My Master (Completed) (Z+U)

By Aeri-Berry

28.6K 2.1K 125

သူသာလျှင်ကျွန်တော့်အား အစိုးရသူ သူသာလျှင် ကျွန်တော့်ဘဝနဲ့ စိတ်ဝိဉာဏ်အား လွှမ်းမိုးချုပ်ကိုင်နိုင်သောသူ သူသာလျ... More

My Master-1 (Z+U)
My Master-2 (Z+U)
My Master-3 (Z+U)
My Master-4 (Z+U)
My Master-5 (Z+U)
My Master-6 (Z+U)
My Master-7 (Z+U)
My Master-8 (Z+U)
My Master-9 (Z+U)
My Master-10 (Z+U)
My Master-11 (Z+U)
My Master-12 (CY's POV) (Z+U)
My Master-13 (Z+U)
My Master-14 (Z+U)
My Master-15 (Z+U)
My Master-16 (Z+U)
My Master-17 (Z+U)
My Master-18 (Z+U)
My Master-19 (Z+U)
My Master-20 (Z+U)
My Master-21 (Z+U)
My Master-22 (Z+U)
My Master-23 (Z+U)
My Master-24 (Z+U)
My Master-25 (Z+U)
My Master-26 (Z+U)
My Master-27 (Z+U)
My Master-28 (Z+U)
My Master-29 (Z+U)
My Master-30 (Z+U)
My Master-31 (Z+U)
Finale
ကျေးဇူးတင်လွှာ
Extra (Christmas Special)
Notice ❗❗❗

My Master-32 (Z+U)

703 42 0
By Aeri-Berry

(Unicode)

မနက်စာထမင်းဝိုင်းမှာ ကျနော်တို့ထိုင်နေကြပြီး Dr Dohပြင်ပေးထားတဲ့ ထမင်းကြော်ကိုစားနေကြသည်။

"Dr Doh...Dr Doh!!! "
အိမ်ပြင်ဘက်မှခေါ်သံကြားတာကြောင့် Dr Dohကစားလက်စကိုရပ်ပြီးအိမ်ပြင်ထွက်ကြည့်သည်။

"ကျနော့်အမေချော်လဲသွားလို့ Dr ခဏလောက်လိုက်ကြည့်ပေးလို့ရမလား "

အိမ်ပြင်ကအသံတွေကို ထမင်းစားနေတဲ့ကျနော်တို့အကုန်ကြားနေရသည်။

"ခဏစောင့် ဆေးအိတ်သွားယူဦးမယ် "
KyungSoo Hyungကစားလက်စကိုရပ်ပြီး Dr Dohဆီသွားကာ ဆေးအိတ်ယူနေတဲ့ Dr Dohကို

"ကျနော်သွားပေးလိုက်မယ်လေ Appa "

"ရတယ် KyungSooမနက်စာစားနေ ငါပဲသွားမယ် "
ဒါပဲပြောပြီး Dr Dohကဆေးအိတ်ကိုဆွဲကာ ထွက်သွားလေသည်။

KyungSoo Hyungလည်းထမင်းစားခန်းထဲဝင်ကာမနက်စာဆက်စားလေသည်။ မနက်စာစားပြီး ဧည့်ခန်းမှာထိုင်‌ပြီးကော်ဖီသောက်ကြလေသည်။ TVကိုပါဖွင့်ထားပြီး TVမှမနက်ခင်းသတင်းတွေလွှင့်နေသည်။

"အခုဆက်လက်ပြီး တင်ပြမယ့်သတင်းကတော့တောင်ကိုရီးယားရဲ့အကြီးမားဆုံးစီးပွားရေး gpတွေထဲကတစ်ခုဖြစ်တဲ့ Lee gpရဲ့ CEO ဖြစ်သူ Lee Won Sungက P.A.R.K Hotelရဲ့ VVIP-GOLDအခန်းမှာသေဆုံးလျက်တွေ့ရှိကြောင်းတင်ပြမှာပဲဖြစ်ပါတယ် မနေ့ညက Lee gpပိုင် P.A.R.K Hotelမှာကုမ္ပဏီနှစ်ပတ်လည်ညစာစားပွဲကျင်းပခဲ့တာပဲဖြစ်ပါတယ် ညစာစားပွဲကျင်းပရင်း အတွင်းရေးမှူးဖြစ်သူမှ VVIP-GOLDအခန်းကိုတက်သွားတဲ့ CEO Leeကိုမတွေ့ရတာကြောင့်ဖုန်းဆက်ကြည့်ခဲ့ပေမယ့် ဖုန်းမကိုင်တာကြောင့် VVIP-GOLDအခန်းကိုတက်ကြည့်ခဲ့ပါတယ် VVIP-GOLDအခန်းရောက်တဲ့အခါမှာတော့ သွေးအိုင်စွန်းနေတဲ့ကြမ်းပြင်ပေါ်လဲကျနေတဲ့ CEO Leeကိုတွေ့တာကြောင့်အနားကပ်ကြည့်ခဲ့တဲ့အခါမှာတော့ ‌CEO Leeရဲ့ခေါင်းကနေသွေးတွေထွက်နေတာကိုတွေ့ရှိခဲ့ရပါတယ် စိတ်မချလို့အသက်ရှူမရှူကိုစစ်‌ေဆးကြည့်တဲ့အခါအသက်မရှူတာကြောင့် သေဆုံးနေပြီဖြစ်မှန်းသိခဲ့ရပါတယ် အဲ့ဒီနောက်မှာတော့ ရဲတွေကိုအကြောင်းကြားခဲ့ပြီး ရဲတွေနဲ့မှုခင်းဆရာဝန်ရောက်ရှိလာတဲ့အခါမှာတော့ သေဆုံးနေပြီဖြစ်ကြောင်းအတည်ပြုခ့ဲပါတယ် အခုအခါမှာတော့ CEO Leeရဲ့သေဆုံးမှုဟာ မတော်တဆလား အသတ်ခံရတာလားကိုရှာဖွေစုံစမ်းနေကြပြီပဲဖြစ်ပါတယ် "

သတင်းကိုနားထောင်ပြီးတဲ့အခါမှာတော့ ကျနော်ကိုင်ထားတဲ့ကော်ဖီခွက်ဟာကျနော့်လက်ကနေလွတ်ကျသွားရသည်။

ခွမ်းခနဲမြည်သံကကျယ်လောင်စွာထွက်ပေါ်လာတာမလို့ ကျနော့်ကိုဝိုင်းကြည့်လာကြသည်။

"Yeolတို့သတ်လိုက်တာမလား "

ဘာဖြေသံမှမကြားရဘဲ သက်ပြင်းချသံတွေသာထွက်ပေါ်လာရသည်။

"Yeolတို့လုပ်တာမလား!!! "

"သူကမင်းခံစားရတာတွေအတွက် မကြည့်ရက်လို့‌ပါ Baekhyun "

"သွေးမစွန်းပါစေနဲ့လို့ပြောခဲ့တာတောင်သူလုပ်ရက်ခဲ့တယ်ပေါ့ "

ပြီးတာနဲ့မတ်တပ်ထရပ်လိုက်ကာ

" မဟုတ်ဘူး Yeolတို့သတ်တာမဟုတ်ဘူး အခုသူ့ဆီပြန်ပြီးသူသတ်တာမဟုတ်ဘူးဆိုတာအတည်ပြုကြမယ်"

Luhanကပါမတ်တပ်ရပ်လာပြီး

"Baekhyunစိတ်အေးအေးထား "

" မထားနိုင်ဘူး ငါအခုပဲပြန်မယ်"

အခန်းထဲဝင်ကာ luggageကိုဆွဲထုတ်လာကာ ပြန်ဖို့ပြင်တော့သည်။ဇွတ်တရွတ်ပြန်ချင်နေတဲ့ကျနော့်ကိုတားလို့မရနိုင်မှန်း Jonginကနားလည်တာကြောင့်

"Luhan မင်းသူ့ကိုလိုက်ပို့လိုက် ငါနဲ့Kyungsoo Hyungကယောက္ခမကြီးကိုရှင်းပြပြီးသပ်သပ်ပြန်လာမယ် " Luhanဆီကိုကားသော့ပေးကာ Jonginကသူတို့နောက်မှပြန်လာမည်ဖြစ်ကြောင်းပြောလာသည်။

"ဟုတ်ပြီလေ ငါသူ့ကိုသေချာလိုက်ပို့လိုက်မယ် "
Luhanလည်းမြန်မြန်အခန်းထဲဝင်ကာ Luggageကိုထုတ်လာသည်။ Jonginကားရှိရာကိုကျနော်နဲ့သွားလိုက်ပြီး Luggageတွေကိုနောက်ဖုံးထဲထည့်ကာ ကျနော်နဲ့သူနဲ့ပြန်လာခဲ့သည်။ ဆိုးလ်ပြန်လာတဲ့လမ်းတစ်လျှောက်လုံးမှာတော့ ကျနော်ရင်ထဲမီးခဲတွေရှိနေသလို ပူလောင်နေရသည်။ Luhanကတော့ ကျနော့်ကိုနားလည်စ‌ွာဘာတစ်ခွန်းမှမပြော။

အိမ်တော်ကိုပြန်ရောက်တော့ နေ့လယ်ခင်းရှိ‌ေနသည်။ ကားရပ်လိုက်တဲ့အခါမှာတော့ ကျနော်လည်းကားပေါ်ကနေဆင်းကာ အိမ်ထဲပြေးဝင်သွားသည်။ ဧည့်ခန်းထဲမှာတော့ Yeolနဲ့ Sehunနဲ့ထိုင်နေကြသည်။ Yeolကဝင်လာတဲ့ကျနော့်ကိုကြည့်ပြီး ကျနော့်မျက်နှာပေါ်ဖြစ်ပျက်နေတဲ့ အရိပ်အယောင်တွေကိုဖမ်းဆုပ်ပြီးတဲ့နောက်မှာ သက်ပြင်းချကာ

"သိသွားပြီကိုး " ဟုပြောလာလေသည်။

ကျနော်လည်း Yeolအနားသွားကာ

"Yeolသတ်ခဲ့တာမလား "

Yeolကကျနော့်မျက်လုံးတွေကိုနက်နက်နဲနဲကြည့်လာပြီးတဲ့နောက်မှာ

"ကိုယ်သူ့ကိုမသတ်ခဲ့ဘူး Hyun "

"ဟမ် ?? ဘယ်လို ဒါဆိုဘယ်လိုလို့သေနေတာလဲ "

"ကိုယ်မသတ်ခဲ့တာတော့အမှန်ပဲ Hyung "
ကျနော့်ကိုနက်ရှိုင်းစွာကြည့်နေတဲ့ Yeolရဲ့မျက်ဝန်းတွေဟာ လိမ်ညာမုသားမပါဘဲ အမှန်တရားကိုပြောနေတာဖြစ်ကြောင်း သက်သေပြနေသည်။

"အမှန်ပဲ ကျနော်တို့မသတ်ခဲ့ဘူး ကျနော်တ့ိုရောက်တော့ သူသေနေပြီ "
Sehunကပါဝင်ပြောလာတော့ Luhanကပါအံ့ဩသွားရတော့သည်။

........................

မနေ့ည VVIP-GOLDအခန်းရှေ့ကိုကျနော်တို့ရောက်တော့ ယူလာတဲ့သော့ပွားနဲ့ဖွင့်ဖို့ကြိုးစားလိုက်ပေမယ့် အခန်းတံခါးကကျွီခနဲပဲ လွယ်လွယ်ကူကူပွင့်သွားရသည်။
Sehunကကျနော့်ကိုစိုက်ကြည့်လာတော့ ကျနော်လည်း နှုတ်ခမ်းနားလက်ညှိုးတင်ကာ တိုးတိုးနေပြီး အမူအရာပြလိုက်သည်။

အခန်းတံခါးကိုဖြေးဖြေးဖွင့်ပြီး အခန်းထဲကိုတိတ်တဆိတ်ဝင်လာလိုက်သည်။ခြေရာတွေကျန်နေရင်ကျနော်တို့မှန်းရိပ်မိမှာစိုးလို့ ဒီHotelကဝန်ထမ်းတွေစီးတဲ့ဖိနပ်ကိုပါပြောင်းစီးခဲ့ကြသည်။

အခန်းထဲမှာတော့ ကြမ်းပြင်ပေါ်လဲကျနေတဲ့ Lee Won Sungနဲ့သွေးအိုင်ကြီးကိုတွေ့လိုက်ရတာမလို့ အံ့ဩသွားရသည်။

Sehunကဆရာဝန်တွေသုံးတဲ့ လက်အိတ်ကိုဝတ်ပြီး Lee Won Sungနားထိုင်ချလိုက်ကာ Lee Won Sungရဲ့လည်ပင်းနဲ့ နှာခေါင်းတွေကိုစမ်းသပ်ကြည့်ပြီးနောက်မှာတော့ ကျနော့်ကိုခေါင်းခါပြလာသည်။

ကျနော်ဒက်ခနဲသိလိုက်ရသည်။ ဒါဟာသေပြီဆိုတဲ့သဘော။

ကျနော်လည်း Sehunကိုပြန်ကြမယ်ဟုအမူအရာပြပြီးနောက် အဲ့အခန်းထဲကနေလျင်မြန်စွာထွက်လာကြသည်။ ကားပါကင်ကိုလာကာ ကားနဲ့ပြန်ထွက်လာကြပြီး ဝေးလံတဲ့တစ်နေရာအရောက်မှာတော့ ကားကိုရပ်လိုက်သည် ။

"ဘယ်လိုလို့သေနေတာလဲ "

"တစ်ယောက်ယောက်များလုပ်သွားတာလား Hyung သူ့မယားငယ်လည်းရှိမနေဘူး"

"ဘာကြောင့်ပဲဖြစ်ဖြစ် ငါတို့လက်သွေးမစွန်းရတော့ဘူး "

ထိုနေ့ကအဖြစ်အပျက်တွေကို Hyunဆီအကုန်ရှင်းပြပြီးနောက်မှာတော့ Hyunက မျက်လုံးအဝိုင်းသားနဲ့အံ့ဩနေရသည်။

"ဒါဆို Yeolတို့ရောက်ကတည်းကသေနေတာပေါ့ "

"ဟုတ်တယ် Hyun "

Hyunကကျနော့်ကိုဖက်လာကာ
"Yeolလုပ်တာမဟုတ်လို့တော်ပါသေးတယ် "

ကျနော်လည်း ကျနော့်ရင်ခွင်ထဲရှိနေတဲ့ Hyunကိုတင်းတင်းကြပ်ကြပ်ပြန်ပွေ့ဖက်လိုက်တော့သည်။

Lee Won Sungသေပြီးနှစ်ပတ်အကြာမှာတော့ တရားခံကိုဖမ်းမိလိုက်ပြီးဖြစ်ကြောင်း မနက်ခင်းသတင်းထဲပါလာလေသည်။

"လွန်ခဲ့တဲ့နှစ်ပတ်ခန့်က P.A.R.K Hotelရဲ့ VVIP-GOLDအခန်းထဲမှာ သေဆုံးလျက်တွေ့ရှိရတဲ့ CEO Lee Won Sungရဲ့အမှုက တရားခံကိုယမန်နေ့ညကပဲ ဖမ်းဆီးရရှိခဲ့ပါတယ် သေဆုံးလျက်တွေ့ရှိရတဲ့ CEO Leeရဲ့အလောင်းကိုခွဲစိတ်စစ်ဆေးကြည့်ခဲ့ပြီးတဲ့နောက်မှာတော့ ခေါင်းကိုတစ်ခုခုနဲ့နောက်ကနေထုရိုက်ခံရပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ပေါ်လွင်ခဲ့ပါတယ် Lee gpရဲ့ကုမ္ပဏီနှစ်ပတ်လည်ညစာစားပွဲညမှာ ချစ်သူဖြစ်သူNaမျိုးနွယ်နှင့် VVIP-GOLDအခန်းရှိရာကိုနှစ်ဦးသားတက်ရောက်ခဲ့ကြပါတယ် အခန်းထဲရောက်တဲ့အခါ Naမျိုးနွယ်အမျိုးသမီးဟာ CEO Leeရဲ့ ဂန်နမ်မှာအပန်းဖြေစခန်းဆောက်ဖို့လျာထားတဲ့မြေကွက်စာချုပ်ကိုခိုးယူခဲ့တာဖြစ်ပြီး CEO Leeသိသွားတဲ့အခါမှာ CEO Leeနဲ့စကားများခဲ့ကြပါတယ် အဲ့ဒီနောက်မှာ CEO Leeက Naမျိုးနွယ်ကိုတရားစွဲပြီး ထောင်ထဲမှာတသက်လုံးနေအောင်လုပ်ပြမယ်ပြောတာကြောင့် Naမျိုးနွယ်ဟာတုန်လှုပ်ပြီး CEO Leeနောက်ကျော‌ေပး‌ေနတုန်း အနီးမှာရှိနေတဲ့အလှဖန်တုံးနဲ့ကောက်ထုခဲ့ပါတယ် ပြီးတဲ့နောက်မှာတော့ သွေးပျက်စွာနဲ့ အလှဖန်တုံးကိုအိတ်တစ်ခုထဲထည့်ပြီး Hotelကနေအမူအရာမပျက်ပြန်ခဲ့ပါတယ် ဒါပေမယ့်လည်း လူပေါင်းများစွာဟာ CEO LeeကNaမျိုးနွယ်နဲ့အတူ VVIP-GOLDရှိရာကိုတက်သွားတယ်လို့ထွက်ဆိုခဲ့တာကတစ်ကြောင်း၊ Hotelဝန်ထမ်းတွေက အလှဖန်တုံးပျောက်နေတယ်လို့ထွက်ဆိုခဲ့ကြတာကတစ်ကြောင်း၊ မှုခင်းဆရာဝန်တွေရဲ့စစ်ဆေးချက်အရ တစ်ခုခုနဲ့အထုခံရပြီးသွေးထွက်လွန်ပြီးသေဆုံးခဲ့ရတယ်လို့ထွက်ဆိုခဲ့တာကတစ်ကြောင်း စတဲ့အချက်များကြောင့် ရဲတပ်ဖွဲ့မှ Naမျိုးနွယ်ကိုအပူတပြင်းရှာဖွေခဲ့ပါတယ် ယမန်နေ့ညမှာတော့ ***သင်္ဘောဆိပ်မှာ ပြည်ပကိုထွက်ပြေးဖို့ကြိုးစားနေတဲ့ Naမျိုးနွယ်ကို‌CEO Lee Won Sungရ့ဲပျောက်ဆုံး‌ေနတ့ဲေရွှတုံး‌ေတွနဲ့အတူဖမ်းဆီးရရှိခဲ့တာပဲဖြစ်ပါတယ် လာမယ့်သောကြာနေ့မှာတြော တရားရုံးမှာ Naမျိုးနွယ်ကိုစီရင်ချက်ချတော့မှာပဲဖြစ်ပါတယ်"

TVမှာလွှင့်နေတဲ့ သတင်းကိုနားထောင်ပြီးတဲ့အခါမှာတော့ ကျနော့်ဘေးမှာထိုင်နေတဲ့ Hyunကကျနော့်လက်ကိုဆုပ်ကိုင်လာကာ

"တော်ပါသေးတယ် Yeolအစားသူသတ်ပေးခဲ့တာ "

"ကိုယ်မသတ်လည်းသူကိုက အဲ့နေ့မှာသေဖို့ကံပါတာနေမှာ "

"သေဖို့နေ့ကို လောကကြီးကမွေးကတည်းကသတ်မှတ်ပြီးသားပဲမလား Yeolရယ် "

ကျနော်တို့ဘဝကြီးကို ဂျွမ်းထိုးမှောက်ခုံဖြစ်အောင်ဖျက်ဆီးခဲ့တဲ့ တရားခံကတော့သေဆုံးသွားလေပြီ။

ကျနော်တို့နှစ်ယောက်ရဲ့နေ့ရက်တွေပိုလှပလာဦးမှာပဲ။

~~~My Master~~~

"Hyungနဲ့ Baekhyun Hyungနဲ့လက်မထပ်ကြသေးဘူးလား Baekhyun Hyungတောင်အသက် 31နှစ်ပြည့်မွေးနေ့နီးနေပြီ "

မနက်စာစားရင်း Sehunကမေးလာလေတော့ Yeolလည်း

"အေးဆေးပေါ့ Sehunရာ မင်းနဲ့Luhanသာအရင်လက်ထပ်ကြပါလား "

Sehunက Luhanကိုတချက်ကြည့်ပြီးနောက် Yeolကိုရီပြလာကာ
"နောက်ကားကျော်မတက်ချင်လို့ပေါ့ Hyungရဲ့ Hyungတို့လက်ထပ်ပြီးမှကျနော်တို့လက်ထပ်မှာ "

Yeolကရီလိုက်ကာ Sehunကိုစနောက်သလိုအသံဖြင့်
"ဒါဆိုမင်းတို့လက်ထပ်လိုက်ရမှာကိုမဟုတ်ဘူး "ဟုပြောကာ မနက်စာစားပြီးပြီမလို့ ထထွက်သွားသည်။

Yeolကတော့ဘာရယ်မဟုတ် Sehunကိုစပြီးပြောလိုက်တာဖြစ်ပေမယ့် ကျနော့်စိတ်ထဲမှာတော့ ခိုးလုခုလုဖြစ်သွားရသည်။

မနက်ကိုအိမ်အလုပ်တွေလုပ်စရာရှိတာလုပ် ပန်းချီသင်တန်းသွားကာ အိမ်ပြန်ရောက်တော့နေ့လယ်စာစားပြီး ကြက်သွန်ဖြူခွာနေသည်။
မရွှင်မလန်းဖြစ်နေတဲ့ကျနော့်ပုံရိပ်ကြောင့် Luhanက

"Baekhyunမင်းမနက်ကတည်းကဘာဖြစ်နေတာလဲ မရွှင်မလန်းနဲ့ "

"Yeolကလေငါ့ကိုလက်မထပ်ချင်ဘူးလားမသိဘူး "

"ဘာလို့အဲ့လိုထင်တာလဲ Baekhyunရဲ့ "

"သူမနက်က Sehunကိုပြောသွားတာတွေကြောင့်လေ "

"စနောက်ပြီးပြောတာဖြစ်မှာပါ "

ကျနော်လည်း ကြက်သွန်ဖြူခွာနေတဲ့ ဓားကိုဆောင့်ကြီးအောင့်ကြီးပစ်ချလိုက်ကာ
"မသိဘူးကွာ ငါငိုချင်လာပြီ "

"အခုဘာလုပ်ချင်လဲ "

"မူးအောင်သောက်ပစ်ချင်တယ် "

"သောက်ဖို့ကမစောလွန်းဘူးလား "

"နေ့ခင်းတွေ ညခင်းတွေမသိဘူး ငါသောက်ချင်တယ် "

"ဒါဆိုငါတို့အလုပ်ပြီးရင် အတူတူသွားသောက်ကြမယ် "

အလုပ်ပြီးတာနဲ့ ရေမိုးချိုးပြီးတော့ ညနေ 4နာရီရှိနေပြီ။
KyungSoo Hyungကိုသွားစရာရှိတယ်ဟုပြောကာ ကျနော်နဲ့ Luhanနှစ်ယောက်သားဆိုဂျူဆိုင်ဆီဦးတည်လာကြသည်။

ဆိုဂျူဆိုင်ရောက်တော့
"ဆိုဂျူဆယ်ပုလင်းပေးပါဗျ "

"မများဘူးလား Baekhyun "
Luhanကတားမြစ်သလိုအသံနဲ့ပြောလာတော့

"ငါမူးအောင်သောက်မှာ ငါ့ကိုမတားနဲ့ Luhan "
မကျေမနပ်ရေရွတ်လိုက်ကာ ဆိုဂျူကိုခွက်အကြီးနဲ့တစ်ခွက်ပြီးတစ်ခွက်မော့နေလိုက်သည်။

........................

ကျနော်အလုပ်ကပြန်ရောက်တော့ ခါတိုင်းလို ကျနော်တို့ကိုကြိုနေတဲ့ Hyunနဲ့ Luhanကိုမတွေ့ရတာကြောင့် Sehunရော ကျနော်ပါအံ့ဩမိသွားသည်။

"Lu Hyungနဲ့ Baekhyun Hyung,ဘယ်ရောက်နေတာလဲ KyungSoo Hyung "

"4နာရီလောက်ကတော့ အပြင်ထွက်သွားတယ်ပြောကြတာပဲ "

"ဘယ်သွားတာပါလိမ့် ဒီနှစ်ယောက်ကတော့ "

ထိုအချိန်မှာပဲ ကျနော့်ဆီကိုဖုန်းဝင်လာသည်။ ဆက်တဲ့သူက Hyunန့‌‌ဲ Luhanတို့ရဲ့ ဒရိုင်ဘာ။

"Yeoboseyo သခင်လေး "

"Hyunတို့ဘယ်မှာလဲသိလား "

"အခု အကိုလေး Baekhyunနဲ့ အကိုလေး Luhanကဆိုဂျူဆိုင်မှာသောက်နေကြတာပါ "

"ဆိုဂျူဆိုင်?? "
ကျနော့်စကားကြောင့် Sehunကမျက်ခုံးပင့်သွားရသည်။

"ဟုတ်ပါတယ် 4နာရီကျနော်ကတည်းကသောက်နေကြတာပါ"

"ဘယ်နားကဆိုင်လဲ ငါတို့လာခဲ့မယ်"

"******ကဆိုင်ပါ "

"ဟုတ်ပြီ ငါတို့အခုလာခဲ့မယ် "

ဖုန်းချပြီးနောက် ကျနော်နဲ့ Sehun အဝတ်ပင်မလဲတော့ဘဲ Hyunတို့ကိုခေါ်ရန်သွားရတော့မည်။

"ငါတို့လိုက်ပို့မယ်လေ Chanyeol "

ဒီလိုနဲ့ Jonginတို့စုံတွဲရယ်၊ ကျနော်တို့ညီအကိုတွေရယ် ဆိုဂျူဆိုင်ကိုရောက်လာသည်။ ရောက်တာနဲ့ ကားပေါ်ကဆင်းကာ ဆိုင်ထဲဝင်မိတော့ Hyunတို့ကိုသိပ်မရှာလိုက်ရ။
ရှေ့မှာပုလင်းတွေဆိုတာလည်းမနည်းမနော။ ခွက်နဲ့တင်အားမရလို့ နှစ်ယောက်သားပုလင်းလိုက်မော့နေပျသည်။
ကျနော်နဲ့ Sehunလည်းသူတို့နားသွားလိုက်ကာ

"Hyunအိမ်ပြန်ကြစို့လေ များနေပြီ "

Sehunကလည်း
"Lu Hyungပြန်ရအောင် တော်တော်မူးနေပြီမလား "

Luhanကကျနော့်ကိုမော့ကြည့်လာကာ မတ်တပ်ရပ်ပြီး ကျနော့်လည်ပင်းက အင်္ကျီစကိုဆွဲကာ
" ဒါဘယ်သူပါလိမ့် ငါသူငယ်ချင်းကိုစိတ်ညစ်အောင်လုပ်တဲ့ ကောင်မလား"

ကျနော်ရော Sehunပါဆွံ့အသွားရသည်။

Hyunကလည်း
"ဟုတ်ပါ့ မကောင်းတဲ့ကောင် ငါ့ချစ်သူလေ "

ဆိုင်ထဲကလူများကလည်းကျနော်တို့ကိုကြည့်လာတာကြောင့် ရှက်သွားရကာ
"Sehunသူတို့ကိုမြန်မြန်သယ်သွားရအောင်"ဟုပြောလိုက်ရသည်။

Sehunကလည်း Luhanကိုမနည်းဆွဲကာဆိုင်ပြင်ထုတ်သွားသည်။ Jonginနဲ့ KyungSoo Hyungကဆိုဂျူဖိုးတွေရှင်းပေးသည်။

ကျနော်လည်း Hyunကိုဆွဲလိုက်တော့
"ကယ်ကြပါ!!! ကျနော့်ကိုပြန်ပေးဆွဲနေတယ်!!! "ဟုအော်လာသည်။

ကျနော်လည်းဆိုင်ထဲကလူတွေကိုရီပြကာ
"ကျနော့်ကောင်လေးပါ ကျနော့်ကိုစိတ်ဆိုးနေလို့ပါ " ဟုပြောကာ ဆိုင်ထဲကမြန်မြန်ဆွဲခေါ်လာရသည်။

Sehunနဲ့ Luhanက Jonginတို့ကားနဲ့ပြန်ပြီး ကျနော်တို့ကဒရိုက်ဘာကားနဲ့ပြန်လာသည်။ ကားပေါ်မှာတော့ Hyunက
" Park Chanyeolလူဆိုးကောင် မကောင်းတဲ့ကောင်"ဟုသာ ကျနော့်ပခုံးပေါ်မှီပြီး တွင်တွင်ရေရွတ်နေသည်။

ကျနော်သူ့အပေါ်ဘာအမှားလုပ်မိမှန်းတကယ်စဉ်းစားမရပါ။ ကျနော်ဘာမှားသွားပါလိမ့်။

အိမ်ပြန်ရောက်တော့ Hyunကိုမပြီး ဧည့်ခန်းထဲအရင်ခေါ်လာသည်။ Sehunကလည်း Luhanကိုကျောပိုးလျက် ကျနော်တို့နောက်မှဝင်လာသည်။

"Park Chanyeol!!! " Luhanက Sehunကျောပေါ်ကခုန်ဆင်းကာ ကျနော့်ကိုလက်ညှိုးထိုးလျက်အော်ငေါက်လာသည်။

"မင်းတကယ်မကောင်းတဲ့ကောင် " လူကယိုင်တိယိုင်နဲ့ဖြစ်နေတာကြောင့် Sehunကထိန်းပေးထားရသည်။

"Lu Hyung အိပ်ရအောင်လေ မူးနေတယ်လေ "
Sehunကချော့မော့ပြောနေပေမယ့် Luhanကအဖတ်မလုပ်။ ကျနော့်ကိုသာလက်ညှိုးထိုးလျက်

"မင်းကငါ့သူငယ်ချင်းကို စားပြီးနားမလည် ဝါးပြီးထွေးထုတ် မြိုချပြီးပြန်အန်လုပ်တယ်ပေါ့ "

"Lu Hyungအပေါ်တက်ရအောင်လေ "

"ရတယ် Sehunသူဆက်ပြောပါစေ " ကျနော်လည်း Sehunကိုတားလိုက်ကာ Luhanကိုဆက်ပြောစေသည်။

"မင်းကငါ့သူငယ်ချင်းကိုအပျော်ကြံတာလား လက်ထပ်ဖို့စိတ်ကူးမရှိဘူးပေါ့ "

"Hyunကအဲ့ဒါကြောင့်ငါ့ကိုစိတ်ဆိုးနေတာလား Luhan "

"ဟုတ်တယ် မင်းမနက်ကထမင်းဝိုင်းမှာ Sehunကိုပြောသွားတဲ့စကားတွေကိုပဲပြန်စဉ်းစားကြည့်လေ "

ကျနော်လည်းပြန်စဉ်းစားကြည့်တော့ Sehunကိုမနက်ကစနောက်ပြောခဲ့တာတွေကိုသတိရသွားသည်။
Hyunကအဲ့ဒါကြောင့် ဒီလိုဖြစ်သွားတာလား။

ကိုယ်တောင်းပန်ပါတယ် Hyunရယ်။ ကိုယ်ဒီတိုင်း Sehunကိုစနောက်ပြီးပြောလိုက်တာလေးက Hyunကိုနာကျင်စေဖို့မရည်ရွယ်ခဲ့ပါဘူး။

"မင်းကလူဆိုးကောင်ပဲ Park Chanyeol!!! " Luhanကပြောပြီး Sehunကိုမှီလျက်အိပ်ပျော်သွားသည်။

ကျနော်လည်းကျနော့်လက်ထဲက ချစ်ရသူအမူးသမားလေးကိုကြည့်တော့ သူကအိပ်ပျော်နေပြီ။

"Luhanကသောက်ပြီး နောက်ရက်မှတ်မိတဲ့ထဲပါလား "

"မပါဘူး Chanyeol ဘာတစ်ခုမှမမှတ်မိဘူး "
KyungSoo Hyungကဖြေလာတာကြောင့်

"Hyungတို့ရော အဒေါ်ကြီးတို့အားလုံးရော နှုတ်လုံကြပါစေ ဘာတစ်ခုမှမနက်ရောက်ရင်ပြန်မပြောကြပါနဲ့ "
အိမ်အကူတွေနဲ့ KyungSoo Hyungတို့ကို ဘာမှမပြောရန်တောင်းဆိုပြီး Hyunကိုပွေ့ချီကာ အပေါ်ထပ်ကျနော့်အခန်းကိုတက်လာခဲ့သည်။

ကျနော့်အခန်းကိုရောက်တော့ Hyunကိုခုတင်ပေါ်ချပေးကာ သူ့မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်နေမိသည်။

"ကိုယ်မင်းကိုအရမ်းလက်ထပ်ချင်တာပေါ့ Hyunရယ် "
ချစ်ရသူနဲ့နဖူးထက်ကဆံစလေးတွေကိုပွတ်သပ်ပြီး အနမ်းခြွေလိုက်တာကို အိပ်မောကျနေတဲ့ အမူးသမားကျနော့်ကောင်‌ေလးကတော့သိမည်မဟုတ်ပါ။

........................

5လပိုင်း 6ရက်နေ့။
တနည်းအားဖြင့် ကျနော့်ရဲ့ 31နှစ်မြောက်မွေးနေ့။

ညရောက်လို့မွေးနေ့ပွဲကျင်းပတော့မှာဖြစ်ပေမယ့်လည်း Yeolကတော့ဘယ်ထွက်သွားမှန်းမသိ။
တစ်နာရီနီးပါးထွက်သွားပြီးမှ အိမ်ပြန်ရောက်လာတာမလို့ မျက်စောင်းထိုးပေးလိုက်တော့

"လမ်းတွေပိတ်နေလို့ပါ အချစ်လေးHyunရဲ့ " ဟုပြောပြီးပါးကိုနမ်းလာသည်။

လူလည်းစုံပြီမလို့ မွေးနေ့ပွဲကိုစတင်လိုက်ပြီ။

🎶🎶생일 축하합니다
생일 축하합니다
사랑하는 백현이
생일 축하합니다 🎶🎶

မွေးနေ့သီချင်းပြီးတာနဲ့ ကျနော်လည်း အဝါရောင်ကိတ်မုန့်လေးပေါ်ကဖယောင်းတိုင်တွေကိုမှုတ်လိုက်တော့ လက်ခုပ်သံတွေ တဖြောင်းဖြောင်းထွက်လာသည်။

မွေးနေ့ကိတ်ကိုခွဲပြီး ချစ်ရသူYeolကိုအရင်ခွံ့လိုက်သည်။ ပြီးတော့ အချစ်ရဆုံးသူငယ်ချင်း Luhan။ နောက်တော့ Sehun ၊KyungSoo Hyungနဲ့ Jongin။

မွေးနေ့ကိတ်ခွံ့ပြီးတော့ ကျနော့်ကိုမွေးနေ့လက်ဆောင်တွေပေးလာကြသည်။

"ဒီမှာမင်းအတွက် ပြင်သစ်ကမှာပေးထားတဲ့ စုတ်တံ ဒါကငါတို့အတွဲပေးတာ"
Luhanကကျနော့်ကို ရွှေရောင်ဘူးတစ်ခုကိုလှမ်းပေးလာတော့ ကျနော်လည်းဘူးဖွင့်လိုက်သည်။
ဘူးထဲမှာ တော်တော်ပင်သားနားနေတဲ့ စုတ်တံတစ်ချောင်းရှိနေသည်။ အရည်အသွေးကတော့ လုံးဝမိုက်နေမှာ အမှန်။

"ကျေးဇူးပဲ ငါအရမ်းကြိုက်တယ် Luhanနဲ့ Sehun "

"ငါတို့ကမင်းအတွက် အီတလကနေ Drawing boardမှာပေးထားတယ် "
စားပွဲဘေးနား Drawing boardချပြီး KyungSoo Hyungကကျနော့်ကိုပြောလာလေသည်။

"ကျေးဇူးပါ Hyungတို့ "

"Chanyeol မင်းကရောဘာပေးမှာလဲ "

ကျနော့်ဘေးနားရပ်နေတဲ့ Yeolကို Jonginကလှမ်းမေးတော့ Yeolကပြုံးပြကာ
"ပြင်ဆင်ပြီးသားပါကွာ " ဟုပြောပြီး သူ့ဘောင်းဘီအိတ်ထဲကိုလက်ထည့်လိုက်သည်။

လက်ကိုပြန်ထုတ်လိုက်တော့ လက်ထဲပါလာသည်က လေးထောင့်ဘူးလေး။

ဘုရားရေ။ ကျနော့်ရင်ထဲထိတ်ခနဲဖြစ်သွားရသည်။ မဟုတ်မှ မဟုတ်မှ Yeolက~~~။

Yeolကကျနော့်ရှေ့ဒူးထောက်ထိုင်လိုက်ကာ ကျနော်မျက်နှာကိုရွှန်းရွှန်းစားစားကြည့်ပြီး ဘူးလေးကိုဖွင့်လိုက်သည်။

"ကိုယ်အမြဲစဉ်းစားနေခဲ့တယ် ကိုယ်ကHyunအတွက်ခင်ပွန်းကောင်းတစ်ယောက်ဖြစ်လာနိုင်ပါ့မလားဆိုတာစဉ်းစားပြီး ကိုယ်Hyunကိုလက်ထပ်ဖို့တွန့်ဆုတ်နေခဲ့မိတယ် ကိုယ့်ကြောင့်Hyunနာကျင်ခဲ့တာတွေများလို့ ကိုယ်ကြောက်နေမိခ့‌ဲတာလည်းပါတယ် "

ပတ်ဝန်းကျင်က အပ်ကျသံပင်ကြားရလောက်အောင်တိတ်ဆိတ်နေပြီး ကျနော်လည်းတောင့်တောင့်ကြီးရပ်နေမိသည်။

"ဒါပေမယ့်နောက်ဆုံးတော့ ကိုယ်အတန်တန်စဥ်းစားပြီးဆုံးဖြတ်ချက်ချနိုင်ခဲ့ပြီ ကိုယ်တို့ရဲ့ Parkမျိုးနွယ်အမည်နာမဟာ Hyunမျိုးနွယ်ဖြစ်လာစေချင်တယ် အိမ်ထောင်ဆိုတဲ့ထောင်ထဲမှာ ကိုယ်ဟာ Hyun အချစ်တွေနဲ့တစ်ဘဝလုံးချုပ်နှောင်တာခံချင်ပြီး ကိုယ်ဟာHyunရဲ့အိမ်ထောင်ဦးစီးဖြစ်ချင်တယ် ကိုယ်တို့အခုအချိန်မှာလည်းနီးစပ်နေရပြီဆိုပေမယ့် တစ်ဘဝလုံး ကိုယ်ဟာ Hyunအပိုင် Hyunကလည်းကိုယ့်အပိုင် တရားဝင်ဖြစ်လာချင်တယ် "

ကျနော့်ရင်ထဲကြည်နူးမှုအဟုန်က ပြင်းထန်လာတာကြောင့် ကြည်နူးမျက်ရည်များကျချင်လာသည်။

"Hyunရဲ့ ဒီနေ့မွေးနေ့မှာတော့ Hyunအတွက်မွေးနေ့လက်ဆောင်အဖြစ် Park Chanyeolဆိုတဲ့ကိုယ့်ကိုယ်ကို မွေးနေ့လက်ဆောင်ပေးချင်ပါတယ် Hyun "

"Hyunကသာ ကိုယ့်ဘဝနဲ့ စိတ်ဝိဉာဏ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်တ့ဲသူဖြစ်နေတာမလို့ ကိုယ့်ကိုအပိုင်သိမ်းပြီးHyunရ့ဲလောင်းရိပ်အောက်ကိုယ့်ကိုနစ်မွန်းခွင့်ပြုပါ ကိုယ့်ကိုလက်ထပ်ပေးနိုင်မလား Hyun"

နူးနူးညံ့ညံ့နဲ့ ချစ်ခွင့်စကားတွေဆိုပြီးနောက်မှာတော့ ကျနော့်နှလုံးသားထဲမှ ချစ်‌ေမတ္တာ၊ မြတ်နိုးမှု၊ကြည်နူးမှု၊ နွေးထွေးမှု စတဲ့ အရာတွေက နှလုံးသားနဲ့မဆန့်ဘဲလျှံထွက်ကျလာကာ မျက်ဝန်းမှထိန်းမရစွာ မျက်ရည်များက ဆည်ကျိုးသလိုစီးကျလာခဲ့သည်။

"Hyunကဒီလိုကြီးငိုနေတော့ လက်မထပ်ချင်တာလား "
ဒူးထောက်နေရက်မှ ကျနော့်ကိုပြုံးပြီးပြောလာတဲ့ Yeolကို

"လက်ထပ်ချင်တာပေါ့ Yeolရယ် လက်ထပ်မှာ လက်ထပ်ပြီး Yeolကိုတစ်ဘဝလုံးအပိုင်သိမ်းပစ်မှာ "
မျက်ရည်တွေစီးကျလျက်ကပဲ ဒီစကားတွေဆိုပြီး Yeolကိုထူပေးလိုက်သည်။

ကျနော့်မျက်ရည်‌ေတွကိုYeolကသူ့လက်မန့ဲညင်သာစွာသုတ်‌ေပးပြီး ကျနော့်လက်ကိုဖွဖွလေးကိုင်လာကာ လက်သူကြွယ်မှာလက်စွပ်စွပ်ပေးဖို့ပြင်သည်။

"ဒီလက်စွပ်လေးအတွင်းမှာ Yeol's Hyunလို့ထွင်းထားတယ် ဒီလက်စွပ်လေးကိုမှတ်မိတယ်မလား Hyun "

"သိပ်မှတ်မိတာပေါ့ Yeolရယ် "
စိန်တစ်ပွင့်သာပါတဲ့ ဒီရိုးရိုးရှင်းရှင်းဗြောင်လက်စွပ်လေးဟာ ဟိုတချိန်က ကျနော်စိတ်ကူးယဉ်ခဲ့ရတဲ့လက်စွပ်လေး။

ကျနော့်ကိုလက်စွပ်စွပ်ပေးပြီးနောက်
"ကိုယ့်ကိုလည်းစွပ်ပေး Hyun "

ကျနော်လည်းဘူးထဲမှာ ကျန်နေတဲ့ လက်စွပ်ဆိုဒ်အကြီးကိုယူလိုက်သည်။

"ဒီလက်စွပ်မှာက Hyun's Yeolလို့ထွင်းထားတယ် Hyun "

ကျနော့်ပါးပြင်ပေါ်မျက်ရည်တွေကထပ်မံစီးကျလာပြန်သည်။

"Hyunစွပ်ပေးတာ လက်ခလယ်ဖြစ်နေတယ် "

"ဆောရီး မျက်ရည်တွေနဲ့မမြင်ရလို့ Yeolရဲ့ "

လက်စွပ်စွပ်ပေးပြီးတာနဲ့ ကျနော့်ကို Yeolကလှမ်းဆွဲပြီး ရင်ခွင်ထဲပွေ့ဖက်လိုက်သည်။

ကျနော်လည်း ကျယ်ပြန့်နွေးထွေးလှတဲ့Yeolရင်ခွင်မှာမျက်နှာအပ်ရင်း အသံတိတ်မျက်ရည်တွေကစီးကျနေဆဲဖြစ်သည်။

ကျနော်စိတ်ကူးယဉ်ခဲ့ရတဲ့ နေ့ရက်လေးဟာတကယ်ဖြစ်လာခဲ့ပြီပဲ။

............To be continued............

(29.3.2022 Tue)

ဖတ်ပေးတဲ့သူတိုင်းကိုကျေးဇူးများကြီးပါဗျာ💍💍

(Zawgyi)

မနက္စာထမင္းဝိုင္းမွာ က်ေနာ္တို႔ထိုင္ေနၾကၿပီး Dr Dohျပင္ေပးထားတဲ့ ထမင္းေၾကာ္ကိုစားေနၾကသည္။

"Dr Doh...Dr Doh!!! "
အိမ္ျပင္ဘက္မွေခၚသံၾကားတာေၾကာင့္ Dr Dohကစားလက္စကိုရပ္ၿပီးအိမ္ျပင္ထြက္ၾကည့္သည္။

"က်ေနာ့္အေမေခ်ာ္လဲသြားလို႔ Dr ခဏေလာက္လိုက္ၾကည့္ေပးလို႔ရမလား "

အိမ္ျပင္ကအသံေတြကို ထမင္းစားေနတဲ့က်ေနာ္တို႔အကုန္ၾကားေနရသည္။

"ခဏေစာင့္ ေဆးအိတ္သြားယူဦးမယ္ "
KyungSoo Hyungကစားလက္စကိုရပ္ၿပီး Dr Dohဆီသြားကာ ေဆးအိတ္ယူေနတဲ့ Dr Dohကို

"က်ေနာ္သြားေပးလိုက္မယ္ေလ Appa "

"ရတယ္ KyungSooမနက္စာစားေန ငါပဲသြားမယ္ "
ဒါပဲေျပာၿပီး Dr Dohကေဆးအိတ္ကိုဆြဲကာ ထြက္သြားေလသည္။

KyungSoo Hyungလည္းထမင္းစားခန္းထဲဝင္ကာမနက္စာဆက္စားေလသည္။ မနက္စာစားၿပီး ဧည့္ခန္းမွာထိုင္‌ၿပီးေကာ္ဖီေသာက္ၾကေလသည္။ TVကိုပါဖြင့္ထားၿပီး TVမွမနက္ခင္းသတင္းေတြလႊင့္ေနသည္။

"အခုဆက္လက္ၿပီး တင္ျပမယ့္သတင္းကေတာ့ေတာင္ကိုရီးယားရဲ႕အႀကီးမားဆုံးစီးပြားေရး gpေတြထဲကတစ္ခုျဖစ္တဲ့ Lee gpရဲ႕ CEO ျဖစ္သူ Lee Won Sungက P.A.R.K Hotelရဲ႕ VVIP-GOLDအခန္းမွာေသဆုံးလ်က္ေတြ႕ရွိေၾကာင္းတင္ျပမွာပဲျဖစ္ပါတယ္ မေန႕ညက Lee gpပိုင္ P.A.R.K Hotelမွာကုမၸဏီႏွစ္ပတ္လည္ညစာစားပြဲက်င္းပခဲ့တာပဲျဖစ္ပါတယ္ ညစာစားပြဲက်င္းပရင္း အတြင္းေရးမႉးျဖစ္သူမွ VVIP-GOLDအခန္းကိုတက္သြားတဲ့ CEO Leeကိုမေတြ႕ရတာေၾကာင့္ဖုန္းဆက္ၾကည့္ခဲ့ေပမယ့္ ဖုန္းမကိုင္တာေၾကာင့္ VVIP-GOLDအခန္းကိုတက္ၾကည့္ခဲ့ပါတယ္ VVIP-GOLDအခန္းေရာက္တဲ့အခါမွာေတာ့ ေသြးအိုင္စြန္းေနတဲ့ၾကမ္းျပင္ေပၚလဲက်ေနတဲ့ CEO Leeကိုေတြ႕တာေၾကာင့္အနားကပ္ၾကည့္ခဲ့တဲ့အခါမွာေတာ့ ‌CEO Leeရဲ႕ေခါင္းကေနေသြးေတြထြက္ေနတာကိုေတြ႕ရွိခဲ့ရပါတယ္ စိတ္မခ်လိဳ႕အသက္ရႉမရႉကိုစစ္‌ေဆးၾကည့္တဲ့အခါအသက္မရႉတာေၾကာင့္ ေသဆုံးေနၿပီျဖစ္မွန္းသိခဲ့ရပါတယ္ အဲ့ဒီေနာက္မွာေတာ့ ရဲေတြကိုအေၾကာင္းၾကားခဲ့ၿပီး ရဲေတြနဲ႕မႈခင္းဆရာဝန္ေရာက္ရွိလာတဲ့အခါမွာေတာ့ ေသဆုံးေနၿပီျဖစ္ေၾကာင္းအတည္ျပဳခ့ဲပါတယ္ အခုအခါမွာေတာ့ CEO Leeရဲ႕ေသဆုံးမႈဟာ မေတာ္တဆလား အသတ္ခံရတာလားကိုရွာေဖြစုံစမ္းေနၾကၿပီပဲျဖစ္ပါတယ္ "

သတင္းကိုနားေထာင္ၿပီးတဲ့အခါမွာေတာ့ က်ေနာ္ကိုင္ထားတဲ့ေကာ္ဖီခြက္ဟာက်ေနာ့္လက္ကေနလြတ္က်သြားရသည္။

ခြမ္းခနဲျမည္သံကက်ယ္ေလာင္စြာထြက္ေပၚလာတာမလို႔ က်ေနာ့္ကိုဝိုင္းၾကည့္လာၾကသည္။

"Yeolတို႔သတ္လိုက္တာမလား "

ဘာေျဖသံမွမၾကားရဘဲ သက္ျပင္းခ်သံေတြသာထြက္ေပၚလာရသည္။

"Yeolတို႔လုပ္တာမလား!!! "

"သူကမင္းခံစားရတာေတြအတြက္ မၾကည့္ရက္လို႔‌ပါ Baekhyun "

"ေသြးမစြန္းပါေစနဲ႕လို႔ေျပာခဲ့တာေတာင္သူလုပ္ရက္ခဲ့တယ္ေပါ့ "

ၿပီးတာနဲ႕မတ္တပ္ထရပ္လိုက္ကာ

" မဟုတ္ဘူး Yeolတို႔သတ္တာမဟုတ္ဘူး အခုသူ႕ဆီျပန္ၿပီးသူသတ္တာမဟုတ္ဘူးဆိုတာအတည္ျပဳၾကမယ္"

Luhanကပါမတ္တပ္ရပ္လာၿပီး

"Baekhyunစိတ္ေအးေအးထား "

" မထားနိုင္ဘူး ငါအခုပဲျပန္မယ္"

အခန္းထဲဝင္ကာ luggageကိုဆြဲထုတ္လာကာ ျပန္ဖို႔ျပင္ေတာ့သည္။ဇြတ္တ႐ြတ္ျပန္ခ်င္ေနတဲ့က်ေနာ့္ကိုတားလို႔မရနိုင္မွန္း Jonginကနားလည္တာေၾကာင့္

"Luhan မင္းသူ႕ကိုလိုက္ပို႔လိုက္ ငါနဲ႕Kyungsoo Hyungကေယာကၡမႀကီးကိုရွင္းျပၿပီးသပ္သပ္ျပန္လာမယ္ " Luhanဆီကိုကားေသာ့ေပးကာ Jonginကသူတို႔ေနာက္မွျပန္လာမည္ျဖစ္ေၾကာင္းေျပာလာသည္။

"ဟုတ္ၿပီေလ ငါသူ႕ကိုေသခ်ာလိုက္ပို႔လိုက္မယ္ "
Luhanလည္းျမန္ျမန္အခန္းထဲဝင္ကာ Luggageကိုထုတ္လာသည္။ Jonginကားရွိရာကိုက်ေနာ္နဲ႕သြားလိုက္ၿပီး Luggageေတြကိုေနာက္ဖုံးထဲထည့္ကာ က်ေနာ္နဲ႕သူနဲ႕ျပန္လာခဲ့သည္။ ဆိုးလ္ျပန္လာတဲ့လမ္းတစ္ေလွ်ာက္လုံးမွာေတာ့ က်ေနာ္ရင္ထဲမီးခဲေတြရွိေနသလို ပူေလာင္ေနရသည္။ Luhanကေတာ့ က်ေနာ့္ကိုနားလည္စ‌ြာဘာတစ္ခြန္းမွမေျပာ။

အိမ္ေတာ္ကိုျပန္ေရာက္ေတာ့ ေန႕လယ္ခင္းရွိ‌ေနသည္။ ကားရပ္လိုက္တဲ့အခါမွာေတာ့ က်ေနာ္လည္းကားေပၚကေနဆင္းကာ အိမ္ထဲေျပးဝင္သြားသည္။ ဧည့္ခန္းထဲမွာေတာ့ Yeolနဲ႕ Sehunနဲ႕ထိုင္ေနၾကသည္။ Yeolကဝင္လာတဲ့က်ေနာ့္ကိုၾကည့္ၿပီး က်ေနာ့္မ်က္ႏွာေပၚျဖစ္ပ်က္ေနတဲ့ အရိပ္အေယာင္ေတြကိုဖမ္းဆုပ္ၿပီးတဲ့ေနာက္မွာ သက္ျပင္းခ်ကာ

"သိသြားၿပီကိုး " ဟုေျပာလာေလသည္။

က်ေနာ္လည္း Yeolအနားသြားကာ

"Yeolသတ္ခဲ့တာမလား "

Yeolကက်ေနာ့္မ်က္လုံးေတြကိုနက္နက္နဲနဲၾကည့္လာၿပီးတဲ့ေနာက္မွာ

"ကိုယ္သူ႕ကိုမသတ္ခဲ့ဘူး Hyun "

"ဟမ္ ?? ဘယ္လို ဒါဆိုဘယ္လိုလို႔ေသေနတာလဲ "

"ကိုယ္မသတ္ခဲ့တာေတာ့အမွန္ပဲ Hyung "
က်ေနာ့္ကိုနက္ရွိုင္းစြာၾကည့္ေနတဲ့ Yeolရဲ႕မ်က္ဝန္းေတြဟာ လိမ္ညာမုသားမပါဘဲ အမွန္တရားကိုေျပာေနတာျဖစ္ေၾကာင္း သက္ေသျပေနသည္။

"အမွန္ပဲ က်ေနာ္တို႔မသတ္ခဲ့ဘူး က်ေနာ္တ့ိုေရာက္ေတာ့ သူေသေနၿပီ "
Sehunကပါဝင္ေျပာလာေတာ့ Luhanကပါအံ့ဩသြားရေတာ့သည္။

........................

မေန႕ည VVIP-GOLDအခန္းေရွ႕ကိုက်ေနာ္တို႔ေရာက္ေတာ့ ယူလာတဲ့ေသာ့ပြားနဲ႕ဖြင့္ဖို႔ႀကိဳးစားလိုက္ေပမယ့္ အခန္းတံခါးကကြၽီခနဲပဲ လြယ္လြယ္ကူကူပြင့္သြားရသည္။
Sehunကက်ေနာ့္ကိုစိုက္ၾကည့္လာေတာ့ က်ေနာ္လည္း ႏႈတ္ခမ္းနားလက္ညွိုးတင္ကာ တိုးတိုးေနၿပီး အမူအရာျပလိုက္သည္။

အခန္းတံခါးကိုေျဖးေျဖးဖြင့္ၿပီး အခန္းထဲကိုတိတ္တဆိတ္ဝင္လာလိုက္သည္။ေျခရာေတြက်န္ေနရင္က်ေနာ္တို႔မွန္းရိပ္မိမွာစိုးလို႔ ဒီHotelကဝန္ထမ္းေတြစီးတဲ့ဖိနပ္ကိုပါေျပာင္းစီးခဲ့ၾကသည္။

အခန္းထဲမွာေတာ့ ၾကမ္းျပင္ေပၚလဲက်ေနတဲ့ Lee Won Sungနဲ႕ေသြးအိုင္ႀကီးကိုေတြ႕လိုက္ရတာမလို႔ အံ့ဩသြားရသည္။

Sehunကဆရာဝန္ေတြသုံးတဲ့ လက္အိတ္ကိုဝတ္ၿပီး Lee Won Sungနားထိုင္ခ်လိဳက္ကာ Lee Won Sungရဲ႕လည္ပင္းနဲ႕ ႏွာေခါင္းေတြကိုစမ္းသပ္ၾကည့္ၿပီးေနာက္မွာေတာ့ က်ေနာ့္ကိုေခါင္းခါျပလာသည္။

က်ေနာ္ဒက္ခနဲသိလိုက္ရသည္။ ဒါဟာေသၿပီဆိုတဲ့သေဘာ။

က်ေနာ္လည္း Sehunကိုျပန္ၾကမယ္ဟုအမူအရာျပၿပီးေနာက္ အဲ့အခန္းထဲကေနလ်င္ျမန္စြာထြက္လာၾကသည္။ ကားပါကင္ကိုလာကာ ကားနဲ႕ျပန္ထြက္လာၾကၿပီး ေဝးလံတဲ့တစ္ေနရာအေရာက္မွာေတာ့ ကားကိုရပ္လိုက္သည္ ။

"ဘယ္လိုလို႔ေသေနတာလဲ "

"တစ္ေယာက္ေယာက္မ်ားလုပ္သြားတာလား Hyung သူ႕မယားငယ္လည္းရွိမေနဘူး"

"ဘာေၾကာင့္ပဲျဖစ္ျဖစ္ ငါတို႔လက္ေသြးမစြန္းရေတာ့ဘူး "

ထိုေန႕ကအျဖစ္အပ်က္ေတြကို Hyunဆီအကုန္ရွင္းျပၿပီးေနာက္မွာေတာ့ Hyunက မ်က္လုံးအဝိုင္းသားနဲ႕အံ့ဩေနရသည္။

"ဒါဆို Yeolတို႔ေရာက္ကတည္းကေသေနတာေပါ့ "

"ဟုတ္တယ္ Hyun "

Hyunကက်ေနာ့္ကိုဖက္လာကာ
"Yeolလုပ္တာမဟုတ္လို႔ေတာ္ပါေသးတယ္ "

က်ေနာ္လည္း က်ေနာ့္ရင္ခြင္ထဲရွိေနတဲ့ Hyunကိုတင္းတင္းၾကပ္ၾကပ္ျပန္ေပြ႕ဖက္လိုက္ေတာ့သည္။

Lee Won Sungေသၿပီးႏွစ္ပတ္အၾကာမွာေတာ့ တရားခံကိုဖမ္းမိလိုက္ၿပီးျဖစ္ေၾကာင္း မနက္ခင္းသတင္းထဲပါလာေလသည္။

"လြန္ခဲ့တဲ့ႏွစ္ပတ္ခန႔္က P.A.R.K Hotelရဲ႕ VVIP-GOLDအခန္းထဲမွာ ေသဆုံးလ်က္ေတြ႕ရွိရတဲ့ CEO Lee Won Sungရဲ႕အမႈက တရားခံကိုယမန္ေန႕ညကပဲ ဖမ္းဆီးရရွိခဲ့ပါတယ္ ေသဆုံးလ်က္ေတြ႕ရွိရတဲ့ CEO Leeရဲ႕အေလာင္းကိုခြဲစိတ္စစ္ေဆးၾကည့္ခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ေခါင္းကိုတစ္ခုခုနဲ႕ေနာက္ကေနထုရိုက္ခံရၿပီး ေသြးထြက္လြန္ကာ ေသဆုံးခဲ့ရျခင္းျဖစ္ေၾကာင္း ေပၚလြင္ခဲ့ပါတယ္ Lee gpရဲ႕ကုမၸဏီႏွစ္ပတ္လည္ညစာစားပြဲညမွာ ခ်စ္သူျဖစ္သူNaမ်ိဳးႏြယ္ႏွင့္ VVIP-GOLDအခန္းရွိရာကိုႏွစ္ဦးသားတက္ေရာက္ခဲ့ၾကပါတယ္ အခန္းထဲေရာက္တဲ့အခါ Naမ်ိဳးႏြယ္အမ်ိဳးသမီးဟာ CEO Leeရဲ႕ ဂန္နမ္မွာအပန္းေျဖစခန္းေဆာက္ဖို႔လ်ာထားတဲ့ေျမကြက္စာခ်ဳပ္ကိုခိုးယူခဲ့တာျဖစ္ၿပီး CEO Leeသိသြားတဲ့အခါမွာ CEO Leeနဲ႕စကားမ်ားခဲ့ၾကပါတယ္ အဲ့ဒီေနာက္မွာ CEO Leeက Naမ်ိဳးႏြယ္ကိုတရားစြဲၿပီး ေထာင္ထဲမွာတသက္လုံးေနေအာင္လုပ္ျပမယ္ေျပာတာေၾကာင့္ Naမ်ိဳးႏြယ္ဟာတုန္လႈပ္ၿပီး CEO Leeေနာက္ေက်ာ‌ေပး‌ေနတုန္း အနီးမွာရွိေနတဲ့အလွဖန္တုံးနဲ႕ေကာက္ထုခဲ့ပါတယ္ ၿပီးတဲ့ေနာက္မွာေတာ့ ေသြးပ်က္စြာနဲ႕ အလွဖန္တုံးကိုအိတ္တစ္ခုထဲထည့္ၿပီး Hotelကေနအမူအရာမပ်က္ျပန္ခဲ့ပါတယ္ ဒါေပမယ့္လည္း လူေပါင္းမ်ားစြာဟာ CEO LeeကNaမ်ိဳးႏြယ္နဲ႕အတူ VVIP-GOLDရွိရာကိုတက္သြားတယ္လို႔ထြက္ဆိုခဲ့တာကတစ္ေၾကာင္း၊ Hotelဝန္ထမ္းေတြက အလွဖန္တုံးေပ်ာက္ေနတယ္လို႔ထြက္ဆိုခဲ့ၾကတာကတစ္ေၾကာင္း၊ မႈခင္းဆရာဝန္ေတြရဲ႕စစ္ေဆးခ်က္အရ တစ္ခုခုနဲ႕အထုခံရၿပီးေသြးထြက္လြန္ၿပီးေသဆုံးခဲ့ရတယ္လို႔ထြက္ဆိုခဲ့တာကတစ္ေၾကာင္း စတဲ့အခ်က္မ်ားေၾကာင့္ ရဲတပ္ဖြဲ႕မွ Naမ်ိဳးႏြယ္ကိုအပူတျပင္းရွာေဖြခဲ့ပါတယ္ ယမန္ေန႕ညမွာေတာ့ ***သေဘၤာဆိပ္မွာ ျပည္ပကိုထြက္ေျပးဖို႔ႀကိဳးစားေနတဲ့ Naမ်ိဳးႏြယ္ကို‌CEO Lee Won Sungရ႕ဲေပ်ာက္ဆုံး‌ေနတ့ဲေ႐ႊတုံး‌ေတြနဲ႕အတူဖမ္းဆီးရရွိခဲ့တာပဲျဖစ္ပါတယ္ လာမယ့္ေသာၾကာေန႕မွာေၾတာ တရား႐ုံးမွာ Naမ်ိဳးႏြယ္ကိုစီရင္ခ်က္ခ်ေတာ့မွာပဲျဖစ္ပါတယ္"

TVမွာလႊင့္ေနတဲ့ သတင္းကိုနားေထာင္ၿပီးတဲ့အခါမွာေတာ့ က်ေနာ့္ေဘးမွာထိုင္ေနတဲ့ Hyunကက်ေနာ့္လက္ကိုဆုပ္ကိုင္လာကာ

"ေတာ္ပါေသးတယ္ Yeolအစားသူသတ္ေပးခဲ့တာ "

"ကိုယ္မသတ္လည္းသူကိုက အဲ့ေန႕မွာေသဖို႔ကံပါတာေနမွာ "

"ေသဖို႔ေန႕ကို ေလာကႀကီးကေမြးကတည္းကသတ္မွတ္ၿပီးသားပဲမလား Yeolရယ္ "

က်ေနာ္တို႔ဘဝႀကီးကို ဂြၽမ္းထိုးေမွာက္ခုံျဖစ္ေအာင္ဖ်က္ဆီးခဲ့တဲ့ တရားခံကေတာ့ေသဆုံးသြားေလၿပီ။

က်ေနာ္တို႔ႏွစ္ေယာက္ရဲ႕ေန႕ရက္ေတြပိုလွပလာဦးမွာပဲ။

~~~My Master~~~

"Hyungနဲ႕ Baekhyun Hyungနဲ႕လက္မထပ္ၾကေသးဘူးလား Baekhyun Hyungေတာင္အသက္ 31ႏွစ္ျပည့္ေမြးေန႕နီးေနၿပီ "

မနက္စာစားရင္း Sehunကေမးလာေလေတာ့ Yeolလည္း

"ေအးေဆးေပါ့ Sehunရာ မင္းနဲ႕Luhanသာအရင္လက္ထပ္ၾကပါလား "

Sehunက Luhanကိုတခ်က္ၾကည့္ၿပီးေနာက္ Yeolကိုရီျပလာကာ
"ေနာက္ကားေက်ာ္မတက္ခ်င္လို႔ေပါ့ Hyungရဲ႕ Hyungတို႔လက္ထပ္ၿပီးမွက်ေနာ္တို႔လက္ထပ္မွာ "

Yeolကရီလိုက္ကာ Sehunကိုစေနာက္သလိုအသံျဖင့္
"ဒါဆိုမင္းတို႔လက္ထပ္လိုက္ရမွာကိုမဟုတ္ဘူး "ဟုေျပာကာ မနက္စာစားၿပီးၿပီမလို႔ ထထြက္သြားသည္။

Yeolကေတာ့ဘာရယ္မဟုတ္ Sehunကိုစၿပီးေျပာလိုက္တာျဖစ္ေပမယ့္ က်ေနာ့္စိတ္ထဲမွာေတာ့ ခိုးလုခုလုျဖစ္သြားရသည္။

မနက္ကိုအိမ္အလုပ္ေတြလုပ္စရာရွိတာလုပ္ ပန္းခ်ီသင္တန္းသြားကာ အိမ္ျပန္ေရာက္ေတာ့ေန႕လယ္စာစားၿပီး ၾကက္သြန္ျဖဴခြာေနသည္။
မ႐ႊင္မလန္းျဖစ္ေနတဲ့က်ေနာ့္ပုံရိပ္ေၾကာင့္ Luhanက

"Baekhyunမင္းမနက္ကတည္းကဘာျဖစ္ေနတာလဲ မ႐ႊင္မလန္းနဲ႕ "

"Yeolကေလငါ့ကိုလက္မထပ္ခ်င္ဘူးလားမသိဘူး "

"ဘာလို႔အဲ့လိုထင္တာလဲ Baekhyunရဲ႕ "

"သူမနက္က Sehunကိုေျပာသြားတာေတြေၾကာင့္ေလ "

"စေနာက္ၿပီးေျပာတာျဖစ္မွာပါ "

က်ေနာ္လည္း ၾကက္သြန္ျဖဴခြာေနတဲ့ ဓားကိုေဆာင့္ႀကီးေအာင့္ႀကီးပစ္ခ်လိဳက္ကာ
"မသိဘူးကြာ ငါငိုခ်င္လာၿပီ "

"အခုဘာလုပ္ခ်င္လဲ "

"မူးေအာင္ေသာက္ပစ္ခ်င္တယ္ "

"ေသာက္ဖို႔ကမေစာလြန္းဘူးလား "

"ေန႕ခင္းေတြ ညခင္းေတြမသိဘူး ငါေသာက္ခ်င္တယ္ "

"ဒါဆိုငါတို႔အလုပ္ၿပီးရင္ အတူတူသြားေသာက္ၾကမယ္ "

အလုပ္ၿပီးတာနဲ႕ ေရမိုးခ်ိဳးၿပီးေတာ့ ညေန 4နာရီရွိေနၿပီ။
KyungSoo Hyungကိုသြားစရာရွိတယ္ဟုေျပာကာ က်ေနာ္နဲ႕ Luhanႏွစ္ေယာက္သားဆိုဂ်ဴဆိုင္ဆီဦးတည္လာၾကသည္။

ဆိုဂ်ဴဆိုင္ေရာက္ေတာ့
"ဆိုဂ်ဴဆယ္ပုလင္းေပးပါဗ် "

"မမ်ားဘူးလား Baekhyun "
Luhanကတားျမစ္သလိုအသံနဲ႕ေျပာလာေတာ့

"ငါမူးေအာင္ေသာက္မွာ ငါ့ကိုမတားနဲ႕ Luhan "
မေက်မနပ္ေရ႐ြတ္လိုက္ကာ ဆိုဂ်ဴကိုခြက္အႀကီးနဲ႕တစ္ခြက္ၿပီးတစ္ခြက္ေမာ့ေနလိုက္သည္။

........................

က်ေနာ္အလုပ္ကျပန္ေရာက္ေတာ့ ခါတိုင္းလို က်ေနာ္တို႔ကိုႀကိဳေနတဲ့ Hyunနဲ႕ Luhanကိုမေတြ႕ရတာေၾကာင့္ Sehunေရာ က်ေနာ္ပါအံ့ဩမိသြားသည္။

"Lu Hyungနဲ႕ Baekhyun Hyung,ဘယ္ေရာက္ေနတာလဲ KyungSoo Hyung "

"4နာရီေလာက္ကေတာ့ အျပင္ထြက္သြားတယ္ေျပာၾကတာပဲ "

"ဘယ္သြားတာပါလိမ့္ ဒီႏွစ္ေယာက္ကေတာ့ "

ထိုအခ်ိန္မွာပဲ က်ေနာ့္ဆီကိုဖုန္းဝင္လာသည္။ ဆက္တဲ့သူက Hyunန႕‌‌ဲ Luhanတို႔ရဲ႕ ဒရိုင္ဘာ။

"Yeoboseyo သခင္ေလး "

"Hyunတို႔ဘယ္မွာလဲသိလား "

"အခု အကိုေလး Baekhyunနဲ႕ အကိုေလး Luhanကဆိုဂ်ဴဆိုင္မွာေသာက္ေနၾကတာပါ "

"ဆိုဂ်ဴဆိုင္?? "
က်ေနာ့္စကားေၾကာင့္ Sehunကမ်က္ခုံးပင့္သြားရသည္။

"ဟုတ္ပါတယ္ 4နာရီက်ေနာ္ကတည္းကေသာက္ေနၾကတာပါ"

"ဘယ္နားကဆိုင္လဲ ငါတို႔လာခဲ့မယ္"

"******ကဆိုင္ပါ "

"ဟုတ္ၿပီ ငါတို႔အခုလာခဲ့မယ္ "

ဖုန္းခ်ၿပီးေနာက္ က်ေနာ္နဲ႕ Sehun အဝတ္ပင္မလဲေတာ့ဘဲ Hyunတို႔ကိုေခၚရန္သြားရေတာ့မည္။

"ငါတို႔လိုက္ပို႔မယ္ေလ Chanyeol "

ဒီလိုနဲ႕ Jonginတို႔စုံတြဲရယ္၊ က်ေနာ္တို႔ညီအကိုေတြရယ္ ဆိုဂ်ဴဆိုင္ကိုေရာက္လာသည္။ ေရာက္တာနဲ႕ ကားေပၚကဆင္းကာ ဆိုင္ထဲဝင္မိေတာ့ Hyunတို႔ကိုသိပ္မရွာလိုက္ရ။
ေရွ႕မွာပုလင္းေတြဆိုတာလည္းမနည္းမေနာ။ ခြက္နဲ႕တင္အားမရလို႔ ႏွစ္ေယာက္သားပုလင္းလိုက္ေမာ့ေနပ်သည္။
က်ေနာ္နဲ႕ Sehunလည္းသူတို႔နားသြားလိုက္ကာ

"Hyunအိမ္ျပန္ၾကစို႔ေလ မ်ားေနၿပီ "

Sehunကလည္း
"Lu Hyungျပန္ရေအာင္ ေတာ္ေတာ္မူးေနၿပီမလား "

Luhanကက်ေနာ့္ကိုေမာ့ၾကည့္လာကာ မတ္တပ္ရပ္ၿပီး က်ေနာ့္လည္ပင္းက အကၤ်ီစကိုဆြဲကာ
" ဒါဘယ္သူပါလိမ့္ ငါသူငယ္ခ်င္းကိုစိတ္ညစ္ေအာင္လုပ္တဲ့ ေကာင္မလား"

က်ေနာ္ေရာ Sehunပါဆြံ႕အသြားရသည္။

Hyunကလည္း
"ဟုတ္ပါ့ မေကာင္းတဲ့ေကာင္ ငါ့ခ်စ္သူေလ "

ဆိုင္ထဲကလူမ်ားကလည္းက်ေနာ္တို႔ကိုၾကည့္လာတာေၾကာင့္ ရွက္သြားရကာ
"Sehunသူတို႔ကိုျမန္ျမန္သယ္သြားရေအာင္"ဟုေျပာလိုက္ရသည္။

Sehunကလည္း Luhanကိုမနည္းဆြဲကာဆိုင္ျပင္ထုတ္သြားသည္။ Jonginနဲ႕ KyungSoo Hyungကဆိုဂ်ဴဖိုးေတြရွင္းေပးသည္။

က်ေနာ္လည္း Hyunကိုဆြဲလိုက္ေတာ့
"ကယ္ၾကပါ!!! က်ေနာ့္ကိုျပန္ေပးဆြဲေနတယ္!!! "ဟုေအာ္လာသည္။

က်ေနာ္လည္းဆိုင္ထဲကလူေတြကိုရီျပကာ
"က်ေနာ့္ေကာင္ေလးပါ က်ေနာ့္ကိုစိတ္ဆိုးေနလို႔ပါ " ဟုေျပာကာ ဆိုင္ထဲကျမန္ျမန္ဆြဲေခၚလာရသည္။

Sehunနဲ႕ Luhanက Jonginတို႔ကားနဲ႕ျပန္ၿပီး က်ေနာ္တို႔ကဒရိုက္ဘာကားနဲ႕ျပန္လာသည္။ ကားေပၚမွာေတာ့ Hyunက
" Park Chanyeolလူဆိုးေကာင္ မေကာင္းတဲ့ေကာင္"ဟုသာ က်ေနာ့္ပခုံးေပၚမွီၿပီး တြင္တြင္ေရ႐ြတ္ေနသည္။

က်ေနာ္သူ႕အေပၚဘာအမွားလုပ္မိမွန္းတကယ္စဥ္းစားမရပါ။ က်ေနာ္ဘာမွားသြားပါလိမ့္။

အိမ္ျပန္ေရာက္ေတာ့ Hyunကိုမၿပီး ဧည့္ခန္းထဲအရင္ေခၚလာသည္။ Sehunကလည္း Luhanကိုေက်ာပိုးလ်က္ က်ေနာ္တို႔ေနာက္မွဝင္လာသည္။

"Park Chanyeol!!! " Luhanက Sehunေက်ာေပၚကခုန္ဆင္းကာ က်ေနာ့္ကိုလက္ညွိုးထိုးလ်က္ေအာ္ေငါက္လာသည္။

"မင္းတကယ္မေကာင္းတဲ့ေကာင္ " လူကယိုင္တိယိုင္နဲ႕ျဖစ္ေနတာေၾကာင့္ Sehunကထိန္းေပးထားရသည္။

"Lu Hyung အိပ္ရေအာင္ေလ မူးေနတယ္ေလ "
Sehunကေခ်ာ့ေမာ့ေျပာေနေပမယ့္ Luhanကအဖတ္မလုပ္။ က်ေနာ့္ကိုသာလက္ညွိုးထိုးလ်က္

"မင္းကငါ့သူငယ္ခ်င္းကို စားၿပီးနားမလည္ ဝါးၿပီးေထြးထုတ္ ၿမိဳခ်ၿပီးျပန္အန္လုပ္တယ္ေပါ့ "

"Lu Hyungအေပၚတက္ရေအာင္ေလ "

"ရတယ္ Sehunသူဆက္ေျပာပါေစ " က်ေနာ္လည္း Sehunကိုတားလိုက္ကာ Luhanကိုဆက္ေျပာေစသည္။

"မင္းကငါ့သူငယ္ခ်င္းကိုအေပ်ာ္ႀကံတာလား လက္ထပ္ဖို႔စိတ္ကူးမရွိဘူးေပါ့ "

"Hyunကအဲ့ဒါေၾကာင့္ငါ့ကိုစိတ္ဆိုးေနတာလား Luhan "

"ဟုတ္တယ္ မင္းမနက္ကထမင္းဝိုင္းမွာ Sehunကိုေျပာသြားတဲ့စကားေတြကိုပဲျပန္စဥ္းစားၾကည့္ေလ "

က်ေနာ္လည္းျပန္စဥ္းစားၾကည့္ေတာ့ Sehunကိုမနက္ကစေနာက္ေျပာခဲ့တာေတြကိုသတိရသြားသည္။
Hyunကအဲ့ဒါေၾကာင့္ ဒီလိုျဖစ္သြားတာလား။

ကိုယ္ေတာင္းပန္ပါတယ္ Hyunရယ္။ ကိုယ္ဒီတိုင္း Sehunကိုစေနာက္ၿပီးေျပာလိုက္တာေလးက Hyunကိုနာက်င္ေစဖို႔မရည္႐ြယ္ခဲ့ပါဘူး။

"မင္းကလူဆိုးေကာင္ပဲ Park Chanyeol!!! " Luhanကေျပာၿပီး Sehunကိုမွီလ်က္အိပ္ေပ်ာ္သြားသည္။

က်ေနာ္လည္းက်ေနာ့္လက္ထဲက ခ်စ္ရသူအမူးသမားေလးကိုၾကည့္ေတာ့ သူကအိပ္ေပ်ာ္ေနၿပီ။

"Luhanကေသာက္ၿပီး ေနာက္ရက္မွတ္မိတဲ့ထဲပါလား "

"မပါဘူး Chanyeol ဘာတစ္ခုမွမမွတ္မိဘူး "
KyungSoo Hyungကေျဖလာတာေၾကာင့္

"Hyungတို႔ေရာ အေဒၚႀကီးတို႔အားလုံးေရာ ႏႈတ္လုံၾကပါေစ ဘာတစ္ခုမွမနက္ေရာက္ရင္ျပန္မေျပာၾကပါနဲ႕ "
အိမ္အကူေတြနဲ႕ KyungSoo Hyungတို႔ကို ဘာမွမေျပာရန္ေတာင္းဆိုၿပီး Hyunကိုေပြ႕ခ်ီကာ အေပၚထပ္က်ေနာ့္အခန္းကိုတက္လာခဲ့သည္။

က်ေနာ့္အခန္းကိုေရာက္ေတာ့ Hyunကိုခုတင္ေပၚခ်ေပးကာ သူ႕မ်က္ႏွာေလးကိုတစိမ့္စိမ့္ၾကည့္ေနမိသည္။

"ကိုယ္မင္းကိုအရမ္းလက္ထပ္ခ်င္တာေပါ့ Hyunရယ္ "
ခ်စ္ရသူနဲ႕နဖူးထက္ကဆံစေလးေတြကိုပြတ္သပ္ၿပီး အနမ္းေႁခြလိုက္တာကို အိပ္ေမာက်ေနတဲ့ အမူးသမားက်ေနာ့္ေကာင္‌ေလးကေတာ့သိမည္မဟုတ္ပါ။

........................

5လပိုင္း 6ရက္ေန႕။
တနည္းအားျဖင့္ က်ေနာ့္ရဲ႕ 31ႏွစ္ေျမာက္ေမြးေန႕။

ညေရာက္လို႔ေမြးေန႕ပြဲက်င္းပေတာ့မွာျဖစ္ေပမယ့္လည္း Yeolကေတာ့ဘယ္ထြက္သြားမွန္းမသိ။
တစ္နာရီနီးပါးထြက္သြားၿပီးမွ အိမ္ျပန္ေရာက္လာတာမလို႔ မ်က္ေစာင္းထိုးေပးလိုက္ေတာ့

"လမ္းေတြပိတ္ေနလို႔ပါ အခ်စ္ေလးHyunရဲ႕ " ဟုေျပာၿပီးပါးကိုနမ္းလာသည္။

လူလည္းစုံၿပီမလို႔ ေမြးေန႕ပြဲကိုစတင္လိုက္ၿပီ။

🎶🎶생일 축하합니다
생일 축하합니다
사랑하는 백현이
생일 축하합니다 🎶🎶

ေမြးေန႕သီခ်င္းၿပီးတာနဲ႕ က်ေနာ္လည္း အဝါေရာင္ကိတ္မုန႔္ေလးေပၚကဖေယာင္းတိုင္ေတြကိုမႈတ္လိုက္ေတာ့ လက္ခုပ္သံေတြ တေျဖာင္းေျဖာင္းထြက္လာသည္။

ေမြးေန႕ကိတ္ကိုခြဲၿပီး ခ်စ္ရသူYeolကိုအရင္ခြံ႕လိုက္သည္။ ၿပီးေတာ့ အခ်စ္ရဆုံးသူငယ္ခ်င္း Luhan။ ေနာက္ေတာ့ Sehun ၊KyungSoo Hyungနဲ႕ Jongin။

ေမြးေန႕ကိတ္ခြံ႕ၿပီးေတာ့ က်ေနာ့္ကိုေမြးေန႕လက္ေဆာင္ေတြေပးလာၾကသည္။

"ဒီမွာမင္းအတြက္ ျပင္သစ္ကမွာေပးထားတဲ့ စုတ္တံ ဒါကငါတို႔အတြဲေပးတာ"
Luhanကက်ေနာ့္ကို ေ႐ႊေရာင္ဘူးတစ္ခုကိုလွမ္းေပးလာေတာ့ က်ေနာ္လည္းဘူးဖြင့္လိုက္သည္။
ဘူးထဲမွာ ေတာ္ေတာ္ပင္သားနားေနတဲ့ စုတ္တံတစ္ေခ်ာင္းရွိေနသည္။ အရည္အေသြးကေတာ့ လုံးဝမိုက္ေနမွာ အမွန္။

"ေက်းဇူးပဲ ငါအရမ္းႀကိဳက္တယ္ Luhanနဲ႕ Sehun "

"ငါတို႔ကမင္းအတြက္ အီတလကေန Drawing boardမွာေပးထားတယ္ "
စားပြဲေဘးနား Drawing boardခ်ၿပီး KyungSoo Hyungကက်ေနာ့္ကိုေျပာလာေလသည္။

"ေက်းဇူးပါ Hyungတို႔ "

"Chanyeol မင္းကေရာဘာေပးမွာလဲ "

က်ေနာ့္ေဘးနားရပ္ေနတဲ့ Yeolကို Jonginကလွမ္းေမးေတာ့ Yeolကၿပဳံးျပကာ
"ျပင္ဆင္ၿပီးသားပါကြာ " ဟုေျပာၿပီး သူ႕ေဘာင္းဘီအိတ္ထဲကိုလက္ထည့္လိုက္သည္။

လက္ကိုျပန္ထုတ္လိုက္ေတာ့ လက္ထဲပါလာသည္က ေလးေထာင့္ဘူးေလး။

ဘုရားေရ။ က်ေနာ့္ရင္ထဲထိတ္ခနဲျဖစ္သြားရသည္။ မဟုတ္မွ မဟုတ္မွ Yeolက~~~။

Yeolကက်ေနာ့္ေရွ႕ဒူးေထာက္ထိုင္လိုက္ကာ က်ေနာ္မ်က္ႏွာကို႐ႊန္း႐ႊန္းစားစားၾကည့္ၿပီး ဘူးေလးကိုဖြင့္လိုက္သည္။

"ကိုယ္အၿမဲစဥ္းစားေနခဲ့တယ္ ကိုယ္ကHyunအတြက္ခင္ပြန္းေကာင္းတစ္ေယာက္ျဖစ္လာနိုင္ပါ့မလားဆိုတာစဥ္းစားၿပီး ကိုယ္Hyunကိုလက္ထပ္ဖို႔တြန႔္ဆုတ္ေနခဲ့မိတယ္ ကိုယ့္ေၾကာင့္Hyunနာက်င္ခဲ့တာေတြမ်ားလို႔ ကိုယ္ေၾကာက္ေနမိခ့‌ဲတာလည္းပါတယ္ "

ပတ္ဝန္းက်င္က အပ္က်သံပင္ၾကားရေလာက္ေအာင္တိတ္ဆိတ္ေနၿပီး က်ေနာ္လည္းေတာင့္ေတာင့္ႀကီးရပ္ေနမိသည္။

"ဒါေပမယ့္ေနာက္ဆုံးေတာ့ ကိုယ္အတန္တန္စဥ္းစားၿပီးဆုံးျဖတ္ခ်က္ခ်နိဳင္ခဲ့ၿပီ ကိုယ္တို႔ရဲ႕ Parkမ်ိဳးႏြယ္အမည္နာမဟာ Hyunမ်ိဳးႏြယ္ျဖစ္လာေစခ်င္တယ္ အိမ္ေထာင္ဆိုတဲ့ေထာင္ထဲမွာ ကိုယ္ဟာ Hyun အခ်စ္ေတြနဲ႕တစ္ဘဝလုံးခ်ဳပ္ေႏွာင္တာခံခ်င္ၿပီး ကိုယ္ဟာHyunရဲ႕အိမ္ေထာင္ဦးစီးျဖစ္ခ်င္တယ္ ကိုယ္တို႔အခုအခ်ိန္မွာလည္းနီးစပ္ေနရၿပီဆိုေပမယ့္ တစ္ဘဝလုံး ကိုယ္ဟာ Hyunအပိုင္ Hyunကလည္းကိုယ့္အပိုင္ တရားဝင္ျဖစ္လာခ်င္တယ္ "

က်ေနာ့္ရင္ထဲၾကည္ႏူးမႈအဟုန္က ျပင္းထန္လာတာေၾကာင့္ ၾကည္ႏူးမ်က္ရည္မ်ားက်ခ်င္လာသည္။

"Hyunရဲ႕ ဒီေန႕ေမြးေန႕မွာေတာ့ Hyunအတြက္ေမြးေန႕လက္ေဆာင္အျဖစ္ Park Chanyeolဆိုတဲ့ကိုယ့္ကိုယ္ကို ေမြးေန႕လက္ေဆာင္ေပးခ်င္ပါတယ္ Hyun "

"Hyunကသာ ကိုယ့္ဘဝနဲ႕ စိတ္ဝိဉာဏ္ကို လႊမ္းမိုးခ်ဳပ္ကိုင္နိုင္တ့ဲသူျဖစ္ေနတာမလို႔ ကိုယ့္ကိုအပိုင္သိမ္းၿပီးHyunရ႕ဲေလာင္းရိပ္ေအာက္ကိုယ့္ကိုနစ္မြန္းခြင့္ျပဳပါ ကိုယ့္ကိုလက္ထပ္ေပးနိုင္မလား Hyun"

ႏူးႏူးညံ့ညံ့နဲ႕ ခ်စ္ခြင့္စကားေတြဆိုၿပီးေနာက္မွာေတာ့ က်ေနာ့္ႏွလုံးသားထဲမွ ခ်စ္‌ေမတၱာ၊ ျမတ္နိုးမႈ၊ၾကည္ႏူးမႈ၊ ေႏြးေထြးမႈ စတဲ့ အရာေတြက ႏွလုံးသားနဲ႕မဆန့္ဘဲလွ်ံထြက္က်လာကာ မ်က္ဝန္းမွထိန္းမရစြာ မ်က္ရည္မ်ားက ဆည္က်ိဳးသလိုစီးက်လာခဲ့သည္။

"Hyunကဒီလိုႀကီးငိုေနေတာ့ လက္မထပ္ခ်င္တာလား "
ဒူးေထာက္ေနရက္မွ က်ေနာ့္ကိုၿပဳံးၿပီးေျပာလာတဲ့ Yeolကို

"လက္ထပ္ခ်င္တာေပါ့ Yeolရယ္ လက္ထပ္မွာ လက္ထပ္ၿပီး Yeolကိုတစ္ဘဝလုံးအပိုင္သိမ္းပစ္မွာ "
မ်က္ရည္ေတြစီးက်လ်က္ကပဲ ဒီစကားေတြဆိုၿပီး Yeolကိုထူေပးလိုက္သည္။

က်ေနာ့္မ်က္ရည္‌ေတြကိုYeolကသူ႕လက္မန႕ဲညင္သာစြာသုတ္‌ေပးၿပီး က်ေနာ့္လက္ကိုဖြဖြေလးကိုင္လာကာ လက္သူႂကြယ္မွာလက္စြပ္စြပ္ေပးဖို႔ျပင္သည္။

"ဒီလက္စြပ္ေလးအတြင္းမွာ Yeol's Hyunလို႔ထြင္းထားတယ္ ဒီလက္စြပ္ေလးကိုမွတ္မိတယ္မလား Hyun "

"သိပ္မွတ္မိတာေပါ့ Yeolရယ္ "
စိန္တစ္ပြင့္သာပါတဲ့ ဒီရိုးရိုးရွင္းရွင္းေျဗာင္လက္စြပ္ေလးဟာ ဟိုတခ်ိန္က က်ေနာ္စိတ္ကူးယဥ္ခဲ့ရတဲ့လက္စြပ္ေလး။

က်ေနာ့္ကိုလက္စြပ္စြပ္ေပးၿပီးေနာက္
"ကိုယ့္ကိုလည္းစြပ္ေပး Hyun "

က်ေနာ္လည္းဘူးထဲမွာ က်န္ေနတဲ့ လက္စြပ္ဆိုဒ္အႀကီးကိုယူလိုက္သည္။

"ဒီလက္စြပ္မွာက Hyun's Yeolလို႔ထြင္းထားတယ္ Hyun "

က်ေနာ့္ပါးျပင္ေပၚမ်က္ရည္ေတြကထပ္မံစီးက်လာျပန္သည္။

"Hyunစြပ္ေပးတာ လက္ခလယ္ျဖစ္ေနတယ္ "

"ေဆာရီး မ်က္ရည္ေတြနဲ႕မျမင္ရလို႔ Yeolရဲ႕ "

လက္စြပ္စြပ္ေပးၿပီးတာနဲ႕ က်ေနာ့္ကို Yeolကလွမ္းဆြဲၿပီး ရင္ခြင္ထဲေပြ႕ဖက္လိုက္သည္။

က်ေနာ္လည္း က်ယ္ျပန႔္ေႏြးေထြးလွတဲ့Yeolရင္ခြင္မွာမ်က္ႏွာအပ္ရင္း အသံတိတ္မ်က္ရည္ေတြကစီးက်ေနဆဲျဖစ္သည္။

က်ေနာ္စိတ္ကူးယဥ္ခဲ့ရတဲ့ ေန႕ရက္ေလးဟာတကယ္ျဖစ္လာခဲ့ၿပီပဲ။

............To be continued............

(29.3.2022 Tue)

ဖတ္ေပးတဲ့သူတိုင္းကိုေက်းဇူးမ်ားႀကီးပါဗ်ာ💍💍

Continue Reading

You'll Also Like

333K 21.2K 85
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
175K 10.6K 69
* ChanSoo * Yaoi Married Life ေတြပဲေရးရတာ အားသန္တာေတာ့ အဆန္းသား ဟီးး ရႈပ္ရႈပ္ေထြးေထြး ဇာတ္လမ္းေတြ ထက္ ရိုးရိုးရွင္းရွင္းေလးေတြလည္း ေကာင္းပါတယ္ ... �...
550K 57.8K 80
[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]...
48.1K 4K 27
(Unicode).....Zawgyi.. ရပြီ Yoel"koreaနိုင်ငံရဲ့တတိယအချမ်းသာဆုံးစာရင်း ဝင်mamaကုမ္မဏီဥက္ကဌကြီးMr.Parkရဲ့ တစ်ဦးတည်းသောသားအမွေဆက်ခံသူ Park...