...
ေက်ာင္းျခံဝန္းက်ယ္အတြင္းတြင္ ေလမ်ားတိုက္ခတ္ေသာ္ရြက္ေျခာက္မ်ားေႂကြက်လာၾကသည္။အမ၏ၾကက္ဆံၿမီးအေပၚတြင္လည္း ေႂကြက်လာေသာရြက္ေျခာက္တစ္ခု႐ွိေနသည္။
ေဆာ့ဂ်င္ကတုန္ကယင္ႏွင့္ အမ၏အေနာက္တြင္႐ွိေနမိစဥ္တြင္ ထိုရြက္ေျခာက္အားဖယ္႐ွားေပးရန္ႀကိဳးစားသည္။ျပံဳးတတ္သလိုျပံဳးထားရင္း အမလွည့္ၾကည့္လာလ်ွင္အဆင္သင့္ျဖစ္ေစရန္ရည္ရြယ္သည္။
"ကင္မ္ေဆာ့ဂ်င္.."
က်ယ္ေလာင္လွေသာေလသံႏွင့္အတူ လြယ္အိတ္ႀကိဳးအားေဆာင့္အဆြဲခံလိုက္ရသည္။မၾကံဖူးေသာအေျခအေနမလို႔ ေဆာ့ဂ်င္ ႏွလံုးခုန္သံျမန္ဆန္လို္႔သြားၿပီး အေနာက္႐ွိနမ္ဂြၽန္း၏ပခံုးႏွင့္ သူ႔ေခါင္းလံုးလံုးေလးႏွင့္အင့္ခနဲေဆာင့္မိသည္။
"ဟ နာ နာတယ္ ကင္မ္နမ္ဂြၽန္းရဲ႕.."
ဘယ္တုန္းကေရာက္ေနမွန္းမသိေသာနမ္ဂြၽန္းအားျမင္လိုက္ရခ်ိန္တြင္ ေဆာ့ဂ်င္မ်က္လံုးေတြျပဴးက်ယ္ကုန္ၿပီးထိတ္လန္႔တၾကားေအာ္ဟစ္လိုက္မိသည္။ထူးဆန္းေသာအျပဳအမူမ်ားအားျပဳမူေနေသာ ထူးခြၽန္ေက်ာင္းသားႏွင့္သူ႔အား အမအပါအဝင္ပတ္ဝန္းက်င္႐ွိလူေတာ္ေတာ္မ်ားမ်ားဟာကြက္ၾကည့္ကြက္ၾကည့္ျဖစ္ကုန္ၾကသည္။
ယခင္ကၾကယ္ေရာင္ေတာက္ခဲ့ဖူးေသာနမ္ဂြၽန္း၏မ်က္လံုးေလးမ်ားသည္ အခုေတာ့..သူ႔အားေပါက္ထြက္မတတ္စိုက္ၾကည့္ေနခ်ိန္တြင္ က်ားရဲတစ္ေကာင္ကဲ့သို႔စူး႐ွေနခဲ့သည္။ေဆာ့ဂ်င္ ထိုမ်က္လံုးမ်ားအားဆံုမၾကည့္ရဲဘဲ ပတ္ဝန္းက်င္႐ွိလူမ်ားအားသတိထားမိေတာ့ ႐ိႈးတိုး႐ွန္းတန္းျဖစ္မိသည္။
နမ္ဂြၽန္း၏ရင္ခြင္အတြင္း႐ွိေနမိစဥ္တြင္ ရင္ေတြပင္ခုန္သည္။
"ဖယ္..ဖယ္ကြ ငါ ငါအမကိုေပးစရာ ႐ွိလို႔.."
ႏွစ္ဦးတည္းၾကားေစမည့္ခပ္တိုးတိုးစကားေတြသည္ထစ္အစြာထြက္ေပၚလာၾကရင္း နမ္ဂြၽန္းလက္ထဲမွမသိမသာ႐ုန္းထြက္သည္။ထူးဆန္းစြာပင္။သူဟန္ေတြပ်က္ေနရင္း လက္ဖ်ားေတြပါေအးစက္လ်က္တုန္သည္။
အမသည္လြယ္အိတ္အားပင့္လြယ္လ်က္ အေ႐ွ႕သို႔ဆက္သြားသည္ႏွင့္တစ္ၿပိဳင္နက္ေဆာ့ဂ်င္သည္ နမ္ဂြၽန္း၏လက္ထဲမွအတင္း႐ုန္ကန္ထြက္သည္။နမ္ဂြၽန္း၏႐ွဴးဖိနပ္အား သူတက္နင္းလိုက္မိသည္။အမကိုပဲၾကည့္ေနမိၿပီး နမ္ဂြၽန္းအထင္လြဲမွားရန္တမင္လုပ္ယူသည္။
လြယ္အိတ္ႀကိဳးအားလႊတ္ေပးလိုက္ေသာနမ္ဂြၽန္းေၾကာင့္ ေဆာ့ဂ်င္အေ႐ွ႕သို႔လက္ေထာက္လ်က္လဲက်သြားသည္။သူတို႔ပတ္ဝန္းက်င္တြင္လူမ်ားက်ဲသြားေသာအခ်ိန္တြင္ျဖစ္သည္။
အမအားသူျမင္ေနရေသးသည္။လိုက္သြားလွ်င္ မွီႏိုင္ေသးေသာအေျခအေနျဖစ္သည္။
နမ္ဂြၽန္းအားျမင္ႏိုင္ရန္အတြက္ အေနာက္သို႔လွည့္ၾကည့္လိုက္မိသည္။ေက်ာင္းအျပင္သို႔ထြက္ေနေသာေက်ာျပင္တစ္ခုကိုသာျမင္ေနရသည္။ေဆာ့ဂ်င္ရင္ထဲနင့္ခနဲျဖစ္သြားရသည္။
နမ္ဂြၽန္းသူ႔ကိုစိတ္ပ်က္သြားတာမ်ိဳးလား..? မျဖစ္ႏိုင္တာ။ဒီအသက္ဒီအရြယ္မွာရည္းစားစာလိုက္ေပးတာမွာ ဘာအျပစ္မ်ား႐ွိေနလို႔လည္း..? နမ္ဂြၽန္းက႐ုတ္တရက္ဘာျဖစ္ရတာလည္း..?
"အ့ လက္က အ့ နာ နာလိုက္တာ"
နမ္ဂြၽန္းၾကားသိေစရန္ရည္ရြယ္၍ လက္ဖ်ံေလးကိုကိုင္ထားလ်က္ ေဆာ့ဂ်င္ေအာ္ဟစ္ေနေသာ္လည္း ထိုေက်ာျပင္သည္အနည္းတာင္ငဲ့ၾကည့္မလာခဲ့။ေဆာ့ဂ်င္စိတ္ထဲခံျပင္းေဒါသျဖစ္ၿပီး ေခါင္းေလာင္းထိုးသံကိုၾကားလိုက္ရလည္း နမ္ဂြၽန္းအေနာက္သို႔တဟုန္ထိုးေျပးလိုက္သည္။အမကိုအနည္းငယ္ပင္လွည့္ၾကည့္မမိဘဲ။
အဓိပၸါယ္မ႐ွိတာေတြကိုလုပ္ေနရသလိုခံစားမိသည္။ဒီတစ္ခါေတာ့ ေက်ာင္းအျပင္ေရာက္ေတာ့မည့္နမ္ဂြၽန္း၏လြယ္အိတ္ႀကိဳးအားေဆာင့္ဆြဲလိုက္သည္။ရပ္တန္႔သြားေသာေက်ာျပင္ႏွင့္အတူ ေဆာ့ဂ်င္သည္လည္းေျခဖ်ားပင္ေထာက္လိုက္ရသည္။
"မင္း မင္းလုပ္လို႔အမကိုမေပးလိုက္ရ.."
နမ္ဂြၽန္းအားမ်က္ႏွာခ်င္းဆိုင္မိခ်ိန္တြင္ မ်က္လံုးေတြသည္နီရဲေနၾကသည္။တင္းမာေနေသာေမးေၾကာမ်ားကိုပါေတြ႕လိုက္ရသည္ႏွင့္တစ္ၿပိဳင္နက္ ေဆာ့ဂ်င္၏စူးခနဲထြက္လာေသာစကားသံမ်ားရပ္တန့္္သြားရသည္။နမ္ဂြၽန္းသူ႔အားစိုက္ၾကည့္ေနခ်ိန္တြင္ ေဆာ့ဂ်င္သည္လည္းမွင္သက္ေနခဲ့သည္။
"တအားေပးခ်င္ေနတယ္ဟုတ္လား.."
"ဒါ ဒါေပါ့ အခုေတာ့ မင္းလုပ္..အ့"
လက္ေကာက္ဝတ္အားၾကမ္းတမ္းစြာဆုပ္ကိုင္ခံလိုက္ရသည္။
နမ္ဂြၽန္းအားနားမလည္သလိုမ်က္လံုးလွန္ၾကည့္မိခ်ိန္တြင္ နီရဲေနေသာသူ႔လက္ေကာက္ဝတ္အားေဆာင့္ဆြဲကာ နမ္ဂြၽန္းသည္ေျခလွမ္းက်ဲမ်ားႏွင့္စတိုခန္းအေဟာင္းဘက္သို႔ဦးတည္သြားသည္။
ဘာတံု႔ျပန္မႈမွေပးရန္မႀကိဳးစားခင္တြင္ ေဆာ့ဂ်င္စတိုခန္းနံရံထက္သို႔ပစ္အေပါက္ခံလိုက္ရသည္။ေက်ာျပင္သည္ေအာင့္အီးသြားၿပီးေနာက္ ေဆာ့ဂ်င္ေမာဟိုက္စြာပင့္သက္႐ိႈက္မိသည္။ၾကမ္းျပင္ထက္သို႔အ႐ွိန္ႏွင့္ထိုင္က်မိသြားသည္။လြယ္အိတ္ေလးသည္လည္ေလ်ာ့ရြဲစြာလက္ေမာင္းထက္သို႔ေလွ်ာက်သည္။
သူ႔ကိုၾကမ္းၾကမ္းတမ္းတမ္းေတြဆက္ဆံေနေသာနမ္ဂြၽန္းေၾကာင့္ ေဆာ့ဂ်င္ဝမ္းနည္းစြာ႐ိႈက္ငိုမိသည္။ႏွလံုးသားထဲတြင္နာက်င္မိၿပီး သူ႔အေ႐ွ႕တြင္ဒူးတစ္ဖက္ေထာက္လ်က္ထိုင္လာေသာ နမ္ဂြၽန္းအားနားမလည္စြာ အရည္ရႊမ္းေသာမ်က္လံုးမ်ားျဖင့္ေမာ့ၾကည့္မိသည္။
နမ္ဂြၽန္း၏မ်က္လံုးမ်ားသည္ သူ႔အိတ္ကပ္ထံတြင္သာ႐ွိေနေသာေၾကာင့္ ေဆာ့ဂ်င္အိတ္ကပ္အားလက္ေလးႏွင့္အသာကာလိုက္မိသည္။လက္ႏွစ္ဖက္အားဆြဲအခ်ဳပ္ခံလိုက္ရျပန္ၿပီး သူကေတာ့႐ုန္းဖို႔ေတာင္မွေမ့ေလ်ာ့သည္။
ပန္းႏုေရာင္စာရြက္ကေလးသည္နမ္ဂြၽန္း၏လက္ထဲေရာက္သြားသည္။တဆစီေျခမႊခံလိုက္ရသည္။
"ဘာေတြလုပ္ေနတာလည္း ကင္မ္နမ္ဂြၽန္း.."
႐ႈိက္သံမ်ားအားထိန္းရင္း ေၾကမြသြားေသာစာရြက္ေလးအားၾကည့္ကာေဆာ့ဂ်င္ဆိုသည္။
"သိပ္ခ်စ္တယ္ေပါ့.."
"ဒါေပါ့ အမကိုငါခ်စ္တယ္.."
မုသားလွလွမ်ားသည္ နမ္ဂြၽန္း၏ခပ္ရြဲ႔ရြဲ႔ေမးခြန္းအတြက္ျဖစ္တည္လာသည္။နမ္ဂြၽန္း၏မ်က္လံုးရဲရဲမ်ားစူး႐ွသြားၾကသည္။လက္ႏွစ္ဖက္အားခ်ဳပ္ထားရာမွပိုမိုတင္းၾကပ္သြားသည္။ေဆာ့ဂ်င္ေၾကာက္ရြံ႔တုန္လႈပ္မိသည္။
"နမ္ နမ္ဂြၽန္း ?"
ထို႔ေနာက္..။ေဆာ့ဂ်င္ ငိုေနတာေတြေတာင္ရပ္တန္႔ၿပီး စတိုခန္းအတြင္း႐ွိထိုင္ခံုအက်ိဳးမ်ားထံသို႔အားေလ်ာ့စြာစိုက္ၾကည့္လိုက္မိသည္။သူ႔လည္ပင္းထက္သို႔တိုးေဝွ့နမ္း႐ိႈက္လာေသာနမ္ဂြၽန္းသည္သာမာန္ဟုတ္မေန။ႏွလံုးခုန္သံမ်ားျမန္ဆန္ၿပီး တစ္ကိုယ္လံုးေအးစက္တုန္ယင္သည္။သူ႔ရင္ဘက္သည္နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ၿပီး အသက္႐ွဴသံမ်ားလ်င္ျမန္သည္။
နမ္ဂြၽန္းငိုေနခဲ့သည္။နမ္း႐ိႈက္ေနရမွာရပ္တန္႔သြားၿပီး သူ႔ပါးျပင္ႏွစ္ဖက္အားလက္တစ္ဖက္နဲ႔အုပ္ကိုင္လာသည္။သူ႔အားေမာ့ေစၿပီး အၾကည့္ဆံုလာေတာ့ ေဆာ့ဂ်င္မ်က္လံုးႏွစ္ဖက္အားမွိတ္မိသြားသည္။အားအင္ေတြသည္လည္းမ႐ွိေတာ့..။
နမ္ဂြၽန္း၏မ်က္ရည္စမ်ား သူ႔မ်က္ခြံအေပၚသို႔က်လာစဥ္တြင္ ေဆာ့ဂ်င္၏ႏွလံုးသားနာက်င္သည္။ျဖစ္သင့္သည့္အေျခအေနမဟုတ္။နမ္ဂြၽန္းအားနားလည္ေအာင္မႀကိဳးစားမိခင္ ႏႈတ္ခမ္းထက္သို႔နမ္း႐ိႈက္လာျပန္သည္။ေဆာ့ဂ်င္မိန္းေမာလိုက္မိၿပီး မွိတ္ထားေသာမ်က္ခြံေအာက္မွမ်က္ရည္မ်ားစီးက်လာသည္။
စကၠန္႔ပိုင္းမွ်ပင္...။ခ်ဳပ္ထားေသာလက္မ်ားေျပေလ်ာ့သြားၿပီး နမ္ဂြၽန္း၏ခပ္ထူထူႏႈတ္ခမ္းမ်ားဖယ္႐ွားသြားၾကသည္။
"ငါ ငါစိတ္လြတ္သြားတယ္ ေတာင္းပန္ပါတယ္"
႐ိႈက္သံမ်ားေရာစြက္ေနေသာေတာင္းပန္သံႏွင့္အတူ စတိုခန္းအျပင္သို႔ထြက္သြားေသာေျခသံမ်ားအားၾကားေနရသည္။လက္သီးအားက်စ္က်စ္ပါေအာင္ဆုပ္လိုက္မိၿပီးေနာက္ ေဆာ့ဂ်င္ခံျပင္းစိတ္မ်ားဝင္သည္။
နမ္ဂြၽန္း၏အေနာက္သို႔ေျခလွမ္းက်ဲမ်ားႏွင့္လိုက္သြားရင္း လက္ေကာက္ဝတ္အားလွမ္းဆြဲသည္။အေနာက္သို႔လွည့္ၾကည့္လာေသာ ေၾကကြဲဖြယ္မ်က္လံုးမ်ားအားေဒါသတႀကီးေမာ့ၾကည့္မိသည္။သူသည္လည္းမ်က္ရည္ေတြအသြင္သြင္စီးက်သည္။
တိတ္ဆိတ္ေနေသာစတိုခန္းအတြင္းနမ္ဂြၽန္း၏ပါး႐ိုးႏွင့္ သူ႔လက္ဆစ္ထိ႐ိုက္သြားေသာအသံသည္က်ယ္ေလာင္စြာထြက္ေပၚလာသည္။လည္ထြက္သြားေသာပါးျပင္သည္တခနအတြင္းမွာပင္ေယာင္ကိုင္းလာသည္။နမ္ဂြၽန္း၏ကုတ္အက်ီ ၤေကာ္လံအားတင္းက်ပ္စြာဆြဲေဆာင့္လိုက္မိသည္။
"မင္းစိတ္လြတ္တိုင္းနမ္းရေအာင္ ငါကအ႐ုပ္လား ကင္မ္နမ္ဂြၽန္း မင္းလုပ္ခ်င္တာလုပ္ၿပီးတိုင္းထားခဲ့ရေအာင္ ငါကဘာေသာက္ဆင့္လည္း ဟမ္!"
ေဆာ့ဂ်င္က်ယ္ေလာင္စြာေအာ္ဟစ္ရင္း နမ္ဂြၽန္း၏ရင္ဘက္အားလက္သီးျဖင့္ထိုးျပန္သည္။ငါးခ်က္..ေျခာက္ခ်က္..ခုနစ္ခ်က္..သူအားေလ်ာ့လာေသာအခါတြင္နမ္ဂြၽန္းသည္သူ႔ပခံုးႏွစ္ဖက္အားခပ္ဖြဖြဆုပ္ကိုင္လာသည္။
"ငါ့ကိုဘာလို႔ဒ္ိလိုေတြဆက္ဆံေနတာလည္း...ဟင္.."
ဝမ္းနည္းစြာထြက္ေပၚလာေသာေလသံသည္အဖ်ားခတ္သြားၿပီး နမ္ဂြၽန္း၏ကုတ္အက်ီ ၤအားစအားဆုပ္ကိုင္မိသည္။စတိုခန္းအတြင္းတြင္သူတို႔ႏွစ္ဦး၏႐ိႈက္ငိုသံမ်ားျပည့္ႏွက္သည္။
"ခ်စ္လို႔..မင္းကိုသိပ္ခ်စ္လို႔..မင္း စီနီယာကိုခ်စ္သလို ငါလည္းမင္းကိုခ်စ္လြန္းလို႔.."
႐ႈပ္ပြေနေသာသူ႔ဆံပင္ေလးမ်ားအားနမ္ဂြၽန္းသည္ညင္သာစြာသပ္ေပးလာသည္။ေဆာ့ဂ်င္ေျခေထာက္ေတြအားမ႐ွိေတာ့ဘဲေခြယိုင္လဲေတာ့မည္အခ်ိန္တြင္နမ္ဂြၽန္းသည္ေထြးေပြ႕လာသည္။
နမ္ဂြၽန္းက ခ်စ္တယ္တဲ့...။မျဖစ္သင့္ဘူး..။
"မခ်စ္ရဘူး..မင္းငါ့ကိုခ်စ္လို႔မရဘူး ငါလည္းမင္းကိုခ်စ္လို႔မရဘူး ငါတို႔ႏွစ္ေယာက္ကမျဖစ္ႏိုင္ဘူး နမ္ဂြၽန္း လံုးဝမျဖစ္သင့္ဘူး.."
နမ္ဂြၽန္း၏ရင္ဘက္အေပၚေတြေခါင္းေလးမွီထားရင္းသူေသြး႐ူးေသြးတန္းေအာ္ဟစ္ေနမိသည္။နမ္ဂြၽန္း၏ေထြးေပြ႕မႈမ်ားပိုမိုေႏြးေထြးလာသည္။နမ္ဂြၽန္းအားလက္ေမာင္းေအာက္မွျပန္လည္ေပြ႕ဖက္လိုက္မိသည္။
"ဒါကိုသိတာေပါ့ သိလို႔မင္းကိုေျပာျပဖို႔ဘယ္တုန္းကမွမေတြးခဲ့ဖူးဘူး.."
တံု႔ျပန္မႈတစ္စံုတစ္ရာမေပးႏိုင္ေတာ့ဘဲနမ္ဂြၽန္း၏ကိုယ္ေငြ႔မ်ားအၾကားတြင္ေမွးစက္မိသည္။သိပ္ကိုပင္ပန္းေနၿပီ...။
_
T.B.C
Playlist - 8 letters by Why don't we
Written By
Guu_Joonilili
Unicode~
...
ကျောင်းခြံဝန်းကျယ်အတွင်းတွင် လေများတိုက်ခတ်သော်ရွက်ခြောက်များကြွေကျလာကြသည်။အမ၏ကြက်ဆံမြီးအပေါ်တွင်လည်း ကြွေကျလာသောရွက်ခြောက်တစ်ခုရှိနေသည်။
ဆော့ဂျင်ကတုန်ကယင်နှင့် အမ၏အနောက်တွင်ရှိနေမိစဉ်တွင် ထိုရွက်ခြောက်အားဖယ်ရှားပေးရန်ကြိုးစားသည်။ပြုံးတတ်သလိုပြုံးထားရင်း အမလှည့်ကြည့်လာလျှင်အဆင်သင့်ဖြစ်စေရန်ရည်ရွယ်သည်။
"ကင်မ်ဆော့ဂျင်.."
ကျယ်လောင်လှသောလေသံနှင့်အတူ လွယ်အိတ်ကြိုးအားဆောင့်အဆွဲခံလိုက်ရသည်။မကြံဖူးသောအခြေအနေမလို့ ဆော့ဂျင် နှလုံးခုန်သံမြန်ဆန်လ်ို့သွားပြီး အနောက်ရှိနမ်ဂျွန်း၏ပခုံးနှင့် သူ့ခေါင်းလုံးလုံးလေးနှင့်အင့်ခနဲဆောင့်မိသည်။
"ဟ နာ နာတယ် ကင်မ်နမ်ဂျွန်းရဲ့.."
ဘယ်တုန်းကရောက်နေမှန်းမသိသောနမ်ဂျွန်းအားမြင်လိုက်ရချိန်တွင် ဆော့ဂျင်မျက်လုံးတွေပြူးကျယ်ကုန်ပြီးထိတ်လန့်တကြားအော်ဟစ်လိုက်မိသည်။ထူးဆန်းသောအပြုအမူများအားပြုမူနေသော ထူးချွန်ကျောင်းသားနှင့်သူ့အား အမအပါအဝင်ပတ်ဝန်းကျင်ရှိလူတော်တော်များများဟာကွက်ကြည့်ကွက်ကြည့်ဖြစ်ကုန်ကြသည်။
ယခင်ကကြယ်ရောင်တောက်ခဲ့ဖူးသောနမ်ဂျွန်း၏မျက်လုံးလေးများသည် အခုတော့..သူ့အားပေါက်ထွက်မတတ်စိုက်ကြည့်နေချိန်တွင် ကျားရဲတစ်ကောင်ကဲ့သို့စူးရှနေခဲ့သည်။ဆော့ဂျင် ထိုမျက်လုံးများအားဆုံမကြည့်ရဲဘဲ ပတ်ဝန်းကျင်ရှိလူများအားသတိထားမိတော့ ရှိုးတိုးရှန်းတန်းဖြစ်မိသည်။
နမ်ဂျွန်း၏ရင်ခွင်အတွင်းရှိနေမိစဉ်တွင် ရင်တွေပင်ခုန်သည်။
"ဖယ်..ဖယ်ကွ ငါ ငါအမကိုပေးစရာ ရှိလို့.."
နှစ်ဦးတည်းကြားစေမည့်ခပ်တိုးတိုးစကားတွေသည်ထစ်အစွာထွက်ပေါ်လာကြရင်း နမ်ဂျွန်းလက်ထဲမှမသိမသာရုန်းထွက်သည်။ထူးဆန်းစွာပင်။သူဟန်တွေပျက်နေရင်း လက်ဖျားတွေပါအေးစက်လျက်တုန်သည်။
အမသည်လွယ်အိတ်အားပင့်လွယ်လျက် အရှေ့သို့ဆက်သွားသည်နှင့်တစ်ပြိုင်နက်ဆော့ဂျင်သည် နမ်ဂျွန်း၏လက်ထဲမှအတင်းရုန်ကန်ထွက်သည်။နမ်ဂျွန်း၏ရှူးဖိနပ်အား သူတက်နင်းလိုက်မိသည်။အမကိုပဲကြည့်နေမိပြီး နမ်ဂျွန်းအထင်လွဲမှားရန်တမင်လုပ်ယူသည်။
လွယ်အိတ်ကြိုးအားလွှတ်ပေးလိုက်သောနမ်ဂျွန်းကြောင့် ဆော့ဂျင်အရှေ့သို့လက်ထောက်လျက်လဲကျသွားသည်။သူတို့ပတ်ဝန်းကျင်တွင်လူများကျဲသွားသောအချိန်တွင်ဖြစ်သည်။
အမအားသူမြင်နေရသေးသည်။လိုက်သွားလျှင် မှီနိုင်သေးသောအခြေအနေဖြစ်သည်။
နမ်ဂျွန်းအားမြင်နိုင်ရန်အတွက် အနောက်သို့လှည့်ကြည့်လိုက်မိသည်။ကျောင်းအပြင်သို့ထွက်နေသောကျောပြင်တစ်ခုကိုသာမြင်နေရသည်။ဆော့ဂျင်ရင်ထဲနင့်ခနဲဖြစ်သွားရသည်။
နမ်ဂျွန်းသူ့ကိုစိတ်ပျက်သွားတာမျိုးလား..? မဖြစ်နိုင်တာ။ဒီအသက်ဒီအရွယ်မှာရည်းစားစာလိုက်ပေးတာမှာ ဘာအပြစ်များရှိနေလို့လည်း..? နမ်ဂျွန်းကရုတ်တရက်ဘာဖြစ်ရတာလည်း..?
"အ့ လက်က အ့ နာ နာလိုက်တာ"
နမ်ဂျွန်းကြားသိစေရန်ရည်ရွယ်၍ လက်ဖျံလေးကိုကိုင်ထားလျက် ဆော့ဂျင်အော်ဟစ်နေသော်လည်း ထိုကျောပြင်သည်အနည်းတာင်ငဲ့ကြည့်မလာခဲ့။ဆော့ဂျင်စိတ်ထဲခံပြင်းဒေါသဖြစ်ပြီး ခေါင်းလောင်းထိုးသံကိုကြားလိုက်ရလည်း နမ်ဂျွန်းအနောက်သို့တဟုန်ထိုးပြေးလိုက်သည်။အမကိုအနည်းငယ်ပင်လှည့်ကြည့်မမိဘဲ။
အဓိပ္ပါယ်မရှိတာတွေကိုလုပ်နေရသလိုခံစားမိသည်။ဒီတစ်ခါတော့ ကျောင်းအပြင်ရောက်တော့မည့်နမ်ဂျွန်း၏လွယ်အိတ်ကြိုးအားဆောင့်ဆွဲလိုက်သည်။ရပ်တန့်သွားသောကျောပြင်နှင့်အတူ ဆော့ဂျင်သည်လည်းခြေဖျားပင်ထောက်လိုက်ရသည်။
"မင်း မင်းလုပ်လို့အမကိုမပေးလိုက်ရ.."
နမ်ဂျွန်းအားမျက်နှာချင်းဆိုင်မိချိန်တွင် မျက်လုံးတွေသည်နီရဲနေကြသည်။တင်းမာနေသောမေးကြောများကိုပါတွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် ဆော့ဂျင်၏စူးခနဲထွက်လာသောစကားသံများရပ်တန့််သွားရသည်။နမ်ဂျွန်းသူ့အားစိုက်ကြည့်နေချိန်တွင် ဆော့ဂျင်သည်လည်းမှင်သက်နေခဲ့သည်။
"တအားပေးချင်နေတယ်ဟုတ်လား.."
"ဒါ ဒါပေါ့ အခုတော့ မင်းလုပ်..အ့"
လက်ကောက်ဝတ်အားကြမ်းတမ်းစွာဆုပ်ကိုင်ခံလိုက်ရသည်။
နမ်ဂျွန်းအားနားမလည်သလိုမျက်လုံးလှန်ကြည့်မိချိန်တွင် နီရဲနေသောသူ့လက်ကောက်ဝတ်အားဆောင့်ဆွဲကာ နမ်ဂျွန်းသည်ခြေလှမ်းကျဲများနှင့်စတိုခန်းအဟောင်းဘက်သို့ဦးတည်သွားသည်။
ဘာတုံ့ပြန်မှုမှပေးရန်မကြိုးစားခင်တွင် ဆော့ဂျင်စတိုခန်းနံရံထက်သို့ပစ်အပေါက်ခံလိုက်ရသည်။ကျောပြင်သည်အောင့်အီးသွားပြီးနောက် ဆော့ဂျင်မောဟိုက်စွာပင့်သက်ရှိုက်မိသည်။ကြမ်းပြင်ထက်သို့အရှိန်နှင့်ထိုင်ကျမိသွားသည်။လွယ်အိတ်လေးသည်လည်လျော့ရွဲစွာလက်မောင်းထက်သို့လျှောကျသည်။
သူ့ကိုကြမ်းကြမ်းတမ်းတမ်းတွေဆက်ဆံနေသောနမ်ဂျွန်းကြောင့် ဆော့ဂျင်ဝမ်းနည်းစွာရှိုက်ငိုမိသည်။နှလုံးသားထဲတွင်နာကျင်မိပြီး သူ့အရှေ့တွင်ဒူးတစ်ဖက်ထောက်လျက်ထိုင်လာသော နမ်ဂျွန်းအားနားမလည်စွာ အရည်ရွှမ်းသောမျက်လုံးများဖြင့်မော့ကြည့်မိသည်။
နမ်ဂျွန်း၏မျက်လုံးများသည် သူ့အိတ်ကပ်ထံတွင်သာရှိနေသောကြောင့် ဆော့ဂျင်အိတ်ကပ်အားလက်လေးနှင့်အသာကာလိုက်မိသည်။လက်နှစ်ဖက်အားဆွဲအချုပ်ခံလိုက်ရပြန်ပြီး သူကတော့ရုန်းဖို့တောင်မှမေ့လျော့သည်။
ပန်းနုရောင်စာရွက်ကလေးသည်နမ်ဂျွန်း၏လက်ထဲရောက်သွားသည်။တဆစီခြေမွှခံလိုက်ရသည်။
"ဘာတွေလုပ်နေတာလည်း ကင်မ်နမ်ဂျွန်း.."
ရှိုက်သံများအားထိန်းရင်း ကြေမွသွားသောစာရွက်လေးအားကြည့်ကာဆော့ဂျင်ဆိုသည်။
"သိပ်ချစ်တယ်ပေါ့.."
"ဒါပေါ့ အမကိုငါချစ်တယ်.."
မုသားလှလှများသည် နမ်ဂျွန်း၏ခပ်ရွဲ့ရွဲ့မေးခွန်းအတွက်ဖြစ်တည်လာသည်။နမ်ဂျွန်း၏မျက်လုံးရဲရဲများစူးရှသွားကြသည်။လက်နှစ်ဖက်အားချုပ်ထားရာမှပိုမိုတင်းကြပ်သွားသည်။ဆော့ဂျင်ကြောက်ရွံ့တုန်လှုပ်မိသည်။
"နမ် နမ်ဂျွန်း ?"
ထို့နောက်..။ဆော့ဂျင် ငိုနေတာတွေတောင်ရပ်တန့်ပြီး စတိုခန်းအတွင်းရှိထိုင်ခုံအကျိုးများထံသို့အားလျော့စွာစိုက်ကြည့်လိုက်မိသည်။သူ့လည်ပင်းထက်သို့တိုးဝှေ့နမ်းရှိုက်လာသောနမ်ဂျွန်းသည်သာမာန်ဟုတ်မနေ။နှလုံးခုန်သံများမြန်ဆန်ပြီး တစ်ကိုယ်လုံးအေးစက်တုန်ယင်သည်။သူ့ရင်ဘက်သည်နိမ့်ချည်မြင့်ချည်ဖြစ်ပြီး အသက်ရှူသံများလျင်မြန်သည်။
နမ်ဂျွန်းငိုနေခဲ့သည်။နမ်းရှိုက်နေရမှာရပ်တန့်သွားပြီး သူ့ပါးပြင်နှစ်ဖက်အားလက်တစ်ဖက်နဲ့အုပ်ကိုင်လာသည်။သူ့အားမော့စေပြီး အကြည့်ဆုံလာတော့ ဆော့ဂျင်မျက်လုံးနှစ်ဖက်အားမှိတ်မိသွားသည်။အားအင်တွေသည်လည်းမရှိတော့..။
နမ်ဂျွန်း၏မျက်ရည်စများ သူ့မျက်ခွံအပေါ်သို့ကျလာစဉ်တွင် ဆော့ဂျင်၏နှလုံးသားနာကျင်သည်။ဖြစ်သင့်သည့်အခြေအနေမဟုတ်။နမ်ဂျွန်းအားနားလည်အောင်မကြိုးစားမိခင် နှုတ်ခမ်းထက်သို့နမ်းရှိုက်လာပြန်သည်။ဆော့ဂျင်မိန်းမောလိုက်မိပြီး မှိတ်ထားသောမျက်ခွံအောက်မှမျက်ရည်များစီးကျလာသည်။
စက္ကန့်ပိုင်းမျှပင်...။ချုပ်ထားသောလက်များပြေလျော့သွားပြီး နမ်ဂျွန်း၏ခပ်ထူထူနှုတ်ခမ်းများဖယ်ရှားသွားကြသည်။
"ငါ ငါစိတ်လွတ်သွားတယ် တောင်းပန်ပါတယ်"
ရှိုက်သံများရောစွက်နေသောတောင်းပန်သံနှင့်အတူ စတိုခန်းအပြင်သို့ထွက်သွားသောခြေသံများအားကြားနေရသည်။လက်သီးအားကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိပြီးနောက် ဆော့ဂျင်ခံပြင်းစိတ်များဝင်သည်။
နမ်ဂျွန်း၏အနောက်သို့ခြေလှမ်းကျဲများနှင့်လိုက်သွားရင်း လက်ကောက်ဝတ်အားလှမ်းဆွဲသည်။အနောက်သို့လှည့်ကြည့်လာသော ကြေကွဲဖွယ်မျက်လုံးများအားဒေါသတကြီးမော့ကြည့်မိသည်။သူသည်လည်းမျက်ရည်တွေအသွင်သွင်စီးကျသည်။
တိတ်ဆိတ်နေသောစတိုခန်းအတွင်းနမ်ဂျွန်း၏ပါးရိုးနှင့် သူ့လက်ဆစ်ထိရိုက်သွားသောအသံသည်ကျယ်လောင်စွာထွက်ပေါ်လာသည်။လည်ထွက်သွားသောပါးပြင်သည်တခနအတွင်းမှာပင်ယောင်ကိုင်းလာသည်။နမ်ဂျွန်း၏ကုတ်အင်္ကျီကော်လံအားတင်းကျပ်စွာဆွဲဆောင့်လိုက်မိသည်။
"မင်းစိတ်လွတ်တိုင်းနမ်းရအောင် ငါကအရုပ်လား ကင်မ်နမ်ဂျွန်း မင်းလုပ်ချင်တာလုပ်ပြီးတိုင်းထားခဲ့ရအောင် ငါကဘာသောက်ဆင့်လည်း ဟမ်!"
ဆော့ဂျင်ကျယ်လောင်စွာအော်ဟစ်ရင်း နမ်ဂျွန်း၏ရင်ဘက်အားလက်သီးဖြင့်ထိုးပြန်သည်။ငါးချက်..ခြောက်ချက်..ခုနစ်ချက်..သူအားလျော့လာသောအခါတွင်နမ်ဂျွန်းသည်သူ့ပခံုးနှစ်ဖက်အားခပ်ဖွဖွဆုပ်ကိုင်လာသည်။
"ငါ့ကိုဘာလို့ဒ်ိလိုတွေဆက်ဆံနေတာလည်း...ဟင်.."
ဝမ်းနည်းစွာထွက်ပေါ်လာသောလေသံသည်အဖျားခတ်သွားပြီး နမ်ဂျွန်း၏ကုတ်အင်္ကျီအားစအားဆုပ်ကိုင်မိသည်။စတိုခန်းအတွင်းတွင်သူတို့နှစ်ဦး၏ရှိုက်ငိုသံများပြည့်နှက်သည်။
"ချစ်လို့..မင်းကိုသိပ်ချစ်လို့..မင်း စီနီယာကိုချစ်သလို ငါလည်းမင်းကိုချစ်လွန်းလို့.."
ရှုပ်ပွနေသောသူ့ဆံပင်လေးများအားနမ်ဂျွန်းသည်ညင်သာစွာသပ်ပေးလာသည်။ဆော့ဂျင်ခြေထောက်တွေအားမရှိတော့ဘဲခွေယိုင်လဲတော့မည်အချိန်တွင်နမ်ဂျွန်းသည်ထွေးပွေ့လာသည်။
နမ်ဂျွန်းက ချစ်တယ်တဲ့...။မဖြစ်သင့်ဘူး..။
"မချစ်ရဘူး..မင်းငါ့ကိုချစ်လို့မရဘူး ငါလည်းမင်းကိုချစ်လို့မရဘူး ငါတို့နှစ်ယောက်ကမဖြစ်နိုင်ဘူး နမ်ဂျွန်း လုံးဝမဖြစ်သင့်ဘူး.."
နမ်ဂျွန်း၏ရင်ဘက်အပေါ်တွေခေါင်းလေးမှီထားရင်းသူသွေးရူးသွေးတန်းအော်ဟစ်နေမိသည်။နမ်ဂျွန်း၏ထွေးပွေ့မှုများပိုမိုနွေးထွေးလာသည်။နမ်ဂျွန်းအားလက်မောင်းအောက်မှပြန်လည်ပွေ့ဖက်လိုက်မိသည်။
"ဒါကိုသိတာပေါ့ သိလို့မင်းကိုပြောပြဖို့ဘယ်တုန်းကမှမတွေးခဲ့ဖူးဘူး.."
တုံ့ပြန်မှုတစ်စုံတစ်ရာမပေးနိုင်တော့ဘဲနမ်ဂျွန်း၏ကိုယ်ငွေ့များအကြားတွင်မှေးစက်မိသည်။သိပ်ကိုပင်ပန်းနေပြီ...။
_
T.B.C
Playlist - 8 letters by Why don't we
Written By
Guu_Joonilili