အပိုင်း ၂၇

2.8K 113 0
                                    

(unicode)

နှုတ်ခမ်းလေးစူထော်ထားသော စွယ်သော်လင်းကို ဒေါင်းမာန်အရိပ်တကြည်ကြည်ဖြင့် ရှိနေလေသည်။ အလုပ်စားပွဲတွင်ထိုင်နေသော်လည်း စိတ်အစဥ်သည် အလုပ်၌အပြည့်အဝရှိမထားနိုင်ဘဲ ဆိုဖာထက်ရှိနေသော စူပုတ်ပုတ်မျက်နှာဖြင့် အဝတ်ထုပ်အနီထံ မကြာမကြာလှမ်းကြည်နေမိသည်။

ထိုင်နေသည်မှာ အတန်ကြာပြီးဖြစ်၍ ပျင်းရိလာပေပြီး။ ထိုပြင့် ဘာအကြောင်းများကြောင့် XZ အုပ်စု၏ဥက္ကဋ္ဌရုံးခန်းဝယ် အားယားစွာထိုင်နေမိတာလဲ။

အကြောင်းမှာ morning kiss တောင်း၍ ပြင်သစ်အနမ်းသို့ ကူးပြောင်းယူဆောင်သွားရုံမက လူတစ်ယောက်လုံးကိုလည်း ကုမ္ပဏီသို့သယ်ယူလာသော လူကြီးကြောင့်ပင်။

ငြိမ်သက်စွာထိုင်နေသူကြောင့် ဒေါင်းမာန်အလုပ်တို့ကို ခဏရပ်ထားလိုက်ပြီး ကလေးပေါက်ထိုင်နေရာ ဆိုဖာဆီသို့ လျှောက်သွားလိုက်သည်။

" ဘေဘီ "

ခေါ်လိုက်လျှင်မျက်နှာလေးကို တခြားဖက်သို့ လှည့်လိုက်သူကြောင့်

" ကိုယ်ကို ကြည်ပါအုန်း။ ဘေဘီပဲ တွေးကြည်၊
တိုက်ခန်းထဲ တစ်ယောက်တည်းနေခဲ့မယ်တူတူ အခုလို့နှစ်ယောက်အတူရှိတာ ပိုမကောင်းဘူးလား "

အပြောကတော့ ဟုတ်သလိုလိုရှိပေသည်။

" ဗိုက်ဆာလား။ ဘာစားချင်လဲ ကိုယ်ကိုပြော၊ ချက်ချင်းမှာ ခိုင်းလိုက်မယ် "

" ကုမ္ပဏီခေါ်လာမယ်ဆိုလည်း ကြိုပြောလေ၊ ပြင်ပြင်ဆင်ဆင်လေး ဝတ်ထားရအောင်၊ ခုကျကြည်အုန်း၊ ညအိပ်ထားတဲ့အဝတ်နဲ့ ပါလာရတယ် "

" ဟုတ်ပါပြီး ဟုတ်ပါပြီး။ ကိုယ်မှားသွားတယ် "

" ဘာမှားလဲ ပြော "

" ဟင် ! "

" ခင်ဗျား ဘာမှားလဲဆိုတာ ပြန်ပြောလို့ "

" အာ...ကိုယ် သဝန်တိုပြီး အတင်းအကျပ်မခေါ်လာသင့်ဘူး။ ဒါပေမယ့် အဲကောင်က ဘာလို့အားတိုင်းဖုန်းဆက်နေတာလဲ "

စကားပြောနေရင်းမှ မနက်က အကြောင်းရာသို့ ပြန်လည်ရောက်သွား၍ လေသံမှာ ဒေါသသံသို့ပြောင်းသွားရ၏။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now