Copper Coins《铜钱龛世》

By OSH-love

214K 38.1K 2.8K

Novel : tongqiankanshi(铜钱龛世) Author : Mu Su Li 木苏里 English translator : jiaqikangjiaqi Chapters : 102+extra တ... More

နိဒါန်း
အခန်း ၁(စက္ကူလူသား ၁)
အခန်း ၂[စက္ကူလူသား ၂]
အခန်း ၃[စက္ကူလူသား ၃]
အခန်း ၄[စက္ကူလူသား ၄]
အခန်း ၅[ရွှေချောင်းများ ၁]
အခန်း ၆[ရွှေချောင်းများ ၂]
အခန်း ၇[ရွှေချောင်းများ ၃]
အခန်း ၈[ရွှေချောင်းများ ၄]
အခန်း ၉[ရွှေချောင်းများ ၅]
အခန်း ၁၀[ကျိတ်ဆုံအလွတ် ၁]
အခန်း ၁၁[ကျိတ်ဆုံအလွတ် ၂]
အခန်း ၁၂[ကျိတ်ဆုံအလွတ် ၃]
အခန်း ၁၃[ကျိတ်ဆုံအလွတ် ၄]
အခန်း ၁၄[ကျိတ်ဆုံအလွတ် ၅]
အခန်း ၁၅[သမားတော်သုံးငွေခေါင်းလောင်း ၁]
အခန်း ၁၆[သမားတော်သုံးငွေခေါင်းလောင်း ၂]
အခန်း ၁၇[သမားတော်သုံးငွေခေါင်းလောင်း ၃]
အခန်း ၁၈[မျက်မမြင်ဟူးရား ၁]
အခန်း ၁၉[မျက်မမြင်ဟူးရား ၂]
အခန်း ၂၀[မျက်မမြင်ဟူးရား ၃]
အခန်း ၂၁[မျက်မမြင်ဟူးရား ၄]
အခန်း ၂၂[မျက်မမြင်ဟူးရား ၅]
အခန်း ၂၃.၁[မျက်မမြင်ဟူးရား ၆]
အခန်း ၂၃.၂[မျက်မမြင်ဟူးရား ၆]
အခန်း ၂၄[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၁]
အခန်း ၂၅[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၂]
အခန်း ၂၆[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၃]
အခန်း ၂၇[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၄]
အခန်း ၂၈[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၅]
အခန်း ၂၉[ထွင်းထုထားသောသော့ခလောက် ၁]
အခန်း ၃၀[ထွင်းထုထားသောသော့ခလောက် ၂]
အခန်း ၃၁[ထွင်းထုထားသောသော့ခလောက် ၃]
အခန်း ၃၂[ထွင်းထုထားသောသော့ခလောက် ၄]
အခန်း ၃၃[ကျောက်တုံးကျန်း ၁]
အခန်း ၃၄[ကျောက်တုံးကျန်း ၂]
အခန်း ၃၅[ကျောက်တုံးကျန်း ၃]
အခန်း ၃၆[ဇာတ်သဘင်အဖွဲ့ ၁]
အခန်း ၃၇[ဇာတ်သဘင်အဖွဲ့ ၂]
အခန်း ၃၈[ဇာတ်သဘင်အဖွဲ့ ၃]
အခန်း ၃၉(ဇာတ်သဘင်အဖွဲ့ ၄)
အခန်း ၄၀(စားပွဲထိုး ၁)
အခန်း ၄၁(စားပွဲထိုး ၂)
အခန်း ၄၂(စားပွဲထိုး ၃)
အခန်း ၄၃(ကပ်ဆိုက်သောဒေသ ၁)
အခန်း ၄၄(ကပ်ဆိုက်သောဒေသ ၂)
အခန်း ၄၅(ကပ်ဆိုက်သောဒေသ ၃)
အခန်း ၄၆(​တာ့ရှန်းရမ် ၁)
အခန်း ၄၇(တာ့ရှန်းရမ် ၂)
အခန်း ၄၈(တာ့ရှန်းရမ် ၃)
အခန်း ၄၉(တာ့ရှန်းရမ် ၄)
အခန်း ၅၀(လေဟုန်စီးခြင်းအစီအရင် ၁)
အခန်း ၅၁(လေဟုန်စီးခြင်းအစီအရင် ၂)
အခန်း ၅၂(လေဟုန်စီးခြင်းအစီအရင် ၃)
အခန်း ၅၃(လေဟုန်စီးခြင်းအစီအရင် ၄)
အခန်း ၅၄(ရှေးဗုံသံ ၁)
အခန်း ၅၅(ရှေးဗုံသံ ၂)
အခန်း ၅၆(အရိုးချည်မျှင် ၁)
အခန်း ၅၈(အရိုးချည်မျှင် ၃)
အခန်း ၅၉(အရိုးချည်မျှင် ၄)
အခန်း ၆၀(အရိုးချည်မျှင် ၅)
အခန်း ၆၁(ထုန်ရှုန်းပင့်ကူ ၁)

အခန်း ၅၇(အရိုးချည်မျှင် ၂)

1.9K 429 47
By OSH-love

Unicode


မှိတ်တစ်ဝက်ပွင့်တစ်ဝက် ရွှမ်းမင်မျက်ဝန်းအိမ်၌ မီးအိမ်၏မှိန်ပျပျအလင်းရောင် ထင်ဟပ်လို့နေပြီး မည်သည်ကို အကြည့်ရောက်နေသလဲ ရွှဲရှန်မဆိုနိုင်။ အထိတ်တလန့်ဖြစ်သွားသော ရွှဲရှန်မျက်ဝန်းတွေ၌ပဲလား ချွေးများသီးနေသော ရွှဲရှန်နှာထိပ်ဖျား၌ပဲလား ဒါမှမဟုတ် အောက်ပိုင်း....။

မမြင်ရသော ကန့်လန့်ကာသည် နှစ်ဦးကိုပတ်၍ ကာရံထားသည့်နှယ်။ ဤလောက၌ ရှိရှိသမျှ အသံများက တိုးဝင်ပျောက်ကွယ်ကုန်ပြီး နှစ်ဦးသား၏ အသက်ရှုရှိုက်သံသာ ကျန်ရစ်နေခဲ့သည်။ ကျယ်ဝန်းသောအခန်းကပင် လှုပ်ရှား၍မရလောက်အောင် ကျဥ်းကျပ်နေသည်အထိ ကျုံ့သွားသည့်အလား။
   
ရွှဲရှန်ကိုင်ထားဆဲ ရွှမ်းမင်လက်မှာ ရုတ်တရက် လှုပ်ရှားသွား၏။ ရွှမ်းမင်သည် သူ့လက်ကိုရုန်းလိုက်ကာ ရွှဲရှန်လက်ချောင်းများကို အပေါ်မှအုပ်၍ ပြန်လည်ဆုပ်ကိုင်လိုက်၏။ ထူးဆန်းစွာ လောင်မြိုက်နေသော အပူရှိန်ကြောင့်လည်း ဖြစ်နိုင်သည်။ ခွန်အားကို ထိန်းနိုင်စွမ်းမရှိပဲ ရွှဲရှန်ကို ဆုပ်ကိုင်ထားသည်မှာ အလွန်အမင်းတင်းကျပ်လို့နေ၏။

ရွှဲရှန်ခေါင်းထဲ၌ တဖြည်းဖြည်း ကြည်လင်လို့လာသည်။ ရွှမ်းမင်တစ်ကိုယ်လုံး၌ ချွေးစေးများထွက်နေသည်ကို သတိထားမိသွားသည်။ ရွှမ်းမင်လက်မှာလည်း ချွေးများရွှဲလို့နေပြီး ရွှဲရှန်လက်ကို ဆုပ်ကိုင်လိုက်ချိန်၌ လက်ချောင်းများအချင်းချင်း သွယ်ယှက်လို့သွားသည်မို့ လက်ချောင်းများအကြား အရေပြားက အချင်းချင်း ပွတ်တိုက်လို့နေသည်။ လက်ရှိခံစားချက်မှာ တရင်းတနှီးရှိရုံသာမရ နှစ်သက်မြတ်နိုး ထိုအထက်ပိုပြီး တစ်ဦးကိုတစ်ဦး ပုံအပ်ထားသည်လို့တောင် ဆိုလို့ရနေပြီ။

ရွှမ်းမင်သည် မိန်းမောစွာ မျက်လုံးများကို ပြန်မှိတ်ပြီး တဖန်ပြန်ဖွင့်ကြည့်သောအခါ ချွေးများက နဖူးထက်ကနေ မေးထိတိုင် လိမ့်ဆင်းလာ၏။ ထိုမှတဆင့် မော့၍နေသော ရွှဲရှန်မေးဖျားဆီသို့ လိမ့်ကျလာပြီး လည်ပင်းတစ်လျှောက်ကနေ အောက်သို့ ဝင်ရောက်သွားသည်။

ရွှဲရှန် အသက်ရှူသံများ ရုတ်ချည်းမြန်ဆန်လာသောအခါ တစ်စုံတစ်ရာက ခေါင်းထဲဖြတ်ပြေးသွား၏။

ခြံဝန်းအပြင်ဘက် လမ်းဆီမှ ကြောင်အော်သံသည် ညယံ၌ ပဲ့တင်ထက်လာပြီး မသိလျှင် ကုတင်ဘေးနားကပ်၍ အော်သည့်အလား ကျယ်လောင်လို့နေ၏။

ထိုကြောင်အော်သံသည် ရွှမ်းမင်ကိုလည်း နိုးကြားသွားစေပုံရ၏။ လက်ကို ဖျတ်ကနဲ ပြန်ယူပြီး မျက်လုံးပြန်မှိတ်သွား၏။

ရွှဲရှန်မှာလည်း အသိပြန်ဝင်လာတာနှင့်အတူ သူ့လက်ကို ပြန်ရုတ်လိုက်ပြီး ပျဥ်ပြားနှယ် တောင့်တင်းလျက် ထိုင်နေတော့သည်။ ပြီးလျှင် ကုလားထိုင်ကို နောက်သို့ပြန်ဆွဲ၏။ ရွှမ်းမင်သည် နဂိုထိုင်လျက် အနေအထားနှင့် မျက်လုံးများ ပြန်မှိတ်ထားပြီး ရွှဲရှန်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသောလက်မှာ မူလအတိုင်း ဒူးထက်တင်လျက် ရှိနေသည်ကို ရွှဲရှန်တွေ့သွားသည်။

အချိန်တစ်ခုကြာသောအခါ ရွှမ်းမင်မျက်လုံးများ ပြန်ပွင့်လာသည်။ ရွှဲရှန်ကို တည်ငြိမ်စွာကြည့်ကာ

"ဝေးဝေးမှာနေ"

သူ့လေသံမှာ နဂိုအတိုင်း တည်ငြိမ်နေပေမယ့် အက်ရှရှအသံက ရောစွတ်လို့နေသည်။

နောက်သို့ အတန်ငယ်ပြန်ဆုတ်ထားနှင့်ပြီဖြစ်သော ရွှဲရှန်၏ မနည်းထိန်းချုပ်ထားခဲ့သော နှလုံးခုန်သံများက တဖန်မြန်ဆန်လို့လာပုံရသည်။ ပေါက်ကွဲတော့မတတ် ဝရုန်းသုန်းကားနိုင်လှသော ရင်ခုန်သံများသည် ဗုံသံများအလား နားထက်ပြည့်လျှံလို့နေရာ ရွှမ်းမင်ဘာပြောမှန်း မကြားလိုက်ရ။

"ဟမ်?"

လွန်စွာနီးကပ်ခဲ့ရာမှ ထူးဆန်းလှသော ခံစားချက်ကနေ ပြန်မကောင်းသေးသော ရွှဲရှန်အသံက နှာသံပေါက်နေပြီး နူးညံ့လို့လည်းနေ၏။

ရွှမ်းမင်သည် တဒင်္ဂမျှ တိတ်ဆိတ်သွားပြီးမှ

"ဘာမှမဟုတ်ဘူး"

တဖြည်းဖြည်းနှင့် နှလုံးခုန်သံများ ပုံမှန်ပြန်ဖြစ်သွားတော့မှသာ ရွှဲရှန်သက်ပြင်းချနိုင်တော့သည်။ ရွှမ်းမင် အားထည့်လျက် ဆုပ်ကိုင်ခဲ့သောလက်မှာ ထုံထိုင်းလို့နေခြင်းက အစောလျင်က ဖြစ်ခဲ့သည်များကို သတိပေးလို့နေသည်။ ရွှဲရှန် လက်ချောင်းများအား အကြောလျော့လိုက်ပြီး စားပွဲဆီသို့ ကုလားထိုင်ကို တွန်းသွားကာ ရွှမ်းမင်ကို ကျောပေးလိုက်သည်။ ရင်ထဲ အပြည့်နေရာယူထားသော ထူးဆန်းလှသည့် ခံစားချက်ကို မေ့မေ့လျော့လျော့ဖြစ်စေရန် မီးအိမ်ကို လောင်စာထည့်လိုက်သည်။

မီးစာရွေ့လိုက်သည်နှင့် ဟုန်းကနဲမီးထတောက်ပြီး တစ်ခန်းလုံးလင်းထိန်သွား၏။ ကုလားထိုင်ကို ရွှဲရှန်ပြန်လှည့်လိုက်ပြီး အလင်းရောင်အောက်ကနေ ရွှမ်းမင်ကို တစ်ချက်ခိုးကြည့်လိုက်သည်။

ရွှမ်းမင်ခန္ဓာကိုယ်ထက်က အဖြူရောင်ဝတ်ရုံပါးသည် ချွေးများရွှဲလို့နေသောကြောင့် လက်မောင်းနှင့်ပုခုံးတစ်လျှောက် ကြွက်သားများ၏ ကောက်ကြောင်းကို ရေးရေးမြင်နေရသည်။ အစောလျင်တုန်းက ခံစားချက်သည် တည်ငြိမ်သွားပြီဟု ရွှဲရှန်ထင်ခဲ့ပေမယ့် လက်ရှိမြင်နေရသော ရွှမ်းမင်အသွင်က ပိုလို့တောင်ဆိုးရွားသွားစေ၏။

ချွေးများရွှဲနေသော ရွှမ်းမင်အသွင်ကိုကြည့်ရင်း အပူဓာတ်လောင်မြိုက်နေသော ရွှမ်းမင်အဖြစ်ကို အမှတ်ရသွားပြီး ရွှဲရှန်စိတ်ထဲ ဂရုဏာမိုးပြေးက ရောက်ရှိလို့လာသည်။

"ဆေးကြောလို့ရအောင်ရေသွားယူပေးရမလား?"

ဖုန်တစ်စက်တင်တာတောင် မကြိုက်သော ရွှမ်းမင်အကြောင်းကိုသိ၍ ဤမျှလောက်ချွေးများနှင့် အဆင်မပြေဖြစ်နေမည်ကို ရွှဲရှန်သိသည်။ ဤသည်ကိုသာ ရွှဲရှန်တွေးတောမိတာဖြစ်ပြီး အသေးစိတ်တော့ သူ့ခေါင်းထဲမရှိ။ ဆေးကြောရန် အဝတ်ချွတ်ဖို့လိုအပ်ပြီး ဤအခန်းထဲ ရွှမ်းမင်တစ်ဦးတည်း မဟုတ်တာကိုလည်း သူမတွေးမိ။

မေးပြီးတော့မှသာ စဥ်းစားမိသွားပြီး ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းချင်နေတော့သည်။

ရွှမ်းမင်မှာ ထိုင်နေဆဲဖြစ်ပြီး ရွှဲရှန်အမေးကို စဥ်းစားချင့်ချိန်ကြည့်နေပုံရသည်။ မျက်လုံးများဖွင့်လာပြီး ရွှဲရှန်ကိုကြည့်သည်။ ပြီးလျှင် ပြန်မှိတ်သွားပြီး

"မလိုဘူး..ငါနဲ့ဝေးရာမှာသာထိုင်နေ"

"ငါ့ကိုဒီလောက်တောင်စိတ်အနှောင့်အယှက်ဖြစ်နေတာလား?"

ရွှဲရှန်အသံက တင်းမာလာသည်။

"ဒီထက်ပိုဝေးဝေးသွားရရင်လည်းအခန်းအပြင်ရောက်တော့မယ်"

ဆေးကုသခဲ့ရာနေရာကို ရွှဲရှန်ပြန်ရောက်သွားချိန်မှသာ မျက်လုံးများကို မှိတ်ထားရင်းနှင့် ရွှမ်းမင်ဖြည်းညှင်းစွာဆိုသည်။

"မဖြစ်ဘူး"

【မဖြစ်ဘူးတစ်လုံးတည်း..သူဘာကိုပြောလဲဘယ်သူကသိမှာလဲ】

ရွှဲရှန်လက်ရှိထိုင်နေသောနေရာမှာ ကုတင်၏ ဘေးဘက်ခြမ်းတွင်ဖြစ်သည်။ သူ့နေရာကနေ ရွှမ်းမင်ကို ဘေးတိုက်အနေအထားသာမြင်ရပြီး ကုတင်တိုင်ကြောင့် အလုံးစုံတော့ လှမ်းမမြင်ရ။ သို့သော်လည်း အနေခက်လှသော ခံစားချက်များကို ကူညီလွင့်ပါးစေခြင်းကြောင့် ရွှဲရှန်ခမျာ အခုမှပဲ စိတ်အေးသက်သာနိုင်သွားသည်။

အနေခက်ရသည့် အကြောင်းအရင်းကလည်း ထိုအချိန်တင်္ဒဂလေး၌ သူ့ခန္ဓာကိုယ်အောက်ပိုင်း၏ တုံ့ပြန်မှုကြောင့်ဖြစ်သည်။ ထိုသို့ဖြစ်လာခိုက် ကိုယ့်အခြေအနေကိုယ် ချွန်းအုပ်ရန် ကြံရွယ်မိပေမယ့်...

ရွှမ်းမင်ထံတွင်လည်း အလားတူကိစ္စရပ်ဖြစ်လေသလား တွေးမိသွားသည်။

ရွှဲရှန် ကုလားထိုင်ပေါ်တွင် လက်ပေါ်မေးတင်လျက် သက်တောင့်သက်သာထိုင်နေသည်။ အခြားတစ်ဖက်နှင့် ကြေးပြားများကို ကိုင်တွယ်နေရင်း လက်မနှင့် ကြေးပြားတစ်ပြား၏ အနားသပ်ကို ပွတ်သတ်နေသည်။ လားရာမရှိသော သူ့အကြည့်များက တဖျက်ဖျက်တောက်နေသော မီးရောင်အောက်မှ ရွှမ်းမင်ပုံရိပ်ထံ၌ တည်ရှိနေသည်။

ချွေးများရွှဲနေသော ရွှမ်းမင်ခန္ဓာကိုယ်အရ ရွှမ်းမင်ထံတွင် တုံ့ပြန်မှုရှိလျှင် အမြင်မှာ သိသာနေလိမ့်မည်။ သို့ပေမယ့် ရွှမ်းမင်သည် သတိရှိပြီး တသီးတသန့်နေတတ်သူဖြစ်တာကြောင့် ထိုသို့ကိစ္စရပ်မျိုး လုပ်ကြောင်းကိုတွဲ၍ တွေးကြည့်လို့တောင်မရ။ ထို့အပြင် ရွှမ်းမင်သည် တင်ပျဥ်ခွေထိုင်နေသည်မို့ ဝတ်ရုံမှာ ဒူးတစ်လျှောက် ပုံကျနေရာ မြင်ရရန် ခဲယဥ်း၏။

【ဘာတွေဖြစ်ကုန်ပြီလဲ? ဘယ်ကနေဘယ်လိုဒီလိုဖြစ်သွားတာလဲ?】

တမူထူးစွာ တိတ်ဆိတ်လှသောညယံ၌ အချိန်မှာလည်း ခါတိုင်းထက် နှေးကွေးလို့နေသည်။ ဘာမျှလုပ်စရာမရှိသောရွှဲရှန်သည် အတွေးယာဥ်ကျောထဲ နစ်မျောလို့နေခိုက် သူလျှက်ခဲ့သော ရွှမ်းမင်လက်မှဒဏ်ရာနှင့် ကျန်းရှီနင်ပြောပြမည်အား ရွှမ်းမင်တားမြစ်ခဲ့ပုံကို အမှတ်ရသွားသည်။

ရွှဲရှန် ; "…"

နဂါးသွားရည်အား စမ်းမသုံးသင့်ကြောင်းကို ကျန်းရှီနင်ဘာကြောင့်သတိပေးစကားဆိုခဲ့မှန်း ရွှဲရှန်နားလည်သွားချိန်တွင် နောက်ကျလို့နေပြီ။

ခါးသက်သက် ရယ်မောရင်း မတ်မတ်ထိုင်လိုက်သည်။ ယင်းပုံစံနှင့် သူ့အသွင်က လေးနက်လို့နေပြီး ပြဿနာရှာတတ်သူလို့တောင် မထင်ရ။ ရွှမ်းမင်ကို ဆက်မကြည့်တော့ပဲ မျက်လုံးပြန်မှိတ်ကာ ဆေးကုသရာ၌ပဲ အာရုံစိုက်ထားလိုက်တော့သည်။

ယမန်နေ့ညသည် ကုသခဲ့ဖူးသောအချိန်တိုင်းနှင့် ကွာခြား၏။ ရွှဲရှန်စုပ်ယူခဲ့သော အရိုးအသစ်ကြောင့် ဖြစ်နိုင်သလို ချိတ်ပြတ်သွားပြီဖြစ်သော ဒင်္ဂါးပြားနှစ်ပြားကြောင့်လည်း ဖြစ်နိုင်သည်။

ကြွက်သားများ ပြုပြင်နေရာနှင့် အရိုးဖြစ်တည်နေရာများထံမှ အပူဒဏ်ကိုသာ ခံစားရပြီး ကိုယ်တွင်းမှ အရိုးများမှာ ခန္ဓာကိုယ်ကိုဖောက်၍ ထွက်တော့မည့်အလား။ အပူဓာတ် ဖောင်းပွလာရာနေရာကို သိရှိသွားတာနှင့်အတူ သူစုပ်ယူခဲ့သောအရိုး မည့်သည့်နေရာတွင် ဖြစ်တည်နေမှန်း သိရှိသွားသည်။ ခန္ဓာကိုယ်မှ ဓာတ်တိုင်းသည် အရိုးများ ပျောက်ဆုံးနေသောနေရာတိုင်းသို့ စုပြုံသွားပြီး စွမ်းအင်များသည် အရိုးများအလား ဖြာထွက်ကုန်လျက် ပါးလွှာသောကြိုးမျှင်များအနေနှင့်  ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက်နေရာယူထားသည်။

ထိုကြိုးမျှင်များ၏ စွမ်းအင်သည် သက်ဝင်လှုပ်ရှားနေသည့်အလား။ ရွှဲရှန် ဝိညာဥ်စွမ်းအင်ကို အားပြုလိုက်တိုင်း ကြိုးမျှင်များမှာလည်း တဖြည်းဖြည်း ရှည်လျားလာပေမယ့် အတော်အားစိုက်ရသော ကိစ္စရပ်ဖြစ်သည်။ တစ်ညလုံးကုသခဲ့တာတောင်မှ ခန္ဓာကိုယ်တစ်ဝက်ခန့်သာ ရောက်ရှိပြီး တစ်လတိုင်တိုင် ကြိုးပမ်းခဲ့ရသည့်နှယ် မောပန်းနေခဲ့သည်။

မနက်ခင်း လင်းရောင်လာချိန်၌ ဖောင်မိသားစုလည်း အခန်းကိုယ်စီမှ အလျိုလျို ထွက်လာကြပြီဖြစ်သည်။ ရွှဲရှန်ကတော့ ဘယ်တော့မှမအိပ်သော ကျန်းရှီနင်ကိုနိုး၍ စားစရာရှာခိုင်းရန် ကြံရွယ်နေ၏။

"အားနင်..ရွှဲ့--ကုန်းဇီ..ဘာလုပ်နေကြတာလဲ?"

ကျန်းရှီကျင်းသည် ကိုယ်လက်သန့်စင်ပြီးနောက် ကပ်ရောဂါဖြစ်နေသော သူတောင်းစားသုံးဦးအား ဆေးအချို့သွားပေးခိုက် အနောက်တံခါးကို ဦးတည်နေသော နှစ်ယောက်ကိုတွေ့ပြီး လှမ်းမေးလေ၏။

"ဟွေချွေးခန်းမကိုသွားမလို့"

ချင်းဖင်တစ်လျှောက် စားသောက်ဆိုင်များနှင့် ရင်းနှီးသူဖြစ်သည်မို့ ရွှဲရှန်ကိုတော့ လမ်းပြပေးနိုင်သည်။

"ဟွေချွေးခန်းမလား?"

ကျန်းရှီကျင်းသည် ကြောင်အသွားပြီး

"မနက်အစောကြီးဘာသွားလုပ်မလို့လဲ? ချန်းဆောင်ကမနက်စာပြင်နေပြီ"

"ဒီကအဘိုးကအရမ်းချေးများတယ်..မနက်စာညစာမတူတာကိုဂရုစိုက်တာမဟုတ်ဘူး..အသားပဲစားတယ်..အသားဆိုလဲများမှနော်"

"ဒီအချိန်ကြီးဟွေချွေးကိုသွားပြီးအသားဟင်းမှာရင်လည်းစောင့်ရဦးမှာပဲ"

ရွှဲရှန်နှင့်ရွှမ်းမင်ကြောင့်သာမဟုတ်လျှင် ကျန်းရှီကျင်းနှင့်ခင်ပွန်းဖြစ်သူမှာ ဝမ်ရွာတွင် သောင်တင်နေချင်နေ မဟုတ်လျှင် သေနေလောက်ပြီ။ ထို့ကြောင့် ဖောင်မိသားစုတစ်ခုလုံး နှစ်ဦးသားအပေါ် တလေးတစား ဆက်ဆံကြသည်။ ရွှဲရှန်ကိုပင် ကုန်းဇီဟု တရိုတသေ ခေါ်သည်ဖြစ်ရာ အဆာခံခိုင်းထားခဲ့သည့် ဖြစ်ရပ်အပေါ် ရိုင်းပြမိပြီဟု ခံစားနေလေသည်။

ကျန်းရှီကျင်းစကားပြောနေတုန်း ချန်းဆောင်လည်း မီးဖိုချောင်ထဲမှ ထွက်လာပြီး တစ်ဦးမျက်နှာကိုတစ်ဦး ကြည့်လိုက်ကြသည်။ ချန်းဆောင်မှာ လက်ခုပ်တစ်ချက်တီးပြီး

"ဟွေချွေးကအထူးဟင်းတွေလိုဘယ်လိုချက်ရမလဲချန်းဆောင်သိတယ်..ရွှဲ့ရှောင်ယဲ့ဘာစားချင်လဲပြော..အချိန်တိုအတွင်းစားပွဲအပြည့်ချက်ပေးမယ်"

ကျန်းရှီကျင်းလည်း ဝင်ရောက်ခေါင်းငြိမ့်ပြီး

"ရှင်းဇီကိုသွားကူခိုင်းလိုက်မယ်..မနေ့ကညစာလွတ်ထားတော့အခုတော်တော်ဗိုက်ဆာနေမှာပဲ"

တစ်ပါးအိမ်ရောက် ဧည့်သည်တစ်ဦးအနေဖြင့် ရွှဲရှန်ကလည်း ပွဲတော်တည်မည့်အလား ချက်ခိုင်းမှာမဟုတ်။

"ကောင်းပြီလေ..ကြိုက်သလိုသာချက်..အသားပါရင်ပြီးတာပဲ"

【မြက်မစားခိုင်းရင်ရတယ်】

【ဒါပေမဲ့】

ရွှဲရှန် ဘေးဘီဝဲယာတစ်ချက်ကြည့်ပြီး ကျန်းရှီကျင်းနှင့်ချန်းဆောင်ကို

"ရေနွေးအတွက်အကူအညီတောင်းလို့ရမလား? ကတုံး….ရွှမ်းမင် မနေ့ညကအဖျားတက်ပြီးအဝတ်တွေချွေးစိုကုန်လို့ကိုယ်လက်သန့်စင်ရမယ်"

"ဖျားတယ်?"

ထိုစကားကို ကျန်းရှီကျင်းနှင့်ချန်းဆောင်ကြားသောအခါ သမားတော်များ ဖြစ်တာနှင့်အတူ တပြိုင်တည်းပြောသည်က

"အခြားဘာလက္ခဏာတွေရှိလဲ? ခေါင်းကိုက်တာ? ကိုယ်လက်မအီမသာဖြစ်တာ?"

【အခြားလက္ခဏာတွေ...】

အမူအရာ မပြောင်းမလဲ ရွှဲရှန်ပြောသည်က

"မတွေ့ဘူး..အပြင်ပန်းအရတော့အအေးမိတတ်တဲ့ပုံမပေါ်ဘူး..မနေ့ညကတရားထိုင်နေတာပဲ..အတွင်းအားဖောက်ပြန်တာပဲဖြစ်မှာပါ"

ကျန်းမောင်နှမ ; "…"
【အတွင်းအားဖောက်ပြန်တာကအအေးမိတာထက်ပိုဆိုးတယ်..ဒီအဘိုးကတော့!】

သို့သော်လည်း အနှီနှစ်ဦးသည် တမူထူးခြားသူများဖြစ်သည်နှင့်အတူ နှိုက်နှိုက်ချွတ်ချွတ်မေးမြန်းလျှင် မလေးစားရာကျမည်စိုး၍ ဒီအတိုင်းခေါင်းငြိမ့်ကာ ရေပူသွားယူပေးလိုက်သည်။

မနေ့ညကအကြောင်းကို စဥ်းစားလိုက်တိုင်း ရွှဲရှန်နေရခက်နေဆဲ။ အခန်းထဲမှာ ထိုင်မနေချင်တာကြောင့် တစ်မနက်လုံး ကျန်းရှီနင်နောက် ရောက်တက်ရာရာ လျှောက်လိုက်နေခဲ့သည်။ ပြီးလျှင် ချန်းဆောင်မှာ တယဥ်တကျေးနှင်ထုတ်ရသည်အထိ မီးဖိုချောင်မှာလည်း တဝဲလည်လည် လုပ်နေခဲ့သည်။ နောက်ဆုံးတော့လည်း မျက်နှာထားမှုန်ကုတ်ပြီီး ဧည့်သည်ဆောင်တွင် မနက်စာစားရန် စောင့်နေတော့သည်။

ကျန်းရှီနင်မှာ ရင်းနှီးခဲ့သော ဆေးပင်များကို မြင်သည်နှင့် တပျော်တပါးဖြင့် အစ်မဖြစ်သူကို ကူညီပေးရန် ထွက်သွား၏။ ထို့ကြောင့် ခန်းမထဲကျန်နေခဲ့သည်မှာ စာရင်းစစ်နေသော ဖောင်ချောင်းနှင့် ရွှဲရှန်သာဖြစ်သည်။
   
ရွှဲရှန် တခဏတော့ ဆိုင်းတွနေမိပေမဲ့ စကားပြောရန် ဆုံးဖြတ်လိုက်သည်။

"မေးခွန်းတစ်ခုလောက်မေးလို့ရမလား?"

စာရေးနေသော ဖောင်ချောင်း၏လက် ရပ်တန့်သွားသည်။

"ရတာပေါ့..မေးပါ..သိသမျှအကုန်ပြောပြပါမယ်"

"နဂါးသွားရည်ဆိုတာကြားဖူးလား?"

ကျန်းရှီနင်လိုမျိုး ရွှဲရှန်မှာ နဂါးမှန်း ဖောင်ချောင်းကမသိသည်မို့ ရွှဲရှန်ရှက်တို့ရှက်တန်း ဖြစ်နေစရာမလို။

"ဘာအစွမ်းသတ္တိရှိလဲ? လူကိုအန္တရာယ်ဖြစ်စေနိုင်လား?"

ဖောင်ချောင်းသည် သူ့ကို အူလည်လည်နှင့် ပြန်ကြည့်ပြီး

"ကြားပဲကြားဖူးတာ..တစ်ခါမှတော့မမြင်ဖူးဘူး..အစွမ်းကတော့...ကောလဟာလတွေအရပဲသိတာ"

"ဘာကောလဟာလလဲ?"

"အမျိုးသမီးတစ်ဦးကနဂါးသွားရည်ကိုထိမိရင်...သူက..ကိုယ်ဝန်ရသွားလိမ့်မယ်"

မူလအရင်းခံ ပုံပြောသူမဟုတ်သော ဖောင်ချောင်း၏ ထစ်ထစ်ငေါ့ငေါ့စကားများသည် သူ၏ရှင်းလင်းချက်ပင်ဖြစ်၏။

ရွှဲရှန် ; "…"
【ဘာ?】

"ကောလဟာလတော်တော်များများကဘယ်နေရာမှာဘယ်သူကကံကောင်းပြီးဘယ်လိုရလာတာရယ်..ပြီးရင်စျေးကြီးပေးပြီးရောင်းကြတယ်..ဒဏ်ရာအနာတရတွေကိုအလွယ်တကူသက်သာစေပြီးအဆိပ်ဖြေဆေးအနေနဲ့လည်းသုံးကြတယ်..ယင်ကိုတိုးပွားစေပြီးယန်ကိုမြန်ဆန်စေတယ်လို့လည်းပြောကြတယ်..ကာမအားတိုးဆေးတစ်မျိုးဆိုလည်းမမှားဘူး..အာနိသင်ကတော်တော်ကြာတယ်ပြောတယ်..ဒါပေမဲ့အကုန်လုံးကကောလဟာလတွေပါပဲ..ဒဏ်ရာအားလုံးသက်သာစေပြီးအဆိပ်ဒဏ်ခံနိုင်တဲ့ဆေးမျိုးရှိရင်တစ်ခါလောက်မြင်ဘူးရုံနဲ့တစ်သက်အမှတ်ပဲဗျာ"

တစ်သက်တာလုံး ဆေးရောင်းသူအဖြစ် လုပ်ကိုင်ခဲ့သော ဖောင်ချောင်းအတွက် ဆေးအကြောင်းပြောရမည်ဆိုလျှင် အမြဲပင်အလေးအနက်ဖြစ်ပြီး မသင့်တော်လှဟု တွေးသောသူမဟုတ်။ သို့သော်လည်း...

နဂါးသွားရည်၏ အစွမ်းသတ္တိကို မနေ့ညက အကြမ်းဖျင်းတော့ ခန့်မှန်းမိပေမယ့် တစ်ဦးတစ်ယောက်ထံမှ ကြည်လင်ပြတ်သားစွာ ကြားရသည်နှင့် လားလားမျှမတူ။

သူ့ခမျာ ချက်ချင်းပင် ခြံဝန်းထဲ ဘီးတွန်း၍ဆင်းသွားပြီး ကျန်းရှီနင်ကို သွားရှာတော့သည်။

"ဒီညငါနဲ့အခန်းလဲရအောင်?"

"မရဘူး..တာ့ရှီးနဲ့တစ်ခန်းထဲတစ်ညနေရုံနဲ့နောင်ဘဝကိုတစ်ခါတည်းပို့ပေးလိမ့်မယ်..ငါ့အစ်မမွေးနေ့အထိလက်ခံထားပေးမယ်လို့သဘောတူထားတယ်မဟုတ်ဘူးလား?"

"ဟုတ်ပြီ..မလဲတော့ဘူး..မင်းအခန်းထဲတော့နေခွင့်ပေး..မင်းအိပ်မဲ့နေရာကိုအတင်းဝင်နေမှာလဲမဟုတ်ပဲနဲ့"

"ရှီထို့ကျန်းအိပ်ရာကွက်အောင်လုပ်ရင်ညန့်ချီဘာလိုတုံ့ပြန်မယ်ထင်လဲ?"

ရွှဲရှန် ; "…"

"တာ့ရှီးစိတ်ဆိုးအောင်လုပ်မိပြန်ပြီလား?"

ကျန်းရှီနင်မှာ အခကြေးငွေမရပဲ လူတိုင်း၏မိခင်ဖြစ်လာသလို ခံစားနေရသည်။ ရခဲ့သမျှ ပူပန်မှုများကြောင့် တဖြည်းဖြည်းနှင့် အစကတည်းကမရှိသော အသက်တောင်ပျောက်တော့မည်။

ရွှဲရှန်သည် လက်ညှိုးနှင့်လက်မကို ပူးကပ်လိုက်ပြီး

"နည်းနည်း"

နည်းနည်းမဟုတ်တာကတော့ သေချာသည်။ ပြဿနာကြီးကြီးမားမား တတ်ခဲ့ပုံရသည်ဟု ကျန်းရှီနင်တွေးမိလိုက်သည်။

နှစ်ဦးသား စကားပြောနေခိုက် ခြံဝန်းအတွင်းသို့ဝင်ရာ အနောက်တံခါးပွင့်သွားပြီး ဆင်တူဝတ်စုံ ဝတ်ဆင်ထားသော လူငယ်နှစ်ဦးသည် ဆေးခြင်းတောင်းများဆွဲလျက် ဝင်လာ၏။ ကျန်းရှီနင်ကိုတွေ့သောအခါ ကြောင်အသွားကြပြီး ထိုစဥ် မီးဖိုချောင်မှ အငွေ့တထောင်းထောင်းထနေသော ပန်းကန်ကိုသယ်၍ ထွက်လာသော ချန်းဆောင်ကြောင့်  နှုတ်ဆက်လိုက်ကြသည်။

"မင်္ဂလာမနက်ခင်းပါချန်းဆောင်..မွှေးကြိုင်နေတော့ဗိုက်တောင်ဆာလာပြီ..ရှောင်ယဲ့နဲ့ရှောင်ဖုရမ်ကော?"

"ရှောင်ယဲ့နဲ့ရှောင်ဖုရမ်ကအလုပ်များနေကြတယ်..ခြင်းတောင်းတွေထားပြီးလက်ဆေးကြ..ခဏနေထမင်းစားကြမယ်"

ထိုလူငယ်များသည် ဖောင်မိသားစု၏ အစေခံများဖြစ်ကြ၏။ ဆေးပင်များထားပြီသည်နှင့် ချန်းဆောင်အား

"မနေ့ကညနေကပြန်ရောက်ရမှာကို..လမ်းမှာရထားလုံးတန်းနဲ့တွေ့ပြီးလမ်းရှင်းလိုက်ရတယ်..အဲ့ဒါကြောင့်တစ်ညနောက်ကျသွားတာ"

"ရထားလုံးတန်း? ဘယ်ကရထားလုံးတန်းလဲ?"

"ရုံးတော်က"

အကြောင်းစုံကို ရှင်းလင်းပြနေသော ထိုနှစ်ဦးအသံက လေးနက်လို့နေသည်။

"ကပ်ရောဂါအကြောင်းအထက်ကိုလျှောက်တင်ခဲ့တာသိတယ်မလား? ကပ်ရောဂါနှင်ဖို့နတ်ဆရာတွေပို့ပေးလိုက်တယ်..အခုဆိုမြို့မှာရောက်နေလောက်ပြီ..ဘယ်သူတွေကိုပို့ပေးလိုက်တယ်ထင်လဲ?"

"နတ်ဆရာ?"

ချန်းဆောင် မင်သတ်လို့သွားပြီး

"ဒါဆိုရင်..."

အစေခံသည် လက်ခါလျက်

"သူတို့ပြောကြတာတော့ဧကရာဇ်ကကောရှီးဆီပို့ပေးတဲ့အရာရှိတွေတဲ့..ဘယ်လိုခေါ်တဲ့အရာရှိတွေလဲဆိုတာတော့မမှတ်မိတော့ဘူး..နေ့တိုင်းကောရှီးအပါးမှာနေတဲ့သူတွေ..ကောရှီးမျက်နှာကိုမြင်ဖူးတဲ့လူနည်းစုထဲအပါအဝင်ပဲဖြစ်ရမယ်"

••••

Zawgyi

မိွတ္တစ္ဝက္ပြင့္တစ္ဝက္ ရႊမ္းမင္မ်က္ဝန္းအိမ္၌ မီးအိမ္၏မိွန္ပ်ပ်အလင္းေရာင္ ထင္ဟပ္လို႔ေနၿပီး မည္သည္ကို အၾကၫ့္ေရာက္ေနသလဲ ရႊဲရွန္မဆိုႏိုင္။ အထိတ္တလန႔္ျဖစ္သြားေသာ ရႊဲရွန္မ်က္ဝန္းေတြ၌ပဲလား ခၽြေးမ်ားသီးေနေသာ ရႊဲရွန္ႏွာထိပ္ဖ်ား၌ပဲလား ဒါမွမဟုတ္ ေအာက္ပိုင္း....။

မျမင္ရေသာ ကန႔္လန႔္ကာသည္ ႏွစ္ၪီးကိုပတ္၍ ကာရံထားသၫ့္ႏွယ္။ ဤေလာက၌ ရိွရိွသမ်ွ အသံမ်ားက တိုးဝင္ေပ်ာက္ကြယ္ကုန္ၿပီး ႏွစ္ၪီးသား၏ အသက္ရႈရိႈက္သံသာ က်န္ရစ္ေနခဲ့သည္။ က်ယ္ဝန္းေသာအခန္းကပင္ လႈပ္ရွား၍မရေလာက္ေအာင္ က်ဥ္းက်ပ္ေနသည္အထိ က်ဳံ႔သြားသၫ့္အလား။
   
ရႊဲရွန္ကိုင္ထားဆဲ ရႊမ္းမင္လက္မွာ ရုတ္တရက္ လႈပ္ရွားသြား၏။ ရႊမ္းမင္သည္ သူ႔လက္ကိုရုန္းလိုက္ကာ ရႊဲရွန္လက္ေခ်ာင္းမ်ားကို အေပၚမွအုပ္၍ ျပန္လည္ဆုပ္ကိုင္လိုက္၏။ ထူးဆန္းစြာ ေလာင္ၿမိဳက္ေနေသာ အပူရိွန္ေၾကာင့္လည္း ျဖစ္ႏိုင္သည္။ ခြန္အားကို ထိန္းႏိုင္စြမ္းမရိွပဲ ရႊဲရွန္ကို ဆုပ္ကိုင္ထားသည္မွာ အလြန္အမင္းတင္းက်ပ္လို႔ေန၏။

ရႊဲရွန္ေခါင္းထဲ၌ တျဖည္းျဖည္း ၾကည္လင္လို႔လာသည္။ ရႊမ္းမင္တစ္ကိုယ္လံုး၌ ခၽြေးေစးမ်ားထြက္ေနသည္ကို သတိထားမိသြားသည္။ ရႊမ္းမင္လက္မွာလည္း ခၽြေးမ်ားရႊဲလို႔ေနၿပီး ရႊဲရွန္လက္ကို ဆုပ္ကိုင္လိုက္ခ်ိန္၌ လက္ေခ်ာင္းမ်ားအခ်င္းခ်င္း သြယ္ယွက္လို႔သြားသည္မို႔ လက္ေခ်ာင္းမ်ားအၾကား အေရျပားက အခ်င္းခ်င္း ပြတ္တိုက္လို႔ေနသည္။ လက္ရိွခံစားခ်က္မွာ တရင္းတႏွီးရိွရံုသာမရ ႏွစ္သက္ျမတ္ႏိုး ထိုအထက္ပိုၿပီး တစ္ၪီးကိုတစ္ၪီး ပံုအပ္ထားသည္လို႔ေတာင္ ဆိုလို႔ရေနၿပီ။

ရႊမ္းမင္သည္ မိန္းေမာစြာ မ်က္လံုးမ်ားကို ျပန္မိွတ္ၿပီး တဖန္ျပန္ဖြင့္ၾကၫ့္ေသာအခါ ခၽြေးမ်ားက နဖူးထက္ကေန ေမးထိတိုင္ လိမ့္ဆင္းလာ၏။ ထိုမွတဆင့္ ေမာ့၍ေနေသာ ရႊဲရွန္ေမးဖ်ားဆီသို႔ လိမ့္က်လာၿပီး လည္ပင္းတစ္ေလ်ွာက္ကေန ေအာက္သို႔ ဝင္ေရာက္သြားသည္။

ရႊဲရွန္ အသက္ရႉသံမ်ား ရုတ္ခ်ည္းျမန္ဆန္လာေသာအခါ တစ္စံုတစ္ရာက ေခါင္းထဲျဖတ္ေျပးသြား၏။

ၿခံဝန္းအျပင္ဘက္ လမ္းဆီမွ ေၾကာင္ေအာ္သံသည္ ညယံ၌ ပဲ့တင္ထက္လာၿပီး မသိလ်ွင္ ကုတင္ေဘးနားကပ္၍ ေအာ္သၫ့္အလား က်ယ္ေလာင္လို႔ေန၏။

ထိုေၾကာင္ေအာ္သံသည္ ရႊမ္းမင္ကိုလည္း ႏိုးၾကားသြားေစပံုရ၏။ လက္ကို ဖ်တ္ကနဲ ျပန္ယူၿပီး မ်က္လံုးျပန္မိွတ္သြား၏။

ရႊဲရွန္မွာလည္း အသိျပန္ဝင္လာတာႏွင့္အတူ သူ႔လက္ကို ျပန္ရုတ္လိုက္ၿပီး ပ်ဥ္ျပားႏွယ္ ေတာင့္တင္းလ်က္ ထိုင္ေနေတာ့သည္။ ၿပီးလ်ွင္ ကုလားထိုင္ကို ေနာက္သို႔ျပန္ဆဲြ၏။ ရႊမ္းမင္သည္ နဂိုထိုင္လ်က္ အေနအထားႏွင့္ မ်က္လံုးမ်ား ျပန္မိွတ္ထားၿပီး ရႊဲရွန္ကို တင္းက်ပ္စြာ ဆုပ္ကိုင္ထားေသာလက္မွာ မူလအတိုင္း ဒူးထက္တင္လ်က္ ရိွေနသည္ကို ရႊဲရွန္ေတြ့သြားသည္။

အခ်ိန္တစ္ခုၾကာေသာအခါ ရႊမ္းမင္မ်က္လံုးမ်ား ျပန္ပြင့္လာသည္။ ရႊဲရွန္ကို တည္ၿငိမ္စြာၾကၫ့္ကာ

"ေဝးေဝးမွာေန"

သူ႔ေလသံမွာ နဂိုအတိုင္း တည္ၿငိမ္ေနေပမယ့္ အက္ရွရွအသံက ေရာစြတ္လို႔ေနသည္။

ေနာက္သို႔ အတန္ငယ္ျပန္ဆုတ္ထားႏွင့္ၿပီျဖစ္ေသာ ရႊဲရွန္၏ မနည္းထိန္းခ်ဳပ္ထားခဲ့ေသာ ႏွလံုးခုန္သံမ်ားက တဖန္ျမန္ဆန္လို႔လာပံုရသည္။ ေပါက္ကဲြေတာ့မတတ္ ဝရုန္းသုန္းကားႏိုင္လွေသာ ရင္ခုန္သံမ်ားသည္ ဗံုသံမ်ားအလား နားထက္ျပၫ့္လ်ွံလို႔ေနရာ ရႊမ္းမင္ဘာေျပာမွန္း မၾကားလိုက္ရ။

"ဟမ္?"

လြန္စြာနီးကပ္ခဲ့ရာမွ ထူးဆန္းလွေသာ ခံစားခ်က္ကေန ျပန္မေကာင္းေသးေသာ ရႊဲရွန္အသံက ႏွာသံေပါက္ေနၿပီး ႏူးညံ့လို႔လည္းေန၏။

ရႊမ္းမင္သည္ တဒဂၤမ်ွ တိတ္ဆိတ္သြားၿပီးမွ

"ဘာမွမဟုတ္ဘူး"

တျဖည္းျဖည္းႏွင့္ ႏွလံုးခုန္သံမ်ား ပံုမွန္ျပန္ျဖစ္သြားေတာ့မွသာ ရႊဲရွန္သက္ျပင္းခ်ႏိုင္ေတာ့သည္။ ရႊမ္းမင္ အားထၫ့္လ်က္ ဆုပ္ကိုင္ခဲ့ေသာလက္မွာ ထံုထိုင္းလို႔ေနျခင္းက အေစာလ်င္က ျဖစ္ခဲ့သည္မ်ားကို သတိေပးလို႔ေနသည္။ ရႊဲရွန္ လက္ေခ်ာင္းမ်ားအား အေၾကာေလ်ာ့လိုက္ၿပီး စားပဲြဆီသို႔ ကုလားထိုင္ကို တြန္းသြားကာ ရႊမ္းမင္ကို ေက်ာေပးလိုက္သည္။ ရင္ထဲ အျပၫ့္ေနရာယူထားေသာ ထူးဆန္းလွသၫ့္ ခံစားခ်က္ကို ေမ့ေမ့ေလ်ာ့ေလ်ာ့ျဖစ္ေစရန္ မီးအိမ္ကို ေလာင္စာထၫ့္လိုက္သည္။

မီးစာေရြ့လိုက္သည္ႏွင့္ ဟုန္းကနဲမီးထေတာက္ၿပီး တစ္ခန္းလံုးလင္းထိန္သြား၏။ ကုလားထိုင္ကို ရႊဲရွန္ျပန္လွၫ့္လိုက္ၿပီး အလင္းေရာင္ေအာက္ကေန ရႊမ္းမင္ကို တစ္ခ်က္ခိုးၾကၫ့္လိုက္သည္။

ရႊမ္းမင္ခႏၶာကိုယ္ထက္က အျဖဴေရာင္ဝတ္ရံုပါးသည္ ခၽြေးမ်ားရႊဲလို႔ေနေသာေၾကာင့္ လက္ေမာင္းႏွင့္ပုခံုးတစ္ေလ်ွာက္ ႂကြက္သားမ်ား၏ ေကာက္ေၾကာင္းကို ေရးေရးျမင္ေနရသည္။ အေစာလ်င္တုန္းက ခံစားခ်က္သည္ တည္ၿငိမ္သြားၿပီဟု ရႊဲရွန္ထင္ခဲ့ေပမယ့္ လက္ရိျွမင္ေနရေသာ ရႊမ္းမင္အသြင္က ပိုလို႔ေတာင္ဆိုးရြားသြားေစ၏။

ခၽြေးမ်ားရႊဲေနေသာ ရႊမ္းမင္အသြင္ကိုၾကၫ့္ရင္း အပူဓာတ္ေလာင္ၿမိဳက္ေနေသာ ရႊမ္းမင္အျဖစ္ကို အမွတ္ရသြားၿပီး ရႊဲရွန္စိတ္ထဲ ဂရုဏာမိုးေျပးက ေရာက္ရိွလို႔လာသည္။

"ေဆးေၾကာလို႔ရေအာင္ေရသြားယူေပးရမလား?"

ဖုန္တစ္စက္တင္တာေတာင္ မႀကိဳက္ေသာ ရႊမ္းမင္အေၾကာင္းကိုသိ၍ ဤမ်ွေလာက္ခၽြေးမ်ားႏွင့္ အဆင္မေျပျဖစ္ေနမည္ကို ရႊဲရွန္သိသည္။ ဤသည္ကိုသာ ရႊဲရွန္ေတြးေတာမိတာျဖစ္ၿပီး အေသးစိတ္ေတာ့ သူ႔ေခါင္းထဲမရိွ။ ေဆးေၾကာရန္ အဝတ္ခၽြတ္ဖို႔လိုအပ္ၿပီး ဤအခန္းထဲ ရႊမ္းမင္တစ္ၪီးတည္း မဟုတ္တာကိုလည္း သူမေတြးမိ။

ေမးၿပီးေတာ့မွသာ စဥ္းစားမိသြားၿပီး ကိုယ့္စကားကိုယ္ ျပန္ရုတ္သိမ္းခ်င္ေနေတာ့သည္။

ရႊမ္းမင္မွာ ထိုင္ေနဆဲျဖစ္ၿပီး ရႊဲရွန္အေမးကို စဥ္းစားခ်င့္ခ်ိန္ၾကၫ့္ေနပံုရသည္။ မ်က္လံုးမ်ားဖြင့္လာၿပီး ရႊဲရွန္ကိုၾကၫ့္သည္။ ၿပီးလ်ွင္ ျပန္မိွတ္သြားၿပီး

"မလိုဘူး..ငါနဲ႔ေဝးရာမွာသာထိုင္ေန"

"ငါ့ကိုဒီေလာက္ေတာင္စိတ္အေနွာင့္အယွက္ျဖစ္ေနတာလား?"

ရႊဲရွန္အသံက တင္းမာလာသည္။

"ဒီထက္ပိုေဝးေဝးသြားရရင္လည္းအခန္းအျပင္ေရာက္ေတာ့မယ္"

ေဆးကုသခဲ့ရာေနရာကို ရႊဲရွန္ျပန္ေရာက္သြားခ်ိန္မွသာ မ်က္လံုးမ်ားကို မိွတ္ထားရင္းႏွင့္ ရႊမ္းမင္ျဖည္းၫွင္းစြာဆိုသည္။

"မျဖစ္ဘူး"

【မျဖစ္ဘူးတစ္လံုးတည္း..သူဘာကိုေျပာလဲဘယ္သူကသိမွာလဲ】

ရႊဲရွန္လက္ရိွထိုင္ေနေသာေနရာမွာ ကုတင္၏ ေဘးဘက္ျခမ္းတြင္ျဖစ္သည္။ သူ႔ေနရာကေန ရႊမ္းမင္ကို ေဘးတိုက္အေနအထားသာျမင္ရၿပီး ကုတင္တိုင္ေၾကာင့္ အလံုးစံုေတာ့ လွမ္းမျမင္ရ။ သို႔ေသာ္လည္း အေနခက္လွေသာ ခံစားခ်က္မ်ားကို ကူညီလြင့္ပါးေစျခင္းေၾကာင့္ ရႊဲရွန္ခမ်ာ အခုမွပဲ စိတ္ေအးသက္သာႏိုင္သြားသည္။

အေနခက္ရသၫ့္ အေၾကာင္းအရင္းကလည္း ထိုအခ်ိန္တဒၤဂေလး၌ သူ႔ခႏၶာကိုယ္ေအာက္ပိုင္း၏ တံု႔ျပန္မႈေၾကာင့္ျဖစ္သည္။ ထိုသို႔ျဖစ္လာခိုက္ ကိုယ့္အေျခအေနကိုယ္ ခၽြန္းအုပ္ရန္ ႀကံရြယ္မိေပမယ့္...

ရႊမ္းမင္ထံတြင္လည္း အလားတူကိစၥရပ္ျဖစ္ေလသလား ေတြးမိသြားသည္။

ရႊဲရွန္ ကုလားထိုင္ေပၚတြင္ လက္ေပၚေမးတင္လ်က္ သက္ေတာင့္သက္သာထိုင္ေနသည္။ အျခားတစ္ဖက္ႏွင့္ ေၾကးျပားမ်ားကို ကိုင္တြယ္ေနရင္း လက္မႏွင့္ ေၾကးျပားတစ္ျပား၏ အနားသပ္ကို ပြတ္သတ္ေနသည္။ လားရာမရိွေသာ သူ႔အၾကၫ့္မ်ားက တဖ်က္ဖ်က္ေတာက္ေနေသာ မီးေရာင္ေအာက္မွ ရႊမ္းမင္ပံုရိပ္ထံ၌ တည္ရိွေနသည္။

ခၽြေးမ်ားရႊဲေနေသာ ရႊမ္းမင္ခႏၶာကိုယ္အရ ရႊမ္းမင္ထံတြင္ တံု႔ျပန္မႈရိွလ်ွင္ အျမင္မွာ သိသာေနလိမ့္မည္။ သို႔ေပမယ့္ ရႊမ္းမင္သည္ သတိရိွၿပီး တသီးတသန႔္ေနတတ္သူျဖစ္တာေၾကာင့္ ထိုသို႔ကိစၥရပ္မ်ိဳး လုပ္ေၾကာင္းကိုတဲြ၍ ေတြးၾကၫ့္လို႔ေတာင္မရ။ ထို႔အျပင္ ရႊမ္းမင္သည္ တင္ပ်ဥ္ေခြထိုင္ေနသည္မို႔ ဝတ္ရံုမွာ ဒူးတစ္ေလ်ွာက္ ပံုက်ေနရာ ျမင္ရရန္ ခဲယဥ္း၏။

【ဘာေတျြဖစ္ကုန္ၿပီလဲ? ဘယ္ကေနဘယ္လိုဒီလိုျဖစ္သြားတာလဲ?】

တမူထူးစြာ တိတ္ဆိတ္လွေသာညယံ၌ အခ်ိန္မွာလည္း ခါတိုင္းထက္ ေနွးေကြးလို႔ေနသည္။ ဘာမ်ွလုပ္စရာမရိွေသာရႊဲရွန္သည္ အေတြးယာဥ္ေက်ာထဲ နစ္ေမ်ာလို႔ေနခိုက္ သူလ်ွက္ခဲ့ေသာ ရႊမ္းမင္လက္မွဒဏ္ရာႏွင့္ က်န္းရွီနင္ေျပာျပမည္အား ရႊမ္းမင္တားျမစ္ခဲ့ပံုကို အမွတ္ရသြားသည္။

ရႊဲရွန္ ; "…"

နဂါးသြားရည္အား စမ္းမသံုးသင့္ေၾကာင္းကို က်န္းရွီနင္ဘာေၾကာင့္သတိေပးစကားဆိုခဲ့မွန္း ရႊဲရွန္နားလည္သြားခ်ိန္တြင္ ေနာက္က်လို႔ေနၿပီ။

ခါးသက္သက္ ရယ္ေမာရင္း မတ္မတ္ထိုင္လိုက္သည္။ ယင္းပံုစံႏွင့္ သူ႔အသြင္က ေလးနက္လို႔ေနၿပီး ျပႆနာရွာတတ္သူလို႔ေတာင္ မထင္ရ။ ရႊမ္းမင္ကို ဆက္မၾကၫ့္ေတာ့ပဲ မ်က္လံုးျပန္မိွတ္ကာ ေဆးကုသရာ၌ပဲ အာရံုစိုက္ထားလိုက္ေတာ့သည္။

ယမန္ေန့ညသည္ ကုသခဲ့ဖူးေသာအခ်ိန္တိုင္းႏွင့္ ကြာျခား၏။ ရႊဲရွန္စုပ္ယူခဲ့ေသာ အရိုးအသစ္ေၾကာင့္ ျဖစ္ႏိုင္သလို ခ်ိတ္ျပတ္သြားၿပီျဖစ္ေသာ ဒဂၤါးျပားႏွစ္ျပားေၾကာင့္လည္း ျဖစ္ႏိုင္သည္။

ႂကြက္သားမ်ား ျပဳျပင္ေနရာႏွင့္ အရိုးျဖစ္တည္ေနရာမ်ားထံမွ အပူဒဏ္ကိုသာ ခံစားရၿပီး ကိုယ္တြင္းမွ အရိုးမ်ားမွာ ခႏၶာကိုယ္ကိုေဖာက္၍ ထြက္ေတာ့မၫ့္အလား။ အပူဓာတ္ ေဖာင္းပြလာရာေနရာကို သိရိွသြားတာႏွင့္အတူ သူစုပ္ယူခဲ့ေသာအရိုး မၫ့္သၫ့္ေနရာတြင္ ျဖစ္တည္ေနမွန္း သိရိွသြားသည္။ ခႏၶာကိုယ္မွ ဓာတ္တိုင္းသည္ အရိုးမ်ား ေပ်ာက္ဆံုးေနေသာေနရာတိုင္းသို႔ စုႃပံုသြားၿပီး စြမ္းအင္မ်ားသည္ အရိုးမ်ားအလား ျဖာထြက္ကုန္လ်က္ ပါးလႊာေသာႀကိဳးမ်ွင္မ်ားအေနႏွင့္  ခႏၶာကိုယ္အႏွံ႔ ျဖန႔္က်က္ေနရာယူထားသည္။

ထိုႀကိဳးမ်ွင္မ်ား၏ စြမ္းအင္သည္ သက္ဝင္လႈပ္ရွားေနသၫ့္အလား။ ရႊဲရွန္ ဝိညာဥ္စြမ္းအင္ကို အားျပဳလိုက္တိုင္း ႀကိဳးမ်ွင္မ်ားမွာလည္း တျဖည္းျဖည္း ရွည္လ်ားလာေပမယ့္ အေတာ္အားစိုက္ရေသာ ကိစၥရပ္ျဖစ္သည္။ တစ္ညလံုးကုသခဲ့တာေတာင္မွ ခႏၶာကိုယ္တစ္ဝက္ခန႔္သာ ေရာက္ရိွၿပီး တစ္လတိုင္တိုင္ ႀကိဳးပမ္းခဲ့ရသည့္ႏွယ္ ေမာပန္းေနခဲ့သည္။

မနက္ခင္း လင္းေရာင္လာခ်ိန္၌ ေဖာင္မိသားစုလည္း အခန္းကိုယ္စီမွ အလ်ိဳလ်ိဳ ထြက္လာၾကၿပီျဖစ္သည္။ ရႊဲရွန္ကေတာ့ ဘယ္ေတာ့မွမအိပ္ေသာ က်န္းရွီနင္ကိုႏိုး၍ စားစရာရွာခိုင္းရန္ ႀကံရြယ္ေန၏။

"အားနင္..ရႊဲ႔--ကုန္းဇီ..ဘာလုပ္ေနၾကတာလဲ?"

က်န္းရွီက်င္းသည္ ကိုယ္လက္သန႔္စင္ၿပီးေနာက္ ကပ္ေရာဂါျဖစ္ေနေသာ သူေတာင္းစားသံုးၪီးအား ေဆးအခ်ိဳ႕သြားေပးခိုက္ အေနာက္တံခါးကို ၪီးတည္ေနေသာ ႏွစ္ေယာက္ကိုေတြ့ၿပီး လွမ္းေမးေလ၏။

"ေဟြခၽြေးခန္းမကိုသြားမလို႔"

ခ်င္းဖင္တစ္ေလ်ွာက္ စားေသာက္ဆိုင္မ်ားႏွင့္ ရင္းႏွီးသူျဖစ္သည္မို႔ ရႊဲရွန္ကိုေတာ့ လမ္းျပေပးႏိုင္သည္။

"ေဟြခၽြေးခန္းမလား?"

က်န္းရွီက်င္းသည္ ေၾကာင္အသြားၿပီး

"မနက္အေစာႀကီးဘာသြားလုပ္မလို႔လဲ? ခ်န္းေဆာင္ကမနက္စာျပင္ေနၿပီ"

"ဒီကအဘိုးကအရမ္းေခ်းမ်ားတယ္..မနက္စာညစာမတူတာကိုဂရုစိုက္တာမဟုတ္ဘူး..အသားပဲစားတယ္..အသားဆိုလဲမ်ားမွေနာ္"

"ဒီအခ်ိန္ႀကီးေဟြခၽြေးကိုသြားၿပီးအသားဟင္းမွာရင္လည္းေစာင့္ရၪီးမွာပဲ"

ရႊဲရွန္ႏွင့္ရႊမ္းမင္ေၾကာင့္သာမဟုတ္လ်ွင္ က်န္းရွီက်င္းႏွင့္ခင္ပြန္းျဖစ္သူမွာ ဝမ္ရြာတြင္ ေသာင္တင္ေနခ်င္ေန မဟုတ္လ်ွင္ ေသေနေလာက္ၿပီ။ ထို႔ေၾကာင့္ ေဖာင္မိသားစုတစ္ခုလံုး ႏွစ္ၪီးသားအေပၚ တေလးတစား ဆက္ဆံၾကသည္။ ရႊဲရွန္ကိုပင္ ကုန္းဇီဟု တရိုတေသ ေခၚသည္ျဖစ္ရာ အဆာခံခိုင္းထားခဲ့သည့္ ျဖစ္ရပ္အေပၚ ရိုင္းျပမိၿပီဟု ခံစားေနေလသည္။

က်န္းရွီက်င္းစကားေျပာေနတုန္း ခ်န္းေဆာင္လည္း မီးဖိုေခ်ာင္ထဲမွ ထြက္လာၿပီး တစ္ၪီးမ်က္ႏွာကိုတစ္ၪီး ၾကၫ့္လိုက္ၾကသည္။ ခ်န္းေဆာင္မွာ လက္ခုပ္တစ္ခ်က္တီးၿပီး

"ေဟြခၽြေးကအထူးဟင္းေတြလိုဘယ္လိုခ်က္ရမလဲခ်န္းေဆာင္သိတယ္..ရႊဲ႔ေရွာင္ယဲ့ဘာစားခ်င္လဲေျပာ..အခ်ိန္တိုအတြင္းစားပဲြအျပၫ့္ခ်က္ေပးမယ္"

က်န္းရွီက်င္းလည္း ဝင္ေရာက္ေခါင္းၿငိမ့္ၿပီး

"ရွင္းဇီကိုသြားကူခိုင္းလိုက္မယ္..မေန့ကညစာလြတ္ထားေတာ့အခုေတာ္ေတာ္ဗိုက္ဆာေနမွာပဲ"

တစ္ပါးအိမ္ေရာက္ ဧၫ့္သည္တစ္ၪီးအေနျဖင့္ ရႊဲရွန္ကလည္း ပဲြေတာ္တည္မၫ့္အလား ခ်က္ခိုင္းမွာမဟုတ္။

"ေကာင္းၿပီေလ..ႀကိဳက္သလိုသာခ်က္..အသားပါရင္ၿပီးတာပဲ"

【ျမက္မစားခိုင္းရင္ရတယ္】

【ဒါေပမဲ့】

ရႊဲရွန္ ေဘးဘီဝဲယာတစ္ခ်က္ၾကၫ့္ၿပီး က်န္းရွီက်င္းႏွင့္ခ်န္းေဆာင္ကို

"ေရႏြေးအတြက္အကူအညီေတာင္းလို႔ရမလား? ကတံုး….ရႊမ္းမင္ မေန့ညကအဖ်ားတက္ၿပီးအဝတ္ေတြခၽြေးစိုကုန္လို႔ကိုယ္လက္သန႔္စင္ရမယ္"

"ဖ်ားတယ္?"

ထိုစကားကို က်န္းရွီက်င္းႏွင့္ခ်န္းေဆာင္ၾကားေသာအခါ သမားေတာ္မ်ား ျဖစ္တာႏွင့္အတူ တၿပိဳင္တည္းေျပာသည္က

"အျခားဘာလကၡဏာေတြရိွလဲ? ေခါင္းကိုက္တာ? ကိုယ္လက္မအီမသာျဖစ္တာ?"

【အျခားလကၡဏာေတြ...】

အမူအရာ မေျပာင္းမလဲ ရႊဲရွန္ေျပာသည္က

"မေတြ့ဘူး..အျပင္ပန္းအရေတာ့အေအးမိတတ္တဲ့ပံုမေပၚဘူး..မေန့ညကတရားထိုင္ေနတာပဲ..အတြင္းအားေဖာက္ျပန္တာပဲျဖစ္မွာပါ"

က်န္းေမာင္ႏွမ ; "…"
【အတြင္းအားေဖာက္ျပန္တာကအေအးမိတာထက္ပိုဆိုးတယ္..ဒီအဘိုးကေတာ့!】

သို႔ေသာ္လည္း အႏွီႏွစ္ၪီးသည္ တမူထူးျခားသူမ်ားျဖစ္သည္ႏွင့္အတူ ႏိႈက္ႏိႈက္ခၽြတ္ခၽြတ္ေမးျမန္းလ်ွင္ မေလးစားရာက်မည္စိုး၍ ဒီအတိုင္းေခါင္းၿငိမ့္ကာ ေရပူသြားယူေပးလိုက္သည္။

မေန့ညကအေၾကာင္းကို စဥ္းစားလိုက္တိုင္း ရႊဲရွန္ေနရခက္ေနဆဲ။ အခန္းထဲမွာ ထိုင္မေနခ်င္တာေၾကာင့္ တစ္မနက္လံုး က်န္းရွီနင္ေနာက္ ေရာက္တက္ရာရာ ေလ်ွာက္လိုက္ေနခဲ့သည္။ ၿပီးလ်ွင္ ခ်န္းေဆာင္မွာ တယဥ္တေက်းႏွင္ထုတ္ရသည္အထိ မီးဖိုေခ်ာင္မွာလည္း တဝဲလည္လည္ လုပ္ေနခဲ့သည္။ ေနာက္ဆံုးေတာ့လည္း မ်က္ႏွာထားမႈန္ကုတ္ၿပီး ဧၫ့္သည္ေဆာင္တြင္ မနက္စာစားရန္ ေစာင့္ေနေတာ့သည္။

က်န္းရွီနင္မွာ ရင္းႏွီးခဲ့ေသာ ေဆးပင္မ်ားကို ျမင္သည္ႏွင့္ တေပ်ာ္တပါးျဖင့္ အစ္မျဖစ္သူကို ကူညီေပးရန္ ထြက္သြား၏။ ထို႔ေၾကာင့္ ခန္းမထဲက်န္ေနခဲ့သည္မွာ စာရင္းစစ္ေနေသာ ေဖာင္ေခ်ာင္းႏွင့္ ရႊဲရွန္သာျဖစ္သည္။
   
ရႊဲရွန္ တခဏေတာ့ ဆိုင္းတြေနမိေပမဲ့ စကားေျပာရန္ ဆံုးျဖတ္လိုက္သည္။

"ေမးခြန္းတစ္ခုေလာက္ေမးလို႔ရမလား?"

စာေရးေနေသာ ေဖာင္ေခ်ာင္း၏လက္ ရပ္တန႔္သြားသည္။

"ရတာေပါ့..ေမးပါ..သိသမ်ွအကုန္ေျပာျပပါမယ္"

"နဂါးသြားရည္ဆိုတာၾကားဖူးလား?"

က်န္းရွီနင္လိုမ်ိဳး ရႊဲရွန္မွာ နဂါးမွန္း ေဖာင္ေခ်ာင္းကမသိသည္မို႔ ရႊဲရွန္ရွက္တို႔ရွက္တန္း ျဖစ္ေနစရာမလို။

"ဘာအစြမ္းသတၲိရိွလဲ? လူကိုအႏၲရာယ္ျဖစ္ေစႏိုင္လား?"

ေဖာင္ေခ်ာင္းသည္ သူ႔ကို အူလည္လည္ႏွင့္ ျပန္ၾကၫ့္ၿပီး

"ၾကားပဲၾကားဖူးတာ..တစ္ခါမွေတာ့မျမင္ဖူးဘူး..အစြမ္းကေတာ့...ေကာလဟာလေတြအရပဲသိတာ"

"ဘာေကာလဟာလလဲ?"

"အမ်ိဳးသမီးတစ္ၪီးကနဂါးသြားရည္ကိုထိမိရင္...သူက..ကိုယ္ဝန္ရသြားလိမ့္မယ္"

မူလအရင္းခံ ပံုေျပာသူမဟုတ္ေသာ ေဖာင္ေခ်ာင္း၏ ထစ္ထစ္ေငါ့ေငါ့စကားမ်ားသည္ သူ၏ရွင္းလင္းခ်က္ပင္ျဖစ္၏။

ရႊဲရွန္ ; "…"
【ဘာ?】

"ေကာလဟာလေတာ္ေတာ္မ်ားမ်ားကဘယ္ေနရာမွာဘယ္သူကကံေကာင္းၿပီးဘယ္လိုရလာတာရယ္..ၿပီးရင္ေစ်းႀကီးေပးၿပီးေရာင္းၾကတယ္..ဒဏ္ရာအနာတရေတြကိုအလြယ္တကူသက္သာေစၿပီးအဆိပ္ေျဖေဆးအေနနဲ႔လည္းသံုးၾကတယ္..ယင္ကိုတိုးပြားေစၿပီးယန္ကိုျမန္ဆန္ေစတယ္လို႔လည္းေျပာၾကတယ္..ကာမအားတိုးေဆးတစ္မ်ိဳးဆိုလည္းမမွားဘူး..အာနိသင္ကေတာ္ေတာ္ၾကာတယ္ေျပာတယ္..ဒါေပမဲ့အကုန္လံုးကေကာလဟာလေတြပါပဲ..ဒဏ္ရာအားလံုးသက္သာေစၿပီးအဆိပ္ဒဏ္ခံႏိုင္တဲ့ေဆးမ်ိဳးရိွရင္တစ္ခါေလာက္ျမင္ဘူးရံုနဲ႔တစ္သက္အမွတ္ပဲဗ်ာ"

တစ္သက္တာလံုး ေဆးေရာင္းသူအျဖစ္ လုပ္ကိုင္ခဲ့ေသာ ေဖာင္ေခ်ာင္းအတြက္ ေဆးအေၾကာင္းေျပာရမည္ဆိုလ်ွင္ အၿမဲပင္အေလးအနက္ျဖစ္ၿပီး မသင့္ေတာ္လွဟု ေတြးေသာသူမဟုတ္။ သို႔ေသာ္လည္း...

နဂါးသြားရည္၏ အစြမ္းသတၲိကို မေန့ညက အၾကမ္းဖ်င္းေတာ့ ခန႔္မွန္းမိေပမယ့္ တစ္ၪီးတစ္ေယာက္ထံမွ ၾကည္လင္ျပတ္သားစြာ ၾကားရသည္ႏွင့္ လားလားမ်ွမတူ။

သူ႔ခမ်ာ ခ်က္ခ်င္းပင္ ၿခံဝန္းထဲ ဘီးတြန္း၍ဆင္းသြားၿပီး က်န္းရွီနင္ကို သြားရွာေတာ့သည္။

"ဒီညငါနဲ႔အခန္းလဲရေအာင္?"

"မရဘူး..တာ့ရွီးနဲ႔တစ္ခန္းထဲတစ္ညေနရံုနဲ႔ေနာင္ဘဝကိုတစ္ခါတည္းပို႔ေပးလိမ့္မယ္..ငါ့အစ္မေမြးေန့အထိလက္ခံထားေပးမယ္လို႔သေဘာတူထားတယ္မဟုတ္ဘူးလား?"

"ဟုတ္ၿပီ..မလဲေတာ့ဘူး..မင္းအခန္းထဲေတာ့ေနခြင့္ေပး..မင္းအိပ္မဲ့ေနရာကိုအတင္းဝင္ေနမွာလဲမဟုတ္ပဲနဲ႔"

"ရွီထို႔က်န္းအိပ္ရာကြက္ေအာင္လုပ္ရင္ညန႔္ခ်ီဘာလိုတံု႔ျပန္မယ္ထင္လဲ?"

ရႊဲရွန္ ; "…"

"တာ့ရွီးစိတ္ဆိုးေအာင္လုပ္မိျပန္ၿပီလား?"

က်န္းရွီနင္မွာ အခေၾကးေငြမရပဲ လူတိုင္း၏မိခင္ျဖစ္လာသလို ခံစားေနရသည္။ ရခဲ့သမ်ွ ပူပန္မႈမ်ားေၾကာင့္ တျဖည္းျဖည္းႏွင့္ အစကတည္းကမရိွေသာ အသက္ေတာင္ေပ်ာက္ေတာ့မည္။

ရႊဲရွန္သည္ လက္ၫွိုးႏွင့္လက္မကို ပူးကပ္လိုက္ၿပီး

"နည္းနည္း"

နည္းနည္းမဟုတ္တာကေတာ့ ေသခ်ာသည္။ ျပႆနာႀကီးႀကီးမားမား တတ္ခဲ့ပံုရသည္ဟု က်န္းရွီနင္ေတြးမိလိုက္သည္။

ႏွစ္ၪီးသား စကားေျပာေနခိုက္ ၿခံဝန္းအတြင္းသို႔ဝင္ရာ အေနာက္တံခါးပြင့္သြားၿပီး ဆင္တူဝတ္စံု ဝတ္ဆင္ထားေသာ လူငယ္ႏွစ္ၪီးသည္ ေဆးျခင္းေတာင္းမ်ားဆဲြလ်က္ ဝင္လာ၏။ က်န္းရွီနင္ကိုေတြ့ေသာအခါ ေၾကာင္အသြားၾကၿပီး ထိုစဥ္ မီးဖိုေခ်ာင္မွ အေငြ့တေထာင္းေထာင္းထေနေသာ ပန္းကန္ကိုသယ္၍ ထြက္လာေသာ ခ်န္းေဆာင္ေၾကာင့္  ႏႈတ္ဆက္လိုက္ၾကသည္။

"မဂၤလာမနက္ခင္းပါခ်န္းေဆာင္..ေမႊးႀကိဳင္ေနေတာ့ဗိုက္ေတာင္ဆာလာၿပီ..ေရွာင္ယဲ့နဲ႔ေရွာင္ဖုရမ္ေကာ?"

"ေရွာင္ယဲ့နဲ႔ေရွာင္ဖုရမ္ကအလုပ္မ်ားေနၾကတယ္..ျခင္းေတာင္းေတြထားၿပီးလက္ေဆးၾက..ခဏေနထမင္းစားၾကမယ္"

ထိုလူငယ္မ်ားသည္ ေဖာင္မိသားစု၏ အေစခံမ်ားျဖစ္ၾက၏။ ေဆးပင္မ်ားထားၿပီသည္ႏွင့္ ခ်န္းေဆာင္အား

"မေန့ကညေနကျပန္ေရာက္ရမွာကို..လမ္းမွာရထားလံုးတန္းနဲ႔ေတြ့ၿပီးလမ္းရွင္းလိုက္ရတယ္..အဲ့ဒါေၾကာင့္တစ္ညေနာက္က်သြားတာ"

"ရထားလံုးတန္း? ဘယ္ကရထားလံုးတန္းလဲ?"

"ရံုးေတာ္က"

အေၾကာင္းစံုကို ရွင္းလင္းျပေနေသာ ထိုႏွစ္ၪီးအသံက ေလးနက္လို႔ေနသည္။

"ကပ္ေရာဂါအေၾကာင္းအထက္ကိုေလ်ွာက္တင္ခဲ့တာသိတယ္မလား? ကပ္ေရာဂါႏွင္ဖို႔နတ္ဆရာေတြပို႔ေပးလိုက္တယ္..အခုဆိုၿမိဳ႔မွာေရာက္ေနေလာက္ၿပီ..ဘယ္သူေတြကိုပို႔ေပးလိုက္တယ္ထင္လဲ?"

"နတ္ဆရာ?"

ခ်န္းေဆာင္ မင္သတ္လို႔သြားၿပီး

"ဒါဆိုရင္..."

အေစခံသည္ လက္ခါလ်က္

"သူတို႔ေျပာၾကတာေတာ့ဧကရာဇ္ကေကာရွီးဆီပို႔ေပးတဲ့အရာရိွေတြတဲ့..ဘယ္လိုေခၚတဲ့အရာရိွေတြလဲဆိုတာေတာ့မမွတ္မိေတာ့ဘူး..ေန့တိုင္းေကာရွီးအပါးမွာေနတဲ့သူေတြ..ေကာရွီးမ်က္ႏွာကိုျမင္ဖူးတဲ့လူနည္းစုထဲအပါအဝင္ပဲျဖစ္ရမယ္"

••••

Continue Reading

You'll Also Like

74.8K 6.8K 60
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
COTAW(2) By Blueberry

Historical Fiction

135K 24.8K 120
Book1က wallထဲမှာရှိပါတယ်နော်
41.8K 4.9K 79
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
1.9M 331K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...