Uni
ခေတ် မနက်စာ ပြင်ဆင်ပြီး မောင် ဘုရားရှိခိုးနေတာကို စောင့်နေလိုက်သည်။ မောင်က ခေတ်နဲ့မင်္ဂလာဆောင်ပြီး ထဲက မနက်တစ်ခါ ညတစ်ခါ ဘုရားခန်းဝင်ကာ ဘုရားရှိခိုးတဲ့အကျင့်ရှိလာသည်။ ခေတ် ဘုရားခန်းသန့်ရှင်းလေး လုပ်ရင် လည်း ကူလုပ်တတ်သလို ဘုရားပန်းလဲရင်လည်း ကူပေးတတ်သည်။ ဦးပုသ်နေ့တိုင်း ခေတ် ဦးပုသ်စောင့်တဲ့အခါ တစ်ခါတလေ ဦးပုသ်စောင့်တတ်လာသည်။ ကောင်းတဲ့အကျင့်လေးတွေရှိလာသလို ခေတ်ကို သဝန်တို တာကတော့ပိုဆိုးလာသည်။ အိမ်ထောင်ကြပြီး ၆ လလောက်ရှိနေတာတောင် ခေတ်နဲ့ကော်နဲ့ကပ်ထားသလို။ သူ့ကို မပြောဘဲတစ်ခုခု လုပ်မိရင်လည်း စိတ်ဆိုးတတ်သေးသည်။ စိတ်ဆိုးတာလည်းသူပဲ ပြန်ချော့ရတာလည်းသူပါပဲ။
"မောင် ပြီးပြီလား
လာမနက်စာ ပြင်ထားပြီ စားရအောင် "
"ဟုတ် "
ခေတ် မနက်စာအတွက် မောင်ကြိုက်တဲ့မုန့်ဟင်းခါးကို အိုးဘဲဥ ၊ ငါးဖယ် ၊ အကြော်စုံ နဲ့ လုပ်ပေးထားသည်။ နှပ်ကော်ဖီ ပူပူလေးကို လည်းကျနေအောင်ဖျော်ပြီး အသင့်ထည့်ပေးထားလိုက်သည်။ အလုပ်အရမ်းများတဲ့ မောင့်အတွက် မနက်စာတော့ ကောင်းကောင်းလေးစားစေချင်သည်။
"ဝါးး မုန့်ဟင်းခါးကလည်းမွှေးနေတာပဲ"
"မောင်!! ခေတ်ချက်တာ ကောင်းကော ကောင်းရဲ့လား "
"မောင့် အချစ်လေးချက်တာ ဘာဖြစ်ဖြစ်ကောင်း"
မောင်ကအဲ့လိုပါဆို ခေတ်ချက်တာဆို ဂျီးမများဘူး ဘာဖြစ်ဖြစ် စားတာ ။ အခုလည်းစားနေရင်းက ခေတ်ကို တစ်စိမ့်စိမ့်ကြည့်ပြီး ...
"ခေတ်လေး အခုတလော နည်းနည်းလေး ပြည့်လာသလိုပဲ
ပိုလည်း လှလာတယ်နော် "
"မောင်ကတော့ကိုယ့် ငါးချဥ်ကိုယ်ချဥ်နေပြန်ပြီ "
တကယ်လည်း ခေတ် နည်းနည်းလေး
ပြည့်လာတာပါ ။ မာမီနဲ့တိုင်ပင်ပြီး ခေတ် မောင့်အတွက် ခလေး ယူမယ်ဆိုတော့ မာမီက သူ့သူငယ်ချင်း OG နဲ့ ပြပေးတာပါ။ ဆရာမကြီးက ခေတ်ကို အားဆေးတွေ သောက်ခိုင်း ၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခိုင်းသည်။ အစားအသောက်လည်း အရင်လို မစားပဲ မနေတောဘူး ။ အချိန်မှန်စား ၊ အချိန်မှန်အိပ်ဆိုတော့ လူက နည်းနည်း ပြည့်လာ၏ ။
"မောင် !!"
"ပြောလေ ခေတ်လေး "
"ဒီနေ့ ခေတ် မောင်နဲ့မလိုက်တော့ဘူး "
"ဘာလို့လဲ"
"မာမီ့ဆီဝင်စရာရှိလို့ "
ခေတ် လက်ထပ်ပြီးထဲက မောင်က ကိုယ်တိုင် ကားမမောင်းခိုင်းတော့ဘဲ သူနဲ့ ပဲ သွားခိုင်းသည်။ မနက်ကို မောင်အလုပ်သွားရင် ခေတ်ကို ဆိုင် မှာ ပို့ပေးခဲ့သည်။ ညနေ သူအလုပ်ဆင်းရင်ပြန်လာကြိုပေးသည်။ နေ့ခင်းဘက် အလုပ်အားရင် ခေတ်နဲ့အတူ နေ့လည်စာ လာစားတတ်သည်။
"Sunday မှသွား မောင်လိုက်ပို့မယ် "
"မောင်ကလည်း ....."
"သွားသွား ..သဘောပဲ "
မောင်ကပြောကာ ကိုစည်သူ ဖွင့်ပေးထားတဲ့ကားနောက်ခန်းထဲဝင်ပြီး ခေတ်ကိုတောင်ပြန်လှည့်မကြည့်တော့ ။ စိတ်ဆိုးသွားပြန်တာ ။ အရင်ကဆို အလုပ်မသွားခင် အားဆေးဆိုပြီးအနမ်းပေးရသေးသည်။ အခုတော့ ....
ခေတ်က ဒီနေ့ OG နဲ့ ချိန်းထားတာ မာမီနဲ့ သွားမလို့ ။ ခေတ်ကို ဆေးစစ်ချက်တွေ တစ်လ တစ်ကြိမ်လုပ်ရ၏။ ဆေးစစ်တဲ့ result ကောင်းတာနဲ့ ဘန်ကောက်မှာ သားအိမ်ထည့်တာ လုပ်ရမှာ ။ ဘန်ကောက်မှာ ခွဲစိတ်ဖို့လည်း သူပဲအားလုံးလုပ်ပေးတာ ။ ဒီနေ့ ပြန်ပြရမယ့်နေ့ဆိုတော့ မာမီဆီဝင်ပြီး အတူတူသွားကြမှာ ။
မာမီကတော့ ခေတ်ကို အရင်ကထက်တောင်ပိုပြီးဂရုစိုက်၏။ မောင်အတွက် ရင်သွေးလေး မွေးပေးမယ်ဆိုတော့ မာမီက မျက်ရည်တွေကျပြီး ကျေးဇူးတွေတင်နေတာ ။ ခေတ်အတွက် လည်း အကောင်းဆုံးဆိုတာတွေပဲလုပ်ပေးတာ ။ သူသားလေးကအတွက် ပါရမီဖြည့်ဖက်ကောင်းလေးလို့လည်း အမြဲချီးကျူးသေးတာ ။
~~~~~~~~~~~~~~
"ထားရေ result တွေ အားလုံးအဆင်ပြေတယ်
မင်း သားကိုခေါ်ပြီးဒီအပတ်ထဲ
ဘန်ကောက်သွားလိုက်တော့
ငါ ဟိုက ဆေးရုံကို အားလုံး join ထားလိုက်မယ် "
"ကျေးဇူးပါ သူငယ်ချင်းရယ် "
"ကျေးဇူးပါ ဆရာမကြီး "
"ရပါတယ် သားခေတ်လေး
စိတ်အေးအေးထားပြီး ခွဲစိတ်မှုကို အကောင်းဆုံးလုပ်ခဲ့
ကျန်တဲ့ ကိစ္စ ဆရာမကြီး အားလုံးစီစဥ်ပေးမယ် "
"ဟုတ်ကဲ့ ပါ ဗျ"
ခေတ် စိတ်လှုပ်ရှားစွာ မာမီနဲ့အတူ အိမ်ပြန်လာခဲ့သည်။ ခွဲစိတ်မှုက ၂ပတ်လောက်ကြာမှာဆိုတော့ မာမီက သူ့အတွင်းမှူးကိုပါခေါ်ခဲ့ဖို့ ဆုံးဖြတ် လိုက်သည်။ မာမီနဲ့ ဘန်ကောက်သွားဖို့ အစီအ
စဥ်ဆွဲနေရင်း မောင့်ကို message ပို့လိုက်၏။
📩မောင် ခေတ်မာမီ့ ဆီမှာ အပြန်ဝင်ခေါ်ပေး
"မာမီ ခေတ်တို့ ရွေဘုန်းကို ဘယ်လိုပြောကြမလဲ"
"စိတ်မပူနဲ့သားခေတ်လေး မာမီ အားလုံးစီစဥ်မယ်
မာမီ့မှာ အကြံရှိတယ် "
မာမီနဲ့ အားတတ်သရော စီစဥ်နေစဥ်မောင်ရောက်လာတော့ ၂ယောက်သားစကားလမ်းကြောင်းလွှဲကာ ။
"သားငယ်လေး ညစာစားပြီးမှပြန်
သားကို မာမီ ပြောစရာရှိတယ် "
"ဟုတ်မာမီ "
"မာမီ medical check up လုပ်ဖို့ ဘန်ကောက်ကို သွားရမှာ
သားခေတ်လေးခေါ်သွားမလို့ "
"ရတယ်လေ သားလည်းလိုက်မယ် "
"မာမီက ၂ပတ်လောက်ကြာမှာ သားအလုပ်ကထားခဲ့လို့ရလား "
ခေတ်က သားအမိ ၂ယောက်ပြောတာကို ဘာမှဝင်မပြောဘဲနားထောင်နေလိုက်သည်။ တကယ်က ရွှေဘုန်းအလုပ်ကို အကြာကြီးထားခဲ့လို့မရပါ။ ခေတ်ကိုလည်းတစ်ယောက်ထဲမထည့်ပေးချင် ။ ကိုယ့်မိဘ ဆိုတော့လည်း ကိုယ်မလိုက်နိုင်ပေမယ့် ခေတ်လေးလိုက်ပေးမှာကိုပဲကျေးဇူးတင်ရအုန်းမည်။
"ခေတ်လေးက လိုက်ဖို့အဆင်ပြေလား "
"ပြေတယ်လေ မောင်ရဲ့ ကိုယ်မာမီ ပဲကို "
"ဒါဆို ဟိုမှာ နေဖို့ သားအားလုံးစီစဥ်ပေးထားမယ်မာမီ
ဘယ်နေ့သွားမှာလည်း "
"သဘက်ခါ သားငယ်လေး "
မောင်နဲ့ မာမီတို့ဆီမှာ ညစာ စားပြီး ခေတ်တို့အိမ်ကို ပြန်လာခဲ့ကြသည်။
"မောင်!!!"
"ဗျာ"
" ခေတ်ကို စိတ်ဆိုးနေတုန်းလား "
"မဆိုးပါဘူးကွာ ဘာလို့လည်း "
"မောင့်ကြည့်ရတာ မျက်နှာ မလန်းလို့ "
ရွှေဘုန်းတစ်ယောက် ၂ ပတ်ကြီးတောင် ခေတ်လေး နဲ့ ခွဲရမှာဆိုတော့ မျက်နှာက ပျက်နေသည်။ လိုက်မသွားနဲ့ လို့ တားလို့လည်းမရ ။
"မောင်က ခေတ်နဲ့ ၂ပတ်ကြီးများတောင်ခွဲရမှာကို ပျော်နေရမှလား "
"အမလေး ခေတ်ယောကျာ်းကတော့ "
"တကယ်ပြောတာ "
"အင်းပါ ခေတ်လည်း ဘယ်ခွဲချင်မလဲမတတ်သာလို့ပါ "
"ခေတ် အလုပ်တွေကော ဘယ်လိုလုပ်ခဲ့မလဲ"
"ရတုနဲ့မဆုကို အပ်ခဲ့ရမှာပေါ့"
"အင်းပါ ခေတ်လေး အဆင်ပြေရင်ပြီးတာပဲ "
"လာ မောင့်ရင်ခွင်ထဲ အိပ်ရအောင် "
'အလုပ်က မောင်လောက်အရေးမကြီးပါဘူး 'ခေတ်ရင်ထဲက ပြောနေမိတာပါ ။ မောင် ရင်သွေးလေးကိုယူဖို့ ခေတ်ကြိုးစားခဲ့တာ အခုပထမ ခြေလှမ်းအစပါ ။ ခေတ်အတွက် ခက်ခဲမှန်းသိပေမယ့် မောင့်အတွက် မောင့်မျိုးဆက်လေးကို သူများတွေလို ရှိစေချင်တာ ။ ယောကျာ်းတစ်ယောက်ကို ယူလိုက်ရလို့ မျိုးဆက်မကျန်ခဲ့ဘူးဆိုတာကို မောင့်ကို မဖြစ်စေချင်တာ ။ မောင့်အတွက် ခေတ် အတ္တကြီးတယ်မောင်။
~~~~~~~~~~~~~~~
"ဟောင့်တန်ခိုး မင်း ငါတိုနဲ့ လာတွေ့ဖော်ရသေးတယ်နော်
မင်းကို ရန်ကုန်မှာတောင်မနေတော့ဘူးထင်နေတာ "(အဏ္ဏဝါ)
"မင်းက ပြောတော့မယ် "(ရွှေဘုန်း )
"အခုကော ဘာလည်း အကို ခေတ်နဲ့ စိတ်ဆိုးလာပြန်ပြီလား " (ခန့်မင်း)
ဒီကောင်တွေပြောမယ်ဆိုလည်းပြောစရာ ရွှေဘုန်း မင်္ဂလာဆောင်ပြီးထဲက သူငယ်ချင်းတွေနဲ့လည်းမတွေ့ဖြစ် ။ ခေတ်လေးအနားပဲကပ်နေတာ ။ အခုတောင် ခေတ်လေးမရှိလို့ ဒီကောင်တွေကို bar မှာ ချိန်းလိုက်တာ ။
"ခေတ်လေး မရှိဘူး ဘန်ကောက်သွားတယ်"(ရွှေဘုန်း)
"ထင်သားပဲ သူ့လင်မရှိမှ ငါတို့ကို သတိရမယ်ဆိုတာ "(အဏ္ဏဝါ)
"မင်းတို့ကို ပြောနေရင်းတောင် ခေတ်လေးကို သတိရလာပြီ" (ရွှေဘုန်း)
"ခွေးကောင် ပိုကိုပိုတယ် "(ခန့်မင်း)
သူငယ်ချင်းနှစ်ယောက် ရွှေဘုန်းကို ဝိုင်းပြီးဩဘာပေးကြတာဆူညံလို့။ ရွှေဘုန်းကတော့ ဂရုမစိုက် သူသောက်စရာရှိတာများကို တစ်ခွက်ပြီးတစ်ခွက် သောက်နေတော့သည် ။
"ငါပြန်တော့မယ် သားရီးတို့" (ရွှေဘုန်း)
"ဟအစောကြီး ရှိသေးတယ်လေ လဒရဲ့ " (အဏ္ဏဝါ)
"ခေတ်လေးနဲ့ ဖုန်းပြောရအုန်းမှာ
ဒါပဲကွာ ပြန်ပြီ"(ရွှေဘုန်း)
ဆိုင်ထဲက ခြေလှမ်းမှန်မှန်ထွက်သွားတဲ့ သူငယ်ချင်းကြီးကို ကြည့်ပြီး ခန့်မင်း ခေါင်းခါလိုက်သည်။ ကမ္ဘာပေါ်မှာ အချစ်တတ်ဆုံးယောကျာ်းကိုကြည့်ပါဆိုရင် ရွှေဘုန်းကို ကြည့်ရမည်။ ရွှေဘုန်း ဘဝမှာ လူ မှန်းသိတတ်ထဲက အချစ်ဆိုလို့ ခေတ်တစ်ယောက်ထဲပဲရှိခဲ့တယ်ကို သူ့သူငယ်ချင်းတွေသိသည်။ ဒီလောက်ပြည့်စုံနေတဲ့ကောင်က အချစ်ရေးကိစ္စ ကင်းရှင်းတာတော့ စံပဲ။
~~~~~~~~~~~~~~~~
ရွှေဘုန်း ဒီနေ့ မာမီတို့ကို ကြိုဖို့ ကိုစည်သူနဲ့ ၂ယောက် အလုပ်တွေမအားတဲ့ကြားက လေဆိပ်ကို မောမောပန်းပန်းရောက်လာကြသည်။ လူတွေကြားထဲမှာ ထင်းနေတဲ့ ကျနော့ရဲ့အဖြူရောင်နတ်သားလေးကို မြင်လိုက်ရတာ နဲ့ ဘဝအမောတွေ ပြေသွား၏ ။
အိမ်အပြန်လမ်းမှာ မာမီက lover seat မှာထိုင်ပြီး ရွှေဘုန်းနဲ့ ခေတ်က နောက်ခန်းမှာ ထိုင်လိုက်သည်။ ရွှေဘုန်း သတိထားမိလိုက်တာ လေဆိပ်မှာ ထဲက ခေတ်လေးက သူ့လက်ကို ကိုင်ထားတာ အခုထိ လွှတ်မပေးသေး။ ခရီးပန်းလို့ထင်တယ်မျက်နှာ လေးက နွမ်းနေပြီး ရွှေဘုန်းပုခုံးပေါ် ခေါင်းလေးမှီကာ လိုက်ပါလာသည်။ ညနေခင်း ကားလမ်းက ပိတ်တော့ ကားပေါ်မှာ မာမီကို မေးစရာရှိတာများမေးလိုက်သည်။
"မာမီ result က ဘယ်လိုလဲ"
"အဆင်ပြေတယ် သားငယ်လေး "
"ဟူးးးးတော်သေးတာပေါ့ "
မာမီက ပေါ့ပေါ့ပါးပါး လန်းလန်းဆန်းဆန်းပေမယ့် ခေတ်လေးက ဖြူဖြူဖျော့ဖျော့ ။
"ခေတ်လေးက နေမကောင်းဘူးလား "
"မဟုတ်ပါဘူး မောင့်ကို လွမ်းလို့ "
ရွှေဘုန်း နားနားကပ်ပြီးတိုးတိုးလေးပြောနေတာ ။ ဒီကောင်က အလွမ်းတွေပြေသွားတာပဲ။ ခေတ်လက်ကို ကိုင်ပြီး အနမ်းပေးလိုက်သည်။ မာမီကို အိမ်ပြန်လိုက်ပို့ပြီး ခေတ်တို့အိမ်ပြန်ခဲ့ကြသည်။
"ဟူးးး ကိုယ့်အိမ်ကို ရောက်တော့မှပဲ
လန်းဆန်းသွားတာပဲ"
"ခေတ်လေး ညစာ ဘာစားမလဲ သွားဝယ်ခိုင်းလိုက်မယ်"
ရောက်ကတည်းက ရွေဘုန်းရင်ခွင်ထဲမှာ ခလေးတစ်ယောက်လို ကပ်နေတဲ့ ခေတ်လေးကို ရွှေဘုန်းသံတယ ဝင်လာသည်။ အရင်ကဆို ခေတ်က အရမ်းသွက်တာ။ ခရီးထွက်တာဆို သူ့အကြိုက် ။ shopping ထွက်ရတာကိုမမောမပန်း ။ အခုတော့ တမျိုးလေးဖြစ်ပြီး ရွေဘုန်း ရင်ခွင်ထဲက မထွက်ဘဲမှိန်းနေသည် ။
"မောင်....ခဏလေး ဒီလိုလေးနေချင်သေးလို့ပါ "
"ခေတ်လေး မောင့်ကိုကြည့်"
"ခေတ်တစ်ခုခု ဖြစ်လာတယ်မို့လား မောင့်ကိုပြော မောင်ရင်တွေပူလွန်းလို့ပါ "
"ဘာမှမဖြစ်ပါဘူး မောင်ကလဲ "
"ခေတ်မပြောရင် မာမီကို ဖုန်းဆက်မေးမှာနော်
ခေတ်ပါးစပ်က မပြောဘဲ အခြားသူပြောမှ သိရတာဆို မောင့်အဆိုးမဆိုနဲ့ "
"ဟင့်......."
ခေတ်ငိုရင်းက အကြောင်းစုံ ပြောပြလိုက်တော့သည်။ မပြောပြလို့လည်းမရ။ မောင်က မာမီ့ကိုပြသနာသွားရှာနေရင် ဒုက္ခ ။ မာမီက ခေတ်က တောင်းဆိုလို့ အစစအရာရာ ကူညီနေတာ။
"တောက်!!!!"
"ဒီလောက်ကိစ္စကြီးကို မောင့်ကို ဘာလို့မတိုင်ပင်တာလဲ
မောင်က ခေတ်အတွက်ဘာလဲ
ခလေးမွေးပေးပါလို့ကောပူဆာဘူးလား
မောင့်ဘဝမှာ ခေတ်ကအဓိကပဲ
ခွဲရင်းစိတ်ရင်းတစ်ခုခု ဖြစ်သွားခဲ့ရင်
မောင် ဘာလို လုပ်မလဲ"
"ကျစ်"
"......."
"မငိုနဲ့တော့ ကိုယ်လုပ်ချင်တာ လုပ်ပြီးငိုဖို့ပဲသိတယ် "
မောင်က ခေတ်ဘက်ကို တချက်မကြည့်ပဲဒေါသတွေ ထွက်နေတော့သည်။ ခေတ် ကိုယ်အမှားနဲ့ကိုယ်မို့ ဘာသံမှမထွက်ရဲ။ ငိုသာ ငိုနေလိုက်သည်။ မောင်ပြောတာလည်းမှန်နေတာပဲလေ။ ခေတ်က ကိုယ်သဘောနဲ့ကိုယ် လုပ်ချင်ရာ လုပ်မိတာကို။
"......."
ခဏကြာသည်အထိ အသံတိတ်သွားပြီး ရွှေဘုန်းစိတ်ကို အတပ်နိုင်ဆုံးလျော့ကာ ခေတ်လေးကို စပြီး စကားပြောလိုက်သည်။ ဒီအချိန်မှာ ခေတ်က လူမမာမို့ ရွှေဘုန်းဘက်က စလျော့ရတော့သည်။
"မငိုတော့နဲ့ခေတ်လေး ခေါင်းကိုက်နေလိမ့်မယ် ထမင်းသွားစားရအောင် "
"ဟင် ... "
ရွှေဘုန်း အသံတိတ်သွားတယ်ဆိုပြီး
ကြည့်လိုက်တော့ ခေတ်လေးကခုတင်ပေါ်မှာကွေးကွေးလေး အိပ်ပျော်နေပြီ။
ရွှေဘုန်းက ခေတ်ထက်ပိုပြီး ခလေးလိုချင်တာပေါ့ ။ ဒါပေမယ့် ကိုယ်ချစ်တဲ့လူရဲ့အသက်နဲ့ရင်းပြီး ခလေးမယူချင်ပါဘူး။ အဲ့လောက် ရွှေဘုန်းမိုက်ရူးရဲမဆန်ပါ။ ခေတ်လေးကိုကြည့်ပြီးသနားလိုက်တာ ။ ခေတ်လေးကို ရင်ခွင်ထဲသွင်းပြီး အိပ်လိုက်ပေမယ့် ရွှေဘုန်းအိပ်မပျော်ပါ ။ ဆီးခုံပေါ်က ခွဲထားတဲ့ဒဏ်ရာလေးကိုကြည့်ပြီး ရွှေဘုန်း မျက်ရည်ကျလာသည် ။ ခေတ်လေးရယ် မောင်ရူးသွားတာကို မြင်ချင်လို့လားကွာ။
~~~~~~~~~~~~
"ဝါးးးးအိပ်လို့ကောင်းလိုက်တာ "
ခေတ် ကိုယ်အိမ်ကိုယ်အိပ်ယာမို့လားမသိ အိပ်ပျော်သွားလိုက်တာ ။ ဘေးကို ကြည့်လိုက်တော့ မောင်က မရှိ။
ဖုန်းက နာရီကိုယူပြီးကြည့်တော့ ၇ နာရီပဲထိုးသေးတယ်။ ဒီအချိန်က မောင်ထနေကြအချိန်မဟုတ်။ ခေတ်ကို စိတ်ဆိုးပြီး စာကြည့်ခန်းထဲသွားအိပ်တယ်ထင်ပြီး ခေတ်စိတ်မကောင်းဖြစ်နေသည်။
"ချပ် "
တံခါး ဖွင့်သံနဲ့အတူ မောင်ခြေသံ
"မောင့်ကလေးလေး နိူးနေပြီလား "
"မောင်ဘယ်သွားတာလဲအစောကြီး
မောင်က ခေတ်ကို စိတ်ဆိုးပြီးထားသွားပြီထင်တာ"
"ဟားးး
ဒီလောက်ချစ်စရာကောင်းတဲ့ ကလေးလေးကို မောင်က စိတ်အကြာကြီးမဆိုးနိုင်ပါဘူးဗျာ "
"ဟင့်.... ညတုန်းကတော့ ခေတ်ကို အော်ငေါက်ပြီးတော့ "
"တော်ပြီ ခေတ်လေး
မငိုရတော့ဘူး
ခလေးယူမယ်ဆိုတဲ့လူက တချိန်လုံးငိုနေလိုဖြစ်မလား "
"မောင့်ကိုကြည့် "
မောင့်ရဲ့ အကြင်နာအပြည့်နဲ့မျက်ဝန်းတစ်စုံကို ခေတ် အိပ်ယာပေါ်က မထသေးဘဲကြည့်လိုက်သည်။ မောင်က ခေတ်ကို ငေါက်ချင်လို့ငေါက်တာမဟုတ်ကြောင်း ၊နောက်တခါ ဘာကိစ္စ ဖြစ်ဖြစ် မောင်က ခွင့်ပြုမှာမို့ သူကို မပြောဘဲမနေဖို့ ကို တည်ကြည်စွာ ပြောနေသည်။ အခုလည်း ခေတ်ကို အလုပ်မသွားပဲ နားနားနေနေ နေဖို့ ဆေးခန်းသွားရင်လည်းသူနဲ့အတူသွားဖို့ကိုလည်းထပ်ထပ်ခါခါ မှာနေတော့သည်။
"မောင်က အစောကြီးပျောက်သွားတာကို ခေတ်က ဝမ်းနည်းသွားတာပေါ့ "
"မောင်က ခေတ်လေးစားဖို့ breakfast သွားပြင်တာ ညကလည်းမစားဘဲအိပ်သွားတာ ဘယ်သူလဲ"
"ခေတ်နိုးလာမှ လုပ်မှာပေါ့ မောင်ကလဲ"
"ဒီနေ့ကစပြီး ခေတ်လေးမီးဖိုခန်း ဝင်ဖို့
ခွင့်မပြုတော့ဘူး "
"ကိုစည်သူ့ အမျိုးသမီးမအေး အားလုံး လုပ်ပေးလိမ့်မယ်
ခေတ်လေး အနားယူပြီး အားမွေးထား မောင်လည်း အလုပ်တစ်ပတ်မသွားဘူး "
"မောင်ကအလုပ်မသွားလို့ ရလို့လား"
"မောင့်အလုပ်က ခေတ်လောက်အရေးမကြီးဘူး မောင့်ဘဝမှာ အခုကော နောက်ကော ခေတ်လေးက နံပါတ်တစ်
ပြောစကားနားထောင်မောင့်ခင်ပွန်းလေး
မောင့်ကိုစိတ်ညစ်အောင်မလုပ်နဲ့ "
"မဟုတ်ဘူးလေမောင်ရဲ့ ခေတ်ကြောင့် မောင်အလုပ်ပျက်နေမှာဆိုးလို့ပါ "
"ဘာမှ စိတ်မပူနဲ့ ဒယ်ဒီက အလုပ်ပျက်လို့ မောင့်ကိုအလုပ်ဖြုတ်လိုက်ရင်တောင် ခေတ်ကို တစ်ဘဝလုံးတင့်တင့်တယ်တယ် ထားနိုင်တယ် "
"အင်းပါ ယောကျာ်းရယ် "
ခေတ်ရဲ့ ယောကျာ်းရယ်ဆိုတဲ့ စကားတစ်ခွန်းကြောင့် ရွှေဘုန်းရဲ့ ဒေါသတွေက အရည်ပျော်ကျပြီး မေးမှာ ရှိတဲ့ အချိုင့်လေးပေါ်အောင် ပြုံးနေတော့သည်။
ရွှေဘုန်းကုမ္ပဏီကိစ္စနဲ့ပါတ်သက်လို့
ကိုသူရ ကို အားလုံးမှာထားပြီးပြီ။ အစည်းအဝေးတွေ အားလုံးနောက်တစ်ပတ်မှလုပ်ဖို့။ လက်မှတ်ထိုးစရာ အရေးကြီးကိစ္စဆိုရင် အိမ်လာပို့ဖို့ ။ အရေးမကြီးရင် ကိုသူရ အားလုံးစီစဥ်ဖို့အထိပါ မှာထား၏။
ရွှေဘုန်းသူ့ချစ်သူလေး ကိုကြည့်နေရင်းကသနားလာသည်။ ဘာကြောင့် ရွှေဘုန်းအတွက်နဲ့ ကိုယ့်အသက်ကိုယ်တောင် ဂရုမစိုက်ဘဲသားအိမ် ထည့်ရတာလဲ။ ခေတ်လေးရဲ့ ဗိုက်ပေါ်က အင်္ကျီလေးကို လှန်ရင်း ဒဏ်ရာလေးကို နမ်းလိုက်၏။
"ဘာလို့ မောင့်အတွက်နဲ့ အဲ့လောက်ဒုက္ခခံရတာလဲကွာ"
အချစ်များစွာဖြင့်🌻
18.5.2022(Wed)
..............................................
Zawgyi
ေခတ္ မနက္စာ ျပင္ဆင္ၿပီး ေမာင္ ဘုရားရွိခိုးေနတာကို ေစာင့္ေနလိုက္သည္။ ေမာင္က ေခတ္နဲ႕မဂၤလာေဆာင္ၿပီး ထဲက မနက္တစ္ခါ ညတစ္ခါ ဘုရားခန္းဝင္ကာ ဘုရားရွိခိုးတဲ့အက်င့္ရွိလာသည္။ ေခတ္ ဘုရားခန္းသန့္ရွင္းေလး လုပ္ရင္ လည္း ကူလုပ္တတ္သလို ဘုရားပန္းလဲရင္လည္း ကူေပးတတ္သည္။ ဦးပုသ္ေန႕တိုင္း ေခတ္ ဦးပုသ္ေစာင့္တဲ့အခါ တစ္ခါတေလ ဦးပုသ္ေစာင့္တတ္လာသည္။ ေကာင္းတဲ့အက်င့္ေလးေတြရွိလာသလို ေခတ္ကို သဝန္တို တာကေတာ့ပိုဆိုးလာသည္။ အိမ္ေထာင္ၾကၿပီး ၆ လေလာက္ရွိေနတာေတာင္ ေခတ္နဲ႕ေကာ္နဲ႕ကပ္ထားသလို။ သူ႕ကို မေျပာဘဲတစ္ခုခု လုပ္မိရင္လည္း စိတ္ဆိုးတတ္ေသးသည္။ စိတ္ဆိုးတာလည္းသူပဲ ျပန္ေခ်ာ့ရတာလည္းသူပါပဲ။
"ေမာင္ ၿပီးၿပီလား
လာမနက္စာ ျပင္ထားၿပီ စားရေအာင္ "
"ဟုတ္ "
ေခတ္ မနက္စာအတြက္ ေမာင္ႀကိဳက္တဲ့မုန့္ဟင္းခါးကို အိုးဘဲဥ ၊ ငါးဖယ္ ၊ အေၾကာ္စုံ နဲ႕ လုပ္ေပးထားသည္။ ႏွပ္ေကာ္ဖီ ပူပူေလးကို လည္းက်ေနေအာင္ေဖ်ာ္ၿပီး အသင့္ထည့္ေပးထားလိုက္သည္။ အလုပ္အရမ္းမ်ားတဲ့ ေမာင့္အတြက္ မနက္စာေတာ့ ေကာင္းေကာင္းေလးစားေစခ်င္သည္။
"ဝါးး မုန့္ဟင္းခါးကလည္းေမႊးေနတာပဲ"
"ေမာင္!! ေခတ္ခ်က္တာ ေကာင္းေကာ ေကာင္းရဲ႕လား "
"ေမာင့္ အခ်စ္ေလးခ်က္တာ ဘာျဖစ္ျဖစ္ေကာင္း"
ေမာင္ကအဲ့လိုပါဆို ေခတ္ခ်က္တာဆို ဂ်ီးမမ်ားဘူး ဘာျဖစ္ျဖစ္ စားတာ ။ အခုလည္းစားေနရင္းက ေခတ္ကို တစ္စိမ့္စိမ့္ၾကည့္ၿပီး ...
"ေခတ္ေလး အခုတေလာ နည္းနည္းေလး ျပည့္လာသလိုပဲ
ပိုလည္း လွလာတယ္ေနာ္ "
"ေမာင္ကေတာ့ကိုယ့္ ငါးခ်ဥ္ကိုယ္ခ်ဥ္ေနျပန္ၿပီ "
တကယ္လည္း ေခတ္ နည္းနည္းေလး
ျပည့္လာတာပါ ။ မာမီနဲ႕တိုင္ပင္ၿပီး ေခတ္ ေမာင့္အတြက္ ခေလး ယူမယ္ဆိုေတာ့ မာမီက သူ႕သူငယ္ခ်င္း OG နဲ႕ ျပေပးတာပါ။ ဆရာမႀကီးက ေခတ္ကို အားေဆးေတြ ေသာက္ခိုင္း ၊ ေလ့က်င့္ခန္းပုံမွန္လုပ္ခိုင္းသည္။ အစားအေသာက္လည္း အရင္လို မစားပဲ မေနေတာဘူး ။ အခ်ိန္မွန္စား ၊ အခ်ိန္မွန္အိပ္ဆိုေတာ့ လူက နည္းနည္း ျပည့္လာတာ ။
"ေမာင္ !!"
"ေျပာေလ ေခတ္ေလး "
"ဒီေန႕ ေခတ္ ေမာင္နဲ႕မလိုက္ေတာ့ဘူး "
"ဘာလို႔လဲ"
"မာမီ့ဆီဝင္စရာရွိလို႔ "
ေခတ္ လက္ထပ္ၿပီးထဲက ေမာင္က ကိုယ္တိုင္ ကားမေမာင္းခိုင္းေတာ့ဘဲ သူနဲ႕ ပဲ သြားခိုင္းသည္။ မနက္ကို ေမာင္အလုပ္သြားရင္ ေခတ္ကို ဆိုင္ မွာ ပို႔ေပးခဲ့သည္။ ညေန သူအလုပ္ဆင္းရင္ျပန္လာႀကိဳေပးသည္။ ေန႕ခင္းဘက္ အလုပ္အားရင္ ေခတ္နဲ႕အတူ ေန႕လည္စာ လာစားတတ္သည္။
"Sunday မွသြား ေမာင္လိုက္ပို႔မယ္ "
"ေမာင္ကလည္း ....."
"သြားသြား ..သေဘာပဲ "
ေမာင္ကေျပာကာ ကိုစည္သူ ဖြင့္ေပးထားတဲ့ကားေနာက္ခန္းထဲဝင္ၿပီး ေခတ္ကိုေတာင္ျပန္လွည့္မၾကည့္ေတာ့ ။ စိတ္ဆိုးသြားျပန္တာ ။ အရင္ကဆို အလုပ္မသြားခင္ အားေဆးဆိုၿပီးအနမ္းေပးရေသးသည္။ အခုေတာ့ ....
ေခတ္က ဒီေန႕ OG နဲ႕ ခ်ိန္းထားတာ မာမီနဲ႕ သြားမလို႔ ။ ေခတ္ကို ေဆးစစ္ခ်က္ေတြ တစ္လ တစ္ႀကိမ္လုပ္၏။ ေဆးစစ္တဲ့ result ေကာင္းတာနဲ႕ ဘန္ေကာက္မွာ သားအိမ္ထည့္တာ လုပ္ရမွာ ။ ဘန္ေကာက္မွာ ခြဲစိတ္ဖို႔လည္း သူပဲအားလုံးလုပ္ေပးတာ ။ ဒီေန႕ ျပန္ျပရမယ့္ေန႕ဆိုေတာ့ မာမီဆီဝင္ၿပီး အတူတူသြားၾကမွာ ။
မာမီကေတာ့ ေခတ္ကို အရင္ကထက္ေတာင္ပိုၿပီးဂ႐ုစိုက္၏။ ေမာင္အတြက္ ရင္ေသြးေလး ေမြးေပးမယ္ဆိုေတာ့ မာမီက မ်က္ရည္ေတြက်ၿပီး ေက်းဇူးေတြတင္ေနတာ ။ ေခတ္အတြက္ လည္း အေကာင္းဆုံးဆိုတာေတြပဲလုပ္ေပးတာ ။ သူသားေလးကအတြက္ ပါရမီျဖည့္ဖက္ေကာင္းေလးလို႔လည္း အၿမဲခ်ီးက်ဴးေသးတာ ။
~~~~~~~~~~~~~~
"ထားေရ result ေတြ အားလုံးအဆင္ေျပတယ္
မင္း သားကိုေခၚၿပီးဒီအပတ္ထဲ
ဘန္ေကာက္သြားလိုက္ေတာ့
ငါ ဟိုက ေဆး႐ုံကို အားလုံး join ထားလိုက္မယ္ "
"ေက်းဇူးပါ သူငယ္ခ်င္းရယ္ "
"ေက်းဇူးပါ ဆရာမႀကီး "
"ရပါတယ္ သားေခတ္ေလး
စိတ္ေအးေအးထားၿပီး ခြဲစိတ္မႈကို အေကာင္းဆုံးလုပ္ခဲ့
က်န္တဲ့ ကိစၥ ဆရာမႀကီး အားလုံးစီစဥ္ေပးမယ္ "
"ဟုတ္ကဲ့ ပါ ဗ်"
ေခတ္ စိတ္လႈပ္ရွားစြာ မာမီနဲ႕အတူ အိမ္ျပန္လာခဲ့သည္။ ခြဲစိတ္မႈက ၂ပတ္ေလာက္ၾကာမွာဆိုေတာ့ မာမီက သူ႕အတြင္းမႉးကိုပါေခၚခဲ့ဖို႔ ဆုံးျဖတ္ လိုက္သည္။ မာမီနဲ႕ ဘန္ေကာက္သြားဖို႔ အစီအ
စဥ္ဆြဲေနရင္း ေမာင့္ကို message ပို႔လိုက္၏။
📩ေမာင္ ေခတ္မာမီ့ ဆီမွာ အျပန္ဝင္ေခၚေပး
"မာမီ ေခတ္တို႔ ေ႐ြဘုန္းကို ဘယ္လိုေျပာၾကမလဲ"
"စိတ္မပူနဲ႕သားေခတ္ေလး မာမီ အားလုံးစီစဥ္မယ္
မာမီ့မွာ အႀကံရွိတယ္ "
မာမီနဲ႕ အားတတ္သေရာ စီစဥ္ေနစဥ္ေမာင္ေရာက္လာေတာ့ ၂ေယာက္သားစကားလမ္းေၾကာင္းလႊဲကာ ။
"သားငယ္ေလး ညစာစားၿပီးမွျပန္
သားကို မာမီ ေျပာစရာရွိတယ္ "
"ဟုတ္မာမီ "
"မာမီ medical check up လုပ္ဖို႔ ဘန္ေကာက္ကို သြားရမွာ
သားေခတ္ေလးေခၚသြားမလို႔ "
"ရတယ္ေလ သားလည္းလိုက္မယ္ "
"မာမီက ၂ပတ္ေလာက္ၾကာမွာ သားအလုပ္ကထားခဲ့လို႔ရလား "
ေခတ္က သားအမိ ၂ေယာက္ေျပာတာကို ဘာမွဝင္မေျပာဘဲနားေထာင္ေနလိုက္သည္။ တကယ္က ေ႐ႊဘုန္းအလုပ္ကို အၾကာႀကီးထားခဲ့လို႔မရပါ။ ေခတ္ကိုလည္းတစ္ေယာက္ထဲမထည့္ေပးခ်င္ ။ ကိုယ့္မိဘ ဆိုေတာ့လည္း ကိုယ္မလိုက္နိုင္ေပမယ့္ ေခတ္ေလးလိုက္ေပးမွာကိုပဲေက်းဇူးတင္ရအုန္းမည္။
"ေခတ္ေလးက လိုက္ဖို႔အဆင္ေျပလား "
"ေျပတယ္ေလ ေမာင္ရဲ႕ ကိုယ္မာမီ ပဲကို "
"ဒါဆို ဟိုမွာ ေနဖို႔ သားအားလုံးစီစဥ္ေပးထားမယ္မာမီ
ဘယ္ေန႕သြားမွာလည္း "
"သဘက္ခါ သားငယ္ေလး "
ေမာင္နဲ႕ မာမီတို႔ဆီမွာ ညစာ စားၿပီး ေခတ္တို႔အိမ္ကို ျပန္လာခဲ့ၾကသည္။
"ေမာင္!!!"
"ဗ်ာ"
" ေခတ္ကို စိတ္ဆိုးေနတုန္းလား "
"မဆိုးပါဘူးကြာ ဘာလို႔လည္း "
"ေမာင့္ၾကည့္ရတာ မ်က္ႏွာ မလန္းလို႔ "
ေ႐ႊဘုန္းတစ္ေယာက္ ၂ ပတ္ႀကီးေတာင္ ေခတ္ေလး နဲ႕ ခြဲရမွာဆိုေတာ့ မ်က္ႏွာက ပ်က္ေနသည္။ လိုက္မသြားနဲ႕ လို႔ တားလို႔လည္းမရ ။
"ေမာင္က ေခတ္နဲ႕ ၂ပတ္ႀကီးမ်ားေတာင္ခြဲရမွာကို ေပ်ာ္ေနရမွလား "
"အမေလး ေခတ္ေယာက်ာ္းကေတာ့ "
"တကယ္ေျပာတာ "
"အင္းပါ ေခတ္လည္း ဘယ္ခြဲခ်င္မလဲမတတ္သာလို႔ပါ "
"ေခတ္ အလုပ္ေတြေကာ ဘယ္လိုလုပ္ခဲ့မလဲ"
"ရတုနဲ႕မဆုကို အပ္ခဲ့ရမွာေပါ့"
"အင္းပါ ေခတ္ေလး အဆင္ေျပရင္ၿပီးတာပဲ "
"လာ ေမာင့္ရင္ခြင္ထဲ အိပ္ရေအာင္ "
'အလုပ္က ေမာင္ေလာက္အေရးမႀကီးပါဘူး 'ေခတ္ရင္ထဲက ေျပာေနမိတာပါ ။ ေမာင္ ရင္ေသြးေလးကိုယူဖို႔ ေခတ္ႀကိဳးစားခဲ့တာ အခုပထမ ေျခလွမ္းအစပါ ။ ေခတ္အတြက္ ခက္ခဲမွန္းသိေပမယ့္ ေမာင့္အတြက္ ေမာင့္မ်ိဳးဆက္ေလးကို သူမ်ားေတြလို ရွိေစခ်င္တာ ။ ေယာက်ာ္းတစ္ေယာက္ကို ယူလိုက္ရလို႔ မ်ိဳးဆက္မက်န္ခဲ့ဘူဆိုတာကို ေမာင့္ကို မျဖစ္ေစခ်င္တာ ။ ေမာင့္အတြက္ ေခတ္ အတၱႀကီးတယ္ေမာင္။
~~~~~~~~~~~~~~~
"ေဟာင့္တန္ခိုး မင္း ငါတိုနဲ႕ လာေတြ႕ေဖာ္ရေသးတယ္ေနာ္
မင္းကို ရန္ကုန္မွာေတာင္မေနေတာ့ဘူးထင္ေနတာ "(အဏၰဝါ)
"မင္းက ေျပာေတာ့မယ္ "(ေ႐ႊဘုန္း )
"အခုေကာ ဘာလည္း အကို ေခတ္နဲ႕ စိတ္ဆိုးလာျပန္ၿပီလား " (ခန့္မင္း)
ဒီေကာင္ေတြေျပာမယ္ဆိုလည္းေျပာစရာ ေ႐ႊဘုန္း မဂၤလာေဆာင္ၿပီးထဲက သူငယ္ခ်င္းေတြနဲ႕လည္းမေတြ႕ျဖစ္ ။ ေခတ္ေလးအနားပဲကပ္ေနတာ ။ အခုေတာင္ ေခတ္ေလးမရွိလို႔ ဒီေကာင္ေတြကို bar မွာ ခ်ိန္းလိုက္တာ ။
"ေခတ္ေလး မရွိဘူး ဘန္ေကာက္သြားတယ္"(ေ႐ႊဘုန္း)
"ထင္သားပဲ သူ႕လင္မရွိမွ ငါတို႔ကို သတိရမယ္ဆိုတာ "(အဏၰဝါ)
"မင္းတို႔ကို ေျပာေနရင္းေတာင္ ေခတ္ေလးကို သတိရလာၿပီ" (ေ႐ႊဘုန္း)
"ေခြးေကာင္ ပိုကိုပိုတယ္ "(ခန့္မင္း)
သူငယ္ခ်င္းႏွစ္ေယာက္ ေ႐ႊဘုန္းကို ဝိုင္းၿပီးဩဘာေပးၾကတာဆူညံလို႔။ ေ႐ႊဘုန္းကေတာ့ ဂ႐ုမစိုက္ သူေသာက္စရာရွိတာမ်ားကို တစ္ခြက္ၿပီးတစ္ခြက္ ေသာက္ေနေတာ့သည္ ။
"ငါျပန္ေတာ့မယ္ သားရီးတို႔" (ေ႐ႊဘုန္း)
"ဟအေစာႀကီး ရွိေသးတယ္ေလ လဒရဲ႕ " (အဏၰဝါ)
"ေခတ္ေလးနဲ႕ ဖုန္းေျပာရအုန္းမွာ
ဒါပဲကြာ ျပန္ၿပီ"(ေ႐ႊဘုန္း)
ဆိုင္ထဲက ေျခလွမ္းမွန္မွန္ထြက္သြားတဲ့ သူငယ္ခ်င္းႀကီးကို ၾကည့္ၿပီး ခန့္မင္း ေခါင္းခါလိုက္သည္။ ကမာၻေပၚမွာ အခ်စ္တတ္ဆုံးေယာက်ာ္းကိုၾကည့္ပါဆိုရင္ ေ႐ႊဘုန္းကို ၾကည့္ရမည္။ ေ႐ႊဘုန္း ဘဝမွာ လူ မွန္းသိတတ္ထဲက အခ်စ္ဆိုလို႔ ေခတ္တစ္ေယာက္ထဲပဲရွိခဲ့တယ္ကို သူ႕သူငယ္ခ်င္းေတြသိသည္။ ဒီေလာက္ျပည့္စုံေနတဲ့ေကာင္က အခ်စ္ေရးကိစၥ ကင္းရွင္းတာေတာ့ စံပဲ။
~~~~~~~~~~~~~~~~
ေ႐ႊဘုန္း ဒီေန႕ မာမီတို႔ကို ႀကိဳဖို႔ ကိုစည္သူနဲ႕ ၂ေယာက္ အလုပ္ေတြမအားတဲ့ၾကားက ေလဆိပ္ကို ေမာေမာပန္းပန္းေရာက္လာၾကသည္။ လူေတြၾကားထဲမွာ ထင္းေနတဲ့ က်ေနာ့ရဲ႕အျဖဴေရာင္နတ္သားေလးကို ျမင္လိုက္ရတာ နဲ႕ ဘဝအေမာေတြ ေျပသြားတာပဲ။
အိမ္အျပန္လမ္းမွာ မာမီက lover seat မွာထိုင္ၿပီး ေ႐ႊဘုန္းနဲ႕ ေခတ္က ေနာက္ခန္းမွာ ထိုင္လိုက္သည္။ ေ႐ႊဘုန္း သတိထားမိလိုက္တာ ေလဆိပ္မွာ ထဲက ေခတ္ေလးက သူ႕လက္ကို ကိုင္ထားတာ အခုထိ လႊတ္မေပးေသး။ ခရီးပန္းလို႔ထင္တယ္မ်က္ႏွာ ေလးက ႏြမ္းေနၿပီး ေ႐ႊဘုန္းပုခုံးေပၚ ေခါင္းေလးမွီကာ လိုက္ပါလာသည္။ ညေနခင္း ကားလမ္းက ပိတ္ေတာ့ ကားေပၚမွာ မာမီကို ေမးစရာရွိတာမ်ားေမးလိုက္သည္။
"မာမီ result က ဘယ္လိုလဲ"
"အဆင္ေျပတယ္ သားငယ္ေလး "
"ဟူးးးးေတာ္ေသးတာေပါ့ "
မာမီက ေပါ့ေပါ့ပါးပါး လန္းလန္းဆန္းဆန္းေပမယ့္ ေခတ္ေလးက ျဖဴျဖဴေဖ်ာ့ေဖ်ာ့ ။
"ေခတ္ေလးက ေနမေကာင္းဘူးလား "
"မဟုတ္ပါဘူး ေမာင့္ကို လြမ္းလို႔ "
ေ႐ႊဘုန္း နားနားကပ္ၿပီးတိုးတိုးေလးေျပာေနတာ ။ ဒီေကာင္က အလြမ္းေတြေျပသြားတာပဲ။ ေခတ္လက္ကို ကိုင္ၿပီး အနမ္းေပးလိုက္သည္။ မာမီကို အိမ္ျပန္လိုက္ပို႔ၿပီး ေခတ္တို႔အိမ္ျပန္ခဲ့ၾကသည္။
"ဟူးးး ကိုယ့္အိမ္ကို ေရာက္ေတာ့မွပဲ
လန္းဆန္းသြားတာပဲ"
"ေခတ္ေလး ညစာ ဘာစားမလဲ သြားဝယ္ခိုင္းလိုက္မယ္"
ေရာက္ကတည္းက ေ႐ြဘုန္းရင္ခြင္ထဲမွာ ခေလးတစ္ေယာက္လို ကပ္ေနတဲ့ ေခတ္ေလးကို ေ႐ႊဘုန္းသံတယ ဝင္လာသည္။ အရင္ကဆို ေခတ္က အရမ္းသြက္တာ။ ခရီးထြက္တာဆို သူ႕အႀကိဳက္ ။ shopping ထြက္ရတာကိုမေမာမပန္း ။ အခုေတာ့ တမ်ိဳးေလးျဖစ္ၿပီး ေ႐ြဘုန္း ရင္ခြင္ထဲက မထြက္ဘဲမွိန္းေနသည္ ။
"ေမာင္....ခဏေလး ဒီလိုေလးေနခ်င္ေသးလို႔ပါ "
"ေခတ္ေလး ေမာင့္ကိုၾကည့္"
"ေခတ္တစ္ခုခု ျဖစ္လာတယ္မို႔လား ေမာင့္ကိုေျပာ ေမာင္ရင္ေတြပူလြန္းလို႔ပါ "
"ဘာမွမျဖစ္ပါဘူး ေမာင္ကလဲ "
"ေခတ္မေျပာရင္ မာမီကို ဖုန္းဆက္ေမးမွာေနာ္
ေခတ္ပါးစပ္က မေျပာဘဲ အျခားသူေျပာမွ သိရတာဆို ေမာင့္အဆိုးမဆိုနဲ႕ "
"ဟင့္......."
ေခတ္ငိုရင္းက အေၾကာင္းစုံ ေျပာျပလိုက္ေတာ့သည္။ မေျပာျပလို႔လည္းမရ။ ေမာင္က မာမီ့ကိုျပသနာသြားရွာေနရင္ ဒုကၡ ။ မာမီက ေခတ္က ေတာင္းဆိုလို႔ အစစအရာရာ ကူညီေနတာ။
"ေတာက္!!!!"
"ဒီေလာက္ကိစၥႀကီးကို ေမာင့္ကို ဘာလို႔မတိုင္ပင္တာလဲ
ေမာင္က ေခတ္အတြက္ဘာလဲ
ခေလးေမြးေပးပါလို႔ေကာပူဆာဘူးလား
ေမာင့္ဘဝမွာ ေခတ္ကအဓိကပဲ
ခြဲရင္းစိတ္ရင္းတစ္ခုခု ျဖစ္သြားခဲ့ရင္
ေမာင္ ဘာလို လုပ္မလဲ"
"က်စ္"
"......."
"မငိုနဲ႕ေတာ့ ကိုယ္လုပ္ခ်င္တာ လုပ္ၿပီးငိုဖို႔ပဲသိတယ္ "
ေမာင္က ေခတ္ဘက္ကို တခ်က္မၾကည့္ပဲေဒါသေတြ ထြက္ေနေတာ့သည္။ ေခတ္ ကိုယ္အမွားနဲ႕ကိုယ္မို႔ ဘာသံမွမထြက္ရဲ။ ငိုသာ ငိုေနလိုက္သည္။ ေမာင္ေျပာတာလည္းမွန္ေနတာပဲေလ။ ေခတ္က ကိုယ္သေဘာနဲ႕ကိုယ္ လုပ္ခ်င္ရာ လုပ္မိတာကို။
"......."
ခဏၾကာသည္အထိ အသံတိတ္သြားၿပီး ေ႐ႊဘုန္းစိတ္ကို အတပ္နိုင္ဆုံးေလ်ာ့ကာ ေခတ္ေလးကို စၿပီး စကားေျပာလိုက္သည္။ ဒီအခ်ိန္မွာ ေခတ္က လူမမာမို႔ ေ႐ႊဘုန္းဘက္က စေလ်ာ့ရေတာ့သည္။
"မငိုေတာ့နဲ႕ေခတ္ေလး ေခါင္းကိုက္ေနလိမ့္မယ္ ထမင္းသြားစားရေအာင္ "
"ဟင္ ... "
ေ႐ႊဘုန္း အသံတိတ္သြားတယ္ဆိုၿပီး
ၾကည့္လိုက္ေတာ့ ေခတ္ေလးကခုတင္ေပၚမွာေကြးေကြးေလး အိပ္ေပ်ာ္ေနၿပီ။
ေ႐ႊဘုန္းက ေခတ္ထက္ပိုၿပီး ခေလးလိုခ်င္တာေပါ့ ။ ဒါေပမယ့္ ကိုယ္ခ်စ္တဲ့လူရဲ႕အသက္နဲ႕ရင္းၿပီး ခေလးမယူခ်င္ပါဘူး။ အဲ့ေလာက္ ေ႐ႊဘုန္းမိုက္႐ူးရဲမဆန္ပါ။ ေခတ္ေလးကိုၾကည့္ၿပီးသနားလိုက္တာ ။ ေခတ္ေလးကို ရင္ခြင္ထဲသြင္းၿပီး အိပ္လိုက္ေပမယ့္ ေ႐ႊဘုန္းအိပ္မေပ်ာ္ပါ ။ ဆီးခုံေပၚက ခြဲထားတဲ့ဒဏ္ရာေလးကိုၾကည့္ၿပီး ေ႐ႊဘုန္း မ်က္ရည္က်လာသည္ ။ ေခတ္ေလးရယ္ ေမာင္႐ူးသြားတာကို ျမင္ခ်င္လို႔လားကြာ။
~~~~~~~~~~~~
"ဝါးးးးအိပ္လို႔ေကာင္းလိုက္တာ "
ေခတ္ ကိုယ္အိမ္ကိုယ္အိပ္ယာမို႔လားမသိ အိပ္ေပ်ာ္သြားလိုက္တာ ။ ေဘးကို ၾကည့္လိုက္ေတာ့ ေမာင္က မရွိ။
ဖုန္းက နာရီကိုယူၿပီးၾကည့္ေတာ့ ၇ နာရီပဲထိုးေသးတယ္။ ဒီအခ်ိန္က ေမာင္ထေနၾကအခ်ိန္မဟုတ္။ ေခတ္ကို စိတ္ဆိုးၿပီး စာၾကည့္ခန္းထဲသြားအိပ္တယ္ထင္ၿပီး ေခတ္စိတ္မေကာင္းျဖစ္ေနသည္။
"ခ်ပ္ "
တံခါး ဖြင့္သံနဲ႕အတူ ေမာင္ေျခသံ
"ေမာင့္ကေလးေလး နိူးေနၿပီလား "
"ေမာင္ဘယ္သြားတာလဲအေစာႀကီး
ေမာင္က ေခတ္ကို စိတ္ဆိုးၿပီးထားသြားၿပီထင္တာ"
"ဟားးး
ဒီေလာက္ခ်စ္စရာေကာင္းတဲ့ ကေလးေလးကို ေမာင္က စိတ္အၾကာႀကီးမဆိုးနိုင္ပါဘူးဗ်ာ "
"ဟင့္.... ညတုန္းကေတာ့ ေခတ္ကို ေအာ္ေငါက္ၿပီးေတာ့ "
"ေတာ္ၿပီ ေခတ္ေလး
မငိုရေတာ့ဘူး
ခေလးယူမယ္ဆိုတဲ့လူက တခ်ိန္လုံးငိုေနလိုျဖစ္မလား "
"ေမာင့္ကိုၾကည့္ "
ေမာင့္ရဲ႕ အၾကင္နာအျပည့္နဲ႕မ်က္ဝန္းတစ္စုံကို ေခတ္ အိပ္ယာေပၚက မထေသးဘဲၾကည့္လိုက္သည္။ ေမာင္က ေခတ္ကို ေငါက္ခ်င္လို႔ေငါက္တာမဟုတ္ေၾကာင္း ၊ေနာက္တခါ ဘာကိစၥ ျဖစ္ျဖစ္ ေမာင္က ခြင့္ျပဳမွာမို႔ သူကို မေျပာဘဲမေနဖို႔ ကို တည္ၾကည္စြာ ေျပာေနသည္။ အခုလည္း ေခတ္ကို အလုပ္မသြားပဲ နားနားေနေန ေနဖို႔ ေဆးခန္းသြားရင္လည္းသူနဲ႕အတူသြားဖို႔ကိုလည္းထပ္ထပ္ခါခါ မွာေနေတာ့သည္။
"ေမာင္က အေစာႀကီးေပ်ာက္သြားတာကို ေခတ္က ဝမ္းနည္းသြားတာေပါ့ "
"ေမာင္က ေခတ္ေလးစားဖို႔ breakfast သြားျပင္တာ ညကလည္းမစားဘဲအိပ္သြားတာ ဘယ္သူလဲ"
"ေခတ္နိုးလာမွ လုပ္မွာေပါ့ ေမာင္ကလဲ"
"ဒီေန႕ကစၿပီး ေခတ္ေလးမီးဖိုခန္း ဝင္ဖို႔
ခြင့္မျပဳေတာ့ဘူး "
"ကိုစည္သူ႕ အမ်ိဳးသမီးမေအး အားလုံး လုပ္ေပးလိမ့္မယ္
ေခတ္ေလး အနားယူၿပီး အားေမြးထား ေမာင္လည္း အလုပ္တစ္ပတ္မသြားဘူး "
"ေမာင္ကအလုပ္မသြားလို႔ ရလို႔လား"
"ေမာင့္အလုပ္က ေခတ္ေလာက္အေရးမႀကီးဘူး ေမာင့္ဘဝမွာ အခုေကာ ေနာက္ေကာ ေခတ္ေလးက နံပါတ္တစ္
ေျပာစကားနားေထာင္ေမာင့္ခင္ပြန္းေလး
ေမာင့္ကိုစိတ္ညစ္ေအာင္မလုပ္နဲ႕ "
"မဟုတ္ဘူးေလေမာင္ရဲ႕ ေခတ္ေၾကာင့္ ေမာင္အလုပ္ပ်က္ေနမွာဆိုးလို႔ပါ "
"ဘာမွ စိတ္မပူနဲ႕ ဒယ္ဒီက အလုပ္ပ်က္လို႔ ေမာင့္ကိုအလုပ္ျဖဳတ္လိုက္ရင္ေတာင္ ေခတ္ကို တစ္ဘဝလုံးတင့္တင့္တယ္တယ္ ထားနိုင္တယ္ "
"အင္းပါ ေယာက်ာ္းရယ္ "
ေခတ္ရဲ႕ ေယာက်ာ္းရယ္ဆိုတဲ့ စကားတစ္ခြန္းေၾကာင့္ ေ႐ႊဘုန္းရဲ႕ ေဒါသေတြက အရည္ေပ်ာ္က်ၿပီး ေမးမွာ ရွိတဲ့ အခ်ိဳင့္ေလးေပၚေအာင္ ၿပဳံးေနေတာ့သည္။
ေ႐ႊဘုန္းကုမၸဏီကိစၥနဲ႕ပါတ္သက္လို႔
ကိုသူရ ကို အားလုံးမွာထားၿပီးၿပီ။ အစည္းအေဝးေတြ အားလုံးေနာက္တစ္ပတ္မွလုပ္ဖို႔။ လက္မွတ္ထိုးစရာ အေရးႀကီးကိစၥဆိုရင္ အိမ္လာပို႔ဖို႔ ။ အေရးမႀကီးရင္ ကိုသူရ အားလုံးစီစဥ္ဖို႔အထိပါ မွာထား၏။
ေ႐ႊဘုန္းသူ႕ခ်စ္သူေလး ကိုၾကည့္ေနရင္းကသနားလာသည္။ ဘာေၾကာင့္ ေ႐ႊဘုန္းအတြက္နဲ႕ ကိုယ့္အသက္ကိုယ္ေတာင္ ဂ႐ုမစိုက္ဘဲသားအိမ္ ထည့္ရတာလဲ။ ေခတ္ေလးရဲ႕ ဗိုက္ေပၚက အကၤ်ီေလးကို လွန္ရင္း ဒဏ္ရာေလးကို နမ္းလိုက္၏။
"ဘာလို႔ ေမာင့္အတြက္နဲ႕ အဲ့ေလာက္ဒုကၡခံရတာလဲကြာ"
အခ်စ္မ်ားစြာျဖင့္🌻
18.5.2022(Wed)