မေ့...နေရောင်ခြည်နွေးနွေးလေး...

By Ahlaly

72.9K 3.8K 253

💜 More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
ဇာတ်သိမ်းပိုင်း

အပိုင်း (၁၂)

1.6K 123 5
By Ahlaly

"မာမီ....."

"ဟင်.."

ခြံထဲတွင် ပန်းပင်ရေလောင်းနေသော မာမီက သူမအခေါ်ကိုချက်ချင်းတုန့်ပြန်ပေမယ့် သူမကိုယ်တိုင်ကတော့ ဆက်မေးဖို့ကိုတွေဝေနေသည်။ နှစ်ဦးသား နမ်းခြိုက်ပြီးသည်က တစ်လကြာသည်အထိ သူမတို့မှာဘာမှမတိုးတက်ပဲဖြစ်နေသည်။

သိပ်မကြာခင်မှာ First Semကလည်းပြီးတော့မည်။ Second Semရောက်မှ တစ်နှစ်လုံးစာအတွက် လေ့လာထားသမျှကို စုပေါင်း၍ လူတွေ့၊ စာတွေ စသည်ဖြင့် စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်သည်မို့ နောက်နှစ်ဝက်ဆို ကလေးမလေးလည်း ယခုကဲ့သို့အားမှာမဟုတ်ပေ။

သို့သော်လည်း ယခု အချိန်တွေအားနေသည့်တိုင် ကလေးမလေးက သူမဆီကိုရောက်မလာ။ သူမဘက်ကလည်း သွားတွေ့ဖို့ရန်အတွက် မာနလေးကခံနေသည်မို့ သူမတို့နှစ်ယောက်ရဲ့ဇာတ်လမ်းမှာ လမ်းမှာဆုံဖြစ်ကြရင် တစ်ဦးနှင့်တစ်ဦး လိုက်ငေးကြရုံမှတပါး အခြား ဘာမှမတိုးတက်ပဲဖြစ်နေသည်။

"ကျောင်းသင်္ကြန်ကို မာမီလာခဲ့မယ်နော် နေခြည်...နေခြည်၊ နေ...ခြည်....."

ကျယ်လောင်လွန်းသည် ထိုခေါ်သံဟာ အတွေးများနှင့်နေခြည့်ကို လန့်ဖျန့်သွားရုံမကပဲ အိမ်ထဲရှိကောင်းမြတ်သောအထိပါ ချက်ချင်းပြေးလာရပြီး....
"ဘာဖြစ်လို့လဲ ကျွန်တော့်အကွေး....."

"နေခြည့်ကို ခေါ်နေတာလေ။"

မာမီ့ရဲ့ထိုသို့အဖြေမှာ ဒယ်ဒီတစ်ယောက်ခေါင်းကိုသာ အသာယမ်းပြီး သူ့,မဟေသီဆီသို့ လျှောက်လာသည်။ ပြီးနောက်တွင် လုပ်နေကျအမူအရာအတိုင်းပဲ မာမီပခုံးပေါ်ကို လက်တင်ကာ မာမီ့မျက်နှာအားကြင်ကြင်နာနာလေးကြည့်နေသည်။

မိဘနှစ်ပါး၏ ဤသို့ချစ်ခင်နေပုံကိုကြည့်ပြီး သူမမှာပိုလို့ပင် ဝမ်းနည်းလာသည်။ သို့နှင့် သူမသည် အချစ်ငှက်နှစ်ကောင်ကို ထားရစ်ခဲ့ပြီး အိမ်ထဲသို့ဝင်ခဲ့လိုက်ပြီး တစ်ဆက်တည်းမှာပဲ အပေါ်ထပ်ရှိ ကာရာအိုကေအခန်းသို့ သွားလိုက်သည်။

ဒီအခန်းက အလင်းရောင်မှိန်ပြပြသာရှိသည်၊ ပြီးတော့ တိတ်ဆိတ်သည်။ သူမတစ်ယောက်တည်း အတွေးများနေချိန်မှာ ဒီအခန်းဟာ သူမအတွက် အကောင်းဆုံး အဖော်ပင်။

အရပ်မြင့်မြင့် အမျိုးသား၏ ဒူးဆစ်လောက်အမြင့်ရှိသော လေးထောင့်မှန်စားပွဲ၏နောက်မှာ ထိုင်ချဖို့ရန်အတွက် ထိုနှင့် မလှမ်းမကမ်းတွင်ရှိသော နှစ်ယောက်ထိုင် ဆိုဖာကို နောက်သို့ ခြေဖြင့်တွန်းကန်လိုက်သည်။ လွတ်လပ်သွားသော အလယ်နေရာကြမ်းခင်းတွင် သူမထိုင်ချလိုက်ပြီး မှန်စားပွဲအထက်သို့ လက်ဖဝါးကို ဖြန့်၍ တင်ထားလိုက်သည်။

သူမ ရှေ့တွင်ရှိနေသော အမည်းရောင်လက်ထွက်နေသော TV Screenသို့ အကြောင်းမဲ့ငေးကြည့်နေရင်းမှ ဖြစ်ပျက်ခဲ့သော အကြောင်းအရာမျိုးစုံတို့ကို ပြန်လည်လို့ ပုံဖော်မြင်ယောင်မိသည်။

ဘဝမှာ လူတစ်ယောက်ကို သူမနှုတ်ခမ်းကနေ'ချစ်တယ်' လို့ပြောခဲ့သည်။ သို့သော် ထိုလူဟာ သူမဆီကနေ ကြောက်လန့်တကြားနဲ့ ထွက်ပြေးခဲ့သည်။ ဒါဟာ ဘာကြောင့်များလဲဆိုတာကို သူမ တကယ်ပဲ တွေးလို့မရနိုင်တော့။

"Hello....."

အလွတ်ရနေသည့် နံပါတ်တစ်ခုဆီကို ဆက်သွယ်မိလိုက်သည်။ တွေးနေရင်းမှ ဘယ်လိုမှ စဥ်းစား၍ မရနိုင်သောကြောင့် ဤသို့ဖုန်းခေါ်ဆိုခဲ့ခြင်းကို သူမ နောင်တချင်လာသည်။ တကယ်ဆို သူမက နေရောင်ခြည်လေ၊ သူမဘဝမှာ သူမ မရနိုင်တာ ဘာများရှိခဲ့လို့လဲ။

ဒါတင် မကသေး....ငယ်ငယ်လေးထဲက အမှီအခိုကင်းခဲ့တဲ့ သူမကလေ အခုလိုဖုန်းဆက်ပြီး.....

"လူတစ်ယောက်က လူတစ်ယောက်ကို ပြန်ချစ်လာဖို့ ဘာတွေလိုအပ်လဲ ရောင်ဝါ...."
ထိုသို့ မောင်ငယ်ဆီမှာ အကြံဉာဏ်တောင်းရသည်အထိ ဖြစ်သွားရသလဲဆိုတာကို သူမကိုယ်တိုင်မသိလိုက်ခင်မှာပဲ သူမနှုတ်ကနေ မေးထွက်သွားပြီဖြစ်၏။

"လာနောက်နေတာလား နေခြည်၊ ငါ အခုမှ နားချိန်ရတာနော်....."

မောဟိုက်သံတို့ စွက်ဖက်လျက်ပြန်ပြောလာသော ရောင်ဝါ့စကားကို...
"ငါ မသိတော့ဘူး....." ဟု သာ ပြောထွက်သွားပြန်သည်။

"ငါ့အမ မသိတော့ဘူးဆိုတဲ့ ကိစ္စလည်းရှိသေးတယ်။ ပြီးတော့ ငါ့ကိုလည်း အရေးအရာသွင်းပြီး မေးနေတယ်ဆိုတော့....ပြောပါဦး ဘယ်မိဘရဲ့သားရတနာလေးက ဘယ်လောက်ထိများခက်ခဲနေလို့ အခုလိုတွေဖြစ်နေရလဲဆိုတာကို"

"သားရတနာလေး မဟုတ်ပဲ...."
ပြောရင်းနဲ့မှ သူမစကားတွေကို ရပ်တန့်ပစ်သည်။ ရောင်ဝါ့ကို ဒီလိုတွေပြောပြဖို့ သင့်တော်ရဲ့လားဟု တွေးမိသည်။ သို့သော်လည်း သူမဘဝတွင် ရောင်ဝါမှလွဲလို့ ရင်ဖွင့်ဖော်မရှိ။ သူမဘဝမှာ ရောင်ဝါကသာ မောင်ငယ်၊ ရောင်ဝါကသာ သူငယ်ချင်း...အခု နောက်ဆုံး ရောင်ဝါကသာ သူမအတွက် ရင်ဖွင့်ဖော်ဖြစ်သည်။

"သမီးရတနာလေးလို့တော့ မပြောဘူး မဟုတ်လား။ နေဦး ဘယ်အိမ်က သမီးမိန်းကလေးက ငါ့တို့နေခြည် သဘောကျတဲ့အထိ ချောမှာလဲ...ဟုတ်တယ်မလား"

မသေချာခြင်းတို့ ရောပြွန်းနေသည့် ရောင်ဝါ့စကားကြောင့် သူမရဲ့ ဦးခေါင်းကို မှန်စားပွဲဖြင့်ထိတွေ့ထားလိုက်တော့သည်။

"တကယ်...တကယ်ကြီး "

ခေါင်းနှင့်စားပွဲတို့ ထိရိုက်သံထွက်ပေါ်လာပြီး ချက်ချင်းမှာပဲ အံ့သြဘနန်းနဲ့ မေးလာသည့် ရောင်ဝါ့အမေးကို သူမမှာ ပြန်မဖြေနိုင်ပဲ ရှိနေသည်။ ပြန်မဖြေနိုင် ဆိုသည်က ပြန်ဖြေဖို့အတွက် ရှက်တာမဟုတ်ပဲ ထိုသို့ အချစ်အကြောင်းတွေ ပြောပြရမှာ တစ်မျိုးဖြစ်နေသည်။

ဒီအသက်အရွယ်အထိ အချစ်နဲ့ပက်သတ်လာရင် သူမနှုတ်က ထွက်ခဲ့သမျှက ပြောင်မြှောက်လှသည့် ငြင်းချက်တွေကြည့်ပင်။ တစ်ခါလေးမှ ချစ်တယ်၊ ကြိုက်တယ် ဘယ်လိုဘာညာဆိုတာတွေ မပြောခဲ့ဖူးသည်မို့ ပြောပြဖို့ရန်အတွက် စိတ်ထဲမှာ မလုံမလဲတွေဖြစ်နေသည်။

"ပြောမှာကို ပြောလေ နေခြည်၊ နင်အဲ့လိုငြိမ်နေတော့ ငါ သိချင်လို့သေတော့မယ်။ ဘာလဲ မာမီတို့သိလား...မာမီ့ကိုပဲ မေးလိုက်ရမလား။"

ဆတ်ခနဲ စားပွဲပေါ်ကနေ ခေါင်းထောင်လိုက်ပြီး အလျင်စလိုနဲ့ ပြောထွက်သွားသည်။
"မလုပ်နဲ့....ပြီးတော့ မမေးနဲ့"

"What the.....၊ "
စောလျင်စွာ ထွက်ပေါ်လာသော အာမေဋိတ်အသံဟာ ဆုံးခန်းမတိုင်သွားပဲ...."ဘယ်သူကိုမှ မပြောပြပဲ ငါ့ကိုအရင်ဆုံးပြောပြတယ်လို့တော့ မပြောနဲ့နော်...."

"နင့်ကိုပဲ အရင်ဆုံးပြောပြဖို့သတိရ...."

နေခြည့်စကား မဆုံးသေးခင်မှာတင်...
"ငါ့ကို လန့်ပြီးသေစေချင်တာလား။"

ရောင်ဝါ့ အော်သံအကျယ်ကြီးကြောင့် သူမမှာ ဖုန်းကို နားဖြင့် အနည်းငယ်ခွာလိုက်ရသည်။

"နေခြည်...နေခြည်"

ကျစ် !!! စိတ်ပျက်စွာနဲ့ပဲ ကျစ်သတ်နေမိသည်။ ရောင်ဝါတောင် ဒီလိုတွေ ဒီလောက်ထိဖြစ်ပြနေရင် တခြားသူများဆို သူမရဲ့ဒီအဖြစ်ကို ဘယ်လောက်ထိတောင်များ ဖြစ်သွားကြမလဲဆိုတာ တွေးရင်း သူမတကယ်ပဲ လောကကြီးနဲ့ အဆက်အသွယ်ဖျက်လိုက်ချင်ပြီ။

လူတစ်ယောက်က လူတစ်ယောက်ကို ချစ်မိသွားတာ ဘာများထူးဆန်းလို့လဲ။ သူမလည်း လူပဲလေ...လူတစ်ယောက်ကို ချစ်မိသွားတာပဲ။

"ဝါးးးး....ငါ့အမတော့ တကယ်ကြီး ချစ်တတ်သွားပြီ ထင်တယ်။ ငါသိသမျှထဲ အတော်ဆုံးhyperကြီးက ဒီလိုတွေ စကားမပြောနိုင်တော့တဲ့အထိ တုံးအ,သွားတာ.....ဝါးးး ဒါက ဘယ်လိုပြောရမလဲ၊ ဒါက ဒါက....it's made me cazy."

"You....always cazy !!!"

"ဟား ဟား ဟားးးးး

အားမာန်အပြည့်နဲ့ ပြောချလိုက်တော့ ရောင်ဝါက အကျယ်ကြီးအော်ရယ်သည်။ ရင်ဖွင့်ဖော်လေးလို အားကိုးအားထားပြုချင်ပါတယ်ဆိုမှ တဝါးဝါးနဲ့ ဖြစ်နေသည့်ရောင်ဝါ့ကို သူမတကယ်ပဲမကြည်ချင်တော့။ နွေးထွေးပေးမယ်လို့ ထင်မိပါတယ်၊ သူနဲ့ပြောလိုက်မှပဲ ကိုယ်တိုင်တောင် ရူးချင်သွားသည်။

အခုလည်း တဟားဟားနဲ့ ရယ်နေပြန်သည်။ သူမရင်ထဲ ရောင်ဝါ့အပေါ်မှာ တော်တော်လေးနဲ့ ခံစားလို့မကောင်းတော့သည်မို့ ဖုန်းကို ချပစ်လိုက်သည်။

ဒီလို မောင်ဖြစ်သူကို အားကိုးမည့်အစား သူမတစ်ယောက်တည်း ဒီအခန်းထဲမှာ ထိုင်တွေးပြီး ရူးသွားတာက ပိုလို့ ကောင်းဦးမည်ကို ခံစားရသည်မို့ ဆက်တိုက်ဝင်လာသော ပြည်ပခေါ်ဆိုမှုဖုန်းလိုင်းကို လျစ်လျူရှုထားလိုက်တော့သည်။

သို့သော်လည်း သိပ်မကြာလိုက်ခင်မှာပဲ တံခါးခေါက်သံနှင့်ကြားလိုက်ရသော မာမီ့အသံကြောင့် မှန်စားပွဲပေါ် ခေါင်းဝှက်ထားရာမှ ပြန်လည်လို့ ခေါင်းမော့လိုက်ရသည်။

"နေခြည်ရေ မာမီဝင်လာမယ်နော်..."

"Yes Mar..."

"ရောင်ဝါက နေခြည်နဲ့ဖုန်းမပြောမလို့တဲ့...."

မာမီကမ်းပေးလာသည့် ဖုန်းကို ယူလိုက်ရင်း...
"Hello" ဟု မသာမယာ ပြောလိုက်တော့ ရောင်ဝါက ထပ်ပြီး ရယ်မောပြန်သည်။

ဒီကောင်လေး တော်တော်လေးများပြီဟု သူမထင်သည်။ အတူဖြတ်သန်းခဲ့သည့် သက်တမ်းတစ်လျှောက်လုံး သူမစကားကို အခုလိုမျိုး ရယ်မောဖို့ ဝေးစွ၊ သူမပါးစပ်လေး ဟ,ရင်တောင် စိတ်ဝင်တစားနဲ့ လိုက်ကြည့်ခဲ့တဲ့ ကောင်ငယ်လေးကလေ အခုလိုမျိုး လှောင်ပြောင်နေတာ သိပ်ကိုခံပြင်းဖို့ကောင်းသည်။

သြော်........အချစ်၊ အချစ် ဒီအချစ်ကြောင့်နဲ့ အတော်ဆုံး ၊အထက်မြက်ဆုံး သူမက အခုလိုသေးသေးလေးဆီကနေ အရယ်ခံနေရပြီ။

"အကွေးရေ...လာတော့လေ၊ အိပ်ကြရအောင်"

တံခါးအပြင်ကနေ အော်နေသည်က အခန်းထဲအထိ အတိုင်းသားကြားရသည်။ သို့နှင့် ဘာရယ်မဟုတ် အချိန်ကိုကြည့်မိလိုက်တော့ နေ့လည်ခင်းရောက်ပြီဖြစ်နေသည်။

ဒယ်ဒီက အခုနောက်ပိုင်း အလုပ်တွေလျော့လုပ်လာသည်။ နဂိုက ပိတ်ရက်တစ်ရက်သာရှိသော ရတနာဆိုင်လုပ်ငန်းကို weekendနှစ်ရက်လုံး ပိတ်သည်။ အလုပ်ကိစ္စ ခရီးသွားစရာများကို နေခြည့်ကိုသာလွှဲတတ်ပြီး သူကိုယ်တိုင်ကတော့မူ မာမီ့အနားကနေမခွာတော့ပေ။

အခုလည်း နေလယ်အချိန်ရောက်ပြီဖြစ်တာကြောင့် တစ်မိနစ်လေးမှ နောက်ကျမခံပဲ မာမီ့ကိုခေါ်နေပြီ။ သူမတို့အသက်ကြီးလာသည်နှင့်အမျှ အလုပ်ကိုယ်စီရှိတာကြောင့်ပဲလားတော့ မသိ family timeက သိသိသာသာကိုနည်းသွားသည်။

သို့သော် ဒယ်ဒီအတွက်ကတော့ အချိန်တွေအရမ်းပိုပြီး မာမီ့နားကို အရမ်းကပ်သွားသည်ဟု ခံစားရသည်။ နေပြည်တော်ရှိ ဆိုင်ခွဲကိုသာ သူကိုယ်တိုင်ဦးစီးပြီး မန္တလေးနှင့် ပြင်ဦးလွင်ရှိ ဆိုင်ခွဲများကို နေခြည်လက်ထဲ အပ်ထားသည်။

"နေခြည့်ကို ဒယ်ဒီယုံတယ်..." ဆိုသည့် စကားတစ်ခွန်းနဲ့တင် ဒယ်ဒီ့တာဝန်တွေက သူမပခုံးပေါ်သို့ရောက်လာခဲ့တာဖြစ်၏။

"မာမီ သွားတော့မယ်၊ ဖုန်းကို နေခြည်ပဲယူထားလိုက်နော်...သွားပြီ။"

အနားကနေ ထ,သွားသည့် မာမီ့ကိုတားဖို့ရန်အတွက် အချိန်သည် မရှိသလောက်ပင်ဖြစ်သွားလေသည်။ ထို့ကြောင့်.....

"ငါပဲ ခံစားနေရတာလားတော့ မသိဘူးရောင်ဝါ၊ တစ်အိမ်လုံး ငါပဲအလုပ်ရှုပ်နေလားလို့။ ဖွင့်ရက်ဆို စာသင်ရ ကြားထဲအချိန်အားရင် အားသလို စာရင်းတွေပြန်စစ်ရနဲ့။ ပိတ်ရက်အိမ်ပြန်လာတော့လည်း ငါပဲ အလုပ်တွေလုပ်နေရသလိုပဲ။"

မာမီထွက်သွားသည်နှင့် သူမ၏ ခံစားချက်များက ပွင့်အံလို့ထွက်လာတော့သည်။

"ဒယ်ဒီ့အမွေတွေအားလုံးကို နင်ပဲဆက်ခံရမှာလေ။ ပင်ပန်းလို့လား...."

ပုံမှန် အူကြောင်ကြောင်လေး ဖြစ်သွားပြီဖြစ်တဲ့ ရောင်ဝါ့ကို ဆရာမကြီးလုပ်ဖို့ရန်အတွက်...
"ပင်ပန်းတယ်တော့ မဟုတ်ပါဘူး၊ ဒါပေမယ့်လေ ငါတို့ဒယ်ဒီမှာ အရမ်းပဲအချိန်တွေပေါနေသလားလို့"

"ဘာလိုပေါတာလဲ နားလည်အောင်ပြောပါ နေခြည်ရာ....."

"မာမီ့အနားကို ကပ်ဖို့ အမြဲတမ်းအချိန်တွေရှိနေသလိုပဲ။"

"အင်း...ဒီလိုဆို နင်လည်း မိန်းမရရင် ဒယ်ဒီ့လို အလုပ်တွေလျော့လိုက်ပေါ့ဟာ။ ဒါနဲ့ နင်တို့ယူမယ်ဆိုရင် မြန်မာမှာပဲယူကြမှာလား။ ဒီကိုလာပြီး Weddingလုပ်ပါလား....ငါ Sponsorပေးမယ်လေ"

"လက်မှတ်ထိုးတာနဲ့ တရားဝင်လက်ထပ်တာကိုတော့ ဒီမှာပဲ လုပ်လိုက်မယ်၊ နင်က Sponမယ်ဆိုတော့ အဲ့ဒီကိုလည်း လာပြီးဆောင်ပေးရမှာပေါ့..."

"ဖိတ်မယ့် သူတွေကရော....."

မိမိမှာ အဖြေမရသေးသော်လည်း မောင်ငယ်လေး၏ အတွေးအားဖြင့် ပျော်ပျော်ကြီး မင်္ဂလာဆောင်နေရပြီမို့ မကြည်မလင်ဖြစ်နေသော သူမ၏စိတ်နှလုံးသားက မုန်တိုင်းပြီးခါစ ကောင်းကင်သဖွယ် ကြည်လင်လို့ ပျော်ရွှင်သွားတော့သည်။

"ဒါဆို ငါဖုန်းချလိုက်တော့မယ်နော်...မနက်အစောထ,ရမှာ"

"Ok...."

အချိန်ကွာခြားချက်အရ night timeဖြစ်နေသော မောင်ငယ်သည် အစောက အမေးတို့အားလုံးကို မေ့လျော့သွားပြီး အိပ်တော့မည်ဟု ပြောလာသည်။ ထို့ကြောင့် သူမလည်း ဖုန်းချလိုက်ပြီး ရောင်ဝါပေးလာမည့် မင်္ဂလာဆောင်အခမ်းအနားကြီးကို စိတ်ကူးတွေယဥ်ရင်း ထိုအခန်းမှာပဲ အိပ်ပျော်သွားတော့သည်။

ပိတ်ရက်နှစ်ရက်လုံး သူမအနားကပ်ဖို့မေ့နေသော မာမီသည် တနင်္လာနေ့ မနက်အစောကြီး ထ,လာပြီး....

"မာမီ့ ဘေဘီလေး ပြန်တော့မလား" ဟု မေးလာရင်း လက်သေးသေးလေးများကို ဆန့်တန်းပေးသည်။

ထို့ကြောင့် သူမမှာ မျက်ခုံးပင့်၊ သက်ပြင်းအသာချကာ မာမီသေးသေးလေး၏ ရင်ခွင်ထဲသို့ဝင်လိုက်ရသည်။ ဖက်ထားသည်က သူမကျောပြင်ဆီမှာ မာမီ့လက်ကလေးတွေချိတ်ဆက်မိသည်ဆိုရုံသာရှိသေးသည်....

"အစောကြီး ရှိသေးတာကိုဗျာ...." ဆိုသော မကြည်မလင်အသံနှင့်အတူ အနားသို့ရောက်လာသော ဒယ်ဒီဟာ ချည်သားညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသည့်တိုင် ကြည့်ကောင်းမှုတို့က ဒယ်ဒီထံပါးမှကွာကျမသွားသေးပေ။

"နေခြည် ပြန်တော့မယ် ဒယ်ဒီ..."

ဒယ်ဒီ့အင်္ကျီခါးကို ဆွဲလိုက်ပြီး ဒယ်ဒီ့ကိုပါ သူမတို့သားအမိကိုဖက်ထားဖို့ ချွဲနွဲ့သလို ပြောလိုက်သည်။ ထိုအခါမှာ မာမီ့နောက်မှသိုင်း၍ အလိုက်သင့်လေး ထွေးပွေ့လာသည့် ဒယ်ဒီ့ရင်ခွင်ဟာ သူမတို့သားအမိအတွက်တော့ လုံလောက်စွာ ခိုဝင်လို့ရနေသေးသည်က တကယ်ကို အံသြစရာကောင်းလှသည်။

နွေးထွေးစွာထွေးပွေ့ထားရင်းမှ ဒယ်ဒီက သူမဆံနွယ်တွေကို ညင်သာစွာကိုင်တွယ်လာပြီး....
"ကားကို ဂရုစိုက်မောင်း နေခြည်၊ " ဟုပြောသည်။ပြီးနောက်တွင် သူမခေါင်းကို ခွဖွဖွပုတ်ပေးရင်း သူမကိုဖက်တွယ်ထားသည့် မာမီ့အား သူမထံမှအသာအယာပင်ဆွဲထုတ်ကာ  အိမ်ထဲသို့ချီပွေ့ခေါ်သွားတော့သည်။

ဒယ်ဒီနဲ့မာမီကို ကြည့်နေရင်း သူမမြင်ကွင်းတွေထဲမည်သူမှမရှိတော့သည့် အချိန်ရောက်မှ ကားပေါ်တက်ပြီး မောင်းထွက်ခဲ့လိုက်တော့သည်။

ကြည်လင်နေသည့် ကောင်းကင်ပြင်ကို ငေးမျှော်ကြည့်နေရင်း ဒယ်ဒီပြောသလို ခပ်ဖြည်းဖြည်းသာ မောင်းနှင်ခဲ့လိုက်သည်။ ကားထဲတွင် ပျံ့လွင့်နေသော 'ရွှေပင်လယ်' သီချင်းသံဟာလည်း သူမစိတ်တို့ကို ငြိမ်သိမ်နေစေသည်။

တိုးဂိတ်ကို ဖြတ်မောင်းပြီးနောက်တွင် သူမစိတ်တို့က တစ်ခုခုကို ဖြစ်ချင်သလိုမို့ ရွာတန်းဂိတ်အရောက်တွင် အရှေ့ဘက်သို့ ကွေ့ချိုးခဲ့ဖြစ်သည်။ တန်းတန်းမတ်မတ်နှင့် သူမ၏ ဦးတည်ရာက ငြိမ်ချမ်းရာ အရိပ်အာဝါသဆီသို့ဖြစ်သည်။

ကျောင်းထဲဝင်ခဲ့ပြီးနောက် ဒုတိယမုခ်ပေါက်ဘေးရှိ parkingနေရာတွင် ကားထိုးပြီး သူမ၏လက်ကိုင်အိတ်ကိုယူကာ ကားပေါ်မှ ဆင်းခဲ့လိုက်သည်။

"အားလုံးပဲ အမျှဝေကြရအောင်..."

ကြည်လင်နေသော ထိုအသံကြောင့် သူမညင်သာစွာနှင့်ပင် ကျောင်းပေါ်တက်ခဲ့လိုက်ပြီး တံခါး၏ နောက်ဘက်နားတွင် မိန်းမထိုင်ဖြင့် ထိုင်ကာ ဘုရားရှင်၏ရုပ်ပွားတော်ကို ဦးစွာ ဦးချလိုက်ပြီး တစ်ဆက်တည်းမှာပဲ ဘုန်းဘုန်းကိုပါ ဦးချကန်တော့လိုက်၏။

အမျှဝေသံတွေစဲသွားပြီး တရားနာလာကြသော လူများထဲမှ တစ်ချို့တစ်ဝက်သည် ကျောင်းပေါ်ကနေ ဆင်းသွားသည်။ တစ်ချို့တစ်ဝက်ကတော့ ဘုန်းဘုန်းနှင့်စကားပြောရင်း၊ သူတို့အချင်းချင်း စကားပြောရင်းဖြင့် ကျန်ရစ်ခဲ့လေသည်။

"နေခြည် ရောက်နေတာလား....."

အချိန်အနည်းငယ် ကြာမှ သူမကိုသတိထားမိပြီး အမေးပြုလာသည့် ဘုန်းဘုန်း၏စကားကြောင့် သူမမှာလက်အုပ်ချီပြီး...
"တင်ပါ့ ဘုရား" ဟု လျှောက်တင်လိုက်ရသည်။

ထိုသို့ လျှောက်တင်ပြီး ဘုန်းဘုန်းထံသို့ လှမ်းမော့ကြည့်သည့်အချိန်တွင် သူမဆီကိုကြည့်နေသော ကလေးမလေးနှင့် အကြည့်ချင်းစုံသွားတော့သည်။


____________________

Zawgyi......


"မာမီ....."

"ဟင္.."

ၿခံထဲတြင္ ပန္းပင္ေရေလာင္းေနေသာ မာမီက သူမအေခၚကိုခ်က္ခ်င္းတုန္႔ျပန္ေပမယ့္ သူမကိုယ္တိုင္ကေတာ့ ဆက္ေမးဖို႔ကိုေတြေဝေနသည္။ ႏွစ္ဦးသား နမ္းၿခိဳက္ၿပီးသည္က တစ္လၾကာသည္အထိ သူမတို႔မွာဘာမွမတိုးတက္ပဲျဖစ္ေနသည္။

သိပ္မၾကာခင္မွာ First Semကလည္းၿပီးေတာ့မည္။ Second Semေရာက္မွ တစ္ႏွစ္လုံးစာအတြက္ ေလ့လာထားသမွ်ကို စုေပါင္း၍ လူေတြ႕၊ စာေတြ စသည္ျဖင့္ စမ္းသပ္စစ္ေဆးမႈမ်ားကို ျပဳလုပ္သည္မို႔ ေနာက္ႏွစ္ဝက္ဆို ကေလးမေလးလည္း ယခုကဲ့သို႔အားမွာမဟုတ္ေပ။

သို႔ေသာ္လည္း ယခု အခ်ိန္ေတြအားေနသည့္တိုင္ ကေလးမေလးက သူမဆီကိုေရာက္မလာ။ သူမဘက္ကလည္း သြားေတြ႕ဖို႔ရန္အတြက္ မာနေလးကခံေနသည္မို႔ သူမတို႔ႏွစ္ေယာက္ရဲ႕ဇာတ္လမ္းမွာ လမ္းမွာဆုံျဖစ္ၾကရင္ တစ္ဦးႏွင့္တစ္ဦး လိုက္ေငးၾက႐ုံမွတပါး အျခား ဘာမွမတိုးတက္ပဲျဖစ္ေနသည္။

"ေက်ာင္းသၾကၤန္ကို မာမီလာခဲ့မယ္ေနာ္ ေနျခည္...ေနျခည္၊ ေန...ျခည္....."

က်ယ္ေလာင္လြန္းသည္ ထိုေခၚသံဟာ အေတြးမ်ားႏွင့္ေနျခည့္ကို လန္႔ဖ်န္႔သြား႐ုံမကပဲ အိမ္ထဲရွိေကာင္းျမတ္ေသာအထိပါ ခ်က္ခ်င္းေျပးလာရၿပီး....
"ဘာျဖစ္လို႔လဲ ကြၽန္ေတာ့္အေကြး....."

"ေနျခည့္ကို ေခၚေနတာေလ။"

မာမီ့ရဲ႕ထိုသို႔အေျဖမွာ ဒယ္ဒီတစ္ေယာက္ေခါင္းကိုသာ အသာယမ္းၿပီး သူ႔,မေဟသီဆီသို႔ ေလွ်ာက္လာသည္။ ၿပီးေနာက္တြင္ လုပ္ေနက်အမူအရာအတိုင္းပဲ မာမီပခုံးေပၚကို လက္တင္ကာ မာမီ့မ်က္ႏွာအားၾကင္ၾကင္နာနာေလးၾကည့္ေနသည္။

မိဘႏွစ္ပါး၏ ဤသို႔ခ်စ္ခင္ေနပုံကိုၾကည့္ၿပီး သူမမွာပိုလို႔ပင္ ဝမ္းနည္းလာသည္။ သို႔ႏွင့္ သူမသည္ အခ်စ္ငွက္ႏွစ္ေကာင္ကို ထားရစ္ခဲ့ၿပီး အိမ္ထဲသို႔ဝင္ခဲ့လိုက္ၿပီး တစ္ဆက္တည္းမွာပဲ အေပၚထပ္ရွိ ကာရာအိုေကအခန္းသို႔ သြားလိုက္သည္။

ဒီအခန္းက အလင္းေရာင္မွိန္ျပျပသာရွိသည္၊ ၿပီးေတာ့ တိတ္ဆိတ္သည္။ သူမတစ္ေယာက္တည္း အေတြးမ်ားေနခ်ိန္မွာ ဒီအခန္းဟာ သူမအတြက္ အေကာင္းဆုံး အေဖာ္ပင္။

အရပ္ျမင့္ျမင့္ အမ်ိဳးသား၏ ဒူးဆစ္ေလာက္အျမင့္ရွိေသာ ေလးေထာင့္မွန္စားပြဲ၏ေနာက္မွာ ထိုင္ခ်ဖို႔ရန္အတြက္ ထိုႏွင့္ မလွမ္းမကမ္းတြင္ရွိေသာ ႏွစ္ေယာက္ထိုင္ ဆိုဖာကို ေနာက္သို႔ ေျချဖင့္တြန္းကန္လိုက္သည္။ လြတ္လပ္သြားေသာ အလယ္ေနရာၾကမ္းခင္းတြင္ သူမထိုင္ခ်လိုက္ၿပီး မွန္စားပြဲအထက္သို႔ လက္ဖဝါးကို ျဖန္႔၍ တင္ထားလိုက္သည္။

သူမ ေရွ႕တြင္ရွိေနေသာ အမည္းေရာင္လက္ထြက္ေနေသာ TV Screenသို႔ အေၾကာင္းမဲ့ေငးၾကည့္ေနရင္းမွ ျဖစ္ပ်က္ခဲ့ေသာ အေၾကာင္းအရာမ်ိဳးစုံတို႔ကို ျပန္လည္လို႔ ပုံေဖာ္ျမင္ေယာင္မိသည္။

ဘဝမွာ လူတစ္ေယာက္ကို သူမႏႈတ္ခမ္းကေန'ခ်စ္တယ္' လို႔ေျပာခဲ့သည္။ သို႔ေသာ္ ထိုလူဟာ သူမဆီကေန ေၾကာက္လန္႔တၾကားနဲ႔ ထြက္ေျပးခဲ့သည္။ ဒါဟာ ဘာေၾကာင့္မ်ားလဲဆိုတာကို သူမ တကယ္ပဲ ေတြးလို႔မရႏိုင္ေတာ့။

"Hello....."

အလြတ္ရေနသည့္ နံပါတ္တစ္ခုဆီကို ဆက္သြယ္မိလိုက္သည္။ ေတြးေနရင္းမွ ဘယ္လိုမွ စဥ္းစား၍ မရႏိုင္ေသာေၾကာင့္ ဤသို႔ဖုန္းေခၚဆိုခဲ့ျခင္းကို သူမ ေနာင္တခ်င္လာသည္။ တကယ္ဆို သူမက ေနေရာင္ျခည္ေလ၊ သူမဘဝမွာ သူမ မရႏိုင္တာ ဘာမ်ားရွိခဲ့လို႔လဲ။

ဒါတင္ မကေသး....ငယ္ငယ္ေလးထဲက အမွီအခိုကင္းခဲ့တဲ့ သူမကေလ အခုလိုဖုန္းဆက္ၿပီး.....

"လူတစ္ေယာက္က လူတစ္ေယာက္ကို ျပန္ခ်စ္လာဖို႔ ဘာေတြလိုအပ္လဲ ေရာင္ဝါ...."
ထိုသို႔ ေမာင္ငယ္ဆီမွာ အႀကံဉာဏ္ေတာင္းရသည္အထိ ျဖစ္သြားရသလဲဆိုတာကို သူမကိုယ္တိုင္မသိလိုက္ခင္မွာပဲ သူမႏႈတ္ကေန ေမးထြက္သြားၿပီျဖစ္၏။

"လာေနာက္ေနတာလား ေနျခည္၊ ငါ အခုမွ နားခ်ိန္ရတာေနာ္....."

ေမာဟိုက္သံတို႔ စြက္ဖက္လ်က္ျပန္ေျပာလာေသာ ေရာင္ဝါ့စကားကို...
"ငါ မသိေတာ့ဘူး....." ဟု သာ ေျပာထြက္သြားျပန္သည္။

"ငါ့အမ မသိေတာ့ဘူးဆိုတဲ့ ကိစၥလည္းရွိေသးတယ္။ ၿပီးေတာ့ ငါ့ကိုလည္း အေရးအရာသြင္းၿပီး ေမးေနတယ္ဆိုေတာ့....ေျပာပါဦး ဘယ္မိဘရဲ႕သားရတနာေလးက ဘယ္ေလာက္ထိမ်ားခက္ခဲေနလို႔ အခုလိုေတြျဖစ္ေနရလဲဆိုတာကို"

"သားရတနာေလး မဟုတ္ပဲ...."
ေျပာရင္းနဲ႔မွ သူမစကားေတြကို ရပ္တန္႔ပစ္သည္။ ေရာင္ဝါ့ကို ဒီလိုေတြေျပာျပဖို႔ သင့္ေတာ္ရဲ႕လားဟု ေတြးမိသည္။ သို႔ေသာ္လည္း သူမဘဝတြင္ ေရာင္ဝါမွလြဲလို႔ ရင္ဖြင့္ေဖာ္မရွိ။ သူမဘဝမွာ ေရာင္ဝါကသာ ေမာင္ငယ္၊ ေရာင္ဝါကသာ သူငယ္ခ်င္း...အခု ေနာက္ဆုံး ေရာင္ဝါကသာ သူမအတြက္ ရင္ဖြင့္ေဖာ္ျဖစ္သည္။

"သမီးရတနာေလးလို႔ေတာ့ မေျပာဘူး မဟုတ္လား။ ေနဦး ဘယ္အိမ္က သမီးမိန္းကေလးက ငါ့တို႔ေနျခည္ သေဘာက်တဲ့အထိ ေခ်ာမွာလဲ...ဟုတ္တယ္မလား"

မေသခ်ာျခင္းတို႔ ေရာႁပြန္းေနသည့္ ေရာင္ဝါ့စကားေၾကာင့္ သူမရဲ႕ ဦးေခါင္းကို မွန္စားပြဲျဖင့္ထိေတြ႕ထားလိုက္ေတာ့သည္။

"တကယ္...တကယ္ႀကီး "

ေခါင္းႏွင့္စားပြဲတို႔ ထိ႐ိုက္သံထြက္ေပၚလာၿပီး ခ်က္ခ်င္းမွာပဲ အံ့ၾသဘနန္းနဲ႔ ေမးလာသည့္ ေရာင္ဝါ့အေမးကို သူမမွာ ျပန္မေျဖႏိုင္ပဲ ရွိေနသည္။ ျပန္မေျဖႏိုင္ ဆိုသည္က ျပန္ေျဖဖို႔အတြက္ ရွက္တာမဟုတ္ပဲ ထိုသို႔ အခ်စ္အေၾကာင္းေတြ ေျပာျပရမွာ တစ္မ်ိဳးျဖစ္ေနသည္။

ဒီအသက္အ႐ြယ္အထိ အခ်စ္နဲ႔ပက္သတ္လာရင္ သူမႏႈတ္က ထြက္ခဲ့သမွ်က ေျပာင္ေျမႇာက္လွသည့္ ျငင္းခ်က္ေတြၾကည့္ပင္။ တစ္ခါေလးမွ ခ်စ္တယ္၊ ႀကိဳက္တယ္ ဘယ္လိုဘာညာဆိုတာေတြ မေျပာခဲ့ဖူးသည္မို႔ ေျပာျပဖို႔ရန္အတြက္ စိတ္ထဲမွာ မလုံမလဲေတြျဖစ္ေနသည္။

"ေျပာမွာကို ေျပာေလ ေနျခည္၊ နင္အဲ့လိုၿငိမ္ေနေတာ့ ငါ သိခ်င္လို႔ေသေတာ့မယ္။ ဘာလဲ မာမီတို႔သိလား...မာမီ့ကိုပဲ ေမးလိုက္ရမလား။"

ဆတ္ခနဲ စားပြဲေပၚကေန ေခါင္းေထာင္လိုက္ၿပီး အလ်င္စလိုနဲ႔ ေျပာထြက္သြားသည္။
"မလုပ္နဲ႔....ၿပီးေတာ့ မေမးနဲ႔"

"What the.....၊ "
ေစာလ်င္စြာ ထြက္ေပၚလာေသာ အာေမဋိတ္အသံဟာ ဆုံးခန္းမတိုင္သြားပဲ...."ဘယ္သူကိုမွ မေျပာျပပဲ ငါ့ကိုအရင္ဆုံးေျပာျပတယ္လို႔ေတာ့ မေျပာနဲ႔ေနာ္...."

"နင့္ကိုပဲ အရင္ဆုံးေျပာျပဖို႔သတိရ...."

ေနျခည့္စကား မဆုံးေသးခင္မွာတင္...
"ငါ့ကို လန္႔ၿပီးေသေစခ်င္တာလား။"

ေရာင္ဝါ့ ေအာ္သံအက်ယ္ႀကီးေၾကာင့္ သူမမွာ ဖုန္းကို နားျဖင့္ အနည္းငယ္ခြာလိုက္ရသည္။

"ေနျခည္...ေနျခည္"

က်စ္ !!! စိတ္ပ်က္စြာနဲ႔ပဲ က်စ္သတ္ေနမိသည္။ ေရာင္ဝါေတာင္ ဒီလိုေတြ ဒီေလာက္ထိျဖစ္ျပေနရင္ တျခားသူမ်ားဆို သူမရဲ႕ဒီအျဖစ္ကို ဘယ္ေလာက္ထိေတာင္မ်ား ျဖစ္သြားၾကမလဲဆိုတာ ေတြးရင္း သူမတကယ္ပဲ ေလာကႀကီးနဲ႔ အဆက္အသြယ္ဖ်က္လိုက္ခ်င္ၿပီ။

လူတစ္ေယာက္က လူတစ္ေယာက္ကို ခ်စ္မိသြားတာ ဘာမ်ားထူးဆန္းလို႔လဲ။ သူမလည္း လူပဲေလ...လူတစ္ေယာက္ကို ခ်စ္မိသြားတာပဲ။

"ဝါးးးး....ငါ့အမေတာ့ တကယ္ႀကီး ခ်စ္တတ္သြားၿပီ ထင္တယ္။ ငါသိသမွ်ထဲ အေတာ္ဆုံးhyperႀကီးက ဒီလိုေတြ စကားမေျပာႏိုင္ေတာ့တဲ့အထိ တုံးအ,သြားတာ.....ဝါးးး ဒါက ဘယ္လိုေျပာရမလဲ၊ ဒါက ဒါက....it's made me cazy."

"You....always cazy !!!"

"ဟား ဟား ဟားးးးး

အားမာန္အျပည့္နဲ႔ ေျပာခ်လိုက္ေတာ့ ေရာင္ဝါက အက်ယ္ႀကီးေအာ္ရယ္သည္။ ရင္ဖြင့္ေဖာ္ေလးလို အားကိုးအားထားျပဳခ်င္ပါတယ္ဆိုမွ တဝါးဝါးနဲ႔ ျဖစ္ေနသည့္ေရာင္ဝါ့ကို သူမတကယ္ပဲမၾကည္ခ်င္ေတာ့။ ေႏြးေထြးေပးမယ္လို႔ ထင္မိပါတယ္၊ သူနဲ႔ေျပာလိုက္မွပဲ ကိုယ္တိုင္ေတာင္ ႐ူးခ်င္သြားသည္။

အခုလည္း တဟားဟားနဲ႔ ရယ္ေနျပန္သည္။ သူမရင္ထဲ ေရာင္ဝါ့အေပၚမွာ ေတာ္ေတာ္ေလးနဲ႔ ခံစားလို႔မေကာင္းေတာ့သည္မို႔ ဖုန္းကို ခ်ပစ္လိုက္သည္။

ဒီလို ေမာင္ျဖစ္သူကို အားကိုးမည့္အစား သူမတစ္ေယာက္တည္း ဒီအခန္းထဲမွာ ထိုင္ေတြးၿပီး ႐ူးသြားတာက ပိုလို႔ ေကာင္းဦးမည္ကို ခံစားရသည္မို႔ ဆက္တိုက္ဝင္လာေသာ ျပည္ပေခၚဆိုမႈဖုန္းလိုင္းကို လ်စ္လ်ဴရႈထားလိုက္ေတာ့သည္။

သို႔ေသာ္လည္း သိပ္မၾကာလိုက္ခင္မွာပဲ တံခါးေခါက္သံႏွင့္ၾကားလိုက္ရေသာ မာမီ့အသံေၾကာင့္ မွန္စားပြဲေပၚ ေခါင္းဝွက္ထားရာမွ ျပန္လည္လို႔ ေခါင္းေမာ့လိုက္ရသည္။

"ေနျခည္ေရ မာမီဝင္လာမယ္ေနာ္..."

"Yes Mar..."

"ေရာင္ဝါက ေနျခည္နဲ႔ဖုန္းမေျပာမလို႔တဲ့...."

မာမီကမ္းေပးလာသည့္ ဖုန္းကို ယူလိုက္ရင္း...
"Hello" ဟု မသာမယာ ေျပာလိုက္ေတာ့ ေရာင္ဝါက ထပ္ၿပီး ရယ္ေမာျပန္သည္။

ဒီေကာင္ေလး ေတာ္ေတာ္ေလးမ်ားၿပီဟု သူမထင္သည္။ အတူျဖတ္သန္းခဲ့သည့္ သက္တမ္းတစ္ေလွ်ာက္လုံး သူမစကားကို အခုလိုမ်ိဳး ရယ္ေမာဖို႔ ေဝးစြ၊ သူမပါးစပ္ေလး ဟ,ရင္ေတာင္ စိတ္ဝင္တစားနဲ႔ လိုက္ၾကည့္ခဲ့တဲ့ ေကာင္ငယ္ေလးကေလ အခုလိုမ်ိဳး ေလွာင္ေျပာင္ေနတာ သိပ္ကိုခံျပင္းဖို႔ေကာင္းသည္။

ေၾသာ္........အခ်စ္၊ အခ်စ္ ဒီအခ်စ္ေၾကာင့္နဲ႔ အေတာ္ဆုံး ၊အထက္ျမက္ဆုံး သူမက အခုလိုေသးေသးေလးဆီကေန အရယ္ခံေနရၿပီ။

"အေကြးေရ...လာေတာ့ေလ၊ အိပ္ၾကရေအာင္"

တံခါးအျပင္ကေန ေအာ္ေနသည္က အခန္းထဲအထိ အတိုင္းသားၾကားရသည္။ သို႔ႏွင့္ ဘာရယ္မဟုတ္ အခ်ိန္ကိုၾကည့္မိလိုက္ေတာ့ ေန႔လည္ခင္းေရာက္ၿပီျဖစ္ေနသည္။

ဒယ္ဒီက အခုေနာက္ပိုင္း အလုပ္ေတြေလ်ာ့လုပ္လာသည္။ နဂိုက ပိတ္ရက္တစ္ရက္သာရွိေသာ ရတနာဆိုင္လုပ္ငန္းကို weekendႏွစ္ရက္လုံး ပိတ္သည္။ အလုပ္ကိစၥ ခရီးသြားစရာမ်ားကို ေနျခည့္ကိုသာလႊဲတတ္ၿပီး သူကိုယ္တိုင္ကေတာ့မူ မာမီ့အနားကေနမခြာေတာ့ေပ။

အခုလည္း ေနလယ္အခ်ိန္ေရာက္ၿပီျဖစ္တာေၾကာင့္ တစ္မိနစ္ေလးမွ ေနာက္က်မခံပဲ မာမီ့ကိုေခၚေနၿပီ။ သူမတို႔အသက္ႀကီးလာသည္ႏွင့္အမွ် အလုပ္ကိုယ္စီရွိတာေၾကာင့္ပဲလားေတာ့ မသိ family timeက သိသိသာသာကိုနည္းသြားသည္။

သို႔ေသာ္ ဒယ္ဒီအတြက္ကေတာ့ အခ်ိန္ေတြအရမ္းပိုၿပီး မာမီ့နားကို အရမ္းကပ္သြားသည္ဟု ခံစားရသည္။ ေနျပည္ေတာ္ရွိ ဆိုင္ခြဲကိုသာ သူကိုယ္တိုင္ဦးစီးၿပီး မႏၲေလးႏွင့္ ျပင္ဦးလြင္ရွိ ဆိုင္ခြဲမ်ားကို ေနျခည္လက္ထဲ အပ္ထားသည္။

"ေနျခည့္ကို ဒယ္ဒီယုံတယ္..." ဆိုသည့္ စကားတစ္ခြန္းနဲ႔တင္ ဒယ္ဒီ့တာဝန္ေတြက သူမပခုံးေပၚသို႔ေရာက္လာခဲ့တာျဖစ္၏။

"မာမီ သြားေတာ့မယ္၊ ဖုန္းကို ေနျခည္ပဲယူထားလိုက္ေနာ္...သြားၿပီ။"

အနားကေန ထ,သြားသည့္ မာမီ့ကိုတားဖို႔ရန္အတြက္ အခ်ိန္သည္ မရွိသေလာက္ပင္ျဖစ္သြားေလသည္။ ထို႔ေၾကာင့္.....

"ငါပဲ ခံစားေနရတာလားေတာ့ မသိဘူးေရာင္ဝါ၊ တစ္အိမ္လုံး ငါပဲအလုပ္ရႈပ္ေနလားလို႔။ ဖြင့္ရက္ဆို စာသင္ရ ၾကားထဲအခ်ိန္အားရင္ အားသလို စာရင္းေတြျပန္စစ္ရနဲ႔။ ပိတ္ရက္အိမ္ျပန္လာေတာ့လည္း ငါပဲ အလုပ္ေတြလုပ္ေနရသလိုပဲ။"

မာမီထြက္သြားသည္ႏွင့္ သူမ၏ ခံစားခ်က္မ်ားက ပြင့္အံလို႔ထြက္လာေတာ့သည္။

"ဒယ္ဒီ့အေမြေတြအားလုံးကို နင္ပဲဆက္ခံရမွာေလ။ ပင္ပန္းလို႔လား...."

ပုံမွန္ အူေၾကာင္ေၾကာင္ေလး ျဖစ္သြားၿပီျဖစ္တဲ့ ေရာင္ဝါ့ကို ဆရာမႀကီးလုပ္ဖို႔ရန္အတြက္...
"ပင္ပန္းတယ္ေတာ့ မဟုတ္ပါဘူး၊ ဒါေပမယ့္ေလ ငါတို႔ဒယ္ဒီမွာ အရမ္းပဲအခ်ိန္ေတြေပါေနသလားလို႔"

"ဘာလိုေပါတာလဲ နားလည္ေအာင္ေျပာပါ ေနျခည္ရာ....."

"မာမီ့အနားကို ကပ္ဖို႔ အၿမဲတမ္းအခ်ိန္ေတြရွိေနသလိုပဲ။"

"အင္း...ဒီလိုဆို နင္လည္း မိန္းမရရင္ ဒယ္ဒီ့လို အလုပ္ေတြေလ်ာ့လိုက္ေပါ့ဟာ။ ဒါနဲ႔ နင္တို႔ယူမယ္ဆိုရင္ ျမန္မာမွာပဲယူၾကမွာလား။ ဒီကိုလာၿပီး Weddingလုပ္ပါလား....ငါ Sponsorေပးမယ္ေလ"

"လက္မွတ္ထိုးတာနဲ႔ တရားဝင္လက္ထပ္တာကိုေတာ့ ဒီမွာပဲ လုပ္လိုက္မယ္၊ နင္က Sponမယ္ဆိုေတာ့ အဲ့ဒီကိုလည္း လာၿပီးေဆာင္ေပးရမွာေပါ့..."

"ဖိတ္မယ့္ သူေတြကေရာ....."

မိမိမွာ အေျဖမရေသးေသာ္လည္း ေမာင္ငယ္ေလး၏ အေတြးအားျဖင့္ ေပ်ာ္ေပ်ာ္ႀကီး မဂၤလာေဆာင္ေနရၿပီမို႔ မၾကည္မလင္ျဖစ္ေနေသာ သူမ၏စိတ္ႏွလုံးသားက မုန္တိုင္းၿပီးခါစ ေကာင္းကင္သဖြယ္ ၾကည္လင္လို႔ ေပ်ာ္႐ႊင္သြားေတာ့သည္။

"ဒါဆို ငါဖုန္းခ်လိုက္ေတာ့မယ္ေနာ္...မနက္အေစာထ,ရမွာ"

"Ok...."

အခ်ိန္ကြာျခားခ်က္အရ night timeျဖစ္ေနေသာ ေမာင္ငယ္သည္ အေစာက အေမးတို႔အားလုံးကို ေမ့ေလ်ာ့သြားၿပီး အိပ္ေတာ့မည္ဟု ေျပာလာသည္။ ထို႔ေၾကာင့္ သူမလည္း ဖုန္းခ်လိုက္ၿပီး ေရာင္ဝါေပးလာမည့္ မဂၤလာေဆာင္အခမ္းအနားႀကီးကို စိတ္ကူးေတြယဥ္ရင္း ထိုအခန္းမွာပဲ အိပ္ေပ်ာ္သြားေတာ့သည္။

ပိတ္ရက္ႏွစ္ရက္လုံး သူမအနားကပ္ဖို႔ေမ့ေနေသာ မာမီသည္ တနလၤာေန႔ မနက္အေစာႀကီး ထ,လာၿပီး....

"မာမီ့ ေဘဘီေလး ျပန္ေတာ့မလား" ဟု ေမးလာရင္း လက္ေသးေသးေလးမ်ားကို ဆန္႔တန္းေပးသည္။

ထို႔ေၾကာင့္ သူမမွာ မ်က္ခုံးပင့္၊ သက္ျပင္းအသာခ်ကာ မာမီေသးေသးေလး၏ ရင္ခြင္ထဲသို႔ဝင္လိုက္ရသည္။ ဖက္ထားသည္က သူမေက်ာျပင္ဆီမွာ မာမီ့လက္ကေလးေတြခ်ိတ္ဆက္မိသည္ဆို႐ုံသာရွိေသးသည္....

"အေစာႀကီး ရွိေသးတာကိုဗ်ာ...." ဆိုေသာ မၾကည္မလင္အသံႏွင့္အတူ အနားသို႔ေရာက္လာေသာ ဒယ္ဒီဟာ ခ်ည္သားညအိပ္ဝတ္စုံကို ဝတ္ဆင္ထားသည့္တိုင္ ၾကည့္ေကာင္းမႈတို႔က ဒယ္ဒီထံပါးမွကြာက်မသြားေသးေပ။

"ေနျခည္ ျပန္ေတာ့မယ္ ဒယ္ဒီ..."

ဒယ္ဒီ့အက်ႌခါးကို ဆြဲလိုက္ၿပီး ဒယ္ဒီ့ကိုပါ သူမတို႔သားအမိကိုဖက္ထားဖို႔ ခြၽဲႏြဲ႕သလို ေျပာလိုက္သည္။ ထိုအခါမွာ မာမီ့ေနာက္မွသိုင္း၍ အလိုက္သင့္ေလး ေထြးေပြ႕လာသည့္ ဒယ္ဒီ့ရင္ခြင္ဟာ သူမတို႔သားအမိအတြက္ေတာ့ လုံေလာက္စြာ ခိုဝင္လို႔ရေနေသးသည္က တကယ္ကို အံၾသစရာေကာင္းလွသည္။

ေႏြးေထြးစြာေထြးေပြ႕ထားရင္းမွ ဒယ္ဒီက သူမဆံႏြယ္ေတြကို ညင္သာစြာကိုင္တြယ္လာၿပီး....
"ကားကို ဂ႐ုစိုက္ေမာင္း ေနျခည္၊ " ဟုေျပာသည္။ၿပီးေနာက္တြင္ သူမေခါင္းကို ခြဖြဖြပုတ္ေပးရင္း သူမကိုဖက္တြယ္ထားသည့္ မာမီ့အား သူမထံမွအသာအယာပင္ဆြဲထုတ္ကာ  အိမ္ထဲသို႔ခ်ီေပြ႕ေခၚသြားေတာ့သည္။

ဒယ္ဒီနဲ႔မာမီကို ၾကည့္ေနရင္း သူမျမင္ကြင္းေတြထဲမည္သူမွမရွိေတာ့သည့္ အခ်ိန္ေရာက္မွ ကားေပၚတက္ၿပီး ေမာင္းထြက္ခဲ့လိုက္ေတာ့သည္။

ၾကည္လင္ေနသည့္ ေကာင္းကင္ျပင္ကို ေငးေမွ်ာ္ၾကည့္ေနရင္း ဒယ္ဒီေျပာသလို ခပ္ျဖည္းျဖည္းသာ ေမာင္းႏွင္ခဲ့လိုက္သည္။ ကားထဲတြင္ ပ်ံ႕လြင့္ေနေသာ 'ေ႐ႊပင္လယ္' သီခ်င္းသံဟာလည္း သူမစိတ္တို႔ကို ၿငိမ္သိမ္ေနေစသည္။

တိုးဂိတ္ကို ျဖတ္ေမာင္းၿပီးေနာက္တြင္ သူမစိတ္တို႔က တစ္ခုခုကို ျဖစ္ခ်င္သလိုမို႔ ႐ြာတန္းဂိတ္အေရာက္တြင္ အေရွ႕ဘက္သို႔ ေကြ႕ခ်ိဳးခဲ့ျဖစ္သည္။ တန္းတန္းမတ္မတ္ႏွင့္ သူမ၏ ဦးတည္ရာက ၿငိမ္ခ်မ္းရာ အရိပ္အာဝါသဆီသို႔ျဖစ္သည္။

ေက်ာင္းထဲဝင္ခဲ့ၿပီးေနာက္ ဒုတိယမုခ္ေပါက္ေဘးရွိ parkingေနရာတြင္ ကားထိုးၿပီး သူမ၏လက္ကိုင္အိတ္ကိုယူကာ ကားေပၚမွ ဆင္းခဲ့လိုက္သည္။

"အားလုံးပဲ အမွ်ေဝၾကရေအာင္..."

ၾကည္လင္ေနေသာ ထိုအသံေၾကာင့္ သူမညင္သာစြာႏွင့္ပင္ ေက်ာင္းေပၚတက္ခဲ့လိုက္ၿပီး တံခါး၏ ေနာက္ဘက္နားတြင္ မိန္းမထိုင္ျဖင့္ ထိုင္ကာ ဘုရားရွင္၏႐ုပ္ပြားေတာ္ကို ဦးစြာ ဦးခ်လိုက္ၿပီး တစ္ဆက္တည္းမွာပဲ ဘုန္းဘုန္းကိုပါ ဦးခ်ကန္ေတာ့လိုက္၏။

အမွ်ေဝသံေတြစဲသြားၿပီး တရားနာလာၾကေသာ လူမ်ားထဲမွ တစ္ခ်ိဳ႕တစ္ဝက္သည္ ေက်ာင္းေပၚကေန ဆင္းသြားသည္။ တစ္ခ်ိဳ႕တစ္ဝက္ကေတာ့ ဘုန္းဘုန္းႏွင့္စကားေျပာရင္း၊ သူတို႔အခ်င္းခ်င္း စကားေျပာရင္းျဖင့္ က်န္ရစ္ခဲ့ေလသည္။

"ေနျခည္ ေရာက္ေနတာလား....."

အခ်ိန္အနည္းငယ္ ၾကာမွ သူမကိုသတိထားမိၿပီး အေမးျပဳလာသည့္ ဘုန္းဘုန္း၏စကားေၾကာင့္ သူမမွာလက္အုပ္ခ်ီၿပီး...
"တင္ပါ့ ဘုရား" ဟု ေလွ်ာက္တင္လိုက္ရသည္။

ထိုသို႔ ေလွ်ာက္တင္ၿပီး ဘုန္းဘုန္းထံသို႔ လွမ္းေမာ့ၾကည့္သည့္အခ်ိန္တြင္ သူမဆီကိုၾကည့္ေနေသာ ကေလးမေလးႏွင့္ အၾကည့္ခ်င္းစုံသြားေတာ့သည္။

Continue Reading

You'll Also Like

14.4K 1.3K 101
ဘယ်လောက်ချစ်သလဲ မမေးပါနဲ့ ... ခင်ဗျားနဲ့ ပတ်သက်လာရင် ဝေဒနာအပိုင်းအစတွေလည်း တမြတ်တနိုး ထွေးပိုက်ထားချင်သူရယ်ပါ ... ...
2K 341 31
ဒါဟာ အဲဒီလူအတွက် သီးသန့် တည်ဆောက်ပေးထားပေမဲ့ အဲဒီလူက ဝင်နေထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့ အစွန့်ပစ်ခံ ကမ္ဘာငယ်လေးပေါ့ cover by thsmut studio
72.1K 7.6K 31
ပိုင်ချင်းယွီတစ်ယောက် သူဘယ်တော့မှထပ်မဖတ်ချင်တဲ့ ဝတ္ထုထဲကိုကူးပြောင်းလာခဲ့တယ် Gong : မင်းက ငါ့အချစ်ဦးနဲ့ ခွဲချင်နေတယ်ပေါ့မင်းကို သတ်ပစ်မယ် Shou : ငါက...