"အဖျားက ၁၀၁ တောင်ရှိနေတယ် !"
သာမိုမီတာကို ကြည့်ပြီးနောက်..
ရှန်ခွန်းနောင်ရဲ့ ဆူအောင့်အောင့်
အသံလေးက ဧည့်ခန်းထဲတွင်
ထွက်ပေါ်လာ၏။
" ကိုယ်ဆေးသောက်ပြီးပြီပဲ ။
သက်သာသွားမှာပါ.."
ပြောင်းပြန်ဖြစ်နေလားမသိပေမဲ့
စိုင်းအံ့သျှိုင်းယံကပင် ပြန်ကာ
နှစ်သိမ့်လိုက်ရသည်။
ဝမ်းနည်းလွယ် ထိခိုက်လွယ်လွန်းတဲ့
ဒီကောင်လေးရဲ့ မျက်ရည်တွေကို
ဘယ်လိုအကြောင်းမျိုးကြောင့်မှ
သူမမြင်ချင်တာအမှန်...။
" အမြဲဖျားနေကျလား"
" အမြဲတော့မဟုတ်ပါဘူး..။
တစ်ခါတလေ .. အကြောင်းစုံသွားရင်ပေါ့.."
ရှန်ခွန်းနောင်က စူပုပ်ပုပ်ရုပ်လေးနဲ့
သာမိုမီတာကို တစ်ချက်နှစ်ချက်ခါလိုက်ပြီးမှ
ယူလာသည့် နေရာကို ပြန်သွားထားနေသည်။
" အစ်ကို .."
" ပြောပါခင်ဗျာ.."
"အစ်ကို့ကို ဆူလို့ရလား.."
ထိုနေရာမှာပင် ရပ်၍
မျက်မှောင်လေးတွေကုပ်ကာ
စိုင်းအံ့သျှိုင်းယံကို စိုက်ကြည့်ရင်း
ပြောလိုက်သည့် ရှန်ခွန်းနောင်..။
" ဘာကိုလဲ.."
" အစ်ကို မလိမ္မာလို့ ကျွန်တော်
အစ်ကို့ကိုအရမ်းဆူချင်နေတယ် !
ဆူလို့ရလားလို့"
ထူးထူးဆန်းဆန်းစကားလေးကြောင့်
စိုင်းအံ့သျှိုင်းယံ ပြုံးလိုက်မိသည်။
ထို့နောက် ခေါင်းညိတ်ပြလိုက်မိ၏။
" အစ်ကိုက တကယ် ...
ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်တဲ့ပုံမပေါ်ဘူး။
ညတွေလည်း တစ်ခါတလေ
စောစော မအိပ်ဘူး။
ပြီးတော့ kitchen ထဲကရောဘာလဲ..။
ဘာမှလည်းသေချာစားတဲ့ပုံမပေါ်ဘူး။
အကုန်လုံးက အရက်တွေနဲ့
အမြည်းတွေချည်းပဲ..။
ခေါက်ဆွဲတွေချည်းပဲ"
Kitchen ဘက်ကို လက်ညှိုးထိုးပြရင်း တကယ်ကိုပင် မကျေမနပ်လေး ဆူနေသည့်
ရှန်ခွန်းနောင်ကြောင့်
စိုင်းအံ့သျှိုင်းယံ ခပ်တိုးတိုးရယ်လိုက်မိသည်။
ထိုအခါရှန်ခွန်းနောင်က ပို၍
မကျေမနပ်ဖြစ်သွားဟန်ရှိ၏။
" ဘာရယ်နေတာလဲလို့ ။
ကျွန်တော်အတည်ပြောနေတာ..!
ဒီလိုနေနေမှတော့ ဘယ်လိုလို့
ကျန်းမာရေးကောင်းပါ့မလဲ။ သူများကို
ဂရုမစိုက်ခိုင်းချင်ဘူးဆိုလည်း..
ကိုယ့်ဟာကိုယ် ဂရုစိုက်ရမှာကို.."
" ကိုယ်ဂရုစိုက်ပါ့မယ်.."
စိုင်းအံ့သျှိုင်းယံက ပြုံးလျက်
စိုက်ကြည့်နေသည့်အခါ ရှန်ခွန်းနောင်က
ထိုအကြည့်တွေကို ရှောင်လွှဲကာဖြင့်
ခဏ တိတ်ဆိတ်သွားသည်။
ထို့နောက်မှ..
" အစ်ကို.."
ရှက်ဝဲဝဲလေးဖြင့် ခေါ်လာပြန်သည်။
စိုင်းအံ့သျှိုင်းယံ မေးဆတ်ပြလိုက်၏။
"ကတိပေး.."
" ဘာကတိလဲ.."
"နောက်ခါ နေမကောင်းဖြစ်ရင်..
ကျွန်တော့်ကို အရင်ဆုံးပြောပြရမယ်.."
" ကိုယ်က
အမြဲနေမကောင်းနေတာမှမဟုတ်တာ"
" ဖြစ်ရင်ပါဆို..ကြည့် ! ဒါလေးတောင်
မပေးချင်ဘူး..။ အဲ့ဒါမို့ ကျွန်တော့်ကို
အလေးမထားဘူး
ပြောတော့လည်း မကြိုက်ဘူး.."
မှုန်ကုပ်ကုပ်ရုပ်လေးနဲ့ ရန်တွေ့လာပြန်သည်..။
စိုင်းအံ့သျှိုင်းယံရယ်လိုက်မိကာ..
"ဟုတ်ပါပြီကွာ..ဟုတ်ပါပြီ..
မင်းကို အရင်ဆုံး
ပြောမယ်.."
" တကယ်နော်.."
စိုင်းအံ့သျှိုင်းယံခေါင်းညိတ်ပြလိုက်သည်။
ထိုအခါမှ ရှန်ခွန်းနောင်ရဲ့ တွန့်ကုပ်ကုပ် မျက်ခုံးလေးတွေက အနည်းငယ်ပြေသွား၏။
"ပြီးတော့ ဘာလို့ အဲ့ဒီမှာ အရက်တွေကို စုံနေအောင် ထားထားတာလဲ..။ အကုန်လုံး
အစ်ကို သောက်တာလား"
Kitchen ဘက်ကို ကြည့်ကာ
လျှောက်လာရင်း..မကျေမနပ်လေး
မေးလာပြန်သည်။
" တိုက်မိမယ်.. အောက်က ..."
" အ!!"
စိုင်းအံ့သျှိုင်းယံ၏
သတိပေးစကားပင်မဆုံးသေး
စားပွဲခုံရဲ့ ခြေထောက်ကို သတိမထားမိဘဲ
ဝင်တိုက်ကာ.. ရှန်ခွန်းနောင်ရဲ့
ကိုယ်လေးက မထိန်းန်ိုင်ဘဲ
ဆိုဖာဆီသို့ ယိုင်ကျသွားသည်။
မှောက်ခုံလဲပြီး
အရှက်ကွဲပါပြီလို့ ထင်လိုက်ပေမဲ့
နွေးထွေးသည့် ရင်ခွင်ဆီသို့
အလိုလိုမျက်နှာအပ်သွားခဲ့၏။
တိုက်မိသည့် ခြေထောက်ကနာသွားတာ
ကြောင့်ရှန်ခွန်းနောင်မျက်နှာလေးရှုံ့မဲ့ရင်း
မော့လိုက်မိသည့်အခါ..
ရင်ဆိုင်လိုက်ရသည်က
သူ့ကို စိုက်ကြည့်နေပါသည့် အစ်ကို့ရဲ့
မျက်ဝန်းနက်နက်တွေ..။
စိမ်းညှို့နေပါသည့်
ခပ်တန်းတန်းမျက်ခုံးနှစ်သွယ်နှင့်
ဖြောင့်စင်းသည့် မျက်တောင်စိပ်စိပ်များက..
အနီးကပ်မြင်လိုက်ရသည့်အခါ ပို၍
ဆွဲဆောင်မှုအားပြင်းသည်။
ထို့နောက်.. ထပ်၍သတိထားမိသည်က..
သူ့ရဲ့ခါးကို တင်းကြပ်စွာပွေ့ဖက်ထားခဲ့တဲ့
အစ်ကို့ရဲ့ လက်တွေ..။
ရင်ဆိုင်ကြည့်နေမိသည့်အကြည့်တွေကို ချက်ချင်းမလွှဲမိသည့်အခါ
နှလုံးသားသည် ပို၍ ပို၍ လှိုက်ခုန်လာသည်..။
ဒီမျက်ဝန်းနက်တွေထဲမှာပဲ
သူ့နေ့ရက်တွေ ကို ဖန်တီးချင်သည်။
ဒီရပ်ဝန်းမှာပဲ.. ပျော်ရွှင်မှုကို ရှာဖွေချင်သည်။
ချစ်မိတဲ့ဒီအချစ်တစ်ခုတည်းနဲ့ပဲ
သူ့ငယ်ရွယ်မှုကို ကုန်ဆုံးချင်သည်။
" ရှန်ခွန်းနောင်.."
အစ်ကိုက ခပ်တိုးတိုးခေါ်လာသည်။
အဖျားသွေး ကြောင့်အနည်းငယ်
သွေ့ခြောက်နေခဲ့ပေမဲ့ မထူမပါးနှုတ်ခမ်းတွေသည်..ရင်ကို ပို၍ခုန်စေ၏။
ရှန်ခွန်းနောင် မျက်နှာလွှဲလိုက်ကာ
အစ်ကို့ရင်ခွင်ထဲမှ ထွက်၍ ဆိုဖာတွင်
သေချာထိုင်လိုက်မိ၏...။
"ခြေထောက် နာသွားလား.."
အစ်ကိုက မေးလာသည်။
မျက်နှာချင်းမဆိုင်ရဲစွာ တစ်ဖက်ကို
လှည့်ထားရင်းခေါင်းကိုသာရမ်းပြလိုက်မိ၏။
ရယ်သံတိုးတိုးကို ကြားလိုက်ရသည်..။
" အကြီးကို ဆူပူနေလို့ဖြစ်တာ
မင်းသိလား.."
ထိုအခါ ရှန်ခွန်းနောင်က နှုတ်ခမ်းလေးကို
မသိမသာစူရင်း လှည့်ကြည့်လိုက်ကာ..
" မဟုတ်ပါဘူး"
" ဟုတ်ပါတယ်ကွာ.."
" မဟုတ်ပါဘူးဆို.. အစ်ကိုနော်!"
"မပြန်သေးဘူးမလား.."
" ပြန်စေချင်နေပြီလား.."
" အင်း.."
ရှန်ခွန်းနောင်က မျက်လုံးလေးတွေ
ဝိုင်းခနဲ ဖြစ်သွားပြီးမှ ချက်ချင်းဆိုသလို ထရပ်လိုက်သည်။
" ပြန်တော့မယ်.. အဲ့ဒါဆိုလည်း.."
" တကယ်ပေါ့.."
" အစ်ကိုပဲ ပြန်ဆို ..!"
ရှန်ခွန်းနောင် ခပ်ဆတ်ဆတ်လေးပြောလိုက်မိသည့်အခါ အစ်ကိုက ရယ်လာပြန်သည်။
" ဒီနေ့တစ်နေ့လုံး ကိုယ်ပဲ အဆူခံ
စိတ်ကောက်ခံနေရတော့မှာလား..။
နေမကောင်းတဲ့သူကိုကွာ
တကယ်ရက်စက်တယ် မင်းက.."
" မဟုတ်ပါဘူး..အဲ့ဒီလို....."
" လာ ကိုယ့်အခန်းထဲလိုက်ခဲ့.."
အစ်ကိုမတ်တပ်ထရပ်ရင်း
ပြောလိုက်သည့်စကားကြောင့် ရှန်ခွန်းနောင်ရဲ့
မျက်လုံးလေးတွေလက်ခနဲ ဖြစ်သွားကာ
မသိမသာလေး ပြုံးစိစိဖြစ်သွားသည်။
" ကိုယ်နားချင်ပြီ။ မင်း မပြန်သေးဘူးဆိုရင် ..
ကိုယ့်ဘေးနားမှာလာနေ.."
" ဟီး.. ဟုတ်.. ညနေအထိနေမှာနော် သိလား.."
အရှေ့ကလျှောက်သွားသည့် အစ်ကို့ရဲ့
ဘေးနားကနေ လိုက်လျှောက်ကာ
အစ်ကို့ရဲ့မျက်နှာကို မော့ကြည့်ရင်း
သူပြောမိသည်။
"အင်း.."
"ညနေအရမ်းစောင်းမှပြန်မှာနော်..။
အစ်ကိုနဲ့တစ်နေကုန်နေမှာ.."
" အင်းလို့.."
" ကျွန်တော့်ကို နှင်မထုတ်ဘူးမလား"
" နှင်မထုတ်ပါဘူး.."
" ညရော အိပ်လို့ရလား"
အစ်ကိုက နှုတ်ခမ်းစွန်းလေး
ကော့တက်ရုံ တစ်ချက်ပြုံးလိုက်ပြီးမှ
သူ့ကိုငဲ့ကြည့်လာသည်။
" မင်း ကိုယ့်ကို.. အသက်မပြည့်သေးတဲ့
အူတူတူလေးလို့ ထင်နေရင်တော့
အိပ်ပေါ့ကွာ..။ကိုယ့်အိမ်မှာ အိပ်ခန်းတစ်ခန်းပဲ
လုပ်ထားတယ်နော်..။
ဖြစ်လာမယ့် အကျိုးဆက်ကို..
ကိုယ် အာမ မခံဘူး..။"
ခါးကို အနည်းငယ်ကိုင်း၍
သူ့ရဲ့ မျက်ဝန်းတည့်တည့်ကို
စိုက်ကြည့်ကာ ပြောလာသည့်
စကားကြောင့် ရှန်ခွန်းနောင် မျက်တောင်လေးတွေကို ပုတ်ခတ်လိုက်မိရင်း ချောင်းကို
ခပ်တိုးတိုးဟန့်ကာ စပ်ဖြီးဖြီးရုပ်လေး
လုပ်လိုက်မိသည်။
" စ နေတာ.. ဟီး..။ နောက်တာ.."
......................................
အစ်ကို့ရဲ့ ကျယ်ဝန်းလှသည့်
Master bedroom ဆီကိုရောက်သည့်အခါ
တွင်တော့ ရှန်ခွန်းနောင်ရဲ့ အာရုံတွေက
အစ်ကို streaming လုပ်သည့် pc
ဆင်ထားရာနေရာသို့ ရောက်သွားမိသည်။
ထို့နောက် ခပ်ဖွဖွလေးပြုံးလိုက်မိ၏။
ဒီနေရာလေးမှာထိုင်ပြီး streaming
လုပ်နေသည့် အစ်ကို့ရဲ့ ပုံရိပ်တွေဟာ ရှန်ခွန်းနောင် သဘောတကျနှင့်
မပျင်းမရိငေးကြည့်ဖူးသည့်
မြင်ကွင်းတွေဖြစ်သည်။
အခုတော့ ဒီလို နီးစပ်လာနိုင်ခဲ့တာပဲ...။
အခန်း၏ ထောင့်တိုင်းမှာ တပ်ထားသည့်
sound box သေးသေးလေးတွေ၊
နံရံအဖြူပေါ်က black theme
ပန်းချီကားတွေနဲ့ နံရံကပ် မှန်စင်တစ်ခုမှာ
စီစီရီရီထားထားသည့် Lego တွေကအစ
ရှန်ခွန်းနောင် စပ်စပ်စုစု လေး လိုက်ကြည့်ပြီးမှ
အိပ်ရာထက်မှာ လှဲနေသည့် အစ်ကို့ဆီသို့
ပြန်လျှောက်လာခဲ့လိုက်သည်။
"ကိုယ့်ဘေးမှာထိုင်မလား"
အစ်ကိုက ပြောလိုက်ပြီး
တစ်ဖက်ကို အနည်းငယ်တိုးပေးလိုက်သည်။
ရှန်ခွန်းနောင်က ခေါင်းလေးညိတ်ကာ
ပြုံးလိုက်ပြီးမှ အစ်ကို့ရဲ့ဘေးက
နေရာလေးမှာဝင်ထိုင်လိုက်၏။
" အစ်ကို.."
" အင်း.."
" ဘာမှမဟုတ်တော့ဘူး.."
"ဘာပြောမလို့လဲ"
" ဟင့်အင်း."
"ကိုယ်အဲ့ဒီလိုလုပ်တာ မကြိုက်ဘူးနော်.."
ခပ်တည်တည်ပြောလာသည့် အစ်ကို့
ကြောင့် ရှန်ခွန်းနောင် မျက်နှာလေး
ငယ်သွားရသည်။
" အစ်ကိုကလည်း.."
"...."
" ဒီတိုင်း.. အစ်ကို့ကို
တစ်နေ့ထက်တစ်နေ့.. တကယ်...
အများကြီးသဘောကျလာတယ်လို့...
အစ်ကို့အနားမှာ ဒီလိုလေးနေရတာ
သဘောကျတယ်..။
ဘာမှထူးထူးခြားခြားမဟုတ်တဲ့ စကားလေးတွေ
ဆိုရင်တောင်မှ ပြောရတဲ့သူက အစ်ကိုနဲ့
ဖြစ်နေရင်.. ကျွန်တော်အများကြီး ပျော်တယ်..။
နောက်တစ်ယောက်ဆိုတာရှိလာခဲ့ရင်တောင်..
အစ်ကို့လောက်ကျွန်တော့်စိတ်ကို
မချုပ်ကိုင်နိုင်လောက်ဘူးထင်တယ်..ဟီး.."
ထိုအခါမှ အစ်ကိုက
နှုတ်ခမ်းစွန်းလေးလှုပ်ရှားရုံ ပြုံး၍ ..
" နောက်တစ်ယောက်ဆိုတာရှိဦးမယ်ပေါ့..."
" မဟုတ်ဘူးလေ.."
ရှန်ခွန်းနောင် ခေါင်းလေးရမ်းကာ
ငြင်းလိုက်မိသည်။
" ကိုယ့်နောက်မှ သဘောကျမယ့်သူ
ထပ်ရှိဦးမှာပေါ့မင်းက.."
" ဟုတ်ပါဘူးဆို ကျွန်တော်က
သဘောပြောပြတာ.."
" တော်ပါကွာ။ အခုတောင် စကားထဲမှာ
အမှန်တရားက ပါလာပြီ.."
" ကျွန်တော်က...."
ရှန်ခွန်းနောင်၏
စကားသံလေးက တစ်ဝက်တစ်ပျက်နဲ့
ရပ်သွားသည်။
စိုင်းအံ့သျှိုင်းယံကလည်း တိတ်ဆိတ်၍သာ
မျက်လုံးဝိုင်းလေးတွေကို
စိုက်ကြည့်နေလိုက်၏။
" ကျွန်တော်က အစ်ကို့ကိုပဲ သဘောကျပြီး..
အစ်ကို့ကိုပဲ အပိုင်ရချင်တာ.."
" ကိုယ့်ကို မပိုင်ရဘူးဆိုရင်ရော.."
"ဘုန်းကြီးဝတ်ပစ်မှာ..!"
ဆောင့်ဆောင့်အောင့်အောင့်ဖြင့် မကျေမနပ်
လေးပြောလိုက်သည့်ရှန်ခွန်းနောင်ရဲ့
စကားကြောင့် စိုင်းအံ့သျှိုင်းယံ
သဘောတကျပင်ရယ်လိုက်မိကာ
ရှန်ခွန်းနောင်ရဲ့ ဆံပင်လေးတွေကိုလည်း
လှမ်းဖွလိုက်မိသည်။
" တကယ်ပြောနေတာ..!။ အစ်ကို့ကို မရရင်..
ဒီလူ့ဘောင်လောက မှာ နေစရာအကြောင်းကို
မရှိတော့ဘူး..။
သာသနာ့ဘောင်ပဲဝင်တော့မယ်.."
" ကြာလေကြာလေ.. ကိုယ်မင်းကို
အသည်းယားလာရလေပဲ.."
" ကျွန်တော့်ကို တွဲချင်လာတာလည်း
ဖြစ်နေဦးမယ်..။ သေချာ
ဆန်းစစ်ကြည့်ဦး.."
" မဖြစ်နိုင်တာ.."
" ဟွန့်.."
စူပုံ့ပုံ့ နှုတ်ခမ်းဝိုင်းလေးဟာ
ချစ်စရာကောင်းသည်။
တစ်ခါတလေခံစားချက်တွေကို ဖွင့်ပြောဖို့
ဝန်မလေးတတ်ပေမဲ့.. သူ့မျက်ဝန်းတွေကိုပင်
ရင်ဆိုင်မကြည့်ရဲစွာ အရှက်သည်းတတ်သည့်အပြုအမူလေးကလည်း ချစ်ဖို့ကောင်းသည်။
ပုပုသေးသေး ခန္ဓာကိုယ်လေးကလည်း
ချစ်ဖို့ကောင်းသလို.. မျက်မှန်အောက်က
မျက်လုံးကြည်ကြည်လေးတွေကလည်း
ချစ်ဖို့ကောင်းသည်..။
ဝမ်းနည်းလွယ် ခံစားလွယ်တတ်တဲ့ ထိုအကျင့်လေးကလည်း.. စိုင်းအံ့သျှိုင်းယံကို
ဂရုမစိုက်ဘဲ မနေနိုင်အောင်
တွန်းအားပေးချေသေး၏။
" အစ်ကို.. နားတော့..။
ကျွန်တော် တိတ်တိတ်လေး
နေပေးမယ်..။ ဆေးကအိပ်ချင်နေမှာ.. အိပ်တော့..နော်.."
" ရှန်ခွန်းနောင်.."
" ဗျာ.."
" မင်းသူငယ်ချင်းတွေနဲ့ တွေ့မှာဆို.."
" ဖျက်လိုက်တယ်... အစ်ကိုမှနေမကောင်းတာ"
"ဘယ်သွားမလို့လုပ်ထားတာလဲ.."
" ရုပ်ရှင်ကြည့်ပြီး မုန့်စားမလို့.."
" ကိုယ်လိုက်ပို့ပေးမယ်.."
" ......"
" ကိုယ်နေကောင်းရင် .. နောက်တစ်ပတ်ကျ
ကိုယ်လိုက်ပို့ပေးမယ်..။ မင်းအတန်းချိန်နည်းတဲ့ရက် ၊ သွားချင်တဲ့ရက်ကို ကိုယ့်ကိုပြော..Sunday တော့ ကိုယ် ကျောင်းက
ကိစ္စရှိသေးတယ်"
ရှန်ခွန်းနောင် ခေါင်းလေးကိုသာ
ညိတ်ပြလိုက်မိသည်။
နာမည်တပ်လို့မရတဲ့ကြည်နူးခြင်းဟာ
ရင်ထဲမှာ တသိမ့်သိမ့်တိုးနေသည်..။
" အစ်ကို .. သိလား.."
"အင်း.."
" ကျွန်တော် အစ်ကို့နားကို လာခဲ့မိတာနောင်တ
မရဘူး..။ အစ်ကို့ကို ဖွင့်ပြောမိခဲ့တဲ့အတွက်ရောပဲ။ တကယ်.. တစ်ဖက်သတ်ချစ်ရင်းနဲ့
ပြီးဆုံးသွားလိုက်ရင်များ.. အရမ်းနှမြောဖို့
ကောင်းမှာပဲလို့ တွေးမိတဲ့အထိ.. အစ်ကိုက
တကယ်ကို ကောင်းတဲ့လူပဲ.."
"မင်းနဲ့မှ ပြောင်းလဲလာတာလည်း
ဖြစ်နိုင်ပါတယ်"
.
.
.
.
.
.
မျက်လုံးတွေကို မှေးမှိတ်ချကာ
အိပ်ပျော် နေသည့် အစ်ကိုရဲ့
မျက်နှာပေါ်မှ ပြစ်မျိုးမှဲ့မထင်
ဆွဲဆောင်မှုရှိလွန်းသည့်
အစိတ်အပိုင်းတစ်ခုချင်းစီကို
သူငေးကြည့်နေမိရင်းဖြင့် အချိန်တွေ
ကုန််တာနှေးသွားစေဖို့ကို ရှန်ခွန်းနောင်
ဆုတောင်းနေမိသည်..။
.
.
.
ဘယ်အချိန်ရောက်ရောက် ဒီနေ့လေးကိုတော့ သတိရနေမိဦးမှာပဲ..။
အစ်ကို့မျက်နှာကို ကြည့်ပြီး
နှလုံးသားထဲကစကားတွေကို ဖွင့်ပြောခွင့်ရခဲ့တဲ့ ဒီနေ့က.. ဘယ်အချိန်ပြန်ကြည့်ကြည့် ကြည်နူးဆွတ်ပျံ့ဖွယ်
မှတ်ဉာဏ်လေးတစ်ခုအဖြစ်ရှိနေတော့မှာ...။
____________________
ဆက်ရန်။
ZAWGYI
"အဖ်ားက ၁၀၁ ေတာင္ရွိေနတယ္ !"
သာမိုမီတာကို ၾကည့္ၿပီးေနာက္..
ရွန္ခြန္းေနာင္ရဲ့ ဆူေအာင့္ေအာင့္
အသံေလးက ဧည့္ခန္းထဲတြင္
ထြက္ေပၚလာ၏။
" ကိုယ္ေဆးေသာက္ၿပီးၿပီပဲ ။
သက္သာသြားမွာပါ.."
ေျပာင္းျပန္ျဖစ္ေနလားမသိေပမဲ့
စိုင္းအံ့သၽွိုင္းယံကပင္ ျပန္ကာ
ႏွစ္သိမ့္လိုက္ရသည္။
ဝမ္းနည္းလြယ္ ထိခိုက္လြယ္လြန္းတဲ့
ဒီေကာင္ေလးရဲ့ မ်က္ရည္ေတြကို
ဘယ္လိုအေၾကာင္းမ်ိဳးေၾကာင့္မွ
သူမျမင္ခ်င္တာအမွန္...။
" အျမဲဖ်ားေနက်လား"
" အျမဲေတာ့မဟုတ္ပါဘူး..။
တစ္ခါတေလ .. အေၾကာင္းစုံသြားရင္ေပါ့.."
ရွန္ခြန္းေနာင္က စူပုပ္ပုပ္႐ုပ္ေလးနဲ႔
သာမိုမီတာကို တစ္ခ်က္ႏွစ္ခ်က္ခါလိုက္ၿပီးမွ
ယူလာသည့္ ေနရာကို ျပန္သြားထားေနသည္။
" အစ္ကို .."
" ေျပာပါခင္ဗ်ာ.."
"အစ္ကို႔ကို ဆူလို႔ရလား.."
ထိုေနရာမွာပင္ ရပ္၍
မ်က္ေမွာင္ေလးေတြကုပ္ကာ
စိုင္းအံ့သၽွိုင္းယံကို စိုက္ၾကည့္ရင္း
ေျပာလိုက္သည့္ ရွန္ခြန္းေနာင္..။
" ဘာကိုလဲ.."
" အစ္ကို မလိမၼာလို႔ ကၽြန္ေတာ္
အစ္ကို႔ကိုအရမ္းဆူခ်င္ေနတယ္ !
ဆူလို႔ရလားလို႔"
ထူးထူးဆန္းဆန္းစကားေလးေၾကာင့္
စိုင္းအံ့သၽွိုင္းယံ ျပဳံးလိုက္မိသည္။
ထို႔ေနာက္ ေခါင္းညိတ္ျပလိုက္မိ၏။
" အစ္ကိုက တကယ္ ...
ကိုယ့္ကိုယ္ကိုယ္လည္း ဂ႐ုစိုက္တဲ့ပုံမေပၚဘူး။
ညေတြလည္း တစ္ခါတေလ
ေစာေစာ မအိပ္ဘူး။
ၿပီးေတာ့ kitchen ထဲကေရာဘာလဲ..။
ဘာမွလည္းေသခ်ာစားတဲ့ပုံမေပၚဘူး။
အကုန္လုံးက အရက္ေတြနဲ႔
အျမည္းေတြခ်ည္းပဲ..။
ေခါက္ဆြဲေတြခ်ည္းပဲ"
Kitchen ဘက္ကို လက္ညႇိုးထိုးျပရင္း တကယ္ကိုပင္ မေက်မနပ္ေလး ဆူေနသည့္
ရွန္ခြန္းေနာင္ေၾကာင့္
စိုင္းအံ့သၽွိုင္းယံ ခပ္တိုးတိုးရယ္လိုက္မိသည္။
ထိုအခါရွန္ခြန္းေနာင္က ပို၍
မေက်မနပ္ျဖစ္သြားဟန္ရွိ၏။
" ဘာရယ္ေနတာလဲလို႔ ။
ကၽြန္ေတာ္အတည္ေျပာေနတာ..!
ဒီလိုေနေနမွေတာ့ ဘယ္လိုလို႔
က်န္းမာေရးေကာင္းပါ့မလဲ။ သူမ်ားကို
ဂ႐ုမစိုက္ခိုင္းခ်င္ဘူးဆိုလည္း..
ကိုယ့္ဟာကိုယ္ ဂ႐ုစိုက္ရမွာကို.."
" ကိုယ္ဂ႐ုစိုက္ပါ့မယ္.."
စိုင္းအံ့သၽွိုင္းယံက ျပဳံးလ်က္
စိုက္ၾကည့္ေနသည့္အခါ ရွန္ခြန္းေနာင္က
ထိုအၾကည့္ေတြကို ေရွာင္လႊဲကာျဖင့္
ခဏ တိတ္ဆိတ္သြားသည္။
ထို႔ေနာက္မွ..
" အစ္ကို.."
ရွက္ဝဲဝဲေလးျဖင့္ ေခၚလာျပန္သည္။
စိုင္းအံ့သၽွိုင္းယံ ေမးဆတ္ျပလိုက္၏။
"ကတိေပး.."
" ဘာကတိလဲ.."
"ေနာက္ခါ ေနမေကာင္းျဖစ္ရင္..
ကၽြန္ေတာ့္ကို အရင္ဆုံးေျပာျပရမယ္.."
" ကိုယ္က
အျမဲေနမေကာင္းေနတာမွမဟုတ္တာ"
" ျဖစ္ရင္ပါဆို..ၾကည့္ ! ဒါေလးေတာင္
မေပးခ်င္ဘူး..။ အဲ့ဒါမို႔ ကၽြန္ေတာ့္ကို
အေလးမထားဘူး
ေျပာေတာ့လည္း မႀကိဳက္ဘူး.."
မွုန္ကုပ္ကုပ္႐ုပ္ေလးနဲ႔ ရန္ေတြ႕လာျပန္သည္..။
စိုင္းအံ့သၽွိုင္းယံရယ္လိုက္မိကာ..
"ဟုတ္ပါၿပီကြာ..ဟုတ္ပါၿပီ..
မင္းကို အရင္ဆုံး
ေျပာမယ္.."
" တကယ္ေနာ္.."
စိုင္းအံ့သၽွိုင္းယံေခါင္းညိတ္ျပလိုက္သည္။
ထိုအခါမွ ရွန္ခြန္းေနာင္ရဲ့ တြန့္ကုပ္ကုပ္ မ်က္ခုံးေလးေတြက အနည္းငယ္ေျပသြား၏။
"ၿပီးေတာ့ ဘာလို႔ အဲ့ဒီမွာ အရက္ေတြကို စုံေနေအာင္ ထားထားတာလဲ..။ အကုန္လုံး
အစ္ကို ေသာက္တာလား"
Kitchen ဘက္ကို ၾကည့္ကာ
ေလၽွာက္လာရင္း..မေက်မနပ္ေလး
ေမးလာျပန္သည္။
" တိုက္မိမယ္.. ေအာက္က ..."
" အ!!"
စိုင္းအံ့သၽွိုင္းယံ၏
သတိေပးစကားပင္မဆုံးေသး
စားပြဲခုံရဲ့ ေျခေထာက္ကို သတိမထားမိဘဲ
ဝင္တိုက္ကာ.. ရွန္ခြန္းေနာင္ရဲ့
ကိုယ္ေလးက မထိန္းန္ိုင္ဘဲ
ဆိုဖာဆီသို႔ ယိုင္က်သြားသည္။
ေမွာက္ခုံလဲၿပီး
အရွက္ကြဲပါၿပီလို႔ ထင္လိုက္ေပမဲ့
ေႏြးေထြးသည့္ ရင္ခြင္ဆီသို႔
အလိုလိုမ်က္ႏွာအပ္သြားခဲ့၏။
တိုက္မိသည့္ ေျခေထာက္ကနာသြားတာ
ေၾကာင့္ရွန္ခြန္းေနာင္မ်က္ႏွာေလးရွုံ႔မဲ့ရင္း
ေမာ့လိုက္မိသည့္အခါ..
ရင္ဆိုင္လိုက္ရသည္က
သူ႔ကို စိုက္ၾကည့္ေနပါသည့္ အစ္ကို႔ရဲ့
မ်က္ဝန္းနက္နက္ေတြ..။
စိမ္းညႇို႔ေနပါသည့္
ခပ္တန္းတန္းမ်က္ခုံးႏွစ္သြယ္ႏွင့္
ေျဖာင့္စင္းသည့္ မ်က္ေတာင္စိပ္စိပ္မ်ားက..
အနီးကပ္ျမင္လိုက္ရသည့္အခါ ပို၍
ဆြဲေဆာင္မွုအားျပင္းသည္။
ထို႔ေနာက္.. ထပ္၍သတိထားမိသည္က..
သူ႔ရဲ့ခါးကို တင္းၾကပ္စြာေပြ႕ဖက္ထားခဲ့တဲ့
အစ္ကို႔ရဲ့ လက္ေတြ..။
ရင္ဆိုင္ၾကည့္ေနမိသည့္အၾကည့္ေတြကို ခ်က္ခ်င္းမလႊဲမိသည့္အခါ
ႏွလုံးသားသည္ ပို၍ ပို၍ လွိုက္ခုန္လာသည္..။
ဒီမ်က္ဝန္းနက္ေတြထဲမွာပဲ
သူ႔ေန႔ရက္ေတြ ကို ဖန္တီးခ်င္သည္။
ဒီရပ္ဝန္းမွာပဲ.. ေပ်ာ္ရႊင္မွုကို ရွာေဖြခ်င္သည္။
ခ်စ္မိတဲ့ဒီအခ်စ္တစ္ခုတည္းနဲ႔ပဲ
သူ႔ငယ္ရြယ္မွုကို ကုန္ဆုံးခ်င္သည္။
" ရွန္ခြန္းေနာင္.."
အစ္ကိုက ခပ္တိုးတိုးေခၚလာသည္။
အဖ်ားေသြး ေၾကာင့္အနည္းငယ္
ေသြ႕ေျခာက္ေနခဲ့ေပမဲ့ မထူမပါးႏွုတ္ခမ္းေတြသည္..ရင္ကို ပို၍ခုန္ေစ၏။
ရွန္ခြန္းေနာင္ မ်က္ႏွာလႊဲလိုက္ကာ
အစ္ကို႔ရင္ခြင္ထဲမွ ထြက္၍ ဆိုဖာတြင္
ေသခ်ာထိုင္လိုက္မိ၏...။
"ေျခေထာက္ နာသြားလား.."
အစ္ကိုက ေမးလာသည္။
မ်က္ႏွာခ်င္းမဆိုင္ရဲစြာ တစ္ဖက္ကို
လွည့္ထားရင္းေခါင္းကိုသာရမ္းျပလိုက္မိ၏။
ရယ္သံတိုးတိုးကို ၾကားလိုက္ရသည္..။
" အႀကီးကို ဆူပူေနလို႔ျဖစ္တာ
မင္းသိလား.."
ထိုအခါ ရွန္ခြန္းေနာင္က ႏွုတ္ခမ္းေလးကို
မသိမသာစူရင္း လွည့္ၾကည့္လိုက္ကာ..
" မဟုတ္ပါဘူး"
" ဟုတ္ပါတယ္ကြာ.."
" မဟုတ္ပါဘူးဆို.. အစ္ကိုေနာ္!"
"မျပန္ေသးဘူးမလား.."
" ျပန္ေစခ်င္ေနၿပီလား.."
" အင္း.."
ရွန္ခြန္းေနာင္က မ်က္လုံးေလးေတြ
ဝိုင္းခနဲ ျဖစ္သြားၿပီးမွ ခ်က္ခ်င္းဆိုသလို ထရပ္လိုက္သည္။
" ျပန္ေတာ့မယ္.. အဲ့ဒါဆိုလည္း.."
" တကယ္ေပါ့.."
" အစ္ကိုပဲ ျပန္ဆို ..!"
ရွန္ခြန္းေနာင္ ခပ္ဆတ္ဆတ္ေလးေျပာလိုက္မိသည့္အခါ အစ္ကိုက ရယ္လာျပန္သည္။
" ဒီေန႔တစ္ေန႔လုံး ကိုယ္ပဲ အဆူခံ
စိတ္ေကာက္ခံေနရေတာ့မွာလား..။
ေနမေကာင္းတဲ့သူကိုကြာ
တကယ္ရက္စက္တယ္ မင္းက.."
" မဟုတ္ပါဘူး..အဲ့ဒီလို....."
" လာ ကိုယ့္အခန္းထဲလိုက္ခဲ့.."
အစ္ကိုမတ္တပ္ထရပ္ရင္း
ေျပာလိုက္သည့္စကားေၾကာင့္ ရွန္ခြန္းေနာင္ရဲ့
မ်က္လုံးေလးေတြလက္ခနဲ ျဖစ္သြားကာ
မသိမသာေလး ျပဳံးစိစိျဖစ္သြားသည္။
" ကိုယ္နားခ်င္ၿပီ။ မင္း မျပန္ေသးဘူးဆိုရင္ ..
ကိုယ့္ေဘးနားမွာလာေန.."
" ဟီး.. ဟုတ္.. ညေနအထိေနမွာေနာ္ သိလား.."
အေရွ႕ကေလၽွာက္သြားသည့္ အစ္ကို႔ရဲ့
ေဘးနားကေန လိုက္ေလၽွာက္ကာ
အစ္ကို႔ရဲ့မ်က္ႏွာကို ေမာ့ၾကည့္ရင္း
သူေျပာမိသည္။
"အင္း.."
"ညေနအရမ္းေစာင္းမွျပန္မွာေနာ္..။
အစ္ကိုနဲ႔တစ္ေနကုန္ေနမွာ.."
" အင္းလို႔.."
" ကၽြန္ေတာ့္ကို ႏွင္မထုတ္ဘူးမလား"
" ႏွင္မထုတ္ပါဘူး.."
" ညေရာ အိပ္လို႔ရလား"
အစ္ကိုက ႏွုတ္ခမ္းစြန္းေလး
ေကာ့တက္႐ုံ တစ္ခ်က္ျပဳံးလိုက္ၿပီးမွ
သူ႔ကိုငဲ့ၾကည့္လာသည္။
" မင္း ကိုယ့္ကို.. အသက္မျပည့္ေသးတဲ့
အူတူတူေလးလို႔ ထင္ေနရင္ေတာ့
အိပ္ေပါ့ကြာ..။ကိုယ့္အိမ္မွာ အိပ္ခန္းတစ္ခန္းပဲ
လုပ္ထားတယ္ေနာ္..။
ျဖစ္လာမယ့္ အက်ိဳးဆက္ကို..
ကိုယ္ အာမ မခံဘူး..။"
ခါးကို အနည္းငယ္ကိုင္း၍
သူ႔ရဲ့ မ်က္ဝန္းတည့္တည့္ကို
စိုက္ၾကည့္ကာ ေျပာလာသည့္
စကားေၾကာင့္ ရွန္ခြန္းေနာင္ မ်က္ေတာင္ေလးေတြကို ပုတ္ခတ္လိုက္မိရင္း ေခ်ာင္းကို
ခပ္တိုးတိုးဟန့္ကာ စပ္ၿဖီးၿဖီး႐ုပ္ေလး
လုပ္လိုက္မိသည္။
" စ ေနတာ.. ဟီး..။ ေနာက္တာ.."
......................................
အစ္ကို႔ရဲ့ က်ယ္ဝန္းလွသည့္
Master bedroom ဆီကိုေရာက္သည့္အခါ
တြင္ေတာ့ ရွန္ခြန္းေနာင္ရဲ့ အာ႐ုံေတြက
အစ္ကို streaming လုပ္သည့္ pc
ဆင္ထားရာေနရာသို႔ ေရာက္သြားမိသည္။
ထို႔ေနာက္ ခပ္ဖြဖြေလးျပဳံးလိုက္မိ၏။
ဒီေနရာေလးမွာထိုင္ၿပီး streaming
လုပ္ေနသည့္ အစ္ကို႔ရဲ့ ပုံရိပ္ေတြဟာ ရွန္ခြန္းေနာင္ သေဘာတက်ႏွင့္
မပ်င္းမရိေငးၾကည့္ဖူးသည့္
ျမင္ကြင္းေတြျဖစ္သည္။
အခုေတာ့ ဒီလို နီးစပ္လာနိုင္ခဲ့တာပဲ...။
အခန္း၏ ေထာင့္တိုင္းမွာ တပ္ထားသည့္
sound box ေသးေသးေလးေတြ၊
နံရံအျဖဴေပၚက black theme
ပန္းခ်ီကားေတြနဲ႔ နံရံကပ္ မွန္စင္တစ္ခုမွာ
စီစီရီရီထားထားသည့္ Lego ေတြကအစ
ရွန္ခြန္းေနာင္ စပ္စပ္စုစု ေလး လိုက္ၾကည့္ၿပီးမွ
အိပ္ရာထက္မွာ လွဲေနသည့္ အစ္ကို႔ဆီသို႔
ျပန္ေလၽွာက္လာခဲ့လိုက္သည္။
"ကိုယ့္ေဘးမွာထိုင္မလား"
အစ္ကိုက ေျပာလိုက္ၿပီး
တစ္ဖက္ကို အနည္းငယ္တိုးေပးလိုက္သည္။
ရွန္ခြန္းေနာင္က ေခါင္းေလးညိတ္ကာ
ျပဳံးလိုက္ၿပီးမွ အစ္ကို႔ရဲ့ေဘးက
ေနရာေလးမွာဝင္ထိုင္လိုက္၏။
" အစ္ကို.."
" အင္း.."
" ဘာမွမဟုတ္ေတာ့ဘူး.."
"ဘာေျပာမလို႔လဲ"
" ဟင့္အင္း."
"ကိုယ္အဲ့ဒီလိုလုပ္တာ မႀကိဳက္ဘူးေနာ္.."
ခပ္တည္တည္ေျပာလာသည့္ အစ္ကို႔
ေၾကာင့္ ရွန္ခြန္းေနာင္ မ်က္ႏွာေလး
ငယ္သြားရသည္။
" အစ္ကိုကလည္း.."
"...."
" ဒီတိုင္း.. အစ္ကို႔ကို
တစ္ေန႔ထက္တစ္ေန႔.. တကယ္...
အမ်ားႀကီးသေဘာက်လာတယ္လို႔...
အစ္ကို႔အနားမွာ ဒီလိုေလးေနရတာ
သေဘာက်တယ္..။
ဘာမွထူးထူးျခားျခားမဟုတ္တဲ့ စကားေလးေတြ
ဆိုရင္ေတာင္မွ ေျပာရတဲ့သူက အစ္ကိုနဲ႔
ျဖစ္ေနရင္.. ကၽြန္ေတာ္အမ်ားႀကီး ေပ်ာ္တယ္..။
ေနာက္တစ္ေယာက္ဆိုတာရွိလာခဲ့ရင္ေတာင္..
အစ္ကို႔ေလာက္ကၽြန္ေတာ့္စိတ္ကို
မခ်ဳပ္ကိုင္နိုင္ေလာက္ဘူးထင္တယ္..ဟီး.."
ထိုအခါမွ အစ္ကိုက
ႏွုတ္ခမ္းစြန္းေလးလွုပ္ရွား႐ုံ ျပဳံး၍ ..
" ေနာက္တစ္ေယာက္ဆိုတာရွိဦးမယ္ေပါ့..."
" မဟုတ္ဘူးေလ.."
ရွန္ခြန္းေနာင္ ေခါင္းေလးရမ္းကာ
ျငင္းလိုက္မိသည္။
" ကိုယ့္ေနာက္မွ သေဘာက်မယ့္သူ
ထပ္ရွိဦးမွာေပါ့မင္းက.."
" ဟုတ္ပါဘူးဆို ကၽြန္ေတာ္က
သေဘာေျပာျပတာ.."
" ေတာ္ပါကြာ။ အခုေတာင္ စကားထဲမွာ
အမွန္တရားက ပါလာၿပီ.."
" ကၽြန္ေတာ္က...."
ရွန္ခြန္းေနာင္၏
စကားသံေလးက တစ္ဝက္တစ္ပ်က္နဲ႔
ရပ္သြားသည္။
စိုင္းအံ့သၽွိုင္းယံကလည္း တိတ္ဆိတ္၍သာ
မ်က္လုံးဝိုင္းေလးေတြကို
စိုက္ၾကည့္ေနလိုက္၏။
" ကၽြန္ေတာ္က အစ္ကို႔ကိုပဲ သေဘာက်ၿပီး..
အစ္ကို႔ကိုပဲ အပိုင္ရခ်င္တာ.."
" ကိုယ့္ကို မပိုင္ရဘူးဆိုရင္ေရာ.."
"ဘုန္းႀကီးဝတ္ပစ္မွာ..!"
ေဆာင့္ေဆာင့္ေအာင့္ေအာင့္ျဖင့္ မေက်မနပ္
ေလးေျပာလိုက္သည့္ရွန္ခြန္းေနာင္ရဲ့
စကားေၾကာင့္ စိုင္းအံ့သၽွိုင္းယံ
သေဘာတက်ပင္ရယ္လိုက္မိကာ
ရွန္ခြန္းေနာင္ရဲ့ ဆံပင္ေလးေတြကိုလည္း
လွမ္းဖြလိုက္မိသည္။
" တကယ္ေျပာေနတာ..!။ အစ္ကို႔ကို မရရင္..
ဒီလူ႔ေဘာင္ေလာက မွာ ေနစရာအေၾကာင္းကို
မရွိေတာ့ဘူး..။
သာသနာ့ေဘာင္ပဲဝင္ေတာ့မယ္.."
" ၾကာေလၾကာေလ.. ကိုယ္မင္းကို
အသည္းယားလာရေလပဲ.."
" ကၽြန္ေတာ့္ကို တြဲခ်င္လာတာလည္း
ျဖစ္ေနဦးမယ္..။ ေသခ်ာ
ဆန္းစစ္ၾကည့္ဦး.."
" မျဖစ္နိုင္တာ.."
" ဟြန့္.."
စူပုံ႔ပုံ႔ ႏွုတ္ခမ္းဝိုင္းေလးဟာ
ခ်စ္စရာေကာင္းသည္။
တစ္ခါတေလခံစားခ်က္ေတြကို ဖြင့္ေျပာဖို႔
ဝန္မေလးတတ္ေပမဲ့.. သူ႔မ်က္ဝန္းေတြကိုပင္
ရင္ဆိုင္မၾကည့္ရဲစြာ အရွက္သည္းတတ္သည့္အျပဳအမူေလးကလည္း ခ်စ္ဖို႔ေကာင္းသည္။
ပုပုေသးေသး ခႏၶာကိုယ္ေလးကလည္း
ခ်စ္ဖို႔ေကာင္းသလို.. မ်က္မွန္ေအာက္က
မ်က္လုံးၾကည္ၾကည္ေလးေတြကလည္း
ခ်စ္ဖို႔ေကာင္းသည္..။
ဝမ္းနည္းလြယ္ ခံစားလြယ္တတ္တဲ့ ထိုအက်င့္ေလးကလည္း.. စိုင္းအံ့သၽွိုင္းယံကို
ဂ႐ုမစိုက္ဘဲ မေနနိုင္ေအာင္
တြန္းအားေပးေခ်ေသး၏။
" အစ္ကို.. နားေတာ့..။
ကၽြန္ေတာ္ တိတ္တိတ္ေလး
ေနေပးမယ္..။ ေဆးကအိပ္ခ်င္ေနမွာ.. အိပ္ေတာ့..ေနာ္.."
" ရွန္ခြန္းေနာင္.."
" ဗ်ာ.."
" မင္းသူငယ္ခ်င္းေတြနဲ႔ ေတြ႕မွာဆို.."
" ဖ်က္လိုက္တယ္... အစ္ကိုမွေနမေကာင္းတာ"
"ဘယ္သြားမလို႔လုပ္ထားတာလဲ.."
" ႐ုပ္ရွင္ၾကည့္ၿပီး မုန့္စားမလို႔.."
" ကိုယ္လိုက္ပို႔ေပးမယ္.."
" ......"
" ကိုယ္ေနေကာင္းရင္ .. ေနာက္တစ္ပတ္က်
ကိုယ္လိုက္ပို႔ေပးမယ္..။ မင္းအတန္းခ်ိန္နည္းတဲ့ရက္ ၊ သြားခ်င္တဲ့ရက္ကို ကိုယ့္ကိုေျပာ..Sunday ေတာ့ ကိုယ္ ေက်ာင္းက
ကိစၥရွိေသးတယ္"
ရွန္ခြန္းေနာင္ ေခါင္းေလးကိုသာ
ညိတ္ျပလိုက္မိသည္။
နာမည္တပ္လို႔မရတဲ့ၾကည္ႏူးျခင္းဟာ
ရင္ထဲမွာ တသိမ့္သိမ့္တိုးေနသည္..။
" အစ္ကို .. သိလား.."
"အင္း.."
" ကၽြန္ေတာ္ အစ္ကို႔နားကို လာခဲ့မိတာေနာင္တ
မရဘူး..။ အစ္ကို႔ကို ဖြင့္ေျပာမိခဲ့တဲ့အတြက္ေရာပဲ။ တကယ္.. တစ္ဖက္သတ္ခ်စ္ရင္းနဲ႔
ၿပီးဆုံးသြားလိုက္ရင္မ်ား.. အရမ္းႏွေျမာဖို႔
ေကာင္းမွာပဲလို႔ ေတြးမိတဲ့အထိ.. အစ္ကိုက
တကယ္ကို ေကာင္းတဲ့လူပဲ.."
"မင္းနဲ႔မွ ေျပာင္းလဲလာတာလည္း
ျဖစ္နိုင္ပါတယ္"
.
.
.
.
.
.
မ်က္လုံးေတြကို ေမွးမွိတ္ခ်ကာ
အိပ္ေပ်ာ္ ေနသည့္ အစ္ကိုရဲ့
မ်က္ႏွာေပၚမွ ျပစ္မ်ိဳးမွဲ႕မထင္
ဆြဲေဆာင္မွုရွိလြန္းသည့္
အစိတ္အပိုင္းတစ္ခုခ်င္းစီကို
သူေငးၾကည့္ေနမိရင္းျဖင့္ အခ်ိန္ေတြ
ကုန္္တာေႏွးသြားေစဖို႔ကို ရွန္ခြန္းေနာင္
ဆုေတာင္းေနမိသည္..။
.
.
.
ဘယ္အခ်ိန္ေရာက္ေရာက္ ဒီေန႔ေလးကိုေတာ့ သတိရေနမိဦးမွာပဲ..။
အစ္ကို႔မ်က္ႏွာကို ၾကည့္ၿပီး
ႏွလုံးသားထဲကစကားေတြကို ဖြင့္ေျပာခြင့္ရခဲ့တဲ့ ဒီေန႔က.. ဘယ္အခ်ိန္ျပန္ၾကည့္ၾကည့္ ၾကည္ႏူးဆြတ္ပ်ံ႕ဖြယ္ မွတ္ဉာဏ္ေလးတစ္ခုအျဖစ္ရွိေနေတာ့မွာ...။
____________________
ဆက္ရန္။