Time Spent Walking Through Me...

By psh_fever

46.9K 6.7K 1.6K

His daily dose of Sim Jae Yun through the years... πŸ‚ Title : 기얡을 κ±·λŠ” μ‹œκ°„ Written in : Burmese Pair : Park Sun... More

ν”„λ‘€λ‘œκ·Έ
ν•˜λ‚˜
λ‘˜
μ…‹
λ„·
λ‹€μ„―
μ—¬μ„―
일곱
μ—¬λŸ
아홉
μ—΄
μ—΄ν•˜λ‚˜
μ—΄λ‘˜
μ—΄μ…‹
μ—΄λ„·
μ—΄λ‹€μ„―
μ—΄μ—¬μ„―
열일곱
μ—΄μ—¬λŸ
열아홉
슀물
μŠ€λ¬Όν•˜λ‚˜
μŠ€λ¬Όλ‘˜
μŠ€λ¬Όμ…‹ [meowz]
μŠ€λ¬Όλ„· [meowz]
μŠ€λ¬Όλ‹€μ„―
μŠ€λ¬Όμ—¬μ„―
슀물일곱
μŠ€λ¬Όμ—¬λŸ

μ—ν•„λ‘œκ·Έ

3K 254 119
By psh_fever

လက်ရှိအချိန် ~

ဆွတ်ပျံ့လှိုက်မောဖွယ်ရာ၊ ရယ်ရွှင်ဖွယ်ရာ၊ ကြည်နူးစရာ အတိတ်နေ့ရက်လေးတွေကို ပြန်လည်တွေးတောတမ်းတပြီးတဲ့နောက်မှာတော့ အရမ်းမောသွားတဲ့ ဂျယ်ယွန်းကလေး။

"ဟူး မောတာ အရင်ကအကြောင်းတွေပြောရတာ"

"မောင် ရေသွားယူပေးမယ်နော်"

ပေါင်ပေါ်မှာထိုင်နေတဲ့ ဂျယ်ယွန်းလုံးလေးကို လက်နှစ်ဖက်နဲ့အသာပွေ့လို့ ကုတင်ပေါ်ချပေးပြီး သူကတော့ မီးဖိုချောင်ထဲက ရေကရားကို သွားယူနေလိုက်တယ်။

ရေတစ်ခွက်ကို တဂွက်ဂွက်နဲ့ သောက်ပြီးနောက်မှာတော့ ဂျယ်ယွန်းကလေးက ခြေထောက်လေးနှစ်ဖက်ကို ကုတင်အောက်မှာ တွဲလဲကလေးချ၊ ခန္ဒာကိုယ်ကို အိပ်ရာပေါ် ပို့လို့ပက်လက်လှဲချပစ်လိုက်တယ်။

"အိပ်တော့မလို့လား"

"အိပ်သေးပါပူး နေ့လည်ကအိပ်ထားတာကို"

ဆောင်းဟွန်းလဲ ဘာမှပြောမနေတော့ဘဲ ရေချိုးခန်းဘက်ထွက်သွားလိုက်တယ်။

ခဏလောက်နေတော့ ဂျယ်ယွန်း ခြေထောက်လေးတွေကို လာထိနေတာခံစားရတယ်။

"ဘာလုပ်မလို့လဲ"

"နှိပ်ပေးမလို့လေ။ ကိုယ့်အမျိုးသားလေးကို"

ဆောင်းဟွန်းက ဂျယ်ယွန်းခြေချောင်းလေးတွေကို traditional stress relief scentsထည့်ထားတဲ့ရေနွေးနွေးလေးနဲ့ ဆေးကြောပေးပြီး ခပ်ဖွဖွနှိပ်နယ်ပေးနေတယ်။

ဂျယ်ယွန်းကလေးကတော့ ဖုန်းသုံးရင်း ဇိမ်ခံလို့ကောင်းနေတာပေါ့။

ဂျယ်ယွန်းရဲ့ တကိုယ်လုံးက နီတာရဲလေးဖြစ်နေတာ။ ခြေချောင်းထိပ်လေးတွေ၊ ခြေဖနောင့်လေးတွေ.. မွေးကင်းစကလေးလေးတွေလို နီတာရဲလေး။ ဒါတင်ဘယ်ကမလဲ လက်ချောင်းထိပ်လေးတွေ၊ လက်ဆစ်လေးတွေကလဲ နီတာရဲလေး။ စတော်ဘယ်ရီသီးလေးနဲ့တူတယ်။ ဆောင်းဟွန်းဖြင့် အူယားလွန်းလို့ ဂျယ်ယွန်းကလေးတကိုယ်လုံးကို မြိုချပစ်လိုက်ချင်တော့တာပါပဲ။

"အင်း.. ကောင်းတယ် အပေါ်တိုး။ ခြေသလုံးလဲ နှိပ်ပေးဦး"

"ဒီနားလေးတွေလား"

"အွင်း"

ဖုန်းနဲ့မျက်နှာမခွါဘဲ ဆောင်းဟွန်းကို အမိန့်ပေးနေတဲ့ နှလုံးသားပိုင်ရှင်လေးပါလေ။

မိနစ်ပိုင်းလောက်အကြာမှာတော့ ဂျယ်ယွန်းခြေထောက်လေးတွေကို တဘက်နဲ့ခပ်ဖွဖွသုတ်ပေးပြီး ဖုန်းကြည့်နေဆဲဖြစ်တဲ့ဂျယ်ယွန်းကလေးကို အသာအယာပွေ့ချီလို့ ကုတင်ပေါ် နေရာတကျ ခပ်ဖွဖွပြန်ချရတယ်။ သူကတော့ ဂျယ်ယွန်းကလေးဘေးမှာ ဝင်လှဲနေလိုက်တယ်။

"ဘာတွေကြည့်နေတာလဲ"

"ကိတ်မုန့်လုပ်တာတွေကြည့်နေတာ။ ဒီမှာကြည့်ကြည့် မောင် အံ့ဩစရာကြီး။ အဲစားပွဲက တကယ်တမ်းကိတ်မုန့် သိလား။ ဟော ဟော လှီးပြပြီ။ မိုက်တယ်နော်။ တအားလုပ်တတ်တာပဲ"

ဆောင်းဟွန်းလဲ ဂျယ်ယွန်းဖုန်းscreenကို ကြည့်နေလိုက်တယ်။

မီးအိမ်ကလဲကိတ်မုန့်
အဝတ်ဗီရိုကလဲကိတ်မုန့်
ပန်းချီကားဟာလဲ ကိတ်မုန့်
ကြက်ကြော်ဟာလဲ ကိတ်မုန့်
ရုပ်ထုတွေဟာလဲ ကိတ်မုန့်

"ကြောက်လိုက်တာ။ ကြည့်ရင်း မောင်တော့ကြောက်တောင်လာပြီ"

"ဟင် ဘာလို့ကြောက်တာလဲ"

"ဂျယ်ယွန်းကလေး ကြက်ကြော်စားချင်နေတဲ့အချိန် ကိုက်လိုက်မိတာ ကြက်ကြော်မဟုတ်ဘဲ ကိတ်မုန့်ဖြစ်နေရင် ဘယ်လိုနေမလဲ။ အဆင်ပြေမနေဘူးနော်"

"ပြီးတော့ ဒီလောက်အစစ်နဲ့တူနေတာ၊ ဥပမာ ဂျယ်ယွန်းကလေး အလုပ်မှာ စိတ်ညစ်လာလို့ ကားကိုဇွတ်ရွတ်ပြီး မောင်းလာတယ်ကွာ။ လမ်းပေါ်မှာ လူတွေရော လူပုံစံကိတ်မုန့်တွေရော လမ်းလျှောက်နေရင် ဘယ်သူ့ကိုတိုက်မိပြီး ဘာဆက်ဖြစ်မလဲ မသိနိုင်ဘူးလေ"

"ဟင် ပေါက်တီးပေါက်ရှာ။ ကိတ်မုန့်က ဘယ်လိုလုပ်လမ်းလျှောက်မှာလဲ"

"အထဲမှာ စက်ကိရိယာတွေထည့်ချင်ထည့်ထားမှာပေါ့။ ပြောလို့မှမရတာ။ ကြည့်ရင်းကြောက်တောင်လာပြီ။ မောင့်ကိုဖက်ထားပေးပါဦး"

ဂျယ်ယွန်းကလေးလဲ ဆောင်းဟွန်းရင်ခွင်ထဲဝင်ပြီး ဆောင်းဟွန်းကို လက်သေးသေးလေးတွေနဲ့ပြန်ဖက်လိုက်တယ်။

ခဏလောက်နေတော့ လက်ကဘယ်ကိုလာစမ်းလို့စမ်းနေမှန်းမသိတဲ့ ပတ်ဆောင်းဟွန်း!

"Yarrrr ဘယ်တွေလာကိုင်နေတာလဲ"

"ကြောက်လို့ပါ ဂျယ်ယွန်းကလေးရယ်။ တော်ကြာ ဂျယ်ယွန်းကလေးက လူမဟုတ်ဘဲ ကိတ်မုန့်ကလေးဖြစ်နေရင်...ဆိုပြီး မောင်တွေးမိသွားလို့"

"......"

"ဂျယ်ယွန်းကလေး ကိတ်မုန့်လား လူလား သေချာသိရအောင် မောင်တကိုက်လောက် စားကြည့်မယ်နော်"

"Yarrrr ပတ်ဆောင်းဟွန်း!!!!! ဒီအရွယ်ကြီးရောက်နေပြီ။ ပေါက်ကရတွေက တွေးတုန်း၊ပြောတုန်းလား။ လာ လာ! ကိတ်မုန့်ဟုတ်မဟုတ် သိရအောင် မင်းကို ခေါင်းအုံးနဲ့ဖိသတ်ပြမယ်"

"ဟင့်အင်း အနမ်းတွေနဲ့ပဲ ဖိသတ်ပေး"

"ပတ်ဆောင်းဟွန်း!!!!!"

ဆောင်းဟွန်းကတော့ စွာစိနေတဲ့နှုတ်ခမ်းလေးကို အနမ်းတွေနဲ့ဖိသိပ်ပြီး အသံတိတ်စေလိုက်တာပဲ။ သိပ်မအော်နဲ့ မောင့်ကလေးလေးရယ်။ အိမ်နီးနားချင်းတွေနိုးသွားလိမ့်မယ်။

🍂

မနက်ခင်းစောစော ဆောင်းဟွန်းကို ကျောင်းကနေဖုန်းဆက်ခေါ်လို့ ခန်းမကိုသွားစစ်ဆေးပေးပြီးတဲ့နောက် အိမ်ပြန်ရောက်လာတော့ ဂျယ်ယွန်းကလေးက နောက်ဖေးဥယျာဉ်မှာ အပင်လေးတွေကို ရေလောင်းပေါင်းသင်းနေတာတွေ့တယ်။

ဆောင်းဟွန်းတို့အိမ်က တထပ်အိမ်ပုလေးကိုမှ ခြံစည်းရိုးအဖြူလေးတွေကာထားပြီး အိမ်ရှေ့မှာ barbecueစားဖို့၊ family new year partyလုပ်ဖို့ နေရာအသင့်အတင့်ကျယ်ပြီး အိမ်နောက်ဘေးနေရာလွတ်တစ်ခုလုံးကတော့ ဂျယ်ယွန်းကလေးရဲ့ ဥယျာဉ်ဖြစ်တယ်။

ဥယျာဉ်လေးက အပေါ်က အလင်းရောင်ကောင်းကောင်းရတဲ့ မှန်အကြည်တွေနဲ့အုပ်မိုးထားပြီး အဝေးကနေကြည့်ရင် greenhouseသေးသေးလေးနဲ့တူတယ်။

အဝင်ဝမှာ "JakeHoon's Little Garden (•̀-) "ဆိုတာကို သစ်သားဆိုင်းဘုတ်လေးပေါ် ရောင်စုံဖယောင်းတွေနဲ့ ရေးခြစ်ထားသေးတာ။ သေချာပေါက် အာပူးတူး အိဝိခုလက်ချက်ပေါ့။

ဆောင်းဟွန်းအသံမပေးဘဲ တစ်ယောက်ထဲအလုပ်ရှုပ်နေတဲ့ဂျယ်ယွန်းကလေးကို အသာရပ်ကြည့်နေမိတယ်။

ရာသီဥတုကပူလာတော့ ဂျယ်ယွန်းလေးခဗျာ နှင်းဆီပင်တွေမှာ မွှားပင့်ကူတွေကျလာမှာ စိုးရိမ်နေတယ်နဲ့တူပါတယ်။ ငုတ်တုတ်လေးထိုင်ပြီး အပင်သေးသေးလေးတွေကို အရွက်လေးတွေအပေါ်ကြည့်လိုက်၊ လက်မရယ် လက်ညှိုးထိပ်လေးရယ်နဲ့ညှပ်ပြီး အောက်လှန်ကြည့်လိုက်နဲ့။

ဂျယ်ယွန်းကလေးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ဆရာကြီး။ ဥယျာဉ်ထဲက ပန်းပင်တွေအားလုံးက recycled itemsတွေနဲ့ စိုက်ထားတာချည်း။ သစ်ခွတွေဆို သုံးပြီးသားပလတ်စတစ်ရေသန့်ခွံတွေကို တဝက်ဖြတ်၊ အပေါက်သေးသေးလေးတွေဖောက်လို့ ထုပ်တန်းပေါ်မှာ တွဲလဲလေးတွေချိတ်ထားတာ။ နှင်းဆီတွေဆိုလဲ မြေအိုးကြီးကြီးတွေနဲ့စိုက်မယ့်အစား သစ်သီးခြင်းတွေထဲထည့်စိုက်ထားတာဖြစ်တယ်။

ဆောင်းဟွန်းတို့က မိဘမဲ့ကလေးဂေဟာကို အချိန်ရရင်ရသလို သစ်သီးတွေသွားသွားဝေနေတာဆိုတော့ အဲသစ်သီးတွေအကုန်ဝေပြီးပြီဆို ဂျယ်ယွန်းကလေးက ခြင်းတွေပြန်သယ်လာပြီး နှင်းဆီတွေထည့်စိုက်တော့တာပဲ။

အခုလဲ လှုပ်လှုပ် လှုပ်လှုပ်နဲ့။ အင်္ကျီပွပွက ဝတ်ထားသေးတာမို့ နောက်ကနေကြည့်တာတောင် လုံးလုံးပုံ့ပုံ့လေးနဲ့ တအားချစ်ဖို့ကောင်းနေတယ်။

နှင်းဆီပင်အရွက်လေးတွေကို လက်လေးနှစ်ချောင်းနဲ့ကိုင်ပြီး အရွက်အောက်ဘက်လှန်ကြည့်နေတာလေးက ချစ်စရာတမျိုးလေးမို့ ဆောင်းဟွန်းရင်ထဲ ပြုံးမိသွားတယ်။

နောက် မြေကြီးပေါ်ချထားတဲ့ ဆေးဖြန်းဘူးလေးကိုကိုင်လို့ အပင်ရိုးတွေဆီလိုက်ဖြန်းနေတာ။ ဘူးလေးမှာ ဝက်ဝံရုပ်စတစ်ကာလေးကပ်ထားတာတွေ့ရတော့ ဆောင်းဟွန်းထပ်ပြုံးမိသွားပြန်တယ်။ ချစ်စရာနှစ်မျိုးလေး။

နေပူမှာစိုးလို့အင်္ကျီလက်ရှည်ဝတ်ထားတယ်ထင်ပါတယ်။ လက်ထိပ်လေးတွေပဲ မြင်နေရတာ။ နီတာရဲလေး။ ဒုက္ခပါပဲ ချစ်စရာသုံးမျိုးကလေး။

ထိုင်ရာကမထဘဲ ငုတ်တုတ်ကလေး နေရာရွေ့ရွေ့သွားတာ။ ဘယ်လိုလေးလုပ်နေတာလဲ။ အရမ်းချစ်ဖို့ကောင်းလွန်းတယ် ချစ်စရာလေးမျိုးလေးရယ်..

မြေဩဇာကိုရေဖျော်ပြီး အပင်တွေအောက်ခြေ လိုက်လောင်းနေတာ။ သူပျော်တာသူလုပ်နေရတော့ မျက်နှာလေးက ပြုံးရွှင်လို့။ ချစ်စရာငါးမျိုးကလေး။

ဆောင်းဟွန်းဘဝတစ်လျှောက်လုံးကိုတိုင်တည်လို့ နှလုံးသားပါအရင်းအနှီးပြုပြီး သိခဲ့ရတဲ့ ညီမျှခြင်းသဘောတရားတစ်ခုရှိတယ်။

ချစ်စရာလေး + ချစ်စရာလေး = ချစ်စရာဂျယ်ယွန်းကလေး

တကယ်တော့ လာမယ့်ဂျယ်ယွန်းကလေး မွေးနေ့မှာ ဆောင်းဟွန်းတောင်းဆိုချင်တာရှိတယ်။ အရစ်ကျစနစ်နဲ့ချစ်ဖို့ကောင်းပေးဖို့လေ။ အခုတော့ ကြည့်ပါဦး။ တလုံးတခဲကြီးကို တစ်ခါထဲအများကြီးချစ်ဖို့ကောင်းနေတာ။ တချိန်ထဲမှာ ဒီလောက်အများကြီးချစ်ဖို့ကောင်းနေမှတော့ ဘယ်လိုလုပ်ရမလဲ။ မောင့်နှလုံးသားလေးကို အနားပေးပါဦး ဂျယ်ယွန်းကလေးရယ်။ သူက အမြဲအခုန်မမြန်ချင်ဘဲ ပုံမှန်အတိုင်း အလုပ်လုပ်ချင်တယ်တဲ့။

အပင်တွေဆီအာရုံရောက်နေတဲ့ ဂျယ်ယွန်းကလေးက နေစူးလို့ထင်ပါတယ်။ မျက်မှောင်လေးကကျုံ့သွားတာ၊ နဖူးမှာ ချွေးသီးလေးတွေ စီလာပြီ။

စိတ်ရှိတိုင်းသာဆို ဆောင်းဟွန်းကတော့ ဂျယ်ယွန်းကလေးကို ဘာအလုပ်မှမလုပ်စေဘဲ airconပါတဲ့နတ်ကွန်းလေးဆောက်ပေးပြီး နေ့တိုင်းနေ့တိုင်း ramyeonနဲ့ vanilla latte ဆက်ကပ်ချင်မိတော့တာပါပဲ။

🎶 Baby shark, do do, do do do do
Mama Shark, do do, do do do do
Papa Shark, do do, do do do do
Grandma Shark, do do, do do do do
Surfer Dude, do do, do do do do 🎼

ဟော... ဂျယ်ယွန်းကလေးဆီ ဖုန်းလာနေပြီ။ ဘယ်သူ့ဆီကပါလိမ့်။

"ဟုတ် ဖိုးဖိုး သားနေကောင်းပါတယ်"

"လာပါ့မယ်ဆို။ ဘိုးဘိုးကလဲ။ နောက်အပတ်ထဲ လာလည်မယ်နော်"

"သား ကတိပေးထားတာကို မမေ့ပါဘူး ဘိုးဘိုးရဲ့။ ကုမ္ပဏီအလုပ်တွေက လုပ်မှာပါ"

"ဘိုးဘိုးလဲ ကျန်းမာရေးဂရုစိုက်ပါဦး။ ဖေဖေနဲ့ စိတ်ချလက်ချလွှဲထားလို့ဖြစ်တာကို"

"ဟုတ် သားသားစားချင်တာစားလို့ရပြီ။ ဗိုက်လဲမနာတော့ဘူး။ အောင့်လဲမအောင့်တော့ဘူး။ အဲတာ ဆောင်းဟွန်းနီး ဂရုစိုက်ပေးတဲ့အစွမ်းတွေကြောင့်ပေါ့"

အားးး စကားကိုဘယ်လိုလေးပြောနေတာလဲ။ ဆောင်းဟွန်းတော့ သေပါပြီ။ အရမ်းအရမ်းအသည်းယားလာလို့ လက်သီးကြီးဆုပ်ပြီး ကိုယ့်လက်ကိုယ် ပြန်ကိုက်ပစ်လိုက်ရတယ်။ ဒါပေမယ့်လဲ မနေနိုင်ပါဘူး။ အူယားလွန်းလို့လေ... အသံထွက်ပြီး ရယ်မိသွားတယ်။

ဖုန်းချပြီးတဲ့ ဂျယ်ယွန်းကလေးက နောက်လှည့်ကြည့်လာတယ်။ သူ့မြင်တော့ မျက်မှောင်လေးကြုံ့ နှုတ်ခမ်းလေးဆူသွားတော့တာ။

"ဟော လာပါပြီ။ သူများသားသမီးကို စားပြီး နားမလည်၊ ဝါးပြီးထွေးထုတ်၊ မျက်နှာလွှဲခဲပစ် တာဝန်မယူချင်၊ မရခင်ကဖျာလိုလိပ် ခေါင်းပေါ်တင်၊ ရပြီးဖျာလိုခင်းပြီးနင်းတဲ့သူကြီး ပြန်လာပါပြီ"

ဆူပုတ်ပုတ်နဲ့ပြောပြီး ဂျယ်ယွန်းကလေးက ခြေဆောင့်လို့ ဆောင်းဟွန်းရှေ့က ဖြတ်သွားတယ်။

ဆောင်းဟွန်းခဗျာ ငါဘာများလုပ်မိလို့လဲဆိုပြီး နေရာမှာတင် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ ကြောင်တောင်တောင်လေး။

မနေ့ညကတင် အကောင်းကြီးရှိသေးတာမလား၊ မနက်ရောက်တော့ အခုမှပြန်တွေ့တာလေ။ ကြားထဲဘာတွေဖြစ်သွားတာလဲ။

"မောင်ဘာလုပ်မိလို့လဲ"

"အော အံ့ဩလိုက်တာ ယောင်္ကျားတွေများ အမျိုးမျိုး။ ပြောခဲ့တဲ့စကားတွေလဲ မတည်နိုင်တော့ဘူးပေါ့နော်။ အေးပေါ့ အိမ်ထောင်သက်ကလဲ ၁၀နှစ်လောက်ကြာပြီဆိုတော့..."

ဆောင်းဟွန်းနဖူးကနေ ချွေးတွေပါပြန်လာတယ်။ ရုတ်တရပ်ရာသီဥတုက ဆယ်ဆလောက်ပိုပူလာသလိုပဲ။

"မောင်မှားပါတယ် ဂျယ်ယွန်းကလေးရယ်။ စိတ်မဆိုးပါနဲ့"

"ကိုယ့်အမှားကိုယ်သိပြီလား"

"မသိဘူးလေ"

"......"

"မသိလဲ မောင်မှားမှန်းတော့ သေချာပါတယ် ဂျယ်ယွန်းကလေးရယ်။ ဂျယ်ယွန်းကလေးမှားတယ်ရယ်လို့မှမရှိတာ မောင်ပဲအမြဲမှားနေတာ"

"ဒီမှာ မင်းမနက်က ဘာလုပ်ခဲ့လဲ"

ဆောင်းဟွန်းခေါင်းထဲ TVကို forwardနဲ့ကြည့်သလို မနက်ကဘာတွေလုပ်ခဲ့လဲ မြန်မြန်စဉ်းစားတယ်။ ဟင်... ဘာမှမလုပ်ခဲ့ဘူးလေ။ သူ့မှာ အချိန်မရှိလို့ ဂျယ်ယွန်းကလေးစားဖို့အတွက် မနက်စာမြန်မြန်ပြင်ပေးပြီး ကျောင်းကို ကတိုက်ကရိုက် ထွက်သွားခဲ့ရတာ။

"ဂျယ်ယွန်းကလေးဖို့ မနက်စာပြင်ပေးခဲ့တယ်လေ။ ဧကန ဆားများငံနေလို့လား"

"မငံပါဘူး"

"အသီးအရွက်တွေ မလတ်ဆတ်လို့လား။ မဖြစ်နိုင်တာ မောင်ကိုယ်တိုင်စျေးသွားပြီးဝယ်လာတာကို"

"လတ်ဆတ်ပါတယ်"

"ဟင် ဘာလုပ်ခဲ့မိလို့လဲ ဒါဆို"

"ငါနိုးတဲ့အချိန်ထိစောင့်ပြီး ငါ့ကိုမနက်စာ ခွံ့ကျွေးမသွားဘူးလေ ပတ်ဆောင်းဟွန်းရဲ့!!!! ငါ့မှာ ငါ့လက်နဲ့ ဒီမှာ ဒီမှာ သေချာကြည့်!! မင်းသိပ်ချစ်လှပါတယ်ဆိုတဲ့ ဒီလက်ချောင်းတွေနဲ့ ဇွန်း၊ခရင်းကိုင်ပြီး တစ်ယောက်ထဲ မနက်စာစားလိုက်ရတာကွ"

"အာ မောင်မှားပါတယ် မောင်မှားပါတယ်။ ဟုတ်သားပဲ ကြည့်ပါဦး။ အမြဲကိုယ်ခွံ့ကျွေးတာပဲစားလာတဲ့မနက်စာလေး ဒီနေ့မနက်မစားရတော့ စိတ်ထဲအရမ်းဝမ်းနည်းသွားမှာပဲ။ နောက်မလုပ်တော့ဘူးနော်။ စိတ်မကောက်ပါနဲ့။ ဘာလုပ်ပေးရမလဲ။ ကျောင်းပွဲတော်ပြီးရင် ညဘက်Ferris wheelသွားစီးကြမလား"

"မစီးပါဘူး ဟွန့်  အပြင်ထွက်ဖို့ပြင်တော့။ နောက်ကျနေဦးမယ်"

"အင်း ချစ်တယ်နော်"
ပြောပြီး ဂျယ်ယွန်းပါးအိအိလေးကို ခပ်ဖွဖွနမ်းလို့ အိမ်ထဲဝင်သွားတဲ့ ဆောင်းဟွန်းရယ်ပါလေ။

🍂

Harleen မှန်ရှေ့မှာထိုင်ပြီး ဆံပင်ရွှေဝါရောင်တွေကို သေချာဖီးသပ်နေလိုက်တယ်။ ဒီနေ့ Oakland Universityမှာ ဖျော်ဖြေရမှာမို့ ဂါဝန်ရှည်အဖြူရောင်ဝဲဝဲလေးဝတ်ပြီး ရွှေဝါရောင်ဆံပင်တွေကို နောက်ကျောဘက် ချထားလိုက်တယ်။

(Harleen is the girl in 1st episode. I just changed her name.)

နောက် အခန်းထောင့်မှာ ထောင်ထားတဲ့celloကို ယူပြီး အိမ်အပြင်ဘက်ထွက်လာတော့ အိမ်ရှေ့မှာ ကားနဲ့အသင့်စောင့်နေတဲ့သူငယ်ချင်းလေး။

သူ့ကိုတွေ့တာနဲ့ လက်ကိုအခါ၁၀၀လောက်ဝေ့ယမ်းပြနေတာ။ ပါးစပ်ကလဲ ထုံးစံအတိုင်း ပြုံးစိစိနဲ့။ မသိရင် energy drink ၁၀ဘူးဆက်တိုက်သောက်ထားပြီး မြောက်ကြွမြောက်ကြွဖြစ်နေသလိုပဲ။

"မူးလိုက်တာ ကင်ဆောနူရယ်။ ငြိမ်ငြိမ်နေစမ်းပါ"

"မနေပါဘူး။ လာ မြန်မြန်တက်။ နင့်ကို ပွဲမစခင် ငါတို့ကျောင်းထဲပတ်ကြွားချင်တာ"

"ငါဖြင့် ဒီမှာသာမွေးလာတာ။ ဒီကတက္ကသိုလ်တွေအထဲ တစ်ခါမှမရောက်ဖူးဘူး။ ဒါနဲ့ အန်တီလေးတို့ နေကောင်းကြရဲ့လား"

တကယ်တော့ Harleenက အလယ်တန်းတုန်းက seoulက international schoolမှာ ကျောင်းတက်ခဲ့ဖူးတာမို့ ဆောနူနဲ့ခင်နေခြင်းဖြစ်တယ်။ နောက် တက္ကသိုလ်တက်ရမယ့်အရွယ်ရောက်တော့ ကိုယ့်နယ်မှာကိုယ်မတက်ချင်တာနဲ့ Floridaဘက်ထွက်သွားခဲ့တာ။ ကိုယ်ထွက်သွားတဲ့အချိန် ဆောနူက Oaklandရောက်လာတာမို့ လွဲသွားခဲ့ခြင်းပင်။

"နင့်ကို ငါ့ကောင်လေးနဲ့ မိတ်ဆက်ပေးရဦးမယ်"

"ဘာ!!!!"

မီးပွိုင့်မိနေတဲ့အချိန် ဆောနူကပြောလိုက်တာမို့ Harleenလန့်ဖြန့်သွားတယ်။ တော်တော်လေးအသံကျယ်သွားပုံပါပဲ။ ဘေးမှာရပ်နေတဲ့ကားထဲက driverက သူတို့ဘက်လှည့်ကြည့်လာတယ်။

"နင့်မှာကောင်လေးရှိတယ်??? နင့်မှာကောင်လေး???"

"အွန်းပေါ့။ နီရှီမူရာရီခီတဲ့ ဂျပန်က။ အခုကျောင်းပွဲမှာ သူလဲကမှာလေ ဟိဟိ"

"ဟင် ဒါဆို ငါ့သူငယ်ချင်းတွေအကုန်ရည်းစားရှိပြီး ငါပဲကျန်နေတော့တာပေါ့"

"မကျေနပ်ရင် ရှာလေ"

"ငါကြိုက်တဲ့သူမှမရှိတာ"
Harleen တကယ်ပဲ ငိုချမိတော့မယ့်အသံနဲ့ ပြန်ဖြေလိုက်မိတော့တယ်။

🍂

Harleen အခုမှ ရောက်ဖူးတဲ့ အမိမြေက တက္ကသိုလ်ကို တအံ့တဩလိုက်ကြည့်နေမိတယ်။ campusက ကျယ်လိုက်တာ။

"Professor မိန့်ခွန်းစတော့မယ်ထင်တယ်။ မြန်မြန်သွားရအောင်။ ပြီးရင် အဖွင့်က နင်celloတီးရမှာ"

ငယ်ငယ်လေးထဲက celloတီးလာခဲ့တာဖြစ်သလို ကျောင်းတက်နေစဉ်ကာလမှာလဲ ပြိုင်ပွဲတွေတောက်လျှောက်ပြိုင်လာခဲ့တဲ့Harleenက cellistအဖြစ် music industryနယ်ပယ်မှာ နာမည်အသင့်အတင့်ရနေပြီဖြစ်တယ်။

(Cello)

လူတွေအများကြီး ခန်းမထဲ ရောက်ရှိနေတယ်။ စာသင်နှစ်တစ်နှစ်ရဲ့အစမို့ juniorလေးတွေအများကြီးရှိနေသလို ထိုjuniorလေးတွေကို ဝိုက်ဖို့လာတဲ့ seniorတွေလဲ အများအပြား။

မိနစ်အနည်းငယ်အကြာမှာတော့ စင်ပေါ်မှာချထားတဲ့လိုက်ကာစက အပေါ်ကိုဆွဲတင်ခြင်းခံလိုက်ရပြီး စင်ပေါ်ကို လူတစ်ယောက်တက်လာတယ်။

Harleenလဲ ဘာရယ်မဟုတ် ကြည့်နေလိုက်တာ။ အဝေးကနေကြည့်တာတောင် အတော်အချိုးအစားကျနတဲ့လူပါပဲ။

ထိုလူက နားစွင့်နေတဲ့ ကျောင်းသား၊ကျောင်းသူတွေဘက် မျက်နှာမူလိုက်ချိန်မှာတော့ Harleenမျက်လုံးတို့ ပြူးကျယ်သွားတယ်။

"မင်္ဂလာပါ။ Oakland universityရဲ့ ပါမောက္ခချုပ် Professor Park Sunghoonဖြစ်ပါတယ်"

စင်အောက်ကနေ လက်ခုပ်သံတွေ ညံသွားတယ်။ ကင်ဆောနူကတော့ သူ့မူပိုင်အတိုင်း တဟိဟိနဲ့ လက်ခုပ်တွေ ထတီးနေတာ။

"အဲတာ ငါတို့professorလေ။ တအားချောတာ။ ချောတာထက် သူ့အမျိုးသားကို တအားသည်းလို့ နာမည်အတော်ကြီးတာ။ ခဏနေ နင်သိလိမ့်မယ်"

Harleen ခေါင်းငြိမ့်မိသလား၊ တုံ့ပြန်မိသလားတောင်မသိ။

"ကျွန်တော်က အရင်ကဆို တကယ်ငချွတ်ကလေး။ စာလဲမတော်၊ စိတ်လဲမဝင်စား။ ကျွန်တော် ပြောင်းလဲသွားခဲ့ရခြင်းအကြောင်းတရားကတော့ မကြာခဏပြောဖြစ်သလို ကျွန်တော့်အချစ်ဦးကြောင့်ပါပဲ"

"ငါတို့တွေ ဒီအကြောင်း နားထောင်နေရတာ အခါ၁၀၀လောက်ရှိပြီ"
ဆောနူက သူမအနားကပ်လို့ တီးတိုးပြောတယ်။

"ကျွန်တော့်အချစ်ဦးက မူလတန်းနောက်ဆုံးနှစ်ကနေ အလယ်တန်းဒုတိယနှစ်ထိ ကျွန်တော့်အတန်းဖော်။ သူနဲ့groupတစ်ခုထဲအတူကျတော့ ကျွန်တော်လက်တွေ့ဘာသာရပ်တွေကို အမှတ်ပိုရအောင် လုပ်ဖြစ်ခဲ့တယ်။ ဒါ ကျွန်တော် ဒီနေရာရောက်နေရခြင်း အစပေါ့ဗျာ"

ဆောနူက နှာခေါင်းရှုံ့ပြီး Harleenနားကပ်လို့ အတင်းတုတ်ပြန်တယ်။
"လျှောက်ပြောနေတာ။ ငါကြားတာတော့ သူက မင်္ဂလာဦးညမှာ အသံထွက်ကို တလွဲကြီးထွက်တာတဲ့။ အဲတာနဲ့ သူ့အမျိုးသားက grammar ညလုံးပေါက်ထိုင်သင်တာ။ အရမ်းအရမ်းစိတ်နာသွားလွန်းလို့ အဲလိုထပ်မဖြစ်ရအောင် မအိပ်မနေကြိုးစားရင်း professorဖြစ်လာတာတဲ့ဟ"

Harleenဖြင့် မျက်လုံးလေးပြူး၊ ရင်ဘတ်လေးလက်နဲ့ဖိလို့ ဆောနူဘက်လှည့်ကြည့်လိုက်တယ်။

"ဟယ် နင်က လူသားစပ်စုစိန်လေးလား။ ဘယ်လိုတွေတောင်သိနေရတာလဲ"

"Uncle Jayပြောပြတာ"

"အော်.."

"......"

"ကဲ ဂျယ်ယွန်းကလေးရေ... မောင်က ဒီနေရာကနေပဲ မောင့်ဂျယ်ယွန်းကလေးကို ကျေးဇူးတင်လိုက်ပါတယ်နော်"

Professor Park Sunghoonစကားအဆုံး အားလုံးက ရှေ့ဆုံးတန်းမှာထိုင်နေတဲ့ လူသေးသေးလေးဆီ အကြည့်ရောက်သွားတာ Harleenမြင်လိုက်ရတယ်။

"အဲတာ ဘယ်သူလဲ"

"Professor Parkရဲ့ အမျိုးသားလေ။ Sim Jakeတဲ့။ Professorသည်းသည်းလှုပ်တာလဲ မပြောနဲ့။ နင်သူ့မြင်ရင် သဘောပေါက်လိမ့်မယ်"

ဂျယ်ယွန်းကလေး...
ဂျယ်ယွန်းကလေး...

စင်ပေါ်ကနေ ဂျယ်ယွန်းကလေးချည်း ထပ်အောင်ပြောသွားတဲ့ Professorကိုကြည့်နေရင်း Harleenရင်ထဲ ဝမ်းသာကြည်နူးစိတ်တွေ လှိုက်ခနဲ လျှံတက်လာတယ်။

ဂျယ်ယွန်းကလေးဆိုသူက အနောက်ဘက်ကိုလှည့်ကြည့်လာတဲ့အခါမှာတော့...

Harleen အမြင်အာရုံထဲ အိုဟောင်းနေတဲ့ဓာတ်ပုံလေးတစ်ပုံကို ပြေးမြင်မိတယ်။

ရေခဲပြင်စကိတ်ကွင်းမှာရိုက်ထားတဲ့ ကောင်လေးနှစ်ယောက်ရဲ့ဓာတ်ပုံ။ တစ်ယောက်ကိုတစ်ယောက် ပုခုံးချင်းမှီလို့ အပြန်အလှန်ဖက်တွယ်ထားပြီး သွားတွေအစီအရီပေါ်တဲ့အထိ ပြုံးရယ်နေကြတာ။

အဲထဲကတစ်ယောက်က Professorမှန်း သူမ သိခဲ့ပြီးသားဖြစ်ပေမယ့်...

နောက်တစ်ယောက်က..
နောက်တစ်ယောက်က...
အခု Professorရဲ့အမျိုးသားဆိုသူပဲ!

သူတို့တွေ... သူတို့တွေ ရသွားခဲ့တယ်ပေါ့ ဟားးးးး

"ခဏနေ နင့်အလှည့်.. ဟင် ငိုနေတာလား။ ရုတ်တရပ်ကြီး။ ဘာလို့လဲ စိတ်လှုပ်ရှားလို့လား"

"ပျော်လို့ပါ အီးဟီးးး ပျော်လို့"

"ဟမ် ရုတ်တရပ်ကြီး ဘာကိုပျော်တာလဲ"

"ငါ့OTPလေး ညားသွားတာပျော်လို့"

"ဘာတွေပြောနေတာလဲ"
ဆောနူမျက်နှာအမူအယာလေးက နားမလည်နိုင်ခြင်းတွေအပြည့်။

ဒါပေမယ့် သူမ ရှင်းပြနိုင်စွမ်းမရှိတော့။ စင်ပေါ်ကနေ ရှေ့တန်းကိုကြည့်ရင်းပြုံးနေတဲ့professorရယ်၊ professorကို မော့ကြည့်နေမှန်း သိသာလှတဲ့ ခေါင်းလုံးလုံးလေးရယ်....

ဒီအကြောင်းတွေ သံစဉ်စပ်ပြီး celloတီးဖြစ်အောင်တီးရမယ်!

Harleenစိတ်ထဲ ခပ်ကြိတ်ကြိတ် ကြုံးဝါးလိုက်တော့တယ်။

🍂

ကျောင်းနောက်ဘက်ဆောင်က အရိပ်ကောင်းကောင်းရတဲ့သစ်ပင်ကြီးအောက်မှာရပ်နေတဲ့ ဂျယ်ယွန်းကလေး။

အဆိုတော်တချို့လာမှာဖြစ်တာကြောင့် ကျောင်းသူတွေရဲ့ပျော်မြူးနေသံက လေထုထဲ ပျံ့လွင့်လို့နေတယ်။

"စောင့်နေရတာ ကြာသွားလား"

"မကြာပါဘူး။ ကလေးတွေကိုကြည့်ပြီး ပျော်နေတာ။ concertလာတာကျနေတာပဲ။ တကယ့်ဟာလေးတွေ"

ဂျယ်ယွန်းကလေးက bannerတွေရော၊ lightstickတွေပါကိုင်လာတဲ့ တက္ကသိုလ်ကျောင်းသူအချို့ကို ရည်ညွှန်းပြောလိုက်တယ်။

"ဂျယ်ယွန်းကလေးတုန်းကဆို သူတို့ထက်တောင် ပိုကဲတာနော်။ concertထဲ အရပ်ပုနေလို့ မမြင်ရဘူးဆိုတာနဲ့ မောင့်ဂုတ်ပေါ်ခွစီးပြီး အားပေးတာလေ။ အပေါ်ကနေ ခုန်ဆွခုန်ဆွနဲ့ နောက်တစ်နေ့လဲရောက်ရော မောင့်မှာလည်ပင်းကြီးတောင့်ပြီး ထမင်းတောင်ကောင်းကောင်းမစားနိုင်ဘူး"

"ဟီးဟီး ဟုတ်တယ်။ ပျော်စရာကြီး အဲတုန်းက"

"အခုလဲ ပျော်စရာကောင်းပါတယ်။ ဂျယ်ယွန်းကလေးသာရှိနေရင် ဘယ်နေရာရောက်ရောက် အမြဲပျော်စရာကောင်းတယ်"

ဆောင်းဟွန်းက ဂျယ်ယွန်းလက်ကလေးကို ခပ်ဖွဖွဆုပ်ကိုင်ပြီး ကျောင်းနောက်ဘက်က နှမ်းခင်းတွေဆီကြည့်လိုက်တယ်။

အဝါရောင်ပန်းတွေက လေအဝှေ့မှာ ယိမ်းနွဲ့ကခုန်လို့....

ဆောင်းဟွန်းလက်ကို ပြန်လည်ဆုပ်ကိုင်လာတဲ့ ဂျယ်ယွန်းအပြုံးတွေကခပ်ဖွဖွ။

နှုတ်ခမ်းထောင့်လေး ခပ်ဆဆပြုံးရုံနဲ့တင် ဆောင်းဟွန်းရင်ကို အခုန်မြန်နေစေဆဲ...

သံသရာရထားလေး ဘယ်ဘဝမှတ်တိုင်ရောက်ရောက်ပေါ့ကွယ်...
ဆိုက်ကပ်လေရာ ခရီးဆုံးတိုင်းမှာ ဂျယ်ယွန်းကလေးနဲ့သာအတူတူဆို ပတ်ဆောင်းဟွန်းတို့ ဒီအဆုံးမဲ့ဝဲဂယက်မှာ ကမ္ဘာအနတ္တတိုင်အောင် ပျော်ဝင်ဖို့သာ ရွေးချယ်ပါဦးမည် ~

ပြီးပါပြီ။

🍂

နောက်ဆုံးတော့ မောင်နဲ့ ဂျယ်ယွန်းကလေးတို့ ဇာတ်လမ်းလေးဟာ ပြီးဆုံးသွားပါပြီ။ အစကနေအဆုံးထိ ဖတ်ပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ် 💕

Continue Reading

You'll Also Like

67.7K 2.5K 29
He was feared by all, including the emperor. He fought wars and conquered. He cared for no man. It was known to all that he had no emotions except ha...
3K 216 2
SIM JAEYUN Γ— PARK SUNGHOON (oneshot) Both 'Unicode' and 'Zawgyi' are included πŸ’•
730K 16.5K 45
In wich a one night stand turns out to be a lot more than that.
1.1M 59.4K 37
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...