မေ့...နေရောင်ခြည်နွေးနွေးလေး...

By Ahlaly

70.8K 3.8K 253

💜 More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
ဇာတ်သိမ်းပိုင်း

အပိုင်း (၁၃)

1.5K 121 4
By Ahlaly

အပေါ်မှ ထပ်၍ထပ်လာသော ပါးလွှာသောအထပ်ထည်သည် အသက်စိတ်တို့ကို လွှမ်းခြုံသွားသည့်အလားပင်။ ထ,ရပ်လိုက်သောအခါ ဒူးထိသော ထိုအပေါ်ထပ်၏ အောက်တွင် ဝတ်ဆင်ထားသော ဂါဝန်သည် နေ့ခန္ဓာကိုယ်၏ အလှတရားကို ပေါ်လွင်စေသည်။

Body fitလိုမဟုတ်ပဲ နေ့ခန္ဓာကိုယ်အား အနည်းငယ်မျှ လွတ်လပ်သလို သွားလာခွင့်ပေးထားသော ဂါဝန်၏ အဆုံးမှာ ဖွေးရုံမက ဥနုနေသောခြေတံသွယ်သွယ်နှင့် နီရဲကာနေသော ခြေချောင်းလေးများက တစ်ခါရှေ့တိုးလာတိုင်း အသက်နှင့်တစ်ဆင့်ပိုနီးကပ်လာသည်၊ ထိုသို့နီးကပ်လာမှုများကို အသက်ရှူမို့မေ့လျော့စွာနှင့် ငေးလို့ကြည့်နေမိသည်။

"ဒီနေ့ ကျောင်းသွားရမှာ မဟုတ်လား။
ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ...."

အသက်တို့အနီးမှာပဲ တင်ပါးလွှဲဝင်ထိုင်သူဟာ လက်ကိုင်အိတ်ကို ချပြီးသည်နှင့် လက်ချောင်းသေးသေးသွယ်သွယ်လေးတွေကို အစီအရီထိကပ်ပြီး ကြာဖူးသဖွယ် လက်အုပ်ချီကာ...
"ကျောင်းကို ပြန်ရင်း လမ်းမှာလာချင်စိတ်ဝင်လာတာကြောင့်ပါ ဘုရား..." ဟု လျှောက်တင်သည်။

လျှောက်တင်ပြီးချင်းမှာပဲ အသက်ဘက်သို့ကြည့်လာသည့် မျက်လုံးလှလှလေးတွေကို အသက်ဘက်က အကြည့်မလွှဲတော့။

"ဒါဖြင့် အဆင်ပြေသွားတာပဲ။ သက်တန့်လည်း ကျောင်းပြန်ရမှာ....အဆင်သင့်သွားတာပေါ့။ အသက်ကို တင်ခေါ်သွားလိုက်ပါကွယ်..."

"မရလောက်ဘူးထင်တယ်၊ နေခြည် ဒီနေ့ခွင့်ယူမလားလို့ပါ။ ဘိုးဘိုးတို့ဆီလည်း မရောက်တာကြာပြီမို့ပါ...."

သူမနဲ့အတူ နေရသည်မှာ ကလေးမလေးအတွက် စိတ်ကျဥ်းကျပ်နေမည်ကို စိုးသည်။ သူမဘက်က ပြသနာမရှိသော်လည်း ကလေးမလေးဘက်က တစ်ခုခုများပြောလာမည်ဆိုလျှင်လို့ တွေးပြီး ငြင်းလိုက်တာဖြစ်သည်။

သူမဘက်က အရင်မငြင်းပဲ ကလေးမလေးဘက်ကသာ တစ်ခုခုပြောပြီး ငြင်းမယ်ဆိုလျှင် ထိုအရာကို သူမ မည်သို့မှ သည်းခံနိုင်မည်မဟုတ်ပေ။ သူမဘက်က ချစ်သည်၊ ဒီတစ်သက်မှာ ဒီတစ်ယောက်ကိုသာ ချစ်ကြောင်းပြောခဲ့သည်မှန်သော်လည်း သူမဆီမှမာနတရားတို့က ကလေးမလေးကြောင့်ဖြစ်တည်လာနိုင်သည့် သိမ်ငယ်ခြင်းတို့ကို မည်သို့မှ လက်ခံနိုင်မည်မဟုတ်ပေ။

"ဒါဖြင့်လည်း မော်ကွန်းထိန်းဆီသွားပြီး အိမ်အတွက်လို့ပြောလိုက်ပါ။ ဘုန်းဘုန်းက ယူခိုင်းလိုက်တာလို့ ပြောလိုက် ဟုတ်ပြီလား...."

"တင်ပါ့ဘုရား၊ ဒါဖြင့် တပည့်တော်ကိုခွင့်ပြုပါဦး ဘုရား...."

ဘုန်းဘုန်းအား ဦးသုံးကြိမ်ချ၍ သူမထွက်လာခဲ့လိုက်သည်။ ထိုမှတဆင့် ကျောင်းပြင်သို့ ပြန်မထွက်သေးပဲ စာချဆရာများနေသည့် အဆောင်သို့သွားကာ မော်ကွန်းထိန်းဆီမှ ဘုန်းဘုန်းမှာလိုက်သည့် အတိုင်းပြောလိုက်သည်။

"ဒီအထုပ်ပဲ နေခြည်၊ ဟိုတလောက ကျောင်းအတွက်ဆေးတွေမှာရင်း ဒကာကြီးတို့အတွက်ပါဝယ်ခဲ့လိုက်တာ။"

"တင်ပါ့ ဘုရား..."

သက်တော် သုံးဆယ့်ငါးရှိပြီဖြစ်သော ဦးတိက္ခဉာဏိသည် သူမတို့မိသားစုမှ ရဟန်းခံပေးသော ဦးဇင်းဖြစ်လင့်ကစား သူမတို့မောင်နှမ၏အကိုကြီးသဖွယ်ဖြစ်ပြီး ဘုန်းဘုန်းအတွက်လည်း အားကိုးအားထားပြုရသော မော်ကွန်းထိန်းဖြစ်ခဲ့သည်။

ပါရမီကံ ရင့်သည်ကြောင့် ကျမ်းအပြင် ဘေးစွယ်များအထိပါ နှံ့စပ်သူဖြစ်ပြီး မနှစ်က Ph.Dဘွဲ့ကို သီရိလင်္ကာမှာ ရခဲ့တာဖြစ်သည်။

"ဒါက တပည့်တော့်ရဲ့အလှူငွေပါဘုရား။ အရှင်ဘုရား လိုအပ်တဲ့နေရာမှာ သုံးပါ။"

အိတ်ထဲရှိ ဝတ္ထုငွေကို ထုတ်ယူပြီး ခရေပင်အရိပ် မြေပြင်မှာတင် ထိုင်ချပြီး ဆည်းကပ်လိုက်တော့ သစ်သားခုံတွင်ထိုင်နေသော ဦးဇင်းသည်...
"ငါ့မှာ သုံးဖို့ရှိပါတယ်....အရင်ပတ်တုန်းက စာဖြေကိုယ်တော်တွေကို နေပြည်တော်လိုက်ပို့ရင်း အိမ်ဝင်ခဲ့သေးတယ်။ အဖေက ပိုက်ဆံကပ်လိုက်ပါသေးတယ်၊ ဒီငွေတွေကို ဒကာမလေးပဲ သုံးပါ။"

လက်နှင့် တွန်းဖယ်လို့ငြင်းသည်ကို သူမဘက်ကလည်း...
"ဒါက တပည့်တော်ကပ်တာပါ ဘုရား၊ ယူထားပါ....အရှင်ဘုရားမလိုရင်လည်း တခြားလိုအပ်သူကို ပြန်လှူလို့ရတာပါပဲ။"

"အိမ်းး...ကောင်းပြီ။ ဒါနဲ့ အဖေ့ဆီကနေ အလှူခံထားတဲပစ္စည်း မနေ့ကရောက်တယ်လို့ ပြောပေးပါ။ ကိုယ်တော့် ဖုန်းက သိမ်းထားရပြီမို့ ဆက်သွယ်ဖို့ကခက်သွားပြီ။ပြီးတော့.....ကျေးဇူးလည်း တင်ပါတယ်လို့ ပြောလိုက်ပါ"

"တင်ပါ့ ဘုရား၊ "

"ဒါဖြင့် ဦးဇင်းသွားတော့မယ်။ ဂရုစိုက်ပြန်ပါ ဒကာမလေး..."

"တင်ပါ့ဘုရား...လိုအပ်တာရှိရင် ဒယ်ဒီ့ကိုအမြဲပြောပါ ဘုရား။ ဒယ်ဒီ့ဆီကိုလည်း အဆက်အသွယ်ဖြတ်မထားပါနဲ့ဘုရား....မဟုတ်ရင် မာမီက အရှင်ဘုရားအတွက်စိတ်ပူနေတတ်တာပါ။"

"ကောင်းပြီ...."

သို့နှင့် သူမအနားကနေ အေးငြိမ်စွာဖြင့် ထွက်ခွာသွားသူ၏ ငြိမ်အေးမှုတို့ကို သူမကြည့်နေမိသည်။ ကြည်ညိုဖွယ် ကောင်းသော ရုပ်ရည်၊ ကြည်လင်အေးချမ်းသော အသံ၊ ကြိုးစားအားထုတ်သော လုံ့လဝီရိယတို့ဖြင့် ငြိမ်းအေးစွာတည်ရှိနေသော သူမ၏မွေးစားအကို မာမီ့၏သားအကြီးဆုံးသည် သူမအတွက်တော့ ငြိမ်းအေးခြင်းသဘောတရားကို အမြဲဖော်ဆောင်ပေးသည်။

နေရာမှ ထ,ရပ်ကာ အသာအယာပင်လက်ဖြင့်ချလိုက်သော ဖုန်မှုန့်များနှင့်အတူ သူမ၏ငြိမ်အေးနေသော စိတ်များကလည်း ကွာကျသွားသည်။ သူမဆီကိုလျှောက်လာနေသည့် အရိပ်ကလေးက တရွေ့ရွေ့နှင့်....သူမအနားသို့ ရောက်လာသောအခါတွင်
"နေ..." ဟု အသံပြုသည်။

ငြင်းဖို့အကြောင်းတွေပြောတော့မှာလားဟု စိုးရိမ်စိတ်ဖြင့် သူမမှာ ပူလောင်ဟုန်ကြွေးသွားရသည်။

"အသက်တို့ စကားပြောကြရအောင်လေ...."

ခါးထိနေသော ဆံနွယ်လေးများက လေ၏စေ့ဆော်မှုကြောင့် ကလေးမလေး၏ မျက်နှာအထက် ချဥ်းကပ်ချင်နေသလိုပဲ သူမ၏အချစ်စိတ်များကလည်း ထိုလေနှင့်အတူ လွင့်ပါသွားရင်ကောင်းမည်။ ဒီလိုဆို အခုနေအငြင်းခံလိုက်ရရင်တောင် သူမခံစားရမှာမဟုတ်တော့။

"ဒီမှာပဲ ထိုင်ရအောင်...."

သူမနှင့် မလှမ်းမကမ်းမှာရှိသော သစ်သားခုံတန်းလျားမှာ ဝင်ထိုင်နေသော ကလေးမလေး၏ နံဘေးသို့ သူမသွားလိုက်သည်။ အာစေးမိနေသော လူတစ်ဦးကဲ့သို့ပင် သူမမှာ မည်သည်ကိုမှ ပြောမထွက်တော့ပဲ ထိတ်လန့်နေမိသည်။

"အသက်တို့ကြားမှာ ဖြစ်ပျက်ခဲ့သမျှက တကယ်ကို အနေခက်စေတယ်လို့ နေ,ယူဆတယ်မဟုတ်လား။ ဒါကြောင့်ပဲ အသက်ကို ရှောင်နေတာမလား....အသက်တို့ပြန်တွေ့တာ ၃လကျော်လာပြီ အသက်တို့တစ်ခါမှ အေးအေးဆေးဆေးစကားမပြောရသေးဘူး။"

ကလေးမလေး၏ စကားကြောင့် သူမသည် ကလေးမလေးဘက်သို့ ကြည့်မိသည်။ တည်ငြိမ်နေသည့် မျက်နှာပြင်ဟာ သူမအတွက်တော့ပြိုကျတော့မည့်ကောင်းကင်လိုပင်။

"အသက်တို့ ပုံမှန်လို နေကြရအောင် နေ.....။ ဒါမှ အသက်တို့ကြားက ပုံမှန်မဟုတ်တဲ့ အခြေအနေတွေက မရှိတော့မှာ။"

"တို့ ချစ်တယ်။ တို့ဘက်က...တို့ဘက်က ကလေးကိုတကယ်ချစ်တာ။"

ကလေးမလေးနဲ့ ပတ်သက်လာရင် တစ်ခွန်းဆို တစ်ခွန်း သူမနှုတ်ကထွက်သမျှက ဤသို့ပဲဖြစ်သည်မို့ ငြိမ်နေသည်ကို 'ပုံမှန်လိုနေရအောင်' တဲ့။ ချစ်ချင်တာလေ၊ သူမဒယ်ဒီက သူမမာမီကိုချစ်သလိုမျိုး သူမဘက်ကဒီကလေးမလေးကို ချစ်ချင်တာ။

သူမဒယ်ဒီလိုမျိုး အကြင်နာတွေပေးချင်တာ၊ ထွေးပွေ့ထားချင်တာ ဒီတစ်ယောက်ပဲရှိတာကို ဒီတစ်ယောက်နဲ့ ပုံမှန်လို ဘယ်လိုများနေရမှာလဲ။ ဘယ်လိုများ ပုံမှန်လို ပြောဆိုဆက်ဆံမှာရမှာလဲ။

ဒီစကားက သူမအတွက်တော့ တကယ်ပဲ မတရားပါ။

"အသက် ချစ်လို့မရ..."

"Wait wait ....၊ခဏလေး ကလေး... ။ အရင်မငြင်းသေးပဲ တို့ကို ဒီတိုင်းထားပေးလို့ဖြစ်မလား။ အခု အငြင်းခံလိုက်ရမယ်ဆိုရင် တို့အတွက် သိပ်မတရားသလို ခံစားရလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ တို့ကရုပ်ချောတယ်၊ တို့မှာပိုက်ဆံတွေ အများကြီးရှိတယ်၊ ပြီးတော့ တို့မှာရှိနေသမျှက ပြည့်စုံတာထက်ပို မနေသေးဘူးလား....."

အသက်စကားတောင် မဆုံးသေးခင်မှာ ကြားလိုက်ရတဲ့ စကားများကြောင့် အသက်မှာ ဘေးချင်းကပ်လျက်ရှိသော နေ့အား မယုံကြည်နိုင်သလိုကြည့်လိုက်မိသည်။ နေ,တော်တာကို သိပါသည်၊ ပိုက်ဆံရှိတာကိုလည်း အသက်သိပါသေးသည်။

အခု ဒါတွေကို ဒါတွေကို ပြန်ပြီးကြားနေရတာက ကာယကံရှင် နေကိုယ်တိုင်ကပြောပြနေလို့ဆိုတာ တကယ့်ကို မယုံကြည်နိုင်ဖွယ်ကောင်းလွန်းနေသည်။

နောက်ထပ် အဆပေါင်းများစွာပိုပြီး အသက်ကိုအံ့သြသွားစေသည်က ဆက်ပြီး ကြားလိုက်လိုက်သည့် စကားကြောင့်ပင်။

"တို့လို အစစအရာရာပြည့်စုံနေတဲ့သူက ကလေးဆီကနေ ဘာလို့အငြင်းခံရမှာလဲ...ဒါက တကယ်ပဲ မဖြစ်သင့်တာ"

ထိုစကားအပြီးမှာ အသက်အခြေအနေဟာ မျက်လုံးများပင် ပြာဝေပြီး ဒီနေရာမှာတင် မူးမေ့သွားလိုက်ချင်သလိုပင်။ ဒါမှ ဒီလိုမျိုး မျက်နှာမပူရမှာဖြစ်သည်။

"ဒီအကြောင်းကလွဲပြီး တခြားပြောစရာမရှိတော့ဘူးဆိုရင်တော့ တို့သွားတော့မယ် ကလေး...."

အချိန်တစ်ခုအထိ စောင့်နေပေးသော်လည်း မျက်လုံးလေးတွေပြူးပြီး မျက်တောင်တစ်ချက်မှမခတ်ပဲ သူမဆီကိုသာ ကြည့်နေသည့် ကလေးမလေးကြောင့် အချိန်တွေဆက်မဖြုန်းချင်တော့သည်မို့ ထိုနေရာကနေ ထွက်လာခဲ့လိုက်သည်။

ထိုနေ့အပြီးမှာ သူမနဲ့ ကလေးမလေးတို့ မတွေ့ဖြစ်ကြတာ တော်တော်လေးကြာသည်။ သူမဘက်ကလည်း သွားပြီးတွေ့ဆုံဖို့မကြိုးစားသလို ကလေးမလေး ဘက်ကလည်း သူမဆီကို ရောက်မလာပါ။

ဒီကနေ့ First sem၏နောက်ဆုံးရက်၊ ကျောင်းသင်္ကြန်ဖြစ်သည်မို့ သူမတို့မေဂျာမှ မုန့်လုံးကြီးကျွေးဖို့ရန်အတွက် မနက်အစောပဲ အိမ်ကနေ ထ,လာဖို့လုပ်ရသည်။ မနေ့ညက မာမီတို့ရောက်လာသည်ကြောင့် သူမ မိတ္ထီလာအိမ်တွင်ပြန်အိပ်ခဲ့သည်။ အခုမနက်အစောမှာ ဒယ်ဒီရော၊ မာမီပါ မနိုးသေးသည်မို့ အသာအယာနှင့်ပင် အိမ်ကနေထွက်ခဲ့ဖို့လုပ်ထားသည်။

"Breakfast စားသွားဦး နေခြည်၊"

ထမင်းစားခန်းဘက်မှ ထွက်လာသော ဒယ်ဒီနှင့် ရုတ်တရက်ဆုံလိုက်ရသည်မို့ သူမလန့်သွားကာ နောက်သို့အနည်းငယ်မျှတွန့်သွားလေသည်။

"Sorry..."

သူမရဲ့ ခန္ဓာကိုယ်လေးကို ထိန်းပေးထားရင်း ဒယ်ဒီက နူးညံ့စွာနဲ့ပင် တောင်းပန်စကားဆိုလာလေသည်။

"It's ok daddy."

သူမရဲ့စကားမှာ ဒယ်ဒီက ပြုံးသွားပြီး သူမကိုယ် ထိန်းပေးထားရာမှ လွှတ်ကာ သူမလက်ကိုဆွဲသွားပြီး စားပွဲခုံတွင်ထိုင်စေသည်။ ဒယ်ဒီဟာ အမြဲတမ်း ဤသို့ကြင်နာတတ်သော၊ နူးညံ့တတ်သော အမျိုးသားဖြစ်၏။

"ဒါလေးစားကြည့်...."

အသီးများဖြင့် အလှဆင်ထားသော ပန်းကန်တွင် ပေါင်မုန့်မီးကင်သည်ပင် မြင်ဖို့ရန်အတွက်ကြိုးစားရသည်အထိ အသီးတွေက များလွန်းနေသည်။ လှပစွာလှီးဖြတ်ထားသော ခါကျက်ဥနီကို ခရင်းဖြင့်ထိုးစိုက်ပြီး ပါးစပ်ထဲသို့ထည့်လိုက်တော့ ဒယ်ဒီက ကျေနပ်စွာပင် ပြုံးလာပြီး...
"အရသာ ကောင်းရဲ့လား နေခြည်...." ဟု မေးသည်။

"အင်း ချိုတယ် ဒယ်ဒီ၊ မဆိုးဘူး.."
အလျင်အမြန်နဲ့ပင် နောက်ထပ်မြည်းစမ်းဖို့ရန်အတွက် စတော်ဘယ်ရီကိုထိုးစိုက်လိုက်သည်။

"ဒါက ပုံမှန်လိုပါပဲ..."
အသေအချာဝါးကြည့်ရင်းမှ အဆုံးအဖြတ်ပေးလိုက်သည်။

"Marketကနေ ဝယ်ခဲ့တာဆိုတော့ ပုံမှန်ပဲဖြစ်မှာပဲ...။ ဒယ်ဒီ ကြိုးစားကြည့်သေးတယ်။ ဒါပေမယ့် စတော်ဘယ်ရီက ဒီဒေသမှာ အသက်မရှင်နိုင်ဘူးထင်တယ်။"

"ဒီ ခါကျက်ဥက ဒယ်ဒီ့ခြံထွက်လား...အရမ်းစားလို့ကောင်းလွန်းတယ်"

သဘောကျစွာနှင့် နောက်ထပ်ခါကျက်ဥ တစ်ခုကိုယူစားရင်း ဒယ်ဒီဆီကိုမေးလိုက်တော့ သူမငယ်စဥ်ကအတိုင်းပင် ဒယ်ဒီက သူမခေါင်းပေါ်လက်တင်လာသည်။
"ဒယ်ဒီ့ နေခြည်လေး များများစားသွား။"

ဒယ်ဒီ့ဆီကနေ ဤသို့အခေါ်ခံလိုက်ရတိုင်း သူမကိုယ်သူမ ၁၀နှစ်သမီးလေးလို ခံစားရသည်။ 'ဒယ်ဒီ့နေခြည်လေး'တဲ့။ ဒယ်ဒီ့စိတ်ထဲ သူမနဲ့ပက်သတ်ပြီး အပျော်ရွှင်ဆုံး အချိန်တွေမှသာ ခေါ်တတ်သော ဤနာမ်စားကြောင့် သူမမှာ ကျောင်းရောက်သည်အထိ ပြုံးနေမိသည်။

"တီချယ်......"

အနားကို ရောက်လာသည့် ပထမနှစ်မှ ECကောင်လေးကို သူမမှတ်မိသည်။ ထိုကောင်လေး ရောက်လာပုံက အလောတကြီးနိုင်လွန်းသည်။

"မြန်မာစာ မြန်မာစာဌာနဘက်မှာ ရန်ဖြစ်နေပြီ တီချယ်၊"

မုန့်လုံးကြီးများကို ဖော့ဗူးထဲသို့ ထည့်နေကြသော ဆရာမများသည် ချက်ချင်းပဲ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ ခဏနေလျှင် Stage performanceတွေစတော့မည်မို့ ထိုမတိုင်ခင် ဌာနတိုင်းကမဏ္ဍပ်တွေသည် စတုဒီသာများကို အဆင်သင့်ပြင်ကာ ကျောင်းသားများကို ဧည့်ခံဖို့စောင့်နေကြခြင်းဖြစ်သည်။

သူမတို့ဌာနရှေ့မှာတင် မဏ္ဍပ်ထိုးထားသည်မို့ မြန်မာစာဌာနဆီသို့ အမြန်ပင်သွားရတော့မည်။

"ဘယ်ကောင်တွေဖြစ်တာလဲကွ၊ ငါ့အကြောင်းကို သိစေရမယ်"

ချက်ချင်းပဲ ဒေါသထွက်သွားသည့် ဌာနမှူးဆရာကြီးဦးအောင်ညိုကြောင့် သူမမှာ လက်ထဲမှာ ဖော့ဗူးကို ချလိုက်ပြီး....
"တို့ပါလိုက်ခဲ့မယ် ဆရာကြီး.. "

မြန်မာဌာနဆိုသည်ကတစ်ကြောင်း၊ ဆရာကြီးဒေါသကို သိသည်ကတစ်ကြောင်းမို့ ဝင်ထိန်းပေးဖို့ရန်အတွက် သူမလည်းခြေလှမ်းအကျဲကြီးများနှင့်လိုက်သွားလိုက်သည်။ ထုံးဖွဲ့ထားသော ဆံထုံးနှင့် uniform ဝတ်စုံ၏အောက်တွင် သူမစီးထားသော အနက်ရောင်heelက ၅လက်မခန့်ရှိသည်မို့ သူမ၏ခပ်သွက်သွက်ခြေလှမ်းများက သိပ်ကိုလှပလို့နေသည်။

ဒီလို ဖိနပ်အမြင့်စီးထားပြီး ခြေလှမ်းကျဲများဖြင့် လိုက်ပါသွားသည်က Missတစ်ယောက်လိုပင်။ သူမမျက်နှာ အမူအရာက မည်သည်ကိုမှ စိုးထိတ်ခြင်းမရှိပဲ ရဲရင့်ပြတ်သားလို့နေသည်။

"ဓား ဓားပါတယ်...."

ဆိုသော အသံကြောင့် ပြာဝေသွားသော သူမမျက်လုံးတွေက စပ်ဖျင်းဖျင်းဝေဒနာကြားမှာ စိုးရိမ်ထိတ်လန့်နေရှာသည့် မျက်ဝန်းလေးကိုမြင်လိုက်ရသည်။

"နေ...နေရယ်၊ "

"ဟေ့ကောင် ရပ်စမ်း။"

နောက်ဆုံးရဲတွေပါ ရောက်လာပြီး ရန်ဖြစ်ကြသည့်ကျောင်းသားများကို စည်းကမ်းထိန်းသိမ်းရေးဌာနသို့ခေါ်သွားကြသည်။ သူမကတော့ ကျောင်းဆေးခန်းရှိ ဒေါက်တာပန်းသွဲ့ရှေ့မှာ ပြာယာတွေခတ်နေသည့် ကလေးမလေးကိုသာကြည့်နေမိသည်။

"ဒဏ်ရာက အရမ်းနက်သလား ဒေါက်တာ၊ ချုပ်ရမှာတွေဘာတွေဆို....အိုးးး ဘယ်လိုလုပ်ရမလဲ။ နေ့အသားအရည်လေး နုနုဥဥလေးရယ်၊ ခံနိုင်ရည်မရှိလောက်ဘူးထင်တယ်...."

"အ !"

ပိုးသတ်ဆေးသုံးပြီး အနားကို သန့်ရှင်းနေစဥ်မှာ ထွက်ပေါ်လာသည့် သူမအသံသေးသေးလေးကြောင့် သူမပခုံးတွေဆီကိုရောက်လာသည့် ကလေးမလေး၏ လက်ဖဝါးလေးတွေ၊ ဒါဟာ အိမ်မက်တစ်ခုဆိုရင်တောင် သူမ မနိုးထချင်တော့ပါဘူး။

ချစ်တဲ့သူဆီကနေ ဒီလိုစိုးရိမ်ပေးမှုတွေက အတိုင်းအဆမဲ့ပျော်ရွှင်မှုကို ပေးစွမ်းနေသည်။ ထိုသို့သတိထားမိပြီး သူမမျက်နှာဟာ ပြုံးချင်ချင်ဖြစ်လို့နေသည်။

"ဖြေးဖြေးလေး လုပ်ပေးပါလား ဒေါက်တာရယ်။ နေ အရမ်းနာနေသလိုပဲ...နည်းနည်းလောက်လေး ဖြေးပေးလို့ ရပါတယ်နော်၊ဟုတ်တယ်နော်။"

ဒေါက်တာပန်းသွဲ့သည် မျက်စောင်းလေးထိုးလို့ ကလေးမလေးဆီကို ကြည့်တော့ ဒဏ်ရာမရသည့် သူမ၏လက်တစ်ဖက်သည် အလိုအလျောက်စနစ်တစ်ခုလိုပင် ဒေါက်တာပန်းသွဲ့၏ပေါင်ကိုဆိတ်ဆွဲလေသည်။

"ကျစ်..အ ! ၊ နာတယ်ဟ"

"ရှင်...."

ဆေးထည့်ပေးနေသည့် ဒေါက်တာ နာတယ်လို့ထ,အော်သည်မို့ ကလေးမလေးက အူကြောင်ကြောင်လေး 'ရှင်'ပြလေသည်။

"ဆွဲမဆိတ်စမ်းနဲ့ ငြိမ်ငြိမ်နေ၊ ဆေးထည့်ပေးမို့ မဟုတ်ရင် အမာရွတ်ကျန်နေမယ်..."

"What..."

ထ,ရပ်တော့မည့်အလား သူမကို ဒေါက်တာပန်းသွဲ့က ဆွဲထားကာ...
"ဖြစ်တတ်တာကို ပြောပြတာ၊ ငြိမ်ငြိမ်နေစမ်း...."

အခုအခြေအနေမှာ သူမဘက်ကငြိမ်ငြိမ်နေရုံမှလွဲလို့ အခြားဘာမှမရှိသည်မို့ သူမ ငြိမ်နေပေးလိုက်သည်။

"မစိုးရိမ်နဲ့နော် နေ...ဒဏ်ရာကသေးပါတယ်၊ အမာရွတ်ကျန်ရင်တောင် သေးသေးလေးပါပဲ"

"ဟင့်အင်း...မလိုချင်ဘူး။ တို့ခန္ဓာကိုယ်မှာ အမာရွတ်ရှိနေမှာကို တို့တကယ်မကြိုက်ဘူး..."

စိတ်ထင်လို့ပဲလားတော့ မသိ သူမရဲ့ပခုံးဆီမှ လက်ကလေးတွေက အသာအယာရွေ့လျားသွားသလိုပင်။

"သြော် နေရယ်၊ နေက ဒီလောက်လှတာပဲကို၊ ဒီအမာရွတ်လောက်နဲ့ ဘာမှဖြစ်သွားမှာမှ မဟုတ်တာ။ ပြီးတော့ အသက်ထင်ပါတယ် ဒီဒဏ်ရာက အမာရွတ်ကျန်မှာမဟုတ်ပါဘူး..."

"တကယ်ပြောတာ..."

မျက်နှာလှလှလေးကို မော့ပြီးမေးသည်က အရင်မြင်နေကျ ချောမောလှပရုံမျှမကပဲ အရမ်းချောတဲ့ကလေးလေးတစ်ယောက်လိုပင် ချစ်ခင်အူယားဖို့ကောင်းလွန်းသည်ဟု အသက်ထင်မိသည်။

"အင်း ၊ တကယ်ပြောတာ...."

ဒီလိုချစ်စရာကောင်းမှုလေးကိုမြင်လိုက်တော့ အသက်မှာ မထိန်းချုပ်နိုင်စွာနှင့်ပြုံးလိုက်မိပြီး ခေါင်းလေးပါငြိမ့်ပြလိုက်ပုံက ကလေးတစ်ယောက်ကို စိတ်ဖြေသိမ့်ဖို့လုံလောက်သည်ဟု ထင်သည်။

"ဘယ်လိုလုပ်ပြီး ဒဏ်ရာရတဲ့သူက နင်ဖြစ်လာတာလဲ နေခြည်။ နင်က ရန်ဖြစ်တဲ့နေရာကို သွားကြည့်တာမဟုတ်ဘူးလား။"

"မသိတော့ပါဘူး အမရယ်၊ တို့သိတာတော့ တို့ဒီကိုရောက်နေပြီဆိုတာပဲ...."

ဘယ်လိုဓားနဲ့ထိမိသွားပြီး ဘယ်လိုဘယ်ပုံဒီကိုရောက်လာသည်ဆိုတာကို သူမတကယ်ပဲမသိလိုက်တာဖြစ်သည်။

"အဖြစ်အပျက်က မြန်လွန်းတော့ နေ မမှတ်မိတော့တာဖြစ်မယ်။ အသက်နဲ့အတူလာတဲ့ လမ်းမှာလည်း နေ့ပုံက စိတ်နဲ့လူနဲ့မကပ်သလိုပဲ"
အသက်မျက်နှာကိုပဲ ကြည့်နေတာလို့တော့ ထုတ်မပြောပဲ....
"အရမ်းရုတ်တရပ်ဆန်းလွန်းသွားလို့ ဖြစ်မှာပါ" ဟု လျောချလိုက်ရသည်။

"ဒါကြောင့်ပြောပါတယ် ပြသနာတွေနဲ့ဝေးဝေးမှာနေပါဆို။ အခုတော့ကြည့် အမာရွတ်ကျန်ရင် ငါ့မယ်ခေါင်းရှုပ်ရဦးမယ်။ နင်တစ်ခုခု ဒဏ်ရာရမှာကို ငါတကယ်မလိုချင်တာပါ နေခြည်ရယ်....စိတ်ရှုပ်ရလွန်းလို့"

"တို့လည်း တမင် ဒဏ်ရာရအောင်လုပ်ခဲ့တာမှ မဟုတ်ပဲ အမရယ်။ တို့ကမှ ဒဏ်ရာရမှာသိပ်ကြောက်တဲ့ သူပါနော်..."

"သိပ်ကြောက်ရင် ဘာလို့ရန်ပွဲဆီလိုက်သွားလဲ၊ အရင်ကဆို နင်အဲ့လိုနေရာတွေမလိုက်သွားတတ်ပါဘူး။ ဘာလဲဒီနေ့ နင်တို့ဌာနမှာ ဆရာကနင်တစ်ယောက်ပဲရှိတာလား။"

"အဲ့လိုတော့ ဘယ်ဟုတ်မလဲ။ စိတ်ပူသွားတာ..... မြန်မာစာဌာနမှာဆိုတော့ တစ်ခုခုများဖြစ်ရင်ဆိုပြီး တို့စိတ်ပူသွားလို့ လိုက်သွားမိတာ။"

မလုံမလဲအကြည့်ဖြင့် အသက်ဆီသို့ဝေ့ဝဲလာသည့် နေ့အကြည့်တွေမှ အသက်ကြောင့် ရန်ဖြစ်သည့်နေရာကိုလိုက်လာသည်ဆိုတာကို အသက်သိလိုက်ရသည်။ အသက်တစ်ခုခုဖြစ်နေမလားလို့ တွေးပြီး နေ,လိုက်လာခဲ့တာပေါ့...ဒါဆို အခုလို ဒဏ်ရာရသွားရတာ အသက်ကြောင့်ပေါ့။

အခုမြင်နေပုံအရ ဒဏ်ရာရမှာ၊ အမာရွတ်ရမှာကို ကလေးလေးတစ်ယောက်လိုပဲ အကြောက်လွန်နေသူကလေ ထိုအရာတွေကိုအမှုမထားပဲ အသက်ကြောင့်နဲ့ ရောက်လာခဲ့သည်တဲ့။

အသက်ရင်ထဲ ပြောပြလို့မကုန်နိုင်တဲ့ စမ်းရေလေးတွေ စီးဆင်းလို့နေတော့သည်။

"ဘေဘီလေး..."

အသံနှင့်အတူ ရောက်လာကြသော နေ့မိဘများကြောင့် အသက်သည် နေ့ဘေးနားကနေ အလိုလို ဖယ်ခွာပေးလိုက်ရတော့သည်။

_________________

Zawgyi.....

အေပၚမွ ထပ္၍ထပ္လာေသာ ပါးလႊာေသာအထပ္ထည္သည္ အသက္စိတ္တို႔ကို လႊမ္းၿခဳံသြားသည့္အလားပင္။ ထ,ရပ္လိုက္ေသာအခါ ဒူးထိေသာ ထိုအေပၚထပ္၏ ေအာက္တြင္ ဝတ္ဆင္ထားေသာ ဂါဝန္သည္ ေန႔ခႏၶာကိုယ္၏ အလွတရားကို ေပၚလြင္ေစသည္။

Body fitလိုမဟုတ္ပဲ ေန႔ခႏၶာကိုယ္အား အနည္းငယ္မွ် လြတ္လပ္သလို သြားလာခြင့္ေပးထားေသာ ဂါဝန္၏ အဆုံးမွာ ေဖြး႐ုံမက ဥႏုေနေသာေျခတံသြယ္သြယ္ႏွင့္ နီရဲကာေနေသာ ေျခေခ်ာင္းေလးမ်ားက တစ္ခါေရွ႕တိုးလာတိုင္း အသက္ႏွင့္တစ္ဆင့္ပိုနီးကပ္လာသည္၊ ထိုသို႔နီးကပ္လာမႈမ်ားကို အသက္ရႉမို႔ေမ့ေလ်ာ့စြာႏွင့္ ေငးလို႔ၾကည့္ေနမိသည္။

"ဒီေန႔ ေက်ာင္းသြားရမွာ မဟုတ္လား။
ဘယ္လိုျဖစ္ၿပီး ေရာက္လာတာလဲ...."

အသက္တို႔အနီးမွာပဲ တင္ပါးလႊဲဝင္ထိုင္သူဟာ လက္ကိုင္အိတ္ကို ခ်ၿပီးသည္ႏွင့္ လက္ေခ်ာင္းေသးေသးသြယ္သြယ္ေလးေတြကို အစီအရီထိကပ္ၿပီး ၾကာဖူးသဖြယ္ လက္အုပ္ခ်ီကာ...
"ေက်ာင္းကို ျပန္ရင္း လမ္းမွာလာခ်င္စိတ္ဝင္လာတာေၾကာင့္ပါ ဘုရား..." ဟု ေလွ်ာက္တင္သည္။

ေလွ်ာက္တင္ၿပီးခ်င္းမွာပဲ အသက္ဘက္သို႔ၾကည့္လာသည့္ မ်က္လုံးလွလွေလးေတြကို အသက္ဘက္က အၾကည့္မလႊဲေတာ့။

"ဒါျဖင့္ အဆင္ေျပသြားတာပဲ။ သက္တန္႔လည္း ေက်ာင္းျပန္ရမွာ....အဆင္သင့္သြားတာေပါ့။ အသက္ကို တင္ေခၚသြားလိုက္ပါကြယ္..."

"မရေလာက္ဘူးထင္တယ္၊ ေနျခည္ ဒီေန႔ခြင့္ယူမလားလို႔ပါ။ ဘိုးဘိုးတို႔ဆီလည္း မေရာက္တာၾကာၿပီမို႔ပါ...."

သူမနဲ႔အတူ ေနရသည္မွာ ကေလးမေလးအတြက္ စိတ္က်ဥ္းက်ပ္ေနမည္ကို စိုးသည္။ သူမဘက္က ျပသနာမရွိေသာ္လည္း ကေလးမေလးဘက္က တစ္ခုခုမ်ားေျပာလာမည္ဆိုလွ်င္လို႔ ေတြးၿပီး ျငင္းလိုက္တာျဖစ္သည္။

သူမဘက္က အရင္မျငင္းပဲ ကေလးမေလးဘက္ကသာ တစ္ခုခုေျပာၿပီး ျငင္းမယ္ဆိုလွ်င္ ထိုအရာကို သူမ မည္သို႔မွ သည္းခံႏိုင္မည္မဟုတ္ေပ။ သူမဘက္က ခ်စ္သည္၊ ဒီတစ္သက္မွာ ဒီတစ္ေယာက္ကိုသာ ခ်စ္ေၾကာင္းေျပာခဲ့သည္မွန္ေသာ္လည္း သူမဆီမွမာနတရားတို႔က ကေလးမေလးေၾကာင့္ျဖစ္တည္လာႏိုင္သည့္ သိမ္ငယ္ျခင္းတို႔ကို မည္သို႔မွ လက္ခံႏိုင္မည္မဟုတ္ေပ။

"ဒါျဖင့္လည္း ေမာ္ကြန္းထိန္းဆီသြားၿပီး အိမ္အတြက္လို႔ေျပာလိုက္ပါ။ ဘုန္းဘုန္းက ယူခိုင္းလိုက္တာလို႔ ေျပာလိုက္ ဟုတ္ၿပီလား...."

"တင္ပါ့ဘုရား၊ ဒါျဖင့္ တပည့္ေတာ္ကိုခြင့္ျပဳပါဦး ဘုရား...."

ဘုန္းဘုန္းအား ဦးသုံးႀကိမ္ခ်၍ သူမထြက္လာခဲ့လိုက္သည္။ ထိုမွတဆင့္ ေက်ာင္းျပင္သို႔ ျပန္မထြက္ေသးပဲ စာခ်ဆရာမ်ားေနသည့္ အေဆာင္သို႔သြားကာ ေမာ္ကြန္းထိန္းဆီမွ ဘုန္းဘုန္းမွာလိုက္သည့္ အတိုင္းေျပာလိုက္သည္။

"ဒီအထုပ္ပဲ ေနျခည္၊ ဟိုတေလာက ေက်ာင္းအတြက္ေဆးေတြမွာရင္း ဒကာႀကီးတို႔အတြက္ပါဝယ္ခဲ့လိုက္တာ။"

"တင္ပါ့ ဘုရား..."

သက္ေတာ္ သုံးဆယ့္ငါးရွိၿပီျဖစ္ေသာ ဦးတိကၡဉာဏိသည္ သူမတို႔မိသားစုမွ ရဟန္းခံေပးေသာ ဦးဇင္းျဖစ္လင့္ကစား သူမတို႔ေမာင္ႏွမ၏အကိုႀကီးသဖြယ္ျဖစ္ၿပီး ဘုန္းဘုန္းအတြက္လည္း အားကိုးအားထားျပဳရေသာ ေမာ္ကြန္းထိန္းျဖစ္ခဲ့သည္။

ပါရမီကံ ရင့္သည္ေၾကာင့္ က်မ္းအျပင္ ေဘးစြယ္မ်ားအထိပါ ႏွံ႔စပ္သူျဖစ္ၿပီး မႏွစ္က Ph.Dဘြဲ႕ကို သီရိလကၤာမွာ ရခဲ့တာျဖစ္သည္။

"ဒါက တပည့္ေတာ့္ရဲ႕အလႉေငြပါဘုရား။ အရွင္ဘုရား လိုအပ္တဲ့ေနရာမွာ သုံးပါ။"

အိတ္ထဲရွိ ဝတၳဳေငြကို ထုတ္ယူၿပီး ခေရပင္အရိပ္ ေျမျပင္မွာတင္ ထိုင္ခ်ၿပီး ဆည္းကပ္လိုက္ေတာ့ သစ္သားခုံတြင္ထိုင္ေနေသာ ဦးဇင္းသည္...
"ငါ့မွာ သုံးဖို႔ရွိပါတယ္....အရင္ပတ္တုန္းက စာေျဖကိုယ္ေတာ္ေတြကို ေနျပည္ေတာ္လိုက္ပို႔ရင္း အိမ္ဝင္ခဲ့ေသးတယ္။ အေဖက ပိုက္ဆံကပ္လိုက္ပါေသးတယ္၊ ဒီေငြေတြကို ဒကာမေလးပဲ သုံးပါ။"

လက္ႏွင့္ တြန္းဖယ္လို႔ျငင္းသည္ကို သူမဘက္ကလည္း...
"ဒါက တပည့္ေတာ္ကပ္တာပါ ဘုရား၊ ယူထားပါ....အရွင္ဘုရားမလိုရင္လည္း တျခားလိုအပ္သူကို ျပန္လႉလို႔ရတာပါပဲ။"

"အိမ္းး...ေကာင္းၿပီ။ ဒါနဲ႔ အေဖ့ဆီကေန အလႉခံထားတဲပစၥည္း မေန႔ကေရာက္တယ္လို႔ ေျပာေပးပါ။ ကိုယ္ေတာ့္ ဖုန္းက သိမ္းထားရၿပီမို႔ ဆက္သြယ္ဖို႔ကခက္သြားၿပီ။ၿပီးေတာ့.....ေက်းဇူးလည္း တင္ပါတယ္လို႔ ေျပာလိုက္ပါ"

"တင္ပါ့ ဘုရား၊ "

"ဒါျဖင့္ ဦးဇင္းသြားေတာ့မယ္။ ဂ႐ုစိုက္ျပန္ပါ ဒကာမေလး..."

"တင္ပါ့ဘုရား...လိုအပ္တာရွိရင္ ဒယ္ဒီ့ကိုအၿမဲေျပာပါ ဘုရား။ ဒယ္ဒီ့ဆီကိုလည္း အဆက္အသြယ္ျဖတ္မထားပါနဲ႔ဘုရား....မဟုတ္ရင္ မာမီက အရွင္ဘုရားအတြက္စိတ္ပူေနတတ္တာပါ။"

"ေကာင္းၿပီ...."

သို႔ႏွင့္ သူမအနားကေန ေအးၿငိမ္စြာျဖင့္ ထြက္ခြာသြားသူ၏ ၿငိမ္ေအးမႈတို႔ကို သူမၾကည့္ေနမိသည္။ ၾကည္ညိဳဖြယ္ ေကာင္းေသာ ႐ုပ္ရည္၊ ၾကည္လင္ေအးခ်မ္းေသာ အသံ၊ ႀကိဳးစားအားထုတ္ေသာ လုံ႔လဝီရိယတို႔ျဖင့္ ၿငိမ္းေအးစြာတည္ရွိေနေသာ သူမ၏ေမြးစားအကို မာမီ့၏သားအႀကီးဆုံးသည္ သူမအတြက္ေတာ့ ၿငိမ္းေအးျခင္းသေဘာတရားကို အၿမဲေဖာ္ေဆာင္ေပးသည္။

ေနရာမွ ထ,ရပ္ကာ အသာအယာပင္လက္ျဖင့္ခ်လိုက္ေသာ ဖုန္မႈန္႔မ်ားႏွင့္အတူ သူမ၏ၿငိမ္ေအးေနေသာ စိတ္မ်ားကလည္း ကြာက်သြားသည္။ သူမဆီကိုေလွ်ာက္လာေနသည့္ အရိပ္ကေလးက တေ႐ြ႕ေ႐ြ႕ႏွင့္....သူမအနားသို႔ ေရာက္လာေသာအခါတြင္
"ေန..." ဟု အသံျပဳသည္။

ျငင္းဖို႔အေၾကာင္းေတြေျပာေတာ့မွာလားဟု စိုးရိမ္စိတ္ျဖင့္ သူမမွာ ပူေလာင္ဟုန္ေႂကြးသြားရသည္။

"အသက္တို႔ စကားေျပာၾကရေအာင္ေလ...."

ခါးထိေနေသာ ဆံႏြယ္ေလးမ်ားက ေလ၏ေစ့ေဆာ္မႈေၾကာင့္ ကေလးမေလး၏ မ်က္ႏွာအထက္ ခ်ဥ္းကပ္ခ်င္ေနသလိုပဲ သူမ၏အခ်စ္စိတ္မ်ားကလည္း ထိုေလႏွင့္အတူ လြင့္ပါသြားရင္ေကာင္းမည္။ ဒီလိုဆို အခုေနအျငင္းခံလိုက္ရရင္ေတာင္ သူမခံစားရမွာမဟုတ္ေတာ့။

"ဒီမွာပဲ ထိုင္ရေအာင္...."

သူမႏွင့္ မလွမ္းမကမ္းမွာရွိေသာ သစ္သားခုံတန္းလ်ားမွာ ဝင္ထိုင္ေနေသာ ကေလးမေလး၏ နံေဘးသို႔ သူမသြားလိုက္သည္။ အာေစးမိေနေသာ လူတစ္ဦးကဲ့သို႔ပင္ သူမမွာ မည္သည္ကိုမွ ေျပာမထြက္ေတာ့ပဲ ထိတ္လန္႔ေနမိသည္။

"အသက္တို႔ၾကားမွာ ျဖစ္ပ်က္ခဲ့သမွ်က တကယ္ကို အေနခက္ေစတယ္လို႔ ေန,ယူဆတယ္မဟုတ္လား။ ဒါေၾကာင့္ပဲ အသက္ကို ေရွာင္ေနတာမလား....အသက္တို႔ျပန္ေတြ႕တာ ၃လေက်ာ္လာၿပီ အသက္တို႔တစ္ခါမွ ေအးေအးေဆးေဆးစကားမေျပာရေသးဘူး။"

ကေလးမေလး၏ စကားေၾကာင့္ သူမသည္ ကေလးမေလးဘက္သို႔ ၾကည့္မိသည္။ တည္ၿငိမ္ေနသည့္ မ်က္ႏွာျပင္ဟာ သူမအတြက္ေတာ့ၿပိဳက်ေတာ့မည့္ေကာင္းကင္လိုပင္။

"အသက္တို႔ ပုံမွန္လို ေနၾကရေအာင္ ေန.....။ ဒါမွ အသက္တို႔ၾကားက ပုံမွန္မဟုတ္တဲ့ အေျခအေနေတြက မရွိေတာ့မွာ။"

"တို႔ ခ်စ္တယ္။ တို႔ဘက္က...တို႔ဘက္က ကေလးကိုတကယ္ခ်စ္တာ။"

ကေလးမေလးနဲ႔ ပတ္သက္လာရင္ တစ္ခြန္းဆို တစ္ခြန္း သူမႏႈတ္ကထြက္သမွ်က ဤသို႔ပဲျဖစ္သည္မို႔ ၿငိမ္ေနသည္ကို 'ပုံမွန္လိုေနရေအာင္' တဲ့။ ခ်စ္ခ်င္တာေလ၊ သူမဒယ္ဒီက သူမမာမီကိုခ်စ္သလိုမ်ိဳး သူမဘက္ကဒီကေလးမေလးကို ခ်စ္ခ်င္တာ။

သူမဒယ္ဒီလိုမ်ိဳး အၾကင္နာေတြေပးခ်င္တာ၊ ေထြးေပြ႕ထားခ်င္တာ ဒီတစ္ေယာက္ပဲရွိတာကို ဒီတစ္ေယာက္နဲ႔ ပုံမွန္လို ဘယ္လိုမ်ားေနရမွာလဲ။ ဘယ္လိုမ်ား ပုံမွန္လို ေျပာဆိုဆက္ဆံမွာရမွာလဲ။

ဒီစကားက သူမအတြက္ေတာ့ တကယ္ပဲ မတရားပါ။

"အသက္ ခ်စ္လို႔မရ..."

"Wait wait ....၊ကေလး... အရင္မျငင္းေသးပဲ တို႔ကို ဒီတိုင္းထားေပးလို႔ျဖစ္မလား။ အခု အျငင္းခံလိုက္ရမယ္ဆိုရင္ တို႔အတြက္ သိပ္မတရားသလို ခံစားရလို႔ပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ တို႔က႐ုပ္ေခ်ာတယ္၊ တို႔မွာပိုက္ဆံေတြ အမ်ားႀကီးရွိတယ္၊ ၿပီးေတာ့ တို႔မွာရွိေနသမွ်က ျပည့္စုံတာထက္ပို မေနေသးဘူးလား....."

အသက္စကားေတာင္ မဆုံးေသးခင္မွာ ၾကားလိုက္ရတဲ့ စကားမ်ားေၾကာင့္ အသက္မွာ ေဘးခ်င္းကပ္လ်က္ရွိေသာ ေန႔အား မယုံၾကည္ႏိုင္သလိုၾကည့္လိုက္မိသည္။ ေန,ေတာ္တာကို သိပါသည္၊ ပိုက္ဆံရွိတာကိုလည္း အသက္သိပါေသးသည္။

အခု ဒါေတြကို ဒါေတြကို ျပန္ၿပီးၾကားေနရတာက ကာယကံရွင္ ေနကိုယ္တိုင္ကေျပာျပေနလို႔ဆိုတာ တကယ့္ကို မယုံၾကည္ႏိုင္ဖြယ္ေကာင္းလြန္းေနသည္။

ေနာက္ထပ္ အဆေပါင္းမ်ားစြာပိုၿပီး အသက္ကိုအံ့ၾသသြားေစသည္က ဆက္ၿပီး ၾကားလိုက္လိုက္သည့္ စကားေၾကာင့္ပင္။

"တို႔လို အစစအရာရာျပည့္စုံေနတဲ့သူက ကေလးဆီကေန ဘာလို႔အျငင္းခံရမွာလဲ...ဒါက တကယ္ပဲ မျဖစ္သင့္တာ"

ထိုစကားအၿပီးမွာ အသက္အေျခအေနဟာ မ်က္လုံးမ်ားပင္ ျပာေဝၿပီး ဒီေနရာမွာတင္ မူးေမ့သြားလိုက္ခ်င္သလိုပင္။ ဒါမွ ဒီလိုမ်ိဳး မ်က္ႏွာမပူရမွာျဖစ္သည္။

"ဒီအေၾကာင္းကလြဲၿပီး တျခားေျပာစရာမရွိေတာ့ဘူးဆိုရင္ေတာ့ တို႔သြားေတာ့မယ္ ကေလး...."

အခ်ိန္တစ္ခုအထိ ေစာင့္ေနေပးေသာ္လည္း မ်က္လုံးေလးေတြျပဴးၿပီး မ်က္ေတာင္တစ္ခ်က္မွမခတ္ပဲ သူမဆီကိုသာ ၾကည့္ေနသည့္ ကေလးမေလးေၾကာင့္ အခ်ိန္ေတြဆက္မျဖဳန္းခ်င္ေတာ့သည္မို႔ ထိုေနရာကေန ထြက္လာခဲ့လိုက္သည္။

ထိုေန႔အၿပီးမွာ သူမနဲ႔ ကေလးမေလးတို႔ မေတြ႕ျဖစ္ၾကတာ ေတာ္ေတာ္ေလးၾကာသည္။ သူမဘက္ကလည္း သြားၿပီးေတြ႕ဆုံဖို႔မႀကိဳးစားသလို ကေလးမေလး ဘက္ကလည္း သူမဆီကို ေရာက္မလာပါ။

ဒီကေန႔ First sem၏ေနာက္ဆုံးရက္၊ ေက်ာင္းသၾကၤန္ျဖစ္သည္မို႔ သူမတို႔ေမဂ်ာမွ မုန္႔လုံးႀကီးေကြၽးဖို႔ရန္အတြက္ မနက္အေစာပဲ အိမ္ကေန ထ,လာဖို႔လုပ္ရသည္။ မေန႔ညက မာမီတို႔ေရာက္လာသည္ေၾကာင့္ သူမ မိတၳီလာအိမ္တြင္ျပန္အိပ္ခဲ့သည္။ အခုမနက္အေစာမွာ ဒယ္ဒီေရာ၊ မာမီပါ မႏိုးေသးသည္မို႔ အသာအယာႏွင့္ပင္ အိမ္ကေနထြက္ခဲ့ဖို႔လုပ္ထားသည္။

"Breakfast စားသြားဦး ေနျခည္၊"

ထမင္းစားခန္းဘက္မွ ထြက္လာေသာ ဒယ္ဒီႏွင့္ ႐ုတ္တရက္ဆုံလိုက္ရသည္မို႔ သူမလန္႔သြားကာ ေနာက္သို႔အနည္းငယ္မွ်တြန္႔သြားေလသည္။

"Sorry..."

သူမရဲ႕ ခႏၶာကိုယ္ေလးကို ထိန္းေပးထားရင္း ဒယ္ဒီက ႏူးညံ့စြာနဲ႔ပင္ ေတာင္းပန္စကားဆိုလာေလသည္။

"It's ok daddy."

သူမရဲ႕စကားမွာ ဒယ္ဒီက ၿပဳံးသြားၿပီး သူမကိုယ္ ထိန္းေပးထားရာမွ လႊတ္ကာ သူမလက္ကိုဆြဲသြားၿပီး စားပြဲခုံတြင္ထိုင္ေစသည္။ ဒယ္ဒီဟာ အၿမဲတမ္း ဤသို႔ၾကင္နာတတ္ေသာ၊ ႏူးညံ့တတ္ေသာ အမ်ိဳးသားျဖစ္၏။

"ဒါေလးစားၾကည့္...."

အသီးမ်ားျဖင့္ အလွဆင္ထားေသာ ပန္းကန္တြင္ ေပါင္မုန္႔မီးကင္သည္ပင္ ျမင္ဖို႔ရန္အတြက္ႀကိဳးစားရသည္အထိ အသီးေတြက မ်ားလြန္းေနသည္။ လွပစြာလွီးျဖတ္ထားေသာ ခါက်က္ဥနီကို ခရင္းျဖင့္ထိုးစိုက္ၿပီး ပါးစပ္ထဲသို႔ထည့္လိုက္ေတာ့ ဒယ္ဒီက ေက်နပ္စြာပင္ ၿပဳံးလာၿပီး...
"အရသာ ေကာင္းရဲ႕လား ေနျခည္...." ဟု ေမးသည္။

"အင္း ခ်ိဳတယ္ ဒယ္ဒီ၊ မဆိုးဘူး.."
အလ်င္အျမန္နဲ႔ပင္ ေနာက္ထပ္ျမည္းစမ္းဖို႔ရန္အတြက္ စေတာ္ဘယ္ရီကိုထိုးစိုက္လိုက္သည္။

"ဒါက ပုံမွန္လိုပါပဲ..."
အေသအခ်ာဝါးၾကည့္ရင္းမွ အဆုံးအျဖတ္ေပးလိုက္သည္။

"Marketကေန ဝယ္ခဲ့တာဆိုေတာ့ ပုံမွန္ပဲျဖစ္မွာပဲ...။ ဒယ္ဒီ ႀကိဳးစားၾကည့္ေသးတယ္။ ဒါေပမယ့္ စေတာ္ဘယ္ရီက ဒီေဒသမွာ အသက္မရွင္ႏိုင္ဘူးထင္တယ္။"

"ဒီ ခါက်က္ဥက ဒယ္ဒီ့ၿခံထြက္လား...အရမ္းစားလို႔ေကာင္းလြန္းတယ္"

သေဘာက်စြာႏွင့္ ေနာက္ထပ္ခါက်က္ဥ တစ္ခုကိုယူစားရင္း ဒယ္ဒီဆီကိုေမးလိုက္ေတာ့ သူမငယ္စဥ္ကအတိုင္းပင္ ဒယ္ဒီက သူမေခါင္းေပၚလက္တင္လာသည္။
"ဒယ္ဒီ့ ေနျခည္ေလး မ်ားမ်ားစားသြား။"

ဒယ္ဒီ့ဆီကေန ဤသို႔အေခၚခံလိုက္ရတိုင္း သူမကိုယ္သူမ ၁၀ႏွစ္သမီးေလးလို ခံစားရသည္။ 'ဒယ္ဒီ့ေနျခည္ေလး'တဲ့။ ဒယ္ဒီ့စိတ္ထဲ သူမနဲ႔ပက္သတ္ၿပီး အေပ်ာ္႐ႊင္ဆုံး အခ်ိန္ေတြမွသာ ေခၚတတ္ေသာ ဤနာမ္စားေၾကာင့္ သူမမွာ ေက်ာင္းေရာက္သည္အထိ ၿပဳံးေနမိသည္။

"တီခ်ယ္......"

အနားကို ေရာက္လာသည့္ ပထမႏွစ္မွ ECေကာင္ေလးကို သူမမွတ္မိသည္။ ထိုေကာင္ေလး ေရာက္လာပုံက အေလာတႀကီးႏိုင္လြန္းသည္။

"ျမန္မာစာ ျမန္မာစာဌာနဘက္မွာ ရန္ျဖစ္ေနၿပီ တီခ်ယ္၊"

မုန္႔လုံးႀကီးမ်ားကို ေဖာ့ဗူးထဲသို႔ ထည့္ေနၾကေသာ ဆရာမမ်ားသည္ ခ်က္ခ်င္းပဲ လႈပ္လႈပ္ရွားရွားျဖစ္သြားၾကသည္။ ခဏေနလွ်င္ Stage performanceေတြစေတာ့မည္မို႔ ထိုမတိုင္ခင္ ဌာနတိုင္းကမ႑ပ္ေတြသည္ စတုဒီသာမ်ားကို အဆင္သင့္ျပင္ကာ ေက်ာင္းသားမ်ားကို ဧည့္ခံဖို႔ေစာင့္ေနၾကျခင္းျဖစ္သည္။

သူမတို႔ဌာနေရွ႕မွာတင္ မ႑ပ္ထိုးထားသည္မို႔ ျမန္မာစာဌာနဆီသို႔ အျမန္ပင္သြားရေတာ့မည္။

"ဘယ္ေကာင္ေတြျဖစ္တာလဲကြ၊ ငါ့အေၾကာင္းကို သိေစရမယ္"

ခ်က္ခ်င္းပဲ ေဒါသထြက္သြားသည့္ ဌာနမႉးဆရာႀကီးဦးေအာင္ညိဳေၾကာင့္ သူမမွာ လက္ထဲမွာ ေဖာ့ဗူးကို ခ်လိုက္ၿပီး....
"တို႔ပါလိုက္ခဲ့မယ္ ဆရာႀကီး.. "

ျမန္မာဌာနဆိုသည္ကတစ္ေၾကာင္း၊ ဆရာႀကီးေဒါသကို သိသည္ကတစ္ေၾကာင္းမို႔ ဝင္ထိန္းေပးဖို႔ရန္အတြက္ သူမလည္းေျခလွမ္းအက်ဲႀကီးမ်ားႏွင့္လိုက္သြားလိုက္သည္။ ထုံးဖြဲ႕ထားေသာ ဆံထုံးႏွင့္ uniform ဝတ္စုံ၏ေအာက္တြင္ သူမစီးထားေသာ အနက္ေရာင္heelက ၅လက္မခန္႔ရွိသည္မို႔ သူမ၏ခပ္သြက္သြက္ေျခလွမ္းမ်ားက သိပ္ကိုလွပလို႔ေနသည္။

ဒီလို ဖိနပ္အျမင့္စီးထားၿပီး ေျခလွမ္းက်ဲမ်ားျဖင့္ လိုက္ပါသြားသည္က Missတစ္ေယာက္လိုပင္။ သူမမ်က္ႏွာ အမူအရာက မည္သည္ကိုမွ စိုးထိတ္ျခင္းမရွိပဲ ရဲရင့္ျပတ္သားလို႔ေနသည္။

"ဓား ဓားပါတယ္...."

ဆိုေသာ အသံေၾကာင့္ ျပာေဝသြားေသာ သူမမ်က္လုံးေတြက စပ္ဖ်င္းဖ်င္းေဝဒနာၾကားမွာ စိုးရိမ္ထိတ္လန္႔ေနရွာသည့္ မ်က္ဝန္းေလးကိုျမင္လိုက္ရသည္။

"ေန...ေနရယ္၊ "

"ေဟ့ေကာင္ ရပ္စမ္း။"

ေနာက္ဆုံးရဲေတြပါ ေရာက္လာၿပီး ရန္ျဖစ္ၾကသည့္ေက်ာင္းသားမ်ားကို စည္းကမ္းထိန္းသိမ္းေရးဌာနသို႔ေခၚသြားၾကသည္။ သူမကေတာ့ ေက်ာင္းေဆးခန္းရွိ ေဒါက္တာပန္းသြဲ႕ေရွ႕မွာ ျပာယာေတြခတ္ေနသည့္ ကေလးမေလးကိုသာၾကည့္ေနမိသည္။

"ဒဏ္ရာက အရမ္းနက္သလား ေဒါက္တာ၊ ခ်ဳပ္ရမွာေတြဘာေတြဆို....အိုးးး ဘယ္လိုလုပ္ရမလဲ။ ေန႔အသားအရည္ေလး ႏုႏုဥဥေလးရယ္၊ ခံႏိုင္ရည္မရွိေလာက္ဘူးထင္တယ္...."

"အ !"

ပိုးသတ္ေဆးသုံးၿပီး အနားကို သန္႔ရွင္းေနစဥ္မွာ ထြက္ေပၚလာသည့္ သူမအသံေသးေသးေလးေၾကာင့္ သူမပခုံးေတြဆီကိုေရာက္လာသည့္ ကေလးမေလး၏ လက္ဖဝါးေလးေတြ၊ ဒါဟာ အိမ္မက္တစ္ခုဆိုရင္ေတာင္ သူမ မႏိုးထခ်င္ေတာ့ပါဘူး။

ခ်စ္တဲ့သူဆီကေန ဒီလိုစိုးရိမ္ေပးမႈေတြက အတိုင္းအဆမဲ့ေပ်ာ္႐ႊင္မႈကို ေပးစြမ္းေနသည္။ ထိုသို႔သတိထားမိၿပီး သူမမ်က္ႏွာဟာ ၿပဳံးခ်င္ခ်င္ျဖစ္လို႔ေနသည္။

"ေျဖးေျဖးေလး လုပ္ေပးပါလား ေဒါက္တာရယ္။ ေန အရမ္းနာေနသလိုပဲ...နည္းနည္းေလာက္ေလး ေျဖးေပးလို႔ ရပါတယ္ေနာ္၊ဟုတ္တယ္ေနာ္။"

ေဒါက္တာပန္းသြဲ႕သည္ မ်က္ေစာင္းေလးထိုးလို႔ ကေလးမေလးဆီကို ၾကည့္ေတာ့ ဒဏ္ရာမရသည့္ သူမ၏လက္တစ္ဖက္သည္ အလိုအေလ်ာက္စနစ္တစ္ခုလိုပင္ ေဒါက္တာပန္းသြဲ႕၏ေပါင္ကိုဆိတ္ဆြဲေလသည္။

"က်စ္..အ ! ၊ နာတယ္ဟ"

"ရွင္...."

ေဆးထည့္ေပးေနသည့္ ေဒါက္တာ နာတယ္လို႔ထ,ေအာ္သည္မို႔ ကေလးမေလးက အူေၾကာင္ေၾကာင္ေလး 'ရွင္'ျပေလသည္။

"ဆြဲမဆိတ္စမ္းနဲ႔ ၿငိမ္ၿငိမ္ေန၊ ေဆးထည့္ေပးမို႔ မဟုတ္ရင္ အမာ႐ြတ္က်န္ေနမယ္..."

"What..."

ထ,ရပ္ေတာ့မည့္အလား သူမကို ေဒါက္တာပန္းသြဲ႕က ဆြဲထားကာ...
"ျဖစ္တတ္တာကို ေျပာျပတာ၊ ၿငိမ္ၿငိမ္ေနစမ္း...."

အခုအေျခအေနမွာ သူမဘက္ကၿငိမ္ၿငိမ္ေန႐ုံမွလြဲလို႔ အျခားဘာမွမရွိသည္မို႔ သူမ ၿငိမ္ေနေပးလိုက္သည္။

"မစိုးရိမ္နဲ႔ေနာ္ ေန...ဒဏ္ရာကေသးပါတယ္၊ အမာ႐ြတ္က်န္ရင္ေတာင္ ေသးေသးေလးပါပဲ"

"ဟင့္အင္း...မလိုခ်င္ဘူး။ တို႔ခႏၶာကိုယ္မွာ အမာ႐ြတ္ရွိေနမွာကို တို႔တကယ္မႀကိဳက္ဘူး..."

စိတ္ထင္လို႔ပဲလားေတာ့ မသိ သူမရဲ႕ပခုံးဆီမွ လက္ကေလးေတြက အသာအယာေ႐ြ႕လ်ားသြားသလိုပင္။

"ေၾသာ္ ေနရယ္၊ ေနက ဒီေလာက္လွတာပဲကို၊ ဒီအမာ႐ြတ္ေလာက္နဲ႔ ဘာမွျဖစ္သြားမွာမွ မဟုတ္တာ။ ၿပီးေတာ့ အသက္ထင္ပါတယ္ ဒီဒဏ္ရာက အမာ႐ြတ္က်န္မွာမဟုတ္ပါဘူး..."

"တကယ္ေျပာတာ..."

မ်က္ႏွာလွလွေလးကို ေမာ့ၿပီးေမးသည္က အရင္ျမင္ေနက် ေခ်ာေမာလွပ႐ုံမွ်မကပဲ အရမ္းေခ်ာတဲ့ကေလးေလးတစ္ေယာက္လိုပင္ ခ်စ္ခင္အူယားဖို႔ေကာင္းလြန္းသည္ဟု အသက္ထင္မိသည္။

"အင္း ၊ တကယ္ေျပာတာ...."

ဒီလိုခ်စ္စရာေကာင္းမႈေလးကိုျမင္လိုက္ေတာ့ အသက္မွာ မထိန္းခ်ဳပ္ႏိုင္စြာႏွင့္ၿပဳံးလိုက္မိၿပီး ေခါင္းေလးပါၿငိမ့္ျပလိုက္ပုံက ကေလးတစ္ေယာက္ကို စိတ္ေျဖသိမ့္ဖို႔လုံေလာက္သည္ဟု ထင္သည္။

"ဘယ္လိုလုပ္ၿပီး ဒဏ္ရာရတဲ့သူက နင္ျဖစ္လာတာလဲ ေနျခည္။ နင္က ရန္ျဖစ္တဲ့ေနရာကို သြားၾကည့္တာမဟုတ္ဘူးလား။"

"မသိေတာ့ပါဘူး အမရယ္၊ တို႔သိတာေတာ့ တို႔ဒီကိုေရာက္ေနၿပီဆိုတာပဲ...."

ဘယ္လိုဓားနဲ႔ထိမိသြားၿပီး ဘယ္လိုဘယ္ပုံဒီကိုေရာက္လာသည္ဆိုတာကို သူမတကယ္ပဲမသိလိုက္တာျဖစ္သည္။

"အျဖစ္အပ်က္က ျမန္လြန္းေတာ့ ေန မမွတ္မိေတာ့တာျဖစ္မယ္။ အသက္နဲ႔အတူလာတဲ့ လမ္းမွာလည္း ေန႔ပုံက စိတ္နဲ႔လူနဲ႔မကပ္သလိုပဲ"
အသက္မ်က္ႏွာကိုပဲ ၾကည့္ေနတာလို႔ေတာ့ ထုတ္မေျပာပဲ....
"အရမ္း႐ုတ္တရပ္ဆန္းလြန္းသြားလို႔ ျဖစ္မွာပါ" ဟု ေလ်ာခ်လိုက္ရသည္။

"ဒါေၾကာင့္ေျပာပါတယ္ ျပသနာေတြနဲ႔ေဝးေဝးမွာေနပါဆို။ အခုေတာ့ၾကည့္ အမာ႐ြတ္က်န္ရင္ ငါ့မယ္ေခါင္းရႈပ္ရဦးမယ္။ နင္တစ္ခုခု ဒဏ္ရာရမွာကို ငါတကယ္မလိုခ်င္တာပါ ေနျခည္ရယ္....စိတ္ရႈပ္ရလြန္းလို႔"

"တို႔လည္း တမင္ ဒဏ္ရာရေအာင္လုပ္ခဲ့တာမွ မဟုတ္ပဲ အမရယ္။ တို႔ကမွ ဒဏ္ရာရမွာသိပ္ေၾကာက္တဲ့ သူပါေနာ္..."

"သိပ္ေၾကာက္ရင္ ဘာလို႔ရန္ပြဲဆီလိုက္သြားလဲ၊ အရင္ကဆို နင္အဲ့လိုေနရာေတြမလိုက္သြားတတ္ပါဘူး။ ဘာလဲဒီေန႔ နင္တို႔ဌာနမွာ ဆရာကနင္တစ္ေယာက္ပဲရွိတာလား။"

"အဲ့လိုေတာ့ ဘယ္ဟုတ္မလဲ။ စိတ္ပူသြားတာ..... ျမန္မာစာဌာနမွာဆိုေတာ့ တစ္ခုခုမ်ားျဖစ္ရင္ဆိုၿပီး တို႔စိတ္ပူသြားလို႔ လိုက္သြားမိတာ။"

မလုံမလဲအၾကည့္ျဖင့္ အသက္ဆီသို႔ေဝ့ဝဲလာသည့္ ေန႔အၾကည့္ေတြမွ အသက္ေၾကာင့္ ရန္ျဖစ္သည့္ေနရာကိုလိုက္လာသည္ဆိုတာကို အသက္သိလိုက္ရသည္။ အသက္တစ္ခုခုျဖစ္ေနမလားလို႔ ေတြးၿပီး ေန,လိုက္လာခဲ့တာေပါ့...ဒါဆို အခုလို ဒဏ္ရာရသြားရတာ အသက္ေၾကာင့္ေပါ့။

အခုျမင္ေနပုံအရ ဒဏ္ရာရမွာ၊ အမာ႐ြတ္ရမွာကို ကေလးေလးတစ္ေယာက္လိုပဲ အေၾကာက္လြန္ေနသူကေလ ထိုအရာေတြကိုအမႈမထားပဲ အသက္ေၾကာင့္နဲ႔ ေရာက္လာခဲ့သည္တဲ့။

အသက္ရင္ထဲ ေျပာျပလို႔မကုန္ႏိုင္တဲ့ စမ္းေရေလးေတြ စီးဆင္းလို႔ေနေတာ့သည္။

"ေဘဘီေလး..."

အသံႏွင့္အတူ ေရာက္လာၾကေသာ ေန႔မိဘမ်ားေၾကာင့္ အသက္သည္ ေန႔ေဘးနားကေန အလိုလို ဖယ္ခြာေပးလိုက္ရေတာ့သည္။






Continue Reading

You'll Also Like

380 72 12
අලසකම ගෙවා ගන්න, හිත් සනසන්න අතින් වචන වූ කල්හි...... කවි ලිවීම යනු නොනවතින ඇබ්බැහිවීමකි ❤️❤️ Only short poems Sweet poems Enjoy my works❤️❤️
3.1K 25 25
This book contains random poems that I created about love, sadness, happiness, dreams, nationalism, church, God and the likes. Feel free to read at y...
33.5K 2.4K 32
လူအများကြီးဆီကနေပြီး အချစ်တွေအများကြီးကို လက်ခံခဲ့နိုင်တယ်၊လူအများကြီးကိုလည်း အချစ်တွေပေးခဲ့တယ် ဒါပေမဲ့အထီးကျန်တယ်
599K 22.5K 51
အချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။