သူ့ရဲ့ ချည်ဘောင်းဘီရှည်အသားရောင်လေးနဲ့
ကြယ်သီးတပ်ရှပ်အင်္ကျီလက်ရှည် အဖြူလေးကို
ဝတ်ထားသော ရှန်ခွန်းနောင်ကို ကြည့်၍
စိုင်းအံ့သျှိုင်းယံပြုံးလိုက်မိသည်။
သူနဲ့ယှဉ်ရင် အလွန်သေးကွေးသော ခန္ဓာကိုယ်လေး
ဖြစ်တာကြောင့် .. ခြေဖျားလက်ဖျားလေးတွေပေါ်အောင် အင်္ကျီအနား၊
ဘောင်းဘီအနားတွေကို
ခေါက်တင်ထားသည်က
တစ်ခေါက်နှစ်ခေါက်မျှပင် မက။
" ကိုကို ..အဝတ်စိုတွေ ဘယ်ထားရမှာလဲ မသိလို့..
အဝတ်လျှော်စက်ထဲ ထည့်ခဲ့တယ်"
Kitchen ထဲတွင်
ကော်ဖီဖျော်နေသောသူ့ဆီကို လျှောက်လာကာ..
ဘေးနားက ရပ်ကြည့်ရင်းပြောလာသည်။
" အင်း ရတယ်။ ကိုယ် ညကျ
လျှော်ပေးထားလိုက်မယ်.."
"သန့်ရှင်းရေး အလုပ်သမား မခေါ်ဘူးလား.."
" တစ်ပတ်မှတစ်ခေါက်လောက်ပဲ"
ရှန်ခွန်းနောင်က ခေါင်းလေးကို
တဆတ်ဆတ် ညိတ်သည်။
" မိုင်လို ပူပူလေး သောက်ချင်တယ်.."
" ကိုယ်အခုဖျော်ပေးမလို့.."
" ဝယ်ထားတာရှိတယ်ပေါ့.."
"ကိုယ့်ကောင်လေးက ကြိုက်တော့လည်း ..
ဝယ်ထားရတာပေါ့ကွာ.."
ရှန်ခွန်းနောင် သဘောတကျလေး
ရယ်လိုက်မိသည်။
" ဗိုက်ရော ပြန်ဆာပြီလား"
" မဆာသေးပါဘူးကိုကိုကလည်း..ခုနကမှ
မုန့်တွေအများကြီး စားလာတာ"
ကော်ဖီခွက်နဲ့ မိုင်လိုခွက်ကို တစ်ဖက်စီကိုင်ရင်း
ကိုကိုက kitchen ထဲက ထွက်ဖို့ပြင်သည့်အခါ
ရှန်ခွန်းနောင်က ဘေးနားကနေ လိုက်လာခဲ့သည်။
အိမ်ရှေ့ခန်းက မှန်တံခါးကို ကိုကိုက
အနည်းငယ်ဟကာ
ဖွင့်လိုက်သည်နှင့်တပြိုင်နက်
အေးမြသည့်လေနှင့်..
မြေသင်းနံ့လေးကိုပါ..ဝေ့ခနဲရလိုက်၏။
မိုးက အရမ်းမသည်းတော့တာကြောင့်
မိုးရေတော့ဖြင့် အိမ်ထဲထိ စင်လာခြင်းမရှိပေ။
ကိုကိုက စားပွဲပေါ်မှာတင်ထားသည့်
မိုင်လိုခွက်လေးကို လှမ်းပေးလာပြီး
သူကိုယ်တိုင်လည်း ကော်ဖီခွက်ကိုယူလိုက်ကာ
ရှန်ခွန်းနောင်ရဲ့ဘေးမှာ ထိုင်လိုက်သည်။
" လေးနာရီတောင်ရှိပြီ.. ငါးခွဲဆို
ကျွန်တော်ပြန်ရတော့မှာ..မေမေက
တစ်ခါတလေ စောစော ပြန်လာတတ်တယ်.."
နံရံပေါ်က နာရီလေးကို ကြည့်ကာ
ရှန်ခွန်းနောင် စူပွပွလေးဖြင့် ပြောလိုက်သည်။
ထိုပုံစံလေးကိုကြည့်ကာ.. စိုင်းအံ့သျှိုင်းယံ
ပြုံးလိုက်မိ၏။
" မပြန်နဲ့တော့လေ.. ကိုယ်နဲ့အိပ်ပေါ့.."
" ကိုကိုနော် လာစမနေနဲ့.."
" မင်းက .. ဒီထိုင်ခုံမှာ အိပ်..။
ကိုယ်က ကိုယ့်အခန်းထဲမှာကိုယ်အိပ်မယ်.."
စိုင်းအံ့သျှိုင်းယံစလိုက်သည့်အခါ
ရှန်ခွန်းနောင်က
မျက်စောင်းလေးနဲ့ကြည့်လာသည်။
" ကိုကိုပဲ အိပ်ပါလား..ထိုင်ခုံမှာ..။ ကိုယ့်ထက်
ငယ်တဲ့ ရည်းစားထားထားပြီး အလျှော့ပေးမယ်
မရှိဘူး ။ စိတ်ပုပ်တဲ့အဘိုးကြီး.."
" ဘယ်နားက အဘိုးကြီးရမှာလဲ..။ ကိုယ့်အသက်က
အခုမှ ၂၂ ရှိသေးတာပါကွာ.."
" ကျွန်တော်က ၁၈ ပြည့်ထားတာမှ မကြာသေးဘူး။ ကိုကို့ထက် အများကြီး ငယ်တယ်.."
" ဪ အသက်ပြည့်ပြီပေါ့.."
" လွန်ခဲ့တဲ့ ၈ လပိုင်းကမှ..ပြည့်တာ။ ကြည့်
ကိုကိုက.. ကျွန်တော့်မွေးနေ့လည်း မသိဘူး.."
" ကောင်းတာပေါ့.. အသက်ပြည့်တော့.."
ဒီစကားကိုပဲပြော၍
စိုင်းအံ့သျှိုင်းယံပြုံး၍ စ နေမိသည်ကို
စိတ်ကောက်ဖို့ပြင်နေသည့်
ရှန်ခွန်းနောင်က အခုမှ
သဘောပေါက်သည်ထင်..၊
ဖြူအိအိ ပါးလေးတွေက
ပန်းရောင်ပြေပြေလေး လွှမ်းသွားသည်။
အရှက်သည်းနေတာကို မြင်ရသည့်အခါ
ပို၍ပင်စနောက်ချင်စိတ်ဖြစ်လာရ၏။
" ကိုကိုနော်.. .."
ရှက်ဝဲဝဲလေးပြောလာသည့်အသံလေးက
သူ့နှလုံးအိမ်ကို ဖြည်းဖြည်းလေး ကိုင်လှုပ်သည်။
လက်ထဲက ကော်ဖီခွက်ကို စားပွဲပေါ်တင်၍
စိုင်းအံ့သျှိုင်းယံ သူ့ကိုယ်ကို
ထိုကလေးလေးဘက်သို့ တဖြည်းဖြည်း
ငုံ့မိုးလိုက်သည်။
" ကိုကို! ဘာလုပ်....မလို့.."
မိုင်လိုခွက်လေးကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ..
မျက်နှာရှေ့မှာ ကာထားရင်း ပြောလာသည့် အသံလေးက တုန်ရီရီ..။
" ကိုကိုနော်... ကျွန်တော်.. ကျွန်တော်
က .. ဖြူဖြူစင်စင်လေးပဲ
ချစ်ချင်သေးတာ..."
စိုင်းအံ့သျှိုင်းယံ ခပ်တိုးတိုးတစ်ချက်
ရယ်လိုက်မိ၏။
ထို့နောက် ရှန်ခွန်းနောင် အားကိုးတကြီး
ဆုပ်ကိုင်ထားသည့် မိုင်လိုခွက်လေးကို ယူကာ..
စားပွဲပေါ်တင်လိုက်သည်။
မျက်မှန်ဝိုင်းလေးအောက်မှ
တင်းတင်းမှိတ်ထားသည့် မျက်လုံးလေးတွေကို
မြင်တော့ သူပြုံးလိုက်မိသည်။
" ကိုယ့်ကိုမကြည့်တော့ဘူးလား.."
သူ့စကားတစ်ခွန်းမှာပဲ.. မျက်လုံးဝိုင်းလေးတွေက ပွင့်လာခဲ့သည်။
စိုင်းအံ့သျှိုင်းယံက..နီးကပ်လာသည်နဲ့အမျှ ..
ရှန်ခွန်းနောင်မှာ နောက်ကို တဖြည်းဖြည်း
ဆုတ်နေမိသည်မှာ နောက်ဆုံး
သူ့ရင်ခွင်နဲ့ အနောက်ကထိုင်ခုံလက်တန်းကြားမှာ ခန္ဓာကိုယ်လေး.. ညပ်သွားသည်အထိပင်။
" ကိုကို.. မစနဲ့..တော့..."
" လွန်ခဲ့တဲ့မိနစ်ပိုင်းကတော့
ကိုယ်မင်းကို စနောက်ချင်ရုံပဲ .. ။
အခုတော့ မဟုတ်တော့ဘူးထင်တယ်"
မျက်လုံးဝိုင်းလေးက သူ့ကို
မဝံ့မရဲကြည့်လာသည်။
ရှန်ခွန်းနောင်ရဲ့
မေးလုံးလုံးလေးမှနေ၍ ဖွဖွကိုင်ကာ
မျက်နှာကို အနည်းငယ် ပင့်မော့စေလိုက်၏။
အိထွေးသည့် နှုတ်ခမ်းလေးသည်
သဘာဝအတိုင်း
ပန်းနုရောင်သမ်းနေလေသည်။
ထိုနှုတ်ခမ်းလေးပေါ်သို့
သူ့နှုတ်ခမ်းနှင့်
ထိတွေ့လိုက်မိသည့်အခါ... သူ့ရဲ့ ခါးမှ
အင်္ကျီစကို ဆုပ်ကိုင်လာသော..
လက်ကလေးတွေ..။
အောက်နှုတ်ခမ်းလေးကို
ဖွဖွစုပ်ယူရုံ နမ်းသည့်
အနမ်းလေးမှာသူ့ရင်ခုန်သံတွေသည်လည်း
ဘာလို့ ဒီလောက်မြန်နေခဲ့မိပါလိမ့်..။
မွန်းကြပ်ခြင်းကင်းသော..၊
ပြင်းရှခြင်းမဲ့သော.. အနမ်းတွေကို
သူ မရပ်တန့်ချင်..။
ပါးပြင်နုနုလေးနဲ့တကွ
မျက်နှာအနှံ့က အစိတ်အပိုင်းလေး
တွေကို ဖွဖွနမ်းမိလိုက်..၊
နှုတ်ခမ်းအိထွေးထွေးလေးကို .. ကြင်နာ
မိလိုက်နှင့် .. သူ့ရင်ခုန်သံသည်လည်း..
တငြိမ့်ငြိမ့်လှုပ်ရှားနေခဲ့သည်။
ဖြူစင်စွာဖြင့်.. သူ့နှုတ်ခမ်းကို မထိတထိ..
လေး တုန့်ပြန်နမ်းဖို့ ကြိုးစားသင်ယူနေသော
အထိအတွေ့လေးကလည်း ချစ်မြတ်နိုးစိတ်ကို
ပိုတိုးလာစေပါသည်။
အနမ်းတို့ကို ရပ်တန့်မိသည့်အခါ..
သူ့ကို ကြည့်လာသည့် ရှက်သွေးလွှမ်းနေသည့်
မျက်နှာနုနုလေးကလည်း ချစ်စဖွယ်..။
" ကိုကို......"
" ကိုယ်မင်းကို ချစ်တယ်"
" ကျွန်တော်ရောပဲ..။ ဟင့်အင်း....။
ကျွန်တော်က ပိုချစ်တာပါနော်..!"
သူ့ရင်ခွင်ထဲ တိုးဝင်လာသည့် ကိုယ်လေးကို
ပြန်လည်ထွေးပွေ့ထားလိုက်မိတော့သည်..။
အပြင်က ရာသီဥတုက မိုးတဖွဲဖွဲကျပြီး
အေးမြနေပေမဲ့..
သူ့ရင်ခွင်ကတော့ နွေးထွေးနေခဲ့မှာပါ...။
__________________
' မင်းဘာလုပ်နေလဲ'
လွှမ်းသုတ ဂိမ်းဆော့ပြီး Facebook ထဲ
ပြန်ဝင်လာခိုက် အချိန်ကိုက်ဆိုသလို
ရောက်လာတဲ့ ဝေမှူးပိုင်ဆီမှ message က ခါတိုင်းလို တုံးတိတိဖြင့်ပင်..။
လွှမ်းသုတ ph screen ကို
မကျေမနပ်တစ်ချက်ကြည့်လိုက်ပြီးမှ
Reply ပြန်လိုက်သည်။
' ခုမှ ဂိမ်းဆော့ပြီးတာ'
' ညစာရော စားပြီးပြီလား..'
Message reply က ချက်ချင်းရောက်လာသည်။
' မစားရသေးဘူး ။ ခဏနေမှ လမ်းထိပ်က
Store ဆိုင်မှာ ခေါက်ဆွဲထုပ်သွားဝယ်ပြီး
ပြုတ်စားမလို့။ အိမ်ကဟင်းမကြိုက်ဘူး'
' ဘာစားချင်လဲ.. ။'
' ဘာလုပ်မလို့လဲ ..'
' လာပို့ပေးမလို့'
' ဘာလို့လာပို့မှာလဲ ဘာမှလည်း
မဆိုင်သေးဘဲနဲ့'
'ရည်းစားတစ်ဝမ်းကွဲလောက်တော့
ဆိုင်ပါတယ်'
သူကိုယ်တိုင်ပင်သတိမထားမိဘဲ
လွှမ်းသုတ ပြုံးမိသွားသည်။
' ဘာကို ရည်းစားတစ်ဝမ်းကွဲလဲ'
' ရည်းစားဖြစ်ဖို့ကိုအဖြေပေးဖို့
မူနေလို့ ရည်းစား
တစ်ဝမ်းကွဲ တော်လိုက်တာလေ'
' ပေါက်တတ်ကရတွေလည်း
ပြောတတ်သားပဲ..'
' ဘာစားချင်လဲ'
' ရတယ်.. တစ်ခုခု ..'
' ဘာစားချင်တာလဲ သေချာပြော'
'ငါလည်း မသိဘူး..'
' မဟုတ်ဘူးလေကွာ။
မင်းစားချင်တာမင်းသိရမှာပေါ့။
ငါက လိုက်စဉ်းစားပေးရမှာလား'
ဖြစ်လာပြီ! Message ထဲကနေတောင် သူ့ရဲ့
စိတ်မရှည်တော့တဲ့ အသံကို
ကြားလာရသလိုပဲ။
' မစဉ်းစားနဲ့ ! လာမပို့နဲ့တော့ကွာ ဘာမှ'
လွှမ်းသုတ message reply ပြန်လိုက်ကာ
Messenger ထဲက မထွက်ခင် ဝေမှူးပိုင်ရဲ့ conversation ကို noti ပါ off ပစ်လိုက်သည်။
စိတ်မရှည်ရင်ဘာလို့ ရည်းစားစကား
ပြောခဲ့သေးလဲ ။
တကယ် မကြိုက်ကို မကြိုက်ဘူး !
၇မိနစ်ခန့်မျှအကြာ ။
ဖုန်းကိုအိပ်ရာပေါ်
ချပြီး အပြင်သွားပြီး မုန့်သွားဝယ်ဖို့
လုပ်လိုက်သည့်အချိန်
တွင် ဖုန်းringtone သံကြားလိုက်ရသည်။
Screen တွင်ပေါ်နေသည့်
Contact name က Wai Hmue Paing ။
ပထမ ဖုန်း call ကျသွားသည်အထိ
လွှမ်းသုတ မကိုင်ဘဲ နေလိုက်သည်။
ချက်ချင်း ဆိုသလို ဒုတိယအကြိမ်
ပြန်ဝင်လာပြန်သည့် ဖုန်း call ။
လွှမ်းသုတ ကျစ်ခနဲ စုတ်သပ်လိုက်ပြီးမှ
ကိုင်လိုက်သည်။
" ဘာလဲ !"
ဖုန်းကိုင်ကိုင်ချင်း ဘောက်ဆတ်ဆတ်
ထူးပစ်လိုက်သည်။
တစ်ဖက်က ရယ်သံကို ကြားလိုက်ရ၏။
" ဘာလို့ စိတ်ကောက်သွားတာလဲ"
"ငါ့ဟာငါ ဘာဖြစ်ဖြစ် !"
"အခု အိမ်က ထွက်လာနေပြီ။
ဗိုက်ဝတဲ့ တစ်ခုခု ဝယ်ပေးခဲ့မယ်။
Cake ရောစားဦးမလား SP bakery က ..".
" ဘာမှမစားဘူး ၊ လာလည်းမလာနဲ့"
" ဒီကငယ်ကျွန်ကြီးက မျက်နှာတော်လေး
မော်ဖူးချင်လို့ လာပို့ပေးမယ့် ကိစ္စကို သခင်လေးက
ဘယ်လို ဖြစ်နေရတာလဲ ခင်ဗျာ.."
ရှားရှားပါးပါးဆိုသလို
ရယ်သံတစ်ဝက်နဲ့ပြောလာသည့်
ဝေမှူးပိုင်၏ ပြောင်ချော်ချော်
စကားကြောင့် လွှမ်းသုတ ရုတ်တရက်
ရယ်မိသွားရသည်။
" red velvet cake ကြိုက်လား။"
"ကြိုက်တယ်"
" ငါနဲ့အကြိုက်တူသားပဲ .. ။ ဒါဆိုဒါပဲ။
အိမ်ရှေ့ရောက်ရင် ဖုန်းခေါ်လိုက်မယ်"
ပြောစရာရှိတာပြောပြီးတာနဲ့ သူက
ဖုန်းချသွားပြီဖြစ်သည်။
အိမ်ကိုရောက်လာဖို့
အချိန်အနည်းငယ် ကြာဦးမည်ဖြစ်သလို
ဂိမ်းဆော့နေကျ ကျောင်းက
သူငယ်ချင်းတစ်ယောက်ကလည်း လာခေါ်ထားတာမို့ တစ်ပွဲဆော့မယ်ဟု ပြောကာ ဂိမ်းထဲ ပြန်ဝင်လိုက်တော့၏။
စုစုပေါင်းအချိန်က
မိနစ် ၂၀ ကျော်ပဲကြာသည် ။
ဂိမ်းတစ်ပွဲပြီးသွားတာနှင့်တပြိုင်နက်
ဝေမှူးပိုင်ဆီမှ အိမ်ရှေ့သို့ရောက်နေပြီ
ဖြစ်ကြောင်း ဖုန်းဝင်လာတော့သည်။
လွှမ်းသုတ ဖုန်းကို ခုတင်ပေါ်ပစ်ချကာ
အောက်ထပ်ကိုပြေးဆင်းလာခဲ့၏။
ဖေဖေနှင့်မေမေကတော့ ညနေစာစားပြီးတာနဲ့ အနားယူနေကြပြီဖြစ်သည်။
ပိတ်ထားပြီဖြစ်သည့် အိမ်တံခါးနဲ့ ခြံတံခါးကို
ဖွင့်၍ အပြင်ထွက်လာသည့်အခါ
အိမ်ရှေ့လမ်းတစ်ဖက်မှာရှိနေသည့်
သစ်ပင်အောက်တွင် ဆိုင်ကယ်ဖြင့်
ရပ်နေသော ဝေမှူးပိုင်ကို တွေ့လိုက်ရသည်။
2021 Yamaha XSR155 ကို
ဒေါက်ထောက်ထားပြီး
မြေပြင်ပေါ်သို့ ခြေတံရှည်တစ်ဖက်ဖြင့်
ထောက်ထားလျက် လက်တစ်ဖက်
ဖြင့်ဖုန်းကိုင်ကာ ကြည့်နေသည့် ဝေမှူးပိုင်ရဲ့
ပုံစံက အလွန်ကြည့်ကောင်းကြောင်းကိုတော့
လွှမ်းသုတ ဝန်ခံရပေလိမ့်မည်။
သူရောက်တာနှင့် ဝေမှူးပိုင်က
ဝတ်ထားသည့် အပေါ်ထပ်အင်္ကျီရဲ့
အိတ်ထောင်ထဲသို့ ဖုန်းကိုထည့်လိုက်ပြီး
ဆိုင်ကယ်မှာ ချိတ်ထားသည့်
မုန့်ထုပ်ကို လှမ်းပေးလာသည်။
လွှမ်းသုတက ယူလိုက်ပြီးမှ..
ဝေမှူးပိုင်ကို တစ်ချက်ကြည့်လိုက်မိ၏။
အရင်လို အနည်းငယ်ရှည်သည့်ဆံပင်
မဟုတ်တော့ဘဲ undercut hair style
ညှပ်၍ ဆံပင်ကို နဖူးပေါ်အောင်
လှန်သိမ်းကာ ပုံသွင်းထားသည်ကြောင့်
မျက်ခုံးနက်နက်တို့နှင့်
လည်တိုင်က စိန်ပွင့်ပုံ တက်တူး ကိုပင်
ထင်းလင်းစွာမြင်နေရသည်။
ပိန်သွယ်သည့်မျက်နှာကျနှင့်
ဖြူကြည်သည့်အသားအရည်ကလည်း ပို၍
ထင်းလင်းလာ၏။
"ဆံပင်ညှပ်ထားတာလား.."
"ကြည့်လို့ကောင်းလား"
" မဆိုးပါဘူး.."
" ဆံပင်ညှပ်လိုက်တော့ရော..
မင်းရင်ခုန်သွားပြီလား"
" ပိုပြီးရင်ခုန်စေချင်ရင် ဂတုံးတုံးလိုက်"
" မနက်ဖြန်ဆို တစ်ပတ်ပြည့်တော့မှာနော်."
"ဘာဖြစ်လို့လဲ.."
" မင်းမှာစဉ်းစားချိန် နောက်ထပ်
နှစ်ပတ်ပဲ ကျန်တော့တယ်"
ရုတ်တရက်ကြီး
အဖြေကိစ္စထပြောလာပြန်သည့်
ဝေမှူးပိုင်ကြောင့် လွှမ်းသုတ အနည်းငယ်
ဆွံ့အသွားမိရသည်။
" မင်းက ဓားပြတိုက်နေသလိုပဲ.."
" တိုက်သင့်ရင်တိုက်ရမှာပဲ"
" မင်းရဲ့အရင်လူတွေကို အဖြေတောင်းခဲ့တုန်းကရော အဲ့ဒီလို တောင်းခဲ့လို့လား..။ ငါ့ကျမှ..
စိတ်မရှည်ဖြစ်နေ.."
" ဘယ်အရင်လူမှ ငါ့မှာမရှိတာ ဘယ်ကို
သွားတောင်းရမှာလဲ.."
" မင်းကလေ ? ငါက ပထမဆုံး ..ဟုတ်လား။
မဖြစ်နိုင်တာ..။လာရွှီးမနေနဲ့"
" မယုံလည်း မတတ်နိုင်ဘူး"
စနောက်နေသည့် ပုံစံမပေါက်သည့်
ဝေမှူးရဲ့ စကားပြောဟန်ကြောင့်
မဆိုသလောက်လေးပင် အံ့ဩသွားမိရသည်။
" ငါတောင်ရှိသေးတာကို.."
" ဘာ! ဘယ်တုန်းကလဲ.. ဘယ်ကောင်လဲ.."
မျက်ခုံးတွေကိုကျုံ့၍ ခပ်ဆတ်ဆတ်ပြောကာ
ဆိုင်ကယ်ပေါ်က ဆင်းလာသည့်
ဝေမှူးပိုင်ရဲ့ မိုက်တိမိုက်ကန်း ပုံစံကြောင့်
လွှမ်းသုတ အနောက်သို့ပင်
ခြေတစ်လှမ်းခန့်ဆုတ်မိသွားရသည်။
"ဘာလဲ လန့်တာ!"
" ဘယ်ကောင်လဲလို့.."
" ဘာကိုလဲ.."
" မင်းရဲ့အရင်တစ်ယောက်ကိုပြောနေတာ။"
" မိန်းကလေးဟ ! အထက်တန်းတုန်းက.."
လွှမ်းသုတက လည်း ပြန်အော်လိုက်ရသည်။
အဲ့ဒီလိုမှမဟုတ်ရင် ဒီကောင်က
ဖြဲခြောက်နေတော့မှာ။
" အခုထိရော အဆက်အသွယ်ရှိသေးလား။
ဘယ်နှနှစ်တွဲခဲ့တာလဲ"
" တစ်ပတ်..။
နောက်ဆုံးစာမေးပွဲ
ပြီးကတည်းက ယောကျာ်းနောက်လိုက်သွားပြီ။
ဟိုတစ်လောက သူတို့ကလေးမွေးနေ့တောင်
ငါ့ကို ဖိတ်သေးတယ်"
ထိုအခါမှ ဝေမှူးပိုင်က တစ်ချက်စိုက်ကြည့်လာပြီးမှ
လက်ပိုက်ကာ
ဆိုင်ကယ်ကို အနည်းငယ်မှီ၍ရပ်လိုက်သည်။
" ဒါနဲ့မင်း.. ငါ့ကို စကားကို နူးနူးညံ့ညံ့လေး
ပြောဖို့ အစီအစဉ်မရှိဘူးလား"
လွှမ်းသုတ မကျေမနပ်ဖြင့်ပြောလိုက်သည်။
ထိုအခါ .. ဝေမှူးပိုင်က နှုတ်ခမ်းစွန်းတစ်ဖက်
အနည်းကော့တက်ရုံပြုံးလိုက်ပြီးမှ..
" ပြောခံချင်ရင် အဖြေပေးလေ.."
" ပြန်တော့ကွာ..။ သွား.."
လွှမ်းသုတ ဆက်ပြောချင်စိတ်မရှိတော့တာကြောင့်
လှည့်ထွက်ဖို့ ပြင်လိုက်သည့်အခါ..
ချက်ချင်းဆိုသလို ခါးကို တင်းကြပ်စွာဖက်၍
သူ့အနားကို ဆွဲခေါ်ပစ်လိုက်သည့် ဝေမှူးပိုင်။
နီးကပ်သွားသည့် ခန္ဓာကိုယ်နှစ်ခုကြောင့်..
လွှမ်းသုတရဲ့ ရင်ထဲဒိတ်ခနဲပင်
ခုန်သွားရသည်မှာ အမှန်ပင်။
" ဘာလုပ်တာလဲ..!"
" မုန့်လာပို့ပေးရတဲ့အတွက် တန်ရာတန်ကြေးတော့ ပြန်ပေးဦးမှပေါ့.."
" မင်း.. လူလည်တအားကျတာပဲ!
ဟိုတစ်ခေါက်ကလည်း ငါ့ကို မုန့်လိုက်
ကျွေးမယ်ဆိုပြီး ရည်းစားစကားပြောတယ် ။
အခုလည်း ! .. ငါ့ကို"
" စကားများတယ်ကွာ.."
သူရဲ့ စကားကို ဖြတ်ပြောလိုက်ပြီးနောက်
လုပ်လိုက်သည့် လုပ်ရပ်တစ်ခုကြောင့်
လွှမ်းသုတ ကြောင်အသွားရသည်။
သူ့ရဲ့ ပါးနှစ်ဖက်စလုံးကို ဝေမှူးပိုင်က
ခပ်ကြမ်းကြမ်းဖိနမ်းလာခြင်းပင်။
လွှမ်းသုတရဲ့ မျက်နှာရှိန်းခနဲပူသွားရသည်
နှင့်အတူ ဝေမှူးပိုင်ရဲ့
ရယ်သံတိုးတိုးထွက်လာသည်။
" မွှေးနေတာပဲ.. မင်းပါးလေးက.."
"ဝေမှူးပိုင် မင်း ! ..ချီးပဲ!"
ဝေမှူးပိုင် တစ်ခါမှ မကြားဖူးသေးသည့်
လွှမ်းသုတဆီက ဆဲဆိုသံက ရှက်စိတ်ကြောင့်ထင် .. ၊တုန်ရီရီလေးဖြစ်လို့နေပုံမှာ
ချစ်စရာကောင်းနေပြန်သည်။
ထိုမျှပင် မကျေနပ်သေး..။
သူ့ညို့သကျည်းကိုပါ တစ်ချက်
ပစ်ကန်လာတာကြောင့် သူခွေခနဲ
ယိုင်သွားရ၏။
လွှမ်းသုတကတော့ သူဝယ်ပေးလာသည့်
မုန့်ထုပ်ကို ဆွဲကာ .. အိမ်ထဲသို့
ခပ်သွက်သွက်လျှောက်၍
ဝင်သွားခဲ့ပြီဖြစ်သည်။
_________________
ဆက်ရန်။
ZAWGYI
သူ႔ရဲ့ ခ်ည္ေဘာင္းဘီရွည္အသားေရာင္ေလးနဲ႔
ၾကယ္သီးတပ္ရွပ္အကၤ်ီလက္ရွည္ အျဖဴေလးကို
ဝတ္ထားေသာ ရွန္ခြန္းေနာင္ကို ၾကည့္၍
စိုင္းအံ့သၽွိုင္းယံျပဳံးလိုက္မိသည္။
သူနဲ႔ယွဥ္ရင္ အလြန္ေသးေကြးေသာ ခႏၶာကိုယ္ေလး
ျဖစ္တာေၾကာင့္ .. ေျခဖ်ားလက္ဖ်ားေလးေတြေပၚေအာင္ အကၤ်ီအနား၊
ေဘာင္းဘီအနားေတြကို
ေခါက္တင္ထားသည္က
တစ္ေခါက္ႏွစ္ေခါက္မၽွပင္ မက။
" ကိုကို ..အဝတ္စိုေတြ ဘယ္ထားရမွာလဲ မသိလို႔..
အဝတ္ေလၽွာ္စက္ထဲ ထည့္ခဲ့တယ္"
Kitchen ထဲတြင္
ေကာ္ဖီေဖ်ာ္ေနေသာသူ႔ဆီကို ေလၽွာက္လာကာ..
ေဘးနားက ရပ္ၾကည့္ရင္းေျပာလာသည္။
" အင္း ရတယ္။ ကိုယ္ ညက်
ေလၽွာ္ေပးထားလိုက္မယ္.."
"သန့္ရွင္းေရး အလုပ္သမား မေခၚဘူးလား.."
" တစ္ပတ္မွတစ္ေခါက္ေလာက္ပဲ"
ရွန္ခြန္းေနာင္က ေခါင္းေလးကို
တဆတ္ဆတ္ ညိတ္သည္။
" မိုင္လို ပူပူေလး ေသာက္ခ်င္တယ္.."
" ကိုယ္အခုေဖ်ာ္ေပးမလို႔.."
" ဝယ္ထားတာရွိတယ္ေပါ့.."
"ကိုယ့္ေကာင္ေလးက ႀကိဳက္ေတာ့လည္း ..
ဝယ္ထားရတာေပါ့ကြာ.."
ရွန္ခြန္းေနာင္ သေဘာတက်ေလး
ရယ္လိုက္မိသည္။
" ဗိုက္ေရာ ျပန္ဆာၿပီလား"
" မဆာေသးပါဘူးကိုကိုကလည္း..ခုနကမွ
မုန့္ေတြအမ်ားႀကီး စားလာတာ"
ေကာ္ဖီခြက္နဲ႔ မိုင္လိုခြက္ကို တစ္ဖက္စီကိုင္ရင္း
ကိုကိုက kitchen ထဲက ထြက္ဖို႔ျပင္သည့္အခါ
ရွန္ခြန္းေနာင္က ေဘးနားကေန လိုက္လာခဲ့သည္။
အိမ္ေရွ႕ခန္းက မွန္တံခါးကို ကိုကိုက
အနည္းငယ္ဟကာ
ဖြင့္လိုက္သည္ႏွင့္တၿပိဳင္နက္
ေအးျမသည့္ေလႏွင့္..
ေျမသင္းနံ႔ေလးကိုပါ..ေဝ့ခနဲရလိုက္၏။
မိုးက အရမ္းမသည္းေတာ့တာေၾကာင့္
မိုးေရေတာ့ျဖင့္ အိမ္ထဲထိ စင္လာျခင္းမရွိေပ။
ကိုကိုက စားပြဲေပၚမွာတင္ထားသည့္
မိုင္လိုခြက္ေလးကို လွမ္းေပးလာၿပီး
သူကိုယ္တိုင္လည္း ေကာ္ဖီခြက္ကိုယူလိုက္ကာ
ရွန္ခြန္းေနာင္ရဲ့ေဘးမွာ ထိုင္လိုက္သည္။
" ေလးနာရီေတာင္ရွိၿပီ.. ငါးခြဲဆို
ကၽြန္ေတာ္ျပန္ရေတာ့မွာ..ေမေမက
တစ္ခါတေလ ေစာေစာ ျပန္လာတတ္တယ္.."
နံရံေပၚက နာရီေလးကို ၾကည့္ကာ
ရွန္ခြန္းေနာင္ စူပြပြေလးျဖင့္ ေျပာလိုက္သည္။
ထိုပုံစံေလးကိုၾကည့္ကာ.. စိုင္းအံ့သၽွိုင္းယံ
ျပဳံးလိုက္မိ၏။
" မျပန္နဲ႔ေတာ့ေလ.. ကိုယ္နဲ႔အိပ္ေပါ့.."
" ကိုကိုေနာ္ လာစမေနနဲ႔.."
" မင္းက .. ဒီထိုင္ခုံမွာ အိပ္..။
ကိုယ္က ကိုယ့္အခန္းထဲမွာကိုယ္အိပ္မယ္.."
စိုင္းအံ့သၽွိုင္းယံစလိုက္သည့္အခါ
ရွန္ခြန္းေနာင္က
မ်က္ေစာင္းေလးနဲ႔ၾကည့္လာသည္။
" ကိုကိုပဲ အိပ္ပါလား..ထိုင္ခုံမွာ..။ ကိုယ့္ထက္
ငယ္တဲ့ ရည္းစားထားထားၿပီး အေလၽွာ့ေပးမယ္
မရွိဘူး ။ စိတ္ပုပ္တဲ့အဘိုးႀကီး.."
" ဘယ္နားက အဘိုးႀကီးရမွာလဲ..။ ကိုယ့္အသက္က
အခုမွ ၂၂ ရွိေသးတာပါကြာ.."
" ကၽြန္ေတာ္က ၁၈ ျပည့္ထားတာမွ မၾကာေသးဘူး။ ကိုကို႔ထက္ အမ်ားႀကီး ငယ္တယ္.."
" ဪ အသက္ျပည့္ၿပီေပါ့.."
" လြန္ခဲ့တဲ့ ၈ လပိုင္းကမွ..ျပည့္တာ။ ၾကည့္
ကိုကိုက.. ကၽြန္ေတာ့္ေမြးေန႔လည္း မသိဘူး.."
" ေကာင္းတာေပါ့.. အသက္ျပည့္ေတာ့.."
ဒီစကားကိုပဲေျပာ၍
စိုင္းအံ့သၽွိုင္းယံျပဳံး၍ စ ေနမိသည္ကို
စိတ္ေကာက္ဖို႔ျပင္ေနသည့္
ရွန္ခြန္းေနာင္က အခုမွ
သေဘာေပါက္သည္ထင္..၊
ျဖဴအိအိ ပါးေလးေတြက
ပန္းေရာင္ေျပေျပေလး လႊမ္းသြားသည္။
အရွက္သည္းေနတာကို ျမင္ရသည့္အခါ
ပို၍ပင္စေနာက္ခ်င္စိတ္ျဖစ္လာရ၏။
" ကိုကိုေနာ္.. .."
ရွက္ဝဲဝဲေလးေျပာလာသည့္အသံေလးက
သူ႔ႏွလုံးအိမ္ကို ျဖည္းျဖည္းေလး ကိုင္လွုပ္သည္။
လက္ထဲက ေကာ္ဖီခြက္ကို စားပြဲေပၚတင္၍
စိုင္းအံ့သၽွိုင္းယံ သူ႔ကိုယ္ကို
ထိုကေလးေလးဘက္သို႔ တျဖည္းျဖည္း
ငုံ႔မိုးလိုက္သည္။
" ကိုကို! ဘာလုပ္....မလို႔.."
မိုင္လိုခြက္ေလးကို လက္ႏွစ္ဖက္ျဖင့္ကိုင္ကာ..
မ်က္ႏွာေရွ႕မွာ ကာထားရင္း ေျပာလာသည့္ အသံေလးက တုန္ရီရီ..။
" ကိုကိုေနာ္... ကၽြန္ေတာ္.. ကၽြန္ေတာ္
က .. ျဖဴျဖဴစင္စင္ေလးပဲ
ခ်စ္ခ်င္ေသးတာ..."
စိုင္းအံ့သၽွိုင္းယံ ခပ္တိုးတိုးတစ္ခ်က္
ရယ္လိုက္မိ၏။
ထို႔ေနာက္ ရွန္ခြန္းေနာင္ အားကိုးတႀကီး
ဆုပ္ကိုင္ထားသည့္ မိုင္လိုခြက္ေလးကို ယူကာ..
စားပြဲေပၚတင္လိုက္သည္။
မ်က္မွန္ဝိုင္းေလးေအာက္မွ
တင္းတင္းမွိတ္ထားသည့္ မ်က္လုံးေလးေတြကို
ျမင္ေတာ့ သူျပဳံးလိုက္မိသည္။
" ကိုယ့္ကိုမၾကည့္ေတာ့ဘူးလား.."
သူ႔စကားတစ္ခြန္းမွာပဲ.. မ်က္လုံးဝိုင္းေလးေတြက ပြင့္လာခဲ့သည္။
စိုင္းအံ့သၽွိုင္းယံက..နီးကပ္လာသည္နဲ႔အမၽွ ..
ရွန္ခြန္းေနာင္မွာ ေနာက္ကို တျဖည္းျဖည္း
ဆုတ္ေနမိသည္မွာ ေနာက္ဆုံး
သူ႔ရင္ခြင္နဲ႔ အေနာက္ကထိုင္ခုံလက္တန္းၾကားမွာ ခႏၶာကိုယ္ေလး.. ညပ္သြားသည္အထိပင္။
" ကိုကို.. မစနဲ႔..ေတာ့..."
" လြန္ခဲ့တဲ့မိနစ္ပိုင္းကေတာ့
ကိုယ္မင္းကို စေနာက္ခ်င္႐ုံပဲ .. ။
အခုေတာ့ မဟုတ္ေတာ့ဘူးထင္တယ္"
မ်က္လုံးဝိုင္းေလးက သူ႔ကို
မဝံ့မရဲၾကည့္လာသည္။
ရွန္ခြန္းေနာင္ရဲ့
ေမးလုံးလုံးေလးမွေန၍ ဖြဖြကိုင္ကာ
မ်က္ႏွာကို အနည္းငယ္ ပင့္ေမာ့ေစလိုက္၏။
အိေထြးသည့္ ႏွုတ္ခမ္းေလးသည္
သဘာဝအတိုင္း
ပန္းႏုေရာင္သမ္းေနေလသည္။
ထိုႏွုတ္ခမ္းေလးေပၚသို႔
သူ႔ႏွုတ္ခမ္းႏွင့္
ထိေတြ႕လိုက္မိသည့္အခါ... သူ႔ရဲ့ ခါးမွ
အကၤ်ီစကို ဆုပ္ကိုင္လာေသာ..
လက္ကေလးေတြ..။
ေအာက္ႏွုတ္ခမ္းေလးကို
ဖြဖြစုပ္ယူ႐ုံ နမ္းသည့္
အနမ္းေလးမွာသူ႔ရင္ခုန္သံေတြသည္လည္း
ဘာလို႔ ဒီေလာက္ျမန္ေနခဲ့မိပါလိမ့္..။
မြန္းၾကပ္ျခင္းကင္းေသာ..၊
ျပင္းရွျခင္းမဲ့ေသာ.. အနမ္းေတြကို
သူ မရပ္တန့္ခ်င္..။
ပါးျပင္ႏုႏုေလးနဲ႔တကြ
မ်က္ႏွာအႏွံ့က အစိတ္အပိုင္းေလး
ေတြကို ဖြဖြနမ္းမိလိုက္..၊
ႏွုတ္ခမ္းအိေထြးေထြးေလးကို .. ၾကင္နာ
မိလိုက္ႏွင့္ .. သူ႔ရင္ခုန္သံသည္လည္း..
တၿငိမ့္ၿငိမ့္လွုပ္ရွားေနခဲ့သည္။
ျဖဴစင္စြာျဖင့္.. သူ႔ႏွုတ္ခမ္းကို မထိတထိ..
ေလး တုန့္ျပန္နမ္းဖို႔ ႀကိဳးစားသင္ယူေနေသာ
အထိအေတြ႕ေလးကလည္း ခ်စ္ျမတ္နိုးစိတ္ကို
ပိုတိုးလာေစပါသည္။
အနမ္းတို႔ကို ရပ္တန့္မိသည့္အခါ..
သူ႔ကို ၾကည့္လာသည့္ ရွက္ေသြးလႊမ္းေနသည့္
မ်က္ႏွာႏုႏုေလးကလည္း ခ်စ္စဖြယ္..။
" ကိုကို......"
" ကိုယ္မင္းကို ခ်စ္တယ္"
" ကၽြန္ေတာ္ေရာပဲ..။ ဟင့္အင္း....။
ကၽြန္ေတာ္က ပိုခ်စ္တာပါေနာ္..!"
သူ႔ရင္ခြင္ထဲ တိုးဝင္လာသည့္ ကိုယ္ေလးကို
ျပန္လည္ေထြးေပြ႕ထားလိုက္မိေတာ့သည္..။
အျပင္က ရာသီဥတုက မိုးတဖြဲဖြဲက်ၿပီး
ေအးျမေနေပမဲ့..
သူ႔ရင္ခြင္ကေတာ့ ေႏြးေထြးေနခဲ့မွာပါ...။
__________________
' မင္းဘာလုပ္ေနလဲ'
လႊမ္းသုတ ဂိမ္းေဆာ့ၿပီး Facebook ထဲ
ျပန္ဝင္လာခိုက္ အခ်ိန္ကိုက္ဆိုသလို
ေရာက္လာတဲ့ ေဝမွူးပိုင္ဆီမွ message က ခါတိုင္းလို တုံးတိတိျဖင့္ပင္..။
လႊမ္းသုတ ph screen ကို
မေက်မနပ္တစ္ခ်က္ၾကည့္လိုက္ၿပီးမွ
Reply ျပန္လိုက္သည္။
' ခုမွ ဂိမ္းေဆာ့ၿပီးတာ'
' ညစာေရာ စားၿပီးၿပီလား..'
Message reply က ခ်က္ခ်င္းေရာက္လာသည္။
' မစားရေသးဘူး ။ ခဏေနမွ လမ္းထိပ္က
Store ဆိုင္မွာ ေခါက္ဆြဲထုပ္သြားဝယ္ၿပီး
ျပဳတ္စားမလို႔။ အိမ္ကဟင္းမႀကိဳက္ဘူး'
' ဘာစားခ်င္လဲ.. ။'
' ဘာလုပ္မလို႔လဲ ..'
' လာပို႔ေပးမလို႔'
' ဘာလို႔လာပို႔မွာလဲ ဘာမွလည္း
မဆိုင္ေသးဘဲနဲ႔'
'ရည္းစားတစ္ဝမ္းကြဲေလာက္ေတာ့
ဆိုင္ပါတယ္'
သူကိုယ္တိုင္ပင္သတိမထားမိဘဲ
လႊမ္းသုတ ျပဳံးမိသြားသည္။
' ဘာကို ရည္းစားတစ္ဝမ္းကြဲလဲ'
' ရည္းစားျဖစ္ဖို႔ကိုအေျဖေပးဖို႔
မူေနလို႔ ရည္းစား
တစ္ဝမ္းကြဲ ေတာ္လိုက္တာေလ'
' ေပါက္တတ္ကရေတြလည္း
ေျပာတတ္သားပဲ..'
' ဘာစားခ်င္လဲ'
' ရတယ္.. တစ္ခုခု ..'
' ဘာစားခ်င္တာလဲ ေသခ်ာေျပာ'
'ငါလည္း မသိဘူး..'
' မဟုတ္ဘူးေလကြာ။
မင္းစားခ်င္တာမင္းသိရမွာေပါ့။
ငါက လိုက္စဥ္းစားေပးရမွာလား'
ျဖစ္လာၿပီ! Message ထဲကေနေတာင္ သူ႔ရဲ့
စိတ္မရွည္ေတာ့တဲ့ အသံကို
ၾကားလာရသလိုပဲ။
' မစဥ္းစားနဲ႔ ! လာမပို႔နဲ႔ေတာ့ကြာ ဘာမွ'
လႊမ္းသုတ message reply ျပန္လိုက္ကာ
Messenger ထဲက မထြက္ခင္ ေဝမွူးပိုင္ရဲ့ conversation ကို noti ပါ off ပစ္လိုက္သည္။
စိတ္မရွည္ရင္ဘာလို႔ ရည္းစားစကား
ေျပာခဲ့ေသးလဲ ။
တကယ္ မႀကိဳက္ကို မႀကိဳက္ဘူး !
၇မိနစ္ခန့္မၽွအၾကာ ။
ဖုန္းကိုအိပ္ရာေပၚ
ခ်ၿပီး အျပင္သြားၿပီး မုန့္သြားဝယ္ဖို႔
လုပ္လိုက္သည့္အခ်ိန္
တြင္ ဖုန္းringtone သံၾကားလိုက္ရသည္။
Screen တြင္ေပၚေနသည့္
Contact name က Wai Hmue Paing ။
ပထမ ဖုန္း call က်သြားသည္အထိ
လႊမ္းသုတ မကိုင္ဘဲ ေနလိုက္သည္။
ခ်က္ခ်င္း ဆိုသလို ဒုတိယအႀကိမ္
ျပန္ဝင္လာျပန္သည့္ ဖုန္း call ။
လႊမ္းသုတ က်စ္ခနဲ စုတ္သပ္လိုက္ၿပီးမွ
ကိုင္လိုက္သည္။
" ဘာလဲ !"
ဖုန္းကိုင္ကိုင္ခ်င္း ေဘာက္ဆတ္ဆတ္
ထူးပစ္လိုက္သည္။
တစ္ဖက္က ရယ္သံကို ၾကားလိုက္ရ၏။
" ဘာလို႔ စိတ္ေကာက္သြားတာလဲ"
"ငါ့ဟာငါ ဘာျဖစ္ျဖစ္ !"
"အခု အိမ္က ထြက္လာေနၿပီ။
ဗိုက္ဝတဲ့ တစ္ခုခု ဝယ္ေပးခဲ့မယ္။
Cake ေရာစားဦးမလား SP bakery က ..".
" ဘာမွမစားဘူး ၊ လာလည္းမလာနဲ႔"
" ဒီကငယ္ကၽြန္ႀကီးက မ်က္ႏွာေတာ္ေလး
ေမာ္ဖူးခ်င္လို႔ လာပို႔ေပးမယ့္ ကိစၥကို သခင္ေလးက
ဘယ္လို ျဖစ္ေနရတာလဲ ခင္ဗ်ာ.."
ရွားရွားပါးပါးဆိုသလို
ရယ္သံတစ္ဝက္နဲ႔ေျပာလာသည့္
ေဝမွူးပိုင္၏ ေျပာင္ေခ်ာ္ေခ်ာ္
စကားေၾကာင့္ လႊမ္းသုတ ႐ုတ္တရက္
ရယ္မိသြားရသည္။
" red velvet cake ႀကိဳက္လား။"
"ႀကိဳက္တယ္"
" ငါနဲ႔အႀကိဳက္တူသားပဲ .. ။ ဒါဆိုဒါပဲ။
အိမ္ေရွ႕ေရာက္ရင္ ဖုန္းေခၚလိုက္မယ္"
ေျပာစရာရွိတာေျပာၿပီးတာနဲ႔ သူက
ဖုန္းခ်သြားၿပီျဖစ္သည္။
အိမ္ကိုေရာက္လာဖို႔
အခ်ိန္အနည္းငယ္ ၾကာဦးမည္ျဖစ္သလို
ဂိမ္းေဆာ့ေနက် ေက်ာင္းက
သူငယ္ခ်င္းတစ္ေယာက္ကလည္း လာေခၚထားတာမို႔ တစ္ပြဲေဆာ့မယ္ဟု ေျပာကာ ဂိမ္းထဲ ျပန္ဝင္လိုက္ေတာ့၏။
စုစုေပါင္းအခ်ိန္က
မိနစ္ ၂၀ ေက်ာ္ပဲၾကာသည္ ။
ဂိမ္းတစ္ပြဲၿပီးသြားတာႏွင့္တၿပိဳင္နက္
ေဝမွူးပိုင္ဆီမွ အိမ္ေရွ႕သို႔ေရာက္ေနၿပီ
ျဖစ္ေၾကာင္း ဖုန္းဝင္လာေတာ့သည္။
လႊမ္းသုတ ဖုန္းကို ခုတင္ေပၚပစ္ခ်ကာ
ေအာက္ထပ္ကိုေျပးဆင္းလာခဲ့၏။
ေဖေဖႏွင့္ေမေမကေတာ့ ညေနစာစားၿပီးတာနဲ႔ အနားယူေနၾကၿပီျဖစ္သည္။
ပိတ္ထားၿပီျဖစ္သည့္ အိမ္တံခါးနဲ႔ ၿခံတံခါးကို
ဖြင့္၍ အျပင္ထြက္လာသည့္အခါ
အိမ္ေရွ႕လမ္းတစ္ဖက္မွာရွိေနသည့္
သစ္ပင္ေအာက္တြင္ ဆိုင္ကယ္ျဖင့္
ရပ္ေနေသာ ေဝမွူးပိုင္ကို ေတြ႕လိုက္ရသည္။
2021 Yamaha XSR155 ကို
ေဒါက္ေထာက္ထားၿပီး
ေျမျပင္ေပၚသို႔ ေျခတံရွည္တစ္ဖက္ျဖင့္
ေထာက္ထားလ်က္ လက္တစ္ဖက္
ျဖင့္ဖုန္းကိုင္ကာ ၾကည့္ေနသည့္ ေဝမွူးပိုင္ရဲ့
ပုံစံက အလြန္ၾကည့္ေကာင္းေၾကာင္းကိုေတာ့
လႊမ္းသုတ ဝန္ခံရေပလိမ့္မည္။
သူေရာက္တာႏွင့္ ေဝမွူးပိုင္က
ဝတ္ထားသည့္ အေပၚထပ္အကၤ်ီရဲ့
အိတ္ေထာင္ထဲသို႔ ဖုန္းကိုထည့္လိုက္ၿပီး
ဆိုင္ကယ္မွာ ခ်ိတ္ထားသည့္
မုန့္ထုပ္ကို လွမ္းေပးလာသည္။
လႊမ္းသုတက ယူလိုက္ၿပီးမွ..
ေဝမွူးပိုင္ကို တစ္ခ်က္ၾကည့္လိုက္မိ၏။
အရင္လို အနည္းငယ္ရွည္သည့္ဆံပင္
မဟုတ္ေတာ့ဘဲ undercut hair style
ညႇပ္၍ ဆံပင္ကို နဖူးေပၚေအာင္
လွန္သိမ္းကာ ပုံသြင္းထားသည္ေၾကာင့္
မ်က္ခုံးနက္နက္တို႔ႏွင့္
လည္တိုင္က စိန္ပြင့္ပုံ တက္တူး ကိုပင္
ထင္းလင္းစြာျမင္ေနရသည္။
ပိန္သြယ္သည့္မ်က္ႏွာက်ႏွင့္
ျဖဴၾကည္သည့္အသားအရည္ကလည္း ပို၍
ထင္းလင္းလာ၏။
"ဆံပင္ညႇပ္ထားတာလား.."
"ၾကည့္လို႔ေကာင္းလား"
" မဆိုးပါဘူး.."
" ဆံပင္ညႇပ္လိုက္ေတာ့ေရာ..
မင္းရင္ခုန္သြားၿပီလား"
" ပိုၿပီးရင္ခုန္ေစခ်င္ရင္ ဂတုံးတုံးလိုက္"
" မနက္ျဖန္ဆို တစ္ပတ္ျပည့္ေတာ့မွာေနာ္."
"ဘာျဖစ္လို႔လဲ.."
" မင္းမွာစဥ္းစားခ်ိန္ ေနာက္ထပ္
ႏွစ္ပတ္ပဲ က်န္ေတာ့တယ္"
႐ုတ္တရက္ႀကီး
အေျဖကိစၥထေျပာလာျပန္သည့္
ေဝမွူးပိုင္ေၾကာင့္ လႊမ္းသုတ အနည္းငယ္
ဆြံ႕အသြားမိရသည္။
" မင္းက ဓားျပတိုက္ေနသလိုပဲ.."
" တိုက္သင့္ရင္တိုက္ရမွာပဲ"
" မင္းရဲ့အရင္လူေတြကို အေျဖေတာင္းခဲ့တုန္းကေရာ အဲ့ဒီလို ေတာင္းခဲ့လို႔လား..။ ငါ့က်မွ..
စိတ္မရွည္ျဖစ္ေန.."
" ဘယ္အရင္လူမွ ငါ့မွာမရွိတာ ဘယ္ကို
သြားေတာင္းရမွာလဲ.."
" မင္းကေလ ? ငါက ပထမဆုံး ..ဟုတ္လား။
မျဖစ္နိုင္တာ..။လာရႊီးမေနနဲ႔"
" မယုံလည္း မတတ္နိုင္ဘူး"
စေနာက္ေနသည့္ ပုံစံမေပါက္သည့္
ေဝမွူးရဲ့ စကားေျပာဟန္ေၾကာင့္
မဆိုသေလာက္ေလးပင္ အံ့ဩသြားမိရသည္။
" ငါေတာင္ရွိေသးတာကို.."
" ဘာ! ဘယ္တုန္းကလဲ.. ဘယ္ေကာင္လဲ.."
မ်က္ခုံးေတြကိုက်ဳံ႕၍ ခပ္ဆတ္ဆတ္ေျပာကာ
ဆိုင္ကယ္ေပၚက ဆင္းလာသည့္
ေဝမွူးပိုင္ရဲ့ မိုက္တိမိုက္ကန္း ပုံစံေၾကာင့္
လႊမ္းသုတ အေနာက္သို႔ပင္
ေျခတစ္လွမ္းခန့္ဆုတ္မိသြားရသည္။
"ဘာလဲ လန့္တာ!"
" ဘယ္ေကာင္လဲလို႔.."
" ဘာကိုလဲ.."
" မင္းရဲ့အရင္တစ္ေယာက္ကိုေျပာေနတာ။"
" မိန္းကေလးဟ ! အထက္တန္းတုန္းက.."
လႊမ္းသုတက လည္း ျပန္ေအာ္လိုက္ရသည္။
အဲ့ဒီလိုမွမဟုတ္ရင္ ဒီေကာင္က
ျဖဲေျခာက္ေနေတာ့မွာ။
" အခုထိေရာ အဆက္အသြယ္ရွိေသးလား။
ဘယ္ႏွႏွစ္တြဲခဲ့တာလဲ"
" တစ္ပတ္..။
ေနာက္ဆုံးစာေမးပြဲ
ၿပီးကတည္းက ေယာက်ာ္းေနာက္လိုက္သြားၿပီ။
ဟိုတစ္ေလာက သူတို႔ကေလးေမြးေန႔ေတာင္
ငါ့ကို ဖိတ္ေသးတယ္"
ထိုအခါမွ ေဝမွူးပိုင္က တစ္ခ်က္စိုက္ၾကည့္လာၿပီးမွ
လက္ပိုက္ကာ
ဆိုင္ကယ္ကို အနည္းငယ္မွီ၍ရပ္လိုက္သည္။
" ဒါနဲ႔မင္း.. ငါ့ကို စကားကို ႏူးႏူးညံ့ညံ့ေလး
ေျပာဖို႔ အစီအစဥ္မရွိဘူးလား"
လႊမ္းသုတ မေက်မနပ္ျဖင့္ေျပာလိုက္သည္။
ထိုအခါ .. ေဝမွူးပိုင္က ႏွုတ္ခမ္းစြန္းတစ္ဖက္
အနည္းေကာ့တက္႐ုံျပဳံးလိုက္ၿပီးမွ..
" ေျပာခံခ်င္ရင္ အေျဖေပးေလ.."
" ျပန္ေတာ့ကြာ..။ သြား.."
လႊမ္းသုတ ဆက္ေျပာခ်င္စိတ္မရွိေတာ့တာေၾကာင့္
လွည့္ထြက္ဖို႔ ျပင္လိုက္သည့္အခါ..
ခ်က္ခ်င္းဆိုသလို ခါးကို တင္းၾကပ္စြာဖက္၍
သူ႔အနားကို ဆြဲေခၚပစ္လိုက္သည့္ ေဝမွူးပိုင္။
နီးကပ္သြားသည့္ ခႏၶာကိုယ္ႏွစ္ခုေၾကာင့္..
လႊမ္းသုတရဲ့ ရင္ထဲဒိတ္ခနဲပင္
ခုန္သြားရသည္မွာ အမွန္ပင္။
" ဘာလုပ္တာလဲ..!"
" မုန့္လာပို႔ေပးရတဲ့အတြက္ တန္ရာတန္ေၾကးေတာ့ ျပန္ေပးဦးမွေပါ့.."
" မင္း.. လူလည္တအားက်တာပဲ!
ဟိုတစ္ေခါက္ကလည္း ငါ့ကို မုန့္လိုက္
ေကၽြးမယ္ဆိုၿပီး ရည္းစားစကားေျပာတယ္ ။
အခုလည္း ! .. ငါ့ကို"
" စကားမ်ားတယ္ကြာ.."
သူရဲ့ စကားကို ျဖတ္ေျပာလိုက္ၿပီးေနာက္
လုပ္လိုက္သည့္ လုပ္ရပ္တစ္ခုေၾကာင့္
လႊမ္းသုတ ေၾကာင္အသြားရသည္။
သူ႔ရဲ့ ပါးႏွစ္ဖက္စလုံးကို ေဝမွူးပိုင္က
ခပ္ၾကမ္းၾကမ္းဖိနမ္းလာျခင္းပင္။
လႊမ္းသုတရဲ့ မ်က္ႏွာရွိန္းခနဲပူသြားရသည္
ႏွင့္အတူ ေဝမွူးပိုင္ရဲ့
ရယ္သံတိုးတိုးထြက္လာသည္။
" ေမႊးေနတာပဲ.. မင္းပါးေလးက.."
"ေဝမွူးပိုင္ မင္း ! ..ခ်ီးပဲ!"
ေဝမွူးပိုင္ တစ္ခါမွ မၾကားဖူးေသးသည့္
လႊမ္းသုတဆီက ဆဲဆိုသံက ရွက္စိတ္ေၾကာင့္ထင္ .. ၊တုန္ရီရီေလးျဖစ္လို႔ေနပုံမွာ
ခ်စ္စရာေကာင္းေနျပန္သည္။
ထိုမၽွပင္ မေက်နပ္ေသး..။
သူ႔ညိဳ႕သက်ည္းကိုပါ တစ္ခ်က္
ပစ္ကန္လာတာေၾကာင့္ သူေခြခနဲ
ယိုင္သြားရ၏။
လႊမ္းသုတကေတာ့ သူဝယ္ေပးလာသည့္
မုန့္ထုပ္ကို ဆြဲကာ .. အိမ္ထဲသို႔
ခပ္သြက္သြက္ေလၽွာက္၍
ဝင္သြားခဲ့ၿပီျဖစ္သည္။
_________________
ဆက္ရန္။