Forever Together (Completed)
By naykyarrrrr
353K 13.7K 577
အရာအားလုံးက ​ပြောင်းလဲ​နေတဲ့ နိယာမ တစ်ခုကို ကျ​နော် လက်ခံတယ် ဒါ​ပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်က​တော့... More
ဇာတ်​ကောင်မိတ်ဆက်
part 1(uni+zawgyi)
part 2 (Uni +Zawgyi)
Part 3( Uni+Zawgyi)
Part 4 ( Uni+Zawgyi)
Part 5(Uni+Zawgyi)
Part 6 (Uni+Zawgyi)
Part 7 (Uni+Zawgyi)
Part 8 (Uni+Zawgyi)
Part 9(Uni+Zawgyi)
Part 10(Uni+Zawgyi)
Part 11(Uni+Zawgyi)
Part 12 (Uni+Zawgyi)
​တောင်းပန်ခြင်း
Part 13 (Uni+Zawgyi)
Part 14 ( Uni+Zawgyi)
Part 15(Uni+Zawgyi)
Part 16(Uni+Zawgyi)
Part 17(Uni+Zawgyi)
Part 18(Uni+zawgyi)
Part 19(Uni+Zawgyi)
Part 20(Uni+Zawgyi)
Part 22(Uni+Zawgyi)
Part 23(Uni+Zawgyi)
Part 24 (Uni+Zawgyi)
Part 25 (Uni+Zawgyi)
Part 26 (Uni+Zawgyi)
Part 27(Uni+Zawgyi)
Part 28(Uni+Zawgyi)
Part 29 (Uni+Zawgyi)
Part 30 (Uni+Zawgyi)
Part 31(Uni+Zawgyi)
Part 32 (Uni+Zawgyi)
Part 33 (Uni+Zawgyi)
Part 34(Uni+Zawgyi)
Part 35(Uni+Zawgyi)
Part 36 (Uni+Zawgyi)
Part 37(Uni+Zawgyi)
Part 38 (Uni+Zawgyi)
Part 39(Uni+Zawgyi)
Part 40(Uni+Zawgyi)
Part 41(Uni+Zawgyi)
Part 42 (Uni+Zawgyi)
Part 43 (Uni+Zawgyi)
Part 44 (Uni+Zawgyi)
Part 45 (final) Uni+Zawgyi
​ကျေးဇူးတင်လွှာ
new fic
Part 21(Uni+Zawgyi)
5.2K 233 6
By naykyarrrrr
Uni
​နွေမနက်ခင်း​လေးက​တော့ သာယာ​နေပါတယ် ။ ​ဒါ​ပေမယ့် နွေရာသီရဲ့အပူ​တွေလိုပဲ ​ခေတ် ရင်ထဲမှာလည်းပူ​နေပါတယ် ​မောင်ရယ်။ ​မောင်နဲ့အတူ အရင်လိုပဲ breakfast စား​အပြီး ။
​"ခေတ် ​မောင် အလုပ်သွား​တော့မယ်
ည​နေ လာ​ခေါ်မယ် ​မောင့်အိမ်မှာ
လိုက်အိပ်
မနက်ဖြန် sunday ​မောင့် holiday "
"အင်းပါ ​မောင် "
​ခေတ် ​ပြောသာ​ပြောလိုက်ရ​ပေမယ့် ရင်ထဲမှာ ​အောင့်ပြီးကျန်ခဲ့သည်။ 
"ပြွတ် ​"မောင့်ကို နှုတ်ဆက်အနမ်း​လေး နမ်းလိုက်သည်။ ဒီအနမ်းဟာ တကယ့်နှုတ်ဆက်အနမ်းပါ ။ ​မောင် နဲ့ အခုလို ပြန်ဖြစ်ဖို့ကမ​သေချာ။ အနာဂတ်​တွေက မှုန်ဝါးဝါး ။
"ပြွတ်" ​မောင်က ​ခေတ့်ကို ပြန်နမ်းလိုက်ပြီး ။
"ချစ်တယ်​နော် ​မောင့်​ခေတ်​လေး "
"ချစ်တယ်​မောင် တစ်ဘဝလုံးစာ "
တကယ်တစ်ဘဝလုံးစာပါ ​မောင်။​ ခေတ် ဘဝမှာ ​မောင့်​နေရာ ကို အစားထိုးလို့ရမယ်သူ့ ဘယ်​တော့မှ​ပေါ်လာမှာမဟုတ်ပါဘူး။ ​မောင့်​လောက် ​ခေတ် အ​ပေါ် ​ကောင်းတဲ့သူလည်းရှာ​တွေ့​တော့မယ်မထင်။
​မောင်က ​ခေတ်​ပြောတာကို ​ကျေ​ကျေနပ်နပ်ကြီးပြုံးကာ ထွက်သွား​လေသည်။ ​မောင့်​ကျောပြင်ကြီးကို ကြည့်ကာ ​ခေတ် မျက်ရည်များကြလာ​ခဲ့သည်။ ​ငို ​နေရင်း က​ခေတ် ​ပေါ့​ပေါ့ပါးပါးဖြစ်
မယ့် style pants အပွ အနက်​ရောင်​လေးနဲ့ free shirt အဝါ​ရောင်အနု​လေး ဝတ်ဆင်လိုက်ပြီး   လိုအပ်တာ​တွေ ထည့်ထားတဲ့ ​ကျောပိုးအိတ် တစ်လုံးကို လွယ်လိုက်သည်။ လက်မှာလည်း luggage အကြီးတစ်လုံးဆွဲကာ lift နဲ့​​အောက်ကို ဆင်းလာခဲ့သည်။  ဘယ်သူမှမသိ​အောင် သွားချင်လို့  taxi သာ ငှားပြီး ​လေဆိပ်ထွက်ခဲ့သည်။
ခွဲခွာခြင်း​​တွေ ၊ အလွမ်း​တွေကို ကျင့်သားရ​အောင် ​တောင့်ခံထားရတာ​ပေါ့ ။ တကယ်ဆို ​ခေတ် အခက်ခဲဆုံး  ဆုံးဖြတ်ချက်ကြီးကို ချခဲ့တာပါ ။ ​ခေတ်ရဲ့ ဆုံးဖြတ်ချက်က ​မောင့်ဘက်ကို ကြည့်မ​ပေးခဲ့တာ မဟုတ်။ ​မောင့် ကို ပြတ်ပြတ်သားသား လမ်း​ကြောင်းဖွင့်​ပေးခဲ့တာပါ။ ​ခေတ် ရဲ့မိသားစု ပြသနာ​ကြောင့် ​မောင့်အ​ပေါ်ထားခဲ့တဲ့ဆုံးဖြတ်ချက်​တွေပြတ်သားသွားခဲ့တာပါ။ ​ခေတ်မရှိရင်  ​မောင်လည်း အသစ်တ​စ်ယောက်အမြန်ရှာ​တွေ့နိုင်ပါ​စေလို့ဆု​တောင်းရင်း ။
​​​​မောင်​ပေးထားတဲ့ ခေတ်ရဲ့ ကား​​​သော့နဲ့ ​မောင့် black card အားလုံးကို ရတုဆီ​ပေးခဲ့သည်။ ​မောင်လာရင် ​ပေးလိုက်ဖို့ပါ။
​ခေတ် ​လေဆိပ် ​ရောက်​ပြီး  ​လေယာဥ် လက်မှတ်ကိုကြည့်လိုက်​တော့ ဘန်​ကောက် transit ။
"ဟူးးး ဘန်​ကောက် မှာ ၃နာရီ​လောက်နားရအုန်းမှာ​ပေါ့ "
ဒါလည်း​ကောင်းပါတယ်​လေ ။ ​မောင် ​ခေတ်ကို လိုက်ရှာရင်​တောင် ဘန်​ကောက် ​လေယာဥ်မှာပဲ ပါသွားတယ်လို့သိမှာ။ ဂျပန်သွားတယ်လို့ သိမှာမဟုတ်ဘူး။ ​​မောင်​ရေ ​ခေတ်​တော့ ​မောင်နဲ့အ​ဝေးဆုံးကို ထွက်သွားပြီ။ ​ခေတ်ကိုခွင့်မလွှတ်ပါနဲ့။မုန်းလိုက်ပါ ။ ​ခေတ်က ​မောင်နဲ့​ဝေးရာမှာ အဆင်​ပြေ​အောင် ​နေမှာမို့ ​မောင်လည်း အဆင်​ပြေ​​အောင်​နေပါ။
​~~~~~~~~~~~
​"ခေတ်​ရေ
​မောင့်​ခေတ်​လေး "
ည​နေ အလုပ်ဆင်းပြီးပြန်လာတဲ့ ​ရွှေဘုန်း ​ခေတ် အခန်းထဲ ကြည့်ပြီး လိုက်ရှာ​တော့ တစ်ထပ်လုံး ​ခေတ်ကို အရိပ်​တောင်မ​တွေ့ ။ ​နောက်ဆုံး​တော့ ရတုကို လိုက်ရှာ ကာ ​ခေတ် ဘယ်သွားလည်း ​​မေးရသည်။
"ညီမ​လေး ရတု ​ခေတ် ကိုမ​တွေ့လို့ "
"ဪဟုတ် အကို ​ရွှေဘုန်း
ဆရာက ဒါ​လေး ​​ပေးခိုင်း ထားလို့ပါ "
ကား​သော့နဲ့ black card ကိုကြည့်ပြီး
​ရွှေဘုန်းအံသြ ကြီးစွာ။
​"ခေတ်က ....."
"ဟုတ်ဆရာက  ခရီး ထွက်မယ်လို့​ပြောသွားပါတယ် "
"..........."
"ဟင် ဘယ်သွားတာလည်းမသိဘူး"
"ဘာမှ​ပြောမသွားပါဘူးရှင့်
ခရီးထွက်မယ်လို့ပဲ​ပြောသွားပါတယ် အကိုလာရင် ဒါ​လေး ​​ပေးခိုင်းလိုက်တာပါ "
ပြောပြီး ရတုက လုပ်စရာရှိတာများဆက်လုပ်​​နေသည် ။ ​ရွှေဘုန်း ကား​သော့​လေးကိုင်ကာ ​ကြောင်ပြီး ဘာက စလုပ်ရမှန်းမသိ။ မနက်က အ​ကောင်းကြီး​လေ ။ တစ်ခုခု​တော့ ​ပြောခဲ့သင့်တာ​ပေါ့ ။
​ခေတ် ဖုန်းကို ဆက်လိုက်​​တော့  'စက်ပိတ်ထားပါသည်ရှင်​' တွေနဲ့ပဲတိုး​​နေတော့ သည်။ ​ရွှေဘုန်း ​ခြေ​တောက်​တွေမခိုင်ချင်​တော့ဘူး ။ ​ခေတ်အခန်းထဲက ကြမ်းပြင်​ပေါ်မှာထိုင်ရင်း မျက်ရည်​တွေ တစိမ့်စိမ့် စီးကြလာသည်။
​"ခေတ် ဘယ်မှာလည်းကွာ
​မောင့်ကို တခုခု ​ပြောခဲ့သင့်တယ်မို့လား
မောင် ဘယ်လို လုပ်ရမှာလဲ
ခေတ်မရှိပဲမ​နေနိုင်ဘူး​လေ "
​ခေတ် မမကို ဖုန်းဆက်ကြည့်​တော့လည်း အံသြတကြီး ​သူ့မောင်​လေး​ခေတ်ကိုရှာ​ပေးဖို့ ​တောင်းပန်​နေသည်။ ပြီး​တော့မှ မမက ​​ခေတ်ကမိဘ​တွေနဲ့ပြသနာဖြစ်တဲ့အ​ကြောင်း အစုံအလင် ​ပြောပြ​လေသည်။
ခေတ်​လေး ဘယ်​လောက်​တောင်ဝမ်းနည်း​နေမလည်း။ ​မောင့်ကို​ပြောပြမှ​ပေါ့ ​။မောင်တို့အတူတူ ရင်ဆိုင်ရမှာ​လေ ​ခေတ်ရယ် ။ ​ခေတ်တ​စ်ယောက်တည်း ကြိတ်မှိတ်ပြီး ရင်ဆိုင်စရာမလိုပါဘူးကွာ။ ​ခေတ် ဘယ်မှာပုန်း​နေပုန်း​နေ ​မောင်​တွေ့​​အောင်ရှာမယ်။
~~~~~~~~~~
"သားငယ်​လေး ဘာဖြစ်လာတာလဲ "
အရုပ်ကြိုးပျက် အိမ်ပြန်လာတဲ့ ​ရွှေဘုန်းကို မာမီက အံသြတကြီး ။ မာမီကို ဖက်ပြီး က​လေး တစ်လို ငို ချလိုက်သည်။ မာမီ့ရင်ခွင်ထဲဝင်ကာ  အကြာကြီး စကား​တောင်မ​ပြောနိုင်။ ဘာ​ကြောင့်ငို ​နေမှန်းမသိ​ပေမယ့် မာမီက ​ကျော ​လေးကို ပုတ်ကာ ​ချော့​နေသည်။
"သားငယ် ဘာဖြစ်လာတာလဲ မာမီ့ကို​ပြောအုန်း စိတ်ကို ​လျော့ထား သား​လေးရယ် "
မာမီ​ချော့​တော့မှ ပိုငိုချင်လာသည်။ မာမီ့ကို ဘယ်ကစ​ပြောရမှန်း​တောင်မသိ ။ စိတ်ညစ်တာပဲ သိတယ်။
"မာမီ !!!  ခေတ် မရှိ​တော့ဘူး
ဘယ်သွားမှန်းလည်းမသိဘူး "
မာမီ့ရင်ခွင်ထဲမှာပဲ ငိုရင်း ​​ခေတ့်အ​ကြောင်းစုံ​အောင် ​ပြောပြလိုက်သည် ။ မာမီက လည်း ဝမ်းနည်းကာ မျက်ရည်​တွေကျ​နေသည်။ သူလည်း ​ခေတ်ကိုတကယ် ချစ်သလို ​ခေတ်ကလည်း အ​မေအရင်းလို သူ့ကိုချစ်တာ သိထားတာကို ။ မာမီ​တောင်ဒီ​လောက်ခံစား​နေရရင် သား​လေး ဘယ်​လောက်​တောင်ခံစား​နေရမလည်း သ​ဘော​ပေါက်ကြသည်။ ​ရွှေဘုန်းရဲ့ငိုသံ​ကြောင့် ဒယ်ဒီ​​ကော ကြီးသူပါ ​ရွှေဘုန်းကိုဝိုင်း​ချော့​နေရသည်။ အငိုတိတ်သွား​​တော့မှ ကြီးသူက
"သားငယ်​လေး ထမင်းစားရ​အောင်​နော် "
"သားမစားချင်ဘူးကြီးသူ "
​အ​ပေါ်ထပ်သူ့အခန်းဆီသို့ ​လေးလံ​သော ​ခြေလှမ်းများဖြင့် တက်လာခဲ့သည်။
ငိုထားတာ​ကြောင့် လူလည်းလန်းသွား​အောင် ​ရေချိုးခန်း ဝင်လိုက်သည် ​။ ​ရေပန်း​အောက်တွင် နာရီ အ​တော်ကြာ​အောင် ​နေပြစ်လိုက်သည်။ အသက်မဲ့သလို ဖြစ်သွား​တောင် သူမသိလိုက်။ ​ခေတ်ကိုသတိရတဲ့စိတ်က ထိမ်းမရ ။
" ဘယ်လို လုပ်ရမလဲ ​​ခေတ်​လေးရယ်ကြာရင်​မောင်ရူးလိမ့်မယ်
အာာားးးး"
အားကုန်သုံးကာ​အော်ပစ်လိုက်သည်။
​bathrobe တစ်ထည် ဝတ်လိုက်ပြီး ငိုရင်းနဲ့ ဘယ်အချိန် အိပ်​ပျော်သွားတာ​တောင်မသိလိုက်။
​​"ဒေါက်​ဒေါက်
သားငယ်​လေး"
မနက် ၉ နာရီထိုးသည့်အထိ မနက်စာ ဆင်းမစားတာ​ကြောင့် မာမီက အခန်းတံခါး​ခေါက်ကာ လာနိုးရသည်။ အခန်းတံခါးက ​​လော့ မချထား​ အခန်းတစ်ခုလုံးမဲ​မှောင်ပြီး ​အေးစက်​နေတာ ပဲ ။
"သားငယ်​လေး
သား​လေး "
"ဘုရားဘုရား....."
သားငယ်​လေး  ဖျားပြီး မလှုပ်နိုင်​အောင် ။ ​ဒေါ်တင်​မေထား အရမ်းစိတ်ပူသွားပြီး တစ်အိမ်လုံးကို ​အော်​ခေါ်လိုက် တော့သည်။  သားသူငယ်ချင်း ခန့်မင်းကို လှမ်း​ခေါ်ရသည်။ ခန့်မင်း​ရောက်လာ​တော့ ​ဆေးထိုး​ပေးပြီး ​သောက်​ဆေးပါ ​ပေးသည်။ ခန့်မင်းက သူ့သူငယ်ချင်း အ​ကြောင်းကြားပြီး စိတ်မ​ကောင်းဖြစ်တာ​ကြောင့် ​ဆေးရုံ​တောင်မသွားဘဲ သူငယ်ချင်း နိုး​အောင် ​စောင့်​နေသည်။
​"သားရီး ဘယ်လိုလည်း သက်သာလား "
"အင်း
ငါဘာဖြစ်သွားတာလည်း
အိပ်​​ပျော်သွားတာ ဘာမှ မသိ​လောက်​အောင် "
"အိပ်​ပျော်တာမဟုတ်ဘူးငါ့​ကောင်​ရေ
အပူကြီးပြီး သတိလစ်​နေတာ မင်းမာမီ လာတာ မြန်လို့​ပေါ့ "
​ရွှေဘုန်းနိုး​တော့ အ​တော်​လေး အဖျားကျသွားပြီး သက်​တောင့် သက်သာရှိလာသည်။
"သား​လေး သက်သာလား"
"ဟုတ်မာမီ "
"သား ဆန်ပြုတ်​သောက်ပြီးရင် ​ဆေး​သောက်ရမယ်​နော် "
​ရွှေဘုန်းက ​ဆေး​သောက်ရတာ အင်မတန်​ကြောက်သည်။ ​နေမ​ကောင်းဖြစ်ပြီးဆို ​ခေတ်က ​ချော့တခါ ​​ခြောက်တခါ ​ဆေးတိုက်ရသည်။  သတိရသွားပြန်ပြီ။ တိုက်ဆိုင်မှု​တွေရှိတိုင်းသတိ​တွေ ရ​နေပြီ ​မောင့်​ခေတ်​လေး​ရေ။
~~~~~~~~~~~~
"Morning မာမီ
Morning ဒယ်ဒီ "
"သားငယ်​လေး အလုပ်သွားမလို့လား
သက်သာသွားပြီး "
ဖျားပြီးကတည်းက အလုပ် မသွားတာ ၁၀ရက်​လောက်ရှိပြီ။ အလုပ်​တွေ​တောင်လိုပုံ​နေသလို ကိုသူရကို လည်း အားနာ ရသည်။ ကို သူရ က အလုပ်နဲ့​ရွှေဘုန်းအိမ်ကို ​ပြေးလွှား​​နေရသည်။ ဒီ​နေ့​တော့ စိတ်​တွေ ​လျော့ထားပြီး အလုပ်သွားဖို့ ဆုံးဖြတ်ထားသည်။ သူ ဒီလိုကြီး အလုပ်ပျက် အကိုင်ပျက်ပြီး စိတ်ဓါတ် ကျ​နေတာကို ​​ခေတ်လည်း ကြိုက်မှာမဟုတ်ဘူး​လေ။ ကိုယ်​တောင် ဒီ​လောက် မိသားစု​တွေ အများကြီးထဲမှာ စိတ်ဓါတ်ကျ​နေရင် ​ခေတ် ဆို ​မိသားစုနဲ့​ဝေးပြီး အ​ဝေးတ​စ်နေရာမှာ ဘယ်​လောက်တောင် ဒုက္ခ​ရောက်​နေမလည်းမသိ။
"ဟုတ်​မာမီ သား အ​ခြေအ​​နေ​ကောင်း​အောင်ကြိုးစား​နေပါတယ်"
"ဟုတ်သားပဲ သားငယ်​လေးရယ် ခဏ​လောက်နားလိုက်ပါလား "
"မနား​တော့ပါဘူး ဒယ်ဒီ ​နားနေရင် အလုပ်မရှိ​တော့ စိတ်ပို​လေတယ် "
​"အေးပါကွာ"
"သားမမ က ဖုန်းဆက်တယ် သူ့ဖုန်းကိုကိုင်အုန်းတဲ့"
" ဟုတ်မာမီ "
"ငါ့သား​လေး အတွက် ဒယ်ဒီ ​ခေတ်ကို ​တွေ့​အောင် ရှာ​ပေး မယ် "
​"တော်ပါပြီ ဒယ်ဒီ သူက ပိုဆိုးမှာ​ပေါ့ ဒီလို ဆုံးဖြတ်ချက်ချဖို့
သားမရှာ​တော့ပါဘူး
သား အချစ်​​တွေသာစစ်မှန်ရင် တချိန်ကျရင် သားဆီသူပြန်​ရောက်လာမှာ ပါ "
​"တော်တယ် ငါ့သား​လေး
အရွယ်​ရောက် လာပြီပဲ"
"ကဲ​ပြော ဒီနှစ် ၂၁ နှစ်ပြည့်​မွေး​နေ့အတွက် ဘာလိုချင်လဲ
ဒယ်ဒီနဲ့ မာမီက သားလိုတာပဲ ဖြည့်ဆီး​ပေးချင်လို့ "
"သား​မွေး​နေ့ကြရင် ရဟန်းဝတ်ချင်တယ်
ဒယ်ဒီနဲ့မာမီ "
​ရွှေဘုန်း မိဘ​တွေက မျက်လုံးပြူးကုန်ကျသည်။ သူ​ပြောလိုက်တဲ့စကားတစ်ခွန်းက အားလုံး တိတ်ဆိတ်သွားသည်။ ကြီးသူက မျက်ရည် ဝဲ​နေပြီး  ။ ဒယ်ဒီနဲ့ မာမီ က​တော့ သူ့ရဲ့ တည်ငြိမ်မှုနဲ့ ရင့်ကျက်မှုအတွက် ချီးကျူး မဆုံးကြ။ ​မေလ ၂၀ ရက်​နေ့က ​ရွှေဘုန်း​မွေး​နေ့​လေ ။ ခါတိုင်းနှစ်​တွေဆို သူ့​မွေး​နေ့မ​ရောက်ခင် ကတည်းက သားကို ဘာ​မွေး​​နေ့လက်​ဆောင်​ပေးမှာလည်း အမြဲ​မေးတတ်တဲ့ ခ​လေးက အခု​တော့။
"သားငယ်​လေးရယ် ​တော် လိုက်တာ
မာမီတို့ထက်​တောင် ရင့်ကျက်​နေ​သေးတယ် "
"မာမီတို့က သား​လေး အချစ်အတွက် ဘဝကို ​ရေဆုန်​မျှောလိုက်မှာ ​ကြောက်​နေကြတာ "
"မဖြစ်ပါဘူး မာမီရဲ့ ​ခေတ်နဲ့အတူရှိ​နေတုန်း တရား​တွေနာဘူးတယ် 
ဘုန်းဘုန်း​တွေ​ပြောသလို ​လောကဓံ ကို ခံနိုင်ရမယ်တဲ့ "
​"သားငယ်​လေးရယ် "
မာမီက ​ရွှေဘုန်းကို ဖက်ကာ ငို​တော့သည်။ သူ့ သား​လေးက တကယ်​တော်တဲ့ အ​ဖော်မွန်နဲ့​တွေ့ခဲ့တာပဲ။ ​ခေတ်လေး က အစစအရာရာ ​တော်တာ​လေ ။ ဘုရား ၊ တရား ​တွေဆို​လည်း ထဲထဲဝင်ဝင်သိတာ ။ အခု လည်း သူ့ မိဘ စကားကို မဆန့်ကျင် ချင်တာနဲ့ သူ့ ဟာ သူ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချသွားတာ​လေ ။
​​ရွှေဘုန်းကုမ္ပဏီသွားတဲ့လမ်းတ​လျှောက်လုံးမှာ အ​တွေးများစွာဖြင့် ။ ​ခေတ်ကို သတိရစိတ်​တွေ က လွှမ်းမိုး​နေဆဲပါ ။
​ခေတ်နဲ့အတူ ဖတ်ဖူးတဲ့ တရားစာအုပ်ထဲကလို ချစ်​​သောသူကို ​မေတ္တာပို့ပါတဲ့ ။
"​ခေတ်​လေး အန္တရာယ်ကင်းပါ​စေ
အစစအရာရာ အဆင်​ပြေပါ​စေ
သူ​တော်​ကောင်းများနဲ့​တွေ့ပါ​စေ "
"​မောင်ပို့တဲ့​မေတ္တာ​တွေလည်းရပါ​စေ "
အချစ်များစွာဖြင့်🌻
20.4.2022(Wed)
...............................
Zawgyi
လိုက်အိပ်
"အင်းပါ ​မောင် "
~~~~~~~~~~~
"ခေတ်​ရေ
မောင့်​ခေတ်​လေး "
"ဪဟုတ် အကို ​ရွှေဘုန်း
"ခေတ်က ....."
"..........."
"ခေတ် ဘယ်မှာလည်းကွာ
~~~~~~~~~~
"မာမီ့ ​ခေတ် မရှိ​တော့ဘူး
အာာားးးး"
"ဒေါက်​ဒေါက်
သားငယ်​လေး"
"သားငယ်​လေး
သား​လေး "
"ဘုရားဘုရား....."
"အင်း
ငါဘာဖြစ်သွားတာလည်း
"သား​လေး သက်သာလား"
"ဟုတ်မာမီ "
~~~~~~~~~~~~
"Morning မာမီ
Morning ဒယ်ဒီ "
သက်သာသွားပြီး "
"အေးပါကွာ"
" ဟုတ်မာမီ "
သားမရှာ​တော့ပါဘူး
"တော်တယ် ငါ့သား​လေး
အရွယ်​ရောက် လာပြီပဲ"
ဒယ်ဒီနဲ့မာမီ "
"သားငယ်​လေးရယ် "
အစစအရာရာ အဆင်​ပြေပါ​စေ
အချစ်များစွာဖြင့်🌻
20.4.2022(Wed)
Continue Reading
You'll Also Like
982K 35.4K 42
3.3M 212K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
131K 19.2K 109
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
180K 4.4K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်