(unicode)
ကန်ရေပြင်အလယ်တည့်တည့်တွင် လှေငယ်လေးတစ်စင်း ခေတ္တရပ်နားနေလေ၏။
" ဘာလို့ရပ်လိုက်တာလဲ၊ ဆက်လှော်လေ "
" အားပျက်သွားလို့ "
" ဒါဆိုလည်း ခဏနားလိုက်အုန်း၊ ပြီးမှဆက်လှော် "
" နားဖို့ မလိုဘူး။ ကလေးလေးက အဖြေပြန်ပေးလိုက်တာနဲ့ ခုချက်ချင်းအားတွေ ပြန်ပြည့်သွားမှာ "
".........."
" ကလေးလေး "
" ဘယ်လို့ယုံကြည်ရမှာလဲ "
တိုးတိုးဆိုသော ကလေးလေး၏စကားသံတို့ကို ဒေါင်းမာန် မနည်းနားစိုက်ထောင်လိုက်ရသည်။
" ကလေးလေး "
" ကလေးမဟုတ်ပါဘူးဆို "
နှုတ်ခမ်းဖူးလေးကိုမဲ့လျက် အသံကျယ်ကျယ်ဖြင့် ကလေးလေးသည် သူ့ကိုယ်သူ ကလေးမဟုတ်ကြောင်း ဆိုလာသည်။ ငိုမဲ့မဲ့မျက်နှာလေးကြောင့်
" ဟုတ်ပြီး ဟုတ်ပြီး။ ကလေးလို့ မခေါ်တော့ဘူးနော် "
" လူကြီးက ချစ်တယ်ပြောပြီးတာနဲ့ ရက်အကြာကြီးပျောက်သွားတယ်၊ ကျွန်တော် လူကြီးကို ဘယ်လို့လုပ်ပြီး ယုံကြည်ရမှာလဲ၊ စဥ်းစားအုန်းလေ "
" ဟုတ်တယ် ဟုတ်တယ်၊ ကိုယ်အမှားပါ။ ကိုယ့်ဘဝမှာ ပထမဆုံး နှင့် နောက်ဆုံးအကြိမ် ချစ်ဖူးတာမို့ အတွေ့အကြုံ့မရှိဖြစ်သွားတာပါ "
" အတွေ့ကြုံ့က ရှာချင်သေးတယ်ပေါ့ "
" အဲ အဲသဘောမဟုတ်ဘူးလေ "
" မရှာနဲ့တော့ "
" ကလေးလေး "
ကလေးလေးအပြောကြောင့် ပြန်ပြောစရာများပျောက်ရှရ၏။ ကလေးလေးမျက်နှာအား ကြည့်နေရုံသာ တတ်နိုင်တော့သည်။
" လူကြီးကို ကျွန်တော်သင်ပေးမယ် "
ကလေးလေးထံမှ မထင်မှတ်ထားသော အဖြေစကားလေးကြောင့် ဒေါင်းမာန်ရင်ထဲကြည်နူးစိတ်များ ပြည့်သွားရသည်။ "ချစ်တယ်" ဟု တိုက်ရိုက်မပြောသော်လည်း အဖြေပေးခြင်းမည်သော ထိုစကားလေးကြောင့် အတိုင်းမသိပျော်ရွှင်မိသည်။
YOU ARE READING
ချစ်မြဲ ချစ်ဆဲ