"တဟီးဟီးတဟားဟားနဲ့ ဘာတွေဒီလောက်တောင်သဘောကျနေတာလဲ"
"Variety showတွေလေ။ kpop idolတွေနဲ့ဟာ။ ရယ်နေရတယ်"
"Kpopလဲ ကြိုက်လိုက်တာပဲလား ဂျယ်ယွန်းရေ"
"ကြိုက်တာပေါ့။ သီချင်းတွေဆို စိတ်ဖြေဆေးပဲ။ concertပါသွားကြည့်ပြီး စိတ်လွတ်လက်လွတ် အော်ပစ်လိုက်ချင်တယ်"
ဆောင်းဟွန်း အတန်းချိန်ပြီးတော့ ဘောလုံးကွင်းဘက်ထွက်လာရာက ပရိတ်သတ်စင်ဘက်မှာထိုင်ပြီး ဖုန်းကြည့်ရင်းရယ်နေတဲ့ ဂျယ်ယွန်းကို တွေ့လိုက်တာဖြစ်တယ်။
"အဲလူတွေပဲကြည့်မနေနဲ့ကွာ။ ငါ့လောက်လဲမချောဘဲနဲ့"
"လဲသေလိုက်"
ဂျယ်ယွန်းက တလုံးတခဲကြီးပြောချလိုက်ပေမယ့် ဆောင်းဟွန်းမျက်နှာက ပြုံးတုံ့တုံ့။
"ဒါနဲ့ နေပါဦး။ ဂျောင်ဝန်းနီးရော။ မင်းရည်းစားနဲ့ အတူရှိနေရမှာမဟုတ်ဘူးလား"
"ဟားးး မသိပါဘူးကွာ။ သူ့အချိန်စာရင်း ငါအလွတ်မရဘူး။ အားရင် လာရှာလိမ့်မယ်"
"ကလေး မုန့်ပေးကြိုက်ပြီး အဲလိုတော့မလုပ်နဲ့လေ"
"အေးပါကွာ အေးပါ ရှင်းဂျယ်ယွန်းရဲ့။ ခဏနေ သွားကြည့်လိုက်ပါမယ်။ အခုတော့ ငါ့ကို အေးဆေးထိုင်ခွင့်ပေးပါဦး"
လေပူတွေကိုလဲမှုတ်မထုတ်ရဲ၊ စိတ်ရှုပ်တဲ့အမူအရာလဲမပြရဲပါဘဲနဲ့ ဒီတိုင်းငြိမ်ငြိမ်လေးနေနေမိတယ်။
အင်း... ဒီတိုင်းလေးပဲ...
🍂
ဆောင်းဟွန်း စာသင်ခန်းထဲက ထွက်ထွက်ချင်း ဂျယ်ယွန်းတို့အခန်းဘက် လှမ်းကြည့်လိုက်တယ်။ စာသင်နေတာမပြီးသေး။ မနေ့ညက အချိန်ပိုင်းအလုပ်ကနေ လစာရလာလို့ ဂျယ်ယွန်းနဲ့အတူတူ ကော်ဖီဆိုင်ထိုင်မယ်လို့ စိတ်ကူးထားတာ။ ပြီးရင် ခေါက်ဆွဲလဲ အတူတူသွားစားရမယ်။ အတွေးနဲ့အတူ ပျော်ပျော်ကြီးစောင့်နေတုန်း
"အစ်ကို"
"ဟင် ဂျောင်ဝန်းနီး"
"မနေ့က ကျွန်တော့်ကို လာခေါ်မယ်ပြောလို့ စောင့်နေတာကို"
"ဟင် ဟုတ်လား။ ပြောမိသလား။ ကိုယ်မမှတ်မိတော့ဘူး"
"ရပါတယ် အစ်ကိုရဲ့။ ကျွန်တော်တို့ arcade gameသွားကစားကြမလား"
ငြင်းဖို့ပြင်လိုက်ပေမယ့် ဂျယ်ယွန်းပြောထားတဲ့စကားတွေက ခေါင်းထဲပြန်ပေါ်လာတယ်။
(ဂျောင်ဝန်းကိုပျော်အောင်ထားနော်။ အဲကလေးက တွယ်တာစရာမရှိတော့ရင် ကိုယ့်ဘာသာတောင်တစ်ခုခုလုပ်ပစ်တော့မလား မသိဘူး။ စိတ်အခြေအနေကောင်းအောင် အလိုလိုက်ဦး။
ဟာ ဘာဆိုင်လို့ ငါကသူ့ကိုအလိုလိုက်ရမှာလဲ။
ချစ်တယ်ဆိုပြီး အကြင်နာတရားမမဲ့စမ်းနဲ့ ဆောင်းဟွန်းရာ။ ငါ့မှာ ဒီညီလေးတစ်ယောက်ရှိလို့မှ မင်းကိုပြောနေရတာ။
ညီအစ်ကိုအရင်းမှမဟုတ်တာ
အရင်းမဟုတ်လဲ သံယောဇဉ်ကရှိပြီးသား။ ဂျောင်ဝန်းနီးပျော်နေတဲ့အခါ ဘယ်လောက်ချစ်ဖို့ကောင်းလဲ မင်းမသိဘူးလား။ ငါတောင် အပျော်တွေကူးတယ်။
အေးပါကွာ ငါလဲအပျော်တွေကူးပါတယ်)
ဂျယ်ယွန်းက ဂျောင်ဝန်းကို အဲလိုတွေ တအားဂရုစိုက်တာပဲ။ ညီလေးလိုတောင် သဘောထားပြီးချစ်ပါတယ်၊ ဂျောင်ဝန်းပျော်ရင် အပျော်တွေကူးပါတယ်ပြောလာမှတော့ သူလဲ ဘာမှထပ်စကားမဆိုနိုင်တော့။
Arcade Game Centerမှာ ဂိမ်းတွေအများကြီးကစားဖြစ်တယ်။ ကစားရင်းတောင် ဂျယ်ယွန်းနဲ့ အလယ်တန်းက အတူလာကစားဖူးတာပဲ ပြန်စဉ်းစားမိနေတာ။ မြှားပစ်ရင်း ပစ်မှတ်တည့်တည့်ထိလို့ သူတို့တွေ အချိုရည်အလကားသောက်ရတာရော၊ basketballကစားတာ pointတွေအများကြီးရလို့ ခွေးလားဝက်ဝံလားမသဲကွဲတဲ့အရုပ်လေး လက်ဆောင်ရတာရော။ အဲအရုပ်လေးကို သူတော့ ဂျယ်ယွန်းကို ပေးခဲ့တာပဲ။ သိမ်းမှသိမ်းထားရဲ့လားမသိ။ တဆက်ထဲဆိုသလို ဂျယ်ယွန်းစီမှာရှိတဲ့ အမိုက်စားစက်ရုပ်တွေအကြောင်းတွေးမိတော့ မျက်နှာညှိုးသွားရတယ်။ ဘယ်သိမ်းထားပါလိမ့်မလဲ။ ဒီလောက်အကောင်းစားအရုပ်တွေ အများကြီးရှိနေတာကို။
အတွေးတွေလွန်နေတာ ဘေးနားကနေ အုန်းခနဲအသံကြားမှ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ဂျောင်ဝန်းကို လှမ်းကြည့်ရတယ်။
ကြောင်လေးတစ်ကောင် အစာမျှော်နေသလိုပဲ။ လက်သီးထိုးပစ်လိုက်တဲ့နေရာကိုသေချာကြည့်ပြီး ရမှတ်တွေကြည့်နေတာ။ New Highest Goalဆိုတဲ့ စာတန်းလဲမြင်လိုက်ရရော ဆောင်းဟွန်းပါ မျက်လုံးပြူးသွားရတယ်။ အဲလောက်တောင်လက်သံပြောင်ရလားဆိုပြီး။
အချိန်နှစ်နာရီနီးပါး arcade centreမှာ အချိန်ဖြုန်းပြီးနောက် ရုပ်ရှင်အတူသွားကြည့်ကြတယ်။ တကယ်တော့ ဆောင်းဟွန်းစိတ်ထဲ သွားပါပြီ သွားပါပြီကွာပဲ အော်နေတာ။ ဂျယ်ယွန်းနဲ့တောင် ရုပ်ရှင်အတူမကြည့်ဖူးသေးတာ။ ဂျယ်ယွန်းအိမ်မှာတော့ Netflixအတူတူကြည့်ဖူးပေမယ့် ရုပ်ရှင်ရုံမှ တစ်ခါမှလာမကြည့်ဖူးဘူးလေ။ လက်မှတ်ဖြတ်ခါနီး အတွဲခုံမရပါစေနဲ့ဆုတောင်းနေတာ။ ဒီတစ်ခါတော့ မိုးနတ်မင်းက သူ့စကားကြားတယ်ထင်တယ်။ အတွဲခုံတွေ လူပြည့်သွားလို့ single seatနှစ်ခုကပ်ရပ်ရွေးလိုက်ရတယ်။
ဂျောင်ဝန်းကြည့်ရတာ အရမ်းပျော်နေတဲ့ပုံပဲ။ စိတ်လှုပ်ရှားပြီဆိုရင်လေ အဲကလေးက တကယ်ကြောင်ပေါက်လေး အမြီးနှံ့နေတာနဲ့ တူကိုတူတာ။ ဆောင်းဟွန်းလဲ ဒီကလေးကို သံယောဇဉ်မရှိတာမဟုတ်ပါဘူး။ ရှိပါတယ်။ ဂျယ်ယွန်းနဲ့ အခန်းထဲဘေးချင်းကပ်ထိုင်တဲ့အတန်းခေါင်းဆောင်အပြင် အနီးကပ်ဆုံးနေဖူးတဲ့သူပဲမဟုတ်လား။
ကလေးက ကလေးအကြိုက်ရွေးတယ်ဆိုတာကတော့ အမှန်ပဲ။ သူ့မှာ အထက်တန်းပြီးကာနီးမှ ကာတွန်းကားပြန်ကြည့်နေရတယ်။ ဘေးကဂျောင်ဝန်းနီးကတော့ ပေါက်ပေါက်ဆုပ်ဘူး လက်ကမချဘူး။ တခစ်ခစ်နဲ့ ရယ်နေတော့တာ။ အဲနေ့က ရုပ်ရှင်ကြည့်ပြီးလို့ ဂျောင်ဝန်းအိမ်ကို taxiနဲ့ အတူပြန်ပို့ပြီးတာနဲ့ ဂျောင်ဝန်းအိမ်ဘေးက ဂျယ်ယွန်းအိမ်ကို တန်းပြေးပြီး bellတီးရတယ်။
ခြံထဲဆင်းလာတဲ့ ဂျယ်ယွန်းက pajamaအညိုရောင်လေးဝတ်ထားပြီး ခေါင်းစုတ်ဖွားလေးနဲ့ သိပ်ကိုချစ်ဖို့ကောင်းနေတာ။ သူ့ကိုတွေ့တော့ တအံ့တဩနဲ့ ဆောင်းဟွန်း ဒီကိုဘာလာလုပ်တာလဲလို့ မေးသေးတယ်။ တဆိတ်... မလွန်လွန်ဘူးလား။ အရမ်းအရမ်းကိုမှ အရမ်းကိုချစ်ဖို့ကောင်းနေတာလေ။ ဒီနေရာမှာ bellတီးတာ သူမဟုတ်ဘဲ တခြားတစ်ယောက်ဆိုရင်ရော ရှင်းဂျယ်ယွန်းက တံခါးဖွင့်ပေးပြီး ဒီလိုချစ်ဖို့ကောင်းတဲ့ပုံရိပ်လေးကို ပြလိုက်မှာလားဆိုပြီး စိတ်ကဆိုးချင်မိသွားတယ်။
"ဘာလာလုပ်တာလဲ။ ဒီအချိန်ကြီး"
"အခုမှ ၇နာရီထိုးခါစ ရှိပါသေးတယ်။ စားပြီးပြီလား မစားရသေးရင် တစ်ခုခုသွားစားရအောင်"
"တော်ပြီ ဗိုက်မဆာဘူး"
"ဗိုက်မဆာလဲ ညစာတော့ စားထားရမယ်လေကွာ။ မဟုတ်ရင် ဗိုက်ပြန်အောင့်နေမှာပေါ့။ ဘာစားချင်လဲ ငါသွားဝယ်ပေးမယ်"
"ညစာက ဆန်ပြုတ်သောက်ထားပြီးပါပြီ။ ထပ်စားချင်စိတ်မရှိတော့တာ။ မင်းကိုလဲ မတွေ့ချင်ဘူး။ အိမ်ပြန်ပါတော့"
ဂျယ်ယွန်းက ပင်ပန်းနေမှန်းသိသာတဲ့အသံနဲ့ပြောရင်း ခြံတံခါးကို လှမ်းပိတ်တယ်။
"ဂျယ်.. ဂျယ်ယွန်း ဘာဖြစ်တာလဲ။ ငါ့ကိုပြော။ ငါတစ်ခုခု အမှားလုပ်မိတာရှိလား"
"ဘာတွေပြောနေတာလဲ။ ဒီနေ့လေ့ကျင့်ရေးဆင်းလာရတာပင်ပန်းလို့မှ အိပ်တော့မလို့ပါဆို!!"
ပင်ပန်းနေလို့ဆိုတဲ့ ဂျယ်ယွန်းက သူ့ကို အော်ပြောပစ်တယ်။ မယုံပေမယ့်လဲ စိတ်အနှောင့်အယှက်သေးသေးလေးတောင် အဖြစ်မခံနိုင်တာမို့ ခေါင်းငြိမ့်ပြီး အိမ်ပြန်လာလိုက်တယ်။
အဲညက တစ်ညလုံးအိပ်မပျော်ခဲ့ဘူး။ စိတ်ထဲမှာ ဖြစ်နိုင်ချေအမျိုးမျိုးကို စဉ်းစားနေမိတာ။ ဘောလုံးနည်းပြကများ အော်လိုက်လို့လား၊ ဒီနေ့ ဂိုးမသွင်းနိုင်လို့လား၊ တဖက်အသင်းနဲ့တစ်ခုခုဖြစ်လို့များလား၊ အတန်းထဲဆရာပေးတဲ့ပုစ္စာ အဖြေမတွက်နိုင်လို့လား စသည် စသည်ဖြင့်ပေါ့။
🍂
"ဆောင်းဟွန်း အခုတလော မင်းနဲ့ရှင်းဂျိတ်ခ်ကို အတူတူမတွေ့ရပါလား။ ရန်တွေဘာတွေများဖြစ်ထားကြတာလား"
"မသိပါဘူး။ ငါတော့ငါ့ရှောင်နေတယ်ခံစားရတာပဲ။ မေးတော့လဲ မဖြေဘူး။ ပြိုင်ပွဲနီးလို့တဲ့။ အမြဲကွင်းထဲမှာပဲ တွေ့နေရတာ"
အတန်းခေါင်းဆောင်က တမှိုင်မှိုင်တတွေတွေဖြစ်နေတဲ့ ဆောင်းဟွန်းနားကို တိုးတိုးတိတ်တိတ်ကပ်မေးနေတယ်။
"ဒါနဲ့ အခန်းရှေ့လာပြီး မင်းကိုစောင့်စောင့်နေတဲ့ ကောင်လေးက ဘယ်သူလဲ။ ဘာတော်တာလဲ"
"ဟူးး ငါ့ရည်းစားဟေး ငါ့ရည်းစား"
"ဟင်!!!!"
အတန်းခေါင်းဆောင်အသံက အတော်ကျယ်သွားပုံရတယ်။ တစ်ခန်းလုံးက ဘာဖြစ်တာလဲ အလန့်တကြားနဲ့ဆိုတဲ့ မျက်နှာထားတွေနဲ့ သူတို့ဘက် လှည့်ကြည့်လာတယ်။
"ဘယ်ကဘယ်လိုတွဲဖြစ်သွားတာလဲ"
"ဂျယ်ယွန်းအိမ်ဘေးကကောင်လေးလေ။ ညီလေးလိုချစ်ရတဲ့သူပြောတာပဲ။ သူပျော်ရင် ဂျယ်ယွန်းလဲပျော်တယ်၊ ဂျယ်ယွန်းပျော်ရင် ငါလဲပျော်တယ်ဆိုပြီး..."
"မင်းကတော့ တကယ်စောက်ရူးပဲ"
အတန်းခေါင်းဆောင်က အတော်ကိုအံ့ဩစိတ်ပျက်နေတဲ့လေသံနဲ့ပြောလာတယ်။ ဆောင်းဟွန်းက အဲဒါကို ဂရုမစိုက်နိုင်။ ဂျယ်ယွန်းနဲ့ ဘယ်လိုတွေ့ရမလဲဆိုတာပဲ စဉ်းစားနေမိတယ်။
🍂
"ဟေးးးးဟေးးးး အဲတာ ဘာလုပ်မလို့လဲ"
ဆောင်းဟွန်း ဘောလုံးကွင်းထဲဝင်ဖို့ ကြိုးစားနေတုန်း နည်းပြနဲ့ တည့်တည့်သွားတိုးတယ်။
"ကျွန်တော့်သူငယ်ချင်းကို ရေဘူးပေးမလို့"
"မလိုဘူး မလိုဘူး။ ပြန်ယူသွား။ အကုန်အဆင်သင့်ရှိတယ်။ ဒီထဲဝင်မလာကြနဲ့"
"ဟုတ်ကဲ့"
ဆောင်းဟွန်းလဲ စိတ်ပျက်လက်ပျက်နဲ့ ကျောင်းအပြင်ထွက်လာရတယ်။ သူ့ပုံစံက မသိရင် တစ်ပတ်လောက် အစာမစားရသေးလို့ အားပြတ်နေတဲ့ပုံစံလေး။
"ပတ်ဆောင်းဟွန်းရှီ ဟုတ်ပါတယ်နော်"
"အင် ဟုတ် ဟုတ်ပါတယ်ဗျ"
ကျောင်းရှေ့မှာ ခေါင်းငိုက်စိုက်ကျလေး ရပ်နေတုန်း ဘေးနားလူတွေဝိုင်းလာလို့ ရုတ်တရပ် လန့်ပါသွားတယ်။
"အစ်မတို့က Big Hit entertainmentကပါ။ ပတ်ဆောင်းဟွန်းရှီ သီချင်းဆိုထားတဲ့video youtubeမှာတင်ထားတာတွေ့လို့လေ။ အဲဒါ သီချင်းဆိုရတာဝါသနာပါမယ့်ပုံမို့"
"အင် လူမှားနေပြီထင်တယ်။ ကျွန်တော် YouTubeမှာ ဘာvideoမှ မတင်ဖူးပါဘူး။ သီချင်းဆိုရတာလဲ ဝါသနာမပါပါဘူး"
"ဒါ ပတ်ဆောင်းဟွန်းရှီလားလို့"
ခေါင်းဆောင်ဖြစ်ပုံရတဲ့အမျိုးသမီးက လက်ထဲကiPadကို ဆောင်းဟွန်းဘက်လှည့်ပြတယ်။
ကြည့်လိုက်တော့ school excursionထွက်တုန်းက တောင်ပေါ်မှာ သူဂစ်တာတီးရင်း သီချင်းဆိုနေတာကို videoရိုက်ထားတာပဲ။ ဘယ်ထဲကတင်ထားလဲ သူမသိသလို သူ့ခွင့်ပြုချက်လဲမတောင်းဘဲတင်ထားတာကြောင့် စိတ်ထဲတမျိုးဖြစ်သွားမိတာတော့ အမှန်။
"တကယ်လို့ အဆိုတော်ဖြစ်ဖို့ စိတ်ဝင်စားရင် ပတ်ဆောင်းဟွန်းရှီ ဒီကိုဆက်သွယ်လို့ ရပါတယ်။ သေချာလေးစဉ်းစားပေးပါနော်"
"တောင်းပန်ပါတယ်။ စိတ်မဝင်စားပါဘူး။ သွားလိုက်ပါဦးမယ်"
"ခဏ ခဏ။ ကဒ်လေးတော့ ယူသွားပါဦး။ စိတ်ပြောင်းသွားခဲ့ရင် ဆက်သွယ်လိုက်ပါနော်"
ဆောင်းဟွန်းလဲ ဘာမှပြောမနေတော့ဘဲ သူတို့ပေးတဲ့ကဒ်ကို ဆွဲယူပြီးသာ ထွက်လာခဲ့လိုက်တော့တယ်။
🍂
My note : plotကအစအဆုံးရှိပြီသား။ ယုံပေးမယ်မလား။ မယုံလဲရပါတယ်။ replyတော့ မပြန်သေးဘူးနော်။ spoilလုပ်မိမှာစိုးလို့။
Suggested song - 8 letters by why don't we