Other Side Of Love (Complete)
By May_Soe1
147K 8.5K 189
အရာရာမှာတဇွတ်ထိုးလုပ်တတ်ပြီးမိဘအရှိန်အဝါနဲ့လိုချင်တာကိုမရရအောင်ယူတတ်တဲ့ဝမ်အိမ်တော်ရဲ့သားအငယ်ဆုံး Dominant Alp... More
OSOL 1 {U+Z}
OSOL 3 {U+Z}
OSOL 4 {U+Z}
OSOL 5 {U+Z}
OSOL 6 {U+Z}
OSOL 7 {U+Z}
OSOL 8 {U+Z}
OSOL 9 {U+Z}
OSOL10 {U+Z}🚫🚨🚨
OSOL 11 {U+Z}
OSOL 12 {U+Z}
OSOL 13 {U+Z}
🚨OSOL 14{U+Z}🚨
OSOL 15 {U+Z}
OSOL 16 {U+Z}
OSOL 17 {U+Z}
OSOL 18 {U+Z}
OSOL 19 {U+Z}
OSOL 20 {U+Z}
OSOL 21 {U+Z}
OSOL 22 {U+Z}
OSOL 23 {U+Z}
OSOL 24 {U+Z}
OSOL 25 {U+Z}
OSOL 26 {U+Z}
OSOL 27{U+Z}
🚨OSOL 28🚨{U+Z}
OSOL 29 {U+Z}
OSOL 30 {U+Z}Final
OSOL 2 {U+Z}
7K 461 5
By May_Soe1
Unicode
ရိပေါ်ဒီနေ့တော့ဘယ်မှမသွားရဘဲအိမ်မှာဘဲနေနေရသည်။
အကြောင်းကတော့ဒီနေ့ကမားMedical Check Upလုပ်ရမည့်နေ့ဖြစ်သည်။
မားကဒယ်ဒီဆုံးပြီးထဲကကျန်းမာရေးသိပ်မကောင်း။
ဒါကြောင့်တစ်လတစ်ခါမားကိုဆေးရုံမှာMedical check up လုပ်ပေးနေကြဖြစ်တယ်။အရင်ဆိုကျဲနဲ့အမြဲသွားပေမဲ့ဒီနေ့ကတော့ကျဲကအရေးကြီးMeetingရှိနေတာကြောင့်သူကမားနဲ့လိုက်ပေးရမည်ဖြစ်တယ်။
ရိပေါ်ကားပေါ်မှာမားကိုစောင့်နေတုန်းဝင်လာတဲ့ဖုန်းကြောင့်ကြည့်လိုက်တော့ဟောက်ရွှမ်းသူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဆိုလည်းဟုတ်သည်။
"Hello ဟေ့ကောင်ဘာလဲပြော"
"ဟ ရိပေါ် လေသံကမာလိုက်ချည်လားကွ မင်းဒီနေ့ငါတို့နဲ့ချိန်းထားပြီးမေ့နေတာလား"
ရိပေါ် ဟောက်ရွှမ်းရဲ့အပြောကြောင့်သူမနေ့ကချိန်းခဲ့တာကိုသတိရသွားမိသည်။
သူကျစ် စုပ်လိုက်ကာမလာနိုင်တဲ့အကြောင်းကိုဆက်ပြောလိုက်သည်။
"ဟာ ကျစ် ဟုတ်သားဘဲငါမေ့သွားတာ
ဒါပေမယ့်ငါအခုတော့မအားသေးဘူး။မားကိုဆေးရုံလိုက်ပို့ပေးရမှာမလို့ညမှတွေ့ကျမယ်ဟေ့ကောင်"
"ကောင်းပြီလေ အဲ့ဒါဆိုလည်းညမှပေါ့
အဲ့ဆိုဒါဘဲဟေ့ကောင်ညကျရင်သွားနေကျClubဘဲနော် bye"
ဟောက်ရွှမ်းနဲ့ဖုန်းပြောပြီးတာနဲ့မားက ကားပေါ်တတ်လာတာကြောင့်
"သွားတော့မယ်နော်မား"
"အွန်း သား သွားနေကြ‌ဆေးရုံကိုဘဲ"
"ဟုတ် မား"
ရိပေါ်လည်းဆေးရုံရှေ့ရောက်တာနဲ့ကားကိုစက်သပ်လိုက်ကာ
"မား အရင်ဆင်းနှင့်လိုက် ကျွန်တော် car parking မှာကားသွားထားလိုက်ဦးမယ်"
"ဟုတ်ပြီသားအဲ့ဆိုမားသွားနှင့်မယ်"
ရိပေါ် ကားပေါ်က‌နေ မားဆင်းပြီးဆေးရုံထဲဝင်သွားတာနဲ့ကားကိုparking ဆီမောင်းလိုက်တော့သည်။
ရိပေါ် ကားရပ်ပြီးဆေးရုံထဲဝင်လာတော့မားကစစ်ဆေးမယ့်အခန်းထဲဝင်ရောက်နေပြီဖြစ်သည်။
သူလည်းအထဲထိလိုက်မဝင်ချင်တာကြောင့်အပြင်မှာသာဂိမ်းဆော့ရင်းစောင့်နေလိုက်သည်။သူထိုင်စောင့်နေရင်းဆေးလိပ်သောက်ချင်လာတာကြောင့်ခေါင်မိုးထပ်ကိုသွားဖို့ဘဲဆုံးဖြတ်လိုက်သည်။
ရိပေါ် ခေါင်မိုးထပ်ရောက်တော့ဘယ်သူမှမတွေ့တာနဲ့ဆေးလိပ်ထုပ်ပြီးမီးညှိလိုက်သည်။
ဒါပေမဲ့သူဆေးလိပ်မသောက်မိခင်မှာတင်သူ့ဆေးလိပ်ကိုလက်ဖြူဖြူလေးတစ်ဖက်ကဆွဲယူလိုက်သည်။
ရိပေါ် လည်းစိတ်ထဲထောင်းခနဲဖြစ်သွားကာလက်ပိုင်ရှင်ကိုမျက်မှောင်ကျုံ့လို့ကြည့်လိုက်မိသည်။
ဒါပေမယ့်စတွေ့မိတဲ့မျက်ဝန်းလေး
မျက်တောင်စိပ်စိပ်လေးတွေနှင့်အညိုရောင်မျက်ဝန်းလေးတွေ‌
ဒေါသထွက်နေမှုကြောင့်တည်တင်းနေတဲ့မျက်နှာနုနုလေး
ဒီလူကတကယ်အလှလေးဘဲ။
ခန္ဓာကိုယ်အရွယ်အစားကြည့်ရတာomegaတစ်ယောက်ဖြစ်ပုံရသော်လည်းသူ့ရဲ့အကြည့်တွေကစူးရှပြီးအသက်ဝင်နေတယ်။
ရိပေါ် သူ့ရဲ့အတွေးတွေကိုပိုသေချာသွားအောင်သူ့ရှေ့ကomegaလေးကိုဆွဲဖက်လိုက်ပြီးအနံ့ ဂလင်းကိုနမ်းကြည့်လိုက်တယ်။
သူ့ရဲ့လုပ်ရက်ကိုမထင်ထားစွာမျက်လုံးလေးပြူးလို့လန့်သွားပုံရပြီးရုန်းနေတာကြောင့်ရုန်းလို့မရအောင်ချုပ်လိုက်ပြီးနှုတ်ခမ်းနဲ့ထိကပ်နမ်းရှိုက်လိုက်သည်။
မွှေးလိုက်တာနို့နံသင်းသင်းလေးကိုမှချယ်ရီပန်းနံ့နဲ့ရောစပ်ထားတဲ့အနံ့လေး။
အဲ့ဒီ့အချိန်မှာဘဲသူသတ်မှတ်ခဲ့တာဒီomega လေးကသူ့အပိုင်။
သူတစ်ယောက်ထဲရဲ့အပိုင်။
သူ့အတွေးမဆုံးခင်သူ့ပါးပေါ်ကျရောက်လာတဲ့လက်သီးတစ်ချက်။
လူလေးလှသလောက်ဒေါသကလည်းကြီးလိုက်တာ။
<<<<<<<<>>>>>>>>>
ရှောင်းကျန့် ဒီနေ့မနက်ထဲကအားနေရသည်။အကြောင်းကတော့ဒီဆေးရုံရဲ့ပိုင်ရှင်ဖြစ်သူ V VIPဆိုတဲ့လူလာမှာကြောင့်သူ့ရဲ့အချိန်စာရင်းတွေကိုလွှတ်ထားရတယ်။
အရင်တုန်းကလည်းလတိုင်းကျန်းမာရေးအခြေအနေကိုလာစစ်နေကြ‌ဖြစ်ပေမယ့်
ဆရာရှဲ့ကသာတာဝန်ယူစစ်ဆေးပေးခဲ့တာ။
ဒီတစ်ခါတော့ဆရာကMawscoကကျန်းမာရေးအစည်းအဝေးပွဲကိုသွားတဲ့အတွက်ကြောင့်အဲ့ဒီ့တာဝန်ကဆရာအယုံကြည်ဆုံးဖြစ်တဲ့သူ့အပေါ်ကျ‌
ရောက်လာခဲ့တယ်။
မနက်ထဲကသခင်မကြီးအလာကိုစောင့်နေရကာဘာမှလည်းမလုပ်ရတာကြောင့်သူတကယ်ပျင်းနေရပါသည်။
သူစောင့်ရင်းပျင်းလာတာကြောင့်လေကောင်းလေသန့်ရှုရန်ခေါင်မိုးထပ်ကိုခဏတက်လာခဲ့တယ်။
ချမ်းသာတဲ့လူတွေများကောင်းလိုက်တာဆေးစစ်ဖို့တောင်ဆရာဝန်ကလူနာကိုပြန်စောင့်ပေးနေရတယ်။
ပိုက်ဆံမရှိတဲ့လူတွေကြတော့လည်းဆေးရုံမှာဆေးကုဖို့မပြောနဲ့ဆေးရုံဝန်းထဲတောင်ဝင်ခွင့်မရကြဘူး။ဝင်ခွင့်ရပြန်တော့လည်းကိုယ့်အလှည့်ရောက်ဖို့အလှည့်ကြစောင့်ရပြန်တယ်။
ဒီကြားထဲပိုက်ဆံရှိတဲ့လူတွေရဲ့အလှည့်ကျော်မှုအနိုင်ယူမှုကိုလည်းခံရပြန်တယ်။ဆရာဝန်တွေရဲ့ခွဲခြားဆက်ဆံမှုကိုလည်းခံရပြန်တယ်။
ဟူးးး
ပိုက်ဆံမရှိတဲ့ဘဝကတကယ်မလွယ်ပါဘူး။သူလည်းအရင်ကအဲ့လိုတွေခံစားခဲ့ရတယ်။ဒါပေမဲ့အခုတော့သူ့ဘဝလေးနည်းနည်းတော့အေးချမ်းလာပြီလို့ထင်တယ်။
သူတွေးရင်းနဲ့လျှောက်လာတာခေါင်မိုးထပ်ကိုရောက်လာပြီဖြစ်တယ်။ဒါပေမဲ့ခေါင်မိုးထပ်ကိုရောက်တာနဲ့သူ့မျက်စိထဲဝင်လာတာကဆေးလိပ်သောက်ဖို့လုပ်နေတဲ့လူဘဲ
ဒီလူဘာလဲဆေးရုံရောက်နေတာတောင်မထိန်းသိမ်းနိုင်တော့ဘူးလား။
စိတ်ထက်လက်ကမြန်ကာထိုလူ့ဆီမှ
ဆေးလိပ်ကိုဖြတ်လုလိုက်တော့သည်။
ဒါပေမဲ့အဲ့လူကသူ့ကိုဆွဲဖက်ပြီးသူ့အနံဂလင်းကိုလာနမ်းမယ်လို့ဘယ်သူကထင်မှာလဲ။
သူ့ကိုရုန်းမရအောင်ချုပ်နှောင်ကာနှုတ်ခမ်းနဲ့ထိကပ်နမ်းလာတာကြောင့်သူ့ရင်ထဲမှတစ်စုံတစ်ခုကပြင်းထန်စွာခုန်ပေါက်လာခဲ့သည်။
သူထိတ်လန့်စွာနဲ့အတင်းရုန်းထွက်လိုက်ကာထိုလူ့ရဲ့မျက်နှာကိုထိုးလိုက်တော့သည်။
ဒါပေမဲ့သူ့ကိုစိတ်မဆိုးတဲ့အပြင်မျက်လုံးထဲကအသည်းပုံတွေထွက်လာသလိုကြည့်နေတဲ့သူကြောင့်သူတော်တော်ဒေါသထွက်မိတယ်။
ဒီလူကနှာဘူးလား?ဒါမှမဟုတ်psychoကောင်လား?
..............
ရိပေါ် သူ့ရှေ့ကomegaအလှလေးကသူ့ကိုထိုးလိုက်ပေမဲ့သူ့စိတ်ထဲဒေါသမထွက်မိဘဲဒီomegaလေးကိုပိုလို့သာသဘောကျလာမိတယ်။
သူ့ကိုယ်သူလည်းအံသြမိတယ်။သူတော်တော်ဖြစ်နေတာဘဲ။
ရိပေါ် သူ့ကိုဒေါသတွေနဲ့ကြည့်နေတဲ့omegaလေးကိုစပြီးနှုတ်ဆက်လိုက်တယ်။
"ဟိုင်းးး မင်းကဒီဆေးရုံကဆရာဝန်လား"
ရှောင်းကျန့် သူ့ရှေ့ကနှာဘူးpsychoကောင်ကိုတော်တော်အံသြမိတယ်။အခုလေးတင်သူ့ကိုဆွဲလားရမ်းလားလုပ်ပြီးအခုသူ့ကိုလာနှုတ်ဆက်နေတာလား။
သူလည်းသူ့ကိုလာနှုတ်ဆက်နေတဲ့သူကိုမျက်မှောင်ကြုံ့လို့မကြည်ကြည့်လိုက်ကာ
"ဒီမှာခင်ဗျားရောက်နေတာဆေးရုံမှာပါဘယ်လောက်ဘဲခေါင်မိုးထပ်မှာဖြစ်ဖြစ်တစ်ခါတစ်လေကျရင်ဒီမှာလည်းလူနာတွေရှိတတ်ပါတယ်ဆေးရုံမှာဆေးလိပ်သောက်တာတော့မလုပ်သင့်ပါဘူး။
သောက်ချင်ရင်အိမ်ပြန်သောက်ပါ"
"ဟုတ်ပါပြီ အလှလေးရယ်ကိုယ်ဆေးလိပ်မသောက်တော့ပါဘူး။ဒါပေမဲ့မင်းနဲ့ကိုယ်ရင်းနှီးလို့ရမလားဟင်...."
ရိပေါ် သူပြောတာကိုစိတ်ပျက်သလိုသူ့ကိုအရူးလားဆိုတဲ့ပုံစံနဲ့မျက်‌မှောင်ကြုံ့လို့ကြည့်နေတဲ့အလှလေးကြောင့် ဟက်ခနဲတစ်ချက်ရယ်လိုက်ကာသူ့ရှေ့ရှိomegaလေးကိုထပ်မံချုပ်နှောင်လိုက်ကာဒေါသကြောင့်နီနေတဲ့နားရွက်ဖျားလေးကိုတစ်ချက်ကိုက်လိုက်ကာ
"လောင်ဖော...…"
ရှောင်းကျန့် သူ့ရှေ့ရှိသူပြောတာကိုအရေးမစိုက်ဘဲပြောချင်တာပြောနေတဲ့သူကိုစိတ်ပျက်သလိုကြည့်မိနေတုန်းမှာသူ့ကိုနောက်တစ်ခါဆွဲဖက်လိုက်ပြန်တဲ့ထိုလူ။
တခြားသူနဲ့ဆိုသူဟာသာမန်အားအင်ရှိပါရဲ့ထိုသူနဲ့ဆိုရင်သူဟာအားနွဲ့သူတစ်ယောက်လိုခံစားလာရသည်။
သူအားကုန်ရုန်းထွက်နေပေမယ့်ထိုသူရဲ့အားကိုတော့သူတကယ်မယှဉ်နိုင်။
သူရုန်းနေတုန်းမှာဘဲသူ့ရဲ့နားထဲဝင်လာတဲ့သြရှရှအသံကြောင့်ရင်ဘတ်ထဲကတစ်ချက်လှုပ်ခတ်သွားမိပြန်တယ်။ဒါပေမဲ့သူ့စိတ်သူပြန်ထိန်းလိုက်ပြီးထိုသူရဲ့ရင်ခွင်ထဲမှသာရအောင်ရုန်းထွက်နေမိသည်။
ရိပေါ် သူ့ရင်ခွင်ထဲကနေအတင်းရုန်းထွက်နေတဲ့သူလေးကိုသနားလာမိတာကြောင့်လွှတ်ပေးလိုက်တော့သည်။
ရှောင်းကျန့် သူ့ကိုလွှတ်ပေးလိုက်တဲ့ထိုသူကိုထပ်မံစကားပြောမည်ပြုတဲ့အချိန်မှာဘဲသူ့ဖုန်းကအသံမြည်လာခဲ့သည်။
**
သူကိုင်လိုက်တော့ကျိုးချန်ရဲ့အသံဆိုးကြီးကိုကြားလိုက်ရသည်။
"ဟေ့ကောင် ရှောင်းကျန့် မင်းအခုဘယ်မှာလဲဒီမှာ V VIPရောက်နေပြီကွမင်းကိုပြန်‌စောင့်နေရတယ်။"
"ဟုတ်ပြီ ဟုတ်ပြီငါလာခဲ့မယ်"
ရှောင်းကျန့် V VIPရောက်နေပြီဆိုတာကြောင့်စိတ်ကိုလျှော့လိုက်ကာ
အခုထိသူ့ကိုနှာဘူးအကြည့်နဲ့ကြည့်နေတဲ့လူရဲ့ခြေထောက်ကိုအားကုန်တက်နင်းခဲ့လိုက်ပြီးပြေးရတော့သည်။
သူစစ်ဆေးပေးရမည့်အခန်းထဲရောက်တော့ထိုင်ခုံမှာထိုင်နေတဲ့သခင်မကြီးကိုတွေ့လိုက်ရတယ်။
အွန်းးးအသက်သာကြီးတယ်အရွယ်တင်လိုက်တာ။ချမ်းသာတဲ့လူတွေကြတော့လဲ။
"တောင်းပန်ပါတယ်ဗျကျွန်တော် သခင်မကြီးမရောက်သေးဘူးထင်လို့ ခဏအပြင်ထွက်သွားမိတာပါ"
သူတောင်းပန်စကားပြောလိုက်တော့ဝသခင်မကြီးဆိုသူကသူ့ကိုပြုံးပြလာပြီး
"မလိုပါဘူးဒေါက်တာလေး သခင်မကြီးကိုယ်တိုင်ကနောက်ကျမိတာပါ"
"ဗျာ အာ ဟုတ် ဟုတ်ကဲ့"
ရှောင်းကျန့် လည်းအနည်းဆုံးတော့အဆူအပြောခံရမယ်ထင်ထားသော်လည်းအခုလိုချိုချိုသာသာပြန်ပြောလာတာကြောင့်နည်းနည်းတော့ကြောင်အသွားမိတယ်။
ဒါကြောင့်သူစကားလမ်းကြောင်းလွှဲလိုက်ကာ
"အဲ့ဒါဆိုသခင်မကြီးစစ်ဆေးမှုတွေလုပ်တော့မလားဗျ"
"ကောင်းပါပြီ."
၁နာရီခန့်အကြာ
"သခင်မကြီးရဲ့ကျန်းမာရေးကကောင်းပါတယ်။နှလုံးကလည်းတော်တော်သက်သာနေပါပြီ။သခင်မကြီးကနောင်နှစ်တွေအများကြီးနေသွားရဦးမှာပါ"
"ကောင်းပါပြီ ကျေးဇူးပါဒေါက်တာလေးအခုလိုစိတ်ရှည်ရှည်နဲ့စစ်ဆေးပေးတဲ့အတွက်"
"ဗျာ မလိုပါဘူးဗျာသခင်မကြီးကဒီဆေးရုံရဲ့ပိုင်ရှင်ဘဲဟာကိုကျေးဇူးတင်စရာမလိုပါဘူး"
"အဲ့လိုလည်းဘယ်ဟုတ်မလဲဒေါက်တာလေးရဲ့ကိုယ့်ရဲ့ကျန်းမာရေးကိုစောင့်ရှောက်ပေးနေတဲ့သူကိုကျေးဇူးတင်ရမှာပေါ့
နောက်တစ်ခါလာပြရင်လည်းဒေါက်တာလေးကစစ်ဆေးပေးမယ်မဟုတ်လားဟင်"
"ဗျာ အဲ့ အဲ့ဒါက"
"လုပ်ပါ ဒေါက်တာလေးရယ်"
"ဟုတ် ဟုတ်ကဲ့ပါသခင်မကြီး"
"ကဲ အဲ့ဒါဆိုသခင်မကြီးသွားတော့မယ်
နော်ဒေါက်တာလေး"
"ဟုတ်ကဲ့ လမ်းခရီးချောမွေ့ပါစေ"
သခင်မကြီးတစ်ဖြစ်လည်း
ဒေါ်ဝမ်ယွဲ့‌မေတစ်‌ယောက်အပြင်ကိုပြန်ထွက်လာတော့ဆေးရုံထဲမှာသားဖြစ်သူဝမ်လေး
ကိုမတွေ့တာကြောင့် car parkingကိုဘဲသွားလိုက်တော့သည်။
ဒါပေမဲ့ car parkingမှာ car ရဲ့back mirrorကိုကြည့်ပြီးပြုံးနေတဲ့ဝမ်လေးကြောင့်အံသြမိသွားပါသည်။
................
ရိပေါ် လည်းဖုန်းကိုင်ပြီးတာနဲ့သူ့ခြေထောက်ကိုတက်နင်းပြီးအလောတကြီးပြေးသွားတဲ့ဆရာဝန်လေးကိုကြည့်ပြီးရယ်လိုက်မိတော့သည်။
ခေါင်မိုးထပ်မှာခဏနေပြီးတာနဲ့car parkingမှာဘဲပြန်စောင့်လိုက်တော့သည်။ကားရဲ့back mirrorမှာထင်နေတဲ့သူ့မျက်နှာပေါ်ကဆရာဝန်လေးရဲ့လက်သီးရာလေးကိုကြည့်ပြီးရယ်နေမိပြန်တယ်။
သူကြည့်နေတုန်းမှာဘဲမားကရောက်လာပြီးဘာလို့ရယ်နေတာလဲဟု. အံဩသလိုမေးလာတာကြောင့်သူခေါင်းသာခါလိုက်မိတယ်။
ဒေါ်ဝမ်ယွဲ့‌မေ သူ့ရှေ့မှာရယ်နေတဲ့သား‌ဝမ်ကိုနားမလည်နိုင်သလို
သူမေးတော့လည်းရယ်ပြီးခေါင်းသာခါပြနေတာကိုလည်းနားမလည်တော့။
ရယ်လျက်နဲ့ပင်ကားပေါ်တက်သွားပြီးမောင်းသူနေရာဝင်ထိုင်လိုက်တာကြောင့်သူလည်းကားထဲဝင်လိုက်ရတော့သည်။
သား‌ဝမ်လေးကတော့လေသူကအခုတွေ့လာတဲ့omega ဒေါက်တာအလှလေးအကြောင်းပြောပြမလို့ဟာကိုသူကအဲ့ဒီ့မှိုရသလိုမျက်နှာဖြစ်နေတော့ဘယ်လိုပြောရမှာတုန်း။
တော်ပါပြီနောက်မှဘဲပြောပြတော့မယ်။
ကိုယ့်ဆေးရုံကဒေါက်တာလေးဘဲဟာအချိန်မရွေးလာကြည့်လို့ရပါတယ်။
.......
‌ရိ‌ပေါ်လည်းသူ့ကိုနားမလည်သလိုကြည့်လာတဲ့မားကိုလျစ်လျူရှုလိုက်ပြီးကားထဲသာဝင်လိုက်တော့သည်။
ဒါပေမဲ့သူ့ရဲ့ပြုံးနေတဲ့မျက်နှာကိုတော့အခုထိတည်လို့မရသေးပေ။
သူလည်းကိုယ့်ကိုကိုယ်အံ့ဩရပါတယ်။
အရင်ကဆိုတစ်နေ့တစ်ခါပြုံးဖို့တောင်မရှိခဲ့ဘူး။
ဒီနေ့တင်ဘဲသူဆရာဝန်အလှလေးကြောင့်ပြုံးရတာဘယ်နှစ်ခေါက်ရှိနေပြီလဲမသိ။
ပြုစားလိုက်တာဆရာဝန်လေးရာ........
>>>>>>>>>>>
TBC
Lovely May
Dec 23,2022(Fri) {Edit}
ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင့်💙💙
Zawgyi
"သွားတော့မယ်နော်မား"
"ဟုတ် မား"
ဒီလူကတကယ်အလှလေးဘဲ။
<<<<<<<<>>>>>>>>>
ရောက်လာခဲ့တယ်။
ဟူးးး
..............
"လောင်ဖော...…"
**
"ဗျာ အာ ဟုတ် ဟုတ်ကဲ့"
"ကောင်းပါပြီ."
၁နာရီခန့်အကြာ
"ဗျာ အဲ့ အဲ့ဒါက"
"လုပ်ပါ ဒေါက်တာလေးရယ်"
နော်ဒေါက်တာလေး"
................
.......
>>>>>>>>>>>
TBC
Lovely May
Dec 23,2022(Fri) {Edit}
Continue Reading
You'll Also Like
41.4K 2.9K 72
ဖတ်ကြည့်နော်😉😉
82.3K 20.3K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
79K 4.3K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
848K 123K 142
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190...