ဒီရုပ်ဆိုးဆိုးမိန်းကလေးက Boss...

De Maythwaythit

10.8K 663 41

....A romantic relation between a mafia boss and a kind girl... Mais

Prologue
Prologue
သွေးညှီနံ့များနှင့်ထိုလူသား
အဆုံးမဲ့သော
အဆုံးမဲ့သော
ပန်းပွင့်များနှင့်သူမ
မဖိတ်ခေါ်ထားသောသူများ
မဖိတ်ခေါ်ထားသောသူ
အတိတျသို့...
အတိတ်သို့
ရှောင်နျောင်နျောင် (နွေးထွေးမှုသေးသေးလေး)

မျက်လုံးဖြူဝံပုလွေကောင်

407 52 3
De Maythwaythit

"ထောက်ပံ့ကြေးဟမ့်...... ရှင်ရဲ့ထောင်ဂဏန်းလောက်ထောက်ပံ့ကြေးလေးကို ကျွန်မကမက်မောတယ်များထင်နေတာလား။
ရှင်ရဲ့ လစဥ်ပို့နေတဲ့ ထောက်ပံ့ကြေးတွေ အိမ်ရှေ့က စာပုံးထဲမှာရှိတယ်။ အားရုံ သွားယူချေ..."

အားရုံသည် သူ၏မမရှောက်ပြောသည်နှင့် အပြေးကလေးသွားကာ အိမ်ရှေ့က စာပုံးထဲမှအိတ်တစ်ထပ်လိုက်ကြီးပိုယူလာတော့သည်။ ဤအိတ်များမှာ စုစုပေါင်း ၁၅ခုရှိနေပြီး နျန်ကျန်းရန်နှင့်သူမလမ်းခွဲပြီးချိန်ကစ၍ ယခုလအထိ သူပို့ထားသောငွေများပင်။

"ဒီမှာနျန်ကျန်းရန် ငါဆိုတဲ့မာရှောက်အိုက
ချစ်တဲ့နေရာမှာ သိပ်တော်သလောက်
လူကဲခတ်တဲ့နေရာမှာ သိပ်ညံ့ခဲ့တာပဲ။

ငါနင့်အတွက် ဘ၀ကြီးတစ်ခုလုံးကိုပါ ရင်းပေးခဲ့တယ်။ ငါ့ရဲ့ငယ်ရွယ်ချိန်ကနေ ငါ့ရဲ့မျက်လုံးနှစ်လုံးအထိ....

ငါပြန်ရခဲ့တာဘာရှိလဲ။
ငါနေမကောင်းတဲ့အချိန်မှာတောင် နင်စားချင်တဲ့ ၀က်သားဖက်ထုပ်ကိုလုပ်ပြီး မရမကလာပို့ခိုင်းတာမျိုးလား။ အေးခဲနေတဲ့ ဆောင်းရာသီမှာ တစ်ယောက်တည်းလမ်းဘေးမီးတိုင်အောက်မှာ စောင့်ရတဲ့အဖြစ်မျိုးလား။ နောက်ဆုံး ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းဆိုတဲ့မိန်းကလေးနဲ့ပေါင်းပြီး ငါ့နောက်ကျောကိုဓားနဲ့ထိုးခဲ့တာလား။ လုံလောက်နေပြီလေ

နင်နဲ့ပတ်သက်တဲ့ပျော်ရွှင်ခံစမှုမျိုး
ငါဘယ်နှခါရဖူးလဲ။ နင့်ကိုနင်ရောတွေးကြည့်ဖူးလား နင်ဆိုတဲ့နျန်ကျန်းရန် ငါ့ကိုဘယ်နှခါများ အစစ်အမှန်ပေးခဲ့ဖူးခဲဆိုတာ။
တော်လောက်ပြီ အခုကစပြီးငါ့ရှေ့မှာနင်တို့တွေထပ်ပေါ်မလာပါနဲ့တော့

ကြီးမြတ်လှတဲ့နိုင်ငံ့အမျိုးသားသရုပ်ဆောင်နဲ့ နိုင်ငံတကာ အလှမယ်တို့ရယ်! "

မာရှောက်အို၏လေသံမှာ တည်ငြိမ်ပြီးရေသေကဲ့သို့ရှိနေ၏။ သူမဒီလူ့အတွက်ခံစားချက်တွေ သေလို့သွားခဲ့လေပြီ။ ဒီလူဟာ
အထက်တန်းတက်စဥ်က တောက်တောက်ပပပြုံးပြခဲ့သည့်ကောင်လေးမဟုတ်တော့....
မိန်းမတစိယောက်ကို လှေကားလိုတွယ်တက်ခဲ့သည့် အမှိုက်သာသာလူပင်...

မာရှောက်အို၏ စကားများကိုကြားပြီးနောက်
နျန်ကျန်းရန် ကြက်သေသေသွားခဲ့သည်။
သူမစကားလုံးများမှာ ထက်ရှနေသော်လည်း
လုပ်ကြံပြီးပြောသည့်စကားများ မပါပေ။
သူ့ရင်ထဲမှ တစ်စုံတစ်ခုဆွဲထုတ်ခြင်းခံလိုက်ရသကဲ့သိူ့ခံစားနေရသည်။

သူကတကယ်ကို ရက်စက်တဲ့လူစားမျိုးလား......

ဒီမိန်းကလေးသည် မလှပေသို့သော်
သူမတွင်ရှိသမျှအရာအားလုံးကို သူနှင့်အတူမျှဝေပေးတတ်သည်။ လှပသော မနက်စာထမင်းဘူးလေးနှင့် သူတို့နှစ်ယောက်အတူတူထမင်းစားခဲ့ကြဖူးသည်။ သူဘယ်လောက်ပဲ စိတ်ပျက်စရာကောင်းနေပါစေ သူမကတော့ သူ့ကိုထားမသွားခဲ့။
နှင်းတဖွဲဖွဲကျနေသည့်လမ်းမထက် သူမသူ့ကိုစောင့်ခဲ့ဖူးသည်။ သူအနုပညာအေးဆေးလုပ်နိုင်ရန် သူမအလုပ်ပေါင်းဆုံကိုလုပ်ခဲ့ဖူးသည်။ သူသူမကိုမချစ်သော်လည်း များစွာသောကျေးဇူးတရားတို့ကိုသိတတ်သည်။
ထို့ကြောင့် လမ်းခွဲပြီးချိန်မှစ၍ သူမကိုလစဥ်ငွေးကြေးထောက်ပံ့ခဲ့သည်။

ငယ်ရွယ်မှု သူမခိုလိုချင်ချင်အသုံးချခဲ့ပြီးမှ ဘာသောက်ရေးမပါတာတွေ ပြောပြန်တာလဲ'
ငယ်ရွယ်မှုအကြောင်းသူရော စူ့ရဲ့ငယ်ရွယ်မှုတွေ သူမဆီမှာမသုံးခဲ့လို့လား။

"မင်းကအခုတော့ဒီလိုစကားလုံးတွေနဲ့ ဆွဲဆောင်တတ်နေပြီပေါ့ စိတ်ကူးယဥ်မနေနဲ့
မင်းဘယ်လိုပဲ လုပ်လုပ် ငါမင်းဆီ
ပြန်မလာဘူး"

"ဟမ့် ဆုတောင်းလေ ရှင်ပြန်လာချင်ရင်တောင် ကျွန်မကလက်မခံဘူး မျက်လုံးဖြူကောင်ရဲ့ "

သူမကစိတ်တိုစွာပြောဆိုပြီးနောက် ကောင်တာအနောက်မှထွက်လာလိုက်သည်။
ရှို့ယာယာက သူမကိုတစ်ခုခုလုပ်ချင်နေပေမဲ့
ပေါက်ထွက်မတတ်စိုက်ကြည့်နေသည့်
လူကြောင့် ခြေတစ်လှမ်းပင်မလှမ်း၀င့်တော့ပါချေ။

ထို့နောက် စျေးပေါသည့်အမျိုးသမီးနှင့်အလိမ်အညာ အမျိုးသားသရုပ်ဆောင်တို့ကိုထားခဲ့ကာ မာရှောက်အိုနှင့် ကုမင်ယန်တို့ဆိုင်အတွင်းမှထွက်လာခဲ့တော့သည်။

"အားရုံ ဆိုင်မပိတ်ခင်လေသန့်ဆေးသုံးဖို့မမေ့နဲ့ဦး"

"ဟုတ်ကဲ့ ရှောက်ကျဲကျယ် "

အားရုံသည်ကြက်သေသေနေသည့် စုံတွဲကိုရှေ့မှာထားကာပင်

"အိုင်းယား လေသန့်ဆေးဖြန်းရဦးမယ်
အလိုက်မသိတဲ့လူတွေကတော့လေ"

ရှို့ယာယာ၏မျက်နှာညှိုးကျသွားကာ နျန်ကျန်းရန်၏မျက်နှာလည်း မည်းမှောင်လာခဲ့သည်။

"Darlin .....သူ "

နျန်ကျန်းရန်သည် ရှို့ယာယာ၏လက်ကိုကိုင်ကာ

"ကိုယ်တို့ပြန်ကြစို့ ချစ်လေးရဲ့စိတ်တွေဒီလိုနေရာမှာ ညစ်နွမ်းဖို့မတန်ပါဘူး "

"ဟွန့်  ပန်းဆိုင်စုတ်ကများ "

ရှို့ယာယာသည်မူဟန်ပိုစွာ နျန်ကျမ်းရန်၏လက်ကိုတွဲထားပြီးထွက်သွားကြတော့သည်။

အားရုံက နှာခေါင်းရှုံ့ရင်း ထိုနေရာကို
OCDတစ်ဦးကဲ့သို့ ထပ်ကာထပ်ကာ ပွတ်တိုက်သန့်ရှင်းမိနေတော့သည်။

"အလကား အယုတ်တမာစုံတွဲ"

***----******------&****

မတွေ့တာကြာပြီနော်😊

Continue lendo

Você também vai gostar

462K 27.2K 44
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.3M 70K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
607K 49.7K 23
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...