ပုဂံမြေနှင့် ခိုင်

De Jay_Mez

67.7K 5.1K 181

**Unicode** ခိုင် နဲ့လျှောက်လှမ်းမှပုဂံမြေက အသက်ဝင်မယ်ထင်ပါရဲ့ .... ခိုင် နဲ့တွေ့မှပြုံးမိတဲ့ ကိုယ့်ကိုကိုယ... Mais

ပုဂံမြေနှင့် ခိုင် Ep- 1
ပုဂံမြေနှင့် ခိုင် Ep- 2
ပုဂံမြေနှင့် ခိုင် Ep- 3
ပုဂံမြေနှင့် ခိုင် Ep- 4
ပုဂံမြေနှင့် ခိုင် Ep-5
ပုဂံမြေနှင့် ခိုင် Ep- 6
ပုဂံမြေနှင့် ခိုင် Ep- 7
ပုဂံမြေနှင့် ခိုင် Ep- 8
ပုဂံမြေနှင့် ခိုင် Ep- 9
ပုဂံမြေနှင့် ခိုင် Ep- 10
ပုဂံမြေနှင့် ခိုင် Ep- 11
ပုဂံမြေနှင့် ခိုင် Ep- 12
ပုဂံမြေနှင့် ခိုင် Ep- 13
ပုဂံမြေနှင့် ခိုင် Ep- 14
ပုဂံမြေနှင့် ခိုင် Ep- 15
ပုဂံမြေနှင့် ခိုင် Ep- 16
ပုဂံမြေနှင့် ခိုင် Ep - 17
ပုဂံမြေနှင့် ခိုင် Ep- 18
ပုဂံမြေနှင့် ခိုင် Ep- 19
ပုဂံမြေနှင့် ခိုင် Ep - 20
ပုဂံမြေနှင့် ခိုင် Ep - 21
ပုဂံမြေနှင့် ခိုင် Ep- 22
ပုဂံမြေနှင့် ခိုင် Ep- 23
ပုဂံမြေနှင့် ခိုင် Ep- 24
ပုဂံမြေနှင့် ခိုင် Ep- 25
Attention pls
ပုဂံမြေနှင့် ခိုင် Ep- 26
ပုဂံမြေနှင့် ခိုင် Ep- 27
ပုဂံမြေနှင့် ခိုင် Ep- 28
🚨🚨

ပုဂံမြေနှင့် ခိုင် Ep - 29 (Final)

4.6K 202 35
De Jay_Mez

**Unicode**

"ခန့်လေး အရင်ရေချိုးလိုက်လေ အစ်မနောက်မှချိုးမယ်"

"ဟုတ်ကဲ့"

ဟော်တယ်အခန်းယူပြီးနောက် အိနြာခန့်လေးကိုအရင်ဆုံးရေချိုးခိုင်းလိုက်သည်။ အရင်ချိုးခိုင်းမိတာ အိနြာကိုယ့်ကိုကိုယ်နောင်တတစ်လှေကြီးရမိပါရဲ့။ ရေချိုးခန်းမှထွက်လာပြီး တဘက်ဖြင့် အိနြာကိုနောက်ကျောပေးကာ ဟိုပေါ်ဒီပေါ်ရေသုတ်နေတသည့်ခန့်လေးရဲ့အလှကြောင့် အိနြာစိတ်လှုပ်ရှားမိသည်တော့အမှန်ပါ။ ခန့်လေးကတော့မသိ သူ့အလုပ်သူလုပ်နေ၏။ ဖုန်းကြည့်ရင်းခိုးကြည့်နေသည့် အိနြာမှာတော့ လည်ချောင်းပင်ခြောက်လာသည်ကြောင့် ရေတစ်ခွက်သောက်ကာ ရေချိုးခန်းထဲတန်းဝင်လိုက်တော့သည်။ ခန့်လေးချိုးပြီးပြီးချင်းမလို့ အငွေ့အသက်များပင်မပျောက်သေး ထိုအရာများက အိနြာစိတ်ထဲမှာ ကြည်နူးမိသည့်အရာများဖြစ်သည်။

ခန့်ကိုကိုသည်ကလေးဆန်သည်။ ချစ်ဖို့ကောင်းသည်။ စကားပြောသံကအစ အိနြာစိတ်ကိုအလဲထိုးနိုင်သည်။ အိနြာရေချိုးခန်းထဲမှာပင် အင်္ကျီ များလဲပြီးမှသာရေချိုးခန်းပြင်သို့ထွက်လာသည်။ မဟုတ်လျှင် သူကြည့်သလိုဝဋ်လည်တော့မည်ဆိုတာကိုကောင်းကောင်းကြီးသိ၏။ အိနြာရေချိုးခန်းထဲမှထွက်လာတော့ ရေစိုနေသေးသည့်ဆံပင်ကို ရေစစ်အောင်မသုတ်ပဲ Dryerသုံးတော့မည့် ခန့်လေးကြောင့် အိနြာ ငေါက်ရသေးသည်။ ငေါက်တော့ ခန့်လေးမှမကျေနပ်ရင်လာသုတ်ပေး မသုတ်ပေးရင် Dryerပဲသုံးမှာလို့ပြန်ပြောတော့ မနေနိုင်သည့်အိနြာကပဲ ကိုယ်တိုင်ခေါင်းခြောက်အောင်သုတ်ပေးရ၏။ ထိအချိန်ကစ အိနြာစိတ်ထဲတွင် ခန့်ကိုကိုနှင့်ပက်သက်သမျှစိုးမိုးလို့လာသည်။

"မမအိနြာ ထမင်းသွားစားမယ်လေ သူငယ်ချင်းတွေစောင့်နေပြီ"

"လာပြီလာပြီ"

ခန့်လေးက စည်းမကျော်တတ်သည့်လူစားမျိုး ဆိုတာအိနြာကောင်းကောင်းသိသည့်။ အလုပ်အတူတူတွဲလုပ်ဖူးသည့်သူများထဲမှာ အိနြာကို ပိုင်ဆိုးပိုင်နင်း မ ဟုပင်တစ်လုံးထဲခေါ်သည့်လူများလည်းရှိဖူး၏။ သို့ပေမယ့် သည်လိုအခန်းအတူတူတည်းနေရသည်တောင် မမအိနြာဟုသာ လေးလေးနက်နက်သုံးနေသေးသည်။ မ ဟုခေါ်မည်အချိန်ကို အိနြာမျှော်လင့်မိသည်တော့အမှန်။ ရေချိုးခန်းထဲကထွက်လာသည့်ခန့်လေးပုံရိပ်ကြောင့် သဘောကျသွားသည်ဟုပြောရရင် အိနြာအားနှာဘူးလို့ထင်ကျတော့မည်။ သို့ပေမယ့် ဤသည်ကာအမှန်တရားပင်ဖြစ်သည်။

ထမင်းစားသောက်ရင်း စကားလက်စုံကျသည်မို့ ထိုအုပ်စုနှင့် အတော်ရင်းနှီးကျွမ်းဝင်လာပြီဖြစ်သည်။ သူငယ်ချင်းများကြားတွင်အတော်အရေးပါသည့် ခန့်ကိုကိုဟုလည်း ထပ်မံ၍သိလာရသည်။ စိတ်ထားဖြူစင်သူမို့အပေါင်းအသင်းကောင်းမည့်ကလေးမ။ ထမင်းစားသောက်ပြီးတော့ အခန်းထဲသို့ အိနြာပြန်လာခဲ့သည်။ ခန့်လေးကတော့ သူငယ်ချင်းများနှင့်စကားကောင်းနေလို့ကျန်ခဲ့သည်။ သိပ်မကြာခန့်လေးအခန်းထဲကိုပြန်ရောက်လာပြီး

"မမအိနြာ မြင်းလှည်းပက်စီးမလို့ လိုက်မလား"

"မလိုက်တော့ဘူး ခန့်လေး။ မ အရမ်းပင်ပန်းနေလို့"

"ရှင် နေမကောင်းဘူးလား" အသံထပ်လျှင်သည့်လက်များကိုပိုင်ဆိုင်ထားသည့်အလား စကားပင်မဆုံး လက်က အိနြာနဖူးပေါ်စမ်းပြီးသားဖြစ်သွားသည်။

"ကောင်းပါတယ် နည်းနည်းခရီးပန်းနေတာ"

"အဲ့တာဆိုခန့်လည်းလိုက်မသွားတော့ဘူး တစ်ယောက်ထဲမထားခဲ့ချင်လို့"

"ဟာမဟုတ်တာ သွားပါခန့်လေးရဲ့"

"ဟင့်အင်းမသွားတော့ဘူး။ ခဏနော် မလိုက်ဘူးဆိုတာ သွားပြောမလို့"

ခန့်ကိုကို အခန်းတံခါးကိုလုံအောင်မစိခဲ့သည်ကြောင့် အပြင်ကဘာပြောသည်ကအစအကုန်ပြန်ကြားရ၏။ သူ့သူငယ်ချင်းတစ်ချို့ရဲ့ ခန့်ကိုကိုတို့သူ့ချစ်ချစ်နေမကောင်းတော့ အရမ်းစီးချင်တဲ့မြင်းလှည်းတောင်လိုက်စီးတော့ဘူးဟေ့ ဆိုသည့်အသံကြားတော့ အိနြာပြုံးမိ၏။

"မမအိနြာ တစ်ရေးအိပ်လိုက်။ ခန့်လေးရှိတယ်နော်"

"အဲ့တာဆိုတစ်ရေးအိပ်မယ်နော်။ ကျေးဇူးပါခန့်လေးရယ်"

"ကျေးဇူးဆိုတာမလိုပါဘူး အိပ်အိပ်"

အိနြာအိပ်နေတုန်းလည်း အိနြာကိုအသားမယူသည့်ကလေး သူ့မှာ စောင့်ထိန်းရမည့်ကိုယ်ကျင့်တရားအကုန်ရှိသည်။ ရုပ်လေးလည်းချော အကျင့်လေးလည်းကောင်း စိတ်ထားလည်းဖြူစင်သည့်ထိုကလေးမလေးကိုလက်လွှတ်ရလျှင် သည်ကမ္ဘာမှာ အိနြာလောက်မိုက်တဲ့သူမရှိနိုင်တော့ပါ။

"အစ်မအိနြာနိုးပြီလား။ အတော်ပဲခန့်လေးခုလေးတင် ဆန်ပြုတ်မှာထားတာ ရောက်လာတော့မယ်"

"နိုးပြီခန့်လေး။ ဟုတ်လား ကျေးဇူးပါကွယ်"

"ကျေးဇူးတင်ပြန်ပြီ မလိုပါဘူးဆို ပြောမရဘူး" နှုတ်ခမ်းအားကိုက်ကာ အိနြာကို ဘုကြည့်ကြည့်ကာ ပြန်ဖြေ၏။

"ချစ်စရာလေး ဟုတ်ပါပြီ မတင်တော့ဘူးရပြီလား"

"ဟုတ်"

ဆန်ပြုတ်ရောက်လာတော့ ကိုယ်တိုင်သောက်မည်ဆိုတာကိုအတင်း ပူလို့မှုတ်တိုက်ပါရစေလုပ်တာကြောင့် အားနာနာနှင့်ပင်ခွင့်ပြုပေးလိုက်ရသည်။ အိနြာကိုဂရုစိုက်ပြီး ခွင့်ကျွေးနေသည်မှာ အသည်းယားစရာပင်ကောင်းလှ၏။

"ဟင် မမ..မမအိနြာ"

"ကျေးဇူးတင်လို့ ဆုချတာ"

အိနြာတို့ကလေးကိုစပြီးအထာပေးလိုက်ပါပြီ။ ဆန်ပြုတ်ကုန်တော့ ရေလှည့်ထည့်ပေးသည့် ခန့်လေးကို သူ့ဘက်ပြန်အလှည့် နှုတ်ခမ်းအားအမိအရ နမ်းလိုက်သည်။ ဟိုကလန့်ကာ ရေခွက်ပင်လွှတ်ချလိုက်မိ၏။ ကံကောင်းလို့ခွက်မကွဲပေမယ့် ရေတွေတော့မှောက်ကျကုန်သည်။

"ဟမ် ရေ..ရေတွေမှောက်ကုန်ပြီ သုတ်လိုက်အုံးမယ်" ရှက်ရမ်းရမ်းကာ ရေသုတ်နေသည့် ခန့်လေးကိုအိနြာရယ်မိသည်။ ကြိုက်လည်းကြိုက်သေးတယ် ရှက်လည်းရှက်သေးတယ် တကယ်ချစ်ဖို့ကောင်းလွန်းသည်။

"ခန့်လေးအိပ်တော့မယ်နော်။ ညတစ်ခုခုလိုရင်နှိုးနော်"

"အိပ်တော့မလို့လား တစ်ခုခုက အခုကတည်းကလိုနေတာ"

"ဟမ် ဘာလိုလို့လည်း ပြောလေမမအိနြာ"

"မင်းလေ"

ပြောကာ ခန့်ကိုကို ခါးအားသိုင်းဖက်လိုက်သည်။ ခန့်ကိုကိုမှာတော့ ဘာမသိညာမသိမလို့ တောင့်တောင့်လေးသာငြိမ်၍ရပ်နေသည်။

"ငပေါလေး ဒီညတော့ မင်းခန္ဓာကိုယ်လေး ဒီကမမကိုငှါးကွာ။ ဒီညမင်းကိုဖက်အိပ်မှနေကောင်းပျောက်တော့မယ်ထင်တယ်"

"ဖက်အိပ်မယ်ဆိုရင်တော့ ငှါးပါတယ်အိပ်ပါ"

"ဒီညဖက်အိပ်ပြီးရင် မင်းက ဒီမမအပိုင်ဖြစ်မှာ"

"အယ် လူလည်ကြီး"

ညက ခန့်လေးကို ဖက်အိပ်ကာအိပ်လိုက်သည်မှာ ပြန်၍ပင်နှိုးမလာတော့ မနက်လင်းတော့ ဘေးတွင် ခန့်ကိုကိုမရှိတော့ပါ။ စောစောထသည်ထင်ပြီး သူငယ်ချင်းအခန်းဆီသွားသည်ထင်ပါရဲ့။ အိနြာလည်း အိပ်ယာထကာ ရေချိုး အဝတ်စားလဲကာ ခန့်လေးကိုထိုင်စောင့်နေလိုက်သည်။ အိနြာအဝတ်အစားလဲပြီး သိပ်မကြာခင် ပြန်ရောက်လာသည်။ မျက်နာမှာပြုံးစိစိနှင့်။ အိနြာလည်း သူပြုံးစိစိလုပ်နေသည့်မျက်နာဘေးကြောင့် အချေရုပ်ပင်တည်မရအောင် လိုက်ပြုံးနေမိသည်။

"ဘာပြုံးနေတာလည်း"

"မဟုတ် မပြုံးပါဘူး ခန့်လေးရယ်။ သူပြုံးလို့အလိုလိုပြုံးမိတာကို"

"ဟုတ်လား ဒါနဲ့လေ ညကပြောတာတကယ်လား"

"ဘာကိုလည်း ခန့်လေး"

"အတူတူဖက်အိပ်ပြီးရင် မမအိနြာအပိုင်ဖြစ်မယ်ဆိုတာလေ"

"ပြောမိလို့လား"

"ဟာပြောတာပေါ့ ပြောလို့ ဖက်အိပ်တာလက်ခံတာလေ။ ခန့်က ဘယ်သူဖက်တာမှကြိုက်တာမဟုတ်ဘူးနော်"

ရန်တွေ့နေသည့် ခန့်ကိုကို အားအသည်းယားလာသည်ကြောင့် အနားတိုးကာ နှုတ်ခမ်းလေးအား တစ်ချက်ဖိကပ်နမ်းလိုက်သည်။ ခန့်လေးမှာအနမ်းခံရသည်မို့ရှက်စိတ်ဝင်ကာ မျက်နာလေးရဲပြီး ခေါင်းငုတ်သွားရရှာသည်။ ငုတ်သွားသည့်ခေါင်းအား အိနြာလက်ဖြင့်အသာလေးကိုင်ကာ ခန့်ကိုကို မျက်လုံးအားစိုက်ကြည့်ပြီးနောက်

"တို့ကလေ ပြောပြီးသားစကားကိုအမြဲကတိတည်တယ်ရှင်"

9:25AM

"ဟဲ့နင်တို့ပဲ တန့်ကြည်တောင်ကိုသွားတော့ ငါလှေမစီးရဲဘူး ကြောက်တယ်"

"ခန့် ကြောက်လို့လား။ ဒါဆိုမသွားနဲ့တော့ ဒီဘက်ကမ်းမှာပဲနေခဲ့ကြမယ်"

"ဟုတ်တယ်အစ်မရေ ခန့်ကိုကရေကြောက်တယ် ညီမတို့ကျောင်းတုန်းက ခရီးသွားတုန်းကရေနစ်ကတည်းက ရေလမ်းမသွားတော့တာ"

"ဒါဆိုအစ်မနဲ့ကျန်ခဲ့လိုက်မယ် ညီမတို့ပဲသွားကြနော်"

"စိတ်ချမယ်နော်အစ်မ။ ခန့်ကို နင်နော် ငါတို့အစ်မကြီးကို ဆွဲမစားနဲ့"

"ဟဲ့ ဘုရားဖူးလာတာနော် အဲ့ပါးစပ်တွေက အပေါက်ပိတ်ထား"

"သွားပြီနော် အစ်မနဲ့ခန့်ကို"

ခန့်ကိုရေကြောက်သလို အိနြာလည်းလှေစီးချင်စိတ်မရှိပါ တန့်ကြည်တောင်မှာရှိခဲ့ဖူးသည့်အမှတ်တရကိုပြန်သတိရမှာကြောက်သည်။ ပြန်သတိရချင်လို့လာသည့်ခရီးဟာမထင်မှတ်ထားတာတွေဖြစ်လာခဲ့သည်မို့ ပြန်၍မတွေးချင်တော့။ အနားမှာရှိလာသည့်သူကိုသာ အကောင်းဆုံးချစ်ပေးချင်စိတ်ရှိတော့သည်။

"အကြော်သွားစားရအောင် ကောင်းတယ် ဘူးဘုရားနားကအကြော်က"

"ခန့်လေး ပုဂံခဏခဏရောက်တာလား"

"ဟုတ်တယ် ပုဂံမြေကိုချစ်လို့"

"ဒါဆို တို့နဲ့ ပုဂံမြေဘယ်ဟာပိုချစ်လည်း"

"ဟာ ဘာတွေမေးနေတာလည်း အရူးကြီးရာ"

"စတာပါ ဘာအကြော်မှာမလည်း"

"ဘူးသီးကြော်ကြိုက်လား အချစ်"

"စားတော့စားပါတယ် ဒါပေမယ့် သိပ်မကြိုက်ဘူး။ မင်းစားချင်တာယူပါ တို့က အစားအသောက်ဂျီးများတယ်"

"အပျိုကြီးတွေကအဲ့လိုပဲ"

"တို့အပျိုကြီးမဟုတ်တော့ဘူး မင်းရှိနေပြီလေ"

"ဟက်ထိသွားပြီ ဒေါ်အိနြာခိုင်ရေ"

"သိပါ့တော်"

အကြော်စားရင်း စကားတစ်ပြောပြောနှင့်ပင်အချိန်ကုန်သွားသည် သိပ်မကြာ တန့်ကြည်တောင်သွားသည့်သူများပြန်ရောက်လာသည်။ ပြန်ရောက်တော့ အကြော်စားနေကြသည်မို့ ခန့်လေးနှင့် အိနြာလမ်းလျှောက်ရအောင် ထွက်လာခဲ့သည်။ အိနြာလက်မောင်းကိုတွဲကာ ချစ်ဖို့ကောင်းလွန်းအောင်လုပ်ယူထားချင်းမရှိပဲ လွတ်လွတ်လပ်လပ် သမိုင်းကြောင်းတွေရှင်းပြနေသည့် ခန့်ကိုကို။ ကားရပ်နားကွင်းနားအရောက်မှာ

"ဟာ ညီမလေး အိနြာခိုင်"

"အော် ကိုနေသူရိန်"

"မတွေ့ရတာကြာပြီညီမလေး နေကောင်းတယ်မလား"

"ဟုတ်ကဲ့ကောင်းပါတယ်။ ကိုသူရိန်ရော နေကောင်းလား"

"ကောင်းပါတယ်ဗျာ။ အိနြာအလည်လာတာလား"

"ဟုတ်တယ်ကိုသူရိန်။ ကိုသူရိန်ရော"

"အကိုက ဇနီး အာ ကွာရှင်းထားတော့ သမီးလေးအမေပေါ့ သမီးအမေနဲ့သမီးလေးကိုလိုက်ပို့ပေးတာကွ"

"အော်ဟုတ်လား အစ်မနေခြည်ခန့်ရော နေကောင်းလား"

"ဟိုမှာလာပြီ သူတို့သားအမိ နှုတ်ဆက်သွားလေ"

အိနြာကိုတွေ့တော့ မျက်နာပျက်သွားသည့်နေခြည်ခန့်။ ခန့်မျက်နာပျက်ရသည့်အကြောင်းမှာ အိနြာဘေးမှာ လက်ကိုတွဲခိုထားသည့် ကောင်မလေးကြောင့်လည်းပါသည်။

"နေကောင်းလားအစ်မနေခြည်ခန့်"

"ကောင်းပါတယ်ညီမလေးအိနြာခိုင်"

"အော်ဒါနဲ့ ဘေးကဘယ်သူလည်း"

"အိနြာ ကောင်မလေးပါ"

အမှောင်မိုက်ဆုံးမှာ လကွယ်ညထင်နေခဲ့သော်လည်း နေခြည်ခန့်ဆိုသည့်အမျိုးသမီးနှင့် ဇာတ်လမ်းလုံးဝပြီးပြတ်သွားသည့်အချိန်ဖြစ်ကြောင်း အိနြာသိလိုက်ရပြီ။ တိတ်ဆိတ်ငြိမ်သက်နေသည့်အိနြာဘဝထဲ ခွင့်ပြုချက်မရပဲဝင်ရောက်လာခဲ့ပြီးနောက် ခွင့်ပြုချက်မရပဲပြန်၍ထွက်သွားခဲ့သည်။ သည်တစ်ခါတော့ အပြီးတိုင်မလိုအပ်တော့ကြောင်းနှုတ်မှမပြောခဲ့ပေမယ့် သူသိသွားမှာပါလေဆိုပြီး စိတ်အားဆုံးဖြတ်ချက်ချကာ အဆုံးထိပြေးခဲ့လေပြီ။

စတွေ့စုံခဲ့သည့်ပုဂံမြေမှာပင် နောက်ဆုံးတွေ့စုံချင်းအတွက်နှုတ်ဆက်ရမည်ကို အိနြာမထင်ထားခဲ့။ ဤဆုံးဖြတ်ချက်အတွက်တွန့်ဆုတ်မနေပဲ ပြောထွက်ခဲ့လေပြီမလို့ စိတ်အေးလက်အေးတော့ဖြစ်သွားခဲ့ပြီလေ။

ပုဂံမှပြန်ရောက်ပြီး၁ပတ်အကြာ

"အိနြာ သူငယ်ချင်း နင်အခုဘယ်မှာလည်း"

"ငါခန့်ကိုကိုနဲ့အတူရှိနေတယ်။ hot pot ဆိုင်မှာ"

"ဟုတ်လား ခန့်လေးကိုဖုန်းခဏပေးလိုက်"

ခန့်ကိုကိုမှာ ယွန်းနှင့်စကားပြောပြီးသည့်နောက်မျက်နာအနည်းငယ်ပျက်သွားသည်။ သို့ပေမယ့် သိပ်တော့မသိသာ တစ်ခါပဲမြင်ဖူးသည့်လူတစ်ယောက် ထိမျှသာမျက်နာပြတ်ချင်းက ဖြစ်သင့်ပါသည်။

"အိနြာ နင်စိတ်အေးအေးထားနော်"

"ပြောမှာသာပြောစမ်းပါဟာ ရင်တောင်ခုန်လာပြီ"

"မခန့်လေ နေခြည်ခန့် ပြည်လမ်းမှာ Car Accidentဖြစ်ပြီး ဆုံးပြီတဲ့"

"လာနောက်နေတယ်"

"အတည် အတည်ပြောတာ နင်အခုအဲ့ကနေဘယ်မှမသွားနဲ့ ငါလာခေါ်မယ်နော်။ နင်ကားလုံးဝမမောင်းနဲ့တော့ သိလား ငါပြောတာကြားလား ဟဲ့ ကြားလား"

"အမ် တကယ် တကယ်ကြီးလား" တကယ်ဟုတ်လားဆိုတာမေးရင် အိနြာမငိုပေမယ့် မျက်ရည်များကျဆင်းရုံသာတတ်နိုင်ခဲ့သည်။ ယွန်းရဲ့မကူအညီဖြင့် သူအသုဘချသည့်နေ့တွင်လိုက်ပို့နိုင်ခဲ့သည်။ သမီးကိုကျူရှင်ကြိုပြီးအပြန် တက္ကသိုလ်ရိပ်သာလမ်းဘက်မှ ပြည်လမ်းသို့အသွားရှေ့ကား ဘရိတ်အုပ်လိုက်သည်ကို နေခြည်ခန့်ကားအားလမ်းဘေးဆွဲချလိုက်ရ ဓာတ်တိုင်နဲ့ အရှိန်ပြင်းပြင်းတိုက်မိသောကြောင့် နေခြည်ခန့်မှာ ထိုနေရာမှာပင်သေဆုံးခဲ့ရသည်။  သူ့သမီးလေးမှာကံကောင်းစွာဖြင့်သေဘေးမှလွတ်မြောက်ခဲ့ရသည်။ ပုဂံမှာတွေ့လိုက်ချင်းသည်အသက်ရှင်ရက်နောက်ဆုံးသာ။ သည်လိုအရင်ထွက်သွားမည်ဟုဘယ်တုန်းကမှတွေးမိခဲ့ပုံလည်းမရ။ ရှင်ကွဲကွဲဖို့သာရည်ရွယ်ခဲ့သော်လည်း သေကွဲကွဲခဲ့ရလေပြီ။

ပြီးပါပြီ။

19.4.2022

**Zawgyi**

"ခန့္ေလး အရင္ေရခ်ိဳးလိုက္ေလ အစ္မေနာက္မွခ်ိဳးမယ္"

"ဟုတ္ကဲ့"

ေဟာ္တယ္အခန္းယူၿပီးေနာက္ အိျနာခန့္ေလးကိုအရင္ဆုံးေရခ်ိဳးခိုင္းလိုက္သည္။ အရင္ခ်ိဳးခိုင္းမိတာ အိျနာကိုယ့္ကိုကိုယ္ေနာင္တတစ္ေလွႀကီးရမိပါရဲ့။ ေရခ်ိဳးခန္းမွထြက္လာၿပီး တဘက္ျဖင့္ အိျနာကိုေနာက္ေက်ာေပးကာ ဟိုေပၚဒီေပၚေရသုတ္ေနတသည့္ခန့္ေလးရဲ့အလွေၾကာင့္ အိျနာစိတ္လွုပ္ရွားမိသည္ေတာ့အမွန္ပါ။ ခန့္ေလးကေတာ့မသိ သူ႔အလုပ္သူလုပ္ေန၏။ ဖုန္းၾကည့္ရင္းခိုးၾကည့္ေနသည့္ အိျနာမွာေတာ့ လည္ေခ်ာင္းပင္ေျခာက္လာသည္ေၾကာင့္ ေရတစ္ခြက္ေသာက္ကာ ေရခ်ိဳးခန္းထဲတန္းဝင္လိုက္ေတာ့သည္။ ခန့္ေလးခ်ိဳးၿပီးၿပီးခ်င္းမလို႔ အေငြ႕အသက္မ်ားပင္မေပ်ာက္ေသး ထိုအရာမ်ားက အိျနာစိတ္ထဲမွာ ၾကည္ႏူးမိသည့္အရာမ်ားျဖစ္သည္။

ခန့္ကိုကိုသည္ကေလးဆန္သည္။ ခ်စ္ဖို႔ေကာင္းသည္။ စကားေျပာသံကအစ အိျနာစိတ္ကိုအလဲထိုးနိုင္သည္။ အိျနာေရခ်ိဳးခန္းထဲမွာပင္ အကၤ်ီ မ်ားလဲၿပီးမွသာေရခ်ိဳးခန္းျပင္သို႔ထြက္လာသည္။ မဟုတ္လၽွင္ သူၾကည့္သလိုဝဋ္လည္ေတာ့မည္ဆိုတာကိုေကာင္းေကာင္းႀကီးသိ၏။ အိျနာေရခ်ိဳးခန္းထဲမွထြက္လာေတာ့ ေရစိုေနေသးသည့္ဆံပင္ကို ေရစစ္ေအာင္မသုတ္ပဲ Dryerသုံးေတာ့မည့္ ခန့္ေလးေၾကာင့္ အိျနာ ေငါက္ရေသးသည္။ ေငါက္ေတာ့ ခန့္ေလးမွမေက်နပ္ရင္လာသုတ္ေပး မသုတ္ေပးရင္ Dryerပဲသုံးမွာလို႔ျပန္ေျပာေတာ့ မေနနိုင္သည့္အိျနာကပဲ ကိုယ္တိုင္ေခါင္းေျခာက္ေအာင္သုတ္ေပးရ၏။ ထိအခ်ိန္ကစ အိျနာစိတ္ထဲတြင္ ခန့္ကိုကိုႏွင့္ပက္သက္သမၽွစိုးမိုးလို႔လာသည္။

"မမအိျနာ ထမင္းသြားစားမယ္ေလ သူငယ္ခ်င္းေတြေစာင့္ေနၿပီ"

"လာၿပီလာၿပီ"

ခန့္ေလးက စည္းမေက်ာ္တတ္သည့္လူစားမ်ိဳး ဆိုတာအိျနာေကာင္းေကာင္းသိသည့္။ အလုပ္အတူတူတြဲလုပ္ဖူးသည့္သူမ်ားထဲမွာ အိျနာကို ပိုင္ဆိုးပိုင္နင္း မ ဟုပင္တစ္လုံးထဲေခၚသည့္လူမ်ားလည္းရွိဖူး၏။ သို႔ေပမယ့္ သည္လိုအခန္းအတူတူတည္းေနရသည္ေတာင္ မမအိျနာဟုသာ ေလးေလးနက္နက္သုံးေနေသးသည္။ မ ဟုေခၚမည္အခ်ိန္ကို အိျနာေမၽွာ္လင့္မိသည္ေတာ့အမွန္။ ေရခ်ိဳးခန္းထဲကထြက္လာသည့္ခန့္ေလးပုံရိပ္ေၾကာင့္ သေဘာက်သြားသည္ဟုေျပာရရင္ အိျနာအားႏွာဘူးလို႔ထင္က်ေတာ့မည္။ သို႔ေပမယ့္ ဤသည္ကာအမွန္တရားပင္ျဖစ္သည္။

ထမင္းစားေသာက္ရင္း စကားလက္စုံက်သည္မို႔ ထိုအုပ္စုႏွင့္ အေတာ္ရင္းႏွီးကၽြမ္းဝင္လာၿပီျဖစ္သည္။ သူငယ္ခ်င္းမ်ားၾကားတြင္အေတာ္အေရးပါသည့္ ခန့္ကိုကိုဟုလည္း ထပ္မံ၍သိလာရသည္။ စိတ္ထားျဖဴစင္သူမို႔အေပါင္းအသင္းေကာင္းမည့္ကေလးမ။ ထမင္းစားေသာက္ၿပီးေတာ့ အခန္းထဲသို႔ အိျနာျပန္လာခဲ့သည္။ ခန့္ေလးကေတာ့ သူငယ္ခ်င္းမ်ားႏွင့္စကားေကာင္းေနလို႔က်န္ခဲ့သည္။ သိပ္မၾကာခန့္ေလးအခန္းထဲကိုျပန္ေရာက္လာၿပီး

"မမအိျနာ ျမင္းလွည္းပက္စီးမလို႔ လိုက္မလား"

"မလိုက္ေတာ့ဘူး ခန့္ေလး။ မ အရမ္းပင္ပန္းေနလို႔"

"ရွင္ ေနမေကာင္းဘူးလား" အသံထပ္လၽွင္သည့္လက္မ်ားကိုပိုင္ဆိုင္ထားသည့္အလား စကားပင္မဆုံး လက္က အိျနာနဖူးေပၚစမ္းၿပီးသားျဖစ္သြားသည္။

"ေကာင္းပါတယ္ နည္းနည္းခရီးပန္းေနတာ"

"အဲ့တာဆိုခန့္လည္းလိုက္မသြားေတာ့ဘူး တစ္ေယာက္ထဲမထားခဲ့ခ်င္လို႔"

"ဟာမဟုတ္တာ သြားပါခန့္ေလးရဲ့"

"ဟင့္အင္းမသြားေတာ့ဘူး။ ခဏေနာ္ မလိုက္ဘူးဆိုတာ သြားေျပာမလို႔"

ခန့္ကိုကို အခန္းတံခါးကိုလုံေအာင္မစိခဲ့သည္ေၾကာင့္ အျပင္ကဘာေျပာသည္ကအစအကုန္ျပန္ၾကားရ၏။ သူ႔သူငယ္ခ်င္းတစ္ခ်ိဳ႕ရဲ့ ခန့္ကိုကိုတို႔သူ႔ခ်စ္ခ်စ္ေနမေကာင္းေတာ့ အရမ္းစီးခ်င္တဲ့ျမင္းလွည္းေတာင္လိုက္စီးေတာ့ဘူးေဟ့ ဆိုသည့္အသံၾကားေတာ့ အိျနာျပဳံးမိ၏။

"မမအိျနာ တစ္ေရးအိပ္လိုက္။ ခန့္ေလးရွိတယ္ေနာ္"

"အဲ့တာဆိုတစ္ေရးအိပ္မယ္ေနာ္။ ေက်းဇူးပါခန့္ေလးရယ္"

"ေက်းဇူးဆိုတာမလိုပါဘူး အိပ္အိပ္"

အိျနာအိပ္ေနတုန္းလည္း အိျနာကိုအသားမယူသည့္ကေလး သူ႔မွာ ေစာင့္ထိန္းရမည့္ကိုယ္က်င့္တရားအကုန္ရွိသည္။ ႐ုပ္ေလးလည္းေခ်ာ အက်င့္ေလးလည္းေကာင္း စိတ္ထားလည္းျဖဴစင္သည့္ထိုကေလးမေလးကိုလက္လႊတ္ရလၽွင္ သည္ကမၻာမွာ အိျနာေလာက္မိုက္တဲ့သူမရွိနိုင္ေတာ့ပါ။

"အစ္မအိျနာနိုးၿပီလား။ အေတာ္ပဲခန့္ေလးခုေလးတင္ ဆန္ျပဳတ္မွာထားတာ ေရာက္လာေတာ့မယ္"

"နိုးၿပီခန့္ေလး။ ဟုတ္လား ေက်းဇူးပါကြယ္"

"ေက်းဇူးတင္ျပန္ၿပီ မလိုပါဘူးဆို ေျပာမရဘူး" ႏွုတ္ခမ္းအားကိုက္ကာ အိျနာကို ဘုၾကည့္ၾကည့္ကာ ျပန္ေျဖ၏။

"ခ်စ္စရာေလး ဟုတ္ပါၿပီ မတင္ေတာ့ဘူးရၿပီလား"

"ဟုတ္"

ဆန္ျပဳတ္ေရာက္လာေတာ့ ကိုယ္တိုင္ေသာက္မည္ဆိုတာကိုအတင္း ပူလို႔မွုတ္တိုက္ပါရေစလုပ္တာေၾကာင့္ အားနာနာႏွင့္ပင္ခြင့္ျပဳေပးလိုက္ရသည္။ အိျနာကိုဂ႐ုစိုက္ၿပီး ခြင့္ေကၽြးေနသည္မွာ အသည္းယားစရာပင္ေကာင္းလွ၏။

"ဟင္ မမ..မမအိျနာ"

"ေက်းဇူးတင္လို႔ ဆုခ်တာ"

အိျနာတို႔ကေလးကိုစၿပီးအထာေပးလိုက္ပါၿပီ။ ဆန္ျပဳတ္ကုန္ေတာ့ ေရလွည့္ထည့္ေပးသည့္ ခန့္ေလးကို သူ႔ဘက္ျပန္အလွည့္ ႏွုတ္ခမ္းအားအမိအရ နမ္းလိုက္သည္။ ဟိုကလန့္ကာ ေရခြက္ပင္လႊတ္ခ်လိုက္မိ၏။ ကံေကာင္းလို႔ခြက္မကြဲေပမယ့္ ေရေတြေတာ့ေမွာက္က်ကုန္သည္။

"ဟမ္ ေရ..ေရေတြေမွာက္ကုန္ၿပီ သုတ္လိုက္အုံးမယ္" ရွက္ရမ္းရမ္းကာ ေရသုတ္ေနသည့္ ခန့္ေလးကိုအိျနာရယ္မိသည္။ ႀကိဳက္လည္းႀကိဳက္ေသးတယ္ ရွက္လည္းရွက္ေသးတယ္ တကယ္ခ်စ္ဖို႔ေကာင္းလြန္းသည္။

"ခန့္ေလးအိပ္ေတာ့မယ္ေနာ္။ ညတစ္ခုခုလိုရင္ႏွိုးေနာ္"

"အိပ္ေတာ့မလို႔လား တစ္ခုခုက အခုကတည္းကလိုေနတာ"

"ဟမ္ ဘာလိုလို႔လည္း ေျပာေလမမအိျနာ"

"မင္းေလ"

ေျပာကာ ခန့္ကိုကို ခါးအားသိုင္းဖက္လိုက္သည္။ ခန့္ကိုကိုမွာေတာ့ ဘာမသိညာမသိမလို႔ ေတာင့္ေတာင့္ေလးသာၿငိမ္၍ရပ္ေနသည္။

"ငေပါေလး ဒီညေတာ့ မင္းခႏၶာကိုယ္ေလး ဒီကမမကိုငွါးကြာ။ ဒီညမင္းကိုဖက္အိပ္မွေနေကာင္းေပ်ာက္ေတာ့မယ္ထင္တယ္"

"ဖက္အိပ္မယ္ဆိုရင္ေတာ့ ငွါးပါတယ္အိပ္ပါ"

"ဒီညဖက္အိပ္ၿပီးရင္ မင္းက ဒီမမအပိုင္ျဖစ္မွာ"

"အယ္ လူလည္ႀကီး"

ညက ခန့္ေလးကို ဖက္အိပ္ကာအိပ္လိုက္သည္မွာ ျပန္၍ပင္ႏွိုးမလာေတာ့ မနက္လင္းေတာ့ ေဘးတြင္ ခန့္ကိုကိုမရွိေတာ့ပါ။ ေစာေစာထသည္ထင္ၿပီး သူငယ္ခ်င္းအခန္းဆီသြားသည္ထင္ပါရဲ့။ အိျနာလည္း အိပ္ယာထကာ ေရခ်ိဳး အဝတ္စားလဲကာ ခန့္ေလးကိုထိုင္ေစာင့္ေနလိုက္သည္။ အိျနာအဝတ္အစားလဲၿပီး သိပ္မၾကာခင္ ျပန္ေရာက္လာသည္။ မ်က္နာမွာျပဳံးစိစိႏွင့္။ အိျနာလည္း သူျပဳံးစိစိလုပ္ေနသည့္မ်က္နာေဘးေၾကာင့္ အေခ်႐ုပ္ပင္တည္မရေအာင္ လိုက္ျပဳံးေနမိသည္။

"ဘာျပဳံးေနတာလည္း"

"မဟုတ္ မျပဳံးပါဘူး ခန့္ေလးရယ္။ သူျပဳံးလို႔အလိုလိုျပဳံးမိတာကို"

"ဟုတ္လား ဒါနဲ႔ေလ ညကေျပာတာတကယ္လား"

"ဘာကိုလည္း ခန့္ေလး"

"အတူတူဖက္အိပ္ၿပီးရင္ မမအိျနာအပိုင္ျဖစ္မယ္ဆိုတာေလ"

"ေျပာမိလို႔လား"

"ဟာေျပာတာေပါ့ ေျပာလို႔ ဖက္အိပ္တာလက္ခံတာေလ။ ခန့္က ဘယ္သူဖက္တာမွႀကိဳက္တာမဟုတ္ဘူးေနာ္"

ရန္ေတြ႕ေနသည့္ ခန့္ကိုကို အားအသည္းယားလာသည္ေၾကာင့္ အနားတိုးကာ ႏွုတ္ခမ္းေလးအား တစ္ခ်က္ဖိကပ္နမ္းလိုက္သည္။ ခန့္ေလးမွာအနမ္းခံရသည္မို႔ရွက္စိတ္ဝင္ကာ မ်က္နာေလးရဲၿပီး ေခါင္းငုတ္သြားရရွာသည္။ ငုတ္သြားသည့္ေခါင္းအား အိျနာလက္ျဖင့္အသာေလးကိုင္ကာ ခန့္ကိုကို မ်က္လုံးအားစိုက္ၾကည့္ၿပီးေနာက္

"တို႔ကေလ ေျပာၿပီးသားစကားကိုအျမဲကတိတည္တယ္ရွင္"

9:25AM

"ဟဲ့နင္တို႔ပဲ တန့္ၾကည္ေတာင္ကိုသြားေတာ့ ငါေလွမစီးရဲဘူး ေၾကာက္တယ္"

"ခန့္ ေၾကာက္လို႔လား။ ဒါဆိုမသြားနဲ႔ေတာ့ ဒီဘက္ကမ္းမွာပဲေနခဲ့ၾကမယ္"

"ဟုတ္တယ္အစ္မေရ ခန့္ကိုကေရေၾကာက္တယ္ ညီမတို႔ေက်ာင္းတုန္းက ခရီးသြားတုန္းကေရနစ္ကတည္းက ေရလမ္းမသြားေတာ့တာ"

"ဒါဆိုအစ္မနဲ႔က်န္ခဲ့လိုက္မယ္ ညီမတို႔ပဲသြားၾကေနာ္"

"စိတ္ခ်မယ္ေနာ္အစ္မ။ ခန့္ကို နင္ေနာ္ ငါတို႔အစ္မႀကီးကို ဆြဲမစားနဲ႔"

"ဟဲ့ ဘုရားဖူးလာတာေနာ္ အဲ့ပါးစပ္ေတြက အေပါက္ပိတ္ထား"

"သြားၿပီေနာ္ အစ္မနဲ႔ခန့္ကို"

ခန့္ကိုေရေၾကာက္သလို အိျနာလည္းေလွစီးခ်င္စိတ္မရွိပါ တန့္ၾကည္ေတာင္မွာရွိခဲ့ဖူးသည့္အမွတ္တရကိုျပန္သတိရမွာေၾကာက္သည္။ ျပန္သတိရခ်င္လို႔လာသည့္ခရီးဟာမထင္မွတ္ထားတာေတြျဖစ္လာခဲ့သည္မို႔ ျပန္၍မေတြးခ်င္ေတာ့။ အနားမွာရွိလာသည့္သူကိုသာ အေကာင္းဆုံးခ်စ္ေပးခ်င္စိတ္ရွိေတာ့သည္။

"အေၾကာ္သြားစားရေအာင္ ေကာင္းတယ္ ဘူးဘုရားနားကအေၾကာ္က"

"ခန့္ေလး ပုဂံခဏခဏေရာက္တာလား"

"ဟုတ္တယ္ ပုဂံေျမကိုခ်စ္လို႔"

"ဒါဆို တို႔နဲ႔ ပုဂံေျမဘယ္ဟာပိုခ်စ္လည္း"

"ဟာ ဘာေတြေမးေနတာလည္း အ႐ူးႀကီးရာ"

"စတာပါ ဘာအေၾကာ္မွာမလည္း"

"ဘူးသီးေၾကာ္ႀကိဳက္လား အခ်စ္"

"စားေတာ့စားပါတယ္ ဒါေပမယ့္ သိပ္မႀကိဳက္ဘူး။ မင္းစားခ်င္တာယူပါ တို႔က အစားအေသာက္ဂ်ီးမ်ားတယ္"

"အပ်ိဳႀကီးေတြကအဲ့လိုပဲ"

"တို႔အပ်ိဳႀကီးမဟုတ္ေတာ့ဘူး မင္းရွိေနၿပီေလ"

"ဟက္ထိသြားၿပီ ေဒၚအိျနာခိုင္ေရ"

"သိပါ့ေတာ္"

အေၾကာ္စားရင္း စကားတစ္ေျပာေျပာႏွင့္ပင္အခ်ိန္ကုန္သြားသည္ သိပ္မၾကာ တန့္ၾကည္ေတာင္သြားသည့္သူမ်ားျပန္ေရာက္လာသည္။ ျပန္ေရာက္ေတာ့ အေၾကာ္စားေနၾကသည္မို႔ ခန့္ေလးႏွင့္ အိျနာလမ္းေလၽွာက္ရေအာင္ ထြက္လာခဲ့သည္။ အိျနာလက္ေမာင္းကိုတြဲကာ ခ်စ္ဖို႔ေကာင္းလြန္းေအာင္လုပ္ယူထားခ်င္းမရွိပဲ လြတ္လြတ္လပ္လပ္ သမိုင္းေၾကာင္းေတြရွင္းျပေနသည့္ ခန့္ကိုကို။ ကားရပ္နားကြင္းနားအေရာက္မွာ

"ဟာ ညီမေလး အိျနာခိုင္"

"ေအာ္ ကိုေနသူရိန္"

"မေတြ႕ရတာၾကာၿပီညီမေလး ေနေကာင္းတယ္မလား"

"ဟုတ္ကဲ့ေကာင္းပါတယ္။ ကိုသူရိန္ေရာ ေနေကာင္းလား"

"ေကာင္းပါတယ္ဗ်ာ။ အိျနာအလည္လာတာလား"

"ဟုတ္တယ္ကိုသူရိန္။ ကိုသူရိန္ေရာ"

"အကိုက ဇနီး အာ ကြာရွင္းထားေတာ့ သမီးေလးအေမေပါ့ သမီးအေမနဲ႔သမီးေလးကိုလိုက္ပို႔ေပးတာကြ"

"ေအာ္ဟုတ္လား အစ္မေနျခည္ခန့္ေရာ ေနေကာင္းလား"

"ဟိုမွာလာၿပီ သူတို႔သားအမိ ႏွုတ္ဆက္သြားေလ"

အိျနာကိုေတြ႕ေတာ့ မ်က္နာပ်က္သြားသည့္ေနျခည္ခန့္။ ခန့္မ်က္နာပ်က္ရသည့္အေၾကာင္းမွာ အိျနာေဘးမွာ လက္ကိုတြဲခိုထားသည့္ ေကာင္မေလးေၾကာင့္လည္းပါသည္။

"ေနေကာင္းလားအစ္မေနျခည္ခန့္"

"ေကာင္းပါတယ္ညီမေလးအိျနာခိုင္"

"ေအာ္ဒါနဲ႔ ေဘးကဘယ္သူလည္း"

"အိျနာ ေကာင္မေလးပါ"

အေမွာင္မိုက္ဆုံးမွာ လကြယ္ညထင္ေနခဲ့ေသာ္လည္း ေနျခည္ခန့္ဆိုသည့္အမ်ိဳးသမီးႏွင့္ ဇာတ္လမ္းလုံးဝၿပီးျပတ္သြားသည့္အခ်ိန္ျဖစ္ေၾကာင္း အိျနာသိလိုက္ရၿပီ။ တိတ္ဆိတ္ၿငိမ္သက္ေနသည့္အိျနာဘဝထဲ ခြင့္ျပဳခ်က္မရပဲဝင္ေရာက္လာခဲ့ၿပီးေနာက္ ခြင့္ျပဳခ်က္မရပဲျပန္၍ထြက္သြားခဲ့သည္။ သည္တစ္ခါေတာ့ အၿပီးတိုင္မလိုအပ္ေတာ့ေၾကာင္းႏွုတ္မွမေျပာခဲ့ေပမယ့္ သူသိသြားမွာပါေလဆိုၿပီး စိတ္အားဆုံးျဖတ္ခ်က္ခ်ကာ အဆုံးထိေျပးခဲ့ေလၿပီ။

စေတြ႕စုံခဲ့သည့္ပုဂံေျမမွာပင္ ေနာက္ဆုံးေတြ႕စုံခ်င္းအတြက္ႏွုတ္ဆက္ရမည္ကို အိျနာမထင္ထားခဲ့။ ဤဆုံးျဖတ္ခ်က္အတြက္တြန့္ဆုတ္မေနပဲ ေျပာထြက္ခဲ့ေလၿပီမလို႔ စိတ္ေအးလက္ေအးေတာ့ျဖစ္သြားခဲ့ၿပီေလ။

ပုဂံမွျပန္ေရာက္ၿပီး၁ပတ္အၾကာ

"အိျနာ သူငယ္ခ်င္း နင္အခုဘယ္မွာလည္း"

"ငါခန့္ကိုကိုနဲ႔အတူရွိေနတယ္။ hot pot ဆိုင္မွာ"

"ဟုတ္လား ခန့္ေလးကိုဖုန္းခဏေပးလိုက္"

ခန့္ကိုကိုမွာ ယြန္းႏွင့္စကားေျပာၿပီးသည့္ေနာက္မ်က္နာအနည္းငယ္ပ်က္သြားသည္။ သို႔ေပမယ့္ သိပ္ေတာ့မသိသာ တစ္ခါပဲျမင္ဖူးသည့္လူတစ္ေယာက္ ထိမၽွသာမ်က္နာျပတ္ခ်င္းက ျဖစ္သင့္ပါသည္။

"အိျနာ နင္စိတ္ေအးေအးထားေနာ္"

"ေျပာမွာသာေျပာစမ္းပါဟာ ရင္ေတာင္ခုန္လာၿပီ"

"မခန့္ေလ ေနျခည္ခန့္ ျပည္လမ္းမွာ Car Accidentျဖစ္ၿပီး ဆုံးၿပီတဲ့"

"လာေနာက္ေနတယ္"

"အတည္ အတည္ေျပာတာ နင္အခုအဲ့ကေနဘယ္မွမသြားနဲ႔ ငါလာေခၚမယ္ေနာ္။ နင္ကားလုံးဝမေမာင္းနဲ႔ေတာ့ သိလား ငါေျပာတာၾကားလား ဟဲ့ ၾကားလား"

"အမ္ တကယ္ တကယ္ႀကီးလား" တကယ္ဟုတ္လားဆိုတာေမးရင္ အိျနာမငိုေပမယ့္ မ်က္ရည္မ်ားက်ဆင္း႐ုံသာတတ္နိုင္ခဲ့သည္။ ယြန္းရဲ့မကူအညီျဖင့္ သူအသုဘခ်သည့္ေန႔တြင္လိုက္ပို႔နိုင္ခဲ့သည္။ သမီးကိုက်ဴရွင္ႀကိဳၿပီးအျပန္ တကၠသိုလ္ရိပ္သာလမ္းဘက္မွ ျပည္လမ္းသို႔အသြားေရွ႕ကား ဘရိတ္အုပ္လိုက္သည္ကို ေနျခည္ခန့္ကားအားလမ္းေဘးဆြဲခ်လိုက္ရ ဓာတ္တိုင္နဲ႔ အရွိန္ျပင္းျပင္းတိုက္မိေသာေၾကာင့္ ေနျခည္ခန့္မွာ ထိုေနရာမွာပင္ေသဆုံးခဲ့ရသည္။  သူ႔သမီးေလးမွာကံေကာင္းစြာျဖင့္ေသေဘးမွလြတ္ေျမာက္ခဲ့ရသည္။ ပုဂံမွာေတြ႕လိုက္ခ်င္းသည္အသက္ရွင္ရက္ေနာက္ဆုံးသာ။ သည္လိုအရင္ထြက္သြားမည္ဟုဘယ္တုန္းကမွေတြးမိခဲ့ပုံလည္းမရ။ ရွင္ကြဲကြဲဖို႔သာရည္ရြယ္ခဲ့ေသာ္လည္း ေသကြဲကြဲခဲ့ရေလၿပီ။

ၿပီးပါၿပီ။

19.4.2022

Continue lendo

Você também vai gostar

31.4K 469 14
DELULU & GUILT PLEASURE
1.5M 106K 25
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...
47K 4.3K 35
ချစ်ခြင်းမေတ္တာဟာ အဝါရောင်တွေလည်း ဖြစ်နိုင်ပါသေး၏။
7.1K 315 10
لَقَدْ تَقَابَلْنَا بَعْدَ سَنَوَات وَ لَكِنْ هُنَاكَ فَرْقْ...هُوَ أَنَكِ تَزَوَجْتِي!! جُيونْ جُونْغُكُوكْ أَرْيَانَا سْتَارلِنْ سُونْ