Time Spent Walking Through Me...

psh_fever által

47K 6.7K 1.6K

His daily dose of Sim Jae Yun through the years... 🍂 Title : 기억을 걷는 시간 Written in : Burmese Pair : Park Sun... Több

프롤로그
하나
다섯
여섯
일곱
여덟
아홉
열하나
열둘
열셋
열넷
열다섯
열여섯
열일곱
열여덟
열아홉
스물
스물하나
스물둘
스물셋 [meowz]
스물넷 [meowz]
스물다섯
스물일곱
스물여덟
에필로그

스물여섯

1.2K 216 53
psh_fever által

ဆောင်းဟွန်းက တက္ကသိုလ်ကျောင်းသားဖြစ်လာတဲ့တိုင်အောင် အတွေးလွန်တုန်း။ တခါတလေ ဆောင်းဟွန်း ဘာတွေတွေးလို့တွေးနေမှန်း ဂျယ်ယွန်းဖြင့် နားတောင်မလည်နိုင်ပါဘူး။

တခါကဆို လက်တွေ့ဘာသာရပ်အချိန် labထဲကထွက်လာထဲက ငူငူငိုင်ငိုင်နဲ့။ ဘာဖြစ်တာလဲ မေးတော့လဲမဖြေ။ နောက်တော့မှ ဂျယ်ယွန်းလက်ထဲက စပျစ်ဆိုဒါဘူးကိုယူသောက်ပြီး သက်ပြင်းချလို့ ပြောရှာတယ်။

"ဒီနေ့ အတန်းထဲမှာ သင်ရတာ။ Schrödinger's catအကြောင်း။ ကြောင်တစ်ကောင်ကို ပုံးတစ်ပုံးထဲမှာပိတ်ထားပြီး သေစေနိုင်မယ့် radioactive atomတစ်ခုခုထည့်ပြီးနောက် ပုံးကိုဖွင့်လိုက်တဲ့အခါ ကြောင်က သေတာလဲဖြစ်နိုင်တယ်၊ ရှင်တာလဲဖြစ်နိုင်တယ်။ parallel dimensionကွဲသွားတဲ့အခါ ကိုယ့်dimensionဘက်မှာ ကြောင်ကသေပြီး တခြားdimensionမှာရှင်နေတာဖြစ်နိုင်သလို ကိုယ့်dimensionမှာရှင်ပြီး အခြားdimensionမှာသေသွားတာလဲဖြစ်နိုင်တယ်"

"Ahum.."
ဂျယ်ယွန်း ခဏနားနေတဲ့ဆောင်းဟွန်းကို လေသံလေးနဲ့ သူနားထောင်နေကြောင်း တုံ့ပြန်တယ်။

"အဲတာ မောင်ကဘာလို့စိတ်ညစ်နေတာလဲ။ instructorက ကြောင်တစ်ကောင် ပုံးထဲထည့်ပြီး တကယ်ကြီး အဲလိုစမ်းသပ်ရမယ် ပြောလို့လား"
ဂျယ်ယွန်းမျက်လုံးလေးတွေ ပြူးသွားတယ်။

"မဟုတ်ပါဘူး။ မောင်စဉ်းစားနေမိတာ။ dimensionသာ အဲလိုကွဲထွက်ရိုးထုံးစံရှိမယ်ဆို ဂျယ်ယွန်းကလေး ဖွင့်ပြောခဲ့တဲ့dimensionမှာ မောင်တို့နေရပြီး တခြားdimensionမှာ သတ္တိကြောင်တဲ့မောင့်ဘက်ကပဲ စဖွင့်ပြောရမယ်ဆို အဲdimensionက မောင်တို့တွေ တွဲလိုက်ရမှာတောင် မဟုတ်ဘူးလို့"

"အာ အဝေးကြီးထိစဉ်းစားနေတာပဲ"

"တွေးရင်း ဝမ်းနည်းလိုက်တာ ဂျယ်ယွန်းကလေးရယ်။ အဲလိုdimensionတွေ universeတွေသာ အများကြီးရှိမယ်ဆို ရှိသမျှကမ္ဘာတိုင်းမှာလဲ မောင်နဲ့ မောင့်ဂျယ်ယွန်းကလေးပဲ လက်တွဲသွားချင်မိတယ်"

ဆောင်းဟွန်းက ပြောရင်း သူ့ခေါင်းကို ဂျယ်ယွန်းပုခုံးပေါ်မှီချလို့ ဂျယ်ယွန်းခါးလေးကို လက်နှစ်ဖက်နဲ့ သိုင်းဖက်လာတယ်။ ဘယ်လိုတောင် ကြောင်ချွဲကြီးဖြစ်နေတာလဲ!!! ဂျယ်ယွန်းလဲ ကြောင်ချွဲကြီးကို တအားအူယားလွန်းလို့ ကြောင်ချွဲကြီးရဲ့ဆံပင်တွေကို ဆွဲဖွပစ်လိုက်တယ်။

🍂

တက္ကသိုလ်ကို ၃နှစ်ခွဲအတူတက်ပြီးနောက်မှာ ဆောင်းဟွန်းက Seoulပြန်ရတော့မယ်။ ဂျယ်ယွန်းကလေးဖြင့် ဆောင်းဟွန်းနဲ့၆လကြီးများတောင် ခွဲရမယ့်အရေး တွေးလိုက်မိတာနဲ့ သေလုမျောပါးပါပဲ။

အတိတ်ခါးခါးတချို့ကိုရင်ဆိုင်ခဲ့ဖူးပြီးမှ ပစ္စုပ္ပန်ချိုချိုလေးကို လက်ဝယ်ပိုင်ဆိုင်နေရတာမို့ မခွဲချင်ပေမယ့်လည်း... အနာဂတ်အေးအေးလေးအတွက် ခဏလောက်တော့ ခွဲရမယ် မဟုတ်လား။ ဘွဲ့ရပြီးတာနဲ့ ဆောင်းဟွန်းလက်ကိုဆွဲလို့ ဘိုးဘိုးနဲ့ မိတ်ဆက်ပေးဖို့ ကြံရွယ်ထားလိုက်တယ်။ "ဒါသားကောင်လေး။ နက်ဖြန်လက်ထပ်ပေးနော်"လို့ ပြောရမယ်။

ကျောင်းသားဘဝအတွက်အရေးကြီးဆုံးကာလမို့ ဒီအတောအတွင်းမှာ ဆောင်းဟွန်းနဲ့က အဆက်အသွယ်မရှိသလောက်ပဲ။ နှစ်ယောက်လုံးက thesisတွေ လက်တွေ့လုပ်ဆောင်ချက်တွေနဲ့ လုံးချာပတ်လည်ရိုက်ပြီး ပင်ပန်းနေတော့တာ။ ဒါပေမယ့် တနင်္ဂနွေနေ့ ညရောက်တိုင်း ဖုန်းပြောဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် အားပေးဖြစ်ပါတယ်။

ဘွဲ့ယူရမယ့်နေ့တွေမတူတာမို့ ဆောင်းဟွန်းဘွဲ့ရတဲ့နေ့မှာ ဂျယ်ယွန်းက Brisbaneကနေ Seoulထိရောက်လာပြီး နှင်းဆီနီခြောက်ပွင့်ကို လက်ဆောင်ပေးခဲ့တယ်။

"ငါမင်းရဲ့လူဖြစ်ချင်တယ်"လို့ အဓိပ္ပာယ်ရတဲ့ ပန်းတို့ရဲ့ဘာသာစကားနဲ့ပေးခဲ့တာဖြစ်ပေမယ့် ပတ်ဆောင်းဟွန်းငတုံးက ဒါတွေသိမှာလဲမဟုတ်ပါဘူး။ ဂျယ်ယွန်းကသာ romanticဆန်တာလေးတွေ လိုက်လိုက်ဖတ်ပြီး စိတ်ကူးယဉ်နေရတာ။

ညဘက်Graduation partyရောက်တော့ ကျောင်းသားတွေအကုန်လုံးက ပျော်မြူးနေကြတာပဲ။ ကောင်မလေးတွေဆိုလဲ ခပ်ဟော့ဟော့။ ဆောင်းဟွန်းဆိုလဲ အရမ်းသန့်၊ အရမ်းခန့်၊ အရမ်းချော၊ အရမ်းအရမ်းအရမ်းကိုမှ အရှိန်အဝါတွေထွက်နေတာ။ ဂျယ်ယွန်းဖြင့် ဒီလိုတွေချောမောနေတဲ့ချိတူလေးကို စိတ်မချတာနဲ့ partyထိ လိုက်သွားမိတာပဲ။ ကျောင်းသားဟောင်းဆိုတော့ သူဝင်လာတာ ပြဿနာလဲမရှိပါဘူးလေ။

မီးရောင်စုံတွေတလက်လက်ထနေတဲ့hallခန်းကျယ်အတွင်းရောက်တော့ ဆောင်းဟွန်းက သူ့ကိုလာလာတိုက်ကြတဲ့alcoholတွေ ဘယ်နှစ်မျိုးလောက်စပ်ပြီး ဘယ်နှစ်ခွက်လောက်သောက်ပြီးနေပြီလဲမသိဘူး။ မျက်လုံးအကြည့်တွေကအစ ရီဝေနေပြီ။ လျှာတွေလေးနေတာ စကားလုံးတွေက တစ်လုံးနဲ့တစ်လုံးကြား ကိုရီးယားရုပ်ရှင်တစ်ပုဒ်လောက် ဖြတ်ကြည့်လို့ရတယ်။

"ဆောင်းဟွန်း ထ ထ မင်းမူးနေပြီ။ ပြန်ရအောင်"

"အင့် ဂျယ်ယွန်း....

.... ကလေး..."

ဆောင်းဟွန်းက သူ့ပုခုံးနဲ့လည်တိုင်စပ်နေရာမှာ ခေါင်းအပ်ပြီး သူ့ခါးတွေကို ဖက်တွယ်လာတယ်။

ဂျယ်ယွန်းကို ကြည့်နေတဲ့မျက်ဝန်းတွေက ချိုရီဝေမူးစရာ။ ပတ်ဆောင်းဟွန်း အရမ်းမူးလာရင် သွေးဆိုးတတ်သလားလို့ စိုးရိမ်မိသွားပြီး ဂျယ်ယွန်း ကိုယ့်နှုတ်ခမ်းလေးကို လက်နဲ့ကာလိုက်တယ်။

ဒါပေမယ့် ဘာကြီးလဲ!!! ဆောင်းဟွန်းက ဘုရားဖြစ်မယ့် အုတ်နီခဲများလား။ ဂျယ်ယွန်း ငိုချင်တယ် စိတ်ညစ်တယ် ဘာပြောရမှန်းတောင်မသိတော့ဘူး။

ဒီလိုငတုံးအကြီးစားဆီက ဘာတွေမျှော်လင့်နေမိတာလဲ။ ဆောင်းဟွန်းက သူ့နှုတ်ခမ်းကို ရန်ရှာဖို့နေသာသာ စိတ်အတွင်းပိုင်းထဲမှာရှိတဲ့ ယဉ်ကျေးလိမ္မာတဲ့အရိုးခံစိတ်ထားက ထကြွလာတာ။ အကောင်းပြောတာနော်။ တော်တော်လေးကိုမှ မွန်မြတ်တဲ့စိတ်ထားပါ။ ကြည်ညိုလွန်းလို့ ဘုန်းကြီးကျောင်းတောင် ဆောက်ပေးလိုက်ချင်တယ်။

ဆောင်းဟွန်းကလေ..
ဆောင်းဟွန်းကလေ... အဟင့်

Beer towerတိုင်တွေကို ဘုရားဆင်းတုတော်ထင်ပြီး clubထဲမှာ ထိုင်ရှိခိုးနေတော့တာ😭

ဒါတင်ဘယ်ကမလဲ။ waiterအလန်းလေးတွေခေါ်ဖို့ ချပေးထားတဲ့bellကိုလဲ ကြေးစည်ထင်နေလို့လားမသိဘူး။ တစ်ခါတီးလိုက် တစ်ခါရှိခိုးလိုက်နဲ့!!!

ဂျယ်ယွန်း ရှင်ချင်တယ်။ မနေချင်တော့ဘူး။ ရှင်လဲရှင်တယ်။ ဆောင်းဟွန်းနဲ့လဲ မနေချင်တော့ဘူး။ ပတ်ဆောင်းဟွန်းက တကယ်ဘာကြီးလဲ။

အဲနေ့က ဆောင်းဟွန်းကိုတွဲလို့ ဂျယ်ယွန်းအိမ်ခေါ်လာလိုက်တယ်။ အိမ်မှာက ဂျယ်ယွန်းတစ်ယောက်ထဲနေတာလေ။ အခုဆောင်းဟွန်းနဲ့ဆို နှစ်ယောက်ထဲပေါ့။

အဲညက ဆောင်းဟွန်းနဲ့ ဘာတွေဖြစ်ခဲ့လဲဆို...



ဘာတွေဖြစ်ခဲ့လဲဆို...



ဘာမှမဖြစ်ခဲ့ဘူးလေ အီးဟီးဟီး
ငိုချင်တယ် မမေးကြပါနဲ့။

🍂

မနက်မိုးလင်းတော့ ဆောင်းဟွန်းကို အမူးပြေဟင်းရည်တိုက်၊ Seoulမှာ ၃ရက်လောက်နေပြီးတော့ Brisbaneပြန်ရတယ်။ ဂျယ်ယွန်းရဲ့ graduationက ရောက်တော့မှာမို့ ဂျယ်ယွန်းလဲ လိုအပ်တာတွေ ပြင်ဆင်ရဦးမယ်။ ဆောင်းဟွန်းကတော့ internshipလျှောက်စရာတွေရှိနေတာမို့ ဂျယ်ယွန်းနဲ့အတူတူလိုက်မလာနိုင်။

ဂျယ်ယွန်းရဲ့graduation ceremonyမစခင်အချိန်မှာ ဆောင်းဟွန်းက ဂျယ်ယွန်းတို့ကျောင်းကို ရောက်လာတယ်။ ဆောင်းဟွန်းကို တကယ့်ငတုံးလို့ထင်ခဲ့ပေမယ့်...

ဆောင်းဟွန်းက နှင်းဆီနီ၁၂ပွင့်ပါတဲ့ ပန်းစည်းတစ်စီးယူလာတယ်။ မတ်တပ်ကလေးရပ်နေတဲ့ဂျယ်ယွန်းရှေ့မှာ ဒူးတစ်ဖက်ကိုထောက်ချ၊ တစ်ဖက်ကိုထောင်လို့ ဟန်ချက်ညီဖို့အမှီသဟဲပြု၊ ပန်းစည်းကိုလက်တစ်ဖက်နဲ့ အသာအယာမြှောက်လို့ ဂျယ်ယွန်းဆီ တော်ဝင်မင်းသားလေးတစ်ပါးကို ပန်းစည်းဆက်သ,သလို ဆက်သလာတယ်။

"ငါရဲ့လူဖြစ်ပေးပါ"လို့ အဓိပ္ပာယ်ရတဲ့ နှင်းဆီနီ၁၂ပွင့်ကိုကြည့်ရင်း ဂျယ်ယွန်းမျက်နှာလေးက ပြုံးစိစိဖြစ်နေတော့တာ။ ပန်းစည်းကိုကြည့်နေရင်းက အရမ်းပျော်လာလို့ အားရပါးရရယ်ပြီး နေရာမှာတင် ခုန်ဆွခုန်ဆွလုပ်နေမိတယ်။

ကျောင်းသား၊ ကျောင်းသူတချို့က သူတို့ရှေ့ဖြတ်လျှောက်ပြီး ထူးဆန်းသလိုကြည့်သွားတယ်။ တချို့ကလဲ အားကျတဲ့အကြည့်တွေနဲ့။

ဆောင်းဟွန်းက ဒူးထောက်လျက်အနေအထားနဲ့ပဲ သူ့ဘောင်းဘီအိတ်ထဲက တစ်စုံတစ်ရာကိုထုတ်ယူနေတယ်။ နောက်.. ဂျယ်ယွန်းရှေ့ လက်ထဲဝှက်ထားတဲ့ဘူးလေးကို လှစ်ဟပြလိုက်တော့...

အထဲမှာ လက်စွပ်လေးတစ်ကွင်း။ လက်စွပ်မှာပါတဲ့ တစ်ခုထဲသော စိန်ပွင့်ကလေးက နေအလင်းရောင်အောက်မှာ ဖြိုးဖြိုးဖျတ်ဖျတ် လင်းလင်းလက်လက် တောက်နေတော့တာ။

"ဂျယ်ယွန်းကလေး... မောင်လေ.."

"လက်ခံတယ်!!! လက်ခံတယ်လို့!!!"
စောစောက တခွိခွိဖြစ်နေတဲ့ ဂျယ်ယွန်းအသံလေးက ငိုသံစွက်လာတယ်။ မျက်အိမ်မှာ ငွေ့ရည်ကြည်လေးတွေ သိုင်းဖွဲ့လာတယ်။

"မောင် ဘာမှမပြောရသေးဘူးလေ"

"ဘာမှမပြောနဲ့တော့! လက်ခံပါတယ်ဆို။ စွပ်ပေး အဲလက်စွပ် ဟင့်"

ဂျယ်ယွန်းကလေး တကယ်ငိုနေမိပြီ။ မျက်ခမ်းစပ်လေးတွေနီရဲလာပြီး ရှိုက်သံပိစိလေးတွေတောင် ထွက်လာပြီ။ အရမ်းငိုမိရင် ဓာတ်ပုံရိုက်တဲ့အခါ ရှိုးပဲ့မှာကြောက်လို့ မငိုအောင် နှုတ်ခမ်းကိုကိုက်ထားတော့ ဆောင်းဟွန်းက "အဲလိုမထိန်းထားနဲ့ ဂျယ်ယွန်းကလေးရဲ့ နှုတ်ခမ်းနုနုလေး နာသွားဦးမယ်။ လာ မောင့်လက်ကို ကိုက်နော်"ဆိုပြီး လက်ဖဝါးလေးထိုးပေးတယ်။ ဂျယ်ယွန်းလဲ ကမ်းပေးလာတဲ့လက်ကို ချက်ချင်းဆွဲယူပြီး အားရပါးရကိုက်ပစ်လိုက်တာပဲ။

ညဘက်graduation partyကို ဆောင်းဟွန်းလဲလိုက်လာတယ်။ ဆောင်းဟွန်းက ချုပ်ချယ်တတ်တဲ့လူမျိုး မဟုတ်ပါဘူး။ ဘာလုပ်လုပ် ဂျယ်ယွန်းပျော်ရင်ပြီးရော လုပ်ချင်တာလုပ်ဆိုပြီး လွှတ်ပေးထားတာ။ နောက် ဂျယ်ယွန်းလုပ်သမျှ ပြုံးပြုံးကြီးထိုင်ကြည့်နေတာ။

ဂျယ်ယွန်းလဲ အတန်းဖော်တွေနဲ့အတူတူ cheersခဏဏလုပ်ပြီး alcoholတွေအများကြီး ဗိုက်ထဲဝင်သွားတယ်။ ထူးဆန်းတာနော် အရက်သောက်တာ ဗိုက်ထဲဝင်သွားတာလေ။ ဘာလို့ခေါင်းကမူးနေတာလဲ။

မူးနေတဲ့ဂျယ်ယွန်းကလေးကို ဆောင်းဟွန်းက ကူတွဲလို့ အိမ်ထိလိုက်ပို့ပေးတယ်။

"ဂျယ်ယွန်းကလေး... passwordနှိပ်လိုက်နော်"

"အင့်.. ဘာpasswordလဲ"

"ခြံတံခါးသော့နံပါတ်လေ ဂျယ်ယွန်းကလေးရဲ့"

"အင့် တိပု။ အ့ ဘိုးဘိုးထားထားတာ"

"အာ ဂျယ်ယွန်းကလေး ခါတိုင်းနှိပ်နေကြ နံပါတ်လေ"

ဂျယ်ယွန်းကလေးက အူကြောင်ကြောင်လေး သူ့ဘက်လှည့်ကြည့်လာတယ်။ ပြီးတော့ ဆောင်းဟွန်းရင်ဘတ်ကို လက်ညှိုးလေးနဲ့ ထောက်ပြီး ပါးစပ်ကနေ တွိ တွိ တွိနဲ့ ပြောနေတော့တယ်။

"ဘာလုပ်တာလဲ။ ဂျယ်ယွန်းကလေးရဲ့"

"Passwordနှိပ်တာယေ။ ငါ့passwordတွေအကုန် မောင့်မွေးနေ့နံပါတ်တွေ... တိရား"

ဆောင်းဟွန်းဖြင့် နှာခေါင်းထိပ်လေးတွေ၊ ပါးအိအိလေးတွေ နီတာရဲလေးဖြစ်နေတဲ့ အာပေလူးအိဝိခုကို ဖက်နမ်းပစ်ချင်စိတ်တွေ မနည်းထိန်းနေရတယ်။

"အခုက ခြံတံခါးpasswordကိုပြောတာ ဂျယ်ယွန်းရယ်"

"ဟင် ဆောင်းဟွန့် ခြံတံခါးကြီးက မူးနေတာလား။ ယိုင်ထိုးနေတာပဲ"

"အယ် အယ် အုတ်နံရံကြီးလဲ မူးနေတယ်။ ယိုင်နေပြီ ယိုင်နေပြီ လဲတော့မယ်"

တစ်ယောက်ထဲစကားတွေပြောပြီး ချက်ချင်းယိုင်လဲတော့မလိုဖြစ်နေတဲ့ ဂျယ်ယွန်းကို အမြန်လှမ်းထိန်းပေးလိုက်ရတယ်။

သူ့ရင်ခွင်ထဲရောက်နေတဲ့ ဂျယ်ယွန်းက ခဏလောက်ငြိမ်သက်သွားပြီးနောက် သူ့မျက်နှာကို မော့ကြည့်တယ်။

"ဟင့် အီးဟီး ကယ်ကြပါအူးးး"

"ဟင် ဂျယ်ယွန်းကလေး ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ"

သူ့ကိုကြည့်နေရင်း ရုတ်တရပ်ကြီးထငိုတဲ့ဂျယ်ယွန်းကြောင့် သူ့မှာ ပြာပြာထိတ်ထိတ်။

"ဆောင်းဟူးးး ဆောင်းဟူးးး နှစ်ယောက်ဖြစ်နေပြီ"

"ဆောင်းဟူးးး နှစ်ယောက်ကြီးများတောင်
အီးဟီးဟီး တစ်ယောက်ထဲတောင်ချစ်လို့မဝပါဘူးဆို ဘာလို့နှစ်ယောက်လဲ အီးဟီးးး"

ဆောင်းဟွန်းတော့ နောက် ဂျယ်ယွန်းကို အရက်ပေးသောက်ဖို့အရေး တော်တော်လေးစဉ်းစားယူရတော့မယ်ထင်ပါတယ်။

🍂

Note : တကယ်တမ်း Ficက ပြီးလို့ရနေပြီ သိလား။ မခွဲချင်သေးလို့ မနည်းဆွဲဆန့်ရေးနေတာ။

Olvasás folytatása

You'll Also Like

2.7K 111 3
အရပ်ရှည်ရှည်အသားညိုညိုနဲ့ Crushစုတ်
6.3K 662 6
OFF MY FACE - SHORT STORY WRITTEN IN BURMESE ~~~~~~~~~~~~~~~~~~~~~~~ cuz' i'm off my face,in love with u. i'm out my head ,so into u. quoted from Jus...
1M 38.4K 90
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
153K 3.6K 50
When your PR team tells you that we have to date a girl on the UCONN women basketball team and you can't say no to it... At first you don't think too...