ့မိသားစုအတင်းပြောနေတယ်ဆိုတော့နည်းနည်းတော့မလုံမလဲဖြစ်မိတယ်။
သူလည်းမျက်နှာလွှဲနေရင်းမှသူမရှိရာဘက်ကိုကြည့်မိလိုက်တော့သူ့ကိုကြည့်နေတာကြောင့်အမြန်ဘဲပြန်ပြီးမျက်နှာလွဲလိုက်မိတယ်။ဒါပေမဲ့ဆေးရုံထဲကထွက်ပြီးကားထဲဝင်သွားတော့မှဘဲသူသက်ပြင်းချမိတယ်။
ဘေးနားကကျိုးချန်ကလည်းအခုမှသူနဲ့အတူသက်ပြင်းကိုအတူချလို့။
”ဟေ့ကောင်ငါပြန်ပြီ ငါ့ရဲ့နားရက်လေးကို”
”အေးပါကွာအဲ့ဆို ကောင်းကောင်းပြန်ကွာ”
”သွားပြီဟေ့ကောင်”
(ဆေးရုံထဲမှာဆေးရုံပိုင်ရှင်အကြောင်းကိုအတင်းပြောရဲတာတော်ရုံတော့မဟုတ်ဘူးနော်။😅😅😅)
.....................
ရှင်းမေ ဒီနေ့ကုမ္ပဏီမှာအစည်းအဝေးလုပ်နေတုန်းဝမ်လေးနောက်ကိုလိုက်ခိုင်းထားတဲ့လူတွေဆီကဝမ်လေးရန်ဖြစ်တယ်ဆိုတဲ့သတင်းရတာကြောင့်စိတ်ပူသွားပြီးအစည်းအဝေးကိုချက်ချင်းရပ်ကာအိမ်ကိုပြန်လာလိုက်တယ်။
အိမ်ရောက်တော့ဧည့်ခန်းထဲမှာဝမ်လေးနဲ့သူ့သူငယ်ချင်းတွေထိုင်နေကြတာကြောင့်
”ဝမ်လေး ဒီနေ့ရန်ဖြစ်လို့ဆို ဘယ်နားထိသွားသေးလည်း ဒဏ်ရာတွေဘာတွေများရသေးလား များရင်ဆေးခန်းသွားရအောင်လေနော်ကျဲလိုက်ပို့မယ်
လက်ကသွေးထွက်နေတယ်။ဝမ်လေးကိုဒီလိုဖြစ်အောင်ဘယ်သူလုပ်တာလဲပြောလုပ်တဲ့သူနောင်တရသွားအောင်လုပ်ပေးမှာမလို့”
ယွိပင်းတို့လည်းရောက်လာထဲကရိပေါ်မှာဒဏ်ရာရှိမရှိကိုမေးကာလုပ်တဲ့သူကိုမေးနေတာကြောင့်
!ကျဲရေလုပ်တဲ့သူကကျဲမောင်ပါကျဲရဲ့မောင်ကလက်ဘဲထိတာဒါပေမဲ့ခံရတဲ့သူကမသေရုံတမယ်ဆေးရုံရောက်သွားပြီ!လို့ပြောချင်ပေမဲ့လည်းကျဲရှင်းမေရဲ့ရိပေါ်အပေါ်ထားတဲ့စိတ်ကိုသိတာကြောင့်ပြောချင်တာတွေစိတ်ထဲပြန်မျိုသိပ်ကာ
”ဒီလိုပါကျဲ ဟိုဘက်ကရိပေါ်ကိုအရင်ရန်လာစတာပါ။အဲ့တာကိုရိပေါ်ကစိတ်တိုပြီးထိုးတာပါ။ဟိုဘက်ကဘာမှပြန်မလုပ်နိုင်ပါဘူးကျဲရိပေါ်ကအပေါ်ကနေထိုးတာမလို့အခုတော့သူလည်းဆေးရုံရောက်သွားပါပြီကျဲ”
”ဟုတ်ပြီအဲ့ဒါဆိုဘယ်ဆေးရုံကိုပို့လိုက်တာလဲ”
”အဲ့တာကကျဲတို့ဆေးရုံကိုပါကျဲ”
”ဟုတ်ပြီလေအဲ့ဒါဆိုအဲ့ကိစ္စကိုကျဲရှင်းလိုက်မယ်
ဝမ်လေးကနားတော့နော်လက်ကဒဏ်ရာကဆေးရုံသွားဖို့လိုသေးလား”
”မလိုပါဘူးကျဲဒီလောက်ကတော့ကျွန်တော်ဘာမှမဖြစ်ပါဘူး။ကျဲသာကျွန်တော့်ကြောင့်အလုပ်ပျက်သွားရပြီ။ကျဲအလုပ်ကိုပြန်သွားလိုက်ပါ။ဒါကကျွန်တော်ကိုယ့်ဘာသာကိုဆေးထည့်လိုက်ပါ့မယ်။အဲ့ဆိုကျွန်တော်နားတော့မယ်ကျဲ”
ရှင်းမေသူ့ကိုပြောပြီးတာနဲ့အပေါ်ကိုတက်သွားတဲ့ဝမ်လေးကိုမျက်စိတစ်ဆုံးကြည့်နေပြီးဝမ်လေးမျက်စိအောက်ကပျောက်သွားတော့မှဘဲဝမ်လေးသူငယ်ချင်းတွေဘက်ကိုပြန်လှည့်ကာ
”ဝမ်လေးနဲ့ရန်ဖြစ်တဲ့ကောင်လေးနာမည်ကဘယ်သူလဲ။ဝမ်လေးနဲ့ဘယ်လိုဖြစ်ရတာလဲ။အရင်ကဝမ်လေးကရန်ဖြစ်တယ်ဆိုပေမဲ့ဒီလောက်ဒေါသမထွက်ဖူးဘူး။ဖြစ်ပြီးရင်ပြီးသွားတာဒါပေမဲ့ဒီတစ်ခေါက်တော့မတူဘူး။အရမ်းဒေါသထွက်နေပုံရတယ်။အရက်တွေလည်းသောက်ထားတာကိုဝမ်လေးကတစ်ခါမှမနက်ပိုင်းမသောက်ဖူးဘူး။မနက်ကတောင်ပျော်ပျော်ရွှင်ရွှင်ထွက်သွားတဲ့ကလေးကအခုဒီလိုဖြစ်လာတယ်ဆိုတာကတော့ပုံမှန်မဟုတ်နိုင်ဘူး
ကျဲထင်တာတော့ရှောင်းကျန့်ဆိုတဲ့ဆရာဝန်လေးနဲ့ပတ်သတ်နေလိမ့်မယ်။
အခုတောင်မားမရှိလို့ရှိရင်ဝမ်လေးကိုသူအရမ်းစိတ်ပူနေမှာ။အခုမင်းတို့သိထားတာတွေကျဲကိုပြောပြပါ”
ဟောက်ရွှမ်းနဲ့ယွိပင်းလည်းသူတို့ကိုမေးလာတဲ့ကျဲကြောင့်အမှန်အတိုင်းဘဲပြောပြမိတယ်။ကျဲကိုလိမ်လို့မရဘူးဆိုတာသူတို့သိတယ်။အခုဘဲကြည့်လေရှောင်းကျန့်အကြောင်းတောင်ကျဲကသိနေပြီ။သူတို့လိမ်လည်းကျဲကရအောင်စုံစမ်းမှာဘဲကို။​ပြီးတော့သူတို့လည်းကျဲကိုမလိမ်ရဲပေ။ကျဲကမိန်းကလေးAlphaတစ်ယောက်ဖြစ်ပေမဲ့သူတို့လိုယောက်ျားလေးAlphaတွေကိုတောင်ရှိန်စေနိုင်တဲ့အရှိန်အဝါတစ်ခုရှိနေခြင်းပင်။
”အဲ့ဒါကဒီလိုပါကျဲရိပေါ်နဲ့ရန်ဖြစ်တဲ့လူကယွင်ထန်းပါYangကုမ္ပဏီကသားပါ
ရိပေါ်အခုလိုဖြစ်နေတာကတော့ကျဲထင်သလိုဘဲရှောင်းကျန့်ဆိုတဲ့ဆရာဝန်‌
လေးနဲ့သက်ဆိုင်နေပါတယ်။ဒီနေ့ရိပေါ်ဆေးရုံကပြန်လာပြီးထဲကကျွန်တော်တို့သွားနေကြbarကိုဝင်ပြီးသောက်တာပါ။ကျွန်တော်တို့လည်းbarကmanagerဖုန်းလှမ်းဆက်မှသိရတာပါ။ယွင်ထန်းကကျွန်တော်တို့ဆိုင်ကယ်ကွင်းကိုလာပြီးပြဿနာရှာနေတာ။ကျွန်တော်တို့လည်းရိပေါ်ကိုစိတ်ပြေလိုပြေငြားလှမ်းခေါ်မိတာပါ။ဒါပေမဲ့ဒီလောက်ဒေါသထွက်နေမယ်မထင်မိလို့ပါ။ကျွန်တော်ထင်တာတော့ရှောင်းကျန့်ကရိပေါ်ကိုငြင်းလိုက်တယ်ထင်တယ်။ဒါပေမဲ့ရိပေါ်လိုလူမျိုးကငြင်းလိုက်ရုံနဲ့တော့ဒီလိုဖြစ်မှာမဟုတ်လောက်ဘူးလို့ထင်ပါတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ရိပေါ်စိတ်တိုရတဲ့အကြောင်းအရင်းကိုမေးကြည့်မိတော့မှသူပြောပြလာပါတယ်။
ရှောင်းကျန့်ဆိုတဲ့ဆရာဝန်လေးက ရိပေါ်ရဲ့ရှေ့မှာတစ်ခြား Alphaတစ်ယောက်နဲ့လက်ထပ်ဖို့ထိပြောလာလို့ရိပေါ်ကစိတ်တိုသွားတာပါ။"
ဟောက်ရွှမ်းတို့လည်းပြောသာပြောရတာနည်းနည်းတော့ခပ်လန့်လန့်ရယ်။တော်ကြာဒေါသထွက်ပြီးသူတို့ကိုထအော်ရင်ဘယ်လိုလုပ်မလဲ
”ဟုတ်ပြီအဲ့ဒါဆိုကျေးဇူးပါဘဲ ဆေးရုံကကိစ္စကိုကျဲဘဲရှင်းလိုက်ပါ့မယ်။မင်းတို့ကိုကျေးဇူးတင်ပါတယ်။ဝမ်လေးကိုထိန်းပေးလို့။”
„အာ မဟုတ်တာဘဲကျဲရာကျွန်တော်တို့သူငယ်ချင်းဘဲဟာကို
ပြီးတော့ဒီကောင်ငြိမ်သွားတာကလည်းသူ့ဆရာဝန်လေးနဲ့ခြိမ်းခြောက်လိုက်လို့ပါ။
အဲ့ဒါဆိုကျွန်တော်တို့ပြန်လိုက်ပါဦးမယ်ကျဲ”
”ကောင်းပြီ”
ရှင်းမေလည်းဝမ်လေးသူငယ်ချင်းတွေပြန်သွားတာနဲ့ဆေးရုံကိုသွားဖို့ပြင်ရတော့သည်။
ရှင်းမေဆေးရုံကိုရောက်တာနဲ့ဆေးရုံအုပ်ဆီကိုတန်းသွားလိုက်သည်။
”ဆရာရှဲ့ ကျွန်မဖုန်းကြိုဆက်ထားတဲ့လူနာကဘယ်မှာလဲ”
ထိုအခါဆရာရှဲ့ကသူမကိုကြည့်လာပြီး
”အော် ဝမ်သခင်မလေး ဆရာ့နောက်လိုက်ခဲ့ပါ”
ရှင်းမေလည်းဆရာရှဲ့နောက်လိုက်သွားလိုက်တော့အခန်းတစ်ခုရှေ့မှာရပ်သွားတာကြောင့်သူမအခန်းထဲဝင်လိုက်တော့ကုတင်ပေါ်မှာလဲနေတဲ့လူတစ်ယောက်တစ်ကိုယ်လုံးမှာပတ်တီးတွေနဲ့ပြည့်နေပြီးဆေးပိုက်တွေနဲ့သွယ်တန်းထားတဲ့အလယ်မှာလှဲနေတယ်။
ကုတင်ဘေးမှာတော့လူနာရဲ့အမေထင်ရသူကထိုင်နေပြီးငိုနေတာကိုတွေ့ရတယ်။ဘေးမှာတော့အဖေဖြစ်သူကမတ်တပ်ရပ်ပြီးမိန်းမဖြစ်သူကိုနှစ်သိမ့်ပေးနေပုံပေါ်တယ်။သူမဝင်လာတာကိုတွေ့တာနဲ့အမေဖြစ်သူကဒေါသတကြီးထလာပြီး
”ဝမ်သခင်မလေး ဒီကိစ္စကိုဘယ်လိုလုပ်မှာလဲ။ကျွန်မသားကိုလည်းကြည့်ပါဦးရှင်။တစ်ကိုယ်လုံးကိုရစရာမရှိတော့ဘူး။လူငယ်ချင်းရန်ဖြစ်တယ်ဆိုပေမဲ့လည်းကျွန်မသားလေးမှာမသေရုံတစ်မယ်ပါဘဲရှင်”
ရှင်းမေသူ့ကိုတွေ့တာနဲ့ငိုကြီးချက်မပြောနေတဲ့သူကြောင့်မျက်နှာမှာလှောင်ပြုံးတစ်ချက်ပေါ်လာခဲ့ပေမယ့်ခဏသာ....
”ဟုတ်ပါတယ် ကျွန်မလည်းသတင်းကြားကြားချင်းလာကြည့်တာပါ
ဝမ်လေးကအလိုလိုက်ထားတော့နည်းနည်းဆိုးချင်လို့ပါ
ဒီကလူကြီးမင်းတို့ကဘဲနားလည်ပေးကြပါ
သူရဲ့ဆေးကုသစရိတ်အကုန်လုံးကိုကျွန်မတို့Wang Groupကတာဝန်ယူပါတယ်"
သူမရဲ့အပြောကြောင့်မျက်နှာပျက်သွားတဲ့အရှေ့ကမိန်းမကြောင့်အနည်းငယ်အံ့သြမိပေမဲ့သူစိတ်ထဲမရှိပေ။ဒီလိုလူမျိုးတွေကပိုက်ဆံဘဲလိုချင်ကြတာပိုက်ဆံပေးလိုက်ရင်အရာအားလုံးပြီးသွားမှာ။
”ဝမ်သခင်မလေး ဒီလိုတော့မပြောပါနဲ့ကျွန်မတို့ကကျွန်မတို့သားကိုမကုပေးနိုင်တဲ့အထိမွဲနေတဲ့သူတွေမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်မတို့သားလေးဒီလောက်ထိဖြစ်သွားတာကိုတော့အားနာစိတ်လေးနဲ့လာကြည့်ပေးရုံနဲ့တင်ကျေးဇူးတင်ပါတယ်။ပိုက်ဆံနဲ့တော့အရာရာကိုတန်ဖိုးမဖြတ်ပါနဲ့ရှင်။လောကကြီးမှာပိုက်ဆံနဲ့ဖြေရှင်းလို့မရနိုင်တဲ့အရာတွေအများကြီးပါရှင်။ဝမ်သခင်မ​လေးကဝမ်သခင်လေးကိုချစ်တယ်ဆိုတာသိပါတယ်ရှင်။ကျွန်မတို့လည်းကျွန်မတို့သားကိုအရမ်းချစ်တာပါရှင်။ဝမ်သခင်မလေးလည်းဝမ်သခင်လေးအခုလိုခံစားရတဲ့အခါကြရင်ကျွန်မတို့ကိုကိုယ်ချင်းစာတတ်ပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီ့အခါကြရင်တော့ဒီ့ထက်ပိုမဆိုးဖို့ဘဲဆုတောင်းပေးပါတယ်ရှင်”
ရှင်းမေ သူ့ကိုစော်ကားရုံသာမကဝမ်လေးကိုပါထိခိုက်လာတာကြောင့်သူ့အရှေ့ကမိန်းမကိုဒေါသထွက်စွာကြည့်လိုက်မိတယ်။သူ့မောင်ကိုများဒီမိန်းမကဘယ်လောက်အဆင့်အတန်းရှိနေလို့လဲ။သူ့အတွေးထဲပေါ်လာတဲ့အကြောင်းအရာအချို့ကြောင့်မျက်မှောင်ကျုံ့လိုက်မိသည်။
သူမဒေါသကြောင့်ရှေ့ကမိန်းမကိုရိုက်ဖို့လက်ကိုအမြှောက်သူ့လက်ကိုလာဆွဲတဲ့လူကြောင့်ကြည့်လိုက်တော့ဆရာရှဲ့ဖြစ်နေတာကြောင့်
”ရှင်းမေ ဒါကဆေးရုံမှာပါဒေါသကိုနည်းနည်းလောက်ထိန်းပါဦး”
အဲ့တော့မှတစ်ချိန်လုံးငြိမ်နေခဲ့တဲ့ယွင်ထန်းရဲ့အဖေဆိုသူဟာသူ့မိန်းမကိုဆွဲခေါ်ပြီးသူမကိုတောင်းပန်လာတယ်။
”ဟုတ်ပါတယ် ဝမ်သခင်မလေးရယ် ကျွန်တော့်မိန်းမကသားဇောနဲ့မို့ပြောသင့်တာမပြောသင့်တာမဝေခွဲနိုင်တော့လို့ပါ။ကျွန်တော်ကဘဲကြားကနေတောင်းပန်ပါတယ်။အခုလိုကျွန်တော့်သားကိုလာကြည့်ပေးတာလည်းကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ဒီကိစ္စကိုဘယ်ကိုမှတိုင်မှာမဟုတ်ပါဘူး။နောက်ကိုလည်းကျွန်တော့်သားကိုကျွန်တော်ထိန်းပါ့မယ်။တောင်းပန်ပါတယ်”
ရှင်းမေလည်းသူ့ကိုတောင်းပန်နေတဲ့လူကြောင့်စိတ်ကိုတစ်ထစ်လျှော့လိုက်ပြီး
”ကောင်းပြီလေရှင်တောင်းပန်လို့ကျွန်မစိတ်လျှော့လိုက်မယ်။သူလည်းသူ့သားကြောင့်ဖြစ်တာဆိုတော့ကျွန်မခွင့်လွှတ်လိုက်မယ်။နောက်တစ်ခါဆိုရင်တော့ကျွန်မခွင့်လွှတ်မှာမဟုတ်တော့ဘူး။ပြီးတော့ရှင်တို့သားရဲ့ဆေးရုံစားရိတ်အားလုံးကိုတာဝန်ယူပါတယ်။ဒါကျွန်မဘက်ကအလျော်ပေးတယ်ဘဲမှတ်လိုက်ပါ”
ရှင်းမေပြောပြီးတာနဲ့ချက်ချင်းကျောခိုင်းပြီးလှည့်ပြန်ခဲ့မိတယ်။
သူဆေးရုံဝကိုအရောက်မှာဘဲရှောင်းကျန့်ဆိုတဲ့ဆရာဝန်နဲ့သူ့သူငယ်ချင်းဆိုသူကိုတွေ့လိုက်ရတာကြောင့်သူမတစ်ချက်ကြည့်မိလိုက်တော့ရှောင်းကျန့်ဆိုသူကပြန်ကြည့်လာတာကြောင့်သူမဆက်ကြည့်မိတော့ဟိုဘက်ကမျက်နှာလွှဲသွားတာကြောင့်သူမတစ်ချက်ပြုံးလိုက်ပြီးကားထဲဝင်လိုက်တော့တယ်။
သူမပိုင်တဲ့ဆေးရုံမှာအလုပ်လုပ်ပြီးသူမမောင်ကိုငြင်းတယ်ဆိုတော့
!ဟက်တော်ရုံတော့မဟုတ်ဘူးဘဲရှောင်းကျန်!
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
TBC
Lovely May
Dec 24,2022(Sat)
ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင့်💙💙
Zawgyi
”ဟမ် အဲ့တာWang Groupက”
”ဘာ!!!”
”သွားပြီဟေ့ကောင်”
.....................
”ကောင်းပြီ”
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
TBC
Lovely May
Dec 24,2022(Sat)
Continue Reading
You'll Also Like
12.7K 675 54
အချုပ်အနှောင်တွေကြားအေးစက်စက်ပဲပြုမူနေထိုင်တက်တဲ့ရှောင်ကျန့်က​သူ့ချစ်သူရိပေါ်ကိုအမြဲပြောတဲ့စကားလေးရှိတယ်။ "ဘယ်သူတွေဘာပြောပြောငါမင်းကိုယုံတယ်မောင်"
91.5K 12.2K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
3.3M 116K 61
Secrets. Some are best hidden from the world and from other people. Although, the more secrets that build up, the angrier a person may get.
62.5M 2.7K 6
Brielle Newman A 21-year-old girl who was struggling to make life comfortable for herself and her niece, Delilah. Her sister left the baby the minute...