"သား ဘယ်သွားမလို့လဲ"
ဝေမှူးပိုင်နဲ့ တွေ့ရန်ချိန်းထားသည့်အတွက်
အိမ်အပေါ်ထပ်မှ လွှမ်းသုတဆင်းလာချိန်တွင်
ဧည့်ခန်းမှာထိုင်နေသည့် မေမေက မေးလာသည်။
ဖေဖေကတော့ နဂိုကတည်းက မိသားစုအပေါ်တွင်
တည်တည်တင်းတင်းနေတတ်သူဖြစ်၍ အကဲခတ်ဟန်ဖြင့် တစ်ချက်သာ ကြည့်လာ၏။
"သူငယ်ချင်းနဲ့တွေ့မလို့ မေမေ။ မေမေတို့ဒီနေ့
အပြင်မသွားရဘူးပေါ့"
"ဒီနေ့ဥပုသ်နေ့လေ။ ပွဲရုံပိတ်တယ်"
"ဪ ။ ဟုတ်သားပဲ ။ အဲ့ဒါဆို သွားဦးမယ်နော်
မေမေ။ သူငယ်ချင်းက အိမ်ရှေ့မှာစောင့်နေပြီ"
"ဟိုတစ်ခေါက် သားဖျားတုန်းက
လာတွေ့တဲ့ ကောင်လေးလား"
ကျောင်းင်္သကြန်နေ့တုန်းက လွှမ်းသုတ ဖျားခဲ့တုန်းက ဝေမှူးပိုင်လာတွေ့သည်ကြောင့် မေမေက
သတိတရမေးခြင်းဖြစ်သည်။အဲ့ဒီတုန်းက မေမေက
ဝေမှူးပိုင်ကိုတောင် သူတို့အိမ်ပြန်ရောက်တဲ့အထိ
လွှမ်းသုတဘေးမှာ နေပေးဖို့ အကူအညီတောင်းသွားခဲ့တာလေ။
"ဟုတ်တယ် မေမေ"
"အေးအေး သွားသွား"
"ဖေဖေ ကျွန်တော် သွားဦးမယ်။
အပြင်က စားချင်တာ
ရှိရင်ဖုန်းဆက်ပြီးလှမ်းမှာလိုက်နော်"
ဖေဖေက ခေါင်းကိုသာတစ်ချက်ညိတ်ပြ၏။
လွှမ်းသုတလည်း အိမ်ရှေ့သို့ သာ
မြန်မြန်ထွက်ခဲ့လိုက်တော့သည်။
"အဲ့ဒီကောင်လေးကို ကြည့်ရတာ သားကိုအတော်
ခင်ရှာတယ် ထင်တယ်။ ဟိုတစ်ခေါက်က သားနဲ့
အတူမနက်လမ်းလျှောက်ထွက်ရင်း
ကျွန်မတို့အတွက်တောင်
မနက်စာဝယ်ထည့်ပေးလိုက်တယ်ဆိုတဲ့
ကောင်လေးလေ အဖေကြီး"
လွှမ်းသုတ၏ အမေဖြစ်သူ ဒေါ်စိုးယုက
အိမ်ထောင်ဦးစီးဖြစ်သည့် ဦးသုတမြင့်လွင်ကို
ပြောလိုက်ခြင်းဖြစ်သည်။
ဦးသုတမြင့်လွင်ကတော့ တည်တင်းသည့်
မျက်နှာဖြင့်သာရှိနေပြီးမှ..
"ယောကျာ်းလေးချင်းဆိုပြီးလည်း သားကို
စိတ်ချလက်ချ လွှတ်မထားနဲ့ ။ အခုခေတ်က
ပြောရတာမဟုတ်ဘူး။ဟိုတစ်နေ့ကလည်း
ငါ့သူငယ်ချင်း စက်ရုံသူဌေးရဲ့သားက ယောကျာ်း
လေးချင်းတွဲတာတဲ့။ ဒါကို ငါ့သူငယ်ချင်းကလည်း
လက်ခံသတဲ့။ ငါကတော့ဘေးကကြည့်ပြီးတောင်
ဒေါသထွက်တယ်။ ပတ်ဝန်းကျင်ကို
ဂရုမစိုက်ကြတာလား။ ဦးနှောက်မရှိကြတာလား
တစ်ခုခုပဲ။ ပတ်ဝန်းကျင်ဆိုတာ
ကဲ့ရဲ့ခုနစ်ရက် ချီးမွမ်းခုနစ်ရက်လို့ဆိုပေမဲ့
အခွင့်သာတိုင်း ဒီကိစ္စကို လက်ညှိုးထိုးကြမှာ..။
သားကိုလည်း အဲ့ဒီလိုမဖြစ်စေနဲ့.."
ဒေါ်စိုးယုမှာ သက်ပြင်းတစ်ချက်ခိုးချ၍
ဟုတ်ကဲ့ပါရှင်ဟုသာ ပြောလိုက်နိုင်တော့ပါသည်။
ဦးသုတမြင့်လွင်က မိသားစုကိုချစ်သလောက်၊
ဂရုစိုက်သလောက် ဒေါသကြီးတတ်သည့်သူ၊
တခြားသူ၏ အမြင်ကို ထည့်မတွက်တတ်ဘဲ
သူ့စကားတစ်ခွန်းကိုသာ မလိုက်နာမနေရ
လိုက်နာစေချင်သည့်
အတ္တကြီးသည့်သူသာဖြစ်သည်။
~~~~~~~~~~~~~~~~~~
လွှမ်းသုတက မနေ့ညက Capital မှာ
အရုပ်သွားကောက်ချင်တယ်လို့
ပြောထားတာကြောင့်
ဝေမှူးပိုင်က လိုက်ပို့ပေးခြင်းဖြစ်သည်။
"မင်းရဲ့လက်ကနော်.."
လွှမ်းသုတက ဂိမ်းထဲက event ကို
တစ်ချက်ကြည့်နေရင်းနဲ့ ဝေမှူးပိုင်ကို
စူပုပ်ပုပ်အသံဖြင့် ပြောလိုက်သည်။
လက်တစ်ဖက်ကို car steering ပေါ်တွင်ထားကာ
နောက်လက်တစ်ဖက်က လွှမ်းသုတ၏
ပေါင်ကို ဖွဖွ ဆုပ်ညှစ်၍ကိုင်ထားသည့်
ဝေမှူးပိုင်ကတော့ သူ့ကိုပြောနေတာ
မဟုတ်သည့်အလား မသိချင်ယောင်ဆောင်
နေလေသည်။
လွှမ်းသုတက ဖုန်းကိုဘေးသို့ချလိုက်ပြီး
"ဝေမှူးပိုင်.."
သူခေါ်နေသည်ကိုမထူးလာပါ။
မသိချင်ယောင်ဆောင်နေသည်။
လွှမ်းသုတမျက်ခုံးတွေကို တွန့်ကုပ်လိုက်မိပြီး
"ငါခေါ်နေတယ် မကြားဘူးလား"
"ရည်းစားကို ခေါ်သလို ခေါ်လေ"
"ခု ဘယ်လိုခေါ်နေလို့လဲ"
"သေသွားတဲ့ငါ့အဖိုးခေါ်သလိုပဲ"
လွှမ်းသုတ ရယ်လိုက်မိကာ
ဝေမှူးပိုင်၏ ပါးကိုပင်ဆွဲညှစ်လိုက်မိသည်။
ဝေမှူးပိုင်က လွှမ်းသုတကို တစ်ချက်
လှည့်ကြည့်လိုက်ပြီးမှ မသိမသာပြုံးလေသည်။
လွှမ်းသုတက
"မင်းကို မေးစရာရှိတယ်.."
"မေး"
"တကယ်လို့ မင်းငါနဲ့ မတွဲဖြစ်ခဲ့ရင်..
ဘယ်လိုလူမျိုးနဲ့ မင်းတွဲဖြစ်မယ်ထင်လဲ"
"မင်းကလွဲပြီး ဘယ်သူ့မှ စိတ်မဝင်စားဘူး"
"အဲ့ဒါဆို ဘယ်သူနဲ့မှမတွဲဘဲနေမှာလား၊
မဖြစ်နိုင်ပါဘူး။ မင်းတစ်ယောက်ယောက်နဲ့တော့
တွဲမှာပဲ"
"အခု ငါမင်းနဲ့ပဲအတူရှိနေတယ်မဟုတ်လား။
ဦးနှောက်မရှိတဲ့စကားတွေ လာပြောမနေနဲ့"
လွှမ်းသုတက နှာခေါင်းကို
အနည်းငယ်ရှုံ့လိုက်ပြီးမှ..
"ငါကတော့ မင်းနဲ့မတွဲဖြစ်ရင် တခြား
တစ်ယောက်ယောက်နဲ့တွဲဖြစ်မယ်ထင်တယ်..."
ဝေမှူးပိုင်က အနည်းငယ်တည်တင်းသွားသည့်
မျက်နှာထားနှင့်လှည့်ကြည့်လာခဲ့သည်။
လွှမ်းသုတက သတိမထားမိဘဲ သူပြောနေသည့်
စကားကိုသာ ဆက်ပြောသည်။
"တကယ်တော့ မင်းငါ့ကိုဖွင့်မပြောခင်တုန်းက
ငါနည်းနည်းသဘောကျနေတဲ့ တစ်ယောက်ရှိတယ်
ဟီး.."
"လွှမ်းသုတ"
ခေါ်လိုက်သည့်ဝေမှူးပိုင်၏အသံက
တင်းမာနေလေသည်။
ထိုအခါမှ လွှမ်းသုတက သူ့ရဲ့မျက်တောင်ကော့ကော့လေးတွေကို ပုတ်ခပ်လိုက်ပြီး..
"မဟုတ်ဘူးလေ မင်းနဲ့မတွဲရင်ပါဆို.."
"စောက်ရေးမပါဘူးကွာ မင်း.."
လွှမ်းသုတရဲ့
ပေါင်ပေါ်က သူ့လက်ကိုလည်း ဖယ်သွားသလို
ကားကိုလည်း လီဗာဆောင့်နင်းပစ်လိုက်လေသည်။
တွန့်ချိုးထားသည့် မျက်ခုံးနက်နက်၊
တင်းတင်းစေ့ထားသည့် နှုတ်ခမ်းပါးတို့က
တကယ်ဒေါသထွက်သွားကြောင်း
ဖော်ပြနေလေ၏။
စကားကို ရှေ့နောက်မကြည့်ပြောလိုက်ပြီးမှ
လွှမ်းသုတ ခေါင်းလေးပုသွားတော့သည်။
"မင်းကလည်း.. ငါကဒီတိုင်းပြောတာကို.."
လွှမ်းသုတ လေသံပျော့ပျော့ဖြင့်
ပြောလိုက်မိသည်။
ဝေမှူးပိုင်က လုံးဝလှည့်မကြည့်လာခဲ့တော့ပါ။
"ဒီတိုင်းပြောတာပါဆိုမှ
စိတ်ထဲကမှမပါတာကြီးကို.."
"စိတ်ထဲကမပါဘဲ မင်းပါးစပ်က ထွက်လာစရာ
အကြောင်းမရှိဘူး"
ပြောလာသည့် လေသံက ခပ်မာမာ။
လွှမ်းသုတက နှုတ်ခမ်းကို စူပုံ့ပုံ့လေး
လုပ်လိုက်ပြီးမှ
"မဟုတ်ဘူးလေ။ အခု တွဲချင်တယ်လည်း
ပြောနေတာမှမဟုတ်တာ။
မင်းနဲ့မတွဲဖြစ်ရင်ပါဆို....."
"မင်းစိတ်ကိုက ငါရှိနေရက်နဲ့
တခြားတစ်ယောက်အပေါ်
ရောက်ချင်နေလို့ အဲ့ဒီစကားထွက်လာတာပေါ့"
"ဘယ်သူ့ကိုရောက်ရမှာလဲ"
"အဲ့ဒါတော့ မင်းကိုယ်မင်းပဲ သိမှာပဲ"
"မဟုတ်ပါဘူးဆို..။ အခုလည်း ဘယ်သူနဲ့မှ
ပတ်သက်နေတာမဟုတ်ဘူး..။
ငါ့လည်း မင်းကလွဲပြီး ဘယ်သူမှ တကူးတက
လာမကြိုက်ဘူး.."
"......"
"မောင်လို့....ငါသိတာဆိုလို့ မင်းကို ချစ်တာ
တစ်ခုပဲသိတာကို...."
ထိုစကားကိုကြားလိုက်ရသည့်အခါ ဝေမှူးပိုင်က
နှုတ်ခမ်းစွန်းလေးတစ်ချက်ကော့တက်ရုံ
မသိမသာ ပြုံးလိုက်ပြီးမှ
မျက်နှာကို ချက်ချင်းပြန်တည်လိုက်သည်ကို
လွှမ်းသုတက မြင်ဖြစ်အောင်မြင်လိုက်ရသည်။
"နော်လို့.. .."
"ဘာနော်တာလဲ.."
"စိတ်မဆိုးပါနဲ့ မျက်မှောင်ကြီးကျုံ့မထားနဲ့ကွာ.."
"မင်းပဲမောင့်ကို
ဒေါသထွက်အောင်လာလုပ်နေတာလေ"
"မောင်ကလည်း.."
ဒီတစ်ခါတော့ ဝေမှူးပိုင်က သိသိသာသာပင်
ပြုံးသွား၏။
ထိုအခါမှလွှမ်းသုတက ခပ်တိုးတိုးရယ်လိုက်ပြီး
ကားမောင်းနေသည့် ဝေမှူးပိုင်ကို လည်တိုင်မှနေ၍
သွားဖက်လိုက်ကာ ပါးပြင်ထက်သို့
ရွှတ်ခနဲ အသံလေးမြည်အောင်ပင်
နမ်းလိုက်မိပါသည်။
တွဲစကထက်ပင် ဝေမှူးပိုင်ကို
ပိုချစ်လာခဲ့သည်မှာအမှန်။
သူပြောသည့်စကား၊သူလုပ်သည့်အပြုအမူ၊
ဒေါသထွက်လျှင် ပြောင်းလဲသွားတဲ့
သူ့ပုံစံစတဲ့ အရာအားလုံးကို သဘောကျတဲ့
စိတ်က ဒီရေလို တရိပ်ရိပ်တိုးလာခဲ့သည်ပင်။
"မောင့်အိမ်သွားရအောင်.."
"ဘာသွားလုပ်မှာလဲ"
"မင်းကို အပြစ်ပေးမလို့.."
ခုနကရုပ်နဲ့မတူစွာပြုံးစိစိနဲ့စနောက်လာသည့်
ဝေမှူးပိုင်ကြောင့် လွှမ်းသုတ မျက်စောင်း
ဖြင့်ကြည့်လိုက်ပြီးမှ...
"မင်းနော် !ထိုးထည့်လိုက်ဦးမယ် မျက်နှာကြီးကို"
"ဘာအသံလဲကွာ ခုနကအသံလေးနဲ့ ပြောလေ.."
"မပြောနိုင်ဘူး ..နိုးပဲ"
ဝေမှူးပိုင်က နှစ်ခြိုက်စွာရယ်လေသည်။
လွှမ်းသုတ ကားမှန်ကိုချလိုက်မိသည့်အခါ
မိုးရနံ့ပါသည့်လေနုအေးများ တိုက်ခတ်လာသည်။
ကားထဲတွင်ဖွင့်ထားသော FM က လာနေသည့်
သီချင်းကလည်း ခပ်တိုးတိုးပျံ့လွင့်နေ၏။
'မင်းနဲ့...မင်းနဲ့...Ever ရန်ဖြစ်တယ် ပြန်ချစ်တယ်
ငါကတော့ ခံစစ်ပဲ..။ မင်းနဲ့..မင်းနဲ့.. ဘယ်တော့မှ
လမ်းမခွဲပါနဲ့ ငါ့လက်ကိုပဲ မင်းအမြဲတွဲပါ..
မင်းနဲ့.......'
~~~~~~~~~~~~~~~~~~
"တော်ပြီလို့ ...အဲ့ဒီအရုပ် မယူတော့ဘူး။
သွားရအောင် မုန့်သွားစားမယ်"
"တိတ်တိတ်နေကွာ ငါရအောင်ကောက်မယ်"
မျက်ခုံးကို အစွမ်းကုန်တွန့်ချိုးထားပြီး စက်ထဲက
အရုပ်ကို အားကြိုးမာန်တက်ကောက်နေတဲ့
ဝေမှူးပိုင်ကို ကြည့်ကာ လွှမ်းသုတ စိတ်လည်းညစ်
ရယ်လည်းချင်လာမိတော့သည်။
သူတို့ဒီအရုပ်ကောက်စက်နားမှာ ရပ်နေတာ
အနည်းဆုံးမိနစ်၃၀ ကျော်ပြီဖြစ်သည်။
တခြားအရုပ်တွေရလာပေမဲ့
လွှမ်းသုတ လိုချင်နေသော တွန့်ချိုးထားသည့်
မျက်ခုံးမည်းမည်းလေးတွေပါသည့်
ကြောင်ရုပ်လေးကတော့ ရမလာသေးပေ။
အနောက်ထဲတွင်ကပ်ထားတာမို့ ယူရန်
ခက်နေခြင်းဖြစ်သည်။
ထိုအရုပ်လေးကို ဝေမှူးပိုင်နဲ့ တူလို့ရချင်တယ်
လို့ လွှမ်းသုတ ပြောလိုက်ကတည်းက
ဝေမှူးပိုင်က မလျှော့သော ဇွဲနဲ့ ထိုအရုပ်ကိုရအောင်
ယူနေတော့တာဖြစ်သည်။
ပြောမရတဲ့အဆုံး ထိုအရုပ်ကောက်စက်နားမှာသာ
လွှမ်းသုတ ငုတ်တုပ်
ထိုင်ချလိုက်မိပါတော့သည်။
လုပ်ချင်တာလုပ်ပါတော့။ မင်းစိတ်ချမ်းသာရင်
ကမ္ဘာကြီးအေးချမ်းပါတယ် ငါ့ရဲ့အရူးရယ်..။
၂ မိနစ်
၃ မိနစ်
၅ မိနစ်
၁၀ မိနစ်
" မှူး သွားရအောင်ကွာ ငါဗိုက်ဆာနေပြီလို့..."
ဘယ်လိုခေါ်ခေါ် ဘယ်လိုပြောပြော
ပြန်ဖြေသည့်စကားမရလာ..။
နှုတ်ခမ်းပါးကို တင်းတင်းစေ့ကာ
မေးရိုးတွေပါ ထင်းနေသည်အထိ
အရုပ်ကောက်ရာတွင် အာရုံစူးစိုက်နေသော
ဝေမှူးပိုင်ကိုကြည့်ကာလွှမ်းသုတ
ငိုချင်လာပါတော့သည်။
ဖြတ်သွားဖြတ်လာလူတွေကလည်း
သူတို့နှစ်ယောက်ကို မသိမသာ ကြည့်နေကြပေပြီ။
ပြောမရတာကို ထပ်ပြောမနေတော့ဘဲ
လွှမ်းသုတ သက်ပြင်းချလိုက်ပြီးမှ
ဘောင်းဘီအိတ်ထဲက
ဖုန်းကိုသာထုတ်ကာ လိုင်းသုံးနေမိတော့၏။
အချိန်ခဏမျှ ကြာသွားသည်။
ထို့နောက်တွင်တော့
"ရပြီ.."
ဝမ်းမြောက်စွာပြောလိုက်သည့် ဝေမှူးပိုင်ရဲ့အသံကြောင့်လွှမ်းသုတ ချက်ချင်းထရပ်၍
ကြည့်လိုက်မိသည်။
ဝေမှူးပိုင်က နှစ်နှစ်ခြိိုက်ခြိုက်ရယ်လိုက်ပြီးမှ
ကျလာသည့် ကြောင်ရုပ်လေးကို
ကောက်လိုက်ပြီးလွှမ်းသုတကို ပေးလိုက်သည်။
ထိူ့နောက် လွှမ်းသုတကို ဆွဲဖက်လိုက်ကာ
ခုန်ဆွခုန်ဆွလုပ်နေပြန်သည်။
"ငါပြောတယ်မလား..ရအောင်ကောက်ပေးမယ်လို့"
မျက်လုံးလေးတွေမှေးမှိတ်ကျသွားသည်အထိ
အားရပါးရပြုံးနေသည့် ဝေမှူးပိုင်ကိုကြည့်ကာ
လွှမ်းသုတ ရယ်လိုက်မိပါတော့သည်။
မှူး........မင်းက တကယ်တော့
ကလေးလေးပါပဲ..။
_______________________
" အံ့သျှိုင်းယံ သား ဖုန်းလာနေတယ်.."
ဖေဖေနားသည့်ရက်တွင် သူနဲ့ဖေဖေ ခြံထဲတွင်
ကော်ဖီသောက်ရင်း အေးအေးဆေးဆေး
ထိုင်ကာ စကားပြောနေခိုက်
ဖေဖေ့ညီမဖြစ်သောသူ့အန်တီလေးက
ဖုန်းကိုလာပေး၏။
စိုင်းအံ့သျှိုင်းယံပြုံးသာပြုံးမိတော့သည်။
လွမ်းတိုင်းဖုန်းဆက်လို့ သူမှာခဲ့သည့်စကားကိုတော့
ရှန်ခွန်းနောင်ဟာ နားထောင်ရှာသည်။
၁ နာရီခြားတစ်ခါဆက်နေတော့တာဖြစ်သည်။
"မင်းရဲ့ကလေးက လူကပ်လှချည်လား"
အနေအေးသည့် ဖေဖေကပင်စနောက်လာတော့တာ
ကြောင့် သူရယ်လိုက်မိပါတော့၏။
အန်တီလေးဆီမှ ဖုန်းကိုယူရင်း ဖေဖေ့ဘေးက ထလာခဲ့ကာ ပန်းရုံတွေရှိရာသို့လျှောက်လာခဲ့လိုက်သည်။
"အင်း ပြော..ဘေဘီ"
"ကိုကို ဘာလုပ်.."
အသံလေးကရွှင်မြူးမြူးလေးဖြစ်သည်။
"ကိုယ် ဖေဖေနဲ့ ခြံထဲမှာ ကော်ဖီသောက်ရင်း
စကားပြောနေတယ်"
"မန္တလေးမှာ ခုမိုးတွေရွာနေတယ် သိလား ။
ကိုကိုတို့ဆီရော.."
" ဒီမှာ မိုးအုံ့ရုံပါပဲ"
"ကျွန်တော်ကလေ အစကတည်းကမှ ကိုကို့ကို
လွမ်းနေတာပါဆို ..။ မိုးတွေရွာချလာတော့ ပိုလွမ်းသွားတာသိလား။ အဲ့ဒါမို့ ဖုန်းဆက်လိုက်တာ။
ခဏခဏ ကိုကို့ကို ဖုန်းဆက်ပြီးနှောက်ယှက်နေတာ
မဟုတ်ပါဘူး.."
မဆူပါဘဲနဲ့ အသံငယ်ငယ်လေးနဲ့ရှင်းပြလာသည့်
ကလေးကြောင့် သူပြုံးလိုက်မိတော့သည်။
"ဒီနေ့က ကိုယ်အားပါတယ်။
မင်းဆက်ချင်တဲ့အချိန် ဆက်ပါ"
"ဒီနေ့ကအားတယ်ဆိုတော့ မနက်ဖြန်ရော.."
"မနက်ဖြန် ညောင်ရွှေက ကိုယ့်ဖေဖေရဲ့ဟိုတယ်ကို
ခဏသွားကြည့်ပေးရမှာမို့ အားမှာမဟုတ်ဘူး"
"ညရော..ညရောဖုန်းဆက်လို့ရလား"
"ကိုယ်ဆက်လိုက်မယ်နော်"
ရှန်ခွန်းနောင်ဘက်က အသံလေးတိတ်သွားခဲ့သည်။
ထို့နောက်..
"ကိုကို မဆက်ချင်လည်း ဆက်မနေပါနဲ့.."
အသံလေးက အနည်းငယ်တင်းကာ
ဆူဆူအောင့်အောင့်။
စိုင်းအံ့သျှိုင်းယံ ခပ်တိုးတိုးရယ်လိုက်တော့သည်။
ရောက်လာသည့် တစ်ပတ်အတွင်း ထိုသို့ စကား
အထအနလေးကစ ကောက်ပြီး စိတ်ကောက်တာက
လက်ချိုးရေတွက်၍ပင်မရတော့။
"ကျွန်တော်ကပဲ လွမ်းနေတာ၊ ဖုန်းဆိုလည်း
ကျွန်တော်ကပဲ ဆက်နေရတာ"
"ကိုယ်ဆက်စရာမလိုအောင်ကို မင်းဘက်က
ဆက်နေတာလေ ဘေဘီလေးရဲ့"
"ဟုတ်ပြီလေ ။ မဆက်ဘူး ။
မကောင်းတဲ့ ကိုကို ! အဝေးရောက်တာနဲ့
အချိုးပြောင်းတယ်!"
"ဟောဗျာ ကိုယ်ဘာအချိုးပြောင်းနေလို့လဲ။
ဘာလို့ အဲ့ဒီလောက်စွာနေရတာလဲကွာ.."
"ခုတော့ စွာတယ်ထင်ပြီပေါ့။ ရပါတယ်။
အဲ့ဒီမှာ မစွာတဲ့အသစ်တွေတွေ့နေမှတော့
ပြောမှာပေါ့"
"ဘေဘီ ကိုယ် အဲ့ဒီလိုပြောနေတာတွေ
သိပ်မကြိုက်ဘူး"
သူအသံကို အနည်းငယ် မာ၍
ပြောလိုက်သည့်အခါ တစ်ဖက်က
အသံလေးကတိတ်သွားသည်။
စက္ကန့်အနည်းငယ်မျှ ကြာသည့်အခါ
"ညကျ သူငယ်ချင်းတွေနဲ့ club သွားမှာ"
စိုင်းအံ့သျှိုင်းယံ သူ့မျက်ခုံးတွေကို အနည်းငယ်
တွန့်ချိုးလိုက်မိသည်။
"ဘယ် club လဲ ။ မသွားရဘူး ဘေဘီ"
"သွားမှာ"
"ကိုယ်ပြောတဲ့စကားနားထောင် ။
ကိုယ်မပါဘဲ စိတ်မချဘူး"
"ကိုကို စိတ်မချလည်းသွားမှာ.."
"ဘာလို့ ဆိုးနေတာလဲ"
"ဆိုးတယ် ဘာဖြစ်လဲ။ သွားမှာ club ကို ။
ကိုကို့ကိုလည်း ဖုန်းမဆက်ဘူး ။ ကိုကိုလည်း
ဖုန်းမဆက်နဲ့။ ဖုန်းကို အိမ်မှာထားခဲ့မှာ.."
"ကိုယ်စိတ်ဆိုးမယ်ဆိုရင်ရော သွားဦးမှာလား"
ထိုအခါမှ
သူပြောသည့်စကားကို မတုံ့ပြန်လာတော့ဘဲ
တစ်ဖက်က အသံလေးက တိတ်ဆိတ်သွားသည်။
" မသွားနဲ့ ဘေဘီ ကြာလား။
မင်းအရမ်းသွားချင်ရင် ကိုယ်ပြန်လာမှ
လိုက်ပို့ပေးမယ်"
" ကိုကိုကလည်း..။
ဝေမှူးပိုင်ရဲ့ club ပါ။ သူကိုယ်တိုင်ပါမှာ။
သူငယ်ချင်းတွေရော အကုန်လုံးပါတယ်"
"ဘယ် Club လဲ"
" GOAT "
ထိုclub က မန္တလေးတွင်အကြီးဆုံး၊
နာမည်အကြီးဆုံးနဲ့ လူအရှုပ်ဆုံး club ဖြစ်သည်။ဘယ်လိုမှ စိတ်ချစရာအကြောင်းမရှိ။
"မရဘူး ဘေဘီ ။ ကိုယ့်စကားနားထောင်"
"ကိုကိုကျ သွားပြီး.."
သူ့စကားကို နားမထောင်ချင်သလိုလုပ်နေသည့်
ထိုကလေးက သက်သက်မဲ့ဂျစ်တိုက်နေခြင်းပင်ဖြစ်သည်။
"ကိုယ်မသွားနဲ့လို့ မင်းကိုပြောပြီးပြီ ဘေဘီ။
ထပ်မပူဆာနဲ့"
စိုင်းအံ့သျှိုင်းယံ ထိုစကားကိုပြောကာ
ဖုန်းချလိုက်တော့၏။
မရှေးမနှောင်းမှာပင် text message ကနေ
'ကိုကိုကလူဆိုးကြီး' ဆိုသည့် message
လေးထပ်ပို့လာပေမဲ့ သူ reply မပြန်တော့ဘဲ စကားထိုင်ပြောနေကြသည့် ဖေဖေနဲ့ အန်တီလေးတို့ ဆီသို့သာ
လျှောက်လာခဲ့လိုက်တော့၏။
~~~~~~~~~~~~~~~~~~~~~~
ရှန်ခွန်းနောင် ပို့သည့် message ကိုပင်
Reply ပြန်မလာတော့သော ကိုကို့ကြောင့် ဖုန်းကို
ဘေးနားပစ်ချ၍ နှုတ်ခမ်းလေးကိုမဲ့လိုက်မိသည်။
Club ကို မရောက်ဖူးလို့ သွားချင်ပါတယ်ဆိုမှ!
အဲ့ကိုကိုကလည်း !
မေမေကို မနက်ကခွင့်တောင်းတော့ မေမေက
သားရဲ့ကိုကို ခွင့်ပြုရင်သွားပေါ့လို့ နှုတ်ခမ်းကို
ခပ်မဲ့မဲ့ပြုံး၍ ပြောခဲ့ခြင်း၏ အဓိပ္ပာယ်ကို
ခုမှသိတော့သည်။
ကိုကို ခွင့်မပြုလောက်ဘူးဆိုတာကို မေမေက
အတပ်သိနေခဲ့တာဖြစ်ချေမည်။
"အဲ့ဒီလူကြီးတွေက ကောင်းကို မကောင်းဘူး။
ကလေးတွေဆို အနိုင်ကျင့်တယ်"
ခုတင်ပေါ်တွင် ခွေအိပ်နေရာမှ
နံဘေးရှိဝက်ဝံရုပ်ကြီးကို
ခွကာ နှုတ်ခမ်းကို စူပုံ့ပုံ့လုပ်၍ ပြောလိုက်ပြီးမှ
မျက်လုံးတွေကို မှေးမှိတ်ချ၍
အိပ်ဖို့ ပြင်လိုက်ပါတော့သည်။
မသွားနဲ့ဆိုတော့လည်း မသွားဘူးပေါ့ ဘာဖြစ်လဲ..။
သွားလို့ ပျော်ရမှာကခဏပဲ။
ကိုကို စိတ်ဆိုးသွားမှ အသည်းကွဲမှာ..ဟွန့် !
~~~~~~~~~~~~~~~~~~~~~~~~
" အဲ့ကိုကိုကြောင့် သူများကို ဘောက်ကျဲလေးဆိုပြီး
နန်းရတီတို့ကခေါ်ကုန်ပြီ သိလား!"
Video call ပြောနေသဖြင့် ဖုန်း screen တွင်ပေါ်နေသည့် ရှန်ခွန်းနောင်၏ မျက်နှာလေးက စူပုပ်ပုပ်။
Hello kitty ရုပ်လေးတွေပါသော အဖြူနဲ့
ပန်းရောင်စပ် pajama လက်ရှည်လေးကို
ဝတ်ထားသည့် ထိုကလေး၏ မျက်နှာလေးသည်
မျက်မှန်ဝိုင်းလေးမတပ်ထားသဖြင့် ပို၍ ပင်
ချစ်စရာကောင်းနေသည်။
"ဘာကို ဘောက်ကျဲလေးလဲ"
" ဟာ ကိုကိုကလည်း ဘောက်ကျဲလေးဆိုတာ
ဘဲကြောက်လေးလေ ကိုကိုမလိုက်ခိုင်းလို့ဆိုပြီး
Club ကို မလိုက်လို့တဲ့ !
သူတို့က club မှာပျော်နေတဲ့ပုံတွေ ဇွတ်လာပို့ပြီး
စနေကြတာ.."
စိုင်းအံ့သျှိုင်းယံရယ်လိုက်ပြီးမှ
" ကိုယ် ပြန်လာရင်လိုက်ပို့ပေးမယ်။
အဲ့ဒီအခါကျမှ သူငယ်ချင်းတွေရော ခေါ်လိုက်"
"ဟွန့် .. ပြီးရော.."
"မျက်မှန်ကဘာလို့ မတပ်တာလဲ ။
ခေါင်းကိုက်ဦးမယ် ဘေဘီ"
"ညနေက ခုတင်ပေါ်မှာ တင်ထားတာကို မမြင်မိဘဲ
ဖင်နဲ့တက်ထိုင်မိသွားတာလေ..။
မှန်ပြုတ်ထွက်သွားပြီ။
မနက်ဖြန်ကျမှ အသစ်သွားလုပ်ရမှာ..။ အဲ့ဒီလိုပဲ
ကိုကိုက နည်းနည်းလေး စိတ်ဆိုးမယ်ပြောတာနဲ့
ကျွန်တော့်မှာ အလွဲလွဲအမှားမှားတွေ ဖြစ်နေရော
ကျွန်တော့်ကို တအားအနိုင်မကျင့်ပါနဲ့ ကိုကိုရာ.."
မျက်နှာလေးကို တမင်ငယ်ချကာ ပြောနေသည့်
ရုပ်ကလေးကို စိုင်းအံ့သျှိုင်းယံမှာ အသည်းတယားယားနဲ့ ကြည့်ရင်းသာ ပြုံးမိတော့ချေသည်။
ထိုကလေးကလည်း မေးတွင်လက်လေးတစ်ဖက်
ထောက်ကာ သူ့ကို ငေးကြည့်နေပြီးမှ ..
"ကိုကို့ကိုလွမ်းလိုက်တာ.."
"နေ့တိုင်းဖုန်းပြောပြီး နေ့တိုင်း video call
ပြောနေတာကို ကိုယ့်ကိုလွမ်းသေးတာလား"
"ကိုကို့ရင်ခွင်ထဲမှာနေချင်တာ"
စိုင်းအံ့သျှိုင်းယံပြုံးလိုက်မိပါတော့သည်။
"ကိုကို့ကိုလည်းအာဘွားပေးချင်တယ်.."
"နောက်ရော.."
"နောက် ဘာလဲ.."
"အာဘွားထက်ပိုတာတွေရော မလုပ်ချင်ဘူးလား"
"ကိုကို့ နှုတ်ခမ်းကို နမ်းချင်တယ်.."
"ဘယ်လိုမျိုးနမ်းချင်တာလဲ ..။ ခဏလေးလား ၊
အကြာကြီးလား.."
"ဟို... အကြာကြီး.."
"အင်း ပြီးတော့ရော.."
ရှန်ခွန်းနောင်၏ ပါးလေးတွေက မသိမသာလေး
အနီရောင်ပြေးလာသည်။
မျက်လုံးဝိုင်းလေးတွေသည်လည်း သူ့ကို ရင်ဆိုင်
မကြည့်ရဲဘဲ ဟိုဟိုဒီဒီလွှဲနေချေ၏။
"ပြီးတော့ ကိုယ့်ကို ဘာလုပ်ချင်သေးလဲ ဘေဘီ"
"ကိုကို့ လည်ပင်းကိုလည်း နမ်းချင်တယ်..။
ဟို .. ဟိုတစ်ခေါက်က ကိုကို့ကို အိပ်ရာလာနှိုးတုန်းက ကိုကို ကျွန်တော့်ကို နမ်းသလိုမျိုး..."
"အရာထင်အောင်လား.."
ခေါင်းလေးကိုဆတ်ခနဲညိတ်သည်။
ဖူးငုံနေသည့်နှုတ်ခမ်းဝိုင်းဝိုင်းလေး၊
နှာခေါင်းလုံးလုံးလေးနဲ့အတူ လည်တိုင်
ဖြူကျော့ကျော့လေးကို ငေးကြည့်ရင်းနဲ့ ခန္ဓာကိုယ်
တစ်နေရာမှ ထူးဆန်းနေသည်ကို စိုင်းအံ့သျှိုင်းယံ
ရုတ်တရက် သတိထားလိုက်မိချေ၏။
မဖြစ်နိုင်။ဒီကလေးက..
စကားလေးတွေနဲ့တင် သူ့ကို ဒီလို
ဖြစ်အောင်လုပ်နိုင်တာလား..။
"ဘေဘီ ကိုယ်မနက်မှ မင်းကို
ဖုန်းပြန်ခေါ်လိုက်တော့မယ်"
"ကိုကို ခုမှ..."
"ကိုယ်အိပ်ချင်နေပြီ ဒါပဲနော် ဘေဘီ
Good night စောစောအိပ်"
စကားစကိုဖြတ်ကာ
ဖုန်းကို မြန်မြန်ချပြီးတာနဲ့ အိပ်ခန်းကျယ်ထဲရှိ
Bathroom ဆိသို့ စိုင်းအံ့သျှိုင်းယံ ခြေလှမ်းတွေ
လှမ်းလိုက်ရတော့၏။
~~~~
ပြောနေရင်းတန်းလန်း ရုတ်တရက်ကြီး
ဖုန်းချသွားသည့်ကိုကို့ကြောင့် ရှန်ခွန်းနောင်
မျက်နှာလေးငယ်သွားခဲ့ပါသည်။
ဘာလဲ..။ကိုကိုကသူ့ကို စိတ်ဆိုးသွားတာလား..။
_________________________________________________
ဆက်ရန်။
ZAWGYI
"သား ဘယ္သြားမလို႔လဲ"
ေဝမွူးပိုင္နဲ႔ ေတြ႕ရန္ခ်ိန္းထားသည့္အတြက္
အိမ္အေပၚထပ္မွ လႊမ္းသုတဆင္းလာခ်ိန္တြင္
ဧည့္ခန္းမွာထိုင္ေနသည့္ ေမေမက ေမးလာသည္။
ေဖေဖကေတာ့ နဂိုကတည္းက မိသားစုအေပၚတြင္
တည္တည္တင္းတင္းေနတတ္သူျဖစ္၍ အကဲခတ္ဟန္ျဖင့္ တစ္ခ်က္သာ ၾကည့္လာ၏။
"သူငယ္ခ်င္းနဲ႔ေတြ႕မလို႔ ေမေမ။ ေမေမတို႔ဒီေန႔
အျပင္မသြားရဘူးေပါ့"
"ဒီေန႔ဥပုသ္ေန႔ေလ။ ပြဲ႐ုံပိတ္တယ္"
"ဪ ။ ဟုတ္သားပဲ ။ အဲ့ဒါဆို သြားဦးမယ္ေနာ္
ေမေမ။ သူငယ္ခ်င္းက အိမ္ေရွ႕မွာေစာင့္ေနၿပီ"
"ဟိုတစ္ေခါက္ သားဖ်ားတုန္းက
လာေတြ႕တဲ့ ေကာင္ေလးလား"
ေက်ာင္းသၤၾကန္ေန႔တုန္းက လႊမ္းသုတ ဖ်ားခဲ့တုန္းက ေဝမွူးပိုင္လာေတြ႕သည္ေၾကာင့္ ေမေမက
သတိတရေမးျခင္းျဖစ္သည္။အဲ့ဒီတုန္းက ေမေမက
ေဝမွူးပိုင္ကိုေတာင္ သူတို႔အိမ္ျပန္ေရာက္တဲ့အထိ
လႊမ္းသုတေဘးမွာ ေနေပးဖို႔ အကူအညီေတာင္းသြားခဲ့တာေလ။
"ဟုတ္တယ္ ေမေမ"
"ေအးေအး သြားသြား"
"ေဖေဖ ကၽြန္ေတာ္ သြားဦးမယ္။
အျပင္က စားခ်င္တာ
ရွိရင္ဖုန္းဆက္ၿပီးလွမ္းမွာလိုက္ေနာ္"
ေဖေဖက ေခါင္းကိုသာတစ္ခ်က္ညိတ္ျပ၏။
လႊမ္းသုတလည္း အိမ္ေရွ႕သို႔ သာ
ျမန္ျမန္ထြက္ခဲ့လိုက္ေတာ့သည္။
"အဲ့ဒီေကာင္ေလးကို ၾကည့္ရတာ သားကိုအေတာ္
ခင္ရွာတယ္ ထင္တယ္။ ဟိုတစ္ေခါက္က သားနဲ႔
အတူမနက္လမ္းေလၽွာက္ထြက္ရင္း
ကၽြန္မတို႔အတြက္ေတာင္
မနက္စာဝယ္ထည့္ေပးလိုက္တယ္ဆိုတဲ့
ေကာင္ေလးေလ အေဖႀကီး"
လႊမ္းသုတ၏ အေမျဖစ္သူ ေဒၚစိုးယုက
အိမ္ေထာင္ဦးစီးျဖစ္သည့္ ဦးသုတျမင့္လြင္ကို
ေျပာလိုက္ျခင္းျဖစ္သည္။
ဦးသုတျမင့္လြင္ကေတာ့ တည္တင္းသည့္
မ်က္ႏွာျဖင့္သာရွိေနၿပီးမွ..
"ေယာက်ာ္းေလးခ်င္းဆိုၿပီးလည္း သားကို
စိတ္ခ်လက္ခ် လႊတ္မထားနဲ႔ ။ အခုေခတ္က
ေျပာရတာမဟုတ္ဘူး။ဟိုတစ္ေန႔ကလည္း
ငါ့သူငယ္ခ်င္း စက္႐ုံသူေဌးရဲ့သားက ေယာက်ာ္း
ေလးခ်င္းတြဲတာတဲ့။ ဒါကို ငါ့သူငယ္ခ်င္းကလည္း
လက္ခံသတဲ့။ ငါကေတာ့ေဘးကၾကည့္ၿပီးေတာင္
ေဒါသထြက္တယ္။ ပတ္ဝန္းက်င္ကို
ဂ႐ုမစိုက္ၾကတာလား။ ဦးေႏွာက္မရွိၾကတာလား
တစ္ခုခုပဲ။ ပတ္ဝန္းက်င္ဆိုတာ
ကဲ့ရဲ့ခုနစ္ရက္ ခ်ီးမြမ္းခုနစ္ရက္လို႔ဆိုေပမဲ့
အခြင့္သာတိုင္း ဒီကိစၥကို လက္ညႇိုးထိုးၾကမွာ..။
သားကိုလည္း အဲ့ဒီလိုမျဖစ္ေစနဲ႔.."
ေဒၚစိုးယုမွာ သက္ျပင္းတစ္ခ်က္ခိုးခ်၍
ဟုတ္ကဲ့ပါရွင္ဟုသာ ေျပာလိုက္နိုင္ေတာ့ပါသည္။
ဦးသုတျမင့္လြင္က မိသားစုကိုခ်စ္သေလာက္၊
ဂ႐ုစိုက္သေလာက္ ေဒါသႀကီးတတ္သည့္သူ၊
တျခားသူ၏ အျမင္ကို ထည့္မတြက္တတ္ဘဲ
သူ႔စကားတစ္ခြန္းကိုသာ မလိုက္နာမေနရ
လိုက္နာေစခ်င္သည့္
အတၱႀကီးသည့္သူသာျဖစ္သည္။
~~~~~~~~~~~~~~~~~~
လႊမ္းသုတက မေန႔ညက Capital မွာ
အ႐ုပ္သြားေကာက္ခ်င္တယ္လို႔
ေျပာထားတာေၾကာင့္
ေဝမွူးပိုင္က လိုက္ပို႔ေပးျခင္းျဖစ္သည္။
"မင္းရဲ့လက္ကေနာ္.."
လႊမ္းသုတက ဂိမ္းထဲက event ကို
တစ္ခ်က္ၾကည့္ေနရင္းနဲ႔ ေဝမွူးပိုင္ကို
စူပုပ္ပုပ္အသံျဖင့္ ေျပာလိုက္သည္။
လက္တစ္ဖက္ကို car steering ေပၚတြင္ထားကာ
ေနာက္လက္တစ္ဖက္က လႊမ္းသုတ၏
ေပါင္ကို ဖြဖြ ဆုပ္ညႇစ္၍ကိုင္ထားသည့္
ေဝမွူးပိုင္ကေတာ့ သူ႔ကိုေျပာေနတာ
မဟုတ္သည့္အလား မသိခ်င္ေယာင္ေဆာင္
ေနေလသည္။
လႊမ္းသုတက ဖုန္းကိုေဘးသို႔ခ်လိုက္ၿပီး
"ေဝမွူးပိုင္.."
သူေခၚေနသည္ကိုမထူးလာပါ။
မသိခ်င္ေယာင္ေဆာင္ေနသည္။
လႊမ္းသုတမ်က္ခုံးေတြကို တြန့္ကုပ္လိုက္မိၿပီး
"ငါေခၚေနတယ္ မၾကားဘူးလား"
"ရည္းစားကို ေခၚသလို ေခၚေလ"
"ခု ဘယ္လိုေခၚေနလို႔လဲ"
"ေသသြားတဲ့ငါ့အဖိုးေခၚသလိုပဲ"
လႊမ္းသုတ ရယ္လိုက္မိကာ
ေဝမွူးပိုင္၏ ပါးကိုပင္ဆြဲညႇစ္လိုက္မိသည္။
ေဝမွူးပိုင္က လႊမ္းသုတကို တစ္ခ်က္
လွည့္ၾကည့္လိုက္ၿပီးမွ မသိမသာျပဳံးေလသည္။
လႊမ္းသုတက
"မင္းကို ေမးစရာရွိတယ္.."
"ေမး"
"တကယ္လို႔ မင္းငါနဲ႔ မတြဲျဖစ္ခဲ့ရင္..
ဘယ္လိုလူမ်ိဳးနဲ႔ မင္းတြဲျဖစ္မယ္ထင္လဲ"
"မင္းကလြဲၿပီး ဘယ္သူ႔မွ စိတ္မဝင္စားဘူး"
"အဲ့ဒါဆို ဘယ္သူနဲ႔မွမတြဲဘဲေနမွာလား၊
မျဖစ္နိုင္ပါဘူး။ မင္းတစ္ေယာက္ေယာက္နဲ႔ေတာ့
တြဲမွာပဲ"
"အခု ငါမင္းနဲ႔ပဲအတူရွိေနတယ္မဟုတ္လား။
ဦးေႏွာက္မရွိတဲ့စကားေတြ လာေျပာမေနနဲ႔"
လႊမ္းသုတက ႏွာေခါင္းကို
အနည္းငယ္ရွုံ႔လိုက္ၿပီးမွ..
"ငါကေတာ့ မင္းနဲ႔မတြဲျဖစ္ရင္ တျခား
တစ္ေယာက္ေယာက္နဲ႔တြဲျဖစ္မယ္ထင္တယ္..."
ေဝမွူးပိုင္က အနည္းငယ္တည္တင္းသြားသည့္
မ်က္ႏွာထားႏွင့္လွည့္ၾကည့္လာခဲ့သည္။
လႊမ္းသုတက သတိမထားမိဘဲ သူေျပာေနသည့္
စကားကိုသာ ဆက္ေျပာသည္။
"တကယ္ေတာ့ မင္းငါ့ကိုဖြင့္မေျပာခင္တုန္းက
ငါနည္းနည္းသေဘာက်ေနတဲ့ တစ္ေယာက္ရွိတယ္
ဟီး.."
"လႊမ္းသုတ"
ေခၚလိုက္သည့္ေဝမွူးပိုင္၏အသံက
တင္းမာေနေလသည္။
ထိုအခါမွ လႊမ္းသုတက သူ႔ရဲ့မ်က္ေတာင္ေကာ့ေကာ့ေလးေတြကို ပုတ္ခပ္လိုက္ၿပီး..
"မဟုတ္ဘူးေလ မင္းနဲ႔မတြဲရင္ပါဆို.."
"ေစာက္ေရးမပါဘူးကြာ မင္း.."
လႊမ္းသုတရဲ့
ေပါင္ေပၚက သူ႔လက္ကိုလည္း ဖယ္သြားသလို
ကားကိုလည္း လီဗာေဆာင့္နင္းပစ္လိုက္ေလသည္။
တြန့္ခ်ိဳးထားသည့္ မ်က္ခုံးနက္နက္၊
တင္းတင္းေစ့ထားသည့္ ႏွုတ္ခမ္းပါးတို႔က
တကယ္ေဒါသထြက္သြားေၾကာင္း
ေဖာ္ျပေနေလ၏။
စကားကို ေရွ႕ေနာက္မၾကည့္ေျပာလိုက္ၿပီးမွ
လႊမ္းသုတ ေခါင္းေလးပုသြားေတာ့သည္။
"မင္းကလည္း.. ငါကဒီတိုင္းေျပာတာကို.."
လႊမ္းသုတ ေလသံေပ်ာ့ေပ်ာ့ျဖင့္
ေျပာလိုက္မိသည္။
ေဝမွူးပိုင္က လုံးဝလွည့္မၾကည့္လာခဲ့ေတာ့ပါ။
"ဒီတိုင္းေျပာတာပါဆိုမွ
စိတ္ထဲကမွမပါတာႀကီးကို.."
"စိတ္ထဲကမပါဘဲ မင္းပါးစပ္က ထြက္လာစရာ
အေၾကာင္းမရွိဘူး"
ေျပာလာသည့္ ေလသံက ခပ္မာမာ။
လႊမ္းသုတက ႏွုတ္ခမ္းကို စူပုံ႔ပုံ႔ေလး
လုပ္လိုက္ၿပီးမွ
"မဟုတ္ဘူးေလ။ အခု တြဲခ်င္တယ္လည္း
ေျပာေနတာမွမဟုတ္တာ။
မင္းနဲ႔မတြဲျဖစ္ရင္ပါဆို....."
"မင္းစိတ္ကိုက ငါရွိေနရက္နဲ႔
တျခားတစ္ေယာက္အေပၚ
ေရာက္ခ်င္ေနလို႔ အဲ့ဒီစကားထြက္လာတာေပါ့"
"ဘယ္သူ႔ကိုေရာက္ရမွာလဲ"
"အဲ့ဒါေတာ့ မင္းကိုယ္မင္းပဲ သိမွာပဲ"
"မဟုတ္ပါဘူးဆို..။ အခုလည္း ဘယ္သူနဲ႔မွ
ပတ္သက္ေနတာမဟုတ္ဘူး..။
ငါ့လည္း မင္းကလြဲၿပီး ဘယ္သူမွ တကူးတက
လာမႀကိဳက္ဘူး.."
"......"
"ေမာင္လို႔....ငါသိတာဆိုလို႔ မင္းကို ခ်စ္တာ
တစ္ခုပဲသိတာကို...."
ထိုစကားကိုၾကားလိုက္ရသည့္အခါ ေဝမွူးပိုင္က
ႏွုတ္ခမ္းစြန္းေလးတစ္ခ်က္ေကာ့တက္႐ုံ
မသိမသာ ျပဳံးလိုက္ၿပီးမွ
မ်က္ႏွာကို ခ်က္ခ်င္းျပန္တည္လိုက္သည္ကို
လႊမ္းသုတက ျမင္ျဖစ္ေအာင္ျမင္လိုက္ရသည္။
"ေနာ္လို႔.. .."
"ဘာေနာ္တာလဲ.."
"စိတ္မဆိုးပါနဲ႔ မ်က္ေမွာင္ႀကီးက်ဳံ႕မထားနဲ႔ကြာ.."
"မင္းပဲေမာင့္ကို
ေဒါသထြက္ေအာင္လာလုပ္ေနတာေလ"
"ေမာင္ကလည္း.."
ဒီတစ္ခါေတာ့ ေဝမွူးပိုင္က သိသိသာသာပင္
ျပဳံးသြား၏။
ထိုအခါမွလႊမ္းသုတက ခပ္တိုးတိုးရယ္လိုက္ၿပီး
ကားေမာင္းေနသည့္ ေဝမွူးပိုင္ကို လည္တိုင္မွေန၍
သြားဖက္လိုက္ကာ ပါးျပင္ထက္သို႔
ရႊတ္ခနဲ အသံေလးျမည္ေအာင္ပင္
နမ္းလိုက္မိပါသည္။
တြဲစကထက္ပင္ ေဝမွူးပိုင္ကို
ပိုခ်စ္လာခဲ့သည္မွာအမွန္။
သူေျပာသည့္စကား၊သူလုပ္သည့္အျပဳအမူ၊
ေဒါသထြက္လၽွင္ ေျပာင္းလဲသြားတဲ့
သူ႔ပုံစံစတဲ့ အရာအားလုံးကို သေဘာက်တဲ့
စိတ္က ဒီေရလို တရိပ္ရိပ္တိုးလာခဲ့သည္ပင္။
"ေမာင့္အိမ္သြားရေအာင္.."
"ဘာသြားလုပ္မွာလဲ"
"မင္းကို အျပစ္ေပးမလို႔.."
ခုနက႐ုပ္နဲ႔မတူစြာျပဳံးစိစိနဲ႔စေနာက္လာသည့္
ေဝမွူးပိုင္ေၾကာင့္ လႊမ္းသုတ မ်က္ေစာင္း
ျဖင့္ၾကည့္လိုက္ၿပီးမွ...
"မင္းေနာ္ !ထိုးထည့္လိုက္ဦးမယ္ မ်က္ႏွာႀကီးကို"
"ဘာအသံလဲကြာ ခုနကအသံေလးနဲ႔ ေျပာေလ.."
"မေျပာနိုင္ဘူး ..နိုးပဲ"
ေဝမွူးပိုင္က ႏွစ္ၿခိဳက္စြာရယ္ေလသည္။
လႊမ္းသုတ ကားမွန္ကိုခ်လိုက္မိသည့္အခါ
မိုးရနံ႔ပါသည့္ေလႏုေအးမ်ား တိုက္ခတ္လာသည္။
ကားထဲတြင္ဖြင့္ထားေသာ FM က လာေနသည့္
သီခ်င္းကလည္း ခပ္တိုးတိုးပ်ံ႕လြင့္ေန၏။
'မင္းနဲ႔...မင္းနဲ႔...Ever ရန္ျဖစ္တယ္ ျပန္ခ်စ္တယ္
ငါကေတာ့ ခံစစ္ပဲ..။ မင္းနဲ႔..မင္းနဲ႔.. ဘယ္ေတာ့မွ
လမ္းမခြဲပါနဲ႔ ငါ့လက္ကိုပဲ မင္းအျမဲတြဲပါ..
မင္းနဲ႔.......'
~~~~~~~~~~~~~~~~~~
"ေတာ္ၿပီလို႔ ...အဲ့ဒီအ႐ုပ္ မယူေတာ့ဘူး။
သြားရေအာင္ မုန့္သြားစားမယ္"
"တိတ္တိတ္ေနကြာ ငါရေအာင္ေကာက္မယ္"
မ်က္ခုံးကို အစြမ္းကုန္တြန့္ခ်ိဳးထားၿပီး စက္ထဲက
အ႐ုပ္ကို အားႀကိဳးမာန္တက္ေကာက္ေနတဲ့
ေဝမွူးပိုင္ကို ၾကည့္ကာ လႊမ္းသုတ စိတ္လည္းညစ္
ရယ္လည္းခ်င္လာမိေတာ့သည္။
သူတို႔ဒီအ႐ုပ္ေကာက္စက္နားမွာ ရပ္ေနတာ
အနည္းဆုံးမိနစ္၃၀ ေက်ာ္ၿပီျဖစ္သည္။
တျခားအ႐ုပ္ေတြရလာေပမဲ့
လႊမ္းသုတ လိုခ်င္ေနေသာ တြန့္ခ်ိဳးထားသည့္
မ်က္ခုံးမည္းမည္းေလးေတြပါသည့္
ေၾကာင္႐ုပ္ေလးကေတာ့ ရမလာေသးေပ။
အေနာက္ထဲတြင္ကပ္ထားတာမို႔ ယူရန္
ခက္ေနျခင္းျဖစ္သည္။
ထိုအ႐ုပ္ေလးကို ေဝမွူးပိုင္နဲ႔ တူလို႔ရခ်င္တယ္
လို႔ လႊမ္းသုတ ေျပာလိုက္ကတည္းက
ေဝမွူးပိုင္က မေလၽွာ့ေသာ ဇြဲနဲ႔ ထိုအ႐ုပ္ကိုရေအာင္
ယူေနေတာ့တာျဖစ္သည္။
ေျပာမရတဲ့အဆုံး ထိုအ႐ုပ္ေကာက္စက္နားမွာသာ
လႊမ္းသုတ ငုတ္တုပ္
ထိုင္ခ်လိုက္မိပါေတာ့သည္။
လုပ္ခ်င္တာလုပ္ပါေတာ့။ မင္းစိတ္ခ်မ္းသာရင္
ကမၻာႀကီးေအးခ်မ္းပါတယ္ ငါ့ရဲ့အ႐ူးရယ္..။
၂ မိနစ္
၃ မိနစ္
၅ မိနစ္
၁၀ မိနစ္
" မွူး သြားရေအာင္ကြာ ငါဗိုက္ဆာေနၿပီလို႔..."
ဘယ္လိုေခၚေခၚ ဘယ္လိုေျပာေျပာ
ျပန္ေျဖသည့္စကားမရလာ..။
ႏွုတ္ခမ္းပါးကို တင္းတင္းေစ့ကာ
ေမးရိုးေတြပါ ထင္းေနသည္အထိ
အ႐ုပ္ေကာက္ရာတြင္ အာ႐ုံစူးစိုက္ေနေသာ
ေဝမွူးပိုင္ကိုၾကည့္ကာလႊမ္းသုတ
ငိုခ်င္လာပါေတာ့သည္။
ျဖတ္သြားျဖတ္လာလူေတြကလည္း
သူတို႔ႏွစ္ေယာက္ကို မသိမသာ ၾကည့္ေနၾကေပၿပီ။
ေျပာမရတာကို ထပ္ေျပာမေနေတာ့ဘဲ
လႊမ္းသုတ သက္ျပင္းခ်လိုက္ၿပီးမွ
ေဘာင္းဘီအိတ္ထဲက
ဖုန္းကိုသာထုတ္ကာ လိုင္းသုံးေနမိေတာ့၏။
အခ်ိန္ခဏမၽွ ၾကာသြားသည္။
ထို႔ေနာက္တြင္ေတာ့
"ရၿပီ.."
ဝမ္းေျမာက္စြာေျပာလိုက္သည့္ ေဝမွူးပိုင္ရဲ့အသံေၾကာင့္လႊမ္းသုတ ခ်က္ခ်င္းထရပ္၍
ၾကည့္လိုက္မိသည္။
ေဝမွူးပိုင္က ႏွစ္ႏွစ္ၿခိိုက္ၿခိဳက္ရယ္လိုက္ၿပီးမွ
က်လာသည့္ ေၾကာင္႐ုပ္ေလးကို
ေကာက္လိုက္ၿပီးလႊမ္းသုတကို ေပးလိုက္သည္။
ထိူ႔ေနာက္ လႊမ္းသုတကို ဆြဲဖက္လိုက္ကာ
ခုန္ဆြခုန္ဆြလုပ္ေနျပန္သည္။
"ငါေျပာတယ္မလား..ရေအာင္ေကာက္ေပးမယ္လို႔"
မ်က္လုံးေလးေတြေမွးမွိတ္က်သြားသည္အထိ
အားရပါးရျပဳံးေနသည့္ ေဝမွူးပိုင္ကိုၾကည့္ကာ
လႊမ္းသုတ ရယ္လိုက္မိပါေတာ့သည္။
မွူး........မင္းက တကယ္ေတာ့
ကေလးေလးပါပဲ..။
_______________________
" အံ့သၽွိုင္းယံ သား ဖုန္းလာေနတယ္.."
ေဖေဖနားသည့္ရက္တြင္ သူနဲ႔ေဖေဖ ၿခံထဲတြင္
ေကာ္ဖီေသာက္ရင္း ေအးေအးေဆးေဆး
ထိုင္ကာ စကားေျပာေနခိုက္
ေဖေဖ့ညီမျဖစ္ေသာသူ႔အန္တီေလးက
ဖုန္းကိုလာေပး၏။
စိုင္းအံ့သၽွိုင္းယံျပဳံးသာျပဳံးမိေတာ့သည္။
လြမ္းတိုင္းဖုန္းဆက္လို႔ သူမွာခဲ့သည့္စကားကိုေတာ့
ရွန္ခြန္းေနာင္ဟာ နားေထာင္ရွာသည္။
၁ နာရီျခားတစ္ခါဆက္ေနေတာ့တာျဖစ္သည္။
"မင္းရဲ့ကေလးက လူကပ္လွခ်ည္လား"
အေနေအးသည့္ ေဖေဖကပင္စေနာက္လာေတာ့တာ
ေၾကာင့္ သူရယ္လိုက္မိပါေတာ့၏။
အန္တီေလးဆီမွ ဖုန္းကိုယူရင္း ေဖေဖ့ေဘးက ထလာခဲ့ကာ ပန္း႐ုံေတြရွိရာသို႔ေလၽွာက္လာခဲ့လိုက္သည္။
"အင္း ေျပာ..ေဘဘီ"
"ကိုကို ဘာလုပ္.."
အသံေလးကရႊင္ျမဴးျမဴးေလးျဖစ္သည္။
"ကိုယ္ ေဖေဖနဲ႔ ၿခံထဲမွာ ေကာ္ဖီေသာက္ရင္း
စကားေျပာေနတယ္"
"မႏၲေလးမွာ ခုမိုးေတြရြာေနတယ္ သိလား ။
ကိုကိုတို႔ဆီေရာ.."
" ဒီမွာ မိုးအုံ႔႐ုံပါပဲ"
"ကၽြန္ေတာ္ကေလ အစကတည္းကမွ ကိုကို႔ကို
လြမ္းေနတာပါဆို ..။ မိုးေတြရြာခ်လာေတာ့ ပိုလြမ္းသြားတာသိလား။ အဲ့ဒါမို႔ ဖုန္းဆက္လိုက္တာ။
ခဏခဏ ကိုကို႔ကို ဖုန္းဆက္ၿပီးေႏွာက္ယွက္ေနတာ
မဟုတ္ပါဘူး.."
မဆူပါဘဲနဲ႔ အသံငယ္ငယ္ေလးနဲ႔ရွင္းျပလာသည့္
ကေလးေၾကာင့္ သူျပဳံးလိုက္မိေတာ့သည္။
"ဒီေန႔က ကိုယ္အားပါတယ္။
မင္းဆက္ခ်င္တဲ့အခ်ိန္ ဆက္ပါ"
"ဒီေန႔ကအားတယ္ဆိုေတာ့ မနက္ျဖန္ေရာ.."
"မနက္ျဖန္ ေညာင္ေရႊက ကိုယ့္ေဖေဖရဲ့ဟိုတယ္ကို
ခဏသြားၾကည့္ေပးရမွာမို႔ အားမွာမဟုတ္ဘူး"
"ညေရာ..ညေရာဖုန္းဆက္လို႔ရလား"
"ကိုယ္ဆက္လိုက္မယ္ေနာ္"
ရွန္ခြန္းေနာင္ဘက္က အသံေလးတိတ္သြားခဲ့သည္။
ထို႔ေနာက္..
"ကိုကို မဆက္ခ်င္လည္း ဆက္မေနပါနဲ႔.."
အသံေလးက အနည္းငယ္တင္းကာ
ဆူဆူေအာင့္ေအာင့္။
စိုင္းအံ့သၽွိုင္းယံ ခပ္တိုးတိုးရယ္လိုက္ေတာ့သည္။
ေရာက္လာသည့္ တစ္ပတ္အတြင္း ထိုသို႔ စကား
အထအနေလးကစ ေကာက္ၿပီး စိတ္ေကာက္တာက
လက္ခ်ိဳးေရတြက္၍ပင္မရေတာ့။
"ကၽြန္ေတာ္ကပဲ လြမ္းေနတာ၊ ဖုန္းဆိုလည္း
ကၽြန္ေတာ္ကပဲ ဆက္ေနရတာ"
"ကိုယ္ဆက္စရာမလိုေအာင္ကို မင္းဘက္က
ဆက္ေနတာေလ ေဘဘီေလးရဲ့"
"ဟုတ္ၿပီေလ ။ မဆက္ဘူး ။
မေကာင္းတဲ့ ကိုကို ! အေဝးေရာက္တာနဲ႔
အခ်ိဳးေျပာင္းတယ္!"
"ေဟာဗ်ာ ကိုယ္ဘာအခ်ိဳးေျပာင္းေနလို႔လဲ။
ဘာလို႔ အဲ့ဒီေလာက္စြာေနရတာလဲကြာ.."
"ခုေတာ့ စြာတယ္ထင္ၿပီေပါ့။ ရပါတယ္။
အဲ့ဒီမွာ မစြာတဲ့အသစ္ေတြေတြ႕ေနမွေတာ့
ေျပာမွာေပါ့"
"ေဘဘီ ကိုယ္ အဲ့ဒီလိုေျပာေနတာေတြ
သိပ္မႀကိဳက္ဘူး"
သူအသံကို အနည္းငယ္ မာ၍
ေျပာလိုက္သည့္အခါ တစ္ဖက္က
အသံေလးကတိတ္သြားသည္။
စကၠန့္အနည္းငယ္မၽွ ၾကာသည့္အခါ
"ညက် သူငယ္ခ်င္းေတြနဲ႔ club သြားမွာ"
စိုင္းအံ့သၽွိုင္းယံ သူ႔မ်က္ခုံးေတြကို အနည္းငယ္
တြန့္ခ်ိဳးလိုက္မိသည္။
"ဘယ္ club လဲ ။ မသြားရဘူး ေဘဘီ"
"သြားမွာ"
"ကိုယ္ေျပာတဲ့စကားနားေထာင္ ။
ကိုယ္မပါဘဲ စိတ္မခ်ဘူး"
"ကိုကို စိတ္မခ်လည္းသြားမွာ.."
"ဘာလို႔ ဆိုးေနတာလဲ"
"ဆိုးတယ္ ဘာျဖစ္လဲ။ သြားမွာ club ကို ။
ကိုကို႔ကိုလည္း ဖုန္းမဆက္ဘူး ။ ကိုကိုလည္း
ဖုန္းမဆက္နဲ႔။ ဖုန္းကို အိမ္မွာထားခဲ့မွာ.."
"ကိုယ္စိတ္ဆိုးမယ္ဆိုရင္ေရာ သြားဦးမွာလား"
ထိုအခါမွ
သူေျပာသည့္စကားကို မတုံ႔ျပန္လာေတာ့ဘဲ
တစ္ဖက္က အသံေလးက တိတ္ဆိတ္သြားသည္။
" မသြားနဲ႔ ေဘဘီ ၾကာလား။
မင္းအရမ္းသြားခ်င္ရင္ ကိုယ္ျပန္လာမွ
လိုက္ပို႔ေပးမယ္"
" ကိုကိုကလည္း..။
ေဝမွူးပိုင္ရဲ့ club ပါ။ သူကိုယ္တိုင္ပါမွာ။
သူငယ္ခ်င္းေတြေရာ အကုန္လုံးပါတယ္"
"ဘယ္ Club လဲ"
" GOAT "
ထိုclub က မႏၲေလးတြင္အႀကီးဆုံး၊
နာမည္အႀကီးဆုံးနဲ႔ လူအရွုပ္ဆုံး club ျဖစ္သည္။ဘယ္လိုမွ စိတ္ခ်စရာအေၾကာင္းမရွိ။
"မရဘူး ေဘဘီ ။ ကိုယ့္စကားနားေထာင္"
"ကိုကိုက် သြားၿပီး.."
သူ႔စကားကို နားမေထာင္ခ်င္သလိုလုပ္ေနသည့္
ထိုကေလးက သက္သက္မဲ့ဂ်စ္တိုက္ေနျခင္းပင္ျဖစ္သည္။
"ကိုယ္မသြားနဲ႔လို႔ မင္းကိုေျပာၿပီးၿပီ ေဘဘီ။
ထပ္မပူဆာနဲ႔"
စိုင္းအံ့သၽွိုင္းယံ ထိုစကားကိုေျပာကာ
ဖုန္းခ်လိုက္ေတာ့၏။
မေရွးမေႏွာင္းမွာပင္ text message ကေန
'ကိုကိုကလူဆိုးႀကီး' ဆိုသည့္ message
ေလးထပ္ပို႔လာေပမဲ့ သူ reply မျပန္ေတာ့ဘဲ စကားထိုင္ေျပာေနၾကသည့္ ေဖေဖနဲ႔ အန္တီေလးတို႔ ဆီသို႔သာ
ေလၽွာက္လာခဲ့လိုက္ေတာ့၏။
~~~~~~~~~~~~~~~~~~~~~~
ရွန္ခြန္းေနာင္ ပို႔သည့္ message ကိုပင္
Reply ျပန္မလာေတာ့ေသာ ကိုကို႔ေၾကာင့္ ဖုန္းကို
ေဘးနားပစ္ခ်၍ ႏွုတ္ခမ္းေလးကိုမဲ့လိုက္မိသည္။
Club ကို မေရာက္ဖူးလို႔ သြားခ်င္ပါတယ္ဆိုမွ!
အဲ့ကိုကိုကလည္း !
ေမေမကို မနက္ကခြင့္ေတာင္းေတာ့ ေမေမက
သားရဲ့ကိုကို ခြင့္ျပဳရင္သြားေပါ့လို႔ ႏွုတ္ခမ္းကို
ခပ္မဲ့မဲ့ျပဳံး၍ ေျပာခဲ့ျခင္း၏ အဓိပၸာယ္ကို
ခုမွသိေတာ့သည္။
ကိုကို ခြင့္မျပဳေလာက္ဘူးဆိုတာကို ေမေမက
အတပ္သိေနခဲ့တာျဖစ္ေခ်မည္။
"အဲ့ဒီလူႀကီးေတြက ေကာင္းကို မေကာင္းဘူး။
ကေလးေတြဆို အနိုင္က်င့္တယ္"
ခုတင္ေပၚတြင္ ေခြအိပ္ေနရာမွ
နံေဘးရွိဝက္ဝံ႐ုပ္ႀကီးကို
ခြကာ ႏွုတ္ခမ္းကို စူပုံ႔ပုံ႔လုပ္၍ ေျပာလိုက္ၿပီးမွ
မ်က္လုံးေတြကို ေမွးမွိတ္ခ်၍
အိပ္ဖို႔ ျပင္လိုက္ပါေတာ့သည္။
မသြားနဲ႔ဆိုေတာ့လည္း မသြားဘူးေပါ့ ဘာျဖစ္လဲ..။
သြားလို႔ ေပ်ာ္ရမွာကခဏပဲ။
ကိုကို စိတ္ဆိုးသြားမွ အသည္းကြဲမွာ..ဟြန့္ !
~~~~~~~~~~~~~~~~~~~~~~~~
" အဲ့ကိုကိုေၾကာင့္ သူမ်ားကို ေဘာက္က်ဲေလးဆိုၿပီး
နန္းရတီတို႔ကေခၚကုန္ၿပီ သိလား!"
Video call ေျပာေနသျဖင့္ ဖုန္း screen တြင္ေပၚေနသည့္ ရွန္ခြန္းေနာင္၏ မ်က္ႏွာေလးက စူပုပ္ပုပ္။
Hello kitty ႐ုပ္ေလးေတြပါေသာ အျဖဴနဲ႔
ပန္းေရာင္စပ္ pajama လက္ရွည္ေလးကို
ဝတ္ထားသည့္ ထိုကေလး၏ မ်က္ႏွာေလးသည္
မ်က္မွန္ဝိုင္းေလးမတပ္ထားသျဖင့္ ပို၍ ပင္
ခ်စ္စရာေကာင္းေနသည္။
"ဘာကို ေဘာက္က်ဲေလးလဲ"
" ဟာ ကိုကိုကလည္း ေဘာက္က်ဲေလးဆိုတာ
ဘဲေၾကာက္ေလးေလ ကိုကိုမလိုက္ခိုင္းလို႔ဆိုၿပီး
Club ကို မလိုက္လို႔တဲ့ !
သူတို႔က club မွာေပ်ာ္ေနတဲ့ပုံေတြ ဇြတ္လာပို႔ၿပီး
စေနၾကတာ.."
စိုင္းအံ့သၽွိုင္းယံရယ္လိုက္ၿပီးမွ
" ကိုယ္ ျပန္လာရင္လိုက္ပို႔ေပးမယ္။
အဲ့ဒီအခါက်မွ သူငယ္ခ်င္းေတြေရာ ေခၚလိုက္"
"ဟြန့္ .. ၿပီးေရာ.."
"မ်က္မွန္ကဘာလို႔ မတပ္တာလဲ ။
ေခါင္းကိုက္ဦးမယ္ ေဘဘီ"
"ညေနက ခုတင္ေပၚမွာ တင္ထားတာကို မျမင္မိဘဲ
ဖင္နဲ႔တက္ထိုင္မိသြားတာေလ..။
မွန္ျပဳတ္ထြက္သြားၿပီ။
မနက္ျဖန္က်မွ အသစ္သြားလုပ္ရမွာ..။ အဲ့ဒီလိုပဲ
ကိုကိုက နည္းနည္းေလး စိတ္ဆိုးမယ္ေျပာတာနဲ႔
ကၽြန္ေတာ့္မွာ အလြဲလြဲအမွားမွားေတြ ျဖစ္ေနေရာ
ကၽြန္ေတာ့္ကို တအားအနိုင္မက်င့္ပါနဲ႔ ကိုကိုရာ.."
မ်က္ႏွာေလးကို တမင္ငယ္ခ်ကာ ေျပာေနသည့္
႐ုပ္ကေလးကို စိုင္းအံ့သၽွိုင္းယံမွာ အသည္းတယားယားနဲ႔ ၾကည့္ရင္းသာ ျပဳံးမိေတာ့ေခ်သည္။
ထိုကေလးကလည္း ေမးတြင္လက္ေလးတစ္ဖက္
ေထာက္ကာ သူ႔ကို ေငးၾကည့္ေနၿပီးမွ ..
"ကိုကို႔ကိုလြမ္းလိုက္တာ.."
"ေန႔တိုင္းဖုန္းေျပာၿပီး ေန႔တိုင္း video call
ေျပာေနတာကို ကိုယ့္ကိုလြမ္းေသးတာလား"
"ကိုကို႔ရင္ခြင္ထဲမွာေနခ်င္တာ"
စိုင္းအံ့သၽွိုင္းယံျပဳံးလိုက္မိပါေတာ့သည္။
"ကိုကို႔ကိုလည္းအာဘြားေပးခ်င္တယ္.."
"ေနာက္ေရာ.."
"ေနာက္ ဘာလဲ.."
"အာဘြားထက္ပိုတာေတြေရာ မလုပ္ခ်င္ဘူးလား"
"ကိုကို႔ ႏွုတ္ခမ္းကို နမ္းခ်င္တယ္.."
"ဘယ္လိုမ်ိဳးနမ္းခ်င္တာလဲ ..။ ခဏေလးလား ၊
အၾကာႀကီးလား.."
"ဟို... အၾကာႀကီး.."
"အင္း ၿပီးေတာ့ေရာ.."
ရွန္ခြန္းေနာင္၏ ပါးေလးေတြက မသိမသာေလး
အနီေရာင္ေျပးလာသည္။
မ်က္လုံးဝိုင္းေလးေတြသည္လည္း သူ႔ကို ရင္ဆိုင္
မၾကည့္ရဲဘဲ ဟိုဟိုဒီဒီလႊဲေနေခ်၏။
"ၿပီးေတာ့ ကိုယ့္ကို ဘာလုပ္ခ်င္ေသးလဲ ေဘဘီ"
"ကိုကို႔ လည္ပင္းကိုလည္း နမ္းခ်င္တယ္..။
ဟို .. ဟိုတစ္ေခါက္က ကိုကို႔ကို အိပ္ရာလာႏွိုးတုန္းက ကိုကို ကၽြန္ေတာ့္ကို နမ္းသလိုမ်ိဳး..."
"အရာထင္ေအာင္လား.."
ေခါင္းေလးကိုဆတ္ခနဲညိတ္သည္။
ဖူးငုံေနသည့္ႏွုတ္ခမ္းဝိုင္းဝိုင္းေလး၊
ႏွာေခါင္းလုံးလုံးေလးနဲ႔အတူ လည္တိုင္
ျဖဴေက်ာ့ေက်ာ့ေလးကို ေငးၾကည့္ရင္းနဲ႔ ခႏၶာကိုယ္
တစ္ေနရာမွ ထူးဆန္းေနသည္ကို စိုင္းအံ့သၽွိုင္းယံ
႐ုတ္တရက္ သတိထားလိုက္မိေခ်၏။
မျဖစ္နိုင္။ဒီကေလးက..
စကားေလးေတြနဲ႔တင္ သူ႔ကို ဒီလို
ျဖစ္ေအာင္လုပ္နိုင္တာလား..။
"ေဘဘီ ကိုယ္မနက္မွ မင္းကို
ဖုန္းျပန္ေခၚလိုက္ေတာ့မယ္"
"ကိုကို ခုမွ..."
"ကိုယ္အိပ္ခ်င္ေနၿပီ ဒါပဲေနာ္ ေဘဘီ
Good night ေစာေစာအိပ္"
စကားစကိုျဖတ္ကာ
ဖုန္းကို ျမန္ျမန္ခ်ၿပီးတာနဲ႔ အိပ္ခန္းက်ယ္ထဲရွိ
Bathroom ဆိသို႔ စိုင္းအံ့သၽွိုင္းယံ ေျခလွမ္းေတြ
လွမ္းလိုက္ရေတာ့၏။
~~~~
ေျပာေနရင္းတန္းလန္း ႐ုတ္တရက္ႀကီး
ဖုန္းခ်သြားသည့္ကိုကို႔ေၾကာင့္ ရွန္ခြန္းေနာင္
မ်က္ႏွာေလးငယ္သြားခဲ့ပါသည္။
ဘာလဲ..။ကိုကိုကသူ႔ကို စိတ္ဆိုးသြားတာလား..။
_________________________________________________
ဆက္ရန္။
ZAWGYI