ချစ်သောဗီလိန်လေး 2 (Ongoing)

By eett97

27.3K 3.1K 754

#DZ ၂၁ရာစုသမီးပျိုလေး ကားမတော်တဆဖြစ်ရာနေ system 1005နှင့်တွေ့ဆုံပြီးနောက် ............ ဒီဇာတ်လမ်းကတော့ ပါဝါရိ... More

In Space
ကူးပြောင်းခြင်းမိတ်ဆက်
ဇာတ်ကောင်မိတ်ဆက်
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
please 🙏❤
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
Note 📌
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပ်ပုဒိတ် မဟုတ်သေးပါ
အပိုင်း ၂၁
🙇🏻
အပိုင်း ၂၂

အပိုင်း ၁၇

436 58 8
By eett97


Unicode

" အား   ... အခုမှပဲ အေးအေးဆေးဆေးနားရတော့တယ်... အမလေး..  ပါဝါရိန်းဂျားလေးတခါဖြစ်မိပါတယ်.. ပြီးကိုမပြီးနိုင်တော့ဘူး..စစ်ဆေးတာတွေ.ငါသွေးတွေလဲကုန်ပြီလားမသိဘူး... "
ဟု  ပိုင်ဝေ့ရှင်း တိတ်တဆိတ်ဟစ်ကြွေးလိုက်သည်။

"ဝေ့ဝေ့  နင် ဒါပြီးရင် ဘယ်ကိုသွားမှာလဲ?... ငါတို့ မဆုံရတာကြာပြီဆိုတော့.. စားသောက်ဆိုင်ကောင်းကောင်းမှာတခုခုသွားစားကြရအောင်?..."
အဝတ်လဲခန်းမှ အထွက် သူမ ငြိမ်သက်နေတာကိုတွေ့၍  ရိုစလီ  မေးလိုက်သည်။

" okလေ  သွားကြမယ်... "

" မင်ဟွန်း..  ယုကီအီ   ငါနဲ့ဝေ့ဝေ့ တခုခုသွားစားကြမလို့..  နင်တို့ရော လိုက်ဦးမလား?..."

" အင်း....  ငါတို့လဲ လိုက်မယ်..."

ဂန်မင်ဟွန်းနဲ့ယုကီအီ မငြင်းပဲလက်ခံလိုက်သည်။
အဝတ်အစားများလဲပြီး  လေးယောက်သား အတူထွက်လာစဥ်...

" မင်းတို့ ဘယ်သွားကြမလို့လဲ?...."

" ခေါင်းဆောင်..."  ဟု  လေးယောက်သာ အော်လိုက်မိသည် ။

ကာတာရှီ ပိုင်ဝေ့ရှင်းအား စကားပြောရန်စောင့်နေတာဖြစ်သည် ။

" ကျမတို့ တခုခုသွားစားကြမလို့ပါ..ခေါင်းဆောင်ရောလိုက်ဦးမလား?..."
ရိုစလီက ပြောလိုက်သည် ။

ပိုင်ဝေ့ရှင်း တားရန်မမှီတော့သဖြင့်  ကာတာရှီ ငြင်းလိုက်ပါစေဆိုပြီးသာ တိတ်တဆိတ်ဆုတောင်းမိသည် ။
မျက်နှာကတော့  အတောက်ပဆုံးပြုံးထားသည် ။

" ကောင်းပြီလေ..."

'.....'
*ငါလေးကထာဝရသနားစရာလေးပါ😭*

................

မြို့တော်၏ ထိပ်တန်းဟိုတယ်တခုရှိ  စားသောက်ဆိုင် သီးသန့်ခန်းတွင် ပိုင်ဝေ့ရှင်းတို့  ထိုင်နေကြသည်။

ကာတာရှီမှ မန်နေဂျာအားခေါ်ကာ  တယောက်ချင်းစီအတွက် အထူးစားပွဲများပြင်ဆင်ပေးရန် ပြောနေလေသည် ။

ပိုင်ဝေ့ရှင်း  စားပွဲအောက်တွင် လက်နှစ်ဖက်ကို ပွတ်ချေကာ ဒီနေရာကနေထွက်သွားနိုင်ဖို့ကို အသ​ဲအသန်စဥ်းစားနေသည်။

" ဝေ့ဝေ့... ဘာဖြစ်လို့လဲ..?"

ပိုင်ဝေ့ရှင်းရဲ့မူမမှန်မှုကို  သတိထားလိုက်မိသောရိုစလီမှ မေးလိုက်သည် ။

" ဘာမှမဖြစ်ပါဘူး....  ဘာစားမရလဲစဥ်းစားနေတာ... ငါ့အတွက် ပင်လယ်စာခေါက်ဆွဲတပွဲမှာပေးပါ.... ငါ သန့်စင်ခန်းခဏသွားလိုက်ဦးမယ်...."

" အင်း....  "

ပိုင်ဝေ့ရှင်း  ရိုစလီအား အကူအညီတောင်းပြီး အလျင်စလို ထွက်သွားလိုက်သည် ။

ကာတာရှီ မန်နေဂျာအားမှာကြားရင်း ပိုင်ဝေ့ရှင်း ထွက်သွားတာကို ကြည့်နေလိုက်သည်။
... သူနဲ့အတူရှိနေတာ သူမ့အတွက် အဲ့လောက်တောင်အဆင်မပြေဘူးလား...

ပိုင်ဝေ့ရှင်း  သီးသန့်ခန်းမှ ထွက်ကာ  သန့်စင်ခန်းရှိရာသို့ သွားလိုက်သည်။

သူမတို့အခန်းရဲ့ဘေးဘက် အခန်းထဲမှ လူတယောက်ထွက်လာကာ တယောက်နဲ့တယောက်မမြင်မိဘဲ  တိုက်မိကြသည် ။

6ပေ2လက်မလောက်ရှိသောအရပ်ကြီး၏ ကျယ်ပြန့်သောရင်ခွင်ထဲတွင် ပိုင်ဝေ့ရှင်းရဲ့ကိုယ်လုံးလေးက သစ်ပင်ကြီးကိုဖက်တက်နေသည့်ပေါက်ဖတ်လေးတကောင်လိုပဲ ။

ပိုင်ဝေ့ရှင်း မကျေမနပ်နဲ့ တဖက်လူကို အော်ငေါက်လိုက်သ​ည်။

"  ရှင်   မျက်လုံးမပါဘူးလား?..."

သြရှရှအသံဖြင့်...  "မင်း ကြည့်ကြည့်လေ.."
ဟု ပြန်ပြောလာသံကို ကြားလိုက်ရသည်။

ကြားလိုက်သောအသံကြောင့် မော့ကြည့်ရာ
အနောက်တိုင်းဆန်ပြီး ယောကျားပီသသောမျက်နှာချောချောကိုတွေ့လိုက်သည်။

*ဟယ် ကြွေဆင်လေးဟယ် 🤤*

" ah... sorryနော်..အလျင်လိုနေလို့မမြင်လိုက်မိဘူး..တောင်းပန်ပါတယ်.."

ပိုင်ဝေ့ရှင်း အလျင်စလိုတောင်းပန်ကာ ထိုလူရှေ့မှ ပြေးထွက်သွားခဲ့သည်။

'Oh. အတော်အလျင်လိုနေတာပဲ.'

ဒန်နီယယ် ရောဘတ်  ဂျပန်ကိုရောက်ရောက်ချင်း သူငယ်ချင်းဖြစ်သူ ဒီမှာတာဝန်ကျနေကြောင်းသိရ၍ တွေ့ဆုံရန် ဒီနေရာကို ရောက်နေခြင်းဖြစ်သည်။
အခုလဲ သူငယ်ချင်းဖြစ်သူမလာနိုင်သေးလို့ထွက်စောင့်ရင်း သူမလေးနဲ့တိုးခြင်းဖြစ်သည်။

" ဒန်နီယယ်  ... ဘာတွေတွေးနေတာလဲ?.."

" ဟာ  ဂျိတ်  မင်းကွာ ကြာလိုက်တာ... ငါ့မှာစောင့်နေရတာအကြာကြီးပဲ...ဒါလဲခပ်ကောင်းကောင်းပဲ.. မိန်းမလှလေးနဲ့တွေ့ခွင့်ရလိုက်တာပေါ့..."

" ဘယ်ကမိန်းမလှလေးလဲ?.. ရောက်တာမကြာသေးဘူး..မင်းက ကောင်မလေးတွေ့နေပြီလား?..."

" မင်း မသိပါဘူးကွာ...အရှေ့တိုင်းသူပုံစံမျိုးလေးကွ..  ချစ်စရာလေး.."

ဒေါက်တာဂျိတ်အိုဗက်ဒီနဲ့ ဒန်နီယယ်ရောဘတ်တို့သည် အမေရိကန်မှာ ကျောင်းအတူတက်ခဲ့သောငယ်သူငယ်ချင်းများဖြစ်သည်။ ဂျိတ်အိုဗက်ဒီက ဆေးပညာကို သင်ကြားစဥ်  ဒန်နီယယ်ရောဘတ်က စီးပွားရေးပညာကို သင်ကြားသည်။ မတွေ့တာကြာသောသူငယ်ချင်းနှစ်ယောက် သီးသန့်ခန်းတောင်မဝင်နိုင်ပဲ အပေါက်ဝမှာတင် တယောက်ကိုတယောက် ဖက်ကာ နှုတ်ဆက်ကြသည်။

ပိုင်ဝေ့ရှင်း  သန့်စင်ခန်းထဲတွင်အချိန်ခဏယူကာနေပြီး  ပြန်ထွက်လာခဲ့သည်။
စောနကတိုက်မိသောသူကို သေချာတောင်းပန်ရန် ရှာကြည့်လိုက်ရာ ဒေါက်တာဂျိတ်အိုဗက်ဒီနဲ့ရင်းရင်းနှီးနှီးနှုတ်ဆက်နေတာတွေ့လိုက်ရသည်။

ထိုစဥ်  အိတ်ကပ်ထဲမှ  ဖုန်းက အသံမြည်လာပြီး  ရိုစလီမှ အမြန်ပြန်လာဖို့ပြောတာကြားရသည်။  ပြသာနာတက်နေသည်ဟုပြောသဖြင့် 
သီးသန့်ခန်းသို့ အမြန်သွားလိုက်သည်။ အခန်းဝကိုရောက်တဲ့အခါ  သူမရဲ့ခြေရင်းသို့ အကြည်ရောင်ဖန်တခွက် ကျကွဲလာလေသည်။

" မင်းကို ဒီနေရာမှာ မကြိုဆိုဘူးလို့ပြောနေတယ်လေ.. ထွက်မသွားသေးဘူးလား...အရှက်မရှိဘူးလား.."

" ငါက ငါ့ညီမဆီလာတာ...  နင်တို့လိုလူတွေကို စကားထဲထည့်မပြောဘူး.. ပိုင်ဝေ့ရှင်းဘယ်မှာလဲ.. အခုချက်ချင်းခေါ်ပေး..."
ပိုင်မီရာ ကျယ်လောင်စွာပြောနေသည်။

" ဘာတွေဖြစ်နေတာလဲ?..."
ပိုင်ဝေ့ရှင်း အူကြောင်ကြားပုံစံဖြင့် ဝင်လာကာမေးလိုက်သည်။

" နင် အခု ငါနဲ့လိုက်ခဲ့... အဖေဆေးရုံမှာ...နင့်ကိုရှာနေတယ်..."

" ငါက? ?..."

ပိုင်ဝေ့ရှင်း    နားမလည်သည့်မျက်နှာအနေအထားဖြင့်   ပိုင်မီရာအား ပြန်မေးလိုက်သည်။

'အဖေနေမကောင်းတာသူ့မယားကပြုစုမှာပေါ့.ငါ့လိုစွန့်ပစ်ခံသမီးကဘာသွားလုပ်ရမှာလဲ?'

" နင့်အဖေလေ...ကိုယ့်အဖေတယောက်လုံးနေမကောင်းမှတော့ နင် လုပ်ပေးရမှာနင့်တာဝန်လေ.."

"သူ့မှာ သမီးက ငါတယောက်ထဲမှမဟုတ်တာ..."

"နင်  နင် ဘာအဓိပ္ပါယ်လဲ?.."

" လွန်ခဲ့တဲ့၇နှစ်ကျော်က နင်တယောက်ထဲကြားခဲ့တာမဟုတ်ဘူးလေ..."

ပိုင်ဝေ့ရှင်း မျက်ဖြူလှန်သလို လုပ်ပြကာပြောလိုက်သည်။

ပိုင်မီရာလဲ အံ့အားသင့်သွားသည်။ အဲ့အချိန်တုန်းက အခန်းနားမှာ သူမတယောက်ထဲရှိခဲ့တာသေချာပါတယ်။ ဘေးနားမှာ ဘယ်သူမှမရှိခဲ့ပါဘူး။

ပိုင်မီရာမသိခဲ့တာ  ပိုင်ချန်တို့အိပ်ခန်းနဲ့ကပ်လျက်ရှိနေတဲ့သစ်ပင်ပေါ်မှာတက်အိပ်နေတဲ့လူတယောက်ရှိခဲ့တယ်ဆိုတာပဲ။
ဟုတ်သည်..  ထိုလူမှာ ပိုင်ဝေ့ရှင်းဖြစ်သည်။

#ထပ်တင်ပေးလိုက်ပြီနော်။ အိမ်မှာအလုပ်က မီးလာတာနဲ့တန်းစီပြီးလုပ်ရတော့အချိန်သိပ်မရတော့လို့ပါ။အပိုင်းလေးတွေနည်းနည်းတိုသွားတယ်ခွင့်လွှတ်ပေးကြပါဦးနော်။အချိန်အဆင်ပြေရင်အရှည်.....ကြီး ရေးပေးပါမယ့်🙆🙆❤❤ကိုယ့်ဇာတ်လမ်းလေးကိုစျေးဗန်းလေးဝိုင်းခင်းပေးကြပါဦးနော်😘
ဟဲဟဲ
ကော်ကော်တိုက်မယ်ပြောတဲ့ကလေးမ
09952943390kpayတိုက်လို့ရတယ်နော်😄
ကိုယ့်ကို ကော်ဖီတိုက်ရုံနဲ့အလိမ်မာအိမ်ပါလေးပါနော် 😘😘

အများကြီးကြိုးစားရဦးမည့်
   #DZ
2.5.2022(11:36pm)


•••••••••••••••••••••••••••••••••••••••••••••••

Zawgyi



" okလေ  သွားကြမယ်... "







ရိုစလီက ပြောလိုက်သည် ။


" ကောင်းပြီလေ..."

'.....'

................




" ဝေ့ဝေ့... ဘာဖြစ်လို့လဲ..?"



" အင်း....  "










*ဟယ် ကြွေဆင်လေးဟယ် 🤤*














" ဘာတွေဖြစ်နေတာလဲ?..."


" ငါက? ?..."





"နင်  နင် ဘာအဓိပ္ပါယ်လဲ?.."





ဟဲဟဲ

   #DZ
2.5.2022(11:36pm)








Continue Reading

You'll Also Like

22K 2.7K 22
U+Z ဒီနေ့မင်းလွင် + ဒီယောရာဇာဓိရာဇ်
349K 15.3K 166
Naruto has always had video games to fall back on growing up while the rest of the village pretty much treated him like garbage. What happens when Na...
13.2K 1K 26
people read the book trust me on this one
9.5K 362 25
Based off the NTTV show "Young and Reckless" Newly 21 year old Star gets invited to the show by her good friend Ferrari since Ferrari has seen how St...