လူအသွားအလာနည်းပါးသော လမ်းသွယ်ကျဥ်းကျဥ်းလေးထဲတွင် ကောင်လေးနှစ်ယောက် တစ်ဦးကိုတစ်ဦး ရန်သူသဖွယ်ကြည့်ကာ မျက်နှာချင်းဆိုင်လျက်ရှိသည်။
" ခွပ် ! "
ရုတ်တရက်ဆန်စွာ မျက်နှာပေါ်သို့ကျရောက်လာသော လက်သီးချက်ကြောင့် ကိုယ်ဟန်မထိန်းနိုင်ဘဲ ယိုင်ကျသွားသည်။ပြင်းထန်သော ထိုးနှက်မှုကြောင့် မျက်နှာတစ်ခုလုံး ထူပူလာကာ ခေါင်းတစ်ခုလုံးပင် ချာချာလည်ထွက်သွားသည်။
" ဟက် ! "
ဟုတ်တယ် ငါက အထိုးခံသင့်တဲ့သူ။
အစ်ကို့ဆီက အထိုးမခံခဲ့ရလို့ ကိုယ့်ကိုကိုယ် ဓားနဲ့မွှန်းချင်နေတာ ။ ဟက် ။ ရင်ထဲက နာကျင်မှုနဲ့ ယှဥ်လို့ပင်မရသော်လည်း အနည်းဆုံးတော့ အစ်ကို့အတွက် အထိုးခံလိုက်ရသည်မဟုတ်လား။
ကိုယ်ကို သေချာပြန်မတ်လိုက်ပြီး ကိုယ့်ကိုကိုယ် လှောင်ရယ်လိုက်ကာ ရှေ့မှာရပ်နေသည့် လက်သီးတင်းတင်းဆုပ်ထားသော လူကို မဲ့ပြုံးပြုံးကာ ကြည့်လိုက်သည်။
" ပျော်သွားပြီလား အခု သိပ်ကို ကျေနပ်သွားပြီလား "
မျက်ဝန်းနက်နက်ထဲတွင် ဒေါသရိပ်တွေဖုံးလွှမ်းနေသော်လည်း ရုပ်ရည်သွင်ပြင်ဟာ ကြည်လင်လေးနက်နေဆဲ။ ထွက်လာသော အသံဟာ တည်ငြိမ်ပြတ်သားလျက်။
ထိုသူဟာ အစ်ကို့ဘေးနားမှာ အမြဲတွေ့ရတတ်သူ ။ တစ်နည်းအားဖြင့် လမ်းသွယ်ပျိုးဥယျာဥ်ပိုင်ရှင် ။ အမည်နာမဟာ ဝေး ။
ဝန်း စုံစမ်းသိရသလောက်ဆိုရင်ဧကပေါင်းများစွာ ကျယ်ဝန်းသော ထိုဥယျာဥ်ကြီးကို အမွေအပိုင်စားရထားသော လူ ။ဒီလူမှာ မိဘတွေ မရှိကြတော့ဘူး။ဆွေမျိုးသားချင်းဆိုလို့ အဒေါ်အပျိုကြီးတစ်ယောက်သာ ရှိတော့သည်။ ထိုအဒေါ်က အမည်ခံဥယျာဥ်ပိုင်ရှင်ဖြစ်ပြီး သူက အနောက်ကနေ စီမံသည်။ ဒီလူက လူတွေနဲ့ခပ်ကင်းကင်းနေသည်။ လူတွေနဲ့ဆက်ဆံရမှာမကြိုက်တဲ့ လူ ၊ လူရှေ့သူရှေ့ထွက်ရမှာမနှစ်သက်တဲ့လူ ၊ ဒီလိုလူက အစ်ကိုနဲ့ဝန်း ပြဿနာတွေဖြစ်ပြီး အစ်ကိုပြိုလဲနေချိန်မှာ အစ်ကို့ဆီ ရောက်လာခဲ့သည်။သာမန်အလုပ်သမားတစ်ယောက်အနေနဲ့။
" အစ်ကို့အပေါ် ဒီလောက်ထိလုပ်မှ ဖြစ်မှာလား "
ထိုလူရဲ့ ခပ်စူးစူးအကြည့်နဲ့ အပြစ်တင်သံအောက်မှာ ဝန်း အံကြိတ်ကာလက်သီးတင်းတင်ဆုပ်လိုက်သည်။ကြည့်ရတာ ဝန်းကို သိပ်ဒေါသထွက်နေပုံပါပဲ။အစ်ကို့ဆီမှာတောင် မတွေ့ရသော နာကြည်းမှုတွေဟာ ဝန်းကို စူးရဲစွာကြည့်နေသော ထိုလူ့ မျက်ဝန်းနက်နက်မှာ ရှိနေသည်။
" မင်းကိုယ်မင်း သိပ်မှန်နေတယ် ထင်နေလား ဟက် မေတ္တာရှင်ကြီးပေါ့ တာဝန်ယူတတ်တဲ့သူကြီးပေါ့ ဟာသပဲ "
ဝန်းကို ခနဲ့ကာ လှောင်ပြောင်နေတာကြောင့် အနည်းငယ်တော့ ခံရခက်သည်။ သို့သော် ယိုင်နဲ့နေသော စိတ်ကို ဖုံးလိုက်ရင်း ခနဲ့ပြုံးပြုံးလိုက်သည်။
" အဟင်း "
ဝန်းရဲ့ခနဲ့သံဟာလည်း တည်ကြည်နေသောမျက်နှာကို မျက်မှောင်ကြုတ်သွားစေသည်။ ဝန်းက ထိုသူကို ရိသဲ့သဲ့ကြည့်လိုက်ရင်း မချိပြုံးပြုံးလိုက်သည်။
" အဲ့လောက်မခံမရပ်နိုင်ဖြစ်နေရင်လည်း ခင်ဗျားက အစ်ကို့ကို ပျော်အောင်ထားလိုက်လေ အစ်ကိုမနာကျင်တော့အောင် ခင်ဗျားက ပွေ့ဖက်ပေးလိုက်ပေါ့ အဟင်း "
အစ်ကို့အတွက် ခံပြင်းကာ ဝန်းကို ဒေါသထွက်နေသော ထိုလူကို
သရော်ဟန် ပြောလိုက်မိသော်လည်း
အမှန်တကယ် ထိုလူအား အရှက်မဲ့စွာ တောင်းပန်ခယပြီး ပြောချင်နေသောစကားများဖြစ်သည်။
လွှား ။ လွှားက သူ့ကြောင့်နဲ့ မှတ်ဥာဏ်တွေ ပျောက်ဆုံးသွားခဲ့ပြီ။ လွှား ဒီလို ဖြစ်ရတာဟာ ဝန်း ရည်ရွယ်ခဲ့တာ မဟုတ်လို့ ဝန်း အပြစ်မဟုတ်ပါဘူး ဆိုသော်ငြားလည်း ဝန်းကြောင့် ဖြစ်သွားတာပဲမဟုတ်လား။ ဒါကို မျက်နှာလွဲခဲပစ် လုပ်လို့မှ မဖြစ်ပေဘဲ။ အစ်ကို့ကို ဘေးမှာထားပြီး သူများကို ဂရုစိုက်ရတဲ့အချိန်တွေမှာ အစ်ကို ပိုပြီးခံစားနေရမယ်မဟုတ်လား။အခုလို အဆုံးသတ်လိုက်ခြင်းက အစ်ကို့အတွက် ပိုပြီးအဆင်မပြေဘူးလား။
" အဓိပ္ပာယ်မရှိတဲ့ အတွေးတွေကို ရပ်လိုက်စမ်းပါ အစ်ကို့ကို နာကျင်စေမဲ့အတွေးတွေပဲ မင်းခေါင်းထဲမှာ ရှိတာလား "
ဝန်း ထိုလူ့ကို တအံ့တသြကြည့်လိုက်သည်။ဝန်း စိတ်ထဲက အတွေးတွေကို ထိုလူကြားနေရတာလား။
" အစ်ကိုက မင်းကို နာကြည်းပြီး မုန်းမေ့သွားမဲ့သူဆိုရင်တော့ မင်းအတွေးကသိပ်ကို အဆင်ပြေတာပေါ့ ... အဲ့လိုလူမှ မဟုတ်ဘဲ... နာကျင်အောင်လုပ်တဲ့ သူက မင်းဖြစ်ပြီး တခြားသူကို ဘာကိစ္စကုစားခိုင်းနေရတာလဲ "
ဝန်း မျက်နှာလွဲကာ နှုတ်ဆိတ်နေမိသည်။ ဘယ်လိုပြန်တုံ့ပြန်ရမလဲကို မသိဘဲ ဖြစ်နေမိသည်။
" အစ်ကို့ဘေးနားပြန်လာလိုက် မင်းထင်နေသလို အစ်ကိုက မနာလိုမှုများတဲ့သူ မဟုတ်ဘူး "
အစ်ကို့မှာ မနာလိုမှု မရှိဘူးဆိုတာ ဝန်းက ပိုသိတာပေါ့ ။ နာကျင်မှု ၊ နာကျင်မှာကို မမြင်ရက်တာ ။
" မင်းကို ကယ်ခဲ့လို့ ကျေးဇူးတင်ပြီး မင်းက သူများကို ဂရုစိုက်ဖို့တောင်မလိုအောင် သူက ဂရုစိုက်ပေးလိမ့်မယ် မင်းကို သိပ်ချစ်တဲ့ အစ်ကိုက အဲ့လိုလုပ်လိမ့်မယ် "
ဘာအတွက်လဲ ။ အစ်ကိုက ဘာအတွက်ပင်ပန်းခံရမှာလဲ ။ အစ်ကိုသာ သူ့ဘေးမှာ နေရင် ပင်ပန်းမှာ၊ခက်ခဲမှာ၊နာကျင်မှာ။
" အစ်ကို့ရဲ့ လက်ခံနိုင်စွမ်းက အတိုင်းအတာမဲ့တယ်လို့ ထင်နေတာလား "
ဝန်း ရင်ထဲ ထိတ်ခနဲပင် ။ ထို့နောက် မချင့်မရဲ ပြုံးလိုက်သည်။ ဘာကိုမျှော်လင့်နေသေးတာလဲ ။ လှည့်ထွက်ခဲ့ပြီးမှ ဘာကို ထိတ်လန့်နေသေးသလဲ ။
" မင်းရဲ့ရွေးချယ်မှုကြောင့် အကုန်လုံးကို မနာကျင်မိစေနဲ့ပေါ့ "
ထိုလူက ပုခုံးကို ခပ်ကြမ်းကြမ်းပုတ်ကာ ထွက်သွားလေသည်။ အစ်ကို့ရဲ့အစောင့်အရှောက်လို ထိုလူ။ ရီဝေဝေခံစားချက်ကြီးက ဘာများလဲ။
.
အသဲတွေကြေမွမတတ် ငိုကြွေးနေသူဟာ အခုချိန်မှာ တခြားသူရဲ့ပွေ့ဖက်ခြင်းထက် တစ်ဦးထဲ ငိုကြွေးဖို့ကို ပို၍လိုအပ်နေဟန်။
အချိန်အတန်ကြာအောင် ငေးစိုက်ကြည့်ပြီးနောက်မှာ တိတ်တဆိတ်ပင် လှည့်ထွက်ခဲ့လိုက်သည်။
" ရှင်သန်ခြင်း " ဆိုင်ရှေ့လေးတွင် ကျူးလစ်အဖြူရောင်ပန်းစည်းလေးဟာ အထီးကျန်စွာနှင့် ဝမ်းနည်းလျက်။
.
လက်မခံနိုင်သေးသော လမ်းခွဲခြင်းကို လက်ခံစေသည့် လမ်းခွဲခြင်း ။
ငြိမ်သက်ခြင်း ၊ တိတ်ဆိတ်ခြင်း ၊ ပျက်သုဥ်းခြင်း ။ မျက်တောင်ခတ်ဖို့တောင် မေ့လျော့သည်အထိ အသိစိတ်က လွင့်ပြယ်နေသည်လား ။ အမှောင်ရိပ်ဟာ ဘယ်အချိန်ရောက်လာလို့ လွှမ်းသွားသည်မသိ။ အမှောင်လွှမ်းနေသည်လားပင် သိမနေဆို ပိုမှန်မည်။ဘယ်သူဝင်လို့ ဘယ်သူတွေ ထွက်သွားလဲ သတိမမူတော့ ၊ စိတ်ဝင်စားခြင်းမရှိတော့။ အရုပ်ကြိုးပျက်ကျသလို ခေါင်းငိုက်စိုက်ထိုင်နေသည်မှာ ဝန်း ထွက်သွားပြီးကတည်းကပင်။ ရင်ဘတ်တစ်ခုလုံးတင်းကြပ်ကာ ဆို့နစ်မှုတွေ ပြည့်သိပ်နေသည်မှာ ပေါက်ကွဲထွက်မတတ်။ငိုချင်သည်။အော် အော်ပြီးတော့ငိုလိုက်ချင်သည်။သို့သော် ငိုမရ၊အသံထွက်မရ ။မွန်းကြပ်ဆို့နစ်မှုတွေဟာ ရင်ဘတ်၊လည်ပင်း၊တစ်ကိုယ်လုံးကို ပိတ်ဆို့ကာ ဖွင့်ထုတ်မည့် ခံစားချက်တွေကို တားဆီးထားသည်။ အသိစိတ်ဟာ အရင်အချိန်က အမှတ်တရတွေဆီမှာ မျောလွင့်နေသည်။တစ်ခါတစ်ခါ ပြုံးသည်။ တစ်ခါတစ်ခါ မဲ့သည်။ ကတိစကားတွေ ပြန်ကြားယောင်တဲ့အခါ လှောင်ပြုံးပြုံးမိသည်။
" Anni day ရောက်ရင် အစ်ကိုသွားချင်တဲ့ နေကြာခင်း ဆီသွားကြမယ် "
" အစ်ကိုကြိုက်တဲ့ တောင်ကြီးရှမ်းရိုးရာစားသောက်ဆိုင်မှာ ရှမ်းခေါက်ဆွဲသွားစားကြမယ် "
" အစ်ကိုနဲ့အတူ ကားလျှောက်စီးမယ် နေရာလှလှလေးတွေမှာ ဓာတ်ပုံရိုက်ပေးမယ် "
" အစ်ကိုလျှောက်ချင်တဲ့ ညစျေးတန်းလည်း လည်ကြမယ် "
" လူတွေအများကြီးကြားထဲ အစ်ကိုမပျောက်သွားအောင် အစ်ကို့လက်ကိုမလွတ်တမ်းတွဲထားပြီး လျှောက်မယ်... ဝက်သားဒုတ်ထိုးလည်း ဝယ်ကျွေးမယ်... အရုပ်လည်း ကောက်ပေးမယ် "
" ပြီးရင် မီးပုံးပျံ လွှတ်ပြီး ဆုတောင်းကြမယ် "
"ကျွန်တော်တို့ ဆင်တူလက်စွပ်လုပ်ကြမယ် ပြီးတော့ အစ်ကို့ကို ကျွန်တော် လက်ထပ်ခွင့်တောင်းမယ် "
" ဟုတ်ပြီ အဲ့နေ့ကျရင် မင်းရဲ့Proposeကို ငါက Yes လို့ အဖြေပေးမယ် "
" အစ်ကို တကယ်လား တကယ်နော် ပြောပြီးစကားပြန်မပြင်ကြေး ကတိနော် ကတိ ယောကျာ်းကတိ "
" အင်း ကတိ "
" မီးပုံပျံ လွှတ်တဲ့ချိန် ကျွန်တော့်ကို အစ်ကိုလက်ထပ်ပါစေ လို့ ကျွန်တော်ဆုတောင်း လိုက်မှာမလို့လေ "
" အစ်ကိုက ဘာဆုတောင်းမှာလဲ "
" မသိဘူး မီးပုံပျံလွှတ်မှ စဥ်းစားမယ် "
" ဟွန့် "
" ဆုတောင်းမမေးရဘူး မပြည့်တတ်ဘူးတဲ့ "
" တကယ်လား ကျွန်တော်ကပြောလိုက်ပြီလေ "
"အာ...ငါမကြားခဲ့ဘူး "
" မင်းအဲ့လိုဆုမတောင်းလည်း မင်းဆန္ဒကို ငါကဖြည့်မှာပါ ဝန်းငယ်ရာ "
-
" ဟက်! ဟား ဟား ဟား "
လှောင်ရယ်သံတစ်ချက်အစပြုပြီး အားရပါးရရယ်လိုက်သည့် အသံဟာ ခြောက်ကပ်စွာ။ ကတိစကားတွေဟာ လှောင်ရယ်ခြင်း ကို ဖော်ထုတ်လို့ရပြီး နောက်တွင် နာကျင်ခြင်းတွေနဲ့အတူ မျက်ရည်တွေဟာ တသွင်သွင်စီးကျလာတော့သည်။ ထပ်ခါထပ်ခါ ရယ်သည်။ တစ်ချိန်ထဲမှာပဲ ထပ်ခါထပ်ခါ ငိုသည်။
ကြမ်းပြင်ထက် ခွေယိုင်လဲကျသော်လည်း လဲကျလျက်အတိုင်း ငိုကြွေးမိသည်။ ကိုယ်အတွက်ကိုယ် လူးလိမ့်အောင်ငိုသည်။လူးလိမ့်အောင် ခံစားနေရသည်မဟုတ်လား။ပြီးရင် သူ့အတွက် ပြုံးမည်။ သူလည်း နာကျင်ပါစေဦး။ ကိုယ်ချည်းပဲ ခံစားပြနေလို့ ဘယ်ဖြစ်ပါ့မလဲ။
ထပ်ပြီး မငိုကြွေးနိုင်လောက်တော့သည်အထိ ငိုကြွေးသည်။ ဖျော့တော့စွာ ပြုံးရင်း မနက်ဖြန်ဆိုတာ မရှိရင် ကောင်းမယ်လို့ လိုလိုလားလားတွေးမိသည်။
.
"Radio FM ရဲ့ သီချင်းတောင်းတဲ့အစီအစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင် "
ရေဒီယိုအသံလှိုင်းများဟာ ကျယ်ပြောသော ကြားခံနယ် လေဟာနယ်ကို ဖြတ်ကျော်ကာ ကားပေါ်၌ ကြည်ကြည်လင်လင် အခြေစိုက်သည်။ ကြားခံနယ် ရှိမှ အသံကို ကြားရသည်။သူ၏ရင်တွင်းသံကိုတော့ ကြားခံနယ်မလိုဘဲ အစ်ကိုကြားနေလိမ့်မည်။ အသံကို အဆုံးထိချဲ့တင်လိုက်ပြီး ခုံနောက်ကျောကိုမှီကာ မျက်လုံးမှိတ်လိုက်သည်။
" ဒီတစ်ခေါက် တောင်းဆိုထားတဲ့ သီချင်းလေးကတော့ အဆိုတော်ထူးအိမ်သင်ရဲ့ ချစ်တိုင်းလည်းမညား ဆိုတဲ့ သီချင်းလေးပါ
တောင်းဆိုထားတဲ့သူလေး ပြောထားတာကတော့ အကြောင်းအမျိုးမျိုးကြောင့် ချစ်လျက်နဲ့ခွဲခွာခဲ့ရတဲ့ အချစ်ဟောင်းကို သတိရလို့ပါတဲ့
ချစ်လျက်နဲ့ခွဲခွာရခဲ့ အချစ်မှာ ဖြတ်သန်းခဲ့တဲ့ ချစ်ခြင်းနေ့ရက်တွေကတော့ အချစ်တွေပြည့်ဝနေမှာ အမှန်ပဲနော် အတိတ်က အချစ်နေ့ရက်တွေကတော့ လှဆဲပဲမဟုတ်လား
Radio FM ပရိသတ်ကြီးတို့မှာရော ချစ်လျက်နဲ့ဝေးခဲ့ရတာတွေ ရှိလားရှင် ရှိရင်သီချင်းလေးကို အတူတူနားဆင်ရင်း လွမ်းဆွေးကြမယ်နော် "
🎵
သစ်ရွက်ကလေးတွေလည်း
မြေမှာခလို့ လွင့်ကြွေမြဲ
အဖော်မဲ့နှုတ်ခမ်းများလည်း
ညင်သာတီးတိုးရွတ်ဆိုဆဲ
အနွမ်းပန်းများသည်လည်း
ကြွေကာ နွမ်းခြောက်ရစ်ပြီကွယ်
အချစ်ရဲ့လိပ်ပြာလေး
ဘယ်မှာပုန်းလို့ နားပြီလဲ
အဖော်ကွဲတဲ့ ငှက်ကလေးများ
အပေါ်ကိုသာ ငေးငေးကြည့်ရင်းနဲ့သာ
နှလုံးသားမျက်ရည်များ ကျဆင်းလာ
သူပေးတဲ့ အချစ်အနမ်းများ
ပြန်လည်ကာ တွေးတောစိတ်မောမိတာ
အေးမြပါးပြင်သည် ပူနွေးလာ
ကတိစကားများကိုလည်း မြေလှန်ကာပြန်ရှာရင်း
ဘဝအသစ်များကိုလည်း ညင်သာစွာလျှောက်လှမ်းရင်း
ချစ်တိုင်းလည်းမညား စကားကိုသာ
တီးတိုးရေရွတ်မိတာ
ကိုယ့်နှလုံးသားအသည်းအိမ်မှာ
အချစ်များစွာ
သူပေးတဲ့အချစ်များကိုသာ ထွေးပိုက်နေတုန်းအခိုက်မှာ
ကိုယ့်နှလုံးသားအသည်းတနေရာ
သူပေးတဲ့ဒဏ်ရာများ
အိုး....အချစ်....
မျက်ရည်များဟာ မှိတ်ထားသောမျက်ခွံကို ထိုးဖောက်ကာ ဘေးသို့ လိမ့်ဆင်းသွားသည်။ တဆစ်ဆစ်နာနေသော ရင်ဘတ်ထဲက ဒဏ်တွေကြောင့် အသံထွက်အော်ညီးလိုက်ချင်သော်လည်း အံတင်းတင်းကြိတ်ကာ မြိုသိပ်မိသည်။ အစ်ကို့နှလုံးသားမှာ သူပေးတဲ့ ဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့လေပြီ။
မျက်ခွံကို အသာအယာဖွင့်ကြည့်တော့ အစ်ကိုသည် သူ့အိမ်ထဲကနေ ယိုင်တိယိုင်တိုင် ထွက်လာသည်ကို မြင်လိုက်ရသည်။ ဘယ်ဘက်မှာက ကွင်းထိုးဖိနပ် ညာဘက်မှာက ခြေညှပ်ဖိနပ် ၊ ခြေလှမ်းတွေက အားယုတ်ပြီး ခွေယိုင်လဲကျတော့မည့်ဟန် ။ မျက်လုံးတွေက ညွှန်ပြစရာမရှိ ဦးတည်ရာမဲ့ ။ အစ်ကို့နောက်ကနေ တိတ်တိတ်လေး လိုက်လာခဲ့သည်။
ကားလမ်းမထိ အစ်ကိုဟာ လျှောက်လာခဲ့သည်။ ကားတွေ ရှုပ်ယှက်စွာ သွားလာနေသော ကားလမ်းမကြီးကိုဖြတ်ကူးဖို့ အစ်ကိုကြိုးစားနေသည်။မဟုတ်ဘူး ဖြတ်ကူးဖို့ကြိုးစားနေတာမဟုတ်ဘူး အစ်ကိုဟာ သူဘယ်ရောက်လို့ရောက်နေမှန်းတောင် သတိထားမိပုံမပေါ်။ အတွေးတွေထဲနှစ်မြုပ်နေပြီး စိတ်မကပ်တဲ့လူလို။ အင်မတန်အန္တရာယ်များတာကြောင့် အစ်ကို့ကိုသွားခေါ်ဖို့ အမြန်လျှောက်လိုက်သည်။
ကားတစ်စီးဟာ ပုံမှန်စီးရမည့်နှုန်းထက် ပိုကာ မောင်းနှင်လာသည်ကို ထိတ်လန့်စွာမြင်လိုက်ရသည်။ ထိုအချိန်မှာအစ်ကိုဟာ လမ်းပေါ်သို့ ခြေချနေပြီ။
အချိန်ခဏလေးအတွင်းမှာပင် ထိုကားဟာ အစ်ကို့ဆီ အလွန်နီးကပ်လာသည်။
မဖြစ်ဘူး။
" အစ်ကို့! "
" ဒုန်း !!! "
" အစ်ကို့!!!"
ခန္ဓာကိုယ်ဟာ လေပေါ်သို့မြှောက်တက်သွားကာ လမ်းမပေါ်ကိုအရှိန်ဖြင့် ရိုက်ခတ်သည်။ ကားဟွန်းတီးသံ ၊ ကားသံ ၊ လူသံများဆူညံနေလွန်းသည်။သို့သော်ကြားတစ်ချက်မကြားတစ်ချက်။လူတွေဝိုင်းအုံနေကြသည်။မွန်းကြပ်ဖို့ကောင်းသည်။ နောက်ဆုံးကြားလိုက်တဲ့အသံဟာ အစ်ကို ဟုခေါ်သံ ။ ဝန်း အသံ ပြီးတော့ ။
လူတွေ ဝိုင်းအုံနေတဲ့ နေရာကို ကြည့်လိုက်သည်။ တစ်စုံတစ်ယောက်က သွေးအိုင်ထဲတွင် လဲနေသည်။ ဝိုင်းအုံနေသော လူတွေကြောင့် မျက်နှာတော့ သေချာမမြင်ရ။ လဲနေရာက အားတင်းကာ ထလိုက်သည်။တစ်ယောက်ယောက်က သူ့ကိုတွန်းလိုက်သည်ကို ခံစားလိုက်ရသည်။
မဟုတ်မှလွဲရော ။ သူ့ကို ကယ်လိုက်တာလား ။ လူတွေကြားတဲ့ အလျင်အမြန်တိုးကာ ကားရှေ့တွင် သွေးများစွာဖြင့်လဲနေသောသူကို သွေးပျက်စွာ မြင်
လိုက်ရသည် ။မဟုတ်ဘူး ။ မဖြစ်ရဘူး။
" မဟုတ်ဘူး "
ခြောက်ခြားစွာခေါင်းကို အကြိမ်ကြိမ်ရမ်းမိသည်။
" ဝ ...ဝေး ဝေး "
ပူပူနွေးနွေးအိုင်ထွန်းနေသော သွေးအိုင်ကြားထဲ လဲလျောင်းနေသည့် ဝေး ရဲ့ ခန္ဓာကိုယ်လေးဟာ ငြိမ်သက်စွာ။ သွေးများ အမြောက်အများ စွန်းထင်ပေကျံနေသော ဝေး၏ ခန္ဓာကိုယ်ကို မြင်ရသည်မှာ သွေးပျက်ခြောက်ခြားစရာပင်။
" မဖြစ်ရဘူး ဝေး ထပါ ကျွန်တော်ခေါ်နေတာကြားရဲ့လား "
ပတ်ပတ်လည် ဝိုင်းအုံဆူညံနေသော လူအုပ်ကြားထဲ ဝေး ရဲ့ဖြူဖျော့နေသောခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းကာ ယူကြုံးမရအော်ငိုမိသည်။မဟုတ်ဘူး၊ မယုံဘူး ၊ မဖြစ်ရဘူး ၊ ဒါတကယ်မဟုတ်ဘူး ၊လက်မခံနိုင်စွာ ငိုကြွေးရင်း ဘာလို့လဲ ၊ ဘာကြောင့်လဲ ဆိုသည့် အမေးကိုသာ ထပ်ခါထပ်ခါ မေးနေမိသည်။
ရင်ကိုလာ၍ ရိုက်ခတ်သော နွေးတေးတေး လေပြည်မျှင်းလေး၊ အားတင်းကာ ထွက်လာသော အသက်ရှူသံ မျှင်းမျှင်းလေးဟာ နောက်ဆုံးမျှော်လင့်ချက်။
" ဆေးရုံမြန်မြန်ပို့ပေးကြပါ ဝေး သတိထားပါဦး ဘာလို့လဲ ဘာလို့ဒီလိုလုပ်ရတာလဲ ဝေး "
တစ်စုံတစ်ဦး အသက်ရှူမရပ်တန့်ဖို့ရာအတွက် ဆုတောင်းနေသူဟာ ကိုယ်တိုင်တော့ အသက်ရှူဖို့ပင် မေ့လျော့နေလေသည်။ ဝေးရဲ့ခန္ဓာလေး အေးစက်မသွားစေဖို့ တစ်ခါမှ မထွေးပွေ့ပေးဖူးတဲ့ ဒီခန္ဓာကိုယ်လေးကို တင်းတင်းထွေးပွေ့ကာ အနွေးဓာတ်ပေးရင်း ပြောစရာစကားတွေ အများကြီးရှိနေသေးတာကို သတိရမိသည်။
" အစ်..ကို "
အားတင်းဖွင့်တာကိုပင် မပွင့်တော့တဲ့မျက်လုံးတွေဟာ မှိတ်လျက်သားပင်။ နှုတ်ခမ်းလွှာလေးကိုသာ ကြိုးစားဖွင့်ဟရင်း အစွမ်းကုန် ပြုံးပြနေသေးသည်။
" ဝေး သတိထားနော် ကျွန်တော် ရှိတယ် သတိထားနော် ခနပဲ ခနနေရင် ဆေးရုံရောက်ပြီနော် "
ဝေး၏လက်ကို တင်းတင်းဆုပ်၍ ပြေမကျသွားရန် အကြိမ်ကြိမ်ဆုတောင်းနေမိသည်။ ဒီလိုအချိန်မှာတောင် ဝေးသည် ကြည်လင်စွာ ပြုံးနိုင်သေးသည်လား။ ဘယ်ဘဝက ရေစက်တွေကြောင့်လဲ၊ဘယ်ဘဝက ဆုတောင်းတွေကြောင့်လဲ ၊ ဒီလိုတွေ့ဆုံပြီး ဒီလိုကြီး ခွဲသွားတော့မလို့လား ။
" မငိုပါနဲ့ အစ်ကို အစ်ကို ငိုတာမကြိုက်ဘူး "
ဝေးရဲ့မျက်နှာပြင်ထက်က ရန်းမျက်ရည်တွေကို ကပြာကယာသုတ်ပေးလိုက်ပြီး နောက်ထပ် မျက်ရည်တွေကျမလာစေဖို့ စိတ်ထိန်းပေမဲ့ အချည်းနှီးသာ။
" မ မငိုတော့ဘူး အခုမငိုတော့ဘူး ခနပဲ ခနပဲ သည်းခံနော် ဝေး ခနပဲ ခနပဲ "
5 မိနစ် ၊ 10 မိနစ် ဆိုတဲ့အချိန်ဟာ လူတစ်ယောက်ရဲ့သေရေးရှင်ရေးအတွက် သိပ်ကိုအရေးပါပြီး သိပ်ကိုကြာမြင့်လွန်းသည်။ တဖြည်းဖြည်းနှင့် နှလုံးခုန်နှုန်းဟာ လျော့ကျလာသည်။နှလုံးခုန်သံဟာ မကြားတစ်ချက်၊ကြားတစ်ချက်၊ ဖျော့တော့နေသော ခန္ဓာကိုယ်လေးဟာ သွေးပင်မရှိတော့ ။ နှုတ်ခမ်းတွေဟာ ပြာလာပြီ ။အသက်ရှူသံသည်လည်းဖြေးနှေးသွားပြီ။
" ဒီ တစ် ခါ လည်း ကျွန် တော် က အရင် ထား သွား ရ လို့ တောင်း ပန် ပါ တယ် "
ကြိုးစားအားတင်းကာ ပြောသော စကားလုံးတစ်လုံးစီဟာ တိုးလျစွာ၊ မောဟိုက်သံများနှင့်အတူ ပင်ပင်ပန်းပန်းထွက်လာသည်။
ညတိုင်းမြင်နေကျပုံရိပ်တွေဟာ ခေါင်းထဲသို့ အစီအရီဝင်လာသည်။ ဝေး ပြောတဲ့ အရင်ဘဝကို သူလက်ခံလိုက်တော့မည်။ ဆက်နွယ်ခြင်းတွေကို ဒီဘဝမှာ မေ့လျော့နေပေမဲ့ ဝေးဟာ အငယ်ဖြစ်ခဲ့ပြီး ရန်းဟာ အငယ်ရဲ့ချစ်သူရည်းစားဖြစ်ခဲ့တာကို ယုံလိုက်တော့မည်။
" အ အ ငယ် "
နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲခေါ်လိုက်မိတဲ့ နာမ်စားပင်။ ဝေးရဲ့မျက်ရည်တွေဟာ မျက်လုံးထောင့်မှ စီးကျသွားည်။ သိုပေမဲ့ ဝေးဟာ ကြည်ကြည်နူးနူးပြုံးနေလေရဲ့။
" ချစ်တဲ့သူနဲ့ ပျော်ပျော်နေမယ်မဟုတ်လား "
နောက်ဆုံးအချိန်ထိ ရန်းပျော်နေတာကိုမြင်ချင်တဲ့သူ၊ ရန်း အချစ်နဲ့ နေထိုင်တာကိုမြင်ချင်တဲ့သူ။ ခေါင်းငြိမ့်ပြလိုက်မိသည်လား ၊ ဝေး ပုံက စိတ်ချသွားသည့်ပုံ ။ အသက်ရှူသံတွေဟာ ရုတ်တရက်ပြင်းထန်လာသည်။
" တောင်း ပန် ပါ တယ် "
မပီမသ စကားလုံးတွေကြား ဆုပ်ကိုင်ထားတဲ့လက်လေးဟာ ပြေလျော့လို့သွားခဲ့သည်။
" ဝေး ! ဝေး ! "
ဆော့ကစားလွန်းတဲ့ ညလေပြေကြောင့် ပင်ယံထက်မှ ခုန်ဆင်းလာသော အဖြူရောင်ပွင့်ဖတ်လေးတွေဟာ ဝေးခန္ဓာထက် ဆင်းသက်ကာ မွေ့လျော်ကြွေကျသည်။ ဒီဘဝမျှသာပဲ ဝေး ၊ ဒီဘဝမျှသာပဲ ၊ချစ်ခြင်းရှိရာကိုသာ လွတ်လွတ်လပ်လပ်သွားပါတော့။
အငယ် ၊ မင်းရောက်လာခဲ့ပေးလို့ပေါ့ ၊ တခဏတာ မင်းရောက်လာပေလို့ပေါ့။
ချစ်တဲ့သူကို မမှတ်မိရခြင်းက နာကျင်ရသလို ချစ်တဲ့သူက မိမိကို မမှတ်မိခြင်းကလည်း နာကျင်ရသည်မဟုတ်လား။ အချစ်ဟာ နာကျင်ခြင်းတွေကိုယ်စီနဲ့ ၊ ပေးဆပ်ခြင်းတွေနဲ့။
အနည်းငယ်လှမ်းသော တစ်နေရာမှာ မှင်သက်စွာ ရပ်နေလေသော အရိပ်လေးကို ရန်း နာကျင်စွာ ကြည့်လိုက်မိသည်။
.
.
(Zawgyi)
လူအသြားအလာနည္းပါးေသာ လမ္းသြယ္က်ဥ္းက်ဥ္းေလးထဲတြင္ ေကာင္ေလးႏွစ္ေယာက္ တစ္ဦးကိုတစ္ဦး ရန္သူသဖြယ္ၾကည့္ကာ မ်က္ႏွာခ်င္းဆိုင္လ်က္ရွိသည္။
" ခြပ္ ! "
႐ုတ္တရက္ဆန္စြာ မ်က္ႏွာေပၚသို႔က်ေရာက္လာေသာ လက္သီးခ်က္ေၾကာင့္ ကိုယ္ဟန္မထိန္းနိုင္ဘဲ ယိုင္က်သြားသည္။ျပင္းထန္ေသာ ထိုးႏွက္မႈေၾကာင့္ မ်က္ႏွာတစ္ခုလုံး ထူပူလာကာ ေခါင္းတစ္ခုလုံးပင္ ခ်ာခ်ာလည္ထြက္သြားသည္။
" ဟက္ ! "
ဟုတ္တယ္ ငါက အထိုးခံသင့္တဲ့သူ။
အစ္ကို႔ဆီက အထိုးမခံခဲ့ရလို႔ ကိုယ့္ကိုကိုယ္ ဓားနဲ႕မႊန္းခ်င္ေနတာ ။ ဟက္ ။ ရင္ထဲက နာက်င္မႈနဲ႕ ယွဥ္လို႔ပင္မရေသာ္လည္း အနည္းဆုံးေတာ့ အစ္ကို႔အတြက္ အထိုးခံလိုက္ရသည္မဟုတ္လား။
ကိုယ္ကို ေသခ်ာျပန္မတ္လိုက္ၿပီး ကိုယ့္ကိုကိုယ္ ေလွာင္ရယ္လိုက္ကာ ေရွ႕မွာရပ္ေနသည့္ လက္သီးတင္းတင္းဆုပ္ထားေသာ လူကို မဲ့ၿပဳံးၿပဳံးကာ ၾကည့္လိုက္သည္။
" ေပ်ာ္သြားၿပီလား အခု သိပ္ကို ေက်နပ္သြားၿပီလား "
မ်က္ဝန္းနက္နက္ထဲတြင္ ေဒါသရိပ္ေတြဖုံးလႊမ္းေနေသာ္လည္း ႐ုပ္ရည္သြင္ျပင္ဟာ ၾကည္လင္ေလးနက္ေနဆဲ။ ထြက္လာေသာ အသံဟာ တည္ၿငိမ္ျပတ္သားလ်က္။
ထိုသူဟာ အစ္ကို႔ေဘးနားမွာ အၿမဲေတြ႕ရတတ္သူ ။ တစ္နည္းအားျဖင့္ လမ္းသြယ္ပ်ိဳးဥယ်ာဥ္ပိုင္ရွင္ ။ အမည္နာမဟာ ေဝး ။
ဝန္း စုံစမ္းသိရသေလာက္ဆိုရင္ဧကေပါင္းမ်ားစြာ က်ယ္ဝန္းေသာ ထိုဥယ်ာဥ္ႀကီးကို အေမြအပိုင္စားရထားေသာ လူ ။ဒီလူမွာ မိဘေတြ မရွိၾကေတာ့ဘူး။ေဆြမ်ိဳးသားခ်င္းဆိုလို႔ အေဒၚအပ်ိဳႀကီးတစ္ေယာက္သာ ရွိေတာ့သည္။ ထိုအေဒၚက အမည္ခံဥယ်ာဥ္ပိုင္ရွင္ျဖစ္ၿပီး သူက အေနာက္ကေန စီမံသည္။ ဒီလူက လူေတြနဲ႕ခပ္ကင္းကင္းေနသည္။ လူေတြနဲ႕ဆက္ဆံရမွာမႀကိဳက္တဲ့ လူ ၊ လူေရွ႕သူေရွ႕ထြက္ရမွာမႏွစ္သက္တဲ့လူ ၊ ဒီလိုလူက အစ္ကိုနဲ႕ဝန္း ျပႆနာေတြျဖစ္ၿပီး အစ္ကိုၿပိဳလဲေနခ်ိန္မွာ အစ္ကို႔ဆီ ေရာက္လာခဲ့သည္။သာမန္အလုပ္သမားတစ္ေယာက္အေနနဲ႕။
" အစ္ကို႔အေပၚ ဒီေလာက္ထိလုပ္မွ ျဖစ္မွာလား "
ထိုလူရဲ႕ ခပ္စူးစူးအၾကည့္နဲ႕ အျပစ္တင္သံေအာက္မွာ ဝန္း အံႀကိတ္ကာလက္သီးတင္းတင္ဆုပ္လိုက္သည္။ၾကည့္ရတာ ဝန္းကို သိပ္ေဒါသထြက္ေနပုံပါပဲ။အစ္ကို႔ဆီမွာေတာင္ မေတြ႕ရေသာ နာၾကည္းမႈေတြဟာ ဝန္းကို စူးရဲစြာၾကည့္ေနေသာ ထိုလူ႕ မ်က္ဝန္းနက္နက္မွာ ရွိေနသည္။
" မင္းကိုယ္မင္း သိပ္မွန္ေနတယ္ ထင္ေနလား ဟက္ ေမတၱာရွင္ႀကီးေပါ့ တာဝန္ယူတတ္တဲ့သူႀကီးေပါ့ ဟာသပဲ "
ဝန္းကို ခနဲ႕ကာ ေလွာင္ေျပာင္ေနတာေၾကာင့္ အနည္းငယ္ေတာ့ ခံရခက္သည္။ သို႔ေသာ္ ယိုင္နဲ႕ေနေသာ စိတ္ကို ဖုံးလိုက္ရင္း ခနဲ႕ၿပဳံးၿပဳံးလိုက္သည္။
" အဟင္း "
ဝန္းရဲ႕ခနဲ႕သံဟာလည္း တည္ၾကည္ေနေသာမ်က္ႏွာကို မ်က္ေမွာင္ၾကဳတ္သြားေစသည္။ ဝန္းက ထိုသူကို ရိသဲ့သဲ့ၾကည့္လိုက္ရင္း မခ်ိၿပဳံးၿပဳံးလိုက္သည္။
" အဲ့ေလာက္မခံမရပ္နိုင္ျဖစ္ေနရင္လည္း ခင္ဗ်ားက အစ္ကို႔ကို ေပ်ာ္ေအာင္ထားလိုက္ေလ အစ္ကိုမနာက်င္ေတာ့ေအာင္ ခင္ဗ်ားက ေပြ႕ဖက္ေပးလိုက္ေပါ့ အဟင္း "
အစ္ကို႔အတြက္ ခံျပင္းကာ ဝန္းကို ေဒါသထြက္ေနေသာ ထိုလူကို
သေရာ္ဟန္ ေျပာလိုက္မိေသာ္လည္း
အမွန္တကယ္ ထိုလူအား အရွက္မဲ့စြာ ေတာင္းပန္ခယၿပီး ေျပာခ်င္ေနေသာစကားမ်ားျဖစ္သည္။
လႊား ။ လႊားက သူ႕ေၾကာင့္နဲ႕ မွတ္ဥာဏ္ေတြ ေပ်ာက္ဆုံးသြားခဲ့ၿပီ။ လႊား ဒီလို ျဖစ္ရတာဟာ ဝန္း ရည္႐ြယ္ခဲ့တာ မဟုတ္လို႔ ဝန္း အျပစ္မဟုတ္ပါဘူး ဆိုေသာ္ျငားလည္း ဝန္းေၾကာင့္ ျဖစ္သြားတာပဲမဟုတ္လား။ ဒါကို မ်က္ႏွာလြဲခဲပစ္ လုပ္လို႔မွ မျဖစ္ေပဘဲ။ အစ္ကို႔ကို ေဘးမွာထားၿပီး သူမ်ားကို ဂ႐ုစိုက္ရတဲ့အခ်ိန္ေတြမွာ အစ္ကို ပိုၿပီးခံစားေနရမယ္မဟုတ္လား။အခုလို အဆုံးသတ္လိုက္ျခင္းက အစ္ကို႔အတြက္ ပိုၿပီးအဆင္မေျပဘူးလား။
" အဓိပၸာယ္မရွိတဲ့ အေတြးေတြကို ရပ္လိုက္စမ္းပါ အစ္ကို႔ကို နာက်င္ေစမဲ့အေတြးေတြပဲ မင္းေခါင္းထဲမွာ ရွိတာလား "
ဝန္း ထိုလူ႕ကို တအံ့တၾသၾကည့္လိုက္သည္။ဝန္း စိတ္ထဲက အေတြးေတြကို ထိုလူၾကားေနရတာလား။
" အစ္ကိုက မင္းကို နာၾကည္းၿပီး မုန္းေမ့သြားမဲ့သူဆိုရင္ေတာ့ မင္းအေတြးကသိပ္ကို အဆင္ေျပတာေပါ့ ... အဲ့လိုလူမွ မဟုတ္ဘဲ... နာက်င္ေအာင္လုပ္တဲ့ သူက မင္းျဖစ္ၿပီး တျခားသူကို ဘာကိစၥကုစားခိုင္းေနရတာလဲ "
ဝန္း မ်က္ႏွာလြဲကာ ႏႈတ္ဆိတ္ေနမိသည္။ ဘယ္လိုျပန္တုံ႕ျပန္ရမလဲကို မသိဘဲ ျဖစ္ေနမိသည္။
" အစ္ကို႔ေဘးနားျပန္လာလိုက္ မင္းထင္ေနသလို အစ္ကိုက မနာလိုမႈမ်ားတဲ့သူ မဟုတ္ဘူး "
အစ္ကို႔မွာ မနာလိုမႈ မရွိဘူးဆိုတာ ဝန္းက ပိုသိတာေပါ့ ။ နာက်င္မႈ ၊ နာက်င္မွာကို မျမင္ရက္တာ ။
" မင္းကို ကယ္ခဲ့လို႔ ေက်းဇူးတင္ၿပီး မင္းက သူမ်ားကို ဂ႐ုစိုက္ဖို႔ေတာင္မလိုေအာင္ သူက ဂ႐ုစိုက္ေပးလိမ့္မယ္ မင္းကို သိပ္ခ်စ္တဲ့ အစ္ကိုက အဲ့လိုလုပ္လိမ့္မယ္ "
ဘာအတြက္လဲ ။ အစ္ကိုက ဘာအတြက္ပင္ပန္းခံရမွာလဲ ။ အစ္ကိုသာ သူ႕ေဘးမွာ ေနရင္ ပင္ပန္းမွာ၊ခက္ခဲမွာ၊နာက်င္မွာ။
" အစ္ကို႔ရဲ႕ လက္ခံနိုင္စြမ္းက အတိုင္းအတာမဲ့တယ္လို႔ ထင္ေနတာလား "
ဝန္း ရင္ထဲ ထိတ္ခနဲပင္ ။ ထို႔ေနာက္ မခ်င့္မရဲ ၿပဳံးလိုက္သည္။ ဘာကိုေမွ်ာ္လင့္ေနေသးတာလဲ ။ လွည့္ထြက္ခဲ့ၿပီးမွ ဘာကို ထိတ္လန့္ေနေသးသလဲ ။
" မင္းရဲ႕ေ႐ြးခ်ယ္မႈေၾကာင့္ အကုန္လုံးကို မနာက်င္မိေစနဲ႕ေပါ့ "
ထိုလူက ပုခုံးကို ခပ္ၾကမ္းၾကမ္းပုတ္ကာ ထြက္သြားေလသည္။ အစ္ကို႔ရဲ႕အေစာင့္အေရွာက္လို ထိုလူ။ ရီေဝေဝခံစားခ်က္ႀကီးက ဘာမ်ားလဲ။
.
အသဲေတြေၾကမြမတတ္ ငိုေႂကြးေနသူဟာ အခုခ်ိန္မွာ တျခားသူရဲ႕ေပြ႕ဖက္ျခင္းထက္ တစ္ဦးထဲ ငိုေႂကြးဖို႔ကို ပို၍လိုအပ္ေနဟန္။
အခ်ိန္အတန္ၾကာေအာင္ ေငးစိုက္ၾကည့္ၿပီးေနာက္မွာ တိတ္တဆိတ္ပင္ လွည့္ထြက္ခဲ့လိုက္သည္။
" ရွင္သန္ျခင္း " ဆိုင္ေရွ႕ေလးတြင္ က်ဴးလစ္အျဖဴေရာင္ပန္းစည္းေလးဟာ အထီးက်န္စြာႏွင့္ ဝမ္းနည္းလ်က္။
.
လက္မခံနိုင္ေသးေသာ လမ္းခြဲျခင္းကို လက္ခံေစသည့္ လမ္းခြဲျခင္း ။
ၿငိမ္သက္ျခင္း ၊ တိတ္ဆိတ္ျခင္း ၊ ပ်က္သုဥ္းျခင္း ။ မ်က္ေတာင္ခတ္ဖို႔ေတာင္ ေမ့ေလ်ာ့သည္အထိ အသိစိတ္က လြင့္ျပယ္ေနသည္လား ။ အေမွာင္ရိပ္ဟာ ဘယ္အခ်ိန္ေရာက္လာလို႔ လႊမ္းသြားသည္မသိ။ အေမွာင္လႊမ္းေနသည္လားပင္ သိမေနဆို ပိုမွန္မည္။ဘယ္သူဝင္လို႔ ဘယ္သူေတြ ထြက္သြားလဲ သတိမမူေတာ့ ၊ စိတ္ဝင္စားျခင္းမရွိေတာ့။ အ႐ုပ္ႀကိဳးပ်က္က်သလို ေခါင္းငိုက္စိုက္ထိုင္ေနသည္မွာ ဝန္း ထြက္သြားၿပီးကတည္းကပင္။ ရင္ဘတ္တစ္ခုလုံးတင္းၾကပ္ကာ ဆို႔နစ္မႈေတြ ျပည့္သိပ္ေနသည္မွာ ေပါက္ကြဲထြက္မတတ္။ငိုခ်င္သည္။ေအာ္ ေအာ္ၿပီးေတာ့ငိုလိုက္ခ်င္သည္။သို႔ေသာ္ ငိုမရ၊အသံထြက္မရ ။မြန္းၾကပ္ဆို႔နစ္မႈေတြဟာ ရင္ဘတ္၊လည္ပင္း၊တစ္ကိုယ္လုံးကို ပိတ္ဆို႔ကာ ဖြင့္ထုတ္မည့္ ခံစားခ်က္ေတြကို တားဆီးထားသည္။ အသိစိတ္ဟာ အရင္အခ်ိန္က အမွတ္တရေတြဆီမွာ ေမ်ာလြင့္ေနသည္။တစ္ခါတစ္ခါ ၿပဳံးသည္။ တစ္ခါတစ္ခါ မဲ့သည္။ ကတိစကားေတြ ျပန္ၾကားေယာင္တဲ့အခါ ေလွာင္ၿပဳံးၿပဳံးမိသည္။
" Anni day ေရာက္ရင္ အစ္ကိုသြားခ်င္တဲ့ ေနၾကာခင္း ဆီသြားၾကမယ္ "
" အစ္ကိုႀကိဳက္တဲ့ ေတာင္ႀကီးရွမ္းရိုးရာစားေသာက္ဆိုင္မွာ ရွမ္းေခါက္ဆြဲသြားစားၾကမယ္ "
" အစ္ကိုနဲ႕အတူ ကားေလွ်ာက္စီးမယ္ ေနရာလွလွေလးေတြမွာ ဓာတ္ပုံရိုက္ေပးမယ္ "
" အစ္ကိုေလွ်ာက္ခ်င္တဲ့ ညေစ်းတန္းလည္း လည္ၾကမယ္ "
" လူေတြအမ်ားႀကီးၾကားထဲ အစ္ကိုမေပ်ာက္သြားေအာင္ အစ္ကို႔လက္ကိုမလြတ္တမ္းတြဲထားၿပီး ေလွ်ာက္မယ္... ဝက္သားဒုတ္ထိုးလည္း ဝယ္ေကြၽးမယ္... အ႐ုပ္လည္း ေကာက္ေပးမယ္ "
" ၿပီးရင္ မီးပုံးပ်ံ လႊတ္ၿပီး ဆုေတာင္းၾကမယ္ "
"ကြၽန္ေတာ္တို႔ ဆင္တူလက္စြပ္လုပ္ၾကမယ္ ၿပီးေတာ့ အစ္ကို႔ကို ကြၽန္ေတာ္ လက္ထပ္ခြင့္ေတာင္းမယ္ "
" ဟုတ္ၿပီ အဲ့ေန႕က်ရင္ မင္းရဲ႕Proposeကို ငါက Yes လို႔ အေျဖေပးမယ္ "
" အစ္ကို တကယ္လား တကယ္ေနာ္ ေျပာၿပီးစကားျပန္မျပင္ေၾကး ကတိေနာ္ ကတိ ေယာက်ာ္းကတိ "
" အင္း ကတိ "
" မီးပုံပ်ံ လႊတ္တဲ့ခ်ိန္ ကြၽန္ေတာ့္ကို အစ္ကိုလက္ထပ္ပါေစ လို႔ ကြၽန္ေတာ္ဆုေတာင္း လိုက္မွာမလို႔ေလ "
" အစ္ကိုက ဘာဆုေတာင္းမွာလဲ "
" မသိဘူး မီးပုံပ်ံလႊတ္မွ စဥ္းစားမယ္ "
" ဟြန့္ "
" ဆုေတာင္းမေမးရဘူး မျပည့္တတ္ဘူးတဲ့ "
" တကယ္လား ကြၽန္ေတာ္ကေျပာလိုက္ၿပီေလ "
"အာ...ငါမၾကားခဲ့ဘူး "
" မင္းအဲ့လိုဆုမေတာင္းလည္း မင္းဆႏၵကို ငါကျဖည့္မွာပါ ဝန္းငယ္ရာ "
-
" ဟက္! ဟား ဟား ဟား "
ေလွာင္ရယ္သံတစ္ခ်က္အစျပဳၿပီး အားရပါးရရယ္လိုက္သည့္ အသံဟာ ေျခာက္ကပ္စြာ။ ကတိစကားေတြဟာ ေလွာင္ရယ္ျခင္း ကို ေဖာ္ထုတ္လို႔ရၿပီး ေနာက္တြင္ နာက်င္ျခင္းေတြနဲ႕အတူ မ်က္ရည္ေတြဟာ တသြင္သြင္စီးက်လာေတာ့သည္။ ထပ္ခါထပ္ခါ ရယ္သည္။ တစ္ခ်ိန္ထဲမွာပဲ ထပ္ခါထပ္ခါ ငိုသည္။
ၾကမ္းျပင္ထက္ ေခြယိုင္လဲက်ေသာ္လည္း လဲက်လ်က္အတိုင္း ငိုေႂကြးမိသည္။ ကိုယ္အတြက္ကိုယ္ လူးလိမ့္ေအာင္ငိုသည္။လူးလိမ့္ေအာင္ ခံစားေနရသည္မဟုတ္လား။ၿပီးရင္ သူ႕အတြက္ ၿပဳံးမည္။ သူလည္း နာက်င္ပါေစဦး။ ကိုယ္ခ်ည္းပဲ ခံစားျပေနလို႔ ဘယ္ျဖစ္ပါ့မလဲ။
ထပ္ၿပီး မငိုေႂကြးနိုင္ေလာက္ေတာ့သည္အထိ ငိုေႂကြးသည္။ ေဖ်ာ့ေတာ့စြာ ၿပဳံးရင္း မနက္ျဖန္ဆိုတာ မရွိရင္ ေကာင္းမယ္လို႔ လိုလိုလားလားေတြးမိသည္။
.
"Radio FM ရဲ႕ သီခ်င္းေတာင္းတဲ့အစီအစဥ္ေလးကေန ျပန္လည္ႀကိဳဆိုလိုက္ပါတယ္ရွင္ "
ေရဒီယိုအသံလွိုင္းမ်ားဟာ က်ယ္ေျပာေသာ ၾကားခံနယ္ ေလဟာနယ္ကို ျဖတ္ေက်ာ္ကာ ကားေပၚ၌ ၾကည္ၾကည္လင္လင္ အေျခစိုက္သည္။ ၾကားခံနယ္ ရွိမွ အသံကို ၾကားရသည္။သူ၏ရင္တြင္းသံကိုေတာ့ ၾကားခံနယ္မလိုဘဲ အစ္ကိုၾကားေနလိမ့္မည္။ အသံကို အဆုံးထိခ်ဲ့တင္လိုက္ၿပီး ခုံေနာက္ေက်ာကိုမွီကာ မ်က္လုံးမွိတ္လိုက္သည္။
" ဒီတစ္ေခါက္ ေတာင္းဆိုထားတဲ့ သီခ်င္းေလးကေတာ့ အဆိုေတာ္ထူးအိမ္သင္ရဲ႕ ခ်စ္တိုင္းလည္းမညား ဆိုတဲ့ သီခ်င္းေလးပါ
ေတာင္းဆိုထားတဲ့သူေလး ေျပာထားတာကေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခ်စ္လ်က္နဲ႕ခြဲခြာခဲ့ရတဲ့ အခ်စ္ေဟာင္းကို သတိရလို႔ပါတဲ့
ခ်စ္လ်က္နဲ႕ခြဲခြာရခဲ့ အခ်စ္မွာ ျဖတ္သန္းခဲ့တဲ့ ခ်စ္ျခင္းေန႕ရက္ေတြကေတာ့ အခ်စ္ေတြျပည့္ဝေနမွာ အမွန္ပဲေနာ္ အတိတ္က အခ်စ္ေန႕ရက္ေတြကေတာ့ လွဆဲပဲမဟုတ္လား
Radio FM ပရိသတ္ႀကီးတို႔မွာေရာ ခ်စ္လ်က္နဲ႕ေဝးခဲ့ရတာေတြ ရွိလားရွင္ ရွိရင္သီခ်င္းေလးကို အတူတူနားဆင္ရင္း လြမ္းေဆြးၾကမယ္ေနာ္ "
သစ္႐ြက္ကေလးေတြလည္း
ေျမမွာခလို႔ လြင့္ေႂကြၿမဲ
အေဖာ္မဲ့ႏႈတ္ခမ္းမ်ားလည္း
ညင္သာတီးတိုး႐ြတ္ဆိုဆဲ
အႏြမ္းပန္းမ်ားသည္လည္း
ေႂကြကာ ႏြမ္းေျခာက္ရစ္ၿပီကြယ္
အခ်စ္ရဲ႕လိပ္ျပာေလး
ဘယ္မွာပုန္းလို႔ နားၿပီလဲ
အေဖာ္ကြဲတဲ့ ငွက္ကေလးမ်ား
အေပၚကိုသာ ေငးေငးၾကည့္ရင္းနဲ႕သာ
ႏွလုံးသားမ်က္ရည္မ်ား က်ဆင္းလာ
သူေပးတဲ့ အခ်စ္အနမ္းမ်ား
ျပန္လည္ကာ ေတြးေတာစိတ္ေမာမိတာ
ေအးျမပါးျပင္သည္ ပူႏြေးလာ
ကတိစကားမ်ားကိုလည္း ေျမလွန္ကာျပန္ရွာရင္း
ဘဝအသစ္မ်ားကိုလည္း ညင္သာစြာေလွ်ာက္လွမ္းရင္း
ခ်စ္တိုင္းလည္းမညား စကားကိုသာ
တီးတိုးေရ႐ြတ္မိတာ
ကိုယ့္ႏွလုံးသားအသည္းအိမ္မွာ
အခ်စ္မ်ားစြာ
သူေပးတဲ့အခ်စ္မ်ားကိုသာ ေထြးပိုက္ေနတုန္းအခိုက္မွာ
ကိုယ့္ႏွလုံးသားအသည္းတေနရာ
သူေပးတဲ့ဒဏ္ရာမ်ား
အိုး....အခ်စ္....
မ်က္ရည္မ်ားဟာ မွိတ္ထားေသာမ်က္ခြံကို ထိုးေဖာက္ကာ ေဘးသို႔ လိမ့္ဆင္းသြားသည္။ တဆစ္ဆစ္နာေနေသာ ရင္ဘတ္ထဲက ဒဏ္ေတြေၾကာင့္ အသံထြက္ေအာ္ညီးလိုက္ခ်င္ေသာ္လည္း အံတင္းတင္းႀကိတ္ကာ ၿမိဳသိပ္မိသည္။ အစ္ကို႔ႏွလုံးသားမွာ သူေပးတဲ့ ဒဏ္ရာေတြနဲ႕ ျပည့္ႏွက္ေနခဲ့ေလၿပီ။
မ်က္ခြံကို အသာအယာဖြင့္ၾကည့္ေတာ့ အစ္ကိုသည္ သူ႕အိမ္ထဲကေန ယိုင္တိယိုင္တိုင္ ထြက္လာသည္ကို ျမင္လိုက္ရသည္။ ဘယ္ဘက္မွာက ကြင္းထိုးဖိနပ္ ညာဘက္မွာက ေျခညွပ္ဖိနပ္ ၊ ေျခလွမ္းေတြက အားယုတ္ၿပီး ေခြယိုင္လဲက်ေတာ့မည့္ဟန္ ။ မ်က္လုံးေတြက ၫႊန္ျပစရာမရွိ ဦးတည္ရာမဲ့ ။ အစ္ကို႔ေနာက္ကေန တိတ္တိတ္ေလး လိုက္လာခဲ့သည္။
ကားလမ္းမထိ အစ္ကိုဟာ ေလွ်ာက္လာခဲ့သည္။ ကားေတြ ရႈပ္ယွက္စြာ သြားလာေနေသာ ကားလမ္းမႀကီးကိုျဖတ္ကူးဖို႔ အစ္ကိုႀကိဳးစားေနသည္။မဟုတ္ဘူး ျဖတ္ကူးဖို႔ႀကိဳးစားေနတာမဟုတ္ဘူး အစ္ကိုဟာ သူဘယ္ေရာက္လို႔ေရာက္ေနမွန္းေတာင္ သတိထားမိပုံမေပၚ။ အေတြးေတြထဲႏွစ္ျမဳပ္ေနၿပီး စိတ္မကပ္တဲ့လူလို။ အင္မတန္အႏၱရာယ္မ်ားတာေၾကာင့္ အစ္ကို႔ကိုသြားေခၚဖို႔ အျမန္ေလွ်ာက္လိုက္သည္။
ကားတစ္စီးဟာ ပုံမွန္စီးရမည့္ႏႈန္းထက္ ပိုကာ ေမာင္းႏွင္လာသည္ကို ထိတ္လန့္စြာျမင္လိုက္ရသည္။ ထိုအခ်ိန္မွာအစ္ကိုဟာ လမ္းေပၚသို႔ ေျခခ်ေနၿပီ။
အခ်ိန္ခဏေလးအတြင္းမွာပင္ ထိုကားဟာ အစ္ကို႔ဆီ အလြန္နီးကပ္လာသည္။
မျဖစ္ဘူး။
" အစ္ကို႔! "
" ဒုန္း !!! "
" အစ္ကို႔!!!"
ခႏၶာကိုယ္ဟာ ေလေပၚသို႔ျမႇောက္တက္သြားကာ လမ္းမေပၚကိုအရွိန္ျဖင့္ ရိုက္ခတ္သည္။ ကားဟြန္းတီးသံ ၊ ကားသံ ၊ လူသံမ်ားဆူညံေနလြန္းသည္။သို႔ေသာ္ၾကားတစ္ခ်က္မၾကားတစ္ခ်က္။လူေတြဝိုင္းအုံေနၾကသည္။မြန္းၾကပ္ဖို႔ေကာင္းသည္။ ေနာက္ဆုံးၾကားလိုက္တဲ့အသံဟာ အစ္ကို ဟုေခၚသံ ။ ဝန္း အသံ ၿပီးေတာ့ ။
လူေတြ ဝိုင္းအုံေနတဲ့ ေနရာကို ၾကည့္လိုက္သည္။ တစ္စုံတစ္ေယာက္က ေသြးအိုင္ထဲတြင္ လဲေနသည္။ ဝိုင္းအုံေနေသာ လူေတြေၾကာင့္ မ်က္ႏွာေတာ့ ေသခ်ာမျမင္ရ။ လဲေနရာက အားတင္းကာ ထလိုက္သည္။တစ္ေယာက္ေယာက္က သူ႕ကိုတြန္းလိုက္သည္ကို ခံစားလိုက္ရသည္။
မဟုတ္မွလြဲေရာ ။ သူ႕ကို ကယ္လိုက္တာလား ။ လူေတြၾကားတဲ့ အလ်င္အျမန္တိုးကာ ကားေရွ႕တြင္ ေသြးမ်ားစြာျဖင့္လဲေနေသာသူကို ေသြးပ်က္စြာ ျမင္
လိုက္ရသည္ ။မဟုတ္ဘူး ။ မျဖစ္ရဘူး။
" မဟုတ္ဘူး "
ေျခာက္ျခားစြာေခါင္းကို အႀကိမ္ႀကိမ္ရမ္းမိသည္။
" ဝ ...ေဝး ေဝး "
ပူပူႏြေးႏြေးအိုင္ထြန္းေနေသာ ေသြးအိုင္ၾကားထဲ လဲေလ်ာင္းေနသည့္ ေဝး ရဲ႕ ခႏၶာကိုယ္ေလးဟာ ၿငိမ္သက္စြာ။ ေသြးမ်ား အေျမာက္အမ်ား စြန္းထင္ေပက်ံေနေသာ ေဝး၏ ခႏၶာကိုယ္ကို ျမင္ရသည္မွာ ေသြးပ်က္ေျခာက္ျခားစရာပင္။
" မျဖစ္ရဘူး ေဝး ထပါ ကြၽန္ေတာ္ေခၚေနတာၾကားရဲ႕လား "
ပတ္ပတ္လည္ ဝိုင္းအုံဆူညံေနေသာ လူအုပ္ၾကားထဲ ေဝး ရဲ႕ျဖဴေဖ်ာ့ေနေသာခႏၶာကိုယ္ေလးကို ရင္ခြင္ထဲ ဆြဲသြင္းကာ ယူႀကဳံးမရေအာ္ငိုမိသည္။မဟုတ္ဘူး၊ မယုံဘူး ၊ မျဖစ္ရဘူး ၊ ဒါတကယ္မဟုတ္ဘူး ၊လက္မခံနိုင္စြာ ငိုေႂကြးရင္း ဘာလို႔လဲ ၊ ဘာေၾကာင့္လဲ ဆိုသည့္ အေမးကိုသာ ထပ္ခါထပ္ခါ ေမးေနမိသည္။
ရင္ကိုလာ၍ ရိုက္ခတ္ေသာ ႏြေးေတးေတး ေလျပည္မွ်င္းေလး၊ အားတင္းကာ ထြက္လာေသာ အသက္ရႉသံ မွ်င္းမွ်င္းေလးဟာ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္။
" ေဆး႐ုံျမန္ျမန္ပို႔ေပးၾကပါ ေဝး သတိထားပါဦး ဘာလို႔လဲ ဘာလို႔ဒီလိုလုပ္ရတာလဲ ေဝး "
တစ္စုံတစ္ဦး အသက္ရႉမရပ္တန့္ဖို႔ရာအတြက္ ဆုေတာင္းေနသူဟာ ကိုယ္တိုင္ေတာ့ အသက္ရႉဖို႔ပင္ ေမ့ေလ်ာ့ေနေလသည္။ ေဝးရဲ႕ခႏၶာေလး ေအးစက္မသြားေစဖို႔ တစ္ခါမွ မေထြးေပြ႕ေပးဖူးတဲ့ ဒီခႏၶာကိုယ္ေလးကို တင္းတင္းေထြးေပြ႕ကာ အႏြေးဓာတ္ေပးရင္း ေျပာစရာစကားေတြ အမ်ားႀကီးရွိေနေသးတာကို သတိရမိသည္။
" အစ္..ကို "
အားတင္းဖြင့္တာကိုပင္ မပြင့္ေတာ့တဲ့မ်က္လုံးေတြဟာ မွိတ္လ်က္သားပင္။ ႏႈတ္ခမ္းလႊာေလးကိုသာ ႀကိဳးစားဖြင့္ဟရင္း အစြမ္းကုန္ ၿပဳံးျပေနေသးသည္။
" ေဝး သတိထားေနာ္ ကြၽန္ေတာ္ ရွိတယ္ သတိထားေနာ္ ခနပဲ ခနေနရင္ ေဆး႐ုံေရာက္ၿပီေနာ္ "
ေဝး၏လက္ကို တင္းတင္းဆုပ္၍ ေျပမက်သြားရန္ အႀကိမ္ႀကိမ္ဆုေတာင္းေနမိသည္။ ဒီလိုအခ်ိန္မွာေတာင္ ေဝးသည္ ၾကည္လင္စြာ ၿပဳံးနိုင္ေသးသည္လား။ ဘယ္ဘဝက ေရစက္ေတြေၾကာင့္လဲ၊ဘယ္ဘဝက ဆုေတာင္းေတြေၾကာင့္လဲ ၊ ဒီလိုေတြ႕ဆုံၿပီး ဒီလိုႀကီး ခြဲသြားေတာ့မလို႔လား ။
" မငိုပါနဲ႕ အစ္ကို အစ္ကို ငိုတာမႀကိဳက္ဘူး "
ေဝးရဲ႕မ်က္ႏွာျပင္ထက္က ရန္းမ်က္ရည္ေတြကို ကျပာကယာသုတ္ေပးလိုက္ၿပီး ေနာက္ထပ္ မ်က္ရည္ေတြက်မလာေစဖို႔ စိတ္ထိန္းေပမဲ့ အခ်ည္းႏွီးသာ။
" မ မငိုေတာ့ဘူး အခုမငိုေတာ့ဘူး ခနပဲ ခနပဲ သည္းခံေနာ္ ေဝး ခနပဲ ခနပဲ "
5 မိနစ္ ၊ 10 မိနစ္ ဆိုတဲ့အခ်ိန္ဟာ လူတစ္ေယာက္ရဲ႕ေသေရးရွင္ေရးအတြက္ သိပ္ကိုအေရးပါၿပီး သိပ္ကိုၾကာျမင့္လြန္းသည္။ တျဖည္းျဖည္းႏွင့္ ႏွလုံးခုန္ႏႈန္းဟာ ေလ်ာ့က်လာသည္။ႏွလုံးခုန္သံဟာ မၾကားတစ္ခ်က္၊ၾကားတစ္ခ်က္၊ ေဖ်ာ့ေတာ့ေနေသာ ခႏၶာကိုယ္ေလးဟာ ေသြးပင္မရွိေတာ့ ။ ႏႈတ္ခမ္းေတြဟာ ျပာလာၿပီ ။အသက္ရႉသံသည္လည္းေျဖးႏွေးသြားၿပီ။
" ဒီ တစ္ ခါ လည္း ကြၽန္ ေတာ္ က အရင္ ထား သြား ရ လို႔ ေတာင္း ပန္ ပါ တယ္ "
ႀကိဳးစားအားတင္းကာ ေျပာေသာ စကားလုံးတစ္လုံးစီဟာ တိုးလ်စြာ၊ ေမာဟိုက္သံမ်ားႏွင့္အတူ ပင္ပင္ပန္းပန္းထြက္လာသည္။
ညတိုင္းျမင္ေနက်ပဳံရိပ္ေတြဟာ ေခါင္းထဲသို႔ အစီအရီဝင္လာသည္။ ေဝး ေျပာတဲ့ အရင္ဘဝကို သူလက္ခံလိုက္ေတာ့မည္။ ဆက္ႏြယ္ျခင္းေတြကို ဒီဘဝမွာ ေမ့ေလ်ာ့ေနေပမဲ့ ေဝးဟာ အငယ္ျဖစ္ခဲ့ၿပီး ရန္းဟာ အငယ္ရဲ႕ခ်စ္သူရည္းစားျဖစ္ခဲ့တာကို ယုံလိုက္ေတာ့မည္။
" အ အ ငယ္ "
ႏွလုံးသားထဲကေန လွိုက္လွိုက္လွဲလွဲေခၚလိုက္မိတဲ့ နာမ္စားပင္။ ေဝးရဲ႕မ်က္ရည္ေတြဟာ မ်က္လုံးေထာင့္မွ စီးက်သြားည္။ သိုေပမဲ့ ေဝးဟာ ၾကည္ၾကည္ႏူးႏူးၿပဳံးေနေလရဲ႕။
" ခ်စ္တဲ့သူနဲ႕ ေပ်ာ္ေပ်ာ္ေနမယ္မဟုတ္လား "
ေနာက္ဆုံးအခ်ိန္ထိ ရန္းေပ်ာ္ေနတာကိုျမင္ခ်င္တဲ့သူ၊ ရန္း အခ်စ္နဲ႕ ေနထိုင္တာကိုျမင္ခ်င္တဲ့သူ။ ေခါင္းၿငိမ့္ျပလိုက္မိသည္လား ၊ ေဝး ပုံက စိတ္ခ်သြားသည့္ပုံ ။ အသက္ရႉသံေတြဟာ ႐ုတ္တရက္ျပင္းထန္လာသည္။
" ေတာင္း ပန္ ပါ တယ္ "
မပီမသ စကားလုံးေတြၾကား ဆုပ္ကိုင္ထားတဲ့လက္ေလးဟာ ေျပေလ်ာ့လို႔သြားခဲ့သည္။
" ေဝး ! ေဝး ! "
ေဆာ့ကစားလြန္းတဲ့ ညေလေျပေၾကာင့္ ပင္ယံထက္မွ ခုန္ဆင္းလာေသာ အျဖဴေရာင္ပြင့္ဖတ္ေလးေတြဟာ ေဝးခႏၶာထက္ ဆင္းသက္ကာ ေမြ႕ေလ်ာ္ေႂကြက်သည္။ ဒီဘဝမွ်သာပဲ ေဝး ၊ ဒီဘဝမွ်သာပဲ ၊ခ်စ္ျခင္းရွိရာကိုသာ လြတ္လြတ္လပ္လပ္သြားပါေတာ့။
အငယ္ ၊ မင္းေရာက္လာခဲ့ေပးလို႔ေပါ့ ၊ တခဏတာ မင္းေရာက္လာေပလို႔ေပါ့။
ခ်စ္တဲ့သူကို မမွတ္မိရျခင္းက နာက်င္ရသလို ခ်စ္တဲ့သူက မိမိကို မမွတ္မိျခင္းကလည္း နာက်င္ရသည္မဟုတ္လား။ အခ်စ္ဟာ နာက်င္ျခင္းေတြကိုယ္စီနဲ႕ ၊ ေပးဆပ္ျခင္းေတြနဲ႕။
အနည္းငယ္လွမ္းေသာ တစ္ေနရာမွာ မွင္သက္စြာ ရပ္ေနေလေသာ အရိပ္ေလးကို ရန္း နာက်င္စြာ ၾကည့္လိုက္မိသည္။