Forever Together (Completed)
By naykyarrrrr
354K 13.7K 577
အရာအားလုံးက ​ပြောင်းလဲ​နေတဲ့ နိယာမ တစ်ခုကို ကျ​နော် လက်ခံတယ် ဒါ​ပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်က​တော့... More
ဇာတ်​ကောင်မိတ်ဆက်
part 1(uni+zawgyi)
part 2 (Uni +Zawgyi)
Part 3( Uni+Zawgyi)
Part 4 ( Uni+Zawgyi)
Part 5(Uni+Zawgyi)
Part 6 (Uni+Zawgyi)
Part 7 (Uni+Zawgyi)
Part 8 (Uni+Zawgyi)
Part 9(Uni+Zawgyi)
Part 10(Uni+Zawgyi)
Part 11(Uni+Zawgyi)
Part 12 (Uni+Zawgyi)
​တောင်းပန်ခြင်း
Part 13 (Uni+Zawgyi)
Part 15(Uni+Zawgyi)
Part 16(Uni+Zawgyi)
Part 17(Uni+Zawgyi)
Part 18(Uni+zawgyi)
Part 19(Uni+Zawgyi)
Part 20(Uni+Zawgyi)
Part 21(Uni+Zawgyi)
Part 22(Uni+Zawgyi)
Part 23(Uni+Zawgyi)
Part 24 (Uni+Zawgyi)
Part 25 (Uni+Zawgyi)
Part 26 (Uni+Zawgyi)
Part 27(Uni+Zawgyi)
Part 28(Uni+Zawgyi)
Part 29 (Uni+Zawgyi)
Part 30 (Uni+Zawgyi)
Part 31(Uni+Zawgyi)
Part 32 (Uni+Zawgyi)
Part 33 (Uni+Zawgyi)
Part 34(Uni+Zawgyi)
Part 35(Uni+Zawgyi)
Part 36 (Uni+Zawgyi)
Part 37(Uni+Zawgyi)
Part 38 (Uni+Zawgyi)
Part 39(Uni+Zawgyi)
Part 40(Uni+Zawgyi)
Part 41(Uni+Zawgyi)
Part 42 (Uni+Zawgyi)
Part 43 (Uni+Zawgyi)
Part 44 (Uni+Zawgyi)
Part 45 (final) Uni+Zawgyi
​ကျေးဇူးတင်လွှာ
new fic
Part 14 ( Uni+Zawgyi)
5.6K 265 4
By naykyarrrrr
Uni
​ရွှေဘုန်း တို့ သူငယ်ချင်းတစ်စု ပြင်ဦးလွင်​ရောက်​နေကြသည်။ အဏ္ဏဝါနဲ့ မြတ်တို့ မင်္ဂလာ​ဆောင် ပွဲတက်ရန် အတွက် ။ ခန့်မင်း နဲ့ ရ​ဝေ ကလည်း မင်္ဂလာ ကိစ္စကို အားလုံးကူညီကြ၏။ ​ခေတ်ကလည်း အဏ္ဏဝါတို့ မနက်ပွဲ၊ ညပွဲ​တွေအတွက် ဝတ်စုံများကို လှပစွာ ချုပ်​ပေးထား သည်။ မြတ်မိဘများက LGBT ကို​ထောက်ခံ​တာ​ကြောင့် မင်္ဂလာပွဲကို မနက်တပွဲ ၊ ညတပွဲစည်ကားစွာ လုပ်ကြမည်။ မြတ် တို့ပိုင်တဲ့ resort မှာပဲ ပွဲ ၂ပွဲ လုံး လုပ်ကြမည်။
မြတ်က​လေးကို​တော့ ​ပြောထားရ​သေးတယ် ။​မောင်နဲ့ ​ခေတ်အ​ကြောင်း သူ့အ​မေကို အသိမ​ပေးဖို့။ သူ့အ​မေ နဲ့ ​ခေတ်​မေ​မေ က ညီအမ​တွေလို​နေကြတာ ။ သူများ​ပြောမှ ​​ခေတ်မိဘ​တွေသိမှာထက် ​ခေတ်ကိုယ်တိုင်​ပြောပြမှသိတာကို လိုချင်တာ။
​​ရွှေဘုန်းတို့အဖွဲ့​တွေကမင်္ဂလာပွဲမတိုင်မှီတစ်ရက် ကြို​ရောက်သည်။ ခန့်မင်းတို့ အတွဲက​တော့ ကားတစီးဖြင့် ​နေရာစုံလည်ပတ်​နေကြသည်။ ​ရွှေဘုန်းက​တော့ ခေတ်​လေး ခရီးပန်းလာတာ​ကြောင့် နားခိုင်းထားသည်။
​"ခေတ်​လေး အဆင်​ပြေလား ၊ ​နေရတာ ဘယ်လိုလဲ ၊ မူး​နေတာ​ကော ​ပျောက်ပြီလား "
"အဆင်​ပြေပါတယ် ​မောင် "
​"ခေတ်​လေး အပြင်ထွက်ချင်​သေးလား "
"ထွက်မယ်​လေ ​မောင် လန်းသွား​အောင်"
​"မောင်!! ​ခေတ်​လေ ဆိုင်ကယ် နဲ့ သွားချင်တယ် ကားမစီးချင်​​တော့ဘူး "
"အင်း ​ခေတ်​လေး သ​ဘော ​မောင်စီစဥ်လိုက်မယ် "
​ခေတ် ​ရေချိုးပြီးထွက်လာ​တော့ ​မောင်က အဆင်သင့် ။ Jean pants အနက်​ရောင် ​ ၊လည်ပိတ် ဆွယ်တာ အဖြူ အ​ပေါ်မှာ ဂျာကင်အနက်​ရောင် နဲ့ ဖိနပ်ကလည်း အနက် ​မောင့် အသားအ​ရေ ၊ အရပ်အ​မောင်းနဲ့​ကတော့ အ​တော် လိုက်ဖက်သည်။
​"ခေတ်​လေး ​အေးလိမ့်မယ် အ​နွေးထည်ဝတ်ခဲ့"
​ခေတ်က ​ဘောင်းဘီအဖြူရောင် ၊ Hoodie အဝါ ​ရောင်​လေးနဲ့ lv shopping bag ​လေးလွယ် ထားတာ။
"Hoodie ​အောက်မှာ ဆွယ်တာပါတယ်​မောင် "
"ဆိုင်ကယ်စီးရင်​အေးမှာစိုးလို့ ရရဲ့လား​အေးရင် ​မောင့်ကို​ပြောကြားလား "
"အင်းပါ​မောင် "
​မောင်က scoopy ဆိုင်ကယ် အနီ​ရောင်​လေး​ပေါ် တက်လိုက်ပြီး ။​
"ခေတ်​လေး တက်​လေ "
​ခေတ် ဆိုင်ကယ်​​ပေါ် ခွတက်လိုက်ပြီး ​​မောင့်ခါးကိုတင်းကျပ်စွာ ဖက်လိုက်သည်။ မောင် က ဆိုင်ကယ်​မောင်း​နေရင်းက ​ခေတ် လက်တစ်ဖက်ကို ဆုပ်ကိုင်ထားရင်း ဆွဲယူကာ နမ်းလိုက်၏။
​"ခေတ်​လေး ​ပျော်လား၊ စီးရတာ​ကော အဆင်​ပြေလား "
​"ပျော်တယ်​မောင်၊ ဆိုင်ကယ်စီးလိုက်တော့ လန်းသွားတာပဲ "
​မောင့်ခါးကို ဖက်ပြီး ​မောင့်​ကျော​ပေါ်မှာ မျက်နှာကပ်ပြီး ဆိုင်ကယ်စီးရတဲ့ ဖီလင်က ဘာနဲ့မှမတူဘူး ။
လူ များတဲ့ ​နေရာ​တွေ မသွားချင်တာနဲ့ ​အေး​အေး​ဆေး​ဆေး ထိုင်လို့ရတဲ့ ​ကော်ဖီဆိုင်​လေးမှာ ထိုင် လိုက်သည်။ နှစ်ယောက်သား ပြင်ဦးလွင်​ရောက်တုန်း နို့မ​သောက်ကြဘဲ ပြင်ဦးလွင်ခြံထွက် ​​ကော် ဖီ စစ်​စစ်​လေး ၂ခွက်​မှာ​ကြသည် ။ ​ချမ်းစိမ့်စိမ့် ​လေးမှာ ပူ​နွေး​နေတဲ့ ​ကော်ဖီ​လေးနဲ့ ပြည့်စုံ လွန်းလှ၏။
​"အေးချမ်းလိုက်တာ ​မောင်ရယ် ၊
​နေရတာ စိတ်ချမ်းသာလိုက်တာ "
​​"နောက်ဆို ​ခေတ် စိတ်မွန်းကျပ်​နေရင်​ပြော​လေ ​မောင် လိုက်ပို့​ပေးမယ်"
"တကယ်လား "
"တကယ်​ပေါ့ ​အချိန်မ​ရွေး​ပြော "
​ရွှေဘုန်း ရုတ်တရက် စဥ်းစားမိလိုက်တာက ​ခေတ်အတွက် ပြင်ဦးလွင်မှာ အပန်း​ဖြေ ခြံတစ်ခြံဝယ်ရမယ်ဆိုတာ။ ​ခေတ်​လေးကို စိတ်ချမ်း သာ​ စေချင်တာ ။ သူ​ပျော်မယ်ဆိုတာနဲ့တင် ဘာဖြစ်ဖြစ်ဖြည့်စည်း​ပေးချင်တာ။ ခေတ်မျက်နှာကိုပဲကြည်ပြီး အသက်ရှင်​နေ ချင်တာ။ ​
​​
~~~~~~~~~~~~
အဏ္ဏဝါ တို့ မနက်ပိုင်း မင်္ဂလာပွဲပြီး​တော့ ​ ည​နေပွဲအတွက် ခြံထဲမှာ စည်စည်ကားကား ပြင်ဆင်​နေကြသည်။ ည dinner ပွဲဆိုတဲ့အတွက်သောက် စရာများကလည်းအများအပြား ။ တီးဝိုင်း ​တောင်ပါ​သေး။ မနက်ပွဲထက် လူပို စည်ကား​​နေသည်။
​ခေတ်က ည dinner အတွက် အဏ္ဏဝါနဲ့ မြတ်ရဲ့ suits ​လေး​တွေကို baby pink အ​ရောင်​လေး စီစဥ်​ပေးထားသည်။ မြတ်က​လေး အသားအ​ရေနဲ့ အင်မတန် လိုက်ဖက်လှသည်။ မိတ်ကပ် ပြင်ဆင်ပြီး suits ​လေးနဲ့ မြတ်က​လေးကို ။
"Congratulations မြတ်က​လေး အရမ်း လှတယ် နတ်သား​လေးလိုပဲ "
"အကို ​ခေတ်ကိုမမှီဘူး​နော် ဘာဝတ်ဝတ် လိုက်တာ "
​ခေတ်က ​ခရမ်း​ရောင် ​ဖျော့​ဖျော့​လေး suits ​လေး ဝတ်ထားသည်။ အထဲက လည်​ထောင် အဝါ​ရောင် ​လေး ဝတ်ထား​တော့ တမျိုး​လေး ထင်း​​နေ၏။ မောင်က​တော့ ထုံးစံအတိုင်း အနက်​ရောင် suits ကို ဝတ်ထားသည်။
​ရွှေဘုန်း က ​ခေတ်လက်ကို ဆွဲပြီး ​ပွဲထဲဝင်​ လာတာကို ကြည့်​နေတဲ့မျက်လုံးများကအများအပြား ။ အရမ်း​တွေလိုက်ဖက်​နေတာကို ။ ရွှေဘုန်း လည်း ခန့်မင်းတို့ ထိုင်​နေ​သောဝိုင်းတွင် ဝင်ထိုင်လိုက်သည်။
"အကို ​ခေတ် အရမ်းလှတယ်​နော် "
ရ​ဝေက စတင် နှုတ်ဆက်လိုက်၏။
​"ကျေးဇူးပါ ရ​ဝေ"
​ရွှေဘုန်း ​ခေတ် လက်ကို ကိုင်လိုက်​တော့ ​အေးစက်​နေတာပဲ။ ပြင်ဦးလွင်ရဲ့ အ​အေးဓါတ်က ညပိုင်း ပိုလာသည်။
​"ခေတ်​လေး ​အေး ​နေပြီလား "
​​ရွှေဘုန်းက ခေတ် လက်ကို ဆုပ်ကိုင်​ပေး​နေရင်း ။ ​ခေတ်လက်ဖျားများ​အေးစက်​နေ၏။
"နည်းနည်း ​​အေးတယ် ​မောင် "
​"မောင်ကိုင်ထား​ပေးမယ် "
​​​"မောင် ​ခေတ် ဝိုင်​သောက်ချင်တယ်"
​"သောက်​လေ ​ခေတ်​လေး ​မောင် နည်းနည်း​ပျော့တာ​လေး​ရွေး​ပေးမယ် "
မင်္ဂလာအချိန် ကြ​ရောက်လာပြီဖြစ်တာ​ကြောင့် မြတ်နဲ့ အဏ္ဏဝါတို့ ၂​ယောက်​ရောက် လက်ချိတ်ကာ မင်္ဂလာအခမ်း အနားထဲဝင်လာသည်နှင့် တီးလုံးသံ​လေးများက မြိုင်မြိုင်ဆိုင်ဆိုင်။ မင်္ဂလာ ကိတ်ကို ခွဲပြီး ရှန်ပိန် ​ဖောက်​တော့ ဆူညံစွာ ​​အော်ဟစ် လက်ခုတ် တီးကြသည်။ ပွဲဆူ​သွားစေသည်။
"အားလုံး cheer "
အဏ္ဏဝါက အားလုံးကို cheer လုပ်လိုက်ပြီး ပွဲကို စလိုက်သည်။
"ကျ​နော်တို့ရဲ့ dinner ပွဲ​လေးကို ကြွရောက်လာကြတဲ့ ဧည့်သည်​တော်များကို ​ကျေးဇူးပါ "
"ဒီပွဲထဲမှာ အဆို​ကောင်းတဲ့ကျ​နော့ သူငယ်ချင်းတ​စ်ယောက် ရှိ​နေပါတယ် သူက​တော့​ရွှေဘုန်းတန်ခိုးပါ ၊ သီချင်းတစ် ပုဒ်နဲ့ ​ဖျော်​ဖြေဖို့ ဖိတ်​ခေါ်ပါတယ် "
​ရွှေဘုန်း ​​ခေတ် လက်ကို လွှတ်လိုက်ပြီး
​"မောင် ခဏသွားလိုက်အုန်းမယ် "
​ခေတ် ​ခေါင်းငြိမ့်ပြလိုက်၏။
စင်​ပေါ် ​ရောက်သွားတဲ့ ​ရွှေဘုန်းက မိုက်ကိုကိုင်ကာ
"ဒီသီချင်း​လေးက​တော့ ကျ​နော့ရဲ့ အချစ်ဆုံးသူ​လေးအတွက်ပါ၊ သူက ကျ​နော့် ဘဝပါ ၊ သူမရှိရင် ကျနော်ဆိုတာ ရှိမလာနိုင်ပါဘူး ၊ သူနဲ့ရှိ​နေတယ်ဆိုတာနဲ့တင် ကျ​နော် အရာရာ ပြည့်စုံ​​နေပါပြီ "
Austin Mahone ရဲ့ All I ever need
သီချင်း​ကို ​ခေတ်မျက်နှာ​လေးကို မျက်​တောင်မခတ်ဘဲကြည့်ပြီး ဆိုသွားတာ။ ​ခေတ်​ မောင့်ရဲ့အချစ်​တွေကို မြင်လိုက်ရတာနဲ့အတင် မျက်ရည်များဝိုင်း လာ၏။
🎶🎵Don't the water grow the trees?
Don't the moon pull the tide?
Don't the stars light the sky
Like you need to light my life?
If you need me anytime
You know I'm always right by your side
And see, I've never felt this love
You're the only thing that's on my mind
You don't understand how much you really mean to me
I need you in my life, you're my necessity, yeah
But believe me, you're everything that just makes my world complete
My love is clear, the only thing that I'll ever see
You're all I ever need
Baby, you're amazing
You're my angel, come and save me
Oh
You're all I ever need
Baby, you're amazing
You're my angel, come and save me
Oh  🎵🎶
သီချင်း ဘယ်အချိန်ပြီးသွားမှန်း​တောင်မသိ​အောင် ​မောင်က အဆို​ကောင်းလိုက်တာ။
စင်​ပေါ်က ဆင်းလာပြီးမောင်က ​ခေတ်​ဘေးဝင်ထိုင်ကာ
"ဟင် ​​ခေတ်​လေး ဘာလို့မျက်ရည်​တွေကျ​နေတာလဲ "
​​မောင့်နား​လေးကပ်ကာ
​"မောင့်ကို ချစ်လို့ "
~~~~~~~~~~~~
"ဆရာ ဧည့်သည်​ရောက်​နေတယ် "
ရတု က ဦး​ဆောင်ကာ ဧည့်သည်များကို ​ခေါ်​ဆောင်လာခဲ့သည်။
" ​ဟော မာမီ လာပါဗျ ၊ မမ​ကော ပါလာတယ်၊ ထိုင်ပါအုန်း ခင်ဗျ"
"မမ စုဗူး​လေး က ​တော်​တော်စူလာပြီ​နော်၊ ဘာ​လေးလည်းသိရပြီလား"
"သမီး​လေး ​ခေတ်​ရေ "
"ဝါး​ပျော်စရာကြီး မမ​တော့ အ​ဖော်ရ​တော့မယ်"
မာမီကအန်တီလို့ ​ခေါ်တာကို ခွင့်မပြုဘဲ​မောင်​ခေါ်သလို မာမီလို့သာ ​ခေါ်ခိုင်းသည်။ ​ခေတ် လည်း ထိမ်းကာ ​ခေါ်ရင်း အခု​တော့ အကျင့်ဖြစ်​နေပါပြီ။
"ရတု ​ရေ ဧည့်သည်​တွေအတွက် တခုခု လုပ်ပါအုန်း"
"ဘာမှမလုပ်​တော့နဲ့ သား​ခေတ်​လေး
မာမီတို့ အပြင်မှာ shopping ထွက်ရင်း ​နေလည်စာ စားဖို့ သား​ခေတ်ကို လာ​ခေါ်တာ"
​​"ခေတ်​လေးက အား​ကော အားလား
မအားလည်းရတယ်​နော် မမတို့​ကြောင့်အလုပ်ရှုပ်​နေမှာဆိုးလို့ "
"မအားစရာ လား မမ ကလည်း တခါတ​လေကို "
"ဒါဆိုသွားကြရ​အောင် သား​ခေတ်​လေး"
"ခဏ​လေး မာမီ
ဒါက မာမီအတွက် လက်​​ဆောင် ​ခေတ်ကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ ချိတ် ​မေ​မေ တစ်ထည် မာမီတစ်ထည်"
​"ကျေးဇူးပါသား​ခေတ်​လေး "
"ဒါက မမအတွက် ချည်သားစစ်စစ် ဗိုက်ဖုံးအင်္ကျီပါ "
​"မောင်​လေး​ရွှေဘုန်းသိရင်​တော့ မမတို့ကို​ပြော​တော့မှာဘဲ သူ့ချစ်သူကို အလုပ်ရှုပ်​စေတယ်ဆိုပြီး "
"ဟာာား ဟုတ်တယ် မမ သူက အူတိုတယ်"
Shopping center တခုလုံး မာမီနဲ့ မမ စိတ် ကြိုက် ဝယ်ကြတာ ။ အထုပ်ဆွဲတဲ့ driver မှာ မနည်းသယ်​နေရတယ်။ LV branded ဆိုင် ထဲ​ရောက်​တော့ မာမီက အိတ်မျိုးစုံ ဝယ်​နေသည် ။ ​ခေတ်လည်း ​နောက်ဆုံးထွက်ထားတဲ့ အိတ်​​တွေ ဖိနပ်​တွေ တခုပြီးတခု စီးကြည့်၊ လွယ်ကြည့်လုပ်​နေလိုက်သည်။
"သား​ခေတ်​လေး တစ်ခုခု ယူအုန်း​​လေ
မာမီ ဝယ်​ပေးချင်လို့ "
​"တော်ပါပြီ မာမီ
​ခေတ် မယူ​တော့ပါဘူး "
မာမီတို့အတူ ​နေ့လည်စာစားပြီး ​ခေတ်ကိုအိမ် ပြန်လိုက်ပို့​ပေးသည်။ ကား​ပေါ်က ဆင်းပြီး မာမီနဲ့မမ ကို နှုတ်ဆက်​တော့ အထုတ် များ ကို မာမီက လက်ထဲအတင်း ထည့်​ပေးလိုက်၏။​ခေတ် အ​ခန်းထဲ​ရောက်​မှ ဖွင့်ကြည့်လိုက်​တော့ မျက်လုံးပြူး သွား၏။
"LV sneakers အဖြူ​ရောင်
LV shopping bag
LV belt ​"
"ဟာာ ​"
ခေတ် စီးကြည့်ခဲ့တဲ့ဖိနပ် ၊ ​ခေတ်လွယ်ခဲ့တဲ့ အိတ် ၊ ​ခေတ် ပတ်ခဲ့တဲ့ ခါးပတ် အားလုံးဝယ်ထည့်​ပေးလိုက်တာပဲ။ ဘာရယ်လို့မဟုတ်ဘူး ဆိုင်ထဲ​ရောက်​တော့ စီးကြည့် ကိုင်ကြည့် လိုက်တာ​တွေ။ ​​တော်​သေးတာ​ပေါ့ နည်းနည်းပဲ ကိုင်ကြည့်လိုက်လို့ ။အားလုံးသာ စီးကြည့်လိုက်လို့က​တော့တစ်ဆိုင်လုံး အိမ်ပါလာလိမ့်မယ်။
​​~~~~~~~~~~~~~~~
"📩 ​မောင် ည​နေ လာခဲ့မယ်"
​မောင့် message ဝင်လာ ကတည်းက မီးဖိုထဲဝင်ကာ ဟင်း ချက် ​နေရသည်။ ​နေ့လည်စာ မာမီတို့နဲ့အပြင်မှာ စားတာ ဆို​တော့ ဘာဟင်းမှချက်ထားတာမရှိ။
ခေတ်လည်း ပြုတ်ထားတဲ့ ဝတ်သား သုံးထပ် သားကို ပါးပါးလှီး ပြီး အကျွပ်​ကြော်လိုက်သည်။ ခါကြက်ဥသုပ်ရန် ခြစ်ပြီး အဆင်သင့်ပြင်ထားသည်။ ကြက်ဥ ​​ချောကလက် (ကြက်ဥကိုပြုတ်ပြီး ပဲရည်နဲ့​ပေါင်းထားတာ) အိုးတည် ထားကာ ၊ ပဲပြား ချဥ်စပ်ဟင်းရည် အိုးပြင်လိုက်သည်။
ပြင်ဆင် ချက်ပြုတ်​နေစဥ် ​မောင်က ​နောက်က ​ရောက်လာပြီး ခါးကို သိုင်းဖက် လိုက်၏။
"ဘာ​တွေ ချက်​နေတာလဲ​မောင့်​ခေတ်​လေး "
​"မောင့်အတွက် ညစာ ​လေ ဘာမှမရှိလို့ အခုမှ အ​ပြေးအလွှား "
​"ဟောဗျာ မရှိလည်း အပြင်သွားစားမှာ​ပေါ့ ​ခေတ်​​လေးရဲ့ ဘာလို့ အပင်ပန်းခံ​နေရတာလဲ "
"အပြင်စာ က ​နေ့လည်က မာမီတို့မမတို့နဲ့စားခဲ့တယ် "
"​​ဟောဗျာ ​မောင့်ကို ပလစ်ပြီး​တော့ ​ယောက္ခမနဲ့ သွားစားတယ်​ပေါ့ "
​"မောင်က အဲ့အချိန် မအားဘူး​လေ "
"ဟုတ်ပါပြိီဗျာ
ယောက္ခမနဲ့အရမ်းတည့်​နေတယ်​ပေါ့ ​လေ"
"တည့်ရမှာ​ပေါ့ ​မောင့်ကို ​မွေးထားတဲ့
အ​မေပဲ ၊ ပြီး​တော့ သူ့ သားကို ကြည်ကြည်ဖြူဖြူ ကိုယ့်ကို​ပေးထားတာကို​ကျေးဇူး​တောင်တင်ရအုန်းမှာ"
"ဟုတ်ပါပြီဗျာ
​မောင်ကို ကျ​တော့​ရော"
"........."
​"မောင်ကို အရမ်းချစ် လို့ ​မောင့် မိသားစုကိုလည်းချစ်တာ​ပေါ့"
"ရွှတ် "
​ခေတ်ပါး​​လေးကိုနမ်းလိုက်သည်။ အရမ်းသိတတ်တဲ့ ချစ်သူ​လေးကို ပိုင်ဆိုင်ထားတာ ကုသိုလ်တမျိုးပဲ။
"လာအုန်း ​မောင့်ကို ​ခေတ်ပြစရာရှိတယ်"
အခန်းထဲ​ခေါ်သွားပြီး မာမီ ဝယ်​ပေး လိုက်တဲ့ပစ္စည်း​တွေကိုပြရင်း။
"ခေတ် အားနာလိုက်တာ ​မောင်ရယ်
အများကြီး ဝယ်​ပေးလိုက်တာ ​ခေတ် မသိလိုက်ဘူး "
"ပြွတ် ​"
တတွတ်တွတ် ​ပြော​နေ​သော ခေတ်နှုတ်ခမ်း​​လေးကို နမ်းလိုက်ပြီး ။
"ဘာမှ အားနာစရာမလိုဘူး ​မောင့်​ခေတ်​လေး "
".........."
​"မာမီသုံး​နေတဲ့ ​ငွေ​တွေက ​မောင်ရှာထားတာ ​တွေ ​ခေတ် စိတ်ကြိုက်သုံးလို့ရတယ် "
"ဟင်း ​မောင်ကလည်း ​​ ဘာဆိုင်လို့လည်း ​ခေတ်မှ​မောင့်ကိုမပိုင်​သေးတာ"
"ပြွတ်စ် "
"........"
"ပြွတ် စ်"
​ခေတ်နှုတ်ခမ်းကို အဆက်မပြတ် ရန်ရှာ ​ကာနမ်းနေ၏ ​။ ​​​ပြီး​တော့ ကြောက်စရာ​ကောင်း​သော စကားများနဲ့လည်း ခြိမ်း​ခြောက်ပြန်၏။
​"ခေတ် ​မောင့်ကိုပိုင်သွား​အောင်
ဒီည အပိုင်သိမ်းလိုက်ရမလား "
အချစ်များစွာဖြင့် 🌻
26.3.2022 (Sat)
....................................
Zawgyi
"အဆင်​ပြေပါတယ် ​မောင် "
"အင်းပါ​မောင် "
"ခေတ်​လေး တက်​လေ "
"တကယ်လား "
~~~~~~~~~~~~
"ကျေးဇူးပါ ရ​ဝေ"
"ခေတ်​လေး ​အေး ​နေပြီလား "
"နည်းနည်း ​​အေးတယ် ​မောင် "
"မောင်ကိုင်ထား​ပေးမယ် "
"အားလုံး cheer "
"ဒီပွဲထဲမှာ အဆို​ကောင်းတဲ့ကျ​နော့ သူငယ်ချင်းတ​ယောက် ရှိ​နေပါတယ် သူက​တော့​ရွှေဘုန်းတန်ခိုးပါ ၊ သီချင်းတပုဒ်နဲ့ ​ဖျော်​ဖြေဖို့ ဖိတ်​ခေါ်ပါတယ် "
If you need me anytime
You're all I ever need
Baby, you're amazing
Oh
You're all I ever need
Baby, you're amazing
Oh
We can do anything you like
I know we both can get it right tonight
You got your walls built up high
I can tell by looking in your eyes
You're all I ever need
Baby, you're amazing
Oh
You're all I ever need
Baby, you're amazing
Oh
When it comes to you, baby, I'm addicted
You're like a drug, no rehab can fix it
I think you're perfect, baby, even with your flaws
You ask what I like about you, ooh, I love it all
When it comes to you, baby, I'm addicted
You're like a drug, no rehab can fix it
I think you're perfect, baby, even with your flaws
You ask what I like about you, oh, I love it all
You're all I ever need (all I ever need)
Baby, you're amazing
Oh
You're all I ever need
Baby, you're amazing (amazing)
You're my angel, come and save me (save me)
Oh
မောင့်နား​လေးကပ်ကာ
"မောင့်ကို ချစ်လို့ "
~~~~~~~~~~~~
"သမီး​လေး ​ခေတ်​ရေ "
မာမီတို့ အပြင်မှာ shopping ထွက်ရင်း တခုခု စားဖို့ သား​ခေတ်ကို လာ​ခေါ်တာ"
"ခဏ​လေး မာမီ
"ကျေးဇူးပါသား​ခေတ်​လေး "
"သား​ခေတ်​လေး တခုခု ယူအုန်း​​လေ
မာမီ ဝယ်​ပေးချင်လို့ "
"တော်ပါပြီ မာမီ
ခေတ် မယူ​တော့ပါဘူး "
"LV sneakers အဖြူ​ရောင်
LV shopping bag
LV belt ​"
"ဟာာ ​"
~~~~~~~~~~~~~~~
"📩 ​မောင် ည​နေ လာခဲ့မယ်"
"ဟုတ်ပါပြီဗျာ
"ဟုတ်ပါပြီဗျာ
မောင်ကို ကျ​တော့​ရော"
"........."
"ရွှတ် "
"ပြွတ် ​"
".........."
"ပြွတ်စ် "
"........"
"ပြွတ် စ်"
အချစ်များစွာဖြင့် 🌻
26.3.2022 (Sat)
Continue Reading
You'll Also Like
277K 11.5K 38
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
338K 34.6K 108
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
318K 25.6K 29
Mini Story Uni Life Style Sweet Romance
949K 50K 44