Highway To Heaven

By yuppie_wu

105K 8.6K 2.6K

ကိုယ်မင်းကိုဘယ်တော့မှ လက်လွှတ်ပေးမှာမဟုတ်ဘူး ။ ကိုယ္မင္းကိုဘယ္ေတာ့မွ လက္လႊတ္ေပးမွာမဟုတ္ဘူး ။ A/N : This story... More

Ep - 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Special Episode
Ep - 20
Ep - 21
Ep - 22

Ep - 23 (THE END)

5.4K 333 98
By yuppie_wu

(Unicode)

ရှောင်းကျန့်ရဲ့ မာမားဆုံးပြီးတဲ့နောက်ပိုင်း ရှောင်းကျန့်ဘဝအတွက် တွယ်တာစရာဆိုလို့ ရိပေါ်နဲ့ သားလေးနှစ်ယောက်ရယ် ယောက္ခမနှစ်ယောက်ပဲရှိပါတော့သည်။ သူငယ်ချင်းကျိုးချန်ကလည်း သူ့ဘဝနဲ့သူဖြစ်နေပြီ။

ဟွားဟွားကတော့ ရှောင်းကျန့်တို့ဆီမှာ အလုပ်လုပ်နေတုန်းဖြစ်သည်။

မာမားဆုံးပြီး နှစ်ဝက်လောက်ကြာသည်အထိ ရှောင်းကျန့်က ဝမ်းနည်းပူဆွေး နေဆဲ။

ပါပါးကိုလက်လွှတ်လိုက်ရတုန်းက မာမားရှိသေးသည်ဟူသော အတွေးနဲ့ အဲ့လောက်မခံစားခဲ့ရ။ ဒါပေမယ့် မာမားဆုံးပြီးနောက်ပိုင်း ချစ်ရသူတွေကို ဆုံးရှုံးရခြင်းကို ကြောက်ရွံ့လာသည်။

အလွန်တရာမှ တန်ဖိုးထားခဲ့ရတဲ့ ကျောင်းဆရာအလုပ်ဆိုတာလည်းသူ့အတွက် အရေးမကြီးတော့။ မိသားစုကို ပိုပြီး အချိန်ပေးလို့ စောင့်ရှောက်နိုင်ဖို့အတွက် ပါချုပ်ရာထူးရခါနီးမှ အလုပ်ထွက်ကာ ပင်စင်ယူလိုက်လေသည်။

လူ့ဘဝကရခဲမျှ ဘယ်အချိန်မှာ လောကကြီးက ထွက်ခွာရမှန်းမသိနိုင်တာကြောင့် ဘဝအတွက် ကျန်ရှိနေတဲ့ အချိန်တွေကို ကိုယ့်မိသားစုကိုပဲ တန်ဖိုးထားတာ ဂရုစိုက်ဖို့ဆုံးဖြတ်လိုက်တော့သည်။

.......

ရှောင်းကျန့်က စာဖိုမှုးသင်တန်းတွေတက်ကာ အချက်အပြုတ်ကိုကြိုးစားသင်ယူသည်။

အရင်တုန်းက မီးဖိုချောင်ဇောက်ထိုးလုပ်တော့မလိုဖြစ်ခဲ့ပေမယ့် ယခုတော့ ထိုသ််ို့မဖြစ်စေရ။

ကလေးလေးတွေစားချင်တာရော ရိပေါ်စားချင်တာပါ ကောင်းကောင်းချက်ပြုတ်ပေးလို့ရသည်အထိ ကြ်ိုးစားနေသည်မှာ ခုဆို ရှောင်းကျန့်လက်ရာ တော်တော်တောင်ကောင်းနေပြီ။

ယောက္ခမကြီးတွေကလည်း အသက်ကြီးလာပြီဖြစ်တာကြောင့် ရှောင်းကျန့်က သူကိုယ်တိုင်ပဲ အနီးကပ်ပြုစုသည်။

ရိပေါ်ကို ရုံးသွားရုံးပြန် အကြိုအပို့ ၊ သားကြီးကျောင်းအကြိုအပို့ ရှောင်းကျန့်ပဲလုပ်သည်။ ပြီးတော့ ရှောင်းကျန့်က အိမ်မှာနေသည်ဆိုတော့ သားငယ်ကို ထိန်းရသည်ကများ၏။

ဒါလည်း ဝဋ်လည်ခြင်းတစ်မျ်ိုးပဲနေမည်။ အရင်တုန်းက ရိပေါ်ကို ငါးနှစ်လောက် အိမ်မှာပဲ ပိတ်လှောင်ထားခဲ့တာဆိုတော့။

ဒါပေမယ့်လည်း ကောင်းသော ဝဋ်လည်ခြင်းပါပေ။

သားငယ်ကို ရှောင်းကျန့်က ထိန်းရတယ်ဆိုပေမယ့် သားငယ်က ရိပေါ်ကို ပိုကပ်သည်ကများ၏။

သားငယ်ကလည်း သူ့အဖေသူသိသည်။ ရိပေါ်လက်ထဲမှ မဟုတ်ရင် သိပ်မငြိမ်မနေတတ်။ ခဏခဏငိုတတ်တာမျိုး ဂျီကျတာမျိုးလုပ်တတ်သည်။

အခုလည်း သားငယ်က မနက်စောစောနိုးနှင့်နေပြီ ။ နို့ဆာလ်ို့အော်ငိုနေတာကြောင့် ရိပေါ်က ကုမ္ပဏီကို မသွားခင် အဝတ်လဲရင်းတန်းလန်းနှင့် သားသားကိုနို့တိုက်နေရတာဖြစ်၏။

သားသားက နို့ဘူးလည်း အရမ်းစို့သည်။

နို့သောက်တာဝသွားတော့ သားသားက ရိပေါ်လက်ထဲပြန်အိပ်ပျော်သွားသည်။ ရိပေါ်မသွားခင် သားသားက ပြန်နိုးသွားမှာစိုး၍ လက်ထဲကမချရဲသေး။

သားသားက အိပ်ရေးဆတ်သည်။ ဒါပေမယ့် သားသားအိပ်ရေးဆတ်တာကတစ်မျိူး။ ဘယ်လောက်ဆူညံ ဆူညံ မနိုးတတ်ပေမယ့် ရိပေါ်လက်ကလွတ်တာနဲ့ နိုးတတ်တဲ့အကျင့်ရှိ၏။

" ကိုကိုရေ နက်ခ်တိုင်လာစည်းပေးပါဦး "

" လာပြီ လာပြီ "

လှေကားထိပ်ကနေ အော်ခေါ်လိုက်တော့ ရှောင်းကျန့်က ဟင်းချက်ရင်းတန်းလန်းကို မီးပိတ်လို့ အပေါ်ထပ်ကိုပြေးတက်လာ၏။

အေပရွန်အစိမ်းဖျော့ရောင်နှင့် ရှောင်းကျန့်က အတော်လေးတော့ လိုက်ဖက်သည်ပဲ။ ဝက်ဝံရုပ်တွေပါတဲ့ အေပရွန်က နည်းနည်း ကလေးဆန်နေတာကလွဲလို့ပေါ့။

" ဒီနေ့လည်း သားသားကိုထိန်းထားပေးဦး။ အရေးကြီးအစည်းအဝေးတစ်ခုရှိလို့ခေါ်မသွားတော့ဘူး။မနက်ဖြန်ကျ ဝယ်ထားတဲ့မြေကွက်တစ်ချို့သွားကြည့်ရဦးမယ် ကိုကို "

ရိပေါ်က ကုမ္ပဏီကို သူတစ်ယောက်တည်းဦးစီးနေပေမယ့် တစ်ချို့ကိစ္စတွေဆို ရှောင်းကျန့်နဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချတတ်သည်။

လောလောဆယ်တော့ ရှောင်းကျန့်စိတ်ချမ်းသာသလိုလုပ်ပါစေဟုသာလွှတ်ထားပေမယ့် နောက်ကျ ရိပေါ်နဲ့အတူကုမ္ပဏီကို ဦးစီးဖို့ နည်းနည်းပါးပါးလေ့လာခိုင်းရဦးမည်ဖြစ်သည်။

သားသားအရွယ်ရလာရင်တော့ ကုမ္ပဏီကိုလွှဲပေးဖို့ စီစဥ်ထားပေမယ့် ယခုချိန်မှာတော့ ရိပေါ်ကပဲ အကုန်လုပ်နေရသည်။ လုပ်ငန်းတိုးချဲ့လေလေ တာဝန်ပိလေလေဖြစ်တာကြောင့် ရိပေါ်ဘေးနားမှာ အားကိုးစရာ လူတစ်ယောက်လိုလာသည်။

အရင်က ပါပါးရှိနေလို့ ရိပေါ်ကအေးဆေးလုပ်နေခဲ့ပေမယ့် ပါပါးက လုံးဝအနားယူလိုက်တဲ့အခါ နည်းနည်းတော့ အားကိုးရာမဲ့သွားသည်။

နက်ခ်တိုင်ကို အာရုံစိုက်ပြီးစည်းပေးနေတဲ့ ရှောင်းကျန့်က်ို ရိပေါ်က အသေအချာစိုက်ကြည့်နေသည်။

ဒုတိယအရွယ်ကိုလွန်လာပြီဆိုတော့လည်း ဆံပင်ဖြူသုံးလေးငါးပင်က ဟိုထောင်ဒီထောင်။

ကိုကို့အသက်အရွယ်နဲ့ ဆံပင်ဖြူတာ ဖြစ်တော့လည်း ဖြစ်သင့်ပါသည်လေ။ ကျူတာပေါက်စလေးကနေ ပါချုပ်နေရာအထိရောက်လာဖို့ ဘယ်သူ့အကူအညီမှမပါပဲ အဆင့်ဆင့်ကြိုးစားခဲ့ရတာ။ ဘယ်လောက်တောင် ဦးနှောက်ကို အသုံးချခဲ့ရသလဲ။

ဦးနှောက်အရမ်းသုံးရတာကြောင့် ရှောင်းကျန့်နဲ့ သက်တူရွယ်တူလုပ်ဖော်ကိုင်ဖက်တွေထဲမှာ ဆံပင်တွေတစ်ခေါင်းလုံးဖြူသွားတဲ့သူတောင် တွေ့ဖူးသေးသည်။

အသက်အရွယ်ရလာတဲ့ ရှောင်းကျန့်ကို ကြည့်ရင်း ရိပေါ်မှာ မျက်ရည်လည်လာရသည်။

အချိန်မတန်သေးပေမယ့် အချိန်တန်ရင်တော့ ခွဲကြရဦးမှာ။ ဘယ်သူအရင်ခွဲရမလဲပဲ။

ကိုကိုက အရင်လား ရိပေါ်ကအရင်လား !

" ချစ်တယ်ကိုကို ! "

မွ*

" အင်း ကိုယ်ရောပဲ "

နက်ခ်တိုင်စည်းပြီးသွားတော့ ရိပေါ်က ရှောင်းကျန့်နှုတ်ခမ်းကို ခပ်ဖွဖွနမ်းလိုက်၏။ ထို့နောက် သားသားကိုပွေ့ပြီး ဧည့်ခန်းထဲက ပုခက်ထဲထည့်ထားပေးလိုက်သည်။

ပက်လက်လှန်လေးချပေးထားတဲ့သားသားက အင်း အဲ တစ်ချက်လုပ်ပြီး ဘေးဘက်လှည့်သွားသည်။ ခဏနေ သားသားနိုးလာရင် သူ့အဖိုးနဲ့ အဖွားက ထိန်းကြလိမ့်မည်။

-Highway To Heaven -

ရှောင်ပေါင်းလေးက ကျောင်းသားတစ်ယောက်ခေါင်းကိုရိုက်ခွဲလိုက်တာကြောင့် ကျောင်းက မိဘဖြစ်သူကို ဆင့်ခေါ်လာသည်။ ရှောင်းကျန့်က သားသားနဲ့အတူ ကျောင်းရုံးခန်းထဲမှာဖြစ်၏ ။

ခံရသူကျောင်းသားရဲ့မိဘကလည်း ရုံးခန်းထဲမှာရှိနေသည်။ မျက်နှာထားတွေကတည်တင်းပြီး ဘုကြည့်ကြည့်နေကြ၏။

" ကျောင်းသား ရှောင်ရှောင်ပေါင်း ။ ကျောင်းသား လျန်ချန်းမင်ကို ဘာလို့ ခေါင်းကွဲအောင်ရိုက်ရတာလဲ "

"..... "

ကျောင်းအုပ်ဆရာကြီးကမေးပေမယ့် ရှောင်ပေါင်းလေးကမဖြေပေ။ လက်သီးသာကျစ်ကျစ်ဆုပ်ထားသည်။ ခေါင်းမာတဲ့သားသားကြောင့် ရှောင်းကျန့်မှာ ဆရာကြီးကိုရော တစ်ဖက်က ကျောင်းသားမိဘတွေပါ အားနာရသည်။

" ဖြေလိုက်လေ သားသား ။ ပါပါးကို အရှက်မခွဲရဘူး "

ရှောင်းကျန့်က ဖျန်ဖြေတဲ့သဘောနဲ့ဝင်ပြောလိုက်ရာ ရှောင်ပေါင်းလေးကမျက်ရည်ကျတော့သည်။

" သူက ဒယ်ဒီနဲ့ ပါပါးကို စော်ကားလ်ို့ "

ရှောင်ပေါင်းလေးက အမှန်အတိုင်းပြောရာ တစ်ဖက်ကကျောင်းသားမှာ မျက်နှာအမူအရာပျက်သွား၏။ ကျောင်းအုပ်ကြီးပါ အင်တင်တင်ဖြစ်သွားသည်။

" အမ် ... ဘယ်လို ဘယ်လို ရှင်းအောင်ပြောစမ်း သားသား "

" အမေမရှိတဲ့သားဆိုပြီး လာစော်ကားလို့လေ။ ပြီးတော့ ဒယ်ဒီနဲ့ ပါပါးတို့ကို အခြောက်တွေဆိုလို့ မခံနိုင်တာနဲ့ ခေါင်းကိုရိုက်ခွဲလိုက်တာ "

" ဟာကွာ "

ရှောင်းကျန့်က ဒေါသအနည်းငယ်တော့ထွက်သွားသည်။ ဒါက သားသားအပြစ်မှမဟုတ်တာ။ အလကားနေရင်း သားသားကို လာစော်ကားတဲ့ကျောင်းသားကမှားတာလေ။

ပုံမှန်ဆို ဒေါသထွက်မိမှာဆိုပေမယ့် ကိုယ်က ပါမောက္ခဟောင်းဖြစ်တာကတစ်ကြောင်း ပြီးတော့ ဝမ်မ်ိသားစုရဲ့သိက္ခာလည်းရှိသေးသည်မို့ စိတ်လျှော့လိုက်၏။

တစ်ဖက်က ကျောင်းသားမိဘတွေကတော့ သူ့သားမမှားဘူးဆိုတဲ့ ဆိုဒ်နှင့်။

" ဒီကိစ္စမှာ နှစ်ဖက်လုံးက အမှားမကင်းပါဘူး ။ အရင်စမှားတာကတော့ ဒီဘက်ကကျောင်းသားပါ။ ဘယ်လိုစိတ်နဲ့များ သူများအိမ်တွင်းရေးကို စိတ်ဝင်စားနေသလဲမသိဘူးနော် "

" ဘာပဲဖြစ်ဖြစ် ကျွန်မတို့ကလေး ခေါင်းကွဲသွားတာ လျော်ကြေးပေးပြီးတောင်းပန်ပါ "

ရှောင်းကျန့်က ယဥ်ကျေးစွာတုန့်ပြန်ပေမယ့် တစ်ဖက်က ကျောင်းသားမိဘမှာ အာကျယ်စွာကျယ်ဖြင့် ရန်ထောင်လာခဲ့သည်။

" ကဲဗျာ။စိတ်လျော့ပါ။ ကျောင်းသားရှောင်ရှောင်းပေါင်းလုပ်ရပ်က မမှားပါဘူး။ ကျွန်တော်ဆိုလည်း ကျွန်တော့်မိဘတွေကိုထိရင် အဲ့လိုလုပ်မိမှာပဲလေ "

ကျောင်းအုပ်ဆရာကြီးဝင်ပြောမှ တစ်ဖက်ကျောင်းသားမိဘက မကျေနပ်နိုင်သော အမူအရာပြကာ ပါးစပ်ပိတ်သွားသည်။

ထိုအချိန်မှာပဲ ရိပေါ်က ကျောင်းအုပ်ဆရာကြီးရုံးခန်းထဲကို ဝုန်းဝုန်းဒိုင်းဒိုင်းဝင်ချလာ၏။

အစည်းအဝေးပြီးခါစကို သားသားက ကျောင်းမှာ ပြသနာတက်၍ ရူံးခန်းရောက်နေကြောင်း အကြောင်းကြားလာသည်။ ဒါကြောင့် ကုမ္ပဏီကနေ ကျောင်းအထိ အသော့နှင်လာရခြင်း။

ရုံးခန်းရှေ့ရောက်တော့ ကြားလိုက်တဲ့စကားတွေက ရင်နင့်ပြီး ဒေါသထွက်စရာကောင်းသည် ။ ဒီကိစ္စနဲ့ပက်သက်လ်ို့ ငယ်ငယ်ကတည်းက သားသားစိတ်ဒဏ်ရာရမှာစိုးလို့ အများကြီး ဂရုစိုက်ခဲ့တာ။ ခုတော့ ဒီဘာမဟုတ်တဲ့ကျောင်းသားက အရေးမပါတဲ့စကားတွေနဲ့ သားသားကို လှောင်ပြောင်နေသည်လေ။

ဝမ်ရိပေါ်တို့သည်းခံနိုင်ရိုးလား။ ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးခဲ့ရတဲ့သားသားကို ထိရဲတဲ့သူတွေထိကြည့်စမ်း အကုန် ဓားကြည့်ပဲ။

" ခင်ဗျားတို့လိုချင်တဲ့ ပမာဏထက် ဆယ်ဆပိုပေးမယ် ။ အေး ငါ့သားကိုစိတ်ဒဏ်ရာပေးလို့ ခင်ဗျားတို့သားခေါင်းကွဲတာထက် အဆမတန်ပိုခံစားစေရမယ် "

" ပါပါး "

" ရ်ိပေါ် "

ရိပေါ်ရောက်လာတော့ သားသားမှာ အံ့သြသွားသည်။ ကျောင်းအုပ်ဆရာကြီးရောပင်။

ဝမ်ဥက္ကဌက သူကိုယ်တိုင်ရောက်ချလာသည်ပဲ။

တရှူးရှူးတရှဲရှဲဖြင့် ဒေါသ မထိန်းနိုင်ဖြစ်နေတဲ့ ရိပေါ်ကို ရှောင်းကျန့်က လက်ကိုဆွဲလို့ နှစ်သိမ့်ရသည်။ သားသားနဲ့ ပက်သက်ရင် ရိပေါ်က စ်ိတ်မထိန်းနိုင်တာ ရှောင်းကျန့်အသိဆုံး။

" တောင်းပန်ပါ။ ငါ့သားကို စကားလုံးတွေနဲ့ စိတ်ထိခိုက်အောင်လုပ်လို့ တောင်းပန်ပေး "

ရိပေါ်က အသံကျယ်ကျယ်နဲ့အော်တော့သည်။ သားသားမျက်နှာငယ်လေးကိုမြင်လိုက်တာနဲ့ ရိပေါ်မှာ ရင်နင့်သွားရတာဖြစ်သည်။

" ရိပေါ် တော်တော့ "

ရိပေါ်က တစ်ဖက်ကျောင်းသားကို လက်ညှိုးထိုးကာ ဆွဲထိုးမယ့်ပုံစံပေါက်နေသည့်အတွက် ရှောင်းကျန့်က ရိပေါ်ကို ဆွဲလို့ အခြေအနေကို ဝင်ထိန်းသည်။

" မတော်နိုင်ပါဘူး။ ငါ့သားက်ိုထိရင် ဘယ်ကောင်မှ စောက်ဂရုမစိုက်ဘူး "

ကျောင်းအုပ်ဆရာကြီးလည်းဘာမှဝင်မပြောနိုင်ပေ။ သူတို့ကျောင်းက စကော်လားရှစ် ပရိုဂရမ်အတွက် အများဆုံးထောက်ပံ့ပေးတာက ဝမ်အုပ်စုကဖြစ်နေသည်မို့။

ရိပေါ်က ဒေါသထွက်နေသည်ကြောင့် တစ်ဖက်မိဘမှာ လန့်နေကြတာတော့ အမှန်ပင်။ ဒါတောင် သူတို့က ရိပေါ်ကို ဝမ်အုပ်စုက ဥက္ကဋ္ဌမှန်းမသိကြသေး။

" ကျွန်မတို့သားက အမှားမလုပ်ထားတာ မတောင်းပန်နိုင်ပါဘူး "

တစ်ဖက်မိဘက ခုထိ အလျှော့မပေးသေးပါ။

" ခင်ဗျားတို့ စကားခင်ဗျားတ်ို့မှတ်ထားနော် "

ရိပေါ်က ကျောင်းအုပ်ကြီးဘက် မြှားဦးလှည့်လာ၏။

" ကျောင်းအုပ်ကြီးကရော ဒီကိစ္စကို ဘယ်လိုလုပ်ဖို့စဥ်းစားထားလဲ။ သားသားမမှားမှန်းသိတယ်မလား။ တရားစွဲချင်ရင်လည်း ရုံးတက်ဖို့အဆင်သင့်နော်။ ကျုပ်က ဘာကိုမှ ဂရုစိုက်နေမှာမဟုတ်ဘူး "

ဝမ်ဥက္ကဌရဲ့သားမှန်းသိသားနဲ့ ရုံးခန်းကိုဆင့်ခေါ်မိတာ ဘယ်သူမှမမှားဘူး။ တကယ်က ငါ့အမှားပါဟုသာ ပြောလိုက်ချင်တော့သည်။ဝမ် ဥက္ကဌကိုလည်းကြောက်ပါသည်။

ထောက်ပံ့ကြေးဆက်မပေးတော့ရင် သူတ်ို့ကျောင်းက ဒီမြို့ရဲ့ အကောင်းဆုံးကျောင်းနေရာက ပြုတ်သွားမှာ အသေအချာပင်။

"ကျောင်းသား ရှောင်ရှောင်ပေါင်းဘက်က အမှားမရှိိပါဘူး။ ဒါကြောင့် ကျောင်းသားလျန်ချန်းမင်က  တောင်းပန်လိုက်ပါ "

ကျောင်းအုပ်ကြီးက မျက်နှာကို ပဝါဖြင့်သုတ်လိုက်ရ၏။ သူလည်း ဇောချွေးပြန်နေပြီ။

ရိပေါ်ကတော့ လက်ပိုက်လို့ မော်ချီနေသည်။ ငါ့သားကို ဘယ်သူမှထိခွင့်မပေးဘူးဆိုတဲ့ပုံစံမျိုးဖြင့်။

" ဆရာကြီး... ဒါ "

" မတောင်းပန်ရင် ကျောင်းထုတ်ရပါလိမ့်မယ် "

တစ်ဖက်က ကျောင်းသားမိဘက အထွန့်တက်မည့်ပုံစံလုပ်ပေမယ့် ကျောင်းအုပ်ဆရာကြီးလည်း ပိတ်ပြောလိုက်တော့သည်။

တစ်ဖက်က ကျောင်းသားက ရှောင်ပေါင်းလေးကိုတောင်းပန်တဲ့အခါမှ ရိပေါ်လည်း လျော်ကြေးထုတ်ပေးလိုက်သည်။

သားသားကို စိတ်ရှုပ်အောင်လုပ်ခဲ့သည့်အတွက် ထိုမိသားစုမှာ နောက်နေ့ကစလို့ ဒီမြို့မှာ ကောင်းကောင်း ရပ်တည်နိုင်တော့မှာမဟုတ်။

အပြန်လမ်းတစ်လျှောက်လုံး သားသားက ရိပေါ်တ်ို့ကို တောင်းပန်နေခဲ့သည်။

" ပါပါးတို့ကို မျက်နှာပျက်စေခဲ့ပြီ .....သား တောင်းပန်ပါတယ် "

" မဟုတ်တာ။ ငါ့သားမှန်တယ်။ အမှန်ဆုံးပဲ။ ပါပါးသာဆို လူပါသတ်မိမှာ "

ရိပေါ်က သားသားကို ထွေးဖက်ရင်း အားပေးစကားဆိုသည်။

" ရိပေါ် ... သားကို အဲ့လိုမမြှောက်ရဘူးလေ "

" ကိုကို ဝင်မပါနဲ့။ အဲ့မှာ ကိုယ့်သား တစ်ယောက်လုံးခံနေရတာတောင် ငြိမ်နေလိုက် "

" ကျစ် * ဟာကွာ။ကိုယ်က အဲ့လိုသဘော မဟုတ်ဘူး "

ရိပေါ်က သားဇောနဲ့ ပြောနေသည်မို့ ရှောင်းကျန့်လည်း ပါးစပ်ပိတ်နေလိုက်တော့၏။

" တော်တော့နော်။ ဒယ်ဒီ့ရော ပါပါးရော သားက အရမ်းချစ်တာ "

" အင်း ပါပါးရောပဲ။ သားသားက ပါပါးအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာလေး "

" ဒယ်ဒီ့အတွက်က ဒယ်ဒီ့မိသားစုက ဒယ်ဒီ့အသက်ပဲ "

ရှောင်းကျန့်က သားသားကိုထွေးဖက်ထားတဲ့ ရိပေါ်ရဲ့ ကျောပြင်ကို နောက်ကနေသိုင်းဖက်လိုက်သည်။

ရှောင်းပေါင်းရယ် အားယွမ်လေးရယ် ရိပေါ်ရယ်က ရှောင်းကျန့်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ မိသားစုအသိုက်အမြုံလေးမို့ နွေးထွေးကြင်နာမှုအပြည့်အဝပေးပြီး စောင့်ရှောက်သွားမှာဖြစ်သည် ။

ထိုနည်းတူ ရိပေါ်သည်လည်း မိသားစုကို ဘယ်သူမှ လာထိပါးလို့မရအောင် အစွမ်းကုန် ကာကွယ်သွားရလိမ့်မည်။

ပြီးပါပြီ။

Highway To Heaven အဆုံးသတ်သွားတော့ ကိုယ်တိုင်လည်း ဘယ်လိုနှုတ်ဆက်ရမယ်မသိဘူးရယ်။

Zhanyi Marriage Life ချည်းသက်သက် ထဲထဲဝင်ဝင်ရေးဖူးတဲ့ ပထမဆုံး fic ပါပဲ။ fic အစကနေ အဆုံးထိ အတူရှိပေးခဲ့တဲ့ အားလုံးက်ို ကျေးဇူးတင်ပါတယ်။ 💜

အဆုံးသတ်ရော အဆင်ပြေကြရဲ့လား?
Extra ရှိဖို့များပါတယ် 🧡

(Zawgyi)

ေရွာင္းက်န္႔ရဲ႕ မာမားဆုံးၿပီးတဲ့ေနာက္ပိုင္း ေရွာင္းက်န္႔ဘဝအတြက္ တြယ္တာစရာဆိုလို႔ ရိေပၚနဲ႔ သားေလးႏွစ္ေယာက္ရယ္ ေယာကၡမႏွစ္ေယာက္ပဲရွိပါေတာ့သည္။ သူငယ္ခ်င္းက်ိဳးခ်န္ကလည္း သူ႔ဘဝနဲ႔သူျဖစ္ေနၿပီ။

ဟြားဟြားကေတာ့ ေရွာင္းက်န္႔တို႔ဆီမွာ အလုပ္လုပ္ေနတုန္းျဖစ္သည္။

မာမားဆုံးၿပီး ႏွစ္ဝက္ေလာက္ၾကာသည္အထိ ေရွာင္းက်န္႔က ဝမ္းနည္းပူေတြးေနဆဲ။

ပါပါးကိုလက္လႊတ္လိုက္ရတုန္းက မာမားရွိေသးသည္ဟူေသာ အေတြးနဲ႔ အဲ့ေလာက္မခံစားခဲ့ရ။ ဒါေပမယ့္ မာမားဆုံးၿပီးေနာက္ပိုင္း ခ်စ္ရသူေတြကို ဆုံးရႈံးရျခင္းကို ေၾကာက္႐ြံ႕လာသည္။

အလြန္တရာမွ တန္ဖိုးထားခဲ့ရတဲ့ ေက်ာင္းဆရာအလုပ္ဆိုတာလည္းသူ႔အတြက္ အေရးမႀကီးေတာ့။ မိသားစုကို ပိုၿပီး အခ်ိန္ေပးလို႔ ေစာင့္ေရွာက္ႏိုင္ဖို႔အတြက္ ပါခ်ဳပ္ရာထူးရခါနီးမွ အလုပ္ထြက္ကာ ပင္စင္ယူလိုက္ေလသည္။

လူ႔ဘဝကရခဲမွ် ဘယ္အခ်ိန္မွာ ေလာကႀကီးက ထြက္ခြာရမွန္းမသိႏိုင္တာေၾကာင့္ ဘဝအတြက္ က်န္ရွိေနတဲ့ အခ်ိန္ေတြကို ကိုယ့္မိသားစုကိုပဲ တန္ဖိုးထားတာ ဂ႐ုစိုက္ဖို႔ဆုံးျဖတ္လိုက္ေတာ့သည္။

.......

ေရွာင္းက်န္႔က စာဖိုမႈးသင္တန္းေတြတက္ကာ အခ်က္အျပဳတ္ကိုႀကိဳးစားသင္ယူသည္။

အရင္တုန္းက မီးဖိုေခ်ာင္ေဇာက္ထိုးလုပ္ေတာ့မလိုျဖစ္ခဲ့ေပမယ့္ ယခုေတာ့ ထိုသ္္ို႔မျဖစ္ေစရ။

ကေလးေလးေတြစားခ်င္တာေရာ ရိေပၚစားခ်င္တာပါ ေကာင္းေကာင္းခ်က္ျပဳတ္ေပးလို႔ရသည္အထိ ၾက္ိုးစားေနသည္မွာ ခုဆို ေရွာင္းက်န္႔လက္ရာ ေတာ္ေတာ္ေတာင္ေကာင္းေနၿပီ။

ေယာကၡမႀကီးေတြကလည္း အသက္ႀကီးလာၿပီျဖစ္တာေၾကာင့္ ေရွာင္းက်န္႔က သူကိုယ္တိုင္ပဲ အနီးကပ္ျပဳစုသည္။

ရိေပၚကို ႐ုံးသြား႐ုံးျပန္ အႀကိဳအပို႔ ၊ သားႀကီးေက်ာင္းအႀကိဳအပို႔ ေရွာင္းက်န္႔ပဲလုပ္သည္။ ၿပီးေတာ့ ေရွာင္းက်န္႔က အိမ္မွာေနသည္ဆိုေတာ့ သားငယ္ကို ထိန္းရသည္ကမ်ား၏။

ဒါလည္း ဝဋ္လည္ျခင္းတစ္မ်္ိုးပဲေနမည္။ အရင္တုန္းက ရိေပၚကို ငါးႏွစ္ေလာက္ အိမ္မွာပဲ ပိတ္ေလွာင္ထားခဲ့တာဆိုေတာ့။

ဒါေပမယ့္လည္း ေကာင္းေသာ ဝဋ္လည္ျခင္းပါေပ။

သားငယ္ကို ေရွာင္းက်န္႔က ထိန္းရတယ္ဆိုေပမယ့္ သားငယ္က ရိေပၚကို ပိုကပ္သည္ကမ်ား၏။

သားငယ္ကလည္း သူ႔အေဖသူသိသည္။ ရိေပၚလက္ထဲမွ မဟုတ္ရင္ သိပ္မၿငိမ္မေနတတ္။ ခဏခဏငိုတတ္တာမ်ိဳး ဂ်ီက်တာမ်ိဳးလုပ္တတ္သည္။

အခုလည္း သားငယ္က မနက္ေစာေစာႏိုးႏွင့္ေနၿပီ ။ ႏို႔ဆာလ္ို႔ေအာ္ငိုေနတာေၾကာင့္ ရိေပၚက ကုမၸဏီကို မသြားခင္ အဝတ္လဲရင္းတန္းလန္းႏွင့္ သားသားကိုႏို႔တိုက္ေနရတာျဖစ္၏။

သားသားက ႏို႔ဘူးလည္း အရမ္းစို႔သည္။

ႏို႔ေသာက္တာဝသြားေတာ့ သားသားက ရိေပၚလက္ထဲျပန္အိပ္ေပ်ာ္သြားသည္။ ရိေပၚမသြားခင္ သားသားက ျပန္ႏိုးသြားမွာစိုး၍ လက္ထဲကမခ်ရဲေသး။

သားသားက အိပ္ေရးဆတ္သည္။ ဒါေပမယ့္ သားသားအိပ္ေရးဆတ္တာကတစ္မ်ိဴး။ ဘယ္ေလာက္ဆူညံ ဆူညံ မႏိုးတတ္ေပမယ့္ ရိေပၚလက္ကလြတ္တာနဲ႔ ႏိုးတတ္တဲ့အက်င့္ရွိ၏။

" ကိုကိုေရ နက္ခ္တိုင္လာစည္းေပးပါဦး "

" လာၿပီ လာၿပီ "

ေလွကားထိပ္ကေန ေအာ္ေခၚလိုက္ေတာ့ ေရွာင္းက်န္႔က ဟင္းခ်က္ရင္းတန္းလန္းကို မီးပိတ္လို႔ အေပၚထပ္ကိုေျပးတက္လာ၏။

ေအပ႐ြန္အစိမ္းေဖ်ာ့ေရာင္ႏွင့္ ေရွာင္းက်န္႔က အေတာ္ေလးေတာ့ လိုက္ဖက္သည္ပဲ။ ဝက္ဝံ႐ုပ္ေတြပါတဲ့ ေအပ႐ြန္က နည္းနည္း ကေလးဆန္ေနတာကလြဲလို႔ေပါ့။

" ဒီေန႔လည္း သားသားကိုထိန္းထားေပးဦး။ အေရးႀကီးအစည္းအေဝးတစ္ခုရွိလို႔ေခၚမသြားေတာ့ဘူး။မနက္ျဖန္က် ဝယ္ထားတဲ့ေျမကြက္တစ္ခ်ိဳ႕သြားၾကည့္ရဦးမယ္ ကိုကို "

ရိေပၚက ကုမၸဏီကို သူတစ္ေယာက္တည္းဦးစီးေနေပမယ့္ တစ္ခ်ိဳ႕ကိစၥေတြဆို ေရွာင္းက်န္႔နဲ႔ တိုင္ပင္ၿပီးမွ ဆုံးျဖတ္ခ်က္ခ်တတ္သည္။

ေလာေလာဆယ္ေတာ့ ေရွာင္းက်န္႔စိတ္ခ်မ္းသာသလိုလုပ္ပါေစဟုသာလႊတ္ထားေပမယ့္ ေနာက္က် ရိေပၚနဲ႔အတူကုမၸဏီကို ဦးစီးဖို႔ နည္းနည္းပါးပါးေလ့လာခိုင္းရဦးမည္ျဖစ္သည္။

သားသားအ႐ြယ္ရလာရင္ေတာ့ ကုမၸဏီကိုလႊဲေပးဖို႔ စီစဥ္ထားေပမယ့္ ယခုခ်ိန္မွာေတာ့ ရိေပၚကပဲ အကုန္လုပ္ေနရသည္။ လုပ္ငန္းတိုးခ်ဲ႕ေလေလ တာဝန္ပိေလေလျဖစ္တာေၾကာင့္ ရိေပၚေဘးနားမွာ အားကိုးစရာ လူတစ္ေယာက္လိုလာသည္။

အရင္က ပါပါးရွိေနလို႔ ရိေပၚကေအးေဆးလုပ္ေနခဲ့ေပမယ့္ ပါပါးက လုံးဝအနားယူလိုက္တဲ့အခါ နည္းနည္းေတာ့ အားကိုးရာမဲ့သြားသည္။

နက္ခ္တိုင္ကို အာ႐ုံစိုက္ၿပီးစည္းေပးေနတဲ့ ေရွာင္းက်န္႔က္ို ရိေပၚက အေသအခ်ာစိုက္ၾကည့္ေနသည္။

ဒုတိယအ႐ြယ္ကိုလြန္လာၿပီဆိုေတာ့လည္း ဆံပင္ျဖဴသုံးေလးငါးပင္က ဟိုေထာင္ဒီေထာင္။

ကိုကို႔အသက္အ႐ြယ္နဲ႔ ဆံပင္ျဖဴတာ ျဖစ္ေတာ့လည္း ျဖစ္သင့္ပါသည္ေလ။ က်ဴတာေပါက္စေလးကေန ပါခ်ဳပ္ေနရာအထိေရာက္လာဖို႔ ဘယ္သူ႔အကူအညီမွမပါပဲ အဆင့္ဆင့္ႀကိဳးစားခဲ့ရတာ။ ဘယ္ေလာက္ေတာင္ ဦးေႏွာက္ကို အသုံးခ်ခဲ့ရသလဲ။

ဦးေႏွာက္အရမ္းသုံးရတာေၾကာင့္ ေရွာင္းက်န္႔နဲ႔ သက္တူ႐ြယ္တူလုပ္ေဖာ္ကိုင္ဖက္ေတြထဲမွာ ဆံပင္ေတြတစ္ေခါင္းလုံးျဖဴသြားတဲ့သူေတာင္ ေတြ႕ဖူးေသးသည္။

အသက္အ႐ြယ္ရလာတဲ့ ေရွာင္းက်န္႔ကို ၾကည့္ရင္း ရိေပၚမွာ မ်က္ရည္လည္လာရသည္။

အခ်ိန္မတန္ေသးေပမယ့္ အခ်ိန္တန္ရင္ေတာ့ ခြဲၾကရဦးမွာ။ ဘယ္သူအရင္ခြဲရမလဲပဲ။

ကိုကိုက အရင္လား ရိေပၚကအရင္လား !

" ခ်စ္တယ္ကိုကို ! "

မြ*

" အင္း ကိုယ္ေရာပဲ "

နက္ခ္တိုင္စည္းၿပီးသြားေတာ့ ရိေပၚက ေရွာင္းက်န္႔ႏႈတ္ခမ္းကို ခပ္ဖြဖြနမ္းလိုက္၏။ ထို႔ေနာက္ သားသားကိုေပြ႕ၿပီး ဧည့္ခန္းထဲက ပုခက္ထဲထည့္ထားေပးလိုက္သည္။

ပက္လက္လွန္ေလးခ်ေပးထားတဲ့သားသားက အင္း အဲ တစ္ခ်က္လုပ္ၿပီး ေဘးဘက္လွည့္သြားသည္။ ခဏေန သားသားႏိုးလာရင္ သူ႔အဖိုးနဲ႔ အဖြားက ထိန္းၾကလိမ့္မည္။

-Highway To Heaven -

ေရွာင္ေပါင္းေလးက ေက်ာင္းသားတစ္ေယာက္ေခါင္းကို႐ိုက္ခြဲလိုက္တာေၾကာင့္ ေက်ာင္းက မိဘျဖစ္သူကို ဆင့္ေခၚလာသည္။ ေရွာင္းက်န္႔က သားသားနဲ႔အတူ ေက်ာင္း႐ုံးခန္းထဲမွာျဖစ္၏ ။

ခံရသူေက်ာင္းသားရဲ႕မိဘကလည္း ႐ုံးခန္းထဲမွာရွိေနသည္။ မ်က္ႏွာထားေတြကတည္တင္းၿပီး ဘုၾကည့္ၾကည့္ေနၾက၏။

" ေက်ာင္းသား ေရွာင္ေရွာင္ေပါင္း ။ ေက်ာင္းသား လ်န္ခ်န္းမင္ကို ဘာလို႔ ေခါင္းကြဲေအာင္႐ိုက္ရတာလဲ "

"..... "

ေက်ာင္းအုပ္ဆရာႀကီးကေမးေပမယ့္ ေရွာင္ေပါင္းေလးကမေျဖေပ။ လက္သီးသာက်စ္က်စ္ဆုပ္ထားသည္။ ေခါင္းမာတဲ့သားသားေၾကာင့္ ေရွာင္းက်န္႔မွာ ဆရာႀကီးကိုေရာ တစ္ဖက္က ေက်ာင္းသားမိဘေတြပါ အားနာရသည္။

" ေျဖလိုက္ေလ သားသား ။ ပါပါးကို အရွက္မခြဲရဘူး "

ေရွာင္းက်န္႔က ဖ်န္ေျဖတဲ့သေဘာနဲ႔ဝင္ေျပာလိုက္ရာ ေရွာင္ေပါင္းေလးကမ်က္ရည္က်ေတာ့သည္။

" သူက ဒယ္ဒီနဲ႔ ပါပါးကို ေစာ္ကားလ္ို႔ "

ေရွာင္ေပါင္းေလးက အမွန္အတိုင္းေျပာရာ တစ္ဖက္ကေက်ာင္းသားမွာ မ်က္ႏွာအမူအရာပ်က္သြား၏။ ေက်ာင္းအုပ္ႀကီးပါ အင္တင္တင္ျဖစ္သြားသည္။

" အမ္ ... ဘယ္လို ဘယ္လို ရွင္းေအာင္ေျပာစမ္း သားသား "

" အေမမရွိတဲ့သားဆိုၿပီး လာေစာ္ကားလို႔ေလ။ ၿပီးေတာ့ ဒယ္ဒီနဲ႔ ပါပါးတို႔ကို အေျခာက္ေတြဆိုလို႔ မခံႏိုင္တာနဲ႔ ေခါင္းကို႐ိုက္ခြဲလိုက္တာ "

" ဟာကြာ "

ေရွာင္းက်န္႔က ေဒါသအနည္းငယ္ေတာ့ထြက္သြားသည္။ ဒါက သားသားအျပစ္မွမဟုတ္တာ။ အလကားေနရင္း သားသားကို လာေစာ္ကားတဲ့ေက်ာင္းသားကမွားတာေလ။

ပုံမွန္ဆို ေဒါသထြက္မိမွာဆိုေပမယ့္ ကိုယ္က ပါေမာကၡေဟာင္းျဖစ္တာကတစ္ေၾကာင္း ၿပီးေတာ့ ဝမ္မ္ိသားစုရဲ႕သိကၡာလည္းရွိေသးသည္မို႔ စိတ္ေလွ်ာ့လိုက္၏။

တစ္ဖက္က ေက်ာင္းသားမိဘေတြကေတာ့ သူ႔သားမမွားဘူးဆိုတဲ့ ဆိုဒ္ႏွင့္။

" ဒီကိစၥမွာ ႏွစ္ဖက္လုံးက အမွားမကင္းပါဘူး ။ အရင္စမွားတာကေတာ့ ဒီဘက္ကေက်ာင္းသားပါ။ ဘယ္လိုစိတ္နဲ႔မ်ား သူမ်ားအိမ္ေတြးေရးကို စိတ္ဝင္စားေနသလဲမသိဘူးေနာ္ "

" ဘာပဲျဖစ္ျဖစ္ ကြၽန္မတို႔ကေလး ေခါင္းကြဲသြားတာ ေလ်ာ္ေၾကးေပးၿပီးေတာင္းပန္ပါ "

ေရွာင္းက်န္႔က ယဥ္ေက်းစြာတုန္႔ျပန္ေပမယ့္ တစ္ဖက္က ေက်ာင္းသားမိဘမွာ အာက်ယ္စြာက်ယ္ျဖင့္ ရန္ေထာင္လာခဲ့သည္။

" ကဲဗ်ာ။စိတ္ေလ်ာ့ပါ။ ေက်ာင္းသားေရွာင္ေရွာင္းေပါင္းလုပ္ရပ္က မမွားပါဘူး။ ကြၽန္ေတာ္ဆိုလည္း ကြၽန္ေတာ့္မိဘေတြကိုထိရင္ အဲ့လိုလုပ္မိမွာပဲေလ "

ေက်ာင္းအုပ္ဆရာႀကီးဝင္ေျပာမွ တစ္ဖက္ေက်ာင္းသားမိဘက မေက်နပ္ႏိုင္ေသာ အမူအရာျပကာ ပါးစပ္ပိတ္သြားသည္။

ထိုအခ်ိန္မွာပဲ ရိေပၚက ေက်ာင္းအုပ္ဆရာႀကီး႐ုံးခန္းထဲကို ဝုန္းဝုန္းဒိုင္းဒိုင္းဝင္ခ်လာ၏။

အစည္းအေဝးၿပီးခါစကို သားသားက ေက်ာင္းမွာ ျပသနာတက္၍ ႐ူံးခန္းေရာက္ေနေၾကာင္း အေၾကာင္းၾကားလာသည္။ ဒါေၾကာင့္ ကုမၸဏီကေန ေက်ာင္းအထိ အေသာ့ႏွင္လာရျခင္း။

႐ုံးခန္းေရွ႕ေရာက္ေတာ့ ၾကားလိုက္တဲ့စကားေတြက ရင္နင့္ၿပီး ေဒါသထြက္စရာေကာင္းသည္ ။ ဒီကိစၥနဲ႔ပက္သက္လ္ို႔ ငယ္ငယ္ကတည္းက သားသားစိတ္ဒဏ္ရာရမွာစိုးလို႔ အမ်ားႀကီး ဂ႐ုစိုက္ခဲ့တာ။ ခုေတာ့ ဒီဘာမဟုတ္တဲ့ေက်ာင္းသားက အေရးမပါတဲ့စကားေတြနဲ႔ သားသားကို ေလွာင္ေျပာင္ေနသည္ေလ။

ဝမ္ရိေပၚတို႔သည္းခံႏိုင္႐ိုးလား။ ကိုယ္တိုင္ဝမ္းနဲ႔လြယ္ေမြးခဲ့ရတဲ့သားသားကို ထိရဲတဲ့သူေတြထိၾကည့္စမ္း အကုန္ ဓားၾကည့္ပဲ။

" ခင္ဗ်ားတို႔လိုခ်င္တဲ့ ပမာဏထက္ ဆယ္ဆပိုေပးမယ္ ။ ေအး ငါ့သားကိုစိတ္ဒဏ္ရာေပးလို႔ ခင္ဗ်ားတို႔သားေခါင္းကြဲတာထက္ အဆမတန္ပိုခံစားေစရမယ္ "

" ပါပါး "

" ရ္ိေပၚ "

ရိေပၚေရာက္လာေတာ့ သားသားမွာ အံ့ၾသသြားသည္။ ေက်ာင္းအုပ္ဆရာႀကီးေရာပင္။

ဝမ္ဥကၠဌက သူကိုယ္တိုင္ေရာက္ခ်လာသည္ပဲ။

တရႉးရႉးတရွဲရွဲျဖင့္ ေဒါသ မထိန္းႏိုင္ျဖစ္ေနတဲ့ ရိေပၚကို ေရွာင္းက်န္႔က လက္ကိုဆြဲလို႔ ႏွစ္သိမ့္ရသည္။ သားသားနဲ႔ ပက္သက္ရင္ ရိေပၚက စ္ိတ္မထိန္းႏိုင္တာ ေရွာင္းက်န္႔အသိဆုံး။

" ေတာင္းပန္ပါ။ ငါ့သားကို စကားလုံးေတြနဲ႔ စိတ္ထိခိုက္ေအာင္လုပ္လို႔ ေတာင္းပန္ေပး "

ရိေပၚက အသံက်ယ္က်ယ္နဲ႔ေအာ္ေတာ့သည္။ သားသားမ်က္ႏွာငယ္ေလးကိုျမင္လိုက္တာနဲ႔ ရိေပၚမွာ ရင္နင့္သြားရတာျဖစ္သည္။

" ရိေပၚ ေတာ္ေတာ့ "

ရိေပၚက တစ္ဖက္ေက်ာင္းသားကို လက္ညႇိဳးထိုးကာ ဆြဲထိုးမယ့္ပုံစံေပါက္ေနသည့္အတြက္ ေရွာင္းက်န္႔က ရိေပၚကို ဆြဲလို႔ အေျခအေနကို ဝင္ထိန္းသည္။

" မေတာ္ႏိုင္ပါဘူး။ ငါ့သားက္ိုထိရင္ ဘယ္ေကာင္မွ ေစာက္ဂ႐ုမစိုက္ဘူး "

ေက်ာင္းအုပ္ဆရာႀကီးလည္းဘာမွဝင္မေျပာႏိုင္ေပ။ သူတို႔ေက်ာင္းက စေကာ္လားရွစ္ ပ႐ိုဂရမ္အတြက္ အမ်ားဆုံးေထာက္ပံ့ေပးတာက ဝမ္အုပ္စုကျဖစ္ေနသည္မို႔။

ရိေပၚက ေဒါသထြက္ေနသည္ေၾကာင့္ တစ္ဖက္မိဘမွာ လန္႔ေနၾကတာေတာ့ အမွန္ပင္။ ဒါေတာင္ သူတို႔က ရိေပၚကို ဝမ္အုပ္စုက ဥကၠ႒မွန္းမသိၾကေသး။

" ကြၽန္မတို႔သားက အမွားမလုပ္ထားတာ မေတာင္းပန္ႏိုင္ပါဘူး "

တစ္ဖက္မိဘက ခုထိ အေလွ်ာ့မေပးေသးပါ။

" ခင္ဗ်ားတို႔ စကားခင္ဗ်ားတ္ို႔မွတ္ထားေနာ္ "

ရိေပၚက ေက်ာင္းအုပ္ႀကီးဘက္ ျမႇားဦးလွည့္လာ၏။

" ေက်ာင္းအုပ္ႀကီးကေရာ ဒီကိစၥကို ဘယ္လိုလုပ္ဖို႔စဥ္းစားထားလဲ။ သားသားမမွားမွန္းသိတယ္မလား။ တရားစြဲခ်င္ရင္လည္း ႐ုံးတက္ဖို႔အဆင္သင့္ေနာ္။ က်ဳပ္က ဘာကိုမွ ဂ႐ုစိုက္ေနမွာမဟုတ္ဘူး "

ဝမ္ဥကၠဌရဲ႕သားမွန္းသိသားနဲ႔ ႐ုံးခန္းကိုဆင့္ေခၚမိတာ ဘယ္သူမွမမွားဘူး။ တကယ္က ငါ့အမွားပါဟုသာ ေျပာလိုက္ခ်င္ေတာ့သည္။ဝမ္ ဥကၠဌကိုလည္းေၾကာက္ပါသည္။

ေထာက္ပံ့ေၾကးဆက္မေပးေတာ့ရင္ သူတ္ို႔ေက်ာင္းက ဒီၿမိဳ႕ရဲ႕ အေကာင္းဆုံးေက်ာင္းေနရာက ျပဳတ္သြားမွာ အေသအခ်ာပင္။

"ေက်ာင္းသား ေရွာင္ေရွာင္ေပါင္းဘက္က အမွားမရွိိပါဘူး။ ဒါေၾကာင့္ ေက်ာင္းသားလ်န္ခ်န္းမင္က  ေတာင္းပန္လိုက္ပါ "

ေက်ာင္းအုပ္ႀကီးက မ်က္ႏွာကို ပဝါျဖင့္သုတ္လိုက္ရ၏။ သူလည္း ေဇာေခြၽးျပန္ေနၿပီ။

ရိေပၚကေတာ့ လက္ပိုက္လို႔ ေမာ္ခ်ီေနသည္။ ငါ့သားကို ဘယ္သူမွထိခြင့္မေပးဘူးဆိုတဲ့ပုံစံမ်ိဳးျဖင့္။

" ဆရာႀကီး... ဒါ "

" မေတာင္းပန္ရင္ ေက်ာင္းထုတ္ရပါလိမ့္မယ္ "

တစ္ဖက္က ေက်ာင္းသားမိဘက အထြန္႔တက္မည့္ပုံစံလုပ္ေပမယ့္ ေက်ာင္းအုပ္ဆရာႀကီးလည္း ပိတ္ေျပာလိုက္ေတာ့သည္။

တစ္ဖက္က ေက်ာင္းသားက ေရွာင္ေပါင္းေလးကိုေတာင္းပန္တဲ့အခါမွ ရိေပၚလည္း ေလ်ာ္ေၾကးထုတ္ေပးလိုက္သည္။

သားသားကို စိတ္ရႈပ္ေအာင္လုပ္ခဲ့သည့္အတြက္ ထိုမိသားစုမွာ ေနာက္ေန႔ကစလို႔ ဒီၿမိဳ႕မွာ ေကာင္းေကာင္း ရပ္တည္ႏိုင္ေတာ့မွာမဟုတ္။

အျပန္လမ္းတစ္ေလွ်ာက္လုံး သားသားက ရိေပၚတ္ို႔ကို ေတာင္းပန္ေနခဲ့သည္။

" ပါပါးတို႔ကို မ်က္ႏွာပ်က္ေစခဲ့ၿပီ .....သား ေတာင္းပန္ပါတယ္ "

" မဟုတ္တာ။ ငါ့သားမွန္တယ္။ အမွန္ဆုံးပဲ။ ပါပါးသာဆို လူပါသတ္မိမွာ "

ရိေပၚက သားသားကို ေထြးဖက္ရင္း အားေပးစကားဆိုသည္။

" ရိေပၚ ... သားကို အဲ့လိုမေျမႇာက္ရဘူးေလ "

" ကိုကို ဝင္မပါနဲ႔။ အဲ့မွာ ကိုယ့္သား တစ္ေယာက္လုံးခံေနရတာေတာင္ ၿငိမ္ေနလိုက္ "

" က်စ္ * ဟာကြာ။ကိုယ္က အဲ့လိုသေဘာ မဟုတ္ဘူး "

ရိေပၚက သားေဇာနဲ႔ ေျပာေနသည္မို႔ ေရွာင္းက်န္႔လည္း ပါးစပ္ပိတ္ေနလိုက္ေတာ့၏။

" ေတာ္ေတာ့ေနာ္။ ဒယ္ဒီ့ေရာ ပါပါးေရာ သားက အရမ္းခ်စ္တာ "

" အင္း ပါပါးေရာပဲ။ သားသားက ပါပါးအတြက္ အဖိုးမျဖတ္ႏိုင္တဲ့ ရတနာေလး "

" ဒယ္ဒီ့အတြက္က ဒယ္ဒီ့မိသားစုက ဒယ္ဒီ့အသက္ပဲ "

ေရွာင္းက်န္႔က သားသားကိုေထြးဖက္ထားတဲ့ ရိေပၚရဲ႕ ေက်ာျပင္ကို ေနာက္ကေနသိုင္းဖက္လိုက္သည္။

ေရွာင္းေပါင္းရယ္ အားယြမ္ေလးရယ္ ရိေပၚရယ္က ေရွာင္းက်န္႔အတြက္ တန္ဖိုးမျဖတ္ႏိုင္တဲ့ မိသားစုအသိုက္အၿမဳံေလးမို႔ ေႏြးေထြးၾကင္နာမႈအျပည့္အဝေပးၿပီး ေစာင့္ေရွာက္သြားမွာျဖစ္သည္ ။

ထိုနည္းတူ ရိေပၚသည္လည္း မိသားစုကို ဘယ္သူမွ လာထိပါးလို႔မရေအာင္ အစြမ္းကုန္ ကာကြယ္သြားရလိမ့္မည္။

ၿပီးပါၿပီ။

Highway To Heaven အဆုံးသတ္သြားေတာ့ ကိုယ္တိုင္လည္း ဘယ္လိုႏႈတ္ဆက္ရမယ္မသိဘူးရယ္။

Zhanyi Marriage Life ခ်ည္းသက္သက္ ထဲထဲဝင္ဝင္ေရးဖူးတဲ့ ပထမဆုံး fic ပါပဲ။ fic အစကေန အဆုံးထိ အတူရွိေပးခဲ့တဲ့ အားလုံးက္ို ေက်းဇူးတင္ပါတယ္။ 💜

အဆုံးသတ္ေရာ အဆင္ေျပၾကရဲ႕လား?
Extra ရွိဖို႔မ်ားပါတယ္ 🧡





Continue Reading

You'll Also Like

27.9K 1.7K 38
အချစ်လို့ထင်နေတဲ့ အရာက အချစ်မဟုတ်ခဲ့ဘဲ စိတ် အပြစ်မကင်းစိတ် အားနာစိတ်ကို အခြေခံ၍ အမုန်းတရားကနေ လှပစွာ အသွင်ပြောင်းလာခဲ့တဲ့ ချစ်ခြင်းတရား ။ အခ်စ္လို႔ထ...
153K 11.4K 18
ဒီယုန်လေးကိုငုံထားရင်ကောင်းမလား အိတ်ကပ်ထဲထည့်ထားလိုက်ရမလား Wang ဒီကလေးလေးကို နှလုံးသားထဲထည့်ပီးဖွက်ထားလိုက်ပါ Wang လူကြီးမင်း Bunny Xiao
104K 5.3K 8
လန္​က်န္​႔ငါမင္​းကို​ေၾကာက္​တယ္​ မင္​းငါ့အနားမလာပါနဲ႔. ​ေဝ့ရင္​း ငါမင္​းကိုခ်စ္​တယ္​ ဘယ္​အခ်ိန္​က​ေတာင္​ စခ်စ္​မိမွန္​းမသိ​​...
115K 6.6K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥