ဟိုတယ် အဝင်ဝမှနေ၍ အိပ်ခန်းအထိ
ရောက်အောင် လမ်းတလျှောက်လုံး
စိုင်းအံ့သျှိုင်းယံဆုပ်ကိုင်ဆွဲခေါ်
လာသည့် ရှန်ခွန်းနောင်၏
လက်ကောက်ဝတ်လေးသည် နီရဲနေပြီဖြစ်သည်။
"ကျွန်တော်နာနေပြီလို့!!"
အခန်းထဲရောက်ပါမှ
လွှတ်ပစ်လိုက်သဖြင့်
လွတ်လပ်သွားသည့် နီမြန်း
နေသော လက်ကောက်ဝတ်လေးကို
ရှန်ခွန်းနောင်ဖွဖွဆုပ်ကိုင်လိုက်ပြီးမှ
မျက်ရည်ကြည်လေးတွေဝေ့နေသည့်
မျက်လုံးဝိုင်းလေးများဖြင့် စိုင်းအံ့သျှိုင်းယံကို
ကြည့်လိုက်သည်။
မျက်ခုံးအစုံတို့ ထိစပ်မတတ် တွန့်ချိုး၍ အံကို
တင်းတင်းကြိတ်ထားသည့်စိုင်းအံ့သျှိုင်းယံသည်
သူမြင်လိုက်ရသော မြင်ကွင်းတစ်ခုကြောင့်
ရင်ထဲတွင် ဒေါသများဖြင့်ဗလောင်ဆူနေသည်။
မန္တလေးမှ လာခဲ့သည့်ခရီးတစ်လျှောက်
စီနီယာဖြစ်သည့်
ဉာဏ်လင်းသွေးရဲ့ ပုခုံးမှာ မှီအိပ်ခဲ့ရုံသာမက ၊
အခုထိပါ ထိလားပုတ်လားနဲ့ ပြုံးပျော်နေသည့်
အပြုအမူကို သူထပ်သည်းမခံနိုင်တော့။
ပြီးတော့ သူမဟုတ်သည့် လူတစ်ယောက်ရှေ့မှာ
နေခဲ့တာက ပေါင်ရင်းထိပါ ပေါ်တော့မတတ်
တိုနေတဲ့ အဝတ်အစားနဲ့။
"မင်းကဘာအချိုးလဲ ။
ဒီလိုနည်းနဲ့
မင်းပြောတဲ့ ကိုယ့်ကိုချစ်တယ်ဆိုတဲ့စကားကို
သက်သေပြလိုက်တာလား ရှန်ခွန်းနောင်"
"ကျွန်တော်ဘာလုပ်နေလို့လဲ"
"အဲ့ဒီမေးခွန်းကို ကိုယ့်ကို ပြန်မမေးနဲ့။
မင်းလုပ်ရပ်တွေမင်းပြန်ကြည့်။
ကိုယ်နဲ့ ပြဿနာတက်လိုက်တာနဲ့
တခြားတစ်ယောက်နဲ့ရောရောနှောနှော
နေပစ်လိုက်တာမျိုး ကိုယ်မကြိုက်ဘူး။
မင်းဝတ်ထားတဲ့ ဒီပုံစံကရော
အဲ့ဒီတစ်ယောက်နဲ့ ဒီလို တွေ့ရမှာမို့ မြူဆွယ်ဖို့
ဒီလို ဝတ်သွားတာလား။
ရှန်ခွန်းနောင်
မင်းမှာသာ ဒီလို အကျင့်ရှိရင်..
ကိုယ်အစကတည်းက သိခဲ့ရင်
မင်းကို ပတ်သက်ခဲ့မှာ မဟုတ်ဘူး"
"မပတ်သက်နဲ့ပေါ့ မပတ်သက်နဲ့လေ !
အခုလည်း ဘယ်သူက ပတ်သက်နေလို့လဲ !
ဘာလို့ လာဂရုစိုက်နေတာလဲ ။ ကျွန်တော့်ဘာသာ ဘယ်သူနဲ့ ဘယ်လို နေနေ ၊ ဘယ်လို ဝတ်ဝတ်
ဘာလို့ စိတ်ထဲ ထည့်နေတာလဲ!!"
ရှန်ခွန်းနောင်က နာကျင်
တုန်ခိုက်နေသည့်အသံဖြင့်အော်ပစ်လိုက်သည်။
"မင်းကိုယ့်ကို အဲ့ဒီလေသံနဲ့ လာမအော်နဲ့"
" အော်မှာပဲ ! ဘာဖြစ်လဲ! ကိုကိုက
ဘာမှန်နေတာရှိလို့လဲ !"
"ရှန်ခွန်းနောင်!"
"ကျွန်တော်ရှိနေတဲ့အချိန်မှာတောင်
တခြားမိန်းမနဲ့ အိမ်ရှေ့မှာ နမ်းပြီး
ကျွန်တော့်ကို တောင်းပန်ဖို့ မလိုဘူးလို့ ပြောတဲ့
ကိုကိုကရော ဘာမှန်နေလို့လဲ!"
စိုင်းအံ့သျှိုင်းယံက တောက်တစ်ချက်ခေါက်ကာ
ရှန်ခွန်းနောင်၏ ကိုယ်လေးကို
ပခုံးနှစ်ဖက်မှကိုင်၍ ခုတင်ပေါ်သို့
တွန်းပစ်လိုက်သည်။
အရုပ်ကလေးတစ်ရုပ်သဖွယ်
ပက်လက်လေးလန်ကာကျသွားသော
ရှန်ခွန်းနောင်၏ အပေါ်မှ လက်နှစ်ဖက်ထောက်၍
အုပ်မိုးလိုက်ကာ
" ဉာဏ်လင်းသွေးကို မင်းကြိုက်လား
ဘာလဲ ။ အခု ကိုယ်က စိတ်ပျက်ဖို့ကောင်းတယ်လို့
ထင်ပြီး ၊ အရင်တုန်းက
ကိုယ်မှကိုယ် မင်းဖြစ်ခဲ့သလိုမျိုး
သူ့ကို ပြောင်းကြိုက်လိုက်တာလား"
ရှန်ခွန်းနောင်က မျက်ရည်တွေစိုနေသော
မျက်ဝန်းလေးတွေဖြင့်သာ စိုင်းအံ့သျှိုင်းယံကို
ငေးကြည့်နေသည်။
စကားတစ်ခွန်းလေးမျှပင် ပြန်ပြောဖို့
မတတ်နိုင်...။
"ရှန်ခွန်းနောင် ငါမေးတာဖြေစမ်း"
"ကျွန်တော်ပေါ်ကဖယ်!"
"မင်းကိုငါမေးနေတယ် ဉာဏ်လင်းသွေးကို
ကြိုက်နေလားလို့"
ဒေါသကိုမထိန်းနိုင်တော့ဟန်ရှိသည့်
စိုင်းအံ့သျှိုင်းယံက မေးကြောတွေထောင်နေတဲ့
အထိ အံကို တင်းနေအောင်ကြိတ်ကာ
သူလက်ထောက်ထားတဲ့ မွေ့ယာကို
လက်သီးနှင့် ထိုးချပစ်လိုက်သည်။
မျက်နှာနားကပ်သီလေးဖြစ်သွားတာကြောင့်
ရှန်ခွန်းနောင် လန့်သွားကာ
မျက်လုံးတွေပင် ဖျတ်ခနဲမှိတ်ချမိသွားသည်။
မျက်ရည်တွေဟာ မျက်လုံးစွန်းမှ
တစ်ဆင့် မွေ့ယာဆီသို့ ပိုးပိုးပေါက်ပေါက်
ကျလာသည်။
ရှေ့ဆက်ပြီး ခံစားချက်တွေကို ထိန်းထားရန်
ခက်ခဲလာသည့်အခါ
အသံထွက်၍ ရှိုက်ကာငင်ကာ
အော်ငိုပစ်လိုက်၏။
"မကောင်းတဲ့ကောင်ကြီး
အီးဟီး!!ကိုကို က
တစ်စက်လေးမှ အကျင့်မကောင်းတဲ့ကောင်ကြီး!!!!
မုန်းတယ်! မုန်းတယ် !!!"
~~~~~~~~~~~~~~~~~~~~~~
ဟိုတယ် အခန်း
တံခါးခေါက်သံကြားမှ ရှန်ခွန်းနောင်
အိပ်ပျော်နေရာမှ နိုးလာခဲ့သည်။
အခန်းထဲကို ဝေ့ကြည့်လိုက်သည့်အခါ ကိုကိုမရှိ။
တစ်ယောက်တစ်ခွန်းရန်ဖြစ်နေရင်းမှ ရှန်ခွန်းနောင်
အော်ငိုပစ်လိုက်သည့်အခါ
ကျစ်ခနဲ စုတ်သပ် ကာသာ အခန်းထဲက
ထွက်သွားသည့် ကိုကိုက အခုထိ
ပြန်မလာတာဖြစ်မည်။
ရှန်ခွန်းနောင်လည်း ရေဆော့ခဲ့သည့်
အဝတ်တွေလဲပြီး၊လွှမ်းသုတတို့ လာခေါ်၍
ဟိုတယ်၏ dining room တွင်
နေ့လယ်စာစားပြီးတာနဲ့ အခန်းကိုပြန်လာခဲ့ပြီးသာ
အိပ်ပျော်သွားခဲ့တာဖြစ်၏။
နံရံက နာရီကို ကြည့်လိုက်သည့် အခါ
ညနေ ၅ နာရီ ပင်ရှိနေပေပြီ။
အကြာကြီး အိပ်ပျော်သွားတာပဲ..။
အခန်းတံခါးကို သွားဖွင့်လိုက်သည့်အခါ
အခန်းရှေ့တွင်ရပ်နေသည့်
နန်းရတီနဲ့ ထက်နှင်းဝေကို တွေ့လိုက်ရသည်။
" အိပ်လှချည်လား.."
နန်းရတီက ပြုံးစိစိနဲ့ ပြောကာအခန်းထဲသို့
ဝင်လာသည်။
" ညက ဘာလုပ်နေလို့ ငါတို့နဲ့တောင်
Uno လာမဆော့နိုင်အောင် ဒီလောက်
အိပ်နေတာပါလိမ့်"
ကိုကိုနဲ့ တစ်ခန်းတည်းနေရတာကို ရည်ရွယ်ပြီး
နန်းရတီက စနောက်လာခြင်းဖြစ်သည်။
ရှန်ခွန်းနောင်က မျက်ခုံးလေးတွေကို
တွန့်ကုပ်ပစ်လိုက်သည်။
" ငါတို့နှစ်ယောက်
နေ့လယ် ၂ နာရီလောက်က နင်နိုးပြီမှတ်လို့
လာခေါ်သေးတယ်။ ကိုသျှိုင်းက
ကလေးအိပ်နေသေးတယ်လို့ မျက်နှာတည်ကြီးနဲ့
ပြောလွှတ်လို့ ကုပ်ကုပ်လေး ပြန်လာခဲ့ရတယ်"
ဒါဆို ထွက်သွားပြီးမှ အခန်းကို ပြန်လာသေးသည်
ထင်၏။
ရှန်ခွန်းနောင်ခေါင်းကို ရမ်းပစ်လိုက်သည်။
အဲ့ဒီမုန်းစရာကောင်းတဲ့ လူအကြောင်း
တွေးကို မတွေးချင်!
" လုပ် အင်္ကျီလဲဦးမှာဆိုလဲ ။
ကမ်းခြေမှာ.. ခဏနေပြီးရင်
ညစျေးသွားကြမယ်တဲ့ စီနီယာတွေက ပြောတယ်"
ထက်နှင်းဝေပြောလိုက်သည့်အခါ ရှန်ခွန်းနောင်
ခေါင်းညိတ်၍ အင်္ကျီလဲဖို့ပြင်လိုက်ပါတော့သည်။
~~~~
ညနေခင်း နေအေးနေပြီဖြစ်၍ ကမ်းခြေတွင်
မနက်ပိုင်းကထက် ပို၍ စည်ကားနေသည်။
သူငယ်ချင်းတွေနဲ့အတူ ကမ်းစပ်မှာ
ရှန်ခွန်းနောင် လမ်းလျှောက်နေသည့်အခါ
ခပ်လှမ်းလှမ်းတွင် ကိုမင်းခန့်အောင်နဲ့အတူ ရပ်၍
သူ့ကို ကြည့်နေသည့် ကိုကို့ကို တွေ့လိုက်ရသည်။
ရှန်ခွန်းနောင် မျက်စောင်းထိုးကာ
အကြည့်လွှဲပစ်လိုက်၏။
ညစျေးသွားဖို့အချိန်လိုသေးသဖြင့်
ကျောင်းသားကျောင်းသူတွေက
ကမ်းခြေတလျှောက် လမ်းလျှောက်သည့်သူကလျှောက်၊ နှစ်ယောက်တွဲ စက်ဘီးစီးတဲ့သူကစီး၊
Quad စီးတဲ့သူကစီး နှင့်ပျော်ပျော်ရွှင်
ရှိနေကြသည်။
ခဏအကြာ ပင်လယ်ကြီးကို နောက်ခံထား၍
အုပ်စုဓာတ်ပုံ ရိုက်ကြသည်။
ရှန်ခွန်းနောင်က အုပ်စုဓာတ်ပုံရိုက်ပြီးသည်နှင့်
လူအနည်းငယ်ရှင်းသော ရေလှိုင်းရိုက်နေသည့်
ကမ်းစပ်သို့ပြေးကာ.. ဝတ်ထားသည့်
ဂျင်းဘောင်းဘီအိတ်ထဲကဖုန်းလေးထုတ်၍
ပင်လယ်ကြီးအားဓာတ်ပုံလှလှလေးရိုက်လိုက်သည်။
Myday တင်ရမည်လေ..။
နေဝန်းနီနီ..မိုးကုပ်စက်ဝိုင်းအဆုံး
တွင် မေးတင်ပါမှ ၊
ကမ်းခြေတစ်လျှောက်.. ပုစွန်ဆီရောင်..
ပက်ဖျန်းလာခဲ့ပါမှ..
Ngwe Saung Square Walking Street ကို
သွားမည့် အစီအစဉ်ကို သူတို့
စတင်လိုက်ကြတော့လေသည်။
မသွားခင်မှာ ရှန်ခွန်းနောင်
ကိုကို့ကို တစ်ချက်ရှာလိုက်မိသည်။
သူတို့ကို ကျောခိုင်းကာ
ဟိုတယ်ဆီသို့လျှောက်သွားသော ကိုကို့
ကျောပြင်ကျယ်ကို တွေ့လိုက်ရ၏။
~~~~~~~~~~~~~~~~~~
လမ်းတလျှောက်လုံး ကြိုးဖြင့်သွယ်တန်းထားပါသည့်
မီးလုံးဝါဝါတွေ၊ အစားအသောက်နဲ့
အမှတ်တရလက်ဆောင်ပစ္စည်းတွေရောင်းသည့်
သန့်ရှင်းလှပသပ်ရပ်သောဆိုင်ခန်းတွေရှိသည့်
Ngwe saung square walking street ကို
သူတို့ရောက်ခဲ့ကြသည်။
သစ်ပင်ငယ်တွေကြိုကြားကြိုကြားရှိနေသည့်
လမ်းလယ်တစ်လျှောက်လုံး စီတန်းထားရှိသော
သစ်သားစားပွဲလေးတွေနှင့်အတူ ၊
လမ်းအဆုံးတွင်
Unplugged music stage လည်းရှိသေးသည်။
တချို့က .. lighting ကောင်းလှသည့်
မီးဝါဝါတွေအောက်မှာ ဓာတ်ပုံရိုက်နေပေမဲ့
ရှန်ခွန်းနောင်တို့အဖွဲ့ကတော့ unplugged music stage
နဲ့အနီးဆုံး စားပွဲမှာ နေရာယူကာ
အရင်စားသောက်ကြဖို့ပြင်လိုက်တော့သည်။
" ခဏ ခဏ မစားနဲ့ဦး ဓာတ်ပုံရိုက်ဦးမယ်"
ထက်နှင်းဝေဆီမှ ထွက်လာသည့်အသံကြောင့်
နန်းရတီ၊လွှမ်းသုတနဲ့ရှန်ခွန်းနောင်တို့က
မုန့်ပန်းကန်ထဲ နှိုက်တော့မည့် တူလေးတွေကို
ပြန်ရုတ်လိုက်ရသည်။
"ဗိုက်ဆာပြီ မြန်မြန်ရိုက်"
လွှမ်းသုတဆီမှ စကားသံ။
စားသောက်ကြသည့်အခါ
ပုစွန်ကင်ပန်းကန်ထဲမှ ပုစွန်တွေကို အခွံခွါ၍
လွှမ်းသုတပန်းကန်ထဲကို ဂရုတစိုက်
ထည့်ပေးနေသည့် ဝေမှူးပိုင်၏ အပြုအမူကြောင့်ကျန်တဲ့သုံးယောက်မှာ မျက်နှာငယ်လေးတွေနဲ့
ဖြစ်သွားရသည်။
" ဪ.. ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး
မုန့်လေးပဲစားနေတောင်.. မျက်ရည်ဗုံးက မျက်ခွက်
တည့်တည့်လာမှန်တယ်"
နန်းရတီဆီမှ စကားသံ..။
လွှမ်းသုတက သဘောတကျရယ်၍
နန်းရတီကို လျှာထုတ်ပြောင်ပြကာ..
"ဘဝပေးကုသိုလ်ကံမို့ပါ ..
မနာလိုမဖြစ်နဲ့နော်..ဟီးဟီး"
ထက်နှင်းဝေကတော့.. ပုစွန်ကင်ကို
စိတ်နာစွာကြည့်လိုက်ပြီးမှ အားရပါးရ
အငြိုးနှင့် အခွံခွါနေသည်။
ထို့နောက် ရှန်ခွန်းနောင်ထဲကို တစ်ကောင်၊
နန်းရတီထဲကို တစ်ကောင်ထည့်ပေးလာ၏။
"နင်ခွါကျွေးတာမစားချင်ဘူး ။ချစ်သူလေး
ခွါကျွေးတာပဲစားချင်တာပေါ့"
" မစားနဲ့ဟာ"
ထက်နှင်းဝေက နန်းရတီ၏ ပန်းကန်ထဲက
ပုစွန်ကို ရှန်ခွန်းနောင်ပန်းကန်ထဲသို့
ထည့်ပေးလိုက်သည်။
ရှန်ခွန်းနောင်ကလည်း ခွိခနဲရယ်လိုက်ပြီးမှ
ချက်ချင်းပင် တူနဲ့ကောက်စားပစ်လိုက်၏။
"ရှန်ခွန်းနောင် နင်ညစ်ပတ်လှချည်လား ။
ပြန်ထုတ်ပါးစပ်ထဲကနေ ။ ငါ့ပုစွန်လို့..
ဘာလို့ ငါ့ကို အနိုင်ကျင့်နေကြတာလဲလို့
ရည်းစားမရှိတာ အပြစ်လား !!"
နန်းရတီ၏ စကားကြောင့်..
Unplugged music stage မှ သီချင်းသံနှင့်အတူ
သူတို့ဝိုင်းတွင် ရယ်သံများပျံ့လွင့်သွားတော့၏။
စားသောက်ပြီးသည့်နောက်
အမှတ်တရလက်ဆောင်ပစ္စည်းတွေရောင်းသည့်
ဘက်သို့ သူတို့လျှောက်လာခဲ့ကြသည်။
ခရုခွံနဲ့လုပ်ထားတဲ့အရုပ်လေးတွေ၊
လက်ကောက်လေးတွေ ၊ ဆွဲကြိုးလေးတွေက
ချစ်စဖွယ်။
သူတို့ငါးယောက်လုံး
ခရုခွံအဖြူလေးတွေနဲ့လုပ်ထားသော
ဖုန်းstand လေးတွေတစ်ယောက်တစ်ခုစီ
ဆင်တူ ဝယ်ခဲ့လိုက်သေး၏။
ထို့နောက် အချိန်အနည်းငယ်ထပ်နေပြီးသည့်အခါ
စီနီယာတွေက ပြန်ကြရန်ပြောလာသည့်အတွက်
သူတို့ပြန်လာခဲ့လိုက်တော့သည်။
ကျောခိုင်းထွက်ခဲ့ကြသည့်အခါ..
Unplugged music stage မှ သီချင်းသံသည်
အနောက်တွင် တဖြည်းဖြည်းဝေး၍ ကျန်ခဲ့သည်..။
'ကိုယ့်အတွက် မင်းလေးဟာ အနှိုင်းမဲ့...
အစားထိုးဖို့ ထပ်တူမရှိခဲ့.. မင်းနဲ့ လဲဖို့ရာမရှိခဲ့..
တစ်ယောက်တည်းချစ်နေမယ်......'
ရှန်ခွန်းနောင် သက်ပြင်းတစ်ချက်ရှိုက်မိသွားသည်။
ကိုကို့ကို သတိရတယ်......။
__________________________
ညစျေးကပြန်လာသည့်အခါ စီစဉ်ထားသည့်
အစီအစဉ်အတိုင်း တချို့က
ရေကူးကန်ဘေးတွင်
mini game လေးတွေကစားရန် သွားကြသည်။
ရှန်ခွန်းနောင်ကတော့
မနက်က ရေစိုအဝတ်နဲ့ ကြာကြာနေမိသွားတာရော၊
ညစျေးမှာလည်း အစားများသွားတာကြောင့်ရောလားမသိ နေ၍မကောင်းချင်တော့..။
ထို့ကြောင့် စီနီယာဖြစ်သည့်
ကိုဉာဏ်လင်းသွေးကို အခန်းပြန်နားတော့မည့်
အကြောင်းသွားပြောလိုက်သည်။
" ရတယ်။ သွားနား။
အစ်ကိုတို့လည်း ခဏပဲ
နေကြတော့မှာ ။ ဂရုစိုက်ဦးနော် အိပ်ပုပ်လေး
မနက်ဖြန် hiking လုပ်ကြဦးမှာမို့ မဖျားစေနဲ့"
ကိုဉာဏ်လင်းသွေးကကြည်ကြည်သာသာပင်
ပြောသည်။
ဟိုတယ်ခန်းသို့ပြန်လာနေရင်းမှပင်
ခေါင်းက တရိပ်ရိပ်မူးလာသည်။
အခန်းသော့ကို ဖွင့်ဝင်လိုက်သည့်အခါ
ဖုန်းပြောနေသည့်ကိုကို့ ကို တွေ့လိုက်ရသည်။
တခြား အတူနေသည့်လူတွေလို အခန်းထဲက
ထွက်ချိန်၊ဝင်ချိန်မတူတာကြောင့် reception မှ
သော့အပိုတောင်းထားပုံရသည်။
"ဟုတ်ကဲ့ ဒါဆိုဒါပဲနော် ဖေဖေ"
ကြားလိုက်ရသည့်စကားကြောင့်
ဖုန်းကိုအားသွင်းနေရာမှ အနည်းငယ်
စိတ်ကျေနပ်သလိုရှိသွားသည်။
"နေ့လယ်က..."
ကိုကို့ဆီမှ စကားသံ..။
ရှန်ခွန်းနောင် ငြိမ်နေလိုက်သည်။
" ကိုယ်လွန်သွားတဲ့အတွက်
မင်းကိုတောင်းပန်တယ်.."
ကိုကိုက ဘာမှထပ်မပြောလာခဲ့တော့..။
ရှန်ခွန်းနောင်လည်း ဘာမှပြန်မပြောတော့ဘဲ..
ကိုကို့ကိုကျောပေး၍သာ
အိပ်စက်လိုက်တော့သည်။
____________________
ညသန်းခေါင်ရောက်သည့်အခါ
ရှန်ခွန်းနောင်နိုးလာခဲ့သည်။
နိုးနိုးချင်းခံစားလိုက်ရတာက အဆမတန်
ထိုးကိုက်နေသော ခေါင်းနဲ့၊
ရင်ခေါင်းမှဆို့တက်နေသည့် မသက်မသာဖြင့်
အစာမကြေနေသလို ဝေဒနာ..။
ခန္ဓာကိုယ်အတွင်းထဲက စိမ့်အေးနေပေမဲ့ ...
အပြင်ဘက်က မီးဟပ်သကဲ့သို့ပူနေခဲ့သည်။
ကိုကိုရှိရာလှည့်ကြည့်လိုက်သည့်အခါ
ရှန်ခွန်းနောင်ကို ကျောပေးကာ အိပ်စက်နေပေပြီ။
အခန်းသည်လည်း ညအိပ်မီးပင်
ပြောင်းဖွင့်ပြီးနေပေပြီ။
အစာမကြေသည့်ဝေဒနာက ပိုဆိုးလာသည့်အခါ
ရှန်ခွန်းနောင် အိပ်ရာပေါ်မှ ယိုင်တိုင်တိုင်ထကာ
အိမ်သာထဲသို့ ပြေးဝင်လာခဲ့သည်။
လည်ပင်းထဲတွင် တစ်ဆို့ဆို့ဖြစ်ကာ ခန္ဓာကိုယ်
တစ်ခုလုံး နုံးခွေနေပေမဲ့ ..
ပြန်အန်ထုတ်လို့မရ။
ချောင်းတွေသာဆက်တိုက်ဆိုးလာတာပဲရှိသည်။
" ရှန်ခွန်းနောင်.."
အပြင်မှနေ၍ခေါ်လိုက်သည့်ကိုကို့အသံ။
ရှန်ခွန်းနောင် ရေပိုက်ဖွင့်ကာ ဘေစင်ကို
ဆေးချလိုက်ပြီးမှ ထွက်ခဲ့လိုက်သည်။
"နေမကောင်းဘူးလား.."
ကိုကိုက ရှန်ခွန်းနောင်ကို ကြည့်ကာမေးလာခဲ့သည်။
နဖူးကိုလည်း .. လက်နဲ့ ဖွဖွထိကာ စမ်းလာခဲ့၏။
"ကိုယ်တွေအရမ်းပူနေတယ်"
ရှန်ခွန်းနောင် ကိုကို့လက်ကို
ဆွဲဖယ်ကာ အိပ်ရာဆီသို့သာ
လျှောက်လာလိုက်သည်။
ကျိန်းစပ်နေသည့် မျက်လုံးတွေကို
မှိတ်ချလိုက်မိသည်။
ထိုအခိုက်တွင် အခန်းတံခါးဖွင့်ထွက်သွားသည့်
အသံကို ကြားလိုက်ရသည်။
တော်တော်ကြာသည်ထိ ကိုကိုက ပြန်မလာခဲ့..။
အိမ်နဲ့အဝေး၊ ဖျားနာလျှင် သူ့အလုပ်ပင်မသွားဘဲ
အရမ်းဂရုစိုက်တတ်တဲ့
မေမေနဲ့အဝေးမှာ ဖျားနေတဲ့
အတွက်ရော တိတ်ဆိတ်နေသည့် ဟိုတယ်ခန်းထဲမှာ
တစ်ယောက်တည်း ကျန်နေခဲ့တဲ့အတွက်ရော..
ရှန်ခွန်းနောင် ငိုချင်စိတ်ကြီးစိုးလာခဲ့သည်။
ဒီကနေပြန်ချင်နေပြီ...။
ပြန်အိပ်ပျော်စအချိန်တွင် ..
ရှန်ခွန်းနောင်ကို ခေါ်လိုက်သည့် ကိုကို့အသံကို
ကြားလိုက်ရသည်။
မျက်လုံးတွေကို ကြိုးစား၍ ဖွင့်ကြည့်လိုက်မိသည်။
" ဆေးသောက်လိုက်ဦးနော်.."
ကိုကိုက ရှန်ခွန်းနောင်ရဲ့ ကိုယ်လေးကို ဆွဲထူကာ
ထစေလိုက်ပြီးမှဆေးသေတ္တာထဲမှ
ဆေးနဲ့ ရေခွက်ကို ကမ်းပေးလာခဲ့သည်။
ထို့နောက် ဆေးသေတ္တာထဲမှ
လိမ်းဆေးဗူးကိုထုတ်ပြီး
ခုတင်အောက်တွင်ဒူးတစ်ဖက်ထောက်၍
ထိုင်ချကာ.. ရှန်ခွန်းနောင်ရဲ့ ခြေထောက်ကို
ဖွဖွဆွဲယူလိုက်သည်။
"ကိုကို.."
" အစာမကြေနေတာမဟုတ်လား..။
ခြေထောက် အေးနေလို့ဖြစ်တာ.. ။
ကိုယ်ဆေးလိမ်းပေးမယ် ငြိမ်ငြိမ်နေ.."
ကိုကို့လက်ဖဝါးနွေးနွေးသည် ရှန်ခွန်းနောင်၏
ခြေသလုံးနဲ့ ခြေဖမိုးတွေပါမကျန် ဖွဖွ ဆုပ်နယ်၍
ဆေးလိမ်းပေးနေသည်။
မျက်လွှာစင်းချထားတဲ့ ကိုကို့ရဲ့
မျက်တောင်စိပ်စိပ်လေးတွေ..ကိုငေးကြည့်ရင်း
အဆမတန်ဝမ်းနည်းလာခဲ့ရသည်။
မျက်ရည်ပူများ ပါးပြင်သို့ကျဆင်းလာချိန်တွင်
ရှိုက်သံတစ်ချက်ထွက်သွားခဲ့၏။
ကိုကိုက မော့ကြည့်လာခဲ့သည်။
ရှန်ခွန်းနောင် ကိုကို့ကို မျက်ရည်များဖြင့်
ငေးစိုက်ကြည့်လိုက်ပြီးမှ ကိုကို့လည်တိုင်ကို တွယ်ဖက်၍ ကိုကို့ ပခုံးပေါ်တွင်
မျက်နှာအပ်လိုက်မိပါတော့သည်..။
ရှန်ခွန်းနောင်ရဲ့
မျက်ဝန်းမှကျသောမျက်ရည်တွေဟာ
ကိုကို့ပုခုံးသို့တိုင်အောင် စိုစွတ်သွားခဲ့သည်။
"မငိုနဲ့ကွာ......"
ကိုကို့လေသံက တိုးဖျော့ဖျော့..။။
ဝမ်းနည်းစိတ်က လှိုက်ခနဲဖြစ်တည်သည်။
" ကိုကို့ကို.....လွမ်းတယ်..."
မျက်စိရှေ့မှာမြင်နေရတာတောင်မှ..
ခဏတာဝေးကွာသွားခဲ့တဲ့ စိတ်တွေအတွက်
ကိုကို့ကိုလွမ်းတယ်...။
"ကိုယ်လည်းအတူတူပါပဲ..."
" ဘာလို့.. ကျွန်တော့်ကို .. ပစ်ထားတာလဲ.."
"ချစ်တယ်ပြောပြီး.. ကိုယ့်ဆီက
ထွက်ပြေးချင်ခဲ့တာ မင်းပါ...."
ရှန်ခွန်းနောင် ကိုကို့မျက်ဝန်းတွေကို
ငေးကြည့်လိုက်မိသည်။
ထို့နောက် ကိုကို့ရဲ့မျက်နှာအနှံ့ကို
ဖွဖွနမ်းလိုက်မိ၏။
ကိုကို့မျက်ဝန်းနက်နက်ထဲတွင် မျက်ရည်ကြည်များ
ဖွဲ့သီလာခဲ့သည်။
"မင်းမရှိရင်.. ကိုယ်အရူးလိုပဲကွာ...တကယ်..
ကိုယ်မနေနိုင်ဘူး..."
~~~~
ဆေးသောက်ထားတာကြောင့်
နေရထိုင်ရတာအနည်းငယ်
သက်သာသလိုရှိနေသည်။
ကိုကိုနဲ့နှစ်ယောက်အတူခြုံထားတဲ့စောင်ထက်..
ရှန်ခွန်းနောင်တစ်ကိုယ်လုံးကို ထွေးပွေ့ကာ
ဖွဖွဖက်ပေးထားသည့်ကိုကို့ရင်ခွင်က
ပို၍နွေးထွေးသည်။
ရှန်ခွန်းနောင်ရဲ့ နဖူးကို နမ်းရှိုက်ရင်း
ဖွဖွပြောနေသည့် ကိုကို့စကားတွေကလည်း..
ရင်ခုန်သံနွေးနွေးကိုဖန်ဆင်းပေးနေသည်..။
"မင်းအတွေးလွန်တတ်တာ ကိုယ်သိတယ်..။
မင်းခံစားလွယ်တာကိုလည်း ကိုယ်နားလည်တယ်။
မင်းလည်း ကိုယ်မရှိရင် မနေနိုင်သလိုပဲ။
ကိုယ်လည်း မင်းကလွဲပြီး
ဘယ်သူ့ကိုမှမလိုချင်ပါဘူး"
"ကျွန်တော်က ကိုကို့ကို အရမ်းပိုပိုပြီး
ပိုင်ဆိုင်ချင်လာသလို ခံစားရတယ်"
ကိုကို့ကို ပိုင်နေပေမဲ့လည်း...
တစ်ခါတလေကျ.. ဒီထက်.. ပိုပိုပြီး
လောဘတက်၊ ရောင့်တက်လာမိတာ။
ကိုကို ကျွန်တော့်နားကထွက်သွားရင် ကျွန်တော်
ရူးမှာပဲ..။
အဲ့ဒီလိုတွေတွေးလာမိတဲ့အခါ
ကျွန်တော်က ကိုကို့ကို ဘာနဲ့မှ
ဆွဲဆောင်မထားနိုင်မှာကြောက်တယ်.."
"ဘာနဲ့မှ ဆွဲဆောင်ထားစရာမလိုပါဘူး..။
ချစ်နေရတာ မင်းဘက်ကပဲမဟုတ်တဲ့အတွက်
မင်းကိုယ့်ကိုယ်ကိုယ်သိမ်ငယ်နေစရာ
မလိုပါဘူး။
ကိုယ်က မင်းကို အကြောင်းပြချက်တစ်ခုခုပေါ်ကို
မူတည်ရွေးချယ်ပြီး ချစ်ခဲ့တာမှမဟုတ်တာ..။
ကိုယ့်စိတ်ထဲမှာ မင်းကို .. ကိုယ်ချစ်မြတ်နိုးကြင်နာ
ချင်တဲ့ ယောကျာ်းလေး တစ်ယောက်ဆိုတဲ့
ခေါင်းစဉ်ကလွဲလို့.. ဘယ်လိုမျိုး ပညတ်ချက်မျိုးနဲ့မှ မသတ်မှတ်ထားဘူး။
မင်းနဲ့ပတ်သက်တဲ့တစ်ခုတည်းသော ဆန္ဒက
ကိုယ့်ကို ချစ်တဲ့မင်းအနားမှာ
ကိုယ်အမြဲရှိချင်တယ်..။ဒီတစ်ခုပဲ.."
" ကိုကို့ကို ကျွန်တော် ချစ်တယ်.. အရမ်းပဲ..
အရမ်းချစ်တယ်။ ရူးမတတ် ချစ်တယ်..."
မင်းကို ကိုယ်စိတ်ပျက်သွားပြီလို့ယူဆရင်းနဲ့
မင်းဆီကိုပဲ ကိုယ့်ခြေလှမ်းတွေ
ပြန်ဦးတည်မိပြန်တယ်။
ကိုယ့်ကို ယုံစေချင်တယ်.. ။ မင်းကလွဲပြီး..
ကိုယ်ဘယ်သူ့ကိုများ ချစ်နိုင်ဦးမှာတဲ့လဲ...။
_____________________
ဆက်ရန်။
ZAWGYI
ဟိုတယ္ အဝင္ဝမွေန၍ အိပ္ခန္းအထိ
ေရာက္ေအာင္ လမ္းတေလၽွာက္လုံး
စိုင္းအံ့သၽွိုင္းယံဆုပ္ကိုင္ဆြဲေခၚ
လာသည့္ ရွန္ခြန္းေနာင္၏
လက္ေကာက္ဝတ္ေလးသည္ နီရဲေနၿပီျဖစ္သည္။
"ကၽြန္ေတာ္နာေနၿပီလို႔!!"
အခန္းထဲေရာက္ပါမွ
လႊတ္ပစ္လိုက္သျဖင့္
လြတ္လပ္သြားသည့္ နီျမန္း
ေနေသာ လက္ေကာက္ဝတ္ေလးကို
ရွန္ခြန္းေနာင္ဖြဖြဆုပ္ကိုင္လိုက္ၿပီးမွ
မ်က္ရည္ၾကည္ေလးေတြေဝ့ေနသည့္
မ်က္လုံးဝိုင္းေလးမ်ားျဖင့္ စိုင္းအံ့သၽွိုင္းယံကို
ၾကည့္လိုက္သည္။
မ်က္ခုံးအစုံတို႔ ထိစပ္မတတ္ တြန့္ခ်ိဳး၍ အံကို
တင္းတင္းႀကိတ္ထားသည့္စိုင္းအံ့သၽွိုင္းယံသည္
သူျမင္လိုက္ရေသာ ျမင္ကြင္းတစ္ခုေၾကာင့္
ရင္ထဲတြင္ ေဒါသမ်ားျဖင့္ဗေလာင္ဆူေနသည္။
မႏၲေလးမွ လာခဲ့သည့္ခရီးတစ္ေလၽွာက္
စီနီယာျဖစ္သည့္
ဉာဏ္လင္းေသြးရဲ့ ပုခုံးမွာ မွီအိပ္ခဲ့႐ုံသာမက ၊
အခုထိပါ ထိလားပုတ္လားနဲ႔ ျပဳံးေပ်ာ္ေနသည့္
အျပဳအမူကို သူထပ္သည္းမခံနိုင္ေတာ့။
ၿပီးေတာ့ သူမဟုတ္သည့္ လူတစ္ေယာက္ေရွ႕မွာ
ေနခဲ့တာက ေပါင္ရင္းထိပါ ေပၚေတာ့မတတ္
တိုေနတဲ့ အဝတ္အစားနဲ႔။
"မင္းကဘာအခ်ိဳးလဲ ။
ဒီလိုနည္းနဲ႔
မင္းေျပာတဲ့ ကိုယ့္ကိုခ်စ္တယ္ဆိုတဲ့စကားကို
သက္ေသျပလိုက္တာလား ရွန္ခြန္းေနာင္"
"ကၽြန္ေတာ္ဘာလုပ္ေနလို႔လဲ"
"အဲ့ဒီေမးခြန္းကို ကိုယ့္ကို ျပန္မေမးနဲ႔။
မင္းလုပ္ရပ္ေတြမင္းျပန္ၾကည့္။
ကိုယ္နဲ႔ ျပႆနာတက္လိုက္တာနဲ႔
တျခားတစ္ေယာက္နဲ႔ေရာေရာေႏွာေႏွာ
ေနပစ္လိုက္တာမ်ိဳး ကိုယ္မႀကိဳက္ဘူး။
မင္းဝတ္ထားတဲ့ ဒီပုံစံကေရာ
အဲ့ဒီတစ္ေယာက္နဲ႔ ဒီလို ေတြ႕ရမွာမို႔ ျမဴဆြယ္ဖို႔
ဒီလို ဝတ္သြားတာလား။
ရွန္ခြန္းေနာင္
မင္းမွာသာ ဒီလို အက်င့္ရွိရင္..
ကိုယ္အစကတည္းက သိခဲ့ရင္
မင္းကို ပတ္သက္ခဲ့မွာ မဟုတ္ဘူး"
"မပတ္သက္နဲ႔ေပါ့ မပတ္သက္နဲ႔ေလ !
အခုလည္း ဘယ္သူက ပတ္သက္ေနလို႔လဲ !
ဘာလို႔ လာဂ႐ုစိုက္ေနတာလဲ ။ ကၽြန္ေတာ့္ဘာသာ ဘယ္သူနဲ႔ ဘယ္လို ေနေန ၊ ဘယ္လို ဝတ္ဝတ္
ဘာလို႔ စိတ္ထဲ ထည့္ေနတာလဲ!!"
ရွန္ခြန္းေနာင္က နာက်င္
တုန္ခိုက္ေနသည့္အသံျဖင့္ေအာ္ပစ္လိုက္သည္။
"မင္းကိုယ့္ကို အဲ့ဒီေလသံနဲ႔ လာမေအာ္နဲ႔"
" ေအာ္မွာပဲ ! ဘာျဖစ္လဲ! ကိုကိုက
ဘာမွန္ေနတာရွိလို႔လဲ !"
"ရွန္ခြန္းေနာင္!"
"ကၽြန္ေတာ္ရွိေနတဲ့အခ်ိန္မွာေတာင္
တျခားမိန္းမနဲ႔ အိမ္ေရွ႕မွာ နမ္းၿပီး
ကၽြန္ေတာ့္ကို ေတာင္းပန္ဖို႔ မလိုဘူးလို႔ ေျပာတဲ့
ကိုကိုကေရာ ဘာမွန္ေနလို႔လဲ!"
စိုင္းအံ့သၽွိုင္းယံက ေတာက္တစ္ခ်က္ေခါက္ကာ
ရွန္ခြန္းေနာင္၏ ကိုယ္ေလးကို
ပခုံးႏွစ္ဖက္မွကိုင္၍ ခုတင္ေပၚသို႔
တြန္းပစ္လိုက္သည္။
အ႐ုပ္ကေလးတစ္႐ုပ္သဖြယ္
ပက္လက္ေလးလန္ကာက်သြားေသာ
ရွန္ခြန္းေနာင္၏ အေပၚမွ လက္ႏွစ္ဖက္ေထာက္၍
အုပ္မိုးလိုက္ကာ
" ဉာဏ္လင္းေသြးကို မင္းႀကိဳက္လား
ဘာလဲ ။ အခု ကိုယ္က စိတ္ပ်က္ဖို႔ေကာင္းတယ္လို႔
ထင္ၿပီး ၊ အရင္တုန္းက
ကိုယ္မွကိုယ္ မင္းျဖစ္ခဲ့သလိုမ်ိဳး
သူ႔ကို ေျပာင္းႀကိဳက္လိုက္တာလား"
ရွန္ခြန္းေနာင္က မ်က္ရည္ေတြစိုေနေသာ
မ်က္ဝန္းေလးေတြျဖင့္သာ စိုင္းအံ့သၽွိုင္းယံကို
ေငးၾကည့္ေနသည္။
စကားတစ္ခြန္းေလးမၽွပင္ ျပန္ေျပာဖို႔
မတတ္နိုင္...။
"ရွန္ခြန္းေနာင္ ငါေမးတာေျဖစမ္း"
"ကၽြန္ေတာ္ေပၚကဖယ္!"
"မင္းကိုငါေမးေနတယ္ ဉာဏ္လင္းေသြးကို
ႀကိဳက္ေနလားလို႔"
ေဒါသကိုမထိန္းနိုင္ေတာ့ဟန္ရွိသည့္
စိုင္းအံ့သၽွိုင္းယံက ေမးေၾကာေတြေထာင္ေနတဲ့
အထိ အံကို တင္းေနေအာင္ႀကိတ္ကာ
သူလက္ေထာက္ထားတဲ့ ေမြ႕ယာကို
လက္သီးႏွင့္ ထိုးခ်ပစ္လိုက္သည္။
မ်က္ႏွာနားကပ္သီေလးျဖစ္သြားတာေၾကာင့္
ရွန္ခြန္းေနာင္ လန့္သြားကာ
မ်က္လုံးေတြပင္ ဖ်တ္ခနဲမွိတ္ခ်မိသြားသည္။
မ်က္ရည္ေတြဟာ မ်က္လုံးစြန္းမွ
တစ္ဆင့္ ေမြ႕ယာဆီသို႔ ပိုးပိုးေပါက္ေပါက္
က်လာသည္။
ေရွ႕ဆက္ၿပီး ခံစားခ်က္ေတြကို ထိန္းထားရန္
ခက္ခဲလာသည့္အခါ
အသံထြက္၍ ရွိုက္ကာငင္ကာ
ေအာ္ငိုပစ္လိုက္၏။
"မေကာင္းတဲ့ေကာင္ႀကီး
အီးဟီး!!ကိုကို က
တစ္စက္ေလးမွ အက်င့္မေကာင္းတဲ့ေကာင္ႀကီး!!!!
မုန္းတယ္! မုန္းတယ္ !!!"
~~~~~~~~~~~~~~~~~~~~~~
ဟိုတယ္ အခန္း
တံခါးေခါက္သံၾကားမွ ရွန္ခြန္းေနာင္
အိပ္ေပ်ာ္ေနရာမွ နိုးလာခဲ့သည္။
အခန္းထဲကို ေဝ့ၾကည့္လိုက္သည့္အခါ ကိုကိုမရွိ။
တစ္ေယာက္တစ္ခြန္းရန္ျဖစ္ေနရင္းမွ ရွန္ခြန္းေနာင္
ေအာ္ငိုပစ္လိုက္သည့္အခါ
က်စ္ခနဲ စုတ္သပ္ ကာသာ အခန္းထဲက
ထြက္သြားသည့္ ကိုကိုက အခုထိ
ျပန္မလာတာျဖစ္မည္။
ရွန္ခြန္းေနာင္လည္း ေရေဆာ့ခဲ့သည့္
အဝတ္ေတြလဲၿပီး၊လႊမ္းသုတတို႔ လာေခၚ၍
ဟိုတယ္၏ dining room တြင္
ေန႔လယ္စာစားၿပီးတာနဲ႔ အခန္းကိုျပန္လာခဲ့ၿပီးသာ
အိပ္ေပ်ာ္သြားခဲ့တာျဖစ္၏။
နံရံက နာရီကို ၾကည့္လိုက္သည့္ အခါ
ညေန ၅ နာရီ ပင္ရွိေနေပၿပီ။
အၾကာႀကီး အိပ္ေပ်ာ္သြားတာပဲ..။
အခန္းတံခါးကို သြားဖြင့္လိုက္သည့္အခါ
အခန္းေရွ႕တြင္ရပ္ေနသည့္
နန္းရတီနဲ႔ ထက္ႏွင္းေဝကို ေတြ႕လိုက္ရသည္။
" အိပ္လွခ်ည္လား.."
နန္းရတီက ျပဳံးစိစိနဲ႔ ေျပာကာအခန္းထဲသို႔
ဝင္လာသည္။
" ညက ဘာလုပ္ေနလို႔ ငါတို႔နဲ႔ေတာင္
Uno လာမေဆာ့နိုင္ေအာင္ ဒီေလာက္
အိပ္ေနတာပါလိမ့္"
ကိုကိုနဲ႔ တစ္ခန္းတည္းေနရတာကို ရည္ရြယ္ၿပီး
နန္းရတီက စေနာက္လာျခင္းျဖစ္သည္။
ရွန္ခြန္းေနာင္က မ်က္ခုံးေလးေတြကို
တြန့္ကုပ္ပစ္လိုက္သည္။
" ငါတို႔ႏွစ္ေယာက္
ေန႔လယ္ ၂ နာရီေလာက္က နင္နိုးၿပီမွတ္လို႔
လာေခၚေသးတယ္။ ကိုသၽွိုင္းက
ကေလးအိပ္ေနေသးတယ္လို႔ မ်က္ႏွာတည္ႀကီးနဲ႔
ေျပာလႊတ္လို႔ ကုပ္ကုပ္ေလး ျပန္လာခဲ့ရတယ္"
ဒါဆို ထြက္သြားၿပီးမွ အခန္းကို ျပန္လာေသးသည္
ထင္၏။
ရွန္ခြန္းေနာင္ေခါင္းကို ရမ္းပစ္လိုက္သည္။
အဲ့ဒီမုန္းစရာေကာင္းတဲ့ လူအေၾကာင္း
ေတြးကို မေတြးခ်င္!
" လုပ္ အကၤ်ီလဲဦးမွာဆိုလဲ ။
ကမ္းေျခမွာ.. ခဏေနၿပီးရင္
ညေစ်းသြားၾကမယ္တဲ့ စီနီယာေတြက ေျပာတယ္"
ထက္ႏွင္းေဝေျပာလိုက္သည့္အခါ ရွန္ခြန္းေနာင္
ေခါင္းညိတ္၍ အကၤ်ီလဲဖို႔ျပင္လိုက္ပါေတာ့သည္။
~~~~
ညေနခင္း ေနေအးေနၿပီျဖစ္၍ ကမ္းေျခတြင္
မနက္ပိုင္းကထက္ ပို၍ စည္ကားေနသည္။
သူငယ္ခ်င္းေတြနဲ႔အတူ ကမ္းစပ္မွာ
ရွန္ခြန္းေနာင္ လမ္းေလၽွာက္ေနသည့္အခါ
ခပ္လွမ္းလွမ္းတြင္ ကိုမင္းခန့္ေအာင္နဲ႔အတူ ရပ္၍
သူ႔ကို ၾကည့္ေနသည့္ ကိုကို႔ကို ေတြ႕လိုက္ရသည္။
ရွန္ခြန္းေနာင္ မ်က္ေစာင္းထိုးကာ
အၾကည့္လႊဲပစ္လိုက္၏။
ညေစ်းသြားဖို႔အခ်ိန္လိုေသးသျဖင့္
ေက်ာင္းသားေက်ာင္းသူေတြက
ကမ္းေျခတေလၽွာက္ လမ္းေလၽွာက္သည့္သူကေလၽွာက္၊ ႏွစ္ေယာက္တြဲ စက္ဘီးစီးတဲ့သူကစီး၊
Quad စီးတဲ့သူကစီး ႏွင့္ေပ်ာ္ေပ်ာ္ရႊင္
ရွိေနၾကသည္။
ခဏအၾကာ ပင္လယ္ႀကီးကို ေနာက္ခံထား၍
အုပ္စုဓာတ္ပုံ ရိုက္ၾကသည္။
ရွန္ခြန္းေနာင္က အုပ္စုဓာတ္ပုံရိုက္ၿပီးသည္ႏွင့္
လူအနည္းငယ္ရွင္းေသာ ေရလွိုင္းရိုက္ေနသည့္
ကမ္းစပ္သို႔ေျပးကာ.. ဝတ္ထားသည့္
ဂ်င္းေဘာင္းဘီအိတ္ထဲကဖုန္းေလးထုတ္၍
ပင္လယ္ႀကီးအားဓာတ္ပုံလွလွေလးရိုက္လိုက္သည္။
Myday တင္ရမည္ေလ..။
ေနဝန္းနီနီ..မိုးကုပ္စက္ဝိုင္းအဆုံး
တြင္ ေမးတင္ပါမွ ၊
ကမ္းေျခတစ္ေလၽွာက္.. ပုစြန္ဆီေရာင္..
ပက္ဖ်န္းလာခဲ့ပါမွ..
Ngwe Saung Square Walking Street ကို
သြားမည့္ အစီအစဥ္ကို သူတို႔
စတင္လိုက္ၾကေတာ့ေလသည္။
မသြားခင္မွာ ရွန္ခြန္းေနာင္
ကိုကို႔ကို တစ္ခ်က္ရွာလိုက္မိသည္။
သူတို႔ကို ေက်ာခိုင္းကာ
ဟိုတယ္ဆီသို႔ေလၽွာက္သြားေသာ ကိုကို႔
ေက်ာျပင္က်ယ္ကို ေတြ႕လိုက္ရ၏။
~~~~~~~~~~~~~~~~~~
လမ္းတေလၽွာက္လုံး ႀကိဳးျဖင့္သြယ္တန္းထားပါသည့္
မီးလုံးဝါဝါေတြ၊ အစားအေသာက္နဲ႔
အမွတ္တရလက္ေဆာင္ပစၥည္းေတြေရာင္းသည့္
သန့္ရွင္းလွပသပ္ရပ္ေသာဆိုင္ခန္းေတြရွိသည့္
Ngwe saung square walking street ကို
သူတို႔ေရာက္ခဲ့ၾကသည္။
သစ္ပင္ငယ္ေတြႀကိဳၾကားႀကိဳၾကားရွိေနသည့္
လမ္းလယ္တစ္ေလၽွာက္လုံး စီတန္းထားရွိသော
သစ္သားစားပြဲေလးေတြႏွင့္အတူ ၊
လမ္းအဆုံးတြင္
Unplugged music stage လည္းရွိေသးသည္။
တခ်ိဳ႕က .. lighting ေကာင္းလွသည့္
မီးဝါဝါေတြေအာက္မွာ ဓာတ္ပုံရိုက္ေနေပမဲ့
ရွန္ခြန္းေနာင္တို႔အဖြဲ႕ကေတာ့ unplugged music stage
နဲ႔အနီးဆုံး စားပြဲမွာ ေနရာယူကာ
အရင္စားေသာက္ၾကဖို႔ျပင္လိုက္ေတာ့သည္။
" ခဏ ခဏ မစားနဲ႔ဦး ဓာတ္ပုံရိုက္ဦးမယ္"
ထက္ႏွင္းေဝဆီမွ ထြက္လာသည့္အသံေၾကာင့္
နန္းရတီ၊လႊမ္းသုတနဲ႔ရွန္ခြန္းေနာင္တို႔က
မုန့္ပန္းကန္ထဲ ႏွိုက္ေတာ့မည့္ တူေလးေတြကို
ျပန္႐ုတ္လိုက္ရသည္။
"ဗိုက္ဆာၿပီ ျမန္ျမန္ရိုက္"
လႊမ္းသုတဆီမွ စကားသံ။
စားေသာက္ၾကသည့္အခါ
ပုစြန္ကင္ပန္းကန္ထဲမွ ပုစြန္ေတြကို အခြံခြါ၍
လႊမ္းသုတပန္းကန္ထဲကို ဂ႐ုတစိုက္
ထည့္ေပးေနသည့္ ေဝမွူးပိုင္၏ အျပဳအမူေၾကာင့္က်န္တဲ့သုံးေယာက္မွာ မ်က္ႏွာငယ္ေလးေတြနဲ႔
ျဖစ္သြားရသည္။
" ဪ.. ကိုယ့္ဟာကိုယ္ ေအးေအးေဆးေဆး
မုန့္ေလးပဲစားေနေတာင္.. မ်က္ရည္ဗုံးက မ်က္ခြက္
တည့္တည့္လာမွန္တယ္"
နန္းရတီဆီမွ စကားသံ..။
လႊမ္းသုတက သေဘာတက်ရယ္၍
နန္းရတီကို လၽွာထုတ္ေျပာင္ျပကာ..
"ဘဝေပးကုသိုလ္ကံမို႔ပါ ..
မနာလိုမျဖစ္နဲ႔ေနာ္..ဟီးဟီး"
ထက္ႏွင္းေဝကေတာ့.. ပုစြန္ကင္ကို
စိတ္နာစြာၾကည့္လိုက္ၿပီးမွ အားရပါးရ
အၿငိဳးႏွင့္ အခြံခြါေနသည္။
ထို႔ေနာက္ ရွန္ခြန္းေနာင္ထဲကို တစ္ေကာင္၊
နန္းရတီထဲကို တစ္ေကာင္ထည့္ေပးလာ၏။
"နင္ခြါေကၽြးတာမစားခ်င္ဘူး ။ခ်စ္သူေလး
ခြါေကၽြးတာပဲစားခ်င္တာေပါ့"
" မစားနဲ႔ဟာ"
ထက္ႏွင္းေဝက နန္းရတီ၏ ပန္းကန္ထဲက
ပုစြန္ကို ရွန္ခြန္းေနာင္ပန္းကန္ထဲသို႔
ထည့္ေပးလိုက္သည္။
ရွန္ခြန္းေနာင္ကလည္း ခြိခနဲရယ္လိုက္ၿပီးမွ
ခ်က္ခ်င္းပင္ တူနဲ႔ေကာက္စားပစ္လိုက္၏။
"ရွန္ခြန္းေနာင္ နင္ညစ္ပတ္လွခ်ည္လား ။
ျပန္ထုတ္ပါးစပ္ထဲကေန ။ ငါ့ပုစြန္လို႔..
ဘာလို႔ ငါ့ကို အနိုင္က်င့္ေနၾကတာလဲလို႔
ရည္းစားမရွိတာ အျပစ္လား !!"
နန္းရတီ၏ စကားေၾကာင့္..
Unplugged music stage မွ သီခ်င္းသံႏွင့္အတူ
သူတို႔ဝိုင္းတြင္ ရယ္သံမ်ားပ်ံ႕လြင့္သြားေတာ့၏။
စားေသာက္ၿပီးသည့္ေနာက္
အမွတ္တရလက္ေဆာင္ပစၥည္းေတြေရာင္းသည့္
ဘက္သို႔ သူတို႔ေလၽွာက္လာခဲ့ၾကသည္။
ခ႐ုခြံနဲ႔လုပ္ထားတဲ့အ႐ုပ္ေလးေတြ၊
လက္ေကာက္ေလးေတြ ၊ ဆြဲႀကိဳးေလးေတြက
ခ်စ္စဖြယ္။
သူတို႔ငါးေယာက္လုံး
ခ႐ုခြံအျဖဴေလးေတြနဲ႔လုပ္ထားေသာ
ဖုန္းstand ေလးေတြတစ္ေယာက္တစ္ခုစီ
ဆင္တူ ဝယ္ခဲ့လိုက္ေသး၏။
ထို႔ေနာက္ အခ်ိန္အနည္းငယ္ထပ္ေနၿပီးသည့္အခါ
စီနီယာေတြက ျပန္ၾကရန္ေျပာလာသည့္အတြက္
သူတို႔ျပန္လာခဲ့လိုက္ေတာ့သည္။
ေက်ာခိုင္းထြက္ခဲ့ၾကသည့္အခါ..
Unplugged music stage မွ သီခ်င္းသံသည္
အေနာက္တြင္ တျဖည္းျဖည္းေဝး၍ က်န္ခဲ့သည္..။
'ကိုယ့္အတြက္ မင္းေလးဟာ အႏွိုင္းမဲ့...
အစားထိုးဖို႔ ထပ္တူမရွိခဲ့.. မင္းနဲ႔ လဲဖို႔ရာမရွိခဲ့..
တစ္ေယာက္တည္းခ်စ္ေနမယ္......'
ရွန္ခြန္းေနာင္ သက္ျပင္းတစ္ခ်က္ရွိုက္မိသြားသည္။
ကိုကို႔ကို သတိရတယ္......။
__________________________
ညေစ်းကျပန္လာသည့္အခါ စီစဥ္ထားသည့္
အစီအစဥ္အတိုင္း တခ်ိဳ႕က
ေရကူးကန္ေဘးတြင္
mini game ေလးေတြကစားရန္ သြားၾကသည္။
ရွန္ခြန္းေနာင္ကေတာ့
မနက္က ေရစိုအဝတ္နဲ႔ ၾကာၾကာေနမိသြားတာေရာ၊
ညေစ်းမွာလည္း အစားမ်ားသြားတာေၾကာင့္ေရာလားမသိ ေန၍မေကာင္းခ်င္ေတာ့..။
ထို႔ေၾကာင့္ စီနီယာျဖစ္သည့္
ကိုဉာဏ္လင္းေသြးကို အခန္းျပန္နားေတာ့မည့္
အေၾကာင္းသြားေျပာလိုက္သည္။
" ရတယ္။ သြားနား။
အစ္ကိုတို႔လည္း ခဏပဲ
ေနၾကေတာ့မွာ ။ ဂ႐ုစိုက္ဦးေနာ္ အိပ္ပုပ္ေလး
မနက္ျဖန္ hiking လုပ္ၾကဦးမွာမို႔ မဖ်ားေစနဲ႔"
ကိုဉာဏ္လင္းေသြးကၾကည္ၾကည္သာသာပင္
ေျပာသည္။
ဟိုတယ္ခန္းသို႔ျပန္လာေနရင္းမွပင္
ေခါင္းက တရိပ္ရိပ္မူးလာသည္။
အခန္းေသာ့ကို ဖြင့္ဝင္လိုက္သည့္အခါ
ဖုန္းေျပာေနသည့္ကိုကို႔ ကို ေတြ႕လိုက္ရသည္။
တျခား အတူေနသည့္လူေတြလို အခန္းထဲက
ထြက္ခ်ိန္၊ဝင္ခ်ိန္မတူတာေၾကာင့္ reception မွ
ေသာ့အပိုေတာင္းထားပုံရသည္။
"ဟုတ္ကဲ့ ဒါဆိုဒါပဲေနာ္ ေဖေဖ"
ၾကားလိုက္ရသည့္စကားေၾကာင့္
ဖုန္းကိုအားသြင္းေနရာမွ အနည္းငယ္
စိတ္ေက်နပ္သလိုရွိသြားသည္။
"ေန႔လယ္က..."
ကိုကို႔ဆီမွ စကားသံ..။
ရွန္ခြန္းေနာင္ ၿငိမ္ေနလိုက္သည္။
" ကိုယ္လြန္သြားတဲ့အတြက္
မင္းကိုေတာင္းပန္တယ္.."
ကိုကိုက ဘာမွထပ္မေျပာလာခဲ့ေတာ့..။
ရွန္ခြန္းေနာင္လည္း ဘာမွျပန္မေျပာေတာ့ဘဲ..
ကိုကို႔ကိုေက်ာေပး၍သာ
အိပ္စက္လိုက္ေတာ့သည္။
____________________
ညသန္းေခါင္ေရာက္သည့္အခါ
ရွန္ခြန္းေနာင္နိုးလာခဲ့သည္။
နိုးနိုးခ်င္းခံစားလိုက္ရတာက အဆမတန္
ထိုးကိုက္ေနေသာ ေခါင္းနဲ႔၊
ရင္ေခါင္းမွဆို႔တက္ေနသည့္ မသက္မသာျဖင့္
အစာမေၾကေနသလို ေဝဒနာ..။
ခႏၶာကိုယ္အတြင္းထဲက စိမ့္ေအးေနေပမဲ့ ...
အျပင္ဘက္က မီးဟပ္သကဲ့သို႔ပူေနခဲ့သည္။
ကိုကိုရွိရာလွည့္ၾကည့္လိုက္သည့္အခါ
ရွန္ခြန္းေနာင္ကို ေက်ာေပးကာ အိပ္စက္ေနေပၿပီ။
အခန္းသည္လည္း ညအိပ္မီးပင္
ေျပာင္းဖြင့္ၿပီးေနေပၿပီ။
အစာမေၾကသည့္ေဝဒနာက ပိုဆိုးလာသည့္အခါ
ရွန္ခြန္းေနာင္ အိပ္ရာေပၚမွ ယိုင္တိုင္တိုင္ထကာ
အိမ္သာထဲသို႔ ေျပးဝင္လာခဲ့သည္။
လည္ပင္းထဲတြင္ တစ္ဆို႔ဆို႔ျဖစ္ကာ ခႏၶာကိုယ္
တစ္ခုလုံး ႏုံးေခြေနေပမဲ့ ..
ျပန္အန္ထုတ္လို႔မရ။
ေခ်ာင္းေတြသာဆက္တိုက္ဆိုးလာတာပဲရွိသည္။
" ရွန္ခြန္းေနာင္.."
အျပင္မွေန၍ေခၚလိုက္သည့္ကိုကို႔အသံ။
ရွန္ခြန္းေနာင္ ေရပိုက္ဖြင့္ကာ ေဘစင္ကို
ေဆးခ်လိုက္ၿပီးမွ ထြက္ခဲ့လိုက္သည္။
"ေနမေကာင္းဘူးလား.."
ကိုကိုက ရွန္ခြန္းေနာင္ကို ၾကည့္ကာေမးလာခဲ့သည္။
နဖူးကိုလည္း .. လက္နဲ႔ ဖြဖြထိကာ စမ္းလာခဲ့၏။
"ကိုယ္ေတြအရမ္းပူေနတယ္"
ရွန္ခြန္းေနာင္ ကိုကို႔လက္ကို
ဆြဲဖယ္ကာ အိပ္ရာဆီသို႔သာ
ေလၽွာက္လာလိုက္သည္။
က်ိန္းစပ္ေနသည့္ မ်က္လုံးေတြကို
မွိတ္ခ်လိုက္မိသည္။
ထိုအခိုက္တြင္ အခန္းတံခါးဖြင့္ထြက္သြားသည့္
အသံကို ၾကားလိုက္ရသည္။
ေတာ္ေတာ္ၾကာသည္ထိ ကိုကိုက ျပန္မလာခဲ့..။
အိမ္နဲ႔အေဝး၊ ဖ်ားနာလၽွင္ သူ႔အလုပ္ပင္မသြားဘဲ
အရမ္းဂ႐ုစိုက္တတ္တဲ့
ေမေမနဲ႔အေဝးမွာ ဖ်ားေနတဲ့
အတြက္ေရာ တိတ္ဆိတ္ေနသည့္ ဟိုတယ္ခန္းထဲမွာ
တစ္ေယာက္တည္း က်န္ေနခဲ့တဲ့အတြက္ေရာ..
ရွန္ခြန္းေနာင္ ငိုခ်င္စိတ္ႀကီးစိုးလာခဲ့သည္။
ဒီကေနျပန္ခ်င္ေနၿပီ...။
ျပန္အိပ္ေပ်ာ္စအခ်ိန္တြင္ ..
ရွန္ခြန္းေနာင္ကို ေခၚလိုက္သည့္ ကိုကို႔အသံကို
ၾကားလိုက္ရသည္။
မ်က္လုံးေတြကို ႀကိဳးစား၍ ဖြင့္ၾကည့္လိုက္မိသည္။
" ေဆးေသာက္လိုက္ဦးေနာ္.."
ကိုကိုက ရွန္ခြန္းေနာင္ရဲ့ ကိုယ္ေလးကို ဆြဲထူကာ
ထေစလိုက္ၿပီးမွေဆးေသတၱာထဲမွ
ေဆးနဲ႔ ေရခြက္ကို ကမ္းေပးလာခဲ့သည္။
ထို႔ေနာက္ ေဆးေသတၱာထဲမွ
လိမ္းေဆးဗူးကိုထုတ္ၿပီး
ခုတင္ေအာက္တြင္ဒူးတစ္ဖက္ေထာက္၍
ထိုင္ခ်ကာ.. ရွန္ခြန္းေနာင္ရဲ့ ေျခေထာက္ကို
ဖြဖြဆြဲယူလိုက္သည္။
"ကိုကို.."
" အစာမေၾကေနတာမဟုတ္လား..။
ေျခေထာက္ ေအးေနလို႔ျဖစ္တာ.. ။
ကိုယ္ေဆးလိမ္းေပးမယ္ ၿငိမ္ၿငိမ္ေန.."
ကိုကို႔လက္ဖဝါးေႏြးေႏြးသည္ ရွန္ခြန္းေနာင္၏
ေျခသလုံးနဲ႔ ေျခဖမိုးေတြပါမက်န္ ဖြဖြ ဆုပ္နယ္၍
ေဆးလိမ္းေပးေနသည္။
မ်က္လႊာစင္းခ်ထားတဲ့ ကိုကို႔ရဲ့
မ်က္ေတာင္စိပ္စိပ္ေလးေတြ..ကိုေငးၾကည့္ရင္း
အဆမတန္ဝမ္းနည္းလာခဲ့ရသည္။
မ်က္ရည္ပူမ်ား ပါးျပင္သို႔က်ဆင္းလာခ်ိန္တြင္
ရွိုက္သံတစ္ခ်က္ထြက္သြားခဲ့၏။
ကိုကိုက ေမာ့ၾကည့္လာခဲ့သည္။
ရွန္ခြန္းေနာင္ ကိုကို႔ကို မ်က္ရည္မ်ားျဖင့္
ေငးစိုက္ၾကည့္လိုက္ၿပီးမွ ကိုကို႔လည္တိုင္ကို တြယ္ဖက္၍ ကိုကို႔ ပခုံးေပၚတြင္
မ်က္ႏွာအပ္လိုက္မိပါေတာ့သည္..။
ရွန္ခြန္းေနာင္ရဲ့
မ်က္ဝန္းမွက်ေသာမ်က္ရည္ေတြဟာ
ကိုကို႔ပုခုံးသို႔တိုင္ေအာင္ စိုစြတ္သြားခဲ့သည္။
"မငိုနဲ႔ကြာ......"
ကိုကို႔ေလသံက တိုးေဖ်ာ့ေဖ်ာ့..။။
ဝမ္းနည္းစိတ္က လွိုက္ခနဲျဖစ္တည္သည္။
" ကိုကို႔ကို.....လြမ္းတယ္..."
မ်က္စိေရွ႕မွာျမင္ေနရတာေတာင္မွ..
ခဏတာေဝးကြာသြားခဲ့တဲ့ စိတ္ေတြအတြက္
ကိုကို႔ကိုလြမ္းတယ္...။
"ကိုယ္လည္းအတူတူပါပဲ..."
" ဘာလို႔.. ကၽြန္ေတာ့္ကို .. ပစ္ထားတာလဲ.."
"ခ်စ္တယ္ေျပာၿပီး.. ကိုယ့္ဆီက
ထြက္ေျပးခ်င္ခဲ့တာ မင္းပါ...."
ရွန္ခြန္းေနာင္ ကိုကို႔မ်က္ဝန္းေတြကို
ေငးၾကည့္လိုက္မိသည္။
ထို႔ေနာက္ ကိုကို႔ရဲ့မ်က္ႏွာအႏွံ့ကို
ဖြဖြနမ္းလိုက္မိ၏။
ကိုကို႔မ်က္ဝန္းနက္နက္ထဲတြင္ မ်က္ရည္ၾကည္မ်ား
ဖြဲ႕သီလာခဲ့သည္။
"မင္းမရွိရင္.. ကိုယ္အ႐ူးလိုပဲကြာ...တကယ္..
ကိုယ္မေနနိုင္ဘူး..."
~~~~
ေဆးေသာက္ထားတာေၾကာင့္
ေနရထိုင္ရတာအနည္းငယ္
သက္သာသလိုရွိေနသည္။
ကိုကိုနဲ႔ႏွစ္ေယာက္အတူျခဳံထားတဲ့ေစာင္ထက္..
ရွန္ခြန္းေနာင္တစ္ကိုယ္လုံးကို ေထြးေပြ႕ကာ
ဖြဖြဖက္ေပးထားသည့္ကိုကို႔ရင္ခြင္က
ပို၍ေႏြးေထြးသည္။
ရွန္ခြန္းေနာင္ရဲ့ နဖူးကို နမ္းရွိုက္ရင္း
ဖြဖြေျပာေနသည့္ ကိုကို႔စကားေတြကလည္း..
ရင္ခုန္သံေႏြးေႏြးကိုဖန္ဆင္းေပးေနသည္..။
"မင္းအေတြးလြန္တတ္တာ ကိုယ္သိတယ္..။
မင္းခံစားလြယ္တာကိုလည္း ကိုယ္နားလည္တယ္။
မင္းလည္း ကိုယ္မရွိရင္ မေနနိုင္သလိုပဲ။
ကိုယ္လည္း မင္းကလြဲၿပီး
ဘယ္သူ႔ကိုမွမလိုခ်င္ပါဘူး"
"ကၽြန္ေတာ္က ကိုကို႔ကို အရမ္းပိုပိုၿပီး
ပိုင္ဆိုင္ခ်င္လာသလို ခံစားရတယ္"
ကိုကို႔ကို ပိုင္ေနေပမဲ့လည္း...
တစ္ခါတေလက်.. ဒီထက္.. ပိုပိုၿပီး
ေလာဘတက္၊ ေရာင့္တက္လာမိတာ။
ကိုကို ကၽြန္ေတာ့္နားကထြက္သြားရင္ ကၽြန္ေတာ္
႐ူးမွာပဲ..။
အဲ့ဒီလိုေတြေတြးလာမိတဲ့အခါ
ကၽြန္ေတာ္က ကိုကို႔ကို ဘာနဲ႔မွ
ဆြဲေဆာင္မထားနိုင္မွာေၾကာက္တယ္.."
"ဘာနဲ႔မွ ဆြဲေဆာင္ထားစရာမလိုပါဘူး..။
ခ်စ္ေနရတာ မင္းဘက္ကပဲမဟုတ္တဲ့အတြက္
မင္းကိုယ့္ကိုယ္ကိုယ္သိမ္ငယ္ေနစရာ
မလိုပါဘူး။
ကိုယ္က မင္းကို အေၾကာင္းျပခ်က္တစ္ခုခုေပၚကို
မူတည္ေရြးခ်ယ္ၿပီး ခ်စ္ခဲ့တာမွမဟုတ္တာ..။
ကိုယ့္စိတ္ထဲမွာ မင္းကို .. ကိုယ္ခ်စ္ျမတ္နိုးၾကင္နာ
ခ်င္တဲ့ ေယာက်ာ္းေလး တစ္ေယာက္ဆိုတဲ့
ေခါင္းစဥ္ကလြဲလို႔.. ဘယ္လိုမ်ိဳး ပညတ္ခ်က္မ်ိဳးနဲ႔မွ မသတ္မွတ္ထားဘူး။
မင္းနဲ႔ပတ္သက္တဲ့တစ္ခုတည္းေသာ ဆႏၵက
ကိုယ့္ကို ခ်စ္တဲ့မင္းအနားမွာ
ကိုယ္အျမဲရွိခ်င္တယ္..။ဒီတစ္ခုပဲ.."
" ကိုကို႔ကို ကၽြန္ေတာ္ ခ်စ္တယ္.. အရမ္းပဲ..
အရမ္းခ်စ္တယ္။ ႐ူးမတတ္ ခ်စ္တယ္..."
မင္းကို ကိုယ္စိတ္ပ်က္သြားၿပီလို႔ယူဆရင္းနဲ႔
မင္းဆီကိုပဲ ကိုယ့္ေျခလွမ္းေတြ
ျပန္ဦးတည္မိျပန္တယ္။
ကိုယ့္ကို ယုံေစခ်င္တယ္.. ။ မင္းကလြဲၿပီး..
ကိုယ္ဘယ္သူ႔ကိုမ်ား ခ်စ္နိုင္ဦးမွာတဲ့လဲ...။
_____________________
ဆက္ရန္။