ကမ်းကုန်အောင်အလိုလိုက်ခံထားရသ...

By Deity_YuZhang

504K 65.2K 1.7K

Title - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Y... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19.1
19.2
20
21
22
23
24.1
24.2
25
26.1
26.2
27
28
29
Notice
30
31
32
33
34.2
35
36.1
36.2
37.1
37.2
38.1
38.2
38.3
39.1
39.2
39.3
40.1 + 40.2
41
42
43
44
45
46
47
48

34.1

6.6K 925 15
By Deity_YuZhang

U••

[သံသယရှိဖွယ် အချစ်ပြိုင်ဘက်ထွက်ပေါ်လာခြင်း]

သူ့ဘက်ကဘာမှပြောနေဖို့မထိုက်တန်ဘူးဆိုတာကို ရှန်ယွီချန်းမငြင်းလိုပါဘူး။ ရှယ်ယာရှင်တွေဆီက မေးခွန်းတွေ၊ အပြစ်တင်ဝေဖန်သံတွေကိုရင်ဆိုင်ရပြီးတဲ့နောက်မှာတော့ သူ့ခေါင်းကိုငုံ့ရင်းဘာကိုမှမပြောပဲနေလိုက်တော့တယ်။

ဒီလိုအဆုံးသတ်မျိုးက ရှန်ယွီချန်းအတွက်အကောင်းဆုံး ဖြစ်နှင့်ပြီးနေပြီ။ သူ့သားရှန်ယွီရှန်းကိုကြည့်ရင်း ရှန်ကွော်ကျန်း ကျေးဇူးတင်မိသွားတယ်။ ဒါပေမဲ့လည်း သူ့သားရဲ့ ဘာကိုမှဂရုမထားတဲ့ပုံစံကိုမြင်တော့ သူ့နှလုံးသားထဲ၌ မှင်သက်၍ အပြစ်မကင်းသကဲ့သို့ခံစားရစေသည်။ သူအင်အားနည်းစွာသက်ပြင်းချလိုက်ရင်း သူ့သားက သူ့ဘဝအဆုံးထိအဖော်ပြုပေးပါဦးမလားဆိုတာကို သံသယဝင်မိနေတော့သည်။

အထွေထွေအစည်းအဝေး၏ လေပြင်းမုန်တိုင်းများပြီးဆုံးသွားပြီးသည့်နောက်တွင်တော့ အလူမီနီယမ်တံခါးကြီးက ထပ်မံပွင့်လာခဲ့ပြန်သည်။ ရှန်ယွီရှန်းအနောက်မှ ရှယ်ယာရှင်များ အခန်းထဲမှထွက်လာရင်း လူတိုင်း၏ပုံစံက အသက်မရှိကဲ့သို့ဖြစ်နေကာ တစ်စုံတစ်ယောက်ဝင်ပူးသည့်နှယ် ထုန်မှိုင်းနေကြလေ၏။

ဒီလူများကိုအင်အားပေးဖို့အတွက်ရှန်ယွီရှန်းထံတွင်လည်း အချိန်များများစားစားမရှိပါချေ။ သူသာ့ကျိုးနှင့် အတွင်းရေးမှုးကိုခေါ်၍ အချက်အလက်များစွာကိုပို့ပေးလိုက်သည်။ သို့မှသာ နောက်ရက်ပိုင်းအတွင်း ရှန်အဖွဲ့အစည်း၏ အလုပ်သမားများအားလုံး အားကုန်ထုတ်၍ အလုပ်စလုပ်ရတော့မည်ပင်။ ရှယ်ယာရှင်များသည်လည်း သူတို့တာဝန်ကိုသူတို့ဖြည့်ဆည်းကြရ၏။

သူတို့ကမြောက်များစွာသော အစီအစဉ်များနှင့်အလုပ်ရှုပ်နေ၍ ဥက္ကဌပေးသည့်တာဝန်များကိုလည်း ပြီးမြောက်အောင်လုပ်နေကြလျက်။ ရှန်အဖွဲ့အစည်းအတွင်းမှ စိတ်ဓာတ်ကျဖွယ်အငွေ့အသက်ကြီးကလည်း အလုပ်လုပ်ရသည့်ဖိအားနှင့်အစားထိုးခံလိုက်ရကာ အရင်လုပ်သားများ၏နေရာကိုယူ၍ လူတိုင်းကပိုက်ဆံရဖို့များများကြိုးစားအားထုတ်ရလေတော့သည်။

လူတိုင်းကို တာဝန်ပေးအပ်ပေးပြီးသည့်နောက်တွင်တော့ ရှန်အဖွဲ့အစည်း၏ဥက္ကဌတစ်ယောက် သူ့ဇနီးလေးကိုထွေးပွေ့ရဖို့အိမ်ပြန်ခဲ့ချေပြီ။

နေ့ခင်းကမတော်တဆအဖြစ်အပျက်တစ်ခုဖြစ်စေခဲ့သည့်ရှန်ယွီရှန်းအတွက်မူ ဟယ့်ချန်းနင်တစ်ယောက် ဘယ်လိုရင်ဆိုင်ရမှန်းပင်မသိတော့ပါချေ။ သူ့ကိုမျက်ခုံးလှန်ပြဖို့ပင် သူစိတ်မကူးချင်တော့။

၎င်းက ရှယ်ယာရှင်များအစည်းအဝေးကျင်းပသည့်အချိန်၌ ဖြစ်ပျက်ခဲ့ခြင်းပင်။ သစ္စာရှိသည့် စာရေးသူတစ်ယောက်ဖြစ်သော ဟယ့်ချန်းနင်က ကွန်ပျူတာရှေ့အလုပ်လုပ်နေသည့်အချိန် ရှန်ယွီရှန်းကလည်းအချိန်ကိုက်ပြန်လာခဲ့လေသည်။

အန်တီချင်ကအပေါ်ထပ်တက်၍ ချန်းနင်ကိုခေါ်လိုက်၏။ ဟယ့်ချန်းနင်ဆင်းလာသည့်အခါတွင်မူ စားပွဲတွင်ထိုင်ရင်း ညစာစားနေသည့်ရှန်ယွီရှန်းကိုတွေ့လိုက်ရလေသည်။

"ဒီအချိန်ကြီးခင်ဗျားဘယ်လိုပြန်လာတာလဲ?"

သူနာရီကိုကြည့်လိုက်ရင်း...

"၁နာရီတောင်ထိုးနေပြီ အခုမှစားနေတုန်း?"

သူ့ကလေးလေးကို သူ့ဘက်ရောက်အောင်ဆွဲခေါ်ပြီးသည့်နောက် ရှန်ယွီရှန်းကဆိုသည်။

"ကိုယ်အခုလေးတင်မှအလုပ်လုပ်ပြီးတာ"

ဟယ့်ချန်းနင်ကသူ့အတွက် စွတ်ပြုတ်ပေးလိုက်ရင်း ဆိုလာသည်။

"ဖြည်းဖြည်းစားပြီး စွတ်ပြုတ်ကိုအရင်သောက်ဦး"

သူက စွတ်ပြုတ်တစ်ဇွန်းကိုယူ၍ မှုတ်ပေးလိုက်ကာ ရှန်ယွီရှန်းပါးစပ်ထဲသို့ ခွံ့ပေးလိုက်ချေသည်။

ရှန်ယွီရှန်းပါးစပ်ဟ၍ စွတ်ပြုတ်ကိုမြိုချလိုက်လေ၏။

"နောက်တစ်ဇွန်းပေးပါဦး"

ဟယ့်ချန်းနင်ထပ်မံ၍ ခွံ့ကျွေးရတော့သည်။

နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက်စားသောက်ဖို့ကျွေးကြရင်း မကြာခင်အချိန်၌ စားသောက်ခြင်းပြီးဆုံးခဲ့လေသည်။

လသာဆောင်အပေါ်ထပ်၌ အင်အားတက်ကြွနေသော ရှန်ယွီရှန်းက ဟယ့်ချန်းနင်ဘေးတွင်ဝင်လှဲလျက်။ လက်ဖက်ရည်သောက်ရင်းဖြင့် သူကကုမ္ပဏီအကြောင်းကို ပြောနေလေ၏။

ဟယ့်ချန်းနင်နားထောင်လေလေ သူ့မျက်ခုံးများတွန့်ချိုးလေလေဖြင့်၊ ၎င်းကရှန်ယွီချန်း၏သစ္စာဖောက်မှုအကြောင်း ရှန်ယွီရှန်းပြောမပြခင်အထိပါပင်။

"သူသာအကောင်းဆုံးမလုပ်ခဲ့ဘူးဆိုရင် သူ့အမေကိုလည်းဒုက္ခနည်းနည်းရောက်စေလိမ့်မယ်"

ရှန်ယွီရှန်းသူ့လက်ကိုညှစ်လိုက်ရင်း...

"အဲ့ပြသနာကိုဖြေရှင်းဖို့အဖေရှိပါတယ်"

ချန်းနင်ခဏတွေးလိုက်ကာ...

"အဲ့တာကအဖွားအတွက်လည်းဒုက္ခပေးနိုင်တာပဲ"

ရှန်ယွီရှန်းပခုံးသာတွန့်ရင်း...

"သူမ လုပ်ရဲရင်ပေါ့"

ဟယ့်ချန်းနင်က ရှန်ယွီရှန်း၏နဖူးကိုထိုးလိုက်လေသည်။

"ခင်ဗျား... ကျွန်တော်ခင်ဗျားကိုတကယ်လာပြောရမလဲကိုမသိတော့ဘူး"

ရှန်ယွီရှန်းက လူငယ်လေး၏လက်ကိုဆွဲ၍ နမ်းရှိုက်လိုက်လေ၏။ သူ့ထံ၌ ကုမ္ပဏီမှသွေးအေးသော ဥက္ကဌတစ်ယောက်၏အသွင်အပြင်မရှိတော့သည့်နည်းတူ မျက်နှာတစ်ခုလုံး ချစ်ရသူလေးအတွက် နူးညံ့မှုနှင့်မြတ်နိုးမှုများသာထင်ဟပ်နေလေ၏။

"မင်းဘာပြောရမလဲကိုယ်သိတယ်"

သူလှည့်လိုက်ရင်း ကလေးလေးကိုအောက်သို့ပို့ကာ နူးညံ့သောအနမ်းများက လူငယ်လေး၏မျက်ခုံး၊ ပါးပြင်၊ လည်တိုင်နှင့် ထို့နောက်တွင်မူ ကော်လံကိုဖြဲ၍ ညှပ်ရိုးလေးများကိုကိုက်လေတော့သည်။ သူ၏လောဘကပိုပိုကြီးလာသည်မို့ အရည်ပြားကိုထိတွေ့ရုံနှင့်တင် ချစ်ရသူလေးအပေါ်အလိုရမ္မက်များကိုအတောမသတ်နိုင်တော့ချေ။ ကြီးမားသောလက်ကြီးများက နူးညံ့သောအသားရည်လေးများကိုဖိညှစ်နေသည့်အလျောက် ပိုပို၍လိုချင်လာရသည်။

လသာဆောင်မှ ခုံတန်းရှည်တွင် ပျံ့ကျဲနေသည့်အဝတ်အစားများဖြင့်၊ အိပ်ယာကြီးပေါ်၌ အသားချင်းရိုက်ခတ်သံများနှင့်အတူ ညည်းညူသံသဲ့သဲ့များက အခန်းတစ်ခုလုံးပြည့်နှက်နေတော့သည်။

ချွေးများနှင့် ရမ္မက်ပြင်းသောအနံ့များကရောထွေးလျက်၊ လှသွေးကြွယ်သောမြင်ကွင်းက လေနှင့်အတူလွင့်မြောနေသည့် လိုက်ကာစနှင့်ပေါင်းစပ်ကာ ၎င်းကတစ်နေ့ခင်းလုံးမှစ၍ မနက်ခင်းအထိတိုင်အောင်ပါပင်။

ရှန်ယွီရှန်းက သန့်ရှင်းသွားသည့် ချန်းနင်ကိုသယ်ရင်း မျက်ဝန်းများ၌နူးညံ့မှုအပြည့်။ သူ့ရင်ခွင်ထဲကလူကို ၇နာရီ၊ ၈နာရီလောက်ကြာအောင်ထွေးပွေ့ထားရင်း ကျေနပ်နေမိ၏။ နေ့လည်ကအတွေးများအားလုံးက စိတ်နှင့်ကိုယ်မှလုံးလုံးလျားထွက်သွားခဲ့ချေပြီ။ သူဒီလူကိုဘယ်တော့မှလွှတ်ပေးမည်မဟုတ်တော့သလို သူနှင့်အတူဘဝသက်ဆုံးတိုင်နေထိုင်သွားချင်လှပါသည်။

သူတစ်နေ့တွင် တစ်ယောက်ယောက်နှင့်ချစ်ကျွမ်းဝင်၍ နွေးထွေးသောခံစားမှုများကိုခံစားရလိမ့်မည်ဟု လုံးလုံးလျားလျားမထင်ခဲ့ဖူးပါချေ။ သူ့နှလုံးသားက နှစ်ပေါင်း ၂၀ကျော်ကြာခြောက်သွေ့နေခဲ့ကာ ယခုတွင်မူ ဟယ့်ချန်းနင်အကြောင်းအတွေးများဖြင့်ပြည့်နှက်သွားခဲ့ချေပြီ။ သူ့မိဘများ၏ပျက်ဆီးနေသောအိမ်ထောင်ရေးကြောင့် အချစ်အပေါ်ဘာမျှော်လင့်ချက်မှတကယ်တမ်းမရှိသလို ဘဝတစ်လျှောက်လုံးတစ်ယောက်တည်းဖြတ်သန်းသွားရတော့မည်ဟုထင်ထားခဲ့ခြင်းပင်။

သူစိတ်ထဲတွင်တော့ တစ်ယောက်နှင့်တစ်ယောက်ခံစားချက်များကမည်မျှနက်ရှိုင်းပါစေ၊ လူတစ်ယောက်က အလှအပနှင့်ငွေအပေါ်အခြေခံ၍ သူတို့၏စိတ်ရှည်မှုကတည်မြဲမည်သာပင်။

အချစ်ကြောင့်အမြဲပြုံးနေခဲ့တတ်သော သူ့အမေ၏မျက်နှာက ယခုတွင်မူဝေဝါးသွားခဲ့ချေပြီ။ သူမကသူမချစ်သူနှင့်ကလေးအတွက်အမြဲပြုံးခဲ့သော်လည်း ယခုပြန်လည်တွေးကြည့်သည့်အခါတွင်မူ ၎င်းကဝေးကွာလှသော မှတ်ဥာဏ်များဖြစ်ခဲ့ချေပြီ။

ထိုအချိန်၌သူအလွန်ငယ်သေးသည်။ သူအမေကသူ့လက်ကိုလွှတ်၍ ခက်ခဲမှုများနှင့်အတူ ဘာကြောင့်ထားရစ်ခဲ့မှန်း သူနားမလည်နိုင်ခဲ့။ သူဝိုးတဝါးမှတ်မိသည်က သူ့အမေက ရှန်မိသားစုကိုဘယ်တော့မှမမြင်ချင်တော့ဘူးဟူ၍။ သို့သော်ငြားသူကလည်း ရှန်မျိုးရိုးဆက်ခံခဲ့သည်လေ။ သူ့အမေက သူ့ကိုပါလုံးဝမမြင်ချင်တော့သည်လား?တကယ်တမ်း၌လည်း သူ့အမေကိုဘယ်တော့မှထပ်မတွေ့ခဲ့ရတော့ပါချေ။ နှစ်၂၀ကြာပြီးသည့်နောက်တွင်တော့ သူမအဆင်ပြေသလားသူမသိတော့။ သူမဘယ်မှာနေသလဲ? သူမပျော်ရဲ့လား? သူမတကယ်ကိုပျော်နေရဲ့လား? သူမကသူ့အကြောင်းရောတွေးဖူးပါရဲ့လား?

သူ့မျက်လုံးကိုမှိတ်လိုက်ရင်း ထိုခံစားချက်များကြားမှရုန်းထွက်ဖို့ဖိအားပေးလိုက်ချေသည်။ မိခင်တစ်ယောက်၏ကာကွယ်မှုကိုလိုအပ်သည့်အရွယ်လည်း ကျော်သွားခဲ့တာကြာပြီ။ သူ့လက်ကိုတင်းကြပ်လိုက်ရင်း ရင်ခွင်ထဲမှလူသားလေးနှင့်အကွာအဝေးအကြားအလပ်မရှိသယောင်ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်မှအနွေးဓာတ်လေးကိုလည်းသူရနေသည်။ ထို့နောက်တွင်တော့ သူတကယ်ပဲတစ်ယောက်ထဲမဟုတ်တော့ကြောင်း ခံစားမိလာရ၏။ သူ့ဇနီးလေးက သူ့ရင်ခွင်ထဲ၌ ငြိမ်းချမ်းစွာအနားယူနေသည်ကိုသိရရုံနှင့်တင် ကျေနပ်စရာကောင်းလှချေပြီ။

ဟယ့်ချန်းနင်တစ်ယောက်ဗိုက်ဆာသဖြင့် နိုးထလာခဲ့၏။ ခန္ဓာကိုယ်ကများစွာပင်ပန်းပြီးသည့်နောက် အစာအိမ်မှဆန္ဒပြလာပြီမို့ ဗိုက်ဆာလာပါသဖြင့် သူ့ကိုယ်သူဖိအားပေး၍နိုးထလာရတော့သည်။ အဘယ်ကြောင့်ဆိုသော် အစာအိမ်ကမကျေနပ်ပါသဖြင့် ပုန်ကန်ဖို့ကြိုးစား၍ သံစုံတီးဝိုင်းမြည်နေသည်လေ။

မျက်လုံးဖွင့်ပြီးသည့်နောက် သူဖြည်းညှင်းစွာထလိုက်သည့်အခါ ရေနွေးတစ်ခွက်ကပါးစပ်အတွင်းသို့တိုက်ရိုက်ဝင်လာလေသည်။

"Baby... ရေနည်းနည်းသောက်ဦး၊ ပြီးမှတစ်ခုခုစား"

ရေနွေးက သူ၏ခြောက်သွေ့နေသောအူနှင့်လည်ချောင်းကိုစိုစွတ်သွားစေကာ နွေးထွေးသော အပူချိန်က သူ၏လွတ်နေသောအစာအိမ်ကို သက်သောင့်သက်သာဖြစ်စေသည်။ စိတ်အားကိုတင်းလိုက်ပြီးသည့်နောက် ဟယ့်ချန်းနင်က ရှန်ယွီရှန်းကိုစူးစိုက်ကြည့်ကာ သူ၏အကြမ်းဖက်မှုနှင့်စဉ်းစားဆင်ခြင်မှုမဲ့ပုံများကို တိတ်တဆိတ်အပြစ်တင်နေမိတော့သည်။

ရှန်ယွီရှန်းက စိတ်မသန့်စွာဖြင့် သူ့နှာခေါင်းကိုထိလေသည်။

"အဟမ်း... ကိုယ်မှားသွားပါတယ်။ နောက်တစ်ခါဆိုကိုယ်ပိုပြီးဂရုစိုက်ပါ့မယ်။ လာ.. ဆန်ပြုတ်နည်းနည်းအရင်သောက်လိုက်နော်"

"လူဆိုးကောင်"

ဟယ့်ချန်းနင်အတွန့်တက်လာ၏။

"ဟုတ်ပါတယ်ကွာ ကိုယ်ကလူဆိုးကောင်ပါ။ မင်းစားပြီးသွားရင် ကိုယ့်ကိုထပ်ဆူဖို့အင်အားတွေရှိလာလိမ့်မယ်နော်"

သူကဇနီးလေး၏ပါးစပ်ပိစိလေးကိုနမ်းလိုက်ရင်း ဒေါသကိုလျှော့ချပေးနေလေသည်။ သူအမှားလုပ်ပြီးသည့်အခါ၌ ရှန်ယွီရှန်း၏အပြုအမူများက အလွန်ကောင်းမွန်သည်မို့ သူ့ခင်ပွန်းကအနာဂါတ်အတွက်အပြုအမူများကိုထိန်းသိမ်းထားလေ၏။ သူကသူ့ဇနီးကိုစိတ်ကြိုက်ဆူပူခွင့်ပြုထားပြီး ဇနီးငယ်လေးကိုလုံးဝပြန်မပြောခဲ့ပါချေ။ 

°°

Z••

[သံသယရွိဖြယ္ အခ်စ္ၿပိဳင္ဘက္ထြက္ေပၚလာျခင္း]

သူ႔ဘက္ကဘာမွေျပာေနဖို႔မထိုက္တန္ဘူးဆိုတာကို ရွန္ယြီခ်န္းမျငင္းလိုပါဘူး။ ရွယ္ယာရွင္ေတြဆီက ေမးခြန္းေတြ၊ အျပစ္တင္ေဝဖန္သံေတြကိုရင္ဆိုင္ရၿပီးတဲ့ေနာက္မွာေတာ့ သူ႔ေခါင္းကိုငံု႔ရင္းဘာကိုမွမေျပာပဲေနလိုက္ေတာ့တယ္။

ဒီလိုအဆံုးသတ္မ်ိဳးက ရွန္ယြီခ်န္းအတြက္အေကာင္းဆံုး ျဖစ္နွင့္ၿပီးေနၿပီ။ သူ႔သားရွန္ယြီရွန္းကိုၾကည့္ရင္း ရွန္ေကြာ္က်န္း ေက်းဇူးတင္မိသြားတယ္။ ဒါေပမဲ့လည္း သူ႔သားရဲ႕ ဘာကိုမွဂရုမထားတဲ့ပံုစံကိုျမင္ေတာ့ သူ႔နွလံုးသားထဲ၌ မွင္သက္၍ အျပစ္မကင္းသကဲ့သို႔ခံစားရေစသည္။ သူအင္အားနည္းစြာသက္ျပင္းခ်လိုက္ရင္း သူ႔သားက သူ႔ဘဝအဆံုးထိအေဖာ္ျပဳေပးပါဦးမလားဆိုတာကို သံသယဝင္မိေနေတာ့သည္။

အေထြေထြအစည္းအေဝး၏ ေလျပင္းမုန္တိုင္းမ်ားၿပီးဆံုးသြားၿပီးသည့္ေနာက္တြင္ေတာ့ အလူမီနီယမ္တံခါးႀကီးက ထပ္မံပြင့္လာခဲ့ျပန္သည္။ ရွန္ယြီရွန္းအေနာက္မွ ရွယ္ယာရွင္မ်ား အခန္းထဲမွထြက္လာရင္း လူတိုင္း၏ပံုစံက အသက္မရွိကဲ့သို႔ျဖစ္ေနကာ တစ္စံုတစ္ေယာက္ဝင္ပူးသည့္နွယ္ ထုန္မိႈင္းေနၾကေလ၏။

ဒီလူမ်ားကိုအင္အားေပးဖို႔အတြက္ရွန္ယြီရွန္းထံတြင္လည္း အခ်ိန္မ်ားမ်ားစားစားမရွိပါေခ်။ သူသာ့က်ိဳးနွင့္ အတြင္းေရးမႈးကိုေခၚ၍ အခ်က္အလက္မ်ားစြာကိုပို႔ေပးလိုက္သည္။ သို႔မွသာ ေနာက္ရက္ပိုင္းအတြင္း ရွန္အဖြဲ႕အစည္း၏ အလုပ္သမားမ်ားအားလံုး အားကုန္ထုတ္၍ အလုပ္စလုပ္ရေတာ့မည္ပင္။ ရွယ္ယာရွင္မ်ားသည္လည္း သူတို႔တာဝန္ကိုသူတို႔ျဖည့္ဆည္းၾကရ၏။

သူတို႔ကေျမာက္မ်ားစြာေသာ အစီအစဥ္မ်ားနွင့္အလုပ္ရႈပ္ေန၍ ဥကၠဌေပးသည့္တာဝန္မ်ားကိုလည္း ၿပီးေျမာက္ေအာင္လုပ္ေနၾကလ်က္။ ရွန္အဖြဲ႕အစည္းအတြင္းမွ စိတ္ဓာတ္က်ဖြယ္အေငြ႕အသက္ႀကီးကလည္း အလုပ္လုပ္ရသည့္ဖိအားနွင့္အစားထိုးခံလိုက္ရကာ အရင္လုပ္သားမ်ား၏ေနရာကိုယူ၍ လူတိုင္းကပိုက္ဆံရဖို႔မ်ားမ်ားႀကိဳးစားအားထုတ္ရေလေတာ့သည္။

လူတိုင္းကို တာဝန္ေပးအပ္ေပးၿပီးသည့္ေနာက္တြင္ေတာ့ ရွန္အဖြဲ႕အစည္း၏ဥကၠဌတစ္ေယာက္ သူ႔ဇနီးေလးကိုေထြးေပြ႕ရဖို႔အိမ္ျပန္ခဲ့ေခ်ၿပီ။

ေန႔ခင္းကမေတာ္တဆအျဖစ္အပ်က္တစ္ခုျဖစ္ေစခဲ့သည့္ရွန္ယြီရွန္းအတြက္မူ ဟယ့္ခ်န္းနင္တစ္ေယာက္ ဘယ္လိုရင္ဆိုင္ရမွန္းပင္မသိေတာ့ပါေခ်။ သူ႔ကိုမ်က္ခံုးလွန္ျပဖို႔ပင္ သူစိတ္မကူးခ်င္ေတာ့။

၎က ရွယ္ယာရွင္မ်ားအစည္းအေဝးက်င္းပသည့္အခ်ိန္၌ ျဖစ္ပ်က္ခဲ့ျခင္းပင္။ သစၥာရွိသည့္ စာေရးသူတစ္ေယာက္ျဖစ္ေသာ ဟယ့္ခ်န္းနင္က ကြန္ပ်ဴတာေရွ႕အလုပ္လုပ္ေနသည့္အခ်ိန္ ရွန္ယြီရွန္းကလည္းအခ်ိန္ကိုက္ျပန္လာခဲ့ေလသည္။

အန္တီခ်င္ကအေပၚထပ္တက္၍ ခ်န္းနင္ကိုေခၚလိုက္၏။ ဟယ့္ခ်န္းနင္ဆင္းလာသည့္အခါတြင္မူ စားပြဲတြင္ထိုင္ရင္း ညစာစားေနသည့္ရွန္ယြီရွန္းကိုေတြ႕လိုက္ရေလသည္။

"ဒီအခ်ိန္ႀကီးခင္ဗ်ားဘယ္လိုျပန္လာတာလဲ?"

သူနာရီကိုၾကည့္လိုက္ရင္း...

"၁နာရီေတာင္ထိုးေနၿပီ အခုမွစားေနတုန္း?"

သူ႔ကေလးေလးကို သူ႔ဘက္ေရာက္ေအာင္ဆြဲေခၚၿပီးသည့္ေနာက္ ရွန္ယြီရွန္းကဆိုသည္။

"ကိုယ္အခုေလးတင္မွအလုပ္လုပ္ၿပီးတာ"

ဟယ့္ခ်န္းနင္ကသူ႔အတြက္ စြတ္ျပဳတ္ေပးလိုက္ရင္း ဆိုလာသည္။

"ျဖည္းျဖည္းစားၿပီး စြတ္ျပဳတ္ကိုအရင္ေသာက္ဦး"

သူက စြတ္ျပဳတ္တစ္ဇြန္းကိုယူ၍ မႈတ္ေပးလိုက္ကာ ရွန္ယြီရွန္းပါးစပ္ထဲသို႔ ခြံ႕ေပးလိုက္ေခ်သည္။

ရွန္ယြီရွန္းပါးစပ္ဟ၍ စြတ္ျပဳတ္ကိုၿမိဳခ်လိုက္ေလ၏။

"ေနာက္တစ္ဇြန္းေပးပါဦး"

ဟယ့္ခ်န္းနင္ထပ္မံ၍ ခြံ႕ေကြၽးရေတာ့သည္။

နွစ္ေယာက္သားက တစ္ေယာက္ကိုတစ္ေယာက္စားေသာက္ဖို႔ေကြၽးၾကရင္း မၾကာခင္အခ်ိန္၌ စားေသာက္ျခင္းၿပီးဆံုးခဲ့ေလသည္။

လသာေဆာင္အေပၚထပ္၌ အင္အားတက္ႂကြေနေသာ ရွန္ယြီရွန္းက ဟယ့္ခ်န္းနင္ေဘးတြင္ဝင္လွဲလ်က္။ လက္ဖက္ရည္ေသာက္ရင္းျဖင့္ သူကကုမၸဏီအေၾကာင္းကို ေျပာေနေလ၏။

ဟယ့္ခ်န္းနင္နားေထာင္ေလေလ သူ႔မ်က္ခံုးမ်ားတြန္႔ခ်ိဳးေလေလျဖင့္၊ ၎ကရွန္ယြီခ်န္း၏သစၥာေဖာက္မႈအေၾကာင္း ရွန္ယြီရွန္းေျပာမျပခင္အထိပါပင္။

"သူသာအေကာင္းဆံုးမလုပ္ခဲ့ဘူးဆိုရင္ သူ႔အေမကိုလည္းဒုကၡနည္းနည္းေရာက္ေစလိမ့္မယ္"

ရွန္ယြီရွန္းသူ႔လက္ကိုညႇစ္လိုက္ရင္း...

"အဲ့ျပသနာကိုေျဖရွင္းဖို႔အေဖရွိပါတယ္"

ခ်န္းနင္ခဏေတြးလိုက္ကာ...

"အဲ့တာကအဖြားအတြက္လည္းဒုကၡေပးနိုင္တာပဲ"

ရွန္ယြီရွန္းပခံုးသာတြန္႔ရင္း...

"သူမ လုပ္ရဲရင္ေပါ့"

ဟယ့္ခ်န္းနင္က ရွန္ယြီရွန္း၏နဖူးကိုထိုးလိုက္ေလသည္။

"ခင္ဗ်ား... ကြၽန္ေတာ္ခင္ဗ်ားကိုတကယ္လာေျပာရမလဲကိုမသိေတာ့ဘူး"

ရွန္ယြီရွန္းက လူငယ္ေလး၏လက္ကိုဆြဲ၍ နမ္းရိႈက္လိုက္ေလ၏။ သူ႔ထံ၌ ကုမၸဏီမွေသြးေအးေသာ ဥကၠဌတစ္ေယာက္၏အသြင္အျပင္မရွိေတာ့သည့္နည္းတူ မ်က္နွာတစ္ခုလံုး ခ်စ္ရသူေလးအတြက္ ႏူးညံ့မႈနွင့္ျမတ္နိုးမႈမ်ားသာထင္ဟပ္ေနေလ၏။

"မင္းဘာေျပာရမလဲကိုယ္သိတယ္"

သူလွည့္လိုက္ရင္း ကေလးေလးကိုေအာက္သို႔ပို႔ကာ ႏူးညံ့ေသာအနမ္းမ်ားက လူငယ္ေလး၏မ်က္ခံုး၊ ပါးျပင္၊ လည္တိုင္နွင့္ ထို႔ေနာက္တြင္မူ ေကာ္လံကိုၿဖဲ၍ ညႇပ္ရိုးေလးမ်ားကိုကိုက္ေလေတာ့သည္။ သူ၏ေလာဘကပိုပိုႀကီးလာသည္မို႔ အရည္ျပားကိုထိေတြ႕ရံုနွင့္တင္ ခ်စ္ရသူေလးအေပၚအလိုရမၼက္မ်ားကိုအေတာမသတ္နိုင္ေတာ့ေခ်။ ႀကီးမားေသာလက္ႀကီးမ်ားက ႏူးညံ့ေသာအသားရည္ေလးမ်ားကိုဖိညႇစ္ေနသည့္အေလ်ာက္ ပိုပို၍လိုခ်င္လာရသည္။

လသာေဆာင္မွ ခံုတန္းရွည္တြင္ ပ်ံ့က်ဲေနသည့္အဝတ္အစားမ်ားျဖင့္၊ အိပ္ယာႀကီးေပၚ၌ အသားခ်င္းရိုက္ခတ္သံမ်ားနွင့္အတူ ညည္းညဴသံသဲ့သဲ့မ်ားက အခန္းတစ္ခုလံုးျပည့္နွက္ေနေတာ့သည္။

ေခြၽးမ်ားနွင့္ ရမၼက္ျပင္းေသာအနံ႔မ်ားကေရာေထြးလ်က္၊ လွေသြးႂကြယ္ေသာျမင္ကြင္းက ေလနွင့္အတူလြင့္ေျမာေနသည့္ လိုက္ကာစနွင့္ေပါင္းစပ္ကာ ၎ကတစ္ေန႔ခင္းလံုးမွစ၍ မနက္ခင္းအထိတိုင္ေအာင္ပါပင္။

ရွန္ယြီရွန္းက သန္႔ရွင္းသြားသည့္ ခ်န္းနင္ကိုသယ္ရင္း မ်က္ဝန္းမ်ား၌ႏူးညံ့မႈအျပည့္။ သူ႔ရင္ခြင္ထဲကလူကို ၇နာရီ၊ ၈နာရီေလာက္ၾကာေအာင္ေထြးေပြ႕ထားရင္း ေက်နပ္ေနမိ၏။ ေန႔လည္ကအေတြးမ်ားအားလံုးက စိတ္နွင့္ကိုယ္မွလံုးလံုးလ်ားထြက္သြားခဲ့ေခ်ၿပီ။ သူဒီလူကိုဘယ္ေတာ့မွလႊတ္ေပးမည္မဟုတ္ေတာ့သလို သူနွင့္အတူဘဝသက္ဆံုးတိုင္ေနထိုင္သြားခ်င္လွပါသည္။

သူတစ္ေန႔တြင္ တစ္ေယာက္ေယာက္နွင့္ခ်စ္ကြၽမ္းဝင္၍ ေႏြးေထြးေသာခံစားမႈမ်ားကိုခံစားရလိမ့္မည္ဟု လံုးလံုးလ်ားလ်ားမထင္ခဲ့ဖူးပါေခ်။ သူ႔နွလံုးသားက နွစ္ေပါင္း ၂၀ေက်ာ္ၾကာေျခာက္ေသြ႕ေနခဲ့ကာ ယခုတြင္မူ ဟယ့္ခ်န္းနင္အေၾကာင္းအေတြးမ်ားျဖင့္ျပည့္နွက္သြားခဲ့ေခ်ၿပီ။ သူ႔မိဘမ်ား၏ပ်က္ဆီးေနေသာအိမ္ေထာင္ေရးေၾကာင့္ အခ်စ္အေပၚဘာေမ်ွာ္လင့္ခ်က္မွတကယ္တမ္းမရွိသလို ဘဝတစ္ေလ်ွာက္လံုးတစ္ေယာက္တည္းျဖတ္သန္းသြားရေတာ့မည္ဟုထင္ထားခဲ့ျခင္းပင္။

သူစိတ္ထဲတြင္ေတာ့ တစ္ေယာက္နွင့္တစ္ေယာက္ခံစားခ်က္မ်ားကမည္မ်ွနက္ရိႈင္းပါေစ၊ လူတစ္ေယာက္က အလွအပနွင့္ေငြအေပၚအေျခခံ၍ သူတို႔၏စိတ္ရွည္မႈကတည္ၿမဲမည္သာပင္။

အခ်စ္ေၾကာင့္အၿမဲၿပံဳးေနခဲ့တတ္ေသာ သူ႔အေမ၏မ်က္နွာက ယခုတြင္မူေဝဝါးသြားခဲ့ေခ်ၿပီ။ သူမကသူမခ်စ္သူနွင့္ကေလးအတြက္အၿမဲၿပံဳးခဲ့ေသာ္လည္း ယခုျပန္လည္ေတြးၾကည့္သည့္အခါတြင္မူ ၎ကေဝးကြာလွေသာ မွတ္ဥာဏ္မ်ားျဖစ္ခဲ့ေခ်ၿပီ။

ထိုအခ်ိန္၌သူအလြန္ငယ္ေသးသည္။ သူအေမကသူ႔လက္ကိုလႊတ္၍ ခက္ခဲမႈမ်ားနွင့္အတူ ဘာေၾကာင့္ထားရစ္ခဲ့မွန္း သူနားမလည္နိုင္ခဲ့။ သူဝိုးတဝါးမွတ္မိသည္က သူ႔အေမက ရွန္မိသားစုကိုဘယ္ေတာ့မွမျမင္ခ်င္ေတာ့ဘူးဟူ၍။ သို႔ေသာ္ျငားသူကလည္း ရွန္မ်ိဳးရိုးဆက္ခံခဲ့သည္ေလ။ သူ႔အေမက သူ႔ကိုပါလံုးဝမျမင္ခ်င္ေတာ့သည္လား?တကယ္တမ္း၌လည္း သူ႔အေမကိုဘယ္ေတာ့မွထပ္မေတြ႕ခဲ့ရေတာ့ပါေခ်။ နွစ္၂၀ၾကာၿပီးသည့္ေနာက္တြင္ေတာ့ သူမအဆင္ေျပသလားသူမသိေတာ့။ သူမဘယ္မွာေနသလဲ? သူမေပ်ာ္ရဲ႕လား? သူမတကယ္ကိုေပ်ာ္ေနရဲ႕လား? သူမကသူ႔အေၾကာင္းေရာေတြးဖူးပါရဲ႕လား?

သူ႔မ်က္လံုးကိုမိွတ္လိုက္ရင္း ထိုခံစားခ်က္မ်ားၾကားမွရုန္းထြက္ဖို႔ဖိအားေပးလိုက္ေခ်သည္။ မိခင္တစ္ေယာက္၏ကာကြယ္မႈကိုလိုအပ္သည့္အ႐ြယ္လည္း ေက်ာ္သြားခဲ့တာၾကာၿပီ။ သူ႔လက္ကိုတင္းၾကပ္လိုက္ရင္း ရင္ခြင္ထဲမွလူသားေလးနွင့္အကြာအေဝးအၾကားအလပ္မရွိသေယာင္ခံစားလိုက္ရ၏။ သူ႔ခႏၶာကိုယ္မွအေႏြးဓာတ္ေလးကိုလည္းသူရေနသည္။ ထို႔ေနာက္တြင္ေတာ့ သူတကယ္ပဲတစ္ေယာက္ထဲမဟုတ္ေတာ့ေၾကာင္း ခံစားမိလာရ၏။ သူ႔ဇနီးေလးက သူ႔ရင္ခြင္ထဲ၌ ၿငိမ္းခ်မ္းစြာအနားယူေနသည္ကိုသိရရံုနွင့္တင္ ေက်နပ္စရာေကာင္းလွေခ်ၿပီ။

ဟယ့္ခ်န္းနင္တစ္ေယာက္ဗိုက္ဆာသျဖင့္ နိုးထလာခဲ့၏။ ခႏၶာကိုယ္ကမ်ားစြာပင္ပန္းၿပီးသည့္ေနာက္ အစာအိမ္မွဆႏၵျပလာၿပီမို႔ ဗိုက္ဆာလာပါသျဖင့္ သူ႔ကိုယ္သူဖိအားေပး၍နိုးထလာရေတာ့သည္။ အဘယ္ေၾကာင့္ဆိုေသာ္ အစာအိမ္ကမေက်နပ္ပါသျဖင့္ ပုန္ကန္ဖို႔ႀကိဳးစား၍ သံစံုတီးဝိုင္းျမည္ေနသည္ေလ။

မ်က္လံုးဖြင့္ၿပီးသည့္ေနာက္ သူျဖည္းညႇင္းစြာထလိုက္သည့္အခါ ေရေႏြးတစ္ခြက္ကပါးစပ္အတြင္းသို႔တိုက္ရိုက္ဝင္လာေလသည္။

"Baby... ေရနည္းနည္းေသာက္ဦး၊ ၿပီးမွတစ္ခုခုစား"

ေရေႏြးက သူ၏ေျခာက္ေသြ႕ေနေသာအူနွင့္လည္ေခ်ာင္းကိုစိုစြတ္သြားေစကာ ေႏြးေထြးေသာ အပူခ်ိန္က သူ၏လြတ္ေနေသာအစာအိမ္ကို သက္ေသာင့္သက္သာျဖစ္ေစသည္။ စိတ္အားကိုတင္းလိုက္ၿပီးသည့္ေနာက္ ဟယ့္ခ်န္းနင္က ရွန္ယြီရွန္းကိုစူးစိုက္ၾကည့္ကာ သူ၏အၾကမ္းဖက္မႈနွင့္စဥ္းစားဆင္ျခင္မႈမဲ့ပံုမ်ားကို တိတ္တဆိတ္အျပစ္တင္ေနမိေတာ့သည္။

ရွန္ယြီရွန္းက စိတ္မသန္႔စြာျဖင့္ သူ႔နွာေခါင္းကိုထိေလသည္။

"အဟမ္း... ကိုယ္မွားသြားပါတယ္။ ေနာက္တစ္ခါဆိုကိုယ္ပိုၿပီးဂရုစိုက္ပါ့မယ္။ လာ.. ဆန္ျပဳတ္နည္းနည္းအရင္ေသာက္လိုက္ေနာ္"

"လူဆိုးေကာင္"

ဟယ့္ခ်န္းနင္အတြန္႔တက္လာ၏။

"ဟုတ္ပါတယ္ကြာ ကိုယ္ကလူဆိုးေကာင္ပါ။ မင္းစားၿပီးသြားရင္ ကိုယ့္ကိုထပ္ဆူဖို႔အင္အားေတြရွိလာလိမ့္မယ္ေနာ္"

သူကဇနီးေလး၏ပါးစပ္ပိစိေလးကိုနမ္းလိုက္ရင္း ေဒါသကိုေလ်ွာ႔ခ်ေပးေနေလသည္။ သူအမွားလုပ္ၿပီးသည့္အခါ၌ ရွန္ယြီရွန္း၏အျပဳအမူမ်ားက အလြန္ေကာင္းမြန္သည္မို႔ သူ႔ခင္ပြန္းကအနာဂါတ္အတြက္အျပဳအမူမ်ားကိုထိန္းသိမ္းထားေလ၏။ သူကသူ႔ဇနီးကိုစိတ္ႀကိဳက္ဆူပူခြင့္ျပဳထားၿပီး ဇနီးငယ္ေလးကိုလံုးဝျပန္မေျပာခဲ့ပါေခ်။ 

°°

Continue Reading

You'll Also Like

583K 37.3K 62
ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့...
202K 6K 70
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
245K 13.2K 33
ကျွန်တော် ကိုးကွယ်ရာက သနပ်ခါးနံ့လေး 💛......