အပိုင်း ၆

4.8K 251 0
                                    

(unicode)

...ဝှါး...အင်း....

ယဥ်ယဥ်ထွေးတစ်ယောက် နံနက်ခင်းကို သန်းဝေခြင်းဖြင့် အစပြုနှုတ်ဆက်လိုက်၍ ခေါင်းရင်းနားမှ ဖုန်းထံလက်လှမ်းလိုက်သည်။ လိုင်းတတ်ရန်တော့ မဟုတ်၊ နာရီကြည်ရန်ဖြစ်သည်။ ယဥ်ယဥ်ထွေးတို့ရွာသည် အင်တာနက်လိုင်းသိပ်မမိ၍ ဖုန်းသည် နာရီကြည်ရန်၊ ဓာတ်မီးအစားသုံးရန် သာအသုံးဝင်သည်။ ထန်းတောဘက်တွင်တော့ လိုင်းမိသည်ဟု ပြောကြ၏။ တစ်ခါမှတော့ ဖုန်းသွားမပြောဖြစ်။ အကြောင်းမှာ ဖုန်းဆက်စရာကောင်လေး မရှိ၍ပင်။ နာရီကြည်လိုက်လျှင် 09:29 am။ ဘာသံမှမကြားရ၍ အိမ်တွင်ဘယ်သူမှ မရှိ​တော့ပုံပင်။

" မေကြီး၊ သော်လင်းရေ... "

တစ်ဦးတစ်ယောက်၏အသံမှ ပြန်မကြားရ၍ ထမင်းစာပွဲဝိုင်းထက်ရှိ အုပ်ဆောင်းကိုသာ ဖွင့်ကြည်လိုက်လျှင် တွေ့ပါပြီး။ လူတော့မဟုတ်ခဲ့ ပဲပြုတ်၊ ဆနွန်းမှုန်နိုင်နိုင်တို့ဖြင့် ကြော်ထားသော ထမင်းကြမ်းကြော်မွှေးမွှေးနှင့် ကြက်သွန်ချဥ်တို့ကို စားချင်စဖွယ် ကြက်ဥကြော်တစ်လုံးနှင့်အတူ တွေ့လိုက်ရသည်။

သော်လင်းတော့စားပြီး၍ ရွာလှည့်ထွက်သွားပြီး ထင်၏။ အစက မြို့သားနုနုထွတ်ထွတ်လေးမို့ နေထိုင်စားရေးအတွက် ပူပင်မိဖူးသည်။ ခုလျှင် မနက်မိုးလင်းတည်းက အစအနအမြီးတောင် မတွေ့ရတော့။ ရွာအနှံလျှောက်ပြီး ကလေးဗိုလ်လုပ်နေလေရဲ့။ တစ်ခါတစ်လေဆို လူပျိုပေါက်လေးမြဒင်တို့နှင့်လည်း ပါသွားတတ်သေးသည်။

" မြဒင် ခုဘယ်သွားနေတာလဲ "

" ကိုကြီးသော်လင်းကို အသစ်အဆန်းပြမို့ "

"........."

" ပျားဖွတ်တာမြင်ဖူးလား "

" မမြင်ဖူးဘူးလေ "

" လာ သွားမယ် ကိုကြီးသော်လင်း "

ယဥ်ယဥ်ထွေးတစ်ယောက်ပျင်းပျင်းနှင့် အိမ်၌ ရှိသည်များကို ရှာကြံစားသောက်ပြီးချိန် ခြံပြင်ဘက် ကြည်လိုက်လျှင် ကိုကြီးဒေါင်းမာန်ကို ထီးထီးကြီးတွေ့လိုက်သည်။ ကိုကြီးဒေါင်းမာန် သည် ရွာပေါက်သားတော့ မဟုတ်။ လွန်ခဲ့သောနှစ်တချို့မှ ရွာရောက်လာသူဖြစ်သည်။ သူကြီးတူဟုသာ အများသိထားကြ၍ ဘယ်ဘက်အမျိုးဘက်မှ တူ၊ ဘယ်သူသားမှန်းလည်း မသိရ။ အရပ်မြင့်မြင့်၊ ထောင်ထောင် မောင်းမောင်းနှင့် ကိုကြီးဒေါင်းမာန်သည် body တော်တော်မိုက်သည် ဆိုရမည်။ မျက်နှာပေါက်သည်လည်း ခိုက်ချင်စရာပင်။ အသားရေသည် မဖြူသော်လည်း ညိုမနေပြန်။ စိုစိုပြည်ပြည်နှင့် အတော်ကြည့်ကောင်းသည်အထဲတော့ ပါ၏။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now