အပိုင်း ၂၈

2.6K 110 0
                                    

(unicode)

ဒေါင်းမာန် wang Star ဘားအတွင်း ဝင်လာလိုက်သည်။ ထိုဘားသည် ကဗွီးအပိုင်ဖြစ်၏။
အရင်ကတော့ ကဗွီးသည် ထိုဘား၌ ဖျော်ဖြေရေးသမားတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့သော်လည်း
ဒေါင်းမာန်နှင့်ရည်းစားဖြစ်ပြီးချိန်တွင် ချစ်သက်လက်ဆောင်အဖြစ်အပိုင်ပေးခဲ့ကြောင်း ပြောဖူးလေသည်။ သို့သော်လည်း ထိုအကြောင်းရာများကို ရေရေရာရာ မမှတ်မိနိုင်သေး။ ထို့ကြောင့် အိပ်ငွေ့ချကုထုံးဖြင့် စမ်းသပ်ကုသဆဲဖြစ်၏။

ယခုချိန် ဒေါင်းမာန်ဦးစားပေးလုပ်ရမည်မှာ
ကဗွီးနှင့်အတိအလင်းပြတ်ဆဲပြီး ကလေးငယ်အား ပေါ်ပေါ်ထင်ထင်လူမြင်ကွင်းထုတ်ပြနိုင်ရန် ဖြစ်လေ၏။

အပေါ်ထပ်ရှိ ကဗွီး၏သီးသန့်အခန်းဆီ တည့်
တည့်မတ်မတ်လျှောက်သွားလိုက်၍ ပုံမှန်အတိုင်း တံခါးဖွင့် ဝင်ခဲ့လိုက်သည်။

" ကိုကိုရောက်ပြီးလား "

ကဗွီးသည် အပြောချိုချိုလေးနှင့်အတူ ဝိုင်နီတစ်ခွက်အား ကမ်းပေးလာသည်။

" ကဗွီး ကိုယ်ပြောစရာရှိတယ် "

နောက်ဆုံးတော့ ကိုကိုဘက်မှ အရင်လိုစွာဖြင့် စကားစပေပြီးလား။

" ခဏထိုင်ပါအုန်း ကိုကို။ ကဗွီးအဖျော်သမားနဲ့ ဆွေးနွေးစရာလေးရှိသေးလို့၊ ခုပြန်လာခဲ့မယ်နော်၊ ခဏလေး ပြွတ် "

အလုပ်အတွက် အခန်းပြင်ထွက်သွားသူကြောင့် ဒေါင်းမာန်လက်ထဲမှ ဝိုင်ခွက်ကိုဝေ့ခါပြီး တစ်ငုံ့မြည်းလိုက်၏။ ဝိုင်ခွက်ရှိ ဝိုင်နီများလျော့ကျလာသည်မှာ တစ်ငုံစာပင် မကျန်တော့။ အလုပ်ပင် ပန်းများ၍ထင် မျက်လုံးတို့လည်း လေးလံလာ ၏။ ထို့ကြောင့် ကဗွီးပြန်အလာကိုစောင့်လျက် ခဏမှေးနေလိုက်၏။

အခန်းထဲပြန်ရောက်ချိန် ဆိုဖာထက် မှီအိပ်နေသောကိုကိုကြောင့် ကျေနပ်ပြုံးလေးမှာ ပါးပြင် ထက်ရောက်လာပေသည်။ ကိုကိုကိုယ်အားအ သာထိန်း၍ မွေ့ယာထက် တင်ပေးလိုက်သည်။ ခက်ခက်ခဲခဲသယ်ယူလိုက်ရ၍ ကဗွီးခဏထိုင်အမောဖြေလိုက်ပြီးခါမှ အစီစဥ်တချို့အတွက် ပြင်ဆင်လိုက်သည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now