(unicode)
မွေ့ယာဘေးအား စမ်းကြည်လိုက်သော် ပူနွေးမှုမရှိဘဲ ဗလာနတ္ထိ။
" ဟင် ! ကလေးငယ် "
ကလေးငယ်မှာ နံနက်စောစောစီးစီးအနားတွင်ရှိမနေပေ။ လမ်းထိပ် ထွက်သွားလေချေပြီး။
စွယ်သော်လင်းထမင်းစားခန်းသို့ ဝင်လိုက်သည်
နှင့် လူကြီး၏မျက်နှာတည်အား ဦးဆုံးမြင်လိုက်ရသည်။ အနားတွင် အလုပ်သမတစ်ဦးတစ်ယောက်မျှမရှိစေဘဲ ပြန်လာချိန်ကို မျက်နှာတည်ဖြင့် စောင့်နေပုံရ၏။
" နိုးပြီးလား "
"........."
" အာ...မုန့်လေးစား "
ပါးစပ်နားခွံ့လာသော ကိတ်ဖက်လေးကို တစ်လှည့် ခွံ့ကျွေးနေသူကိုတစ်လှည့် ကြည့်ရုံသာကြည့်လိုက်ပြီး ကဖီးကိုသာ ပုံမှန်အတိုင်းဆက်သောက်နေလိုက်လျှင်
" ......."
" ဘယ်သွားတာလဲ။ အပြင်မှာ နှင်းကျနေတာကို "
" လမ်းထိပ်က ခရေပင်ဆီ "
" ပန်းသီရောင်းတဲ့ကလေးတွေကို ပန်းကူကောက်ပေးတာက မကောင်းဘူးလို ကိုယ်မပြောဘူး။ ဒါပေမယ့် ရာသီဥတုက စိမ့်နေတယ်လေ ကလေးငယ်။ အသက်ငယ်သူတွေက အအေးဒဏ်ကို မမူပေမယ့် ကိုယ့်ကလေးငယ်ကတော့ ဂရုစိုက်ရမယ်။ အသက်တွေလည်း မငယ်တော့ဘူး။ ခုထိပြောစကား နားမထောင်ဘူး။ ဆူလိုက်ရင်လည်း အခြားနိုင်ငံရောက်နေတဲ့သမီးဆီ လှမ်းတိုင်အုန်းမယ်။ ကလေးငယ် မင်းဟာလေး ကြာလေ ပိုပိုဆိုးလာတဲ့ အဆိုးလေးပဲ "
မဆူရက်၊ အပြစ်မမြင်ရက်စရာလေးအား စိတ်ပူစကားဆိုမိလျှင် အပြင်မှာပြန်မပြောလာသော် လည်း စိတ်ထဲတွင်တော့ ပွစိပွစိနှင့် ပြောနေမည်ပင်။ ဆူပုတ်ပုတ်နဲ့ရှိနေသော အဆိုးလေး။ သမီးတစ်ယောက်မွေးခဲ့ပြီးသည့်တိုင် ပိုဆိုးလာသူ။ သမီးနှင့်အပြိုင် သောင်းကျန်းခဲ့သည်ကို အားမရသေး။ သမီးဖြစ်သူ ကျောင်းတတ်သွားခဲ့သည် တိုင် ဆက်လက် ဆိုးနေဆဲ။ သူ့လုပ်ချင်တာဆို ဇွတ်လုပ်တတ်ပြီး ပြီးလျှင်အပြုံးချိုချိုများဖြင့် လာချွဲတိုင်း သူ့အလိုကျရနေပေးသည်ကိုသိ၍
ပိုဆိုးလာသည့်မှာ နှစ်ယောက်မရှိသော ကျွန် တော်၏ချစ်ခင်ပွန်းလေး စွယ်သော်လင်း။
" နှုတ်ခမ်းမထော်ထားနဲ့ ကလေးငယ်။ နှောက်ယှက်မယ့် သမီးမရှိဘူးနော်။ ကူညီမယ်သူလည်းမရှိဘူး "
" နှာဘူး "
" တိုးတိုး တိုးနဲ့ပြောမနေ့နဲ့။ ကိုယ့်ကြားတယ် "
" ဟွန့် အဘိုးကြီး "
အပြောတိုးတိုးနှင့်အတူ ထိုင်ရာမှရပ်လိုက်သည်။
" ပြန်ထိုင်ပြီး မုန့်စား "
" အင့် "
" မရဘူး။ မျက်နှာငယ်လေးလုပ်ပြပြီး ဆိုးမယ်မကြံနေနဲ့။ အစားမမှန်လို့ ဗိုက်အောင့်ရင် ကုတင်ပေါ်က မပေးဆင်းဘဲ ထားလိုက်မှာနော်။ တစ်လလောက် အခန်းပိတ်ထားလိုက်ရင်ဖြင့် မိသားစုဝင်အသစ်လေးပါ ရောက်လာ "
" ဘယ်လောက်ဘူးဘူးမဝတဲ့ နှာဘူးကောင် ! "
" ဟားဟားဟား... ခုမှ သိတာလား။ ဘယ်ပြေး
ပြန်တာလဲ ! နေထွက်နေပြီးနော် ! ! အပြင်ထွက်ရင် "
" တော်တော့ ! ! ! "
" ဟားဟားဟား... "
ဒီရက်ပိုင်းရာသီဥတုမှာ မူမမှန်။ နံနက်ပိုင်း မြူ ဆိုင်းလို ဆိုင်း။ ပြီးလျှင် နေပူလာပြန်၏။ စိတ်ပူလို့ပြောရင်လည်း ဆူတယ်ဖြစ်ပြန်ရော။ ထိုမျှမပြီး သမီးဖြစ်သူထံဖောက်သည်ချ ပြန်ပြောပါ
လိမ့်မည်။ သမီးဖြစ်သူကလည်း
" ဖေဖေ ယယဆီ လိုက်လာခဲ့။ လေဆိပ်မှာ ယယလာကြိုမယ်။ ယယအခန်းက အရမ်းသာယာတာ ၊ အပေါ်ဆီက ကြည့်ရင်လေ ... "
" လာမှာ လာမှာ "
" သမီး ! daddyစိတ်မဆိုးချင်ဘူးနော် "
အနားမှာထိုင်နေသူကိုအရေးမလုပ်ဘဲ ပြောချင်ရာပြောနေသူနှစ်ဦးကို ဒေါင်းမာန်ဝင်တားရလေပြီး။ ပြောမရပေ ထလိုက်သွားမှ ဒေါင်းမာန်တစ် ယောက်တည်းကျန်ခဲ့လျှင်...
အဆိုးလေးတစ်ယောက်အရမ်းကို ရစ်လာ၏။ တကယ့်ကို အမွှေစိန်လေး။ သမီးငယ်ငယ်တုန်းကလည်း ကလေးနှင့်အတူ မွှေခဲ့၏။ ယခုကျ တစ် ယောက်တည်းလည်း ရစ်နေပြန်။
" ဟုတ် daddy။ Goodnight ဖေဖေနဲ့ daddy fly kiss "
...........
" မခေါ်သွားနဲ့။ ဟင့်အင်း ! "
ဘယ်လောက်ပဲ အော်ဟစ်တားမြစ်နေသော် လည်း လူကြမ်းကြီးမှာ ကလေးငယ်လက်နုနုတို့အား ကြမ်းတမ်းစွာ ဆွဲခေါ်နေဆဲ။ ကလေးငယ်မှာလည်း လက်နာကျင်နေသော်လည်း ဆက်ရုန်းနေသည့်အပြင် မျက်နှာငယ်လေးဖြင့်လည်း လှည့်ကြည့်နေသည်။
" ကောင်လေး မင်းအသာတကြည် လိုက်ရင် လိုက်။ မဟုတ်ရင် မင်းအကောင်ကို လက်စ ဖျောက်လိုက်ရမလား ! ! "
" ဟင့်အင်း ! လူကြီးကို မထိပါနဲ့။ ကျွန်တော်လိုက်ခဲ့မယ် "
" မလိုက်သွားနဲ့ ကလေးငယ် ! ! ကလေးငယ် ! ဟာ... "
အသက်ရှူသံပြင်းပြင်းနဲ့အတူ ထထိုင်မိလျက်လက်ရှိနေရာမှ ဘေးကို ပြန်ကြည့်လိုက်လျှင် နှစ်ခြိုက်စွာအိပ်နေသည့် ကလေးငယ်အား တွေ့လိုက်ရသည်။
" ဟူး...တော်ပါသေးတယ်။ အိမ်မက်မို့လို့သာ "
စိတ်အေးစွာဖြင့် ခြေကားယားလက်ကားယားအိပ်နေသော ကလေးငယ်ကို ပွေ့ယူနေရာပြန်ချပြီး ရင်ခွင့်ထဲ ထည့်ဖက်ထားလျက် ပြန်အိပ်လိုက်သည်။ အိပ်မပျော်၍ ရင်ခွင်ထဲရှိနေသော နဖူးပြင်လေးကို ထပ်ခါထပ်ခါစိုးရိမ်စွာဖြင့် နမ်းရှိုက်နေမိသည်။
အဆုံးရှူံးမခံနိုင်သော ထိုလူသားလေးကို တစ်နေ့မှပင် စိတ်မချ။ သမီးတစ်ဦးရပြီးသော သာယာဖွယ် အိမ်ထောင်ရေးကို ထိုလူသားလေးနှင့်အတူ တည်ဆောက်ထားခွင့်ရထားသည်တိုင် ဒေါင်းမာန်ကံကြမ္မာကို အပြည့်အဝ မယုံရဲသေးပေ။ ခဲမှန်ဖူးသော စာငှက်ကဲ့သို့ ဒေါင်းမာန်သည်လည်း အဖိုးတန်လူသားနှင့်ကွဲကွာဖူးခဲ့၍ စိုးရိမ်စိတ်တို့သည် မကြာအမြဲ ဖြစ်တည်နေဆဲ။
အများအမြင်မှာ ဒေါင်းမာန်သည် အဖြစ်သည်းသူထက်ပိုသော အပိုလုပ်သူပင်ဖြစ်နေပါစေမူ ပတ်ဝန်းကျင်ကို ဂရုစိုက်နေဖို့ထက် ကလေးငယ်အား ချစ်နေရသည်နှင့်ပင် မအားမလပ်ဖြစ်နေရသည်။ ထိုကဲ့သို့ ဂရုစိုက်နေရသည်မှာလည်း ဒေါင်းမာန်အတွက် လုံလောက်မှုမရှိနိုင်သေးဟု ယူဆထားသည်။ ထို့ကြောင့် "စွယ်သော်လင်း" မည်သော လူသားလေးကို "ဒေါင်းမာန်ထွဋ်ခေါင်" မည်သော လူသားမှ သက်ဆုံးတိုင်ထက် များစွာပို၍ ဂရုစိုက်အလေးထားမည်မှာ ဘယ်သောအခါမှ မပြောင်းလဲမည် မလွဲနိုင်သော အမှန်တရားတစ်ခုပင် ဖြစ်လေပေတော့သည်။
ပြီးပါပြီး။
[smiling-Onion ဖန်တီး ရေးသားသည်။]
(zawgyi)
ေမြ႕ယာေဘးအား စမ္းၾကည္လိုက္ေသာ္ ပူေႏြးမႈမရွိဘဲ ဗလာနတၳိ။
" ဟင္ ! ကေလးငယ္ "
ကေလးငယ္မွာ နံနက္ေစာေစာစီးစီးအနားတြင္ရွိမေနေပ။ လမ္းထိပ္ ထြက္သြားေလေခ်ၿပီး။
စြယ္ေသာ္လင္းထမင္းစားခန္းသို႔ ဝင္လိုက္သည္
ႏွင့္ လူႀကီး၏မ်က္ႏွာတည္အား ဦးဆုံးျမင္လိုက္ရသည္။ အနားတြင္ အလုပ္သမတစ္ဦးတစ္ေယာက္မွ်မရွိေစဘဲ ျပန္လာခ်ိန္ကို မ်က္ႏွာတည္ျဖင့္ ေစာင့္ေနပုံရ၏။
" ႏိုးၿပီးလား "
"........."
" အာ...မုန္႔ေလးစား "
ပါးစပ္နားခြံ႕လာေသာ ကိတ္ဖက္ေလးကို တစ္လွည့္ ခြံ႕ေကြၽးေနသူကိုတစ္လွည့္ ၾကည့္႐ုံသာၾကည့္လိုက္ၿပီး ကဖီးကိုသာ ပုံမွန္အတိုင္းဆက္ေသာက္ေနလိုက္လွ်င္
" ......."
" ဘယ္သြားတာလဲ။ အျပင္မွာ ႏွင္းက်ေနတာကို "
" လမ္းထိပ္က ခေရပင္ဆီ "
" ပန္းသီေရာင္းတဲ့ကေလးေတြကို ပန္းကူေကာက္ေပးတာက မေကာင္းဘူးလို ကိုယ္မေျပာဘူး။ ဒါေပမယ့္ ရာသီဥတုက စိမ့္ေနတယ္ေလ ကေလးငယ္။ အသက္ငယ္သူေတြက အေအးဒဏ္ကို မမူေပမယ့္ ကိုယ့္ကေလးငယ္ကေတာ့ ဂ႐ုစိုက္ရမယ္။ အသက္ေတြလည္း မငယ္ေတာ့ဘူး။ ခုထိေျပာစကား နားမေထာင္ဘူး။ ဆူလိုက္ရင္လည္း အျခားႏိုင္ငံေရာက္ေနတဲ့သမီးဆီ လွမ္းတိုင္အုန္းမယ္။ ကေလးငယ္ မင္းဟာေလး ၾကာေလ ပိုပိုဆိုးလာတဲ့ အဆိုးေလးပဲ "
မဆူရက္၊ အျပစ္မျမင္ရက္စရာေလးအား စိတ္ပူစကားဆိုမိလွ်င္ အျပင္မွာျပန္မေျပာလာေသာ္ လည္း စိတ္ထဲတြင္ေတာ့ ပြစိပြစိႏွင့္ ေျပာေနမည္ပင္။ ဆူပုတ္ပုတ္နဲ႔ရွိေနေသာ အဆိုးေလး။ သမီးတစ္ေယာက္ေမြးခဲ့ၿပီးသည့္တိုင္ ပိုဆိုးလာသူ။ သမီးႏွင့္အၿပိဳင္ ေသာင္းက်န္းခဲ့သည္ကို အားမရေသး။ သမီးျဖစ္သူ ေက်ာင္းတတ္သြားခဲ့သည္ တိုင္ ဆက္လက္ ဆိုးေနဆဲ။ သူ႔လုပ္ခ်င္တာဆို ဇြတ္လုပ္တတ္ၿပီး ၿပီးလွ်င္အၿပဳံးခ်ိဳခ်ိဳမ်ားျဖင့္ လာခြၽဲတိုင္း သူ႔အလိုက်ရေနေပးသည္ကိုသိ၍
ပိုဆိုးလာသည့္မွာ ႏွစ္ေယာက္မရွိေသာ ကြၽန္ ေတာ္၏ခ်စ္ခင္ပြန္းေလး စြယ္ေသာ္လင္း။
" ႏႈတ္ခမ္းမေထာ္ထားနဲ႔ ကေလးငယ္။ ေႏွာက္ယွက္မယ့္ သမီးမရွိဘူးေနာ္။ ကူညီမယ္သူလည္းမရွိဘူး "
" ႏွာဘူး "
" တိုးတိုး တိုးနဲ႔ေျပာမေန႔နဲ႔။ ကိုယ့္ၾကားတယ္ "
" ဟြန္႔ အဘိုးႀကီး "
အေျပာတိုးတိုးႏွင့္အတူ ထိုင္ရာမွရပ္လိုက္သည္။
" ျပန္ထိုင္ၿပီး မုန္႔စား "
" အင့္ "
" မရဘူး။ မ်က္ႏွာငယ္ေလးလုပ္ျပၿပီး ဆိုးမယ္မႀကံေနနဲ႔။ အစားမမွန္လို႔ ဗိုက္ေအာင့္ရင္ ကုတင္ေပၚက မေပးဆင္းဘဲ ထားလိုက္မွာေနာ္။ တစ္လေလာက္ အခန္းပိတ္ထားလိုက္ရင္ျဖင့္ မိသားစုဝင္အသစ္ေလးပါ ေရာက္လာ "
" ဘယ္ေလာက္ဘူးဘူးမဝတဲ့ ႏွာဘူးေကာင္ ! "
" ဟားဟားဟား... ခုမွ သိတာလား။ ဘယ္ေျပး
ျပန္တာလဲ ! ေနထြက္ေနၿပီးေနာ္ ! ! အျပင္ထြက္ရင္ "
" ေတာ္ေတာ့ ! ! ! "
" ဟားဟားဟား... "
ဒီရက္ပိုင္းရာသီဥတုမွာ မူမမွန္။ နံနက္ပိုင္း ျမဴ ဆိုင္းလို ဆိုင္း။ ၿပီးလွ်င္ ေနပူလာျပန္၏။ စိတ္ပူလို႔ေျပာရင္လည္း ဆူတယ္ျဖစ္ျပန္ေရာ။ ထိုမွ်မၿပီး သမီးျဖစ္သူထံေဖာက္သည္ခ် ျပန္ေျပာပါ
လိမ့္မည္။ သမီးျဖစ္သူကလည္း
" ေဖေဖ ယယဆီ လိုက္လာခဲ့။ ေလဆိပ္မွာ ယယလာႀကိဳမယ္။ ယယအခန္းက အရမ္းသာယာတာ ၊ အေပၚဆီက ၾကည့္ရင္ေလ ... "
" လာမွာ လာမွာ "
" သမီး ! daddyစိတ္မဆိုးခ်င္ဘူးေနာ္ "
အနားမွာထိုင္ေနသူကိုအေရးမလုပ္ဘဲ ေျပာခ်င္ရာေျပာေနသူႏွစ္ဦးကို ေဒါင္းမာန္ဝင္တားရေလၿပီး။ ေျပာမရေပ ထလိုက္သြားမွ ေဒါင္းမာန္တစ္ ေယာက္တည္းက်န္ခဲ့လွ်င္...
အဆိုးေလးတစ္ေယာက္အရမ္းကို ရစ္လာ၏။ တကယ့္ကို အေမႊစိန္ေလး။ သမီးငယ္ငယ္တုန္းကလည္း ကေလးႏွင့္အတူ ေမႊခဲ့၏။ ယခုက် တစ္ ေယာက္တည္းလည္း ရစ္ေနျပန္။
" ဟုတ္ daddy။ Goodnight ေဖေဖနဲ႔ daddy fly kiss "
...........
" မေခၚသြားနဲ႔။ ဟင့္အင္း ! "
ဘယ္ေလာက္ပဲ ေအာ္ဟစ္တားျမစ္ေနေသာ္ လည္း လူၾကမ္းႀကီးမွာ ကေလးငယ္လက္ႏုႏုတို႔အား ၾကမ္းတမ္းစြာ ဆြဲေခၚေနဆဲ။ ကေလးငယ္မွာလည္း လက္နာက်င္ေနေသာ္လည္း ဆက္႐ုန္းေနသည့္အျပင္ မ်က္ႏွာငယ္ေလးျဖင့္လည္း လွည့္ၾကည့္ေနသည္။
" ေကာင္ေလး မင္းအသာတၾကည္ လိုက္ရင္ လိုက္။ မဟုတ္ရင္ မင္းအေကာင္ကို လက္စ ေဖ်ာက္လိုက္ရမလား ! ! "
" ဟင့္အင္း ! လူႀကီးကို မထိပါနဲ႔။ ကြၽန္ေတာ္လိုက္ခဲ့မယ္ "
" မလိုက္သြားနဲ႔ ကေလးငယ္ ! ! ကေလးငယ္ ! ဟာ... "
အသက္ရွဴသံျပင္းျပင္းနဲ႔အတူ ထထိုင္မိလ်က္လက္ရွိေနရာမွ ေဘးကို ျပန္ၾကည့္လိုက္လွ်င္ ႏွစ္ၿခိဳက္စြာအိပ္ေနသည့္ ကေလးငယ္အား ေတြ႕လိုက္ရသည္။
" ဟူး...ေတာ္ပါေသးတယ္။ အိမ္မက္မို႔လို႔သာ "
စိတ္ေအးစြာျဖင့္ ေျခကားယားလက္ကားယားအိပ္ေနေသာ ကေလးငယ္ကို ေပြ႕ယူေနရာျပန္ခ်ၿပီး ရင္ခြင့္ထဲ ထည့္ဖက္ထားလ်က္ ျပန္အိပ္လိုက္သည္။ အိပ္မေပ်ာ္၍ ရင္ခြင္ထဲရွိေနေသာ နဖူးျပင္ေလးကို ထပ္ခါထပ္ခါစိုးရိမ္စြာျဖင့္ နမ္းရႈိက္ေနမိသည္။
အဆုံးရွဴံးမခံႏိုင္ေသာ ထိုလူသားေလးကို တစ္ေန႔မွပင္ စိတ္မခ်။ သမီးတစ္ဦးရၿပီးေသာ သာယာဖြယ္ အိမ္ေထာင္ေရးကို ထိုလူသားေလးႏွင့္အတူ တည္ေဆာက္ထားခြင့္ရထားသည္တိုင္ ေဒါင္းမာန္ကံၾကမၼာကို အျပည့္အဝ မယုံရဲေသးေပ။ ခဲမွန္ဖူးေသာ စာငွက္ကဲ့သို႔ ေဒါင္းမာန္သည္လည္း အဖိုးတန္လူသားႏွင့္ကြဲကြာဖူးခဲ့၍ စိုးရိမ္စိတ္တို႔သည္ မၾကာအၿမဲ ျဖစ္တည္ေနဆဲ။
အမ်ားအျမင္မွာ ေဒါင္းမာန္သည္ အျဖစ္သည္းသူထက္ပိုေသာ အပိုလုပ္သူပင္ျဖစ္ေနပါေစမူ ပတ္ဝန္းက်င္ကို ဂ႐ုစိုက္ေနဖို႔ထက္ ကေလးငယ္အား ခ်စ္ေနရသည္ႏွင့္ပင္ မအားမလပ္ျဖစ္ေနရသည္။ ထိုကဲ့သို႔ ဂ႐ုစိုက္ေနရသည္မွာလည္း ေဒါင္းမာန္အတြက္ လုံေလာက္မႈမရွိႏိုင္ေသးဟု ယူဆထားသည္။ ထို႔ေၾကာင့္ "စြယ္ေသာ္လင္း" မည္ေသာ လူသားေလးကို "ေဒါင္းမာန္ထြဋ္ေခါင္" မည္ေသာ လူသားမွ သက္ဆုံးတိုင္ထက္ မ်ားစြာပို၍ ဂ႐ုစိုက္အေလးထားမည္မွာ ဘယ္ေသာအခါမွ မေျပာင္းလဲမည္ မလြဲႏိုင္ေသာ အမွန္တရားတစ္ခုပင္ ျဖစ္ေလေပေတာ့သည္။
ၿပီးပါၿပီး။
[smiling-Onion ဖန္တီး ေရးသားသည္။]