ဒီနေ့က နေ့ မွေးနေ့ဆိုသည့်အတွေးဖြင့် ဘာရယ်မဟုတ်ပဲ ကျောင်းဝန်းအတွင်း ဝေ့ဝဲလို့ရှာဖွေမိသည်။ဘာရယ်မဟုတ်ပဲ English majorမှ သူငယ်ချင်းဖြစ်သူထံသို့လည်း သွားလည်ခဲ့သေးသည်။
နောက်ဆုံးတွင် Helen Cellerရေးခဲ့သော စာအုပ်ကို အင်္ဂလိပ်စာဌာနအထိ သွားရောက်ပြီးဝယ်ယူခဲ့သောကြောင့် တစ်လစာမုန့်ဖိုးက တစ်လတာ၏ဒုတိယအပတ်မှာတင် ကုန်လုနီးပါးဖြစ်သွား၏။
"အဲ့ဒီစာအုပ်ကို ဘာလုပ်မလို့လဲ အသက်။ နင်အဲ့လိုတွေဖတ်တယ်လို့လည်း ငါမသိရပါလား..."
ဖြေရခက်၏။ စာဖတ်တာ ဝါသနာ မထုံမှန်းကိုယ်တိုင်သိသော်လည်း ဒီနေ့မှသွားပြီးဤစာအုပ်ဝယ်ရသည့်အကြောင်းရင်းကိုမူ အသက်ကိုယ်တိုင် တကယ်ပင်မသိသေး။ Helen Kellerကို သိပ်သဘောကျ၍ ဤစာအုပ်ကိုဝယ်ခဲ့ခြင်းမဟုတ်တာတော့ သေချာသည်။
"နင်ပြောတော့ ဂီတာဝယ်ဖို့စုမယ်ဆို....ဘယ်လိုဖြစ်ပြီး....."
ဘေးမှ သူငယ်ချင်းဖြစ်သူ သီတာ့ကို အသက်ကြည့်လိုက်ရင်း မလိမ်ခင်အရင် မျက်တောင်လေးတွေ ၂ချက်လောက်ခတ်လိုက်သည်။ ပြီးမှ...
"ငါ့အမေ မှာထားလို့ပါ။ ပိုက်ဆံပြန်ပေးမှာဆိုတော့ အခုလည်း ကြုံနေတာနဲ့ဝယ်ခဲ့လိုက်တာ"
အင်္ဂလိပ်စာဌာနကို လမ်းကြုံလို့မဟုတ်ပဲ တကူးတက သွားခဲ့ပြီး အတန်းတွေထဲအကုန်ဝေ့ကြည့်ပြီးကာမှ နောက်ဆုံးဌာအထိသွားပြီး ဟိုဟိုဒီဒီနဲ့မေးရင်းမှ ဒီစာအုပ်ကိုလက်ညှိုးထိုးပြီး ဝယ်ယူခဲ့မှန်း အေးသီတာက သိသော်လည်း အသက်ကိုတော့ဖြင့် ဘာမှပြန်မပြောလာတော့။
ခဏလောက်ငြိမ်သက်သွားပြီးနောက်တွင်...
"အဆောင်ကိုပဲ ပြန်မှာမဟုတ်လား အသက်။" ဟု မေးလာသည်။
ညနေလည်း စောင်းနေပြီဖြစ်သော်လည်း ဒီနေ့တော့ဖြင့် အသက် အဆောင်ကိုမပြန်ချင်သေးပေ။ ထို့ကြောင့် အေးသီတာ၏အမေးကိုပြန်မဖြေပဲ ကျောင်းပေါက်ဝမှာ ခဏရပ်လိုက်ပြီး ဘေးဘီဝဲယာကို ကြည့်ကာရှာဖွေနေမိသည်။ သို့သော်လည်း မွေးနေ့ရှင်ဟာ ပျောက်ချက်သားကောင်းနေသည်။
ဒီနေ့တစ်နေ့လုံး ဘယ်ဆီမှာမှ ရှာလို့မတွေ့အောင် ပျောက်ချက်သားကောင်းနေသည်မို့ အသက်မျက်ရည်ပင်ဝဲချင်လာရသည်။
Ring Ring Ring......
"Hello..."
အိတ်ထဲရှိ ဖုန်းကိုယူလိုက်ပြီး နားမှာကပ်ကာ ပြန်ဖြေသည့်အသံဟာ အသက်ကိုယ်တိုင်မသိလိုက်ခင်မှာပဲ အလိုမကျမှုတို့စွက်ဖက်နေ၏။ ဖုန်းတစ်ဖက်မှ သက်ပိုင်၏အသံကိုကြားလိုက်သောကြောင့် စိတ်ကအနည်းငယ်ဖြေလျော့သွားတော့သည်။
အငယ်တွေရှေ့မှ ကြမ်းတမ်းနေမှာမျိုးကို အသက်မလိုချင်ပါ။ အမြဲအကြင်နာတွေသာ ပေးချင်သောသူများတွင် သက်လျာမှမွေးသော သက်ပိုင်သည်လည်း အပါအဝင်ဖြစ်၏။ ထို့ကြောင့် သူမ၏အသံကိုဖြေလျော့လိုက်ပြီး...
"အင်းပါ။ လာခဲ့မယ်နော်...."
သက်ပိုင်ရှိနေသည့် ရွှေအုန်းပင်ဟိုတယ်သို့ သွားဖို့ရန်အတွက် သီတာ့ကိုပဲလိုက်ပို့ခိုင်းရသည်။ အသက်ကိုယ်တိုင် ဆိုင်ကယ်စီးတတ်သော်လည်း သူငယ်ချင်းနှစ်ယောက်အတူစီးခဲ့ကြသည့် ကျောင်းမှနေ၍ ဟိုတယ်အထိသွားပြီး Dinnerစားဖို့ရန်အတွက်က သူငယ်ချင်းကိုပဲ အကူအညီတောင်းဖို့ရန်ဖြစ်လာခဲ့သည်။
"လာပါ သီတာရယ်။ နင်လည်းလိုက်ခဲ့ပါ....ဒီတိုင်း တစ်ယောက်တည်းပြန်လွှတ်လိုက်ရမှာ အသက်စိတ်မချပါဘူး။"
သီတာလက်ကို ဆွဲကိုင်ရင်း အတင်းဆွဲခေါ်ကာ ဟိုတယ်ထဲသို့ ဝင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ဝင်ပေါက်နှင့် မနီးမဝေးမှာ ရပ်နေသည့် သက်ပိုင်နှင့်တွေ့ရသည်။
"သွားမယ်လေ...."
သီတာနှင့်သက်ပိုင်မှာ ရင်းနှီပြီးသားမို့ အထွေအထူးမိတ်ဆတ်ပေးစရာမလိုတော့ပဲ နှစ်ယောက်လုံး၏လက်မောင်းကို ချိတ်ကာ အသက်ဝင်ခဲ့လိုက်ပုံက အပြုံးတွေနှင့်ဖြစ်နေသည်။ ဒီလိုညစာစားမှုမျိုးကို အသက်တကယ်ပဲ သဘောကျသည်။
သက်လျာ၊ သက်ပိုင် နောက်ဆုံးသီတာအထိပါ မျက်နှာစုံညီပြီးစားရမှာမျိုးက အထီးကျန်မဆန်သလိုခံစားရသည်။ ထိုသို့ခံစားနေရင်းမှ နှလုံးသားထဲက စူးခနဲဖြစ်သွားရသည်။ မှတ်ဉာဏ်များတွင် တစ်စွန်းတစ်စထွက်ပေါ်လာသော ကော်ဖီခွက်ငယ်လေးနှစ်ခုကိုချပြီး ထိုင်စောင့်နေရသည့် ပုံရိပ်တို့က အသက်မျက်ဝန်းတို့ကို ငွေ့ရည်တို့ရစ်သိုင်းလွှမ်းခြုံသွားစေသည်။
"ဘာစားချင်လဲ အသက်...."
အသက်လက်ကောက်ကို တယုတယနှင့်ကိုင်ရင်း မေးသည့် သက်ပိုင်ကြောင့် မျက်ရည်တို့ကိုပုတ်ထုတ်လိုက်ပြီး နှုတ်ခမ်းကို အထက်သို့ကွေးပြကာMenu listကို ကြည့်ရင်း မှာလိုက်သည်။ အစားအသောက်တွေလာချပေးပြီး မကြာခင်မှာပဲ အသက်ပန်းကန်ထဲရောက်လာသည့် ဟင်းတစ်ဇွန်းနှင့်ထပ်တူညီစွာ အသက်ကိုယ်တိုင်ကလည်း သက်လျာဆီသို့ သက်လျာကြိုက်တတ်သော ပုဇွန်အစိမ်းသုတ်ကို လှမ်းထည့်ပေးပြီးဖြစ်၏။
ဒီလိုနွေးထွေးလှသည့် ထမင်းဝိုင်းရဲ့ အဆုံးသတ်က ဝိုင်ချိုချိုလေးတစ်ခွက်ဟု သက်လျာကအမြဲယူဆထားသောကြောင့် ထမင်းစားပြီးနောက်မှာ အချိုပွဲနှင့်အတူ ရောက်ရှိလာသော ဝိုင်ပုလင်းကနှစ်လိုဖွယ်ကောင်းလှသည်။
"ကိုယ်တို့ မမှာထားပါဘူး။ သား မှာထားသေးလား...."
"မမှာပါဘူး..."
Desertအတွက် အားလုံးပြည့်စုံသွားပြီးနောက်တွင် ရောက်လာသော ကိတ်မုန့်ကြောင့် အသက်တို့ဝိုင်းမှာ စကားသံလေးတွေထွက်ပေါ်လာရသည်။ ထိုသို့စကားသံများတွင် အသက်ဘက်ကလည်း မမှာထားကြောင်းပါဝင်ကာ ပြောရသေးသည်။
"ဟုတ်ကဲ့ ဒီနေ့ကျွန်တော်တို့ဟိုတယ်မှာ မွေးနေ့လုပ်တဲ့ မွေးနေ့ရှင်က စားပွဲတိုင်းအတွက် မွေးနေ့ကိတ်နဲ့ဧည့်ခံတာပါ။ "
Waiterအကိုရဲ့ စကားနှင့်မှ အသက်တို့ဝိုင်း ငြိမ်သက်လို့သွားတော့သည်။ ဖြတ်ခနဲ အသက် သတိရသွားသည်က....
"ခဏ အကို..."
လှမ်းဝေးသွားပြီဖြစ်သော Waiterအကိုနောက်သို့ ပြေးလိုက်သွားမိသည်။ ပြီးနောက်တွင် တိုးတိတ်စွာနဲ့ပဲ ထိုအကိုအနားသို့ ကပ်၍မေးမိသည်က...
"မွေးနေ့ရှင် နာမည်လေးပြောပြလို့ရမလား အကို..."
"ဒါကတော့ မွေးနေ့ရှင်က ခွင့်မပြုထားလို့မပြောပြပေးနိုင်တာ ခွင့်လွှတ်ပါခင်ဗျာ...."
Mutual respectအပြည့်နှင့် ပြောလာသော ဒီစကားကို အသက်ဘယ်လိုမှ မတတ်နိုင်တော့ပဲ နောက်ဆုံးမျှော်လင့်ချက်ယဲ့ယဲလေးဖြင့် မေးမိပြန်သည်။
"ဒါဆို မွေးနေ့ရှင်က ပြန်သွားပြီလားဟင်"
"....."
အသက်မေးခွန်းကို ပြန်မဖြေပဲ အနေခက်သလိုပြုံးပြပြီး ခေါင်းကိုလက်ဖြင့်ကုပ်သည့်ထိုအကိုကြောင့် အသက်မှာ ညှိုးငယ်ငယ်ဖြင့်ထပ်ပြီးတောင်းဆိုမိပြန်သည်။
"ဒါလေးတော့ ပြောပြပါနော် အကို၊ မွေးနေ့ရှင်ကလည်း ဒါကိုတော့ privateလုပ်ထားမှာမဟုတ်ပါဘူး...နော် အကို"
မျက်လုံးလေးတွေအထိပါ ညှိုးငယ်ပြပြီးတောင်းဆိုလိုက်တော့ နောက်ဆုံးမှာ ထိုအကိုက လက်မှိုင်ချသွားသည်ထင်ပါရဲ့...
"ဟုတ်ပြီ....မွေးနေ့ရှင်မပြန်သေးပါဘူး ညီမရေ"
"ဒါဆို ဘယ်နားမှာလဲဟင်"
အငိုက်ဖမ်းပြီးထပ်မေးပေမယ့် ထိုအကိုက အသက်အနားကနေ ထွက်သွားတော့သည်။ မပြောပြချင်တာကို သိပေမယ့်၊ မွေးနေ့ရှင်ဆိုတဲ့ သူက နေ,မှန်း မသေချာပေမယ့်၊ ဘာကြောင့်မှန်းလည်း မသိပေမယ့် အသက်မှာ တွေ့ချင်၊မြင်ချင်နေသည်။
တစ်ခြားနေ့တွေထက် ဒီနေ့မှာ နေ့,ကိုပိုပြီးမြင်ချင်သည်။ မိသားစုနဲ့အဝေးမှာ သူငယ်ချင်းတွေနဲ့ မွေးနေ့ပွဲကျင်းပနေသည့် နေ့ပုံစံကို မြင်ချင်လွန်းလှသည်။ နေ,တစ်ယောက် ပျော်နေမှာလားဆိုတာကို တွေးမိပြီး...သီသန့်ဆန်လွန်းတဲ့ လူတွေပြောပြတဲ့ နေ့ပုံစံကြောင့် ဒီကနေ့မှာ အထီးကျန်စွာရှိနေမည်ကို အသက်တကယ်ပဲမလိုလားပါ။
ဘယ်သူမှမရှိရင်တောင် ဒီနေ့လေးမှာ အသက်တစ်ယောက်ပဲဖြစ်ဖြစ်တော့ နေ့,ဘေးနားလေးမှာ ရှိနေပေးချင်သည်။
"ဘာဖြစ်လို့လဲ အသက်၊ အသိလား...."
ထွက်သွားပြီဖြစ်တဲ့ Waiterကို လက်ညှိုးထိုးပြပြီး မေးလာသည့် သက်ပိုင်၏စကားကို ခေါင်းရမ်းပြလိုက်ပြီး...
"လာလေ သွားရအောင်" ဟု ဆိုကာ သက်ပိုင်လက်ကိုဆွဲပြီး သက်လျာတို့ထံပြန်ပြီသွားလိုက်သည်။
"ဒါနဲ့ အသက်၊ နင်တို့တီချယ် နေခြည်ဆိုတဲ့တစ်ယောက်နဲ့တွေ့ဖြစ်ရင် ပြောပေးစမ်းပါ။ သူ့အဒေါ်နဲ့ဆက်သွယ်လို့ရမယ့်ဟာ တစ်ခုခုပေးဦးလို့....၊ ကြားထဲ အဆက်အသွယ် ပြတ်ခဲ့တာက အခုထိပြန်မချိတ်ဆက်မိသေးဘူး..."
"ကိုကို့ဆီမှာ ရှိမယ်ထင်တယ်...."
ထွေလေလေနဲ့ အသက်ရဲ့စကားအဆုံးမှာ သက်လျာက အသက်နဖူးကို ခပ်ဆတ်ဆတ်လေးတောက်လာသည်။ နဖူးမှ စပ်ဖျင်းဖျင်းဝေဒနာကြောင့် သက်လျာဆီကို မကျေမနပ်ဖြင့်ကြည့်လိုက်သည်။
ထိုအခါ သက်လျာက သွားတန်းလေးတွေပေါ်သည်အထိ သဘောတကျဖြစ်သွားပြီး...
"အဖေကို ဘာကိုကိုလဲ..." ဟု ဆိုလာသည်။
ထိုစကားကြောင့် အသက်ဘက်က နှာခေါင်းသာချုံ့ပြလိုက်တော့သည်။ ငယ်ငယ်တည်းက အဖေဆိုတာထက် ကိုကိုလို့ ခေါ်ချင်ခဲ့သူကို ရင်းနှီးတဲ့သူတွေရှေ့မှာ ကိုကိုလို့သာ သုံးဖြစ်သည်။ အဖေဆိုသော နာမ်စားထက် ကိုကိုဆိုသော နာမ်စားကိုသုံးရသည်က ပိုလို့အဆင်ချောသည်ဟု ခံစားရသည်။
ဒါကို သိလျက်နဲ့ တမင်ဆရာလုပ်တဲ့ သက်လျာကိုယ်တိုင်ကလည်း ပြုံးလို့ပါပဲ။ တကယ်တော့ အဖေဆိုတာထက် ကိုကိုလို့ခေါ်တာကို သက်လျာသည်လည်း သဘောကျခဲ့တာပါ။ ဖွားဖွားအပါအဝင် သပ်လျာတို့သည် အသက်၏အဖေကို အသက်နှုတ်မှ ကိုကိုလို့ ခေါ်ထွက်မိသွားတိုင်း ပြုံးသွားတတ်သည်ကို အသက်ငယ်ငယ်ထဲက သတိထားမိခဲ့သည်။
သေချာပေါက် သူတို့ကိုယ်တိုင်လည်း အသက်၏ ဤသို့အခေါ်အဝေါ်ကို သဘောကျခဲ့သည်။
"ရေကူးကန်ဘက်ကို သွားကြည့်ရအောင် အသက်..."
အဖော်စပ်လာသူက သက်ပိုင်ဖြစ်နေသည်ကြောင့် အသက်မှာအံ့သြရသည်။ နဂိုထဲက ရေကြောက်သူသည် ရေတွင်း၊ရေကန်များနှင့်အဝေးဆုံးမှာ နေထိုင်ခဲ့သူဖြစ်ရာ ယခုအခါဤသို့အပြောက...
"မအံ့သြပါနဲ့ အသက်ရာ၊ သီတာပြောပြလို့ ဒီကရေကူးကန်က ရှယ်မိုက်တာဆိုလို့ပါ။ မသွားရင်လည်းရပါတယ်....ဒီတိုင်းကြီးထိုင်နေရတာ ပျင်းစရာကောင်းလားလို့လေ...."
အသက်စိတ်ထဲမှ မေးခွန်းများကို သိသည့်အလား သက်ပိုင်၏ အဖြေများမှာ ကွက်တိကျလွန်းနေသည်။ အသက်မှာ သွားချင်၊မသွားချင်ဆိုတာထက် သွားမလားလို့မေးလျှင် မေးလာသူ၏ဆန္ဒကိုအကဲခတ်ကာ လိုက်လျောခဲ့သည့် ထုံးစံအတိုင်းပဲ...
"သွားမယ်လေ..." ဟုသာ ဖြေမိသည်။
"ဒီကပဲ ထိုင်စောင့်နေမယ်၊ မင်းတို့ပဲ သွားကြ"
သတင်းစာဖတ်ကာ ကျန်ရစ်ခဲ့မည့်ဟု ပြောသော သက်လျာကိုထားရစ်ခဲ့ပြီး အသက်တို့သုံးယောက်သား အားကြိုးမာန်တက်ဖြင့် ဟိုတယ်၏ အနောက်ဘက်သို့ ချိုးကွေ့ခဲ့သောငြား..မှန်တံခါးကိုဖြတ်ကျော်မည်လုပ်ဆဲကာလမှာပင်
",ဝင်လို့မရပါဘူး အကိုလေးတို့၊ အမလေးတို့။
ဒီနေ့က ဒီနေရာကိုငှားထားတဲ့သူ ရှိနေလို့ပါ...."
"အရင်က အဲ့လိုမျိုးမရှိပါဘူး။"
တံခါးစောင့် အကို၏ အပြောကို မေးခွန်းထုတ်လာသော သီတာ့ဆီကို လှည့်ကြည့်ပြီး အသက်မှာရယ်ချင်လာသည်။ အသက်တင်မဟုတ်ပဲ သက်ပိုင်ကပါ ရယ်ချင်ပက်ကျိအနေအထားမျိုးဖြစ်သွားသည်။
အိန်ဂျယ် (အိမ်ကျယ်)ဟု အမည်မေးထားရသော သီတာသည် လူအများနှင့်ပြောဆိုရာတွင် မထုံတတ်တေးဖြင့် ဖာသိဖာသာနေထိုင်တတ်သည်။ ယခုအခါမှာ တစ်ဖက်လူကို ပက်ခနဲပြန်မေးလို့နေသည်က ရေကူးကန်ဆီ အင်မတန်သွားချင်နေကြောင်း ထင်သာစေသည်။
"ဟုတ်ပါတယ် မမလေး။ ဒီနေ့က ရေကူးကန်ဧရိယာမှာ မွေးနေ့ပွဲကျင်းပနေလို့ပါ။ "
"အဲ့လိုဆို မတတ်နိုင်ဘူးပေါ့။ နောက်တစ်ခေါက်မှပဲ သွားရတော့မယ်..."
စိတ်ပျက်အားလျော့သံနှင့် သီတာ့စကားကို သက်ပိုင်က ခေါင်းငြိမ့်သော်လည်း အသက်ကတော့ ဘာမှမဆိုမိသေး။ ရေကူးကန်ဧရိယာမှာ မွေးနေ့ပွဲကျင်းပနေသည်ဟူသော စကားကိုပဲ အထပ်ထပ်ကြားယောင်လို့နေသည်။
"သွားမယ်လေ..."
သီတာက လက်မောင်းကိုဆွဲလို့ ကြည့်လိုက်မိမှ သက်ပိုင်ပင်လျှင် အသက်တို့ဆီမှ အတန်သင့်အလှမ်းဝေးနေပြီဖြစ်သည်။ ရေကူးကန်ဧရိယာသို့ မည်သို့ဝင်သွားရမည်ကို တွေးရင်း ပတ်ဝန်းကျင်ကို လျစ်လျူရှုမိတာဖြစ်၏။
"ခဏ သီတာ။ အသက် toiletသွားဦးမယ်"
ပြောပြီး သီတာ့အနားကနေ ထွက်လာခဲ့လိုက်သည်က အကွယ်နေရာအရောက်တွင် ခေတ္တမှပုန်းကွယ်နေလိုက်ပြီး အခြေအနေကို အကဲခတ်ကြည့်နေမိသည်။ သီတာထွက်သွားသည့်တိုင် အစောင့်ရှိနေသေးသည်မို့ အသက်မှာ ထွက်လာလို့မရသေးပဲဖြစ်နေသည်။
နောက်ဆုံးဘယ်လိုမှ မတတ်နိုင်ပဲ အသက်ရွေးချယ်လိုက်သည့်နည်းလမ်းက....
"မွေးနေ့ရှင် နေခြည်ကဖိတ်ထားလို့ပါ။ နေကပြောတယ်...ဒီကိုရောက်လာရင် အထဲကိုဝင်လာခဲ့ဖို့"
မွေးနေ့ရှင်သည် နေမှန်းမသေချာသော်လည်း အသက်အရဲစွန့်လိုက်သည်။ ဒါဟာ ဒီနေ့အတွက်တင်မဟုတ်ပဲ အသက်ဘဝတစ်လျှောက် တစ်ခါမှမလုပ်ခဲ့ဘူးသည့် မရိုးသားခြင်းတွေ၊ စွန့်စားခြင်းတွေ နောက်ဆုံး တုန်လှုပ်စရာတွေအထိပါ လုပ်မိနေသည်။
"ဒါဆို ဝင်သွားပါ..."
အထဲကို အရင်ဝင်သွားပြီးမှပဲ အသက်ရင်ထဲမှာတစ်စို့နေသည့် စိုးရိမ်ပူပန်မှုလှိုင်းလုံးကြီးက လျောကျသွားသလိုပင်။
ရေကူးကန် ဧရိယာတွင် သီချင်းသံတို့က ကျယ်လောင်စွာ ဖွင့်ထားသော်လည်း အသာအယာ ခြေလှမ်းများဖြင့်သာ လျှောက်သွားမိသည်။ သီချင်းသံတွေကြားတွင် ကခုန်ပျော်မြူးနေကြသော လူအများအပြား၏အလယ်တွင် လှပစွာရှိနေမည့် နေ့အပြုံးလှလှလေးကို မျှော်လင့်ထားသည်။
နေ ပြုံးလိုက်ရင် အရမ်းကျက်သရေရှိပြီး အရမ်းလှတာ။
တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း.......... ခြေလှမ်းတွေက သိသိသာသာနှင့် ရေကူးကန်နံဘေး အတော်အတန်အထိ ရောက်နေပြီဖြစ်သော်လည်း ယခုအချိန်အထိ သီချင်းသံမှအပ လူအရိပ်အယောင် တစ်ခုကိုမှ မတွေ့ရသေး။
"အ....."
မှိန်ပြပြ အလင်းရောင်အောက်သို့ရောက်လာပြီမို့ သတိထားပြီးလျှောက်နေသော်လည်း နူးညံ့အိစက်လွန်းသောအရာတစ်ခုနှင့် တိုက်မိသွားပြီး ထိုအနီးမှdream bedပေါ်သို့ လဲကျသွားသည်။
ထိကိုင်မိလိုက်သည့် အသားအရည်များက အိစက်လို့နေပြီး အေးမြမှုကိုပေးစွမ်းနေသည်မို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ အသက်ရဲ့ အောက်မှာရှိနေသည့် နေဟာ.....
"အိုးး......"
မျက်လုံးတွေကို အတင်းပြန်မှိတ်လိုက်သည့်တိုင် မြင်ကွင်းတွေထဲမှာ စိုးမိုးထားသည့် နေရဲ့ အသားအရည်နှင့် အပေါ်ပိုင်းဖွဲ့စည်းပုံတွင် နေရာယူထားသော ကြည်ပြာရောင် Barအပေါ်မှ နှင်းဆီပွင့်သေးသေးလေးများ၊ Sleeping Maskအဖြူရောင်၏ အောက်တွင်ရှိနေသော နှာတံဆင်းဆင်းနှင့် နီညိုရောင် နှုတ်ခမ်းအစုံဟာလည်း အသက်ရင်ကို တုန်ခါစေသည်။
ထိုအတွေးများနှင့် ရှက်လုဆဲဆဲဖြစ်နေချိန်မှာ နားထဲတိုးဝင်လာသည့် ရယ်သံသဲ့သဲ့ကြောင့် ရှက်ရှက်နဲ့ပဲရင်ခွင်ထဲတိုးဝင်လိုက်ပြီး လက်များကလည်း နေ့ရဲ့ခါးကျင်ကျင်တွေဆီမှာ ကိုင်တွယ်လို့ထားမိသည်။
ဒီလို နေ့ ပခုံးတွေဆီမှာ ခေါင်းချထားရင်း နေ့ရဲ့နူးညံ့မှုတွေကို အသာအယာခံစားကြည့်နေရင်းမှ....
"Happy birthday ပါနော် နေ....."
ဒီနေ့မှာ အသံဖြင့်ကြားရသည့် မွေးနေ့ဆုတောင်းစကားက ကလေးမလေးဆီက ဖြစ်နေသည်။ နှလုံးသားထဲက ဆန္ဒများအတိုင်းတင်းကျပ်လို့ဖက်တွယ်ထားလိုက်တော့ ကလေးမလေးက သူမထံသို့မော့ကြည့်လာသည်။
အကြည့်တွေမှာ ရစ်သိုင်းနေသည့် သဘောထားတို့ကို လျစ်လျူရှုထားပြီး ကလေးမလေးကို အောက်သို့ပို့ပြီး နှုတ်ခမ်းလေးကိုနမ်းခြိုက်ကာ မွေးနေ့လက်ဆောင်ကို ယူမိသည်။
ထိုသို့နမ်းရှိုက်နေရင်းမှ ဦးဆောင်သူကပြောင်းလဲသွားသည်။ သူမရဲ့ ပါးပြင်တွေကို လက်ဖဝါးနုနုလေးနှင့် ထိတွေ့ထားပြီး သူမရဲ့နှုတ်ခမ်းတွေကို နမ်းရှိုက်ဖို့ကြိုးစားသူကို အခွင့်ပေးလိုက်သည်။ ထိုနှင့်တပြိုင်နက် အထက်နှုတ်ခမ်း၊ အောက်နှုတ်ခမ်း အလှည့်ကျ ထိတွေ့ပေးသူကြောင့် သူမ ရင်ခုန်သံတွေက မြန်ဆန်လာရသည်။
ရင်ခုန်သံတွေ မြန်လာရာကနေ ကြာလာတော့ ရပ်လုနီးပါးဖြစ်သွားပြီး သူမဘက်ကပဲ အနမ်းတွေကို ရပ်တန့်သွားစေဖို့ ကလေးမလေးရဲ့အပေါ်မှာအုပ်မိုးထားရာကနေ ထ,ရပ်လိုက်ရသည်။
"ကလေး....."
သူမခန္ဓာကိုယ်ထ,သွားပြီး ချက်ချင်းမှာလဲ အောက်တွင်ဖရိုဖရဲ ဖြစ်နေသော ကလေးမလေးကလည်း အစောက ဦးဆောင်နမ်းရှိုက်ခဲ့တာ သူ,မဟုတ်သည့်အတိုင်း နေရာကနေ ချက်ချင်းပဲ ပြေးထွက်သွားတော့သည်။
_____________________
Zawgyi......
ဒီေန႔က ေန႔ ေမြးေန႔ဆိုသည့္အေတြးျဖင့္ ဘာရယ္မဟုတ္ပဲ ေက်ာင္းဝန္းအတြင္း ေဝ့ဝဲလို႔ရွာေဖြမိသည္။ဘာရယ္မဟုတ္ပဲ English majorမွ သူငယ္ခ်င္းျဖစ္သူထံသို႔လည္း သြားလည္ခဲ့ေသးသည္။
ေနာက္ဆုံးတြင္ Helen Cellerေရးခဲ့ေသာ စာအုပ္ကို အဂၤလိပ္စာဌာနအထိ သြားေရာက္ၿပီးဝယ္ယူခဲ့ေသာေၾကာင့္ တစ္လစာမုန္႔ဖိုးက တစ္လတာ၏ဒုတိယအပတ္မွာတင္ ကုန္လုနီးပါးျဖစ္သြား၏။
"အဲ့ဒီစာအုပ္ကို ဘာလုပ္မလို႔လဲ အသက္။ နင္အဲ့လိုေတြဖတ္တယ္လို႔လည္း ငါမသိရပါလား..."
ေျဖရခက္၏။ စာဖတ္တာ ဝါသနာ မထုံမွန္းကိုယ္တိုင္သိေသာ္လည္း ဒီေန႔မွသြားၿပီးဤစာအုပ္ဝယ္ရသည့္အေၾကာင္းရင္းကိုမူ အသက္ကိုယ္တိုင္ တကယ္ပင္မသိေသး။ Helen Kellerကို သိပ္သေဘာက်၍ ဤစာအုပ္ကိုဝယ္ခဲ့ျခင္းမဟုတ္တာေတာ့ ေသခ်ာသည္။
"နင္ေျပာေတာ့ ဂီတာဝယ္ဖို႔စုမယ္ဆို....ဘယ္လိုျဖစ္ၿပီး....."
ေဘးမွ သူငယ္ခ်င္းျဖစ္သူ သီတာ့ကို အသက္ၾကည့္လိုက္ရင္း မလိမ္ခင္အရင္ မ်က္ေတာင္ေလးေတြ ၂ခ်က္ေလာက္ခတ္လိုက္သည္။ ၿပီးမွ...
"ငါ့အေမ မွာထားလို႔ပါ။ ပိုက္ဆံျပန္ေပးမွာဆိုေတာ့ အခုလည္း ႀကဳံေနတာနဲ႔ဝယ္ခဲ့လိုက္တာ"
အဂၤလိပ္စာဌာနကို လမ္းႀကဳံလို႔မဟုတ္ပဲ တကူးတက သြားခဲ့ၿပီး အတန္းေတြထဲအကုန္ေဝ့ၾကည့္ၿပီးကာမွ ေနာက္ဆုံးဌာအထိသြားၿပီး ဟိုဟိုဒီဒီနဲ႔ေမးရင္းမွ ဒီစာအုပ္ကိုလက္ညႇိဳးထိုးၿပီး ဝယ္ယူခဲ့မွန္း ေအးသီတာက သိေသာ္လည္း အသက္ကိုေတာ့ျဖင့္ ဘာမွျပန္မေျပာလာေတာ့။
ခဏေလာက္ၿငိမ္သက္သြားၿပီးေနာက္တြင္...
"အေဆာင္ကိုပဲ ျပန္မွာမဟုတ္လား အသက္။" ဟု ေမးလာသည္။
ညေနလည္း ေစာင္းေနၿပီျဖစ္ေသာ္လည္း ဒီေန႔ေတာ့ျဖင့္ အသက္ အေဆာင္ကိုမျပန္ခ်င္ေသးေပ။ ထို႔ေၾကာင့္ ေအးသီတာ၏အေမးကိုျပန္မေျဖပဲ ေက်ာင္းေပါက္ဝမွာ ခဏရပ္လိုက္ၿပီး ေဘးဘီဝဲယာကို ၾကည့္ကာရွာေဖြေနမိသည္။ သို႔ေသာ္လည္း ေမြးေန႔ရွင္ဟာ ေပ်ာက္ခ်က္သားေကာင္းေနသည္။
ဒီေန႔တစ္ေန႔လုံး ဘယ္ဆီမွာမွ ရွာလို႔မေတြ႕ေအာင္ ေပ်ာက္ခ်က္သားေကာင္းေနသည္မို႔ အသက္မ်က္ရည္ပင္ဝဲခ်င္လာရသည္။
Ring Ring Ring......
"Hello..."
အိတ္ထဲရွိ ဖုန္းကိုယူလိုက္ၿပီး နားမွာကပ္ကာ ျပန္ေျဖသည့္အသံဟာ အသက္ကိုယ္တိုင္မသိလိုက္ခင္မွာပဲ အလိုမက်မႈတို႔စြက္ဖက္ေန၏။ ဖုန္းတစ္ဖက္မွ သက္ပိုင္၏အသံကိုၾကားလိုက္ေသာေၾကာင့္ စိတ္ကအနည္းငယ္ေျဖေလ်ာ့သြားေတာ့သည္။
အငယ္ေတြေရွ႕မွ ၾကမ္းတမ္းေနမွာမ်ိဳးကို အသက္မလိုခ်င္ပါ။ အၿမဲအၾကင္နာေတြသာ ေပးခ်င္ေသာသူမ်ားတြင္ သက္လ်ာမွေမြးေသာ သက္ပိုင္သည္လည္း အပါအဝင္ျဖစ္၏။ ထို႔ေၾကာင့္ သူမ၏အသံကိုေျဖေလ်ာ့လိုက္ၿပီး...
"အင္းပါ။ လာခဲ့မယ္ေနာ္...."
သက္ပိုင္ရွိေနသည့္ ေ႐ႊအုန္းပင္ဟိုတယ္သို႔ သြားဖို႔ရန္အတြက္ သီတာ့ကိုပဲလိုက္ပို႔ခိုင္းရသည္။ အသက္ကိုယ္တိုင္ ဆိုင္ကယ္စီးတတ္ေသာ္လည္း သူငယ္ခ်င္းႏွစ္ေယာက္အတူစီးခဲ့ၾကသည့္ ေက်ာင္းမွေန၍ ဟိုတယ္အထိသြားၿပီး Dinnerစားဖို႔ရန္အတြက္က သူငယ္ခ်င္းကိုပဲ အကူအညီေတာင္းဖို႔ရန္ျဖစ္လာခဲ့သည္။
"လာပါ သီတာရယ္။ နင္လည္းလိုက္ခဲ့ပါ....ဒီတိုင္း တစ္ေယာက္တည္းျပန္လႊတ္လိုက္ရမွာ အသက္စိတ္မခ်ပါဘူး။"
သီတာလက္ကို ဆြဲကိုင္ရင္း အတင္းဆြဲေခၚကာ ဟိုတယ္ထဲသို႔ ဝင္ခဲ့ၿပီး သိပ္မၾကာခင္မွာပဲ ဝင္ေပါက္ႏွင့္ မနီးမေဝးမွာ ရပ္ေနသည့္ သက္ပိုင္ႏွင့္ေတြ႕ရသည္။
"သြားမယ္ေလ...."
သီတာႏွင့္သက္ပိုင္မွာ ရင္းႏွီၿပီးသားမို႔ အေထြအထူးမိတ္ဆတ္ေပးစရာမလိုေတာ့ပဲ ႏွစ္ေယာက္လုံး၏လက္ေမာင္းကို ခ်ိတ္ကာ အသက္ဝင္ခဲ့လိုက္ပုံက အၿပဳံးေတြႏွင့္ျဖစ္ေနသည္။ ဒီလိုညစာစားမႈမ်ိဳးကို အသက္တကယ္ပဲ သေဘာက်သည္။
သက္လ်ာ၊ သက္ပိုင္ ေနာက္ဆုံးသီတာအထိပါ မ်က္ႏွာစုံညီၿပီးစားရမွာမ်ိဳးက အထီးက်န္မဆန္သလိုခံစားရသည္။ ထိုသို႔ခံစားေနရင္းမွ ႏွလုံးသားထဲက စူးခနဲျဖစ္သြားရသည္။ မွတ္ဉာဏ္မ်ားတြင္ တစ္စြန္းတစ္စထြက္ေပၚလာေသာ ေကာ္ဖီခြက္ငယ္ေလးႏွစ္ခုကိုခ်ၿပီး ထိုင္ေစာင့္ေနရသည့္ ပုံရိပ္တို႔က အသက္မ်က္ဝန္းတို႔ကို ေငြ႕ရည္တို႔ရစ္သိုင္းလႊမ္းၿခဳံသြားေစသည္။
"ဘာစားခ်င္လဲ အသက္...."
အသက္လက္ေကာက္ကို တယုတယႏွင့္ကိုင္ရင္း ေမးသည့္ သက္ပိုင္ေၾကာင့္ မ်က္ရည္တို႔ကိုပုတ္ထုတ္လိုက္ၿပီး ႏႈတ္ခမ္းကို အထက္သို႔ေကြးျပကာMenu listကို ၾကည့္ရင္း မွာလိုက္သည္။ အစားအေသာက္ေတြလာခ်ေပးၿပီး မၾကာခင္မွာပဲ အသက္ပန္းကန္ထဲေရာက္လာသည့္ ဟင္းတစ္ဇြန္းႏွင့္ထပ္တူညီစြာ အသက္ကိုယ္တိုင္ကလည္း သက္လ်ာဆီသို႔ သက္လ်ာႀကိဳက္တတ္ေသာ ပုဇြန္အစိမ္းသုတ္ကို လွမ္းထည့္ေပးၿပီးျဖစ္၏။
ဒီလိုေႏြးေထြးလွသည့္ ထမင္းဝိုင္းရဲ႕ အဆုံးသတ္က ဝိုင္ခ်ိဳခ်ိဳေလးတစ္ခြက္ဟု သက္လ်ာကအၿမဲယူဆထားေသာေၾကာင့္ ထမင္းစားၿပီးေနာက္မွာ အခ်ိဳပြဲႏွင့္အတူ ေရာက္ရွိလာေသာ ဝိုင္ပုလင္းကႏွစ္လိုဖြယ္ေကာင္းလွသည္။
"ကိုယ္တို႔ မမွာထားပါဘူး။ သား မွာထားေသးလား...."
"မမွာပါဘူး..."
Desertအတြက္ အားလုံးျပည့္စုံသြားၿပီးေနာက္တြင္ ေရာက္လာေသာ ကိတ္မုန္႔ေၾကာင့္ အသက္တို႔ဝိုင္းမွာ စကားသံေလးေတြထြက္ေပၚလာရသည္။ ထိုသို႔စကားသံမ်ားတြင္ အသက္ဘက္ကလည္း မမွာထားေၾကာင္းပါဝင္ကာ ေျပာရေသးသည္။
"ဟုတ္ကဲ့ ဒီေန႔ကြၽန္ေတာ္တို႔ဟိုတယ္မွာ ေမြးေန႔လုပ္တဲ့ ေမြးေန႔ရွင္က စားပြဲတိုင္းအတြက္ ေမြးေန႔ကိတ္နဲ႔ဧည့္ခံတာပါ။ "
Waiterအကိုရဲ႕ စကားႏွင့္မွ အသက္တို႔ဝိုင္း ၿငိမ္သက္လို႔သြားေတာ့သည္။ ျဖတ္ခနဲ အသက္ သတိရသြားသည္က....
"ခဏ အကို..."
လွမ္းေဝးသြားၿပီျဖစ္ေသာ Waiterအကိုေနာက္သို႔ ေျပးလိုက္သြားမိသည္။ ၿပီးေနာက္တြင္ တိုးတိတ္စြာနဲ႔ပဲ ထိုအကိုအနားသို႔ ကပ္၍ေမးမိသည္က...
"ေမြးေန႔ရွင္ နာမည္ေလးေျပာျပလို႔ရမလား အကို..."
"ဒါကေတာ့ ေမြးေန႔ရွင္က ခြင့္မျပဳထားလို႔မေျပာျပေပးႏိုင္တာ ခြင့္လႊတ္ပါခင္ဗ်ာ...."
Mutual respectအျပည့္ႏွင့္ ေျပာလာေသာ ဒီစကားကို အသက္ဘယ္လိုမွ မတတ္ႏိုင္ေတာ့ပဲ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ယဲ့ယဲေလးျဖင့္ ေမးမိျပန္သည္။
"ဒါဆို ေမြးေန႔ရွင္က ျပန္သြားၿပီလားဟင္"
"....."
အသက္ေမးခြန္းကို ျပန္မေျဖပဲ အေနခက္သလိုၿပဳံးျပၿပီး ေခါင္းကိုလက္ျဖင့္ကုပ္သည့္ထိုအကိုေၾကာင့္ အသက္မွာ ညႇိဳးငယ္ငယ္ျဖင့္ထပ္ၿပီးေတာင္းဆိုမိျပန္သည္။
"ဒါေလးေတာ့ ေျပာျပပါေနာ္ အကို၊ ေမြးေန႔ရွင္ကလည္း ဒါကိုေတာ့ privateလုပ္ထားမွာမဟုတ္ပါဘူး...ေနာ္ အကို"
မ်က္လုံးေလးေတြအထိပါ ညႇိဳးငယ္ျပၿပီးေတာင္းဆိုလိုက္ေတာ့ ေနာက္ဆုံးမွာ ထိုအကိုက လက္မႈိင္ခ်သြားသည္ထင္ပါရဲ႕...
"ဟုတ္ၿပီ....ေမြးေန႔ရွင္မျပန္ေသးပါဘူး ညီမေရ"
"ဒါဆို ဘယ္နားမွာလဲဟင္"
အငိုက္ဖမ္းၿပီးထပ္ေမးေပမယ့္ ထိုအကိုက အသက္အနားကေန ထြက္သြားေတာ့သည္။ မေျပာျပခ်င္တာကို သိေပမယ့္၊ ေမြးေန႔ရွင္ဆိုတဲ့ သူက ေန,မွန္း မေသခ်ာေပမယ့္၊ ဘာေၾကာင့္မွန္းလည္း မသိေပမယ့္ အသက္မွာ ေတြ႕ခ်င္၊ျမင္ခ်င္ေနသည္။
တစ္ျခားေန႔ေတြထက္ ဒီေန႔မွာ ေန႔,ကိုပိုၿပီးျမင္ခ်င္သည္။ မိသားစုနဲ႔အေဝးမွာ သူငယ္ခ်င္းေတြနဲ႔ ေမြးေန႔ပြဲက်င္းပေနသည့္ ေန႔ပုံစံကို ျမင္ခ်င္လြန္းလွသည္။ ေန,တစ္ေယာက္ ေပ်ာ္ေနမွာလားဆိုတာကို ေတြးမိၿပီး...သီသန္႔ဆန္လြန္းတဲ့ လူေတြေျပာျပတဲ့ ေန႔ပုံစံေၾကာင့္ ဒီကေန႔မွာ အထီးက်န္စြာရွိေနမည္ကို အသက္တကယ္ပဲမလိုလားပါ။
ဘယ္သူမွမရွိရင္ေတာင္ ဒီေန႔ေလးမွာ အသက္တစ္ေယာက္ပဲျဖစ္ျဖစ္ေတာ့ ေန႔,ေဘးနားေလးမွာ ရွိေနေပးခ်င္သည္။
"ဘာျဖစ္လို႔လဲ အသက္၊ အသိလား...."
ထြက္သြားၿပီျဖစ္တဲ့ Waiterကို လက္ညႇိဳးထိုးျပၿပီး ေမးလာသည့္ သက္ပိုင္၏စကားကို ေခါင္းရမ္းျပလိုက္ၿပီး...
"လာေလ သြားရေအာင္" ဟု ဆိုကာ သက္ပိုင္လက္ကိုဆြဲၿပီး သက္လ်ာတို႔ထံျပန္ၿပီသြားလိုက္သည္။
"ဒါနဲ႔ အသက္၊ နင္တို႔တီခ်ယ္ ေနျခည္ဆိုတဲ့တစ္ေယာက္နဲ႔ေတြ႕ျဖစ္ရင္ ေျပာေပးစမ္းပါ။ သူ႔အေဒၚနဲ႔ဆက္သြယ္လို႔ရမယ့္ဟာ တစ္ခုခုေပးဦးလို႔....၊ ၾကားထဲ အဆက္အသြယ္ ျပတ္ခဲ့တာက အခုထိျပန္မခ်ိတ္ဆက္မိေသးဘူး..."
"ကိုကို႔ဆီမွာ ရွိမယ္ထင္တယ္...."
ေထြေလေလနဲ႔ အသက္ရဲ႕စကားအဆုံးမွာ သက္လ်ာက အသက္နဖူးကို ခပ္ဆတ္ဆတ္ေလးေတာက္လာသည္။ နဖူးမွ စပ္ဖ်င္းဖ်င္းေဝဒနာေၾကာင့္ သက္လ်ာဆီကို မေက်မနပ္ျဖင့္ၾကည့္လိုက္သည္။
ထိုအခါ သက္လ်ာက သြားတန္းေလးေတြေပၚသည္အထိ သေဘာတက်ျဖစ္သြားၿပီး...
"အေဖကို ဘာကိုကိုလဲ..." ဟု ဆိုလာသည္။
ထိုစကားေၾကာင့္ အသက္ဘက္က ႏွာေခါင္းသာခ်ဳံ႕ျပလိုက္ေတာ့သည္။ ငယ္ငယ္တည္းက အေဖဆိုတာထက္ ကိုကိုလို႔ ေခၚခ်င္ခဲ့သူကို ရင္းႏွီးတဲ့သူေတြေရွ႕မွာ ကိုကိုလို႔သာ သုံးျဖစ္သည္။ အေဖဆိုေသာ နာမ္စားထက္ ကိုကိုဆိုေသာ နာမ္စားကိုသုံးရသည္က ပိုလို႔အဆင္ေခ်ာသည္ဟု ခံစားရသည္။
ဒါကို သိလ်က္နဲ႔ တမင္ဆရာလုပ္တဲ့ သက္လ်ာကိုယ္တိုင္ကလည္း ၿပဳံးလို႔ပါပဲ။ တကယ္ေတာ့ အေဖဆိုတာထက္ ကိုကိုလို႔ေခၚတာကို သက္လ်ာသည္လည္း သေဘာက်ခဲ့တာပါ။ ဖြားဖြားအပါအဝင္ သပ္လ်ာတို႔သည္ အသက္၏အေဖကို အသက္ႏႈတ္မွ ကိုကိုလို႔ ေခၚထြက္မိသြားတိုင္း ၿပဳံးသြားတတ္သည္ကို အသက္ငယ္ငယ္ထဲက သတိထားမိခဲ့သည္။
ေသခ်ာေပါက္ သူတို႔ကိုယ္တိုင္လည္း အသက္၏ ဤသို႔အေခၚအေဝၚကို သေဘာက်ခဲ့သည္။
"ေရကူးကန္ဘက္ကို သြားၾကည့္ရေအာင္ အသက္..."
အေဖာ္စပ္လာသူက သက္ပိုင္ျဖစ္ေနသည္ေၾကာင့္ အသက္မွာအံ့ၾသရသည္။ နဂိုထဲက ေရေၾကာက္သူသည္ ေရတြင္း၊ေရကန္မ်ားႏွင့္အေဝးဆုံးမွာ ေနထိုင္ခဲ့သူျဖစ္ရာ ယခုအခါဤသို႔အေျပာက...
"မအံ့ၾသပါနဲ႔ အသက္ရာ၊ သီတာေျပာျပလို႔ ဒီကေရကူးကန္က ရွယ္မိုက္တာဆိုလို႔ပါ။ မသြားရင္လည္းရပါတယ္....ဒီတိုင္းႀကီးထိုင္ေနရတာ ပ်င္းစရာေကာင္းလားလို႔ေလ...."
အသက္စိတ္ထဲမွ ေမးခြန္းမ်ားကို သိသည့္အလား သက္ပိုင္၏ အေျဖမ်ားမွာ ကြက္တိက်လြန္းေနသည္။ အသက္မွာ သြားခ်င္၊မသြားခ်င္ဆိုတာထက္ သြားမလားလို႔ေမးလွ်င္ ေမးလာသူ၏ဆႏၵကိုအကဲခတ္ကာ လိုက္ေလ်ာခဲ့သည့္ ထုံးစံအတိုင္းပဲ...
"သြားမယ္ေလ..." ဟုသာ ေျဖမိသည္။
"ဒီကပဲ ထိုင္ေစာင့္ေနမယ္၊ မင္းတို႔ပဲ သြားၾက"
သတင္းစာဖတ္ကာ က်န္ရစ္ခဲ့မည့္ဟု ေျပာေသာ သက္လ်ာကိုထားရစ္ခဲ့ၿပီး အသက္တို႔သုံးေယာက္သား အားႀကိဳးမာန္တက္ျဖင့္ ဟိုတယ္၏ အေနာက္ဘက္သို႔ ခ်ိဳးေကြ႕ခဲ့ေသာျငား..မွန္တံခါးကိုျဖတ္ေက်ာ္မည္လုပ္ဆဲကာလမွာပင္
",ဝင္လို႔မရပါဘူး အကိုေလးတို႔၊ အမေလးတို႔။
ဒီေန႔က ဒီေနရာကိုငွားထားတဲ့သူ ရွိေနလို႔ပါ...."
"အရင္က အဲ့လိုမ်ိဳးမရွိပါဘူး။"
တံခါးေစာင့္ အကို၏ အေျပာကို ေမးခြန္းထုတ္လာေသာ သီတာ့ဆီကို လွည့္ၾကည့္ၿပီး အသက္မွာရယ္ခ်င္လာသည္။ အသက္တင္မဟုတ္ပဲ သက္ပိုင္ကပါ ရယ္ခ်င္ပက္က်ိအေနအထားမ်ိဳးျဖစ္သြားသည္။
အိန္ဂ်ယ္ (အိမ္က်ယ္)ဟု အမည္ေမးထားရေသာ သီတာသည္ လူအမ်ားႏွင့္ေျပာဆိုရာတြင္ မထုံတတ္ေတးျဖင့္ ဖာသိဖာသာေနထိုင္တတ္သည္။ ယခုအခါမွာ တစ္ဖက္လူကို ပက္ခနဲျပန္ေမးလို႔ေနသည္က ေရကူးကန္ဆီ အင္မတန္သြားခ်င္ေနေၾကာင္း ထင္သာေစသည္။
"ဟုတ္ပါတယ္ မမေလး။ ဒီေန႔က ေရကူးကန္ဧရိယာမွာ ေမြးေန႔ပြဲက်င္းပေနလို႔ပါ။ "
"အဲ့လိုဆို မတတ္ႏိုင္ဘူးေပါ့။ ေနာက္တစ္ေခါက္မွပဲ သြားရေတာ့မယ္..."
စိတ္ပ်က္အားေလ်ာ့သံႏွင့္ သီတာ့စကားကို သက္ပိုင္က ေခါင္းၿငိမ့္ေသာ္လည္း အသက္ကေတာ့ ဘာမွမဆိုမိေသး။ ေရကူးကန္ဧရိယာမွာ ေမြးေန႔ပြဲက်င္းပေနသည္ဟူေသာ စကားကိုပဲ အထပ္ထပ္ၾကားေယာင္လို႔ေနသည္။
"သြားမယ္ေလ..."
သီတာက လက္ေမာင္းကိုဆြဲလို႔ ၾကည့္လိုက္မိမွ သက္ပိုင္ပင္လွ်င္ အသက္တို႔ဆီမွ အတန္သင့္အလွမ္းေဝးေနၿပီျဖစ္သည္။ ေရကူးကန္ဧရိယာသို႔ မည္သို႔ဝင္သြားရမည္ကို ေတြးရင္း ပတ္ဝန္းက်င္ကို လ်စ္လ်ဴရႈမိတာျဖစ္၏။
"ခဏ သီတာ။ အသက္ toiletသြားဦးမယ္"
ေျပာၿပီး သီတာ့အနားကေန ထြက္လာခဲ့လိုက္သည္က အကြယ္ေနရာအေရာက္တြင္ ေခတၱမွပုန္းကြယ္ေနလိုက္ၿပီး အေျခအေနကို အကဲခတ္ၾကည့္ေနမိသည္။ သီတာထြက္သြားသည့္တိုင္ အေစာင့္ရွိေနေသးသည္မို႔ အသက္မွာ ထြက္လာလို႔မရေသးပဲျဖစ္ေနသည္။
ေနာက္ဆုံးဘယ္လိုမွ မတတ္ႏိုင္ပဲ အသက္ေ႐ြးခ်ယ္လိုက္သည့္နည္းလမ္းက....
"ေမြးေန႔ရွင္ ေနျခည္ကဖိတ္ထားလို႔ပါ။ ေနကေျပာတယ္...ဒီကိုေရာက္လာရင္ အထဲကိုဝင္လာခဲ့ဖို႔"
ေမြးေန႔ရွင္သည္ ေနမွန္းမေသခ်ာေသာ္လည္း အသက္အရဲစြန္႔လိုက္သည္။ ဒါဟာ ဒီေန႔အတြက္တင္မဟုတ္ပဲ အသက္ဘဝတစ္ေလွ်ာက္ တစ္ခါမွမလုပ္ခဲ့ဘူးသည့္ မ႐ိုးသားျခင္းေတြ၊ စြန္႔စားျခင္းေတြ ေနာက္ဆုံး တုန္လႈပ္စရာေတြအထိပါ လုပ္မိေနသည္။
"ဒါဆို ဝင္သြားပါ..."
အထဲကို အရင္ဝင္သြားၿပီးမွပဲ အသက္ရင္ထဲမွာတစ္စို႔ေနသည့္ စိုးရိမ္ပူပန္မႈလႈိင္းလုံးႀကီးက ေလ်ာက်သြားသလိုပင္။
ေရကူးကန္ ဧရိယာတြင္ သီခ်င္းသံတို႔က က်ယ္ေလာင္စြာ ဖြင့္ထားေသာ္လည္း အသာအယာ ေျခလွမ္းမ်ားျဖင့္သာ ေလွ်ာက္သြားမိသည္။ သီခ်င္းသံေတြၾကားတြင္ ကခုန္ေပ်ာ္ျမဴးေနၾကေသာ လူအမ်ားအျပား၏အလယ္တြင္ လွပစြာရွိေနမည့္ ေန႔အၿပဳံးလွလွေလးကို ေမွ်ာ္လင့္ထားသည္။
ေန ၿပဳံးလိုက္ရင္ အရမ္းက်က္သေရရွိၿပီး အရမ္းလွတာ။
တစ္လွမ္း၊ ႏွစ္လွမ္း၊ သုံးလွမ္း.......... ေျခလွမ္းေတြက သိသိသာသာႏွင့္ ေရကူးကန္နံေဘး အေတာ္အတန္အထိ ေရာက္ေနၿပီျဖစ္ေသာ္လည္း ယခုအခ်ိန္အထိ သီခ်င္းသံမွအပ လူအရိပ္အေယာင္ တစ္ခုကိုမွ မေတြ႕ရေသး။
"အ....."
မွိန္ျပျပ အလင္းေရာင္ေအာက္သို႔ေရာက္လာၿပီမို႔ သတိထားၿပီးေလွ်ာက္ေနေသာ္လည္း ႏူးညံ့အိစက္လြန္းေသာအရာတစ္ခုႏွင့္ တိုက္မိသြားၿပီး ထိုအနီးမွdream bedေပၚသို႔ လဲက်သြားသည္။
ထိကိုင္မိလိုက္သည့္ အသားအရည္မ်ားက အိစက္လို႔ေနၿပီး ေအးျမမႈကိုေပးစြမ္းေနသည္မို႔ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ အသက္ရဲ႕ ေအာက္မွာရွိေနသည့္ ေနဟာ.....
"အိုးး......"
မ်က္လုံးေတြကို အတင္းျပန္မွိတ္လိုက္သည့္တိုင္ ျမင္ကြင္းေတြထဲမွာ စိုးမိုးထားသည့္ ေနရဲ႕ အသားအရည္ႏွင့္ အေပၚပိုင္းဖြဲ႕စည္းပုံတြင္ ေနရာယူထားေသာ ၾကည္ျပာေရာင္ Barအေပၚမွ ႏွင္းဆီပြင့္ေသးေသးေလးမ်ား၊ Sleeping Maskအျဖဴေရာင္၏ ေအာက္တြင္ရွိေနေသာ ႏွာတံဆင္းဆင္းႏွင့္ နီညိဳေရာင္ ႏႈတ္ခမ္းအစုံဟာလည္း အသက္ရင္ကို တုန္ခါေစသည္။
ထိုအေတြးမ်ားႏွင့္ ရွက္လုဆဲဆဲျဖစ္ေနခ်ိန္မွာ နားထဲတိုးဝင္လာသည့္ ရယ္သံသဲ့သဲ့ေၾကာင့္ ရွက္ရွက္နဲ႔ပဲရင္ခြင္ထဲတိုးဝင္လိုက္ၿပီး လက္မ်ားကလည္း ေန႔ရဲ႕ခါးက်င္က်င္ေတြဆီမွာ ကိုင္တြယ္လို႔ထားမိသည္။
ဒီလို ေန႔ ပခုံးေတြဆီမွာ ေခါင္းခ်ထားရင္း ေန႔ရဲ႕ႏူးညံ့မႈေတြကို အသာအယာခံစားၾကည့္ေနရင္းမွ....
"Happy birthday ပါေနာ္ ေန....."
ဒီေန႔မွာ အသံျဖင့္ၾကားရသည့္ ေမြးေန႔ဆုေတာင္းစကားက ကေလးမေလးဆီက ျဖစ္ေနသည္။ ႏွလုံးသားထဲက ဆႏၵမ်ားအတိုင္းတင္းက်ပ္လို႔ဖက္တြယ္ထားလိုက္ေတာ့ ကေလးမေလးက သူမထံသို႔ေမာ့ၾကည့္လာသည္။
အၾကည့္ေတြမွာ ရစ္သိုင္းေနသည့္ သေဘာထားတို႔ကို လ်စ္လ်ဴရႈထားၿပီး ကေလးမေလးကို ေအာက္သို႔ပို႔ၿပီး ႏႈတ္ခမ္းေလးကိုနမ္းၿခိဳက္ကာ ေမြးေန႔လက္ေဆာင္ကို ယူမိသည္။
ထိုသို႔နမ္းရႈိက္ေနရင္းမွ ဦးေဆာင္သူကေျပာင္းလဲသြားသည္။ သူမရဲ႕ ပါးျပင္ေတြကို လက္ဖဝါးႏုႏုေလးႏွင့္ ထိေတြ႕ထားၿပီး သူမရဲ႕ႏႈတ္ခမ္းေတြကို နမ္းရႈိက္ဖို႔ႀကိဳးစားသူကို အခြင့္ေပးလိုက္သည္။ ထိုႏွင့္တၿပိဳင္နက္ အထက္ႏႈတ္ခမ္း၊ ေအာက္ႏႈတ္ခမ္း အလွည့္က် ထိေတြ႕ေပးသူေၾကာင့္ သူမ ရင္ခုန္သံေတြက ျမန္ဆန္လာရသည္။
ရင္ခုန္သံေတြ ျမန္လာရာကေန ၾကာလာေတာ့ ရပ္လုနီးပါးျဖစ္သြားၿပီး သူမဘက္ကပဲ အနမ္းေတြကို ရပ္တန္႔သြားေစဖို႔ ကေလးမေလးရဲ႕အေပၚမွာအုပ္မိုးထားရာကေန ထ,ရပ္လိုက္ရသည္။
"ကေလး....."
သူမခႏၶာကိုယ္ထ,သြားၿပီး ခ်က္ခ်င္းမွာလဲ ေအာက္တြင္ဖ႐ိုဖရဲ ျဖစ္ေနေသာ ကေလးမေလးကလည္း အေစာက ဦးေဆာင္နမ္းရႈိက္ခဲ့တာ သူ,မဟုတ္သည့္အတိုင္း ေနရာကေန ခ်က္ခ်င္းပဲ ေျပးထြက္သြားေတာ့သည္။