...
ေဆာ့ဂ်င္အပါအဝင္ Cခန္းထဲ႐ွိေက်ာင္းသားမ်ား အုပ္အုပ္က်က္က်က္ျဖစ္ေနၾကသည္။အေၾကာင္းမွာေတာ့ အတန္းေခါင္းေဆာင္အရက္ပုလင္းပါလာေသာေၾကာင့္ပင္ျဖစ္သည္။အမွန္ေတာ့အတန္းေခါင္းေဆာင္ဟာ အသဲကြဲေနျခင္းျဖစ္၏။
ႏႈတ္ခမ္းနီဆိုး၊အလွျပင္ေနၾကေသာေက်ာင္းသူမ်ားသည္ သူတို႔အားဂ႐ုထားမိပံုမေပၚ။ေဆာ့ဂ်င္ထိုင္ခံုအေပၚ၌ ဂိုဏ္းေခါင္းေဆာင္လိုေျခခ်ိတ္ထိုင္ေနစဥ္တြင္ အေတြးေပါင္းေျမာက္ျမားစြာ ေခါင္းထဲေရာက္သည္။
ေသခ်ာေပါက္ကို နမ္ဂြၽန္းႀကိဳက္မည့္အလုပ္မဟုတ္ပါ။ကံမေကာင္းလွ်င္ သူ႔အားမေခၚဘဲေနႏိုင္သည္။ေဆာ့ဂ်င္ေဘာပင္အားလွည့္ေနရင္း နားထင္အားလက္တစ္ဖက္ႏွင့္ေထာက္ထားလိုက္သည္။အျပစ္မႀကီးပါ။နမ္ဂြၽန္းမသိေလာက္မွာလည္း ျဖစ္ႏိုင္ပါသည္။
ဒါဟာသူတို႔Cခန္း၏ ထိပ္တန္းလွ်ိဳ႕ဝွက္ခ်က္ႀကီးျဖစ္သည္။
"ကင္မ္ေဆာ့ဂ်င္ ေရာ့ မင္းခြက္ အိုင္တင္ထုတ္မေနနဲ႔"
အသဲကြဲေနေသာအတန္းေခါင္းေဆာင္သည္ သူ႔လက္ထဲသို႔ခြက္တစ္ခြက္ထိုးထည့္ေပးလာသည္။ဆန္းၾကည့္လွ်င္ေကာင္းမလားလို႔စဥ္းစားမိတိုင္း နမ္ဂြၽန္းကေခါင္းထဲဝင္လာသည္။မေန႔ကဂိုက္အခ်ိန္တြင္ ဂိုက္ဆရာထက္ကင္မ္နမ္ဂြၽန္း..သူ႔အေပၚမွာပဲအာရံုေတြ႐ွ္ခဲ့သည္။
သူသိပ္ခ်စ္ေနၿပီထင္သည္။သူတစ္ေယာက္ပဲသိရံုႏွင့္လံုေလာက္ၿပီဟုလည္းသူထင္သည္။သစ္ရြက္ကေလးေတြလႈပ္ရံုႏွင့္စိတ္ဝင္စားတတ္သူမဟုတ္ေသာ္လည္း ဆယ္ေက်ာ္သက္အရြယ္တြင္မို႔ သိပ္သံသရ႐ွိဖြယ္ေကာင္းသည္။
ရင္ထဲေလးလံသည္။
"ခ်ီးယား..."
Cခန္းအတြင္းတြင္ အသံမ်ားက်ယ္ေလာင္သြားသည္။ပထမဆံုးအႀကိမ္တြင္ ခါးသက္ၿပီးအနံ႔သည္စူး႐ွသည္။ရင္ထဲေပါ့ပါးလို႔သြားသည္။ဒါကို ေဆာ့ဂ်င္သေဘာေတြ႕မိသြားသည္။ေနာက္ထပ္..ႏွစ္ခြက္..သံုးခြက္..ႏႈတ္ခမ္းေတြသည္အလိုလိုျပံဳးလာၿပီး သူ႔နည္းတူအတန္းသားမ်ားအားလည္း ေဝဝါးစြာေတြ႔လိုက္ရသည္။
အတန္းသားေတြမူးေနၾကလို႔သေဘာတက်ေတာင္ရယ္ေမာလိုက္မိေသးသည္။
"ေဟ့ေကာင္ေတြ..!!!"
ေဒါသတႀကီးႀကိမ္တုတ္ႏွင့္ဝင္လာေသာအတန္းပိုင္ဆရာအားေတြ႔လိုက္ရေသာအခါ ေဆာ့ဂ်င္လက္ျပလိုက္မိသည္။
"မဂၤလာပါဆရာ.."
...
Cခန္းေ႐ွ႕တြင္ ေက်ာင္းသားမ်ားတန္းစီရပ္ေနၾကၿပီး မ်က္ႏွာငယ္ႏွင့္ေက်ာင္းသူမ်ားလည္း႐ွိေနေလသည္။
*ေဖ်ာင္း*
ေျခသလံုးေဖြးေဖြးေလးထက္သို႔ႀကိမ္တုတ္ဒဏ္မ်ား တရစပ္က်ေရာက္လာေသာအခါ ေဆာ့ဂ်င္မူးေဝေနရာမွမ်က္လံုးေလးေတြျပဴးေၾကာင္သြားရသည္။ဒီေ႐ွ႕တင္ဆရာ႐ိုက္ရန္အတြက္ ေဘာင္းဘီေလးကို ကိုယ္တိုင္လိပ္တင္ေပးခဲ့ေသးသည္။
"ေျပၿပီလား..ဟမ္"
အသိစိတ္ဝင္လာေသာအခါ မနီးမေဝး႐ွိခါးေထာက္လ်က္မတ္တပ္ရပ္ေနေသာနမ္ဂြၽန္းအားဦးစြာေတြ႔လိုက္ရသည္။မ်က္လံုးေလးမ်ားအတြင္းသို႔အရည္ေလးမ်ားေဝ့လာေသာအခါ ကြၽတ္ထိုးေနေသာသူ႔ကိုယ္သူသတိထားမိသည္။
"အင့္..ေအ့.."
"ကင္မ္ေဆာ့ဂ်င္မင္းအဆိုးဆံုးေနာ္"
*ေဖ်ာင္း*
"အ့ နမ္ဂြၽန္း.."
ထပ္မံအ႐ိုက္ခံလိုက္ရေသာအခါ ေဆာ့ဂ်င္ဒူးေထာက္လဲက်သြားၿပီး ႐ွဴးဖိနပ္ေလးအားလက္ႏွင့္ေထာက္မိသြားသည္။အျပစ္သားတစ္ေယာက္လိုလူအမ်ားႀကီးဝိုင္းၾကည့္တာကိုခံေနရလို႔ ေဆာ့ဂ်င္ နံရံတြင္မွီေနေသာသူ႔ခိုလွံုရာထံသို႔ဖိနပ္မပါဘဲ ေျပးသြားမိသည္။
အမူးေတြေတာင္ေပ်ာက္ၿပီး နမ္ဂြၽန္းရင္ခြင္အတြင္းမ်က္ႏွာေလးအားအပ္ထားလိုက္မိသည္။ျပန္လည္ေပြ႕ဖက္မႈကိုမရ႐ွိ၍ သိပ္ဝမ္းနည္းၿပီး နမ္ဂြၽန္းအေပၚသို႔ခိုတက္မိသည္။သို႔ေသာ္ အဆြဲခ်ခံလိုက္ရသည္။
"ကိုယ့္အျပစ္ကိုယ္ခံ ကင္မ္ေဆာ့ဂ်င္"
ေလသံသည္ေအးစက္လို႔ေနၿပီး မ်က္လံုးေတြသည္စူး႐ွလို႔ေနသည္။နမ္ဂြၽန္း၏ေက်ာျပင္ကိုသာျမင္လိုက္ရသည္။လက္ထဲသို႔ေဘာပင္တစ္ေခ်ာင္းေရာက္လာၿပီး ခံဝန္ထိုးရမည့္အခ်ိန္တြင္ သူ႔နည္းတူသနားစရာေဘာ္ဒါမ်ားကိုပါေတြ႕လိုက္ရသည္။အထက္တန္းဒုတိယႏွစ္အရြယ္တြင္ ကေလးငယ္ကဲ့သို႔ငိုေနသူကေတာ့ သူတစ္ေယာက္တည္းသာျဖစ္သည္။
သိပ္ဝမ္းနည္းတာမို႔။
...
ေက်ာင္းေ႐ွ႕တြင္လူ႐ွင္းလို႔ေနၿပီ။
အရက္နံ႔စြဲေနေသးေသာသူ႔ကုတ္အက်ီ္ ၤအားစက္ဘီးျခင္းေတာင္းအတြင္းထည့္ထားၿပီး ႐ွဴးဖိနပ္ႀကိဳးအားတင္းေနေအာင္ခ်ည္မိသည္။နမ္ဂြၽန္း၏စက္ဘီးအနားတြင္ရပ္ေနရင္း ေက်ာင္းအေ႐ွ႕၌ နမ္ဂြၽန္းအလာကိုေစာင့္ေနမိသည္။
ရြက္ေျခာက္မ်ားသူ႔ေခါင္းလံုးလံုးေလးထက္သို႔ေႂကြက်လာတာကိုသိေသာ္လည္း မဖယ္႐ွားမိပါ။ငိုပဲငိုခ်င္ေနၿပီး ေက်ာင္းဂိတ္ဝအားေငးေနမိသည္။
"အရက္သမားအခန္းက အရက္သမားမဟုတ္လား.."
"အရက္သမားေတြကငိုတတ္တာလား.."
သူခိုးလူျပန္ဟစ္ေနေသာ Eခန္းကလူမိုက္တစ္သိုက္သူ႔ေဘးသို႔ေရာက္လာၾကသည္။ေဆာ့ဂ်င္စက္ဘီးလက္ကိုင္ေလးအားဆုပ္ကိုင္ထားမိရင္း အၾကည့္မ်ားအားဂိတ္ဝမွပင္မဖယ္႐ွားမိေပ။
"ေဟ့ေကာင္..ဟား..အရက္သမားက အရက္နံ႔စြဲေနတုန္းပဲ.."
သူ႔ဂုတ္အနားသို႔တိုးေဝွ့လာၿပီး နမ္းသလိုလိုလုပ္လာေသာအခါ ေဆာ့ဂ်င္ေၾကာက္အားလန္႔အားႏွင့္႐ုန္းကန္ထြက္မိသည္။႐ုန္းမိေသာအခါ တစ္ဖက္ကေကာင္မ်ားကခါးအားဆြဲေပြ႔သည္။
"ဒါေပမယ့္ ခ်စ္ဖို႔ေကာင္းတယ္.."
"ေဟ့ေကာင္ေတြ ဖယ္ ဖယ္.."
"အရက္သမားကအားမ႐ွိပါလား.."
သူ႔လက္ေကာက္ဝတ္အားဆုပ္ကိုင္လိုက္ေသာေကာင္ေၾကာင့္ ေဆာ့ဂ်င္ေၾကာက္ရြံ႔လာၿပီး မ်က္ရည္ေတြက်ဆင္းသည္။ေက်ာင္းဂိတ္ကိုေငးေနရင္း နမ္ဂြၽန္းကိုျမင္မိေသာအခါေဆာ့ဂ်င္႐ုန္းေနရာမွရပ္မိသြားသည္။
သူ႔ထံသို႔ေျပးလာေသာနမ္ဂြၽန္းသည္ သူ႔လက္ေကာက္ဝတ္အားဆုပ္ကိုင္ထားသူအား ဆြဲထိုးပစ္သည္။ေမးေၾကာမ်ားတင္းမာေနတာကိုေတြ႕ရၿပီးေနာက္ ေဆာ့ဂ်င္ထိုင္ခ်လိုက္မိသည္။Eခန္း႐ွိေကာင္ေတြသည္ ခုခံမႈပင္မ႐ွိဘဲထြက္ေျပးကုန္ၾကသည္။
"ကင္မ္ေဆာ့ဂ်င္ကိုထိေတာင္မထိနဲ႔.."
အေနာက္မွေျပးလိုက္ရန္ျပန္ေနေသာနမ္ဂြၽန္း၏ေက်ာျပင္အား ေဆာ့ဂ်င္ေပြ႔ဖက္လိုက္မိသည္။ျပန္လည္ေပြ႔ဖက္လာတာကိုခံစားမိသည္။နမ္ဂြၽန္းဒီလိုထိေဒါသထြက္ေနတာကိုအခုမွပထမဆံုးသူျမင္ဖူးသည္။
"ငါ႐ွိတယ္..မ်က္ရည္မက်စမ္းနဲ႔"
"ငါ့မ်က္ရည္နဲ႔ငါက်တာ.."
႐ိႈက္သံမ်ားထြက္ေနရင္း နမ္ဂြၽန္းအေပၚသို႔ကုတ္တက္မိသည္။
ထိုေန႔တြင္ နမ္ဂြၽန္းသည္ သူ႔ကိုေပြ႕လ်က္ စက္ဘီးႏွစ္ဘီးတြန္းခဲ့ရေလသည္။
...
ငါးရက္..ေျခာက္ရက္..တစ္ပတ္..။
မလာတာၾကာေသာစာအုပ္အငွါးဆိုင္တြင္ တိတ္ဆိတ္စြာစာအုပ္အထူႀကီးအားဖတ္ေနေသာနမ္ဂြၽန္း႐ွိေလသည္။ေဆာ့ဂ်င္ကေတာ့ထံုးစံအတိုင္းဦးေလးႀကီးလာခ်ေပးထားေသာတည္သီးမွည့္မ်ားကိုသာတျမံဳ႕ျမံဳ႕ဝါးစားေနေလသည္။
ပါးျပင္ေခ်ာေခ်ာထက္တြင္မွဲ႔နက္ကေလးေတြတန္းစီလို႔ေနသည္။တန္းေနေသာ မ်က္ခံုးတန္းႏွင့္ၾကယ္ေရာင္ေတာက္ေနေသာမ်က္လံုးေလးေတြ႐ွိသည္။အာရံုစူးစိုက္ေနခ်ိန္တိုင္းတြင္သိပ္ၾကည့္ေကာင္းသည္။
"ခ်စ္လိုက္တာ.."
လႊတ္ခနဲထြက္မိသြားလို႔ပါးစပ္အားလက္ႏွင့္အုပ္မိသြားသည္။တည္သီးမွည့္ေတြသူ႔လက္အားေပလို႔သြားသည္။နမ္ဂြၽန္းလွည့္ၾကည့္လာေသာ္ပါးျပင္မ်ားနီျမန္ၿပီးမ်က္လံုးမ်ားဂနာမၿငိမ္ျဖစ္သည္။
ပန္းႏုေရာင္လက္ကိုင္ပုဝါေလးႏွင့္သူ႔ႏႈတ္ခမ္းေလးအားဖိပြတ္ေပးလာသည္။ေဆာ့ဂ်င္မ်က္ခံုးက်ံဳ႕မိသြားသည္။
"ေကာင္မေလး႐ွာေပးမယ္.."
"မ်က္စိက်ေနတဲ့တစ္ေယာက္ေတာ့႐ွိတယ္.."
"ဘာ ! ငါေတာင္႐ွာမေပးဘဲနဲ႔.."
ရယ္သံမ်ားထြက္ေပၚလာေသာ္ လက္ေခ်ာင္း႐ွည္မ်ားအားလိမ္ခ်ိဳးလိုက္မိသည္။ရြက္ေျခာက္တစ္ခ်ိဳ႕စားပြဲအေပၚသို႔က်လာေလသည္။
_
T.B.C
Written by
Guu_Joonilili
Unicode~
...
ဆော့ဂျင်အပါအဝင် Cခန်းထဲရှိကျောင်းသားများ အုပ်အုပ်ကျက်ကျက်ဖြစ်နေကြသည်။အကြောင်းမှာတော့ အတန်းခေါင်းဆောင်အရက်ပုလင်းပါလာသောကြောင့်ပင်ဖြစ်သည်။အမှန်တော့အတန်းခေါင်းဆောင်ဟာ အသဲကွဲနေခြင်းဖြစ်၏။
နှုတ်ခမ်းနီဆိုး၊အလှပြင်နေကြသောကျောင်းသူများသည် သူတို့အားဂရုထားမိပုံမပေါ်။ဆော့ဂျင်ထိုင်ခုံအပေါ်၌ ဂိုဏ်းခေါင်းဆောင်လိုခြေချိတ်ထိုင်နေစဉ်တွင် အတွေးပေါင်းမြောက်မြားစွာ ခေါင်းထဲရောက်သည်။
သေချာပေါက်ကို နမ်ဂျွန်းကြိုက်မည့်အလုပ်မဟုတ်ပါ။ကံမကောင်းလျှင် သူ့အားမခေါ်ဘဲနေနိုင်သည်။ဆော့ဂျင်ဘောပင်အားလှည့်နေရင်း နားထင်အားလက်တစ်ဖက်နှင့်ထောက်ထားလိုက်သည်။အပြစ်မကြီးပါ။နမ်ဂျွန်းမသိလောက်မှာလည်း ဖြစ်နိုင်ပါသည်။
ဒါဟာသူတို့Cခန်း၏ ထိပ်တန်းလျှို့ဝှက်ချက်ကြီးဖြစ်သည်။
"ကင်မ်ဆော့ဂျင် ရော့ မင်းခွက် အိုင်တင်ထုတ်မနေနဲ့"
အသဲကွဲနေသောအတန်းခေါင်းဆောင်သည် သူ့လက်ထဲသို့ခွက်တစ်ခွက်ထိုးထည့်ပေးလာသည်။ဆန်းကြည့်လျှင်ကောင်းမလားလို့စဉ်းစားမိတိုင်း နမ်ဂျွန်းကခေါင်းထဲဝင်လာသည်။မနေ့ကဂိုက်အချိန်တွင် ဂိုက်ဆရာထက်ကင်မ်နမ်ဂျွန်း..သူ့အပေါ်မှာပဲအာရုံတွေရှ်ခဲ့သည်။
သူသိပ်ချစ်နေပြီထင်သည်။သူတစ်ယောက်ပဲသိရုံနှင့်လုံလောက်ပြီဟုလည်းသူထင်သည်။သစ်ရွက်ကလေးတွေလှုပ်ရုံနှင့်စိတ်ဝင်စားတတ်သူမဟုတ်သော်လည်း ဆယ်ကျော်သက်အရွယ်တွင်မို့ သိပ်သံသရရှိဖွယ်ကောင်းသည်။
ရင်ထဲလေးလံသည်။
"ချီးယား..."
Cခန်းအတွင်းတွင် အသံများကျယ်လောင်သွားသည်။ပထမဆုံးအကြိမ်တွင် ခါးသက်ပြီးအနံ့သည်စူးရှသည်။ရင်ထဲပေါ့ပါးလို့သွားသည်။ဒါကို ဆော့ဂျင်သဘောတွေ့မိသွားသည်။နောက်ထပ်..နှစ်ခွက်..သုံးခွက်..နှုတ်ခမ်းတွေသည်အလိုလိုပြုံးလာပြီး သူ့နည်းတူအတန်းသားများအားလည်း ဝေဝါးစွာတွေ့လိုက်ရသည်။
အတန်းသားတွေမူးနေကြလို့သဘောတကျတောင်ရယ်မောလိုက်မိသေးသည်။
"ဟေ့ကောင်တွေ..!!!"
ဒေါသတကြီးကြိမ်တုတ်နှင့်ဝင်လာသောအတန်းပိုင်ဆရာအားတွေ့လိုက်ရသောအခါ ဆော့ဂျင်လက်ပြလိုက်မိသည်။
"မင်္ဂလာပါဆရာ.."
...
Cခန်းရှေ့တွင် ကျောင်းသားများတန်းစီရပ်နေကြပြီး မျက်နှာငယ်နှင့်ကျောင်းသူများလည်းရှိနေလေသည်။
*ဖျောင်း*
ခြေသလုံးဖွေးဖွေးလေးထက်သို့ကြိမ်တုတ်ဒဏ်များ တရစပ်ကျရောက်လာသောအခါ ဆော့ဂျင်မူးဝေနေရာမှမျက်လုံးလေးတွေပြူးကြောင်သွားရသည်။ဒီရှေ့တင်ဆရာရိုက်ရန်အတွက် ဘောင်းဘီလေးကို ကိုယ်တိုင်လိပ်တင်ပေးခဲ့သေးသည်။
"ပြေပြီလား..ဟမ်"
အသိစိတ်ဝင်လာသောအခါ မနီးမဝေးရှိခါးထောက်လျက်မတ်တပ်ရပ်နေသောနမ်ဂျွန်းအားဦးစွာတွေ့လိုက်ရသည်။မျက်လုံးလေးများအတွင်းသို့အရည်လေးများဝေ့လာသောအခါ ကျွတ်ထိုးနေသောသူ့ကိုယ်သူသတိထားမိသည်။
"အင့်..အေ့.."
"ကင်မ်ဆော့ဂျင်မင်းအဆိုးဆုံးနော်"
*ဖျောင်း*
"အ့ နမ်ဂျွန်း.."
ထပ်မံအရိုက်ခံလိုက်ရသောအခါ ဆော့ဂျင်ဒူးထောက်လဲကျသွားပြီး ရှူးဖိနပ်လေးအားလက်နှင့်ထောက်မိသွားသည်။အပြစ်သားတစ်ယောက်လိုလူအများကြီးဝိုင်းကြည့်တာကိုခံနေရလို့ ဆော့ဂျင် နံရံတွင်မှီနေသောသူ့ခိုလှုံရာထံသို့ဖိနပ်မပါဘဲ ပြေးသွားမိသည်။
အမူးတွေတောင်ပျောက်ပြီး နမ်ဂျွန်းရင်ခွင်အတွင်းမျက်နှာလေးအားအပ်ထားလိုက်မိသည်။ပြန်လည်ပွေ့ဖက်မှုကိုမရရှိ၍ သိပ်ဝမ်းနည်းပြီး နမ်ဂျွန်းအပေါ်သို့ခိုတက်မိသည်။သို့သော် အဆွဲချခံလိုက်ရသည်။
"ကိုယ့်အပြစ်ကိုယ်ခံ ကင်မ်ဆော့ဂျင်"
လေသံသည်အေးစက်လို့နေပြီး မျက်လုံးတွေသည်စူးရှလို့နေသည်။နမ်ဂျွန်း၏ကျောပြင်ကိုသာမြင်လိုက်ရသည်။လက်ထဲသို့ဘောပင်တစ်ချောင်းရောက်လာပြီး ခံဝန်ထိုးရမည့်အချိန်တွင် သူ့နည်းတူသနားစရာဘော်ဒါများကိုပါတွေ့လိုက်ရသည်။အထက်တန်းဒုတိယနှစ်အရွယ်တွင် ကလေးငယ်ကဲ့သို့ငိုနေသူကတော့ သူတစ်ယောက်တည်းသာဖြစ်သည်။
သိပ်ဝမ်းနည်းတာမို့။
...
ကျောင်းရှေ့တွင်လူရှင်းလို့နေပြီ။
အရက်နံ့စွဲနေသေးသောသူ့ကုတ်အင်္ကျ်ီအားစက်ဘီးခြင်းတောင်းအတွင်းထည့်ထားပြီး ရှူးဖိနပ်ကြိုးအားတင်းနေအောင်ချည်မိသည်။နမ်ဂျွန်း၏စက်ဘီးအနားတွင်ရပ်နေရင်း ကျောင်းအရှေ့၌ နမ်ဂျွန်းအလာကိုစောင့်နေမိသည်။
ရွက်ခြောက်များသူ့ခေါင်းလုံးလုံးလေးထက်သို့ကြွေကျလာတာကိုသိသော်လည်း မဖယ်ရှားမိပါ။ငိုပဲငိုချင်နေပြီး ကျောင်းဂိတ်ဝအားငေးနေမိသည်။
"အရက်သမားအခန်းက အရက်သမားမဟုတ်လား.."
"အရက်သမားတွေကငိုတတ်တာလား.."
သူခိုးလူပြန်ဟစ်နေသော Eခန်းကလူမိုက်တစ်သိုက်သူ့ဘေးသို့ရောက်လာကြသည်။ဆော့ဂျင်စက်ဘီးလက်ကိုင်လေးအားဆုပ်ကိုင်ထားမိရင်း အကြည့်များအားဂိတ်ဝမှပင်မဖယ်ရှားမိပေ။
"ဟေ့ကောင်..ဟား..အရက်သမားက အရက်နံ့စွဲနေတုန်းပဲ.."
သူ့ဂုတ်အနားသို့တိုးဝှေ့လာပြီး နမ်းသလိုလိုလုပ်လာသောအခါ ဆော့ဂျင်ကြောက်အားလန့်အားနှင့်ရုန်းကန်ထွက်မိသည်။ရုန်းမိသောအခါ တစ်ဖက်ကကောင်များကခါးအားဆွဲပွေ့သည်။
"ဒါပေမယ့် ချစ်ဖို့ကောင်းတယ်.."
"ဟေ့ကောင်တွေ ဖယ် ဖယ်.."
"အရက်သမားကအားမရှိပါလား.."
သူ့လက်ကောက်ဝတ်အားဆုပ်ကိုင်လိုက်သောကောင်ကြောင့် ဆော့ဂျင်ကြောက်ရွံ့လာပြီး မျက်ရည်တွေကျဆင်းသည်။ကျောင်းဂိတ်ကိုငေးနေရင်း နမ်ဂျွန်းကိုမြင်မိသောအခါဆော့ဂျင်ရုန်းနေရာမှရပ်မိသွားသည်။
သူ့ထံသို့ပြေးလာသောနမ်ဂျွန်းသည် သူ့လက်ကောက်ဝတ်အားဆုပ်ကိုင်ထားသူအား ဆွဲထိုးပစ်သည်။မေးကြောများတင်းမာနေတာကိုတွေ့ရပြီးနောက် ဆော့ဂျင်ထိုင်ချလိုက်မိသည်။Eခန်းရှိကောင်တွေသည် ခုခံမှုပင်မရှိဘဲထွက်ပြေးကုန်ကြသည်။
"ကင်မ်ဆော့ဂျင်ကိုထိတောင်မထိနဲ့.."
အနောက်မှပြေးလိုက်ရန်ပြန်နေသောနမ်ဂျွန်း၏ကျောပြင်အား ဆော့ဂျင်ပွေ့ဖက်လိုက်မိသည်။ပြန်လည်ပွေ့ဖက်လာတာကိုခံစားမိသည်။နမ်ဂျွန်းဒီလိုထိဒေါသထွက်နေတာကိုအခုမှပထမဆုံးသူမြင်ဖူးသည်။
"ငါရှိတယ်..မျက်ရည်မကျစမ်းနဲ့"
"ငါ့မျက်ရည်နဲ့ငါကျတာ.."
ရှိုက်သံများထွက်နေရင်း နမ်ဂျွန်းအပေါ်သို့ကုတ်တက်မိသည်။
ထိုနေ့တွင် နမ်ဂျွန်းသည် သူ့ကိုပွေ့လျက် စက်ဘီးနှစ်ဘီးတွန်းခဲ့ရလေသည်။
...
ငါးရက်..ခြောက်ရက်..တစ်ပတ်..။
မလာတာကြာသောစာအုပ်အငှါးဆိုင်တွင် တိတ်ဆိတ်စွာစာအုပ်အထူကြီးအားဖတ်နေသောနမ်ဂျွန်းရှိလေသည်။ဆော့ဂျင်ကတော့ထုံးစံအတိုင်းဦးလေးကြီးလာချပေးထားသောတည်သီးမှည့်များကိုသာတမြုံ့မြုံ့ဝါးစားနေလေသည်။
ပါးပြင်ချောချောထက်တွင်မှဲ့နက်ကလေးတွေတန်းစီလို့နေသည်။တန်းနေသော မျက်ခုံးတန်းနှင့်ကြယ်ရောင်တောက်နေသောမျက်လုံးလေးတွေရှိသည်။အာရုံစူးစိုက်နေချိန်တိုင်းတွင်သိပ်ကြည့်ကောင်းသည်။
"ချစ်လိုက်တာ.."
လွှတ်ခနဲထွက်မိသွားလို့ပါးစပ်အားလက်နှင့်အုပ်မိသွားသည်။တည်သီးမှည့်တွေသူ့လက်အားပေလို့သွားသည်။နမ်ဂျွန်းလှည့်ကြည့်လာသော်ပါးပြင်များနီမြန်ပြီးမျက်လုံးများဂနာမငြိမ်ဖြစ်သည်။
ပန်းနုရောင်လက်ကိုင်ပုဝါလေးနှင့်သူ့နှုတ်ခမ်းလေးအားဖိပွတ်ပေးလာသည်။ဆော့ဂျင်မျက်ခုံးကျုံ့မိသွားသည်။
"ကောင်မလေးရှာပေးမယ်.."
"မျက်စိကျနေတဲ့တစ်ယောက်တော့ရှိတယ်.."
"ဘာ ! ငါတောင်ရှာမပေးဘဲနဲ့.."
ရယ်သံများထွက်ပေါ်လာသော် လက်ချောင်းရှည်များအားလိမ်ချိုးလိုက်မိသည်။ရွက်ခြောက်တစ်ချို့စားပွဲအပေါ်သို့ကျလာလေသည်။
_
T.B.C
Written by
Guu_Joonilili