Forever Together (Completed)

By naykyarrrrr

353K 13.7K 577

အရာအားလုံးက ​ပြောင်းလဲ​နေတဲ့ နိယာမ တစ်ခုကို ကျ​နော် လက်ခံတယ် ဒါ​ပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်က​တော့... More

ဇာတ်​ကောင်မိတ်ဆက်
part 1(uni+zawgyi)
part 2 (Uni +Zawgyi)
Part 3( Uni+Zawgyi)
Part 4 ( Uni+Zawgyi)
Part 5(Uni+Zawgyi)
Part 6 (Uni+Zawgyi)
Part 7 (Uni+Zawgyi)
Part 8 (Uni+Zawgyi)
Part 9(Uni+Zawgyi)
Part 10(Uni+Zawgyi)
Part 11(Uni+Zawgyi)
Part 12 (Uni+Zawgyi)
​တောင်းပန်ခြင်း
Part 13 (Uni+Zawgyi)
Part 14 ( Uni+Zawgyi)
Part 15(Uni+Zawgyi)
Part 16(Uni+Zawgyi)
Part 17(Uni+Zawgyi)
Part 18(Uni+zawgyi)
Part 19(Uni+Zawgyi)
Part 21(Uni+Zawgyi)
Part 22(Uni+Zawgyi)
Part 23(Uni+Zawgyi)
Part 24 (Uni+Zawgyi)
Part 25 (Uni+Zawgyi)
Part 26 (Uni+Zawgyi)
Part 27(Uni+Zawgyi)
Part 28(Uni+Zawgyi)
Part 29 (Uni+Zawgyi)
Part 30 (Uni+Zawgyi)
Part 31(Uni+Zawgyi)
Part 32 (Uni+Zawgyi)
Part 33 (Uni+Zawgyi)
Part 34(Uni+Zawgyi)
Part 35(Uni+Zawgyi)
Part 36 (Uni+Zawgyi)
Part 37(Uni+Zawgyi)
Part 38 (Uni+Zawgyi)
Part 39(Uni+Zawgyi)
Part 40(Uni+Zawgyi)
Part 41(Uni+Zawgyi)
Part 42 (Uni+Zawgyi)
Part 43 (Uni+Zawgyi)
Part 44 (Uni+Zawgyi)
Part 45 (final) Uni+Zawgyi
​ကျေးဇူးတင်လွှာ
new fic

Part 20(Uni+Zawgyi)

5.6K 232 4
By naykyarrrrr


Uni

​"ခေတ်​လေး ​မောင်​ လိုက်ခဲ့မယ်​လေ "

​ခေတ် ​နေပြည်​တော်က မိဘ​တွေကို ကန်​တော့ပြန်တာ။ မောင်နဲ့အ​ကြောင်းလည်း အသိ​ပေး​တော့​မယ်​လေ။ ​မိဘ​တွေကို ​ပြောရမှာ ​ကြောက်​နေတာ​ကြောင့် ​မောင့်ကိုမ​ခေါ်ဖို့ဆုံးဖြတ်လိုက်တာ။ ​မောင်ပါရင်လည်း ​ပြောရမှာ တမျိုးကြီး။ ကိုယ့်မိသားစု အ​ကြောင်း ကိုယ်အသိဆုံးပဲလေ။ အခု​တောင်​နေပြည်​တော်​ရောက်​နေတဲ့ မမတို့မိသားစုကို ​ခေတ်တားထားရတာ ။ ​ခေတ် လာပြီးမှပြန်ပါလို့ ။ မမရှိ​​တော့ ကူ​ပြောလို့ရ​အောင်။

​"မောင်​ရယ် ​ခေတ်က ၂ရက်ပဲကြာမှာ​လေ "

"ဟုတ် လွမ်း​နေ​တော့မှာ​ပေါ့ "

"ပြွတ်....."

သူ့ကိုနမ်းကာ ​ချော့ရ​သေးတယ်။ ​​လေဆိပ်လိုက်ပို့ဖို့ကိုလည်း မနည်း ​ပြော​​နေရတာ ။ သူနဲ့ကား​နဲ့သွားမယ်ဆိုတာကြည့်ပဲ။ ​မောင်တ​စ်ယောက်က​တော့ က​လေးဆိုး ။

​"ခေတ်​လေး ၂ရက်ပဲ​နော်
ကြာရင်​မောင်လိုက်လာခဲ့မှာ "

"အင်းပါ စိတ်ချ
မောင့်ကို ဖုန်းဆက်မယ်​လေ "

​မောင်လိုက်လာရင်စိတ်အ​နှောက်အယှက်ဖြစ်မှာ ဆိုး​​သေးတာ ​။ ​ခေတ်​ဖေ​ဖေနဲ့​​မေ​မေ အ​​ကြောင်းက ​ခေတ် အသိဆုံး။ အရမ်း​ရှေးရိုးဆန်​တော့ အခု ​ခေတ် LGBT ​တွေ ဘာ​တွေနားမလည်ဘူး ။ သိလည်းမသိဘူး ။ အ​တော်ကိုနားချရအုန်းမှာ​လေ။ အခု​တောင် ကူ​ပြော​ပေးဖို့ မမကို အကူအညီ​တောင်းထားရတာ။ ​မောင်ကို ​ခေါ်သွားဖို့က သတ္တိမရှိ။

​လေဆိပ်သွားတဲ့လမ်းတ​လျှောက် ​ခေတ် လက်ကို ဆုပ်ကိုင်ထားကာ ခဏခဏ နမ်း​သေးတာ။ ​မောင်က ဘယ်လိုလွမ်း​နေမယ်ဖြစ်​ကြောင်း၊ ဘယ်လို သတိရ​နေ​မှာဖြစ်ကြောင်း ၊ ​ခေတ် အနားမှာမရှိရင်အိပ်မ​ပျော်​ကြောင်း၊ ​ခေတ်ကို ဘယ်​လောက်ချစ်​ကြောင်း​တွေလည်းတတွတ်တွတ်​ပြော​နေ​သေး၏။


​"မောင်အထဲထိ လိုက်မပို့နဲ့​တော့ "

"ပြွတ်.... ချစ်တယ်​နော်"

"ချစ်တယ်​ မောင့်အချစ်​လေး "

ကားထဲမှာ ​မောင်က စူးစူးစိုက်စိုက်ကြီးကြည့်ကာ ​​ခေတ်ကို အနမ်းမိုး​တွေ ရွာလိုက်​သေး၏ ။ ​ခေတ်​မောင့်ကိုနှုတ်ဆက်ကာ ​လေဆိပ်ထဲအ​ပြေးအလွှား ။ ​မောင်တအားချွဲ​နေတာ​ကြောင့် ​လေယာဥ်ထွက်ဖို့ အချိန် နည်းနည်းပဲလို​တော့သည် ။ တကယ်​တော့သူက ​​လေယာဥ်မမှီ​အောင်တမင်လုပ်​နေခြင်းဖြစ်သည် ။ သူ့ကားနဲ့လိုက်ပို့ချင်လို့ ။ ​မောင်တ​စ်ယောက်နဲ့​တော့ ​ခက်ပါတယ်​လေ။

​​​
~~~~~~~~~~~~

"ငါ့သား​လေး ဘုန်းကြီးလို့ အသက်ရှည်ပါ​စေကွယ်"

​"ပေးတဲ့ဆုနဲ့ပြည့်ပါ​စေ ​ဖေ​ဖေနဲ့​မေ​မေ "

​ဖေ​ဖေနဲ့​မေ​မေ တို့ကို ​ခေတ် ကန်​တော့ လိုက်ပြီး ။ မိသားစု မဆုံတာ ကြာ​တော့ စကား​တွေ​ပြောလို့မကုန်။ မမတို့မိသားစု က သင်္ကြန်တွင်းထဲက ​ရောက်​နေတာ ။ ညစာစားကြပြီး​တော့ မမရဲ့က​လေး​တွေက ​ဆော့တာ​မောပြီးအိပ်ကုန်ကြသည်။ ​ခေတ်ကလည်း သူ​ပြောစရာရှိတာ များကို ​ပြောဖို့ အချိန်အခါ​စောင့်​နေရသည်။

​"ဖေ​ဖေနဲ့​မေ​မေ ကို သား​ပြောစရာရှိတယ် "

မမနဲ့ မမ​ယောကျာ်းက​တော့ သိပြီးသားပါ။ဒါ​ပေမယ့် မိသားစု အ​ရေးဆို​တော့ မမနဲ့ ​ယောက်ဖ ကိုပါ စကားဝိုင်းတွင်ရှိ​စေချင်သည်။

​"ပြော​လေ သား​လေး "

"သားမှာ ချစ်သူရှိ​နေပြီ "

"ဟင်!!!! ဟုတ်လား ဘယ်သူတုန်းကွ
တခါတည်း ​ခေါ်ခဲ့တာမဟုတ်ဘူး"

​"ဖေ​ဖေနဲ့​မေ​​မေ သူ့ကို သိပါတယ် တခါ ပါလာဘူးတယ်​လေ သားနဲ့ "

"ဘယ်သူလည်း သား​ခေတ်​လေးရယ် ​​မေ​​မေ  မသိရပါလား "

"တခါ ဒီပါလာတဲ့ ​ရွှေဘုန်းတန်ခိုးပါ
​မေ​မေ "

"ဟင်!!!!!"

"........"

"သူက ဟုတ်ပါတယ် ​မေ​မေ
သူက​ယောကျာ်း​လေးပါ
သားတို့ ချစ်​နေကြတာ ၁နှစ်​ကျော်​နေပါပြီ မမနဲ့လည်းမိတ်ဆက်​ပေးပြီးပါပြီ"

"ဟုတ်ပါတယ် ​မေ​မေ
​မောင်​ရွှေဘုန်းက တကယ့်​ဆွေကြီး မျိုးကြီးထဲကပါ" မမကပါ ကူ​ပြော​ပေးသည်။

​​ဖေ​ဖေနဲ့​မေ​မေ မျက်နှာသိသိသာသာ ပျက်​နေတာ သိသာလှသည်။ ​ခေတ်က​တော့ အပြစ်လုပ်ထားတဲ့ အပြစ် သားက စီရင်ချက် ချမှာကို ထိုင်​စောင့်​နေသလိုမျိုး ။ ​​ဖေ​ဖေနဲ့​​မေ​မေက အ​တော်ကြာ အသံတိတ်သွားသည်။ မမကလည်း ​ခေတ်ဖက်ကိုတစ်ချက်ကြည့်ကာ ။  သူလည်း ဘာ​ပြောရမှန်းမသိ။ ဘာလုပ်လို့ ဘာကိုင်ရမလည်း ဖြစ်​နေသူက ​ခေတ်။

အချိန် အ​တော်ကြာ ​ဖေ​ဖေ ဆီက

​"ဖေ​ဖေ ​ပြောချင်တာ​တော့ ငါ့သား​​လေး သံ​ယောဇဥ် တအားမတွယ်ခင် ဖြတ်လိုက်ပါ
ဘယ်လိုမှ မဖြစ်နိုင်ဘူး​လေ
အ​ဖေတစ်​ယောက် အ​နေနဲ့ ဘာလို့ ဒီလို​ပြောတာလည်း သားတစ်ချိန်ကြရင် နားလည်လာလိမ့်မယ် "

​ခေတ် မျက်နှာမှ မျက်​ရည် ​ဝေ့တတ်လာသည်။ သူ ​မျှော်လင့်ထားတာထက် ​​ဖေ​ဖေ့ စကားက ဓါးသွား ထက်လှသည်။
​ဖေ​ဖေက အရမ်း​သွေး​​​အေးတဲ့သူပါ ။ ​တော်ရုံဘာမှမ​ပြောတတ်​ပေမယ့် အခု​​တော့။

"ဟုတ်တယ် သား​လေး
​​မေ​မေ က သား​လေးကို သိပ်ချစ်တယ်
ကိုယ့်သား​​လေး ကိုအခြားသူ ​တွေ ​မေး​ငေါ့ကြမယ့် အဖြစ်မျိုးအဖြစ်မခံနိုင်ဘူး
သား​လေး လည်း ​မေ​မေ ကိုခွင့်လွှတ်ပါ
​မေ​မေအသက်ရှင်​နေသ၍ဘယ်လိုမှ သ​​ဘောမတူနိုင်ပါဘူး"

​ခေတ် ​ဖေ​ဖေနဲ့​​မေ​မေ ရဲ့စကား​တွေကပြတ်သားလွန်းလှသည်။ ​ခေတ် ဘာမှပြန် မ​ပြောနိုင်​အောင်။ ဘယ်တုန်းကမှလည်း ပြန်မပြောဖူးဘူး​လေ။ သူတို့​ပြောတာလည်းမှန်​နေတာပဲ။ ​ခေတ် အကြတ်အ​တည်း​တွေကြားထဲမှာ ။ မမ နဲ့​ယောက်ဖကလည်း မျက်နှာမ​ကောင်းကြ။ ​ဖေ​ဖေနဲ့​မေ​မေက ​ခေတ်ကို ​ပြောပြီးတာနဲ့ အိပ်ခန်းထဲအသီးသီးဝင်သွားကြသည်။

​ခေတ်လည်း အခန်းထဲဝင်ကာ စိတ်လွှတ်ကာ ငိုချလိုက်သည်။ ငို လိုက်​တော့ ​ခေါင်း​တွေက ကိုက်လာတာ။ ဖုန်းကို
ကြည့်လိုက်​တော့ ​​မောင်​ခေါ်ထားတဲ့ missed call ​တွေ ။ ​မောင်နဲ့ မိဘ​တွေကြား ​ခေတ် ဘယ်လိုလုပ်ရမလည်း ​​မောင်ရယ်။

~~~~~~~~~~~~

📩Morning ​ခေတ်​လေး
​​မောင် စိတ်ပူတယ် အ​ချိန်ရရင် ဖုန်း​ခေါ်ပါ

​ခေတ် ညက တစ်ညလုံးအိပ်မရ။ ​မောင်နဲ့​ဘယ်လို ​ရှေ့ဆက်ရမလဲ​တွေးကာ။ ​သေချာတဲ့ဆုံးဖြတ်ချက်တစ်ခု ချမှ ဖြစ်​တော့မယ်။ ဒီတိုင်းဆို ​မောင့်​ပေါ်လည်း မတရားတာကျတယ်​လေ ။ ​မောင့်အသက် အရွယ် ၊ ​မောင့် အသိုင်းအဝိုင်း ​ က လူတိုင်းမက်​​မော​လောက်တဲ့ အ​နေအထား။ ​မောင့် အတွက်အ​ကောင်းဆုံးလုပ်ဖို့ စဥ်းစားထားလိုက်သည်။ ​​ခေတ်ရဲ့အချစ်​တွေက ​မောင့်အတွက် အမြဲခမ်းနားရမယ်​လေ။ ​မိဘ ​တွေလည်း ​ခေတ်အတွက် တန်ဘိုးမဖြတ်နိုင်သလို ​မောင်ကလည်း​ခေတ်အတွက် တန်ဘိုးမဖြတ်နိုင်ပါဘူး ။ မိဘ​တွေနဲ့​မောင့်အတွက်မျှမျှတတ ​ခေတ်ဆုံးဖြတ်မှာပါ ။

📲တူတူတူ

​📞ခေတ်​လေး

ချက်ခြင်းဆိုသလို ​မောင်က ကိုင်လိုက်သည်။

​📞မောင့်!! ​​ခေတ် ဖုန်းမဆက်လို့ စိတ်မဆိုးနဲ့​နော် မ​နေ့က အ​စောကြီး အိပ်​ပျော်သွားလို့

📞စိတ်မဆိုးပါဘူး ​ခေတ်​လေး အဆင်​ပြေလား ​မောင်ကသိချင်တာ

📞အဆင်​ပြေတယ်​မောင်
  မနက်ဖြန် မနက် ​လေယာဥ်နဲ့ပြန်ခဲ့မယ်
​  မောင်လာကြို

📞စိတ်ချပါ ဗျာ

📞ချစ်တယ်​နော် ​မောင်

​📞မောင်က ပိုချစ်တယ်

​​ခေတ်ဖုန်းချပြီး​တော့ မျက်ရည်မဆယ်နိုင်​အောင် ငို​တော့သည်။ ​မောင်ကို ညာလိုက်ရ​ပေမယ့် စိတ်​တွေမ​ကောင်းဘူး။ ​မောင်က ​ခေတ်ကိုဒီ​လောက်ချစ်တာ ။ ​ခေတ်ဘယ်လို လုပ်ရမလည်း။ ​မောင့်အတွက် ရက်စက်လွန်း ရာကြသွားမလား ။ ​ခေတ် ဆုံးဖြတ်ချက်ကို ​မောင် လက်ခံနိုင်ပါ​စေလို့သာ ​မျှော်လင့်ရင်း။

ခေတ် ​ရေချိုးကာ မျက်နှာကို ငိုထားမှန်းမသိ​အောင် သနပ်ခါး လိမ်းလိုက်သည် ။ breakfast စားဖို့ ထမင်းစားခန်း​ရောက်​တော့ အားလုံးက ကြိုဆို ​​နေကြသည်။ ​ခေတ်လည်း မျက်နှာ အမူအရာ မပျက်​အောင် အ​ကောင်းဆုံးကြိုးစားလိုက်သည်။ မိသားစု စုံစုံလင်လင် ထမင်းဝိုင်းက ​ပျော်ရွှင်စရာအတိ။

"သား​လေး လာ သားလာတုန်း
သားအကြိုက်​တွေ ချက်ထားတာ"

"ဟုတ်​မေ​မေ "

​​ဖေ​ဖေ က​တော့ မျက်နှာက မလန်း​​။ ​ခေတ်လည်းမသိမသာခိုးကြည့်လိုက်၏။

"ငါ့သားထည့်စား ​လေ အိမ်ဟင်းအိမ်ထမင်းနဲ့ ​ဝေး​နေတာ ကြာပြီမို့လား "

"ဟုတ်​ဖေ​ဖေ "

"မမတို့​ကော ဘယ်​တော့ပြန်မလဲ"

" မမတို့က​တော့ ​နောက် ၂ရက်​လောက်​နေပြီးရင် ပြန်မယ် "

"ဟုတ် ​​မောင်​လေးက​တော့ မနက်ဖြန် ပြန်မယ်မမ
အလုပ်​တွေက မပြတ်​သေးလို့ "

​ဖေ​ဖေနဲ့​​မေ​မေ က အံသြတကြီး ဖြစ်​နေကြသည်။ မ​နေ့က သူတို့ကန့်ကွက် တာကို သားက မသိသလိုပဲ ။ မျက်နှာလည်းမပျက် အလုပ်​တွေလည်းဆက်လုပ်မယ်ဆို​တော့ ။ ဝမ်းသာရမှာလားဝမ်းနည်းရမှာလား မ​ပြောတတ်။

ဒါ​ပေမယ့် ​ခေတ်​လေး ဘယ်​တော့မှ မိဘစကားနားမ​ထောင်တာ မရှိ​တော့ စိတ်​တော့​အေးရသည်။

"သဲသဲနဲ့ ကဲကဲ ထည့်စား​လေ
မကြိုက်ဘူးလား"

"ကြိုက်ပါတယ် ​လေး​ခေတ် "

"မမ ​ယောက်ဖ ကို ဟင်းထည့်​ပေးလိုက်အုန်း "

အားလုံးက ​ခေတ် စိတ်ပျက် လက်ပျက် ဖြစ်​နေမယ်ထင်ထားကြတာ။ ​ခေတ်က အရင်လိုပဲမျက်နှာ တစ်ချက်မပျက် ။ သူတို့​တွေထင်တာက​တော့ ​ ​ခေတ်က ​​ပေါ့​ပေါ့ပါးပါး​ပေါ့။ ​ခေတ်စိတ်ထဲမှာ​တော့ ကမ္ဘာပျက်​နေတာပါ ။ ​ခေတ် ​သေ​တောင်​သေ လိုက်ချင်တာ ။ မိဘ​တွေကိုလည်း စိတ်မဆင်းရဲ​စေချင်။ ​မောင့်ကိုလည်းစိတ်မဆင်းရဲ​​စေချင်။ ​ခေတ် ရူးချင်ပြီ​မောင်​ရေ။

~~~~~~~~~~~~~

​ရန်ကုန် ပြန်ရန် အိတ်က​လေးချကာ
ဖေ​ဖေနဲ့​​မေ​မေ ကို ကန်​တော့လိုက်သည်။

"ဘုန်းကြီးလို့ အသက်ရှည်ပါ​စေကွယ်
သွားလမ်းသာလို့ လာလမ်း​ဖြောင့်ပါ​စေ "

​"ပေးတဲ့ဆုနဲ့ပြည့်ရပါ​စေ
​ဖေ​ဖေနဲ့​မေ​မေလည်းကျန်းမာ​ရေးဂရုစိုက်ပါ"

​ဖေ​ဖေ၊ ​မေ​မေ နဲ့ မမတို့မိသားစုကို နှုတ်ဆက်ကာ ​ဖေ​ဖေ့ driver က ​လေဆိပ်လိုက်ပို့​ပေးသည်။

ရန်ကုန်​လေဆိပ်​ရောက်​တော့ ​မောင်က အသင့်ကြို​နေသည်။ ​ခေတ်​ လက်ကို ဆွဲခေါ်လာပြီး ​ကား​ပေါ်​ရောက်​တော့ ခေတ်ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။

​"မောင်က အရမ်းလွမ်း​နေတာ
​​ခေတ်မရှိဘဲမ​နေနိုင်​တော့ဘူး "

​"ခေတ်လည်း လွမ်းတာပဲ​လေ ​မောင်ကလည်း "

​ခေတ်ကျချင်​နေတဲ့ မျက်ရည်​တွေကို မနည်းထိမ်းကာ ။ မျက်ရည်ကကျလို့မဖြစ် ။ ​မိဘ​တွေက ​မောင်နဲ့သ​ဘော မတူတဲ့အ​ကြောင်းလည်း မ​ပြောချင်။ ​မောင့်ကို သနားလို့​လေ ။ ဒီ​လောက်​ခေတ်အ​ပေါ် ​ကောင်းတဲ့ လူက ရှာလို့ မ​တွေ့နိုင်​တော့ဘူး​လေ။ ​မောင်က ​ခေတ် အတွက်​တော့ အ​ကောင်းဆုံးအ​ဖော်မွန်ပါ။

​"မောင့်!!!ဗိုက်ဆာတယ် "

"ဟုတ် ​မောင်လည်း မစားရ​သေးဘူး "

"သွားစားမယ်​လေ ​ခေတ်ဘာစားချင်လည်း "

"ကြီးသူ ချက်တာ စားချင်တာ အပြင်စာ မစားချင်ဘူး"

"ဟုတ် "

​မောင်က အိမ်ကို ဦးတည်လိုက်သည်။ အိမ်သွားချင်တာက မာမီတို့ ကြီးသူတို့နဲ့လည်း ​တွေ့ချင်​သေးတယ်​လေ ။  မာမီက ​ခေတ်အတွက် အ​မေရင်းနဲ့မခြား ​ကောင်းတဲ့ လူ​လေ ။ ​

အိမ်​ရောက်​တော့ မာမီ က နှုတ်ဆက်ကာ ​ခေတ်ကလည်း မာမီ ကို အနမ်း​ပေးလိုက်သည်။ ​နောက်ဆို မာမီကို ဘယ်​တော့မှ ပြန်​တွေ့ရမည်မသိ။ ​ခေတ် ရင်ထဲကဆို့တတ်လာသည်။

​"ခေတ်​လေး ထမင်းစားမယ်​လေ
မာမီနဲ့​နောက်မှ အလွမ်းသည်​နော် "

"အင်း လာပြီ​မောင် "

"ကြီးသူ ဘာဟင်းလည်း "

"သား​ခေတ်ကြိုက်တာ​တွေ​ပေါ့ ​နောက်​နေ့လည်း ​ခေတ်​လေး စားချင်တာ​ပြော
ကြီးသူ ချက်ထားမယ် "

"ဟုတ်ကြီးသူ​ကျေးဇူး "

ကြီးသူက​တော့ မသိဘူး​ပေါ့ ​ခေတ်က​​တော့ စိတ်မကောင်းခြင်းများစွာ။ ကိုယ့်အ​ပေါ်​ကောင်းခဲ့တဲ့သူ​တွေကို ထားခဲ့ဖို့ ​ခေတ် ကြိုးစားပြင်ဆင်ခဲ့တာ။ ​မောင်နဲ့ ​ခေတ်မိဘ ​တွေအတွက် မျှတတဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ ​ခေတ် သူတို့နဲ့အနီးနားမှာ မရှိမှဖြစ်မှာ​လေ။ ​

​မာမီ တို့ ကြီးသူတို့ကို နှုတ်ဆက်ကာ​နေ့လည်စာ စားပြီး ​ခေတ်ကို အိမ်ပြန်လိုက်ပို့​ပေးကာ ​မောင်က ကုမ္ပဏီပြန်သွားသည်။

​​​ခေတ်စီစဥ်စရာရှိစရာများကိုစီစဥ်ပြီး  ​ကောင်း​စေဆီ က ဖုန်းဝင်လာသည်။

​"အေး ​​ကောင်း​"

"အားလုံးအဆင်​ပြေတယ် ​ခေတ်​ရေ
Monday မှာ အလုပ်ဝင်ဖို့ လူလို​နေတာနဲ့အားလုံးအို​ကေ "

​"အေးပါ ​ကောင်း
အစစအရာရာ အတွက်​ကျေးဇူး"

​ခေတ် ထည့်စရာရှိတာများအားလုံးထည့်လိုက်သည် ။ ​နောက်ဆုံး passpost စာအုပ်က​လေးကိုင်ရင်းသက်ပြင်းချလိုက်သည်။ မျက်ရည်​တွေက အလိုလို ကျလာသည်။  ​မောင်က မခွဲနိုင်သလို ​ခေတ်ကလည်း မခွဲနိုင်ပါဘူး​မောင်ရယ်။ အခုက အ​​ခြေအ​နေတစ်ခုအရ ခွဲရအုန်းမှာ​ပေါ့။

ခေတ် ဆိုင်အတွက် စီမံရန်အတွက် ရတု​မေနဲ့ဆုရတီ ကို ​ခေါ်ကာ meeting လုပ်လိုက်သည်။

အံသြ​နေတဲ့သူက ရတုပါ ။မဆုက ​တော့ အကြီးဆို​တော့ အရာရာ သိတတ်နားလည်တယ် ။ ​ခေတ် ​ပြောတာကို လည်းသ​​ဘော​ပေါက်တယ်။ ​ခေတ်ကလည်း အရင်ကတည်း ခရီးသွားလည်း design ​တွေ ဆွဲ​ပြီး mail နဲ့ပို့ပေး​နေကြဆို​တော့ အထူးအ​ထွေမဟုတ်။  ​ခေတ် ဟို​ရောက်ရင်လည်း design ​တွေ ဆွဲ​ပေးမှာဖြစ်​ကြောင်း ၊ ဆိုင်အတွက်ကိစ္စ အဝဝ ကို​တော့ မဆုနဲ့ တိုင်ပင်ပြီးလုပ်ရန် ရတုကို ​မှာလိုက်သည်။ online meeting လည်း တပတ် တစ်ကြိမ်လုပ်မှာ ဖြစ်​ကြောင်း၊ ready to wear ကို​တော့ ၃လ တစ်ကြိမ် design ​တွေကို ​ခေတ်ကပို့​ပေးမယ်ဆိုတဲ့အ​ကြောင်း​တွေမှာခဲ့လိုက်သည် ။ ​

ခေတ်မနက်ဖြန် သွား​တော့မှာဆို​တော့ မှာစရာရှိရာများ မှာလိုက်သည်။  ​ခေတ်သွားမယ့်ကြောင်း ကို​တော့ဘယ်သူ့မှအသိမ​ပေးရန် မှာလိုက်သည်။ ဘယ်သွားမှာလည်းဆိုတာလည်းသူတို့မသိ။ ​ခေတ်ကလည်း ဘယ်သူကိုမှ မ​ပြော ။​​ခေတ်မမ ကို​တောင် မ​ပြောခဲ့ပါဘူး။

"ဆရာအားလုံးကို စိတ်ချပါ
စိတ်အေးလက်​​အေး အနားယူခဲ့ပါ
ရတုတို့ဆီ အမြန်ဆုံးပြန်လာခဲ့ပါ​နော် "

"စိတ်ချပါ ဆရာ
မဆု အတတ်နိုင်ဆုံး ကြိုးစား​ပေးပါ့မယ်"

​"ကျေးဇူးပါ မဆုနဲ့ရတု
ကျ​နော့ကို ကူညီ​ပေးပါအုန်း "

ည​နေပိုင်း ​မောင်က အလုပ်ဆင်းကာ ထုံးစံအတိုင်း​ခေတ်ဆီ​ရောက်လာသည်။

​​"ခေတ်​လေး "

​"ဟော ​မောင် "

"ခေတ် ဘုရားသွားချင်တယ်
လိုက်ပို့​ပေး "

"ဟုတ် သွားမယ်​လေ
အပြန် ညစာ ဝင်စားကြမယ်​လေ "

"အင်းပါ "

​​မောင်နဲ့အတူ ဘုရားသွားပြီး ညစာဝင်စားလိုက်သည်။ဒီ​နေ့က ​မောင်နဲ့အတူ ​နောက်ဆုံးစားတဲ့ ညစာပဲ။ ​နောက် ဘယ်အချိန်မှာ ပြန်ဆုံမယ်ဆိုတာလည်းမ​သေချာ ။ ဘယ်အချိန် ​တွေ့ရမယ်ဆိုတာလည်းမ​သေချာ ။ ​သေချာတာက​တော့ ​မောင်နဲ့ ခွဲရ​တော့မယ် ဆိုတာပဲ​လေ။

​မောင်နဲ့ ညစာ စားပြီးပြန်လာ​တော့ ။​
ခေတ်က ပစ္စည်း​တွေ ရှင်း​နေသည်။​ရေချိုးခန်းက ထွက်လာတဲ့ ​မောင် က

"​ခေတ် ခါးကို ဖက်ကာ ​ခေတ်​လေး
အိပ်စို့ "

"အင်းပါ ​မောင် "

တကယ်ဆို ​ခေတ်အိပ်ဖို့ ဆန္ဒမရှိ ​မောင့်ကို တညလုံး ထိုင်ကြည့်ဖို့ စဥ်းစားထားတာ။

​ခေတ် ​မောင့်နှုတ်ခမ်းကို နမ်းလိုက်သည်။ ​ခေတ် စနမ်းလိုက်​ပေမယ့် မောင်က အနမ်း​တွေ ခပ်ကြမ်းကြမ်းစတင်​တော့သည်။

အနမ်း​တွေ ကြာရှည်ခဲ့ပြီး ​မောင်က ​ခေတ် ဗိုက်​လေးကိုပွတ်ကာ အိပ်​ပျော်သွားသည်။ ​မောင်က ခ​လေး​လေးလိုပဲ အပြစ်ကင်းသည်။ ​မောင့်ကို ထားခဲ့ရမှာ မချစ်လို့ မဟုတ်ပါဘူး​မောင်။ ချစ်လွန်းလို့ပါ ။ ​မောင့်ရင်ခွင်ထဲက​နေ ​မောင့်မျက်နှာကို ​ကြည့်ကာ

​'ခေတ်ကို ခွင့်လွှတ်ဖို့မ​တောင်းဆိုပါဘူး​မောင်
ခေတ်ကို ​မေ့​ပေးဖို့ပဲ​တောင်းဆိုပါတယ်'

အချစ်များစွာဖြင့် 🌻
16.4.2022(Sat)

.................................

Zawgyi

​"ေခတ္​ေလး ​ေမာင္​ လိုက္ခဲ့မယ္​ေလ "

​ေခတ္ ​ေနျပည္​ေတာ္က မိဘ​ေတြကို ကန္​ေတာ့ျပန္တာ။ ေမာင္နဲ႕အ​ေၾကာင္းလည္း အသိ​ေပး​ေတာ့​မယ္​ေလ။ ​မိဘ​ေတြကို ​ေျပာရမွာ ​ေၾကာက္​ေနတာ​ေၾကာင့္ ​ေမာင့္ကိုမ​ေခၚဖို႔ဆုံးျဖတ္လိုက္တာ။ ​ေမာင္ပါရင္လည္း ​ေျပာရမွာ တမ်ိဳးႀကီး။ ကိုယ့္မိသားစု အ​ေၾကာင္း ကိုယ္အသိဆုံးလည္း​ေလ။ အခု​ေတာင္​ေနျပည္​ေတာ္​ေရာက္​ေနတဲ့ မမတို႔မိသားစုကို ​ေခတ္တားထားရတာ ။ ​ေခတ္ လာၿပီးမွျပန္ပါလို႔ ။ မမရွိ​​ေတာ့ ကူ​ေျပာလို႔ရ​ေအာင္။

​"ေမာင္​ရယ္ ​ေခတ္က ၂ရက္ပဲၾကာမွာ​ေလ "

"ဟုတ္ လြမ္း​ေန​ေတာ့မွာ​ေပါ့ "

"ႁပြတ္"

သူ႕ကိုနမ္းကာ ​ေခ်ာ့ရ​ေသးတယ္။ ​​ေလဆိပ္လိုက္ပို႔ဖို႔ကိုလည္း မနည္း ​ေျပာ​​ေနရတာ ။ သူနဲ႕ကား​နဲ႕သြားမယ္ဆိုတာၾကည့္ပဲ။ ​ေမာင္တ​စ္ေယာက္က​ေတာ့ က​ေလးဆိုး ။

​"ေခတ္​ေလး ၂ရက္ပဲ​ေနာ္
ၾကာရင္​ေမာင္လိုက္လာခဲ့မွာ "

"အင္းပါ စိတ္ခ်
ေမာင့္ကို ဖုန္းဆက္မယ္​ေလ "

​ေမာင္လိုက္လာရင္စိတ္အ​ေႏွာက္အယွက္ျဖစ္မွာ ဆိုး​​ေသးတာ ​။ ​ေခတ္​ေဖ​ေဖနဲ႕​​ေမ​ေမ အ​​ေၾကာင္းက ​ေခတ္ အသိဆုံး။ အရမ္း​ေရွးရိုးဆန္​ေတာ့ အခု ​ေခတ္ LGBT ​ေတြ ဘာ​ေတြနားမလည္ဘူး ။ သိလည္းမသိဘူး ။ အ​ေတာ္ကိုနားခ်ရအုန္းမွာ​ေလ။ အခု​ေတာင္ ကူ​ေျပာ​ေပးဖို႔ မမကို အကူအညီ​ေတာင္းထားရတာ။ ​ေမာင္ကို ​ေခၚသြားဖို႔က သတၱိမရွိ။

​ေလဆိပ္သြားတဲ့လမ္းတ​ေလွ်ာက္ ​ေခတ္ လက္ကို ဆုပ္ကိုင္ထားကာ ခဏခဏ နမ္း​ေသးတာ။ ​ေမာင္က ဘယ္လိုလြမ္း​ေနမယ္ျဖစ္​ေၾကာင္း၊ ဘယ္လို သတိရ​ေန​မွာျဖစ္ေၾကာင္း ၊ ​ေခတ္ အနားမွာမရွိရင္အိပ္မ​ေပ်ာ္​ေၾကာင္း၊ ​ေခတ္ကို ဘယ္​ေလာက္ခ်စ္​ေၾကာင္း။


​"ေမာင္အထဲထိ လိုက္မပို႔နဲ႕​ေတာ့ "

"ႁပြတ္ ခ်စ္တယ္​ေနာ္"

"ခ်စ္တယ္​ေမာင့္အခ်စ္​ေလး "

ကားထဲမွာ ​ေမာင္က စူးစူးစိုက္စိုက္ႀကီးၾကည့္ကာ ​​ေခတ္ကို အနမ္းမိုး​ေတြ ႐ြာလိုက္​ေသးတာ ။ ​ေခတ္​ေမာင့္ကိုႏႈတ္ဆက္ကာ ​ေလဆိပ္ထဲအ​ေျပးအလႊား ။ ​ေမာင္တအားခြၽဲ​ေနတာ​ေၾကာင့္ ​ေလယာဥ္ထြက္ဖို႔ အခ်ိန္ နည္းနည္းပဲလို​ေတာ့တာ​ေလ ။ တကယ္​ေတာ့သူက ​​ေလယာဥ္မမွီ​ေအာင္တမင္လုပ္​ေနတာ။ သူကားနဲ႕လိုက္ပို႔ခ်င္လို႔ ။ ​ေမာင္တ​စ္ေယာက္နဲ႕​ေတာ့ ​ခက္ပါတယ္​ေလ။

​​​
~~~~~~~~~~~~

"ငါ့သား​ေလး ဘုန္းႀကီးလို႔ အသက္ရွည္ပါ​ေစကြယ္"

​"ေပးတဲ့ဆုနဲ႕ျပည့္ပါ​ေစ ​ေဖ​ေဖနဲ႕​ေမ​ေမ "

​ေဖ​ေဖနဲ႕​ေမ​ေမ တို႔ကို ​ေခတ္ ကန္​ေတာ့ လိုက္ၿပီး ။ မိသားစု မဆုံတာ ၾကာ​ေတာ့ စကား​ေတြ​ေျပာလို႔မကုန္။ မမတို႔မိသားစု က သၾကၤန္တြင္းထဲက ​ေရာက္​ေနတာ ။ ညစာစားၾကၿပီး​ေတာ့ မမရဲ႕က​ေလး​ေတြက ​ေဆာ့တာ​ေမာၿပီးအိပ္ကုန္ၾကသည္။ ​ေခတ္ကလည္း သူ​ေျပာစရာရွိတာ မ်ားကို ​ေျပာဖို႔ အခ်ိန္အခါ​ေစာင့္​ေနရသည္။

​"ေဖ​ေဖနဲ႕​ေမ​ေမ ကို သား​ေျပာစရာရွိတယ္ "

မမနဲ႕ မမ​ေယာက်ာ္းက​ေတာ့ သိၿပီးသားပါ။ဒါ​ေပမယ့္ မိသားစု အ​ေရးဆို​ေတာ့ မမနဲ႕ ​ေယာက္ဖ ကိုပါ စကားဝိုင္းတြင္ရွိ​ေစခ်င္သည္။

​"ေျပာ​ေလ သား​ေလး "

"သားမွာ ခ်စ္သူရွိ​ေနၿပီ "

"ဟင္!!!! ဟုတ္လား ဘယ္သူတုန္းကြ
တခါတည္း ​ေခၚခဲ့တာမဟုတ္ဘူး"

​"ေဖ​ေဖနဲ႕​ေမ​​ေမ သူ႕ကို သိပါတယ္ တခါ ပါလာဘူးတယ္​ေလ သားနဲ႕ "

"ဘယ္သူလည္း သား​ေခတ္​ေလးရယ္ ​​ေမ​​ေမ  မသိရပါလား "

"တခါ ဒီပါလာတဲ့ ​ေ႐ႊဘုန္းတန္ခိုးပါ
​ေမ​ေမ "

"ဟင္!!!!!"

"........"

"သူက ဟုတ္ပါတယ္ ​ေမ​ေမ
သူက​ေယာက်ာ္း​ေလးပါ
သားတို႔ ခ်စ္​ေနၾကတာ ၁ႏွစ္​ေက်ာ္​ေနပါၿပီ မမနဲ႕လည္းမိတ္ဆက္​ေပးၿပီးပါၿပီ"

"ဟုတ္ပါတယ္ ​ေမ​ေမ
​ေမာင္​ေ႐ႊဘုန္းက တကယ့္​ေဆြႀကီး မ်ိဳးႀကီးထဲကပါ" မမကပါ ကူ​ေျပာ​ေပးသည္။

​​ေဖ​ေဖနဲ႕​ေမ​ေမ မ်က္ႏွာသိသိသာသာ ပ်က္​ေနတာ သိသာလွသည္။ ​ေခတ္က​ေတာ့ အျပစ္လုပ္ထားတဲ့ အျပစ္ သားက စီရင္ခ်က္ ခ်မွာကို ထိုင္​ေစာင့္​ေနသလိုမ်ိဳး ။ ​​ေဖ​ေဖနဲ႕​​ေမ​ေမက အ​ေတာ္ၾကာ အသံတိတ္သြားသည္။ မမကလည္း ​ေခတ္ဖက္ကိုတစ္ခ်က္ၾကည့္ကာ ။  သူလည္း ဘာ​ေျပာရမွန္းမသိ။ ဘာလုပ္လို႔ ဘာကိုင္ရမလည္း ျဖစ္​ေနသူက ​ေခတ္။

အခ်ိန္ အ​ေတာ္ၾကာ ​ေဖ​ေဖ ဆီက

​"ေဖ​ေဖ ​ေျပာခ်င္တာ​ေတာ့ ငါ့သား​​ေလး သံ​ေယာဇဥ္ တအားမတြယ္ခင္ ျဖတ္လိုက္ပါ
ဘယ္လိုမွ မျဖစ္နိုင္ဘူး​ေလ
အ​ေဖတစ္​ေယာက္ အ​ေနနဲ႕ ဘာလို႔ ဒီလို​ေျပာတာလည္း သားတစ္ခ်ိန္ၾကရင္ နားလည္လာလိမ့္မယ္ "

​ေခတ္ မ်က္ႏွာမွ မ်က္​ရည္ ​ေဝ့တတ္လာသည္။ သူ ​ေမွ်ာ္လင့္ထားတာထက္ ​​ေဖ​ေဖ့ စကားက ဓါးသြား ထက္လွသည္။
​ေဖ​ေဖက အရမ္း​ေသြး​​​ေအးတဲ့သူပါ ။ ​ေတာ္႐ုံဘာမွမ​ေျပာတတ္​ေပမယ့္ အခု​​ေတာ့။

"ဟုတ္တယ္ သား​ေလး
​​ေမ​ေမ က သား​ေလးကို သိပ္ခ်စ္တယ္
ကိုယ့္သား​​ေလး ကိုအျခားသူ ​ေတြ ​ေမး​ေငါ့ၾကမယ့္ အျဖစ္မ်ိဳးအျဖစ္မခံနိုင္ဘူး
သား​ေလး လည္း ​ေမ​ေမ ကိုခြင့္လႊတ္ပါ
​ေမ​ေမအသက္ရွင္​ေနသ၍ဘယ္လိုမွ သ​​ေဘာမတူနိုင္ပါဘူး"

​ေခတ္ ​ေဖ​ေဖနဲ႕​​ေမ​ေမ ရဲ႕စကား​ေတြကျပတ္သားလြန္းလွသည္။ ​ေခတ္ ဘာမွျပန္ မ​ေျပာနိုင္​ေအာင္။ ဘယ္တုန္းကမွလည္း ျပန္မေျပာဖူးဘူး​ေလ။ သူတို႔​ေျပာတာလည္းမွန္​ေနတာပဲ။ ​ေခတ္ အၾကတ္အ​တည္း​ေတြၾကားထဲမွာ ။ မမ နဲ႕​ေယာက္ဖကလည္း မ်က္ႏွာမ​ေကာင္းၾက။ ​ေဖ​ေဖနဲ႕​ေမ​ေမက ​ေခတ္ကို ​ေျပာၿပီးတာနဲ႕ အိပ္ခန္းထဲအသီးသီးဝင္သြားၾကသည္။

​ေခတ္လည္း အခန္းထဲဝင္ကာ စိတ္လႊတ္ကာ ငိုခ်လိဳက္သည္။ ငို လိုက္​ေတာ့ ​ေခါင္း​ေတြက ကိုက္လာတာ။ ဖုန္းကို
ၾကည့္လိုက္​ေတာ့ ​​ေမာင္​ေခၚထားတဲ့ missed call ​ေတြ ။ ​ေမာင္နဲ႕ မိဘ​ေတြၾကား ​ေခတ္ ဘယ္လိုလုပ္ရမလည္း ​​ေမာင္ရယ္။

~~~~~~~~~~~~

"Morning ​ေခတ္​ေလး
​​ေမာင္ စိတ္ပူတယ္ အ​ခ်ိန္ရရင္ ဖုန္း​ေခၚပါ"

​ေခတ္ ညက တစ္ညလုံးအိပ္မရ။ ​ေမာင္နဲ႕​ဘယ္လို ​ေရွ႕ဆက္ရမလဲ​ေတြးကာ။ ​ေသခ်ာတဲ့ဆုံးျဖတ္ခ်က္တစ္ခု ခ်မွ ျဖစ္​ေတာ့မယ္။ ဒီတိုင္းဆို ​ေမာင့္​ေပၚလည္း မတရားတာက်တယ္​ေလ ။ ​ေမာင့္အသက္ အ႐ြယ္ ၊ ​ေမာင့္ အသိုင္းအဝိုင္း ​ က လူတိုင္းမက္​​ေမာ​ေလာက္တဲ့ အ​ေနအထား။ ​ေမာင့္ အတြက္အ​ေကာင္းဆုံးလုပ္ဖို႔ စဥ္းစားထားလိုက္သည္။ ​​ေခတ္ရဲ႕အခ်စ္​ေတြက ​ေမာင့္အတြက္ အၿမဲခမ္းနားရမယ္​ေလ။ ​မိဘ ​ေတြလည္း ​ေခတ္အတြက္ တန္ဘိုးမျဖတ္နိုင္သလို ​ေမာင္ကလည္း​ေခတ္အတြက္ တန္ဘိုးမျဖတ္နိုင္ပါဘူး ။ မိဘ​ေတြနဲ႕​ေမာင့္အတြက္မွ်မွ်တတ ​ေခတ္ဆုံးျဖတ္မွာပါ ။

📞တူတူတူ

​📞ေခတ္​ေလး

ခ်က္ျခင္းဆိုသလို ​ေမာင္က ကိုင္လိုက္သည္။

​📞ေမာင့္!! ​​ေခတ္ ဖုန္းမဆက္လို႔ စိတ္မဆိုးနဲ႕​ေနာ္ မ​ေန႕က အ​ေစာႀကီး အိပ္​ေပ်ာ္သြားလို႔

📞စိတ္မဆိုးပါဘူး ​ေခတ္​ေလး အဆင္​ေျပလား ​ေမာင္ကသိခ်င္တာ

📞အဆင္​ေျပတယ္​ေမာင္
  မနက္ျဖန္ မနက္ ​ေလယာဥ္နဲ႕ျပန္ခဲ့မယ္
​📞ေမာင္လာႀကိဳ

📞စိတ္ခ်ပါ ဗ်ာ

📞ခ်စ္တယ္​ေနာ္ ​ေမာင္

​📞ေမာင္က ပိုခ်စ္တယ္

​​ေခတ္ဖုန္းခ်ၿပီး​ေတာ့ မ်က္ရည္မဆယ္နိုင္​ေအာင္ ငို​ေတာ့သည္။ ​ေမာင္ကို ညာလိုက္ရ​ေပမယ့္ စိတ္​ေတြမ​ေကာင္းဘူး။ ​ေမာင္က ​ေခတ္ကိုဒီ​ေလာက္ခ်စ္တာ ။ ​ေခတ္ဘယ္လို လုပ္ရမလည္း။ ​ေမာင့္အတြက္ ရက္စက္လြန္း ရာၾကသြားမလား ။ ​ေခတ္ ဆုံးျဖတ္ခ်က္ကို ​ေမာင္ လက္ခံနိုင္ပါ​ေစလို႔သာ ​ေမွ်ာ္လင့္ရင္း။

ေခတ္ ​ေရခ်ိဳးကာ မ်က္ႏွာကို ငိုထားမွန္းမသိ​ေအာင္ သနပ္ခါး လိမ္းလိုက္သည္ ။ breakfast စားဖို႔ ထမင္းစားခန္း​ေရာက္​ေတာ့ အားလုံးက ႀကိဳဆို ​​ေနၾကသည္။ ​ေခတ္လည္း မ်က္ႏွာ အမူအရာ မပ်က္​ေအာင္ အ​ေကာင္းဆုံးႀကိဳးစားလိုက္သည္။ မိသားစု စုံစုံလင္လင္ ထမင္းဝိုင္းက ​ေပ်ာ္႐ႊင္စရာအတိ။

"သား​ေလး လာ သားလာတုန္း
သားအႀကိဳက္​ေတြ ခ်က္ထားတာ"

"ဟုတ္​ေမ​ေမ "

​​ေဖ​ေဖ က​ေတာ့ မ်က္ႏွာက မလန္း​​။ ​ေခတ္လည္းမသိမသာခိုးၾကည့္လိုက္၏။

"ငါ့သားထည့္စား ​ေလ အိမ္ဟင္းအိမ္ထမင္းနဲ႕ ​ေဝး​ေနတာ ၾကာၿပီမို႔လား "

"ဟုတ္​ေဖ​ေဖ "

"မမတို႔​ေကာ ဘယ္​ေတာ့ျပန္မလဲ"

" မမတို႔က​ေတာ့ ​ေနာက္ ၂ရက္​ေလာက္​ေနၿပီးရင္ ျပန္မယ္ "

"ဟုတ္ ​​ေမာင္​ေလးက​ေတာ့ မနက္ျဖန္ ျပန္မယ္မမ
အလုပ္​ေတြက မျပတ္​ေသးလို႔ "

​ေဖ​ေဖနဲ႕​​ေမ​ေမ က အံၾသတႀကီး ျဖစ္​ေနၾကသည္။ မ​ေန႕က သူတို႔ကန့္ကြက္ တာကို သားက မသိသလိုပဲ ။ မ်က္ႏွာလည္းမပ်က္ အလုပ္​ေတြလည္းဆက္လုပ္မယ္ဆို​ေတာ့ ။ ဝမ္းသာရမွာလားဝမ္းနည္းရမွာလား မ​ေျပာတတ္။

ဒါ​ေပမယ့္ ​ေခတ္​ေလး ဘယ္​ေတာ့မွ မိဘစကားနားမ​ေထာင္တာ မရွိ​ေတာ့ စိတ္​ေတာ့​ေအးရသည္။

"သဲသဲနဲ႕ ကဲကဲ ထည့္စား​ေလ
မႀကိဳက္ဘူးလား"

"ႀကိဳက္ပါတယ္ ​ေလး​ေခတ္ "

"မမ ​ေယာက္ဖ ကို ဟင္းထည့္​ေပးလိုက္အုန္း "

အားလုံးက ​ေခတ္ စိတ္ပ်က္ လက္ပ်က္ ျဖစ္​ေနမယ္ထင္ထားၾကတာ။ ​ေခတ္က အရင္လိုပဲမ်က္ႏွာ တစ္ခ်က္မပ်က္ ။ သူတို႔​ေတြထင္တာက​ေတာ့ ​ ​ေခတ္က ​​ေပါ့​ေပါ့ပါးပါး​ေပါ့။ ​ေခတ္စိတ္ထဲမွာ​ေတာ့ ကမာၻပ်က္​ေနတာပါ ။ ​ေခတ္ ​ေသ​ေတာင္​ေသ လိုက္ခ်င္တာ ။ မိဘ​ေတြကိုလည္း စိတ္မဆင္းရဲ​ေစခ်င္။ ​ေမာင့္ကိုလည္းစိတ္မဆင္းရဲ​​ေစခ်င္။ ​ေခတ္ ႐ူးခ်င္ၿပီ​ေမာင္​ေရ။

~~~~~~~~~~~~~

​ရန္ကုန္ ျပန္ရန္ အိတ္က​ေလးခ်ကာ
ေဖ​ေဖနဲ႕​​ေမ​ေမ ကို ကန္​ေတာ့လိုက္သည္။

"ဘုန္းႀကီးလို႔ အသက္ရွည္ပါ​ေစကြယ္
သြားလမ္းသာလို႔ လာလမ္း​ေျဖာင့္ပါ​ေစ "

​"ေပးတဲ့ဆုနဲ႕ျပည့္ရပါ​ေစ
​ေဖ​ေဖနဲ႕​ေမ​ေမလည္းက်န္းမာ​ေရးဂ႐ုစိုက္ပါ"

​ေဖ​ေဖ၊ ​ေမ​ေမ နဲ႕ မမတို႔မိသားစုကို ႏႈတ္ဆက္ကာ ​ေဖ​ေဖ့ driver က ​ေလဆိပ္လိုက္ပို႔​ေပးသည္။

ရန္ကုန္​ေလဆိပ္​ေရာက္​ေတာ့ ​ေမာင္က အသင့္ႀကိဳ​ေနသည္။ ​ေခတ္​ လက္ကို ဆြေခၚလာၿပီး ​ကား​ေပၚ​ေရာက္​ေတာ့ ေခတ္ကို တင္းက်ပ္စြာ ဖက္ထားလိုက္သည္။

​"ေမာင္က အရမ္းလြမ္း​ေနတာ
​​ေခတ္မရွိဘဲမ​ေနနိုင္​ေတာ့ဘူး "

​"ေခတ္လည္း လြမ္းတာပဲ​ေလ ​ေမာင္ကလည္း "

​ေခတ္က်ခ်င္​ေနတဲ့ မ်က္ရည္​ေတြကို မနည္းထိမ္းကာ ။ မ်က္ရည္ကက်လိဳ႕မျဖစ္ ။ ​မိဘ​ေတြက ​ေမာင္နဲ႕သ​ေဘာ မတူတဲ့အ​ေၾကာင္းလည္း မ​ေျပာခ်င္။ ​ေမာင့္ကို သနားလို႔​ေလ ။ ဒီ​ေလာက္​ေခတ္အ​ေပၚ ​ေကာင္းတဲ့ လူက ရွာလို႔ မ​ေတြ႕နိုင္​ေတာ့ဘူး​ေလ။ ​ေမာင္က ​ေခတ္ အတြက္​ေတာ့ အ​ေကာင္းဆုံးအ​ေဖာ္မြန္ပါ။

​"ေမာင့္!!!ဗိုက္ဆာတယ္ "

"ဟုတ္ ​ေမာင္လည္း မစားရ​ေသးဘူး "

"သြားစားမယ္​ေလ ​ေခတ္ဘာစားခ်င္လည္း "

"ႀကီးသူ ခ်က္တာ စားခ်င္တာ အျပင္စာ မစားခ်င္ဘူး"

"ဟုတ္ "

​ေမာင္က အိမ္ကို ဦးတည္လိုက္သည္။ အိမ္သြားခ်င္တာက မာမီတို႔ ႀကီးသူတို႔နဲ႕လည္း ​ေတြ႕ခ်င္​ေသးတယ္​ေလ ။  မာမီက ​ေခတ္အတြက္ အ​ေမရင္းနဲ႕မျခား ​ေကာင္းတဲ့ လူ​ေလ ။ ​

အိမ္​ေရာက္​ေတာ့ မာမီ က ႏႈတ္ဆက္ကာ ​ေခတ္ကလည္း မာမီ ကို အနမ္း​ေပးလိုက္သည္။ ​ေနာက္ဆို မာမီကို ဘယ္​ေတာ့မွ ျပန္​ေတြ႕ရမည္မသိ။ ​ေခတ္ ရင္ထဲကဆို႔တတ္လာသည္။

​"ေခတ္​ေလး ထမင္းစားမယ္​ေလ
မာမီနဲ႕​ေနာက္မွ အလြမ္းသည္​ေနာ္ "

"အင္း လာၿပီ​ေမာင္ "

"ႀကီးသူ ဘာဟင္းလည္း "

"သား​ေခတ္ႀကိဳက္တာ​ေတြ​ေပါ့ ​ေနာက္​ေန႕လည္း ​ေခတ္​ေလး စားခ်င္တာ​ေျပာ
ႀကီးသူ ခ်က္ထားမယ္ "

"ဟုတ္ႀကီးသူ​ေက်းဇူး "

ႀကီးသူက​ေတာ့ မသိဘူး​ေပါ့ ​ေခတ္က​​ေတာ့ စိတ္မေကာင္းျခင္းမ်ားစြာ။ ကိုယ့္အ​ေပၚ​ေကာင္းခဲ့တဲ့သူ​ေတြကို ထားခဲ့ဖို႔ ​ေခတ္ ႀကိဳးစားျပင္ဆင္ခဲ့တာ။ ​ေမာင္နဲ႕ ​ေခတ္မိဘ ​ေတြအတြက္ မွ်တတဲ့ဆုံးျဖတ္ခ်က္ခ်နိဳင္ဖို႔ ​ေခတ္ သူတို႔နဲ႕အနီးနားမွာ မရွိမွျဖစ္မွာ​ေလ။ ​

​မာမီ တို႔ ႀကီးသူတို႔ကို ႏႈတ္ဆက္ကာ​ေန႕လည္စာ စားၿပီး ​ေခတ္ကို အိမ္ျပန္လိုက္ပို႔​ေပးကာ ​ေမာင္က ကုမၸဏီျပန္သြားသည္။

​​​ေခတ္စီစဥ္စရာရွိစရာမ်ားကိုစီစဥ္ၿပီး  ​ေကာင္း​ေစဆီ က ဖုန္းဝင္လာသည္။

​"ေအး ​​ေကာင္း​"

"အားလုံးအဆင္​ေျပတယ္ ​ေခတ္​ေရ
Monday မွာ အလုပ္ဝင္ဖို႔ လူလို​ေနတာနဲ႕အားလုံးအို​ေက "

​"ေအးပါ ​ေကာင္း
အစစအရာရာ အတြက္​ေက်းဇူး"

​ေခတ္ ထည့္စရာရွိတာမ်ားအားလုံးထည့္လိုက္သည္ ။ ​ေနာက္ဆုံး passpost စာအုပ္က​ေလးကိုင္ရင္းသက္ျပင္းခ်လိဳက္သည္။ မ်က္ရည္​ေတြက အလိုလို က်လာသည္။  ​ေမာင္က မခြဲနိုင္သလို ​ေခတ္ကလည္း မခြဲနိုင္ပါဘူး​ေမာင္ရယ္။ အခုက အ​​ေျခအ​ေနတစ္ခုအရ ခြဲရအုန္းမွာ​ေပါ့။

ေခတ္ ဆိုင္အတြက္ စီမံရန္အတြက္ ရတု​ေမနဲ႕ဆုရတီ ကို ​ေခၚကာ meeting လုပ္လိုက္သည္။

အံၾသ​ေနတဲ့သူက ရတုပါ ။မဆုက ​ေတာ့ အႀကီးဆို​ေတာ့ အရာရာ သိတတ္နားလည္တယ္ ။ ​ေခတ္ ​ေျပာတာကို လည္းသ​​ေဘာ​ေပါက္တယ္။ ​ေခတ္ကလည္း အရင္ကတည္း ခရီးသြားလည္း design ​ေတြ ဆြဲ​ၿပီး mail နဲ႕ပို႔ေပး​ေနၾကဆို​ေတာ့ အထူးအ​ေထြမဟုတ္။  ​ေခတ္ ဟို​ေရာက္ရင္လည္း design ​ေတြ ဆြဲ​ေပးမွာျဖစ္​ေၾကာင္း ၊ ဆိုင္အတြက္ကိစၥ အဝဝ ကို​ေတာ့ မဆုနဲ႕ တိုင္ပင္ၿပီးလုပ္ရန္ ရတုကို ​မွာလိုက္သည္။ online meeting လည္း တပတ္ တစ္ႀကိမ္လုပ္မွာ ျဖစ္​ေၾကာင္း၊ ready to wear ကို​ေတာ့ ၃လ တစ္ႀကိမ္ design ​ေတြကို ​ေခတ္ကပို႔​ေပးမယ္ဆိုတဲ့အ​ေၾကာင္း​ေတြမွာခဲ့လိုက္သည္ ။ ​

ေခတ္မနက္ျဖန္ သြား​ေတာ့မွာဆို​ေတာ့ မွာစရာရွိရာမ်ား မွာလိုက္သည္။  ​ေခတ္သြားမယ့္ေၾကာင္း ကို​ေတာ့ဘယ္သူ႕မွအသိမ​ေပးရန္ မွာလိုက္သည္။ ဘယ္သြားမွာလည္းဆိုတာလည္းသူတို႔မသိ။ ​ေခတ္ကလည္း ဘယ္သူကိုမွ မ​ေျပာ ။​​ေခတ္မမ ကို​ေတာင္ မ​ေျပာခဲ့ပါဘူး။

"ဆရာအားလုံးကို စိတ္ခ်ပါ
စိတ္ေအးလက္​​ေအး အနားယူခဲ့ပါ
ရတုတို႔ဆီ အျမန္ဆုံးျပန္လာခဲ့ပါ​ေနာ္ "

"စိတ္ခ်ပါ ဆရာ
မဆု အတတ္နိုင္ဆုံး ႀကိဳးစား​ေပးပါ့မယ္"

​"ေက်းဇူးပါ မဆုနဲ႕ရတု
က်​ေနာ့ကို ကူညီ​ေပးပါအုန္း "

ည​ေနပိုင္း ​ေမာင္က အလုပ္ဆင္းကာ ထုံးစံအတိုင္း​ေခတ္ဆီ​ေရာက္လာသည္။

​​"ေခတ္​ေလး "

​"ေဟာ ​ေမာင္ "

"ေခတ္ ဘုရားသြားခ်င္တယ္
လိုက္ပို႔​ေပး "

"ဟုတ္ သြားမယ္​ေလ
အျပန္ ညစာ ဝင္စားၾကမယ္​ေလ "

"အင္းပါ "

​​ေမာင္နဲ႕အတူ ဘုရားသြားၿပီး ညစာဝင္စားလိုက္သည္။ဒီ​ေန႕က ​ေမာင္နဲ႕အတူ ​ေနာက္ဆုံးစားတဲ့ ညစာပဲ။ ​ေနာက္ ဘယ္အခ်ိန္မွာ ျပန္ဆုံမယ္ဆိုတာလည္းမ​ေသခ်ာ ။ ဘယ္အခ်ိန္ ​ေတြ႕ရမယ္ဆိုတာလည္းမ​ေသခ်ာ ။ ​ေသခ်ာတာက​ေတာ့ ​ေမာင္နဲ႕ ခြဲရ​ေတာ့မယ္ ဆိုတာပဲ​ေလ။

​ေမာင္နဲ႕ ညစာ စားၿပီးျပန္လာ​ေတာ့ ။​
ေခတ္က ပစၥည္း​ေတြ ရွင္း​ေနသည္။​ေရခ်ိဳးခန္းက ထြက္လာတဲ့ ​ေမာင္ က

"​ေခတ္ ခါးကို ဖက္ကာ ​ေခတ္​ေလး
အိပ္စို႔ "

"အင္းပါ ​ေမာင္ "

တကယ္ဆို ​ေခတ္အိပ္ဖို႔ ဆႏၵမရွိ ​ေမာင့္ကို တညလုံး ထိုင္ၾကည့္ဖို႔ စဥ္းစားထားတာ။

​ေခတ္ ​ေမာင္ႏႈတ္ခမ္းကို နမ္းလိုက္သည္။ ​ေခတ္ စနမ္းလိုက္​ေပမယ့္ ေမာင္က အနမ္း​ေတြ ခပ္ၾကမ္းၾကမ္းစတင္​ေတာ့သည္။

အနမ္း​ေတြ ၾကာရွည္ခဲ့ၿပီး ​ေမာင္က ​ေခတ္ ဗိုက္​ေလးကိုပြတ္ကာ အိပ္​ေပ်ာ္သြားသည္။ ​ေမာင္က ခ​ေလး​ေလးလိုပဲ အျပစ္ကင္းသည္။ ​ေမာင့္ကို ထားခဲ့ရမွာ မခ်စ္လို႔ မဟုတ္ပါဘူး​ေမာင္။ ခ်စ္လြန္းလို႔ပါ ။ ​ေမာင့္ရင္ခြင္ထဲက​ေန ​ေမာင့္မ်က္ႏွာကို ​ၾကည့္ကာ

​'ေခတ္ကို ခြင့္လႊတ္ဖို႔မ​ေတာင္းဆိုပါဘူး​ေမာင္
ေခတ္ကို ​ေမ့​ေပးဖို႔ပဲ​ေတာင္းဆိုပါတယ္'

အခ်စ္မ်ားစြာျဖင့္ 🌻
16.4.2022(Sat)

Continue Reading

You'll Also Like

169K 12.8K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
1.1M 8.6K 11
Myanmar × BL Uni/Zaw Warning..... Start Date:29.9.2023 End Date:20.11.2023 Photo Crd
373K 55.1K 199
ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ)
979K 35.3K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...