လဝက်ခန့်ကြာသော်,
အခြေအနေဟာအလွန်တရာမှတိုးတတ်လာလေသည်။မြိုင်ဆိုသည့်မိန်းကလေးဟာလည်း ရောဘတ်နေဝင်းဆိုသည့်လုပ်ဇာတ်ကြီးကိုယုံကြည်ရုံတင်မက အထင်ကြီးလေးစားနေသေးသည်။ဤသို့အခြေအနေရောက်အောင် ရောဘတ်ရောသုခပါဆရာ့သူငယ်ချင်း၏ခြံကြီးထဲ အဆင့်အတန်းရှိရှိနေပြရင်း ကြိုးစားခဲ့ရတာဖြစ်သည်။
ကံကောင်းသည်က သူတို့နှင့်အတူ သော်ကပါလိုက်နေခြင်းဖြစ်သည်။မဟုတ်လျှင် နှစ်ယောက်တည်း ပျင်းခြောက်ခြောက်ကြီးဖြစ်နေမှာအမှန်ပင်။သို့သော် ဒီကောင်သည်လည်း အခုတလောအတော်လေးထူးဆန်းနေသည်။အရင်ကတည်တည်ငြိမ်ငြိမ်အရယ်အပြုံးမရှိသလောက် အခုတလောဘာဖြစ်လို့ဖြစ်မှန်းမသိ ချဥ်ပြုံးပြုံးလုပ်နေတတ်သည်။
ထားပါလေ ကျုပ်...ဘိလပ်ပြန်ကြီးရောဘတ်နေဝင်း
အနောက်တိုင်းဆန်ဆန်ဝတ်စုံကိုခန့်ညားစွာဝတ်ဆင်၍ မှန်အရှည်ကြီး၏ရှေ့တွင်ရပ်နေသည်။လက်ထဲတွင်လည်း နက်ခ်တိုင်တစ်ခုကိုကိုင်ထားကာ အခက်တွေ့နေတော့တာပေါ့။
နို့ ကျုပ်မှနက်ခ်တိုင်မစီးတတ်တာပဲ။
"ဟေ့ကောင် သုခ ဗျို့ သုခရေ!!"
"ဘာလဲကွာ!"
ရောဘတ်နေဝင်း၏အောင်မြင်လှသည့်ခေါ်သံနောက် သုခ၏မလျှော့သောလေသံကလည်းလိုက်၍ပါလာသည်။
"ဒါမင်းဆရာဖြစ်သူကိုထူးတဲ့လေသံလားကွ"
"ဘာဆရာလဲ ဘိန်းနှောဆရာလား ဟိုမြွေပွေးလေးရှေ့ကလွဲရင် ငါ့ကိုအာဏာပြလို့ရမယ်မထင်လေနဲ့"
"ဒါကတော့ကွာ ငါကဇာတ်ရုပ်အပေါ်စိတ်နှစ်ထားမိသွားလို့ပါ အဟဲ"
စပ်ဖြီးဖြီးနှင့်မျက်နှာချိုသွေးနေသောသကောင့်သားကို မာနမျက်စောင်းထိုးလိုက်သည်။သင်း(ဒင်း)ကိုသိပ်ကြည့်လို့ရတာမဟုတ်။
"ပြော စောနကငါ့ကိုဘယ့်နှယ်ကြောင့်ခေါ်ရသလဲ"
"ဒီမယ် ငါနက်ခ်တိုင်မစီးတတ်လို့"
"အဲဒီတော့"
"မင်းစီးပေးလေ"
"ဘာကွ!"
"အာ ဘယ့်နှယ့်ကြောင့်အော်နေရပြန်တာတုန်း"
"ငါမင်းမိန်းမမဟုတ်ဘူးကွ!"
"ဟမ် ငါကရောမင်းကိုငါ့မိန်းမလို့ပြောမိလို့လား"
"မင်းမလည်းနော် ယောင်္ကျားတစ်ယောက်ကိုနက်ခ်တိုင်စီးပေးတယ်ဆိုတာဟာ အိမ်ထောင်ရှင်အမျိုးသမီးတွေရဲ့အလုပ်ဟ"
ဒါလေးတောင်မသိရန်ကော ဆိုသည့်အကြည့်ဖြင့်ကြည့်လာတာကြောင့် အာဂမချဥ်ပြုံးပြုံးလိုက်သည်။
"သြော် ငါအဲဒီလောက်ထိမတွေးမိလိုက်ဘူး ဘာလဲ မင်းကငါ့ရဲ့အိမ်ထောင်ရှင်ဖြစ်ချင်နေတာလား"
"အဟမ့်! ဆံပင်ရှည်လာတာနဲ့အမျှ ဦးနှောက်တွေလည်းကြောင်လာတယ်ထင်ပါရဲ့ အရူးချီးပန်းတွေလျှောက်ပြောနေတယ်"
မာနမဲ့ရွှဲ့ကာပြန်ပြောလိုက်တော့ အာဂကဘာမှပြန်ပြောမလာတော့ပေမဲ့ ခပ်ဟဟတော့ရယ်နေတုန်းပင်။ထို့ပြင် လက်ကလည်းနက်ခ်တိုင်ကိုမစီးတတ်စီးတတ်နှင့် ကြိုးတွေကိုဟိုထိုးသည်ထိုးလိုက်လုပ်နေသေး၏။
မာနမျက်မှောင်ကြုတ်လိုက်မိသည်။အခုတလော အာဂထူးဆန်းနေသလိုပင်။အရင်ချိန်တွေက သူနှင့်အပြိုင်ကပ်ကပ်လှန်အောင်ရန်ဖြစ်တတ်သော်လည်း ဒီနောက်ပိုင်း မသိမသာလေးအလျှော့ပေးလာတတ်သည်။
တစ်ခါတစ်ရံသူကရန်လိုနေရင်တောင်ပြုံးပြုံးကြီးကြည့်နေတတ်သည်။အာဂ၏ပုံစံမှာ မာန်ထောင်နေသည့်ကျားသစ်ပေါက်လေးကိုချစ်စနိုးဟန်ဖြင့်ကြည့်နေပုံလို။ယခင်ကအာဂနှင့်ယခုအာဂ ဘာမျှမဆိုင် လူစားလဲလိုက်သလိုပင်။ဒါဟာ သူ့ကိုတော်တော်လေးစိတ်မသက်မသာဖြစ်စေပါ၏။
သူအချိန်အတော်ကြာအတွေးလွန်သွားမိတာတောင် အာဂရဲ့နက်ခ်တိုင်စီးခြင်းအမှုကမပြီးဆုံးနိုင်သေး။ဘာလုပ်မှာမလို့ ဒီလောက်တောင်ပြင်ဆင်နေရသလဲမသိ။
"ပေး ပေး ငါပဲလုပ်ပေးတော့မယ် နို့ မဟုတ်ရင် ဒီကနေ့အဖို့ပြီးတော့မယ်မထင်ဘူး"
"ဟုတ်ပါပြီတဲ့ ကိုယ့်အိမ်ထောင်ရှင်လေးရယ်"
"ခွေးရူးကောင်!!! သေချင်လို့!"
ပါးစပ်ကသာပွစိပွစိနှင့်မေတ္တာပို့နေသော်လည်း လက်တွေကတော့နက်ခ်တိုင်ကြိုးကိုကိုင်ပြီးလျက်သားပင်။မာန သကောင့်သားကိုမော့ကြည့်လိုက်တော့ ခေါင်းကိုအနည်းငယ်မော့ထားကာအမြင်ကပ်စရာကောင်းလောက်အောင်ပြုံးနေလေသည်။နှစ်ယောက်သား၏အရပ်ကတစ်လက်မခွဲလောက်သာကွာတာကြောင့် အရမ်းကြီးတော့မော့မကြည့်ရပါ။
"မင်းဘယ့်နှယ်ကြောင့် ဒီလိုတွေပြင်ဆင်နေတာလဲ ဘယ်သူ့ကိုဟန်ရေးပြမလို့လဲ"
"ဟန်ရေးပြရအောင် ငါကဒေါင်းမှမဟုတ်တာပဲ"
"နှိုင်းရဲလိုက်ပါဘိ ဒေါင်းကမင်းထက်အဖိုးတန်တယ်"
"ထားပါတော့ ငါအခုမြိုင့်ဆီသွားမလို့"
"ဘာကွ!!!!"
အစ်!
မာန၏စူးရှရှအော်သံအဆုံး အာဂဆီမှလည်ပင်းအစ်သံပါတစ်ပါတည်းထွက်ပေါ်လို့လာသည်။တရားခံကတော့ မျက်မှောင်ကြုတ်ကာ နက််ခ်တိုင်ကြိုးစကိုလည်း အဆုံးထိတွန်းတင်ထားတုန်းပင်။အာဂမှာ အသက်ရှူရခက်လာတာကြောင့် မျက်လုံးကြီးပြူးကာ လွှတ်ပေးဖို့လက်ကိုပုတ်မှ သင်း(ဒင်း)ကလွှတ်ပေးသည်။
"မင်း..မင်းငါ့ကိုသတ်..သတ်မလို့လား"
အသက်ကိုလုရှူရင်းအာဂပြောနေသော်လည်း မာနကတော့ဂရုပင်မစိုက်။အာဂအားစိမ်းစိမ်းကြီးစိုက်ကြည့်နေလေသည်။
"ဘာ့ကြောင့်အဲဒီမြွေပွေးလေးဆီသွားရမလဲ ငါ့ကိုလည်းဘာတစ်ခုမှအသိမပေးဘူး"
"အာ... အဲတာက မနက်ကမှ သူကနေ့လည်ထမင်းစားဖိတ်လိုက်တာ နို့ မင်းသူ့ကိုအမြင်မကြည်ဘူးမဟုတ်လား အဲတာကြောင့် ငါကတစ်ယောက်တည်းသွားမလားလို့ ပြီးတော့...မင်းငါတပည့်ဖြင့်ဟန်ဆောင်ရတာမကြိုက်ဘူးထင်လို့"
"............"
"ကဲ ငါသွားပြီ"
မာနဘာမှပြန်မပြောတော့ အာဂလည်းဦးထုပ်နှင့်မျက်မှန်ကောက်ယူကာ အခန်းထဲမှထွက်ဟန်ပြင်ပြီးကာမှ
ဖြန်း!!
"ဟာ! သူတောင်းစား ÷$#×^#"
မာန၏ပျစ်ပျစ်နှစ်နှစ်ဆဲသံမပြီးဆုံးခင်မှာပင် အာဂအခန်းထဲမှပြေးထွက်လာခဲ့တော့သည်။
အခန်းထဲ ဖင်ရိုက်ခံလိုက်ရသည့်ကောင်ကတော့ ဒေါသတွေနှင့်ဆွေ့ဆွေ့ခုန်နေမှာကို မြင်ယောင်မိပါရဲ့။
အခုဆိုလျှင် ရောဘတ်နေဝင်းအပေါ်မြိုင်က ညံ့သက်သင့်သလောက်ညံ့သက်နေချေပြီ။ထို့ပြင် မြိုင်တို့အိမ်က ရောဘတ်အတွက်တံခါးမရှိဓားမရှိပင်။မြိုင့်ဖအေ မြို့အုပ်မင်းကြီးကလည်း ဘိလပ်ပြန်စီးပွားရေးသမားဆိုသည့်ဂုဏ်ကြောင့် ဘာမှဝေဖန်ခြင်းမပြုဘဲ သူ့သမီးစိတ်တိုင်းကျလွှတ်ပေးထားလေသည်။အဲ ထူးခြားသည်က မြိုင့်မိခင်အနောက်တိုင်းသူနှင့်သေးသေးကွေးကွေးဖြူစုတ်စုတ်ကောင်လေးတစ်ယောက်ကတော့ ဘာမှဝင်မပါဘဲ အနေအေးလွန်းလှသည်။
အစ်ကိုကြီးနှင့်ဆရာတို့၏အကြံအစည်ကအောင်မြင်လုနီးပြီဖြစ်တာကြောင့် သူကျေနပ်မိသည်။လေလေးတချွန်ချွန်နှင့်လည်သာရှူးဖိနပ်ကိုဝတ်ကာ မြိုင့်အိမ်ဦးတည်လိုက်သည်နှင့်တစ်ပြိုင်နက် နောက်ပါးဆီမှအော်သံတစ်ခုထွက်လို့လာ၏။
"ဆရာရေ! စောင့်ပါအုံးဗျ တပည့်လည်းလိုက်ခဲ့မလို့"
အာဂကျေနပ်စွာပြုံးလိုက်သည်။တယ်လည်းတတ်နိုင်တဲ့ကောင်ပါလား။
<<<<<<
>>>>>>
"လာ ကိုရောဘတ် မြိုင့်မယ်မျှော်နေရတာ"
"ဆောရီး ကျုပ်နောက်ကျသွားတယ် အိမ်ကကျားသစ်ပေါက်နဲ့ရန်ဖြစ်နေလို့"
ထိုအခိုက် သုခ၏နဂါးမျက်စောင်းကရောဘတ်နေဝင်းကြီးဆီသို့ ဒိုင်းခနဲပင်။
"အလို...ကျားသစ်ပေါက်ဟုတ်စ"
"အိမ်း ပြောရမယ်ဆိုရင်ဖြင့် ကျုပ်တို့ဘိလပ်မယ်ခြေင်္သ့တို့ကျားတို့ကျားသစ်တို့ကိုအိမ်မွေးအဖြစ်မွေးကြတယ်လေ နို့ ကျုပ်လည်းဗမာပြည်ကိုအကောင်ပေါက်လေးတစ်ကောင်ကိုယူလာခဲ့လိုက်တာ"
ဟုတ်သော်ရှိမဟုတ်သော်ရှိအသာထား အရေးကြီးတာဒီမိန်းမသူ့ကိုအထင်ကြီးသွားဖို့သာ။
"ဆန်းကြယ်လိုက်တာနော် မြိုင်တော့ဖြင့်ကိုရောဘတ်ကိုလေးစားလွန်းလှပါပြီရှင်"
ရောဘတ်နေဝင်းပြုံးရုံသာပြုံးပြလိုက်သည်။
မြိုင်က ရောဘတ်ကိုငွေထုတ်ကြီးတစ်ခုလို တဖျက်ဖျက်တောက်ပနေသည့်မျက်လုံးမျိုးနှင့်ကြည့်နေလျှင် ကြားထဲမှသုခမနေနိုင်တော့။ဆရာ့အနားမသိမသာကပ်နေသည့်မိန်းမကိုခပ်တည်တည်ဆွဲခွာကာ ဆရာ့လက်မောင်းကိုဆွဲလိုက်သည်။
"လာလာဆရာ ဗိုက်ဆာနေပြီမဟုတ်လား ကျွန်တော်တို့ဦးဆုံးသုံးဆောင်ကြရအောင်ဗျ"
မြိုင့်မှာတော့ ကိုရောဘတ်၏လက်မောင်းကိုအတင်းဆွဲကာ ပိုင်စိုးပိုင်နင်းဖြင့်ထမင်းစားခန်းထဲသို့ခေါ်သွားလေသောသုခကြောင့် အံတကြိတ်ကြိတ်နှင့် နောက်မှလိုက်ခဲ့ရတော့၏။
.
.
"ကိုရောဘတ် ထည့်စားနော် ဒါတွေအကုန်မြိုင် ကိုရောဘတ်အတွက်ချက်ထားတာရယ်"
မြိုင့်အပြောကြောင့် ရောဘတ်အံ့အားသင့်သလိုမျက်ခုံးပင့်လိုက်မိသည်။သို့သော် ထိုအပြုအမူကဟန်ဆောင်ခြင်းသက်သက်သာ။
"မြိုင်ကအိမ်ရှင်မကောင်းပီသမဲ့ပုံပဲနော် မြိုင့်ကိုရမဲ့ယောင်္ကျားကတော့ကံကောင်းလိုက်ပါဘိ"
"ကိုရောဘတ်ကလည်းရှင် အဲဒီလောက်ကြီးမမြှောက်ပါနဲ့လား ပြီးတော့... မြိုင့်မယ်လျာထားတဲ့သူမရှိပါဘူးနော်"
"သြော် အဟမ့်!"
အဓိပ္ပာယ်ပါတဲ့ဆွဲဆောင်မှုပြည့်နှက်နေသည့်အကြည့်မျိုးနှင့်ပြောလာသည့်မိန်းမကြောင့် ရောဘတ်'သြော်'တစ်လုံးသာတုန့်ပြန်ပြီး နှုတ်ခမ်းတစ်ဖက်တွန့်ကာပြုံးလိုက်သည်။
လျာထားတဲ့သူမရှိဘူးတဲ့လား။ဆရာရာဇသာကြားရင် ထခုန်လိုက်မဲ့ဖြစ်ခြင်း။
သုခမှာတော့ ကိုယ့်ကိုကိုယ်ရှာကြံမြှောက်ပင့်နေသည့်ဆရာရယ် ပြောင်လိမ်ပြောင်စားပြောပြီးရေလာမြောင်းပေးနေသည့်မြွေပွေးလိုမိန်းမရယ်ကိုကြည့်ကာ ထမင်းတောင်မြိုမကျတော့။ဘာ့ကြောင့်မှန်းမသိ မြင်နေတွေ့နေရတာ တကယ့်ကိုအဆင်မပြေ။ဒီကြားထဲ တစ်ချက်တစ်ချက် မြွေပွေးလေးကသုခကိုမလိုသလိုခပ်စူးစူးလာကြည့်နေသေးတာ။
.
.
"ကိုရောဘတ် ဒါကငါးသလောက်ပေါင်းလေး"
"ဆရာစားလို့မရဘူး အကြောတတ်ရင်ဘယ့်နှယ့်လုပ်မတုန်း"
"ဒါဆို ဒါလေးရော ငပိချက်ကလေး"
"ဆရာငပိမစားဘူး ဘိလပ်မယ်အနေကြာတော့လေ"
"ဒါလေးကဆိတ်သား"
"ရော် ခက်တော့တာပဲ ဆရာကခြေလေးချောင်းသားမစားဘူးဗျ"
ကိုရောဘတ်ကိုဟင်းထည့်ပေးမည်ကြံလိုက်တိုင်း ကြားထဲကဝင်ဝင်ဖျက်နေသူကြောင့်မြိုင်သည်းမခံနိုင်တော့ပါ။ကိုင်လက်စစတီးဇွန်းကိုဆောင့်ချရင်း
"ဒီမယ်! ရှင်အလိုက်ကမ်းဆိုးမသိဘူးလား ကိုရောဘတ်ကတောင်ဘာမှမပြောဘဲနဲ့များဝင်လျှာရှည်နေလိုက်တာ ဒီဟင်းတွေမှမစားရင် ကျွန်မရဲ့ကိုရောဘတ်ကဘာနဲ့သွားစားရမလဲ"
"မြွေ..အဲ မမြိုင်မစိုးရိမ်လေနဲ့နော် ကျွန်တော့်ရဲ့ဆရာကကန်စွန်းရွက်ကြော်လွှတ်ကြိုက်တာဗျ"
'ကျွန်မရဲ့ကိုရောဘတ်'ဆိုသည့်နေရာမှာ မြိုင်ဖိပြောလိုက်သလို သုခဟာလည်း'ကျွန်တော့်ရဲ့ဆရာ'ဆိုသည့်နေရာကို ဖိပြောလိုက်ကာ မျက်ခုံးပင့်ပြီး စိန်ခေါ်သလိုကြည့်လိုက်သည်။
"ရှင်! ရှင်!"
"ရော့ ဆရာ တပည့်ထည့်ပေးမယ်"
မျက်နှာကြီးနီရဲကာ တရှင်ရှင််နှင့်ဒေါသထွက်နေသည့်မြွေပွေးလေးကို ဂရုမထားဘဲ သုခဆရာ့ထမင်းပန်းကန်ထဲ ကန်စွန်းရွက်ကြော်ထည့်ပေးလိုက်သည်။အမှန်တကယ်လည်း အစ်ကိုကြီးကြော်ကျွေးနေကျ ကန်စွန်းရွက်ဟာသူတို့နှစ်ယောက်လုံး၏အကြိုက်ဆုံးတွေပဲမဟုတ်လား။
ရောဘတ်မှာတော့ မျက်စိရှေ့ကနှစ်ယောက်ကြောင့် ရယ်ချင်စိတ်ကိုမနည်းထိန်းနေရသည်။
လက်သီးတင်းတင်းဆုပ်ကာ သုခကိုမကျေမချမ်းကြည့်နေသည့်မြိုင်ရယ် ထီမထင်မျက်နှာထားနှင့် မည်သူ့ကိုမှသောက်ဂရုမစိုက်ဟန်နှင့်သုခရယ်။
အိမ်း ကျားသစ်နဲ့မြွေပွေးစီးချင်းထိုးခြင်းဆိုရင်လည်း ကြည့်မကောင်းပါဘူးလေ။
"ခွီ!"
အတွေးတွေကိုမထိန်းလိုက်နိုင်စွာ အပြင်မှာပါထုတ်ရယ်မိတော့ သုခနှင့်မြိုင်တို့နှစ်ယောက်၏ အကြည့်များကသူ့ဆီသို့...
"ဟို ကျုပ်စားလို့ပြီးပြီဗျ"
ထိုအခါမှ နှစ်ယောက်လုံးကခေါင်းတညိတ်ညိတ်နှင့်။
ထမင်းစားသောက်ပြီးတော့ အချိုတည်းတာဘာညာနဲ့အချိန်ကအနည်းငယ်လင့်သွားသေးသည်။ထို့နောက် ရောဘတ်နှင့်သုခအိမ်ပြန်ရန်ဆိုင်းပြင်ရတော့၏။
"မာန မင်းအရင်ပြန်နှင့်လိုက်ကွာ ငါနောက်ကလိုက်ခဲ့မယ်"
ပြောလိုက်တော့ မာနဆီမှဘာရှုပ်ဦးမလို့လဲဟူသည့်အကြည့်မျိုးပြန်လည်ရရှိလာ၏။
"သွားပါ အရေးကြီးလို့"
"ကျစ်! ပြီးရောကွာ"
အလိုမကျသလိုမျက်မှောင်ကြီးကြုတ်ကာ မာနထွက်သွားမှ အာဂလည်းအိမ်ပေါက်ဝမယ် သူတို့ကိုအကဲခတ်သလိုကြည့်နေသည့်မြိုင့်ဆီသို့ပြန်သွားလိုက်သည်။
မတတ်နိုင်ဘူး။အခုပြောမည့်စကားတွေကို မာနရှေ့တော့မပြောနိုင်ပါ။ဘယ်လောက်ပဲလီဆယ်ပြီးဟန်ဆောင်တယ်ဆိုဦးတော့ မာနအထင်အမြင်လွဲပြီးစိတ်ကွက်သွားမှာမျိုးမလိုချင်။
ဘာကြောင့်လဲ။ဒါကတော့ရှင်းပါတယ်။
ဒီတစ်လျှောက်လုံးဖုံးကွယ်ထားနိုင်ခဲ့သည့်အရောင်ရင့်ရင့်သံယောဇဥ်ဟာ နှလုံးသားထက်ဝယ် အမြစ်တွယ်လို့အပင်တောင်ပေါက်နေချေပြီ။
အမြဲသူနှင့်ရန်တကျက်ကျက်ဖြစ်နေရခြင်းအကြောင်းတရားဟာ ရန်ထောင်နေသည့်အမူအယာလေးကိုနှစ်သက်လို့လို့ပြောရင် ခင်ဗျားတို့ယုံမှာလား။မယုံလည်းဂရုတော့မစိုက် ကျုပ်ကအမှန်အကန်တွေပြောနေတာပဲဟာ။
ဟိုးအရင်ဆယ်ကျော်သက်ဘဝတည်းက သူငယ်ချင်းလိုလိုဘာလိုလိုနဲ့ သူ့အနားမသိမသာကပ်တွယ်နေခဲ့တာ။ သူဖြစ်တဲ့ရန်ပွဲတိုင်းလည်းအတူပါခဲ့သလို သူအကြွေးရှင်လူကြီးတွေရဲ့ရိုက်နှက်ခြင်းခံရရင်လည်း ကျုပ်ကမျှဝေခံစားပေးခဲ့သေးတာ။တကယ်ဆို အဲဒီအကြွေးရှင်တွေနဲ့ကျုပ်နဲ့ကလားလားမျှမဆိုင်။
အဲဒီနောက်တော့ ဆရာ့နောက်လိုက်လုပ်ခဲ့ကြသည်။ကျုပ်က စားစရာနေစရာမရှိလို့ဆိုတာထက် တစ်စုံတစ်ယောက်နှင့်မခွဲနိုင်လို့ဆိုလျှင် ပိုမှန်ပါလိမ့်မည်။ဒီအကြောင်းကိုဆရာတောင်သိလောက်မည်မဟုတ်။သို့ပေသိ ဆရာ့ကိုလေးစားပြီးချစ်ခင်တာကတော့အမှန်တရားသာ။
အမြဲပွင့်ပွင့်လင်းလင်းနဲ့ဟာသဥာဏ်ရွှင်ပြီး ပြောင်ချော်ချော်လုပ်နေတတ်တဲ့ကျုပ်က ကျုပ်ခံစားချက်တွေကိုဖုံးကွယ်နိုင်ခဲ့တယ်ဆိုတာ နည်းတဲ့အရည်အချင်းတော့မဟုတ်တန်ရာ။မည်သူမှမရိပ်မိခဲ့တာကိုလည်းအပြစ်မြင်လို့မရ။ဘာ့ကြောင့်ဆို တစ်ခါတစ်ရံ ကျုပ်ကိုယ်တိုင်တောင်သူ့ကိုမေတ္တာပိုနေမိမှန်းမေ့သည်အထိ ကျုပ်ကအဖုံးကောင်းခဲ့တာမဟုတ်လားလေ။
သို့ပေမဲ့...ဆရာနှင့်အစ်ကိုကြီးတို့နှစ်ယောက်ကိုမျက်မြင်ကိုယ်တွေ့မြင်ရတော့ ကျုပ်နားလည်လာခဲ့ရသည်။
ချစ်ခြင်းတရားကိုနှုတ်ဆိတ်နေခြင်းဟာ အကောင်းတရားတွေဖြစ်မလာနိုင်ဘူးဆိုတာကိုပေါ့။
သူငယ်ချင်းဆိုတဲ့စည်းကိုကျော်လို့ ဖွင့်ဟလိုက်မှ ကံဆိုးစွာအဆိုးတရားတွေဖြစ်လာလျှင်လည်းဒုက္ခ။
ကျုပ်ဆိုတဲ့အာဂရဲ့အဖြစ်က ပဒိုင်းသီးပါဆိုဗျာ။ဆုပ်လည်းစူး စားလည်းရူးနဲ့။
ဟော အခုလို မြိုင်နှင့်သူ့ကို မလိုမလားသည့်အရိပ်အယောင်တွေတွေ့ရတော့လည်း မျှော်လင့်ခြင်းစမ်းချောင်းလေးနှင့်အတူ ရင်ခုန်သံလှိုင်းတို့ကစီးဆင်းလာပြန်ကော။
အိမ်း ဘာပဲဖြစ်ဖြစ်...
ဘဝမယ်တစ်ခါလောက်တော့ အာဂသတ္တိရှိစွာနဲ့ ခံစားချက်မေတ္တာတေးချင်းကို သီကျူးချင်မိပါရဲ့ဗျာ။
ကိုယ့်ခံစားချက်အစစ်အမှန်အကြောင်း တွေးနေမိတာတွေကိုခေတ္တရပ်တန့်လိုက်ကာ မြိုင့်ဆီသို့တည့်တည့်မတ်မတ်ဦးတည်လိုက်သည်။ထို့နောက် မစစ်မှန်သောဖွင့်ဟခြင်းတချို့ကို ထုတ်ပြောခဲ့လိုက်တော့သည်။မုသာဝါဒကံမြောက်ပေမဲ့ မတတ်နိုင်ပါလေ။ကိစ္စမြန်မြန်ပြတ်ပြီးရော...
မာနလေးနဲ့လွတ်လွတ်လပ်လပ်ပြန်လည်ရယ်မောချင်လှပါချည်ရဲ့။
<<<<<<
>>>>>>
"မာန မင်းတို့ဘယ်သွားတာလဲ"
အိမ်ထဲဝင်လာလာချင်း သော်က၏စူးစမ်းသလိုအမေးကစီးကြိုလေသည်။
"ဟိုအိမ်မယ်နေ့လည်စာသွားစားတာ"
ဟိုအိမ်ဆိုသည့်အပြောကြောင့် သော်ကမျက်ခုံးအနည်းငယ်လှုပ်သွားသည်။
"သြော် အာဂကရော ဘယ်မလဲ"
"သေပြီ"
"..........."
ဒုန်း! ဒုန်း! ဒုန်း!
ဂျိမ်းး!!!
လှေကားပေါ်သို့ဝုန်းဒိုင်းကျဲတတ်သွားကာ တံခါးကိုလည်းဆောင့်အောင့်ပိတ်သွားသောမာနကို သော်ကကတော့မထူးဆန်းသလိုခပ်တည်တည်သာကြည့်လိုက်သည်။ဒီမြင်ကွင်းက ရန်ဖြစ်နေကျမာနနှင့်အာဂတို့အတွက်မထူးဆန်းတော့သော်လည်း ဒီတစ်ခေါက်အဘယ်လောက်များဆိုးရွားလို့ အာဂကိုသေပြီလို့တောင်ပြောရတာလဲမသိ။
ထို့နောက် သော်ကလည်းဆက်တွေးမနေတော့ဘဲ ခြံထဲတံမြတ်စည်းလှည်းရန်သာထွက်လာခဲ့လိုက်သည်။အမှိုက်မရှိပေမဲ့ သစ်ရွက်ခြောက်တွေကတော့ အမြင်မတင့်လှပေ။
သစ်ရွက်ခြောက်တွေလှည်းနေရင်းက မျက်ဝန်းဝါဖျော့ဖျော့လေးတစ်စုံကိုမြင်ယောင်မိလာလျှင် အိမ်ရှေ့ခြံထဲသို့မသိမသာလှမ်းကြည့်မိသည်။စိတ်ရှုပ်စရာလေးနှင့်မတွေ့ရတာနှစ်ရက်လောက်ရှိနေချေပြီ။
သော်ကဒီအိမ်ကိုရောက်လာတည်းက ထိုကောင်လေးမှာလည်း သော်ကဆီသို့ခဏခဏကူးချည်သန်းချည်လုပ်တတ်သည်။သို့သော် အိမ်ထဲမဝင်ဘဲ ခြံထဲ၌သာသော်ကကိုဘယ်လောက်ခင်မင်ကြောင်း သော်ကကဘယ်လောက်သတ္တိရှိကြောင်းပြောပြောပြီးပြန်သွားတတ်၏။
သော်ကမှာတော့ ထိုကလေးစုတ်၏အရည်မရအဖက်မရစကားတွေကို နားမထောင်ချင်သော်လည်း ပြောမရသူကြောင့် ဥပေက္ခာပြုထားလိုက်ရတော့သည်။ဘယ့်နှယ်ကြောင့် သော်ကကိုဒီလိုတွေလာလာရှုပ်နေမှန်းလည်းမတွေးတတ်။သို့သော် လတ်တလောတော့မလာတာနှစ်ရက်ရှိရော့မည်ထင်၏။
လူတွေရဲ့စိတ်ကလည်းအခက်သားရယ်။ခါတိုင်းလာနေကျအရိပ်လေးကိုမတွေ့ရတော့လည်း ရင်ထဲတစ်မျိုးတစ်မည်ခံစားရသည်။သေချာတာကတော့ ခံစားလို့ကောင်းသည့်အရာတော့မဟုတ်ပါ။
ဟိုစဥ်အချိန်တည်းက ကိုယ့်ကမ္ဘာကိုယ်တည်ကာ အမြဲတစ်ယောက်တည်းနေလာခဲ့သူကို စိတ်ရှုပ်အောင်လာလုပ်သည့် စိတ်ရှုပ်စရာကလေးစုတ်ကိုလည်းကြည့်လို့မရ။လေတိုက်ရင်တောင်လဲပြိုကျသွားနိုင်လောက်သည်အထိ ပျော့ညံ့လွန်းလှသူကိုလည်းအားမလိုအားမရဖြစ်ရနဲ့ တကယ့်ကိုအဆင်ပြေမနေပါချေ။။
ထိုစဥ် ဖျတ်ခနဲမြင်လိုက်ရသည့်ဖြူစုတ်စုတ်အရိပ်လေးကြောင့် သော်က၏အာရုံသည်အရှေ့ခြံသို့ရောက်သွား၏။သို့သော် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ဘယ်ကရောက်လာမှန်းမသိသည့် ဒေါသတချို့က မျက်ခုံးကိုထိစပ်လုမတတ်ကျုံ့ထားမိသည်အထိ။
ခြံတံခါးကိုမှီကာ စက်ဘီးပေါ်မှကောင်လေးတစ်ယောက်ကို ရွှင်မြူးနေသည့်အပြုံးတို့ဖြင့်နှုတ်ဆက်နေသည့် စိတ်ရှုပ်စရာလေး...
တစ်ဖက်ကောင်လေးကလည်း နူးညံ့သည့်အကြည့်တချို့လွှမ်းခြုံကာ စိတ်ရှုပ်စရာလေး၏ဆံပင်ကိုထိုးဖွလိုက်သေး၏။
တောက်စ်!!
ဆက်မကြည့်ချင်တော့တာကြောင့် အမြန်ပင်အကြည့်လွှဲလိုက်ရသည်။မလာသည့်နှစ်ရက်အတွင်း သူငယ်ချင်းရသွားတယ်ထင်ပါရဲ့။
အဟက်! ဒါလည်းကောင်းတာပဲ။သူ့ကိုလာမရှုပ်နိုင်တော့ဘူးပေါ့။
ထို့သို့တွေးနေသော်လည်း အမှန်တကယ်အဆင်မပြေနေသည့်ခံစားချက်ကဘာပါလိမ့်။
ဟူးး ပြောပါတယ် ဒီကလေးစုတ်ကသော်ကကိုအမြဲစိတ်ရှုပ်စေပါတယ်လို့။
.
.
"ကိုကြီးသော်ကရေ ဘာလုပ်..."
မြူးထူးစွာအပြေးတစ်ပိုင်းဖြင့် သော်ကဆီဦးတည်လာသောတုံတုံသည် သော်က၏တင်းမာခတ်ထန်နေသောအကြည့်စူးစူးကြောင့် ပြောလက်စစကားတွေပင်ရပ်တန့်သွားတော့သည်။တစ်ခါမှ ဒီလောက်စိတ်တိုနေသည့်ပုံစံမျိုးမမြင်ဖူးတာကြောင့် တုံတုံမဝံ့မရဲဖြင့်သာ ကိုကြီးသော်ကအနားတိုးကပ်သွားလိုက်သည်။
"ကိုကြီးသော်က"
"ဘာလာလုပ်တာလဲ!"
"ဟို...တုံတုံကကိုကြီးသော်ကဆီလာတာလေ"
"အဟမ့်!"
ခပ်လှောင်လှောင်တစ်ချက်ရယ်လိုက်ပြီး သော်ကမျက်စိရှေ့ကစိတ်ရှုပ်စရာလေးကိုဂရုမစိုက်သလို မျက်နှာလွှဲလိုက်သည်။လူချမ်းသာတွေဟာ တယ်လည်းတတ်နိုင်လိုက်ပါဘိ။
"ဘာလို့လဲ တုံတုံ့ကိုစိတ်ဆိုးနေတာလားဟင် တုံတုံဘာများလုပ်မိတာရှိလို့လဲ"
".............."
"ကိုကြီးသော်က ဒီလိုကြီးတော့မနေလေနဲ့ဗျာ တုံတုံ့ကိုမကျေနပ်တာရှိရင်ပြောမှပေါ့"
"ကျစ်!"
အုန်းတံမြတ်စည်းကိုမြေပြင်ထက်ပစ်ချကာ သော်ကစိတ်ရှုပ်စရာကလေးစုတ်နှင့်မျက်နှာချင်းဆိုင်လိုက်သည်။
"တကယ်စိတ်ရှုပ်စရာပဲ"
"ဗျာ"
ကြားလိုက်ရသည့်စကားကိုမယုံနိုင်စွာ နာကျင်မှုကလှိုက်တတ်လာရင်း အရည်ကြည်တွေကလည်း မျက်ဝန်းဝါနုနုထက်တွင်ရစ်သိုင်းလာသည်။
"ဟုတ်တယ် မကျေနပ်ဘူး ဒီလိုမျိုးမင်းအမြဲတမ်းနှောင့်ယှက်နေတာဟာ ငါ့အတွက်နည်းနည်းလေးမှကိုအဆင်ပြေမနေဘူး"
"ကိုကြီးသော်က"
"အားနည်လွန်းတဲ့မင်းနဲ့လည်းသူငယ်ချင်းမဖြစ်ချင်ဘူး မင်းကိုလည်းမခင်တာမလို့ နောက်နောင် ငါ့ကိုကပ်တွယ်မနေရင် သိပ်ကောင်းမှာပဲ"
"ဘာလို့လဲ တုံတုံကတော့..ဟင့်! ကိုကြီးသော်ကကိုသံယောဇဥ်ရှိလိုက်ရတာ ကိုကြီးသော်ကကဘာလို့...ဟင့်! တုံတုံကသူများတွေနဲ့မတူလို့လားဟင် ဟုတ်လား တိုင်းတပါးသွေးပါနေလို့ကိုကြီးသော်ကကလည်းတုံတုံကိုမလိုချင်လား"
တုန်ယင်နေသည့်အသံလှိုင်းတွေနှင့် ရှိုက်သံရောလို့ အထစ်ထစ်အငေါ့ငေါ့ပြောရင်း မျက်ရည်ကြည်တွေဟာလည်းထိန်းမရနိုင်စွာ။
"ဟုတ်တယ် မင်းကစိတ်ရှုပ်စရာလေးမလို့ပဲ"
"ဟင့် ကိုကြီးသော်ကမကောင်းဘူး လူဆိုးကြီး အီးဟီး"
ပုခုံးတွေတသိမ့်သိမ့်တုန်ကာ ပြေးထွက်သွားသောကောင်လေးကို သော်ကဒီအတိုင်းသာရပ်ကြည့်နေလိုက်သည်။ဟုတ်တယ် ဒီအတိုင်းလေး မင်းဘဝနဲ့မင်းနေ ငါလည်းငါ့ဘဝနဲ့ငါနေမယ်။
အေးစက်ကာ တွယ်တာစရာကင်းမဲ့ခဲ့တဲ့ငါ့ဘဝထဲ ခေတ္တနားခိုချင်ရုံနဲ့တော့ မကြိုဆိုပါရစေနဲ့။
မင်းဟာ'ပင်မြင့်သဇင်'ဆိုရင် ငါဟာရိုးရှင်းတဲ့မြက်ရိုင်းပင်ဖြစ်တာမလို့...
ကိုယ့်ဘဝအမှန်ကိုတောင်မမှတ်မိနိုင်သေးတဲ့ အတိတ်မေ့နေသူတစ်ယောက်က မင်းအတွက်ဘာများအထောက်အကူညီပြုမတဲ့လဲ။
စိတ်ကူးယဥ်တာကကောင်းပေမဲ့ လက်တွေ့မှာတော့အသုံးမဝင်ဘူးမဟုတ်လားလေ။
ရှုပ်ထွေးနေတဲ့ခံစားချက်တချို့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုတောင် ရှာလို့မတွေ့သေးတဲ့အခါ မင်းကိုလည်းမျက်နှာချင်းမဆိုင်ချင်ဘူး။
မင်းရဲ့မျက်ဝန်းဝါတွေ၊အုန်းခွံရောင်ဆံသားနုနုတွေ၊နီဆွေးဆွေးနှုတ်ခမ်းပါးလေးအပြင် သေးသေးကွေးကွေးနဲ့ဖြူစုတ်စုတ်ကိုယ်ခန္ဓာလေးထက် ဝတ်ဆင်တတ်တဲ့ချစ်စရာအနောက်တိုင်းဝတ်စုံလေးတွေကိုလည်း တိုးတိုးတိတ်တိတ်နဲ့အလွတ်မကျက်ချင်တော့ဘူး။
ဟုတ်တယ် မင်းကစိတ်ရှုပ်စရာလေးပဲတုံတုံ။
ငါဘယ်သောအခါမှ မငြိုငြင်ခဲ့တဲ့ စိတ်ရှုပ်စရာလေး။
အသံကျယ်ကျယ်တွေကြောင့် ခြံထဲဆင်းကာဘာဖြစ်တာလဲဟု မေးလာသည့်မာနကိုခေါင်းသာခါပြလိုက်သည်။
စကားပြန်မပြောနိုင်လောက်သည်အထိ ခွန်အားတွေကုန်ခမ်းသွားသလို ဝဲဘက်ရင်အုံမှနာကျင်မှုတချို့က တစ်တိတိတိုက်စားနေလျက်။
.
.
"ဟီးအီး မကောင်းတဲ့လူကြီး"
အိပ်ယာပေါ်မျက်နှာအပ်လို့ တုံတုံမှောက်ခုံကြီးငိုနေမိသည်။ကိုယ့်မှာတော့သူနဲ့တွေ့ချင်လွန်းလို့ တစ်ပတ်စာလုပ်ရမဲ့စာတွေကိုနှစ်ရက်နဲ့အပြီးဖြတ်ပြီး သူငယ်ချင်းကိုလာယူခိုင်းရင်း ပါမောက္ခဆီသွားပို့ခိုင်းထားရတာ။ပေးပြီးပြီးချင်း ထိုသူ့ဆီသွားပါသော်လည်း ထိုသူကတော့ ရင်ဝကိုဆောင့်ကန်လိုက်သလို စကားလုံးများနှင့်သာတိုက်ခိုက်လာခဲ့သည်။
ထိုစကားများမှာသာဆူးပါခဲ့လျှင် တုံတုံ့နှလုံးသားလေးမယ် ဆူးရာတွေနှင့်သာပြည့်နှက်နေမှာအမှန်။
တကယ်ပါ ဘယ်သူစိမ်းကိုမှလည်းသူ့လောက်မတွယ်တာခဲ့ဖူးသလို ကပ်လည်းမကပ်တွယ်ခဲ့ဖူးဘူး။သူမို့လို့သာ...
သူကတော့တုံတုံကိုစိတ်ရှုပ်စရာသတ္တဝါတစ်ကောင်လိုနှင်ထုတ်ရက်တယ်။
တွေးရင်းတွေးရင်းနဲ့ တုံတုံရဲ့မျက်ရည်မိုးဟာလည်းမစဲနိုင်တော့ပေ။
ဘာလို့လဲ တုံတုံကိုဘာလို့အလိုမရှိကြတာလဲ။တုံတုံလည်းတစ်ပါးသူတစ်ယောက်ရဲ့နွေးထွေးတဲ့ဂရုစိုက်မှုတချို့ကိုခံစားချင်မိပါရဲ့။ဟိုတစ်ခါစျေးထဲမယ် ကူညီလိုက်တဲ့အချိန်တည်းက ကိုကြီးသော်ကဆိုတာ တုံတုံရဲ့စိတ်ကူးထဲကသူရဲကောင်းကြီးဖြစ်ခဲ့တာ။
အခုတော့ တုံတုံရဲ့ခပ်နုံနုံစိတ်ကူးယဥ်မှုလေးဟာ မလှပတဲ့အိပ်မက်တစ်ခုအဖြစ်အဆုံးသတ်တော့မယ်ထင်ပါရဲ့။
"ရင်ဘတ်ထဲကနာကျင်နေလိုက်ပါရော့လား တုံတုံလေ ဟင့်..."
ဆက်လက်ရေရွတ်နိုင်စွမ်းမရှိတော့စွာ တုံတုံရင်ထဲဆို့တတ်လာသည်။နာကျင်စရာကောင်းလှသည့်ခံစားချက်တွေက ဘယ့်နှယ်ကြောင့်တုံတုံ့ကိုဒီလောက်ဒုက္ခပေးရပါသနည်း။
ဘာကြောင့် ဒီလိုတွေဖြစ်နေ၊ခံစားနေမိမှန်းမသိပေမဲ့ ကိုကြီးသော်ကကိုလက်မလွှတ်ချင်တာကတော့အမှန်ပင်။တုံတုံံ့အနာဂတ်မှာ ကိုကြီးသော်ကကိုရှိစေချင်သည်။
ဟုတ်တယ် တုံတုံအိပ်ယာပေါ်ကထပြီး ကမန်းကတန်းမျက်ရည်တွေသာမက နှာရည်တွေကိုပါသုတ်လိုက်သည်။ကိုကြီးသော်ကကအားနည်းတာကိုမကြိုက်ဘူးလို့ပြောသည်။အဲတာကြောင့် တုံတုံကပိုပြီးသန်မာလာအောင် ပိုပြီးသတ္တိရှိလာအောင် ပြီးတော့...ကိုကြီးသော်ကလိုချင်လောက်တဲ့သူတစ်ယောက်ဖြစ်လာအောင် ကြိုးစားပါမည်။
အဲဒါထက်အရင်... တုံတုံဤသို့ခံစားနေရခြင်း၏အဖြေကိုဖော်ထုတ်ရပေအုံးတော့မည်။
"တုံတုံ ကိုကြီးသော်ကကို....."
<<<<<<
>>>>>>
ကြယ်လေးဖိဖို့မမေ့ပါနဲ့နော်🥺
❗ချီအရေးကြီးပြောစရာလေးရှိလို့ ကျေးဇူးပြုပြီးဖတ်ပေးပါဦးလား🙏❗
ချစ်စေမောင်ဆိုတဲ့ဇာတ်ကောင်ဟာ ရာဇနဲ့သက်လယ်တို့ရဲ့ချစ်ခြင်းကိုပိုပြီးလေးနက်အောင်တမင်ဖန်တီးခဲ့တဲ့ဇာတ်ကောင်ပါ။အဲ့တာကြောင့်သာ မောင်ဟာအသုံးမကျတဲ့ချစ်သူတစ်ယောက်ဖြစ်ခဲ့တာပါ။
ပြီးတော့ ခင်နှင်း။သိပ်သနားဖို့ကောင်းတဲ့မိန်းကလေးပါ။ချီအရင်ကပြောခဲ့ဖူးသလိုပဲ ခင်နှင်းစော်ကားခံရတဲ့အကြောင်းရေးတာဟာ ဂျပန်ခေတ်ကမြန်မာအမျိုးသမီးတွေမလုံခြုံခဲ့ဘူးဆိုတာပြောပြချင်ရုံသက်သက်ပါရှင့်။
ခင်နှင်းနဲ့မောင်လက်ထပ်တာကိုလည်း တော်တော်များများလက်မခံချင်ကြမှန်းသိပါတယ်။စာဖတ်သူတွေမြင်ကြလားမသိပေမယ့် ချီဇာတ်လမ်းလေးရဲ့ဇာတ်ကွက်တိုင်းဟာ အဓိပ္ပာယ်ရှိရှိနဲ့ရေးခဲ့တာချည်းပါပဲ။
❗ချစ်စေမောင် ခင်နှင်းကိုတာဝန်ယူပေးလိုက်တယ်ဆိုတာကလည်း အပြင်လောကမှာခင့်လိုလိင်ပိုင်းဆိုင်ရာစော်ကားခံရဖူးတဲ့မိန်းကလေးတွေများ ချီ့စာကိုဖတ်မိရင် သူတို့လည်းခင်နှင်းလိုတန်ဖိုးထားပြီးတာဝန်ယူပေးမယ့်သူပေါ်လာမှာပါဆိုရင် မျှော်လင့်ချက်ပန်းလေးစိုက်ပျိုးပေးချင်ရုံပါရှင်❗
ဒါပေမယ့် ဒါဟာအရမ်းစိတ်ပျက်စရာကောင်းသွားလား။အဲ့တာနဲ့ပတ်သတ်ပြီး ရိုင်းရိုင်းစိုင်းစိုင်းဝေဖန်ခံရလိမ့်မယ်လို့မထင်ထားမိဘူး။ချီစိတ်ဓာတ်မကျပေမယ့် စိတ်တော့မကောင်းဘူးရယ်။သြော် ငါ့ရဲ့ရည်ရွယ်ချက်နဲ့ဇာတ်ကောင်လေးတွေရဲ့စိတ်ကိုနားမလည်ပါလားဆိုတာစိတ်နဲ့ပါ။
ပြီးတော့ ၁၅၀၀တို့၅၂၈တို့ကမှစစ်မှန်တဲ့မေတ္တာမဟုတ်ပါဘူး။လောကမှာခေါင်းစဥ်တတ်လို့မရတဲ့ အရောင်အသွေးမဲ့မေတ္တာတစ်ချို့လည်းရှိပါတယ်။ချစ်စေမောင်နဲ့ခင်နှင်းဟာလည်းအဲ့ဒီလိုပါပဲ။သူတို့နှစ်ယောက်ကြားကသံယောဇဥ်ကိုလည်း ချီ့ဆာကူရာလေးတွေနားလည်ကြလိမ့်မယ်လို့ထင်မိပါရဲ့ရှင်။
နောက်ဆုံးအနေနဲ့ကတော့ စာဖတ်သူတွေကိုမကျေမချမ်းဖြစ်စေခဲ့တာမျိုးရှိခဲ့ရင်တစ်ကယ့်ကိုတောင်းပန်ပါတယ်။ချီ့ကိုအမြဲထောက်ခံပေးပြီး အတူရှိပေးတဲ့ဆာကူရာပန်းလေးတွေကိုလည်းကျေးဇူးတင်ပြီး အများကြီးမြတ်နိုးရပါတယ်ရှင်💜
ဆေးပန်းချီ🌸
၁၈.၃.၂၀၂၂💜
လဝက္ခန့္ၾကာေသာ္,
အေျခအေနဟာအလြန္တရာမွတိုးတတ္လာေလသည္။ၿမိဳင္ဆိုသည့္မိန္းကေလးဟာလည္း ေရာဘတ္ေနဝင္းဆိုသည့္လုပ္ဇာတ္ႀကီးကိုယုံၾကည္႐ုံတင္မက အထင္ႀကီးေလးစားေနေသးသည္။ဤသို႔အေျခအေနေရာက္ေအာင္ ေရာဘတ္ေရာသုခပါဆရာ့သူငယ္ခ်င္း၏ၿခံႀကီးထဲ အဆင့္အတန္းရွိရွိေနျပရင္း ႀကိဳးစားခဲ့ရတာျဖစ္သည္။
ကံေကာင္းသည္က သူတို႔ႏွင့္အတူ ေသာ္ကပါလိုက္ေနျခင္းျဖစ္သည္။မဟုတ္လွ်င္ ႏွစ္ေယာက္တည္း ပ်င္းေျခာက္ေျခာက္ႀကီးျဖစ္ေနမွာအမွန္ပင္။သို႔ေသာ္ ဒီေကာင္သည္လည္း အခုတေလာအေတာ္ေလးထူးဆန္းေနသည္။အရင္ကတည္တည္ၿငိမ္ၿငိမ္အရယ္အၿပဳံးမရွိသေလာက္ အခုတေလာဘာျဖစ္လို႔ျဖစ္မွန္းမသိ ခ်ဥ္ၿပဳံးၿပဳံးလုပ္ေနတတ္သည္။
ထားပါေလ က်ဳပ္...ဘိလပ္ျပန္ႀကီးေရာဘတ္ေနဝင္း
အေနာက္တိုင္းဆန္ဆန္ဝတ္စုံကိုခန့္ညားစြာဝတ္ဆင္၍ မွန္အရွည္ႀကီး၏ေရွ႕တြင္ရပ္ေနသည္။လက္ထဲတြင္လည္း နက္ခ္တိုင္တစ္ခုကိုကိုင္ထားကာ အခက္ေတြ႕ေနေတာ့တာေပါ့။
နို႔ က်ဳပ္မွနက္ခ္တိုင္မစီးတတ္တာပဲ။
"ေဟ့ေကာင္ သုခ ဗ်ိဳ႕ သုခေရ!!"
"ဘာလဲကြာ!"
ေရာဘတ္ေနဝင္း၏ေအာင္ျမင္လွသည့္ေခၚသံေနာက္ သုခ၏မေလွ်ာ့ေသာေလသံကလည္းလိုက္၍ပါလာသည္။
"ဒါမင္းဆရာျဖစ္သူကိုထူးတဲ့ေလသံလားကြ"
"ဘာဆရာလဲ ဘိန္းႏွောဆရာလား ဟိုေႁမြေပြးေလးေရွ႕ကလြဲရင္ ငါ့ကိုအာဏာျပလို႔ရမယ္မထင္ေလနဲ႕"
"ဒါကေတာ့ကြာ ငါကဇာတ္႐ုပ္အေပၚစိတ္ႏွစ္ထားမိသြားလို႔ပါ အဟဲ"
စပ္ၿဖီးၿဖီးႏွင့္မ်က္ႏွာခ်ိဳေသြးေနေသာသေကာင့္သားကို မာနမ်က္ေစာင္းထိုးလိုက္သည္။သင္း(ဒင္း)ကိုသိပ္ၾကည့္လို႔ရတာမဟုတ္။
"ေျပာ ေစာနကငါ့ကိုဘယ့္ႏွယ္ေၾကာင့္ေခၚရသလဲ"
"ဒီမယ္ ငါနက္ခ္တိုင္မစီးတတ္လို႔"
"အဲဒီေတာ့"
"မင္းစီးေပးေလ"
"ဘာကြ!"
"အာ ဘယ့္ႏွယ့္ေၾကာင့္ေအာ္ေနရျပန္တာတုန္း"
"ငါမင္းမိန္းမမဟုတ္ဘူးကြ!"
"ဟမ္ ငါကေရာမင္းကိုငါ့မိန္းမလို႔ေျပာမိလို႔လား"
"မင္းမလည္းေနာ္ ေယာကၤ်ားတစ္ေယာက္ကိုနက္ခ္တိုင္စီးေပးတယ္ဆိုတာဟာ အိမ္ေထာင္ရွင္အမ်ိဳးသမီးေတြရဲ႕အလုပ္ဟ"
ဒါေလးေတာင္မသိရန္ေကာ ဆိုသည့္အၾကည့္ျဖင့္ၾကည့္လာတာေၾကာင့္ အာဂမခ်ဥ္ၿပဳံးၿပဳံးလိုက္သည္။
"ေၾသာ္ ငါအဲဒီေလာက္ထိမေတြးမိလိုက္ဘူး ဘာလဲ မင္းကငါ့ရဲ႕အိမ္ေထာင္ရွင္ျဖစ္ခ်င္ေနတာလား"
"အဟမ့္! ဆံပင္ရွည္လာတာနဲ႕အမွ် ဦးႏွောက္ေတြလည္းေၾကာင္လာတယ္ထင္ပါရဲ႕ အ႐ူးခ်ီးပန္းေတြေလွ်ာက္ေျပာေနတယ္"
မာနမဲ့႐ႊဲ႕ကာျပန္ေျပာလိုက္ေတာ့ အာဂကဘာမွျပန္ေျပာမလာေတာ့ေပမဲ့ ခပ္ဟဟေတာ့ရယ္ေနတုန္းပင္။ထို႔ျပင္ လက္ကလည္းနက္ခ္တိုင္ကိုမစီးတတ္စီးတတ္ႏွင့္ ႀကိဳးေတြကိုဟိုထိုးသည္ထိုးလိုက္လုပ္ေနေသး၏။
မာနမ်က္ေမွာင္ၾကဳတ္လိုက္မိသည္။အခုတေလာ အာဂထူးဆန္းေနသလိုပင္။အရင္ခ်ိန္ေတြက သူႏွင့္အၿပိဳင္ကပ္ကပ္လွန္ေအာင္ရန္ျဖစ္တတ္ေသာ္လည္း ဒီေနာက္ပိုင္း မသိမသာေလးအေလွ်ာ့ေပးလာတတ္သည္။
တစ္ခါတစ္ရံသူကရန္လိုေနရင္ေတာင္ၿပဳံးၿပဳံးႀကီးၾကည့္ေနတတ္သည္။အာဂ၏ပုံစံမွာ မာန္ေထာင္ေနသည့္က်ားသစ္ေပါက္ေလးကိုခ်စ္စနိုးဟန္ျဖင့္ၾကည့္ေနပုံလို။ယခင္ကအာဂႏွင့္ယခုအာဂ ဘာမွ်မဆိုင္ လူစားလဲလိုက္သလိုပင္။ဒါဟာ သူ႕ကိုေတာ္ေတာ္ေလးစိတ္မသက္မသာျဖစ္ေစပါ၏။
သူအခ်ိန္အေတာ္ၾကာအေတြးလြန္သြားမိတာေတာင္ အာဂရဲ႕နက္ခ္တိုင္စီးျခင္းအမႈကမၿပီးဆုံးနိုင္ေသး။ဘာလုပ္မွာမလို႔ ဒီေလာက္ေတာင္ျပင္ဆင္ေနရသလဲမသိ။
"ေပး ေပး ငါပဲလုပ္ေပးေတာ့မယ္ နို႔ မဟုတ္ရင္ ဒီကေန႕အဖို႔ၿပီးေတာ့မယ္မထင္ဘူး"
"ဟုတ္ပါၿပီတဲ့ ကိုယ့္အိမ္ေထာင္ရွင္ေလးရယ္"
"ေခြး႐ူးေကာင္!!! ေသခ်င္လို႔!"
ပါးစပ္ကသာပြစိပြစိႏွင့္ေမတၱာပို႔ေနေသာ္လည္း လက္ေတြကေတာ့နက္ခ္တိုင္ႀကိဳးကိုကိုင္ၿပီးလ်က္သားပင္။မာန သေကာင့္သားကိုေမာ့ၾကည့္လိုက္ေတာ့ ေခါင္းကိုအနည္းငယ္ေမာ့ထားကာအျမင္ကပ္စရာေကာင္းေလာက္ေအာင္ၿပဳံးေနေလသည္။ႏွစ္ေယာက္သား၏အရပ္ကတစ္လက္မခြဲေလာက္သာကြာတာေၾကာင့္ အရမ္းႀကီးေတာ့ေမာ့မၾကည့္ရပါ။
"မင္းဘယ့္ႏွယ္ေၾကာင့္ ဒီလိုေတြျပင္ဆင္ေနတာလဲ ဘယ္သူ႕ကိုဟန္ေရးျပမလို႔လဲ"
"ဟန္ေရးျပရေအာင္ ငါကေဒါင္းမွမဟုတ္တာပဲ"
"ႏွိုင္းရဲလိုက္ပါဘိ ေဒါင္းကမင္းထက္အဖိုးတန္တယ္"
"ထားပါေတာ့ ငါအခုၿမိဳင့္ဆီသြားမလို႔"
"ဘာကြ!!!!"
အစ္!
မာန၏စူးရွရွေအာ္သံအဆုံး အာဂဆီမွလည္ပင္းအစ္သံပါတစ္ပါတည္းထြက္ေပၚလို႔လာသည္။တရားခံကေတာ့ မ်က္ေမွာင္ၾကဳတ္ကာ နက္္ခ္တိုင္ႀကိဳးစကိုလည္း အဆုံးထိတြန္းတင္ထားတုန္းပင္။အာဂမွာ အသက္ရႉရခက္လာတာေၾကာင့္ မ်က္လုံးႀကီးျပဴးကာ လႊတ္ေပးဖို႔လက္ကိုပုတ္မွ သင္း(ဒင္း)ကလႊတ္ေပးသည္။
"မင္း..မင္းငါ့ကိုသတ္..သတ္မလို႔လား"
အသက္ကိုလုရႉရင္းအာဂေျပာေနေသာ္လည္း မာနကေတာ့ဂ႐ုပင္မစိုက္။အာဂအားစိမ္းစိမ္းႀကီးစိုက္ၾကည့္ေနေလသည္။
"ဘာ့ေၾကာင့္အဲဒီေႁမြေပြးေလးဆီသြားရမလဲ ငါ့ကိုလည္းဘာတစ္ခုမွအသိမေပးဘူး"
"အာ... အဲတာက မနက္ကမွ သူကေန႕လည္ထမင္းစားဖိတ္လိုက္တာ နို႔ မင္းသူ႕ကိုအျမင္မၾကည္ဘူးမဟုတ္လား အဲတာေၾကာင့္ ငါကတစ္ေယာက္တည္းသြားမလားလို႔ ၿပီးေတာ့...မင္းငါတပည့္ျဖင့္ဟန္ေဆာင္ရတာမႀကိဳက္ဘူးထင္လို႔"
"............"
"ကဲ ငါသြားၿပီ"
မာနဘာမွျပန္မေျပာေတာ့ အာဂလည္းဦးထုပ္ႏွင့္မ်က္မွန္ေကာက္ယူကာ အခန္းထဲမွထြက္ဟန္ျပင္ၿပီးကာမွ
ျဖန္း!!
"ဟာ! သူေတာင္းစား $#^#"
မာန၏ပ်စ္ပ်စ္ႏွစ္ႏွစ္ဆဲသံမၿပီးဆုံးခင္မွာပင္ အာဂအခန္းထဲမွေျပးထြက္လာခဲ့ေတာ့သည္။
အခန္းထဲ ဖင္ရိုက္ခံလိုက္ရသည့္ေကာင္ကေတာ့ ေဒါသေတြႏွင့္ေဆြ႕ေဆြ႕ခုန္ေနမွာကို ျမင္ေယာင္မိပါရဲ႕။
အခုဆိုလွ်င္ ေရာဘတ္ေနဝင္းအေပၚၿမိဳင္က ညံ့သက္သင့္သေလာက္ညံ့သက္ေနေခ်ၿပီ။ထို႔ျပင္ ၿမိဳင္တို႔အိမ္က ေရာဘတ္အတြက္တံခါးမရွိဓားမရွိပင္။ၿမိဳင့္ဖေအ ၿမိဳ႕အုပ္မင္းႀကီးကလည္း ဘိလပ္ျပန္စီးပြားေရးသမားဆိုသည့္ဂုဏ္ေၾကာင့္ ဘာမွေဝဖန္ျခင္းမျပဳဘဲ သူ႕သမီးစိတ္တိုင္းက်လႊတ္ေပးထားေလသည္။အဲ ထူးျခားသည္က ၿမိဳင့္မိခင္အေနာက္တိုင္းသူႏွင့္ေသးေသးေကြးေကြးျဖဴစုတ္စုတ္ေကာင္ေလးတစ္ေယာက္ကေတာ့ ဘာမွဝင္မပါဘဲ အေနေအးလြန္းလွသည္။
အစ္ကိုႀကီးႏွင့္ဆရာတို႔၏အႀကံအစည္ကေအာင္ျမင္လုနီးၿပီျဖစ္တာေၾကာင့္ သူေက်နပ္မိသည္။ေလေလးတခြၽန္ခြၽန္ႏွင့္လည္သာရႉးဖိနပ္ကိုဝတ္ကာ ၿမိဳင့္အိမ္ဦးတည္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ေနာက္ပါးဆီမွေအာ္သံတစ္ခုထြက္လို႔လာ၏။
"ဆရာေရ! ေစာင့္ပါအုံးဗ် တပည့္လည္းလိုက္ခဲ့မလို႔"
အာဂေက်နပ္စြာၿပဳံးလိုက္သည္။တယ္လည္းတတ္နိုင္တဲ့ေကာင္ပါလား။
<<<<<<
>>>>>>
"လာ ကိုေရာဘတ္ ၿမိဳင့္မယ္ေမွ်ာ္ေနရတာ"
"ေဆာရီး က်ဳပ္ေနာက္က်သြားတယ္ အိမ္ကက်ားသစ္ေပါက္နဲ႕ရန္ျဖစ္ေနလို႔"
ထိုအခိုက္ သုခ၏နဂါးမ်က္ေစာင္းကေရာဘတ္ေနဝင္းႀကီးဆီသို႔ ဒိုင္းခနဲပင္။
"အလို...က်ားသစ္ေပါက္ဟုတ္စ"
"အိမ္း ေျပာရမယ္ဆိုရင္ျဖင့္ က်ဳပ္တို႔ဘိလပ္မယ္ျခေင်္သ့တို့ကျားတို့ကျားသစ်တို့ကိုအိမ်မွေးအဖြစ်မွေးကြတယ်လေ နို႔ က်ဳပ္လည္းဗမာျပည္ကိုအေကာင္ေပါက္ေလးတစ္ေကာင္ကိုယူလာခဲ့လိုက္တာ"
ဟုတ္ေသာ္ရွိမဟုတ္ေသာ္ရွိအသာထား အေရးႀကီးတာဒီမိန္းမသူ႕ကိုအထင္ႀကီးသြားဖို႔သာ။
"ဆန္းၾကယ္လိုက္တာေနာ္ ၿမိဳင္ေတာ့ျဖင့္ကိုေရာဘတ္ကိုေလးစားလြန္းလွပါၿပီရွင္"
ေရာဘတ္ေနဝင္းၿပဳံး႐ုံသာၿပဳံးျပလိုက္သည္။
ၿမိဳင္က ေရာဘတ္ကိုေငြထုတ္ႀကီးတစ္ခုလို တဖ်က္ဖ်က္ေတာက္ပေနသည့္မ်က္လုံးမ်ိဳးႏွင့္ၾကည့္ေနလွ်င္ ၾကားထဲမွသုခမေနနိုင္ေတာ့။ဆရာ့အနားမသိမသာကပ္ေနသည့္မိန္းမကိုခပ္တည္တည္ဆြဲခြာကာ ဆရာ့လက္ေမာင္းကိုဆြဲလိုက္သည္။
"လာလာဆရာ ဗိုက္ဆာေနၿပီမဟုတ္လား ကြၽန္ေတာ္တို႔ဦးဆုံးသုံးေဆာင္ၾကရေအာင္ဗ်"
ၿမိဳင့္မွာေတာ့ ကိုေရာဘတ္၏လက္ေမာင္းကိုအတင္းဆြဲကာ ပိုင္စိုးပိုင္နင္းျဖင့္ထမင္းစားခန္းထဲသို႔ေခၚသြားေလေသာသုခေၾကာင့္ အံတႀကိတ္ႀကိတ္ႏွင့္ ေနာက္မွလိုက္ခဲ့ရေတာ့၏။
.
.
"ကိုေရာဘတ္ ထည့္စားေနာ္ ဒါေတြအကုန္ၿမိဳင္ ကိုေရာဘတ္အတြက္ခ်က္ထားတာရယ္"
ၿမိဳင့္အေျပာေၾကာင့္ ေရာဘတ္အံ့အားသင့္သလိုမ်က္ခုံးပင့္လိုက္မိသည္။သို႔ေသာ္ ထိုအျပဳအမူကဟန္ေဆာင္ျခင္းသက္သက္သာ။
"ၿမိဳင္ကအိမ္ရွင္မေကာင္းပီသမဲ့ပုံပဲေနာ္ ၿမိဳင့္ကိုရမဲ့ေယာကၤ်ားကေတာ့ကံေကာင္းလိုက္ပါဘိ"
"ကိုေရာဘတ္ကလည္းရွင္ အဲဒီေလာက္ႀကီးမျမႇောက္ပါနဲ႕လား ၿပီးေတာ့... ၿမိဳင့္မယ္လ်ာထားတဲ့သူမရွိပါဘူးေနာ္"
"ေၾသာ္ အဟမ့္!"
အဓိပၸာယ္ပါတဲ့ဆြဲေဆာင္မႈျပည့္ႏွက္ေနသည့္အၾကည့္မ်ိဳးႏွင့္ေျပာလာသည့္မိန္းမေၾကာင့္ ေရာဘတ္'ေၾသာ္'တစ္လုံးသာတုန့္ျပန္ၿပီး ႏႈတ္ခမ္းတစ္ဖက္တြန့္ကာၿပဳံးလိုက္သည္။
လ်ာထားတဲ့သူမရွိဘူးတဲ့လား။ဆရာရာဇသာၾကားရင္ ထခုန္လိုက္မဲ့ျဖစ္ျခင္း။
သုခမွာေတာ့ ကိုယ့္ကိုကိုယ္ရွာႀကံျမႇောက္ပင့္ေနသည့္ဆရာရယ္ ေျပာင္လိမ္ေျပာင္စားေျပာၿပီးေရလာေျမာင္းေပးေနသည့္ေႁမြေပြးလိုမိန္းမရယ္ကိုၾကည့္ကာ ထမင္းေတာင္ၿမိဳမက်ေတာ့။ဘာ့ေၾကာင့္မွန္းမသိ ျမင္ေနေတြ႕ေနရတာ တကယ့္ကိုအဆင္မေျပ။ဒီၾကားထဲ တစ္ခ်က္တစ္ခ်က္ ေႁမြေပြးေလးကသုခကိုမလိုသလိုခပ္စူးစူးလာၾကည့္ေနေသးတာ။
.
.
"ကိုေရာဘတ္ ဒါကငါးသေလာက္ေပါင္းေလး"
"ဆရာစားလို႔မရဘူး အေၾကာတတ္ရင္ဘယ့္ႏွယ့္လုပ္မတုန္း"
"ဒါဆို ဒါေလးေရာ ငပိခ်က္ကေလး"
"ဆရာငပိမစားဘူး ဘိလပ္မယ္အေနၾကာေတာ့ေလ"
"ဒါေလးကဆိတ္သား"
"ေရာ္ ခက္ေတာ့တာပဲ ဆရာကေျခေလးေခ်ာင္းသားမစားဘူးဗ်"
ကိုေရာဘတ္ကိုဟင္းထည့္ေပးမည္ႀကံလိုက္တိုင္း ၾကားထဲကဝင္ဝင္ဖ်က္ေနသူေၾကာင့္ၿမိဳင္သည္းမခံနိုင္ေတာ့ပါ။ကိုင္လက္စစတီးဇြန္းကိုေဆာင့္ခ်ရင္း
"ဒီမယ္! ရွင္အလိုက္ကမ္းဆိုးမသိဘူးလား ကိုေရာဘတ္ကေတာင္ဘာမွမေျပာဘဲနဲ႕မ်ားဝင္လွ်ာရွည္ေနလိုက္တာ ဒီဟင္းေတြမွမစားရင္ ကြၽန္မရဲ႕ကိုေရာဘတ္ကဘာနဲ႕သြားစားရမလဲ"
"ေႁမြ..အဲ မၿမိဳင္မစိုးရိမ္ေလနဲ႕ေနာ္ ကြၽန္ေတာ့္ရဲ႕ဆရာကကန္စြန္း႐ြက္ေၾကာ္လႊတ္ႀကိဳက္တာဗ်"
'ကြၽန္မရဲ႕ကိုေရာဘတ္'ဆိုသည့္ေနရာမွာ ၿမိဳင္ဖိေျပာလိုက္သလို သုခဟာလည္း'ကြၽန္ေတာ့္ရဲ႕ဆရာ'ဆိုသည့္ေနရာကို ဖိေျပာလိုက္ကာ မ်က္ခုံးပင့္ၿပီး စိန္ေခၚသလိုၾကည့္လိုက္သည္။
"ရွင္! ရွင္!"
"ေရာ့ ဆရာ တပည့္ထည့္ေပးမယ္"
မ်က္ႏွာႀကီးနီရဲကာ တရွင္ရွင္္ႏွင့္ေဒါသထြက္ေနသည့္ေႁမြေပြးေလးကို ဂ႐ုမထားဘဲ သုခဆရာ့ထမင္းပန္းကန္ထဲ ကန္စြန္း႐ြက္ေၾကာ္ထည့္ေပးလိုက္သည္။အမွန္တကယ္လည္း အစ္ကိုႀကီးေၾကာ္ေကြၽးေနက် ကန္စြန္း႐ြက္ဟာသူတို႔ႏွစ္ေယာက္လုံး၏အႀကိဳက္ဆုံးေတြပဲမဟုတ္လား။
ေရာဘတ္မွာေတာ့ မ်က္စိေရွ႕ကႏွစ္ေယာက္ေၾကာင့္ ရယ္ခ်င္စိတ္ကိုမနည္းထိန္းေနရသည္။
လက္သီးတင္းတင္းဆုပ္ကာ သုခကိုမေက်မခ်မ္းၾကည့္ေနသည့္ၿမိဳင္ရယ္ ထီမထင္မ်က္ႏွာထားႏွင့္ မည္သူ႕ကိုမွေသာက္ဂ႐ုမစိုက္ဟန္ႏွင့္သုခရယ္။
အိမ္း က်ားသစ္နဲ႕ေႁမြေပြးစီးခ်င္းထိုးျခင္းဆိုရင္လည္း ၾကည့္မေကာင္းပါဘူးေလ။
"ခြီ!"
အေတြးေတြကိုမထိန္းလိုက္နိုင္စြာ အျပင္မွာပါထုတ္ရယ္မိေတာ့ သုခႏွင့္ၿမိဳင္တို႔ႏွစ္ေယာက္၏ အၾကည့္မ်ားကသူ႕ဆီသို႔...
"ဟို က်ဳပ္စားလို႔ၿပီးၿပီဗ်"
ထိုအခါမွ ႏွစ္ေယာက္လုံးကေခါင္းတညိတ္ညိတ္ႏွင့္။
ထမင္းစားေသာက္ၿပီးေတာ့ အခ်ိဳတည္းတာဘာညာနဲ႕အခ်ိန္ကအနည္းငယ္လင့္သြားေသးသည္။ထို႔ေနာက္ ေရာဘတ္ႏွင့္သုခအိမ္ျပန္ရန္ဆိုင္းျပင္ရေတာ့၏။
"မာန မင္းအရင္ျပန္ႏွင့္လိုက္ကြာ ငါေနာက္ကလိုက္ခဲ့မယ္"
ေျပာလိုက္ေတာ့ မာနဆီမွဘာရႈပ္ဦးမလို႔လဲဟူသည့္အၾကည့္မ်ိဳးျပန္လည္ရရွိလာ၏။
"သြားပါ အေရးႀကီးလို႔"
"က်စ္! ၿပီးေရာကြာ"
အလိုမက်သလိုမ်က္ေမွာင္ႀကီးၾကဳတ္ကာ မာနထြက္သြားမွ အာဂလည္းအိမ္ေပါက္ဝမယ္ သူတို႔ကိုအကဲခတ္သလိုၾကည့္ေနသည့္ၿမိဳင့္ဆီသို႔ျပန္သြားလိုက္သည္။
မတတ္နိုင္ဘူး။အခုေျပာမည့္စကားေတြကို မာနေရွ႕ေတာ့မေျပာနိုင္ပါ။ဘယ္ေလာက္ပဲလီဆယ္ၿပီးဟန္ေဆာင္တယ္ဆိုဦးေတာ့ မာနအထင္အျမင္လြဲၿပီးစိတ္ကြက္သြားမွာမ်ိဳးမလိုခ်င္။
ဘာေၾကာင့္လဲ။ဒါကေတာ့ရွင္းပါတယ္။
ဒီတစ္ေလွ်ာက္လုံးဖုံးကြယ္ထားနိုင္ခဲ့သည့္အေရာင္ရင့္ရင့္သံေယာဇဥ္ဟာ ႏွလုံးသားထက္ဝယ္ အျမစ္တြယ္လို႔အပင္ေတာင္ေပါက္ေနေခ်ၿပီ။
အၿမဲသူႏွင့္ရန္တက်က္က်က္ျဖစ္ေနရျခင္းအေၾကာင္းတရားဟာ ရန္ေထာင္ေနသည့္အမူအယာေလးကိုႏွစ္သက္လို႔လို႔ေျပာရင္ ခင္ဗ်ားတို႔ယုံမွာလား။မယုံလည္းဂ႐ုေတာ့မစိုက္ က်ဳပ္ကအမွန္အကန္ေတြေျပာေနတာပဲဟာ။
ဟိုးအရင္ဆယ္ေက်ာ္သက္ဘဝတည္းက သူငယ္ခ်င္းလိုလိုဘာလိုလိုနဲ႕ သူ႕အနားမသိမသာကပ္တြယ္ေနခဲ့တာ။ သူျဖစ္တဲ့ရန္ပြဲတိုင္းလည္းအတူပါခဲ့သလို သူအေႂကြးရွင္လူႀကီးေတြရဲ႕ရိုက္ႏွက္ျခင္းခံရရင္လည္း က်ဳပ္ကမွ်ေဝခံစားေပးခဲ့ေသးတာ။တကယ္ဆို အဲဒီအေႂကြးရွင္ေတြနဲ႕က်ဳပ္နဲ႕ကလားလားမွ်မဆိုင္။
အဲဒီေနာက္ေတာ့ ဆရာ့ေနာက္လိုက္လုပ္ခဲ့ၾကသည္။က်ဳပ္က စားစရာေနစရာမရွိလို႔ဆိုတာထက္ တစ္စုံတစ္ေယာက္ႏွင့္မခြဲနိုင္လို႔ဆိုလွ်င္ ပိုမွန္ပါလိမ့္မည္။ဒီအေၾကာင္းကိုဆရာေတာင္သိေလာက္မည္မဟုတ္။သို႔ေပသိ ဆရာ့ကိုေလးစားၿပီးခ်စ္ခင္တာကေတာ့အမွန္တရားသာ။
အၿမဲပြင့္ပြင့္လင္းလင္းနဲ႕ဟာသဥာဏ္႐ႊင္ၿပီး ေျပာင္ေခ်ာ္ေခ်ာ္လုပ္ေနတတ္တဲ့က်ဳပ္က က်ဳပ္ခံစားခ်က္ေတြကိုဖုံးကြယ္နိုင္ခဲ့တယ္ဆိုတာ နည္းတဲ့အရည္အခ်င္းေတာ့မဟုတ္တန္ရာ။မည္သူမွမရိပ္မိခဲ့တာကိုလည္းအျပစ္ျမင္လို႔မရ။ဘာ့ေၾကာင့္ဆို တစ္ခါတစ္ရံ က်ဳပ္ကိုယ္တိုင္ေတာင္သူ႕ကိုေမတၱာပိုေနမိမွန္းေမ့သည္အထိ က်ဳပ္ကအဖုံးေကာင္းခဲ့တာမဟုတ္လားေလ။
သို႔ေပမဲ့...ဆရာႏွင့္အစ္ကိုႀကီးတို႔ႏွစ္ေယာက္ကိုမ်က္ျမင္ကိုယ္ေတြ႕ျမင္ရေတာ့ က်ဳပ္နားလည္လာခဲ့ရသည္။
ခ်စ္ျခင္းတရားကိုႏႈတ္ဆိတ္ေနျခင္းဟာ အေကာင္းတရားေတြျဖစ္မလာနိုင္ဘူးဆိုတာကိုေပါ့။
သူငယ္ခ်င္းဆိုတဲ့စည္းကိုေက်ာ္လို႔ ဖြင့္ဟလိုက္မွ ကံဆိုးစြာအဆိုးတရားေတြျဖစ္လာလွ်င္လည္းဒုကၡ။
က်ဳပ္ဆိုတဲ့အာဂရဲ႕အျဖစ္က ပဒိုင္းသီးပါဆိုဗ်ာ။ဆုပ္လည္းစူး စားလည္း႐ူးနဲ႕။
ေဟာ အခုလို ၿမိဳင္ႏွင့္သူ႕ကို မလိုမလားသည့္အရိပ္အေယာင္ေတြေတြ႕ရေတာ့လည္း ေမွ်ာ္လင့္ျခင္းစမ္းေခ်ာင္းေလးႏွင့္အတူ ရင္ခုန္သံလွိုင္းတို႔ကစီးဆင္းလာျပန္ေကာ။
အိမ္း ဘာပဲျဖစ္ျဖစ္...
ဘဝမယ္တစ္ခါေလာက္ေတာ့ အာဂသတၱိရွိစြာနဲ႕ ခံစားခ်က္ေမတၱာေတးခ်င္းကို သီက်ဴးခ်င္မိပါရဲ႕ဗ်ာ။
ကိုယ့္ခံစားခ်က္အစစ္အမွန္အေၾကာင္း ေတြးေနမိတာေတြကိုေခတၱရပ္တန့္လိုက္ကာ ၿမိဳင့္ဆီသို႔တည့္တည့္မတ္မတ္ဦးတည္လိုက္သည္။ထို႔ေနာက္ မစစ္မွန္ေသာဖြင့္ဟျခင္းတခ်ိဳ႕ကို ထုတ္ေျပာခဲ့လိုက္ေတာ့သည္။မုသာဝါဒကံေျမာက္ေပမဲ့ မတတ္နိုင္ပါေလ။ကိစၥျမန္ျမန္ျပတ္ၿပီးေရာ...
မာနေလးနဲ႕လြတ္လြတ္လပ္လပ္ျပန္လည္ရယ္ေမာခ်င္လွပါခ်ည္ရဲ႕။
<<<<<<
>>>>>>
"မာန မင္းတို႔ဘယ္သြားတာလဲ"
အိမ္ထဲဝင္လာလာခ်င္း ေသာ္က၏စူးစမ္းသလိုအေမးကစီးႀကိဳေလသည္။
"ဟိုအိမ္မယ္ေန႕လည္စာသြားစားတာ"
ဟိုအိမ္ဆိုသည့္အေျပာေၾကာင့္ ေသာ္ကမ်က္ခုံးအနည္းငယ္လႈပ္သြားသည္။
"ေၾသာ္ အာဂကေရာ ဘယ္မလဲ"
"ေသၿပီ"
"..........."
ဒုန္း! ဒုန္း! ဒုန္း!
ဂ်ိမ္းး!!!
ေလွကားေပၚသို႔ဝုန္းဒိုင္းက်ဲတတ္သြားကာ တံခါးကိုလည္းေဆာင့္ေအာင့္ပိတ္သြားေသာမာနကို ေသာ္ကကေတာ့မထူးဆန္းသလိုခပ္တည္တည္သာၾကည့္လိုက္သည္။ဒီျမင္ကြင္းက ရန္ျဖစ္ေနက်မာနႏွင့္အာဂတို႔အတြက္မထူးဆန္းေတာ့ေသာ္လည္း ဒီတစ္ေခါက္အဘယ္ေလာက္မ်ားဆိုး႐ြားလို႔ အာဂကိုေသၿပီလို႔ေတာင္ေျပာရတာလဲမသိ။
ထို႔ေနာက္ ေသာ္ကလည္းဆက္ေတြးမေနေတာ့ဘဲ ၿခံထဲတံျမတ္စည္းလွည္းရန္သာထြက္လာခဲ့လိုက္သည္။အမွိုက္မရွိေပမဲ့ သစ္႐ြက္ေျခာက္ေတြကေတာ့ အျမင္မတင့္လွေပ။
သစ္႐ြက္ေျခာက္ေတြလွည္းေနရင္းက မ်က္ဝန္းဝါေဖ်ာ့ေဖ်ာ့ေလးတစ္စုံကိုျမင္ေယာင္မိလာလွ်င္ အိမ္ေရွ႕ၿခံထဲသို႔မသိမသာလွမ္းၾကည့္မိသည္။စိတ္ရႈပ္စရာေလးႏွင့္မေတြ႕ရတာႏွစ္ရက္ေလာက္ရွိေနေခ်ၿပီ။
ေသာ္ကဒီအိမ္ကိုေရာက္လာတည္းက ထိုေကာင္ေလးမွာလည္း ေသာ္ကဆီသို႔ခဏခဏကူးခ်ည္သန္းခ်ည္လုပ္တတ္သည္။သို႔ေသာ္ အိမ္ထဲမဝင္ဘဲ ၿခံထဲ၌သာေသာ္ကကိုဘယ္ေလာက္ခင္မင္ေၾကာင္း ေသာ္ကကဘယ္ေလာက္သတၱိရွိေၾကာင္းေျပာေျပာၿပီးျပန္သြားတတ္၏။
ေသာ္ကမွာေတာ့ ထိုကေလးစုတ္၏အရည္မရအဖက္မရစကားေတြကို နားမေထာင္ခ်င္ေသာ္လည္း ေျပာမရသူေၾကာင့္ ဥေပကၡာျပဳထားလိုက္ရေတာ့သည္။ဘယ့္ႏွယ္ေၾကာင့္ ေသာ္ကကိုဒီလိုေတြလာလာရႈပ္ေနမွန္းလည္းမေတြးတတ္။သို႔ေသာ္ လတ္တေလာေတာ့မလာတာႏွစ္ရက္ရွိေရာ့မည္ထင္၏။
လူေတြရဲ႕စိတ္ကလည္းအခက္သားရယ္။ခါတိုင္းလာေနက်အရိပ္ေလးကိုမေတြ႕ရေတာ့လည္း ရင္ထဲတစ္မ်ိဳးတစ္မည္ခံစားရသည္။ေသခ်ာတာကေတာ့ ခံစားလို႔ေကာင္းသည့္အရာေတာ့မဟုတ္ပါ။
ဟိုစဥ္အခ်ိန္တည္းက ကိုယ့္ကမၻာကိုယ္တည္ကာ အၿမဲတစ္ေယာက္တည္းေနလာခဲ့သူကို စိတ္ရႈပ္ေအာင္လာလုပ္သည့္ စိတ္ရႈပ္စရာကေလးစုတ္ကိုလည္းၾကည့္လို႔မရ။ေလတိုက္ရင္ေတာင္လဲၿပိဳက်သြားနိုင္ေလာက္သည္အထိ ေပ်ာ့ညံ့လြန္းလွသူကိုလည္းအားမလိုအားမရျဖစ္ရနဲ႕ တကယ့္ကိုအဆင္ေျပမေနပါေခ်။။
ထိုစဥ္ ဖ်တ္ခနဲျမင္လိုက္ရသည့္ျဖဴစုတ္စုတ္အရိပ္ေလးေၾကာင့္ ေသာ္က၏အာ႐ုံသည္အေရွ႕ၿခံသို႔ေရာက္သြား၏။သို႔ေသာ္ ျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္ ဘယ္ကေရာက္လာမွန္းမသိသည့္ ေဒါသတခ်ိဳ႕က မ်က္ခုံးကိုထိစပ္လုမတတ္က်ဳံ႕ထားမိသည္အထိ။
ၿခံတံခါးကိုမွီကာ စက္ဘီးေပၚမွေကာင္ေလးတစ္ေယာက္ကို ႐ႊင္ျမဴးေနသည့္အၿပဳံးတို႔ျဖင့္ႏႈတ္ဆက္ေနသည့္ စိတ္ရႈပ္စရာေလး...
တစ္ဖက္ေကာင္ေလးကလည္း ႏူးညံ့သည့္အၾကည့္တခ်ိဳ႕လႊမ္းၿခဳံကာ စိတ္ရႈပ္စရာေလး၏ဆံပင္ကိုထိုးဖြလိုက္ေသး၏။
ေတာက္စ္!!
ဆက္မၾကည့္ခ်င္ေတာ့တာေၾကာင့္ အျမန္ပင္အၾကည့္လႊဲလိုက္ရသည္။မလာသည့္ႏွစ္ရက္အတြင္း သူငယ္ခ်င္းရသြားတယ္ထင္ပါရဲ႕။
အဟက္! ဒါလည္းေကာင္းတာပဲ။သူ႕ကိုလာမရႈပ္နိုင္ေတာ့ဘူးေပါ့။
ထို႔သို႔ေတြးေနေသာ္လည္း အမွန္တကယ္အဆင္မေျပေနသည့္ခံစားခ်က္ကဘာပါလိမ့္။
ဟူးး ေျပာပါတယ္ ဒီကေလးစုတ္ကေသာ္ကကိုအၿမဲစိတ္ရႈပ္ေစပါတယ္လို႔။
.
.
"ကိုႀကီးေသာ္ကေရ ဘာလုပ္..."
ျမဴးထူးစြာအေျပးတစ္ပိုင္းျဖင့္ ေသာ္ကဆီဦးတည္လာေသာတုံတုံသည္ ေသာ္က၏တင္းမာခတ္ထန္ေနေသာအၾကည့္စူးစူးေၾကာင့္ ေျပာလက္စစကားေတြပင္ရပ္တန့္သြားေတာ့သည္။တစ္ခါမွ ဒီေလာက္စိတ္တိုေနသည့္ပုံစံမ်ိဳးမျမင္ဖူးတာေၾကာင့္ တုံတုံမဝံ့မရဲျဖင့္သာ ကိုႀကီးေသာ္ကအနားတိုးကပ္သြားလိုက္သည္။
"ကိုႀကီးေသာ္က"
"ဘာလာလုပ္တာလဲ!"
"ဟို...တုံတုံကကိုႀကီးေသာ္ကဆီလာတာေလ"
"အဟမ့္!"
ခပ္ေလွာင္ေလွာင္တစ္ခ်က္ရယ္လိုက္ၿပီး ေသာ္ကမ်က္စိေရွ႕ကစိတ္ရႈပ္စရာေလးကိုဂ႐ုမစိုက္သလို မ်က္ႏွာလႊဲလိုက္သည္။လူခ်မ္းသာေတြဟာ တယ္လည္းတတ္နိုင္လိုက္ပါဘိ။
"ဘာလို႔လဲ တုံတုံ႕ကိုစိတ္ဆိုးေနတာလားဟင္ တုံတုံဘာမ်ားလုပ္မိတာရွိလို႔လဲ"
".............."
"ကိုႀကီးေသာ္က ဒီလိုႀကီးေတာ့မေနေလနဲ႕ဗ်ာ တုံတုံ႕ကိုမေက်နပ္တာရွိရင္ေျပာမွေပါ့"
"က်စ္!"
အုန္းတံျမတ္စည္းကိုေျမျပင္ထက္ပစ္ခ်ကာ ေသာ္ကစိတ္ရႈပ္စရာကေလးစုတ္ႏွင့္မ်က္ႏွာခ်င္းဆိုင္လိုက္သည္။
"တကယ္စိတ္ရႈပ္စရာပဲ"
"ဗ်ာ"
ၾကားလိုက္ရသည့္စကားကိုမယုံနိုင္စြာ နာက်င္မႈကလွိုက္တတ္လာရင္း အရည္ၾကည္ေတြကလည္း မ်က္ဝန္းဝါႏုႏုထက္တြင္ရစ္သိုင္းလာသည္။
"ဟုတ္တယ္ မေက်နပ္ဘူး ဒီလိုမ်ိဳးမင္းအၿမဲတမ္းႏွောင့္ယွက္ေနတာဟာ ငါ့အတြက္နည္းနည္းေလးမွကိုအဆင္ေျပမေနဘူး"
"ကိုႀကီးေသာ္က"
"အားနည္လြန္းတဲ့မင္းနဲ႕လည္းသူငယ္ခ်င္းမျဖစ္ခ်င္ဘူး မင္းကိုလည္းမခင္တာမလို႔ ေနာက္ေနာင္ ငါ့ကိုကပ္တြယ္မေနရင္ သိပ္ေကာင္းမွာပဲ"
"ဘာလို႔လဲ တုံတုံကေတာ့..ဟင့္! ကိုႀကီးေသာ္ကကိုသံေယာဇဥ္ရွိလိုက္ရတာ ကိုႀကီးေသာ္ကကဘာလို႔...ဟင့္! တုံတုံကသူမ်ားေတြနဲ႕မတူလို႔လားဟင္ ဟုတ္လား တိုင္းတပါးေသြးပါေနလို႔ကိုႀကီးေသာ္ကကလည္းတုံတုံကိုမလိုခ်င္လား"
တုန္ယင္ေနသည့္အသံလွိုင္းေတြႏွင့္ ရွိုက္သံေရာလို႔ အထစ္ထစ္အေငါ့ေငါ့ေျပာရင္း မ်က္ရည္ၾကည္ေတြဟာလည္းထိန္းမရနိုင္စြာ။
"ဟုတ္တယ္ မင္းကစိတ္ရႈပ္စရာေလးမလို႔ပဲ"
"ဟင့္ ကိုႀကီးေသာ္ကမေကာင္းဘူး လူဆိုးႀကီး အီးဟီး"
ပုခုံးေတြတသိမ့္သိမ့္တုန္ကာ ေျပးထြက္သြားေသာေကာင္ေလးကို ေသာ္ကဒီအတိုင္းသာရပ္ၾကည့္ေနလိုက္သည္။ဟုတ္တယ္ ဒီအတိုင္းေလး မင္းဘဝနဲ႕မင္းေန ငါလည္းငါ့ဘဝနဲ႕ငါေနမယ္။
ေအးစက္ကာ တြယ္တာစရာကင္းမဲ့ခဲ့တဲ့ငါ့ဘဝထဲ ေခတၱနားခိုခ်င္႐ုံနဲ႕ေတာ့ မႀကိဳဆိုပါရေစနဲ႕။
မင္းဟာ'ပင္ျမင့္သဇင္'ဆိုရင္ ငါဟာရိုးရွင္းတဲ့ျမက္ရိုင္းပင္ျဖစ္တာမလို႔...
ကိုယ့္ဘဝအမွန္ကိုေတာင္မမွတ္မိနိုင္ေသးတဲ့ အတိတ္ေမ့ေနသူတစ္ေယာက္က မင္းအတြက္ဘာမ်ားအေထာက္အကူညီျပဳမတဲ့လဲ။
စိတ္ကူးယဥ္တာကေကာင္းေပမဲ့ လက္ေတြ႕မွာေတာ့အသုံးမဝင္ဘူးမဟုတ္လားေလ။
ရႈပ္ေထြးေနတဲ့ခံစားခ်က္တခ်ိဳ႕ရဲ႕ အဓိပၸာယ္ဖြင့္ဆိုခ်က္ကိုေတာင္ ရွာလို႔မေတြ႕ေသးတဲ့အခါ မင္းကိုလည္းမ်က္ႏွာခ်င္းမဆိုင္ခ်င္ဘူး။
မင္းရဲ႕မ်က္ဝန္းဝါေတြ၊အုန္းခြံေရာင္ဆံသားႏုႏုေတြ၊နီေဆြးေဆြးႏႈတ္ခမ္းပါးေလးအျပင္ ေသးေသးေကြးေကြးနဲ႕ျဖဴစုတ္စုတ္ကိုယ္ခႏၶာေလးထက္ ဝတ္ဆင္တတ္တဲ့ခ်စ္စရာအေနာက္တိုင္းဝတ္စုံေလးေတြကိုလည္း တိုးတိုးတိတ္တိတ္နဲ႕အလြတ္မက်က္ခ်င္ေတာ့ဘူး။
ဟုတ္တယ္ မင္းကစိတ္ရႈပ္စရာေလးပဲတုံတုံ။
ငါဘယ္ေသာအခါမွ မၿငိဳျငင္ခဲ့တဲ့ စိတ္ရႈပ္စရာေလး။
အသံက်ယ္က်ယ္ေတြေၾကာင့္ ၿခံထဲဆင္းကာဘာျဖစ္တာလဲဟု ေမးလာသည့္မာနကိုေခါင္းသာခါျပလိုက္သည္။
စကားျပန္မေျပာနိုင္ေလာက္သည္အထိ ခြန္အားေတြကုန္ခမ္းသြားသလို ဝဲဘက္ရင္အုံမွနာက်င္မႈတခ်ိဳ႕က တစ္တိတိတိုက္စားေနလ်က္။
.
.
"ဟီးအီး မေကာင္းတဲ့လူႀကီး"
အိပ္ယာေပၚမ်က္ႏွာအပ္လို႔ တုံတုံေမွာက္ခုံႀကီးငိုေနမိသည္။ကိုယ့္မွာေတာ့သူနဲ႕ေတြ႕ခ်င္လြန္းလို႔ တစ္ပတ္စာလုပ္ရမဲ့စာေတြကိုႏွစ္ရက္နဲ႕အၿပီးျဖတ္ၿပီး သူငယ္ခ်င္းကိုလာယူခိုင္းရင္း ပါေမာကၡဆီသြားပို႔ခိုင္းထားရတာ။ေပးၿပီးၿပီးခ်င္း ထိုသူ႕ဆီသြားပါေသာ္လည္း ထိုသူကေတာ့ ရင္ဝကိုေဆာင့္ကန္လိုက္သလို စကားလုံးမ်ားႏွင့္သာတိုက္ခိုက္လာခဲ့သည္။
ထိုစကားမ်ားမွာသာဆူးပါခဲ့လွ်င္ တုံတုံ႕ႏွလုံးသားေလးမယ္ ဆူးရာေတြႏွင့္သာျပည့္ႏွက္ေနမွာအမွန္။
တကယ္ပါ ဘယ္သူစိမ္းကိုမွလည္းသူ႕ေလာက္မတြယ္တာခဲ့ဖူးသလို ကပ္လည္းမကပ္တြယ္ခဲ့ဖူးဘူး။သူမို႔လို႔သာ...
သူကေတာ့တုံတုံကိုစိတ္ရႈပ္စရာသတၱဝါတစ္ေကာင္လိုႏွင္ထုတ္ရက္တယ္။
ေတြးရင္းေတြးရင္းနဲ႕ တုံတုံရဲ႕မ်က္ရည္မိုးဟာလည္းမစဲနိုင္ေတာ့ေပ။
ဘာလို႔လဲ တုံတုံကိုဘာလို႔အလိုမရွိၾကတာလဲ။တုံတုံလည္းတစ္ပါးသူတစ္ေယာက္ရဲ႕ႏြေးေထြးတဲ့ဂ႐ုစိုက္မႈတခ်ိဳ႕ကိုခံစားခ်င္မိပါရဲ႕။ဟိုတစ္ခါေစ်းထဲမယ္ ကူညီလိုက္တဲ့အခ်ိန္တည္းက ကိုႀကီးေသာ္ကဆိုတာ တုံတုံရဲ႕စိတ္ကူးထဲကသူရဲေကာင္းႀကီးျဖစ္ခဲ့တာ။
အခုေတာ့ တုံတုံရဲ႕ခပ္ႏုံႏုံစိတ္ကူးယဥ္မႈေလးဟာ မလွပတဲ့အိပ္မက္တစ္ခုအျဖစ္အဆုံးသတ္ေတာ့မယ္ထင္ပါရဲ႕။
"ရင္ဘတ္ထဲကနာက်င္ေနလိုက္ပါေရာ့လား တုံတုံေလ ဟင့္..."
ဆက္လက္ေရ႐ြတ္နိုင္စြမ္းမရွိေတာ့စြာ တုံတုံရင္ထဲဆို႔တတ္လာသည္။နာက်င္စရာေကာင္းလွသည့္ခံစားခ်က္ေတြက ဘယ့္ႏွယ္ေၾကာင့္တုံတုံ႕ကိုဒီေလာက္ဒုကၡေပးရပါသနည္း။
ဘာေၾကာင့္ ဒီလိုေတြျဖစ္ေန၊ခံစားေနမိမွန္းမသိေပမဲ့ ကိုႀကီးေသာ္ကကိုလက္မလႊတ္ခ်င္တာကေတာ့အမွန္ပင္။တုံတုံံ့အနာဂတ္မွာ ကိုႀကီးေသာ္ကကိုရွိေစခ်င္သည္။
ဟုတ္တယ္ တုံတုံအိပ္ယာေပၚကထၿပီး ကမန္းကတန္းမ်က္ရည္ေတြသာမက ႏွာရည္ေတြကိုပါသုတ္လိုက္သည္။ကိုႀကီးေသာ္ကကအားနည္းတာကိုမႀကိဳက္ဘူးလို႔ေျပာသည္။အဲတာေၾကာင့္ တုံတုံကပိုၿပီးသန္မာလာေအာင္ ပိုၿပီးသတၱိရွိလာေအာင္ ၿပီးေတာ့...ကိုႀကီးေသာ္ကလိုခ်င္ေလာက္တဲ့သူတစ္ေယာက္ျဖစ္လာေအာင္ ႀကိဳးစားပါမည္။
အဲဒါထက္အရင္... တုံတုံဤသို႔ခံစားေနရျခင္း၏အေျဖကိုေဖာ္ထုတ္ရေပအုံးေတာ့မည္။
"တုံတုံ ကိုႀကီးေသာ္ကကို....."
<<<<<<
>>>>>>
ၾကယ္ေလးဖိဖို႔မေမ့ပါနဲ႕ေနာ္
ခ်ီအေရးႀကီးေျပာစရာေလးရွိလို႔ ေက်းဇူးျပဳၿပီးဖတ္ေပးပါဦးလား🙏
ခ်စ္ေစေမာင္ဆိုတဲ့ဇာတ္ေကာင္ဟာ ရာဇနဲ႕သက္လယ္တို႔ရဲ႕ခ်စ္ျခင္းကိုပိုၿပီးေလးနက္ေအာင္တမင္ဖန္တီးခဲ့တဲ့ဇာတ္ေကာင္ပါ။အဲ့တာေၾကာင့္သာ ေမာင္ဟာအသုံးမက်တဲ့ခ်စ္သူတစ္ေယာက္ျဖစ္ခဲ့တာပါ။
ၿပီးေတာ့ ခင္ႏွင္း။သိပ္သနားဖို႔ေကာင္းတဲ့မိန္းကေလးပါ။ခ်ီအရင္ကေျပာခဲ့ဖူးသလိုပဲ ခင္ႏွင္းေစာ္ကားခံရတဲ့အေၾကာင္းေရးတာဟာ ဂ်ပန္ေခတ္ကျမန္မာအမ်ိဳးသမီးေတြမလုံၿခဳံခဲ့ဘူးဆိုတာေျပာျပခ်င္႐ုံသက္သက္ပါရွင့္။
ခင္ႏွင္းနဲ႕ေမာင္လက္ထပ္တာကိုလည္း ေတာ္ေတာ္မ်ားမ်ားလက္မခံခ်င္ၾကမွန္းသိပါတယ္။စာဖတ္သူေတြျမင္ၾကလားမသိေပမယ့္ ခ်ီဇာတ္လမ္းေလးရဲ႕ဇာတ္ကြက္တိုင္းဟာ အဓိပၸာယ္ရွိရွိနဲ႕ေရးခဲ့တာခ်ည္းပါပဲ။
ခ်စ္ေစေမာင္ ခင္ႏွင္းကိုတာဝန္ယူေပးလိုက္တယ္ဆိုတာကလည္း အျပင္ေလာကမွာခင့္လိုလိင္ပိုင္းဆိုင္ရာေစာ္ကားခံရဖူးတဲ့မိန္းကေလးေတြမ်ား ခ်ီ့စာကိုဖတ္မိရင္ သူတို႔လည္းခင္ႏွင္းလိုတန္ဖိုးထားၿပီးတာဝန္ယူေပးမယ့္သူေပၚလာမွာပါဆိုရင္ ေမွ်ာ္လင့္ခ်က္ပန္းေလးစိုက္ပ်ိဳးေပးခ်င္႐ုံပါရွင္
ဒါေပမယ့္ ဒါဟာအရမ္းစိတ္ပ်က္စရာေကာင္းသြားလား။အဲ့တာနဲ႕ပတ္သတ္ၿပီး ရိုင္းရိုင္းစိုင္းစိုင္းေဝဖန္ခံရလိမ့္မယ္လို႔မထင္ထားမိဘူး။ခ်ီစိတ္ဓာတ္မက်ေပမယ့္ စိတ္ေတာ့မေကာင္းဘူးရယ္။ေၾသာ္ ငါ့ရဲ႕ရည္႐ြယ္ခ်က္နဲ႕ဇာတ္ေကာင္ေလးေတြရဲ႕စိတ္ကိုနားမလည္ပါလားဆိုတာစိတ္နဲ႕ပါ။
ၿပီးေတာ့ ၁၅၀၀တို႔၅၂၈တို႔ကမွစစ္မွန္တဲ့ေမတၱာမဟုတ္ပါဘူး။ေလာကမွာေခါင္းစဥ္တတ္လို႔မရတဲ့ အေရာင္အေသြးမဲ့ေမတၱာတစ္ခ်ိဳ႕လည္းရွိပါတယ္။ခ်စ္ေစေမာင္နဲ႕ခင္ႏွင္းဟာလည္းအဲ့ဒီလိုပါပဲ။သူတို႔ႏွစ္ေယာက္ၾကားကသံေယာဇဥ္ကိုလည္း ခ်ီ့ဆာကူရာေလးေတြနားလည္ၾကလိမ့္မယ္လို႔ထင္မိပါရဲ႕ရွင္။
ေနာက္ဆုံးအေနနဲ႕ကေတာ့ စာဖတ္သူေတြကိုမေက်မခ်မ္းျဖစ္ေစခဲ့တာမ်ိဳးရွိခဲ့ရင္တစ္ကယ့္ကိုေတာင္းပန္ပါတယ္။ခ်ီ့ကိုအၿမဲေထာက္ခံေပးၿပီး အတူရွိေပးတဲ့ဆာကူရာပန္းေလးေတြကိုလည္းေက်းဇူးတင္ၿပီး အမ်ားႀကီးျမတ္နိုးရပါတယ္ရွင္
ေဆးပန္းခ်ီ
၁၈.၃.၂၀၂၂