RO ( ရို ) (Completed)

By Lyla____nn

5.2M 339K 41K

Myanmar BL. Two Romantic love stories (Bitter sweet + Pure sweet) Uni Life OWN CREATION TEEN ROMANCE UNICODE... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ
Love Sequel 1 (Hmue + Hlwan) WARNING 🔞
Love Sequel 2 (Hmue + Hlwan)
Love Sequel 3 (SASY+SKN)
Love Sequel 4 (SASY + SKN)
Love Sequel 5 (SASY + SKN) WARNING 🔞
Sai Arnt Shine Yan
Love Sequel 6 (SASY + SKN)
Love Sequel 7 (SASY + SKN)
Thadinkyut Mini Special (Both)
Extra present for 1M (SASY+SKN)
Mini Extra Present (SASY+SKN)
စာအုပ်ထွက်ရှိခြင်း (စာအုပ္ထြက္ရွိျခင္း )
Preorder Details

အပိုင်း(၂၆)

99.1K 6.7K 490
By Lyla____nn

'ငါဝေမှူးပိုင်နဲ့ တွဲနေပြီ။ ဒီနေ့ပဲ တွဲလိုက်တာ'

Group chat ထဲသို့ပို့လာသည့်
လွှမ်းသုတ၏message ကြောင့် ရှန်ခွန်းနောင်
ပြုံးလိုက်မိကာcongratulations ဟု ပြန်ပို့လိုက်၏။

နန်းရတီနဲ့ထက်နှင်းဝေကတော့ လွှမ်းသုတရဲ့
Message ကို sad react
အပြိုင်ပေးလိုက်ကြသည်။

ထို့နောက် message နှစ်စောင်ကလည်း
ပြိုင်တူဝင်လာလေသည်။

Htet Hnin Wai :

' နောက်ဆုံးတော့ ငါတို့နှစ်ယောက်ပဲ
သောင်ပြင်မှာလွှတ်တဲ့ အပျိုကြီးမမတွေ
ဖြစ်ကုန်ပြီ'

Nan Yati :

' congratulations လို့ ငိုသံကြီးနဲ့ပြောလိုက်ပါတယ်။အတွဲများအားလုံး ချစ်နိုင်ကြပါစေ'

ရှန်ခွန်းနောင်နဲ့ လွှမ်းသုတက သူတို့ရဲ့ message တွေကို haha emoji တွေဖြင့်သာ
reply ပြန်လိုက်သည်။

လွှမ်းသုတ ဆီမှ voice message ဝင်လာသည်။

"နှလုံးသားရေး အကြံပေးအရာရှိဖြစ်တဲ့
မနန်းရတီလည်း fa ဘဝမှ မြန်မြန်ကျွတ်ပါစေ ဟဲဟဲ"

'ဟဲ့ ဘဲ အားကိုးနဲ့ အနိုင်ကျင့်မနေနဲ့'

'အင်းအင်း အားကိုးမရှိတဲ့သူကို
အနိုင်မကျင့်တော့ပါဘူး'

'မိုက်တာလား နင်.. ငါနဲ့ by one ချမလား ဟမ်'

Message နဲ့ပင် ရန်သတ်နေကြသော
နှစ်ယောက်ကြောင့် ရှန်ခွန်းနောင်နဲ့ ထက်နှင်းဝေမှာ
Haha sticker တွေသာ ပို့နေရတော့သည်။

ဝေမှူးပိုင်ကတော့ message တွေလိုက်ဖတ်နေရုံကလွဲပြီး ဘာမှဝင်ပြောခြင်းမရှိပေ။
Group chat ထဲရောက်ကတည်းက
ဘယ်တုန်းကမှလည်း ဝင်မပြော။

တစ်ခါတလေကျ ရှန်ခွန်းနောင်
စပ်စပ်စုစုဖြင့် သိချင်မိပါသည်။
ဝေမှူးပိုင်က လွှမ်းသုတကို
ဘယ်လိုမျိုးလိုက်ခဲ့တာလဲ..။

"သားတို့ excursion ဘယ်နေ့ထွက်မှာလဲ..."

ရှန်ခွန်းနောင်ထမင်းစားခန်းထဲတွင် မနက်စာ
ထိုင်စားနေခိုက် အပြင်သွားရန်အသင့်ပြင်ထားဟန်
ရှိသည့်မေမေက အပေါ်ထပ်ကနေ ဆင်းလာကာ
ထမင်းစားခန်းထဲသို့ ဝင်လာပြီး မေးလာ၏။

" နောက် ၃ ရက်နေရင် သွားမှာ မေမေ"

"ငွေဆောင်ကိုနော်"

" ဟုတ် မေမေ.."

" စီနီယာတွေရော
အကုန်ပါမှာ သေချာတယ်မလား"

"ဟုတ် ပါမှာ"

"စိတ်သိပ်မချပေမဲ့
ကျောင်းကိစ္စဆိုတော့လည်း သွားရမှာပေါ့"

" မေမေက အပြင်သွားမလို့လား ။
မဖြူကိုမေးတော့ မေမေက
မနက်အစောကြီးကတည်းက မနက်စာ
စားပြီးတာတဲ့"

" အင်း ဒီနေ့.. နင့်အန်တီလေးနဲ့ ပြင်ဦးလွင်မှာ
မြေကွက်တစ်ခု သွားကြည့်မလို့..။
နင့်အန်တီလေးကလည်း သူ့ယောကျ်ားရဲ့
အလုပ်ကိစ္စတစ်ခု လိုက်လုပ်ပေးစရာရှိသေးတယ်တဲ့။အဲ့ဒါအတူသွားကြမလို့"

"ကားက မေမေမောင်းမှာလား"

"နိုင်ဝန်းသော် ပါမှာလေ.."

" ဟွန့်..မေမေက သားကျ မခေါ်ဘူး"

ရှန်ခွန်းနောင် စူပုပ်ပုပ်လေးပြောလိုက်သည့်အခါ
မေမေက ခပ်တည်တည်ဖြင့်..

" အပျော်သွားမှာမှမဟုတ်တာ။
အရောင်းအဝယ်ကိစ္စသွားလုပ်မှာ"

" အဲ့ဒါဆို မေမေတို့ အပြန်
နောက်ကျမှာပေါ့.."

"ညပိုင်းလောက်မှပြန်ရောက်မယ်ထင်တယ်။
မြေကွက်ကြည့်ပြီးအဆင်ပြေရင်.. တစ်ခါတည်း
အရောင်းအဝယ်အတွက် စကားပြောပြီး
ငွေချေခဲ့တော့မှာ"

" ဪ.. ဟုတ်"

ရှန်ခွန်းနောင် ပြုံးစိစိလေးလုပ်လိုက်မိသည်။

တစ်နေကုန် မေမေမရှိဘူးဆိုရင်..
ကိုကို့ဆီမှာ အေးအေးဆေးဆေး သွားနေလို့ရပြီး
မေမေ ပြန်မရောက်ခင်မှ ပြန်လာလို့ရပြီ..။

ထိုအချိန်တွင်ပင် ခြံရှေ့မှ ကားဟွန်းသံကို
ကြားလိုက်ရ၏။

"လာကြပြီထင်တယ် ။ မေမေ သွားတော့မယ်။
အပြင်လျှောက်သွားမနေနဲ့ ။
စာမေးပွဲက နောက်လကုန် မဟုတ်လား ။
အိမ်မှာပဲ စာကြည့်နေ"

" ဟုတ်"

" ပြောလိုက်ရင်တော့ အမြဲတမ်း ဟုတ်ပဲ။
ပြီးကျမှ.. မသိအောင်လုပ်တာ.."

" မေမေကလည်း.."

မေမေထမင်းစားခန်းထဲက ထွက်သွားမှ
မေမေ့အနောက်က လိုက်ခဲ့ကာ.. ခြံရှေ့ထိ
လိုက်ပို့ပေးလိုက်သည်။

ကိုဝန်းနဲ့အတူ
ကားပေါ်တွင်ပါလာသည့် အန်တီလေးကလည်း
ရှန်ခွန်းနောင် ကိုမြင်သည့်အခါ မုန့်ဖိုး
ထုတ်ပေးလာပြန်သေးသည်။

အိမ်ရှေ့က ထွက်သွားသည့် အန်တီလေးတို့ရဲ့ ကား
မြင်ကွင်းထဲက ပျောက်သွားပြီဆိုလျှင်ပဲ
ရှန်ခွန်းနောင် အိမ်ထဲသို့ ပြေးဝင်ခဲ့ကာ..
ထမင်းစား စားပွဲပေါ်တင်ထားသည့် ဖုန်းကို
ကောက်ကိုင်ကာ ကိုကို့ကို ဖုန်းဆက်လိုက်တော့၏။

Messenger မှာ ခါတိုင်းလို 'ကိုယ် နိုးပြီနော်'ဆိုတဲ့
စာရောက်မလာသေးပေမဲ့..
မနက် ၁၀ နာရီရှိပြီမို့ ကိုကို နိုးတော့မှာပါ..။

မနိုးသေးရင်လည်း.. ကိုကို့ အခန်း password
သိနေတာမို့ သွားပြီးနှိုးရမည်။
အိပ်ချင်မူးတူးဖြစ်နေမယ့် ကိုကို့မျက်နှာလေးက
ဘယ်လောက်တောင် ကြည့်လို့
ကောင်းနေလိမ့်မလဲ..။

အတန်ကြာဖုန်းဝင်နေပြီးနောက် ကျခါနီးအချိန်မှ
ကိုကို့ဘက်က ကိုင်လိုက်သည်။

" ကိုကို .."

"ဗျာ"

ကိုကို့ ရဲ့ ဗျာ သံက အသည်းယားဖွယ်
ခပ်တိုးတိုးလေးဖြစ်သည်။

ဒီအချိန်ထိ အိပ်နေတုန်းထင်ရဲ့..။

"ဟွန့် .. အိပ်နေတုန်းလား"

" အခုနိုးပြီ.."

" ကျွန်တော်လာမလို့ ကိုကို့ဆီ.. အခု"

" လာလေ..မေမေ မရှိဘူးလား"

" အင်း..မေမေ မေမြို့တက်သွားတယ်"

" မေမေမရှိမှ ကိုယ့်ဆီ လာတွေ့တာပေါ့"

" ဟာ.. မဟုတ်ပါဘူးနော်..။
ကိုကို့ကို အမြဲတွေ့ချင်တာပေါ့.."

ကိုကို့ရယ်သံလေးကို ကြားလိုက်ရသည်။

" လာခဲ့။ ကိုယ်စောင့်နေမယ်.."

" ကိုကို မနက်စာ
ဘာစားမလဲ ကျွန်တော် ဝင်ဝယ်ခဲ့မယ်"

" မင်းဖျော်တဲ့ ကော်ဖီ..။
ရည်းစားလည်းဖြစ်သွားတော့
ကိုယ့်ကိုမင်းကမဖျော်ပေးတော့ဘူး"

" ဟီး.. ဟုတ်ကဲ့။ ဖျော်ပေးခဲ့မယ်.."

" ဆိုင်ကယ် ဖြည်းဖြည်းမောင်း။
ဒါမှမဟုတ် ကိုယ် လာခေါ်ရမလား.."

" ရတယ်။ ကျွန်တော် ကိုယ့်ဟာကိုယ်ပဲ လာခဲ့
လိုက်မယ်.."

"ဒါဆို..ဒါပဲနော်.."

"ဟုတ်.."

ကိုကို့ ဘက်က ဖုန်းချသွားတာနဲ့..
ရှန်ခွန်းနောင် ရေမိုးချိုးပြီး ပြင်ဆင်ရန်အတွက်
အိမ်ပေါ်ထပ်သို့ ပြေးတက်ခဲ့လိုက်တော့သည်။

မနက်စာကို ဆက်မစားတော့ဘူးလားဟု
မေးနေသည့် မီးဖိုချောင်ထဲမှ
မဖြူ၏ မေးခွန်းကိုလည်း မဖြေအားတော့..။

နှလုံးသားလေး အာဟာရပြည့်ဖို့အတွက်
ကိုကို့ မျက်နှာလေးကိုသာ .. သွားကြည့်ချင်နေပြီ။

မနေ့ကမှ ကျောင်းမှာတွေ့ထားပေမဲ့လည်း ဒီနေ့
လွမ်းနေရပြန်ပြီ။

ကိုကိုက သူ့ကို ဘယ်အတိုင်းအတာထိတောင်
ပြုစားထားတာလဲ..တကယ်ပါပဲ..။

ရေချိုးပြီးသည့်အခါ ဒီနေ့ရာသီဥတုက အနည်းငယ်
မိုးအုံ့နေသည်ကြောင့် ရင်ဘတ်တွင်
ကြောင်ရုပ်လေးပါသည့် 
အရမ်းမထူသော ခေါင်းစွပ်ပါ
hoodie အပြာနုလေးနဲ့
ဒူးအထက် ဂျင်းဘောင်းဘီအတိုလေးကို
ဝတ်ခဲ့လိုက်သည်။

အားလုံးပြင်ဆင်ပြီးသွားပါမှ
အောက်ထပ်ကို ပြန်ဆင်းလာကာ
မီးဖိုချောင်ထဲဝင်၍ ကိုကို့အတွက်ကော်ဖီဖျော်ပေး
ပြီး ကိုကိုဝယ်ပေးထားသည့် အလှဖန်ပုလင်း
လေးထဲ ထည့်လိုက်သည်။

ထို့နောက်မှ..ခြံထဲတွင် ရပ်ထားသည့်
scoopy ဆိုင်ကယ်လေးဖြင့် ကိုကို့ကွန်ဒိုရှိရာသို့
မောင်းထွက်ခဲ့လိုက်တော့၏။



________________________


အခန်း Password နှိပ်၍ ဖွင့်ဝင်ခဲ့လိုက်ပြီး
လော့ခ်မချထားသည့် ကိုကို့အိပ်ခန်းတံခါးကို
အသာလေးတွန်းဖွင့်လိုက်သည်နှင့် အေးစိမ့်နေသည့်
Aircon မှ အအေးဓာတ်ကို ခံစားလိုက်ရသည်။

ဖုန်းပြောပြီး ပြန်အိပ်နေဟန်ရှိသည့် ကိုကိုက
ရှန်ခွန်းနောင် ဝင်လာတာကိုပင် သိဟန်မတူ။

ခြေလှမ်းကို ဖွဖွလှမ်း၍ ပြုံးစိစိရုပ်လေးဖြင့်
ကိုကို့၏ king size bed ကြီးနားကို
တိုးသွားလိုက်သည်။ 

ထို့နောက် ကိုကို့ဘေးကနေရာလွတ်တွင်
ဝင်ထိုင်ကာ အိပ်ပျော်နေသည့် ကိုကို့
မျက်နှာကို ငေးကြည့်နေမိသည်။

ပုံမှန်အချိန်လို ပုံသွင်း၍
လှန်သိမ်းထားခြင်းမရှိသည့်
ဆံနွယ်ပျော့ပျော့တွေက
ကြည့်၍ကောင်းစွာပင်..စင်းကျနေလေသည်။

ထို့နောက် ကိုကို့ရဲ့ မျက်နှာတွင် ဆွဲဆောင်မှု
အရှိဆုံးဖြစ်သော..စိမ်းညှို့သည့်
မျက်ခုံးနှစ်သွယ်နှင့်
ပိရိသေသပ်၍ သဘာဝအတိုင်းပန်းဖျော့ရောင် ပြေပြေသမ်းနေတတ်သည့် ကိုကို့ရဲ့ နှုတ်ခမ်း..၊
နှာရိုးမြင့်မြင့် နှာတံစင်းစင်း တို့ဖြင့် ကိုကို့ရဲ့
သွယ်လျသောမျက်နှာကျတို့က
တတ်ကျွမ်းသောပညာရှင်မှထုထားသည့်
လက်ရာမြောက်သော ပန်းပုရုပ်သဖွယ်..
ပြစ်ချက်ဆို၍ ရှာစရာမရှိ..။

အတန်ကြာငေးကြည့်နေမိပြီးမှ..
ရှန်ခွန်းနောင် ကိုကို့ နားရွက် နားလေးသို့
တိုးကပ်ကာ..

" ကိုကို.. ကျွန်တော် ရောက်ပြီ..ထတော့.."

ရှန်ခွန်းနောင် တစ်ခွန်းသာနှိုးရသေးသည်။
ကိုကိုက အိပ်မှုန်စုံမွှားရုပ်လေးဖြင့်
မျက်လုံးဖွင့်ကြည့်လာခဲ့၏။

" ဘာလို့ နိုးပြီပြောပြီး
ပြန်အိပ်နေတာလဲ..။ မနေ့ညက ..
ဘယ်အချိန်မှ အိပ်တာလဲ .. ပြော.."

ရှန်ခွန်းနောင် စူပုပ်ပုပ်ရုပ်လေးနှင့်ပြောသည့်အခါ
ကိုကိုက မျက်လုံးတွေကို ပြန်မှိတ်သွားပြီး
နှုတ်ခမ်းစွန်းလေး တစ်ဖက်ကော့တက်ရုံပြုံးသည်။

ထို့နောက် ခုတင်ပေါ်မှာ
ထိုင်နေသည့် ရှန်ခွန်းနောင်ရဲ့ လက်ကလေးကို
ဆွဲလိုက်တာကြောင့် ကိုယ်က ယိုင်ကျသွားပြီး
ကိုကို့ ရင်ဘတ်ပေါ်တွင် လက်ထောက်မိပြီးသားဖြစ်သွားကာ နီးကပ်သွားသည့် ကိုကို့မျက်နှာကို
မင်သက်စွာ ငုံ့ကြည့်မိသွားသည်။

ကိုကို့ဆီမှ ရနေကျဖြစ်သော
သင်းပျံ့ပျံ့လေးမွှေးသည့် ရနံ့တစ်မျိုးကို ရသည်။
ရေမွှေးနံ့ဖြစ်မည်ဟုထင်ပေမဲ့ .. ယောကျာ်းလေးတော်တော်များများစွတ်နေကျ စူးရှရှ
အနံ့မျိုးလည်းမဟုတ်၊ချိုအီသော
အနံ့မျိုးလည်း မဟုတ်ဘဲ၊စိတ်အတွင်းထဲထိ ငြိမ်းအေးကာ
လန်းဆန်းသွားစေသည့် ရနံ့မျိုးဖြစ်သည်။

" morning kiss ယူလို့ရလား.."

ကိုကို့ရဲ့ ချိုသာဩရှသော အသံသည်လည်း..
ဆွဲဆောင်မှုရှိစွာ....။

ရင်ခုန်သံ စီးချက်တို့မြန်သွားရသည့်နှင့်အတူ ..
ရှန်ခွန်းနောင်ရဲ့ မျက်နှာလေးသည်လည်း
ရှိန်းခနဲပူသွားရသည်။

" ဟို....ဟုတ်.."

ကိုကို့ရဲ့ မပွင့်တပွင့် အပြုံးတွေ
သည်လည်း ရင်ခုန်ဖွယ်..။

ကိုကိုက ရှန်ခွန်းနောင်ရဲ့ ကိုယ်လေးကို ဘေးသို့
လှဲချလိုက်ပြီးမှ.. အပေါ်ကနေ အုပ်မိုးလာခဲ့သည်။

ပါးကိုခပ်ဖွဖွပွတ်သပ်လာသည့် ကိုကို့ရဲ့
လက်သွယ်သွယ်များကြောင့်
ရှန်ခွန်းနောင် မျက်လုံးမှိတ်ချလိုက်မိ၏။

ကိုကို့ဆီမှ ခပ်တိုးတိုးရယ်သံကို
ကြားလိုက်ရသေးသည်။

ထို့နောက် ရှန်ခွန်းနောင် ၏ နဖူး၊
ပါးမို့မို့လေးနှစ်ဖက်၊ နှာထိပ်ဖျားနှင့် နားသယ်စပ်
လေးထိပါမကျန် ရောက်ရှိလာသည့် ကိုကို့ရဲ့
အနမ်းဖွဖွတွေ...။

ရှန်ခွန်းနောင်၏ နှုတ်ခမ်းပေါ်သို့ ..
ရောက်ရှိလာခဲ့သည့် ကိုကို့နှုတ်ခမ်းတွေကတော့
နွေးထွေးနူးညံ့နေခဲ့ပါသည်။

ထို့နောက်.. နောက်ထပ် တစ်နေရာသို့
ကိုကို့နှုတ်ခမ်းတွေ ရောက်ရှိသွားသော
အခါတွင်တော့.. အိပ်ရာခင်းစကိုပင် ရှန်ခွန်းနောင်
လက်နှင့် ယောင်ယမ်းကာ ဆုပ်လိုက်မိသလိုပင်..။

ဝတ်ထားသည့်
Hoodie ခေါင်းစွပ်လေး ကို အနည်းငယ်ဟ၍
နမ်းရှိုက်နေသော..

ရှန်ခွန်းနောင်၏ လည်တိုင်ဆီမှ ကိုကို့အနမ်းတွေက
ပထမတစ်ခေါက်တုန်းကလိုတော့ ထိကပ်ရုံ..
မရိုးရှင်းနေတာ အမှန်.. ။

လျှာဖျားနုနုလေး၏ အထိအတွေ့ကိုလည်း
ခံစားရသလို.. ခပ်ဖွဖွလေးလည်း
စုပ်ယူနေသေးသည်..။

ရင်ဖို လှိုက်မောရပါသည်။

ကိုကိုဖန်တီးနေသည့်
လည်တိုင်က အနမ်းတွေရပ်သွားခဲ့ပါမှ..
အသက်အောင့်ထားမိသည်ကို
ဖြေလျှော့လိုက်မိသည်။

မိနစ်ပိုင်းလေးဖြင့်ပင်.. သူရူးတော့မည့်နှယ်..။

ကိုကိုက ရှန်ခွန်းနောင်ရဲ့ ပါးကို နောက်တစ်ကြိမ်
နမ်းလာပြီးမှ.. ရှန်ခွန်းနောင်၏
နဖူးကို သူ့နဖူးနှင့်ထိကာ..
ခပ်တိုးတိုးလေးရယ်သည်။

" အိမ်ပြန်ရောက်ရင်.. မင်းမေမေရှေ့မှာ
လည်ပင်းပေါ်တဲ့အင်္ကျီဝတ်လို့မရလောက်တော့ဘူး"

"အရမ်း.. အရမ်း ထင်သွားပြီလား.."

ကိုကိုက သူ့ကိုယ်ပေါ်မှ အုပ်မိုးထားရာမှ
ဖယ်ပေးကာအခန်းထဲရှိ ကိုယ်လုံးပေါ်မှန်ကို
မေးငေါ့ပြသည်။

ရှန်ခွန်းနောင် ခုတင်ပေါ်မှ ထကာ
မှန်ရှိရာသို့ ပြေးသွားလိုက်သည်။

အင်္ကျီကို အနည်းငယ်ဟပြီး ကြည့်လိုက်သည့်
အချိန်တွင် တွေ့လိုက်ရသော အမှတ်အသား
ကြောင့်.. မျက်နှာလေး ရဲသွားခဲ့သလို
ရင်သည်လည်း လှပ်ခနဲခုန်သွားခဲ့၏။

ထို့နောက် ခုတင်ပေါ်မှာ ထိုင်နေသော
ကိုကို့ကို မကြည်ကြည့်လေးဖြင့် လှည့်ကြည့်ကာ..

" ကိုကို.."

" ဗျာ......."

"လူဆိုး.."

"ဟောဗျာ..ကိုယ်မင်းကို ခွင့်တောင်းတယ်လေ.."

"ဟွန့်.. ကိုကိုက နေရာမှ သေချာမပြောတာ.."

ကိုကိုက သဘောတကျရယ်သည်..။

" လာ မကျေနပ်ရင်.. ကိုယ့်ကို ပြန်လုပ်.."

"ဟာ.. လုပ်ပါဘူး.."

ရှန်ခွန်းနောင်က ရှက်ဝဲဝဲလေးပြောကာ
ကိုကို့ခုတင်မှာ သွားပြန်ထိုင်လိုက်သည်။
ကိုကိုကတော့ ခုတင်ပေါ်မှ ဆင်းလိုက်ပြီး
ခြုံထားသည့် စောင်ကို သေချာ ပြန်ခေါက်နေ၏။

ထို့နောက် ထိုင်နေသည့်ရှန်ခွန်းနောင်ကို
ကြည့်လာခဲ့ပြီး မသိမသာ တွန့်ချိုးသွားသည့်
မျက်ခုံးတွေကို သတိထားမိသွားရသည်။

ရင်ထဲ ထိတ်ခနဲပင်ဖြစ်သွားရ၏။
ကိုကို စိတ်ဆိုးမှာကို တကယ်ကြောက်တတ်နေပြီ။

" ကိုကို ဘာဖြစ်လို့လဲ.."

"ဆိုင်ကယ်ကိုဒီပုံစံအတိုင်းဝတ်ပြီး
မောင်းလာခဲ့တာလား.."

"ဟုတ်... ဘာဖြစ်လို့လဲ.."

" နောက်ခါ.. ကိုယ်မင်းဘေးမှာမပါရင်..
အဲ့ဒီလိုဘောင်းဘီ မဝတ်နဲ့.."

ရှန်ခွန်းနောင် ကိုယ့်ဘောင်းဘီကိုယ်
ပြန်ငုံ့ကြည့် လိုက်မိသည်။

ဒူးအထက် ဂျင်းဘောင်းဘီ အပွလေးမို့
ထိုင်လိုက်တဲ့အခါ အနည်းငယ် မြောက်တက်ကာ..
ပေါင်တစ်ဝက်လောက်ထိလေးပေါ်နေခဲ့တာ..။

" ဘာလို့လဲ ရုပ်ဆိုးလို့လား.."

"..."

"ဟင်လို့ .. ကျွန်တော်နဲ့မလိုက်လို့လား.."

" သဝန်တိုလို့လေကွာ.."

ရှန်ခွန်းနောင်၏ ရင်ခုန်သံလှိုင်းလေးမှာ ငြိမ့်ခနဲ
ဖြစ်သွားခဲ့သည်။

ကိုကို့အနားသို့ပြေးသွားကာ
ကိုကို့လက်မောင်းကို တွယ်ဖက်လိုက်မိသည်။

" ထပ်ပြောပါဦး .. ကျွန်တော့်ကို ဘာဖြစ်လို့.."

ခေါင်းလေးစောင်းလျက်မော့ကြည့်ကာ
ပြုံးစိစိရုပ်လေးနဲ့
မေးနေသည့် ရှန်ခွန်းနောင်ကို ကြည့်ကာ..
စိုင်းအံ့သျှိုင်းယံ ရယ်လိုက်မိသည်..။

" ကိုကိုလို့ ..ပြောပါ..။ကျွန်တော့်ကို ဘာဖြစ်တယ်.."

" သဝန်တိုလို့.. ကိုယ်မင်းကို သဝန်တိုလို့....။
နောက်ခါ ကိုယ်နဲ့အတူရှိတာမျိုးမဟုတ်ရင်
အဲ့ဒီလိုမျိုးမဝတ်နဲ့ ကိုယ်မကြိုက်ဘူး.."

"ဟီးဟီး...ဟုတ်ကဲ့ပါဗျာ.."

နှာဖျားလုံးလုံးလေးအား ဖွဖွဆွဲညှစ်လိုက်မိသည်။

" ကိုယ်ရေချိုးဦးမယ်.."

"ဟုတ်..ကျွန်တော်.. မနက်စာ
ပြင်ထားလိုက်မယ်.."


_____________________


Kitchen ထဲဝင်ကာ ကိုကို့အတွက် ပေါင်မုန့်ကြက်ဥ
လေးအလွယ်ကြော်ပေးလိုက် ပြီး
ကော်ဖီထည့်ပေးတော့မည်
ဆိုပါမှ ကော်ဖီထည့်ထားသည့်ဖန်ပုလင်းလေးက
ဆိုင်ကယ် tool box ထဲ ကျန်ခဲ့မှန်း
သတိရသွားရသည်။

ကိုကို့ အခန်းထဲများ ထားခဲ့မိလားလို့ တွေးပြီး
ဝင်ကြည့်ပေမဲ့ မရှိပေ။

ထို့ကြောင့် ကိုကို့ရေချိုးခန်းတံခါးကို ခေါက်ကာ..

" ကိုကို.."

ကြားနေရသည့် ရေပန်းကရေကျသံတွေ
တိတ်သွားပြီး..

" ဗျာ.."

" ဟီး..ကော်ဖီဗူး ဆိုင်ကယ် toolbox ထဲ ကျန်ခဲ့လို့
သွားယူလိုက်ဦးမယ်.."

" ကိုယ်သွားယူပေးမယ်လေ..။ ခဏစောင့်လိုက် ။
ကိုယ်ပြီးတော့မယ်"

" ရတယ် ကိုကိုရေချိုးပြီးရင် အဆင်သင့်စားလို့
ရအောင်လို့...။ ကျွန်တော် သွားပြီနော်.."

ရှန်ခွန်းနောင်ပြောပြီးတာနဲ့ အခန်းထဲက
ထွက်ခဲ့လိုက်သည်။

Condo မှာ ဓာတ်လှေကားက နှစ်ခုရှိတာကြောင့်
လူလွတ်ပြီး တံခါး ပထမဆုံးပွင့်လာသည့်
ဓာတ်လှေကားနဲ့ပဲ အောက်ဆင်းခဲ့လိုက်သည်။

မိနစ်ပိုင်းလေးပဲ နောက်ကျပြီး
တံခါးပွင့်သွားသည့် တစ်ဖက်က
ဓာတ်လှေကားအတွင်းမှ ထွက်လာသည့်
မိန်းကလေးတစ်ယောက်ကိုတော့
သူမမြင်ခဲ့မိပေ...။

~~~~~~~~~~~~

ဆိုင်ကယ်ရပ်ထားသည့် parking နေရာကို
ရောက်သည့်အခါအပြင်ဘက်တွင် မိုးဖွဲဖွဲလေးကျနေကာ.. ရာသီဥတု က မနက်ကထက်ပင်
အနည်းငယ်အေးနေတာကို  ခံစားလိုက်ရသည်။

Toolbox ထဲက ကော်ဖီပုလင်းလေးကို မြန်မြန်ထုတ်ပြီး
ရှန်ခွန်းနောင် အပေါ်သို့တက်လာခဲ့လိုက်တော့သည်။

ကိုကို ဗိုက်ဆာနေတော့မှာ..။

ဓာတ်လှေကားထဲကထွက်ပြီး ကိုကို့အခန်းရှိရာသို့
မပြေးရုံတမယ် လာခဲ့သော
ခြေလှမ်းတွေသည်..မြင်ကွင်းတစ်ခုကို
မြင်လိုက်ရသည့် အခါတွင်တော့
တဖြည်းဖြည်းနှေးကျသွားခဲ့သည်။

ရေသေချာခြောက်သေးသည့် ခပ်ဖန့်ဖန့်ဆံပင်တွေနဲ့
Bathrobe နီညိုရင့်ရောင်ကိုသာ ဝတ်ထားသော
ကိုကိုက .. အစ်မမေချယ်ရီလင်းနှင့် အခန်းရှေ့တွင်
စကားရပ်ပြောနေသည်။

အစ်မမေချယ်ရီလင်း၏ မျက်ဝန်းတွင် မျက်ရည်
တွေဝေ့နေလျက်...

" ဘာလို့လဲ...သျှိုင်း။ ငါနင့်ဘေးမှာရှိခဲ့တာ ..
သုံးနှစ်တောင်ပြည့်တော့မှာ..။
နင် ဇယားတွေအများကြီးရှိခဲ့တာလည်း..
ငါစိတ်မပျက်ခဲ့ဘူး။ နောက်ဆုံးမှာ
နင်ရွေးချယ်မယ့်လူက ငါတစ်ယောက်ပဲ
ဖြစ်နေမှာပါဆိုပြီး ငါစောင့်နေခဲ့တယ်..။
ဘာလို့များ......."

ရှင်းလင်းပြတ်သားစွာ ကြားနေရသည့်
စကားတွေသည် ရင်ကို ..
တဖြည်းဖြည်း မောလျလာစေပါသည်။

" ဘာလို့ ငါ့ကို မျှော်လင့်ချက်တွေ ပေးခဲ့ရတာလဲ..။
ငါတို့အတူ.. နှစ်ယောက်တည်းရှိခဲ့တဲ့ အချိန်တွေ.. ၊
ပျော်ခဲ့ရတဲ့ အချိန်တွေ
ဘယ်လောက်များလိုက်သလဲ..။ စာမေးပွဲတွေ
အတွင်းမှာနင်ငါ့ကို ဂရုစိုက်ပေးခဲ့တာတွေကရော ..
ဘာအတွက်လဲ.."

တကယ် နာကျင်လာရတယ်...။
နှလုံးသားကို ဆူးတစ်ချောင်းနဲ့စွနေသလို
စူးစူးနစ်နစ်ပါပဲ..။

" ငါ့ကိုမဟုတ်ဘဲ
ဘာလို့ ဒီကောင်လေးကိုမှ.... နင့်အနားကို
ခေါ်လိုက်ရတာလဲ..။ ငါက ဘာဖြစ်နေလို့လဲ..။
ငါကနင့်အတွက် နင့်ရဲ့ ဇယားတွေထဲက တစ်ခု
ပဲလား ဟုတ်လား.."

" မေ.."

ရှန်ခွန်းနောင်ရဲ့ ခြေထောက်တွေ
ယိုင်သွားခဲ့တယ်..။
တစ်ခါမှ မကြားဖူးခဲ့တဲ့
ကိုကို့ပါးစပ်က ထွက်တဲ့ အခေါ်အဝေါ်ကြောင့် ..
ရှန်ခွန်းနောင် ထိုင်ငိုပစ်ချင်လာမိတယ်..။

" ငါနင့်ကို ချစ်တယ်..သျှိုင်း..။
ရတယ်.. မပိုင်ရလည်း..ဒီတစ်ခုတော့ နင့်ကို
ငါသိစေချင်တယ်.."

ကိုကို့နှုတ်ခမ်းဆီသို့ ထိကပ်သွားခဲ့သည့်..
အစ်မမေချယ်ရီလင်း၏ နှုတ်ခမ်းတွေ..။

ရပ်နေသည့် ပတ်ဝန်းကျင်တစ်ခုလုံး
ချာချာလည်သွားခဲ့သည်။ အသိစိတ်တွေသည်
ပျောက်ရှမတတ်..။

အားအင်တွေ တစတစယုတ်လာပြီး..
အမြင်အာရုံတွေဝေဝါးလာသည့်နောက်ဆုံး..
လက်ထဲတွင် ကိုင်ထားသည့်
ကော်ဖီထည့်ထားသောဖန်ပုလင်းလေးက ကြမ်းပြင်သို့
လွတ်ကျသွားခဲ့ကာ ခွမ်းခနဲ မြည်အောင်
အစိတ်စိတ်အမြွာမြွာ ကွဲသွားခဲ့သည်..။

လှည့်ကြည့်လာခဲ့သည့် .. ကိုကို့၏
မျက်ဝန်းအကြည့်တွေသည်
အံ့ဩတုန်လှုပ်လျက်...။

သူ့ဆီကို လျှောက်လာခဲ့သည့် .. ခြေလှမ်းတွေကို
ငေးကြည့်မိရင်း... ရှန်ခွန်းနောင်..
ထွက်ပြေးချင်လာမိသည်..။

ပူနွေးသော မျက်ရည်များ ပါးတလျှောက်
စီးကျ သွားခဲ့သည်။

ဟင့်အင်း.. သူမငိုချင်ဘူး။
အရှုံးသမားတစ်ယောက်လိုမျိုး သူမငိုချင်ဘူး..။

" ကလေး.."

ကိုကိုက သူ့ပခုံးကို ဆုပ်ကိုင်လာခဲ့သည်..။

အတုအယောင်တွေ...။

ပျော်ရွှင်ခဲ့ရသမျှ ၊မက်မောခဲ့ရသမျှ အခိုက်အတန့်
တွေအားလုံးက အတုအယောင်တွေ..။

စွဲလမ်းဖူးသည့် မျက်ဝန်းနက်နက်တွေကို ..
နာကျင်စွာ..၊ နာကြည်းစွာ..
စိုက်ကြည့်လိုက်မိသည်..။

"ကိုကို့ကို ကျွန်တော်
ဘယ်တုန်းကမှ မသိခဲ့ရင် အရမ်းကောင်းမှာပဲ.."

"ကိုယ်ရှင်းပြမယ်.."

"တကယ် .... မုန်းချင်တယ်..."

ပခုံးပေါ်က လက်တွေကို ဖြုတ်ချကာ နေရာမှ
လှည့်ထွက်ခဲ့မိသည်။

အစကတည်းက ဒီရပ်ဝန်းက သူတိုးမဝင်ခဲ့သင့်တဲ့
ရပ်ဝန်းတစ်ခုဖြစ်နေခဲ့ပုံပဲ...။

ဓာတ်လှေကား တံခါး ပိတ်သွားခဲ့တာနဲ့ ..
သူ့ခြေထောက်တွေ..အလိုလို ကွေးညွတ်ကာ ..
ထိုင်ကျသွားခဲ့သည်...။

သူငယ်ချင်းတွေပါတဲ့..။
ဘာလို့ လိမ်ခဲ့တာလဲ...။
ဘာလို့ ကျွန်တော့်ကိုမှ လုပ်ရက်ခဲ့ရတာလဲ....။



_______________________


ဆက်ရန်။


ZAWGYI

'ငါေဝမွူးပိုင္နဲ႔ တြဲေနၿပီ။ ဒီေန႔ပဲ တြဲလိုက္တာ'

Group chat ထဲသို႔ပို႔လာသည့္
လႊမ္းသုတ၏message ေၾကာင့္ ရွန္ခြန္းေနာင္
ျပဳံးလိုက္မိကာcongratulations ဟု ျပန္ပို႔လိုက္၏။

နန္းရတီနဲ႔ထက္ႏွင္းေဝကေတာ့ လႊမ္းသုတရဲ့
Message ကို sad react
အၿပိဳင္ေပးလိုက္ၾကသည္။

ထို႔ေနာက္ message ႏွစ္ေစာင္ကလည္း
ၿပိဳင္တူဝင္လာေလသည္။

Htet Hnin Wai :

' ေနာက္ဆုံးေတာ့ ငါတို႔ႏွစ္ေယာက္ပဲ
ေသာင္ျပင္မွာလႊတ္တဲ့ အပ်ိဳႀကီးမမေတြ
ျဖစ္ကုန္ၿပီ'

Nan Yati :

' congratulations လို႔ ငိုသံႀကီးနဲ႔ေျပာလိုက္ပါတယ္။အတြဲမ်ားအားလုံး ခ်စ္နိုင္ၾကပါေစ'

ရွန္ခြန္းေနာင္နဲ႔ လႊမ္းသုတက သူတို႔ရဲ့ message ေတြကို haha emoji ေတြျဖင့္သာ
reply ျပန္လိုက္သည္။

လႊမ္းသုတ ဆီမွ voice message ဝင္လာသည္။

"ႏွလုံးသားေရး အႀကံေပးအရာရွိျဖစ္တဲ့
မနန္းရတီလည္း fa ဘဝမွ ျမန္ျမန္ကၽြတ္ပါေစ ဟဲဟဲ"

'ဟဲ့ ဘဲ အားကိုးနဲ႔ အနိုင္က်င့္မေနနဲ႔'

'အင္းအင္း အားကိုးမရွိတဲ့သူကို
အနိုင္မက်င့္ေတာ့ပါဘူး'

'မိုက္တာလား နင္.. ငါနဲ႔ by one ခ်မလား ဟမ္'

Message နဲ႔ပင္ ရန္သတ္ေနၾကေသာ
ႏွစ္ေယာက္ေၾကာင့္ ရွန္ခြန္းေနာင္နဲ႔ ထက္ႏွင္းေဝမွာ
Haha sticker ေတြသာ ပို႔ေနရေတာ့သည္။

ေဝမွူးပိုင္ကေတာ့ message ေတြလိုက္ဖတ္ေန႐ုံကလြဲၿပီး ဘာမွဝင္ေျပာျခင္းမရွိေပ။
Group chat ထဲေရာက္ကတည္းက
ဘယ္တုန္းကမွလည္း ဝင္မေျပာ။

တစ္ခါတေလက် ရွန္ခြန္းေနာင္
စပ္စပ္စုစုျဖင့္ သိခ်င္မိပါသည္။
ေဝမွူးပိုင္က လႊမ္းသုတကို
ဘယ္လိုမ်ိဳးလိုက္ခဲ့တာလဲ..။

"သားတို႔ excursion ဘယ္ေန႔ထြက္မွာလဲ..."

ရွန္ခြန္းေနာင္ထမင္းစားခန္းထဲတြင္ မနက္စာ
ထိုင္စားေနခိုက္ အျပင္သြားရန္အသင့္ျပင္ထားဟန္
ရွိသည့္ေမေမက အေပၚထပ္ကေန ဆင္းလာကာ
ထမင္းစားခန္းထဲသို႔ ဝင္လာၿပီး ေမးလာ၏။

" ေနာက္ ၃ ရက္ေနရင္ သြားမွာ ေမေမ"

"ေငြေဆာင္ကိုေနာ္"

" ဟုတ္ ေမေမ.."

" စီနီယာေတြေရာ
အကုန္ပါမွာ ေသခ်ာတယ္မလား"

"ဟုတ္ ပါမွာ"

"စိတ္သိပ္မခ်ေပမဲ့
ေက်ာင္းကိစၥဆိုေတာ့လည္း သြားရမွာေပါ့"

" ေမေမက အျပင္သြားမလို႔လား ။
မျဖဴကိုေမးေတာ့ ေမေမက
မနက္အေစာႀကီးကတည္းက မနက္စာ
စားၿပီးတာတဲ့"

" အင္း ဒီေန႔.. နင့္အန္တီေလးနဲ႔ ျပင္ဦးလြင္မွာ
ေျမကြက္တစ္ခု သြားၾကည့္မလို႔..။
နင့္အန္တီေလးကလည္း သူ႔ေယာက်္ားရဲ့
အလုပ္ကိစၥတစ္ခု လိုက္လုပ္ေပးစရာရွိေသးတယ္တဲ့။အဲ့ဒါအတူသြားၾကမလို႔"

"ကားက ေမေမေမာင္းမွာလား"

"နိုင္ဝန္းေသာ္ ပါမွာေလ.."

" ဟြန့္..ေမေမက သားက် မေခၚဘူး"

ရွန္ခြန္းေနာင္ စူပုပ္ပုပ္ေလးေျပာလိုက္သည့္အခါ
ေမေမက ခပ္တည္တည္ျဖင့္..

" အေပ်ာ္သြားမွာမွမဟုတ္တာ။
အေရာင္းအဝယ္ကိစၥသြားလုပ္မွာ"

" အဲ့ဒါဆို ေမေမတို႔ အျပန္
ေနာက္က်မွာေပါ့.."

"ညပိုင္းေလာက္မွျပန္ေရာက္မယ္ထင္တယ္။
ေျမကြက္ၾကည့္ၿပီးအဆင္ေျပရင္.. တစ္ခါတည္း
အေရာင္းအဝယ္အတြက္ စကားေျပာၿပီး
ေငြေခ်ခဲ့ေတာ့မွာ"

" ဪ.. ဟုတ္"

ရွန္ခြန္းေနာင္ ျပဳံးစိစိေလးလုပ္လိုက္မိသည္။

တစ္ေနကုန္ ေမေမမရွိဘူးဆိုရင္..
ကိုကို႔ဆီမွာ ေအးေအးေဆးေဆး သြားေနလို႔ရၿပီး
ေမေမ ျပန္မေရာက္ခင္မွ ျပန္လာလို႔ရၿပီ..။

ထိုအခ်ိန္တြင္ပင္ ၿခံေရွ႕မွ ကားဟြန္းသံကို
ၾကားလိုက္ရ၏။

"လာၾကၿပီထင္တယ္ ။ ေမေမ သြားေတာ့မယ္။
အျပင္ေလၽွာက္သြားမေနနဲ႔ ။
စာေမးပြဲက ေနာက္လကုန္ မဟုတ္လား ။
အိမ္မွာပဲ စာၾကည့္ေန"

" ဟုတ္"

" ေျပာလိုက္ရင္ေတာ့ အျမဲတမ္း ဟုတ္ပဲ။
ၿပီးက်မွ.. မသိေအာင္လုပ္တာ.."

" ေမေမကလည္း.."

ေမေမထမင္းစားခန္းထဲက ထြက္သြားမွ
ေမေမ့အေနာက္က လိုက္ခဲ့ကာ.. ၿခံေရွ႕ထိ
လိုက္ပို႔ေပးလိုက္သည္။

ကိုဝန္းနဲ႔အတူ
ကားေပၚတြင္ပါလာသည့္ အန္တီေလးကလည္း
ရွန္ခြန္းေနာင္ ကိုျမင္သည့္အခါ မုန့္ဖိုး
ထုတ္ေပးလာျပန္ေသးသည္။

အိမ္ေရွ႕က ထြက္သြားသည့္ အန္တီေလးတို႔ရဲ့ ကား
ျမင္ကြင္းထဲက ေပ်ာက္သြားၿပီဆိုလၽွင္ပဲ
ရွန္ခြန္းေနာင္ အိမ္ထဲသို႔ ေျပးဝင္ခဲ့ကာ..
ထမင္းစား စားပြဲေပၚတင္ထားသည့္ ဖုန္းကို
ေကာက္ကိုင္ကာ ကိုကို႔ကို ဖုန္းဆက္လိုက္ေတာ့၏။

Messenger မွာ ခါတိုင္းလို 'ကိုယ္ နိုးၿပီေနာ္'ဆိုတဲ့
စာေရာက္မလာေသးေပမဲ့..
မနက္ ၁၀ နာရီရွိၿပီမို႔ ကိုကို နိုးေတာ့မွာပါ..။

မနိုးေသးရင္လည္း.. ကိုကို႔ အခန္း password
သိေနတာမို႔ သြားၿပီးႏွိုးရမည္။
အိပ္ခ်င္မူးတူးျဖစ္ေနမယ့္ ကိုကို႔မ်က္ႏွာေလးက
ဘယ္ေလာက္ေတာင္ ၾကည့္လို႔
ေကာင္းေနလိမ့္မလဲ..။

အတန္ၾကာဖုန္းဝင္ေနၿပီးေနာက္ က်ခါနီးအခ်ိန္မွ
ကိုကို႔ဘက္က ကိုင္လိုက္သည္။

" ကိုကို .."

"ဗ်ာ"

ကိုကို႔ ရဲ့ ဗ်ာ သံက အသည္းယားဖြယ္
ခပ္တိုးတိုးေလးျဖစ္သည္။

ဒီအခ်ိန္ထိ အိပ္ေနတုန္းထင္ရဲ့..။

"ဟြန့္ .. အိပ္ေနတုန္းလား"

" အခုနိုးၿပီ.."

" ကၽြန္ေတာ္လာမလို႔ ကိုကို႔ဆီ.. အခု"

" လာေလ..ေမေမ မရွိဘူးလား"

" အင္း..ေမေမ ေမၿမိဳ႕တက္သြားတယ္"

" ေမေမမရွိမွ ကိုယ့္ဆီ လာေတြ႕တာေပါ့"

" ဟာ.. မဟုတ္ပါဘူးေနာ္..။
ကိုကို႔ကို အျမဲေတြ႕ခ်င္တာေပါ့.."

ကိုကို႔ရယ္သံေလးကို ၾကားလိုက္ရသည္။

" လာခဲ့။ ကိုယ္ေစာင့္ေနမယ္.."

" ကိုကို မနက္စာ
ဘာစားမလဲ ကၽြန္ေတာ္ ဝင္ဝယ္ခဲ့မယ္"

" မင္းေဖ်ာ္တဲ့ ေကာ္ဖီ..။
ရည္းစားလည္းျဖစ္သြားေတာ့
ကိုယ့္ကိုမင္းကမေဖ်ာ္ေပးေတာ့ဘူး"

" ဟီး.. ဟုတ္ကဲ့။ ေဖ်ာ္ေပးခဲ့မယ္.."

" ဆိုင္ကယ္ ျဖည္းျဖည္းေမာင္း။
ဒါမွမဟုတ္ ကိုယ္ လာေခၚရမလား.."

" ရတယ္။ ကၽြန္ေတာ္ ကိုယ့္ဟာကိုယ္ပဲ လာခဲ့
လိုက္မယ္.."

"ဒါဆို..ဒါပဲေနာ္.."

"ဟုတ္.."

ကိုကို႔ ဘက္က ဖုန္းခ်သြားတာနဲ႔..
ရွန္ခြန္းေနာင္ ေရမိုးခ်ိဳးၿပီး ျပင္ဆင္ရန္အတြက္
အိမ္ေပၚထပ္သို႔ ေျပးတက္ခဲ့လိုက္ေတာ့သည္။

မနက္စာကို ဆက္မစားေတာ့ဘူးလားဟု
ေမးေနသည့္ မီးဖိုေခ်ာင္ထဲမွ
မျဖဴ၏ ေမးခြန္းကိုလည္း မေျဖအားေတာ့..။

ႏွလုံးသားေလး အာဟာရျပည့္ဖို႔အတြက္
ကိုကို႔ မ်က္ႏွာေလးကိုသာ .. သြားၾကည့္ခ်င္ေနၿပီ။

မေန႔ကမွ ေက်ာင္းမွာေတြ႕ထားေပမဲ့လည္း ဒီေန႔
လြမ္းေနရျပန္ၿပီ။

ကိုကိုက သူ႔ကို ဘယ္အတိုင္းအတာထိေတာင္
ျပဳစားထားတာလဲ..တကယ္ပါပဲ..။

ေရခ်ိဳးၿပီးသည့္အခါ ဒီေန႔ရာသီဥတုက အနည္းငယ္
မိုးအုံ႔ေနသည္ေၾကာင့္ ရင္ဘတ္တြင္
ေၾကာင္႐ုပ္ေလးပါသည့္ 
အရမ္းမထူေသာ ေခါင္းစြပ္ပါ
hoodie အျပာႏုေလးနဲ႔
ဒူးအထက္ ဂ်င္းေဘာင္းဘီအတိုေလးကို
ဝတ္ခဲ့လိုက္သည္။

အားလုံးျပင္ဆင္ၿပီးသြားပါမွ
ေအာက္ထပ္ကို ျပန္ဆင္းလာကာ
မီးဖိုေခ်ာင္ထဲဝင္၍ ကိုကို႔အတြက္ေကာ္ဖီေဖ်ာ္ေပး
ၿပီး ကိုကိုဝယ္ေပးထားသည့္ အလွဖန္ပုလင္း
ေလးထဲ ထည့္လိုက္သည္။

ထို႔ေနာက္မွ..ၿခံထဲတြင္ ရပ္ထားသည့္
scoopy ဆိုင္ကယ္ေလးျဖင့္ ကိုကို႔ကြန္ဒိုရွိရာသို႔
ေမာင္းထြက္ခဲ့လိုက္ေတာ့၏။



________________________


အခန္း Password ႏွိပ္၍ ဖြင့္ဝင္ခဲ့လိုက္ၿပီး
ေလာ့ခ္မခ်ထားသည့္ ကိုကို႔အိပ္ခန္းတံခါးကို
အသာေလးတြန္းဖြင့္လိုက္သည္ႏွင့္ ေအးစိမ့္ေနသည့္
Aircon မွ အေအးဓာတ္ကို ခံစားလိုက္ရသည္။

ဖုန္းေျပာၿပီး ျပန္အိပ္ေနဟန္ရွိသည့္ ကိုကိုက
ရွန္ခြန္းေနာင္ ဝင္လာတာကိုပင္ သိဟန္မတူ။

ေျခလွမ္းကို ဖြဖြလွမ္း၍ ျပဳံးစိစိ႐ုပ္ေလးျဖင့္
ကိုကို႔၏ king size bed ႀကီးနားကို
တိုးသြားလိုက္သည္။ 

ထို႔ေနာက္ ကိုကို႔ေဘးကေနရာလြတ္တြင္
ဝင္ထိုင္ကာ အိပ္ေပ်ာ္ေနသည့္ ကိုကို႔
မ်က္ႏွာကို ေငးၾကည့္ေနမိသည္။

ပုံမွန္အခ်ိန္လို ပုံသြင္း၍
လွန္သိမ္းထားျခင္းမရွိသည့္
ဆံႏြယ္ေပ်ာ့ေပ်ာ့ေတြက
ၾကည့္၍ေကာင္းစြာပင္..စင္းက်ေနေလသည္။

ထို႔ေနာက္ ကိုကို႔ရဲ့ မ်က္ႏွာတြင္ ဆြဲေဆာင္မွု
အရွိဆုံးျဖစ္ေသာ..စိမ္းညႇို႔သည့္
မ်က္ခုံးႏွစ္သြယ္ႏွင့္
ပိရိေသသပ္၍ သဘာဝအတိုင္းပန္းေဖ်ာ့ေရာင္ ေျပေျပသမ္းေနတတ္သည့္ ကိုကို႔ရဲ့ ႏွုတ္ခမ္း..၊
ႏွာရိုးျမင့္ျမင့္ ႏွာတံစင္းစင္း တို႔ျဖင့္ ကိုကို႔ရဲ့
သြယ္လ်ေသာမ်က္ႏွာက်တို႔က
တတ္ကၽြမ္းေသာပညာရွင္မွထုထားသည့္
လက္ရာေျမာက္ေသာ ပန္းပု႐ုပ္သဖြယ္..
ျပစ္ခ်က္ဆို၍ ရွာစရာမရွိ..။

အတန္ၾကာေငးၾကည့္ေနမိၿပီးမွ..
ရွန္ခြန္းေနာင္ ကိုကို႔ နားရြက္ နားေလးသို႔
တိုးကပ္ကာ..

" ကိုကို.. ကၽြန္ေတာ္ ေရာက္ၿပီ..ထေတာ့.."

ရွန္ခြန္းေနာင္ တစ္ခြန္းသာႏွိုးရေသးသည္။
ကိုကိုက အိပ္မွုန္စုံမႊား႐ုပ္ေလးျဖင့္
မ်က္လုံးဖြင့္ၾကည့္လာခဲ့၏။

" ဘာလို႔ နိုးၿပီေျပာၿပီး
ျပန္အိပ္ေနတာလဲ..။ မေန႔ညက ..
ဘယ္အခ်ိန္မွ အိပ္တာလဲ .. ေျပာ.."

ရွန္ခြန္းေနာင္ စူပုပ္ပုပ္႐ုပ္ေလးႏွင့္ေျပာသည့္အခါ
ကိုကိုက မ်က္လုံးေတြကို ျပန္မွိတ္သြားၿပီး
ႏွုတ္ခမ္းစြန္းေလး တစ္ဖက္ေကာ့တက္႐ုံျပဳံးသည္။

ထို႔ေနာက္ ခုတင္ေပၚမွာ
ထိုင္ေနသည့္ ရွန္ခြန္းေနာင္ရဲ့ လက္ကေလးကို
ဆြဲလိုက္တာေၾကာင့္ ကိုယ္က ယိုင္က်သြားၿပီး
ကိုကို႔ ရင္ဘတ္ေပၚတြင္ လက္ေထာက္မိၿပီးသားျဖစ္သြားကာ နီးကပ္သြားသည့္ ကိုကို႔မ်က္ႏွာကို
မင္သက္စြာ ငုံ႔ၾကည့္မိသြားသည္။

ကိုကို႔ဆီမွ ရေနက်ျဖစ္ေသာ
သင္းပ်ံ႕ပ်ံ႕ေလးေမႊးသည့္ ရနံ႔တစ္မ်ိဳးကို ရသည္။
ေရေမႊးနံ႔ျဖစ္မည္ဟုထင္ေပမဲ့ .. ေယာက်ာ္းေလးေတာ္ေတာ္မ်ားမ်ားစြတ္ေနက် စူးရွရွ
အနံ႔မ်ိဳးလည္းမဟုတ္၊ခ်ိဳအီေသာ
အနံ႔မ်ိဳးလည္း မဟုတ္ဘဲ၊စိတ္အတြင္းထဲထိ ၿငိမ္းေအးကာ
လန္းဆန္းသြားေစသည့္ ရနံ႔မ်ိဳးျဖစ္သည္။

" morning kiss ယူလို႔ရလား.."

ကိုကို႔ရဲ့ ခ်ိဳသာဩရွေသာ အသံသည္လည္း..
ဆြဲေဆာင္မွုရွိစြာ....။

ရင္ခုန္သံ စီးခ်က္တို႔ျမန္သြားရသည့္ႏွင့္အတူ ..
ရွန္ခြန္းေနာင္ရဲ့ မ်က္ႏွာေလးသည္လည္း
ရွိန္းခနဲပူသြားရသည္။

" ဟို....ဟုတ္.."

ကိုကို႔ရဲ့ မပြင့္တပြင့္ အျပဳံးေတြ
သည္လည္း ရင္ခုန္ဖြယ္..။

ကိုကိုက ရွန္ခြန္းေနာင္ရဲ့ ကိုယ္ေလးကို ေဘးသို႔
လွဲခ်လိုက္ၿပီးမွ.. အေပၚကေန အုပ္မိုးလာခဲ့သည္။

ပါးကိုခပ္ဖြဖြပြတ္သပ္လာသည့္ ကိုကို႔ရဲ့
လက္သြယ္သြယ္မ်ားေၾကာင့္
ရွန္ခြန္းေနာင္ မ်က္လုံးမွိတ္ခ်လိုက္မိ၏။

ကိုကို႔ဆီမွ ခပ္တိုးတိုးရယ္သံကို
ၾကားလိုက္ရေသးသည္။

ထို႔ေနာက္ ရွန္ခြန္းေနာင္ ၏ နဖူး၊
ပါးမို႔မို႔ေလးႏွစ္ဖက္၊ ႏွာထိပ္ဖ်ားႏွင့္ နားသယ္စပ္
ေလးထိပါမက်န္ ေရာက္ရွိလာသည့္ ကိုကို႔ရဲ့
အနမ္းဖြဖြေတြ...။

ရွန္ခြန္းေနာင္၏ ႏွုတ္ခမ္းေပၚသို႔ ..
ေရာက္ရွိလာခဲ့သည့္ ကိုကို႔ႏွုတ္ခမ္းေတြကေတာ့
ေႏြးေထြးႏူးညံ့ေနခဲ့ပါသည္။

ထို႔ေနာက္.. ေနာက္ထပ္ တစ္ေနရာသို႔
ကိုကို႔ႏွုတ္ခမ္းေတြ ေရာက္ရွိသြားေသာ
အခါတြင္ေတာ့.. အိပ္ရာခင္းစကိုပင္ ရွန္ခြန္းေနာင္
လက္ႏွင့္ ေယာင္ယမ္းကာ ဆုပ္လိုက္မိသလိုပင္..။

ဝတ္ထားသည့္
Hoodie ေခါင္းစြပ္ေလး ကို အနည္းငယ္ဟ၍
နမ္းရွိုက္ေနေသာ..

ရွန္ခြန္းေနာင္၏ လည္တိုင္ဆီမွ ကိုကို႔အနမ္းေတြက
ပထမတစ္ေခါက္တုန္းကလိုေတာ့ ထိကပ္႐ုံ..
မရိုးရွင္းေနတာ အမွန္.. ။

လၽွာဖ်ားႏုႏုေလး၏ အထိအေတြ႕ကိုလည္း
ခံစားရသလို.. ခပ္ဖြဖြေလးလည္း
စုပ္ယူေနေသးသည္..။

ရင္ဖို လွိုက္ေမာရပါသည္။

ကိုကိုဖန္တီးေနသည့္
လည္တိုင္က အနမ္းေတြရပ္သြားခဲ့ပါမွ..
အသက္ေအာင့္ထားမိသည္ကို
ေျဖေလၽွာ့လိုက္မိသည္။

မိနစ္ပိုင္းေလးျဖင့္ပင္.. သူ႐ူးေတာ့မည့္ႏွယ္..။

ကိုကိုက ရွန္ခြန္းေနာင္ရဲ့ ပါးကို ေနာက္တစ္ႀကိမ္
နမ္းလာၿပီးမွ.. ရွန္ခြန္းေနာင္၏
နဖူးကို သူ႔နဖူးႏွင့္ထိကာ..
ခပ္တိုးတိုးေလးရယ္သည္။

" အိမ္ျပန္ေရာက္ရင္.. မင္းေမေမေရွ႕မွာ
လည္ပင္းေပၚတဲ့အကၤ်ီဝတ္လို႔မရေလာက္ေတာ့ဘူး"

"အရမ္း.. အရမ္း ထင္သြားၿပီလား.."

ကိုကိုက သူ႔ကိုယ္ေပၚမွ အုပ္မိုးထားရာမွ
ဖယ္ေပးကာအခန္းထဲရွိ ကိုယ္လုံးေပၚမွန္ကို
ေမးေငါ့ျပသည္။

ရွန္ခြန္းေနာင္ ခုတင္ေပၚမွ ထကာ
မွန္ရွိရာသို႔ ေျပးသြားလိုက္သည္။

အကၤ်ီကို အနည္းငယ္ဟၿပီး ၾကည့္လိုက္သည့္
အခ်ိန္တြင္ ေတြ႕လိုက္ရေသာ အမွတ္အသား
ေၾကာင့္.. မ်က္ႏွာေလး ရဲသြားခဲ့သလို
ရင္သည္လည္း လွပ္ခနဲခုန္သြားခဲ့၏။

ထို႔ေနာက္ ခုတင္ေပၚမွာ ထိုင္ေနေသာ
ကိုကို႔ကို မၾကည္ၾကည့္ေလးျဖင့္ လွည့္ၾကည့္ကာ..

" ကိုကို.."

" ဗ်ာ......."

"လူဆိုး.."

"ေဟာဗ်ာ..ကိုယ္မင္းကို ခြင့္ေတာင္းတယ္ေလ.."

"ဟြန့္.. ကိုကိုက ေနရာမွ ေသခ်ာမေျပာတာ.."

ကိုကိုက သေဘာတက်ရယ္သည္..။

" လာ မေက်နပ္ရင္.. ကိုယ့္ကို ျပန္လုပ္.."

"ဟာ.. လုပ္ပါဘူး.."

ရွန္ခြန္းေနာင္က ရွက္ဝဲဝဲေလးေျပာကာ
ကိုကို႔ခုတင္မွာ သြားျပန္ထိုင္လိုက္သည္။
ကိုကိုကေတာ့ ခုတင္ေပၚမွ ဆင္းလိုက္ၿပီး
ျခဳံထားသည့္ ေစာင္ကို ေသခ်ာ ျပန္ေခါက္ေန၏။

ထို႔ေနာက္ ထိုင္ေနသည့္ရွန္ခြန္းေနာင္ကို
ၾကည့္လာခဲ့ၿပီး မသိမသာ တြန့္ခ်ိဳးသြားသည့္
မ်က္ခုံးေတြကို သတိထားမိသြားရသည္။

ရင္ထဲ ထိတ္ခနဲပင္ျဖစ္သြားရ၏။
ကိုကို စိတ္ဆိုးမွာကို တကယ္ေၾကာက္တတ္ေနၿပီ။

" ကိုကို ဘာျဖစ္လို႔လဲ.."

"ဆိုင္ကယ္ကိုဒီပုံစံအတိုင္းဝတ္ၿပီး
ေမာင္းလာခဲ့တာလား.."

"ဟုတ္... ဘာျဖစ္လို႔လဲ.."

" ေနာက္ခါ.. ကိုယ္မင္းေဘးမွာမပါရင္..
အဲ့ဒီလိုေဘာင္းဘီ မဝတ္နဲ႔.."

ရွန္ခြန္းေနာင္ ကိုယ့္ေဘာင္းဘီကိုယ္
ျပန္ငုံ႔ၾကည့္ လိုက္မိသည္။

ဒူးအထက္ ဂ်င္းေဘာင္းဘီ အပြေလးမို႔
ထိုင္လိုက္တဲ့အခါ အနည္းငယ္ ေျမာက္တက္ကာ..
ေပါင္တစ္ဝက္ေလာက္ထိေလးေပၚေနခဲ့တာ..။

" ဘာလို႔လဲ ႐ုပ္ဆိုးလို႔လား.."

"..."

"ဟင္လို႔ .. ကၽြန္ေတာ္နဲ႔မလိုက္လို႔လား.."

" သဝန္တိုလို႔ေလကြာ.."

ရွန္ခြန္းေနာင္၏ ရင္ခုန္သံလွိုင္းေလးမွာ ၿငိမ့္ခနဲ
ျဖစ္သြားခဲ့သည္။

ကိုကို႔အနားသို႔ေျပးသြားကာ
ကိုကို႔လက္ေမာင္းကို တြယ္ဖက္လိုက္မိသည္။

" ထပ္ေျပာပါဦး .. ကၽြန္ေတာ့္ကို ဘာျဖစ္လို႔.."

ေခါင္းေလးေစာင္းလ်က္ေမာ့ၾကည့္ကာ
ျပဳံးစိစိ႐ုပ္ေလးနဲ႔
ေမးေနသည့္ ရွန္ခြန္းေနာင္ကို ၾကည့္ကာ..
စိုင္းအံ့သၽွိုင္းယံ ရယ္လိုက္မိသည္..။

" ကိုကိုလို႔ ..ေျပာပါ..။ကၽြန္ေတာ့္ကို ဘာျဖစ္တယ္.."

" သဝန္တိုလို႔.. ကိုယ္မင္းကို သဝန္တိုလို႔....။
ေနာက္ခါ ကိုယ္နဲ႔အတူရွိတာမ်ိဳးမဟုတ္ရင္
အဲ့ဒီလိုမ်ိဳးမဝတ္နဲ႔ ကိုယ္မႀကိဳက္ဘူး.."

"ဟီးဟီး...ဟုတ္ကဲ့ပါဗ်ာ.."

ႏွာဖ်ားလုံးလုံးေလးအား ဖြဖြဆြဲညႇစ္လိုက္မိသည္။

" ကိုယ္ေရခ်ိဳးဦးမယ္.."

"ဟုတ္..ကၽြန္ေတာ္.. မနက္စာ
ျပင္ထားလိုက္မယ္.."


_____________________


Kitchen ထဲဝင္ကာ ကိုကို႔အတြက္ ေပါင္မုန့္ၾကက္ဥ
ေလးအလြယ္ေၾကာ္ေပးလိုက္ ၿပီး
ေကာ္ဖီထည့္ေပးေတာ့မည္
ဆိုပါမွ ေကာ္ဖီထည့္ထားသည့္ဖန္ပုလင္းေလးက
ဆိုင္ကယ္ tool box ထဲ က်န္ခဲ့မွန္း
သတိရသြားရသည္။

ကိုကို႔ အခန္းထဲမ်ား ထားခဲ့မိလားလို႔ ေတြးၿပီး
ဝင္ၾကည့္ေပမဲ့ မရွိေပ။

ထို႔ေၾကာင့္ ကိုကို႔ေရခ်ိဳးခန္းတံခါးကို ေခါက္ကာ..

" ကိုကို.."

ၾကားေနရသည့္ ေရပန္းကေရက်သံေတြ
တိတ္သြားၿပီး..

" ဗ်ာ.."

" ဟီး..ေကာ္ဖီဗူး ဆိုင္ကယ္ toolbox ထဲ က်န္ခဲ့လို႔
သြားယူလိုက္ဦးမယ္.."

" ကိုယ္သြားယူေပးမယ္ေလ..။ ခဏေစာင့္လိုက္ ။
ကိုယ္ၿပီးေတာ့မယ္"

" ရတယ္ ကိုကိုေရခ်ိဳးၿပီးရင္ အဆင္သင့္စားလို႔
ရေအာင္လို႔...။ ကၽြန္ေတာ္ သြားၿပီေနာ္.."

ရွန္ခြန္းေနာင္ေျပာၿပီးတာနဲ႔ အခန္းထဲက
ထြက္ခဲ့လိုက္သည္။

Condo မွာ ဓာတ္ေလွကားက ႏွစ္ခုရွိတာေၾကာင့္
လူလြတ္ၿပီး တံခါး ပထမဆုံးပြင့္လာသည့္
ဓာတ္ေလွကားနဲ႔ပဲ ေအာက္ဆင္းခဲ့လိုက္သည္။

မိနစ္ပိုင္းေလးပဲ ေနာက္က်ၿပီး
တံခါးပြင့္သြားသည့္ တစ္ဖက္က
ဓာတ္ေလွကားအတြင္းမွ ထြက္လာသည့္
မိန္းကေလးတစ္ေယာက္ကိုေတာ့
သူမျမင္ခဲ့မိေပ...။

~~~~~~~~~~~~

ဆိုင္ကယ္ရပ္ထားသည့္ parking ေနရာကို
ေရာက္သည့္အခါအျပင္ဘက္တြင္ မိုးဖြဲဖြဲေလးက်ေနကာ.. ရာသီဥတု က မနက္ကထက္ပင္
အနည္းငယ္ေအးေနတာကို  ခံစားလိုက္ရသည္။

Toolbox ထဲက ေကာ္ဖီပုလင္းေလးကို ျမန္ျမန္ထုတ္ၿပီး
ရွန္ခြန္းေနာင္ အေပၚသို႔တက္လာခဲ့လိုက္ေတာ့သည္။

ကိုကို ဗိုက္ဆာေနေတာ့မွာ..။

ဓာတ္ေလွကားထဲကထြက္ၿပီး ကိုကို႔အခန္းရွိရာသို႔
မေျပး႐ုံတမယ္ လာခဲ့ေသာ
ေျခလွမ္းေတြသည္..ျမင္ကြင္းတစ္ခုကို
ျမင္လိုက္ရသည့္ အခါတြင္ေတာ့
တျဖည္းျဖည္းေႏွးက်သြားခဲ့သည္။

ေရေသခ်ာေျခာက္ေသးသည့္ ခပ္ဖန့္ဖန့္ဆံပင္ေတြနဲ႔
Bathrobe နီညိဳရင့္ေရာင္ကိုသာ ဝတ္ထားေသာ
ကိုကိုက .. အစ္မေမခ်ယ္ရီလင္းႏွင့္ အခန္းေရွ႕တြင္
စကားရပ္ေျပာေနသည္။

အစ္မေမခ်ယ္ရီလင္း၏ မ်က္ဝန္းတြင္ မ်က္ရည္
ေတြေဝ့ေနလ်က္...

" ဘာလို႔လဲ...သၽွိုင္း။ ငါနင့္ေဘးမွာရွိခဲ့တာ ..
သုံးႏွစ္ေတာင္ျပည့္ေတာ့မွာ..။
နင္ ဇယားေတြအမ်ားႀကီးရွိခဲ့တာလည္း..
ငါစိတ္မပ်က္ခဲ့ဘူး။ ေနာက္ဆုံးမွာ
နင္ေရြးခ်ယ္မယ့္လူက ငါတစ္ေယာက္ပဲ
ျဖစ္ေနမွာပါဆိုၿပီး ငါေစာင့္ေနခဲ့တယ္..။
ဘာလို႔မ်ား......."

ရွင္းလင္းျပတ္သားစြာ ၾကားေနရသည့္
စကားေတြသည္ ရင္ကို ..
တျဖည္းျဖည္း ေမာလ်လာေစပါသည္။

" ဘာလို႔ ငါ့ကို ေမၽွာ္လင့္ခ်က္ေတြ ေပးခဲ့ရတာလဲ..။
ငါတို႔အတူ.. ႏွစ္ေယာက္တည္းရွိခဲ့တဲ့ အခ်ိန္ေတြ.. ၊
ေပ်ာ္ခဲ့ရတဲ့ အခ်ိန္ေတြ
ဘယ္ေလာက္မ်ားလိုက္သလဲ..။ စာေမးပြဲေတြ
အတြင္းမွာနင္ငါ့ကို ဂ႐ုစိုက္ေပးခဲ့တာေတြကေရာ ..
ဘာအတြက္လဲ.."

တကယ္ နာက်င္လာရတယ္...။
ႏွလုံးသားကို ဆူးတစ္ေခ်ာင္းနဲ႔စြေနသလို
စူးစူးနစ္နစ္ပါပဲ..။

" ငါ့ကိုမဟုတ္ဘဲ
ဘာလို႔ ဒီေကာင္ေလးကိုမွ.... နင့္အနားကို
ေခၚလိုက္ရတာလဲ..။ ငါက ဘာျဖစ္ေနလို႔လဲ..။
ငါကနင့္အတြက္ နင့္ရဲ့ ဇယားေတြထဲက တစ္ခု
ပဲလား ဟုတ္လား.."

" ေမ.."

ရွန္ခြန္းေနာင္ရဲ့ ေျခေထာက္ေတြ
ယိုင္သြားခဲ့တယ္..။
တစ္ခါမွ မၾကားဖူးခဲ့တဲ့
ကိုကို႔ပါးစပ္က ထြက္တဲ့ အေခၚအေဝၚေၾကာင့္ ..
ရွန္ခြန္းေနာင္ ထိုင္ငိုပစ္ခ်င္လာမိတယ္..။

" ငါနင့္ကို ခ်စ္တယ္..သၽွိုင္း..။
ရတယ္.. မပိုင္ရလည္း..ဒီတစ္ခုေတာ့ နင့္ကို
ငါသိေစခ်င္တယ္.."

ကိုကို႔ႏွုတ္ခမ္းဆီသို႔ ထိကပ္သြားခဲ့သည့္..
အစ္မေမခ်ယ္ရီလင္း၏ ႏွုတ္ခမ္းေတြ..။

ရပ္ေနသည့္ ပတ္ဝန္းက်င္တစ္ခုလုံး
ခ်ာခ်ာလည္သြားခဲ့သည္။ အသိစိတ္ေတြသည္
ေပ်ာက္ရွမတတ္..။

အားအင္ေတြ တစတစယုတ္လာၿပီး..
အျမင္အာ႐ုံေတြေဝဝါးလာသည့္ေနာက္ဆုံး..
လက္ထဲတြင္ ကိုင္ထားသည့္
ေကာ္ဖီထည့္ထားေသာဖန္ပုလင္းေလးက ၾကမ္းျပင္သို႔
လြတ္က်သြားခဲ့ကာ ခြမ္းခနဲ ျမည္ေအာင္
အစိတ္စိတ္အႁမြာႁမြာ ကြဲသြားခဲ့သည္..။

လွည့္ၾကည့္လာခဲ့သည့္ .. ကိုကို႔၏
မ်က္ဝန္းအၾကည့္ေတြသည္
အံ့ဩတုန္လွုပ္လ်က္...။

သူ႔ဆီကို ေလၽွာက္လာခဲ့သည့္ .. ေျခလွမ္းေတြကို
ေငးၾကည့္မိရင္း... ရွန္ခြန္းေနာင္..
ထြက္ေျပးခ်င္လာမိသည္..။

ပူေႏြးေသာ မ်က္ရည္မ်ား ပါးတေလၽွာက္
စီးက် သြားခဲ့သည္။

ဟင့္အင္း.. သူမငိုခ်င္ဘူး။
အရွုံးသမားတစ္ေယာက္လိုမ်ိဳး သူမငိုခ်င္ဘူး..။

" ကေလး.."

ကိုကိုက သူ႔ပခုံးကို ဆုပ္ကိုင္လာခဲ့သည္..။

အတုအေယာင္ေတြ...။

ေပ်ာ္ရႊင္ခဲ့ရသမၽွ ၊မက္ေမာခဲ့ရသမၽွ အခိုက္အတန့္
ေတြအားလုံးက အတုအေယာင္ေတြ..။

စြဲလမ္းဖူးသည့္ မ်က္ဝန္းနက္နက္ေတြကို ..
နာက်င္စြာ..၊ နာၾကည္းစြာ..
စိုက္ၾကည့္လိုက္မိသည္..။

"ကိုကို႔ကို ကၽြန္ေတာ္
ဘယ္တုန္းကမွ မသိခဲ့ရင္ အရမ္းေကာင္းမွာပဲ.."

"ကိုယ္ရွင္းျပမယ္.."

"တကယ္ .... မုန္းခ်င္တယ္..."

ပခုံးေပၚက လက္ေတြကို ျဖဳတ္ခ်ကာ ေနရာမွ
လွည့္ထြက္ခဲ့မိသည္။

အစကတည္းက ဒီရပ္ဝန္းက သူတိုးမဝင္ခဲ့သင့္တဲ့
ရပ္ဝန္းတစ္ခုျဖစ္ေနခဲ့ပုံပဲ...။

ဓာတ္ေလွကား တံခါး ပိတ္သြားခဲ့တာနဲ႔ ..
သူ႔ေျခေထာက္ေတြ..အလိုလို ေကြးညြတ္ကာ ..
ထိုင္က်သြားခဲ့သည္...။

သူငယ္ခ်င္းေတြပါတဲ့..။
ဘာလို႔ လိမ္ခဲ့တာလဲ...။
ဘာလို႔ ကၽြန္ေတာ့္ကိုမွ လုပ္ရက္ခဲ့ရတာလဲ....။



_______________________


ဆက္ရန္။

Continue Reading

You'll Also Like

985K 35.5K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...
2.5M 188K 77
ျမတ္​ႏိုးစြာခ်စ္​ခ့ဲမိ​ေသာဤလူသားကို​"​ေမာင္​"ဟု႔​ေခၚသည္​ မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်
182K 4.5K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
919K 69.3K 48
"ဟျောင့် မင်းအဲ့လောက်တောင်ငါ့အိမ်ကဟင်းတွေကြိုက်နေရင်ငါ့ကိုလင်တော်လိုက်ပါလား" "အဟွတ်အဟွတ် ဘာပြောတယ်မင်းကိုလင်တော်မဲ့အစားဟိုဘက်ရွာကအခြောက်နှစ်ယောက်ကိုပ...