Uni
"ကို သူရ"
"ဟုတ်ကဲ့ Boss "
"ဒါပြီးရင် ဘာလုပ်ဖို့ရှိသေးလဲ"
"မရှိတော့ပါဘူး boss "
"ဒါဆို အလုပ်ဆင်းပြီနော် "
ဒီနေ့ Boss မျက်နှာ ပြုံးရွှင်နေသည်။ သူ့ ချစ်သူ နဲ့ ဝေးပြီး ပထမဆုံး Boss ပျော်နေတာ မြင်ဖူးတာပဲ။ ခေတ် ထွက်သွားတာ ၂နှစ်ကျော် အတွင်း သူ့ Boss စိတ်ပျော်နေတာ ဒီတခါပဲတွေ့ဘူးတာ ။ အရင်နေ့တွေကဆို မျက်နှာက မာထန်ပြီး အလုပ်ပြီး အလုပ်ပဲ ။ ထမင်းတောင် ကျွေးမှစားတာ ။ သံပတ်ပေးထားတဲ့စက်ရုပ်လိုပဲ အလုပ် လုပ်နေတာ ။ ဒီနေ့တော့ မနက် meeting မှာ ကတည်းက ပြုံးနေတာ ။ လူစားလဲခံထားရတဲ့ လူလိုပဲ။ ဘာတွေပျော်စရာရှိပါလိမ့် ။ ဒီလို ပျော်နေတော့လည်းစိတ်ချမ်းသာ စရာ ကောင်းလှသည်။ Boss က အသက် ငယ်ငယ်ရွယ်ရွယ် နဲ့ အသစ်တစ်ယောက် မရှာပဲနေတာလည်း အံသြမိသည်။ တကယ်ဆို သူ့ကို လိုချင်တဲ့ သူတွေဝိုင်းဝိုင်းလည်။ သားမက်တော်ချင်တဲ့ သူတွေဆိုလည်းပေါမှပေါ။ Boss က အလုပ်နဲ့ အိမ်ထောင်ပြုထားသလားအောင်းမေ့ရတယ် အလုပ်မှအလုပ် ။ အလုပ်ထဲခေါင်းစိုက်ထားတာက အဆိုးဆုံးပဲ ။ သူမနားတော့ ကို သူရလည်း မနားရ ။ အခု သူ့ လက်ထောက် အောင်မြင်သူ က အားကိုးရလို့တော်သေးတယ်။ သူ့Boss လုပ်သလောက်သာ လိုက်လုပ်ရရင် အရိုးတောင်ကျန်မှာမဟုတ်။ ပြုံးရွှင်ပြီးအခန်းထဲက ထွက်သွားတဲ့ သူ့ Boss ကို ကြည့်ပြီး
"ဒီနေ့တော့ အိမ်ကို အစော ပြန်ရမယ့်
နေ့ပဲ "
စိတ်ထဲမှာ ကြိတ်ပြီး ပြုံးလိုက်မိတော့သည်။
ရွှေဘုန်း ကားပေါ်က ဆင်းပြီး ဧည့်ခန်းထဲဝင်တော့ ဒယ်ဒီနဲ့ မာမီက ဧည့်ခန်းမှာ ထိုင်ပြီး စကားပြောနေကြသည်။
"ဟော သားငယ်လေး
ဒီနေ့အစောကြီးပဲပြန်လာတာ "
"ဟုတ်တယ်မာမီ "
မာမီနဲ့ ဒယ်ဒီ နားလေး ကပ်ထိုင် လိုက်ပြီးတော့ စကားပြောရန် ကြံလိုက်သည်။
"သားငယ်လေး ဘာပျော်စရာ ရှိလာတာလည်း မျက်နှာက ပြုံးနေတာပဲ "
"သိသာနေတာလား ဒယ်ဒီ "
"သိသာတာပေါ့
ငါ့သားလေး ဒီလိုမပြုံးတာ ဘယ်လောက်ကြာနေပြီလဲ "
ရွှေဘုန်း ဒီနေ့ ပျော်နေတာပေါ့။ ခေတ် မမ က ဖုန်းဆက်ပြီး အကြောင်စုံရှင်းပြထားတာ လေ။ ခေတ် မိဘ တွေကလည်း သူနဲ့ သဘောတူကြောင်း ။ ပြီးတော့ ခေတ် ကို လိုက်ရှာနေအကြောင်းမမကပြော တာ ။ ရွှေဘုန်းသိတာပေါ့ ခေတ်လည်း ဘယ်လောက် သူ့ကို လွမ်းနေမလဲဆိုတာ ။ ဒီသတင်း ကြားရင် ပုန်းနေတဲ့ နေရာ က သူ့ ချစ်သူလေးလည်း ထွက် လာမှာပဲလေ။
"ဒယ်ဒီနဲ့မာမီ ကို သားပြောစရာရှိတယ် "
"ပြောလေ သားငယ်လေး "
"သား အိမ်ထောင်ပြုတော့မယ်
ဒယ်ဒီနဲ့မာမီ "
"ဟော"
အားလုံးအံအားသင့်ကုန်ကြသည်။ သစ်သီး ပန်းကန် လာပို့တဲ့ကြီးသူတောင် မျက်လုံးပြူးကာ ကြည့်နေတော့သည်။
"ပြောပါအုန်း သားငယ်လေး မာမီတို့ အသိထဲကပဲလား "
"ဆိုစမ်းပါအုန်း ငါ့သားရဲ့
ဒယ်ဒီက တောင်းပေးချင်လှပြီ "
"ဒယ်ဒီနဲ့မာမီကလည်း သားက မျက်နှာ မများပါဘူးနော်
သားချစ်တဲ့သူကလည်းတစ်ယောက်ထဲပဲ သူ့ကိုပဲ လက်ထပ်မှာ "
"ဟင်"
"ကြီးသူ ရဲ့ သားခေတ်လေးပဲလား သားငယ်လေး "
"ကြီးသူ အတော်ဆုံး "
"ဟုတ်တယ် ဒယ်ဒီနဲ့ မာမီ ခေတ်လေးကို လိုက်တောင်းပေးဖို့ ပြင်ထားပါ "
"သူမိဘတွေက သဘောတူလိုက်ပြီ "
"ဟင် သားခေတ်လေးကကော ပြန်ရောက်ပြီလား "
"သူလည်း ပုန်းနေတဲ့နေရာက ပြန်လာတော့မှာပါ
အကြာကြီး မပုန်းနိုင်ပါဘူး သားသိပါတယ် "
"မင်္ဂလာ စကားပဲ သားငယ်လေး
ငါ့သားလေး ပျော်နေတာနဲ့တင် မာမီတို့က လိုက်တောင်းပေးဖို့အဆင်အသင့်"
"ရွှတ် ဒါမှ သားမာမီကွ "
သားငယ် လေးရဲ့ အပျော်တွေက တစ်အိမ်လုံးဆီ စီးဆင်းသွားတော့သည်။ ညနေ ထမင်းစားဝိုင်းမှာ စကားသံများဆူညံနေတော့သည်။
~~~~~~~~~~~
ခေတ် ဒီနေ့တော့ တိုကျိုက တီလေးဆီ သွားဖို့ ဆုံးဖြတ်ထားတာ ။အလုပ်ပိတ် ရက်လည်း ဖြစ်တာကတစ်ကြောင်း ၊ တီလေးနဲ့တိုင်ပင်စရာရှိတာကတစ်ကြောင်း ပေါ့ ။ ကိုဘေးက တိုကျိုက အတော် ဝေးပါတယ် ။ အမြန်ဆုံးရထားစီးရင်တောင် ၁နာရီကျော်ကြာတာ။ ခေတ်လည်း ကျောပိုး အိတ်ထဲမှာ အသုံးဆောင်များထည့်ပြီး အခန်းကထွက်လာခဲ့သည်။ တီလေးဆီမှာ တစ် ညလောက် အိပ်မယ်လို့လည်းစဥ်းစားထားတာ။ နောက်နေ့ အလုပ် ဖွင့်ရက်မှ တိုကျို ကနေ အလုပ်ကို တခါတည်းသွားမယ်ပေါ့ ။ မရောက်တာ ကြာတဲ့ တီလေးဆီ သွားရအယ်ဆိုတော့ တက်ကြွတဲ့ခြေလှမ်းတွေနဲ့ပေါ့။
"ဒေါက်ဒေါက် "
"ဟောာ
သားခေတ်လေး"
"တီလေး ဟီးး ဟင်းး"
တီလေး ကို ဖက်ပြီး ရှုံးပွဲချ ငိုပစ်လိုက်သည်။ တီလေးနဲ့ ကအရမ်းနှီးဆုံးလေ ။ ငယ်ငယ်လေးကတည်း က တီလေးနဲ့ပဲနေခဲ့ရတာကို ။အခု မတွေ့တာ ၂နှစ်ကျော်ပြီလေ ။ ခေတ် ဂျပန်ရောက်ကတည်းက မတွေ့ရတော့တာ ။
"သားခေတ်လေး ဘယ်လို ရောက်လာတာလဲ
စိတ်အေးအေးထား တီလေးမဆူဘူး
မငိုနဲ့တော့ တိတ်တော့လေ ခလေးလေး "
တီလေးက ချော့လေ
တီလေး ခါးကို ဖက်ပြီး ငိုတာ မပြီးနိုင် ။ ဝမ်းနည်းတာ ၊ စိတ်မကောင်းတာရော ပြီး တီလေး အခန်းမှာ ငိုလိုက် တာ နာရီဝတ်လောက် ကြာသွားသည်။ တီလေးက မျက်ရည်တွေ သုတ်ပေးပြီး ခေတ်နဖူးလေးကို နမ်းလိုက်၏ ။ ပြီးတော့ သူပါမျက်ရည်တွေကျလာသည်။
"သားခေတ်လေးရယ် ဘယ်လောက်များဒုက္ခတွေ ခံနေရတာလဲ
လူလည်းအရိုးပဲကျန်တော့တယ်လေ "
တီလေးပြောတာ မှန်ပါတယ်။ အရင်က ပေါင်၁၃၀ လောက် ရှိတဲ့ခေတ်လေးက အခု ၁၁၀တောင်မပြည့်ချင်တော့။ သူ့အရပ်နဲ့ဆို တအားတွေပိန်ပြီးရှည်နေတာ ။ဆံပင်ကလည်းရှည်နေတာကို စီးထားတော့ လုံးဝ သေးသေးသွယ်သွယ် မိန်းကလေး လိုပဲ ။
"သားခေတ်လေး ပြော တီလေး ဘာလုပ်ပေးရမလဲ
ငါ့သားလေး ငို မနေနဲ့တော့ "
တီလေးရဲ့ အင်အားပါသောစကားတစ်ခွန်းက ခေတ်အတွက်အားဆေးပါ။
တီလေးက ခေတ် အတွက်တော့ အမေလိုပါပဲ ။
" တီလေး သားဘာလုပ်ရမှန်းမသိတော့ဘူး
စိတ်တွေ လည်း ရှုပ်နေတာ"
"ပြော သားခေတ်
တီလေး လည်းဝိုင်းစဥ်းစားပေးမယ်"
ခေတ်လည်း သူနဲ့ရွှေဘုန်းအကြောင်းအစအဆုံးပြောပြလိုက်သည်။ တီလေးက မမ ဖုန်းဆက်ထားလို့ ဖေဖေနဲ့မေမေက သဘောတူကြောင်းသိပြီးသွားပြီ။ ခေတ်ပြောပြတာတွေ ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့နားထောင်နေရှာတာ ချစ်စရာ ကောင်းလိုက်တာ ။ အသက် ၄၀ကျော် အမျိုးသမီးက အဲ့လောက်ကြည့်ကောင်းတာ ။
"အင်း ဟုတ်ပါပြီ
တီလေး တစ်ခုမေးမယ် သားခေတ်လေး အခုအထိရွှေဘုန်းကို ချစ်သေးလား "
"သား ဘဝမှာ အငယ်လေးထဲက အခုအထိ သူတစ်ယောက်ပဲချစ်ခဲ့တာ "
"ဒါဆို ဘာလိုသေးလည်း သားခေတ်ရယ်
သားသူကို ချစ်တယ်ဆို သားရင်ဆိုင်ရမှာလေ
ဒီလိုပုန်းနေလို့မရဘူး
သူ့ဘက်ကိုလည်း ကြည့်ရမယ်လေ "
"ဟုတ်ကဲ့တီလေး
သူက သားကို အရင်လို ပြန်မချစ်တော့ရင် ဘယ်လိုလုပ်မလဲ"
"အဲ့ဒါကတော့ သားရင်ဆိုင်ရမယ့် အချစ်ရဲ့ဆိုးကျိုးပဲ လေ
ကိုယ်ကတော့ ကိုယ့်အကြောင်းနဲ့ကိုယ် သူနဲ့အဝေးကို ထွက်ပြေး လာခဲ့တာလေ
အခုလည်းသူ့ ဆုံးဖြတ်ချက်ကို လေးစားရမယ်လေ
ကြားလား သားခေတ်"
"ဟုတ်တီလေး သားမြန်မာပြည်ပြန်ပြီး သူနဲ့ရင်ဆိုင်လိုက်ပါမယ်
ပုန်းမနေတော့ပါဘူး
သူက အရင်လို ချစ်တာ မချစ်တာတော့ ခေတ်ကံပေါ့ "
"မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲသားလေး တော်တယ်
ဒါမှ တီလေးသား "
"ရွှတ်" ခေတ်နဖူးလေးကိုနမ်းပြီး ။ ခေတ်ကိုတင်းကျပ်စွာ ဖက်ထားပြီး ကလေးတစ်ယောက်လို နမ်းနေသေးတာ ။
ပြီးတော့ တီလေးကပြောသေးတယ် ။ ဒီတစ်ခေါက်မြန်မာပြန်ပြီး အားလုံးဖြေရှင်းလိုက် တဲ့ ။ ရွှေဘုန်း အရင်လိုမဟုတ်တော့ရင် သူက ပြင်သစ်က သူ့သူငယ်ချင်း fashion ကုမ္ပဏီကို ပို့ပေးမယ်တဲ့ ။ အဲ့အခါ ကြရင်တော့ မြန်မာပြည်က အပြီးထွက်ခဲ့တော့တဲ့ ။ ကျေးဇူးပါတီလေး ။ခေတ် ခက်ခဲနေတဲ့ဆုံးဖြတ်ချက်ကို တစ်မနက်ထဲ ဆုံးဖြတ်နိုင်အောင် လမ်းပြပေးခဲ့လို့ ။
"ထ သားလေး မျက်နှာသွားသစ်"
"ကမာကူရ ဘုရားသွားဖူးပြီး shopping ထွက်ကြမယ် သားလေး ကြိုက်တာဝယ် တီလေးပိုက်ဆံတွေကူဖြုန်းပေးပါအုန်း "
"ရွှတ် ဒါမှ သားတီလေး"
တီလေးက ခေတ် ဆံပင်တွေကို မြန်မာလို တပတ်လျှို ဆံတုံး ထုံးပေးပြီး ရှင်းပေးသည်။ ခေတ်ကို ဆံထုံး ထုံးနည်းသင်ပေးတယ် ။ အခုမှပဲ ခေတ် မျက်နှာလေး သန့်ပြီးရှင်းနေတာပဲ ။ တီလေး လက်ကိုဆွဲပြီး ပျော်ရွှင်စွာ တိုကျို မြို့အနှံလည်ပတ်လိုက်သည်။
~~~~~~~~~~~~~~~
"ရောက်နေတာကြာပြီလား
ကားပိတ်နေလို့"
"မကြာသေးပါဘူး (အဏ္ဏဝါ) "
"ဪ ရဝေ တို့ မြတ် တို့နဲ့ မတွေ့ရတာတောင် ကြာသွားပြီ "
"ဟုတ်တယ် အကို ရွှေဘုန်း ( မြတ်) "
"အကိုကော အဆင်ပြေသွားပြီလား
( ရဝေ) "
"အဆင်ပြေအောင်ကြိုးစားနေဆဲပါပဲ
အခုတော့ ၃နှစ်လည်း ပြည့်တော့မယ်ဆိုတော့ ဒဏ်ရာက ကျက် နေပါပြီ"
"မေတ္တာ ဆိုတာ အသွားအပြန်ရှိပါတယ် သားကြီးရာ
မကြာခင် မင်းမေတ္တာတွေ မင်းဆီပြန်ရောက်လာမှာပါ ( ခန့်မင်း) "
"ဆုတောင်းပါတယ်ကွာ"
ရွှေဘုန်းတို့ သူငယ်ချင်း သုံးယောက်အပါအဝင် မြတ်နဲ့ ရဝေပါဆုံနေကြတာ။ ခေတ်ထွက်သွားပြီး နောက်ပိုင်း မတွေ့ရတာကြာသွားလို့ ။ အခု အားလုံးဆုံနေကြတာ မကြာခင်ရောက်တော့မယ့် သင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက်ပါ ။
ရွှေဘုန်းက ခေတ်ထွက်သွားကတည်းက သင်္ကြန်ကို အဏ္ဏဝါတို့ ခန့်မင်းတို့ ကိုသူရ တို့နဲ့ ပစ်ထားတာ ကြာပြီ။ သူကတော့ သင်္ကြန်ဆို တရားစခန်းသွားတတ်တာ ။ အပျော်ဆိုတာတွေက သူ့အတွက်ခေတ်မရှိထဲက မရှိတော့တာပါ ။
"သားရီး ဒီနှစ်သင်္ကြန်ကော ဘယ်လိုလဲ (အဏ္ဏဝါ)"
"ဒီနှစ်လည်း ထုံးစံအတိုင်းရိပ်သာပေါ့ကွာ
မင်းတို့ပဲမဏ္ဍပ်ကိုဦးစီးပေးအုန်း"
"အေးပါ စိတ်ချ (ခန့်မင်း)
ငါတို့က မင်းကိုပါ ပျော်စေချင်လို့ပါ "
"နောက်နှစ်တွေမှပေါ့ကွာ "
~~~~~~~~~~~~~
ခေတ် ပစ္စည်းတွေအားလုံးသိမ်းဆည်းပြီးပြီ။ မြန်မာပြည်ပြန်ရင် ၃ ရက်သာ လိုတော့သည်။ ကုမ္ပဏီကို လည်း ၃လကြို ထွက်စာတင်ပြီးပြီ။ အခန်းနားနီးတဲ့ မကြီးသင်းတို့ မိသားစုကိုလည်း နှုတ်ဆက်ပြီးပြီ။
"ကောင်း အစစအရာရာ အတွက် ကျေးဇူးတင်တယ်နော် "
"ရပါတယ် သူငယ်ချင်းရယ်"
"မြန်မာပြည်ပြန်ရောက်လို့ အဆင်မပြေရင်လည်းပြော မင်းအရည်အချင်းက ကြိုက်တဲ့နေရာမှာ အလုပ်ဝင်လုပ်လို့ရတယ် "
"ပျော်အောင်သာနေ
သူငယ်ချင်းပျော်နေဖို့က အဓိက"
"ဟင့်... "
ခေတ်မျက်ရည်ကျပြီး ကောင်းကို ဖက်လိုက်သည်။ သူ့အပေါ်တကယ်ကောင်းတဲ့ သူငယ်ချင်းပါ။ အမြဲတမ်း သူ့ဆုံးဖြတ်ချက်ကို တန်ဖိုးထားတာ ။ ခေတ် မျက်နှာ တချက်မှအပျက်မခံပါ။
ဂျပန်မှာ ခေတ် ကျောင်းတက်က တည်းက အစစ အရာရာ ကူညီပေးခဲ့ ဖူးတာ ။
"မငိုတော့နဲ့လေ ခေတ်
တိတ်တော့ ရထားလာတော့မယ်"
ခေတ်က တိုကျိုကနေ လေယာဥ်စီးမှာမို့ တီလေး ဆီ ကြိုပြီးသွားတာ ။ တီလေးကိုလည်း နှုတ်ဆက်ရင်းပေါ့ ။
"အေးပါ ကောင်း
မြန်မာပြည်ပြန်ရောက်ရင်လည်း ငါ့ဆီဝင်အုန်း "
"အေးပါ လမ်းခရီးမှာ ဂရုစိုက် "
ကောင်းပေးလိုက်တဲ့ လက်ဆောင် ထုပ်ကို ကိုင်ကာ ရထားပေါ် တက်ပြီး တိုကျို သို့ ။
~~~~~~~~~~~~~
" ဝါးးး အိပ်လို့ကောင်းလိုက်တာ "
ခေတ် မနေ့က ညနေကမှ မြန်မာပြည် ပြန်ရောက်လာတာ ။ ခေတ် ပြန်လာမယ်လို့ ပြောလိုက်ကတည်းက အပျော်ဆုံးက ရတုပါ ။ အခုလည်း ရတုကဝန်ထမ်းတွေနဲ့ ပေါင်းပြီး တစ်အိမ်လုံးသန့်ရှင်းရေးလုပ်ထားတာ ။ သင်္ကြန်ပိတ်ရက်မို့ ဝန်ထမ်းတွေတော့ ပိတ်ထား၏။ ရတုက ဘုရားပန်းတွေလည်း ဝေဆာအောင် လဲထားပေးသည် ။ ရေခဲသေတ္တာ ထဲလည်း အပြည့်အစုံ ဝယ်ထည့်ပေးထား၏။
ကိုယ့်အိမ်ကိုယ့်အခန်းမို့ အိပ်ရတာ သက်တော့သက်သာရှိလှသည်။ သူ့အမေဆီဖုန်းဆက်ဖို့ သူသွားတုန်းက ပိတ်ခဲ့တဲ့ ဖုန်းလေး ကို ဖွင့်လိုက်သည်။
Missed call အနီရောင်လေးတွေက ၁၀၀ကျော်
အားလုံးနီးပါး မောင်ခေါ်ထားတာပဲ။ message တွေအားလုံးကလည်း မောင်ပို့ထားတာတွေ ကြည့်ပဲ ။
"အော် မောင်ရယ် "
ခေတ် နောက်မှ အေးအေးဆေးဆေး ဖွင့်ကြည့်ဖို့ ဆုံးဖြတ်ထားပြီး မေမေဆီ ဖုန်းခေါ်လိုက်သည်။
📞တူ တူ တူ
📞ဟင် သားလေး
အားရဝမ်းသာစွာ ထူးလိုက်တဲ့မေမေ
၃နှစ်ကျော် မှမေမေ အသံကို ကြားလိုက်ရတာ မျက်ရည်တောင်ဝဲလာသည် ။
📞သား အိမ်ပြန်ရောက်ပြီ မေမေ
📞အေး သားလေး တော်တယ် လိမ္မာတယ်နော် မေမေ့သားလေး
📞ဖေဖေနဲ့မေမေ ကော နေကောင်းလားသားတွေ့ချင်လို့
📞ကောင်းတာပေါ့ သားလေးရယ်
ဖေဖေနဲ့မေမေ လည်း သားလေးကို လွမ်းနေတာ
📞သား ၅ရက်လောက်နေမှ လာခဲ့မယ် မေမေ ဒီမှာ အလုပ်ကိစ္စလေးဖြတ်လိုက်အုန်းမယ်
📞အေး သားလေး မေမေက ချစ်တယ်နော် သားလေး အားလုံးစိတ်ချမ်းသာစေရမယ်
📞ဟုတ်မေမေ သားလည်းချစ်တယ်
မေမေ့ကို ဖုန်းဆက်ပြီး ရေချိုးခန်းဝင်လိုက်သည်။ ရေချိုးပြီး ထမင်းချက်ပြုတ် စားသောက်လိုက်တာ နေ့လည်တောင် ရောက်သွားပြီ ။ ခေတ်ရဲ့ ဖုန်းလေး အားသွင်းထားတာလည်းပြည့်သွားပြီဆိုတော့ wifi လေးဖွင့်ကာ တီလေးနဲ့ကောင်းဆီ မြန်မာပြည်ကို အဆင်ပြေပြေ ပြန်ရောက်တဲ့အကြောင်း message ပို့ လိုက်သည်။ ပြီးမှ ကြည့်လိုက်တော့ Ig မှာ noti တွေက အများကြီး ။
Ig ဖွင့်ကြည့်လိုက်တော့မှ
"အမ်!!!"
မောင်က ခေတ် မရှိတဲ့အတွေအတွင်း ခေတ်ကို လွမ်းကြောင်းတစ်ရက်မပျက်post တင်ထားတာပဲ။ ခေတ်ဖြစ်စေချင်တဲ့ ဘုန်းကြီးတောင် ဝတ်လိုက်သေးတာပဲ။ တော်လိုက်တာ မောင်ရယ် ။ လွမ်းလည်း လွမ်းလိုက်တာ ။ မောင်လည်း နည်းနည်းပိန်သွားတယ်နော်။ အခု သင်္ကြန်တောင် ရိပ်သာဝင်နေတာပဲ။ မောင်က လုံးဝ လူကြီး လေး တစ်ယောက်ဖြစ်သွားပြီ။ ခေတ် မရှိတုန်း ကောင်းကောင်းကျော်ဖြတ်လာတာပဲ။
"ဝါး ညနေတောင် ရောက်လာပြီပဲ "
မြန်မာ နှစ်ဆန်းတစ်ရက်နေ့ဆိုတော့ ဘုရားသွားဖို့ပြင်လိုက်သည်။
ရွှေဘုန်း ရိပ်သာက အပြန် နှစ်ဆန်းတစ်ရက်နေ့ဆိုတော့ ထုံးစံအတိုင်း ဘုရားဝင်ရန် ကိုစည်သူကို ပြောလိုက်သည်။ သင်္ကြန် အကြိုကနေ ဒီနေ့ နစ်ဆန်းတစ်ရက်နေ့အထိ တရားအားထုတ်ပြီး အခုမှ ရိပ်သာက ထွက်လာတာကြောင့် ယောပုဆိုးအညို ၊စတစ် လက်ရှည် အဖြူရောင် နဲ့ ။ ဗုဒ္ဓဟူးနံဘုရားမှာ ရေသပ္ပါယ် ပန်းကပ်ပြီး ပိုက်ဆံလှူရန်အထမှာ
"ဟမ်!!!!
ခေတ်လေး "
စနေနံ ဘုရားမှာ ရေသပ္ပါယ်နေတဲ့ ခေတ်လေး ။ ပုဆိုး အနက် ရောင်အစင်းလေးနဲ့ စတစ် လက်ရှည် အနက် လေးဝတ်ထားတာ။ ဖြူဖွေးနေတဲ့အသားက အရင်ကထက် နုပြီးဖွေးနေတာ ။ ဆံတုံးထုံးထားတာကြောင့် မျက်နှာက အထင်းသား။ ပိန်တာတော့ သိသိသာသာ ပိန်သွားတယ် ။
'မောင့် ခေတ်လေး ရယ် ခင်ဗျားလေးကို လုံးချေပြီး တစစီ လုပ်ပစ်ချင်တာဗျာ
ဘုရားပေါ်မှာပဲ ဆွဲပြီးနမ်းပစ်လိုက်ချင်တာ'
ခေတ်ကတော့ ရွှေဘုန်းကို မမြင်ပဲ အလှူငွေ ထည့်ပြီး ဘုရားကို လက်ဝဲရစ်တစ်ပတ် ပတ်နေသည်။ ရွှေဘုန်းလည်း မလှမ်းမကမ်းကနေ လိုက်နေတာ ။ပြီးမှ လှေခါးအတိုင်း အရှေ့ဘက်မုဒ်မှ ခေတ်ဆင်းသွားသည်။ ရွှေဘုန်းက ကိုစည်သူကို ကားမောင်း လာဖို့ ဖုန်းဆက်လိုက်သည်။
သူ့နောက်မှာ ရွှေဘုန်းပါလာတာကို မသိဘဲ taxi ငှားနေတဲ့ လက်သေးသေးလေးကိုဆွဲကာ ရှေ့မှာ ရပ်ထားတဲ့ ကားပေါ်ဆွဲခေါ် လာလိုက် သည် ။
"အင့်.."
ကားပေါ်ရောက်တော့ ရွှေဘုန်းကို မြင်တော့မှ မျက်လုံးပြူးကာ
တံခါးဖွင့်ပြီး ပြန်ဆင်းမယ်အလုပ်။
" အဲ့ဒါ ဘာလုပ်တာလဲ
ဘယ်ဆင်းအုန်းမလို့လဲ"
ရွှေဘုန်း ဒေါသနဲ့ အော်လိုက်တော့ ငြိမ်သွား၏ ။
"ကိုစည်သူ မောင်းတော့ "
"ဟုတ် သခင်လေး
ဘယ်ကို မောင်းရမလဲ"
"ခေတ် အိမ်ကို မောင်းပေးပါ ကိုစည်သူ"
အလန့်တကြား သူ့ကို ရွှေဘုန်းခေါ်သွားမှာ ကြောက်နေတာ ။
'ဒီကလည်း ခင်ဗျားကို ကျေနပ်တာ မဟုတ်ဘူး'
ရွှေဘုန်းစိတ်ထဲက ကြိတ်ကာ ပြောလိုက်ပြီး မသိချင်ယောင်ဆောင်ကာ ဖုန်းကြည့်နေလိုက်သည်။ ရွှေဘုန်းကို ဘေးက အကောင်ပေါက်လည်းက ခဏခဏ ခိုးကြည့်နေတာ သိတာပေါ့။ မသိချင်ယောင်ဆောင်ပြီး ရွှေဘုန်းနေရပေမယ့် ရင်ခွင်ထဲကိုဆွဲသွင်းချင်တာ တားမရ။ စိတ်ထဲမှာ ကြိတ်ပြုံးရင်း ပြောနေတဲ့စကားတွေသာ ခေတ်လေး ကြားလို့ကတော့ ။
'ခင်ဗျားတော့ နာ တော့မယ် မောင့်ခေတ်လေး
မောင်က ခင်ဗျားကို တခုခု လုပ်တော့မှာ'
အချစ်များစွာဖြင့် 🌻
30.4.2022(Sat)
...................................
Zawgyi
"ကို သူရ"
"ဟုတ္ကဲ့ Boss "
"ဒါၿပီးရင္ ဘာလုပ္ဖို႔ရွိေသးလဲ"
"မရွိေတာ့ပါဘူး boss "
"ဒါဆို အလုပ္ဆင္းၿပီေနာ္ "
ဒီေန႕ Boss မ်က္ႏွာ ၿပဳံး႐ႊင္ေနသည္။ သူ႕ ခ်စ္သူ နဲ႕ ေဝးၿပီး ပထမဆုံး Boss ေပ်ာ္ေနတာ ျမင္ဖူးတာပဲ။ ေခတ္ ထြက္သြားတာ ၂ႏွစ္ေက်ာ္ အတြင္း သူ႕ Boss စိတ္ေပ်ာ္ေနတာ ဒီတခါပဲေတြ႕ဘူးတာ ။ အရင္ေန႕ေတြကဆို မ်က္ႏွာက မာထန္ၿပီး အလုပ္ၿပီး အလုပ္ပဲ ။ ထမင္းေတာင္ ေကြၽးမွစားတာ ။ သံပတ္ေပးထားတဲ့စက္႐ုပ္လိုပဲ အလုပ္ လုပ္ေနတာ ။ ဒီေန႕ေတာ့ မနက္ meeting မွာ ကတည္းက ၿပဳံးေနတာ ။ လူစားလဲခံထားရတဲ့ လူလိုပဲ။ ဘာေတြေပ်ာ္စရာရွိပါလိမ့္ ။ ဒီလို ေပ်ာ္ေနေတာ့လည္းစိတ္ခ်မ္းသာ စရာ ေကာင္းလွသည္။ Boss က အသက္ ငယ္ငယ္႐ြယ္႐ြယ္ နဲ႕ အသစ္တစ္ေယာက္ မရွာပဲေနတာလည္း အံၾသမိသည္။ တကယ္ဆို သူ႕ကို လိုခ်င္တဲ့ သူေတြဝိုင္းဝိုင္းလည္။ သားမက္ေတာ္ခ်င္တဲ့ သူေတြဆိုလည္းေပါမွေပါ။ Boss က အလုပ္နဲ႕ အိမ္ေထာင္ျပဳထားသလားေအာင္းေမ့ရတယ္ အလုပ္မွအလုပ္ ။ အလုပ္ထဲေခါင္းစိုက္ထားတာက အဆိုးဆုံးပဲ ။ သူမနားေတာ့ ကို သူရလည္း မနားရ ။ အခု သူ႕ လက္ေထာက္ ေအာင္ျမင္သူ က အားကိုးရလို႔ေတာ္ေသးတယ္။ သူ႕Boss လုပ္သေလာက္သာ လိုက္လုပ္ရရင္ အရိုးေတာင္က်န္မွာမဟုတ္။ ၿပဳံး႐ႊင္ၿပီးအခန္းထဲက ထြက္သြားတဲ့ သူ႕ Boss ကို ၾကည့္ၿပီး
"ဒီေန႕ေတာ့ အိမ္ကို အေစာ ျပန္ရမယ့္
ေန႕ပဲ "
စိတ္ထဲမွာ ႀကိတ္ၿပီး ၿပဳံးလိုက္မိေတာ့သည္။
ေ႐ႊဘုန္း ကားေပၚက ဆင္းၿပီး ဧည့္ခန္းထဲဝင္ေတာ့ ဒယ္ဒီနဲ႕ မာမီက ဧည့္ခန္းမွာ ထိုင္ၿပီး စကားေျပာေနၾကသည္။
"ေဟာ သားငယ္ေလး
ဒီေန႕အေစာႀကီးပဲျပန္လာတာ "
"ဟုတ္တယ္မာမီ "
မာမီနဲ႕ ဒယ္ဒီ နားေလး ကပ္ထိုင္ လိုက္ၿပီးေတာ့ စကားေျပာရန္ ႀကံလိုက္သည္။
"သားငယ္ေလး ဘာေပ်ာ္စရာ ရွိလာတာလည္း မ်က္ႏွာက ၿပဳံးေနတာပဲ "
"သိသာေနတာလား ဒယ္ဒီ "
"သိသာတာေပါ့
ငါ့သားေလး ဒီလိုမၿပဳံးတာ ဘယ္ေလာက္ၾကာေနၿပီလဲ "
ေ႐ႊဘုန္း ဒီေန႕ ေပ်ာ္ေနတာေပါ့။ ေခတ္ မမ က ဖုန္းဆက္ၿပီး အေၾကာင္စုံရွင္းျပထားတာ ေလ။ ေခတ္ မိဘ ေတြကလည္း သူနဲ႕ သေဘာတူေၾကာင္း ။ ၿပီးေတာ့ ေခတ္ ကို လိုက္ရွာေနအေၾကာင္းမမကေျပာ တာ ။ ေ႐ႊဘုန္းသိတာေပါ့ ေခတ္လည္း ဘယ္ေလာက္ သူ႕ကို လြမ္းေနမလဲဆိုတာ ။ ဒီသတင္း ၾကားရင္ ပုန္းေနတဲ့ ေနရာ က သူ႕ ခ်စ္သူေလးလည္း ထြက္ လာမွာပဲေလ။
"ဒယ္ဒီနဲ႕မာမီ ကို သားေျပာစရာရွိတယ္ "
"ေျပာေလ သားငယ္ေလး "
"သား အိမ္ေထာင္ျပဳေတာ့မယ္
ဒယ္ဒီနဲ႕မာမီ "
"ေဟာ"
အားလုံးအံအားသင့္ကုန္ၾကသည္။ သစ္သီး ပန္းကန္ လာပို႔တဲ့ႀကီးသူေတာင္ မ်က္လုံးျပဴးကာ ၾကည့္ေနေတာ့သည္။
"ေျပာပါအုန္း သားငယ္ေလး မာမီတို႔ အသိထဲကပဲလား "
"ဆိုစမ္းပါအုန္း ငါ့သားရဲ႕
ဒယ္ဒီက ေတာင္းေပးခ်င္လွၿပီ "
"ဒယ္ဒီနဲ႕မာမီကလည္း သားက မ်က္ႏွာ မမ်ားပါဘူးေနာ္
သားခ်စ္တဲ့သူကလည္းတစ္ေယာက္ထဲပဲ သူ႕ကိုပဲ လက္ထပ္မွာ "
"ဟင္"
"ႀကီးသူ ရဲ႕ သားေခတ္ေလးပဲလား သားငယ္ေလး "
"ႀကီးသူ အေတာ္ဆုံး "
"ဟုတ္တယ္ ဒယ္ဒီနဲ႕ မာမီ ေခတ္ေလးကို လိုက္ေတာင္းေပးဖို႔ ျပင္ထားပါ "
"သူမိဘေတြက သေဘာတူလိုက္ၿပီ "
"ဟင္ သားေခတ္ေလးကေကာ ျပန္ေရာက္ၿပီလား "
"သူလည္း ပုန္းေနတဲ့ေနရာက ျပန္လာေတာ့မွာပါ
အၾကာႀကီး မပုန္းနိုင္ပါဘူး သားသိပါတယ္ "
"မဂၤလာ စကားပဲ သားငယ္ေလး
ငါ့သားေလး ေပ်ာ္ေနတာနဲ႕တင္ မာမီတို႔က လိုက္ေတာင္းေပးဖို႔အဆင္အသင့္"
"႐ႊတ္ ဒါမွ သားမာမီကြ "
သားငယ္ ေလးရဲ႕ အေပ်ာ္ေတြက တစ္အိမ္လုံးဆီ စီးဆင္းသြားေတာ့သည္။ ညေန ထမင္းစားဝိုင္းမွာ စကားသံမ်ားဆူညံေနေတာ့သည္။
~~~~~~~~~~~
ေခတ္ ဒီေန႕ေတာ့ တိုက်ိဳက တီေလးဆီ သြားဖို႔ ဆုံးျဖတ္ထားတာ ။အလုပ္ပိတ္ ရက္လည္း ျဖစ္တာကတစ္ေၾကာင္း ၊ တီေလးနဲ႕တိုင္ပင္စရာရွိတာကတစ္ေၾကာင္း ေပါ့ ။ ကိုေဘးက တိုက်ိဳက အေတာ္ ေဝးပါတယ္ ။ အျမန္ဆုံးရထားစီးရင္ေတာင္ ၁နာရီေက်ာ္ၾကာတာ။ ေခတ္လည္း ေက်ာပိုး အိတ္ထဲမွာ အသုံးေဆာင္မ်ားထည့္ၿပီး အခန္းကထြက္လာခဲ့သည္။ တီေလးဆီမွာ တစ္ ညေလာက္ အိပ္မယ္လို႔လည္းစဥ္းစားထားတာ။ ေနာက္ေန႕ အလုပ္ ဖြင့္ရက္မွ တိုက်ိဳ ကေန အလုပ္ကို တခါတည္းသြားမယ္ေပါ့ ။ မေရာက္တာ ၾကာတဲ့ တီေလးဆီ သြားရအယ္ဆိုေတာ့ တက္ႂကြတဲ့ေျခလွမ္းေတြနဲ႕ေပါ့။
"ေဒါက္ေဒါက္ "
"ေဟာာ
သားေခတ္ေလး"
"တီေလး ဟီးး ဟင္းး"
တီေလး ကို ဖက္ၿပီး ရႈံးပြဲခ် ငိုပစ္လိုက္သည္။ တီေလးနဲ႕ ကအရမ္းႏွီးဆုံးေလ ။ ငယ္ငယ္ေလးကတည္း က တီေလးနဲ႕ပဲေနခဲ့ရတာကို ။အခု မေတြ႕တာ ၂ႏွစ္ေက်ာ္ၿပီေလ ။ ေခတ္ ဂ်ပန္ေရာက္ကတည္းက မေတြ႕ရေတာ့တာ ။
"သားေခတ္ေလး ဘယ္လို ေရာက္လာတာလဲ
စိတ္ေအးေအးထား တီေလးမဆူဘူး
မငိုနဲ႕ေတာ့ တိတ္ေတာ့ေလ ခေလးေလး "
တီေလးက ေခ်ာ့ေလ
တီေလး ခါးကို ဖက္ၿပီး ငိုတာ မၿပီးနိုင္ ။ ဝမ္းနည္းတာ ၊ စိတ္မေကာင္းတာေရာ ၿပီး တီေလး အခန္းမွာ ငိုလိုက္ တာ နာရီဝတ္ေလာက္ ၾကာသြားသည္။ တီေလးက မ်က္ရည္ေတြ သုတ္ေပးၿပီး ေခတ္နဖူးေလးကို နမ္းလိုက္၏ ။ ၿပီးေတာ့ သူပါမ်က္ရည္ေတြက်လာသည္။
"သားေခတ္ေလးရယ္ ဘယ္ေလာက္မ်ားဒုကၡေတြ ခံေနရတာလဲ
လူလည္းအရိုးပဲက်န္ေတာ့တယ္ေလ "
တီေလးေျပာတာ မွန္ပါတယ္။ အရင္က ေပါင္၁၃၀ ေလာက္ ရွိတဲ့ေခတ္ေလးက အခု ၁၁၀ေတာင္မျပည့္ခ်င္ေတာ့။ သူ႕အရပ္နဲ႕ဆို တအားေတြပိန္ၿပီးရွည္ေနတာ ။ဆံပင္ကလည္းရွည္ေနတာကို စီးထားေတာ့ လုံးဝ ေသးေသးသြယ္သြယ္ မိန္းကေလး လိုပဲ ။
"သားေခတ္ေလး ေျပာ တီေလး ဘာလုပ္ေပးရမလဲ
ငါ့သားေလး ငို မေနနဲ႕ေတာ့ "
တီေလးရဲ႕ အင္အားပါေသာစကားတစ္ခြန္းက ေခတ္အတြက္အားေဆးပါ။
တီေလးက ေခတ္ အတြက္ေတာ့ အေမလိုပါပဲ ။
" တီေလး သားဘာလုပ္ရမွန္းမသိေတာ့ဘူး
စိတ္ေတြ လည္း ရႈပ္ေနတာ"
"ေျပာ သားေခတ္
တီေလး လည္းဝိုင္းစဥ္းစားေပးမယ္"
ေခတ္လည္း သူနဲ႕ေ႐ႊဘုန္းအေၾကာင္းအစအဆုံးေျပာျပလိုက္သည္။ တီေလးက မမ ဖုန္းဆက္ထားလို႔ ေဖေဖနဲ႕ေမေမက သေဘာတူေၾကာင္းသိၿပီးသြားၿပီ။ ေခတ္ေျပာျပတာေတြ ေခါင္းတစ္ၿငိမ့္ၿငိမ့္နဲ႕နားေထာင္ေနရွာတာ ခ်စ္စရာ ေကာင္းလိုက္တာ ။ အသက္ ၄၀ေက်ာ္ အမ်ိဳးသမီးက အဲ့ေလာက္ၾကည့္ေကာင္းတာ ။
"အင္း ဟုတ္ပါၿပီ
တီေလး တစ္ခုေမးမယ္ သားေခတ္ေလး အခုအထိေ႐ႊဘုန္းကို ခ်စ္ေသးလား "
"သား ဘဝမွာ အငယ္ေလးထဲက အခုအထိ သူတစ္ေယာက္ပဲခ်စ္ခဲ့တာ "
"ဒါဆို ဘာလိုေသးလည္း သားေခတ္ရယ္
သားသူကို ခ်စ္တယ္ဆို သားရင္ဆိုင္ရမွာေလ
ဒီလိုပုန္းေနလို႔မရဘူး
သူ႕ဘက္ကိုလည္း ၾကည့္ရမယ္ေလ "
"ဟုတ္ကဲ့တီေလး
သူက သားကို အရင္လို ျပန္မခ်စ္ေတာ့ရင္ ဘယ္လိုလုပ္မလဲ"
"အဲ့ဒါကေတာ့ သားရင္ဆိုင္ရမယ့္ အခ်စ္ရဲ႕ဆိုးက်ိဳးပဲ ေလ
ကိုယ္ကေတာ့ ကိုယ့္အေၾကာင္းနဲ႕ကိုယ္ သူနဲ႕အေဝးကို ထြက္ေျပး လာခဲ့တာေလ
အခုလည္းသူ႕ ဆုံးျဖတ္ခ်က္ကို ေလးစားရမယ္ေလ
ၾကားလား သားေခတ္"
"ဟုတ္တီေလး သားျမန္မာျပည္ျပန္ၿပီး သူနဲ႕ရင္ဆိုင္လိုက္ပါမယ္
ပုန္းမေနေတာ့ပါဘူး
သူက အရင္လို ခ်စ္တာ မခ်စ္တာေတာ့ ေခတ္ကံေပါ့ "
"မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ပဲသားေလး ေတာ္တယ္
ဒါမွ တီေလးသား "
"႐ႊတ္" ေခတ္နဖူးေလးကိုနမ္းၿပီး ။ ေခတ္ကိုတင္းက်ပ္စြာ ဖက္ထားၿပီး ကေလးတစ္ေယာက္လို နမ္းေနေသးတာ ။
ၿပီးေတာ့ တီေလးကေျပာေသးတယ္ ။ ဒီတစ္ေခါက္ျမန္မာျပန္ၿပီး အားလုံးေျဖရွင္းလိုက္ တဲ့ ။ ေ႐ႊဘုန္း အရင္လိုမဟုတ္ေတာ့ရင္ သူက ျပင္သစ္က သူ႕သူငယ္ခ်င္း fashion ကုမၸဏီကို ပို႔ေပးမယ္တဲ့ ။ အဲ့အခါ ၾကရင္ေတာ့ ျမန္မာျပည္က အၿပီးထြက္ခဲ့ေတာ့တဲ့ ။ ေက်းဇူးပါတီေလး ။ေခတ္ ခက္ခဲေနတဲ့ဆုံးျဖတ္ခ်က္ကို တစ္မနက္ထဲ ဆုံးျဖတ္နိုင္ေအာင္ လမ္းျပေပးခဲ့လို႔ ။
"ထ သားေလး မ်က္ႏွာသြားသစ္"
"ကမာကူရ ဘုရားသြားဖူးၿပီး shopping ထြက္ၾကမယ္ သားေလး ႀကိဳက္တာဝယ္ တီေလးပိုက္ဆံေတြကူျဖဳန္းေပးပါအုန္း "
"႐ႊတ္ ဒါမွ သားတီေလး"
တီေလးက ေခတ္ ဆံပင္ေတြကို ျမန္မာလို တပတ္လွ်ို ဆံတုံး ထုံးေပးၿပီး ရွင္းေပးသည္။ ေခတ္ကို ဆံထုံး ထုံးနည္းသင္ေပးတယ္ ။ အခုမွပဲ ေခတ္ မ်က္ႏွာေလး သန့္ၿပီးရွင္းေနတာပဲ ။ တီေလး လက္ကိုဆြဲၿပီး ေပ်ာ္႐ႊင္စြာ တိုက်ိဳ ၿမိဳ႕အႏွံလည္ပတ္လိုက္သည္။
~~~~~~~~~~~~~~~
"ေရာက္ေနတာၾကာၿပီလား
ကားပိတ္ေနလို႔"
"မၾကာေသးပါဘူး (အဏၰဝါ) "
"ဪ ရေဝ တို႔ ျမတ္ တို႔နဲ႕ မေတြ႕ရတာေတာင္ ၾကာသြားၿပီ "
"ဟုတ္တယ္ အကို ေ႐ႊဘုန္း ( ျမတ္) "
"အကိုေကာ အဆင္ေျပသြားၿပီလား
( ရေဝ) "
"အဆင္ေျပေအာင္ႀကိဳးစားေနဆဲပါပဲ
အခုေတာ့ ၃ႏွစ္လည္း ျပည့္ေတာ့မယ္ဆိုေတာ့ ဒဏ္ရာက က်က္ ေနပါၿပီ"
"ေမတၱာ ဆိုတာ အသြားအျပန္ရွိပါတယ္ သားႀကီးရာ
မၾကာခင္ မင္းေမတၱာေတြ မင္းဆီျပန္ေရာက္လာမွာပါ ( ခန့္မင္း) "
"ဆုေတာင္းပါတယ္ကြာ"
ေ႐ႊဘုန္းတို႔ သူငယ္ခ်င္း သုံးေယာက္အပါအဝင္ ျမတ္နဲ႕ ရေဝပါဆုံေနၾကတာ။ ေခတ္ထြက္သြားၿပီး ေနာက္ပိုင္း မေတြ႕ရတာၾကာသြားလို႔ ။ အခု အားလုံးဆုံေနၾကတာ မၾကာခင္ေရာက္ေတာ့မယ့္ သၾကၤန္ပြဲေတာ္ က်င္းပနိုင္ေရးအတြက္ပါ ။
ေ႐ႊဘုန္းက ေခတ္ထြက္သြားကတည္းက သၾကၤန္ကို အဏၰဝါတို႔ ခန့္မင္းတို႔ ကိုသူရ တို႔နဲ႕ ပစ္ထားတာ ၾကာၿပီ။ သူကေတာ့ သၾကၤန္ဆို တရားစခန္းသြားတတ္တာ ။ အေပ်ာ္ဆိုတာေတြက သူ႕အတြက္ေခတ္မရွိထဲက မရွိေတာ့တာပါ ။
"သားရီး ဒီႏွစ္သၾကၤန္ေကာ ဘယ္လိုလဲ (အဏၰဝါ)"
"ဒီႏွစ္လည္း ထုံးစံအတိုင္းရိပ္သာေပါ့ကြာ
မင္းတို႔ပဲမ႑ပ္ကိုဦးစီးေပးအုန္း"
"ေအးပါ စိတ္ခ် (ခန့္မင္း)
ငါတို႔က မင္းကိုပါ ေပ်ာ္ေစခ်င္လို႔ပါ "
"ေနာက္ႏွစ္ေတြမွေပါ့ကြာ "
~~~~~~~~~~~~~
ေခတ္ ပစၥည္းေတြအားလုံးသိမ္းဆည္းၿပီးၿပီ။ ျမန္မာျပည္ျပန္ရင္ ၃ ရက္သာ လိုေတာ့သည္။ ကုမၸဏီကို လည္း ၃လႀကိဳ ထြက္စာတင္ၿပီးၿပီ။ အခန္းနားနီးတဲ့ မႀကီးသင္းတို႔ မိသားစုကိုလည္း ႏႈတ္ဆက္ၿပီးၿပီ။
"ေကာင္း အစစအရာရာ အတြက္ ေက်းဇူးတင္တယ္ေနာ္ "
"ရပါတယ္ သူငယ္ခ်င္းရယ္"
"ျမန္မာျပည္ျပန္ေရာက္လို႔ အဆင္မေျပရင္လည္းေျပာ မင္းအရည္အခ်င္းက ႀကိဳက္တဲ့ေနရာမွာ အလုပ္ဝင္လုပ္လို႔ရတယ္ "
"ေပ်ာ္ေအာင္သာေန
သူငယ္ခ်င္းေပ်ာ္ေနဖို႔က အဓိက"
"ဟင့္... "
ေခတ္မ်က္ရည္က်ၿပီး ေကာင္းကို ဖက္လိုက္သည္။ သူ႕အေပၚတကယ္ေကာင္းတဲ့ သူငယ္ခ်င္းပါ။ အၿမဲတမ္း သူ႕ဆုံးျဖတ္ခ်က္ကို တန္ဖိုးထားတာ ။ ေခတ္ မ်က္ႏွာ တခ်က္မွအပ်က္မခံပါ။
ဂ်ပန္မွာ ေခတ္ ေက်ာင္းတက္က တည္းက အစစ အရာရာ ကူညီေပးခဲ့ ဖူးတာ ။
"မငိုေတာ့နဲ႕ေလ ေခတ္
တိတ္ေတာ့ ရထားလာေတာ့မယ္"
ေခတ္က တိုက်ိဳကေန ေလယာဥ္စီးမွာမို႔ တီေလး ဆီ ႀကိဳၿပီးသြားတာ ။ တီေလးကိုလည္း ႏႈတ္ဆက္ရင္းေပါ့ ။
"ေအးပါ ေကာင္း
ျမန္မာျပည္ျပန္ေရာက္ရင္လည္း ငါ့ဆီဝင္အုန္း "
"ေအးပါ လမ္းခရီးမွာ ဂ႐ုစိုက္ "
ေကာင္းေပးလိုက္တဲ့ လက္ေဆာင္ ထုပ္ကို ကိုင္ကာ ရထားေပၚ တက္ၿပီး တိုက်ိဳ သို႔ ။
~~~~~~~~~~~~~
" ဝါးးး အိပ္လို႔ေကာင္းလိုက္တာ "
ေခတ္ မေန႕က ညေနကမွ ျမန္မာျပည္ ျပန္ေရာက္လာတာ ။ ေခတ္ ျပန္လာမယ္လို႔ ေျပာလိုက္ကတည္းက အေပ်ာ္ဆုံးက ရတုပါ ။ အခုလည္း ရတုကဝန္ထမ္းေတြနဲ႕ ေပါင္းၿပီး တစ္အိမ္လုံးသန့္ရွင္းေရးလုပ္ထားတာ ။ သၾကၤန္ပိတ္ရက္မို႔ ဝန္ထမ္းေတြေတာ့ ပိတ္ထားတာ ။ ရတုက ဘုရားပန္းေတြလည္း ေဝဆာေအာင္ လဲထားေပးတာ ။ ေရခဲေသတၱာ ထဲလည္း အျပည့္အစုံ ဝယ္ထည့္ေပးထားတာ။
ကိုယ့္အိမ္ကိုယ့္အခန္းမို႔ အိပ္ရတာ သက္ေတာ့သက္သာရွိလွသည္။ သူ႕အေမဆီဖုန္းဆက္ဖို႔ သူသြားတုန္းက ပိတ္ခဲ့တဲ့ ဖုန္းေလး ကို ဖြင့္လိုက္သည္။
Missed call အနီေရာင္ေလးေတြက ၁၀၀ေက်ာ္
အားလုံးနီးပါး ေမာင္ေခၚထားတာပဲ။ message ေတြအားလုံးကလည္း ေမာင္ပို႔ထားတာေတြ ၾကည့္ပဲ ။
"ေအာ္ ေမာင္ရယ္ "
ေခတ္ ေနာက္မွ ေအးေအးေဆးေဆး ဖြင့္ၾကည့္ဖို႔ ဆုံးျဖတ္ထားၿပီး ေမေမဆီ ဖုန္းေခၚလိုက္သည္။
📞တူ တူ တူ
📞ဟင္ သားေလး
အားရဝမ္းသာစြာ ထူးလိုက္တဲ့ေမေမ
၃ႏွစ္ေက်ာ္ မွေမေမ အသံကို ၾကားလိုက္ရတာ မ်က္ရည္ေတာင္ဝဲလာသည္ ။
📞သား အိမ္ျပန္ေရာက္ၿပီ ေမေမ
📞ေအး သားေလး ေတာ္တယ္ လိမၼာတယ္ေနာ္ ေမေမ့သားေလး
📞ေဖေဖနဲ႕ေမေမ ေကာ ေနေကာင္းလားသားေတြ႕ခ်င္လို႔
📞ေကာင္းတာေပါ့ သားေလးရယ္
ေဖေဖနဲ႕ေမေမ လည္း သားေလးကို လြမ္းေနတာ
📞သား ၅ရက္ေလာက္ေနမွ လာခဲ့မယ္ ေမေမ ဒီမွာ အလုပ္ကိစၥေလးျဖတ္လိုက္အုန္းမယ္
📞ေအး သားေလး ေမေမက ခ်စ္တယ္ေနာ္ သားေလး အားလုံးစိတ္ခ်မ္းသာေစရမယ္
📞ဟုတ္ေမေမ သားလည္းခ်စ္တယ္
ေမေမ့ကို ဖုန္းဆက္ၿပီး ေရခ်ိဳးခန္းဝင္လိုက္သည္။ ေရခ်ိဳးၿပီး ထမင္းခ်က္ျပဳတ္ စားေသာက္လိုက္တာ ေန႕လည္ေတာင္ ေရာက္သြားၿပီ ။ ေခတ္ရဲ႕ ဖုန္းေလး အားသြင္းထားတာလည္းျပည့္သြားၿပီဆိုေတာ့ wifi ေလးဖြင့္ကာ တီေလးနဲ႕ေကာင္းဆီ ျမန္မာျပည္ကို အဆင္ေျပေျပ ျပန္ေရာက္တဲ့အေၾကာင္း message ပို႔ လိုက္သည္။ ၿပီးမွ ၾကည့္လိုက္ေတာ့ Ig မွာ noti ေတြက အမ်ားႀကီး ။
Ig ဖြင့္ၾကည့္လိုက္ေတာ့မွ
"အမ္!!!"
ေမာင္က ေခတ္ မရွိတဲ့အေတြအတြင္း ေခတ္ကို လြမ္းေၾကာင္းတစ္ရက္မပ်က္post တင္ထားတာပဲ။ ေခတ္ျဖစ္ေစခ်င္တဲ့ ဘုန္းႀကီးေတာင္ ဝတ္လိုက္ေသးတာပဲ။ ေတာ္လိုက္တာ ေမာင္ရယ္ ။ လြမ္းလည္း လြမ္းလိုက္တာ ။ ေမာင္လည္း နည္းနည္းပိန္သြားတယ္ေနာ္။ အခု သၾကၤန္ေတာင္ ရိပ္သာဝင္ေနတာပဲ။ ေမာင္က လုံးဝ လူႀကီး ေလး တစ္ေယာက္ျဖစ္သြားၿပီ။ ေခတ္ မရွိတုန္း ေကာင္းေကာင္းေက်ာ္ျဖတ္လာတာပဲ။
"ဝါး ညေနေတာင္ ေရာက္လာၿပီပဲ "
ျမန္မာ ႏွစ္ဆန္းတစ္ရက္ေန႕ဆိုေတာ့ ဘုရားသြားဖို႔ျပင္လိုက္သည္။
ေ႐ႊဘုန္း ရိပ္သာက အျပန္ ႏွစ္ဆန္းတစ္ရက္ေန႕ဆိုေတာ့ ထုံးစံအတိုင္း ဘုရားဝင္ရန္ ကိုစည္သူကို ေျပာလိုက္သည္။ သၾကၤန္ အႀကိဳကေန ဒီေန႕ နစ္ဆန္းတစ္ရက္ေန႕အထိ တရားအားထုတ္ၿပီး အခုမွ ရိပ္သာက ထြက္လာတာေၾကာင့္ ေယာပုဆိုးအညို ၊စတစ္ လက္ရွည္ အျဖဴေရာင္ နဲ႕ ။ ဗုဒၶဟူးနံဘုရားမွာ ေရသပၸါယ္ ပန္းကပ္ၿပီး ပိုက္ဆံလႉရန္အထမွာ
"ဟမ္!!!!
ေခတ္ေလး "
စေနနံ ဘုရားမွာ ေရသပၸါယ္ေနတဲ့ ေခတ္ေလး ။ ပုဆိုး အနက္ ေရာင္အစင္းေလးနဲ႕ စတစ္ လက္ရွည္ အနက္ ေလးဝတ္ထားတာ။ ျဖဴေဖြးေနတဲ့အသားက အရင္ကထက္ ႏုၿပီးေဖြးေနတာ ။ ဆံတုံးထုံးထားတာေၾကာင့္ မ်က္ႏွာက အထင္းသား။ ပိန္တာေတာ့ သိသိသာသာ ပိန္သြားတယ္ ။
'ေမာင့္ ေခတ္ေလး ရယ္ ခင္ဗ်ားေလးကို လုံးေခ်ၿပီး တစစီ လုပ္ပစ္ခ်င္တာဗ်ာ
ဘုရားေပၚမွာပဲ ဆြဲၿပီးနမ္းပစ္လိုက္ခ်င္တာ'
ေခတ္ကေတာ့ ေ႐ႊဘုန္းကို မျမင္ပဲ အလႉေငြ ထည့္ၿပီး ဘုရားကို လက္ဝဲရစ္တစ္ပတ္ ပတ္ေနသည္။ ေ႐ႊဘုန္းလည္း မလွမ္းမကမ္းကေန လိုက္ေနတာ ။ၿပီးမွ ေလွခါးအတိုင္း အေရွ႕ဘက္မုဒ္မွ ေခတ္ဆင္းသြားသည္။ ေ႐ႊဘုန္းက ကိုစည္သူကို ကားေမာင္း လာဖို႔ ဖုန္းဆက္လိုက္သည္။
သူ႕ေနာက္မွာ ေ႐ႊဘုန္းပါလာတာကို မသိဘဲ taxi ငွားေနတဲ့ လက္ေသးေသးေလးကိုဆြဲကာ ေရွ႕မွာ ရပ္ထားတဲ့ ကားေပၚဆြဲေခၚ လာလိုက္ သည္ ။
"အင့္.."
ကားေပၚေရာက္ေတာ့ ေ႐ႊဘုန္းကို ျမင္ေတာ့မွ မ်က္လုံးျပဴးကာ
တံခါးဖြင့္ၿပီး ျပန္ဆင္းမယ္အလုပ္။
" အဲ့ဒါ ဘာလုပ္တာလဲ
ဘယ္ဆင္းအုန္းမလို႔လဲ"
ေ႐ႊဘုန္း ေဒါသနဲ႕ ေခၚလိုက္ေတာ့ ၿငိမ္သြားၿပီး ။
"ကိုစည္သူ ေမာင္းေတာ့ "
"ဟုတ္ သခင္ေလး
ဘယ္ကို ေမာင္းရမလဲ"
"ေခတ္ အိမ္ကို ေမာင္းေပးပါ ကိုစည္သူ"
အလန့္တၾကား သူ႕ကို ေ႐ႊဘုန္းေခၚသြားမွာ ေၾကာက္ေနတာ ။
'ဒီကလည္း ခင္ဗ်ားကို ေက်နပ္တာ မဟုတ္ဘူး'
ေ႐ႊဘုန္းစိတ္ထဲက ႀကိတ္ကာ ေျပာလိုက္ၿပီး မသိခ်င္ေယာင္ေဆာင္ကာ ဖုန္းၾကည့္ေနလိုက္သည္။ ေ႐ႊဘုန္းကို ေဘးက အေကာင္ေပါက္လည္းက ခဏခဏ ခိုးၾကည့္ေနတာ သိတာေပါ့။ မသိခ်င္ေယာင္ေဆာင္ၿပီး ေ႐ႊဘုန္းေနရေပမယ့္ ရင္ခြင္ထဲကိုဆြဲသြင္းခ်င္တာ တားမရ။ စိတ္ထဲမွာ ႀကိတ္ၿပဳံးရင္း ေျပာေနတဲ့စကားေတြသာ ေခတ္ေလး ၾကားလို႔ကေတာ့ ။
'ခင္ဗ်ားေတာ့ နာ ေတာ့မယ္ ေမာင့္ေခတ္ေလး
ေမာင္က ခင္ဗ်ားကို တခုခု လုပ္ေတာ့မွာ'
အခ်စ္မ်ားစြာျဖင့္ 🌻
30.4.2022(Sat)