၄။ အဖြူရောင် ကြောင်လေး
ခြေဖျားလေးထောက်ပြီး လည်ပင်းပေါ် လာပတ်ပေးတဲ့ မာဖလာလေးထက် အဲ့ဒီ မာဖလာထူထူလေးကို သေချာဂရုတစိုက် စည်းပတ်ပေးနေတဲ့ ကောင်လေးကြောင့် သာမာန်ထက် အနွေးဓာတ်တွေက သူ့နှလုံးသားထဲမှာ လှိုက်တက်လို့နေသည်။ နှုတ်ခမ်းလေး ချွန်ပြီး လူကြီးပေါက်စလေးလို ပွစိပွစိ ပြောနေပြန်တဲ့ ကျောင်းသားလေးက အေးနေရဲ့နဲ့ ခေါင်းမာနေတယ်ဟုဆိုကာ လေအေးတွေ နေရာယူနေတဲ့ သူ့လည်ပင်းသားဖွေးဖွေးထက်ကို ထူထဲတဲ့ မာဖလာလေးနဲ့ ပတ်ပေးပြီး ထောက်ထားသော ခြေဖျားလေးကို ပြန်ချလိုက်သည်။
ထိုအခိုက်အတန့်လေးမှာ မာဖလာဆီက လာတဲ့ နွေးထွေးမှုကြောင့်ပဲလားတော့ မသိပေမယ့် ဂရုစိုက်ခံရတယ်ဆိုတဲ့ ခံစားချက်လေးကို ဖြစ်တည်စေတဲ့ ကျောင်းသားကောင်လေးကို ကြည့်ပြီး အေးစက်စက် ခန္ဓာကိုယ်တင်မကပဲ အသည်းနှလုံးထဲထိပါ နွေးထွေးသွားတဲ့ ခံစားချက်လေးကို ရလိုက်သည်။ အထီးကျန်ဆန်လွန်းတဲ့ ငြီးငွေ့စရာ ဘဝကြီးမှာ နေသားကျစွာ နေထိုင်နေရတဲ့ ဒီကောင်လေးကို သူ့ရဲ့ နွေးထွေးတဲ့ နှလုံးသားနဲ့ လွှမ်းခြုံပေးချင်လာတဲ့ ခံစားချက်လေးကိုလည်း ရရှိလိုက်သည်။
အဲ့ဒီနွေးထွေးမှုတွေကို ပေါက်ဖွားစေခဲ့တဲ့ ဒီကလေးကို သူပေးလို့ ဖြစ်တည်လာတဲ့ ခပ်နွေးနွေးနှလုံးသားလေးနဲ့ပဲ သူ့ရဲ့ အေးစက်အထီးကျန်တဲ့ ဘဝကြီးကို ဖြည့်စွက်ပေးချင်လာသည်။
မာဖလာပတ်ပေးပြီးနောက်မှာ ငေးကြည့်နေမိတဲ့ ရုပ်ပုံကားချပ်လေးဟာ အရှေ့ကို ဆက်သွားကာ ခပ်ဖြည်းဖြည်း လမ်းလျှောက်လို့နေသည်။ ငေးမောနေခဲ့ရလို့ သူတို့ လာတဲ့ ရည်ရွယ်ချက်ကိုပင် မေ့ပျောက်သွားရသည်အထိ။
"ဆရာ လာလေ.. ဘာလုပ်နေတာလဲ"
"ဪ.. အင်း.. လာပြီ.."
ညစာစားပြီးလို့ လမ်းလျှောက်ကြဖို့ ခြံထဲ ဆင်းလာကြတဲ့ ရည်ရွယ်ချက်လေးကို ကောင်လေးရဲ့ မာဖလာပတ်ပေးမှုအောက်မှာတင် အတိတ်မေ့သွားရသလို။ အဲ့ဒီအချိန်ခဏလေးအတွင်းမှာ ငြိမ်သက်စွာနဲ့ ညှို့ယူခံလိုက်ရသလို သူ့အား ငေးကြည့်နေခဲ့မိသည်။
အင်္ကျီအထူဝတ်ထားပေမယ့် ညအချိန် ဖြစ်ပေါ်လာနေကြ အချမ်းဓာတ်က သူပတ်ပေးတဲ့ မာဖလာလေးနဲ့မှ ခံနိုင်ရည်ရှိတော့သည်။ ကျယ်ဝန်းတဲ့ ခြံကြီးထဲမှာ လေတဟူးဟူး တိုက်ခတ်နေပြီး သစ်ပင်ပန်းခတ်တွေကလည်း လေသွားရာ ယိမ်းထိုးလို့နေသည်။ လေတိုက်လို့ လှုပ်ရွေ့နေတဲ့ သစ်ရွက်သစ်ခတ်အသံတွေဟာ နှစ်ယောက်တည်းသာရှိတဲ့ ခြံကြီးထဲမှာ တရွှမ်းရွှမ်းနဲ့ ကျယ်လောင်နေသည်။ ကျောချမ်းဖွယ်ကောင်းပြီး ရာသီဥတုကလည်း သူ့တစ်ယောက်တည်းအတွက် ပိုအေးပေးနေသလို ခံစားရသည်။
"မင်ဟျောင်း... ပြန်ရအောင်"
"ဟင်.. ခုမှ စလျှောက်တာကို... ဆရာကလည်း.."
ကလေးကတော့ သူ့လိုမဟုတ်ပဲ အကြောက်အလန့်မရှိ လေညင်းခံပြီး လမ်းလျှောက်ကောင်းနေတာကြောင့် ယုတ တစ်ယောက်မှာ သူ့ဘာသာပဲ လက်ကလေး ပိုက်ကာ ဆက်လိုက်လာရသည်။ သူပြောသလို အခုမှ စလျှောက်တာ မှန်ပေမယ့် ဘာလို့မှန်းမသိ ဒီခြံကျယ်ကြီးထဲက လေတိုက်သံတွေဟာ သူ့ကို ခြောက်လှန့်နေသလို ခံစားရလို့ ကိုယ့်အခန်းကိုယ်သာ ပြန်ပြီး ကွေးအိပ်ချင်တော့သည်။
မင်ဟျောင်းကတော့ သူနေတဲ့ ခြံကြီးထဲက လမ်းတွေနဲ့ နေရာတွေကို သိနေလို့ တွန့်ဆုတ်ခြင်းမရှိ လေညင်းခံလျက် ဆက်လျှောက်မြဲသာ။ သူတစ်ယောက်ကသာ ဘယ်ကြည့်လိုက်၊ ညာကြည့်လိုက်၊ ရှေ့ကြည့်လိုက်၊ နောက်ကျောမလုံသလို ဖြစ်လိုက်နဲ့ အတူ လိုက်ပါလာရသည်။
ကျောင်းသားရှေ့မှာ ဆရာက ကြောက်ပြရနေရင် သူ့သိက္ခာတွေ ကျဆင်းမည်မဟုတ်လား...။
လျှောက်လာရင်း သူဒီအိမ်ကြီးကို စရောက်လာတုန်းက ခြံထဲမှာ သီချင်းနားထောင်နေပါတယ်ဆိုတဲ့ ကောင်လေးကို လိုက်ရှာရင်း လမ်းပျောက်ခဲ့ရတာလေးကိုပင် သတိရမိသည်။ သူထိုင်ခဲ့တဲ့ အုတ်ခုံလေးဆီကို ရောက်လာကြပြီး မင်ဟျောင်းက ခုံမှာ ဝင်ထိုင်လိုက်သည်။ အုတ်ခုံ ခပ်ဖွေးဖွေးလေးက သစ်ရွက်ခြောက်တွေ ကြွေကျနေပြီး အုတ်သားက အေးစက်လွန်းသည်။ ဒီလိုအချိန် လေတွေအရမ်းတိုက်ပြီး ညဘက်ဖြစ်လို့ အအေးဓာတ်က ပိုဆိုး၏။
"ထိုင်ပြီးရင် ပြန်ရအောင်"
ဆရာခင်ဗျာ ကြောက်ကြောက်နဲ့ ပြန်ဖို့အကြောင်းတွေသာ တဖွဖွ ပြောနေတော့ အကြောက်တရား ကင်းမဲ့တဲ့ ကလေးက ရယ်သည်။ ခေါင်းလေးမော့ပြီး တခစ်ခစ်ရယ်နေတဲ့ ကလေးက ကြောက်နေတဲ့ သူ့လို လူကြီးကို လှောင်ပြောင်နေသယောင်ပင်။
"ဘာရယ်တာလဲ"
"ချစ်ဖို့ကောင်းလို့.."
"ဘာ.."
ဘယ်တပည့်က ဆရာကို ချစ်ဖို့ကောင်းလဲလို့ မေးရင် အဖြေကတော့ အီမင်ဟျောင်းပါပဲ။ သူ့ဆရာရဲ့ ခပ်တုံးတုံးပုံစံနဲ့ ကြောက်လို့ တွန့်ဆုတ်ဆုတ်ဖြစ်နေတဲ့ အမူအရာလေးက သူ့မျက်လုံးထဲမှာ ချစ်စရာကောင်းခြင်းတွေ အပြည့်ပေးနေခဲ့တာပေါ့။
တပည့်ဆီက ချစ်ဖို့ကောင်းတယ်လို့ အပြောခံရတဲ့ ဆရာကတော့ ကြောက်စိတ်နဲ့အတူ ရှက်ရမ်းရမ်းပြီး ထဟောက်တော့သည်။
"မင်း... ဆရာကို နောက်စရာ ပြောင်စရာများ မှတ်နေလား... ဟမ်.."
"ချစ်စရာလို့ပဲ မှတ်ပါတယ်"
"အီမင်ဟျောင်း..."
ကလေးက ပြောလေ ကဲလေ အတန်းစားလေးပါပဲ။ ဆရာကို မကြောက်တဲ့အပြင် သူ့နာမည်ကို ခပ်ကျယ်ကျယ်အော်ခေါ်လိုက်တာတောင် မျက်နှာပိုးက မသတ်။
"တော်ပြီ.. ငါပြန်တော့မယ်"
ဆရာက သူ့ရဲ့ မနိုင်စိန်လေးကို မနိုင်တဲ့အဆုံးမှာတော့ ထိုင်ရာမှထပြီး လှည့်ထွက်သွားပါလေတော့၏။ တစ်ခုရှိတာက လမ်းမသိတာပါပဲ။
"ဆရာ.. အဲ့လမ်းမဟုတ်ဘူးနော်"
ဂျစ်တူးလေးကလည်း အနောက်ကနေ ရအောင်ကို လှမ်းစသေးတာ။ ယုတခင်ဗျာ ကြောက်ကလည်း ကြောက်၊ ရှက်ကလည်းရှက်တဲ့အပြင် စိတ်ကလည်းတို၊ လမ်းကလည်း မသိ။ သူ့လောက်သနားဖို့ကောင်းတဲ့သူတောင် ရှိပါတော့မလား။
မြေပုံမရှိပဲ ခရီးဆက်နေရတဲ့ ခရီးသည်တစ်ယောက်လို စမ်းတဝါးဝါးနဲ့ လာခဲ့တဲ့အတိုင်း လျှောက်လာတော့ သူ့နောက်မှာ ကောင်လေးက လိုက်မလာ။
"ဒီတစ်ခါ ဆရာလမ်းပျောက်ရင် ကျွန်တော်လာမခေါ်ဘူးနော်"
စရောက်တုန်းကတော့ သူ့ကို လာရှာရလို့ လမ်းပျောက်ပြီး ထိုင်နေရတဲ့ ခရီးသွားလေးကို အိမ်ရှင်ကောင်လေးက လာရှာခေါ်ခဲ့ပေမယ့် အခုများတော့ စာတစ်ရက်ပဲ သင်ရသေးတာတောင် ဆရာကို သူငယ်ချင်းလိုပေါင်းပြီး နောက်နေပါသေးသည်။
ကောင်လေးရဲ့ အသံက ခပ်လှမ်းလှမ်းအဆင့်ကနေ အနည်းငယ် ဝေးသွားပြီဆိုတာ သတိထားမိပေမယ့် ဆရာသိက္ခာရှိသေးတဲ့အတွက် ယုတ လှည့်မကြည့်ခဲ့ပါ။ ဘာတဲ့..။ သူ့ကိုများ ချစ်စရာတဲ့လား..။ အဲ့ဒီ အကောင်သေးသေးလေးကမှ သူနဲ့ယှဉ်ရင် ချစ်ဖို့ကောင်းနေတာမဟုတ်ဘူးလား။ ဘယ်နှယ့် သူက ချစ်ဖို့ကောင်းတယ် ဖြစ်ရပြန်တာလဲ။ သူ့လို သန်မာကြံ့ခိုင်တဲ့ ယောင်္ကျားတစ်ယောက်ကလေ....။
လျှောက်လာရင်းနဲ့ လေတိုက်လို့ သစ်ရွက်လှုပ်သံတွေက ပိုကျယ်လာသည်။ လှုပ်ခတ်နေတဲ့ သစ်ရွက်သစ်ခတ်သံတွေက ကြောက်ရွံ့နေတဲ့ သူ့ကို လှောင်ရယ် ဟားတိုက်နေသလို ခံစားရသည်။ ယုတ ဒီအိမ်ကို စရောက်ကတည်းက အေးစက်တဲ့ အငွေ့အသက်တွေနဲ့ ကျောချမ်းစရာ ခံစားချက်တွေပဲ ဖြစ်ပေါ်ခဲ့သလို လေတိုက်တာတောင်မှ သူ့အတွက် ကြက်သီးထစရာကောင်းနေခဲ့သည်။ အိမ်တော်ထိန်းနဲ့ ကောင်လေးကတော့ ဘယ်လိုများ နေထိုင်ကြလဲမသိပေမယ့် သူ့အတွက်တော့ ပထမတစ်ညနဲ့တင် အိပ်မက်ဆိုးကြောင့် စိတ်ခြောက်ခြားခဲ့ရသည်။
လက်လေးပိုက်ကာ ခပ်မြန်မြန်ပဲ လျှောက်လာနေရင်း သစ်ပင်ထဲကနေ ပြေးထွက်လာတဲ့ ခြေသံက သူ့ဆီကို လာနေသလို ခံစားရလို့ ယုတ လှည့်ကြည့်လိုက်တဲ့အချိန် ကြောင်လေးတစ်ကောင်ဖြစ်နေသည်။ အဖြူရောင်ကြောင်လေးက နက်မှောင်တဲ့ ခြံဝန်းထဲမှာ အဖြူနဲ့အမည်းသီးသန့်ကမ္ဘာလို ပနံသင့်နေသည်။ သစ်ပင်ထဲက ပြေးထွက်လာပြီး သူ့ဆီကိုလာကာ အသံပေးနေပုံအရ ကြောင်လေးက အစာငတ်နေတာဖြစ်မည်။ အနောက်ကိုလှည့်ကြည့်တော့လည်း သူ့တပည့်လေးက မရှိတော့။ ဒီကောင်လေး ဘယ်အချိန်ထိ နေနေဦးမှာပါလိမ့်...။
ကြောင်လေးကိုကြည့်ဖို့ ရပ်နေရာက ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး အမွှေးဖြူလေးတွေကို ပွတ်သပ်ပေးလိုက်သည်။ သူ့ကိုကြည့်ပြီး အစာတောင်းနေသေးတဲ့ ကြောင်ဖြူလေးကို အိမ်ထဲဝင်ပြီးပဲ အစာခေါ်ကျွေးရင် ကောင်းမလားမသိ။
သို့ပေမယ့် အိမ်ကြီးဆီ ရောက်ဖို့က လိုသေးသလို ခြံကြီးကလည်း ကျယ်ဝန်းလှတာကြောင့် လမ်းမသိပဲ ခေါ်သွားလို့ အဆင်ပြေပါ့မလားဆိုတာကလည်း စဉ်းစားရသေးသည်။ အိမ်ရှင်ကောင်လေးကလည်း အခုထိ ပေါ်မလာသေးပဲ ဘယ်ဆီကို ရောက်နေမှန်း မသိပြန်။
"မင်းအိမ်က ဘယ်မှာလဲ"
ကြောင်လေးကို ပွတ်ပေးရင်းမေးတော့ ကြောင်ဖြူလေးက ငြိမ်နေသည်။
"လမ်းပျောက်လာတာလား"
ဖြူဖွေးတဲ့ အမွှေးလေးတွေကို ပွတ်ပေးနေရင်းနဲ့ပဲ ထပ်မေးတော့လည်း ငြိမ်နေပြန်သည်။
"မင်းသခင်ကတော့ ညဘက်ကြီး လိုက်ရှာနေတော့မှာပဲ"
စိတ်ထားကောင်းတဲ့ ယုတက ကြောင်လေးအတွက်တင်မကပဲ ကြောင်ပိုင်ရှင်ကိုပါ စိုးရိမ်နေမလားဟု တွေးပေးနေပါသေးသည်။ သူကိုယ်တိုင်ကသာ ကြောက်နေပေမယ့် ကြောင်လေးကိုလည်း တစ်ကောင်တည်း ထားခဲ့ပြီး ထွက်မလာနိုင်ပြန်။
"လာ.. မင်းကိုငါ အပြင်ကို ပို့ပေးမယ်.. အဲ့ဒါမှ မင်းသခင် ရှာတွေ့မှာ.. ဒီခြံကြီးက အကျယ်ကြီးပဲ.. မင်းလမ်းပျောက်နေလိမ့်မယ်"
အရင်ဆုံး လမ်းပျောက်နေမိတာက သူဆိုပေမယ့် သနားတတ်တဲ့ စိတ်လေးရှိတော့ သတ္တဝါလေးတစ်ကောင်အတွက်ကို အရင်တွေးပေးမိသည်။ ကြောင်လေးကို ချီပြီး ခြံအကျယ်ကြီးကို ဖြတ်ကျော်ကာ အပြင်ကို ပို့ပေးဖို့ စီစဉ်ပြီး ခြေလှမ်းတွေကို ပြန်လှည့်လိုက်သည်။
ပွေ့ပိုက်လာခဲ့တဲ့ ကြောင်လေးက သူ့လက်ထဲမှာ ငြိမ်သက်နေပြီး သူခေါ်ရာနောက်ကို ရုန်းကန်ခြင်းမရှိ လိုက်ပါလာသည်။ အေးနေသော်လည်း အဖြူရောင်ကြောင်မွှေးလေးတွေကြောင့် ထင်သည်။ ခံနိုင်ရည်ရှိလာသလိုပါ ခံစားရပြီး ပွေ့ချီထားတဲ့ သူ့လက်တွေလည်း တဖြည်းဖြည်း နွေးထွေးလာသည်။ စကားနားထောင်တဲ့ ကြောင်လေးကို အခုမှ တွေ့ဖူးပေမယ့် ခဏလေးအတွင်းမှာ သံယောဇဉ်တွယ်မိပြီး မွေးစားချင်မိသည်။ သို့သော်လည်း ပိုင်ရှင်ရှိတဲ့ တိရစ္ဆာန်လေးတစ်ကောင်ကို သူတို့ပိုင်ရှင်ဆီပဲ ပြန်ပို့ပေးတာကောင်းတယ်ဆိုတဲ့ ကျင့်ဝတ်ကြောင့် မွေးချင်တဲ့ သူ့စိတ်ကိုထိန်းပြီး ခေါ်လာခဲ့သည်။
ခြံတံခါးဆီလျှောက်လာနေရင်းက ခုနက သူတို့ထိုင်ခဲ့တဲ့ အုတ်ခုံဖွေးဖွေးလေးကို တွေ့ရသည်။ သူ့တပည့်လေး မင်ဟျောင်းကိုတော့ မတွေ့။ အိမ်ရှင်ကောင်လေးက တကယ်ကို သူ့နောက်လိုက်မခေါ်သလို သူ့ဘာသာပဲ ဖြတ်လမ်းကနေ အိမ်ပြန်သွားပြီလားတော့မသိ။ အဲ့လိုကျတော့လည်း ဂျစ်ကန်ကန်လေးပြောတတ်တဲ့ ကောင်လေးကို ဘေးမှာရှိစေချင်လာသလို။ ကြောင်မွေးခဲ့ဖူးတဲ့ သူ့တပည့်လေးသာတွေ့ရင် ဒီကြောင်လေးကို သူ့နည်းတူ ချစ်မိမှာပဲ မဟုတ်လား။
တဖြည်းဖြည်း ခြံပေါက်ကို ရောက်လာတော့ ကြောင်လေးက သူ့လက်မှ ခုန်ဆင်းကာ ပြေးထွက်သွားသည်။ သခင်ကိုများ တွေ့လို့ ပြေးသွားတာလားဟု ကြည့်မိတော့လည်း ခြံတံခါးကြီးရှေ့မှာ မည်သူမှ မရှိ။ မှောင်ပိန်းနေတဲ့ ကားလမ်းမကျယ်ကြီးသာ ရှိပြီး ထိုလမ်းမထက်ကိုပဲ ကြောင်လေးက ပြေးထွက်သွားခြင်းဖြစ်သည်။
ကြောင်လေးနောက်ကို လိုက်မလို့လုပ်ရင်း သူ့ပုံခုံးပေါ်ကို ကျရောက်လာတဲ့ အနောက်ဖက်က လက်တစ်စုံ။
"အား... အမေရေ... ကယ်ပါဦး"
လန့်လန့်နဲ့ အော်ချလိုက်တာ အနောက်က လိုက်လာတဲ့ တပည့်လေးကတောင် သူ့အသံကြောင့် ပြန်လန့်ရသည်။
"ဖြည်းဖြည်းအော်ပါ ဆရာရယ်.. ကျွန်တော်ပါ"
"မင်းက ဘယ်ကနေ ဘယ်လိုလိုက်လာတာလဲ.. လိုက်လာရင်လည်း ငါ့ကို လှမ်းမခေါ်ပဲ ဒီလိုကြီး လာကိုင်ရလား"
အနည်းငယ် အေးစက်နေတဲ့ လက်နဲ့ နဂိုကတည်းကမှ ကြောက်နေပါတယ်ဆိုတဲ့ သူ့ပုခုံးပေါ်ကို လာထိတာကြောင့် ယုတ ကြောက်ကြောက်နဲ့ တပည့်လေးကို ဆူတော့သည်။ တပည့်လေးခင်ဗျာတော့ ကြောက်နေတဲ့ ဆရာ့ကိုကြည့်ပြီး ရယ်ချင်တာကိုထိန်းကာ ပြုံးစိစိလုပ်နေသည်။
လန့်သွားလို့ ရင်ဘတ်လေး ဖိကိုင်ပြီးနောက်မှ ကြောင်လေးကို သတိရမိတော့ လှည့်ကြည့်ရသည်။ ကြောင်လေးက ကားလမ်းပေါ်မှာ ယောင်လည်လည်လေး ရပ်နေပြီး သူတို့ကို ကျောပေးထားသည်။ အမြီးရှည်လေးက ညအမှောင်မှာ ဝင်းလက်နေပြီး အမွှေးဖြူလေးတွေက မီးမောင်းထိုးခံရသလို လင်းလာသည်။
ယုတ သေချာကြည့်လိုက်မှ တစ်ဖက်ကလာနေတဲ့ ကားမီးက ကြောင်လေးကို ထိုးနေတာဖြစ်ကြောင်း တွေ့လိုက်ရပြီး အတိုက်မခံရစေဖို့ အမြန်တားရတော့မည်။
"ဟာ... ကား...ကား"
ကြောင်ဖြူလေးရှိရာကို ပြေးသွားပြီး အမှီတားရန် ဆွဲဖို့ ကြိုးစားလိုက်သော်ငြားလည်း လျင်မြန်တဲ့အရှိန်နဲ့ လာနေတဲ့ ကားဟာ ကြောင်ဖြူလေးကို ရက်စက်စွာပင် တိုက်သွားခဲ့ပြီဖြစ်သည်။ သံယောဇဉ်တွယ်မိနေတဲ့ ဆရာ ယုတက ကားတိုက်ခံလိုက်ရတဲ့ ကြောင်လေးကိုကြည့်ပြီး သွေးပျက်သွားသလို ခံစားနေရပေမယ့် ခြံတံခါးပေါက်ဝမှာ ရပ်နေတဲ့ မင်ဟျောင်းကတော့ ထိုပုံရိပ်ကို အသက်မပါစွာပဲ ငေးကြည့်နေခဲ့သည်။
ခြံပြင်ကိုထွက်ပြီး ကားလမ်းပေါ်က ကြောင်လေးရှိရာဆီသို့လာကာ ကယ်သေးလို့ ရလိုရငြား ကြည့်မိသည်။ သွေးတွေအပြည့်နဲ့ ကြောင်လေးဟာ သူ့ရဲ့ အဖြူရောင်အမွှေးတွေပေါ်မှာ နီရဲသောသွေးစက်တွေနဲ့ ရင်နာဖွယ်ကောင်းလွန်းသည်။ မြင်တွေ့နေရတာ ယုတကို ဝမ်းနည်းစေလွန်းလို့ မျက်ရည်များပင် ဝဲတက်လာသည်အထိဖြစ်ရသည်။
သို့ပေမယ့် ကြောင်ဖြူလေးရဲ့ လက်လေးတစ်ဖက် လှုပ်ခတ်လာတာကို တွေ့လိုက်ပြီး ယုတ မျက်ရည်တွေကို သုတ်လိုက်သည်။
"မင်ဟျောင်း.. လာကြည့်ဦး.. ငါတို့ ကြောင်လေးကို ဆေးရုံပို့ပေးရအောင်"
ကောင်လေးက သူခေါ်တော့ ကြောင်လေးရှိရာကို လျှောက်လာသည်။ မျက်နှာအမူအရာကတော့ ရေခဲရိုက်ထားသကဲ့သို့ အေးစက်နေဆဲသာ။
"ဒီမှာ လက်လေးလှုပ်နေသေးတယ်.. တိရစ္ဆာန်ဆေးခန်းပို့ပေးရင် အသက်ရှင်နိုင်လောက်သေးတယ်မလား"
မင်ဟျောင်းက သူ့အမေးကို မဖြေပဲ သွေးအိုင်ထဲက ကြောင်လေးကိုသာ စိုက်ကြည့်နေလေ၏။ ကြောင်ဖြူလေးကလည်း နာကျင်မှုကြောင့် အသံလေးထွက်လာပြီး အော်နေရှာသည်။ ဒီနေရာမှာ လူသာဆိုရင် သူ့အသက်ကိုကယ်ပေးဖို့ အကူညီတောင်းနေသလိုပါပင်။
ကြောင်လေးရဲ့ မျက်ဝန်းထဲက မျက်ရည်လေးတွေကိုပါ မြင်နေရပြီး နာကျင်မှုကြောင့် လက်လေးလှုပ်ကာ အော်နေရှာသည်။
ယုတ စိုးရိမ်ပူပန်စွာနဲ့ သွေးတွေနဲ့ ကြောင်ဖြူလေးကို ဘယ်လိုချီပြီး ခေါ်သွားရမလဲ ကြံရာမရဖြစ်နေချိန် သူ့ဘေးက တပည့်လေး အီမင်ဟျောင်းက ထိုကြောင်ဖြူလေးရဲ့ လှုပ်နေတဲ့ လက်လေးပေါ် ခြေထောက်နဲ့ တက်နင်းလိုက်သည်။
"မင်ဟျောင်း.. မင်းဘာလုပ်တာလဲ"
သူ့ကိုဆွဲပြီး တားသော်လည်း မျက်လုံးသေနဲ့ ကြောင်ကို ကြည့်နေတဲ့ မင်ဟျောင်းက သူ့ခြေထောက်တွေကို လက်ပေါ်က နေရာရွေ့ကာ ကြောင်လေးရဲ့ လည်ပင်းရှိရာကို တက်နင်းလိုက်တော့ နာကျင်လို့ အော်နေတဲ့ ကြောင်လေးခင်ဗျာ ဇီဝိန်ချုပ်သွားရှာသည်။
"အီမင်ဟျောင်း... မင်းဘယ်လိုလုပ်လိုက်လာတာလဲ"
ယုတ ဒေါသသံကြောင့် ကျယ်လောင်စွာ အော်လိုက်လည်း မင်ဟျောင်းက တုန်လှုပ်ခြင်းမရှိ သေဆုံးသွားသောကြောင်လေးအား ငေးကြည့်နေဆဲဖြစ်သည်။
"သူခံစားနေရတာလေ"
ခဏကြာမှ သူ့ခြေထောက်ကို ပြန်ဖယ်ပြီး ယုတကို မကြည့်ပဲ ဖြေလာလေသည်။
"ဘာ..."
"သူခံစားနေရတာ ဆရာမတွေ့ဘူးလား"
"အဲ့ဒါကြောင့် တိရစ္ဆာန်ဆေးခန်းကို ခေါ်သွားပေးဖို့ မင်းကိုငါ ပြောနေတာလေ.. အဲ့ဒါကို မင်းက...."
ဒီတစ်ခါတော့ ယုတရဲ့ မင်ဟျောင်းအပေါ် ဖြစ်မိတဲ့အရာက နွေးထွေးမှုမဟုတ်ပဲ ပူလောင်တဲ့ ဒေါသတွေသာဖြစ်၏။ ဒီအကောင်သေးသေးလေးက အကြောက်အလန့်မရှိ ကြောင်လေးကို ဘယ်လိုများ သတ်လိုက်နိုင်ရတာလဲ။
"သူခံစားနေရတာကို ကျွန်တော်က ချုပ်ငြိမ်းပေးလိုက်တာလေ... နာကျင်ခံစားနေရတာတွေအားလုံးကို သေခြင်းတရားက အဆုံးသတ်ပေးနိုင်တယ်မဟုတ်လား"
ပြောပြီးတာနဲ့ မင်ဟျောင်းဟာ သူ့နေအိမ်ရှိရာ ခြံကြီးထဲကို ပြန်ဝင်သွားခဲ့သည်။ သူပြောသလိုဆို လူတိုင်းဟာ နာကျင်ခံစားလာရတာနဲ့ သေလိုက်တော့မှ ဖြစ်မှာလား။
မင်ဟျောင်းပြောသွားတဲ့ စကားတွေကို နားမလည်စွာနဲ့ သူ့နောက်ကို လိုက်လာခဲ့ပေမယ့် သွေးအိုင်ထဲမှာ သေလျက်လေး ကျန်ခဲ့ရတဲ့ ကြောင်လေးကို အပြစ်ရှိစွာနဲ့ လှည့်ကြည့်နေမိသေးသည်။ မှောင်ပိန်းနေတဲ့ လမ်းမထက်မှာ ကူကယ်ရာမဲ့စွာ သေဆုံးနေရတဲ့ ကြောင်ငယ်လေးကို သယ်ယူပြီး မြေမြုပ်ပေးချင်သော်လည်း သူ့ရှေ့က ထွက်သွားတဲ့ ကောင်လေးနောက်ကိုမှ လိုက်မသွားရင်လည်း မဖြစ်ပြန်။
နောက်ဆုံးမှာ ယုတဟာ အပြစ်တင်စိတ်လေးတွေ တပွေ့တပိုက်နဲ့ မင်ဟျောင်းနောက်ကို လိုက်လာပြီး အိမ်တော်ကြီးနားကို ရောက်လာခဲ့သည်။ ကြောင်လေးနဲ့ ဝေးလာလေ သူ့အရှေ့က ကောင်လေးကို ဒေါသဖြစ်မိလေနဲ့ မနေနိုင်တဲ့အဆုံးမှာ သူ့တပည့်လေးရဲ့ အနောက်ကိုသွားပြီး ပုခုံးကနေ ဆွဲလှည့်လိုက်သည်။
လှည့်လာတဲ့အခါမှာ သူ့ကို ဘာလဲဆိုတဲ့အကြည့်နဲ့မဟုတ်ပဲ အေးတိအေးစက်လေး ကြည့်နေတဲ့ ကောင်လေးရဲ့အကြည့်တွေကို ပထမဆုံးမြင်ဖူးခြင်းဖြစ်လို့ ထိတ်လန့်စိတ်လေးဖြစ်မိသည်။
"မင်း ကြောင်လေးကို ဘယ်လိုတောင် လုပ်ရက်တာလဲ.. မင်းမှာ ကိုယ်ချင်းစာစိတ်မရှိဘူးလား... သနားတတ်တဲ့ နှလုံးသားမရှိဘူးလား... မင်းလူရောဟုတ်ရဲ့လား အီမင်ဟျောင်း.. လူစိတ်ရော ရှိသေးရဲ့လား"
ထိတ်လန့်မိပေမယ့် ဒေါသက အနိုင်ယူသွားပြန်တော့ တပည့်ဖြစ်သူကို စိတ်ဆိုးမာန်ဆိုးနဲ့ အော်လိုက်မိသည်။
"အခု ကြောင်သေသွားလို့ ကျွန်တော့်ကို လာအော်နေတာလား"
မသိလို့မေးနေတာလားတော့ မသိပေမယ့် သူ့ပုံစံက သိရဲ့သားနဲ့ မေးနေပုံမှန်း သိသာလွန်းပါသည်။
"ဟုတ်တယ်လေ... မင်းလုပ်ရပ်ကိုတောင် မင်းမသိဘူးလား... သနားစရာကြောင်လေးကို ဘာလို့ ဒီလို လုပ်ရက်ရတာလဲ"
"သနားလို့လုပ်လိုက်တာလေ"
ရွဲ့ပြောနေတာမဟုတ်ပဲ သူ့အမေးကို တိကျတဲ့ အဖြေပြန်ပေးတာဆိုသော်လည်း သူပေးလာတဲ့ အဖြေကလည်း လက်သင့်ခံစရာမရှိပြန်တော့ ယုတ ပို၍ပင် စိတ်တိုရသည်။
"သနားတဲ့သူက ဒီလို မလုပ်ဘူး မင်ဟျောင်း.. မင်းမှာ သနားညှာတာတတ်တဲ့ နှလုံးသားမရှိဘူးဆိုတာ သေချာတယ်"
ယုတ စိတ်တိုနေသော်လည်း စောနကလောက် အသံမကျယ်တော့။ သို့ပေမယ့် အကြည့်တွေက ပြတ်သားလွန်းနေပြီး ကောင်လေးအပေါ် စိတ်ပျက်သွားမှန်း ကြည့်တာနဲ့ သိနိုင်သည်။
"ဘာလို့ နှလုံးသားမရှိရမှာလဲ..."
အသည်းနှလုံးမရှိတဲ့လူတွေမှ ဒီလိုလုပ်ရပ်ကို လုပ်နိုင်တယ်ဆိုပေမယ့် ကောင်လေးက ဆန့်ကျင့်ဘက်အဖြေတွေကိုသာ ပေးသည်။
"မရှိပါဘူး... မင်းက အသည်းနှလုံးမရှိတဲ့ကောင်.."
ဘယ်တပည့်ကိုမှ ထိုကဲ့သို့အထိ မပြောဖူးပေမယ့် သူချစ်မိတဲ့ ကြောင်လေးကိုမှ သတ်လိုက်တဲ့ ကောင်လေးကိုတော့ လက်လွတ်စပယ် ပြောလိုက်မိသည်။
"ဒီနေရာမှာ ကျွန်တော့် နှလုံးသားရှိတယ်လေ"
ဘယ်ဘက်ရင်အုံပေါ် လက်တင်ပြရင်း ပြောလာပြီး ဆရာဖြစ်တဲ့သူ့ကို စူးစူးစိုက်စိုက်ကြည့်နေလေ၏။
"ပြီးတော့ အဲ့ဒီနှလုံးသားက ဆရာ့အတွက်ပဲ ခုန်နေတာ.."
သူ့လက်တစ်ဖက်ကိုပါ ဆွဲယူပြီး ဘယ်ဘက်ရင်ဘတ်ပေါ်တင်ကာ သူ့နှလုံးခုန်သံတွေကို ခံစားစေသည်။ စောနကလိုပဲ နွေးထွေးမှုလေးကို ခံစားလိုက်ရတာက ဒီကောင်လေးရဲ့ နှလုံးခုန်သံတွေကြောင့်များလား။
ယုတ တစ်ခဏတော့ ငြိမ်ကျသွားရပေမယ့် အသိပြန်ဝင်လာတဲ့အချိန်မှာ သူ့လက်ကို ပြန်ရုတ်ပြီး ကောင်လေးကို ကျော်တက်ကာ ထွက်သွားလိုက်သည်။
ခုနကလို မဟုတ်တော့ပဲ ကောင်လေးက သူ့ဆရာနောက်ကို တကောက်ကောက်နဲ့ လိုက်လာပြီး စကားတွေပြောသည်။
"ဆရာလိုချင်ရင် ကျွန်တော် ကြောင်အကောင်တစ်ရာလောက် မွေးပေးနိုင်ပါတယ်"
သူဌေးသားလေးက သူ့ဆရာကို ကြောင်နဲ့ လာဘ်ထိုးနေသလား အောက်မေ့ရသည်။
"ပြီးတော့ သူတို့လေးတွေကို လုံးဝ မနာကျင်စေရဘူးလို့လည်း အာမခံတယ်.. ဘယ်လိုလဲ"
စိတ်တိုနေတဲ့ ဆရာ့နောက်ကို တကောက်ကောက်လိုက်ရင်း ပါးစပ်ကလည်း ခရားရေလွှတ်ပြောကာ ချော့နေသေးသည်။
ကြောင်ဖြူလေးကတော့ သေသွားရပေမယ့် ကြောင်နက်လေးကတော့ ဆရာ့နောက်ကို အမြီးလေးနှံ့ပြီး ထပ်ကြပ်မခွါလိုက်ကာ အိမ်ကြီးထဲသို့ ဝင်သွားလေရဲ့....။
_TBC 𓁹
၄။ အျဖဴေရာင္ ေၾကာင္ေလး
ေျခဖ်ားေလးေထာက္ၿပီး လည္ပင္းေပၚ လာပတ္ေပးတဲ့ မာဖလာေလးထက္ အဲ့ဒီ မာဖလာထူထူေလးကို ေသခ်ာဂ႐ုတစိုက္ စည္းပတ္ေပးေနတဲ့ ေကာင္ေလးေၾကာင့္ သာမာန္ထက္ အေႏြးဓာတ္ေတြက သူ႔ႏွလုံးသားထဲမွာ လႈိက္တက္လို႔ေနသည္။ ႏႈတ္ခမ္းေလး ခြၽန္ၿပီး လူႀကီးေပါက္စေလးလို ပြစိပြစိ ေျပာေနျပန္တဲ့ ေက်ာင္းသားေလးက ေအးေနရဲ႕နဲ႔ ေခါင္းမာေနတယ္ဟုဆိုကာ ေလေအးေတြ ေနရာယူေနတဲ့ သူ႔လည္ပင္းသားေဖြးေဖြးထက္ကို ထူထဲတဲ့ မာဖလာေလးနဲ႔ ပတ္ေပးၿပီး ေထာက္ထားေသာ ေျခဖ်ားေလးကို ျပန္ခ်လိုက္သည္။
ထိုအခိုက္အတန္႔ေလးမွာ မာဖလာဆီက လာတဲ့ ေႏြးေထြးမႈေၾကာင့္ပဲလားေတာ့ မသိေပမယ့္ ဂ႐ုစိုက္ခံရတယ္ဆိုတဲ့ ခံစားခ်က္ေလးကို ျဖစ္တည္ေစတဲ့ ေက်ာင္းသားေကာင္ေလးကို ၾကည့္ၿပီး ေအးစက္စက္ ခႏၶာကိုယ္တင္မကပဲ အသည္းႏွလုံးထဲထိပါ ေႏြးေထြးသြားတဲ့ ခံစားခ်က္ေလးကို ရလိုက္သည္။ အထီးက်န္ဆန္လြန္းတဲ့ ၿငီးေငြ႕စရာ ဘဝႀကီးမွာ ေနသားက်စြာ ေနထိုင္ေနရတဲ့ ဒီေကာင္ေလးကို သူ႔ရဲ႕ ေႏြးေထြးတဲ့ ႏွလုံးသားနဲ႔ လႊမ္းၿခဳံေပးခ်င္လာတဲ့ ခံစားခ်က္ေလးကိုလည္း ရရွိလိုက္သည္။
အဲ့ဒီေႏြးေထြးမႈေတြကို ေပါက္ဖြားေစခဲ့တဲ့ ဒီကေလးကို သူေပးလို႔ ျဖစ္တည္လာတဲ့ ခပ္ေႏြးေႏြးႏွလုံးသားေလးနဲ႔ပဲ သူ႔ရဲ႕ ေအးစက္အထီးက်န္တဲ့ ဘဝႀကီးကို ျဖည့္စြက္ေပးခ်င္လာသည္။
မာဖလာပတ္ေပးၿပီးေနာက္မွာ ေငးၾကည့္ေနမိတဲ့ ႐ုပ္ပုံကားခ်ပ္ေလးဟာ အေရွ႕ကို ဆက္သြားကာ ခပ္ျဖည္းျဖည္း လမ္းေလွ်ာက္လို႔ေနသည္။ ေငးေမာေနခဲ့ရလို႔ သူတို႔ လာတဲ့ ရည္႐ြယ္ခ်က္ကိုပင္ ေမ့ေပ်ာက္သြားရသည္အထိ။
"ဆရာ လာေလ.. ဘာလုပ္ေနတာလဲ"
"ဪ.. အင္း.. လာၿပီ.."
ညစာစားၿပီးလို႔ လမ္းေလွ်ာက္ၾကဖို႔ ၿခံထဲ ဆင္းလာၾကတဲ့ ရည္႐ြယ္ခ်က္ေလးကို ေကာင္ေလးရဲ႕ မာဖလာပတ္ေပးမႈေအာက္မွာတင္ အတိတ္ေမ့သြားရသလို။ အဲ့ဒီအခ်ိန္ခဏေလးအတြင္းမွာ ၿငိမ္သက္စြာနဲ႔ ညႇိဳ႕ယူခံလိုက္ရသလို သူ႔အား ေငးၾကည့္ေနခဲ့မိသည္။
အက်ႌအထူဝတ္ထားေပမယ့္ ညအခ်ိန္ ျဖစ္ေပၚလာေနၾက အခ်မ္းဓာတ္က သူပတ္ေပးတဲ့ မာဖလာေလးနဲ႔မွ ခံႏိုင္ရည္ရွိေတာ့သည္။ က်ယ္ဝန္းတဲ့ ၿခံႀကီးထဲမွာ ေလတဟူးဟူး တိုက္ခတ္ေနၿပီး သစ္ပင္ပန္းခတ္ေတြကလည္း ေလသြားရာ ယိမ္းထိုးလို႔ေနသည္။ ေလတိုက္လို႔ လႈပ္ေ႐ြ႕ေနတဲ့ သစ္႐ြက္သစ္ခတ္အသံေတြဟာ ႏွစ္ေယာက္တည္းသာရွိတဲ့ ၿခံႀကီးထဲမွာ တ႐ႊမ္း႐ႊမ္းနဲ႔ က်ယ္ေလာင္ေနသည္။ ေက်ာခ်မ္းဖြယ္ေကာင္းၿပီး ရာသီဥတုကလည္း သူ႔တစ္ေယာက္တည္းအတြက္ ပိုေအးေပးေနသလို ခံစားရသည္။
"မင္ေဟ်ာင္း... ျပန္ရေအာင္"
"ဟင္.. ခုမွ စေလွ်ာက္တာကို... ဆရာကလည္း.."
ကေလးကေတာ့ သူ႔လိုမဟုတ္ပဲ အေၾကာက္အလန္႔မရွိ ေလညင္းခံၿပီး လမ္းေလွ်ာက္ေကာင္းေနတာေၾကာင့္ ယုတ တစ္ေယာက္မွာ သူ႔ဘာသာပဲ လက္ကေလး ပိုက္ကာ ဆက္လိုက္လာရသည္။ သူေျပာသလို အခုမွ စေလွ်ာက္တာ မွန္ေပမယ့္ ဘာလို႔မွန္းမသိ ဒီၿခံက်ယ္ႀကီးထဲက ေလတိုက္သံေတြဟာ သူ႔ကို ေျခာက္လွန္႔ေနသလို ခံစားရလို႔ ကိုယ့္အခန္းကိုယ္သာ ျပန္ၿပီး ေကြးအိပ္ခ်င္ေတာ့သည္။
မင္ေဟ်ာင္းကေတာ့ သူေနတဲ့ ၿခံႀကီးထဲက လမ္းေတြနဲ႔ ေနရာေတြကို သိေနလို႔ တြန္႔ဆုတ္ျခင္းမရွိ ေလညင္းခံလ်က္ ဆက္ေလွ်ာက္ၿမဲသာ။ သူတစ္ေယာက္ကသာ ဘယ္ၾကည့္လိုက္၊ ညာၾကည့္လိုက္၊ ေရွ႕ၾကည့္လိုက္၊ ေနာက္ေက်ာမလုံသလို ျဖစ္လိုက္နဲ႔ အတူ လိုက္ပါလာရသည္။
ေက်ာင္းသားေရွ႕မွာ ဆရာက ေၾကာက္ျပရေနရင္ သူ႔သိကၡာေတြ က်ဆင္းမည္မဟုတ္လား...။
ေလွ်ာက္လာရင္း သူဒီအိမ္ႀကီးကို စေရာက္လာတုန္းက ၿခံထဲမွာ သီခ်င္းနားေထာင္ေနပါတယ္ဆိုတဲ့ ေကာင္ေလးကို လိုက္ရွာရင္း လမ္းေပ်ာက္ခဲ့ရတာေလးကိုပင္ သတိရမိသည္။ သူထိုင္ခဲ့တဲ့ အုတ္ခုံေလးဆီကို ေရာက္လာၾကၿပီး မင္ေဟ်ာင္းက ခုံမွာ ဝင္ထိုင္လိုက္သည္။ အုတ္ခုံ ခပ္ေဖြးေဖြးေလးက သစ္႐ြက္ေျခာက္ေတြ ေႂကြက်ေနၿပီး အုတ္သားက ေအးစက္လြန္းသည္။ ဒီလိုအခ်ိန္ ေလေတြအရမ္းတိုက္ၿပီး ညဘက္ျဖစ္လို႔ အေအးဓာတ္က ပိုဆိုး၏။
"ထိုင္ၿပီးရင္ ျပန္ရေအာင္"
ဆရာခင္ဗ်ာ ေၾကာက္ေၾကာက္နဲ႔ ျပန္ဖို႔အေၾကာင္းေတြသာ တဖြဖြ ေျပာေနေတာ့ အေၾကာက္တရား ကင္းမဲ့တဲ့ ကေလးက ရယ္သည္။ ေခါင္းေလးေမာ့ၿပီး တခစ္ခစ္ရယ္ေနတဲ့ ကေလးက ေၾကာက္ေနတဲ့ သူ႔လို လူႀကီးကို ေလွာင္ေျပာင္ေနသေယာင္ပင္။
"ဘာရယ္တာလဲ"
"ခ်စ္ဖို႔ေကာင္းလို႔.."
"ဘာ.."
ဘယ္တပည့္က ဆရာကို ခ်စ္ဖို႔ေကာင္းလဲလို႔ ေမးရင္ အေျဖကေတာ့ အီမင္ေဟ်ာင္းပါပဲ။ သူ႔ဆရာရဲ႕ ခပ္တုံးတုံးပုံစံနဲ႔ ေၾကာက္လို႔ တြန္႔ဆုတ္ဆုတ္ျဖစ္ေနတဲ့ အမူအရာေလးက သူ႔မ်က္လုံးထဲမွာ ခ်စ္စရာေကာင္းျခင္းေတြ အျပည့္ေပးေနခဲ့တာေပါ့။
တပည့္ဆီက ခ်စ္ဖို႔ေကာင္းတယ္လို႔ အေျပာခံရတဲ့ ဆရာကေတာ့ ေၾကာက္စိတ္နဲ႔အတူ ရွက္ရမ္းရမ္းၿပီး ထေဟာက္ေတာ့သည္။
"မင္း... ဆရာကို ေနာက္စရာ ေျပာင္စရာမ်ား မွတ္ေနလား... ဟမ္.."
"ခ်စ္စရာလို႔ပဲ မွတ္ပါတယ္"
"အီမင္ေဟ်ာင္း..."
ကေလးက ေျပာေလ ကဲေလ အတန္းစားေလးပါပဲ။ ဆရာကို မေၾကာက္တဲ့အျပင္ သူ႔နာမည္ကို ခပ္က်ယ္က်ယ္ေအာ္ေခၚလိုက္တာေတာင္ မ်က္ႏွာပိုးက မသတ္။
"ေတာ္ၿပီ.. ငါျပန္ေတာ့မယ္"
ဆရာက သူ႔ရဲ႕ မႏိုင္စိန္ေလးကို မႏိုင္တဲ့အဆုံးမွာေတာ့ ထိုင္ရာမွထၿပီး လွည့္ထြက္သြားပါေလေတာ့၏။ တစ္ခုရွိတာက လမ္းမသိတာပါပဲ။
"ဆရာ.. အဲ့လမ္းမဟုတ္ဘူးေနာ္"
ဂ်စ္တူးေလးကလည္း အေနာက္ကေန ရေအာင္ကို လွမ္းစေသးတာ။ ယုတခင္ဗ်ာ ေၾကာက္ကလည္း ေၾကာက္၊ ရွက္ကလည္းရွက္တဲ့အျပင္ စိတ္ကလည္းတို၊ လမ္းကလည္း မသိ။ သူ႔ေလာက္သနားဖို႔ေကာင္းတဲ့သူေတာင္ ရွိပါေတာ့မလား။
ေျမပုံမရွိပဲ ခရီးဆက္ေနရတဲ့ ခရီးသည္တစ္ေယာက္လို စမ္းတဝါးဝါးနဲ႔ လာခဲ့တဲ့အတိုင္း ေလွ်ာက္လာေတာ့ သူ႔ေနာက္မွာ ေကာင္ေလးက လိုက္မလာ။
"ဒီတစ္ခါ ဆရာလမ္းေပ်ာက္ရင္ ကြၽန္ေတာ္လာမေခၚဘူးေနာ္"
စေရာက္တုန္းကေတာ့ သူ႔ကို လာရွာရလို႔ လမ္းေပ်ာက္ၿပီး ထိုင္ေနရတဲ့ ခရီးသြားေလးကို အိမ္ရွင္ေကာင္ေလးက လာရွာေခၚခဲ့ေပမယ့္ အခုမ်ားေတာ့ စာတစ္ရက္ပဲ သင္ရေသးတာေတာင္ ဆရာကို သူငယ္ခ်င္းလိုေပါင္းၿပီး ေနာက္ေနပါေသးသည္။
ေကာင္ေလးရဲ႕ အသံက ခပ္လွမ္းလွမ္းအဆင့္ကေန အနည္းငယ္ ေဝးသြားၿပီဆိုတာ သတိထားမိေပမယ့္ ဆရာသိကၡာရွိေသးတဲ့အတြက္ ယုတ လွည့္မၾကည့္ခဲ့ပါ။ ဘာတဲ့..။ သူ႔ကိုမ်ား ခ်စ္စရာတဲ့လား..။ အဲ့ဒီ အေကာင္ေသးေသးေလးကမွ သူနဲ႔ယွဥ္ရင္ ခ်စ္ဖို႔ေကာင္းေနတာမဟုတ္ဘူးလား။ ဘယ္ႏွယ့္ သူက ခ်စ္ဖို႔ေကာင္းတယ္ ျဖစ္ရျပန္တာလဲ။ သူ႔လို သန္မာႀကံ့ခိုင္တဲ့ ေယာက်ၤားတစ္ေယာက္ကေလ....။
ေလွ်ာက္လာရင္းနဲ႔ ေလတိုက္လို႔ သစ္႐ြက္လႈပ္သံေတြက ပိုက်ယ္လာသည္။ လႈပ္ခတ္ေနတဲ့ သစ္႐ြက္သစ္ခတ္သံေတြက ေၾကာက္႐ြံ႕ေနတဲ့ သူ႔ကို ေလွာင္ရယ္ ဟားတိုက္ေနသလို ခံစားရသည္။ ယုတ ဒီအိမ္ကို စေရာက္ကတည္းက ေအးစက္တဲ့ အေငြ႕အသက္ေတြနဲ႔ ေက်ာခ်မ္းစရာ ခံစားခ်က္ေတြပဲ ျဖစ္ေပၚခဲ့သလို ေလတိုက္တာေတာင္မွ သူ႔အတြက္ ၾကက္သီးထစရာေကာင္းေနခဲ့သည္။ အိမ္ေတာ္ထိန္းနဲ႔ ေကာင္ေလးကေတာ့ ဘယ္လိုမ်ား ေနထိုင္ၾကလဲမသိေပမယ့္ သူ႔အတြက္ေတာ့ ပထမတစ္ညနဲ႔တင္ အိပ္မက္ဆိုးေၾကာင့္ စိတ္ေျခာက္ျခားခဲ့ရသည္။
လက္ေလးပိုက္ကာ ခပ္ျမန္ျမန္ပဲ ေလွ်ာက္လာေနရင္း သစ္ပင္ထဲကေန ေျပးထြက္လာတဲ့ ေျခသံက သူ႔ဆီကို လာေနသလို ခံစားရလို႔ ယုတ လွည့္ၾကည့္လိုက္တဲ့အခ်ိန္ ေၾကာင္ေလးတစ္ေကာင္ျဖစ္ေနသည္။ အျဖဴေရာင္ေၾကာင္ေလးက နက္ေမွာင္တဲ့ ၿခံဝန္းထဲမွာ အျဖဴနဲ႔အမည္းသီးသန္႔ကမာၻလို ပနံသင့္ေနသည္။ သစ္ပင္ထဲက ေျပးထြက္လာၿပီး သူ႔ဆီကိုလာကာ အသံေပးေနပုံအရ ေၾကာင္ေလးက အစာငတ္ေနတာျဖစ္မည္။ အေနာက္ကိုလွည့္ၾကည့္ေတာ့လည္း သူ႔တပည့္ေလးက မရွိေတာ့။ ဒီေကာင္ေလး ဘယ္အခ်ိန္ထိ ေနေနဦးမွာပါလိမ့္...။
ေၾကာင္ေလးကိုၾကည့္ဖို႔ ရပ္ေနရာက ေဆာင့္ေၾကာင့္ ထိုင္ခ်လိုက္ၿပီး အေမႊးျဖဴေလးေတြကို ပြတ္သပ္ေပးလိုက္သည္။ သူ႔ကိုၾကည့္ၿပီး အစာေတာင္းေနေသးတဲ့ ေၾကာင္ျဖဴေလးကို အိမ္ထဲဝင္ၿပီးပဲ အစာေခၚေကြၽးရင္ ေကာင္းမလားမသိ။
သို႔ေပမယ့္ အိမ္ႀကီးဆီ ေရာက္ဖို႔က လိုေသးသလို ၿခံႀကီးကလည္း က်ယ္ဝန္းလွတာေၾကာင့္ လမ္းမသိပဲ ေခၚသြားလို႔ အဆင္ေျပပါ့မလားဆိုတာကလည္း စဥ္းစားရေသးသည္။ အိမ္ရွင္ေကာင္ေလးကလည္း အခုထိ ေပၚမလာေသးပဲ ဘယ္ဆီကို ေရာက္ေနမွန္း မသိျပန္။
"မင္းအိမ္က ဘယ္မွာလဲ"
ေၾကာင္ေလးကို ပြတ္ေပးရင္းေမးေတာ့ ေၾကာင္ျဖဴေလးက ၿငိမ္ေနသည္။
"လမ္းေပ်ာက္လာတာလား"
ျဖဴေဖြးတဲ့ အေမႊးေလးေတြကို ပြတ္ေပးေနရင္းနဲ႔ပဲ ထပ္ေမးေတာ့လည္း ၿငိမ္ေနျပန္သည္။
"မင္းသခင္ကေတာ့ ညဘက္ႀကီး လိုက္ရွာေနေတာ့မွာပဲ"
စိတ္ထားေကာင္းတဲ့ ယုတက ေၾကာင္ေလးအတြက္တင္မကပဲ ေၾကာင္ပိုင္ရွင္ကိုပါ စိုးရိမ္ေနမလားဟု ေတြးေပးေနပါေသးသည္။ သူကိုယ္တိုင္ကသာ ေၾကာက္ေနေပမယ့္ ေၾကာင္ေလးကိုလည္း တစ္ေကာင္တည္း ထားခဲ့ၿပီး ထြက္မလာႏိုင္ျပန္။
"လာ.. မင္းကိုငါ အျပင္ကို ပို႔ေပးမယ္.. အဲ့ဒါမွ မင္းသခင္ ရွာေတြ႕မွာ.. ဒီၿခံႀကီးက အက်ယ္ႀကီးပဲ.. မင္းလမ္းေပ်ာက္ေနလိမ့္မယ္"
အရင္ဆုံး လမ္းေပ်ာက္ေနမိတာက သူဆိုေပမယ့္ သနားတတ္တဲ့ စိတ္ေလးရွိေတာ့ သတၱဝါေလးတစ္ေကာင္အတြက္ကို အရင္ေတြးေပးမိသည္။ ေၾကာင္ေလးကို ခ်ီၿပီး ၿခံအက်ယ္ႀကီးကို ျဖတ္ေက်ာ္ကာ အျပင္ကို ပို႔ေပးဖို႔ စီစဥ္ၿပီး ေျခလွမ္းေတြကို ျပန္လွည့္လိုက္သည္။
ေပြ႕ပိုက္လာခဲ့တဲ့ ေၾကာင္ေလးက သူ႔လက္ထဲမွာ ၿငိမ္သက္ေနၿပီး သူေခၚရာေနာက္ကို ႐ုန္းကန္ျခင္းမရွိ လိုက္ပါလာသည္။ ေအးေနေသာ္လည္း အျဖဴေရာင္ေၾကာင္ေမႊးေလးေတြေၾကာင့္ ထင္သည္။ ခံႏိုင္ရည္ရွိလာသလိုပါ ခံစားရၿပီး ေပြ႕ခ်ီထားတဲ့ သူ႔လက္ေတြလည္း တျဖည္းျဖည္း ေႏြးေထြးလာသည္။ စကားနားေထာင္တဲ့ ေၾကာင္ေလးကို အခုမွ ေတြ႕ဖူးေပမယ့္ ခဏေလးအတြင္းမွာ သံေယာဇဥ္တြယ္မိၿပီး ေမြးစားခ်င္မိသည္။ သို႔ေသာ္လည္း ပိုင္ရွင္ရွိတဲ့ တိရစာၦန္ေလးတစ္ေကာင္ကို သူတို႔ပိုင္ရွင္ဆီပဲ ျပန္ပို႔ေပးတာေကာင္းတယ္ဆိုတဲ့ က်င့္ဝတ္ေၾကာင့္ ေမြးခ်င္တဲ့ သူ႔စိတ္ကိုထိန္းၿပီး ေခၚလာခဲ့သည္။
ၿခံတံခါးဆီေလွ်ာက္လာေနရင္းက ခုနက သူတို႔ထိုင္ခဲ့တဲ့ အုတ္ခုံေဖြးေဖြးေလးကို ေတြ႕ရသည္။ သူ႔တပည့္ေလး မင္ေဟ်ာင္းကိုေတာ့ မေတြ႕။ အိမ္ရွင္ေကာင္ေလးက တကယ္ကို သူ႔ေနာက္လိုက္မေခၚသလို သူ႔ဘာသာပဲ ျဖတ္လမ္းကေန အိမ္ျပန္သြားၿပီလားေတာ့မသိ။ အဲ့လိုက်ေတာ့လည္း ဂ်စ္ကန္ကန္ေလးေျပာတတ္တဲ့ ေကာင္ေလးကို ေဘးမွာရွိေစခ်င္လာသလို။ ေၾကာင္ေမြးခဲ့ဖူးတဲ့ သူ႔တပည့္ေလးသာေတြ႕ရင္ ဒီေၾကာင္ေလးကို သူ႔နည္းတူ ခ်စ္မိမွာပဲ မဟုတ္လား။
တျဖည္းျဖည္း ၿခံေပါက္ကို ေရာက္လာေတာ့ ေၾကာင္ေလးက သူ႔လက္မွ ခုန္ဆင္းကာ ေျပးထြက္သြားသည္။ သခင္ကိုမ်ား ေတြ႕လို႔ ေျပးသြားတာလားဟု ၾကည့္မိေတာ့လည္း ၿခံတံခါးႀကီးေရွ႕မွာ မည္သူမွ မရွိ။ ေမွာင္ပိန္းေနတဲ့ ကားလမ္းမက်ယ္ႀကီးသာ ရွိၿပီး ထိုလမ္းမထက္ကိုပဲ ေၾကာင္ေလးက ေျပးထြက္သြားျခင္းျဖစ္သည္။
ေၾကာင္ေလးေနာက္ကို လိုက္မလို႔လုပ္ရင္း သူ႔ပုံခုံးေပၚကို က်ေရာက္လာတဲ့ အေနာက္ဖက္က လက္တစ္စုံ။
"အား... အေမေရ... ကယ္ပါဦး"
လန္႔လန္႔နဲ႔ ေအာ္ခ်လိုက္တာ အေနာက္က လိုက္လာတဲ့ တပည့္ေလးကေတာင္ သူ႔အသံေၾကာင့္ ျပန္လန္႔ရသည္။
"ျဖည္းျဖည္းေအာ္ပါ ဆရာရယ္.. ကြၽန္ေတာ္ပါ"
"မင္းက ဘယ္ကေန ဘယ္လိုလိုက္လာတာလဲ.. လိုက္လာရင္လည္း ငါ့ကို လွမ္းမေခၚပဲ ဒီလိုႀကီး လာကိုင္ရလား"
အနည္းငယ္ ေအးစက္ေနတဲ့ လက္နဲ႔ နဂိုကတည္းကမွ ေၾကာက္ေနပါတယ္ဆိုတဲ့ သူ႔ပုခုံးေပၚကို လာထိတာေၾကာင့္ ယုတ ေၾကာက္ေၾကာက္နဲ႔ တပည့္ေလးကို ဆူေတာ့သည္။ တပည့္ေလးခင္ဗ်ာေတာ့ ေၾကာက္ေနတဲ့ ဆရာ့ကိုၾကည့္ၿပီး ရယ္ခ်င္တာကိုထိန္းကာ ၿပဳံးစိစိလုပ္ေနသည္။
လန္႔သြားလို႔ ရင္ဘတ္ေလး ဖိကိုင္ၿပီးေနာက္မွ ေၾကာင္ေလးကို သတိရမိေတာ့ လွည့္ၾကည့္ရသည္။ ေၾကာင္ေလးက ကားလမ္းေပၚမွာ ေယာင္လည္လည္ေလး ရပ္ေနၿပီး သူတို႔ကို ေက်ာေပးထားသည္။ အၿမီးရွည္ေလးက ညအေမွာင္မွာ ဝင္းလက္ေနၿပီး အေမႊးျဖဴေလးေတြက မီးေမာင္းထိုးခံရသလို လင္းလာသည္။
ယုတ ေသခ်ာၾကည့္လိုက္မွ တစ္ဖက္ကလာေနတဲ့ ကားမီးက ေၾကာင္ေလးကို ထိုးေနတာျဖစ္ေၾကာင္း ေတြ႕လိုက္ရၿပီး အတိုက္မခံရေစဖို႔ အျမန္တားရေတာ့မည္။
"ဟာ... ကား...ကား"
ေၾကာင္ျဖဴေလးရွိရာကို ေျပးသြားၿပီး အမွီတားရန္ ဆြဲဖို႔ ႀကိဳးစားလိုက္ေသာ္ျငားလည္း လ်င္ျမန္တဲ့အရွိန္နဲ႔ လာေနတဲ့ ကားဟာ ေၾကာင္ျဖဴေလးကို ရက္စက္စြာပင္ တိုက္သြားခဲ့ၿပီျဖစ္သည္။ သံေယာဇဥ္တြယ္မိေနတဲ့ ဆရာ ယုတက ကားတိုက္ခံလိုက္ရတဲ့ ေၾကာင္ေလးကိုၾကည့္ၿပီး ေသြးပ်က္သြားသလို ခံစားေနရေပမယ့္ ၿခံတံခါးေပါက္ဝမွာ ရပ္ေနတဲ့ မင္ေဟ်ာင္းကေတာ့ ထိုပုံရိပ္ကို အသက္မပါစြာပဲ ေငးၾကည့္ေနခဲ့သည္။
ၿခံျပင္ကိုထြက္ၿပီး ကားလမ္းေပၚက ေၾကာင္ေလးရွိရာဆီသို႔လာကာ ကယ္ေသးလို႔ ရလိုရျငား ၾကည့္မိသည္။ ေသြးေတြအျပည့္နဲ႔ ေၾကာင္ေလးဟာ သူ႔ရဲ႕ အျဖဴေရာင္အေမႊးေတြေပၚမွာ နီရဲေသာေသြးစက္ေတြနဲ႔ ရင္နာဖြယ္ေကာင္းလြန္းသည္။ ျမင္ေတြ႕ေနရတာ ယုတကို ဝမ္းနည္းေစလြန္းလို႔ မ်က္ရည္မ်ားပင္ ဝဲတက္လာသည္အထိျဖစ္ရသည္။
သို႔ေပမယ့္ ေၾကာင္ျဖဴေလးရဲ႕ လက္ေလးတစ္ဖက္ လႈပ္ခတ္လာတာကို ေတြ႕လိုက္ၿပီး ယုတ မ်က္ရည္ေတြကို သုတ္လိုက္သည္။
"မင္ေဟ်ာင္း.. လာၾကည့္ဦး.. ငါတို႔ ေၾကာင္ေလးကို ေဆး႐ုံပို႔ေပးရေအာင္"
ေကာင္ေလးက သူေခၚေတာ့ ေၾကာင္ေလးရွိရာကို ေလွ်ာက္လာသည္။ မ်က္ႏွာအမူအရာကေတာ့ ေရခဲ႐ိုက္ထားသကဲ့သို႔ ေအးစက္ေနဆဲသာ။
"ဒီမွာ လက္ေလးလႈပ္ေနေသးတယ္.. တိရစာၦန္ေဆးခန္းပို႔ေပးရင္ အသက္ရွင္ႏိုင္ေလာက္ေသးတယ္မလား"
မင္ေဟ်ာင္းက သူ႔အေမးကို မေျဖပဲ ေသြးအိုင္ထဲက ေၾကာင္ေလးကိုသာ စိုက္ၾကည့္ေနေလ၏။ ေၾကာင္ျဖဴေလးကလည္း နာက်င္မႈေၾကာင့္ အသံေလးထြက္လာၿပီး ေအာ္ေနရွာသည္။ ဒီေနရာမွာ လူသာဆိုရင္ သူ႔အသက္ကိုကယ္ေပးဖို႔ အကူညီေတာင္းေနသလိုပါပင္။
ေၾကာင္ေလးရဲ႕ မ်က္ဝန္းထဲက မ်က္ရည္ေလးေတြကိုပါ ျမင္ေနရၿပီး နာက်င္မႈေၾကာင့္ လက္ေလးလႈပ္ကာ ေအာ္ေနရွာသည္။
ယုတ စိုးရိမ္ပူပန္စြာနဲ႔ ေသြးေတြနဲ႔ ေၾကာင္ျဖဴေလးကို ဘယ္လိုခ်ီၿပီး ေခၚသြားရမလဲ ႀကံရာမရျဖစ္ေနခ်ိန္ သူ႔ေဘးက တပည့္ေလး အီမင္ေဟ်ာင္းက ထိုေၾကာင္ျဖဴေလးရဲ႕ လႈပ္ေနတဲ့ လက္ေလးေပၚ ေျခေထာက္နဲ႔ တက္နင္းလိုက္သည္။
"မင္ေဟ်ာင္း.. မင္းဘာလုပ္တာလဲ"
သူ႔ကိုဆြဲၿပီး တားေသာ္လည္း မ်က္လုံးေသနဲ႔ ေၾကာင္ကို ၾကည့္ေနတဲ့ မင္ေဟ်ာင္းက သူ႔ေျခေထာက္ေတြကို လက္ေပၚက ေနရာေ႐ြ႕ကာ ေၾကာင္ေလးရဲ႕ လည္ပင္းရွိရာကို တက္နင္းလိုက္ေတာ့ နာက်င္လို႔ ေအာ္ေနတဲ့ ေၾကာင္ေလးခင္ဗ်ာ ဇီဝိန္ခ်ဳပ္သြားရွာသည္။
"အီမင္ေဟ်ာင္း... မင္းဘယ္လိုလုပ္လိုက္လာတာလဲ"
ယုတ ေဒါသသံေၾကာင့္ က်ယ္ေလာင္စြာ ေအာ္လိုက္လည္း မင္ေဟ်ာင္းက တုန္လႈပ္ျခင္းမရွိ ေသဆုံးသြားေသာေၾကာင္ေလးအား ေငးၾကည့္ေနဆဲျဖစ္သည္။
"သူခံစားေနရတာေလ"
ခဏၾကာမွ သူ႔ေျခေထာက္ကို ျပန္ဖယ္ၿပီး ယုတကို မၾကည့္ပဲ ေျဖလာေလသည္။
"ဘာ..."
"သူခံစားေနရတာ ဆရာမေတြ႕ဘူးလား"
"အဲ့ဒါေၾကာင့္ တိရစာၦန္ေဆးခန္းကို ေခၚသြားေပးဖို႔ မင္းကိုငါ ေျပာေနတာေလ.. အဲ့ဒါကို မင္းက...."
ဒီတစ္ခါေတာ့ ယုတရဲ႕ မင္ေဟ်ာင္းအေပၚ ျဖစ္မိတဲ့အရာက ေႏြးေထြးမႈမဟုတ္ပဲ ပူေလာင္တဲ့ ေဒါသေတြသာျဖစ္၏။ ဒီအေကာင္ေသးေသးေလးက အေၾကာက္အလန္႔မရွိ ေၾကာင္ေလးကို ဘယ္လိုမ်ား သတ္လိုက္ႏိုင္ရတာလဲ။
"သူခံစားေနရတာကို ကြၽန္ေတာ္က ခ်ဳပ္ၿငိမ္းေပးလိုက္တာေလ... နာက်င္ခံစားေနရတာေတြအားလုံးကို ေသျခင္းတရားက အဆုံးသတ္ေပးႏိုင္တယ္မဟုတ္လား"
ေျပာၿပီးတာနဲ႔ မင္ေဟ်ာင္းဟာ သူ႔ေနအိမ္ရွိရာ ၿခံႀကီးထဲကို ျပန္ဝင္သြားခဲ့သည္။ သူေျပာသလိုဆို လူတိုင္းဟာ နာက်င္ခံစားလာရတာနဲ႔ ေသလိုက္ေတာ့မွ ျဖစ္မွာလား။
မင္ေဟ်ာင္းေျပာသြားတဲ့ စကားေတြကို နားမလည္စြာနဲ႔ သူ႔ေနာက္ကို လိုက္လာခဲ့ေပမယ့္ ေသြးအိုင္ထဲမွာ ေသလ်က္ေလး က်န္ခဲ့ရတဲ့ ေၾကာင္ေလးကို အျပစ္ရွိစြာနဲ႔ လွည့္ၾကည့္ေနမိေသးသည္။ ေမွာင္ပိန္းေနတဲ့ လမ္းမထက္မွာ ကူကယ္ရာမဲ့စြာ ေသဆုံးေနရတဲ့ ေၾကာင္ငယ္ေလးကို သယ္ယူၿပီး ေျမျမဳပ္ေပးခ်င္ေသာ္လည္း သူ႔ေရွ႕က ထြက္သြားတဲ့ ေကာင္ေလးေနာက္ကိုမွ လိုက္မသြားရင္လည္း မျဖစ္ျပန္။
ေနာက္ဆုံးမွာ ယုတဟာ အျပစ္တင္စိတ္ေလးေတြ တေပြ႕တပိုက္နဲ႔ မင္ေဟ်ာင္းေနာက္ကို လိုက္လာၿပီး အိမ္ေတာ္ႀကီးနားကို ေရာက္လာခဲ့သည္။ ေၾကာင္ေလးနဲ႔ ေဝးလာေလ သူ႔အေရွ႕က ေကာင္ေလးကို ေဒါသျဖစ္မိေလနဲ႔ မေနႏိုင္တဲ့အဆုံးမွာ သူ႔တပည့္ေလးရဲ႕ အေနာက္ကိုသြားၿပီး ပုခုံးကေန ဆြဲလွည့္လိုက္သည္။
လွည့္လာတဲ့အခါမွာ သူ႔ကို ဘာလဲဆိုတဲ့အၾကည့္နဲ႔မဟုတ္ပဲ ေအးတိေအးစက္ေလး ၾကည့္ေနတဲ့ ေကာင္ေလးရဲ႕အၾကည့္ေတြကို ပထမဆုံးျမင္ဖူးျခင္းျဖစ္လို႔ ထိတ္လန္႔စိတ္ေလးျဖစ္မိသည္။
"မင္း ေၾကာင္ေလးကို ဘယ္လိုေတာင္ လုပ္ရက္တာလဲ.. မင္းမွာ ကိုယ္ခ်င္းစာစိတ္မရွိဘူးလား... သနားတတ္တဲ့ ႏွလုံးသားမရွိဘူးလား... မင္းလူေရာဟုတ္ရဲ႕လား အီမင္ေဟ်ာင္း.. လူစိတ္ေရာ ရွိေသးရဲ႕လား"
ထိတ္လန္႔မိေပမယ့္ ေဒါသက အႏိုင္ယူသြားျပန္ေတာ့ တပည့္ျဖစ္သူကို စိတ္ဆိုးမာန္ဆိုးနဲ႔ ေအာ္လိုက္မိသည္။
"အခု ေၾကာင္ေသသြားလို႔ ကြၽန္ေတာ့္ကို လာေအာ္ေနတာလား"
မသိလို႔ေမးေနတာလားေတာ့ မသိေပမယ့္ သူ႔ပုံစံက သိရဲ႕သားနဲ႔ ေမးေနပုံမွန္း သိသာလြန္းပါသည္။
"ဟုတ္တယ္ေလ... မင္းလုပ္ရပ္ကိုေတာင္ မင္းမသိဘူးလား... သနားစရာေၾကာင္ေလးကို ဘာလို႔ ဒီလို လုပ္ရက္ရတာလဲ"
"သနားလို႔လုပ္လိုက္တာေလ"
႐ြဲ႕ေျပာေနတာမဟုတ္ပဲ သူ႔အေမးကို တိက်တဲ့ အေျဖျပန္ေပးတာဆိုေသာ္လည္း သူေပးလာတဲ့ အေျဖကလည္း လက္သင့္ခံစရာမရွိျပန္ေတာ့ ယုတ ပို၍ပင္ စိတ္တိုရသည္။
"သနားတဲ့သူက ဒီလို မလုပ္ဘူး မင္ေဟ်ာင္း.. မင္းမွာ သနားညႇာတာတတ္တဲ့ ႏွလုံးသားမရွိဘူးဆိုတာ ေသခ်ာတယ္"
ယုတ စိတ္တိုေနေသာ္လည္း ေစာနကေလာက္ အသံမက်ယ္ေတာ့။ သို႔ေပမယ့္ အၾကည့္ေတြက ျပတ္သားလြန္းေနၿပီး ေကာင္ေလးအေပၚ စိတ္ပ်က္သြားမွန္း ၾကည့္တာနဲ႔ သိႏိုင္သည္။
"ဘာလို႔ ႏွလုံးသားမရွိရမွာလဲ..."
အသည္းႏွလုံးမရွိတဲ့လူေတြမွ ဒီလိုလုပ္ရပ္ကို လုပ္ႏိုင္တယ္ဆိုေပမယ့္ ေကာင္ေလးက ဆန္႔က်င့္ဘက္အေျဖေတြကိုသာ ေပးသည္။
"မရွိပါဘူး... မင္းက အသည္းႏွလုံးမရွိတဲ့ေကာင္.."
ဘယ္တပည့္ကိုမွ ထိုကဲ့သို႔အထိ မေျပာဖူးေပမယ့္ သူခ်စ္မိတဲ့ ေၾကာင္ေလးကိုမွ သတ္လိုက္တဲ့ ေကာင္ေလးကိုေတာ့ လက္လြတ္စပယ္ ေျပာလိုက္မိသည္။
"ဒီေနရာမွာ ကြၽန္ေတာ့္ ႏွလုံးသားရွိတယ္ေလ"
ဘယ္ဘက္ရင္အုံေပၚ လက္တင္ျပရင္း ေျပာလာၿပီး ဆရာျဖစ္တဲ့သူ႔ကို စူးစူးစိုက္စိုက္ၾကည့္ေနေလ၏။
"ၿပီးေတာ့ အဲ့ဒီႏွလုံးသားက ဆရာ့အတြက္ပဲ ခုန္ေနတာ.."
သူ႔လက္တစ္ဖက္ကိုပါ ဆြဲယူၿပီး ဘယ္ဘက္ရင္ဘတ္ေပၚတင္ကာ သူ႔ႏွလုံးခုန္သံေတြကို ခံစားေစသည္။ ေစာနကလိုပဲ ေႏြးေထြးမႈေလးကို ခံစားလိုက္ရတာက ဒီေကာင္ေလးရဲ႕ ႏွလုံးခုန္သံေတြေၾကာင့္မ်ားလား။
ယုတ တစ္ခဏေတာ့ ၿငိမ္က်သြားရေပမယ့္ အသိျပန္ဝင္လာတဲ့အခ်ိန္မွာ သူ႔လက္ကို ျပန္႐ုတ္ၿပီး ေကာင္ေလးကို ေက်ာ္တက္ကာ ထြက္သြားလိုက္သည္။
ခုနကလို မဟုတ္ေတာ့ပဲ ေကာင္ေလးက သူ႔ဆရာေနာက္ကို တေကာက္ေကာက္နဲ႔ လိုက္လာၿပီး စကားေတြေျပာသည္။
"ဆရာလိုခ်င္ရင္ ကြၽန္ေတာ္ ေၾကာင္အေကာင္တစ္ရာေလာက္ ေမြးေပးႏိုင္ပါတယ္"
သူေဌးသားေလးက သူ႔ဆရာကို ေၾကာင္နဲ႔ လာဘ္ထိုးေနသလား ေအာက္ေမ့ရသည္။
"ၿပီးေတာ့ သူတို႔ေလးေတြကို လုံးဝ မနာက်င္ေစရဘူးလို႔လည္း အာမခံတယ္.. ဘယ္လိုလဲ"
စိတ္တိုေနတဲ့ ဆရာ့ေနာက္ကို တေကာက္ေကာက္လိုက္ရင္း ပါးစပ္ကလည္း ခရားေရလႊတ္ေျပာကာ ေခ်ာ့ေနေသးသည္။
ေၾကာင္ျဖဴေလးကေတာ့ ေသသြားရေပမယ့္ ေၾကာင္နက္ေလးကေတာ့ ဆရာ့ေနာက္ကို အၿမီးေလးႏွံ႔ၿပီး ထပ္ၾကပ္မခြါလိုက္ကာ အိမ္ႀကီးထဲသို႔ ဝင္သြားေလရဲ႕....။
_TBC 𓁹