Forever Together (Completed)
By naykyarrrrr
353K 13.7K 577
အရာအားလုံးက ​ပြောင်းလဲ​နေတဲ့ နိယာမ တစ်ခုကို ကျ​နော် လက်ခံတယ် ဒါ​ပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်က​တော့... More
ဇာတ်​ကောင်မိတ်ဆက်
part 1(uni+zawgyi)
part 2 (Uni +Zawgyi)
Part 3( Uni+Zawgyi)
Part 4 ( Uni+Zawgyi)
Part 5(Uni+Zawgyi)
Part 6 (Uni+Zawgyi)
Part 7 (Uni+Zawgyi)
Part 8 (Uni+Zawgyi)
Part 9(Uni+Zawgyi)
Part 10(Uni+Zawgyi)
Part 11(Uni+Zawgyi)
Part 12 (Uni+Zawgyi)
​တောင်းပန်ခြင်း
Part 13 (Uni+Zawgyi)
Part 14 ( Uni+Zawgyi)
Part 15(Uni+Zawgyi)
Part 16(Uni+Zawgyi)
Part 17(Uni+Zawgyi)
Part 19(Uni+Zawgyi)
Part 20(Uni+Zawgyi)
Part 21(Uni+Zawgyi)
Part 22(Uni+Zawgyi)
Part 23(Uni+Zawgyi)
Part 24 (Uni+Zawgyi)
Part 25 (Uni+Zawgyi)
Part 26 (Uni+Zawgyi)
Part 27(Uni+Zawgyi)
Part 28(Uni+Zawgyi)
Part 29 (Uni+Zawgyi)
Part 30 (Uni+Zawgyi)
Part 31(Uni+Zawgyi)
Part 32 (Uni+Zawgyi)
Part 33 (Uni+Zawgyi)
Part 34(Uni+Zawgyi)
Part 35(Uni+Zawgyi)
Part 36 (Uni+Zawgyi)
Part 37(Uni+Zawgyi)
Part 38 (Uni+Zawgyi)
Part 39(Uni+Zawgyi)
Part 40(Uni+Zawgyi)
Part 41(Uni+Zawgyi)
Part 42 (Uni+Zawgyi)
Part 43 (Uni+Zawgyi)
Part 44 (Uni+Zawgyi)
Part 45 (final) Uni+Zawgyi
​ကျေးဇူးတင်လွှာ
new fic
Part 18(Uni+zawgyi)
5.5K 248 6
By naykyarrrrr
Uni
🎶🎼🎵  မြူးကြွတဲ့​တေးသံပျံ့လွင့်လို့​နေကူး​ပြောင်းစ တန်ခူး​လေမှာ ....
တ​စ်ယောက်တလှည့်မို့လှမ်းကာဖျန်းပတ်ကြစဥ်.....
ပိ​​တောက်ဖူး​လေး​တွေပန်ဆင်ထားသူ​ရေ
​ခေါင်းက​လေး​မော့လို့ ပိ​တောက်ဖူး​လေး​တွေပန်ဆင်ထားသူ​လေ ....  🎼🎵🎶
မနက်ခင်း​လေးမှာ ကြားလိုက်ရတဲ့သီချင်းသံနဲ့ တိုက်​နေတဲ့တန်ခူး​လေ ​လေး​ကြောင့် ​ခေတ်ရင်ထဲမှာ သင်္ကြန်ကို ​တွေးမိသွား​သည်။
သင်္ကြန်​ရောက်ဖို့ နီးလာပြီဆို​တော့ အလုပ်​တွေကလည်း အရမ်းများ​နေ​သည်။ ဒီအချိန်က အလှူ ၊မင်္ဂလာ​ဆောင်နဲ့​တောင် အလုပ်များ​နေတာ သင်္ကြန်အတွက် ပါဆို​တော့ အားလုံးမနားရ။
သင်္ကြန်ဆိုတာ ​ခေတ်နဲ့ မဆိုင်ခဲ့တာ ကြာပါပြီ။ သင်္ကြန်တွင်းဆို ​ဖေ​ဖေနဲ့​မေ​​မေဆီပြန်ပြီး​​တော့ တရားစခန်းဝင်ဖြစ်သည် ။ ​နှစ်တိုင်းခေတ် လုပ်​နေကြပါ ။ ဒီနှစ်​တော့ ​မောင် က ​ခေတ်ကိုပါ သူနဲ့အတူ သင်္ကြန်မှာရှိ​စေချင်သည်။ ​ခေတ် တရားစခန်း သွားမှာကို ​မောင်က မတား​ပေမယ့် ​မောင့်မျက်နှာမ​ကောင်းတာ သိ​တော့ မောင့် အတွက် သင်္ကြန်ရန်ကုန်မှာ ​နေ​ပေး လိုက်မယ်​လို့ဆုံးဖြတ်လိုက်သည်။ သင်္ကြန်ပြီးမှပဲ​နေပြည်​တော်ပြန်ပြီး ​ဖေ​ဖေနဲ့​မေ​မေ ကိုကန်​တော့ ​တော့မည်။
"ရွှတ်...... ဘာ​တွေ​တွေး​နေတာလဲ​မောင့်​ခေတ်​လေး "
Breakfast လာစားတဲ့​မောင် က ​ခေတ်ကို နမ်းရင်းစကားဆိုလိုက်၏။​
​"မောင့်အ​ကြောင်း "
"ဝါးးး ​မောင့်ကို အလုပ်မသွားနိုင်အောင် ​ချွေချ​နေတာပဲ ၊ ဒီ​နေ့ ​ခေတ်​လေး အနားပဲ​နေ​တော့မယ် ၊ ဘယ်မှမသွား​တော့ဘူး "
"ပိုပြီ ​မောင်က​တော့"
တကယ်​ပြောတာ ဆိုပြီး ​မောင်က ​ခေတ် ကို အတင်းလိုက်ဖက် ကာ နမ်း​​နေ​တော့သည်။ မနက်စာ ပြင်​​နေတဲ့​ခေတ် က လက်မအားတာနဲ့ ​မောင့်ကို မ​ရှောင်နိုင်ပါ ။
​"မောင့်!!!​တော်ပြီမနက်စာ စားရ​အောင် "
"ဟုတ် "
​ထမင်း​ကြော် ၊ ငါးရံ​ခြောက်ဖုတ်၊ ခရမ်း ချဥ်သီးပန်​ထွေ​ဖျော်၊ ကြက်ဥ​မွှေ​ကြော်၊ လ္ဘက်ချဥ်ငန်စပ်သုတ်၊ ဝက်အူ​ချောင်း​ကြော် ၊ ခါကြက်ဥ ဟင်းရည် တို့ကို
ကြည့်ပြီး​မောင်က။
"ဝါး ​များလှချည်လား ဟင်း​တွေ "
"မနက်စာ များများစားရမယ်​မောင်
ကျန်းမာ​ရေးနဲ့ညီညွှတ်​အောင် "
"နေ့လည်စာကြ​တော့ ​ခေတ်က မစားဘူးမို့လား "
"ဟီးဟီး  စားပါတယ် တခါတ​လေ စားဖို့​မေ့သွားတာ "
"ဒါဆို ​မောင်​နေ့လည်တ​စ်ခေါက်ထပ်လာခဲ့မယ် ​ခေတ်နဲ့အတူ ထမင်းစားဖို့ "
​"တော်ပြီ ဦးရွှေဘုန်းတန်ခိုး
အလုပ်ထဲမှာပဲအာရုံစိုက် "
"............"
"စိတ်ပူမ​နေနဲ့ ​နေ့လည်စာ စားဖြစ်​အောင်စားလိုက်မယ်စိတ်ချ "
"ဟုတ်ကဲ့ကိုကို "
"လိမ္မာလိုက်တဲ့​ပေါက်စ​လေး "
​​ခေတ်ကို အဲ့လို​တွေ  ​ပြောပြီး စ​သေး၏ ။ခေတ်ကို ခ​လေးတ​စ်ယောက်လို စိတ်မချဖြစ်​နေတဲ့ ​ရွှေဘုန်းကို ရွဲ့ကာ ​ပြောလိုက်၏။
​"ခေတ်​လေး ည​နေ အားလား​မောင်လာ​ခေါ်မယ် "
"၅နာရီ​နောက်ပိုင်းဆို အားပြီ​လေ "
"ဟုတ်​မောင်လာခဲ့မယ်
သင်္ကြန် အတွက် meeting ရှိလို့ "
~~~~~~~~~~~~~~
သင်္ကြန် အတွက် ​မောင်တို့ သူငယ်ချင်း ၃​ယောက် အစီအစဥ်ဆွဲ​နေကြသည် ။ ​ခေတ်တို့ ၃​ယောက်အပြင် ဒီတခါ ​​မောင့် secretary ကိုသူရပါ ပါ သည်။ ​ ​မောင်တို့ GAG လုပ်ငန်းစုအတွက် ရန်ကုန်မြို့ ပြည်လမ်း​ပေါ်ရှိ ​မောင့် ကား showroom တွင် လူ ၁၀၀၀ ဆန့်မည့် မဏ္ဍပ်​ဆောက်မည့် အစီအဥ်ပါ။  ခေတ်​ ဝန်ထမ်း​တွေပါ ​မောင် က ​မဏ္ဍပ်ထိုင်ဖို့ sponsor ​ပေးမယ်တဲ့။ က​လေး​တွေ​တော့ ​ပျော်ကြအုန်းမှာ​ပေါ့ ။ တီးဝိုင်း ၊ DJ ၊အဆို​တော် နာမည်ကြီးများလည်းငှားအုန်းမယ်တဲ့ ။ ​မောင်တို့ GAG က နှစ်တိုင်းလုပ်​နေကြပါ ။ ဒီနှစ်​တော့ အထူးခြားဆုံးအစည်ကား​ဖြစ်အောင် ပြင်ဆင်​နေကြသည်။
​"ခေတ်​လေး ဘာထပ်ဖြည့်အုန်းမလည်း"
​"ခေတ် တစ်ရက်​လောက် မဏ္ဍပ် လာတဲ့
ဧည့်သည်​တွေကို ထမင်း​ကျွေးချင်တယ်"
​"မောင်တို့ စီစဥ်ပြီးသား​လေ "
"မဟုတ်ဘူး ​ခေတ် ပိုက်ဆံနဲ့ ​ကျွေးချင်တာ ကုသိုလ် ရချင်လို့ "
"ဟုတ်  ခေတ် သ​ဘော "
သင်္ကြန် အစီအစဥ်​တွေ အတွက် ရင်ခုန် စိတ်ရှုပ်ရှား​နေတာ ​ခေတ်က ။ ​ခေတ် သင်္ကြန်ပွဲ မနွဲရတာ ကြာပြီ​လေ ။ ဂျပန် က ပြန်​ရောက်ကတည်းက ။ သင်္ကြန် ဆို
မာမီတို့ ရှိတဲ့ ​နေပြည်​တော်ပြန်တာ များသည်။ ဒီနှစ်​​တော့ ​မောင်နဲ့အတူ ​ပျော်မည်။
​မောင်နဲ့ ​တွေ့ပြီးကတည်းက ခေတ် စိတ်ချမ်းသာမှု အများကြီး ဖြစ်ခဲ့သည်။ ဒီတိုင်းဆို ​ခေတ်အတွက် အ​ပျော်ဆိုတာ မရှိ ။ အလုပ်ထဲမှာပဲ​ခေါင်းစိုက်ထားပြီး အလုပ်ပြီး အလုပ်ပဲ။ ​မောင်က​တော့ မရဘူး အလုပ်လည်းလုပ် အ​ပျော်အပါး လည်း စိတ်ဝင်စား၏။ မောင်က ​​ခေတ်အတွက်​တော့ မရှိမဖြစ် လူသားပါ ။​
​​သင်္ကြန်အစီအစဥ်များဆွဲကာ စား​​သောက်ပြီး​တော့ ​မောင့်ကားနဲ့ပြန်ခဲ့၏။
​"ခေတ်​လေး အလုပ်​တွေများ​နေတာလား"
" အင်း​ မောင် နည်းနည်း "
"အလုပ်​တွေတအားမလုပ်နဲ့​နော် ​တော်ကြာ ဇက်ကပြန်တင်း​နေအုန်းမယ်"
"အင်းပါ ​ခေတ်  ဆရာမ သင်​ပေးလိုက်တဲ့​လေ့ကျင့်ခန်းအမြဲလုပ်တယ် "
​မောင်ဘာဖြစ်ချင်​နေမှန်းသိတာ​ပေါ့ ။ သူ့အိမ်လိုက်အိပ်​စေချင်​နေတာ။ သူ အလုပ်များ​နေတာလည်း ​ခေတ် သိတာ​ပေါ့ ။ secretary ​တောင် ​နောက်တ​စ်ယောက် ထပ်ငှားထားရတာ။ ​မောင်က ဘယ်​တော့မှအတင်းအကျပ်မလုပ် ။ ​ခေတ် အဆင်မ​ပြေမှာဆိုးတာ​ကြောင့် သူနဲ့ လိုက်အိပ်ဖို့​တောင်​ပြောမထွက်။ ​ခေတ်အ​ပေါ်နားလည်တတ်တဲ့ ​မောင့်စိတ်ဓါတ်ကို ​လေးစားမိသည် ။
"ခေတ်​မောင့်အိမ်လိုက်ခဲ့မယ် "
"မာမီနဲ့လည်း ​တွေ့ချင်လို့ "
"ဝါးးးး ​ပျော်လိုက်တာ
​မောင်က ​ခေတ်ကို​ပြောချင်​နေတာ "
"သိတာ​ပေါ့ ​မောင့်မျက်နှာကို "
"တကယ်သိသာ​နေတာလား "
"အင်း ​မောင့်ကိုကြည့်လိုက်တာနဲ့အားလုံးသိတယ် "
"ရွှတ်....." ​ခေတ် လက်ကိုယူကာနမ်းလိုက်ပြီး
"ဘာ​လေးလည်းကွာ
ချစ်လွန်းလို့ ငုံထားရ​တော့မှာပဲ "
​ခေတ်လက်ကို မလွှတ်ဘဲဆုပ်ကိုင်ရင်း ကား ကို ကျွမ်းကျင်စွာ ​​မောင်း​​နေ​တဲ့​မောင်။ ​ခေတ် ​မောင့်ကိုကြည့်လိုက်​တော့ မျက်နှာက ပြုံးလို့။
~~~~~~~~~~~~~~
​မနက်ဖြန်ဆို သင်္ကြန်ပိတ်ရက်ရှည် ဖြစ်တာ​ကြောင့် ​ခေတ်ဝန်ထမ်း​တွေအားလုံးက ​ခေတ်ကို ကန်​တော့ ကြသည်။ ရိုးရာ အဆင်အလာတစ်ခုပါ ။ ​ခေတ် ဝန်ထမ်း​တွေ အားလုံးက သင်္ကြန်တစ်ခါ ၊ သတင်းကျွတ် တစ်ခါ ကန်​တော့ကြသည်။ ဝန်ထမ်း​​​လေး​တွေရဲ့သိတတ်မှုက အံမခန်းပါ ။ ​ခေတ်ကလည်း သူတို့အ​ပေါ် မိသားစု လိုပဲဆက်ဆံတတ်သည်။ ​ခေတ်ဝန်ထမ်း​တွေက အ​ယောက် ၁၀၀ ​လောက်ရှိတာကို နယ်က အလုပ်လာလုပ်တဲ့သူ​တွေက တဝတ် ​ကျော်​လောက်ရှိသည်။ အဲ့ဝန်ထမ်း​တွေကိုလည်း ​ခေတ်က ​နေစရာ အဆင်​ပြေ​အောင် သူပိုင်တဲ့တိုက်ခန်း​တွေမှာ အခမဲ့ ​​နေခိုင်းသည်။ ​ခေတ်ဝန်ထမ်း​တွေက အမျိုးသမီး​တွေများ၏ ။သူတို့ဘဝ​တွေကိုလုံခြုံ​စေချင်တာ ​ခေတ်ဆန္ဒပါ။
"ဆရာ့အ​ပေါ်မှာ ကျူးလွန်ခဲ့တဲ့ အပြစ်များ​ရှိရင်ကျေ​ပေးပါလို့ ​တောင်းဆိုပါ
တယ် "
"အပြစ်​တွေမရှိပါဘူး ၊ ဒီလို လိမ္မာတဲ့ က​လေး​တွေက
ကဲ​ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါ​စေ။ သက်ရှည်စွာ အနာမဲ့​ရေး ရန်​ဘေးကင်း​ကြောင်း ကောင်းမှုမင်္ဂလာဖြစ်ပါ​စေ "
​"ပေးတဲ့ဆုနဲ့ပြည့်ရပါ​စေ ဆရာ "
"ရတု​ရေ အားလုံးအတွက် မုန့်ဖိုး​တွေ​ဝေလိုက်ပါ"
စာအိတ်​တွေမှာ နာမည်​လေး​တွေနဲ့ ထည့်​ပေးထားလိုက်သည်။ သင်္ကြန်မုန့်ဖိုးအားလုံးအတွက် တ​စ်ယောက်ကို ၅ သိန်းစီ ​ပေးလိုက်ပြီး။ ရတု နဲ့မဆု အတွက်က​တော့ တ​စ်ယောက်ကို ၁၀သိန်း ​ပေးလိုက်တယ် ။ သူတို့​ကြောင့် ကိုယ့်အလုပ်​တွေ​အောင်မြင်​နေတာ​လေ။ သူတို့က
ကိုယ့်​ကျေးဇူးရှင်​တွေပါ ။ အခု ​ခေတ် နာမည်နဲ့ထုတ်​နေတဲ့ ready to wear ​တွေ အတွက်လည်း ​သေချာ ချုပ်လုပ်​ပေး​နေကြသည်။ အခုဆို ​ခေတ် ရဲ့ ready to wear ​တွေက ​စျေးကွက်မှာ အဆင်​ပြေ​နေ​ပြီ။
​"နောက်တစ်ခု ​ပြောစရာရှိ​သေးတယ်
ဆရာ့သူငယ်ချင်းက ပြည်လမ်းမှာ မဏ္ဍပ်​​ဆောက်ထားတယ် ၊ အဲ့ဒီမှာ ​ရေပတ်လို့ ရတယ် ၊ ရေပတ်မယ့်သူ​တွေက ရတု ဆီမှာ လက်မှတ်​တောင်းလိုက်ပါ "
"ဝါးးးးး ​ကျေးဇူးပါ ဆရာ "
"ဆရာလည်း ကျန်းမာ၊ချမ်းသာပါ​စေ။
အစစအရာရာ အဆင်​ပြေပါ​စေ ။"
ဝန်ထမ်း​တွေအားလုံးရဲ့ဆု​တောင်းသံများ​ကြောင့်  ​ခေတ် ​ပျော်ရွှင်ခဲ့ရပါသည်။
​ပျော်ရွှင်​နေကြတဲ့ ဝန်ထမ်း​တွေကိုကြည့်ပြီး ​ခေတ်ပါအ​ပျော်​တွေကူးသွားခဲ့ရ၏။
ခ​လေး​တွေ က တ​စ်နေ့လုံး ဒီအ​ဆောက်အအုံထဲမှာပဲ ​နေရတာ စိတ်ကျဥ်းကျပ်လှပြီ​လေ။ သူတို့အတွက်လည်း ​ပျော်စရာ​လေး​တွေ​လေးရှိသင့်ပြီ​ပေါ့ ။ ​​ခေတ်က ၁၀ရက် တိတိပိတ်​ပေးလိုက်တာ ။ အိမ်ပြန်မယ့်သူ​တွေလည်း အဆင်​ပြေ​အောင် ။
​ခေတ်အ​ပေါ်ထပ် အခန်းသို့ပြန်တတ်လာ​တော့ ​မောင်က ​ရောက်​နေပြီ​လေ။ ​အောက်ထပ်မှာ ဝန်ထမ်း​တွေက​တော့ပိတ်ရက်ရှည်ဖြစ်တာ​ကြောင့် ပစ္စည်း​တွေကို​သေချာ သိမ်းဆည်းကာ သန့်ရှင်း​ရေးလုပ်​နေကြသည်။
​"မောင် ဘယ်တုန်းက​ရောက် "
"​မောင်ကိုလည်း သင်္ကြန်မုန့်ဖိုး​ပေး "
"အင်းပါ​ပေးမယ် ​လေ"
"ပြွတ်... ​"မောင့်နှုတ်ခမ်းကို နမ်းလိုက်၏။
"ဒါပဲလား နည်းတယ် "
"အိမ်​ရောက်မှထပ်​ပေးမယ်"
"ဟင် "
"ဟုတ်တယ်​​  ခေတ်ဝန်ထမ်း​တွေကို ဒီ​နေ့ကစပြီးပိတ်​ပေးလိုက်ပြီ ၊ ​ခေတ်တ​စ်ယောက်ပဲဒီအိမ်မှာ ​နေရမှာလား ၊ သင်္ကြန်တွင်း​မောင့်အိမ်လိုက်​နေမလို့ပါဆို ၊ မ​ခေါ်ဘူးလား ၊ရတယ်​လေ ဒါဆိုလည်း ၊ Hotel အင့်..."
"ပြွတ် ​....ပျော်လို့
​မောင့်ဆီ လိုက်မယ့်ဆိုလို့
သင်္ကြန်တွင်းတစ်ခုတည်းမဟုတ်ဘူး
တစ်သက်လုံး​ခေါ်ထားချင်​နေပြီ"
​ခေတ် luggage ကို ​မောင်ကဆွဲကာ lift နဲ့ဆင်းလာခဲ့သည်။ security ဦး​လေးကြီက ​မောင့် ဆီက luggage ကို ဆွဲကာ ကား​နောက်ခန်းထဲထည့်​ပေး၏။ ​ခေတ်လည်း ဦး​လေးကို သင်္ကြန်မုန့်ဖိုး​ပေးကာ ​သေချာ ​စောင့်​ရှောက်ဖို့မှာခဲ့ပြီး ​မောင်နဲ့အတူ ​မောင့်အိမ်သို့။
~~~~~~~~~~~~
​"ခေတ်​လေး ညစာ ဘာစားမလဲ"
"အပြင်စာ​တွေ မစားချင်ဘူး​မောင်
အိမ်​ရောက်မှပဲစားရ​အောင် "
ကား​ပေါ်တွင် ​မောင် က ​ခေတ်ဘက်ကို လှည့်ပြီး​မေးလိုက်သည်။ ​မောင်က ကားကို အိမ်ဘက်မသွားပဲတ​စ်နေရာသို့ ဦးတည်လိုက်သည် ။ ကားထဲတွင် ​ရေဒီယိုက လာ​နေတဲ့သင်္ကြန်သီချင်းက မြူးမြူးကြွကြွ ။
🎶သင်္ကြန်ရေ လောကကြီးအေးချမ်းကြပါစေ ....
ပန်းများအတိုင်း လန်းဆန်းကြပါစေ....
အားလုံးအတွက် နှစ်သစ်ဆုမွန်ကောင်း
တောင်းမယ်.....
သင်္ကြန်ရေ အလွမ်းမီးများငြိမ်းအေးကြပါစေ.....
အိပ်မက်တို့စိမ်းလန်းကြပါစေ.....
အားလုံးအတွက် နှစ်သစ်ဆုမွန်ကောင်း
တောင်းမယ်🎶
​ခေတ်က သီချင်း​လေး လိုက်ညီး​တော့​
မောင်က​  "ခေတ်​လေးက သီချင်းဆို​ကောင်းသားပဲ "
​"မောင်က​တော့ ​ပြော​တော့မယ်"
​​"ဝါးးး လှလိုက်တာ
ပြီး​တော့မယ်​နော် ​မောင်"
ပြည်လမ်း car show room တစ်ခုလုံးရဲ့​ရှေ့မှာခမ်းနားစွာ တည်​ဆောက်ထားတဲ့ မဏ္ဍပ်ကြီးရဲ့ အလှကို​ခေတ် ကြည့်လိုက်သည် ။
​မောင်က ကားကို showroom ရဲ့​နောက်​ပေါက်က​မောင်းဝင်လာကာ ဝင်းအတွင်းကားရပ်လိုက်၏ ။
"လာ​  ခေတ်​လေး  ဆင်း "
ကားတံခါး လာဖွင့်​ပေး​တော့ ရှက်​တောင်လာသည်။ မဏ္ဍပ်​ဆောက်​နေတဲ့သူ​တွေကအများကြီး။ ​မောင့် ကုမ္ပဏီကအင်ဂျင်​နေယာ​တွေ​​ကော ၊ အလုပ်လုပ်​​နေကြတဲ့သူ​တွေ အများကြီးရယ် ။ ​ခေတ်ဆင်းလိုက်ပြီး ​မောင်က ​ခေတ် လက်ကိုဆွဲကာ မဏ္ဍပ်​ပေါ်တက်တဲ့​လှေခါးအတိုင်းတက်လာခဲ့သည်။ ​​
"ခေတ်​လေး ဂရုစိုက်
ဆောက်လက်စ​တွေရှိ​နေ​သေးလို့ "
မဏ္ဍပ်ကအားလုံးနီးပါး ပြီး​နေပါပြီ ။ အလှတွေ မီး​တွေဆင်​နေကြတာ ။ ​
"ခေတ်​လေး ဘယ်လို သ​​ဘောရလည်း ဘာထပ်ထည့်ချင်​သေးလဲ
လှ​ကောလှလား
​ခေတ်က designer ဆို​တော့ ကာလာကိုကြည့်ပါအုန်း "
"ကာလာက​တော့ အဝါ ​ရောင်ကို နည်းနည်း​လေး​တောက်လိုက်​မောင်
အဝါနဲ့အစိမ်းက လိုက်ပါတယ်
ငုဝါ​ရောင်မလုပ်ပဲ ပိ​တောက်အဝါဆို ပိုကောင်းမယ် "
​နောက်မှာ အသင့်ပါလာတဲ့ကိုသူရ ကို ​ခေတ်​ပြောသလို ​ပြောလိုက်ပြီး ။
"ကိုသူရ မနက်ဖြန် ဝန်ထမ်းအားလုံးကို သင်္ကြန် bonus ​ပေးလိုက်ပါ
အားလုံးတ​ပြေးညီပဲ​ပေးလိုက်ပါ။ တ​စ်ယောက် ၅သိန်း​ပေါ့။ "
"ဝါးးးး ​ကျေးဇူးတင်ပါတယ် Boss "
"သူက "
"ဟုတ်ကဲ့ Boss သူက အသစ်ခန့်လိုက်တဲ့ secretary ပါ အခု ကျ​နော် သင်​ပေးရင်းတွဲ​ခေါ်​နေပါတယ် "
"ဟုတ်ကဲ့ပါ Boss ကျ​နော်နာမည်က ​အောင်မြင်သူ ပါ
ကျ​နော့်ကို ခိုင်းချင်တာခိုင်းပါ စိတ်မပျက်​စေရပါဘူး"
"ကိုကြီးသူရ အားလုံးသင်​ပေးထားပါတယ် "
"ဟုတ်ပါပြီ ​ညီ​လေး ကြိုးကြိုးစားစားလုပ်ပါ "
"ဟုတ်ကဲ့ပါ boss "
​​​အောင်မြင်သူကို ကိုသူရ ဘယ်​လောက်​တောင် ​မောင်းထားလည်းမသိ ။ အလုပ်ဝင်တာ တလ အတွင်းမှာ​တောင် လုပ်ငန်းစု အ​ကြောင်းအားလုံးနီးပါးသိ​နေသည်။ ​ရွှေဘုန်း ​ကအောင်မြင်သူကို တခါမှမမြင်ဘူးပါ​။ ကိုသူရကို စိတ်ကြိုက်သင့်​တော်တဲ့သူကို​ရွေးပြီးခန့်ဖို့ ​ပြောထားတာ ။ ကိုသူရ အ​ရွေး​တော်သားပဲ။
အောင်မြင်သူက secretary တ​ယောက်မှာရှိသင့်တဲ့ရုပ်ရည် ၊ အရပ်အ​မောင်း၊ အဝတ်အစားက အစ  အားလုံး စမတ် ။အသက်က​တော့ ငယ်​သေးတဲ့ပုံပဲ။ အရည်အချင်းက​တော့ ကိုသူရ လက်ကျဆို​တော့ ​စိတ်ချရသည်။
​"ခေတ်​လေး မဏ္ဍပ်နာမည် စဥ်းစား​ပေးအုန်း"
​"မောင်တို့ လုပ်ငန်းစု က ​Golden Apex ဆို​တော့ ​ရွှေပိ​တောက် ​ပေါ့ ​မောင်ရယ်"
"အို​ကေ "
"ကိုသူရ "
"ဟုတ်ကဲ့ Boss "
​"ရွှေပိ​တောက်လို့မဏ္ဍပ်နာမည်​ပေးလိုက်​တော့ "
"ဟုတ်ကဲ့ပါ boss "
အားလုံးကိုနှုတ်ဆက်ပြီး ​မောင်က ​အိမ်သို့ ဦးတည်လိုက်သည်။ ​ခေတ်စိတ်ထဲမှာ ကြည်နူးသွားရသည်။ ​မောင်က ဘာလုပ်လုပ် ​ခေတ် ဆုံးဖြတ်ချက်ကို ဦးစား​ပေး၏။ ဒီကို​ခေါ်လာတာလည်း ​ခေတ်ကို တိုင်ပင်ချင်လို့ ။နာမည်​ပေးတာက အစ အားလုံး​ခေတ်သ​ဘော။ စိတ်ချမ်းသာလိုက်တာ ​မောင်ရယ်။
​"ခေတ်​လေး ဗိုက်ဆာပြီလား "
"မဆာ​သေးပါဘူး ​မောင်ရဲ့
​ဖြေး​ဖြေး​မောင်း "
ဧည့်ခန်းထဲဝင်လိုက်တာနဲ့ ဒယ်ဒီနဲမာမီက အသင့် ။
​"ဟော သား​ခေတ်​လေး"
"ဟုတ်မာမီ ​ခေတ် သင်္ကြန်တွင်း ဒီမှာ လာ​​​နေတာ"
​"ဟော မာမီ​တောင် ​ပြောမလို့လုပ်​နေတာ
အလုပ်ပိတ်ပြီလား"
"ဟုတ်မာမီ "
Luggage ကို ကိုစည်သူက အ​ပေါ်ထပ်ကို တင်လိုက်သည်။  မာမီနဲ့ ဒယ်ဒီအတွက် ​အင်္ကျီ အိတ်ကိုမာမီတို့​ထိုင်​နေတဲ့ရှေ့ကစားပွဲ​ပေါ်တင်ကာ
​ခေတ်ကအ​မွှေးပွ ​ကော်​ဇော​ပေါ် ဆင်းထိုင်လိုက်၏။
"လာ​လေ ​ရွှေဘုန်း "
"ဟင်" ​ရွှေဘုန်းတ​စ်ယောက် ​ကြောင်အ စွာ ​ခေတ် နံ​ဘေးဝင်ထိုင်ရင်း
"ဒယ်ဒီနဲ့မာမီကို ​ခေတ် သင်္ကြန်ကန်​တော့တာပါ "
​"ဟော သား​ခေတ်ရယ် "
မာမီက ​ကျေနပ်​သောအပြုံးများနဲ့
ဒယ်ဒီက​တော့
"သား​ရွှေဘုန်းက​ကော ဘာမှမပါဘဲကပ်ပြီးကန်​တော့တာလား "
"ဟာာာ ဒယ်ဒီက​တော့
သားက အခုလို လိမ္မာတုန်း​လေးကို အိမ်ပါ​အောင်​ခေါ်လာတာ ​လေ ဘာလို​သေးလဲ​ပြော "
"ဟားးး "ဒယ်ဒီက ရယ်​မော​​ပျော်ရွှင်ကာ
"ဒယ်ဒီနဲ့မာမီအ​ပေါ် သားတို့ အပြစ် လုပ်ခဲ့တာရှိရင်​ကျေ​ပေးပါ "
​ခေတ်​ပြောသလို ​ရွှေဘုန်းကပါ လိုက်​​ပြော​တော့ မာမီက မျက်ရည်​လေးဝိုင်းကာ ။
"အပြစ်မရှိပါဘူးကွယ် ဒီ​လောက်လိမ္မာတဲ့ ခ​လေး​တွေကို
ဘုန်းကြီးပါ​စေ ၊အသက်ရှည်ပါ​စေ
​ကောင်းကျိုးလိုအင်ဆန္ဒ​တွေပြည့်ပါ​စေ "
ဒယ်ဒီက​တော့
"သားတို့ဖြစ်ချင်တဲ့ဆန္ဒ​တွေ အားလုံး
ပြည့်​စေကွာ "
​"ပေးတဲ့ဆုနဲ့ပြည့်ပါ​စေ ဒယ်ဒီနဲ့မာမီ"
ကြီးသူကိုလည်းကန်​တော့ခဲ့တယ်။ ကြီးသူက ​မောင့်အတွက် မ​​အေနဲ့မခြား လုပ်​ပေးတဲ့သူ​လေ ။
"မာမီ အင်္ကျီ​တွေ ကြည့်ကြည့်ပါအုန်း ဒီဇိုင်းနဲ့အ​ရောင် ကြိုက်ရဲ့လား "
မာမီက အဝါ​ရောင် ချိတ် အကြီးကြီးထမီနဲ့ အဝါ​ရောင် လက်ရှည် ရင်ဖုံးကို အ​ပေါ်မှာ ပိ​တောက် ခက်ကို ကနုတ်ထိုး​ပေးထားတာ ။ ဒယ်ဒီကလည်း ပုဆိုးက အဝါ​ရောင်ပဲ။ တိုက်ပုံ ကလည်း အဝါ​ရောင်ကို မာမီနဲ့ဆင်တူ​အောင် တိုက်ပုံ အိပ်ကပ်​ပေါ်မှာ ပိ​တောက်တခက်ကို ကနုတ်ထိုး​ပေးထားတာ အိတ်ကပ်ထဲပန်းခက်​လေးစိုက်ထားသသလို ။
"လှလိုက်တာ သား​ခေတ်ရယ် "
"မာမီ ဝတ်ကြည့်ပြီးအဆင်မ​ပြေရင် ​ခေတ်ပြန်ပြင်​ပေးမယ် "
"သား​ခေတ်ကို ယုံတယ်ဝတ်ကြည့်စရာမလို​အောင်ပြည့်စုံတယ် "
​"မောင့်အတွက်​ကော အင်္ကျီက "
"အ​ပေါ်​ရောက်မှယူ​လေ "
ထမင်းစား​သောက်ပြီး အ​ပေါ်တက်ခဲ့ကြသည်။ ​ခေတ်က ​ရေချိုးခန်း အရင်ဝင်ကာ ​ရေချိုးပြီး ဘုရားရှိခိုးလိုက်၏ ။ ​​မောင်က ​ရေချိုးပြီး ​ခေတ်နား ကပ်လာကာ ခေတ်ကို သူ့​ပေါင်​ပေါ် ​ကောက်တင်လိုက်ပြီး ။
"ချစ်တယ်​မောင့်​ခေတ်​လေး
ဒယ်ဒီနဲ့မာမီကို ကန်​တော့မယ်လို့ ​မောင်မှမသိတာ "
"သင်္ကြန်​လေ ​မောင်ရယ်
​ခေတ်တို့မန်း​လေးဘက်မှာက သီတင်းကျွတ်တခါ သင်္ကြန်တခါ လူကြီးမိဘ​တွေကိုကန်​တော့ကြတာ"
​"ခေတ်​လေးက သိတတ်လိုက်တာ ၊မောင်ချစ်လည်းချစ်တယ် ​ကျေးဇူးလည်းတင်တယ် "
​"နေအုန်း​ မောင် ​
မောင့်အတွက်လက်​ဆောင်ပါတယ်"
"ဗျာ "
​ခေတ်က အိတ်ထဲက ထုတ်လိုက်တဲ့အထုပ် နှစ်ထုပ် ။
"ဟင် နှစ်ခု​တောင် ဟုတ်တယ် ​မောင်ဖွင့်ကြည့်လိုက် "
ဖွင့်ကြည့်လိုက်​တော့ ဒယ်ဒီ့ဝတ်စုံနဲ့ဆင်တူ ​နောက်ထပ် ဝတ်စုံနှစ်ခု ။
"တစ်ခုက ​မောင့်အတွက် တစ်.ခုက ​ခေတ်အတွက် "
"ဟင် "
​"ခေတ်က ​မောင်တို့မိသားစုနဲ့ဆင်တူ "
"ဟုတ်တယ် ​ခေတ်က မိသားစုဝင် ဖြစ်သွားပြီကို "
"ချစ်လိုက်တာ ​ခေတ်​လေးရယ်"
"ပြွတ်.... "
​ခေတ်နှုတ်ခမ်း​လေးက်ု နမ်းလိုက်ပြီး ​မောင်​ပျော်​နေတဲ့မျက်နှာ​လေးက ဘယ်တုန်းနဲ့မတူတဲ့ ​ပျော်ရွှင်မှုမျိုးနဲ့ ။
​ခေတ်ကို တင်းကျပ်စွာ ဖက်လိုက်ပြီး ။
"ဒီ​နေ့ ဒီအချိန်​လေးကို ရပ်ထားလိုက်ချင်တယ် ​ခေတ်​လေးရယ် "
အချစ်များစွာဖြင့်🌻
9.4.2022 (Sat)
.............................
Zawgyi
"မောင့်အ​ကြောင်း "
"ပိုပြီ ​မောင်က​တော့"
"ဟုတ် "
ထမင်း​ကြော် ၊ ငါးရံ​ခြောက်ဖုတ်၊ ခရမ်း ချည်သီးပန်​ထွေ​ဖျော်၊ ကြက်ဥ​မွှေ​ကြော်၊ လ္ဘက်ချဉ်ငန်စပ်သုတ်၊ ဝက်အူ​ချောင်း​ကြော် ၊ ခါကြက်ဥ ဟင်းရည် တို့ကို
ကြည့်ပြီး​မောင်က။
"ဒါဆို ​မောင်​နေ့လည်တ​ခေါက်ထပ်လာခဲ့မယ် ​ခေတ်နဲ့အတူ ထမင်းစားဖို့ "
"ဟုတ်ကဲ့ကိုကို "
ခေတ်ကို အဲ့လို​တွေ  ​ပြောပြီး စ​သေးတာ ။ခေတ်ကို ခ​လေးတ​ယောက်လို စိတ်မချဖြစ်​နေတဲ့ ​ရွှေဘုန်းကို ရွဲ့ကာ ​ပြောလိုက်၏။
"ဟုတ်​မောင်လာခဲ့မယ်
~~~~~~~~~~~~~~
"ဟုတ်  ခေတ် သ​ဘော "
" အင်း​ မောင် နည်းနည်း "
"ဝါးးးး ​ပျော်လိုက်တာ
"တကယ်သိသာ​နေတာလား "
"ဘာ​လေးလည်းကွာ
~~~~~~~~~~~~~~
တယ် "
"နောက်တခု ​ပြောစရာရှိ​သေးတယ်
"ဝါးးးးး ​ကျေးဇူးပါ ဆရာ "
အစစအရာရာ အဆင်​ပြေပါ​စေ ။"
"မောင် ဘယ်တုန်းက​ရောက်
"အင်းပါ​ပေးမယ် ​လေ"
"ပြွတ် ​"မောင့်နှုတ်ခမ်းကို လိုက်၏။
"ဒါပဲလား နည်းတယ် "
"ဟင် "
"ဟုတ်တယ်​​  ခေတ်ဝန်ထမ်း​တွေကို ဒီ​နေ့ကစပြီးပိတ်​ပေးလိုက်ပြီ ၊ ​ခေတ်တ​ယောက်ပဲဒီအိမ်မှာ ​နေရမှာလား ၊
"ပြွတ် ​ပျော်လို့
သင်္ကြန်တွင်းတခုတည်းမဟုတ်ဘူး
တသက်လုံး​ခေါ်ထားချင်​နေပြီ"
~~~~~~~~~~~~
"ခေတ်​လေး ညစာ ဘာစားမလဲ"
တောင်းမယ်.....
တောင်းမယ်🎶
"ဝါးးး လှလိုက်တာ
ပြည်လမ်း car show room တခုလုံးရဲ့​ရှေ့မှာခမ်းနားစွာ တည်​ဆောက်ထားတဲ့ မဏ္ဍပ်ကြီးရဲ့ အလှကို​ခေတ် ကြည့်လိုက်ပြီး ။
မောင်က ကားကို showroom ရဲ့​နောက်​ပေါက်က​မောင်းဝင်လာကာ ဝင်းအတွင်းကားရပ်လိုက်ပြီး ။
"လာ​ခေတ်​လေးဆင်း "
လှ​ကောလှလား
"သူက "
"ဟုတ်ကဲ့ပါ boss "
"အို​ကေ "
"ကိုသူရ "
"ဟုတ်ကဲ့ Boss "
"ဟုတ်ကဲ့ပါ boss "
"မဆာ​သေးပါဘူး ​မောင်ရဲ့
ဖြေး​ဖြေး​မောင်း "
"ဟော သား​ခေတ်​လေး"
အလုပ်ပိတ်ပြီလား"
"ဟုတ်မာမီ "
"လာ​လေ ​ရွှေဘုန်း "
"ဟင်" ​ရွှေဘုန်းတ​ယောက် ​ကြောင်အ စွာ ​ခေတ် နံ​ဘေးဝင်ထိုင်ရင်း
"ဟော သား​ခေတ်ရယ် "
ဒယ်ဒီက​တော့
"ဟာာာ ဒယ်ဒီက​တော့
"ဟားးး "ဒယ်ဒီက ရယ်​မော​ပြောရွှင်ကာ
ဒယ်ဒီက​တော့
ပြည့်​စေကွာ "
"လှလိုက်တာ သား​ခေတ်ရယ် "
"အ​ပေါ်​ရောက်မှယူ​လေ "
"သင်္ကြန်​လေ ​မောင်ရယ်
"နေအုန်း​ မောင် 
"ဗျာ "
"တခုက ​မောင့်အတွက် တခုက ​ခေတ်အတွက် "
"ဟင် "
"ပြွတ် "
အချစ်များစွာဖြင့်🌻
9.4.2022 (Sat)
Continue Reading
You'll Also Like
6.6M 433K 94
Hanary Victor + Loon Tar Nay San
180K 4.4K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
178K 30.7K 84
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
395K 9.9K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...